Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

ရွှေမြို့တော်ပရဟိတအသင်းရဲ့ပထမဆုံးပရဟိတဖြစ်တဲ့ မင်္ဂလာတောင်ညွှန့်မီးဘေးအလှူ အောင်မြင်စွာပြီးဆုံးကြောင်း အလှူမှတ်တမ်းပုံများ(12/1/2012)

$
0
0

ရွှေမြို့တော်ပရဟိတအသင်းရဲ့ပထမဆုံးပရဟိတဖြစ်တဲ့ မင်္ဂလာတောင်ညွှန့်မီးဘေးအလှူအောင်မြင်စွာပြီးဆုံးကြောင်းအလှူမှတ်တမ်းပုံများ

(12/1/2012)မင်္ဂလာတောင်ညွှန့်မီးဘေးအတွက် သွားရောက်လှုခဲ့ကြပါတယ်

                                                                                                 မြန်မာငွေ

ဆန် နှစ်အိတ်                          35000x 2                               70000

အ၀တ်အစုံ ငါးဆယ်                  1500x50                                75000

ယမ်ယမ်  2ပါကင်                   4200x2                                   8400

အားလုံးစုစုပေါင်း                 -                    151000 ကျပ်တိတိ လှုဒါန်းးခဲ့ပါတယ်။

အွန်လိုင်းမှတ်တမ်းဂုဏ်ပြုလွှာတွေပြန်လည်ချီးမြှင်ပါမယ်။ဆထက်တိုးလိုလှူနိုင်ကြပါစေ။

စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုအင်ဆန္ဒပြည့်ဝနိုင်ပါစေ။

ပရဟိတအဖွဲ့ကိုယ်စား

ရှင်းသန့်မေ

နောက်ထပ်ခြေလှမ်းသစ်တွေချီတက်ကြမယ်။



★ကဗျာရှင်ရဲ့ တောက ကိုရင် ရဲ့ ကဗျာ Show ♪♫

$
0
0

ကဗျာရှင်ရဲ့ တောက ကိုရင် ရဲ့ ကဗျာ Show

အမေ..ဆိုတဲ့ ဂုဏ်ဖွဲ့မှုနဲ့
ငါ့ကိုယ်ငါ ထုဆစ်ကြည့်တယ်...။

တစ်ခါ တစ်ခါ
ဝင်္ကဘာထဲက ကျနော်
ကြောက်စိတ်တွေပေါ်ခဲ့၇င်
အမေ.. လို့ အားပါးတ၇ခေါ်ပြီး
အားအင်တွေ ပြန်ပြန်ဖြည့်
ဒီနေ့ ကျနော် ဖြစ်တည်နေသမျှ
အမေပြုစုခဲ့တဲ့ ကာယနဲ့
အမေပြောခဲ့တဲ့ စကား
အမေပေးခဲ့တဲ့ အားတွေချည်းပါ...။

ဒါပေမယ့် အမေ
ကျနော်လေ အိပ်မက်ဆိုးတွေနဲ့
အမေ့၇ဲ့ အမိုးအောက်မှာ အသက်၇ှူကြပ်
အနာဂါတ်တွေ မျှော်လင့်ချက်မဲ့သလိုမျိုး
(၇ိုး၇ိုးသားသားပြောတာပါ)
ကျနော် ခံစားခဲ့၇ဖူးတယ်...။

တစ်ခါတစ်လေ
ကျနော် ၇င်ဖွင့်ချင်တာတွေ ၇ှိတယ်
အမေ နားလည် လက်ခံပေးမလား...
သားသမီးတွေမှား၇င် အမေပြင်
အမေကိုေ၇ာ
ဘယ်လိုထင်မြင်ချက်တွေ ပေးခွင့်၇ှိမလဲ...
အမေ့၇ဲ့ စေတနာ
ဝေဒနာတွေ ဖြစ်သွားတာမျိုး...
ညီမငယ်တွေ အိပ်မက်ဆိုးမက်
ကျနော်တို့ ကန့်ကွက်ပိုင်ခွင့် မ၇ှိခဲ့တာ
တိတ်တဆိတ် နာကျင်
စိတ်ဒဏ်၇ာတွေ လူမမြင်တော့
မေးငေါ့ချင်လည်း ငေါ့ကြမယ်...

မိသားစုအေ၇းမှာ
သူစိမ်းတစ်ယောက်၇ဲ့ အာဏာကို
ကျနော်တို့ အလေးပေးသင့်ပါသလား..
အမေပြောတဲ့ စကား
မှားနေ၇င်တောင်မှ နာခံဖို့ အသင့်ပါ
တခြားသူဆို၇င်တော့
ဘယ်လောက်မှန်မှန် ခြေစုံကန်လို့
ဆန္ဒပြဖို့ ကျနော်ဝန်မလေးဘူး...

ကျနော်မှား၇င် အမေခွင့်မလွှတ်ပါနဲ့
ညီမငယ်တွေ ဒူးနဲ့မျက်၇ည်သုတ်၇မယ်ဆို၇င်
(ဒူးနဲ့ မျက်၇ည်သုတ်၇မယ်ဆို၇င်)
ကံကြမ္မာကို အပြစ်တင်ကြမလား...

ထားလိုက်ပါတော့ အမေ
ဘယ်လိုဝဋ်ကြွေးတွေပဲ ၇ှိ၇ှိ
မိသားစု၇ဲ့ ချစ်မေတ္တာနဲ့
ညီမတွေ၇ဲ့ လုံခြုံမှုကို ၇ှာဖို့
ကျနော် အိမ်ပြေး ခဏလုပ်မယ်...

အမေ့ကိုလည်း အပြစ်မမြင်၇ဲလို့
ဒီစစ်ပွဲကို
ကျနော် တစ်ယောက်တည်းတိုက်တော့မယ်...

ကျနော့်ကို အားပေးမယ်မဟုတ်လား...အမေ။ ။

(ကံသုံးပါးနဲ့ ပြစ်မှားခဲ့မိတာ၇ှိ၇င်
အမေ ကျနော့်ကို ခွင့်လွှတ်စေချင်ပါသည်...)

အကန်းတစ်ယောက်၏ စေတသိက်

လေလွင့်ငှက်ရဲ့ စေတသိက်

နရီတွေကို ချိတ်တော့

လေပြည်က စောင်းငဲ့လို့ ကြည့်တယ်...

ရင်ဘတ်ထဲမှာ လှုပ်ခါသွား

အဲဒါ.. ကဗျာလား

မဟုတ်ပါဘူး.. ခံစားချက်တွေ မူးသွားတာ

ဝေဒနာတွေ အရူးဖြစ်သွားတာ

နေကာမျက်မှန်က နေရောင်ကို ကာဖို့သတ်သတ်

ငါသုံးနေတာက တခြားရည်ရွယ်ချက်

ကမ္ဘာတစ်ပတ်လမ်းလျှောက်ထွက်ကြည့်တယ်...

စိတ်တွေ စိတ်တွေ....

အကန်းကလည်း အကန်း ဘာသာစကား

နှလုံးသားတွေကတော့ အတူတူပဲလေ

အဇ္ဇုတ္တရဲ့ ခေါ်ဆောင်ရာနောက်မှာ

အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ လွဲသွားတယ်...

အဲဒါက သူတို့အတွက် ပြက်လုံး

ငါ့အတွက်တော့...

တစ်သက်လုံးမဖြည်နိုင်တဲ့ ဆက်ထုံး

ခန္ဓာဗေဒကို သုံးစွဲနေရတာချင်းအတူတူ

သူတို့တွေရဲ့ အသံက တဆိတ်ဆူလွန်းနေတယ်...

ငါ ဘာမှ မပြောဘဲနဲ့တောင်

ငါ့အသံတွေ ငါ့နားထဲမှာ ပဲ့တင်ပြန်လာနေကြ

တစ်ခါတစ်လေတော့လည်း...

