Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

ရွှေမြို့တော်အွန်လိုင်းပရဟိတအသင်း တစ်နှစ်ပြည့်အလှူနိုးဆော်ဖိတ်ခေါ်ခြင်း (၉)ကြိမ်တိုင်လေပြီ

$
0
0

ရွှေမြို့တော်သူငယ်ချင်းများအားလုံးမင်္ဂလာပါ

ရွှေမြို့တော်ပရဟိတအသင်းအခုဆိုတစ်နှစ်ပြည့်ခဲ့ပါပြီ

တစ်နှစ်လည်းပြည့်ခဲ့သလိုခုဆို အလှူအကြိမ်မြောက် (၉)ကြိမ်မြောက်

အလှူသို့လျှောက်လှမ်းလာခဲ့ပါပြီ

ရွှေမြို့တော်ပရဟိတအလှုရှင်များ၏ကူညီမူကြောင့်

ပထမအကြိမ်မှသည် ခု(၉)ကြိမ်မြောက်ရောက်ပါပြီ။


ပထမအကြိမ်ပြီးတော့ ဒုတိယအကြိမ်ဆက်လျှောက်လှမ်းရင်းလှမ်းမြဲ

လှမ်းနေလျှက်ပါ

လှမ်းမြဲ လှမ်းနေဦးမှာပါ။

ပရဟိတအသင်းရဲ့ စုပေါင်းစုစည်းမူ နဲ့

ပရဟိတအလှူရှင်များရဲ့ ပံ့ပိုးဖြည့်ဆည်းပေးမှုက

နေလောင်းပန်းလေးတွေ ပွင့်လန်းစေတာပါ.

ဖော်မပြနိုင်တဲ့ ကြည်နူးမှုလေးတွေပါပဲ နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်း

ဝင်ရောက်ခိုတွယ်ပီတိဖြစ်လာတာအမှန်အကန်ပါဘဲ။

အဲဒီလို ကြည်နူးမှုလေးတွေ ရယူပိုင်ဆိုင်နိုင်အောင်

ရွှေမြို့တော်အွန်လိုင်းပရဟိ လူငယ်များအဖွဲ့က စုပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်။

စိတ်ပါဝင်စားသူများအနေနဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး

အတူတူလက်တွဲ ကုသိုလ်ပြုဖို့ ဖိတ်ခေါ်ပါတယ်။

မိမိတို့ တတ်နိုင်သလောက် အင်အားဖြည့် လှူဒါန်းဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။

ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်း နုနယ်လွန်းတဲ့ မိဘမဲ့ ရင်သွေးလေးများတို့တတွေရဲ့

နှလုံးသားထဲမှာစိတ်ခွန်အားဖြစ်ဖြစ်ပျော်ရွှင်မူတခဏတာရစေရန်

မိဘမဲ့ကလေးငယ်များရဲ့ ဘဝကိုရင်ထဲက သနားစာနာမူ ကို အခြေခံပြီး

စိတ်ရှည် ၊သည်းခံ ၊ ဇွဲသန်သန် ဖြင့် လစဉ် လှူဒါန်းနိုင်အောင် ကြိုးပမ်း သွားပါမည်။

နေလောင်းပန်းလေးများသာယာ၊ ပျော်ရွှင်စေဖို့ရာအတွက်

မိမိတတ်နိုင်သမျှအလှူငွေများ ထည့်ဝင်ပြီး ထောက်ပံ့ပေးကြပါစို့

 

(၉)ကြိမ်မြောက်သွားရောက်လှူဒါန်းမည့်အလှူနေရာ

ခေမာနန္ဒာရာမပန်းတော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်
ကျောင်းသားဦးရေ ---- ၁၀၀ ယောက်
ဇေယျာ (၇) လမ်း၊ ဆင်ကန်ရပ်ကွက်
ကျောက်တန်းမြို့နယ်။

သွားရောက်လှူဒါန်းမည့်ရက်-(၁၆-၁၂-၂၀၁၂)

 

 

ကောက်ခံရရှိမူအလှုငွေစာရင်း

ကိုနေမင်းခိုင်- 150000

u soe win -20000

မိဘမဲ့ကလေးများကို လှုဒါန်း လိုပါက.

အမုန်းသခင်--0943127350 /


ရှင်းသန့်မေ -09420057992

မလေးရှား email-------->

mly.donation@shwemyotaw.com

phone------>0169828779


စင်္ကာပူ email------> shwemyotaw.family@gmail.com

phone----->+65 85488553

မြန်မာနိုင်ငံဘဏ်အကောင့်နံပါတ်(ကမ္ဘောဇဘဏ်)

0291210159369(MYAYNIGONE BRANCH)

 



အသေးစိတ်သိရှိလိုပါက စုံစမ်းမေးမြန်းနိုင်ရန်


ပရဟိတတာဝန်ခံ

ရှင်းသန့်မေ-ဖုန်း09420057992 shinthantmay@shwemyotaw.com

 
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ(ပရဟိတတာဝန်ခံ)

 

မေမေ့မေတ္တာ

$
0
0





အမေဆိုတဲ့အသံကိုကြားလိုက်ရုံဖြင့်လူတိုင်းရင်မှာ
အမေနဲ့ပါတ်သက်ပြီးတော့ခံစားချက်ကလေးတော့ရှိကြမှာပါ
ဒီကမ္ဘာလောကကြီးထဲမှာ ကျေးဇူးတရားတွေမေတ္တာတရားတွေကြီးမားတဲ့ပုဂ္ဂိုလ်ကိုပြပါဆိုလျှင်
အမေမှတစ်ပါးအခြားမရှိပါဘူး။
အမေ့ရဲ့မေတ္တာတရားတွေဟာတန်ဘိုးဖြတ်လို့မရအောင်ကြီးမားခဲ့တာပါ
သားသမီးတွေအပေါ်ကိုမေတ္တာတရားတွေအပြည့်အ၀ထားပြီးချစ်ပြခဲ့တာကအမေပါ
ပဋိသန္ဓေတည်ကတည်းကနေပြီးတော့မေတ္တာဓာတ်တွေအပြည့်အ၀နဲ့လူ့လောကထဲကို
သားတွေသမီးတွေအပြစ်ကင်းစွာနဲ့ရောက်လာအောင်ကြီးမားတဲ့မေတ္တာနဲ့စောင့်ရှောက်ပေးခဲ့တာကအမေပါ-
--အမေ့ရဲ့မေတ္တာပန်းကလေးကတော့ဘယ်ပန်းနဲ့
မှမတူအောင်လှခဲ့တာပါ လောကမှာဖူးပွင့်ဝေဆာလှပနေကြတဲ့ပန်းကလေးတွေတောင်မှ
အမေ့ရဲ့ မေတ္တာ ပန်းကလေးကိုလိုက်လို့မမီပါဘူး
ကမ္ဘာမှာတန်ဘိုးအကြီးမားဆုံးပန်းကလေးကတော့ အမေ့ရဲ့မေတ္တာပန်းကလေးပါပဲ။
ပန်းကလေးတွေကိုမြတ်နိုးတတ်သလိုအလှအပဆုံးဖြစ်တဲ့အမေ့ရဲ့မေတ္တာပန်းကလေးကိုလည်းမေ့မထား
သင့်ပါဘူး။ပန်ထားသင့်ကြပါတယ် အမေ့ရဲ့မေတ္တာပန်းကလေးက လှလည်းလှမွှေးလည်းမွှေးလို့မို့တစ်ခြား
တစ်ခြားသောပန်းကလေးတွေထက်သာလွန်မြငိ့မြတ်တဲ့ တကယ့်တော်ဝင်ပန်းကလေးမို့
အမေ့ကိုဂုဏ်ပြုသောအားဖြင့်ကျေးဇူးတရားတွေကိုသိသောအားဖြင့်
မေတ္တာတရားတွေကိုနားလည်သောအားဖြင့်အမေ့ရဲ့မေတ္တာပန်းကလေးကိုပန်ထားသင့်ပါတယ်။။။
**************************************************

တစ်ချို့သောသားသမီးတွေကအမေနဲ့အနီးကပ်နေရလေတော့ အမေ့ရဲ့ကြီးမား
လှတဲ့တန်မေတ္တာတန်ဘိုးကိုမသိကြဘူးလေ။။ကျွန်ုပ်ကတော့အမေနဲ့ဝေးနေခဲ့ရတော့
တကယ့်မေတ္တာရှင်ဖြစ်တဲ့အမေ့ကိုအချိန်ရှိသမျှ သတိရ တမ်းတနေခဲ့ရသူပါ အမေနဲ့ဝေးနေရတဲ့ကျွန်ုပ်က
အမေ့ကိုသတိရလို့ ငိုခဲ့ရတဲ့မျက်ရည် ပူဆွေးရတဲ့သောကတွေဖြင့်မနည်းတော့ပါဘူးလေ။
အမေကလောကမှာ
ငါ့သမီးကအလှဆုံးအချောဆုံးလို့ပြောခဲ့တဲ့စကားသံလေးကိုကြားယောင်မိတိုင်း
လွမ်းမျက်ရည်ဘယ်ညာဝိုင်းလို့ အတိုင်းမသိဝမ်းနည်းမိပါတယ်အမေ--ရယ်။

အခြေအနေမပေးလို့အမေနဲ့ဝေးခဲ့ရတယ်ဆိုပေမယ့် ခွဲခွါချင်လို့ ခွဲခွါခဲ့ရတာမှ
မဟုတ်ပဲအမေရယ်----မလွှဲသာလို့ခွဲခွါခဲ့ရတယ်ဆိုပေမယ့်
အမေ့ရဲ့ကြီးမားတဲ့ကျေးဇူးတရားတွေ တုနှိုင်းမရ
တဲ့မေတ္တာတရားတွေကို မသိလို့ကျောခိုင်းခဲ့တာမှမဟုတ်ပဲ အမေ--ရယ်။
ဒီကမ္ဘာလောကကြီးထဲမှာ သိပ်လှပါတယ်သိပ်ချောပါတယ် ပြောတဲ့ အမျိုးသမီးတွေရဲ့အလှကတော့
အမေ့ရဲ့မေတ္တာအလှကလေးကို မမီပါဘူးအမေ-------။
****************************************************************
အမေသာ ဒီကမ္ဘာလောကကြီးထဲမှာ အလှဆုံး အချောဆုံးပါ
အမျိုးသမီးတွေထဲမှာတော့ အမေဟာ မေတ္တာအလှဘုရင်မတစ်ပါးပါအမေ--------။
အမေရယ်-----ဒီဘ၀မှာ သမီးနဲ့အမေဟာ မမျှော်လင့်ပဲကံဧည့်သည်အဖြစ်နဲ့ ကြုံခဲ့ဆုံခဲ့ကြတယ်ဆိုရင်
ဖြစ်လေရာဘ၀တိုင်းမှာအမေရယ်-------အေးမြတဲ့ အမေ့ရဲ့ရင်ခွင်ထဲမှာ
ကံဧည့်သည်အဖြစ်နဲ့ နောက်ထပ်တစ်ဖန်လာလည်ခွင့်ပြုပါလား အမေ--------။
အမေ----မြင့်မိုရ်တောင်ကြီးကဘယ်လောက်ပဲ မြင့်တယ်ပြောပြော
အမေရဲ့ကြီးမားတဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ မြင့်မိုရ်တောင်ကြီးက လိုက်လို့မမီ
အလိုလိုနိမ့်ကျသွားတယ်အမေ။ စင်္ကြာဝဠာတစ်ခုလုံးမှာရှိတဲ့ကြယ်ကလေးတွေကလည်းဘယ်လိုပင်များများ အမေ့ရဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ဘာဆိုဘာမျှမပြောပလောက်အောင်ကို
အလိုလိုနည်းသွားခဲ့ရပြီလေ၊ကမ္ဘာမြေပြင်တစ်ခုလုံးမှာရှိတဲ့သစ်ပင်တွေကလည်းများလိုက်ပါဘိ
-ဒါပေမယ့်အမေ့ရဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့
အဲဒီသစ်ပင်လေးတွေကလိုက်လို့မမီပြန်ဘူး အမေ။
******************************************************

မြစ်၊ချောင်း၊အင်း၊အိုင်၊ပင်လယ်၊သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကလည်းခပ်လို့ဖြင့်မကုန်နိုင်
များပြားလှတဲ့ရေတွေနဲ့ပြည့်နေပေမယ့်အမေ့ရဲ့ကြီးမားလှတဲ့ကျေးဇူးတရားတွေနဲ့နှိုင်းဆလိုက်ပြန်တော
့လည်း အဲဒီရေတွေက ကောင်းကင်ကနေကျလာတဲ့မိုးစက်မိုးပေါက်ကလေးလောက်သာရှိတော့တယ်အမေ----
**ပြိုင်လာတိုင်းအနိုင်ရ
နှိုင်းဆလို့ဖြင့်ဘယ်မမြင်
ကျေးဇူးဂုဏ်အင်တွေ

ကြီးမားတဲ့ မေတ္တာဓာတ်တွေ
ပြည့်ဝနေတဲ့ အမေ့ရဲ့ရင်ခွင်ထဲမှာ

ကံဧည့်သည်အဖြစ်နဲ့
နောက်တစ်ခါလာလည်ဦးမယ်ဆိုလည်း
ကြည်ဖြူစွာနဲ့လက်ခံပေးမှာက အမေပါ-





အမေအားလုံးကျန်းမာပါစေ

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

ရေဆင်း တောဈေး ဆောင်းနံနက်ခင်း Acrylic ပန်းချီကားများ

$
0
0


ကြိုင်ကြီးရဲ့ ရေဆင်း တောဈေး ဆောင်းနံနက်ခင်း Acrylic on canvas ပန်းချီကားများ size 18"x24"

ကျေးဇူးတင်ပါသည်

ကြိုင်ကြီး..................

ပန်းချီဆရာ မင်းဆက်ပိုင်(ပျဉ်းမနား) ရဲ့ ရေဆေးပန်းချီလက်ရာများ

$
0
0

ပန်းချီဆရာ မင်းဆက်ပိုင်(ပျဉ်းမနား) ရဲ့ ရေဆေးပန်းချီလက်ရာများ Size (22"x30") water color on paperအမှတ် ၁/၆ ဗိုလ်ချုပ်လမ်း ၊ ပျဉ်းမနား 067-24729

ပန်းချီဆရာကိုမင်းဆက်ပိုင်က ပန်းချီကားများနဲ့ အတူ အောက်ပါစာစုကလေးကိုလည်း ယ္ခုလို တင်ခိုင်းပါတယ် ( အင်တာနက်စာမျက်နှာပေါ်က ခင်မင်ရသော မိတ်ဆွေများ ခင်ဗျာ။ ကျွန်တော် “ပန်းချီ မင်းဆက်ပိုင်” ရဲ့ စာမျက်နှာများ နာမည် ပေးထားသော ပန်းချီကားများကို ကြည့်ရှုခံစားပြီး ကောင်း/ဆိုး အကြောင်း/အကျိုး လေးတွေကို ကျွန်တော့ရဲ့ ဖုန်းနံပါတ် 067-24729 ဆီ ဆက်သွယ်ပြီး စကားပြောကြရအောင် ကျွန်တော်ရဲ့ အနုပညာ အလုပ်တွေ များနေပါ၍ အွန်လိုင်းပေါ်လူကိုယ်တိုင် မတက်ဖြစ်သေးတာ ခွင့်လွှတ်ပါ။ ဆက်လက်ပြီးလည်း စာမျက်နှာတွေများစွာ လာပါဦးမယ်။ ကျေးဇူးတင်လေးစားစွာဖြင့် ပန်းချီ မင်းဆက်ပိုင်........)

သည်Site လေးတွေကတော့ ကျွန်တော့ကိုယ်ပိုင် ပန်းချီ Site လေးတွေပါ

http://kyainggyi.blogspot.com/

http://myanmartraditionartistpma.blogspot.com/

ကျေးဇူးတင်ပါသည်

ကြိုင်ကြီး..............

ပန်းသီးကျန်းမာရေးကျေးဇူးသုံးမျိုး

$
0
0

ပန်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးသုံးမျိုး






          တစ်နေ့ကို ပန်းသီးတစ်လုံး စားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ် ဆိုတဲ့ ဆိုရိုးစကား တစ်ခု ရှိပါတယ်။ ပန်းသီးစားရင် ကျန်းမာရေး ကောင်းမွန်မယ် ဆိုတာ အတိအကျ မသိသေးပေမယ့် ပန်းသီးကို တစ်နေ့တစ်လုံး စားပေးရင် အောက်ပါ အကျိုးကျေးဇူး သုံးမျိုးကို ရရှိနိုင် တယ် ဆိုတာကိုတော့ သုတေသီတွေက လေ့လာတွေ့ရှိ ထားပါတယ်။


၁။ အယ်ဇိုင်းမားရောဂါ အန္တရာယ်ကင်းဝေးစေတယ်

ပန်းသီးမှာပါဝင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် ကွာစီတင်ဟာ ဦးနှောက် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေ အများအပြား ပါဝင်တာကြောင့် ပန်းသီးစားရင် အခွံကိုပါစားဖို့ ကော်နဲလ် တက္ကသိုလ် သုတေသန ပညာရှင်ချန်လီက ဆိုပါတယ်။


၂။ အူမကြီးကင်ဆာ မဖြစ်အောင်ကာကွယ်ပေးတယ်

ပန်းသီးမှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ်ဟာ အူမကြီးမှာ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်းကို တိုက်ခိုက်ပေးတဲ့ ဓာတုပစ္စည်း ထုတ်ပေးကြောင်း ဂျာမနီ သုတေသန အသစ်တစ်ခုက ဆိုပါတယ်။


၃။ သွေးတိုးခြင်းမှ ကာကွယ်ပေးတယ်

အရွယ်ရောက် လူကြီးတွေ အနက် ပန်းသီးစားသူတွေဟာ ပန်းသီးမစား သူတွေနဲ့ ယှဉ်ရင် သွေးတိုးခြင်း ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျ စေကြောင်း လတ်တလော အစားအစာ ဆန်းစစ် လေ့လာမှုအရ သိရပါတယ်။

ရတနာပုံဆိုဒ်မှ ကူးယူဖော်ပြပါသည်။

♥ အတွေးနုနုပိုင်ရှင် ကိုမြင့်စိုး နှင့် အင်တာဗျူး ♥

$
0
0
★♫ မှုံနံ.သာဖြူ မေး၍ ★♫
 
 
♫ ♥ ကိုမြင့်စိုး ဖြေသည် ♥ ♫




♫ မင်္ဂလာပါ ရှင့် ♫


ရွှေမြို့တော်သူ ၊ ရွှေမြို့တော်သားအားလုံး သာယာ အေးမြပါစေ လို့ နှုတ်ခွန်းဆက်သပါတယ် ရှင် ..


အင်တာဗျူး အစီအစဉ်လေးမှာ ဒီတခါ အလှည့် ကျသူကတော့ မှုံတို့ ဆိုဒ်လေးရဲ့ လူပျိုသိုးကြီး ကဗျာလှလှလေးတွေရဲ့ ပိုင်ရှင် ကိုမြင့်စိုးဖြစ်ပါတယ် ။


မဂ်လာပါ အကို
အကို ရဲ့ နာမည်လေး သိချင်ပါတယ် ။


ဟုတ်ကဲ မြင့်စိုး ပါ။


ဟုတ်ကဲ့ ။ ဧရာဝတီ လို့ အကိုအိမ်မှာတွေ့တယ် ။ အကိုက ဧရာဝတီဇာတိလား ။ ခု လက်ရှိရော ဘယ်မှာ နေပါသလဲ ရှင် ..


ဟုတ်ပါတယ် ဧရာဝတီတိုင်းဒေသကြီးမှာနေတာ ။ ကျွန်တော်ကဧရာဝတီဇာတိပါ။ ယခုလက်ရှိက
တော့ ဟင်္သတမြိုမှာနေပါတယ်နော်။


မှုံ နဲ တူတူပေါ့ ။ ရိုးသား ကြိုးစား ဧရာဝတီသားပေါ့ ( လူပျိုကြီးဆိုတော့ ကြော်ငြာပေါ့ :P)

လူပျိုကြီး သာ ရမ်းခေါ်နေတာ အကို့ရဲ့ အသက် လေး သိပါရစေ ရှင် ...


ဟုတ်ကဲ့ အသက်ကတော့
လိုင်းပေါ်ကအသက် ဆိုရင်တော့ (16) နှစ်ပေါ့ ဟဲဟဲ.. ဒါပေမဲ့လေ သေရမဲ့သူတွေဆိုတော့အသက်
မေးလာရင်ကျောချမ်းပါတယ် ဒီနေအထိတော့ ကျွန်တော့အသက် (34) ပါ။


လူပျိုကြီးပေါ့လေ ခိ။ ဟုတ် .. နောက် ..အကို က ကဗျာလေးတွေ ရေးရင် စကားလုံးလေးတွေ နုတယ်နော် ။ အကို အသဲလဲနုမယ်ထင်တယ် ...ဟုတ် ?