တောင်ပံတွေ ခတ်ရတာ... ပင်ပန်းလွန်းတယ်.....

~~~~~~~~နရီ~~~~~~~~~

တစ်ချက်မွန်းပြီး နှာခေါင်းပေါ်ခဲ့တာတောင်

မြောင်းထဲမှာ ပျော်နေတုန်း

ရေစီးထဲမှာ မျောနေတာတောင်

တက် ကို မြင်ယောင်နေမလား...

အတွေးက ချုံးပွဲချ

ခန္ဓာက ဟားတိုက်လှောင်ပြောင်

အလင်းရောင်ကို မမြင်ရသေး

ဘယ်တော့မှလည်း မမေးတတ်တဲ့ အသိ

ရင်ဘတ်ကို လှစ်ဟလိုက်တော့

ရင့်ကျက်မှုက သုည

ဘဝင်စိတ်တွေ ခုန်ချသွားတဲ့

အတ္တ ချောက်ကမ်းပါးထဲ

ဆင်ခြင်တုံတရားတွေ အရည်ပျော်ဆင်း

တစ်ခုခု လစ်ဟင်းနေသလား...

အတိတ်ကို စီးနင်းခဲ့တာတောင်

အနာဂါတ်ကို ယုန်ထင်ကြောင်ထင်

ပစ္စုပ္ပန်ကို မငြိုငြင်ဖို့

အိပ်မက်တွေကို မြှုပ်နှံဖို့ လိုပြီ....

တစ်စက္ကန့်ဆိုပေမယ့်လည်း

ပဉ္စလက်လို...

ခြေဖဝါးတွေ သွေးခြေဥခဲ့ပေမယ့်

အတွေးတွေက မနုခဲ့ဘူး

မျှောလင့်ချက်ကို ခေါ်ဆောင်လို့

အနားမှာ ကယောင်ကတမ်း

အာရုံတွေနဲ့ မှန်းဆနေရတာနဲ့တင်

ဇရာဆိုတာက နီးသထက်နီးလာ

ဤခရီးမှာလေ....

ဘယ်သူတွေပဲ ဟန်ဆောင် ဟန်ဆောင်

ကိုယ်တိုင်က အဓိက ဇာတ်ကောင်ပါပဲ...။ ။

ဘုံနန်းစံရန် မထိုက်သူမို့...

အပြစ်တော် တင်လည်း ခံဝံ့ပါသည်

အချစ်တော် ၀င်လည်း စံဝံ့ပါမည်

ရင်နင့်အောင် ပြုချင်လည်း ပြုပါလေ…

ရင်မနာပါလေ ထာဝရဖက်တွယ်ကာထား

သက်လှယ်အနားက တစ်ဖ၀ါးမခွာ

သနားမညှာ တမင်စိမ်းလည်း

ရင်ခွင်ယိမ်းနွဲ့ မတိမ်းတတ်လေသူ

နွေအပူကဲပါလို့ မျက်ရည်ပင် ၀ဲစေ

ရွက်ကြွေနေတဲ့ တောမှာသက်သေအဖြစ်

(ကဗ္ဗည်းမတင်ဝံ့ပါသော်လည်း)

အမျက်ကိုဖြေ ပြေပါစေကြောင်း

ဝေဒနာတွေ ဗြောင်းဆန်လို့ နေရင်လည်း

အကြောင်းကံနည်းလို့ ရင်ကွဲတယ်ပဲ ထားပါလေ…

ထားရာနေ စေတသိတ်ရယ်ကြောင့်

နေအရိပ်ကိုလည်း မမျှော်မှန်းဝံ့ပါဘူး

တော်သင့်ရာမှာမူးလဲ အရူးပဲလို့ ဆိုချင်ဆို

ငိုချင်လည်း ငိုမိမယ်လေ…

သွေဖယ်လို့ ပျက် ရင်ဘတ်ထဲမှာ ရတက်မီး

(သို့ပေမယ့်)

ဘယ်ခါမှ မပျက်စီးတဲ့ တစ်နေရာ

သခင့်အတွက် အသေအချာ ချန်ကာထား

သံသရာမှာ အမှားဖြစ်ခဲ့ရင်တောင်

အသစ်တစ်ဖန် လောင်မြိုက်ခံဝံ့ပါရဲ့

အခုတော့လေ…

သခင့်ရင်ခွင် ဘုံနန်းထက်ဝယ်

ကံမလှလို့ မှိန်နေသဖြင့်ပေါ့

စံရဖို့ အချိန် မသင့်တော့လို့သာ….။ ။

@@@@@လွန်း@@@@@

တမင်သတ်သတ် ရစ်ပတ်လို့ထား

အဲဒါ ... အချစ်တဲ့လား ဟင်

မရုန်းချင် တွယ်ငင်တဲ့ နွယ်တစ်ခက်လို

မွန်းကြပ်တဲ့... ရင်။

သံယောဇဉ်...

တကယ်ပင် ချည်နှောင်တဲ့ သည်ကြိုး

ပြန်ပြောရင် သမရိုးမကျတဲ့အရာမို့

သမုဒယရဲ့ လောင်မြိုက်ခြင်းလို့ အမည်တပ်

ဒြပ်မဲ့တဲ့ ဖြစ်အင်...။

ပျက်အစဉ်...

နှာခေါင်းသွေးတွေပင် လျှံပါစေတော့

လူးကာ လွန့်ကာ တိမ်းကာ ယိမ်းကာနဲ့

အဝေးသို့ပျံပါလေသော ငှက်ငယ်သို့...

အရည်စို့တဲ့ မျက်ဝန်းတစ်စုံကို ပြန်ကာကြည့်ရင်ဖြင့်

အပြစ်တော်တင် ဘဝင်မရဲတဲ့သူပါလေ...

ဝဋ်ကိုပင် လည်စင်းကာ ဆပ်ပါရစေ။

မြွက်ဟလို့ခြွေ...

သံစဉ်မပီလေသည့် သည်စကား

ဘယ်တော့များမှ မကြားနိုင်သော်ငြားလည်း

ထားရဲလို့ ထားခဲ့။

အပြစ်ဖွဲ့တဲ့ လမ်းခွဲမှာ

လွမ်းရဲကာ လွမ်းရရင်ဖြင့်

နှုတ်ဆက်ခွင့်ကိုမှ မပိုင်သူ

နိုင်တော်မူ အရှုံးပေးထားပါလျှက်

နွေသက်လို့ သေတဲ့ ဆောင်းပမာ

နှောင်းရက်တွေ လွန်.. လွန်ပါသော်လည်း

ငြိတွယ်ဆဲပါ...။

မခေါ်သာ...မပျော်ရှာ

တော်ရာ ဟိုအဝေးမှာဖြင့်

တစ်ပင်ချင်း တစ်ရစ်ခြင်း

မာန်တင်းကာ ဖြတ်ပါသော်လည်း

သံယောဇဉ်ကင်းသည့်ကိုယ်

တပည့်တော် ဖြစ်လိုပါလျှက်

အို...

ရုန်းထွက်ဖို့ ခက်ရန်ကော...။ ။

တံလျှပ် ခြွေတဲ့ ရေ


ရစ်ပတ်တယ် မဆိုထားနဲ့
အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့တာတောင်
အထပ်ထပ် ချည်နှောင်လိုက်တဲ့ ကြိုး
သံယောဇဉ်ကို ငါ မခိုးခဲ့ပါဘူး
ငါ့ဘာသာ တိတ်တဆိတ်နဲ့ မြတ်နိုးနေမိတာ
ဘယ်သူက မာယာနဲ့ သွေးဆောင်ခဲ့လို့လဲ...။

ရင်ကွဲတယ် ဆိုရုံနဲ့လည်း
ရင်ခွဲရုံက လူသေကောင်လို...။
အဲလောက်ထိကိုလည်း
...။

ဒါဟာ
အချည်းနှီး ပေးဆပ်လိုက်ရတဲ့ အရင်းအနှီး
ကြေးကြီးတဲ့ အလောင်းအစားမှန်းလည်း သိလျှက်
ဘဝတစ်ခုလုံးနဲ့ ပုံပြီး အလဲအထပ်ပြုခဲ့တာ...။

တစ်ဖက်သက်...
ယုံမှတ်ခဲ့မိတဲ့ ရင်နံရံ အတွင်းသားတွေက
အပ်နဲ့ ဆွထားသလို...
သည်းခြေယိုစိမ့်ထွက်တဲ့ အက်ကြောင်းတစ်ခု
တမင်သက်သက် ပြုစားခံလိုက်တဲ့
အတုအယောင် ပုံရိပ်တစ်ချို့အတွက်
အဲဒီ တံလျှပ်ကလည်း
ဒြပ်မဲ့တဲ့ အရာ...
ဖမ်းဆုပ်ဖို့လည်း မကြိုးစားရပါဘဲနဲ့
တစ်သက်စာ ကျောက်ချရပ်နားခဲ့တယ် ဆိုရင်...။

လေချဉ်တက်တဲ့ ပင့်သက်တစ်ခုက
ရင့်ကျက်ချင်ဟန် ဆောင်ထားမှန်းလည်း အသိ
လျှပ်တပြက် ငြိတွယ်သွားတာမျိုး
လေပြေကတော့ တိုးတိုးတိတ်တိတ်
မုန်တိုင်းထဲမှာ ငါက အိပ်ငိုက်သွားခဲ့တာလား...။

ငါ့ဘက်က ရိုးသားပေးချင်ပါတယ်
ဒါပေမယ့်
ငါ့ရဲ့ ထိန်းချုပ်မှုကိုမှ ငါမပိုင်
မျက်ခွံတွေကို မနိုင့်တနိုင် ပင့်တင်ထားပြီးမှ
(အတင်းကြီး)
မျက်စိကို စုံမှိတ်ပစ်လိုက်ရတာမျိုး
အင်း... ဆိုးလိုက်တာ။

နွေကို ခဝါချထားကာမှ
ဆောင်း သက် လို့ ကြွေရတဲ့ မျက်ရည်
ဒါဟာ ပဉ္စလက်...
အဲဒီ လှည့်ကွက် ရိုးရိုးလေးမှာတောင်
ငါ့နှလုံးသားက အထင်ကရနဲ့ အရည်ပျော်သွားခဲ့တာပါ...။ ။

ချစ်သူ သိစေ...

ငါ့ရဲ့ ခံစားချက်တွေက ခပ်ပြင်းပြင်း

အဲဒီနှလုံးသားက စပ်ဖျင်းဖျင်းနဲ့

မနက်လင်းတိုင်းရဲ့ ဝင်သက် ထွက်သက်

ကန့်သတ်ချက်တွေနဲ့ ကြီးပြင်း

နိစ္စဓူဝ စီးနင်းနေရတဲ့ ယန္တရား

ပစ္စုပ္ပန်က ဘယ်မှာ လမ်းသလားနေလဲ...။

(ညမွေးပန်းတို့လည်း ရနံ့ပြယ်တော့မယ်)

ချစ်သူရေ...
နေရောင်ခြည် ဆမ်းရုံနဲ့
ပွင့်လန်းနိုင်မယ်လို့ ထင်သလား
မင်းရဲ့ မေတ္တာရေစင်ပက်ဖျန်းပေးမှ
ဖူးငုံခွင့်ရမယ့်သူ...
ဒီနေ့
နေပူတယ် ချစ်သူရယ်...။

မြင့်မိုရ်ကို ဖြိုပြီး ဓူဝံကြယ်ကို ဆွတ်ခူး
ငါ့အချစ်က အဲလောက်ကြီး မထူးဆန်းဘူး
မင်းရဲ့ နူးညံ့တဲ့ နှလုံးသားမှာ
ပကာသနတွေ မပါရင် ကောင်းလိမ့်မယ်...။

ငါ ချစ်တတ်တယ်...
ငါ ချစ်ခဲ့တယ်...
ငါ ချစ်ခွင့်ရှိသလောက်
ငါ့အချစ်တွေ အကုန်ပုံအောပြီး
င့ါရင်ဘတ်ကြီး တစ်ခုလုံးနဲ့
မင်းကို ချစ်မယ်
အဲဒါဆို
လုံလောက်တယ် မဟုတ်လား...။

မင်းရဲ့ နွေးထွေးတဲ့ လက်ဖဝါးလေးတွေကို
တယုတယ ငါ ဆုပ်ကိုင်ထားမယ်
မင်းရဲ့ ဝဲလွင့်နေတဲ့ ဆံနွယ်လေးတွေကို
ညင်ညင်သာသာ ငါ ဖြီးသင်ပေးမယ်
မင်းရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းလေးကို
တရှိုက်မက်မက်.....
မင်းရဲ့ နူးညံ့တဲ့ မွှေးညှင်းလေးတွေကို
ငါ့ထွက်သက်နဲ့ အေးမြစေမယ်
ငါချစ်တဲ့မင်း ပျော်ရွှင်စေဖို့အတွက်
ငါ့ရင်ဘတ်ကို လမ်းခင်းထားတယ်
မင်း နင်းလျှောက်ပါ...
(ညင်သာစွာ...)။

နေပူထဲမှာ အကြာကြီး ရပ်နေခဲ့ရတဲ့ငါ
အခုမှ အရိပ်ကို တွေ့ခွင့်ရတာပါ
မင်းက လှိုက်လှိုက်လှဲလှဲ ဆီးကြိုပါ ချစ်သူ
မင်းရော နေပူသွားမလား...
ငါလေ
တစ်ခါတစ်လေမှာ
မင်းကို အားနာမိတယ်...။

ချစ်သူသို့ တမ်းတမိသော ကဗျာ

ချစ်သူရေ
မင်းမရှိတဲ့နေ့
မင်းမရှိတဲ့ ည
ငါ ဘယ်လို အသက်ဆက်ရှင်ရမလဲ...။

အရာရာ ခြောက်ကပ် တိတ်ဆိတ်
နှလုံးသားက အထိတ်တလန့်
ငါ့ရဲ့ အိပ်ရေးပျက် မျက်ဝန်းတွေမှာ
ကြယ်ရောင်မဖြာ လမင်းကို ရှာမတွေ့
လေပြည်တွေလည်း ဆိတ်သုဉ်း
ဝန်းကျင်ကမ္ဘာ အမှောင်ဖုံးလို့
ညလုံးပေါက် အလွမ်းတွေနဲ့
အလုပ်ပျက် မနက်ခင်းတွေ
သက်ပြင်းတွေ အခါခါ ခြွေလို့
နွေသက်ဆင်းတဲ့ ရင်တစ်ခု
ပူလောင်မှုတွေနဲ့ ကျွမ်းလောင်
တစ်နေ့လုံး ကယောင်ကတမ်း
အဲလိုလည်း မလွမ်းရဲဘူး မေ...။

မင်း မရှိတဲ့ ဒီအချိန်
မင်း မရှိတဲ့ ဒီနေရာ
ငါတစ်ယောက်တည်း...
အလိုလိုနေရင်း ဝမ်းနည်းတတ်လာတာ
အဲဒါ တကယ်....။

ကွယ်လုလု နေလုံးကြီးနောက်
ငါ့စိတ်တွေ ကောက်ကောက်ပါ
အဲဒါလည်း တကယ်....။

မကွယ်မဝှက် ဖွင့်ဟမြွက်ဆို
ငါ့မျက်ရည်တွေ ယိုစီးကျနေတာ
အဲဒါဟာလည်း တကယ်....။

အမှန်တကယ် မင်း မရှိလို့
မင်း မသိတဲ့ ဝေဒနာတွေ တိုက်စား
ရင်ဘတ်ထဲမှာ ခါးသက်နေတာ
တစစ်စစ်...။

ကိုယ်တိုင် ကုတ်ခြစ်လို့ မရတဲ့
အဲလို ယားယံမှုမျိုးနဲ့
အဲဒီ အတွင်းသားနံရံတွေက
အပ်နဲ့ ဆွထားသလို...။

အို.......
တကယ်ကို ငိုနေမိပြီလား
အဲလောက်ထိကို ချစ်နေရတာ
အဲဒါတွေ အားလုံး အမှန်တွေပါ...။

ခနတာလေး ဝေးနေရတယ် ဆိုပေမယ့်
တစ်ညတာဝေးတဲ့ ကိန္နရီ ကိန္နရာ
စာနာပါတယ်လေ...။

မင်း မလာလည်း မျှော်..
မင်း မသိလည်း
ရင်ကွဲမတတ် အော်ခေါ်နေမိတာ
မင်း ကြားနိုင်လေမလား....။

မင်း မရှိတဲ့ ကမ္ဘာ
မင်း မပါတဲ့ အရပ်
ငါ တစ်ယောက်တည်း
ဘယ်လို ခရီး ဆက်ရမှာလဲ ချစ်သူရယ်...။ ။

ချစ်သူသို့ တမ်းတမိသော ကဗျာ (၂)

ချစ်သူရေ...

မနေ့ညက ငါ

မင်းကို သတိရတဲ့စိတ်နဲ့

တစ်ညလုံး ပိုးစိုးပက်စက်

မိုက်မိုက် မဲမဲ...

ကမ်းကုန်အောင် လွမ်းပစ်လိုက်တယ်

ရင်ဘတ်ထဲမှာ တစစ်စစ်

တလှပ်လှပ်...

နှလုံးသားက မိုက်ကနဲ

ဦးခေါင်းတွေ အုံခဲလာတဲ့အထိ

အို.....

မင်းမရှိဘူးဆိုတဲ့ အတွေး

ငါ့စိတ်ကူးလေးတွေ မှေးမှိန်

သေးသိမ် ကျဉ်းမြောင်းလာတဲ့ ငါ့ကမ္ဘာကြီး

မွန်းကြပ်...

အလိုလိုနေရင်း ရှိုက်သံတွေ ထွက်ကျ

မနက်ဖန်လေ...

နေရောင်တွေ ပျောက်ရှမလား

မြောက်ပြန်လေက တဖြူးဖြူး

ငါ့ရင်ဘတ်ထဲမှာ ဆူးစူးလို့

အရူးအမူး...

အရုဏ်ဦး မလာခင်လေး

တစ်ကိုယ်တော် ငါလွမ်းဆွေးမယ်

ဝမ်းရေးရယ်ခက်...

မနက်ရောက်မှာ ကြောက်မိတယ်

စိတ်နဲ့ ခန္ဓာ ခွဲထွက်

အလိုလိုနေရင်း ကွဲအက်လာတဲ့ ခံစားချက်များ

ခါး....သီး

တစ်လောကလုံး နားငြီးလောက်အောင်

ငါ့ရင်ထဲက ပူလောင်တာတွေ အော်ပစ်လိုက်ချင်တယ်

မင်း သိနိုင်မလား...

ချစ်သူရယ်...

ခေါင်း ခါး ခြေ လက်

အသည်း ကလီစာတွေ ပေါက်ထွက်မတတ်

အလွမ်းတွေ ညောင်းညာ နှိပ်စက်လို့

ငါ ဒီတစ်ည အိပ်ရေး ပျက်ရပြန်ပြီလေ...

ချစ်သူသို့ တမ်းတမိသော ကဗျာ (၃)

ချစ်သူရေ...

ဒီတစ်ညလည်း

မင်းက လာနိုင်ခဲပါဘိ...။

(သတိရတိုင်း

ပန်းပွင့်တွေစု

တယုတယ

သိမ်းဆည်းထားရင်

ဟိမဝန္တာ

တစ်ကမ္ဘာလုံး

ပန်းတွေ ဖုံးလိမ့်မယ်...)

...တဲ့။

ဖတ်ဖူးတဲ့ ကဗျာ

ငါ့ရင်ထဲမှာ ကန္တာထွန်း

မင်းဆီရောက်ဖို့ လွန်းပျံယာဉ်

ဟမ်း...။

ငါ့ဦးနှောက်တွေ ဘေးစင်ထွက်လို့

လေးပင်တဲ့ ခြေလှမ်းတွေ

နွေစမ်းရေကို တမ်းတ

မှန်းဆလာခဲ့တယ်...။

ကမ်းပါး...

ငါ့အနားမှာ... မင်းမရှိလို့

အားအင်တွေ ချိနဲ့

အသိမဲ့စွာ ပြုန်းတီး...။

တကယ်တော့လည်း

အထီးကျန်တယ်ဆိုတာ

အကျည်းတန်ပါတယ်လေ...

အဖေ(တိတ်တဆိတ် တမ်းတမိသော)

အဖေ...
ကျနော့်ဘဝ နွေထဲမှာ...။

ပြန်မလာနိုင်တော့တဲ့ ခရီး
အဖေတစ်ယောက်တည်း စီးနင်းလို့ထွက်ခွာ
ကျနော်တို့ မိသားစုမှာတော့
ရွှေတောင်ကြီး ပြိုလဲ သွားသလိုမျိုး
ဟိုတုန်းက ဆိုးခဲ့ဖူးတဲ့ ကျနော်
ညီမတွေကို အော်ငေါက်
ဆေးလိပ်သောက် အရက်ကြိုက်
ဖဲမရိုက်တတ်တာက လွဲရင်
မိသားစု ငြိုငြင်အောင် မိုက်ခဲ့တာ
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု
အဖေ စနစ်တကျ ပြုစုပျိုးထောင်
ကျနော့်ကြောင့် မိုးမှောင်တွေ ကျခဲ့ဖူးတယ်
မရှိမဲ့ ရှိမဲ့
အဖေ့အိပ်ကပ်ထဲက ပိုက်ဆံ
ကျနော်တို့ ဆိုင်ထိုင်တော့ နည်းလိုက်တာ....။
မိသားစုအတွက် အဖေရှာသမျှ
ကျနော့်အတွက် မလောက်မငှဖြစ်ခဲ့
ညီမနှစ်ယောက်ရဲ့ ရှေ့ရေး
ကျနော် တစ်ခါမှ ထည့်မတွေးခဲ့ဘူး အဖေ...။
အိမ်မှာ ဖြစ်ချင်တာ ဖြစ်
အမေ စိတ်ညစ်မှာလည်း မကြောက်
ကျနော့်ဘာသာ သွေးနားထင်ရောက်ခဲ့တာ
လိုချင်တာ တစ်ခုတည်း အတွက်
အရာရာကို မျက်ကွယ်ပြုလို့...
အခုမှ မျက်ရည်စို့တယ်ဆိုရင်
အဖေ လှောင်ရီလေမလား...။
အားလုံးကို အဖေ စွန့်ခွာသွားမှ
လောကဓံက ၇က်စက်တတ်မှန်း
မျက်ကန်းကျနော် သိခဲ့ပြီ အဖေ...။
အမေနဲ့ ညီမတွေကို ပစ်ပြီး
ရေမြေရပ်ခြားမှာ စီးပွားလာရှာတဲ့ကျနော်
အဖော်မရှိ တစ်ကိုယ်တည်း
ခရောင်းလမ်းမှာ စမ်းတဝါးဝါး
အဖေ့ရဲ့ အားပေးစကားနဲ့
ခွန်အားတွေ လိုအပ်နေတယ် အဖေ...။

အမေနဲ့ ညီမတွေရဲ့ အဝေးမှာ
ကျနော် မပျော်ရှာပေမယ့်
အဖေသာ အနားက ဖေးမပေးနေမယ်ဆိုရင်.....။ ။

ဇာခန်းစီး၏ နောက်ကွယ်