ဟဲဟဲ အဲဒါကတော့ စိတ်အကြိုက်ရေးတာပါ ။ တကယ်လဲသူများတွေကိုသနားတတ်တဲ့စိတ်ကတော့
အမြဲရှိတာပါ။ ဒါလဲ ဗုဒ္ဓဘာသာဝင်တိုင်း သနားတတ်တဲ့စိတ်ရှိကြပါတယ်။ တခြားဘာသာတွေလဲ
သူ့ဟာသူရှိကြမှာပေါ့နော်။ အမှန်တကယ်တော့ကျွန်တော်က
စကားလုံးနုနုလေးတွေကိုကြိုက်ပါတယ်။
မှုံ ကလဲလူကဲ ခတ်ကောင်းပါတယ်။ခုနကမေးခွန်းကအသဲနုထင်တယ်ဆိုတာကတော့
ချစ်တတ်တဲ့ သနားတတ်တဲ့လူဆိုတာတော့နုတယ်လိုဆိုရင်လဲရပါတယ်။


ခေါင်းစဉ်မှာ အသဲနုနု ပိုင်ရှင်လို့ ထည့်ရမှာနော် ..။ အသဲနုတဲ့ လူပျိုကြီးရေ အကိုရဲ့ အချစ် ဆိုတဲ့ ခံစားမူအပေါ် ခံယူချက်လေး သိချင်ပါတယ် ။


အချစ်ဆိုတာကတော့ သတ္တ၀ါမှန်သမျှ ပေါ့ သတ္တလောကမှာပါဝင်သူတိုင်းကို အချစ်ဆိုတာကိုသဘာဝ
ကပေးလိုက်တယ်ဆိုရမလားမသိပါဘူး။ အချစ်ဆိုတဲ့အရာက နူးညံ့သိမ်မွေ့ပါတယ်။ အထူးသဖြင့်စာ
ရေးသူအနေနဲံ့ပြောရရင်တော့ အချစ်က လူတစ်ဦးချင်းစီရဲ့
ပုဂ္ဂလိကအမှန်တရားတခုသာဖြစ်နိုင်
ပါတယ်။ ချစ်တယ်ဆိုတာ အချစ်ခံရဖို့နဲ့ အချစ်ခံရတာ ချစ်ဖို့လို့ သဘောသက်ရောက်မှုရှိတယ်
ထင်ပါတယ်။


ဟုတ်ကဲ့ မှုံ တော့ အချစ်နဲဝေးလို့လား မသိ အချစ်ကို မဖွင့်ဆိုတတ်ဘူး ။ ကျေးဇူးပါ ရှင် ။ ပြီးတော့ အကိုက ပိုစ်နဲ ကဗျာ ၊ ကဗျာတွေ ပိုရေးဖြစ်တယ်နော် ။ ကိုယ်တိုင်ခံစားချက်နဲ ရေးတာလား ။ ဒါမှ မဟုတ် မြင်၊တွေ့ ဒါတွေ အပေါ် ၊ ဥပမာ သူငယ်ချင်းတွေ ရဲ့ ခံစားချက်ပေါ့နော် ... အဲ့လို မျိုး ရေးတာလား ..သိချင်ပါတယ် ။


ဟုတ်ပါတယ် ပို့စ်ရေးတာကတော့ ကိုယ်ပြောချင်တာတစ်ခုကို သေသေချာချာပြောနိုင်တယ်လေ။
ဒါပေမဲ့ အချိန်ယူရတယ်။ အလုပ်တစ်ဘက်နဲ့ဆိုတော့ အချိန်ရတဲ့
ကဗျာကိုရေးဖြစ်တာပါ။ တခါတလေ
တော့လဲကိုယ်တိုင်ခံစားတာပါတယ်။ ကဗျာရေးတယ်ဆိုတာ သိတဲ့အတိုင်းပါ
ကိုယ်တိုင်ခံစားရေးတာ
ကပိုထိရောက်ပါတယ်။ အမြင်ပေါ်မှာခံစားရေးတာတော့များပါတယ်။ သူငယ်ချင်းသို့မဟုတ် အသိ
ကြားသမျှ အကြောင်းအရာပေါ်မှာရယ် ပတ်ဝန်းကျင်အတွေ့ အမြင်ပေါ်တွေးလဲရေးပါတယ်။
ကျွန်တော်က တကယ်တော့ စာဖတ်တာဝါသနာပါတယ်။ ရေးဖို့တော့စိတ်ကူး မရှိတာအမှန်ပါ။
ဒါပေမဲ့ ဒီမြို့တော်ကျေးဇူးပေါ့ နော် သူများတွေရေးတာအားကျပြီးရေးကြည့်တယ်ပေါ့။
မြို့တော်ကသူငယ်ချင်းတွေကလဲ ကောင်းကောင်းမကောင်းကောင်းဝိုင်းအားပေးကြတယ်။
အဲဒါ အားပေးကြတဲ့ သူငယ်ချင်းတွေကိုလည်း တော်တော်ကိုဘဲကျေးဇူးတင်ပါတယ်။


အကို အတုယူရတဲ့ ၊ လေးစားရတဲ့ စာရေးဆရာ တွေ ရှိရင်ပြော ပြပါအုံးနော် ။


ဟုတ်ကဲ့ ကျွန်တော့အတူယူလေးစားလောက်တဲ့ စာရေးဆရာတွေကတော့များပါတယ်။
အဲဒီအထဲက အချို့ကိုပြောရမယ်ဆိုရင် တက္ကသိုလ် ဖုန်းနိုင်နဲ့ ၊
ဆရာသိန်းဖေမြင့်။ ဆရာမြသန်းတင့်တို့ပါ။ အနုစကားလေးတွေက
တက္ကသိုလ်ဖုန်းနိုင်နဲ၊ ဆရာမောင်သာရ
အကြိုက်ဆုံးပါ။ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန် (လီယိုတော်စတွိုင်းရေးတဲ့)
စစ်နဲ့ငြိမ်းချမ်းရေး
ကိုလဲကြိုက်တာပါဘဲ။ ပြီးတော့နိုင်ငံရေးစာပေတွေလဲဝါသနာပါပါတယ် ။ သခင်တင်မြရေးတဲ့ ဘုံ
ဘ၀မှာဖြင့် ၊ သိန်ဖေမြင့်ရေးတဲ့ အရှေကနေ၀န်းထွက်သည့်ပါမာ။
သခင်သန်းထွန်းနောက်ဆုံးနေ့များ
ရသလောက်တော့ဖတ်တာပါ။ ဒီလိုပြောတာကမေးလို့သာပြောတာပါ။
ကျွန်တော့လိုဘဲ သူငယ်ချင်းတွေလဲဖတ်ကြမှာပါ ။


ဟုတ်ကဲ့ပါ ။ နောက်တခုက အကို့ ရဲ့ နေထိုင်မူ ပုံ စံလေးနဲ့ အလုပ် အကိုင်လေး သိချင်ပါတယ် ။


ကျွန်တော်က ကျောင်းဆရာပါ ။ ကျောင်းဆရာဆိုတာသိတဲ့အတိုင်းပါ ဘာလောဘမှမရှိတာအမှန်
ပါ။ ဖြစ်နိုင်သမျှ အေးဆေး တည်ငြိမ်တာကိုကြိုက်တယ်။ ဒါပေမဲ့သတ္တိတစ်ခုတော့ထား
ပါတယ် ယုံကြည်ချက် ခံယူချက်နဲ့ပတ်သက်လာရင်တော့ စွန့်လွှတ်ခဲပါတယ်။
မျိုးချစ်စိတ်ရှိတဲ့သူ
တွေဆိုရင်တော့အရမ်းလေးစားပါတယ်။


လေးစားပါတယ် အကို ။ မျိုးချစ်စိတ်က တော့ လူတိုင်းမှာ ရှိတတ်ပါတယ် ။ အနည်း အများတော့ ကွာ ဟ မူ ရှိတာပေါ့လေ ။


အားလပ် ချိန်တွေ ဘယ်လို အသုံး ချ လဲ ဆိုတာနဲ အကို့ရဲ့ ၀ါသနာလေး သိချင်ပါတယ် ။


ဟုတ်ကဲ့ အရင်ကတော့အားလပ်ချိန်တွေမှာ အားကစား ကစားပါတယ်။ အထူးသဖြင့်
ဂျူဒို နဲ့ အလေးမကိုဝါသနာပါတယ်။ ထူးချွန်တယ်တော့မဟုတ်ပါဘူး ၀ါသနာပါတယ်။
မှန်မှန်ကစားတယ် ။ ခုအလုပ်ထဲဝင်တော့ အားရင် သိတဲံအတိုင်းကွန်ပျူတာရှေ့မှာ ခစားဝင်
နေတာပါဘဲ။


ဟုတ်ကဲ့ ။ ကျေးဇူးပါ ။ နောက်တခုက ဘ၀မှာ ခံယူချက် ကိုယ်စီ ရှိကြတယ်လေ ။ အကို့ရဲ့ ခံယူချက်လေး သိချင်ပါသေးတယ် ။


ဟုတ်ကဲ့ ကျွန်တော်ခံယူထားတာကတော့ လောကမှာနှလုံးကောင်းရင် လူဟာလုပ်ချင်တာ
ဖြစ်လာနိုင်တယ်ဆိုတာကိုခံယူပါတယ်.အထူးသဖြင့် ရင်ဘတ်ကောင်းဘို့သတိထားပါတယ်။


မှတ်သားထားပါမယ် အကို ။ နောက် ...ဘာသာရေး အပေါ် အမြင်လေးနဲ ၊ လက်ကိုင်ထားတဲ့ ဘာသာရေး ခံယူချက်လေး ပြော ပြပေးပါလား ရှင် ..


ကျွန်တော်လဲ ဘာသာရေးအမြင်တော့သိပ်မပြောတတ်ဘူး နေတာတော့ဘုန်းကြီးတွေနဲ့
အနေများပါတယ်ဟဲဟဲ ။ တံငါးနားနီးတငါ သဘောတော့ရှိပါတယ်။ ဘုန်းကြီးတွေနဲ့ဆက်ဆံ
နေထိုင် ရတာ နုးညံ့သိမ်မွှေ့လာတာတယ်လို့ခံစားမိပါတယ်။ ဘာသာရေးအမြင်ကတော့
ဗုဒ္ဒဘာသာဆိုတော့ သစ္စာ တရား ၄ ပါးကို အမြဲဆင်ခြင်ပါတယ်။ဖြစ်ပျက်ကိုသတိထားပါတယ်။


သစ္စာ လေးပါး ဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ။ မှုံ တို့ ဗုဒ္ဓဘာသာ ရဲ့ အချုပ်က သစ္စာသိသော ဥာဏ်ပါပဲ ။


ကိုယ်ရေး၊ကိုယ်တာ အတော်လေး ပြည့်စုံ သွားပါ ပြီ ။ ဆိုဒ်နဲ ပါတ်သက်တာလေး နည်းနည်း စပ်စုအုံးမယ်နော် ။ ရွှေမြို့တော်ကို ရောက်ရှိလာပုံလေးနဲ ၀င်ထားတာ ဘယ်လောက် ကြာ ပြီ လဲ သိချင်ပါတယ် ။


ဟုတ်ကဲ့ ဆိုဒ်နဲ့ပတ်သက်တာကတော့ အထွေအထူးပြောစရာမရှိပါဘူး။ အားလုံးစေတနာကောင်း
ကြ၊ သဘောကောင်းကြပါတယ်။ အားပေးနေတာတွေကိုလဲခံစားရတယ်လေ။ဆိုဒ်တာဝန်ခံခေါ်မလား
ဆိုဒ်ပိုင်ခေါ်မလားတော့မသိပါဘူး ကိုငြိမ်းကိုလဲကျေးဇူးတင်ပါတယ်။
အားလုံးအက်မင်များကိုလဲ
ကျေးဇူးတင်ပါတယ်။ တခြားဆိုဒ်တွေသွားကြည့်ပါတယ် ဒီလောက်စနစ်မကျ တာတွေတွေ့ရပါတယ်။
ရွှေမြိုတော်ကိုရောက်လာတာတော့ တစ်နှစ်လောက်ရှိပြီထင်ပါတယ်။ သူငယ်ချင်းတွေပြောဆိုနေတာ
ကြားတာကိုစိတ်ဝင်စားတာနဲ့ဝင်လာတာပါ။


ဟုတ်ကဲ့ ။ ဆိုဒ်ထဲက စာရေးဘက် ထဲမှာ အကို ကြိုက်တဲ့ သူ ပေါ့ ရှိရင်ပြော ပြပေးပါ ။ နောက် အခင်မင်ဆုံး သူငယ်ချင်းတွေလဲ ပြော ပြပေးပါအုံးနော် ။


ဟုတ်ကဲ့ အဲဒါကတော့ ရေးဘော်တွေကို အားလုံးပေါ့ ကြိုက်တာများပါတယ်။ ကိုအောင်ထက်လို
ဝါရင့်ပုဂ္ဂိုလ်တွေ၊ ကိုတတိုင်းမွှေး ၊ ကိုချစ်ဦးမောင်၊ ကိုတာရာ
ကိုအောင်အောင် ။ မေတ္တာရှင်မလေး
မရှင်းသန့်မေ။ မှုံနံ့သာဖြူ မေသဇင် အားလုံးကြိုက်ပါတယ်။
စာရေးတာကိုပြောတာပါ ခိခိ။ ပြီးတော့
ကျန်သူတွေကိုဖော်ပြချင်ပါတယ်။ သူငယ်ချင်းတွေကများပါတယ်။သူတို့ရေးတာတွေကိုလည်းကြိုက်
ပါတယ်များလို့မဖော်ပြပေးနိုင်တာကိုခွင့်လွှတ်ပါလို့တောင်းပန်ပါတယ်။


ကျေးဇူးပါ အကို ။ မှုံ တို့ ဆိုင်လေး အပေါ် အကို့ ရဲ့ အမြင်လေး သိချင်ပါတယ် ရှင်။ ဆိုဒ်နဲ ပါတ်သက်လို့ လဲ အကြံပေးတာလေး ရှိရင်ပြော ပြပေးပါအုံးနော် ။


ဟုတ်ကဲ့ ခုနကပြောတဲ့အထဲတော့ပါသွားပြီထင်ပါတယ်။ အင်မတန်ကောင်းမွန်တဲ့ဒိုဒ်လို့မြင်
ပါတယ်။ ဆိုဒ်ထဲဝင်လာသူအသစ်အဟောင်း ဆက်ဆံတာတွေကိုကြည့်ပြီးသဘောကျနေပါတယ်
အကြံပေးစရာလေးကတော့တခြားမရှိပါဘူး ။ အရင်လိုပေါ့လေး ဒါလဲလုပ်နေတယ်လို့ထင်ပါတယ်။
အဲဒါက မြို့တော်တွင် လူကြိုက်များတာလေးတွေတင်ပေးတာပေါ့လေ ။ အဲဒါကြည့်ရတာကျွန်တော်
တော်တော်စိတ်ဝင်စားတယ် ။ ဒီနေရာရအောင်ကြိုးစားရေးချင်တဲ့စိတ်ပေါ်လာတယ်လေ ။


ဟုတ် ။ ဆိုဒ်လေးက မန်ဘာ များသလောက် ၊ စာဖတ်အားနည်းနေတာ တွေ့ ရပါတယ် ။ စာဖတ်အားလေး တက်လာအောင် မှုံ တို့ ကြိုးစားနေပါတယ် ။ အကို အနေနဲ ... ရွှေမြို့တော်က စာမူတွေ အပေါ် အမြင်လေး ပြော ပြစေချင်ပါတယ် ရှင် ။


ဟုတ် ပါတယ် စာဖတ်အားနည်းနေတာကိုတော့တွေ့နေရပါတယ်။ စာမူကတော့ သူကြိုက်တာခြင်း
တူခြင်မှတူမယ်ပေါ့လေ ။ စာရေးသူကောင်းရင် ဖတ်ကြမယ်ပေါ့လေ ။ ရေးသူကလဲသတိ
တော့ထားရပါတယ်။ မိမိရေးမည့်အကြောင်းအရာသည့် စာဖတ်သူစိတ်ဝင်စားနိုင်သလား
အရင်စဉ်းစားပြီးမှရေးရင်ကောင်းမယ်လို့ထင်တာပါ ။ ကျွန်တော် ကစာရေးသက်
အင်မတန်နုပါတယ် ။ ကျွန်တော်ပြောတာမှားရင်လဲခွင့်လွှတ်ကြပါ။ စာရေးသူတိုင်းကတော့
စိတ်ဝင်စားမယ်ထင်လို့ရေးကြတာပါ ။ ဒါပါဘဲ။


ခုလို စပ်စုတာ ကို စိတ်ရှည်ရှည် ဖြေ ကြားပေးသော လူပျိုကြီး အကို အား ရွှေမြို့တော် ကိုယ်စား မှုံက အထူးကျေးဇူး တင်ရှိပါတယ်လို့ ပြော ကြား ချင်ပါတယ် ။ ကျေးဇူးပါ အကို ။ ပျော်ရွှင်စရာ ဘ၀ လမ်းလျှောက်လှမ်းနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ရှင် ။


ဟုတ်ကဲ့ ကျွန်တော်ကလည်းခုလို ဖြေကြားခွင့် ပြောခွင့် ရလို့
ရွှေမြို့တော်ကိုကျေးဇူးတင်ပါတယ်။


ခု တပါတ် အင်တာဗျူး အစီအစဉ်ကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။
သိချင်တဲ့ မန်ဘာ နာမည် များကို ရေးသားတောင်ဆိုနိုင်ပါတယ် ။


ရွှေမြီု့တော် မန်ဘာအပေါင်း စိတ်၏ ချမ်းသာ ခြင်း၊ ကိုယ်၏ ကျန်မာ ခြင်း ပြည့် စုံ ပါစေလို့ ဆုတောင်းရင်း
နှုတ်ဆက်လိုက်ပါတယ် ။


ခင်မင်လေးစား လျှက် ...
ဆန္ဒမွန်ဖြင့် ...

*****____မေတ္တာမီးအိမ်____*******

$
0
0

ကံကြမ္မာမျက်နှာသာမပေးလို့       မှောင်မည်းနေတဲ့ဘ၀တွေ

ဘယ်လောက်တောင်များနေပြီလည်း

ဒီလိုဘ၀များစွာတွေအတွက်    ငါတို့ဟာ    အလင်းရောင်မပေးစွမ်းနိုင်ဘူးလား

လူသားတိုင်းရဲ့ နှလုံးသားထဲမှာ        အလင်းရောင်ဖြန့်ဝေနိုင်တဲ့    မီးအိမ်ရှိကြပါတယ်

ထိုမီးအိမ်ကို  မီးစာထွန်းညှိခြင်း မထွန်းညှိခြင်းပဲ ကွာပါတယ်

မှောင်မိုက်နေတဲ့  ဘ၀များစွာတွေအတွက်  ငါတို့ရဲ့ နှလုံးသည်းပွတ်အတွင်းက

မေတ္တာမီးအိမ်လေး  ထွန်းညှိလိုက်ကြပါစို့

မာန်မာနတွေ မောဟတွေ     ရင်တွင်းကို ၀င်ရောက်ကြီးစိုးနေကြလို့

ထိုမီးအိမ်ကို   ထွန်းညှိဖို့   မေ့လျှော့နေကြပြီလား

အတ္တတွေကြောင့် အမှောင်ဖုံးနေတဲ့ကမ္ဘာကြီးငါတို့ရဲ့  မီးအိမ်အလင်းရောင်နဲ့ဖုံးလွှမ်းပစ်ရမယ်

ဒါမှ ငါတို့တတွေ ငြိမ်းချမ်ေးသာ ကမ္ဘာသစ်ကြီးဆီ       အချင်းချင်းလက်တွဲကူညီရိုင်းပင်းလို့

နွေးထွေးစွာ လျှောက်လှမ်းသွားကြမယ်

 

ဖြိုးကိုကို    ကိုယ်ပိုင်ဘလော့

 

ပရဟိတအကျိုးသယ်ပိုးနေသော    လူတွေအတွက်       ခံစားရေးဖွဲ့တင်ပြသည်

 

ဒီတစ်ချီလည်း(ဇာတ်သိမ်းပိုင်း)

$
0
0

ဒီတစ်ချီလည်း(ဇာတ်သိမ်းပိုင်း)

“အားလုံးအတွက် ကျေးဇူးဦးလတ်  သွားတော့မယ်ဗျို့ ”

သူရနိုင်က သူ့အ၀တ်တွေနဲ့ ဖွေးဖွေးသူရဲ့အ၀တ်အစားများကိုလာထားပြီး ညိုလတ် အိမ်ကအခန်းလွတ်ကိုရှင်းလင်း အလှဆင်ကာ ညနေစောင်းတွင် ဖွေးဖွေးသူအားသွား ခေါ်ရန် သာကေတသို့ပြန်မည်။
မသွားခင်ကပင်ပြောခဲ့သေးသည်။

“ဖွေးအဖေကြီးက အခုညနေရထားနဲ့မန္တလေးတက်မှာဦးလတ်ရ သားအိမ်မှာ ဟန်မ ပျက်ပြန် နေပြီး ည၇နာရီကိုးရီးယားလာချိန်လောက်ကျမှ ဖွေးကိုဆွဲလာခဲ့မှာ ဟီး အစီအစဉ်မိုက်တယ်နော်”

“မိုက်ပါတယ်ကွာ မင်းအစီအစဉ်နဲ့မင်းတော့ဟုတ်နေတာပဲ ကဲကဲ အိမ်က စိတ်ပူနေမယ်ကျောင်းလွှတ်ချိန်အမှီပြန်ချေမင်းကိုတော့ငါတကယ်မနိုင်တော့ဘူးကွာ”

“မနိုင်ရင် ၂ခါခွဲသယ် ဟီး နောက်တာ ဦးလတ်ရေ ဘိုင့်ဘိုင်”

ပြောရင်းက နှုတ်ဆက်ထွက်သွားသော သူရနိုင်ရဲ့နောက်ကျောကိုကြည့်ကာ ညိုလတ် တစ်ယောက် စိတ်မကောင်းတာတော့အမှန်။
မတတ်နိုင်ပါ။ညိုလတ်ဘ၀မှာ နာကျင်ရတာတွေများနေပြီမဟုတ်လား။
ဒီတစ်ခါကိစ္စပြီးလို့ကတော့ သူရနိုင်နဲ့ပါ အပြတ်ဖြတ်ပစ်ရတော့မည်/

ဖြစ်နိုင်ရင် သာကေတဘက်သို့ ခြေဦးတောင်မလှည့်တော့ ဟုဆုံးဖြတ်လိုက်ချေပြီ။
ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ကျေနပ်အောင်ကြိုးစားလျက် နိုက်ဂျူတီဝင်ရန် ပြင်ဆင်စရာ ရှိတာတွေပြင်ဆင်နေလိုက်တော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ကိုရယ် ဖွေးတော့သိပ်ကြောက်တာပဲ”

“ဘာကြောက်စရာလိုလဲဖွေးရာ ကို့ဦးလေးကသိပ်သဘောကောင်းတာ ဖွေးလည်းသိသားနဲ့”

“ဖွေးကအဲဒါကိုကြောက်တာမှမဟုတ်တာ အဖေ့တို့ကိုကြောက်တာ မှားသွားပြီလားလို့ လည်းတွေးမိတယ်”

“တော်ကွာဖွေး ကြာရင်ကိုစိတ်ဆိုးမိမယ်နော် ကို့ပုခုံးပေါ်ခေါင်းလေးမှီပြီးနေ ရှေ့နားဆို ရောက်တော့မယ်…ဒီညဦးလတ်ကြီးက နိုက်ဂျူတီဗျ ဟဲဟဲ”

“ဟုတ်လား တော်သေးတာပေါ့ ချက်ချင်းကြီး ဦးလတ်ကိုမျက်နှာမပူရတော့ဘူး မနက်ကျမှ မျက်နှာပူရင် မျက်နှာသစ်လိုက်မယ် ဟိဟိ”

နှစ်ယောက်သား အပူပင်မရှိသည့်နှယ်ရယ်မောမိကြသည်။
သူရနိုင်က လက်ကနာရီကိုကြည့်မိတော့ ည၉နာရီထိုးတော့မည်။

ဖွေးအဖေကြီးကိုဘူတာပို့ပြီး ဖွေးတို့ပြန်လာတော့ ည၈နာရီထိုးခါနီးတော့မည်မို့ ဖွေးကအိမ်မှာဟန်မပျက်ပြန်နေပြီး ည၈နာရီကျော် ဖွေးအမေဘုရားဝတ်ပြုချိန် ဖွေးအစ်မတွေအခွေကြည့်ချိန်ကျမှ မသိမသာလေး သူရနိုင်တို့ အိမ်ရှေ့ကဖြတ် လျှောက်သွားသည်။
အိမ်မှာ အဖေနဲ့အမေက ကိုးရီးကားပြီး၍ထမင်းစားနေချိန်ဖြစ်ပြီး အငယ်မလေးက အခန်းထဲမှာစာကြည့်နေသည်။
သူရနိုင်ကတော့ လမ်းပေါ်ကိုမြင်သာတဲ့ အမေ့အပ်ချုပ်စက်ခုံပေါ်မှာ စာကြည့်ချင်ယောင် ဆောင်နေလိုက်သည်။

ဖွေးတစ်ယောက်ဖြတ်လျှောက်သွားတာမြင်မှ ထမင်းစားခန်းကအဖေတို့မသိအောင် အပြင်ဘက်ထွက်ကာ ဖွေးနောက်လိုက်လာပြီး လမ်းမပေါ်ရောက်တာနဲ့ တွေ့တဲ့ တက္ကင်္ဆီကို ဈေးပင်မဆဟစ်တော့ပဲ တန်းငှားကာတက်လိုက်လာကြတာပင်။
လမ်းတစ်လျှောက်လုံးနှစ်ယောက်လုံးရဲ့ရင်တွေ တဒုန်းဒုန်းခုန်နေကြပြီး တော်တော်နဲ့ စကားမပြောဖြစ်ခဲ့ကြ။

“ဟိုရှေ့နားက ဂိမ်းဆိုင်လေးမရောက်ခင်ရပ်လိုက် ဦးလေး”

သူရနိုင်က ဦးလတ်အိမ်ရှေ့ထိ ကားကိုမမောင်းစေချင်တာကြောင့် မီးတွေထိန်လင်းနေ တဲ့ ဂိမ်းဆိုင်ရှေ့မရောက်ခင် အမှောင်ရိပ်တစ်ခုမှာ ကားကိုရပ်ခိုင်းလိုက်တာပင်။

အိမ်ကမီးရောင်မှိန်မှိန်ထွန်းလျက် တံခါးပိတ်ထားသည်ကိုလှမ်းမြင်ရသည်။

ဦးလတ်နိုက်ဂျူတီသွားတော့ တံခါးပိတ်ခဲ့မှာပေါ့။ဘောင်းဘီအိတ်ထဲက သော့အပိုကို ထုတ်ယူပြီး အိမ်လှေကား၃ဆင့်ကိုတက်လိုက်မှ

“အင်..သော့လည်းခတ်မထားဘူး စေ့ရုံစေ့ထားတာပဲ ဦးလတ်ပြန်ရောက်နေတာလား မသိဘူး လာဖွေးရေ တက်ခဲ့”

၂ယောက်သားတံခါးကိုတွန်းဖွင့်ဝင်ရောက်လိုက်တာနဲ့ ဧည့်ခန်းဆက်တီမှာ ထိုင်နေကြ တဲ့လူတစ်စုကိုတွေ့လိုက်ရသည်။

“အဖေ”

၂ယောက်လုံး မျက်လုံးအပြူးသားနဲ့အံ့သြစွာ လက်ဖျားများပင်အေးစက်ကုန်တော့တာ ချက်ချင်း။
ဖွေးဖွေးသူရဲ့ဖခင်နဲ့အတူ လူကြီး၂ယောက်ထိုင်ရာမှထရပ်လိုက်ကြပြီး

“အေး ဟုတ်တယ် ခွေးထက်မိုက်တဲ့ကလေးတွေ…ဟေ့ကောင် မင်းကငါ့သမီးကို ငယ်ငယ်လေးနဲ့ဒုက္ခတွင်းထဲ တွန်းချမလို့ပေါ့လေ ဟုတ်လား”

သုရနိုင်တစ်ယောက် ပြူးပြူးပျာပျာနှင့် အထစ်ထစ်အငေါ့ငေါ့စကားတို့ထွက်လာရသည်။

“မ..မဟုတ်ပါဘူး ဦးလေး ကျွန်တော်တို့တကယ်မေတ္တာရှိလို့ပါ”

“ဘာ မေတ္တာလည်း တော်စမ်း မင်းဘာသောက်သုံးကျသေးလို့ငါ့သမီးကိုအခုလိုလုပ်ရ တာလည်း…ဟိုကောင်မ လာစမ်းဒီဘက်ကို”

ဖွေးဖွေးက ကြောက်ရွံ့စွာ သူ့အဖေနဲ့တိုးကပ်သွားသည်။
ဖွေးဖွေးသူအဖေနားက လူကြီးတွေထဲကတစ်ယောက်က

“ကဲ ငါ့တူ ဦးတို့က ဒီရပ်ကွက်ကတာဝန်ရှိသူတွေပဲ အခုလောလောဆယ် မင်းရဲစခန်း ကိုလိုက်ခဲ့လိုက်ပါကွာ”

“ဟာ မဟုတ်သေးဘူးလေ ကျွန်တော့်ဦးလေးရှိပါတယ် သူ့ သူ့ကိုခေါ်ပြီးရှင်းခိုင်းပါ့မယ်”

“စခန်းရောက်ပြီးမှ မင်းဦးလေးကိုခေါ်လိုက်ပါမယ် အခုတော့ ဦးတို့နဲ့လိုက်ခဲ့ဦး”

လူကြီး၂ယောက်ရဲ့ဆွဲခေါ်မှုမှာ ယက်ကန်ယက်ကန်နဲ့ပါသွားတဲ့ သူရနိုင်က ဖွေးဖွေးသူ
ထံအားကိုးတကြီးကြည့်မိတော့ ကြောက်ရွံ့ထိတ်လန့်မှုများအထင်းသားနဲ့ ဖွေးဖွေးသူ က သူမဖခင်နားမှာ ခေါင်းပင်မဖော်ရှာ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အချုပ်ခန်းအတွင်းမှသားကိုကြည့်လျက်က နိုင်မင်းဝင်းတစ်ယောက် တက် တစ် ခေါက်ခေါက်နှင့်ဖြစ်နေရုံသာ။
မျက်ရည်စက်လက်နဲ့ မာလာကတော့အချုပ်ခန်းသံတိုင်ကိုကိုင်လျက် သားအနားက ခွာချင်ပုံမရ။


“ဦးနိုင်မင်းဝင်းတို့ပြန်လို့ရပါပြီ..နှစ်ဦးနှစ်ဘက်ပြေလည်အောင်ညှိနှိုင်းကြပါ ကလေး တွေကသိပ်ငယ်သေးတော့ အမှုကိုသေးရာကမကြီးစေချင်ဘူး”


တစ်ဖက်ကကောင်မလေးဖခင် ဦးလင်းကျော်ဆိုတာကလည်း ရပ်ကွက်ထဲမှာတော့ နိုင်မင်းဝင်းလို ဒေါသအိုးတစ်ယောက်အဖြစ်နာမည်ကြီးတာပင်။
စိတ်ကြီးသူအချင်းချင်းတွေ့ကြတော့ နိုင်မင်းဝင်းတို့ ထင်တိုင်းကျဲလို့မဖြစ်သေး။
ဒီလောက်တော့ပါးနပ်ရဦးမည်။ကိုယ်က သားရှင်မို့လား။

ဘာပဲပြောပြော မှားတဲ့ဘက်ကလို့ဆိုလို့ရသည်။
စိတ်ထဲမှာ ရိုက်သတ်ချင်စိတ်ပေါက်နေတာက ညိုလတ်ဆိုတဲ့ကောင်ကိုသာ။
အခုထိလည်းရဲစခန်းသို့ရောက်မလာ။

ခရီးလွန်နေသည် ဟုသာသတင်းပို့ထားသည်တဲ့။ဘယ်ခရီးကိုလွန်နေရတာလဲ။
မဟုတ်တာလုပ်ထားပြီးရှောင်ပြေးချင်တဲ့ သူရဲဘောကောင်။

ဒီကောင့်စနက်မပါပဲနဲ့ ဦးလင်းကျော်နဲ့ရပ်ကွက်လူကြီးတွေက ဒီကောင့်အိမ်ထဲကြို ရောက်နေစရာအကြောင်းမရှိ။
အကွက်ကျကျနဲ့ နိုင်နိုင့်ကိုထောင်ဖမ်းတာအရှင်းကြီးပေါ်နေသည်မဟုတ်ပါလား။

ဒင်းထံကို ဖုန်းဆက်ပြီးနှိပ်ကွပ်ခဲ့သည့် နိုင်မင်းဝင်းနဲ့မာလာ့ကိုပညာပေးသွားတာနေမှာ။
မတတ်နိုင် လောလောဆယ်တော့ ကိုယ့်သားလွတ်မြောက်ဖို့အရေး အရင်လုံးပမ်းရပေ ဦးမည်။
ဒီကောင့်ကိစ္စ နောက်မှစာရင်းရှင်းဖို့လည်း တေးထားလိုက်မိသည်။

အချုပ်ခန်းထဲကလူမိုက်ကတော့ မျက်နှာသေလေးနဲ့ အခုမှ မအေကိုညောင်နာနာ လုပ်နေတော့သည်။
နရင်းတွေချည်း ဖြတ်ဖြတ်ရိုက်ပစ်လိုက်ချင်သည်။ဒီဟာလေးလည်း နေနှင့်ဦး။
အချုပ်ခန်းကထွက်မှ ကောင်းကောင်းပုံစံသွင်းရဦးမည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သူရနိုင်တစ်ယောက် လွတ်လာတာ တစ်ပတ်လောက်ရှိပြီ။
အဖေကော၊အမေပါ မျက်စိဒေါက်ထောက်ကြည့်ရှုနေမှုအောက်မှာ နားရွက်ပင်မခတ် ၀ံ့ဟုသာဆိုချင်တော့သည်။
အဖေသည် သူ့ကိုစကားသိပ်မပြောတော့သာသိသိသာသာ။

အမေက နင့်အဖေစိတ်ကိုသိတယ်မို့လား အခြေအနေကြည့်နေ ဟုဆိုထားသည်။
ကျောင်းလည်းမတက်ရတော့။အဖေကတော့ ကျောင်းပြန်တက်ခွင့်ရဖို့ ကြိုးစားနေသည် ဟုအမေ့ထံမှသိရသည်။
ဘာပဲပြောပြော လတ်တလောမှာ အပိုးကျိုးနေပြရသည်။

ဖွေးတစ်ယောက်တော့ ဘယ်လိုနေသည်မသိ။ဖွေးရဲ့ကောင်းမှုကြောင့်လည်း ဒီပြဿနာ က ဒီလောက်နဲ့ရပ်သွားတာဖြစ်မည်။
ချစ်သူကိုမတွေ့ရတဲ့ရက်တွေမှာ လွမ်းဆွတ်သလိုလိုရှိပေမယ့် လောလောဆယ် ကိုယ့်ခေါင်းနဲ့ကိုယ့်ကိုယ် တွဲမိနေရေးသာ အနေအထိုင်ဆင်ခြင်နေရဦးမည် မဟုတ်ပါလား။

စိတ်ထဲမှာတော့ ဦးလတ်တစ်ယောက်ကိုနားမလည်နိုင်အောင်ဖြစ်နေမိသည်။
ဒေါသထွက်ရမှာလားဆိုရအောင်လား ဦးလတ်ကိစ္စကိုရေရေလည်လည်မသိသေး။
ယခုအထိလည်း ပျောက်နေဆဲ။

အဖေကတော့ တွေ့တာနဲ့ပြေးသတ်မလားတောင်မသိ။ကြိမ်းဝါးသံတွေနဲ့တင် ကိုယ်တိုင် ပါလဲသေချင်မိသည်။
ဦးလတ်ကတော့ မိမိအပေါ်ယခုလို ရက်ရက်စက်စက်လုပ်သွားမည်ဟုမယုံကြည်နိုင် သေး။
အရမ်းကိုတွေ့ချင်နေမိတာအမှန်။

လောလောဆယ် ဖွေးနဲ့ဦးလတ် ဘယ်သူု့ကိုတွေ့မလဲဆိုရင် ဦးလတ်ကိုသာအရင် တွေ့ချင်လောက်အောင်ပင်။
အမြီးကုတ်နေရပေမယ့် ဦးလတ်သတင်းရနိုင်မယ့် ဦးစိုးဦးဆိုင်သို့ လစ်ထွက်နိုင် မည့်အရေး ကြံစည်နေမိသေးသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ညိုလတ်တစ်ယောက် ဒီနေ့ပဲအိမ်ပြန်ရောက်သည်။

နိုင်နိုင်ပြဿနာဖြစ်တဲ့ညကပဲ တောင်ကြီးတက်မယ့်ရုံးကားနှင့် တခြားအဖွဲ့မှူးကိုယ်စား တောင်ကြီးသို့လိုက်သွားလိုက်တာ အခုဆိုရင် နိုင်နိုင်တို့ အမှုကြေအေးသွားတာပင် တစ်ပတ်ကျော်လောက်ရှိပြီဟု သိရသဖြင့်စိတ်အေးသလိုတော့ရှိသွားသည်။

အခုလောက်ဆို နိုင်မင်းဝင်းတစ်ယောက်လည်း ညိုလတ်ကိုအမှုန့်ကြိတ်ချင်လောက် အောင် ဖြစ်နေမှာ ဗေဒင်မေးစရာပင်မလို။
ဘာပဲပြောပြော နိုင်မင်းဝင်းတို့လင်မယား သားဇောတွေနဲ့တော်တော်တော့ ချာချာလည် သွားမှာတွေးမိရင်း မိမိရဲ့နိုင်ကွက်တစ်ခုအပေါ် အားရမိသေးသည်။
နိုင်နိုင့်ခရီးဆောင်အိတ်ကို ဟိုလှန်ဒီလှန်လုပ်မိသည်။

ကြည့်စမ်း နိုင်နိုင့်မှတ်ပုံတင်ပါလား။ဒီခရီးဆောင်အိတ်တွေကို စိုးဦးကတဆင့်ပြန်ပို့ရဦး မည်။
နိုင်နိုင့်ထံမှာသော့အပိုရှိပေမယ့် လာမယူကြသေးပုံထောက်ရင် ညိုလတ်ကိုစောင့်ဖမ်း ကြဖို့ကြံစည်ထားကြပုံရသည်။
အမှတ်မထင် မှတ်ပုံတင်ကိုယူကြည့်မိသည်။

“ဟင် နိုင်နိုင့်သွေးအုပ်စုက B ဆိုပါလား၊နေပါဦး နိုင်မင်းဆိုတဲ့ကောင်က A သွေး၊ ငါနဲ့အတူမှတ်ပုံတင်လုပ်လို့သိပြီးသား။ မာလာကလည်း O သွေးလို့သိထားတာ
နိုင်နိုင်က အဖေအမေနဲ့တစ်ယောက်နဲ့မှမတူပါလား ……….ဟင် ဘီ ၊ဘီ ဆိုတော့ ငါ့သွေးအမျိုးအစားပဲ နိုင်နိုင်က ငါ ငါနဲ့ရတာများလား”

နိုင်နိုင့်ရဲ့မှတ်ပုံတင်ကိုကိုင်လျက် အိပ်ယာပေါ်ပက်လက်လှန်ချလိုက်မိသည်။

“ငါ့ ငါ့သားဆိုရင်တော့ ငါ့သားကိုငါဒုက္ခပေးလိုက်မိပြီပေါ့…ဟုတ်မှာပါ ဟုတ်မှာ”

ညိုလတ်တစ်ယောက် ဖြစ်စဉ်များကိုခွဲခြမ်းစိတ်ဖြာရန် အချိန်ကာလတစ်ခုဆီသို့ အတွေး ရွက်လွှင့်လိုက်မိသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ညိုလတ်နဲ့နိုင်မင်းဝင်းတို့ ဖခင်တွေက ညီအစ်ကိုအရင်းတွေ။
ညိုလတ်တို့နှစ်မိသားစုလုံး အဘိုးရဲ့အိမ်မှာနေထိုင်ကြရတာ။

ညိုလတ်ရဲ့မိခင်ကအနေအေးပြီး တစ်အိမ်လုံးနဲ့သင့်မြတ်ပေမယ့် နိုင့်ထက်စီးနင်း ဆန်လှတဲ့ နိုင်မင်းဝင်းရဲ့အမေနဲ့ တော့အဆင်မပြေ။
နိုင်မင်းဝင်းကလည်း မအေသွေးအပြည့်ပါတယ်ဆိုရလောက်အောင် သူများအပေါ် နိုင်ထက်စီးနင်းပြုရမှကျေနပ်တဲ့ကောင်။
ဒီကြားထဲ ယောက်ျားလေးဆိုတော့ ဂျစ်ကန်ကန် မိုက်ကန်းကန်းနှင့် ကျောင်းမှာလည်း ပြဿနာပေါင်းစုံမကြာခဏ တက်လေ့ရှိသည်။

ညိုလတ်ကတော့အစ်မအရင်းနဲ့ကော၊ တစ်ဝမ်းကွဲဖြစ်တဲ့ နိုင်မင်းဝင်းတို့မောင်နှမနဲ့ပါ သင့်အောင်ပေါင်းပါသည်။
နိုင်မင်းဝင်း အနိုင်ကျင့်သမျှကိုလည်း ညီအစ်ကိုချင်းပဲလို့ စိတ်ထဲထားပြီး သီးခံလိုက်တာ များသည်။

နိုင်မင်းဝင်းက ညိုလတ်အပေါ်လုံးဝကြည့်မရတော့အောင် အမြင်စောင်းသွားတာက တော့ ညိုလတ်တို့နှစ်ယောက်ကြား မာလာဝင်ရောက်လာချိန်မှစသည်။
အဘိုးကွယ်လွန်တော့ ညိုလတ်တို့၂မိသားစုအမွေခွဲကြသည်။
အဘိုးရဲ့အိမ်နဲ့ခြံကိုရောင်းပြီးတစ်ဝက်စီခွဲဝေကြတာပါ။

နိုင်မင်းဝင်းတို့မိသားစုကတော့ သာကေတထဲမှာပဲ အိမ်နဲ့ခြံခပ်သေးသေးပြန်ဝယ်သည်။
ညိုလတ်တို့မိသားစုကတော့ အမေ့ဆန္ဒအရ သူတို့နဲ့ဝေးရာဒေါပုံဆိပ်အနီး ပြောင်းရွှေ့ခဲ့ ကြသည်။
နိုင်မင်းဝင်းကော၊ညိုလတ်ပါ ဆယ်တန်းကို တစ်ဘုံးဘုံးကျသဖြင့် အပြင်ဖြေဖြစ်သွားချိန် တွင် ညိုလတ်က သာကေတထဲက အမေ့အစ်ကိုရဲ့တွင်ခုံမှာ အလုပ်သင်ဝင်လုပ်နေ လိုက်သည်။

နိုင်မင်းဝင်းကတော့ ဟိုယောင်ယောင်ဒီယောင်ယောင်နှင့်သာကေတထဲက လူမိုက်တစ် ချို့နဲ့ပင်အပေါင်းအသင်းဖြစ်နေတော့သည်။
မာလာဆိုတာက နယ်ကနေပြီး ညိုလတ်တို့လို ဆယ်တန်း၂ခါကျထားသဖြင့် သာကေ တကသူ့အဒေါ်ရဲ့ အထည်အော်ဒါချုပ်လုပ်ငန်းမှာ လာရောက်ကူညီနေထိုင်တာဖြစ် သည်။

နယ်ကဆိုပေမယ့် ရန်ကုန်သူတွေလောက် ၀တ်တာစားတာပုံပမ်းမကျသော်လည်း၊ တော်တော်လေးကြည့်လို့လှတဲ့မိန်းကလေးလို့ဆိုရမည်။
မာလာတို့နေတဲ့အိမ်က နိုင်မင်းဝင်းတို့လူငယ်တွေစုဝေးတတ်တဲ့ လ္ဘက်ရည်ဆိုင်နဲ့နီး သလို၊ညိုလတ်တို့တွင်ခုံနဲ့လည်း နီးတာကြောင့် ညိုလတ်ကော၊နိုင်မင်းဝင်းပါ မာလာ့ကို သဘောကျစွာပိုးပမ်းလျက်ရှိကြသည်။

ဆယ်တန်းဖြေဖို့၎လလောက်အလိုမှာ ညိုလတ်က ဒေါပုံထဲကဆရာတစ်ယောက်ဆီမှာ ညဘက်ကျူရှင်တက်ဖြစ်သည်။
ဆရာက ဈေးသက်သက်သာနဲ့ကျက်စာတွေကလွဲလို့ဘာသာစုံကိုတစ်ယောက်တည်း သင်ပေးသည်။
ညိုလတ်တို့လို အဆင်သိပ်မပြေတဲ့ နှစ်ကျကျောင်းသားတွေအတွက် အဆင်ပြေလှတာ ကြောင့် ညိုလတ်နဲ့စိုးဦးအပါအ၀င် သာကေတထဲက သူငယ်ချင်းတစ်ချို့ပါ လာတက် ကြသည်။

ညိုလတ်တို့တက်နေပြီး လ၀က်လောက်အကြာမှ မာလာကလည်း ဆယ်တန်းပြန်ဖြေ ဖို့ရှိသည်ဆိုပြီး ညိုလတ်တို့ကျူရှင်သို့ရောက်လာသဖြင့် ညိုလတ်တစ်ယောက် ရေငတ် တုန်းရေတွင်းထဲကျသည့်နှယ် ပျော်လိုက်သည့်ဖြစ်ခြင်း။
သာကေတထဲတွင် ပိုးပမ်းနေတတ်သော နိုင်မင်းဝင်းတစ်ယောက် ဒေါပုံအထိ ရောက်လာကာ မာလာ့ကိုချဉ်းကပ်ဖို့ကြိုးစားတော့သည်။
မာလာမကြိုက်ဘဲ အတင်းနဲ့တဇွတ်ထိုးမလုပ်ဖို့ ညိုလတ်ကဖျောင်းဖျမိရာက ညိုလတ် အပေါ် ထာဝရရန်သူတစ်ယောက်နှယ် စတင်ဆက်ဆံလာတော့တာပင်။

မာလာအနေနဲ့ ရုပ်မဆိုးလှပေမယ့် ဂင်တိုတို၊မိုက်ကန်းကန်းဆန်လှသော နိုင်မင်းဝင်း ထက်၊အရပ်မြင့်မြင့်နဲ့ သဘောမနောကောင်းလှတဲ့ ညိုလတ်အပေါ် အခွင့်အရေးပေးခဲ့ သည်။