သူမကြင်နာလို့ ကိုယ်စိမ်းလိုက်ရတယ် ဆိုပေမယ့်
လူမမြင်ကွယ်ရာမှာ ဘယ်သူစိမ်းတွေနဲ့ ...

နင်..

ဂိမ်းတွေပဲ ဆော့နေတော့မှာလား
မျက်လုံးတွေလည်း ဝေဝါးနေပြီ...

နင့်ကို ပေးတပ်ဖို့ မျက်မှန်တစ်လက်
မနက်ဖန်မနက်မှာ နင် မျက်နှာသစ်ရအုံးမယ်လေ...

နင်...

အဲဒီလို ပေးဆပ်မှုမျိုးနဲ့တော့
အဲဒီ ပျော်ရွှင်မှုမျိုးကို မတပ်မက်သင့်ဘူး...

နင်စွန့်လွှတ်ခဲ့ရတဲ့ ဂုဏ်သိက္ခာအတွက်
လူတစ်ချို့တော့ မျက်ကွယ်ပြုတန်ကောင်းရဲ့...

နင်...

အဲဒီလို ရပ်တည်မှုမျိုးနဲ့တော့
အဲဒီဘက်ကို နင် မယိမ်းယိုင်သင့်ဘူး...

တစ်ခါတုန်းက ရင်းနှီးခဲ့တဲ့ ရင်တစ်ခုက
တိတ်တဆိတ် ပြက်ရယ်ပြုနေမှာကို...

နင်...

တစ်ဖက်ကို မကြည့်ချင်တော့လို့
အခြားတစ်ဖက်ကို မမြင်နိုင်တာမျိုးလား...

ရိုးရိုးသားသား
(ဘာလို့ နားတွေကို ပိတ်ထားရတာလဲ...)

နင်...

ဟောဒီ ရင်ဘတ်ထဲက ပေါက်ကွဲသံစဉ်တွေ
ဟောဒီ ဘယ်ဘက်တစ်ခြမ်းမှာပဲ...

မနာလို မဖြစ်နဲ့နော်
သူ့ဘက်ကိုချည်းပဲလည်း မတွေးပေးနဲ့...

နင်...

နင် ရစ်ပတ်ခဲ့တဲ့ ကြိုးတစ်ခွေကို
နင် ပြန်မဖြည်ချင်တော့ဘူး ဟုတ်...

ငါ့ကို တစ်ကြိမ်လောက်တော့ နှုတ်ဆက်သင့်ပါရဲ့
ငါ့လက်ထဲမှာ သံယောဇဉ်...

(အခိုးအငွေ့...)။ ။

ရင် ... ခတ် ... ပန်း

(ရင်ခက်ပန်း)

မင်းဆီမှာ နေ့
ငါ့ဆီမှာ ည
လွဲချော်မှုတွေက
အဲဒီကနေ စခဲ့တာပဲ...
မင်းကလည်း ကမ္ဘာဟိုတစ်ဖက်ခြမ်း
ငါကလည်း သည်မှာဘက်ကမ်း
တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက
ဒီလိုပဲ တခန်းရပ်ရမလား...
အကြိမ်ကြိမ် လွဲမှားနေရခြင်းထက်
ဒီတစ်ခါ လွဲချော်မှုက
ငါ့ရဲ့ ရုပ်ခန္ဓာကိုသာမက
စိတ်ကိုပါ ဒဏ်ရာတွေနဲ့
အနာတရဖြစ်စေမလား...
ငါ ဝမ်းမနည်းချင်ဘူး
မင်းလည်းလေ လွမ်းရဲ့ပါအခု
ငါတို့ လျှောက်မယ့်လမ်းက
လွဲချော်နေမှုဆိုရင်လည်း

ချစ်သူအိမ်အမိုးနောက်၌ လ ပျောက်ခဲ့ခြင်း(နောက်ဆက်တွဲ)

သံယောဇဉ်၇စ်ပတ်ခဲ့တဲ့
အတိတ်နယ် ကာလများဆီ
ပြန်ပြန်ပြီး မျှော်ကြည့်လိုက်၇င်
မနေ့ကလိုပဲ အ၇ိပ်ထင်နေဆဲ
နှလုံးသား၇ဲ့ အိုအေစစ်
နွေနေမင်း၇ဲ့ ဆည်းဆာ
စွဲလန်းစွာ မက်ခဲ့ဖူးပြီ
စိတ်လွင်ပြင် အိပ်မက်များ
အခုဆို၇င်...
ခါးများ ခါးသွားပြီလား...
တစ်မြေခြားတဲ့အဝေးမှာ
ဘဝကို ထုဆစ်ဖို့
အုတ်မြစ်တစ်ခုကို လာချတုန်း
သုံးမိုး သုံးနွေလွန်မှ
ငါချစ်တဲ့ ဆ၇ာမလေးဆီ
ပြန်၇မည်မျှော်လို့
ခေါ်သံ သဲ့သဲ့နဲ့လိုက်၇ှာ
စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခု
၇ှာဖွေလို့ဖြင့် မုချတွေ့ပါ၇စေ...။

ဘုန်းနိုင်ေ၇းတဲ့ လွမ်းချင်း
ချစ်သူ့အိမ်အမိုးနောက်၌ လပျောက်ခဲ့ခြင်း...တဲ့
ခံစားချက်နဲ့ အတွေး
ဦးနှောက်ကို အလုပ်ပေးသွားတယ်...

Wordsworth ၇ဲ့ Lucy
နှစ်ကာလ ကြာ၇ှည်မှ
ဖူးငုံနေသည့် မျှော်လင့်ခြင်းပန်း
မလန်းဝင့်ခင် နွမ်းလင့်ပြီင်္
လေနီိ၇ိုင်းကစားလို့
ကံကြမ္မာ၇ထားမှောက်
သေမင်း၇ဲ့ ထောင်ချောက်မှာ
လောကကို စွန့်ခွာလို့
ထါဝ၇ ငြိမ်းချမ်းခြင်းနဲ့
ဟိုအုတ်ဂူ သုဿာန်လေးမှာ
မှေးစက်၇ှာပြီ...။

ငြိမ်းသူ လည်း တစ်ကိုယ်ဆွေး
အလှမ်းဝေးတဲ့ လွမ်းနွယ်
ပန်းစံပယ် ငုံစဉ်ကတည်းက
ဥယျာဉ်မှူးလို ယုယခဲ့ပေါ့
နမ်း၇ှိုက်ဖို့ မ၇ဲလို့
နှစ်တွေတောင် ချို့ခဲ့၇
သုံးနှစ်ဆိုတဲ့ ကာလတိုက်စား
အခြေအနေတွေ ခြားခဲ့ပြီ
မျှော်လင့်ခြင်းကြီးစွာနဲ့ အလာခ၇ီး
၇င်နင့်ခြင်းနှင့် ဆီးကြိုလို့
နှောင်းခဲ့တဲ့ အချိန်ကာလမှာ
ပြောင်းလဲခြင်းဆိုတဲ့ သဘာဝကြောင့်
ချစ်သူသည် ဖူးစာဖက်နှင့်
ပျော်နေခဲ့ပြီ...။

ငါ၏၇င်ခွင်အိပ်မက်ေ၇ာ
ပျက်ယွင်းသွားမှာလား
ဥယျာဉ်မှူး ပန်းမခူး၇
စောင့်စည်းခဲ့၇တဲ့ သိက္ခာတ၇ား
နောင်တခါးခါးတွေဖြစ်လာခဲ့ပြီ...။

အတိတ်၇ဲ့ လွင်ပြင်ထဲမှာ
ငါ...မျောပါကျင်လည်ခဲ့စဉ်တုန်းက
အသုံးမကျတဲ့ အသိဉာဏ်ကြောင့်
ချစ်သူနဲ့ တွေဖို့ နောက်ကျခဲ့၇
စောင့်စားခဲ့၇တဲ့ နှစ်များစွာ
ငါ... ဘာတွေကို ဖြတ်သန်းခဲ့၇လဲ
ငါ့၇ဲ့ မျှော်လင့်ခြင်းမှတ်တမ်းမှာ
မျက်၇ည်မင်တွေစွန်းပေလို့
၂ဝဝဝ ပြည့်နှစ်များဆီကနေ
ဆယ်ကြိမ်မြောက် နှစ်သစ်ကူးခဲ့
အသက် တစ်ဆယ့်ခြောက်နှစ်
အထက်တန်းကျောင်းသူဘဝ
ငါ... မြတ်နိုးခဲ့၇သူ
အခုဆို...
မူလတန်းပြ ဆ၇ာမလေး
နှစ်ဆယ်ခြောက်ကြိမ်မြောက်မွေးနေ့ကို
သူမ...နွေးထွေးစွာ ကြိုခဲ့ပြီ...
နှစ်ပေါင်းများစွာ ကြာခဲု့ပါလျှက်
မိုင်ပေါင်းများစွာ ခြားထားလျှက်က
ငါ့၇ဲ့ ဦးနှောက်မှတ်ဉာဏ်မှာ
နေ၇ာယူလို့ထားတုန်း
မျှော်လင့်ခြင်းနဲ့ အိမ်ပြန်ချိန်
လွမ်းနွယ် လိုများ
အို... ဘု၇ားသခင်
ကျွနုင်္ပ် ဘယ်လို ဆက်လက်၇ှင်သန်၇ပါ့..
အိပ်မက်ေ၇းေ၇းလေးနဲ့ ၇ပ်တည်နေခဲ့
မျှော်လင့်ချက်များစွာ
ဟာတာတာ ၇င်ခွင်
ကြမ္မာများ ငင်ခဲ့၇င်ဖြင့် 
သူမ၇ဲ့ အမုန်း
ငါ၏ ဘဝကို အဆုံးသတ်လိမ့်...
ိစိတ်၏ခြေ၇ာနောက်
တကောက်ကောက်လိုက်၇င်း
နောက်ကောက်ကျခဲ့၇တဲ့ နေ့စွဲများ
လွဲချော်မှုတွေကြားမှာ
အမှားတွေများ ပါခဲ့၇င်
သူမ နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလား...

ဆုံး၇ှုံးခြင်းဆိုတဲ့ ၇လဒ်
အိပ်မက်တောင် မက်ဖို့မ၇ဲ
အထီးကျန်ဆန်တဲ့ နယ်မြေထဲမှာ
ငါ့ဘဝ အကျည်းတန်လို့
ချို့ယွင်းချက်တွေ...
အိပ်မက်တွေကို ဖျက်ချေမွ
(ကိုယ်တိုင်)...၇င့်ကျက်လာခဲ့ပြီးမှတောင်
နှလုံးသားမှာ အနာမကျက်
နေ့စဉ်၇က်ဆက် အလွမ်းတွေနဲ့ ကျင်လည်
သူစိမ်းတွေ၇ဲ အလယ်မှာ
စိတ်ကူးတွေယဉ် အိပ်မက်တွေမက်
မျှော်လင့်ချက်တွေက ၇ှင်သန်မြဲ
၇ှင်သန်လို့ နေဆဲပါ...။

သေချာတာ တစ်ခုက
၇ူးသွပ်၇ုံသက်သက် မဟုတ်ဘဲ
အမြစ်တွယ်နေတဲ့ နှောင်ကြိုး
မကျိုးပြတ်နိုင်တဲ့ သံယောဇဉ်
တည်ငြိမ်နေတဲ့ နှလုံးသားနဲ့
၇ိုးသားစွာ မြတ်နိုးတာမို့
အဆိုးထဲက မျှော်လင်းခြင်းပန်း
ငါ့အတွက် ပွင့်လန်းနိုင်ပါစေ...
တောင်းဆုခြွေ၇င်း
ကိုယ်တိုင် မပေးဖြစ်လိုက်တဲ့
မွေးနေ့လက်ဆောင်
ကံကြမ္မာေ၇...
ေ၇ာက်အောင်ဆောင်ကြဉ်းပေးပါ...

၇ာစုအသစ်တစ်ခုမှာ
သူမ ၏မျက်နှာလေးကို
အနီးကပ်မြင်ခွင့် ရ ရပါလို၏...။ ။

ဖြစ်တည်မှု အဇ္ဇုတ္တ(ဝန်ခံခြင်း)

ခွင့်လွှတ်ခြင်းဆိုတာ
မေတ္တာတရားရဲ့
အခြေခံ စိတ်ထားပါ...
ဒါကို မသိခင်
ငယ်စဉ်က
ခွင့်လွှတ်ခြင်း ဆိုတာ
အရှုံးပေးခြင်းပဲ လို့
ထင်ခဲ့တယ်.....။

ကလေးတစ်ယောက်ရဲ့
နုနယ်တဲ့ ရင်မှာ
ခွင့်လွှတ်ခြင်းရဲ့
ငြိမ်းအေးမှု ရောက်မလာဘဲ
သိမ်ငယ်ကြောက်မက်ဖွယ်
အထီးကျန်မှုကိုသာ
ရခဲ့တယ်.....။

တစ်ယောက်တည်း
ငြိမ်းချမ်းတည်ငြိမ်နေတာ
မဟုတ်ပါဘူး
ဒါဟာ...
ကြောက်လန့်နေတာ
ရှက်ရွံ့နေတာ
တုန်လှုပ်နေတာ
အဲဒီ...
ငြိမ်သက်အေးချမ်းတဲ့
လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ
ကြောက်မက်ဖွယ်
ချောက်ကမ်းပါးကြီးတွေ
ရှိခဲ့တယ်.....။

ခွင့်လွှတ်ခဲ့တာလား
(ဟင့်အင်း...)
ဘယ်လိုမှ
တုန့်ပြန်ချေပနိင်စွမ်း မရှိလို့
ခေါင်းငုံ့ပြီး
အရှုံးပေးခဲ့ရတာ.....။

နူးညံ့ခဲ့တာလား
(ဟင့်အင်း...)
အရာရာကို
ဆုံးရှုံးရမယ်ဆိုတာ
သိနှင့်နေလို့
စိတ်ကို ဖော့ထားလိုက်ရတာ.....။

သည်းခံခဲ့တာလား

ပျောက်ဆုံး ဗီဇာ (သို့) ပြည်တော်ဝင်ခွင့် ၅


ချစ်ခွင့်မ၇ှိတဲ့သူကို
ချစ်ခွင့်မ၇ခဲ့သူတစ်ယောက်အနေနဲ့
ချန်ခဲ့သူ တမင်လွမ်းပေမယ့်
ကျန်ခဲ့သူ သခင်တမ်းမယ်လို့
မှန်းစိတ်ပင် ဘဝင်မ၇ဲတယ်ပေါ့
၇င်ဘက်ဟက်တက်ခွဲလို့ အဝေးကိုနှင်
အဆွေးပိုလျှင် တမင်ေ၇ှာင်ပုန်း
သည်တောင်ကုန်းကို မောင်မကျော်နိုင်
ပြည်တော်ထံ အပြန်ခက်ချည်၇ဲ့
သခင့်၇ဲ့ လက်ကမ်းအကြိုမှာ
၇ှက်၇မ်းပို ငိုမိမှာပေါ့
သည်တစ်ခါ မျှော်လင့်တော့လည်းလေ
အတွေးတွေ ဝင်ကာနှိပ်စက်
အိပ်ပျက်၇ ညပေါင်းလည်းများခဲ့ပြီ...
ပြည်နှင်ဒဏ်ခတ်တဲ့ သခင်ေ၇
မဲဇာမြေမှာ သည်ဖေတစ်ကိုယ်တည်း
တိမ်ညိုတွေ သည်းသည်းမည်းမည်းငိုချ
မြစ်ပြင်ကျယ်မှာ လက်ပစ်ကူး၇စေတော့
သည်တစ်ခါတော့ဖြင့်ကွယ်
သခင်မထံ အေ၇ာက်လှမ်းတော့မယ်လို့
စိတ်ဝယ် တထစ်ချ ဆုံးဖြတ်ပြီးကာမှ
(ကံကြမ္မာသွေဖည်လို့သာ၇ယ်)
ဗီဇာက ပျောက်ဆုံး...။ ။

ပြည်တော်ဝင်ခွင့် ၎

သတိရတယ် ချစ်သူ
နေပူလည်းလွမ်းတယ်
မိုးရွာလည်းလွမ်းတယ်
နှင်းကို မြင်ခွင့်မရတဲ့သူမို့
ဆောင်းမှာ မချမ်းပေမယ့်
လွမ်းတယ် လွမ်းတယ်
သုံးရာသီ မလွမ်းရလို့
နေပူပူ မိုးရွာရွာ
ဒီနှစ်ရာသီမှာပဲ ပတ်လွမ်းရင်း
အေးစက်ထုံကျင်နေတဲ့ နှလုံးသား
ခိုက်ခိုက်တုန်အောင် ချမ်းရှာပေါ့
ဘယ်တော့များမှ ဆောင်းရင်ခွင်မှာ
တဖန်ခိုလှုံဖို့ အခွင့်ရမှာလဲ...?

ပြည်တော်ဝင်ခွင့် (၂)


ဝေးကွာခဲ့ပြီ...

ရေမြေတွေခြား နိုင်ငံခြားမှာ
ခံစားချက်မဲ့ အသက်ဝိညာဉ်
သူပင်ပိုင်စိုး အိပ်မက်ခိုးသူ
မူယာနှင့်ဆွယ် မာယာကြွယ်သည့်
ချစ်ဦးသခင် ချစ်ဖူးချင်ခဲ့
သို့ပေမယ့်လည်း...

ဝဋ်ကြွေးကြမ္မာ ရက်စက်လာပေါ့
ညှာတာမှုကင်း ငါ့ချစ်ခြင်းအား
စစ်ခင်းကစား သနားမဖက်
လှည့်စားရက်သူ ရက်စက်မှတော့
ကွဲအက်အသည်း တစ်မြေတည်းမှာ
နေရဲပါဘူး...

စွန့်ခွာထွက်ပြေး ဟိုအဝေးမှာ
အလုပ်ရှာ၍ နေ့ရက်ကုန်စေ
ဒဏ်ရာပြေပြီး ဝေဒနာခမ်း
နှလုံးလမ်းမှာ ပန်းတွေဝေမှ
ငါပြန်ရမည်...

ပြန်မည့်ရက်မျှော် မပျော်ရှာဘူး
စူးဆဲရင်အုံ သည်းခြေယိုစိမ့်
ဟိုအတိတ်က အိပ်မက်သစ်ဖို့
နှစ်အချို့ကို ဘယ်လိုဖြတ်သန်း
မလွမ်းရဲပြီ...။ ။

ဗီဇာ(ပြည်တော်ဝင်ခွင့် ၁)

အသဲကွဲရပ်ဝန်းကနေ
ရင်ခုန်သံအသေတွေနဲ့
ငါ...
ထွက်ပြေးလွတ်မြောက်ခဲ့တယ်
စက်ရုပ်လို
အသက်မဲ့လှုပ်ရှားရင်း
ငါ့စိတ်ဓါတ်တွေရင့်ကျက်ကြီင်္းပြင်းဖို့
ယေဘုယျကွဲလွဲချက်တွေနဲ့
ငါ...
လွင့်ထွက်စီးနင်းလိုက်ပါ
တကယ်တော့လည်း
အချိန်ကာလဆိုတာ
သမားတော်အစစ်မှမဟုတ်ခဲ့တာ
ဒီတော့လည်း
ကြိုဆိုသူမရှိမယ့်
နှလုံးသားကင်းမဲ့ဇုန်ကို
ဘယ်လိုရင်ခုန်မှုမျိုးတွေနဲ့
ငါ...
ပြည်တော်ပြန်ဝင်ရမှာလဲ...။
တောက ကိုရင်

မိုးခါးရေ

အချစ်နည်းတဲ့ မိန်းမတစ်ယောက်ကို
မချစ်၇ဲတဲ့ ယောင်္ကျားတစ်ယောက်အနေနဲ့
စစ်ပွဲတစ်ပွဲ၇ဲ့ အနိုင်အ၇ှုံးလို
လက်နက်ကိုင် ယှဉ်ပြိုင်ဖို့ လိုအုံးမလား
မင်းကလည်း မာယာဓါးတစ်လက်နဲ့၇င်ဆိုင်
ငါကလည်း ၇ိုးသားမှု ဒိုင်းတစ်လက် ကိုင်ဆွဲ
အဲဒီပွဲအဖြေက ဝမ်းနည်းကြေကွဲခြင်းဆို၇င်...
ငါ့ကိုလေ နင် အပြစ်မတင်ပါနဲ့
ဘယ်သူ့ကိုမှလည်း မချစ်မကြင်နာခဲ့သူ
တစစ်စစ်၇င်မှာပူ အမုန်းတ၇ားကြောင့်
ချစ်ခွင့်ကို၇ှာသူ၇င်မှာ အငြိုးထားသလား
မင်းမှာ အချစ်နည်းသလို
ငါ... မချစ်ဘဲလည်း နေနိုင်တယ်လေ
မိုးခါးေ၇ကို မသောက်မိတဲ့သူ
လူတကာအလယ်မှာ ငါ အ၇ူး
သူများတွေထက် ထူးများနေသလား
အချစ်ကို ဆားခတ်သောက်
အထီးကျန်ခြင်းဆိုတဲ့ဝေဒနာပျောက်မယ်ဆို၇င်လည်း
ငါ့ဘာသာပဲ ဖျားနာမယ်
ခဲမှန်ဖူးတယ်ဆို၇ုံနဲ့
နှလုံးသားက ကွက်လပ်တစ်ခုအဖြစ်
တစ်သက်စာ လစ်ဟာသွားခဲ့တာလား
အချစ်က မာယာများတယ်တဲ့
ခပ်အေးအေးပဲ နေချင်တယ်
ကျေးဇူးပြုပြီး တံခါးလာမခေါက်ပါနဲ့
ချစ်၇မှာကို အလိုလို ကြောက်နေခဲ့တာ
ငါနဲ့ မင်း
ထပ်ပြီး စစ်မခင်းချင်ဘူးကွယ်
မြားနတ်မောင်က မလည်ဝယ်လို့
မချိန်၇ွယ်ဘဲ ပစ်လွှတ်ခဲ့မယ်ဆို၇င်တောင်
အဲဒီကောင်ကို ငါ ကျေးဇူးတင်မှာပဲ...

ငါက အကန်းတစ်ယောက်ဖြစ်ချင်ခဲ့တာကိုး....

တောက ကိုရင်

အလွမ်းမင်းသား


မလွမ်းတတ်လို့ အလွမ်းခက်တာလား
လွမ်း၇က်လို့ လှမ်းထွက်ခွာသလား
ကျွမ်းအသည်းက လွမ်း၇ဲတယ်ဆို၇င်တောင်
လမ်းခွဲမှာ အလွမ်းချည်းပဲ မပေးသင့်ဘူး
ဝမ်းနည်းတာ အ၇ိုးထဲကဆိုပေမယ့်
စွဲလန်းခဲ့သမျှ လမ်းခွဲကမျက်၇ည်နဲ့
နွမ်းလျလျနှလုံးသားကို ဆေး
အမုန်းများကို စတေးလိုက်ပြီလေ
အဝေးကြီးကို ပြေးပြီးမှ ပြန်မလာနဲ့
တေးညည်းကာ ကဗျာစပ်မယ် ကာ၇န်မဲ့အသည်း
တခါတခါ လွမ်း၇င်လည်း လွမ်းမယ်
မနွမ်းခင်က အကျွမ်းဝင်ခဲ့တဲ့ ချစ်ခြင်း
အလွမ်းဒဏ်သင့်ပြီး အလွမ်းပိုလှလို့
မကျွမ်းကျင်တဲ့နယ်မြေထဲ မျက်စေ့လည်ခဲ့၇တဲ့အဖြစ်
နောက်ဆုံး အလွမ်းကိုပင် ချစ်တတ်လာခဲ့
ဟောဒီ အလွမ်းနေ့၇က်၇ှည်တွေထဲမှာ
လွမ်း၇င်း လွမ်း၇င်း လွမ်းကာသာ လွမ်းနာကျ
အလွမ်းကိုမှ ခုံမင်တပ်မက်ခဲ့၇သူ
ပူလောင်မှုတွေကြောင့် အလွမ်းစာတွေနဲ့အမှာဆင့်
တစ်ကိုယ်တည်း အလွမ်းကမ္ဘာမှာ၇င်နင့်ခဲ့၇လို့
အလွမ်းကိုပင် ကမ်းပြိုတယ်ထင်ခဲ့