တစ်ယောက်နဲ့တစ်ယောက် နေ့ဘက်တွေ သာကေတမှာတွေ့ဆုံ၊ညဘက်တွေ ကျူရှင် မှာစကားနှီးနှောနဲ့ သိပ်မကြာခင်မှာပဲ ချစ်သူဘ၀ရောက်ရှိခဲ့ကြသည်။
နိုင်မင်းဝင်းမသိအောင် သိုသိုသိပ်သိပ်လုပ်ခဲ့ကြပေမယ့် နားများစွာရှိတဲ့ သကောင့်သား ကသိသွားပြီး ဆင်ကြံကြံနေပြီ ဟုသူငယ်ချင်းတွေက သတိပေးသည်။
နိုင်မင်းဝင်းရဲ့ အန္တရာယ်ကို တထိတ်ထိတ်နဲ့စောင့်ကြည့်နေကြရင်း တစ်ရက်မှာ ဆရာက ပဲခူးရိုးမသစ်စခန်းတစ်ခုနားကရွာမှာ  ဆေးမှူးလုပ်နေတဲ့ ဆရာ့ညီ မင်္ဂလာ ဆောင်မှာမို့ ကျူရှင်ကို ၃ရက်လောက်ပိတ်မည်ဟုပြောသည်။

ဆရာနဲ့အရင်းနှီးဆုံး ညိုလတ်၊မာလာနဲ့စိုးဦးအပါအ၀င် သူငယ်ချင်း၆ယောက်လောက် ဆရာနဲ့အတူ လိုက်ချင်ကြောင်းဝိုင်းပူဆာကြသည်။
သဘောကောင်းလှတဲ့ဆရာကလည်း စာမေးပွဲမဖြေခင် ခေါင်းဆေးသလိုဖြစ်အောင် လိုက်ချင်လိုက်ခဲ့ကြဖို့ ခွင့်ပြုတာနဲ့ အိမ်တွေကိုခွင့်တောင်းပြီး လိုက်ခဲ့ကြသည်။

မင်္ဂလာဦးညမှာ ဆရာနဲ့သတို့သားအပါအ၀င် အားလုံးလိုလို ညနေစောင်းတည်းက သောက်ကြ၊စားကြနှင့် ပျော်ပွဲဆင်နေကြချိန် ညိုလတ်နဲ့မာလာက လမ်းလျှောက် ဟုဆိုကာ သစ်တောများအနီးသို့ထွက်ခဲ့ကြသည်။

တောရိပ်တောင်ရိပ်ရဲ့လွှမ်းမိုးမှု၊အချိန်ကာလရဲ့စေ့ဆော်မှု၊ပတ်ဝန်းကျင်ရဲ့အထောက်အပံ့ပေးမှုတို့အောက်မှာ အနေနီးကပ်နေတဲ့ ချစ်သူနှစ်ဦး လူငယ်ဘာဝ လွန်ကျူးမိကြ တော့သည်။

ရန်ကုန်သို့ အပြန်လမ်းတစ်လျှောက်ချစ်သူနှစ်ဦး အခြေအနေကို ကြည့်၍ စာမေးပွဲပြီးမှ လက်ထပ်ဖို့အရေးကြိုးစားကြရန် တိုင်ပင်လာကြရင်း ပျော်မြူးနေကြသည်။

ရန်ကုန်ရောက်ရောက်ချင်းညမှာပဲ လယ်ဝေးရှိ အမေ့ရဲ့မိခင်၊ညိုလတ်တို့အဖွား ဆုံးသွား ပြီဆိုပြီး အဘွားနဲ့အတူနေတဲ့ ဒေါ်လေးတို့မိသားစုက သတင်းလှမ်းပို့သဖြင့်၊ ညရထားနဲ့ပဲညိုလတ်တို့မိသားစုကော၊တွင်ခုံက ဘကြီးတို့မိသားစုပါ လယ်ဝေးသို့ ကတိုက်ကရိုက်ထွက်ခဲ့ကြရသည်။
အသုဘရက်လည်ပြီး တစ်ရက်နှစ်ရက်လောက်အကြာ၊ညိုလတ်တို့ ရန်ကုန်ပြန်ရောက် ချိန်မှာပဲ နိုင်မင်းဝင်းနဲ့မာလာတို့ လက်ထပ်လိုက်ကြပြီဆိုတဲ့ သတင်းဆိုးက ရင်ဝကိုဆီး ကန်တော့သည်။

ညိုလတ်တို့တစ်စု ဆရာနဲ့ခရီးထွက်သွားကတည်းက ရမ်းပုံမီးကျဖြစ်နေသော နိုင်မင်းဝင်းက မာလာပြန်ရောက်တာနဲ့ဆွဲရန် ကျားချောင်းချောင်းနေသည်ဟုသိရသည်။

ဒီကြားထဲ ညိုလတ်တို့က ရောက်ရောက်ချင်းပဲ ခရီးထပ်ဆက်ရသဖြင့် နိုင်မင်းဝင်းအဖို့ တိုင်း၍ယက်တဲ့ပက္ကလာ မိုးရွာသည်နှင့်အခန့်သင့် ဖြစ်သွားလို့နေသည်။

နောက်နေ့ညမှာပဲ လူမိုက်အဖွဲ့နဲ့ပေါင်းပြီး မာလာ့ကို ကားတင်ပြေးသည် ဟုသတင်းစုံကို ပြောပြကြသည်။
မာလာ့ အုပ်ထိန်းသူတွေကလည်း တစ်ရှက်ကနေ နှစ်ရှက်မဖြစ်၇အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်မင်းဝင်းမိခင်က၀ယ်ပေးတဲ့ရေခဲသေတ္တာကိုယူကာ အမှုမလုပ် တော့ပဲ လက်ထပ်ပေးစားလိုက်ကြသည်။

မာလာကိုယ်တိုင်ကလည်း နိုင်မင်းဝင်းရဲ့ အဓ္မကျင့်မှုကို အကြိမ်ကြိမ်ကျရှုံးခံခဲ့ရပြီးပြီမို့ ဘ၀ကို ဒီလိုပဲဆက်လိုက်ရတော့သည်ဟု ဆိုသည်။
နိုင်မင်းဝင်းဆွဲသွားတုန်းက ကိုယ်နဲ့ဖြစ်ခဲ့ပြီးပြီလို့မပြောပြရကောင်းလား ဆိုပြီး မာလာ့ အပေါ်လည်းနာကျည်းမိသည်။
မာလာကလည်း ညိုလတ်နဲ့မျက်နှာချင်းမဆိုင်ရအောင် အတတ်နိုင်ဆုံးရှောင်ကွင်းနေ သဖြင့် နှစ်ယောက်လုံးအပေါ် နာကျည်းချက်တွေက ရင်ဘတ်ကွဲထွက်မတတ်။

ခံစားချက်တွေကို အရက်နဲ့လည်းမမျောတတ်တာမို့ ရင်ကွဲသမျှ စိုးဦးက ဒိုင်ခံ နားညီး ပေးနေရသည်။
နောက်ဆုံး ဘကြီးရဲ့အကူအညီနဲ့ ရွှေပြည်သာဘက်က စက်ရုံတစ်ခုမှ အလုပ်ဝင်ပြီး  မာလာတို့နှစ်ယောက်နဲ့မတွေ့အောင် ရှောင်လိုက်တော့သည်။
မာလာတို့ယူပြီး မကြာခင်ပဲ မာလာက သူရနိုင်ကို ကိုယ်ဝန်ဆောင်ရသည်။

သူရနိုင်မွေးပြီးနောက်ကလေးကိုယ်ဝန်ဆောင်ချိန်လောက်မှ ညိုလတ်တစ်ယောက် သာကေတထဲ ပြန်လည် သွားလာလုပ်လာခဲ့သည်။
စိတ်ထဲမှာ မာလာ့အပေါ်ချစ်ခင်တွယ်တာမှုတွေလည်း အနည်ကျကုန်ပြီမို့ နေရပ် ဟောင်းကို ပြန်လည်ခြေချမိတာပါ။
စိုးဦးရဲ့စာအုပ်အငှားဆိုင်မှာ ကာတွန်းလာလာငှားတဲ့ သူရနိုင်လေးက ညိုလတ်ကို သူ့ဦးလေးမှန်းလည်းသိ၊သဘောလည်းကောင်းမှန်းသိတာမို့ အရမ်းကိုတွယ်တာ သည်။

မိဘတွေ ရှေ့ဆင့်နောက်ဆင့်ဆုံးပြီးကတည်းက အစ်မတို့မိသားစုရှိရာသို့ခပ်ကျဲကျဲသာ ရောက်ဖြစ်တော့ပေမယ့် သူရနိုင်အပေါ်ချစ်ခင်မိစိတ်ကြောင့် သာကေတကိုတော့ အားလပ်ရက်တိုင်းလိုလိုရောက်ဖြစ်သည်။

နိုင်မင်းဝင်းအပေါ်လည်း ဒေါသဖြစ်စိတ်တွေသိပ်မရှိတော့တာမို့ ကလေးအပေါ်တွယ် တာမိတဲ့ စိတ်ကိုလွှတ်ပေးမိသည်။
နိုင်နိုင်ကလည်း နိုင်မင်းဝင်းလို ဂင်တိုတိုမဟုတ်ပဲ၊မအေတူစွာ ချစ်ခင်နှစ်လိုဖွယ်ကောင်း ပြီး စကားပြောလည်းသွက်လက်လှသဖြင့်ညိုလတ်က ချက်ချင်းပင်သံယောဇဉ်ရှိသွား မိတာ။

စက်ရုံအိပ်၊စက်ရုံစားဘ၀ကနေ ရိုးသားကြိုးစားသောညိုလတ်ကို အခုအချိန်မှာ အိုးပိုင် အိမ်ပိုင်ဖြစ်အောင် အလုပ်ရှင်က ကူညီစောင့်ရှောက်လိုက်တာပင်။
အိမ်နဲ့ခြံဖိုးလည်း ကျေပြီးပြီမို့ ဒေါပုံဆိပ်ကအိမ်ကို အစ်မတို့မိသားစုကိုပဲ အပြတ်ပေး လိုက်ဖို့ဆုံးဖြတ်ထားပြီး တစ်ကိုယ်တော်ဘ၀နဲ့ စိတ်လက်ပေါ့ပါးစွာဖြတ်သန်းလာမိတာ။




အခုနောက်ပိုင်းကာလတွေမှာတော့ စိတ်လက်မချမ်းသာစရာတွေက ဆက်တိုက်ရိုက် ခတ်လာသဖြင့် တော်တော်လေး ပူလောင်နေရပြန်ပြီ။

နိုင်နိုင့်ပေါ်မှာ အစ်မအရင်းကမွေးတဲ့တူထက် သံယောဇဉ်ပိုမိခြင်းဟာ သွေးကစကား ပြောတာကြောင့်ပဲ ဟုတစ်ထစ်ချကောက်ချက်ချက်မိပြီမို့ မိမိရဲ့ကောက်ချက်ကိုအတည် ပြုရန်အတွက် မာလာရဲ့လျို့ဝှက်ချက်တို့ကို သိနိုင်လောက်မည်ထင်သော သင်္ဘော ကျင်းဘက်က မာလာ့ဆယ်တန်းတုန်းကသူငယ်ချင်း ခင်မာကြည်ထံ သွားရန် ချက်ချင်း ပြင်ဆင်လိုက်တော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“နိုင်နိုင် အမေနဲ့အိုးရှင်းခဏလိုက်ခဲ့စမ်း သယ်စရာတွေများလို့”

“ဘာတွေဝယ်မှာမို့လဲအမေရ အရင်လည်းတစ်ယောက်တည်းသွားနေကျဟာ”

လိုက်ချင်စိတ်ကို မဖော်ပြပဲ အတွန့်တက်လိုက်သေးသည်။အမှန်က အိမ်ထဲကုတ်နေရ တာကြာပြီမို့ အမေနဲ့တင်မဟုတ် အဖေနဲ့လိုက်ရတောင် အပြင်တကယ်ထွက်ချင်နေ တာပင်။

“အငယ်မအတွက်စာအုပ်ထည့်ဖို့ ကော်သေတ္တာကြီးတစ်လုံးဝယ်မလို့ပါ။ကလေးမက သူ့စာအုပ်တွေကို သိပ်တန်ဖိုးထားတာ သေသေချာချာလေးထားချင်တယ်ဆိုလို့ မင်းနဲ့တော့ကွာပါ့”

“တော်ပါအမေရာ ကဲကဲ သွားမယ်မို့လား သားကအကျီ င်္လဲရုံပဲ အမေကအဆင်သင့်ဖြစ် ပြီလား”

သားအမိနှစ်ယောက် မြို့ထဲဘက်ဝင်သည့် ကားတစ်စီးပေါ်တက်စီးလာခဲ့ကြသည်။

သဘောင်္ကျင်းမှတ်တိုင်မှာ ကားရပ်နေတုန်း

“ဟင် ဟိုမှာ ဦးလတ်ပါလား”

ကားပြတင်းမှတဆင့် လမ်းတစ်ဖက်ရှိ ဦးလတ်ကိုတွေ့လိုက်တယ်ဆိုရင်ပဲ အမေ့ကို ဘာမှမပြောပဲနှင့် ကားပေါ်ကပြေးဆင်းပြီး လမ်းကိုအလောတကြီးကူးလိုက်မိသည်။

“ဟဲ့ ဟဲ့နိုင်နိုင် ဘယ်ကိုလည်း”

“ကျွိ…………………..”

“အမလေး”

“ဟာ…ကားတိုက်ပြီ”

ချက်ချင်းဆိုသလိုရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့ပြီ…..သူရနိုင်အသိတရား မမဲ့ခင်မှာ ဦးလတ်သူ့ထံပြေးလာတာတွေ့တော့မှ စိတ်ချလက်ချ မျက်လုံးအစုံမှိတ်ချလိုက်မိသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“အဖေ အဖေ့ရဲ့အပြစ်တွေပါသားရယ် သားကိုအဖေဒုက္ခရောက်အောင်လုပ်မိတယ်”

ခင်မာကြည်အိမ်သို့ပင်မရောက်သေး နိုင်နိုင့်အက်စီးဒင့်ကြောင့် ဆေးရုံသို့ရောက်နေရပြီ။

နိုင်နိုင့်အခန်းရှေ့ရပ်လျက်ကတတွတ်တွတ်ရွတ်နေမိသည်။

“ဟင် မင်းမင်းဘာလာလုပ်တာလဲ”

ဆေးရုံထဲဝင်လာတဲ့နိုင်မင်းဝင်းကို ညိုလတ်ကိုတွေ့တာနဲ့ ဘီလူးသရဲကိုတွေ့သည့်နှယ်

“ငါ တောင်း တောင်းပန်ပါတယ် နိုင်မင်းရာ ငါ့သား ငါ့သားလေး ငါ့ကြောင့်”

“ဘာ ဘာပြောတယ်ကွ ဘယ်သူကမင်းသားလဲ မင်းကဘယ်တုန်းကသားရသွားတာလဲ”

“နိုင်နိုင်လေကွာ အမှန်ကနိုင်နိုင်က ငါနဲ့ရတဲ့ကလေးပါ မင်းကိုမာလာကပြောမပြထား ဘူးလား”

“နေပါဦး အဲဒီကိစ္စ မာလာ့ကိုခိုးတဲ့ညကတည်းကသိပြီးသား အဲဒါနဲ့ပဲ နိုင်နိုင်ကမင်းသား ဖြစ်ရောတဲ့လား”

“ဒီမှာ နိုင်နိုင့်မှတ်ပုံတင် မင်းနဲ့ကော မာလာနဲ့ပဲသွေးအုပ်စုမတူပဲ ငါနဲ့တူနေတာကွ”

အိတ်ကပ်ထဲမှာထည့်ယူလာတဲ့ နိုင်နိုင့်မှတ်ပုံတင်လေးကိုထုတ်ပြကာရဲရဲဝံ့ဝံ့ ပြောလိုက် မိသည်။

“ငါ့သားကိုငါနဲ့ပြန်ခေါ်ထားပါရစေ”

“သူရနိုင်ရဲ့အဖေရောက်ပြီလား”

အထူးကြပ်မတ်ဆောင်ထဲမှာထွက်လာတဲ့ အနီဝတ်လေးကမေးလိုက်တာပါ။

“ကျွန်တော်ပါဆရာမ”

“လူနာကလန့်ပြီး ခုန်ရှောင်ရင်းက လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းဆောင့်မိပြီး မေ့သွားတာပါ စိုးရိမ်စရာတော့မရှိပါဘူး လိုအပ်ရင်သွေးလှူရအောင် အသင့်တော့ ပြင်ထားပါ.သူ့အမေက ဆေးကောင်တာသွားတယ်.ဒါနဲ့ လူနာက ဘီသွေးနော် ”

“ဟုတ်ကဲ့ဆရာမ”

“ဆရာမ မှားနေပြီ ဒီမှာလူနာရဲ့မှတ်ပုံတင်မှာ အေလို့ပါတယ်လေ”

ဆရာမလေးက နိုင်မင်းဝင်းဘက် မျက်စချီပြလိုက်သည်။

“ဟေ့ကောင်အရူး အဲ့မှတ်ပုံတင်ပြပြီး အရူးလိုက်ထမနေနဲ့ အဲဒီမှတ်ပုံတင်က အလယ်တန်းတုန်းကကျောင်းကလုပ်ပေးတာ သွေးအုပ်စုမှားနေတာ ငါတို့လဲ နိုင်နိုင် ရက်ရှည်ဖျားတုန်းက သွေးစစ်ကြည့်မှ အဖြေမှန်သိတာ အသက်၁၈နှစ်ပြည့် မှတ်ပုံတင် လဲတော့မှ အဲ့ကိစ္စပြန်လုပ်ရမှာ ရမ်းသမ်းပြီးလျှောက်ထင်မနေနဲ့”

ညိုလတ်တို့ မျက်လုံးပြူးရချေပြီ။ကိုယ့်သားမှတ်လို့ ပူလောင်လိုက်ရတာ မာလာနဲ့မရလို့ အသည်းကွဲတုန်းကထက် ဆယ်ဆလောက်သာသည်။
အခုတော့

“ဒါဖြင့် နိုင်နိုင်က ငါ့သားမဟုတ်ဘူးပေါ့”

“ဘာကိစ္စနင့်သားဖြစ်ရမှာလဲ ညိုလတ်ရယ် နင်အခုချိန်ထိ ငါတို့မိသားစုကြား နှောက် ယှက်နေပြန်ပြီ….ဟိုပြဿနာလည်း နင့်အပေါ်ဗွေမယူတော့ပါဘူး နင့်ဟာနင် အေးအေး နေစမ်းပါ နောက်ငါ့သားကိစ္စ၀င်မပူနဲ့သိလား”

ဆေးကောင်တာမှပြန်လာတဲ့ မာလာ့ရဲ့အနိုင်ပိုင်းတဲ့စကားကိုခေါင်းငုံ့ခံရချေပြီ။

“အေး ငါလည်း မင်းအပေါ် စိတ်မလုပ်တော့ဘူး နောက် ငါ့သားကိုပြဿနာရှာလို့က တော့ ငါသီးခံမှာမဟုတ်တော့ဘူးနော် သွားကွာ နိုင်နိုင်မမြင်ခင် ပြန်တော့”

သြော် ဘ၀မှာစိတ်ထားကောင်းကောင်းနဲ့ ရိုးသားစွာနေခဲ့သော်လည်း အပြစ်မြင်ချင်တဲ့ လူတွေက ရှာကြံအပြစ်မြင်နေကြတာပါလား ဟုညိုလတ်တွေးရင်း စိတ်မကောင်းစွာ ပဲ  လှည့်ထွက်ခဲ့လိုက်ပါသည်။
ညိုလတ်တို့က စိတ်သန့်သန့်နဲ့တွေးပြီး မေတ္တာထားချင်ပေမယ့် နေရာတိုင်းအတွက် မသင့်တော်မှန်း စာမကျေခဲ့။
ဒီတစ်ချီလည်း ညိုလတ်တို့ အလွဲကြီးလွဲ အခံကြီးခံခဲ့ရပြန်ပြီလေ…………….


///////////////////////////////////////////////////////////////////////////////////////////////////////////////////////////////


“နန်းတော်ရာသူ”ရေးသားသည်။
7-12-2012
6:48(AM)
http://nanntawyarthu.webs.com


"ဘကြီးစိန်...သို့..."

$
0
0

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ကျုပ်တို့ငယ်ငယ်ကသိတဲ့ နိုင်ငံရေးဆိုတာဟာဖြင့် ချစ်စရာ့နိုင်ငံရေး… ချစ်စရာ့ပြည်သူနှင့် ချစ်စရာ့တပ်မတော် သို့နှယ်သာ နားလည်ခဲ့တယ်… စိမ်းစိမ်းမြင်ရင် ၀တ်ကြည့်ချင်စိတ်ပေါက်မိတယ်… တပ်မတော်သားကြီးတွေကိုမြင်ရင် ထမင်းကျွေးချင်စိတ်ပေါက်မိတယ်… သေနတ်ကြီးတွေကိုမြင်ရင်များဖြင့်… အောင်မလေးလေး… ရဲသွေးစိတ်တွေကြွလာလိုက်ပုံများတော့…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ရဲသော်မသေ သေသော်ငရဲမလား ဆိုတဲ့ကြွေးကြော်သံတွေက ဟစ်ကြွေးသူတွေအဘို့ တကယ်များ မှန်ခဲ့ကြပြီလားတော့မသိဘူး ဘကြီးစိန်ရေ… အခုခေတ်မှာ မဟစ်သူတွေ သေကြေကုန်ကြတာများပြီ… ဟစ်ကြသူတွေက ရဲရဲတင်းတင်းကြီးပစ်သတ်… ငရဲကိုတောင် မတ်တတ်ရပ်သွားကြတော့မယ့်ဟန်… အင်းလေ… ရဲသော်မသေ သေသော်ငရဲမလားဆိုတော့လည်း…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ကျုပ်တို့ အရွယ်လေးနည်းနည်းလေးရလာတော့ ဘကြီးစိန်တို့ နိုင်ငံရေးကလည်း အရွယ်လေးနည်းနည်းရလာတယ်ထင်ပါရဲ့… မျက်ရည်ယိုနိုင်ငံရေးလို့ အများသိတဲ့ဘက်ကို ကူးပြောင်းလာခဲ့ကြတယ်… မျက်ရည်တွေယိုလိုက်ကြပုံများတော့ ဘကြီးစိန်ရယ်… လူအုပ်ထဲပြေးလို့ မျက်ရည်ယို… လမ်းထွက်လျှောက်လို့ မျက်ရည်ယို… ကိုယ့်အိမ်ထဲကိုယ်နေလို့ မျက်ရည်ယို… မျက်ရည်တွေ ယိုလိုက်ရပုံများတော့…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ဘကြီးစိန်လက်ထက်ရောက်ပြန်တော့ ဘကြီးစိန်တို့ နိုင်ငံရေးကလည်း ဘကြီးစိန်နဲ့ တူလာတယ်ထင်ပါရဲ့… အမယ်… မျက်ရည်လည်းယို… မီးလည်းလောင်… ဘယ်တဘောင်နိမိတ်တွေ တစ်ဆိတ်ပိုချင်သေးလဲ… ဘကြီးစိန်တို့နွှဲချလိုက်မှတော့ဖြင့်…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ဘကြီးစိန်တို့လက်ထက်မှာတော့ဖြင့် ခြေဆုပ်လက်နယ်ဝန်ကြီးတွေ ကောင်းလာလိုက်ပုံများ နိုင်ငံခြားက ကျွေးတဲ့ ထမင်းတွေတောင်စားနေရဆိုပဲ… ခွင့်လွှတ်ပါ ဘကြီးစိန်ရယ်… တောင်သူတွေလယ်ကလည်း မိုးကောင်းတော့ စပါးမထွက်ဘူးလေ… ရွှေတွေတော့ ထွက်တာပေါ့ ဘကြီးစိန်ရယ်… ဒါပေမယ့် စားမှ မဖြစ်တာဘဲ… ဘကြီးစိန်ရဲ့ဝန်ကြီးတို့ အကင်းပါးပြီဆိုမှဖြင့် ကိုယ့်ဆီက စားမဖြစ်တဲ့ ကြေးနီတွေသူများပေးပြီး နိုင်ငံခြားကကျွေးတဲ့ ထမင်းတွေတောင် စားနေဆိုမှပဲကိုး… ဟုတ်တာပေါ့ ဘကြီးစိန်ရယ်… သူ့ဆန်စားပြီဆိုမှတော့လည်း ကြောက်တယ်ပြောရတော့မှာပေါ့… ဘကြီးစိန်ရဲ့ ၀န်ကြီးတို့ ရဲသွေးကြီးလိုက်ပုံများတော့ဖြင့်…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ဘကြီးစိန်ရဲ့ဝန်ကြီးက ပြောရင်ပြတ် လုပ်ရင်ရှင်းတာများ ဘယ်သူနဲ့မှတောင် မတူဆိုဘဲ… အမယ်… ဒါပေမယ့် သူမပြောဘူးတဲ့ ဘကြီးစိန်ရေ… လုပ်ရင်လည်းရှင်းမှရှင်းဆိုပေမယ့် အာမတော့ သူမခံဘူးတဲ့…  ဘကြီးစိန်နဲ့တွေ့ရင်တော့ သူကပြောဦးမယ်ဆိုပဲ… နိုင်ငံခြားကကျွေးတဲ့ ထမင်းတွေ သူစားရတဲ့အကြောင်း… ကျေးဇူးတရားဆိုတာ ထောက်ထားသင့်တဲ့အကြောင်း… ဟိုအကြောင်း ဒီအကြောင်း… အမယ်… ဘကြီးစိန်ဝန်ကြီးက အကုန်သိဆိုပဲ… ထိထိရှရှပြောချသွားလိုက်တာများတော့ နောက်တစ်နေ့ မီးတွေလောင်တာမြင်ကြရတာပဲ ဘကြီးစိန်ရေ့… အသေးအဖွဲလေးတွေဆိုတော့လည်း နားလည်ပေးရဦးမှာပေါ့ ဘကြီးစိန်ရယ်… သြော်… ဒါနဲ့…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ဘကြီးစိန်ရဲ့ တိုင်းဒေသကြီးတွေမှာ ဖုန်ထူပုံရတယ်… အမြင်တွေ မသဲကွဲကြဘူး ဘကြီးစိန်ရေ… သင်္ကြန်မဏ္ဍပ်ထင်လို့များ ရေပက်ထည့်လိုက်ကြတာလားတော့ မပြောတတ်ဘူး… ခက်တာက အနီရောင်ကိုတောင် မခွဲတတ်ကြတော့ဘူးနဲ့ တူတယ်ဘကြီးစိန်ရဲ့… အင်းလေ… သံဃာတွေဆိုတာ တောထဲမှာ ကျိန်းစက်တတ်တဲ့အမျိုးမဟုတ်တော့လည်း တောထဲမှာ အိပ်တဲ့လူတွေကိုပဲ ဘကြီးစိန်တို့က ကြံရွယ်လိုက်တာပေါ့… ဆန်းပြားပြန်ရောလား ဘကြီးစိန်ရယ်… ဘကြီးစိန်တို့ မီးတိုက်ထည့်လိုက်တဲ့ အချိန်မှများ လူတွေက တစ်ယောက်မှ မရှိအောင်ဖြစ်နေရတယ်လို့… သံဃာတော်တွေမျက်နှာတော် အရည်ပျော်ကျတယ်ဆိုတာက အသေးအဖွဲလေးတွေဆိုတော့လည်း နားလည်ပေးရဦးမှာပေါ့ ဘကြီးစိန်ရယ်… သြော်… ဒါနဲ့စကားမစပ်…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“မနေ့က အမှတ်မထင် ကျနော့်အိမ်အောက်မှာ ချွတ်ထားတဲ့ ဖိနပ်က ထူးထူးဆန်းဆန်း တစ်ဖက်တည်းကွက်ပျောက်သွားတယ် ဘကြီးစိန်ရဲ့… ကျန်တဲ့တစ်ဖက်ကို ဆိုင်ကိုယူသွားပြီး မေးကြည့်တော့ ဖိနပ်က စီးထားတာများတော့ပါးနေပြီမို့ တံဆိပ်က မသဲကွဲတော့ဘူးဆိုဘဲ… နောက်တစ်ဆိုင်ကို မေးကြည့်ပြန်တော့လည်း သူ့တစ်သက်နဲ့တစ်ကိုယ်မှာ ဒီလိုဖိနပ်မျိုးတင်တောင် မရောင်းဖူးဘူးတဲ့… နောက်ထပ်တစ်ဆိုင်ကိုမေးကြည့်ပြန်တော့လည်း ဖြစ်နိုင်ခြေရှိတာကတော့ ဆင်ခြောက်ကောင်တဲ့… ဒါပေမယ့် သူအတတ်မပြောဘူးတဲ့… ပျောက်ချက်ကလည်း ဆန်းမှဆန်းလား ဘကြီးစိန်ရယ်… မဟုတ်မှလွဲရော… ကျနော့်အထင်ပြောရရင်တော့ အိမ်ကခွေးက ကိုက်ချီပြီး သူများအိမ်သွားပို့တယ် ထင်တာပဲ… ဘကြီးစိန်များ အားလေမလားပဲ… စုံစမ်းစစ်ဆေးရေးကော်မရှင်လေးဖွဲ့ပြီး အဖြေရှာရင် ကောင်းမလားလို့… အင်းလေ… ခွေးများ အမှန်းမသိပြီဆိုမှဖြင့်…”

 “ပြောရဦးမယ် ဘကြီးစိန်ရေ…”

“အဲ့ဒီမောင်မောင့်ကျက်သရေ ခေါင်းပေါင်းကြီး ခဏလောက်ချွတ်ပါဦးတော့လား ဘကြီးစိန်ရယ်… ဆောင်းထားရတာ မပူဘူးလား… ခုတလော… သတင်းတွေထွက်နေသံကြားရတယ် ဘကြီးစိန်ရဲ့… လူမျိုးတုန်းသတ်ဖြတ်မှု့ဆိုလား… လူမျိုးတုန်းမြေမြုပ်မှု့ဆိုလား… အဲ့ဒါ ဘကြီးစိန်နဲ့ပတ်သက်နေတယ်ဆိုပြီး ရုပ်ရှင်ဇာတ်ကားထုတ်ကြတော့မယ်ဆို… ဘကြီးစိန်ရေ… မဟုတ်ရင်တော့ မခံနဲ့နော်… လိုအပ်ရင် စုံစမ်းစစ်ဆေးရေးကော်မရှင်လေးတော့ ဖွဲ့ဖြစ်အောင်ဖွဲ့လိုက်ဦးနော် ဘကြီးစိန်…”

 

လေးစားစွာဖြင့်…

 

ဖိုးအောင်(နည်းပညာ)

အမျိုးသားအောင်ပွဲနေ့..တန်ဆောင်မုန်းလဆုပ်(၁၀)ရက်

$
0
0

နိုင်ငံတိုင်းမှာ အမျိုးသားရေးနှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ်များရှိတတ်ကြပါသည်။

မြန်မာနိုင်ငံမှာလည်းရှိပါသည်။ကျွန်တော်တစ်ခါက ကျွန်တော်ရဲ့ဆယ်တန်းကျောင်းသား

များကို..မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်များကို ရွတ်ဆိုခိုင်းဘူးပါသည်။ သူတို့အကုန်အစင်

မသိကြပါ။ကျောင်းသားအနည်းစုကတော့လွတ်လပ်ရေးနေ့ကိုပင်မှန်အောင်မပြောတတ်

ကြပါ။ အဆိုးဆုံးကတော့ အာဇာနည်နေ့ရောက်လျှင် ဘာတွေလုပ်ကြရလဲမေးကြည့်တော့..

ပျော်ပွဲရွှင်ပွဲများလုပ်ကြပါသတဲ့..။ ဆိုးလိုက်တဲ့အဖြေ။

တန်ဆောင်မုန်းလဆုပ်(၈)ရက်နေ့ကပါတော်မူနေ့ပါ။

လဆုပ်(၁၀)ရက်နေ့ကတော့ အမျိုးသားအောင်ပွဲနေ့ပါ။

အာဇာနည်နေ့ကိုတောင် မသိကြမှတော့..အမျိုးသားအောင်ပွနြေ့ကိုတော့ ရှိမှန်းတောင်သိမယ်

မထင်ပါ။

 

မြန်မာနိုင်ငံအတွက် အမျိုးသားနေ့တစ်နေ့ရွေးချယ်ဖို့တိုင်ပင်ခဲကကြစဉ်က..

တစ်ချို့က..ဆရာတော်ဦးဥတ္တမထောင်ကျသောနေ့

တစ်ချို့က..သီပေါဘုရင် နန်းကျခဲ့သောနေ့ ..စသည်စသည်အဆိုပြုခဲ့ကြပါသည်။

နောက်ဆုံးမှာ..အမျိုးသားနေ့ဟူသည် အမျိုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်သောနေ့

ဖြစ်သင့်သည်ဟု အဆိုတင်ခဲ့သဖြင့်..နောက်ဆုံးမှာ..

တက္ကသိုလ်ကျောင်းသားများသပိတ်မှောက်သော..(5-12-1920)တနင်္ဂနွေနေ့

၁၂၈၂ခုနှစ်တန်ဆောင်မုန်းလဆုပ်(၁၀)ရက်နေ့ကိုအများစိတ်တိုင်းကြရွေးချယ်ခဲ့ကြပါသည်။

ထိုစဉ်ကာလ အင်္ဂလိပ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို(University Act) ကိုပြည်သူ

အများဆန္ဒကိုဆန့်ကျင်ပြီး အတည်ပြုခဲ့လေရာ..

တက္ကသိုလ်ကျောင်းသားခေါင်းဆောင်(၁၁)ယောက်မှစတင်၍..ရန်ကုန်တက္ကသိုလ်

ကျောင်းသား သပိတ်ကြီးစတင်ခဲ့လေသည်။

မြန်မာပြည်သူတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ထောက်ခံမှုကို

ရရှိခဲ့လေသည်။

ထိုသပိတ်ကိုအကြောင်းပြု၍ မြန်မာနိုင်ငံအနှံ့အပြား..အမျိုးသားကျောင်းများလည်း

ပေါ်ပေါက်ခဲ့လေသည်။

လွတ်လပ်ရေးရပြီးခေတ် နောက်ပိုင်းတွင်..အမျိုးသားအောင်ပွဲနေ့ကိုရောက်တိုင်း

ပျော်ပွဲရွှင်ပွဲများ..စီတန်းလှည့်လည်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပေးခဲ့

ဘူးပါသည်။

မျက်မှောက်ခေတ်ကာလတွင်..

တဖြည်းဖြည်းမှေးမှိန်ကွယ်ပျောက်လုဖြစ်ခဲ့ရပါတော့သည်။

 

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ဘွိုင်းကောက်ဋီကာကျမ်းမှ..

ကာလပေါ်စာထောင့်လေးချိုးတစ်ပုဒ်ထဲက အဖွဲ့လေးတစ်ခုကိုသာ သတိတရဖြစ်မိပါရဲ့..

“ တဇေယျုံ ချောင်တွေမြောင်ဘွေ မြန်းခဲ့ရပါတော့၊ရွှေတိဂုံတောင်ခြေခပန်းတွင်မှ၊

ညောင်သပြေပန်းတွေနှင့်..သွန်းသနဲ့ကသိုဏ်း ရေဗြဟ္မာစိုရ်၊

(ကွယ်တို့ရယ်)..အောင်မြေဗဟန်းဆီသို့..လွမ်းရဲ့မှိုင်းရွှေကိုယ်..”

တန်ဆောင်မုန်းလမြတ် သိမှတ်ဖွယ်ရာ(၁)

$
0
0

တန်ဆောင်မုန်းလမြတ် သိမှတ်ဖွယ်ရာ(၁)

 

ကထိန်ဆင်နွှဲရာသီပွဲ

မြောက်လေငယ် သွင်းပါလို့၊ မြူနှင်းငယ်စိုစို၊ မြင်တိုင်းငယ်ပျိုသည်၊ ရွှေကျီးညိုတာရာနှင့်၊ ကြတ္တိကာထွန်းတဲ့လကိုလေး။ တန်ဆောင်ငယ်မာသ၊ ဆယ့်နှစ်လတွင်၊ချမ်းမြဧရင်၊ ဗြိစ္ဆာခွင်သို့၊ ရက်ငင်ပြောင်းခွာ၊ ခ၀ဲညှာလဲ၊ ခိုင်လွှာဝတ်မှုန်၊ရနံ့သာထုံတော့ တယ်၊ ဖုန်းဂုဏ်ကြော့ သမ္ဘိန်မှာ၊ လှူကထိန် သဘင်ခင်းကျင်းကြတယ်လေး။(မဟာအတုလမင်းကြီး)

          မြန်မာတို့၏ ၁၂ လပွဲတော်များအနက် တန်ဆောင်မုန်းလပွဲသည် ကထိန်ပွဲတော်ဖြစ်သည်။တစ်နည်းဆိုရသော် ၀ဿာန ဿ မစ္ဆိမော မာသော ဇာနိတဗ္ဗော ။ ၀ဿာနဿ၊ မိုးဥတုလေးလ၏။ မစ္ဆိမာသော၊ နောက်ဆုံးဖြစ်သောတစ်လကို။ဇာနိတဗ္ဗော၊ ကထိန်ခင်းခွင့်ရသောလဟူ၍ သိမှတ်အပ်၏။ဆိုသည့်အတိုင်း ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှတန်ဆောင်မုန်းလပြည့်နေ့အထိ မိုးဥတု လေးလတို့တွင်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိတစ်လအတွင်းဝယ် ကထိန်ပွဲ များကျင်းပလေ့ရှိကြသည်။

          ကထိန်သည်ရာသီပွဲတော်ဖြစ်သောကြောင့် မြန်မာနိုင်ငံအ၀ှမ်း ပြည်နယ်တိုင်း ရိုးရာဓလေ့အတိုင်း မိမိတို့ကိုးကွယ်ကြည် ညိုရာ ဘုန်းတော်ကြီးကျောင်းများတွင် ပျော်ပွဲ ရွှင်ပွဲများနှင့် တကွ ခင်းကျင်းလှူဒါန်းပွဲဇော်ပွဲများပြုလုပ်ကြသည်။ ကထိန်ခင်းရာ တွင်အဓိကမဖြစ်မနေ ပါဝင်ရမည့် အရာမှာ တိစီဝရိတ် ခေါ်သော နှစ်ထပ်သင်္ကန်း ၊ အပေါ်ရုံဧကသီ၊ ခါးဝတ် သင်းပိုင် စသောသုံး ထည် တို့တွင် တစ်ထည်ထည်ပါဝင်ရမည်ဖြစ်သည်။ထိုသင်္ကန်းတစ်ထည်ထည်မပါဝင်ပဲ ကထိန်ခင်း၍မရပေ အခြားသော သုံး ဆောင်စရာ ပ၀ါ စောင် ခြင်ထောင် အခင်း ဘီရို အိုးခွက်စလောင်း ပစ္စည်းများသည် ကထိန်ခင်းရာ၌ ပဓာနမကျလှ ။သင်္ကန်း သုံး ထည်တို့ တွင် တစ်ထည်ထည်မပါပဲ အခြားအဖိုးတန် ပရိဘောဂပစ္စည်းများ မည်မျှလှူ၍ကထိန်ခင်းစေကာမူ ကထိန် မမြောက်ပေ မည်သည့်ပစ္စည်းမှ မပါပဲ သင်္ကန်းသုံးထည် ထဲမှ တစ်ထည်ပါဝင်လျှင် ကထိန်ခင်းမှုမြောက်ကြောင်း ကျမ်းဂန်များတွင်တွေ့ရှိရ သည်။

 

ကျေးလက်ကထိန် ရောင်မမှိန်

တစ်ရွာတစ်ပုဒ်ဆန်း သူ့ဓလေ့သူမူရာ ဖြင့် အကအလှခင်းကျင်းမှုများဖြင့် ကထိန်ခင်းကြသည်။ ထိုသို့ ပျော်ရွှင်စွာဆင်နွှဲ သည့်ကထိန်ပွဲများထဲတွင် စာရေးသူ၏ ရွာကထိန်ပွဲသည်လည်း ပျော်စရာကောင်းလှသည်။ ကထိန်ခင်းရမည့်ကာလ အတွင်းဉတ် မကြီး ကထိန်ဒါယကာတစ်ဦးတည်းပေါ်လျှင် ဘုန်းတော်ကြီးများကိုဆွမ်းဆက်ကပ်ခြင်း လာရောက်သောပရိသတ်များကို ဧည့်ခံ ကျွေးမွေးခြင်းကို ကထိန်ဒါယကာကပင်ကုန်ကျခံရသည်။ ရွာသူရွာသားများကလည်းမိမိတို့တတ်အားသရွေ့လှူဖွယ်ပစ္စည်းအစုံ စုံတို့အား ပဒေသာပင် သီးခြားချိတ်ဆွဲလှူဒါန်းကြသည်။ ပဒေသာပင်ဟူသည်မှာ သစ်သား ၀ါးများဖြင့် အောက်မှ လေးယောက် ထမ်းနိုင်ရန် ထန်းစဉ်ကဲ့သို့ပြုလုပ်ထားပြီး အထက်တွင် တြိဂံ ပုံစုံ အချို့စတုဂံပုံစံ ချင်းခြားရိုက်လျှက် ပစ္စည်းများချိတ်ဆွဲနိုင်ရန် ပြု လုပ်ထားခြင်းဖြစ်သည်။ အလှအပ ကြိုက်လျှင် ထိုပဒေသာပင်များအား ရွှေဖဲကြိုး ငွေဖဲကြိုး စက္ကူစတွန့်စများဖြင့် ကပ်ခါအလှဆင် ကြသေးသည်။

          လှူဖွယ်ပစ္စည်းများ ပဒေသာပင်များသို့ အပြိုင်အဆိုင် လာရောက်လှူဒါန်းချိတ်ဆွဲကြသည်မှာ ရွာဆော်ကြီး ဦးတင်မောင် ပင်အသံတိမ်ဝင်အောင် လော်စပီကာကြီးဖြင့် အော်နေရပေတော့သည်။ကထိန်ဒါယကာတစ်ဦးတည်းမရှိလျှင်လည်း သိပ်တော့ မထူးဆန်းပေ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းကပ် ဧည့်ခံခြင်းစရိတ်များအားလုံးကို ကျေးရွာတစ်ရွာလုံးက ၀ိုင်းဝန်းကုန်ကျခံသည်သာကွဲ သွားသည်။ တတ်စွမ်းသမျှ လှူဖွယ်ပစ္စည်းများကတော့ ဉတ်မကြီးအပြင် အမြဲ အပိုတန်ဆာ ဆင်ထားရမြဲပင်ဖြစ်သည်။ ကျွန် တော်တို့ ပေကြီးကျေးရွာတွင် အခြားရွာများနှင့်မတူသော အချက်မှာ ဘယ်သို့ပွဲများပင်ရှိရှိ ရပ်ရွာအပြင် ကျေးရွာအလယ်တန်း ကျောင်းရှိဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများကလည်း သီးခြားထွက်၍လှူဒါန်းကြခြင်းပင်ဖြစ်သည်။ ကျောင်းအုပ် ဆရာကြီး ဦးကျော်ဌေး၏ လုပ်ဆောင်ချက်ကောင်းစိတ်ထားကောင်းရှိသောကြောင့်လည်းပါသည်။ ယခုလိုကထိန်ပွဲတော် တွင် လည်းကထိန်ဒါယကာ ပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေ စာသင်ကျောင်းမှလည်း ပဒေသာပင်တစ်ခုအမြဲထွက်လျှက် လုပ်အားခ များကိုတတ်အားသမျှလှူဒါန်းကြသည့်မြတ်စိတ်ထားပင်ဖြစ်သည်။

          ကထိန်ခင်းကျင်းမည့်ရက်မတိုင်မှီ သုံးလေးရက်ကြိုတင်၍ ပဒေသာပင်များထားရှိရာနေရာတွင်အလှူခံပေး၍ ပဒေသာ ပင်များကိုကြည်ညိုဖွယ်ရာ ခင်းကျင်းပြသထားသည်။ အလှူရှင်နာမည်များကို သူ့ထက်ငါ အပြိုင်လိုက်ဖတ်ရင်း ဘယ်သူကဘာ လေးလှူထားတာဟဲ့ ငါတို့တော့ အသုံးလည်းတည့်သူများလည်းမလှူသေးတာလေးလှူဦးမှဟု သဒ္ဓါယိုဖိတ်လှူလိုစိတ်လေးများ ဖြစ်ပေါ်စေရန်ဖြစ်သည်။

          ကထိန်ခင်းမည့်ရက်သို့ ကျရောက်သောအခါနံနက်ခင်းတွင် ကြွရောက်လာသောပင့်သာများနှင့် အာဝါသိကရဟန်း သာမဏေများအားဆွမ်းဘောဇဉ်များဆက်ကပ်လှူဒါန်းကြသည်။နံနက်(၈)နာရီအချိန်တွင် ခင်းကျင်းထားသည့် နေရာမှပဒေ သာပင်များနှင့် အခြားပစ္စည်းများအားရွာ သူရွာသားများကကိုယ်စီကိုယ်စီ တာဝန်ယူကိုင်ဆောင်ထမ်းရွက်ရသည်။ ရွာမိရွာ ဖများက ဘုရားအိုးပန်းအိုးများရွက်ခြင်း တံခွန် ကုက္ကားပန်းများကိုင်ဆောင်ခြင်းဖြင့်ရှေ့မှ စီတန်းထားသည်ရှေ့ဆုံးမှာတော့ မင်္ဂလာရွှေဗျောအဖွဲ့ မောင်းအဖွဲ့တို့ကနေရာယူထား ကြသည်။ ရွာမိရွာဖ များနောက်မှ အလွတ်တမ်းကိုင်ရသည့် ပစ္စည်းလေး များကို အပျိုတော်များ နှင့်ကလေးသူငယ်များက ကိုင်လျှက်နေရာယူကြသည် ထို့နောက်တွင် ပဒေသာပင်မျာကိုး လူပျိုတော် ကိုကိုကာလသားတို့က ထန်းကြလျှက် တစ်ဟေး ဟေး တ၀ါးဝါးပွတ်လောညံနေတော့သည်။ စာသင်ကျောင်းမှ ဆရာဆရာမများ နှင့်ကျောင်းသားများကလည်း အဖြူအစိမ်းကို ၀တ်လျှက်နေရာယူထားသည် နောက်ဆုံးတွင် ဒိုးပတ်ဝိုင်းမှ ဦးရွှေရိုးက အရိုးမရှိ ထင်ရအောင်ကွေးကောက်ကပြနေရာယူကာ ရွာဦးကျောင်းတော်ဆီသို့ တန်းစီ သယ်ဆောင်လာခဲ့ကြသည့်  ဘေးမှာလိုက် ကြည့်ကြသောပရိတ်သတ်များက အုန်းအုန်းရုန်းရုန်းဖြင့် ဖုန်တထောင်းထောင်းပင်ထနေတော့သည်။