မလွမ်း၇ဲလည်း အလွမ်းထဲမှာနစ်မွန်း
ချစ်တတ်လွန်းသည့်၇င်က ၇ူးလောက်အောင်လွမ်းဆဲမို့
ကိုယ်တိုင်ေ၇းတဲ့ အလွမ်းဇာတ်မှာ
အဖော်မ၇ှာ အလွမ်းမင်းသား၇ယ်လို့
ကြေညာကာ လွမ်း၇င်းဖျားနာခဲ့...

အလွမ်းတွေ၇ဲ့ နှစ်ပတ်လည်
ဆယ်စုနှစ်တစ်ခုတောင် စွန်းခဲ့ပြီလေ...။ ။

<---ခရီး.--->

သူများထက် မထူးပေမယ့်
ခြားနေတာက အမှန်
မှားနေတာက ကံကြောင့်ဆို၇င်
အမှန်ပြင်ဖို့ အခွင့်၇ှိမလား...

အားနည်းချက်နဲ့ အသက်၇ှင်
ဘယ်နေ၇ာတွင်ပဲ ၇ပ်၇ပ်
သိမ်ငယ်မှုက အ၇ိပ်လို
တွယ်ကပ်နေတတ်တယ်လေ...

သေသေချာချာ ချိန်၇ွယ်ပြီးမှ
လေးညှို့ကို လွှတ်လိုက်တာပါ
ဓူဝံ၇ဲ့ မြားအထ္တုပ္ပတ္တိမှာ
ပစ်မှတ်ကိုလွဲသွားတာ ဘာကြောင့်လဲ...

မြားတစ်ချောင်း၇ဲ့ ၇င်ခုန်သံနဲ့
ယောနသံကို အပျံသင်ခိုင်းမိတဲ့သူ
လှိုင်းထက်က လူးလွန့်လှေလို ကူကယ်၇ာမဲ့
သည်ပင်လယ် အကူးခက်ပြီလေ...

ဆူးချက်တွေ ၇င်ဘတ်အပြည့်
နှလုံးသားက အဆိပ်နက်ဖုံး
မောဟတွေကို စားသုံးနေခဲ့၇တာ
ဆယ်စုနှစ်တစ်ခုတောင် ကြာ...ခဲ့...ပြီ....ပဲ...။ ။

ပျောက်ဆုံးခြင်း

မင်းမရှိတော့
နှင်း၏ညက်ညော
သည်ဆောင်းတောပင်
မပျော်ချင်ဘူး...။
နွေဦးရင်ငွေ့
လောင်ကျွမ်းမြေ့စေ
ဆယ်နေ ပူပြင်း
မိုးမင်းမရွာ
အာကာ မှောင်ဖုံး
ညလုံး ကြယ်ပျောက်
လရောင် နောက်ကျိ
နေမထိ ပန်း
မစိမ်းလန်းဘူး...။
အရူးတပိုင်း
သေရည်မှိုင်းမိ
လှိုင်းဒဏ်ပိသည့်
ရွက်မရှိလှေ
လူးလွန့်နေသို့

မီးအိမ်ရှင်နှင် ပတ်သတ်၍


ချစ်ရပါသော မီးအိမ်ရှင်

ညတွေဆို အမှောင်က ကြီးစိုးဆဲ

(ညပါဆိုမှ မှောင်တော့မပေါ့...)

တောင်းပန်ပါတယ် မီးအိမ်ရှင်...။

အလင်းကို လုံးချေပြီး ဖန်လုံအိမ်ထဲထည့်

ငါ့နှလုံးသားမှာ မီးသီးတပ်ဖို့ ကြိုးစားခဲ့တယ်...

ဗို့အားနည်းခဲ့တာ ဘယ်သူ့မှာ တာဝန်ရှိသလဲ....။

ပန်းတစ်ပွင့်ကို ခူးပြီး စုတ်ချက်တင်လိုက်ရုံနဲ့

ငါ့ရင်တွေ ဝုန်းဒိုင်းကြဲ ခုန်နေခဲ့တယ်ဆိုရင်

မင်း... ယုံချင်မှ ယုံလိမ့်မယ် မီးအိမ်ရှင်...။

ကောင်းကင်ကို ကျော်ကြည့်လိုက်မှ

ငါ့အိပ်ခန်းက ဘယ်လောက်ကျဉ်းတယ်ဆိုတာ

လက်တွေ့ ငါ သိလိုက်ရတယ်...

(မနေ့က) အတိတ်ကို ငါမမေ့သေးဘူး မီးအိမ်ရှင်...။

ရင်ဘတ်နဲ့ ဖွာပြီး နှလုံးသားနဲ့ ရှိုက်ခဲ့တဲ့

မီးအိမ်ရှင်... မင်းအငွေ့က ညှော်နံ့သင်းနေသလား

ဘာလို့ ငါ့တစ်ကိုယ်လုံး လေထဲ ပါသွားရတာလဲ...

အသိစိတ်တွေ ဖောက်ပြန်နေတာ ငါသိတယ်ဆိုရင်

မင်း... ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ပါ မီးအိမ်ရှင်...။

အဲဒီနေ့ မနက်ခင်းမှာ စီးချင်းထိုးခဲ့ကြတဲ့

ငါ့မျက်ဝန်းက နှင်းစက်တွေကို

မင်းမျက်ဝန်းက မီးခတ်ပစ်လိုက်တာလား မီးအိမ်ရှင်

တို့နှစ်ယောက်လုံးလည်း နားမလည်လိုက်ကြဘူးလေ...။

အရုဏ်မှာ ဆည်းဆာရှိသလို

ဆည်းဆာမှာလည်း အရုဏ်ဆိုတာ ရှိမှာပေါ့

ဘာလို့များ မင်းက ပေါင်းစုံစေခဲ့တာလဲ

သဘာဝကို မင်း မဖန်တီးချင်ပါနဲ့ မီးအိမ်ရှင်...

ငါ့ရင်ငွေ့နဲ့ ငါ့ကိုယ်ငါ ချွေးသိပ်ခွင့်ပြုပါ...။

လောင်စာတွေ ထပ်ပြီး မလိုအပ်တော့လောက်အောင်

ငါ့ရင်ခွင် မီးတောက်က အရှိန်ကောင်းနေခဲ့တာ

ကြာပြီ....တကယ်ကို ကြာခဲ့ပါပြီ မီးအိမ်ရှင်...။

ဟိုယခင်ဆိုတာ ထည့်မပြောချင်တော့လောက်အောင်

အရင်က ဇာတ်ကြောင်းတိုင်း အတိတ်ဖြစ်သွားတယ်ဆိုရင်

ဘာလို့များ ကိုယ်ကိုယ်ကို နာကျင်စေခဲ့တာလဲ

မင်းပါးစပ်က မမေးလိုက်ပါနဲ့ မီးအိမ်ရှင်...။

ပစ္စုပ္ပန်ရဲ့ အတိတ်ဆိုတာ

ပိုဝေးတဲ့ အတိတ်တစ်ခုရဲ့ အနာဂါတ်ပဲလေ

ငါ့ရင်ကို မခွဲပါနဲ့ မီးအိမ်ရှင်...

ရင်ကွဲတယ် ဆိုတာ လူကြားကောင်းယုံပဲ ရှိတာပါ...။

တစ်ခုတော့ ရှိတယ် မီးအိမ်ရှင်...

မင်းဟာ နီရိုဘုရင်ကြီး မဟုတ်သလို

ငါ့ရင်ဟာလည်း ရောမမြို့ကြီးမဖြစ်နိုင်ပါဘူး

ဒါပေမယ့်.....

လူမမြင်နိုင်တဲ့ မီးတွေ တဝုန်းဝုန်းတောက်လောင်နေတုန်း

မင်းနှုတ်ဖျားက ဘာလို့များ တယောထိုးနေခဲ့တာလဲ...။

အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်ကို

တောင်ပံတွေခတ်ဖို့ မင်းဖိအားတွေ ပေးခဲ့သလား

ပတ်သတ်မှုတစ်ခုရဲ့ နောက်ကွယ်မှာ

အငြှိုးတစ်စုံတစ်ရာကို ငါမြင်လိုက်ရတယ် မီးအိမ်ရှင်...။

ငါလေ...

.............။ ။

မီးအိမ်ရှင်နဲ့ ပတ်သတ်သမျှ

မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၂)

ချစ်ရပါသော မီးအိမ်ရှင်...........

မီးအိမ်ရှင်...ငါ့ရင်ကို လင်းစေချင်သတဲ့လား
ညဘက်မှာ နေထွက်ခိုင်းလို့မှ မရတာ
လရိပ်တစ်ခုနဲ့ ငါ့ကို လာပြီး နှုတ်မပိတ်ပါနဲ့
ငါ့ဘာသာ ငါ့ဆန္ဒနဲ့ နှုတ်ဆိတ်နေခဲ့တာပါ...။

ငါ့ဘေးမှာ မင်းအမြဲရှိနေခဲ့တယ် ဆိုပေမယ့်
မင်းရဲ့အနီးမှာ ငါဘယ်တုန်းကမှ နေခွင့်မရခဲ့ပါဘူး
ကောက်ရိုးကိုမှ မီးရှို့ပစ်ခဲ့တဲ့ မင်း
ငါ့ရင်မှာ ထင်းလာကောက်ပါအုံးလား မီးအိမ်ရှင်...။

အပြုံးတုတစ်ခုရဲ့နောက်ကွယ်မှာ
လူတွေအားလုံးရဲ့ အမုန်းကို အန်တုပစ်ရဲ့ခဲ့တဲ့ငါ့ကို
မင်း......ငြိုငြင်သွားတာလားဟင်...မီးအိမ်ရှင်...။

ငါ့နေ့သစ်ရဲ့ မနက်ခင်းတွေက ရီဝေဝေ
နေရီရီက ညနေစောင်းသွားခဲ့တာတောင်
အလင်းက မွန်းတည့်လို့ ကောင်းနေတုန်း
ကြယ်တွေ လတွေ ဆိတ်သုဉ်းသွားတာလား... မီးအိမ်ရှင်။

ဆူးပင်တွေကို စိုက်ပျိုးပြီး ဆူးမိုးတွေ ရွာချ
ဆူးခက်တွေ ဝေတော့မှ ငါ့ရင်မှာ ဇကာလာချပါ
အရာအားလုံးဟာ အမှတ်ထင်ထင်နဲ့
အမှတ်တမဲ့ ဖြစ်သွားခဲ့ရတယ်လို့ မင်းပြောရဲသလား မီးအိမ်ရှင်...။

နေခြည်ရဲ့ အလင်းစက်ကို သောက်ရုံနဲ့
ငါ့ရင်ဟာ မီးတောက်ခဲ့ရဆိုရင်
မင်း... ရင်ခုန်သွားအုံးမယ် မီးအိမ်ရှင်...။

နှင်းသက်လို့ ရွက်ကြွေမယ်ဆိုရင်တောင်
မိုးစက်တွေကို လက်ခုံနဲ့ သုတ်ပြီး
ငါ့အာရုံတွေကို မျက်လုံးမှိတ်ခိုင်းထားလို့ ရပါတယ်...။

တိမ်တိုက်တွေ ကောင်းကင်ယောင်ဆောင်ကြသတဲ့
အိပ်မက်တွေ တိုက်ခတ်ပစ်လိုက်တာ
ငါ့နှလုံးသားက လေနှင်ရာပါသွား
မင်းက မုန်တိုင်းတွေ ဆင်အုံးမှာလား မီးအိမ်ရှင်...။

ဆောင်းဦးမှာ နွေလာသက်ကြေးဆိုရင်လည်း
အဲဒီ အလင်းစက် တစ်မှုန်နှစ်မှုန်ကြောင့်
မင်းဆံနွယ်မှာ ခ ခဲ့တဲ့ နှင်းစက်တွေ ခိုက်ခိုက်တုန်နေတာ
ငါ့မျက်ဝန်းမှာ ဘာလို့များ ဒဏ္ဍာရီဖွဲ့သွားရတာလဲ...။

လေဟာပြင်မှာ တံခါးလာမခေါက်ပါနဲ့ မီးအိမ်ရှင်
နံရံမရှိတဲ့ တံခါးကို ဖွင့်ရမှာ ကြောက်နေခဲ့တဲ့ငါ
ဘူတာပျောက်နေတဲ့ ရထားတစ်စင်းမှာ လိုက်ပါရင်း
မဆုံးတဲ့ ဥမင်ခရီးတွေကို ခုတ်မောင်းနေဆဲဆိုတာ...။

သူတို့တွေလည်း ချမ်းနေရှာရော့မယ် မီးအိမ်ရှင်
ရေခဲပြင်ပေါ်မှာ ဆီးနှင်းတွေနဲ့အတူ မီးလှုံဖို့
ငါ့နှလုံးသားကို ငါ့အသွေးအသားတွေနဲ့ ဖျန်းပြီး
မင်းအတ္တတွေ လန်းသွားအောင် အနွေးဓါတ်ပေးခဲ့တာပါ...။

သိုးငယ်က ဝံပုလွေရေ ခြုံလို့
ကျားကို မိတ်တွေဖွဲ့ဖို့ ကြိုးစားခဲ့တာ ဆိုရင်
မင်းရော အစွယ်ထွက်နေပြီတဲ့လား မီးအိမ်ရှင်...။

ကျားသေရင် သားရေကျန်တယ်ဆိုပေမယ့်
ငါ့နှလုံးသားကို ရက်ရက်စက်စက် သတ်ပစ်လိုက်တာ
မင်း... ဘာတွေများ ရလိုက်လို့လဲ
သေတမ်းစာရေးဖို့ ငါမေ့သွားတယ် မီးအိမ်ရှင်...။

ငါလေ....
..................................။ ။

မီးအိမ်ရှင်နှင့် ပတ်သတ်သမျှ
တောက ကိုရင်

မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၃)


ချစ်ရပါသော မီးအိမ်ရှင်...။

မြေပြင်ပေါ်မှာသာ ငရဲရှိမယ်ဆိုရင်
အချစ်ကြောင့် ဝမ်းနည်းကြေကွဲနေတဲ့
နှလုံးသားတစ်ခုမှာပဲ ရှိလိမ့်မယ်..တဲ့
မင်းကို လွမ်းနေတာတစ်ခုပဲ ငါ သိလိုက်ရတယ် မီးအိမ်ရှင်...။

ကိုယ့်ခေါင်းကိုယ် ပြန်မစမ်းချင်တော့လောက်အောင်
မျက်ကန်းကို သန်းခေါင်မှာ လမ်းလျှောက်ခိုင်းခဲ့တဲ့မင်း
လူအတစ်ယောက်ရဲ့ အိမ်မက်ကို
သီချင်းအဖြစ် နားဆင်ချင်သေးတာလား မီးအိမ်ရှင်...။

ဟန်ဆောင်တယ်ဆိုတာ တစ်စုံတစ်ခုကို ဖုံးကွယ်ချင်လို့တဲ့
ဒီဇာတ်ရုပ်ကို မင်းမပိုင်သေးပါဘူး မီးအိမ်ရှင်
ငါ့ကို လိမ်ညာဖို့သက်သက် မုသားတွေ သုံးခဲ့ရတယ်ဆိုရင်
ငါ့ကိုယ်ငါ အပြစ်တွေ တင်နေမိလိမ့်မယ်....။

ဆောင်းတစ်ခုမှာ နားခိုခဲ့ဖူးတဲ့ နှင်းတစ်စက်လို
ငါ့ကို မင်း ဧည့်ဝတ်ကျေဖို့ ကြိုးစားခဲ့တာလာ...
မလိုအပ်ပါဘူး မီးအိမ်ရှင်...
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်လို
မင်းငါ့ကို လျစ်လျူရှုထားလို့လည်း ရတယ်လေ...။

ဥပေက္ခာကိုတော့ အလွဲသုံးစား မလုပ်ပါနဲ့ မီးအိမ်ရှင်
ခံစားချက်တွေ ရင်ပွင့်ထွက်လာတဲ့အခါ
မင်းတစ်ယောက်တည်း နာကျင်ရမှာ ငါစိုးရိမ်တယ်...။

တဖြည်းဖြည်း နာပြီးမှ ရုတ်တရက် ကျင်တက်သွားသလိုမျိုး
ညင်သာစွာ မွန်းနေခဲ့ပြီးမှ ဝုန်းဒိုင်းကြဲပြီး ကြပ်သွားတဲ့
အဲဒီလို နာကျင်မွန်းကြပ်မှုမျိုးနဲ့
ငါ့ကို နာနာကြည်းကြည်း အလဲထိုးပစ်လိုက်တာလား မီးအိမ်ရှင်...။

အပေါ်ယံအကာတွေကို ပြောင်းလဲပစ်လိုက်ရုံနဲ့
အတွင်းက အနှစ်သာရတွေ သစ်သွားမယ်လို့များ
မင်းစိတ်ထဲမှာ တွေးထင်နေခဲ့တာလား မီးအိမ်ရှင်...
ခံစားချက်ဆိုတာက ပေါ်ပင်မဟုတ်ဘူးလေ...။

မင်းရဲ့ တစ်ပတ်ရစ်နှလုံးသားမှာ
တစ်ချိန်က မြူမှုန်လေးတစ်မှုန် (ငါ) ကပ်ငြိဖူးတယ်ဆိုတာကို
မင်းရော ငါပါ ကိုယ်စီ သိခဲ့ကြတယ်လေ မီးအိမ်ရှင်...။

နဖူးပေါ်လက်တင်လိုက်ရုံနဲ့
အာရုံတွေ အမှောင်ဖုံးဖုံးသွားတာ ဘာကြောင့်လဲ
ငါ့နားထင်သွေးကြောတွေ ကြွတက်လာတာပဲ
ခံစားသိနဲ့ ငါသိလိုက်ရတယ် မီးအိမ်ရှင်...။

ပင်လယ်ရေက ဘယ်တော့ခမ်းမှာလဲ...တဲ့
နွေသောက်တဲ့ စမ်းက သောင်ထွန်းလို့
ဟိုဘက်ကမ်းကို ကူးဖို့ ကြိုးစားခဲ့တာလား မီးအိမ်ရှင်
ရေတိမ်မှာ နစ်ခဲ့လို့ ငါ့ကိုယ်ငါ ဆယ်ရခက်ခဲ့တာပါ....။

ကမ္ဘာတစ်ခြမ်းက လိပ်ပြာအတောင်ခတ်တာ
ဒီမှာဘက်ကမ်းမှာ မုန်တိုင်းတွေ တိုက်သတဲ့
အရာအားလုံး မင်းနဲ့ မသက်ဆိုင်ဘူးတဲ့လား မီးအိမ်ရှင်ရယ်
လေနှင်ရာလွင့်ပါခဲ့တဲ့ တိမ်တိုက်ကဘယ်ဆီကို ဦးတည်ရမှာလဲ...။
ငါလေ...

ကိုရင်၏ ကောက်ကြောင်းများ

မသိတဲ့သူတွေက ကို၇င်တစ်ယောက် ခပ်ဂေါက်ဂေါက်တဲ့
နည်းနည်းသိတဲ့သူတွေက ကို၇င်တစ်ကောင် ခပ်ကြောင်ကြောင်တဲ့
၇င်းနှီးတဲ့သူတွေက ကို၇င်လူထွက် ငပိချက်တဲ့
သူငယ်ချင်းတွေက ကို၇င်တစ်ပါး ခပ်ကြွားကြွားတဲ့

ကောင်မလေးတွေကပြောတော့ မနက်ဘူးသီး ညဘူးသီးတဲ့
၇ည်းစားကပြောတော့ လက်ညှိုးတောင်မကိုက်တတ်တဲ့သူတဲ့
အပျိုကြီးကပြောတော့ ကို၇င်ကျန်စစ်တဲ့
ပြည်တော်ဝင်ခွင့်တောင်းတော့ ဗီဇာက Invalid တဲ့
မင်းသမီးလေးကပြောတော့ ၇ာဇဝင်ထဲက ပဋိက္ခယားတဲ့

တစ်ချို့ကပြောတော့ အလွမ်းမင်းသားတဲ့
တစ်ချို့ကပြောတော့ အလွဲမင်းသားတဲ့
ကို၇င်ကပြောတယ် ကို၇င်ဟာ ကို၇င်ပါပဲတဲ့လေ...

သိုးမည်းတစ်ကောင်၏ ဖြောင့်ချက်

နုနုနယ်နယ် အသိမကြွယ် ငယ်စဉ်ကတည်းက
အသည်းထဲကနာကျင် စိတ်ဒဏ်ရာတွေ လူမမြင်တော့
အဆိုးမြင်ဝါဒီတစ်ယောက်ရယ်လို့
အားလုံးက ဝိုင်းပြီးသမုတ်လိုက်ကြ
ကိုယ့်အတ္တနဲ့ ကိုယ့်လမ်းကိုယ်လျှောက်
စည်းအပြင်ကို လိုလိုရောက်ခဲ့ရသူ
လူသင်းကွဲတစ်ယောက်ရဲ့မာနက
မျှော်လင့်ချက်တွေကိုတောင် ဖြိုချဖျက်ဆီး
အနာဂါတ်ကိုတောင် မုန်းတီးတတ်လာခဲ့
အရာရာကို အရွဲ့တိုက်ချင်စိတ်က ထိန်းမရ
စိတ်ဓါတ်တွေ ဒေဝါလီခံခဲ့ရပြီးတဲ့နောက်
လူတွေကိုတောင် ကြောက်ကြောက်လာတယ်
ဖြစ်တည်မှုပဓါနရယ်လို့
ပကာသနဆိုတာကြီးနဲ့ လမ်းခွဲ
ယူဆချက်အလွဲ ယုံကြည်ချက်အမှားတွေနဲ့
ဘဝလမ်းမှာ စမ်းတဝါးဝါးလျှောက်
ခြေထောက်တွေလည်း အသားမာတက်ခဲ့ပေမယ့်
မရင့်ကျက်နိုင်သေးတဲ့ ကလေးကြီးလို
ဆေးမြီးတိုကိုပဲ အသည်းအသန်လိုက်ရှာ
ဝေဒနာက ရင့်သထက်ရင့်
မောဟတွေကြား နစ်သထက်နစ်လို့
တနင့်နင့်ရင် ဆူးချက်တွေကြောင့်
သွေးစို့လောက်တဲ့ဒဏ်ရာ
သွေးစမ်းရှင်ရှင် ဖြာကျတဲ့အထိ
ကိုယ့်ကိုကိုယ် ဝန်ပိစေခဲ့တာက အမှား
လူသားပဲလေဆိုတဲ့ အသိဥာဏ်နဲ့
မနက်ဖန်အတွက် အံကြိတ်အားတင်း
သန်းခေါင်က အရုဏ်ကျင်းဖို့ မေ့နေဆဲ...။ ။

မြားတစ်စင်း၏ ဂုဏ်သိက္ခာ

စိတ်ဓါတ်တွေ ပြိုပျက်
အငိုခက်တဲ့ မျက်လုံးတွေကို ပိတ်ပစ်
စိတ်ညစ်လို့ အ၇က်သောက်
လောကဓံကို ငါကြောက်သလား...

ထောက်ထားငဲ့ညှာမှုတွေနဲ့
၇င်ဘတ်တစ်ခုလုံး ဆူးတွေစိုက်ပျိုး