          ရွာဦးကျောင်းတိုက်ကြီးသို့ သုံးပတ်လက်ယာရစ်လှည့်လှယ်ကာ ကျောင်းပေါ်တွင်အသင့်သီတင်းသုံးနေသောသံဃာ တော်တို့အားပဒေသာပင်များကိုဖြုတ်လျှက် သင်္ကန်းစသောလှူဖွယ်များကိုလှူဒါန်း တရားနာရေစက်ချအမျှဝေကြသည်။

 

ကထိန်သင်္ကန်းလှူခြင်း နှင့် ကထိန်ခင်းခြင်းအထူး

 

          ဤတွင်ကထိန်ခင်းခြင်းကိစ္စမပြီးမြောက်သေးချေ။ ကထိန်လျှာသင်္ကန်းလှူဒါန်းခြင်းသာလျှင်ပြီးစီးသေးသည်ဖြစ်၏။က ထိန်ခင်းခြင်းဟူသည်ရဟန်းတော်များသာလျှက်ခင်း၍ရသည် လူများကခင်း၍မရ ကထိန်သင်္ကန်းသာလျှင်လှူဒါန်း၍ရသည်။က ထိန်သင်္ကန် လှူဒါန်းသည့်ကိစ္စသည်ရေစက်ချပြီးသည်နှင့်ပြီးစီးတော့သည်။ သံဃာတော်များက သိမ်အတွင်းဝယ်စည်းဝေးလျှက်

ကထိန်သင်္ကန်းကို ကထိန်ခင်းရသည်။ ထိုသင်္ကန်းကို ကထိန်ခင်းရာ၌ ရက်လွန်၍မရပေ ။ ဒီနေ့လှူထားသည့်အတွက် ဒီနေ့ပင် လျှင်ကထိန်ခင်းရသည်။ နောက်ရက်မှခင်း၍မရ နောက်ရက်မှခင်းလျှင် ကထိန်သင်္ကန်းသိုးပုပ်သွားသောကြောင့် ကထိန်မမြောက် တော့ပေ။ လှူသည့်နေ့၌ပင် ပူပူနွေးနွေးမသိုးမပုပ်ခင် ကထိန်ခင်းပါမှ ကထိန်မြောက်ပြီး။ ကထိန်အာနိသင်အကျိုးတရားများ ရရှိ ကြမည်ဖြစ်သည်။

 

ကထိန်အဓိပ္ပါယ် သိမှတ်ဖွယ်

          ကထိန်ဟူသည် ဗုဒ္ဓါဒီဟိ ကထိယတေ သိလာဃတေတိ ကထိနံ။ ဗုဒ္ဓါဒီဟိ ၊ဘုရားစသောသူတော်ကောင်းအပေါင်းတို့ သည်။ ကထိယတေ-သိလာဂတေ၊ကောင်းပေစွ မြတ်ပေစွဟု ချီးမွမ်း ထောပနာတတ်၏။ဣတိ-တသ္မာ၊ထို့ကြောင်။ ကထိနံ ၊က ထိန်မည်၏ ဟု ၀စနတ္ထပြုကြကုန်၏။ သူတော်ကောင်းအပေါင်းတို့ချီးမွမ်းအပ်သည်ကို ကထိန်ဟူ၍ခေါ်ဆိုရပြီးကထိန် ဟူသော စကား၏အဓိပ္ပါယ်မှာ ကထိနန္တိ ပဉ္စာနိသံသေ အန္တောကရဏ သမတ္ထတာယ ထရန္တိအတ္ထော- ဟူသောသာရတ္ထဋီကာအရ ကထိန် အာနိသင်ငါးပါးတို့သည် အတွင်းကျကျထာဝရ မြဲမြန်ခြင်း ခိုင်ခံ့ခြင်းအနက်သဘောရှိသောကြောင့် ကထိန်ဟုခေါ်ဆိုရကြောင်း ပြ ဆိုထားပေသည်။

 

ကထိန်အစ ဘယ်ချိန်က

          ကထိန်စတင်ဖြစ်ပေါ်လာပုံမှာ မြတ်ဗုဒ္ဓသည်ဘုရားအဖြစ်သို့ရောက်တော်မူပြီးသုံးဝါမြောက်အခါလောက်တွင် ပါဝါပြည် သား(အချို့ ပါဝေယျကတိုင်းသားဟုတွေ့ရ) ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်ကိုအကြောင်းပြု၍ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

          ညီနောင်သုံးကျိပ်တို့နှင့် အတူပေါ်ပါးရန် ကြေးစားအမျိုးသမီးများကိုအသီးအသီး ခေါ်ဆောင်လာ၍တောသို့ သွားကြလေ ရာတောထဲတွင်သောက်စားပျော်ပါးအပြီးရေချိုးနေကြစဉ် ကြေးစားအမျိုးသမီးတစ်ယောက်သည် မင်းသားများ၏ လက်ဝတ်ရတ နာများကိုခိုးယူထွက်ပြေးသွားရာ(အချို့ကျမ်းများ၌ သောက်စားမူးရစ်အိပ်ပျော်နေစဉ်)မင်းသားများက နောက်မှလိုက်ရှာဖမ်းကြ ရင်း မြတ်ဗုဒ္ဓနှင့်တွေ့နေရာ ဗုဒ္ဓမှ ``သင်ချစ်သားတို့ဘာကိုရှာဖွေနေသနည်း´´ဟုမေးလေရာ အမျိုးသမီးတစ်ယောက်ပျောက်၍ လိုက်ရှာနေကြကြောင်းလျှောက်ထား၏။

          `အမျိုးသမီးပျောက်နေခြင်းဟူသော အပြင်ဗာဟိဒ္ဓကာမဂုဏ်ငါးဖြာကို ရှာဖွေနေခြင်းထက်၊ခန္ဓာကိုယ်တွင်း အဇ္ဈတ္ထကိုရှာ ဖွေခြင်းက ပိုကောင်းမွန်သည့်ရှာဖွေနည်းအမှန်ဖြစ်ပါတယ်´ ဟုတရားဒေသနာတိုက်ကျွေးလေရာ မင်းသားများပါလာသော လေး မြှားတို့ကို ပစ်ချလျှက် ဒူးထောက်အရိုသေပြုခါ လူ့ဘောင်ကိုစွန့်ခွာသာသနာ့ဘောင်အတွင်းသို့ဝင်လျှက် ဧဟိ ဘိက္ခုရဟန်းပြုကြ လေသည်။

          ရဟန်းသုံးကျိပ်တို့သည် ပါဝါပြည်တွင်သီတင်းသုံးကြပြီး မြတ်ဗုဒ္ဓအားဖူးမြော်ရန်အလိုငှာ သာဝတ္ထိသို့ကြွရောက်ကြရာ ၀ါဆိုချိန်မမှီသောကြောင့်လမ်းခုလပ် (၇)ယူဇနာသာဝေးတော့သော သာကေတမြို့၌သာဝါဆိုခဲ့ရလေ၏။ ၀ါလကင်းလွတ် သီ တင်းကျွတ်သောအခါ သာဝတ္ထိသို့ကြွရောက်ကြရာ လမ်းခရီးတွင်မိုးကြီးလေကြီး ရွာချ၍လမ်းများပျက်စီး ရွှံ့ညွန်များ ပေကျံလျှက် မိုးရေစိုရွှဲခါသပိတ်ကိုလွယ် နှစ်ထပ်သင်္ကန်းကိုသယ်ခါဆင်းရဲပင်းပန်းစွာလာရလေ၏။

          မြတ်ဗုဒ္ဓထံသို့ရောက်သောအခါ ချစ်သားတို့ ကျန်းခန့်သာလို့မာရဲလား လမ်းပန်းတသာရှိရဲ့လား မေးတော်မူရာ စလာ သည်မှလမ်းခရီးအကြောင်းစုံလျှောက်ထားကြလေရာ မြတ်ဗုဒ္ဓသည် ရေစိုသင်္ကန်းလေးလေးလံလံကြီး မသယ်ဆောင်ပဲသီတင်း သုံးရန်နေရာတွင်ထားခဲ့နိုင်စေရန် သင်္ကန်းအတွက်မပင်မပန်းချမ်းသာစေရန် ရည်ရွယ်၍ ကထိန်ကိုခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။

          ရဟန်းတော်များသည် တိစီဝရိတ်ခေါ်သော ဒုက္ကုဋ်နှစ်ထပ်သင်္ကန်း အပေါ်ရုံဧကသီ ၀ါးဝတ်သင်းပိုင် သုံးထည်နှင့် နှစ် တောင့်ထွာအပြင် ညကင်းပြီးဝေးကွာ၍မရ ဝေးကွာနေရင် အပြစ်ဖြစ်သောကြောင့်သွားလေရာရာ ထိုသုံးထည်လုံးသယ်ဆောင် သွားရမြဲဖြစ်သည်။

ကထိန်နိသင်၊ ငါးပါးတွင်၊ လေးအင်အကျိုးမှာ။

သီတင်းကျွတ်လ၊ တစ်လမျှ၊ ရကြတော့သည်သာ။

သုံးထည်သင်္ကန်း၊ ဆောင်ယူထမ်း၊ ပင်ပန်းဝန်လေးစွာ။

ဘဒ္ဒ၀ဂ္ဂီ၊ သုံးဆယ်ထေရ်၊ လာသည်ခဲယဉ်းစွာ။

ဘုရားထံမှောက်၊ စုံညီရောက်၊ မေးလျှောက်ပြီးသောခါ။

ထို့ကြောင့်နှိုင်းချိန်၊ မြတ်ဘုန်းရှိန်၊ ကထိန်ခွင့်ပြုပါ။(မဟာစည်ဆရာတော်)

ဒုတိယပိုင်းဆက်လက်ဖတ်ရှု့ပါရန်....

ကျမ်းကိုးစာရင်း- ၁။ အခါတော်နေ့ရက်များ(မာဂဓီ-သာစည်)။ ၂။စာရေးသူကိုယ်တွေ့အတွေ့အကြုံများ။၃။ရွှေစကားနှင့် ရွှေတရား(ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ)။၎။ သာသနာရေးအဟောအပြော(မုံရွာနေဇာ)။၅။ဆောင်းပါးပေါင်းချုပ် (အရှင်သုဇနပဏ္ဍိတ) ၆။တစ်ဆယ့်နှစ်လရာသီစာစီစာကုံးများ(ဒေါ်နုကြည်-မဟာဝိဇ္ဇာ)၇။ အင်တာနက်ဘလော့များနှင့် သတင်းစာဂျာနယ် မဂ္ဂဇင်း ဆောင်းပါးများ။

 

အားလုံးကိုချစ်ခင်လေးစားတန်ဖိုးထားလျှက်.....

                                            ပီတိ(ပေကြီး)

****((( ခေါင်မြီးခြုံလုံပါပေ့ )))****

$
0
0
"" ခေါင်းမြီးခြုံလုံပါပေ့ ""


ဒီစကားလေးဟာ ငယ်စဉ်ကသင်ခဲ့ရတဲ့စကားထာ ကဗျာလေးပါ့

ဟိုစဉ်ကကလေးအရွယ်ဆိုတော့အနက်အဓိပ္ပါယ်ဘာမှန်းမသိခဲ့

ဆိုကောင်းကောင်းနဲ့သာဆိုခဲ့တာ့ ပါးစပ်ဖျားစွဲခဲ့တာပေါ့ အခုတော့

အသက်တွေကြီးလာတဲ့အချိန် လူသက်တမ်းတစ်ဝက်ကိုကျော်လာချိန်မှာ

အလေးနက်တွေးပြန်စဉ်းစားမိသည့့်


လူရယ်လိုဖြစ်လာရင်ဘဝကိုပုံစံမျိုးစုံ၊အသွင်မျိုးစုံဖြတ်သန်းကြရသူတွေပါပဲ့

တစ်ချို့ကဘဝပေးကုသိုလ်ကံကောင်းတော့ရေကန်အသင့်ကြာအသင့်အေးအေးဆေး

ဆေးမပူမပင်ဖြတ်သန်းကြတယ့့် တစ်ချို့ကကြတော့ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းရုန်း

ကန်ကြရတယ့့် ပုံစံမျိုးစုံ ၊ အသွင်မျိုးစုံ အဖုံဖုံပေါ့ ဒီမှာဘာကွာခြားလဲဆိုတော့

ဗီဇ (သန္ဓေ) တွေကွာခြားသွားတယ့့် ရိုးရိုးကုပ်ကုပ်သမားတွေ၊ တကယ့်ဆန်းဆန်းပြား

ပြားသမားတွေ၊ အပေါ်မရောက်အောက်မကသမားတွေ အလယ်လတ်အစုံပါပဲ့



တစ်ချို့ကငယ်ငယ်ကဆိုးတယ့့် ကြီးတော့ပြုပြင်ယူပြီးလိမ္မာပြီးဘဝကိုတည့်တည့်

လျှောက်တယ့့် တစ်ချို့ ကြတော့ ငယ်စဉ်ကလိမ္မာခဲ့သလောက်ကြီးတဲ့အခါအကြောင်း

အမျိုးမျိုးကြောင့်ဆိုးသွမ်းကြတယ့့် အဲဒီထဲမှာ မသိလို့ဆိုးမိုက်တာထက်သိနေလျှက်

ဆိုးမိုက်တာကအခက်ဆုံးပဲ့ ဘာနဲ့တူသလဲဆို ကြီးလေချဉ်လေသံပုရာသီးနဲ့တူတယ့့်

ငါသိငါတတ်ပါတယ့့် ငါ့ကိုဆရာမလုပ်နဲ့ ဆိုပြီးလက်ကိုင်စကားနဲ့ထင်ရာစိုင်းတတ်ကြတယ့့်



လူဆိုတာကိုယ့်ဘဝကိုယ်လျှောက်ကြတယ်ဆိုပေမယ့်မိမိဟာလူဖြစ်ရဲ့လား ၊လူပီသရဲ့

လားမေးခွန်းကိုကိုယ်ကိုကိုယ်ပြန်မေးသင့်တယ့့်မိမိကောင်းတယ်၊ဆိုးတယ်ဆိုတာပတ်ဝန်းကျင်က

လူတွေထက်တခြားအပေါင်းသင်းတွေထက် မိမိကိုယ်ကိုအသိဆုံးပါ့တခြားလူတွေကသတင်းစကား

အရ အကြောင်းအရာတစ်ခုခုကြောင့်မိမိကိုဒီလူကောင်းတယ်၊ ဒီလူကဆိုးတယ်လို့သတ်မှတ်တာထက်

မိမိကိုယ်သာအသိဆုံးပါ့ တခြားလူကိုလိမ်တာထက်မိမိကိုယ်ကိုလိမ်ညာတာဟာ

အကြီးမားဆုံးအပြစ်ကိုကျူးလွန်တာပဲ့



ကိုယ်ရဲ့လုပ်ရပ်ကောင်း၏ ၊ ဆိုး၏ဆိုတာကိုယ်သာအသိဆုံးပါ့အချိန်တွေကုန်လာရင်

ပြုခဲ့တဲ့ကောင်းတာဆိုးတာဟာ အတိတ်မှာကျန်ခဲ့တယ်ထင်ပေမယ့် အဲဒီ့အတိတ်ကမိမိရဲ့အရိပ်လို

မိမိနောက်ကိုထပ်ကြပ်မကွာလိုက်နေမှာပါ့ မကောင်းတာလုပ်ခဲ့ရင်မသေခင်မိမိစိတ်ကိုမိုးထားမှာပါ့

သေတော့လည်းသံသရာထိလိုက်လာမှာမလွဲဧကန်ပဲ့ပြန်တွေးကြည့်ကြည့်ပါ့

ဉပမာသင်ဟာလွန်ခဲ့သောအချိန်ကကောင်းတာလုပ်ခဲ့လျှင်ဩော် ငါကောင်းတာလုပ်ခဲ့တာဆိုပြီး

ပီတိလေးဖြစ်ပြီးကြည်နူးနေမယ့့် တခြားသူကိုသင်ပြောပြလျှင်သူတို့လည်းမုဒိတာလေးပွားနိုင်မယ်

ဒါဟာကောင်းတာလုပ်ခဲ့လို့သင်ချပြရဲတာပါ့



တကယ်လို့သင်ဟာဆိုးသွမ်းယုတ်မာမှု့တစ်ခုလုပ်ခဲ့မယ်ဆိုရင်ကိုယ့်လုပ်ရပ်ကိုလူသိမခံဝံ့ပဲ

တွေးတိုင်းကြောက်လန့်ရှက်ရွံ့နေမှာပါ့ ဘယ်သူ့ကိုလိမ်လိမ်ဘယ်လောက်ပဲဖုံးထားဖုံးထားကိုယ့်စိတ်ကို

ကိုယ်သာအသိဆုံးပါ့ ကြီးမားခဲရင်တော့ ဝဋ်ကသံသရာမဆိုင်း အနှေးနဲ့အမြန်အပြစ်ခံရမှာပါ့အဲလိုမကြုံ

လာခင်သင်အချိန်တိုင်းမိမိစိတ်ကြောင့်ဝေဒနာကရမှာပါ့ ဒါဟာလောကကအပြစ်မပေးခင်ကိုယ်ပြုသည့်ကံ

ကိုယ့်ထံပြန်တာပါပဲ့ ကြောက်ဖို့အရမ်းကောင်းပါတယ့့် ကိုယ့်ရဲ့မကောင်းမှု့ကို ငွေနဲ့ပဲဖုံးဖုံး ၊ ရာထူးအရှိန်

ဝါတွေဂုဏ်တွေသုံးပြီးဖုံးဖုံး ၊ ခေါင်းမြီးခြုံလို့လုံနိုင်မှာတဲ့လာ့း့ မိမိရဲ့စိတ်ကိုတော့ခြုံနိုင်မယ်မထင်ပါ့

သူတစ်ပါးကိုလိမ်တာထက်ကိုယ့်ကိုကိုယ်ပြန်လိမ်တာလောက်ရှက်ဖို့ကောင်းတာမရှိပါ့

*******************************************************************************


ဝန်ခံချက့့် ဤပိုစ်လေးသည်မည်သူ့ကိုမှ့မရည်ရွယ်ပါ့

စာဖတ်သူအပေါ်ခေါင်းကိုကျော်၍လည်းမမြင်ပါ့

ကျနော်တတ်သိသလောက်ရေးခြင်းဖြစ်ကြောင်းဝန်ခံပါသည့့်

စာဖတ်သူစိတ်အာသာပြေလျှင်ရေးရကျိုးနပ်ပါသည့့်

ဤပိုစ်ထဲတွင်မှားတာရှိလျှင်တောင်းပန်အပ်ပါသည်ခင်ဗျာ့



အစဉ်လေးစားလျှက့့် ငစ

'''''''''''''''' အဝေးရောက်တွေ အပြန်ခရီး သာယာဖြောင့်ဖြူးကြပါစေ......... '''''''''''''''

$
0
0

 

                        မင်္ဂလာပါလို့  ရွှေမြို့ တော်က သူငယ်ချင်းများ မောင်လေး ညီမလေးများ အားလုံးကို ခရေကနေ နှုတ်ခွန်း ဆက်သပါတယ်။

                   ရွှေမြို့ တော်က နေ မွေးဖွားလာခဲ့တယ့် အဝေးရောက် သူငယ်ချင်းများ အဖွဲ့ ရဲ့  တွေ့ ဆုံပွဲကို တော့ မနက်ဖြန် ၉ ရက်နေ့  တနင်္ဂနွေနေ့ မှာ အားလုံး တက်ရောက်ကြဖို့  ဖိတ်ကြားပြိးဖြစ်ပါတယ်။

                 ခရေ ခု နှုတ်ဆက်ချင်တာကတော့ အဝေးရောက် သူငယ်ချင်းများ အဖွဲ့ မှ မလေးရှား နိုင်ငံတွင် ရောက်ရှိနေတယ့် သူငယ်ချင်း မန်ဘာ များထဲကနေ တချို့ သော သူငယ်ချင်း များ ဟာ အမိမြန်မာ ပြည်ကို ပြန်ကုန်ကြပါပြီ။

                     တကယ်တော့ ခရေ တို့ တွေ အားလုံးဟာ မိမိ နိုင်ငံ မိမိရေမြေ မိမိ ပတ်ဝန်းကျင်ကို စွန့် ခွာလို့  တိုင်းတပါးနေရာမှာ လူမျိုးခြား .ဘာသာခြား တွေကြား သည်းခံစိတ် နဲ့  မိမိ ဘဝအရေးအတွက် လုပ်နေကြရသူတွေပါ။

                  ပျော်ရာမှာ မနေ တော်ရာမှာ နေ ဆိုတယ့် စကားအတိုင်း မိမိ အတွက် အဆင်ပြေမယ့် အလုပ် နေရာ မိမိ ရဲ့  ဘဝတက်လမ်း အတွက် လုပ်နေကြရတာပါ။

           အခုလို သူတပါး တိုင်းပြည်မှာ ကံတွေ ကုန်လို့  မိမိ နိုင်ငံကို ပြန်ကြတော့မယ့် အဝေးရောက် သူငယ်ချင်း များ အဖွဲ့ ထဲက အဖွဲ့ ဝင်များ ဖြစ်ကြတယ့် .

 

                         မိသိန်း .. ( သိန်းသန်း အဝေးရောက် ) ၊ ကိုကို ဇေယျာသော် ၊ မောင်လေးထက်အောင် တို့ တွေ အားလုံး လမ်းခရီးမှာ သာယာ ဖြောင့်ဖြူးကြပါစေလို့ ....

 

                            မလေးရှာကို လှည့်မကြည့် စွန့် ခွာပြီး ချစ်သူနဲ့  လက်တွဲ အိမ်ပြန်သွားခဲ့ ပြီဖြစ်တယ့်

မောင်လေး ချစ်မင်းသူတို့  ချစ်သူနှစ်ဦး လဲ  ပျော်ရွှင်ကြပါစေလို့ ....

                      အကြောင်းအမျိုး မျိုး ကြောင့် မြန်မာ ပြည်ကို ပြန်ရောက် ခဲ့ကြတော့မယ့် အဝေးရောက်တွေ အားလုံး အခွင့် သင့်မယ်ဆို အဆက်သွယ် မပျက် ဆက်လက် ခင်မင်စွာနဲ့  အဝေးရောက်ရဲ့  သူငယ်ချင်းများ အားလုံးကို ဆက်သွယ်ပေးကြပါလို့ ..

                 အဝေးရောက် သူငယ်ချင်း များ အဖွဲ့ ရဲ့  ကုသိုလ် ကျေးလက်စာကြည့်တိုက် ဆောက်လှုမယ့် အစီအစဉ်ကို လဲ အကောင်အထည် ဖော်နိုင်ဖို့ ကို အားလေးတွေ စိုက်ထုတ် ကူညီပေးကြပါလို့ ...

                     ခရေ ကိုယ်တိုင်လဲ မြန်မာပြည်ကို ခွင့်နဲ့ ပြန်ရတော့မှာပါ။ အဒိအခါကျရင်လဲ ဆက်သွယ်ဖို့ ကို ခရေ ကို ဖုန်းနံပါတ်လေး တွေ ပို့ ပေးကြပါလို့ ...

                  အဝေးရောက်တွေ အိမ်ပြန်ခ၇ီး သာယာချောမွေစွာ ပျော်ရွှင်ကြပါစေ..

                 ဒီဘဝမှာ တွေ့ ဆုံရတယ်ဆိုတာ အရင်ဘဝက ရေစက်တွေကြောင့်ပါ...

                    ကံ မကုန်ရင်တော့ ပြန်ဆုံနိုင်ကြပါတယ်....

                   ကံကြောင့်ပဲ တွေ့ ဆုံလို့ ..

                   ကံကြောင့်ပဲ ခွဲခွာရပေမယ့် ..

                   ကြိုးစားလို့ ထပ်မံ ပြန်ဆုံတွေ့ စေရန်ကို ဆုတောင်း လို့ ..

                      အဝေးရောက်တွေ ကျန်းမာပါစေကြောင်း ..

                                                                           ခရေ က တောင်းဆုခြွေလိုက်ပါတယ်။

                         ခရေတို့  အဝေးရောက် သူငယ်ချင်းများ ဘလော့ကိုလဲ လာလည်နို်င်ပါတယ်..

 

                            .http://awayfriend.blogspot.com/

                        ခရေတို့  အဝေးရောက် သူငယ်ချင်းများ ရဲ့  ပျော်ရွှင်စေရာ

                     ကွန့် မန့် လေးတွေ နဲ့  မပြတ် တင်ဆက်နေတယ့် ဖေ့ဘွက်လင့်လေးကိုလဲ မျှဝေပေးခဲ့ပါတယ်.

           

               https://www.facebook.com/profile.php?id=100004602484618&ref=ts&fref=ts

 

.

                                                                     အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..

                           အဝေးရောက်တွေ အိမ်ပြန်ခရီး သာယာကြပါစေလို့ .....

                                                                                                        

                                                                                မမကြီး  စုစုလှိုင်

 

                                                                                                 ခရေ

                                                                                (ကြိုးစားပါအုံးမည်)

                        

အလွမ်းတွေနဲ့..ရှင်ငြိမ်းမယ်

$
0
0

“ ကြင်ချင်းငယ်မှရည်တူ၊ ရှင်လူထွက်သစ်၊ ဆဲ့ခြောက်နှစ်ကယ်က

ချစ်တဲ့သူကို၊ ကလူငယ်မှကလဲ၊ ချစ်ဖေါ်ကွဲရ၊ အသဲကနာ..။

သည်အရီးအေ၊ မိထွေးအေတို့၊ မွှေနှောက်လာသည်၊

ထွေရာတစိ၊ တောင်ယံပြင်မှာ၊ အင်ခွင်ရှိသည်၊

ဗောဓိတကာ၊ ပိန်ပါးပါးငယ်၊ မယားကွာက၊

ရှာရှာဖွေဖွေ၊ သုံးခါရောက်လို့၊ သုံးခေါက်စေလျှင်၊

မျိုးဆွေလုပ်ချင်၊ ၀တ်ဖြူထွားနှင့်၊ ပုဏ္ဏားမြင်က၊

ဗေဒင်အမယ်မေးလှတယ်…..။

ဥစ္စာကိုမက်၊ ဘယ်အတွက်ကြောင့်၊ သမက်ဖို့ကြံ၊

ဟိုလတွင်းက၊ အသွင်းငယ်ခံသည်၊လူစံအမယ်ရွေးလှတယ်…။

ချစ်ဖွယ်မူရာ၊ ကြုံတဲ့လမ်းက၊ ကြည့်စမ်းပါတော့၊

ရုပ်ဝါရွှန်းစို၊ မယ်သဘောနှင့်၊ ပြောမဆိုဘူ့၊

ပင်ကိုထွားလို့ ခြားတဲ့သူ၊ အိမ်ယောင်ကျီယောင်၊

ဝဲတဆောင်နှင့်၊ မြောက်တောင်တခြား၊ လမ်းနားအလွန်၊

စည်းထောင့်ချွန်နှင့်၊ ရွာစွန်နားမှာ၊ ပွဲစားတူတဲ့၊

ရွှင်ချိန်ကာလ၊ ငယ်သေးစွဟု၊ နှမများမောင်၊

မျိုးဆွေဘောင်မှာ၊ မဲစောင်ညိုနှင့်၊ အလိုလိုက်လို့ထားတဲ့သူလေး..”

 

ဒီအိုင်ချင်းကဗျာလေးက..ရှေးခေတ်စာဆို ရှင်ငြိမ်းမယ်ရေးစပ်ခဲ့တာပါ

ရှင်ငြိမ်းမယ်အိုင်ချင်းတွေကို ကျွန်တော်အရမ်းချစ်ပါတယ်..

ဘယ်အချိန်..ဘယ်နှစ်ခေါက်ဖတ်ဖတ် မရိုးပါ..။အဲလောက်ကိုစွဲလန်းတာပါ။

ခုလဲကြည့်လေ..သူ့ခေတ်ကတည်းက..ခုခေတ်ထိ မိဘနဲ့သားသမီးတို့ရဲ့

မရိုးနိုင်တဲ့ ဆင်စီးပြီး မြင်းရံတာပဲမြင်ချင်တယ်ဆိုတဲ့ ဇာတ်လမ်း..။

 

ရှင်လူထွက်သစ်မှာ မောင်နဲ့နှမ ချစ်စရှည်ခဲ့ကြတာကို သမီးရှင်တို့ဖက်က

သဘောမတူနိုင်ဘူးတဲ့လေ..သူတို့ချစ်ချင်းကိုခွဲချင်နေကြလေရဲ့…။

“ ကြင်ချင်းငယ်မှရည်တူ၊ ရှင်လူထွက်သစ်၊ ဆဲ့ခြောက်နှစ်ကယ်က

ချစ်တဲ့သူကို၊ ကလူငယ်မှကလဲ၊ ချစ်ဖေါ်ကွဲရ၊ အသဲကနာ..”

 

အင်းဝနယ်တောင်တပြင်အရပ်က ဘုရားတကာ မယားကွာတစ်ခုလပ်

လူရုပ်က ပိန်ပါးပါးသူဌေးတစ်ယောက်နဲ့ပေးစားဖို့ကြံစည်နေကြပါရော..

သည်အရေးမှာ..အရီးတော်သူ..ဒွေးလေးတော်သူတို့ကလည်းပါနေကြပြန်..

“ သည်အရီးအေ၊ မိထွေးအေတို့၊ မွှေနှောက်လာသည်၊

ထွေရာတစိ၊ တောင်ယံပြင်မှာ၊ အင်ခွင်ရှိသည်၊

ဗောဓိတကာ၊ ပိန်ပါးပါးငယ်၊ မယားကွာက..”

 

ဘုရားတကာ ကိုနောက်ပိုးကိုယ်တိုင် အိမ်ကိုသုံးခေါက်တောင်ရောက်လာသေး..

ဒါတင်အားမရ အောင်သွယ်တော်များကိုလည်း သုံးခေါက်စေလွှတ်ပြန်..

ခန်းဝင်ပစ္စည်းတွေကိုလဲ..လက်ခံလိုက်ကြပြီ..

အမေကလည်း တစ်မျိုး..ဗေဒင်ဆရာပုဏ္ဏားမြင်တိုင်း..မိတ်ဖက်ကျမကျမေးရတာအမော..

အဖြစ်သဲနေလိုက်ကြတာ..အမေ့လူကြီး အမေပဲယူလိုက်ပါလား..။

“ရှာရှာဖွေဖွေ၊ သုံးခါရောက်လို့၊ သုံးခေါက်စေလျှင်၊

မျိုးဆွေလုပ်ချင်၊ ၀တ်ဖြူထွားနှင့်၊ ပုဏ္ဏားမြင်က၊

ဗေဒင်အမယ်မေးလှတယ်…”

 

နှမလေးချစ်တဲ့မောင်ကလည်း အနုံညာတမဟုတ်ရပါဘူးရှင်..

လူကောင်ထွားထွား အသားလေးကဖြူစင်ရွှန်းပ..ဆွေဂုဏ်မျိုးဂုဏ်အလည်မှာ

အလိုလိုက်ခံထားရသူပါ..

ခြံကျယ် ၀န်းကျယ် အိမ်ကြီးရခိုင်နဲ့ပါ..

နှမများအကြား တစ်ဦးတည်းသောမောင်လေးဖို့..မဲစောင်ညို ကိုယ်မှာရစ်လို့

အလိုလိုက်ခံထားခြင်းခံရသူပါ..။

“ရုပ်ဝါရွှန်းစို၊ မယ်သဘောနှင့်၊ ပြောမဆိုဘူ့၊

ပင်ကိုထွားလို့ ခြားတဲ့သူ၊ အိမ်ယောင်ကျီယောင်၊

ဝဲတဆောင်နှင့်၊ မြောက်တောင်တခြား၊ လမ်းနားအလွန်၊

စည်းထောင့်ချွန်နှင့်၊ ရွာစွန်နားမှာ၊ ပွဲစားတူတဲ့၊

ရွှင်ချိန်ကာလ၊ ငယ်သေးစွဟု၊ နှမများမောင်၊

မျိုးဆွေဘောင်မှာ၊ မဲစောင်ညိုနှင့်၊ အလိုလိုက်လို့ထားတဲ့သူလေး..”

 

ဒီအိုင်ချင်းလေးကတော့..ရှင်ငြိမ်းမယ်ရဲ့..ပွဲစားတူ..ဆိုတဲ့ကဗျာလေးပါ

ယခုခေတ်..၀တ္ထုတွေ..ရုပ်ရှင်ဇာတ်လမ်းတွေအထိ ရှင်ငြိမ်းမယ် အငွေ့အသက်က

မလွတ်ကင်းနိုင်ကြသေးပါဗျာ..။

ချစ်တဲ့သူတိုင်း..ပေါင်းဖက်နိုင်ကြပါစေ…..။

သတိရပေးပါ

$
0
0

ငါ့ဘ၀ကိုရှေ့ဆောင်လမ်းပြလုပ်ပေးနိုင်တဲ့ လူသားတစ်ယောက်ပါလားလို့ ငါထင်ခဲ့တာပါ...

နွေးထွေးမှုတွေ.... ခမ်းနားကြီးကျယ်မှုတွေနဲ့ သူဝင်ရောက်လာခဲ့တယ်.... နောက်ပြီး ဘယ်အရာကငိုကြွေးစေနိုင်သလဲဆိုတာ

သူ ငါ့ကိုသင်ပြပေးသွားတယ်....

အေးလေ ငါ့လိုလူကို ဘယ်မိန်းကလေးက အထူးသဖြင့် နင်လို့မိန်းမသားတစ်ယောက်က ချစ်သူဖြစ်ခွင့်ပေးချင်မှာလဲ....

ဒါပေမယ့်ချစ်သူရယ်.... မင်းနှလုံးသားကဘာအတွက်ရှင်သန်နေရတာလဲဆိုတာ မင်းစမ်းစစ်သင့်တယ်....

အချစ်ဆိုတာ ဘာကြောင့်လိုအပ်တာလဲဆိုတာ မင်းစဉ်းစားသင့်တယ်.....

မင်းကိုလုံးဝနားမလည်နိုင်တော့ဘူး.....

တိတ်တဆိတ်ငါကြေကွဲခဲ့ရတယ်... တနည်းပြောရရင် ကာယကံရှင်မသိဘဲ ငါငိုကြွေးနေရတယ်....

မင်းကိုသိပ်ချစ်ပါတယ်ဆိုတဲ့စကားဟာ မင်းနဲ့တွေတိုင်း လည်ချောင်းဝမှာတင် ပျောက်ကွယ်သွားခဲ့တယ်......

ပျော်နေတာတွေ့တော့လဲ စိတ်ညစ်သွားလေမလားဆိုတဲ့အတွေးနဲ့ ငါလှည့်ပြန်ခဲ့တယ်...

ဝမ်းနည်းနေတာတွေတော့လဲ ပိုပြီးစိတ်ဆင်းရဲသွားလေမလားဆိုပြီး ငါမြိုသိပ်ထားခဲ့တယ်....

ငါသတ္တိကြောင်တယ်ဆိုရင်တောင် နင့်အတွက်ပါချစ်သူရယ်......

နင့်အတွက်ဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်မှာ မလုပ်ပေးနိုင်တာမရှိအောင် ငါကြိုးစားခဲ့သမျှဟာ

ငါ့ရင်ကိုခြေစုန်ကန်ဖို့အတွက်တဲ့လား......

အကြောင်းတွေကမလှပတဲ့ငါ့ဘ၀မှာ အကျိုးဆက်အဖြစ်နင့်ရဲ့မေတ္တာကို ငါမျှော်လင့်တောင့်တခဲ့တာပါ....

မင်းပျော်နေတယ်မဟုတ်လားချစ်သူ...

ငါမဟုတ်တဲ့လူသားတစ်ယောက်ဒါမှမဟုတ် ငါအောင်သွယ်ပေးလိုက်တဲ့ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ

မင်းပျော်နေတယ်မဟုတ်လား.....

တစ်ခုတော့သတိရပေးပါချစ်သူ....

မင်းပျော်နေရင် ငါပျော်နေပါတယ်......

ငါပျော်နေတာကိုမင်းတွေ့ရင်

ငါ့ရင်ထဲမှာငိုကြွေးနေတာကို မင်းမြင်အောင်ကြည့်ပေးပါ...

နှုတ်ခမ်းမလှုပ်ဘဲပြောတဲ့စကားကို မျက်ဝန်းတွေနဲ့မြင်အောင်မကြည့်တတ်ခဲ့သောချစ်သူ

ကြိုးတစ်ချောင်းကိုအလယ်ကနေ နှစ်ပိုင်းဖြတ်လိုက်ရင် နှစ်ဖက်စလုံးမှာ ဒဏ်ချက်တွေကျန်ရစ်စမြဲဆိုတာကို

မင်းသတိရပေးပါ.........


မြန်မာပြည်မှလူမျိုးစုများ

$
0
0

မြန်မာပြည် သမိုင်း ဖြစ်ပေါ် တိုးတက်မှု နှင့် မြန်မာလူမျိုးစုများ ကြောင်း ကို ပြုစု လေ့လာ မိ သမျှ ဘလောဂ့် ရေး နေရာမှ Richard K Diran ပြု စု ထားသည့် The Vanishing Tribes of Burma ဓါတ်ပုံ စာ အုပ်အထူ ကြီး ကို သွား တွေ့ ရသည်။ မမြင်ဘူး သေးသည့် လူမျိုး စု အတော် များ များ ကို
စာအုပ် ထဲ တွင် တွေ့ရ ပါသည်။ လေ့ လာနိုင် ရန် အချို့ဖေါ် ပြ ပေးလိုက် ပါ
သည်

ရှမ်း
















ဂျိမ်းဖေါ ( ကချင်မျိုးနွယ်စု )












ကရင်



















ကရင် အဖိုး နှင့် ဆေးမှင်ထိုး

















သက် ခေါ် ရှကာ့မါ ( ရခိုင်ပြည်နယ် )
ခေတ်ဟောင်း မြန်မာ ရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ၂၈ လူမျိုး နွယ်စု ဆင်းသက်ပုံအရ အာသမ် မြန်မာ သက် မျိုးနွယ်စု ဖြစ် သည်။

















ခါမီ ခေါ် မရို ( ရခိုင်ပြည်နယ် )
တောင်ပိုင်း ချင်း



















ဒိုင်းနက် ( ရခိုင်ပြည်နယ် )
စစ်တွေ နယ်














လရှီ ခေါ် လချိုကွော ( ကချင်ပြည်နယ် )
နှင့် ရှမ်းပြည်မြောက်ပိုင်း

ကချင်မျိုးနွယ်စု















မရူ ခေါ် လောင်းဝေါ ( ကချင်ပြည်နယ် )
နှင့် ရှမ်းပြည်မြောက်ပိုင်း
ကချင်မျိုးနွယ်စု















ခါ့ခူး ( ကချင်ပြည်နယ် )
ကချင်မျိုးနွယ်စု
















အဇီး ( ကချင်ပြည်နယ် )
နှင့် ရှမ်းပြည်မြောက်ပိုင်း

ခေတ် ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာ မျက်နှာ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန် မာ -ကချင်မျိုးနွယ်စု ဖြစ်သည်။











ရဝမ် ( ကချင်ပြည်နယ် )
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ -လိုလို မျိုးနွယ်စု ဖြစ်သည်၊







လီဆူး ( ကချင်ပြည်နယ် )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ -လိုလို မျိုးနွယ်စု ဖြစ်သည်၊












ယအိုး ( ရှမ်းပြည်နယ် )















ပလောင်( ရှမ်းပြည်နယ် တောင်ပိုင်း အနောက်မြောက်
နှင့် အရှေ့ မြောက်ပိုင်း )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ သြစထရိုအာရှ မွန်ခမာ မျိုးနွယ်စု ဖြစ်သည်။














ယင်းဗော်

( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။






ပအို့ ခေါ် တောင်သူ ( ရှမ်းပြည်နယ် ) နှင့်သထုံ
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စု ဖြစ်သည်။

















တောင်ရိုး ခေါ် တိုရု
( ရှမ်းပြည်နယ် တောင်ပိုင်းအနောက်ဘက်-မြေလတ်)
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုး နွယ်စု ဆင်းသက်ပုံ အရ တိဗက်
မြန်မာ ( အာသံမြန်မာ ) မျိုးနွယ်စု ဖြစ် သည်။











မုံ ( ရှမ်းပြည်နယ် အရှေ့ပိုင်း )


















ယင်းနက် ခေါ် ရိန်-( ရှမ်းပြည်နယ် )





















အခါ ခေါ် ကော် ( ရှမ်းပြည်နယ် အရှေ့တောင်)














( အနီ ) လားဟူ( ရှမ်းပြည်နယ် )

















ပရဲ အလှ နှင့် ချင်း
( ချင်းပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက် နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် အာသံမြန်မာ မျိုးနွယ်စု ဖြစ်သည်၊















ကယန်း ( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်၊










ဗရက် ( ကယားပြည်နယ် )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာ မျက် နှာ၂၈လူမျိုးနွယ်စုဆင်းသက်ပုံအရ ကရင်မျိုးနွယ်စု ဖြစ် သည်။













ဗရက် ( ကယားပြည်နယ် )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စု ဖြစ်သည်၊




လာ့တ(ခေါ်) ဇယိန်
( ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် မြောက်ပိုင်း )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာ မျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်မျိုးနွယ် စု ဖြစ်သည်၊










(အနက် ) လားဟူ( ရှမ်းပြည်နယ် )



















နာဂ ( ချင်းပြည်နယ် ) ဆွမ်မရ တောင်တန်း ဒေသ

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် အာသံမြန်မာ မျိုးနွယ် စု ဖြစ်သည်၊













ဝလူမျိုး(ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်းဒေသ )









ပဒေါင် ( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။


ချစ်သော နှင်း

$
0
0

“တောက်...ခွေးကောင်”

“ဟဲ့...ချစ်သဲ ဘာတွေဒေါပွနေတာလဲ”

“ဟိုအကောင်...ငအောင်လေ”

“ဘာဖြစ်လို့လဲ”

“ဒီမှာကြည့်...”

ချစ်သဲနှင်းက မော်နီတာကို လက်ညှိုးနှင့် ထိုးပြသည်။ သဇင်ဦးက မော်နီတာကို လှမ်းကြည့်လိုက် သည့်အခါ...

“ချစ်သဲ...

ကိုယ်တကယ်ချစ်တာပါ။ ကိုလေ ချစ်သဲကို နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတော့ သိပ်ကို ချစ်မိပါတယ်။ ဘ၀လက်တွဲဖော် အဖြစ်ရွေးချယ်ခွင့်ပေးပါနော်...

ကိုယ် ၀မ်းသာပါရစေချစ်သဲရယ်...