ငါ့ကိုယ်ငါ မ၇ိုးသားခဲ့သလို
ကိုယ့်စိတ်ကိုယ် လိပ်ပြာမသန့်တဲ့လူ...

ဘယ်သူတွေ ဘယ်လိုထင်ထင်
ငါ့၇င်တွင်းကို မြင်နိုင်တာမှ မဟုတ်တာ...

ွှနှလုံးသားက ကင်ဆာကိုကုဖို့
ဆယ်စုနှစ်တစ်ခုလုံး အိပ်ေ၇းပျက်
ခတ်ခဲ့တဲ့ တောင်ပံတွေလည်း ညောင်း
၇ည်မှန်းချက်တွေ ထောင်းထောင်းကြေမွ
ဘဝနဲ့၇င်းပြီး ချစ်ခဲ့၇တယ်ဆို၇င်ေ၇ာ...

ပစ်မှတ်ကို လွဲသွားတဲ့
မြားတစ်စင်း၇ဲ့ ဂုဏ်သိက္ခာ
လေးညှို့၇ှင်ကိုတော့ အားနာဖို့ ကောင်းတယ်...။ ။

တောက ကိုရင်

အေ၇ှ့အ၇ပ်ဟု ခေါ်သည်...

ဒဏ္ဍာ၇ီလား ပုံပြင်လား
အထပ်ထပ်၇စ်ပတ်ထားတဲ့
သံယောဇဉ်ကြိုးက အဖြည်ခက်
ပြန်ပြော၇င်လည်း ၇င်ဘတ်က နာဦးမယ်
ကိုယ်တိုင် ၇ုန်းမထွက်ချင်လောက်အောင်
(သို့မဟုတ်)
၇ုန်းထွက်ဖို့ မကြိုးစားချင်လောက်အောင်
အာ၇ုံကြောတွေကို ယစ်မူး၇ီဝေစေခဲ့တာ
မင်း၇ဲ့ အချစ်တဲ့လား...ဟင်
ဒီမှာ မိန်းခလေး...
သူစိမ်းနှစ်ယောက်၇ဲ့ ၇င်းနှီးကျွမ်းဝင်မှုကို
မာယာနဲ့ ထုဆစ်ခဲ့မယ်ဆို၇င်တောင်
မင်းးကို ငါ အပြစ်မမြင်ပါဘူးကွယ်...
၇ိုးသားစွာ မှားခဲ့တယ်ဆိုအုံးတော့
အသုံးမကျတဲ့ အသိဉာဏ်က
အချစ်ကို ဦးထိပ်ပန်ချင်တော့လည်း
ခံပေါ့ကွာ... ... ...
အမှောင်ကမ္ဘာမှာ ကြီးပြင်းချင်တဲ့သူ
အလင်းကို ယူဆောင်ထွန်းညှိခွင့်ပေးဖို့
စေတန်မလေး၇ဲ့ နှလုံးသားမှာ
အားနာတတ်တဲ့စိတ်မှ မ၇ှိဘဲ..
ကဲ...ဒီတော့လည်း
အသည်းငယ်တဲ့ ၇င်ဘတ်ကြီးက
ထိ၇ှ ကွဲအက်...
အကောင်းအတိုင်းပြန်ဆက်ဖို့ဆို၇င်တော့
အနောက်က နေထွက်ခိုင်းမှပဲ ၇လိမ့်မယ်...

(တကယ်လို့များ
ငါက တန်ခိုး၇ှင်တစ်ဦးဖြစ်ခဲ့၇င်တောင်
နေကို မျက်နှာမူ၇ာအ၇ပ်ကပဲ ထွက်စေမှာပါ
ဘာလို့ဆိုလေ
မင်း၇ဲ့အမှတ်တ၇တွေကို
တစ်သက်စာ သိမ်းသွားချင်လို့ပဲပေါ့...။ ။)

ဝိညာဉ်တစ်ခုကို စားသုံးခြင်း

သစ်ရွက်ကို ခြွေမတဲ့
မိုးသက်တဲ့ လေနှင်
ငြှိုး၇က်လို့ မာန်ဆင်မှ
နွေ၇င်မှာခိုနား
ငှက်ခါးလေး၇ဲ့ငိုသံ
ဘယ်သူက ခံစားမလဲ...
နှစ်ကိုယ်ကြား ၇င်ကွဲခဲ့တုန်းက
မဲ့ပြုံးတစ်ချက်နဲ့နှုတ်ဆက်
လှုပ်ခတ်သွားတဲ့ မျက်ဝန်းမှာ
မာနတွေ အငွေ့ပျံလို့
ဝေဒနာ တချို့တဝက်နဲ့
စုတ်ချက်ကြမ်းတဲ့ဒဏ်၇ာ
ငါ့ကိုယ်ငါ ပြန်မ၇ှာ၇ဲလောက်အောင်
နောင်ကြဉ်စေခဲ့သလား...
အိပ်မက်က ခါးမှန်းသိလျှက်
မနက်ဖန်တွေကို မျက်ခြေဖြတ်ချင်ခဲ့တာ
၇င်ကန္တာ နွေသင့်
ကြွေခွင့်မ၇တဲ့ပန်း
နွမ်းလည်း နွမ်း လွမ်းလည်း လွမ်း
အသဲကျွမ်းတဲ့ လမ်းခွဲမှာ
ဝမ်းနည်းမှတ်တမ်းကို အလှဆင်
အကန်းတစ်ယောက်၇ဲ့ အမြင်နဲ့လား...?

အကြောင်းမဲ့ကုန်ဆုံးသွားတဲ့ နေ့၇က်တွေအတွက်
အမေ့ခက်တဲ့နှလုံးသားကို အားနာတယ်...။ ။

အရှုံး

အစိမ်းသက်သက်တဲ့လား
တိမ်းရက်လို့ဖြတ်ခဲ့ပြီးမှ
ထွက်သက်ခြွေ အနမ်းတစ်စုံနဲ့
နှလုံးခုန်သံ သဲ့သဲ့ကိုလိုက်ရှာ
မင်းရဲ့ မာယာအတိမ်အနက်ကို
အိပ်မက်လိုတောင် မလွမ်းချင်တော့ဘူး...
အကျွမ်းမဝင်ခဲ့တဲ့ ချစ်မေတ္တာ
ခေတ်သစ်စူဠသုဘဒ္ဒါ မင်းသင်လို့တတ်ခဲ့
လူကဲခတ်ညံ့ခဲ့တာက ငါ့အပြစ်
မာယာလက်နှစ်သစ်နဲ့
မင်းရဲ့ဂီတစည်းချက်မှာ လွင့်....
မျော.....
အိပ်မက်တွေ အမောဖောက်တဲ့အထိ
ချစ်မိသည့်ဝန်တာ
ရိုးသားစွာ နုံအခဲ့ပြီးမှ
စတေးခံနယ်ရုပ်အဖြစ်နဲ့
(မင်းကို)
အောင်လံလွင့်ခွင့်ပေးလိုက်တာပါ...

လေလွင့်ငှက်ရဲ့ အိမ်ပြန်ချိန်

ဖိနပ်တစ်ရံ ခါးကြားထိုးပြီး
မနက်ဖန်ကို အားကိုးတကြီးရှာဖွေ
အိပ်မက်တွေကို သိမ်းထုပ်လို့
နှစ်ချို့နေတဲ့ သီအိုရီအဟောင်းတွေရဲ့
အပေါင်းအနှုတ်ကို ကြက်ခြေခတ်
မျက်ခြေဖြတ်ချင်ခဲ့တဲ့ မညီမျှခြင်းတစ်ခုအတွက်
အဇ္ဇုတ္တက အခုထိအိပ်စက်လို့ကောင်းတုန်း
မှိတ်ထားတဲ့မျက်လုံးထဲက မြင်ကွင်းတွေက
ကြာလေလေ တုန်လှုပ်ချောက်ခြား
ချောက်ကမ်းပါးက နီးသထက်နီးလာခဲ့...
ခရီးထွက်ခွာကာနီးမှ
လက်မှတ်ဝယ်မရတဲ့သူတစ်ယောက်လို
ကြုံရာနေရာက ခိုတွယ်စီး
အာရုံမှာ လျှပ်စီးလက်ခဲ့တာက
ဘဝအတွက် အရင်းအနှီးလိုအပ်တယ်
အချည်းနှီးနေ့ရက်တွေ ရှည်ကြာလွန်းလိုက်တာ
ကောင်းကင်မှာရေစီး မြေကြီးက မိုးရွာ
နေခြည်တွေမဖြာမှတော့
ကိုယ့်ကိုကိုယ်တောင် ကြောက်လာပြီ
ခြေဦးက ဘယ်ကို ဦးတည်နေတာလဲ
ကန့်သတ်ချက်တွေကလည်း ပြင်းလွန်းတယ်
အတိတ်ကိုတောင် ပြန်ပြီး မခန့်မှန်းချင်တော့ဘူး
ငါတစ်ယောက်တည်း အဦးဆုံးသွားပါရစေ
နောက်ကွယ်မှာ နေရစ်ခဲ့ကြ
အိပ်တန်းကို ရှာမရလို့
တောင်ပံတွေကို ဖြစ်ညှစ်ပြီးအားတင်းနေချိန်
မုန်တိုင်းက ခရီးပြင်းနှင်လာခဲ့ပြီ...။ ။

အိပ်မက် သခင်

သွားလိုက်ပါလေ...
၇င်ဆိုင်နိုင်အောင် ကြိုးစားနေ၇င်း
တမင်ချန်၇စ်လို့ထားတဲ့ အိပ်မက်အနမ်းတွေနဲ့
သခင်ပြန်ချစ်ဖို့ကိုလည်း မကြိုးစားလိုတော့
အမှားကိုတော့ ဝန်ခံသင့်တယ်ထင်၇ဲ့
လွင့်ပါခဲ့တဲ့ သစ်၇ွက်ကြွေတစ်ခုလို
လေအဟုန်မှာ စုန်ဆန်ကူး
ညပေါင်းများစွာ မူုးယစ်၇ီဝေ
သခင် မကြင်နာနိုင်၇င်လည်း
၇င်ကိုခွဲလို့ အဝေးကိုနှင်
နှလုံးသားကိုထုတ်....
တပါတည်း ယူငင်လို့သွားပါလေ
လာလှည့်ပါ မခေါ်ခဲ့သူမို့
ပြန်လှည့်ပါ မနှင်၇က်ပါဘူး
၇င်ကွဲပက်လက် တဆတ်ဆတ်နာကျင်
သခင်ပြန်မလွမ်းတဲ့
ဝမ်းနည်းမှတ်တမ်းအတိတ်ကို
ဇွတ်အတင်းမေ့ပစ်လိုက်၇န်မှတပါး
ခါးသက်သက် အိပ်မက်ဆိုးတွေကြောင့်
ဓါးထက်ထက်နဲ့ ၇င်ဘတ်ကိုထိုး
ဝေဒနာကို အသားမာတက် ၇င့်ကျက်စေလိုက်၇သလိုမျိုး
ပြည်တော်ဝင်ခွင့်ကို အကြိမ်ကြိမ်တင်သွင်းခဲ့ပေမယ့်
အခါခါပယ်ချ
အိပ်မက်တွေမလှပခဲ့တာလည်း
ဆယ်စုနှစ်တစ်ခုတောင် စွန်းတော့မယ်...
သခင်...၇ယ်ချင် ၇ယ်ပါ
သခင်...ပြုံးချင် ပြုံးပါ
အမုန်းမပါတဲ့ ၇င်နာခြင်းမျိုးနဲ့
တသက်လုံး နာကျင်ခြင်းက ဆိုးပါတယ်
တစ်နေ့တော့လေ...
သခင့် လက်လေးတွေကို ဆုပ်ကိုင်ခွင့်...
သခင့် ပခုံးလေးတွေကို ထွေးပွေ့ခွင့်..
သခင့် ပါးလေးတွေကို ယုယခွင့်...
သခင့် နှုတ်ခမ်းလေးတွေကို နမ်း၇ှိုက်ခွင်...
တစ်ကြိမ်လောက်တော့ ၇ချင်ပါသေးတယ်...
အခွင့်၇ှိခဲ့မယ် ဆို၇င်ပေါ့...။ ။

စိတ်ဒဏ်၇ာကို ကုသခြင်း

နာကျည်းမှုတွေ
အမုန်းတ၇ားတွေ
အငြိုးတွေ အာဃာတတွေနဲ့
၇င်ဘတ်ထဲေ၇ာ
ဦးနှောက်ထဲေ၇ာ
နှလုံးသားထဲမှာပါ
ပြည့်နှက် မွန်းကြပ်နေတဲ့
သွေးဆာနေသူတစ်ဦးလိုမျိုး...

ခပ်ထုံထုံ ခပ်နန
အသိမကြွယ်တဲ့ လူနုံလူအတစ်ယောက်၇ဲ့
တုန်ယင်ချောက်ချားနေတဲ့ လက်ထဲမှာ
အချိန်မေ၇ွး ထပေါက်ကွဲနိုင်တဲ့
စနက်တံဖြုတ်ပြီးသား ဗုံးတစ်လုံးကို
မ၇ဲတ၇ဲ ကိုင်ထား၇သလိုမျိုး...

သေသေချာချာ စနစ်တကျ
မွေးမြူ ပြုစု ပျိုးထောင်ထားတဲ့
အတ္တတွေ မာနတွေ
ဒေါသတွေ မောဟတွေနဲ့
အရူးတစ်ယောက်၇ဲ့ စိတ်ဝိညာဉ်ကို
ခန္ဓကိုယ်ထဲ အဓ္ဓမဇာတ်သွင်း
ဝေဒနာကို ၇င့်ကျက်ကြီးပြင်းစေလိုက်၇သလိုမျိုး ...

လူလိမ္မာတစ်ယောက်၇ဲ့ မိုက်မဲမှုမျိုး
ပညာရှိတစ်ယောက်၇ဲ့ ကောက်ကျစ်မှုမျိုးနဲ့
တစစ်စစ်နာကျင်နေဆဲ ဒဏ်၇ာကို
အက်ဆစ်ပြင်းပြင်းနဲ့ဆေးကြောလိုက်၇သလိုမျိုး...

ိအဲဒီလိုနဲ့...
လောကကြီးကို အရွဲ့တိုက်
မနက်ဖန် မနက်မှာ
အတိတ်၇ဲ့ မျက်နှာကျက်ကိုဖွင့်
အိပ်မက်ဟောင်းကို နေ့သစ်မှာ ၇ွက်လွင့်ဖို့
စိတ်စေတသိတ်ကို အိပ်ဆေးခတ်
အမှောင်ကမ္ဘာထဲ
ငါ့ကိုယ်ငါ ဝကွက်အပ်လိုက်ပြီ...။ ။

နေ မိုးစက်

မချစ်တတ်ခဲ့တာလား...
အချစ်ငတ်ခဲ့တာလား...
အပြစ်မဲ့တဲ့နှလုံးသားကို
အပြစ်ဖွဲ့ကာ ထားခဲ့မှတော့
ချစ်ခဲ့တာ အမှားပဲလို့
အားနည်းချက်ကိုအပြစ်မြင်
မချစ်ချင်လို့တမင်စိမ်း
ရင်ခွင်သစ်ကို ယိမ်းပြီတဲ့
အို...မိန်းခလေးရယ်

ကံနည်းတယ် ဆိုရုံနဲ့
အမှန်လွမ်းတယ် မပြောရက်သူမို့
အသက်တာ အတိုချုံးစေတော့
မောင်ဖုန်းလေ အစဉ်ပြုံးမယ်လို့
ရက်စက်တယ်လည်း မဆိုဝံ့ပါဘူး
ခိုခွင့်ရင် တ မိသူကို
ဟိုတောင်စွယ် နေကွယ်ကာပျောက်ရင်ဖြင့်
ရွှေဓါးရှင် သခင်မထံပါး

နှလုံးသားကို ဝကွက်အပ်
ပြစ်ဒဏ်ခတ်လို့ စီရင်ပါလေ.

ဥယျာဉ်မှုး

မြေတွင်တူးဆွ ယုယသည့်ပန်း
မပွင့်လန်းခင် သူ၏ရင်မှာ
ကြင်နာပါ၏...။
နေလေမိုးထဲ မညှိုးနွမ်းစေ
ရွက်နုဝေအောင် ချိန်မှန်ပေါင်းသင်
နှလုံးရွှင်၏...။
နူးညံ့သည့်ပန်း သူလက်ကြမ်းနှင့်
ငွားငွားစွင့်လျှက် ပင်ထက်ပွင့်လာ
ပီတိဖြာ၏...။
ပွင့်လာသည့်ပန်း မနမ်းရက်ပါ
အလှသာကြည့် တရိပ်ရိပ်နှင့်
အိပ်မက်နေမည်...။
ပန်းပျိုးသူလက် အခူးခက်လည်း
ဆုချက်ဒဏ်သင့် ပြစ်တင်ခွင့်ပင်
မဝံ့ရဲပါ...။
ပန်းသွေးရောင်စုံ ရနံ့ထုံမှ
ခူးဆွတ်ယူပန် ကေသာဆံထက်
မြင်ရက်နေမယ်...။
သူမြတ်နိုးလို့ သူမို့ပန်လေ
တင့်တယ်နေလျှင် မျက်ရည်ကြည်နှင့်
လွမ်းဝံ့ပါရဲ့...။
သူပျိုးသည့်ပန်း တစ်ပါးနမ်းမှ
ဘယ်ဘက်ကနာ မဖြေသာလင့်
ရင်မှာနင့်၏...။
ပန်လို နမ်းလို ခူးဆွတ်လိုလျှင်
သူရင်ခွင်ထဲ နှလုံးကွဲစေ
ခွင့်ပြုနေမည်...။
သို့ပေမယ့်လေ ခူးယူခြွေချ
မြေမှာခ၍ ခြောက်သွေ့ညှိုးနွမ်း
ငိုရင်းလွမ်းပြီ...။
မပိုင်သည့်ပန်း မနမ်းရက်ပါ
မဆွတ်သာလည်း ဝမ်းမနည်းတတ်
သူ၏လက်ဝယ် နောင်ပွင့်မယ်ဆို
အမြဲလိုပင် ယုယချင်၏။
ဥယျာဉ်မှုးရင် ငါမြင်ချင်မိ
ငါဝင်ကြည့်သည် ပီတိဖြာဝေ
ရင်နွမ်းကြေလျှက် နေတတ်အမြဲ
ကျေနပ်ရဲသည့် နှလုံးလှသူ
အပူချုပ်ထိန်း အစဉ်ငြိမ်းချမ်း
စိတ်ရွှင်ဝမ်းမြောက် သေလမ်းဖြောင့်၏။
အော်.....
ဆုတောင်းတိုင်းသာ ဖြစ်ရပါလျှင်
သူ့လိုငါလည်း အမြဲအစဉ်
ဥယျာဉ်မှုးပင် ဖြစ်ချင်၏။ ။

စိတ္တဇ

လူတွေဘုရားထူးကြရင်တော့
ကျုပ်က ပြည့်ရှင်မင်းကြီးပေါ့ဗျာ
မောင်မင်းတို့တွေ
နာခံကြစမ်း
ငါကိုယ်တော်မြတ်

တိုင်းခန်းလှည့်မယ်...
တစ်ခါတစ်လေ
ကုဋေရှစ်ဆယ် ကြွယ်ဝတဲ့သူဌေး
အလှူအတန်းဆိုလက်မနှေးဘူး
တွက်ရေးမလှရင်ဖြင့်
ကျန်စစ်ရဲ့အရိန္နမာနဲ့ချ
ကျုပ်က စစ်သူကြီးကိုးဗျ...
ခဏတဖြုတ်
ပင်ပန်းလို့ အိပ်ဖို့ဟန်ပြင်
မြေပြင်က ပန်းမွေ့ယာ
နှစ်ပါးသွားဆို
လာခဲ့စမ်း
ဆိုင်းဝိုင်းထဲက
ဖိုးစိန်
ပရိသတ်ကို ဖျော်ဖြေနေကြ
သကြားလုံးများ
ဝေငှရင်းပေါ့...
ဥမ္မာဒန္တီခမျာတော့
ငိုကြွေး
ကျုပ်က သူ့ကိုမယူသေးလို့တဲ့...
တံမြက်စည်းတံ
တိမ်ဖောက်မယ့်
နတ်မြင်းပျံနဲ့
အဟုတ် တကယ်မိုက်တဲ့ကောင်းဘွိုင်
ခွေး ဝက် ဘဲမကျန်
မှန်အောင်ပစ်နိုင်တာ
ဘယ်သူတွေ လာယှဉ်အုံးမလဲ...
တစ်ဖက်ကန်းခတ်တဲ့
လေးသည်တော်
ကောင်းကင်ပေါ်က
ကြယ် နေ လ
အလုံးစုံ မြေခစေရမယ်
ဘာမှတ်နေကြသလဲ...
မဉ္ဇူသက နတ်ပန်းကိုခူး
မယ်ကုဝဏ်ကို ဆက်သဖူးတဲ့မောင်
အို...ကောင်မလေးတွေ

ဝန်းရံနေတဲ့ကြားက
အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူလ
အပြိုင်အဆိုင်
လင် လာလုနေကြတော့
တဖက်သတ်ကြိုက်နေတဲ့

နတ်သမီးအချို့က
လူမိုက်တွေငှားပြီးဖမ်းချုပ်လို့
သူတို့နေတဲ့ရဲတိုက်ကြီးဆီပို့လိုက်တာ
ဒီတစ်ခါတော့ဖြင့်
ကျုပ်
ရေတိမ်မှာ နစ်မြုပ်ရတော့မယ်ထင်ပါရဲ့...။ ။

ဧပရယ်ဖူးအချစ်

ကောင်မလေးရေ
နင့်ကိုချစ်တယ်
တကယ်လားဟင်
ဒီဧပရယ်ဖူး
အရူးနေ့မှာ
ရင်တွင်းစကား
ဖွင့်ဟကြားစေ
ယုံလေမည်လား
မုသားမပါ
မာယာမသုံး
အားလုံးအသိ
မင်းမရှိရင်
ရင်ခွင်ကန္တာ
လ မသာဘူး
ငါ...အရူးပါ
အမူးသမား
သေရည်ခါး မြို
သမားအိုလည်း
ရင်ထဲ ဒဏ်ရာ
ကုနိုင်မှာလား
မင်းအနားမှာ
နေရပါမှ
ကမ္ဘာလှလိမ့်
ညအိပ်မပျော်
သန်းခေါင်ကျော်ပြီ
စက်တော်ခေါ်ခွင့်ပြုပါတော့။ ။
တောက ကိုရင်

လူဖြစ်ရတဲ့ ဒုက္ခ

ဘဝဆိုတာ
ဒဏ်ရာအပြည့် ဆူးနဲ့တွေ့ရင်
ဝေဒနာတိုး မျက်ရည်မိုးစို
ငိုပြယုံနဲ့ ဘဝအမော
ဆန္ဒဇောတွေ မာန်ဟုန်တွေလျော့
အားပျော့သွားနိုင်ပါ့မလား.....

ခဏဆိုတဲ့
သံသရာထဲ ကျင်လည်ဆဲမှာ
ဘဝအပူ နူရာဝဲစွဲ
ညတွေမဲမှောင် တေလေချောင်တိုး
ကံဆိုးသွားရာ မိုးလိုက်ရွာရင်
နားခိုစရာရှိမလား......

ဝေဒနာလူ
အပူသည်မျိုး ဘဝဆိုးမှာ
ရေမျောအမှိုက် ဗေဒါလှိုက်ဖို
ဘဝငိုချင်း သီဆိုရင်းနဲ့
ကောက်ရိုးမျှင်လည်း ဘဝမွဲကို
ကယ်လို့ရမယ်ထင်သလား.....

ဘဝ
လောကဇာတ်ပျက် သေမယ့်ရက်ချိုး
ခိုကိုးရာရှာ ကန္တာဖြတ်သန်း
အမှောင်ဖုံး မရဏလမ်းဟာ
ငရဲခန်းချည်းပါတကား.....။ ။

တောက ကိုရင်

သစ္စာ

ရင်ခွင်ထိမြား ရူးသွားမတတ်
နက်ရှိုင်းစိုက်ဝင် နွေရင်ခွင်မှာ
ပူလောင်ဆိပ်ပြင်း ချစ်ခြင်းမုန်တိုင်း
နှလုံးရိုင်းကြွေ မကြေညာဘူး
မာယာမူးလဲ စူးဆဲရင်အုံ
လာခိုလှုံလှည့်...။

မယုံရက်ရဲ စုံမက်ဆဲမို့
နှစ်ချို့အိပ်မက် ဒီညနက်တွေ
လက်ချိုးရေတွက် အလွမ်းဇာတ်မှာ
ဝမ်းနည်းနာကျင် ရင်နာချင်လည်း
သည်းမခွဲပါ သည်းကျွမ်းကာဖြင့်
လွမ်းရဲပါမည်...။

မတည်သစ္စာ ရင်သစ်ရှာလည်း
လမ်းခွဲမျက်ရည် မသုတ်လေဘူး
နွေဦးမိုးရေ ညှိုးထားလေလား
ရင်ခွင်ခြားလျှက် ဆိပ်တက်ကျန်ရစ်
ပြစ်ဒဏ်သင့်ဦး ငါကံဆိုးလည်း
မြတ်နိုးဆဲပါ...။

 

========================


ကြိုးစားပါအုံးမည်

★တောကက ကိုရင်♪♫

13.01.2012

ဘလော့ဂါ..နေဘုန်းလတ်..တကယ်လွှတ်မြောက်ပြီ..

$
0
0

မင်္ဂလာရှိလွန်းစွ..နိုင်ငံရေးအကျဉ်းသားများ..ပြန်လည်လွတ်မြောက်ပါပြီ..

ကိုယ်တိုင် နိုင်ငံရေးသမားစစ်စစ်အဖြစ်မခံယူနိုင်သေး သဖြင့်..

နိုင်ငံရေးသမားတိုင်းကို..လေးစားပါသည်။


ယုံကြည်ချက်ကြောင့် ကိုယ်တိုင်ထာင်ကျမခံဝန့်သူမို့..

ယုံကြည်ချက်ကြောင့် ထောင်ကျခံဝန့်သူများကို လေးစားပါသည်။

လွတ်မြောက်သူအားလုံးတွက်..၀မ်းသာပါသည်..


ဘလော့ဂါ  တစ်ယောက်အနေနှင့်..

ကိုနေဘုန်းလတ်..ပြန်လည်လွတ်မြောက်လာသည့်သတင်းမှာ..

ဝမ်းသာမဆုံးသတင်းဖြစ်ပါသည်။


အကယ်၍များ..ကိုနေဘုန်းလတ်..အမောပြေသောအခါ

ဆိုက်တွေထဲ..၀င်ကြည့်ဖြစ်သောအခါ..

ကိုနေဘုန်းလတ်ကို..ကျွန်တော်တို့ဘလော့ဂါတွေ ..

ဘယ်ကလောက်မြှော်နေတယ်ဆိုတာ..

အောက်က..ပို့စ်လေးကိုဖတ်မိရင်..အပန်းပြေပါစေ..

ပို့စ်ဟောင်းလေး..ပြန်တင်လိုက်တာပါ။


ဇွဲကပင်မြေရဲ့ နံရံလေးဖက်ကြားမှာ..ဘ၀ကိုရင်းနှီးမြုပ်နှံနေရရှာသူ..
သူ့မှာ..ကွန်ပျူတာမရှိ..အင်တာနက်မရှိ..
ဘလော့ဂါတစ်ယောက်ဖြစ်ပါရဲ့..ဘလော့ မရေးနိုင်ရှာသူ..
သေနတ်မကိုင်ရတဲ့ စစ်သားတစ်ယောက်ပမာ..သူဟာ ဘလော့ဂါ ကိုနေဘုန်းလတ်..

ဘလော့ဂါ ကိုနေဘုန်းလတ်ဆိုသူတစ်ယောက်အကြောင်း ကြားဘူးစက..ကိုယ်က ဘလော့ဂါမဖြစ်သေး..
ဘလော့ဆိုတာတောင် ဘာမှန်းမသိသေးသူ..

ဒါပေမဲ့..ကိုယ်ယုံကြည်ရာကို ရဲရဲဝန့်ဝန့် ထုတ်ဖေါ်ရဲသူတစ်ယောက်ဆိုတာတော့ သိခဲ့ပါရဲ့..

နောက်ပိုင်း..ကိုနေဘုန်းလတ်တစ်ယောက်..ဖားအံ ဘ၀တက္ကသိုလ်မှာ..
အခန်းကျဉ်းလေးထဲမှာ..အင်တာနက် ကမ္ဘာနဲ့ ဝေးကွာစွာ…
လက်တွေ့မှာ..ဘလော့တွေ မရေးနိုင်ရှာပေမဲ့..
သူ့နှလုံးသား ကွန်ပျူတာမှာ..ဘလော့ပေါင်းများစွာ ရေးသားနေမှာပါ..

ဘလော့ဂါတွေဆိုတာ..လက်တွေ့မကျပေမဲ့..နှလုံးသားကွန်ယက်ချင်းက ဆက်စပ်နေကြတာပါ..
ယုံကြည်ချက်ကြောင့် နံရံလေးဖက်ကြားမှာ အကျဉ်းကျနေသူတွေ..လွတ်ငြိမ်းချမ်းသာခွင့်ဆိုတော့..
ကျွန်တော် အမှန်တကယ်မရင်းနှီးသော..အမည်နာမနဲ့သာစွဲလန်းခဲ့ရသော..
ဓနဥစ္စာ ကြွယ်ဝ ကြွယ်ပိုးရှိပါရဲ့..ဆူးခင်းလမ်းကိုမကြောက်သော..
ကိုနေဘုန်းလတ်ကို လွတ်မြောက်စေချင်လိုက်တာ..

မနေ့ ( ၁၂. ၁၀. ၁၁ ) ရက်ကဆို..ဥပုသ်ကြီးနဲ့ကို..စိတ်မဖြောင့်ခဲ့ပါဘူး..

တစ်ပါးသူတွေလွတ်မြောက်ကြတာကိုလဲဝမ်းသာပါရဲ့..
ဒါပေမဲ့..တွေးကြည့်ပေါ့လေ..ကိုယ့်ဘလော့ဂါ သွေးသားရင်း..ကိုယ့်ညီလေး ကိုနေဘုန်းလတ်..
မင်း ဖားအံနံရံလေးဖက်ကြားမှာ ကျန်နေသေးတာကိုတော့ ၀မ်းနည်းရပါရဲ့..

ဘလော့ဂါလောကမှာ..ကိုယ့်ခံယူချက်နဲ့ကိုယ်..ရပ်တည်ချက်ချင်းတော့ မတူဘူးပေါ့ကွာ..
ဒါပေမဲ့..ကိုနေဘုန်းလတ်ဆိုတဲ့ ဘလော့ဂါ မင်းကတော့..ဘလော့ဂါ အနည်းစု..ဒါမှမဟုတ်
အများစုရင်ထဲမှာရှိနေကြပါတယ်..ဒါတော့ ညီလေးသိလောက်ပါရဲ့..

မကြာမီ ရက်အတွင်း..မင်း ပြင်ပလေကိုထိတွေ့ခွင့်ရပါစေ..
ဘလော့ အဟာရကိုမှီဝဲခွင့်ရပါစေလို့ …

(ဒီနေ့တော့..သူအမှန်တကယ်..လွှတ်ခဲကပြီ..)





ွG-talk ထဲကကောင်လေး သားရွှေအိုးထမ်းလာပြီလား

$
0
0

ဟိုင်း

နေကောင်းလား

ဘာလို့ပြန်မဖြေတာလဲ

ကျွန်မကွန်ပျူတာကို ဖွင့် G-talk ဖွင့် ၊ G-mail ဖွင့်ပြီး mailတွေကို စစ်နေတဲ့အချိန်မှာ စတတ်လာတယ်။ ဘယ်သူပါလိမ့် မြန်မာလိုရေးထားတာ။ ဒါနဲ့ကမန်းကတန်း ကြည့်လိုက်တော့ ကျွန်မG-talk ထဲကကောင်းလေးဘည်း။ ကောင်လေးက မြန်မာလိုရေးပြီး Chat နေတာ။ ခက်ပြီ……… ကျွန်မကလည်း မြန်မာလို ကျွမ်းကျွမ်းကျင်ကျင် မရေးတတ် ဘာလုပ်ရမလဲ။ ကျွန်မG-talk ထဲမှာ ကျွန်မနဲ့ အတွင်းသိအစင်းသိ ပြောမနာဆိုမနာမိသားစု နဲ့သူငယ်ချင်းတွေသာ ရှိတာ။ ကောင်လေးကိုတော့ အကြောင်းတစ်စုံတရာဆက်စပ် မှုနဲ့ထည့်ထားလိုက်တာ ဒါနဲ့ကျွန်မလည်း ကျွန်မတတ်တဲ့ မြန်ဂလိပ်နဲ့စာပြန်ရေးရတယ်……..။

Nay kaung tal

သူသဘောကျသွားတယ်… နောက်ကျွန်မမအားတာနဲ့ သူ့ကိုနှုတ်ဆက်လိုက်တယ်။

See you again

သူတန်းလန်းလေး ကျန်ခဲ့ရှာမယ်။

တကယ်မအားတာ ကောင်လေးမှမသိတာ…………။

                                            ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

နေကောင်းလား

ဘာလုပ်နေလဲ

ဟော…. ကောင်လေးလာနှုတ်ဆက်ပြန်ပြီ။ ဒါနဲ့ကျွန်မလည်း သူ့ကိုစချင်တာနဲ့ သူ့စိတ်ကိုဇယ်တောက်ပြီး သူ့ကိုနောက်ဖို့ကြံလိုက်တယ်။

Nay kaung tal

I am 50year old.

You mother same too.

ကောင်လေးလန့်သွားတယ်

“ဟွန့်” ဆိုပြီး တစ်ခွန်းသာပြောပြီးလစ်ပါလေရော။ ခါးတောင်းကျိုက်ပြီးကို လစ်တာ ဖိနပ်တောင်ပါရဲ့လား မသိဘူး။ အဲ့ဒါဒုတိယ တွေ့ဆုံခြင်းဘည်။

နောက်တော့ ကောင်လေးဟာ ကျွန်မG-talk ထဲမှာအမြဲ မီးနီ (busy)ပြပါလေရော။

ကောင်းပါတယ် ကောင်လေးရေ ၊ ဟိုကြူ ဒီကြူ ကြူစရာတစ်ယောက် ကောင်လေးလျော့သွားတာပေါ့ ဦးနှောက်ပေါ့သွားတာပေါ့နော်။

                                            ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

မီးနီ(busy) ပြထားတာ မစိမ်းရဲတော့ဘူး။ ရီဖို့တော့ကောင်းသား။ဟောဒီတစ်ခါစိမ်းတာတွေ့ပြီ ဒါပေမဲ့ သူကျွန်မကို လန့်နေတယ်။ Online မှာကလေထဲ ဒန်းစီးသလိုဖြစ်နေတာလေ။ သူမကြူရဲတော့ဘူး။ ဒါနဲ့ကျွန်မကဘည်း စပြီးသူနှုတ်ဆက်တဲ့ ထုံးစံအတိုင်းနှုတ်ဆက်လိုက်ပါတယ်။

“ nay kaung lar ”

ကျွန်မနှုတ်ဆက်တော့ သူကလည်း ပြန်ရေးတယ်

“ နေကောင်းတယ် u n ”

“ what u n ” လို့မေးတော့ သူ့ကိုအဂ်လိပ်လိုတွေ တအား မရေးပါနဲ့ သူကအင်္ဂလိပ်လို နားမလည်ဘူးတဲ့ မြန်ဂလိ လိုရေးပါတဲ့။ u n ဆိုတာ သူကကျွန်မကို အန်တီလို့ခေါ်လိုက်တာ…….။ ကျွန်မသိတာပေါ့ ။ ကောင်လေးရေ…..

ကျွန်မကိုအန်တီခေါ်လို့ ကပ္ပလီမနဲ့ ရပါစေ………. ကုလားမကြီးနဲ့ ရပါစေ။

ကြည့်စမ်းပါဦး ရက်ရက်စက်စက် ရှေးခေတ်မင်းသမီးကြီး ခင်သန်းနုလို ချောတဲ့ကျွန်မကို ….. သူကျတော့ မင်းသားကြီး နေအောင် ၊ ရန်အောင် ၊ ရဲအောင် ၊ တို့လောက် လှရဲ့လားမသိဘည်း အန်တီတဲ့။ ကျွန်မကသာ သူ့ကိုကောင်လေး လို့တင်စားခေါ်တာ သူကျတော့ အဖေအရွယ်လား၊ အကိုအရွယ်လား၊ မောင်အရွယ်လား၊ အန်ကယ်ကြီးလား ၊ ဦးဦးလားမသိဘည်းနဲ့ ဒဿဂီရိလောက် ရုပ်ဆိုးပြီး ခေါင်းဆယ်လုံးလောက်ရှိပြီး ဦးနှောက်တွေ များပြီးဥာဏ်တွေများနေမဲ့သူကများ။

ကျွန်မကောင်းကောင်းလေး မေတ္တာပို့နေတာကို ကျွန်မအမတွေက ရီနေကြတယ်။ ဒါကြောင့် ကျွန်မတို့ပြောတာ ယောကျာ်းတွေဟာ

(၁) cat ကြောင်

ဟိုကြောင် ဒီကြောင် ကြောင်တဲ့နေရာမှာ နံပါတ်တစ်ပါ

(၂) rat ကြွက်

အနံရရင် ဟိုတွင်းဒီတွင်း လိုက်ဖောက်နေတာ

(၃) cow နွား

သူ့တို့စိတ်ကို အလိုလိုက်လို့ကတော့ ကောင်းကောင်းနွားကျခံနိုင်တာ

                                            ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ကျွန်မတို့ကိုကျတော့ သွားမပါရင်နေ တိုက်ပါရင် ကားပါရင်ပြီးရော လို့နှိပ်ကွပ်ပြောကြတယ် သူတို့ကျတော့ တိုက်ပါရင် ကားပါရင်ပြီးရော ဗိုက်ပါလည်း ဂရုမစိုက်ဘူး ဆိုတဲ့စာလေးတောင် ကျွန်မတို့သူငယ်ချင်း ဆုံတိုင်းပြောမိတယ်။ အခုခေတ်က ကျွန်မတို့ထက် သူတို့ကပိုပြီး အတွက်အချက်ကောင်းနေတာ။ မဟုတ်ဘူးလား။ ကောင်လေးရေ တစ်ခါထဲ busy ပြပြီးနေတော့တာ။ ကောင်လေးရေ ……. မင်းပညာနုပါသေးတယ်။

သုံးခါမြောက်တွေ့ဆုံပြီးတော့ 2012 Happy New Year ကနီးလာပြီလေ။ ထုံးစံအတိုင်း ခင်မင်တဲ့သူတွေဆီ www.123greeting.com   ကနေ e-card လေးတွေ နှစ်တိုင်းပို့နေကြပေါ့။ ဒါနဲ့သူငယ်ချင်းတွေဆီ ပို့ရင်းနဲ့ကောင်လေးဆီလည်း ပို့လိုက်ပါတယ်။ ကောင်လေး2012မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာပါစေဆိုတဲ့ စေတနာအမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်မပို့ပြီး ဒီဇင်ဘာ(၃၁)ရက်နေ့မှာ ကောင်လေးကလည်း www.123greeting.com  ကနေပြန်ပို့ရှာတယ်။ View မှာကြည့်တော့ moemaka အတွက်တဲ့ အောက်မှာတော့ သူ့နံမည်လေးထိုးပေးရှာတယ်။ ကောင်လေးမှာ စိတ်ကောင်းရှိတဲ့ ဗီဇရှိပါလား! ဒါဟာလူပီသတဲ့ စိတ်ဆိုတာထက် မြန်မာပီသတဲ့ စိတ်လို့ပြောရမယ်။ ကျွန်မတိုမြန်မာတွေဟာ အတုံ့အလှည့်မေတ္တာ တရားသိပ်ကြီးမားတာ စိတ်ပြေလွယ်တယ် နှလုံးသားလည်း နုကြတယ် ကောင်လေး…. သူ့ကို2012 အတွက်ဆုတောင်းပေးလို့ ပျော်နေရဲ့လား မသိပါဘူး။ အားနာလို့ပို့တာဘည်း ဖြစ်ဖြစ် ၊ တကယ့်စေတနာနဲ့ ပို့တာဘည်းဖြစ်ဖြစ် ကျေးဇူးဘည်းကောင်လေးရေ……..။ဒါနဲ့2012ကူးသွားပါရော ဇန်နဝါရီ (၂) ရက်နေ့ည ကျွန်မကွန်ပျူတာပိတ်မယ် အလုပ်မှာ ကောင်လေးကို လေးကြိမ်မြောက် တွေ့ရပြန်ရော ဒီတစ်ခါထူးထူးခြားခြား စိမ်းနေပါလား အံမယ်….. Aviailable ဆိုပါလား သူ့ကိုe-card ပို့လို့စိတ်ဆိုးပြေသွားတာလား ကြူမဲ့သူမရှိလို့ ကြူဖို့ဘယ်သူလာမလဲစောင့်နေတာလားတော့ ကာယကံရှင် ကောင်လေးအသိဘည်းနော် ဒါနဲ့ ကျွန်မကဘည်း စပြီးနှုတ်ဆက်လိုက်တယ်

Nay Kaung Lar

Nay Kaung Tal Sister

တဲ့ ကျွန်မမေတ္တာပို့လို့ အန်တီကနေ sister ဖြစ်သွားပြီ။ အသက်တစ်ထစ်လျော့လိုက်တယ်။ ကောင်လေးရေ နောက်တစ်ခါ ညီမလေး………… နောက်တစ်ခါ baby လေးတော့ မဖြစ်စေနဲ့ baby လေးဖြစ်ရင် နို့ဗူးလေးပါ ပါမှဖြစ်မှာ။ တစ်ခါတွေ့တစ်ခါ တစ်မျိုးဖြစ်နဲ့ ကောင်းလေးစိတ်က စန္ဒယား ဆရာရဲ့လက်ကြနေတာဘည်း တော်တော်စိတ်ကစားတဲ့ ကောင်လေးဘည်း။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားစမ်းပါ။ ဒါနဲ့ကျွန်မ သူ့စိတ်ကိုဇယ်တောက်လိုက်တယ်။

Malay aye lar

Malay aye tal sis

တဲ့သူကောင်းကောင်းမွန်မွန် တော့ဖြေတယ်။ အဲ့ဒီလို လေးလေးစားစား ဖြေတဲ့သူ့စတိုင်လေးကို တော့ကျွန်မလေးစားပါတယ်။ နောက်သူကပြောတယ်

Myanmar see lar

မြန်မာလိုမြင်ရလား မေးတာနေမှာပေါ့ ကျွန်မလည်း မြန်ဂလိပ်လို ပြန်ဖြေလိုက်တယ်

Mynamr lo see par tal

ဒီလိုပြောတော့ သူ့ခဗျာ မြန်မာလိုရိုက်ပါလေရော မြန်မာလို သင်ထားပါလား လွယ်ပါတယ် မခက်ဘူးတဲ့။

ကျွန်မက

Ma arr buu

လို့ပြောတော့ သူ့ထုံးစံအတိုင်း ဟွန့် တဲ့

ဒါနဲ့ကျွန်မလည်း

Good night ……. See u again

Bye bye

လို့နှုတ်ဆက်လိုက်တယ်

သူ့ကလည်း ယဉ်ကျေးစွာ

Ok…… bye လို့ပြန်ပြောတယ်လေ။

                                            ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


ကောင်ကြီးလား ကောင်လေးလား တာတေကြီးလား မင်းသားလေးလားတော့ မသိဘူး online ထုံးစံမိန်းမဖြစ်ချင်ဖြစ်မယ် ယောကျာ်းဖြစ်ချင်ဖြစ်မယ် ဘယ်သိပါ့မလဲ။ ကျွန်မသိတာကတော့ ကောင်လေးဟာ Malay မှာအလုပ်သွားလုပ်တဲ့ ဘဝသမားဘည်း ထင်တယ်…… ထင်တာနော် သိတာမဟုတ်ဘူး ကြိုးစားကောင်လေးရေ မြန်မာပြည်ကထွက်သွား ကတည်းက ဘာရည်ရွယ်ချက်နဲ့သွားတာလည်း အဲ့ဒီရည်ရွယ် ချက်တွေမပျောက်စေနဲ့ ကောင်မေလေးတွေနဲ့လည်း သိပ်မကြူနဲ့ အသည်းနှလုံး ကွဲသွားမယ်နော် ။ ကျွန်မဆုတောင်းပေးပါတယ် ကောင်လေးရယ်။ ကောင်လေးချစ်တဲ့သူ ထက်ကောင်လေးကို ချစ်နိုင်မဲ့သူ တွေ့ပါစေလို့ပေါ့။ မြန်မာပြည်ပြန်လာရင် သားရွှေအိုးထမ်းလာနော်။ တစ်အိုးက မိဘအတွက် နောက်တစ်အိုးကကောင်လေးဘဝအတွက် ထာဝရနားခိုစရာ ကောင်လေးချစ်တဲ့ သူအတွက်ပေါ့။ ကျွန်မစိတ်ရင်း အမှန်နဲ့ ကောင်လေးကို ဆုတောင်းပေးတာပါ။ ဘာလဲ ! ကျွန်မစာဖတ်ပြီး ကောင်လေးတစ်ယောက်ထဲ ရီနေသလား…..။ သူငယ်ချင်းတွေနဲ့စုပြီး ရီနေသလား………… ကောင်လေးစိတ်မှာ တစ်ခုခုတော့ ခံစားရတယ်မဟုတ်လား ဘဝအတွက်ရုန်းကန်နေတဲ့ ကောင်လေးရေ ကောင်လေးအတွက် စာပေနဲ့ဖျော်ဖြေရတာ ကျွန်မကြိုက်ပါတယ်။ သဲကန္တာရထဲက အိုအေစစ်ရေလေးတစ်ခွက် ကောင်လေးကို         ဘဝအမောပြေအောင် တိုက်ရတာ ကျွန်မကုသိုလ်ရတာပေါ့………… ဒါဘည်းနော် ကောင်လေးရေ နောက်တစ်ခါတွေ့ရင် ဘယ်လိုခေါ်မလဲ စဉ်းစားထား ကျွန်မကကြည့်နေမှာ busy လား Available လားဆိုတာ……..။