အောင်သက်”

ချစ်သဲနှင်း၏ mail ထဲသို့ အောင်သက်ပို့ထားသော စာဖြစ်သည်။ ချစ်သဲနှင်း နှင့် အောင်သက်က ဓာတ်ပုံဆိုင်တစ်ဆိုင်တွင် အတူတကွ အလုပ်လုပ်ကြသည့်သူများဖြစ်သည်။ တစ်ယောက်နှင့်တစ် ယောက် နေ့စဉ်မြင်တွေ့နေသူများဖြစ်ကြသည်။ အောင်သက်က ချစ်သဲနှင်းကို စွဲလန်းနေကြောင်း တစ်ဆိုင်လုံးနီးပါး သိကြသည်။

အောင်သက်က ရင်တွင်းက ချစ်ခြင်းကို  လမ်းမပေါ်မှာ ရင်မဖွင့်။ ဆိုင်ထဲမှာ ချစ်ရေးမဆို။ အချိန်ရတိုင်း ချစ်သဲနှင်း အလုပ်လုပ်သည်ကို ခိုးပြီးကြည့်သည်။ ပြုံးပြသည်။ ချစ်သဲနှင်းအတွက် မကြာခဏ လက်ဆောင်လေးများ ပေးတတ်သည်။ အောင်သက်က ချစ်သဲနှင်းကို ပေးဖြစ်သည်က နိုင်းနိုင်းစနေ ရေးသည့် စာအုပ်ကလေးများဖြစ်သည်။ စာဖတ်ဝါသနာပါသည့် ချစ်သဲနှင်းက အောင်သက်ပေးသည့် စာအုပ်များကို အမြတ်တနိုးလက်ခံခဲ့သော်လည်း အောင်သက်၏ ချစ်ခြင်းကို သိသော်လည်း မသိဟန် ဆောင်နေသည်။

“ဒီမယ်...ချစ်သဲ”

“ဘာလဲ”

“ငါနော်...မိန်းမချင်း သိတယ်နော်...နင်သူ့ကို ချစ်ရဲ့သားနဲ့ ဟန်ဆောင်နေတယ်”

“တော်တော့ဟာ...မပြောနဲ့...အလုပ်စတော့မယ်”

“အေးပါ...ဘယ်တော့ မုန့်စားရမလဲ...၊ အဲ...ဟိုကောင်လာပြီ”

ဆိုင်ထဲကို အောင်သက် ၀င်လာသဖြင့် ချစ်သဲနှင်းက အသာစောင်းငဲ့ကြည့်ပြီး အလုပ်လုပ်ချင်ယောင် ဆောင်နေလိုက်သည်။ တကယ်တော့ အောင်သက်ကို ငြင်းပယ်ရန်မရှိသော်လည်း ဘ၀တူချင်းမို့ မချစ်ဝံ့ဝံ့၊ ချစ်ဝံ့ဝံ့ဖြစ်နေသည်သာ။

အောင်သက်က ချစ်သဲနှင်းကို လှမ်းကြည့်သည်။ သူပို့ထားသည့် စာကို အခုအချိန်လောက်ဆို ဖတ်ပြီးလောက်ပြီဟု ထင်မိသည်။ အောင်သက်က ခါတိုင်းဆို အလုပ်သို့ စောစောရောက်နေကျ ဖြစ်သော်လည်း ချစ်သဲနှင်းကို စာပို့ထားသည့်အတွက် မျက်နှာပူပြီး လက်ဖက်ရည်ဆိုင် ၀င်၍ အချိန် ဖြုန်းနေခြင်းဖြစ်သည်။

ထိုကဲ့သို့ အောင်သက်က ချစ်သဲနှင်း၏ ချစ်ခြင်းမေတ္တာကို အကြိမ်ကြိမ်အလီလီတောင်းခံသော်လည်း ထူးခြားမလာပါ။ အောင်သက်ရင်ထဲမှာ ချစ်သဲနှင်းကို တိုး၍တိုး၍ချစ်လာသလို ပိုမိုခိုင်မြဲလာပါသည်။ ချစ်သဲနှင်းက အောင်သက်အပေါ် တိမ်းချင်ယိမ်းချင်သော်လည်း မချစ်ဝံ့ဝံ့၊ ချစ်ဝံ့ဝံ့ဖြစ်နေသည်။

တစ်နေ့တွင် အောင်သက်က ဓာတ်ပုံများကို Paper Cutter ဖြင့် ပိုင်းဖြတ်နေသည့်အချိန်တွင် ချစ်သဲနှင်းက သဇင်ဦးကို စရင်းနောက်ရင်း တွန်းလိုက်ရာ...

“အား...”

အောင်သက်၏ အော်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ အောင်သက်က ဘယ်လက်ကို ဆုပ်ကိုင်ရင်း ညီးညူနေသည်။

“ကိုအောင်...ဘာဖြစ်သွားသေးလဲ”

ချစ်သဲနှင်းက ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ပြာယာခတ်သွားသည်။ အောင်သက်၏ ဘယ်လက်ကို ကမန်းကတန်း ဆွဲယူပြီးကြည့်လိုက်သည်။ အောင်သက်လက်ညှိုးကို Paper Cutter ညှပ်မိပြီး သွေးထွက်သွားခြင်းဖြစ်သည်။

ချစ်သဲနှင်းက သူ့လက်ကိုင်အိတ်ကို ဖွင့်ပြီး ပန်းနုရောင်လက်ကိုင်ပုဝါလေးကို ယူလာပြီး အောင်သက် လက်ညှိုးကို စည်းပေးရန်ပြင်လိုက်သည်။

“ရပါတယ်...ချစ်သဲရယ်၊ လက်ကိုင်ပုဝါသွေးစွန်းသွားပါမယ်”

“ကိုအောင်ကလည်း သွေးထွက်လွန်သွားမယ်လေ”

“အံမယ်လေး အဖြစ်သည်းနေလိုက်ကြတာ...Paper Cutter ညှပ်မိရုံနဲ့ မသေနိုင်ပါဘူး”

သဇင်ဦးက ကလိလိုက်သဖြင့် ချစ်သဲနှင်းက မျက်စောင်းထိုးပြီး လှမ်းကြည့်လိုက်သည်။ အောက်သက် ရင်ထဲမှာတော့ လက်က အနာထက် ရင်ထဲက ကြည်နူးမှုက ပိုနေပေသည်။

“ကိုအောင်...တောင်းပန်ပါတယ်နော်...”

“မတော်တဆဖြစ်တာပဲ ချစ်သဲရယ်...တောင်းပန်စရာမလိုပါဘူး”

“ကိုအောင်...ဓာတ်ပုံတွေကို ချစ်သဲ ဆက်လုပ်လိုက်မယ်နော်”

ချစ်သဲနှင်းက ဖြတ်ရန်ရှိသည့် ဓာတ်ပုံများကို ဖြတ်ပေးသည်။ အောင်သက်က ချစ်သဲနှင်းကို လှမ်းကြည့် လိုက်သည့် အချိန်တွင်တော့ ချစ်သဲနှင်းက အောင်သက်ကို ချစ်ရည်လဲ့သော မျက်လုံးဖြင့် ပြုံး၍ ပြန်ကြည့်လိုက်လေသတည်း။

ကိုယ်စိတ်နှစ်လုံး ရွှင်ပြုံးနိုင်ပါစေ...

ကျော်သိုက်

(၈-၁၂-၂၀၁၂)ညနေ ၆ နာရီ ၄၅ မိနစ်

အရှင်နှစ်ပါး..ပါတော်မူခြင်း..အပိုင်း(၃)

$
0
0

 

အပိုင်း (၃)  မင်းတုန်းမင်းကြီးနှင့် သီပေါမင်း

 မင်းတုန်းမင်းကြီး

 အထက်မြန်မာနိုင်ငံတွင် ၁၈၅၂ ခုနှစ် အရေးတော်ပုံအတွင်းပုဂံမင်းလက်မှမင်းတုန်းမင်းတရားကြီး

ထီးနန်းကိုလွှဲပြောင်းရယူသည်။ ရှေ့မြန်မာမင်းတို့သည်အနောက်နိင်ငံခြားသားများနှင့်

များစွာဆက်သွယ်လေ့မရှိမင်းတုန်းမင်းတရားကြီးလက်ထက်တွင် ညီတော် အိမ်ရှေ့မင်းသား၊

မင်းကြီးဦးရန်ဝေး၊ မင်းကြီးဦးကောင်း၊ ယောအတွင်းန်ဦးဖိုးလှိုင် တို့က ရှေ့အလားအလာကို

မြော်မြင်တတ်ကြသဖြင့် တိုးတက်နေသောခေတ်ကာလကြီးနှင့်အညီ ပြုမူကျင့်ကြံရန်

သဘောပေါက်လာသည်။ နန်းတော်ကြီးနှင့်နီးစပ်သူတို့အနက်မှ အလားအလာရှိသော

လူရွယ်လူလတ်များကို ပညာသင်စေလွှတ်ခဲ့သည်။

အနောက်နိုင်ငံများသို့သံတမန်များစေလွှတ်၍ မဟာမိတ်များဖွဲ့စေခဲ့သည်။

မင်းတုန်းမင်းကြီး၏ခေတ်မီအုပ်ချုပ်ရေးဝါပြောင်းလဲလိုက်သဖြင့်ဥရောပတိုက်သားများအတွက်

မြန်မာနုင်ငံအတွင်း ၀င်ထွက်သွားလာ၇န် အခွင့်အရေး၇လာခဲ့ကြသည်။

သာသနာပြု ဆရာမတ်၏ ကျောင်းပေါ်ပေါက်လာသည်။

သို့သော်..နောက်ပိုင်း နန်တော်အတွင်း အနောက်သံတို့ဖိနပ်စီးခွင့်နှင့်ပတ်သက်၍

မင်းတုန်းမင်းတ၇ားကြီး အနောက်တိုင်းသားတို့အပေါ်စိတ်ပျက်ခဲ့၇သည်။

 

မထင်မှတ်သော ပြဿနာတစ်ရပ်မှာ..မင်းတုန်းမင်းကြီး၏…မိဖုရားများပြား မှုဖြစ်သည်..

မင်းတုန်းမင်းတွင်..ေ၇ွှတိုက်စာရင်းဝင်မိဖုရား အပါး၅၀ဟု ယူဆ၇ပါမည်။

သို့သော်မထင်မရှားကိုယ်လုပ်တော်အမျာအပြား လည်းရှိနိုင်သေးသည်။

ေ၇ွှတိုက်စာရင်းဝင်မိဖုရား အပါး၅၀ တွင်သားတော်သမီးတော်မထွန်းကားသူ မိဖု၇ား၁၂ပါးရှိသည်။

ကျန် ၃၈ပါးမှ သားတော်သမီးတော် ၁၀၅ပါးထွန်းကားသည်။

၎င်းတို့အနက် ၃၉ပါးမှာ ငယ်ကပင်လွန်ကြသည်။ ၆၆ပါးအဖတ်တင်သည်။

မြေးတော် ၃၉ပါးပွားများခဲ့သည်။

 ဤကဲ့သို့သားတော်သမီးတော်များပြားခြင်းပင်လျှင်..ထီးမွေနန်းမွေပြဿနာကို ဖန်တီးခဲ့လေသည်။

 

သီပေါမင်း

သီပေါမင်း ထီးနန်းရခဲ့ခြင်းနှင့်ပတ်သက်၍ အထူးမတင်ပြလိုတော့ပါ..

သမိုင်းကြောင်းကိုအားလုံး သိပြီးဖြစ်ပါသည်။

သီပေါလက်ထက်နန်းတွင်းရေး အရှုပ်အထွေးများမှာ..စိတ်ဝင်စားဖွယ်ကောင်းပါသည်။

အထူးသဖြင့်..စုဖုရားလတ်..အရေးကိစ္စအားလုံးကိုကိုင်တွယ်သွားပုံဖြစ်ပါသည်။

သီပေါမင်းအိမ်ထောင်ရေးမှစ..တိုင်းပြည်အရေးကိစ္စများထိ..။

စုသည်..သီပေါမင်းထီးနန်းရရှိရေး..အဓိကကျလှသော..သူမ မယ်တော်ကိုတောင်.

ကျော်ဖြတ်တက်ခဲ့သူဖြစ်ပါသည်။

 

သီပေါမင်းသည်..ဗုဒ္ဓဘာသာစာပေပညာရှင်တစ်ဦးဖြစ်သည်။

ထီးမွေနန်းမွေ..အရှုပ်အထွေးကြားတွင်..ကြားလူအဖြစ်..

ရုပ်သေးဘု၇င်သာဖြစ်ခဲ့ရသည်။

အပိုင်း(၄)တွင်..ဆက်လက်ဖတ်ရှုပါရန်..

 

ပထမဆုံးအချစ်ကို နောက်ဆုံးခိုးကြည့်ခြင်း

$
0
0

ပထမဆုံးအချစ်ကို နောက်ဆုံးခိုးကြည့်ခြင်း

ပြာမချွေရသေးသည့်ဆေးလိပ်ကိုကြည့်ရင်း နှုတ်ခမ်းအတွင်းရှိသော အခိုးအငွေ့ကို အသဲနှလုံးပုံစံပြုကာ ခပ်ဖြည်းဖြည်း

မှုတ်ထုတ်လိုက်သည်။ ကောင်းကင်ပေါ်လွင့်တက်နေသော အခိုးအငွေ့သည် ခပ်ကြမ်းကြမ်းတိုက်ဖြတ်လာသော လေပြေသွေးကြောင့် အသဲနှလုံးပုံစံ တစ်စစီပျက်ကာ မာန်ဖီနေသော ကျားသစ်တစ်ကောင်ကဲ့သို့ မိမိ၏ မျက်လုံးထဲတွင်

ထင်ယောင်ထင်မှား မြင်ယောင်မိပြန်သည်။ မိမိသည် တစ်ခါမှ ဆေးလိပ်မသောက်ဖူးပေမယ့် ယခုနာရီပိုင်း အချိန်လေး မှာပင် ကျွမ်းကျင်သော သူတစ်ယောက်ကဲ့သို့ အမျိုးမျိုးသောက်တတ်နေခဲ့ပြီ ။ ဆေးလိပ်သောက်တတ်အောင်၊ စိတ်ညစ်အောင်ပြုလုပ်ခဲ့သော သူမကိုပဲ ကျေးဇူးတင်ရမည်လား ။ ဒါမှ မဟုတ် နုနယ်သည့်ခံစားချက်ကို မထိန်းချုပ်နိုင်

သည့် မိမိကိုယ်မိမိပဲ အပြစ်တင်ရမည်လား ။ ယခုချိန်ထိ ဝေခွဲ၍ မရသေး။

ဝေဒဗ္ဗကျမ်း ၊ က္ကုဇုကျမ်း စသော ကျမ်းအမျိုးမျိုးတို့တွင် နာမည်က လူကို စီးသည်ဆိုသော စကားကို မိမိကြားဖူးသည်။

လက်တွေ့ဘ၀နှင့် ဆန့်ကျင်ဘတ်နာမည်ကိုမှည့်သောကြောင့် ဘာမှ ဖြစ်မလာသည်လည်း ကြားဖူးသည်။ နာမည်က

နိုင်နေသောကြောင့် နာမည်သွားသည့်အတိုင်း ကိုယ်က တရွတ်တိုက် လိုက်ရသည်လည်း ကြားဖူးသည်။ ယခုလည်း

မည်သို့ ပြောရမည်နည်း ။

သုံးရာသီရှိသည့်အထဲတွင် မိမိသည် နွေရာသီကို ကြောက်ခဲ့သည်။ ပူပြင်းခြောက်သွေ့၍ ချွေးတရွဲရွဲကျသော နွေရာသီ

ကိုကြောက်သည်မဟုတ်။ အလွမ်းကို သယ်ဆောင်လာတတ်သော နွေ ။ တငွေ့ငွေ့ခံစားရတတ်သောနွေ  ။ မျက်ရည်မကျပဲ ဆွေးရသော နွေကို အရမ်းကြောက်ခဲ့သည်။ အရမ်းမုန်းခဲ့သည်။ အရမ်းကို ထိတ်လန့်ခဲ့သည်။ နွေရာသီတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တို့သည် မိမိဘ၀ကိုပင် သေစေနိုင်ခဲ့သည်။ ယခုလည်း ဘာထူးမည်နည်း ။ ယောက်ျားတန်မဲ့ မျက်ရည်တရွှဲရွဲကျပြီး ကလေးငယ်များ ဖိုးလမင်းထံ ထမင်းဆီစမ်း ရွှေလင်ပန်း တောင်းသကဲ့သို့ အသဲခွဲသင်တန်းတွင် ဂုဏ်ထူး ခူးဆွတ်ဖူးသော မိန်းမတစ်ယောက်ထံ “ ချစ်ပါဗျာ ၊ ဘာညာ ”

ဆိုပြီး တောင်းခံနေရသည်က မိမိ၏ အခေါင်းကို မိမိကိုယ်တိုင် ပြုလုပ်သည်နှင့် တူလှပေသည်။

အချစ်သည် လူတစ်ယောက်၏ ဘ၀ကိုနုပျိုစေသည်။ အချစ်သည် လူတစ်ယောက်၏ဘ၀ကို အိုမင်းစေသည်။ အချစ်သည် လူတစ်ယောက်၏ ဘ၀ကို ရှင်သန်စေသည်။ အချစ်သည် လူတစ်ယောက်၏ ဘ၀ကို သေဆုံးစေသည်။

အချစ်နှင့် ပတ်သက်သည့် ရာဇ၀င်။ ပုံပြင်အမျိုးမျိုးရှိသည် ။ ဇနပဒကလျာဏီ နှင့် နန္ဒမင်းသားတို့၏ အချစ်သည် မျှော်လင့်ရင်းနဲ့ ဝေးခဲ့သည်။သိဒ္ဒွတ္ထမင်းသားကို ချစ်ခဲ့သော ယသော်ဓရာသည် တမ်းတရင်းနဲ့ ဝေးခဲ့သည်။ စူဠပဒုမ၏ အချစ်သည် နာကျည်းခြင်းနှင့် အဆုံးသတ်ခဲ့သည်။ ရွှေအိမ်စည်နှင့် ပဋိက္ခရား တို့၏ အချစ်သည် ကွဲပြားခြင်းဖြင့် ချုပ်ငြိမ်းခဲ့သည်။ ဓာတုကလျာနှင့် နတ်သျှင်နောင်တို့၏ အချစ်သည် ဝေးကွာခြင်းဖြင့် အဆုံးသတ်ခဲ့

သည် ။ ရှင်မွေးလွန်းနှင့် မင်းနန္ဒာတို့၏ အချစ်သည် ကွဲကွာခြင်းဖြင့် ဝေးခဲ့သည်။ ကျွန်ုပ်တို့ ရပ်ကွက်ထဲက မမလေး ဟွမ်ဖွေးသည် စွန့်လွတ်ခြင်းဖြင့် ချစ်ခဲ့သည် ။ ဆဒ္ဒန်ဆင်မင်း၏ အချစ်သည် ခွင့်လွတ်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

မိမိ၏အချစ်သည် ဘယ်လိုအမျိုးအစားပေနည်း ။ သေချာသည့်တစ်ခုမှာ ဆဒ္ဒန်ဆင်မင်းကဲ့သို့ ခွင့်လွတ်ခြင်းဖြင့် ချစ်နိုင်မည်မဟုတ်။ မမလေးဟွမ်ဖွေးကဲ့သို့ စွန့်လွတ်ခြင်းဖြင့် ချစ်နိုင်မည်မဟုတ်။ ဇနပဒကလျာဏီကဲ့သို့ မျှော်လင့်ရင်း ဝေးခဲ့သည်မှာတော့ ယုံမှားစရာမရှိ ။ မှန်သည်။ ကျွန်တော်သူ့ကို ချစ်ခဲ့ဖူးသည် ။ အရမ်းကိုချစ်ခဲ့ဖူးသည်။ ဘာလို့ချစ်တာလဲဆိုသည့်မေးခွန်းကို ပြန်မဖြေနိုင်လောက်အောင် သူမကိုချစ်ခဲ့သည်။

သို့သော်----သူမသည် မိမိကို တစ်ကြိမ်အနမ်းပေးပြီးမှ မိမိ၏ နှလုံးသားဗဟိုတွင် အသေခံဗုံးတစ်လုံး ပစ်ခွဲခဲ့သည်။ ကျွန်တော်၏ ဘ၀သည် ဆင်းရဲမွဲတေလွန်းသည်။ ဘာဆိုဘာမှ မရှိ ။ အတတ်ပညာမရှိ။ အတန်းပညာမရှိ ။ စည်းစိမ်လည်းမရှိ ။ ဂုဏ်သိန်လည်း မရှိ ။ ရှားရှားပါးပါး အချစ်တစ်ခု ရှိခဲ့သည် ။ သည်အချစ်ကလည်း ရက်ပိုင်းပင်မခံ ။ ဆေးလိပ်အခိုးငွေ့ကဲ့သို့ တစ်စစီ လွင့်ပျယ်ခဲ့သည် ။ တစ်စစီ ပျောက်ကွယ်ခဲ့သည်။

မိမိသည် နွေကို ကြောက်သည်နှင့် အတူ နွေ၏ လှည့်ကွက်ကိုလည်း ထိတ်လန့်သည်။ နွေရာသီတွင် ချစ်ခဲ့သော အချစ်သည် နွေရာသီပင်မခံ  ။ နွေရာသီ၏ တုံပြန်ချက်က ပြင်းထန်လွန်းပေမယ့် ဘာဖြစ်လို့များ မိန်နွေ--ဟု နွေကို သဘောကျသည့်အလား မှည့်ထားခဲ့သည်မှန်း မသိ ။ မိန်နွေ--ဆိုသည့် နာမည်သည် ဆရာတက္ကသိုလ်ဘုန်းနိုင် ၏ ၀တ္ထုတစ်ပုဒ်ထဲက ဇာတ်ကောင်တစ်ကောင်ဖြစ်သည် ။ ဇာတ်ကောင်၏ ခံစားနေရသည့် ဘ၀ကို အားကျသလို ၊ နာမည်ကိုလည်း နှစ်သက်သောကြောင့် မိမိယူသုံးခဲ့သည်။ ယခုမိမိသည် နာမည်၏ ဆွဲခေါ်ရာအတိုင်း တရွတ်တိုက် လိုက်နေရသည်။ နွေကို မုန်းသည် ။ နွေကို ကြောက်သည် ။ နွေကို ထိတ်လန့်သည်။ နွေတွင် ရွက်ဝါတို့ ကြွေကျသည်။ ယခုလည်း မိမိ၏ အချစ်တို့သည် မြေပေါ်သို့ ဆင်းသက်ကုန်ချေပြီ ။ ယခုစာရေးနေချိန်ပင် နောက်ဖက်နားဆီမှ ရှိုက်သံတိုးတိုးနှင့် သီချင်းသံခပ်သဲ့သဲ့ ကြားနေရသည်။ သူလည်း နွေတွင် ချစ်ခဲ့သည့် နာကျင်ခြင်းကို အလူးအလိမ့် ဖြေဖျောက်နေဟန်တူသည်။   ။

 “ နွေမိန်တပေါင်း xxx နွေမိန်တပေါင်း xxx ရွက်ဟောင်းကြွေ ကျ မြေခခဲ့ပြီ ကွယ် xx  ””

““ နွေမိန်တပေါင်း xxx နွေမိန်တပေါင်း xxx ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီကွယ် xxx ””

 

““ နည်းနည်းချစ်လျှင် နည်းနည်းရှုံးသည် ။ များများချစ်လျှင် များများရှုံးသည် ။ ချစ်မိသူသည် အရှုံးပဲ ပိုင်ဆိုင်ရ၏ ””

မမလေး အိအိ၏ ဒဿန

 

လေးစားစွာဖြင့် ---------မိန်နွေ

သင်္ကြန်အကျနေ့--12/4/2012

 

 

ကေတုမတီမယ်ရွေးပွဲနှင့် တောင်ငူ အမှတ်တရဓာတ်ပုံများစုစည်းမှု

$
0
0

ကေတုမတီတောင်ငူအမှတ်တရဓာတ်ပုံများစုစည်းမှု

ကေတုမတီ(တောင်ငူ) မင်းနေပြည်တော်

မြို့တည်နန်းတည် နှစ်(၅၀၂)နှစ်ပြည့် ကေတုမတီမယ်ရွေးပွဲ

ဓာတ်ပုံများ

“ကန်တော်ကြီးနှင့် တော်ဝင်ကေတုမတီဟိုတယ် ညအလှ”

 

“၀န်းခင်သဘင်အတွက်တော်ဝင်ကေတုမတီဟိုတယ်ရှေ့”

 

“နှစ်ကျိတ်ရှစ်ဆူဘုရားကားများအလှဆင်ပြိုင်ပွဲ”

အ.ထ.က(၂)တောင်ငူ(နန်းတော်ရာ)

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>