                                            ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

မြန်မာပြည်ကထွက်တော့ လေယာဉ်ပေါ်မှာ ကောင်လေးရည်မှန်းချက်တွေ စိတ်ကူးယဉ်မှုတွေ တတ်ကြွမှုတွေ အိမ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ သူများနိုင်ငံမှာ မိမိဘဝတိုးတတ်ဖို့သွားတာ မဟုတ်လား။ မိမိရဲ့ရည်ရွယ်ချက်ကို မပျောက်အောင် ထိန်းလေ…….. ကောင်လေးရွာက ထွက်တဲ့စိတ် ကောင်လေးလေယာဉ် ပေါ်ရောက်တဲ့စိတ် ……… တစ်ထပ်တည်း ဖြစ်နေရမှာ သူများနိုင်ငံ ရောက်တော့ ကောင်လေးထင်သလို မဖြစ်တော့ ကောင်လေးထွက်ပေါက်ရှာပြီး မိန်းမကြူ ဘီယာသောက် စိတ်လေးက ယိုင်လာပြီမဟုတ်လား။ တစ်ခါတစ်လေဘောလုံးပွဲ နဲ့ မူးယစ်ဆေးဝါး တောင်လုပ်ကြတဲ့ လုလင်ပျိုတွေ နိုင်ငံခြားမှာ အများကြီးဘည်း။ ငွေတော့ရပါတယ် စာရိတ္တကို စတေးလိုက်ရတယ်ဆိုတာ ကောင်လေးသိရဲ့လား။ ကောင်လေးနဖူးပေါ်လက်တင် စဉ်းစားစမ်းပါ။ ရွာအတွက် အမေအတွက် အချိန်အတွက် ဘာတွေအမြတ်ရပြီလဲလို့။

ဘဝသမားဆိုတော့ ပညာရှင်တွေလောက် နိုင်ငံခြားသားတွေက ဦးစားမပေးဘူး ကောင်လေးကိုနှိမ်ကြမှာ ဘည်း။တစ်ခါတစ်လေကောင်လေး စိတ်ညစ်မှာသေမတတ် ခံစားရမှာ။ အသဲကွဲတာထက် ဘဝကွဲတာ ကပိုနာကျည်း ဖို့ကောင်းတယ် ကောင်လေးရေ…….. စိတ်ဓာတ်မကျနဲ့ “ ယောက်ျားတို့လုံ့လ သေခါမှလျော့ ” တဲ့ အားတင်းပြီး တော့ပြန်လာပါနော်။ နောက်တစ်ခါ ကောင်လေးပြန်လာရင် အသွားတုန်းကလို ခြေလှမ်းတွေသွက်ပါ။ လေယာဉ်ပျံကြီးကိုလည်း မမုန်းပါနဲ့ ရွာအထွက်စိတ်နဲ့ ရွာအဝင်စိတ် အမေ့အိမ်အထွက်နဲ့ အမေ့အိမ်အဝင် မြန်မာပြည်အထွက်နဲ့ မြန်မာပြည်အဝင် စိတ်ဟာတစ်သားတည်း ကျနေပြီ။ အသွားပန်းပန်သလို အပြန်လည်း ပန်းပန်နေပါစေ ကောင်လေးရယ်။ ဘဝတစ်ကွေ့  က သင်ခန်းစာတွေတော့ အများကြီးရတယ်မဟုတ်လား။ ကျွန်မပြောတာမှန်ရင် ကောင်လေးကောင်းတဲ့ ဘက်ကိုကောင်းတဲ့ စိတ်ပြောင်းပစ် စမ်းပါ။ အုတ်ရောရော ကျောက်ရောရော မနေစမ်းပါနဲ့ ကောင်လေးရယ်။ ဒီတစ်ခါ G-talk မှာဆုံရင်တော့ ကောင်လေးဆီက အားသစ်တွေရပြီ အမြင်မှန်တွေရပြီ စိတ်ဓာတ်ခွန်အားတွေ ကျွန်မကြောင့် ပြည့်ဝသွားတယ်ဆိုတဲ့ စာတမ်းလေးကို ကျွန်မမျော်နေမှာနော်။ အတတ်ပညာမပြည့်ဝဘည်း ဘဝပညာနဲ့သွားရင်းနေတဲ့ ကောင်လေးလို လုလင်ပျိုလေးတွေ အားလုံး အိမ်အပြန်လမ်းမှာ မိုးဆန်းပန်းလို လန်းစေချင်ပါတယ်။ ကောင်လေးရယ်……. ကျွန်မရဲ့မောင်လေးတွေ အကိုလေးတွေ တူလေးတွေ ဦးဦးတွေအားလုံး မြန်မာပြည်ပြန်အဝင်မှာ မြန်မာပြည်လောက် ကောင်းတဲ့နေရာ ဒီကမ္ဘာမှာ မရှိဘူးဆိုတာ တော့သိလာပြီ မဟုတ်လား……….။

                                            ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ဝန်ခံစမ်းပါကောင်လေးရယ် အမိမြေဟာ ကမ္ဘာမှာ အလှပဆုံးမြေမဟုတ်လား…………။ အခုဒီစာကို ကောင်လေးဖတ်ခွင့်ရတာလည်း ရွှေမြို့တော်ကြောင့်ပေါ့………… ရွှေမြို့တော်ကို ကျွန်မချစ်တယ်…………. ရွှေမြို့တော်ကနေ ကျွန်မရဲ့အတွေးတွေကို လူသားအားလုံး ဖြန့်ဝေခွင့်ရလို့ ရွှေမြို့တော် လူကြီးတွေကို ကျွန်မအမြဲ အာရုံပြုမေတ္တာပို့နေပါတယ်။ ကောင်လေး…….. ကောင်လေးလည်း ကျွန်မကိုယ်စား ကျေးဇူးတင်ပေးဦးနော်။

                   အမိမြေကိုပြန်လာမဲ့ ကောင်လေးနဲ့တကွ လုလင်ပျိုတွေအားလုံး ကျွန်မတို့ အမိမြေက သစ္စာရှိရှိ ပုံစံမပြောင်းဘည်း နွေးထွေးစွာကြိုဆိုနေပါတယ် ကောင်လေးရယ်။ ကောင်လေးလိုချင်တဲ့ အတိုင်းအတာတစ်ခု ရရင်လောဘသတ်ပြီး အမိမြေကို ပြန်လာခဲ့ပါ။ ကျွန်မက G-talk , G-mail ထဲကကြိုဆိုနေမှာပါ ကောင်လေး……………….ရေ။


( ကိုယ်တိုင်ဝန်ခံချက် )

“ G-talk ထဲကကောင်လေး သားရွှေအိုးထမ်းလာပြီလား ” ဘလော့ပို့(စ်)သည် မိုးမခကိုယ်တိုင်ရေး အတွေးပုံရိပ်တစ်ခု ဖြစ်ပါသည်။ မည်သည့်နေရာတွင်မှ ပါဝင်ဖော်ပြခဲ့ခြင်း မရှိသော ဘလော့ပို့(စ်)ဖြစ်ပါသည်။

 

 

 

 

 

 

 

 

မနိုင်ဝန်ထမ်းခြင်း

$
0
0

တစ်ခါတုန်းက  လူတစ်ယောက်မှာ မြည်းနှစ်ကောင်ရှိပါတယ်.. အဲဒီမြည်းနှစ်ကောင်ကို နံမည်ပေးရမယ်ဆိုရင် ပထမမြည်းကို မောင်နီလို့ နံမည်ပေးပြီး ဒုတိယမြည်းကိုတော့ မောင်ဖြူလို့ နံမည်ပေးလိုက်ပါမယ်။ မောင်နီဟာ အလုပ်ကို အလွန်ကြိုးစားပြီး သူ့စိတ်ထဲမှာ မောင်ဖြူဆိုတဲ့မြည်းထက် သာချင်တဲ့စိတ်၊ ယှဉ်ပြိုင်လိုတဲ့စိတ်၊ သူ့သခင်ဖြစ်သူရဲ့ ချီးကျူးတာကို ခံချင်တဲ့စိတ်တွေ အမြဲ ရှိပါတယ်.. ဒါကြောင့်လည်း ပိုင်ရှင်ဖြစ်သူ ခိုင်းစေသမျှ အလုပ်တွေကို မောင်နီဟာ မောင်ဖြူထက်ကို တက်တက်ကြွကြွ အားကြိုးမာန်တက် လုပ်သလို၊ ကုန်စည်စလှယ်တွေ သယ်ပိုးကြပြန်တော့လည်း ဘယ်လောက်လေးပင်တဲ့ ကုန်ပစ္စည်းတွေ သယ်ပိုးထားရသည်ဖြစ်စေ မောင်ဖြူထက်ကို ရှေ့ကို ခြေလှမ်းတွေ သာနေအောင် ကြိုးစားပြီး အမြန်ဆုံး နှုန်ထားတွေနဲ့ အရှေ့ကို လျှောက်လေ့ရှိပါတယ်။

ဘာမှ မသိရှာတဲ့ မောင်ဖြူကတော့ ခြေလှမ်းတွေကို သာမန်နှုန်းအတိုင်းဘဲ ပုံမှန်လှမ်းသလို သူသယ်ပိုးနိုင်တဲ့ အတိုင်းအတာအတွင်းမှာဘဲ ကုန်တွေကို သယ်ဆောင်လေ့ရှိပါတယ်.. စိတ်ထဲမှာ သူ့သခင်ဆီက မျက်နှာသာရဖို့ ဘယ်လိုလုပ်မယ်လို့ မစဉ်းစားမိသလို၊ အတွေးများများလည်း တွေးလေ့မရှိဘဲ ပုံမှန်အတိုင်းသာ သူလုပ်စရာရှိတာကို လုပ်နေတတ်သူက မောင်ဖြူပါ။ မောင်နီကတော့ ကုန်ပစ္စည်းတွေကိုလည်း အများကြီးသယ်သလို ခြေလှမ်းကိုလည်း အပြေးတစ်ပိုင်း သွက်လက်စွာ လှမ်းလေ့ရှိပါတယ်.. ဒီလိုနဲ့ သူတို့မြည်းနှစ်ကောင်ရဲ့ မတူညီတဲ့ အလုပ်လုပ်ပုံကို အချိန်အနည်းငယ်ကြာတော့ သခင်ဖြစ်သူက သတိထားမိလာပါတယ်.. အဲဒီတော့ အလုပ်ကို ပုံမှန်သာ လုပ်လေ့ရှိတဲ့ မြည်း မောင်ဖြူကို ပိုင်ရှင်ဖြစ်သူက အပြစ်မြင်လာပါတယ်.. မောင်နီလိုဘဲ အလုပ်ကို တက်တက်ကြွကြွလုပ်ဖို့၊ ကုန်တွေသယ်ပိုးပြီး ခြေလှမ်းမြန်မြန်လျှောက်ဖို့ အော်ဟစ် ဆူပူတတ်လာတယ်.. ပုံမှန်ခြေလှမ်း လှမ်းနေတဲ့ မောင်ဖြူကို နှေးတယ်၊ မောင်နီက ပိုပြီး အလုပ်လုပ်တယ် ဆိုပြီး ကြိမ်လုံးတွေနဲ့ ရိုက်နှက် အပြစ်ပေးပြီး ခြေလှမ်းမြန်လာဖို့၊ အလုပ်ပိုကြိုးစားဖို့ သူ့သခင်က ဖိအားပေးပါတယ်။ ဒီလိုနဲ့ မောင်ဖြူဟာ ကြိမ်လုံးနဲ့ အမြဲတမ်း အရိုက်ခံ၊ အော်ဟစ်ခံနေရပါတော့တယ်..

တစ်ရက်တော့ အလုပ်နားကြတဲ့ည မောင်နီနဲ့ နှစ်ကောင်သား အေးအေးဆေးဆေး တွေ့ရချိန်မှာ မောင်ဖြူဟာ မျက်ရည်တွေကျပြီး “ သူငယ်ချင်းမောင်နီရေ ဒီအလုပ်မှာ ငါတို့နှစ်ယောက်တည်း ရှိတာ၊ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေမလဲ၊ ဘာဖြစ်လို့ တစ်ယောက်ထက် တစ်ယောက် သာချင်တဲ့စိတ်တွေ မွေးနေမလဲကွာ။ သယ်စရာရှိတဲ့ကုန်တွေကို ငါတို့နှစ်ယောက်သား ညီညီမျှမျှ သယ်ယူကြပြီး ငါတို့လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေ ငါတို့လှမ်းနိုင်တဲ့ ခြေလှမ်းတွေနဲ့လျှောက်ကြပြီး  တာဝန်ကျေအောင် လုပ်ကြရအောင်လေ၊ ကိုယ်တတ်နိုင်တာထက် ပိုပြီးလုပ်ပေးလို့ရော ငါတို့သခင်က ငါတို့ကို ဘာမှ ပိုပြီး သိတတ်မှာမဟုတ်ဘူး.. ငါတို့အတွက် ဘာအကျိုးခံစားခွင့်မှ ရမှာမဟုတ်ဘူးလေ။ ငါတို့သာ မတန်တဆ ပင်ပန်းကြဖို့သာ ရှိတယ်.”  လို့  ပြောဆိုတိုင်ပင်ပါတယ်.. မောင်နီကတော့ မောင်ဖြူပြောတာကို နားထောင်နေပေမဲ့ ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

နောက်တစ်နေ့ရောက်လို့ ကုန်ပစ္စည်းတွေ သယ်ကြတဲ့အခါ မောင်နီဟာ အခါတိုင်းသယ်တဲ့နှုန်းထက် ပိုပြီး ပစ္စည်းတွေကို သယ်တဲ့အပြင် ပိုပြီး သယ်နိုင်ကြောင်း ပြတဲ့အနေနဲ့ ခါတိုင်းထက်တောင် အပြေးကလေး လျှောက်သွားပါသေးတယ်.. ဒီတော့ ပိုင်ရှင်ဖြစ်သူက  ပုံမှန်သာ သွားနေတဲ့မောင်ဖြူကို ပိုပြီး စိတ်ဆိုး ဒေါသတွေထွက်ပြန်ပါတယ်.. ရိုက်နှက်ပြန်ပါတယ်.. နောက်တစ်နေ့ရောက်ပြန်တော့ မောင်နီရော မောင်ဖြူရဲ့ ကျောပေါ်ကိုရော  ပစ္စည်းတွေ ခါတိုင်းထက် ပိုပြီး ထပ်တင်ပေးပြန်ပါတယ်.. မောင်နီကတော့ ထုံးစံအတိုင်း အရှေ့ကနေ မြန်သထက်မြန်အောင် လျှောက်နေပေမဲ့ မောင်ဖြူကတော့ များလွန်းလှတဲ့ ကုန်စည်စလှယ်တွေကြောင့် အရင်ကလောက်တောင်  မလျှောက်နိုင်တော့ဘဲ ဖြစ်နေပါတယ်.. ဒါကိုကြည့်ပြီး မြည်းပိုင်ရှင်ဟာ မောင်ဖြူ့ကို ဒေါသထွက်လွန်းတဲ့အတွက် ရက်ရက်စက်စက် ရိုက်နှက်ပြီး မြန်မြန်လျှောက်ဖို့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းပါတယ်.. ဒါပေမဲ့ မောင်ဖြူက ဘယ်လိုမှ မြန်မြန်မလျှောက်နိုင်သလို သယ်ရတဲ့ပစ္စည်းတွေ များလွန်းလေးလွန်းလို့ ခြေလှမ်းတောင် အနိုင်နိုင်ဖြစ်နေရပါတယ်.. ပိုပိုပြီး ဒေါသထွက်လာတဲ့ မြည်းပိုင်ရှင်ဟာ မောင်ဖြူမြန်မြန်လျှောက်ဖို့ နည်းမျိုးစုံနဲ့ ရိုက်နှက် ကန်ကျောက်ပါတော့တယ်..  နောက်ဆုံးတော့ မြည်းပိုင်ရှင်ရဲ့ နှိပ်စက်မှုကိုဘယ်လိုမှ မခံနိုင်တော့တဲ့ မောင်ဖြူဟာ မြေပြင်ပေါ်မှာ လဲကျ သေဆုံးသွားပါတော့တယ်..

ယခုအခါမှာ ပြိုင်ဘက်မရှိတော့ပြီဖြစ်တဲ့ မောင်နီဟာ သူ့သခင်တော့ သူကို ပိုပြီး အားထားတော့မှာဘဲ ဆိုတဲ့စိတ်နဲ့ ပျော်ရွှင်ဝမ်းမြောက်စွာ ကုန်စည်တွေကို သယ်ပိုးပါတယ်.. မြန်သထက်မြန်အောင်လည်း ကြိုးစားလျှောက်သလို ကုန်တွေကိုလည်း များနိုင်သမျှ များများသယ်ပေးပါတယ်.. ဒါပေမဲ့ သူ့သခင်က သေသွားတဲ့ မောင်ဖြူအစားပါ ပစ္စည်းတွေကို နှစ်ကောင်စာ သယ်ယူခိုင်းပါတယ်.. နေ့စဉ် မတန်တဆ ကုန်ပစ္စည်းတွေ သယ်ယူရတဲ့အပြင် ကုန်တွေများလို့ ပင်ပန်းလွန်းတာကြောင့် အပြေးသွားနေတဲ့ ခြေလှမ်းလေးတွေက မလှမ်းနိုင်တော့ဘဲ ပုံမှန်အတိုင်း လှမ်းလိုက်ရင်တောင် မြည်းပိုင်ရှင်က မောင်နီ့ကို အလုပ်မှာ ခိုကပ်တယ်… အရင်လို အလုပ်ကို မကြိုးစားဘူးဆိုပြီး မြည်တွန်တောက်တီးကာ ရိုက်နှက်ကန်ကျောက်ပါတယ်.. ဒီလိုနဲ့ ကုန်တွေကို  နေ့စဉ် မတန်တဆ သယ်ပိုးလာရတဲ့ မောင်နီဟာ မြည်းပိုင်ရှင် စိတ်ကျေနပ်လောက်တဲ့ အတိုင်းအတာကိုရောက်အောင် မသယ်ပိုးနိုင်ဘူးဆိုပြီး ပိုင်ရှင်နှိပ်စက်သမျှကိုလည်း ခံရရှာပါတယ်..

အချိန်တွေကြာလာတော့ မြည်းပိုင်ရှင် ရိုက်နှက် နှိပ်စက် ကန်ကျောက်တာတွေကြောင့် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ဗရပွနဲ့ ဖြစ်လာတဲ့အပြင် ကုန်တွေအများအပြား သယ်ရလို့ ပင်ပန်းလွန်းတဲ့ ဒဏ်တွေဖိစီးပြီး အားနည်းပိန်ချုံးကာ ချိနဲ့လာတော့တယ်.. သူတတ်နိုင်တဲ့ အင်အားနဲ့ ကုန်တွေကို သယ်ပိုးပေမဲ့ လိုချင်လောဘကြီးလှတဲ့ မြည်းပိုင်ရှင်ရဲ့ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမှ မစွမ်းဆောင်နိုင်တော့တာကြောင့် မြည်းပိုင်ရှင်က ဒေါသတွေထွက်ပြီး မောင်နီရဲ့အမြီးကိုမီးနဲ့ရှို့၊ အရေပြားကို လှီးဆွ၊ အသားကို ဓါးနဲ့ထိုး စသဖြင့် နည်းမျိုးစုံနဲ့ မြည်းကို မြန်မြန်သွားအောင် ကြိုးစားပြန်ပါတယ်.. ပိုင်ရှင်က ဘယ်လိုဘဲ နှိပ်စက်ခိုင်းစေပေမဲ့ ဒဏ်ရာတွေနဲ့ ချိနဲ့နေပြီဖြစ်တဲ့ မောင်နီမှာ အရင်နှုန်းထားအတိုင်း ဘယ်လိုမှ အလုပ်လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ နောက်ဆုံးတော့ ဒေါသရော လောဘပါကြီးလွန်းတဲ့ မြည်းပိုင်ရှင်ဟာ မောင်နီ့ကို သတ်ပစ်လိုက်ပြီး တစ်ခြား မြည်းအသစ်တစ်ကောင် ၀ယ်ယူဖို့ လိုက်ရှာပါတော့တယ်။

ဒီပုံပြင်လေးဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့တွေရဲ့ လုပ်ငန်းခွင်တွေမှာ မောင်နီလို လူမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ဖူးကြမှာပါနော်။ သူဌေးလို အလုပ်ရှင်ရဲ့ မျက်နှာသာရဖို့အရေး သူဌေးရှေ့မှာမှ အလုပ်ကို ကြိုးစားလုပ်ပြသူတွေ၊ အချင်းချင်း ခြေခံထိုးတတ်သူမျိုးတွေ၊ သူဌေးကိုဖားပြီး အောက်က ၀န်ထမ်းတွေကို ဖိနင်းတတ်သူတွေ၊ ကိုယ်သိတာ ကိုယ်တတ်တာတွေကို သိုဝှက်သိမ်းဆည်းပြီး လက်တွဲခေါ်ဖို့စိတ်ကူးမရှိဘဲ တစ်ကိုယ်ကောင်းဆန်စွာ တစ်ယောက်တည်း နာမည်ကောင်း ရလိုသူတွေ၊ အခြားသူကို မကောင်းမြင်စေဖို့အတွက် အလုပ်ပိုကြိုးစား လုပ်ပြတတ်သူတွေအများကြီး ရှိတတ်ကြပါတယ်.. မြည်းပိုင်ရှင်နဲ့တူသော သူဌေးတွေကတော့ ၀န်ထမ်းတွေ ဘယ်လောက်ကောင်းအောင် လုပ်ပေးပေမဲ့ အသိအမှတ်မပြုတတ်သူတွေ၊ တန်ဖိုးထားရကောင်းမှန်း မသိနိုင်တာမျိုးတွေလည်း ရှိတတ်ကြပါတယ်.. ဘယ်လိုဘဲဖြစ်စေ ဒီလို လူမျိုးတွေနဲ့ ကြုံတဲ့အချိန်မှာ အရာရာကို သင်ခန်းစာယူပြီး သူတို့နေရာမှာ ကိုယ်သာရောက်လာခဲ့မယ်ဆိုရင် သူတို့လို စိတ်ဓာတ်မျိုး မထားမိအောင် သင်ခန်းစာ ယူထားတတ်ဖို့လိုတယ်လို့ အတွေးတွေနဲ့ စဉ်းစားမိပါတယ်..


တစ်ခါတစ်လေမှာတော့ အခြားသူနဲ့ ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ ငြင်းပယ်လို့ခက်တာကြောင့်သော်လည်းကောင်း၊ အားနာလို့သော်လည်းကောင်း မတန်တဆအလုပ်ကို လက်ခံပြီး လုပ်ရတဲ့အခါမျိုးတွေ၊  ကိုယ် မနိုင်မနင်း ဖြစ်တဲ့အထိ အလုပ်ကို လုပ်ပေးရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့လာနိုင်ပါသေးတယ်.. အဲဒီအခါမျိုးမှာ ကိုယ်မနိုင်တဲ့ဝန်ကို အားနာစိတ်နဲ့ သော်လည်းကောင်း၊ မနိုင်မှန်းသိရက်နဲ့ သူဌေးငြိုငြင်မှာ စိုး၍သော်လည်းကောင်း အကြောင်းကြောင်းကြောင့် လုပ်ပေးနေရပေမဲ့ ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးကြီးမားပြီး စိတ်သောက များရသလို၊ ပူပန်မှုတွေ၊ ဖိအားတွေလည်း ကြုံတွေ့လာရတတ်ပါတယ်.. အဲဒီချိန်မှာ မိမိကိုယ်ကို သေချာပြန်စဉ်းစားဖို့ လိုတာက ဒီအလုပ်ကို လုပ်ပေးရခြင်းအတွက် စိတ်ပျော်ရွှင်မှု ရပါရဲ့လား၊ ကိုယ့်အတွက်ရော ပညာသော်လည်းကောင်း၊ ဥစ္စာသော်လည်းကောင်း ကျန်ပါရဲ့လား။  သင့်သူဌေးကရော သင်လုပ်ပေးတဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တွေကို အသိအမှတ်ပြုပါရဲ့လား။ မြည်းနှစ်ကောင်ရဲ့ ပိုင်ရှင်လို အလိုလောဘကြီးစွာနဲ့ လုပ်ပေးသမျှကို အကောင်းမမြင် မကျေနပ်နိုင်သူများ ဖြစ်နေခဲ့ပြီလား။ ဒီလိုမှမဟုတ်ဘဲ ဒီမတန်တဆအလုပ်ကို ငြင်းဖို့အားနာပြီး လုပ်ပေးရခြင်းအတွက် ကိုယ့်မှာ ၀န်ထုပ်ဝန်ပိုးကြီး သက်သက် တစ်ခုလို မနိုင်မနင်းဖြစ်စေခဲ့တယ်၊ ဒါမှမဟုတ် သူတစ်ပါးကို တိုက်ခိုက်ဖို့ ၊ သူတစ်ပါးနစ်နာစေဖို့ သက်သက်ကြောင့် မတန်တဆ မနိုင်ဝန်ဖြစ်စေနိုင်တဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ခြင်းသာ ဆိုခဲ့ရင် ဒီအလုပ်ကို လုပ်ဖို့ ပြန်စဉ်းစားဖို့တော့ လိုနေပြီလို့ ထင်ပါတယ်နော်။

ချော(အစိမ်းရောင်လွင်ပြင်)မှ

နှစ်သက်မိသောစာစုလေးမို့တင်ပြခြင်းဖြစ်ပါတယ်



စကားလက်ဆောင်

$
0
0

      လောကမှာ လန်းတယ် လန်းတယ် လို့ ပြေဆိုနေကြတာ ဘာကိုပြောတာလဲ.....။


လန်းခြင်းဆိုတာ နှစ်မျိုးရှိတယ်နော်...။ ခဏလန်းခြင်းနဲ့ ထာဝရလန်းခြင်းရယ်ပေါ့....။

       နှစ်လိုဖွယ်ရာ ကာမဂုဏ်အာရုံ တစ်ခုခု(အသံ/အဆင်း/အမြင်/အတွေ့အထိ စတာ တွေ)ကို တွေ့လိုက် သိလိုက်ကြားလိုက်  ရတဲ့အခါ ဒါတွေကို လန်းတယ်ဟေ့ လန်းလိုက်တာ လို့ပြောချင်းဟာ တကယ်တော့  ခဏလန်းခြင်းရယ်ပါ...။ ထာဝရ လန်းခြင်း (လန်းခြင်း အစစ်)မဟုတ်ပါဘူး..။

      ဒါဟာ မိမိရဲ့ မသိစိတ်ကို နှိုးဆွပေးလိုက်တာပါပဲ၊ မိမိရဲ့ အသိစိတ်တွေ (သမာဓိ)အားတွေကို နွမ်းစေခဲ့တာပါ၊    ၁-စက္ကန့်၊၁-မိနစ်၊၁-နာရီ၊၁-ရက် အတွင်းမှာ မိမိကြောင့် သူတစ်ပါးရဲ့ ကိုယ် စိတ် နှလုံး သုံးပါးစလုံး မှာ မထိခိုက်စေဘူး၊ မနာကျင်ရဘူး၊ မညိုးနွမ်းရဘူးဆိုလျှင်/ မိမိကိုယ်တိုင်လည်း အပြစ်ရှိတဲ့အလုပ်ကို ဘာတစ်ခုမှ မလုပ်မိဘူးဆိုလျှင် ဒါမှ တကယ်လန်းတာပါ ။ (ထာဝရ လန်းခြင်းအစစ်ပါ) လန်းပုံခြင်းတော့ မတူဘူးနော်...။

     လူဆိုတာ မသိစိတ်တွေလန်းနေဖို့ (အကုသိုလ် တရားတွေ ထကြွသောင်းကျန်းနေဖို့)အတွက် အသက်ရှင်နေတာမှ မဟုတ်တာ...။

အသိစိတ်တွေနဲ့ လန်းနေဖို့ (နိုင်ငံ /လူမျိုး / ဘာသာ/ သာသနာ နှင့် ပရဟိတ အများအကျိုး)တွေကို သယ်ပိုးထမ်းရွတ်နိုင်ဖို့ အသက်ရှင်နေရမှာလေ.....။

ဧဒင်ဥယျာဉ် အဖွဲ့သားများ အားလုံး လန်းခြင်းအစစ်နဲ့ ထာဝရလန်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်ူးူ....

                                                                                                                   အရှင်သုနန္ဒ (ဧရာမြေ)

ယုံကြည်မှု(believe)

$
0
0

                              လူတွေရဲ့ဘ၀အဆင့်အတန်း အနိမ့်၊အမြင့် ကွာခြားမှုဟာတချို့ကိစ္စတွေမှာ မိဘအသိုင်းအ၀ိုင်းများနဲ့အနည်းငယ်

 ဆက်နွယ်နေတယ်လို့ထင်ပါတယ်။ လူတစ်ယောက်ရဲ့ဘ၀ကို အဆုံအဖြတ်ပေးတာက ဆယ်ကျော်သက်အရွယ်လူငယ်ဘ၀မှာပါ။

လူငယ်တွေရဲ့စိတ်ဓာတ်က အသစ်အဆန်းကိုရှာဖွေတယ်၊ စူးစမ်းတယ် အဲဒီအခါတစ်ချို့တလေမှာ မှားယွင်းမှုတွေတွေ့ရတတ်ပါတယ်။

ဒါကိုမိဘနဲ့အသိုင်းအ၀ိုင်းတွေက နင်းကန်ဆူတဲ့အခါစိတ်ဓာတ်ကျပြီး ကိုယ်ကိုကိုယ်ယုံကြည်မှု လျော့နည်းသွားကြတယ်။ ထိုအချိန်မျိုးမှာ

ဘယ်အရာကိုမှ လုပ်ရဲ၊ ကိုင်ရဲတဲ့စိတ်မရှိတော့ပါဘူး။ ငါဘာလုပ်လုပ်အမြဲမှားနေတာပါပဲလား ဆိုတဲ့စိတ်မျိုးဝင်သွားတတ်ပါတယ်။

ဒီလိုစိတ်မျိုးဝင်သွားတဲ့လူတစ်ယောက်ရဲ့ အနာဂတ်ဟာဘယ်တော့မှအောင်မြင်မှုရရှိတော့မှာမဟုတ်ပါဘူး။ဒီလိုစိတ်မျိုးဝင်လာပြီဆိုရင် အကောင်းဆုံးကတော့ မိမိကိုအားပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို ပြောပြပါ။သူငယ်ချင်းရဲ့အားပေးမှုကိုရယူပါ။ မိမိ

ကိုယ်ကိုယုံကြည်သောစိတ်ဓာတ်ကိုရိုက်သွင်းပါ။မိမိလုပ်ချင်တာကို ယုံယုံကြည်ကြည်ဆက်လုပ်ပါ။အမှားကိုမကြောက်ပါနှင့် မှား

မှာကြောက်ပြီး ဘာမှမလုပ်ပဲထိုင်နေတာကမှ အကြီးမှားဆုံးမှားရွင်းမှုပါ။ကျွန်တော်တို့ဟာ ကိုယ့်ဘ၀ကို ကိုယ်တိုင်ရွက်လွှင့်ခွင့်

ရှိရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က လူသားတွေဖြစ်နေလို့ပါပဲ။ ကမ္ဘာပေါ်မှာ လူကိုဘယ်အရာကမှ ထိန်းချုပ်ထားလို့မရ

ပါဘူး။လူသားတွေကသာ အရာအားလုံးကို ထိန်းချုပ်ထားကြတာပါ။

သာသနာငါးထောင်အကြောင်းနဲ့ပတ်သတ်၍

$
0
0
မေး။ ။ အရှင်ဘုရား တပည့်တော် ခုခေတ်ပြောနေကြတဲ့ သာသနာငါးထောင်တည်မယ်ဆိုတာကို စိတ်ထဲမရှင်းလင်းဖြစ်နေပါသဖြင့် အရှင်ဘုရားသိသလောက် ရှင်းလင်းပေးစေချင်ပါတယ်။ အရှင်ဘုရား အားတဲ့ချိန်မှာ ဖြေကြားပေးရန် လျှောက်ထားပါတယ်ဘုရား။

 မေတ္တာဖြင့် ခိုင်ဝေနှင်း၊ စင်္ကာပူ

ဖြေ။ ။ ဦးဇင်းကို မေးထားတဲ့မေးခွန်းတွေကတော့ များနေပါတယ်။ ဦးဇင်းလည်း မအားသေးတာနဲ့ ဖြေမပေးနိုင်သေးဘဲ ဖြစ်နေတာပါ။ ခုတော့ ဒီမေးခွန်းလေးကို ဦးဇင်း ကျမ်းအတွက် စာတွေလိုက်လံဖတ်ရှု့ရင်း သာသနာလင်္ကာရစာတမ်းစာအုပ်မှာ တွေ့ရှိရတာနဲ့ ဖြေပေးလိုက်ပါတယ်။ အဲဒီစာအုပ်မှာတော့ သာသနာငါးထောင်ဆိုတာ

ပဋိသမ္ဘိဒါပတ္တေဟိ ၀ဿသဟဿံ သုက္ခ၀ိပဿကေဟိ ၀ဿသဟဿံ အနာဂါမီဟိ ၀ဿသဟဿံ သကဒါဂါမီဟိ ၀ဿသဟဿံ သောတာပန္နေဟိ ၀ဿသဟဿန္တိ ဧ၀ံ ပဉ္စ၀ဿသဟဿာနိ ပဋိဝေဓသဒ္ဓမ္မော ဌဿတိ။

ပဋိသမ္ဘိဒါပတ္တရဟန္တာ တစ်ထောင်၊ သုက္ခ၀ိပဿကရဟန္တာ တစ်ထောင်၊ အနာဂါမ်၊ သကဒါဂါမ် တစ်ထောင်၊ သောတာပန်တစ်ထောင်စီဖြင့် သာသနာငါးထောင်လုံးပင် မဂ်ဖိုလ်ရလတ္တံ့။

ဘိက္ခုနီခန္ဓက ၀ိနည်းအဋ္ဌကထာ။

ပဋိသမ္ဘိဒါပတ္တေဟိ ၀ဿသဟဿံ ဆဠာဘိညေဟိ ၀ဿသဟဿံ တေ၀ိဇ္ဇေဟိ ၀ဿသဟဿံ သုက္ခ၀ိပဿကေဟိ ၀ဿသဟဿံ ပါတိမောက္ခေန ၀ဿသဟဿံ။

ပဋိသမ္ဘိဒါပတ္တရဟန္တာ၊ ဆဠာဘိညရဟန္တာ၊ တေ၀ိဇ္ဇရဟန္တာ၊ သုက္ခ၀ိပဿကရဟန္တာ၊ ပါတိမောက္ခရဟန္တာ ခေတ်တစ်ထောင်စီဖြင့် သာသနာငါးထောင်ပတ်လုံး တည်လတ္တံ့။

ဒီယနိကာယ်၊ သမ္ပသာဒနိယသုတ်အဋ္ဌကထာ၊ သံယုတ်အဋ္ဌကထာ။

ဗုဒ္ဓါနံ ပရိနိဗ္ဗာတော ၀ဿသဟဿမေ၀ ပဋိသမ္ဘိဒါ နိဗ္ဗတ္တေတုံ သက္ကောန္တ၊ တတောပရံ ဆဠာဘိညာ၊ တတောပိ အ သက္ကောန္တာတိေဿာ ၀ိဇ္ဇာ နိဗ္ဗတ္တေန္တိ၊ ဂစ္ဆန္တေ ကာလေတာပိ နိဗ္ဗတ္တေတုံ အသက္ကောန္တာ သုက္ခ၀ိပဿကာ ဟောန္တိ၊ ဧတေနေ၀နယေန အနာဂါမိနော သကဒါဂါမိနော သောတာပန္နာတိ။

ပဋိသမ္ဘိဒါပတ္တရဟန္တာ၊ ဆဠာဘိညရဟန္တာ၊ေ၀၀ိဇ္ဇရဟန္တာ၊ သုက္ခ၀ိပဿကရဟန္တာ၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်တစ်ထောင်စီဖြင့် သာသနာငါးထောင်ပတ်လုံး တည်လတ္တံ့။

အဂုင်္တ္တရအဋ္ဌကထာ၊ သမ္မောဟ၀ိနောဒနီအဋ္ဌကထာ။ အကျယ်ကို သာသနာလင်္ကာရစာတမ်းစာအုပ်တွင် ဖတ်ရှု့နိုင်ပါသေးတယ်။

ယခုဖော်ပြခဲ့တဲ့အဋ္ဌကထာဆရာစကားတွေကို ထောက်ဆကြည့်ပြီး သာသနာငါးထောင်ဆိုတဲ့စကား ဖြစ်လာဟန်တူပါတယ်။ မဟာပရိနိဗ္ဗာနသုတ်တွင် မြတ်စွာဘုရားဟောကြားထားခဲ့တာကတော့ ငါ့ဘုရားတရားလမ်းစဉ်များကို ကျင့်သုံးနေသမျှကာလပတ်လုံး ရဟန္တာမဆိတ်သုဉ်းဟု ဟောကြားထားခဲ့ပါတယ်။ ဒါကြောင့် မိမိတို့ သာသနာဝင်လူများ သာသနာကိုယုံကြည်လက်ခံကျင့်သုံးနေသမျှ သာသနာတည်ရှိနေမည်ဟု မှတ်ချက်ချရပေလိမ့်မယ်။

ဦးဇင်း စဉ်းစားကြည့်မိတာကတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်ဘာသာအကြောင်းကို စဉ်းစားလေ့လာမှုအားနည်းလို့ ကိုယ့်ဘာသာနဲ့ အလှမ်းဝေးနေကြပြီး အနောက်တိုင်းလူများကျတော့ စဉ်းစားလေ့လာမှုများတဲ့အတွက်ကြောင့် သူတို့ဘာသာနဲ့ ဝေးကွာသွားကြတယ်လို့ ထင်မိပါတယ်။ ဒါကြောင့် တွေးခေါ်စဉ်းစားလေ့လာမှုများတဲ့ အနောက်တိုင်းသားများကို အတုယူပြီး သူတို့တောင် ကိုယ့်ဘာသာဘက်ရောက်လာကြသေးတယ်ဆိုရင် မိမိတို့ဗုဒ္ဓဘာသာဝင်များက မိမိတို့ဘာသာအကြောင်းကို ပိုမိုလေ့လာမှုများပါက ကိုယ့်ဘာသာအပေါ် ပိုမိုယုံကြည်မှုများဖြစ်လာပြီး မိမိသံသရာအတွက် ဖြတ်သန်းရမည်လမ်းစဉ်ကိုလည်း ကောင်းမွန်စွာလျှောက်လှမ်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် စာဖတ်သူအားလုံး ကိုယ့်ဘာသာအကြောင်း လေ့လာမှုပိုမိုပြုလုပ်နိုင်ကြပြီး မိမိခရီးကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။


ယောက်ျားတွေကို ကျဆုံးစေသောအကြောင်း အရင်း

$
0
0
ယောက်ျားနဲ့မိန်းမ အတူပေါင်းသင်းတာက ခက်ခဲတဲ့အလုပ်ဖြစ်သလို အနုပညာတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ ဒီလိုပေါင်းသင်းရာမှာ ကိုယ့်ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ် သူ့ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ် မလိုအပ်တဲ့ အတိုက်အခိုက်တွေ ပေါ်လာနိုင်ပါတယ်။ တစ်ခါတလေ မိန်းကလေးတစ်ယောက်ရဲ့ မျက်စောင်းတစ်ချက်၊ အပြုအမှုတချို့က ယောက်ျားတွေကို အံကြိတ်စေနိုင်ခဲ့တယ်။ သင်ရဲ့ အိမ်ကြီးရှင်မမှာ အောက်က ယေဘုယျအချက်တွေ ရှိပါသလား?

(၁) ချိန်းတွေ့ချိန် တမင်နောက်ကျခြင်း

"ချိန်းတွေ့ချိန် နောက်ကျခြင်းအနုပညာ"ကို ဘယ်အချိန်ကစပြီး မိန်းကလေးတွေ နှစ်သက်ခဲ့မှန်းမသိပါဘူး။ ယောက်ျားလေးရဲ့ စိတ်ရှည်သည်းခံနိုင်မှုအပေါ် လိုက်ပြီး ချိန်းထားချိန်နဲ့ (၅)မိနစ်၊ (၁ဝ)မိနစ်ထိ တချို့က ဒီထက်ပိုနောက်ကျတတ်ကြပြီး ကိုယ့်အပေါ်ထားတဲ့ ယောက်ျားလေးရဲ့ခံစားချက်ကို စမ်းသပ်ခဲ့ကြတယ်။ စိုးရိမ်တဲ့အထိ၊ စိတ်ပူတဲ့အထိ ပြီးတော့ စိတ်တိုတဲ့အထိ စောင့်ခိုင်းစေပြီး "နောက်တစ်ကြိမ် ဒီလိုမဖြစ်စေနဲ့"လို့ ကိုယ့်ကို အသံမာနဲ့အော်ငေါက်ခဲ့ရင် နောက်တစ်ကြိမ် ချိန်းတဲ့အခါ မသွားဘဲ နေလိုက်တတ်ကြတယ်။ ဒါပေမယ့် ယောက်ျားလေးအများစုက အောင့်အီးသည်းခံပြီး အပြုံးမျက်နှာနဲ့ "ကိစ္စမရှိဘူး.. ကိုယ်လဲအခုမှရောက်တယ်"လို့ ပြောတတ်ကြတယ်။ တကယ်တော့ စောင့်နေရင်းက ဆေးလိပ်တစ်ထုပ်ကို စိတ်တိုတိုနဲ့အားရပါးရ သူသောက်ခဲ့ပြီးဖြစ်တယ်။

(၂) တကယ်လို့ ကျွန်မနဲ့ရှင့်မေမေ ရေချောင်းထဲကျသွားရင် ရှင်ဘယ်သူ့ကိုအရင်ကယ်မှာလဲ?

ဒါဟာ ရှေးအရမ်းကျတဲ့ ခပ်တုံးတုံး ရွေးချယ်မှုပုစ္ဆာတစ်ပုဒ်ဖြစ်တယ်။ ဒီပုစ္ဆာက လူမဆန်တဲ့အပြင် စိတ်ကြည်နူးစရာလည်း မကောင်းပါဘူး။ ယောက်ျားလေးအတွက် အင်မတန်ရက်စက်တဲ့၊ ရှေ့မတိုး နောက်မဆုတ်သာတဲ့ ရွေးချယ်မှုဖြစ်တယ်။ ဒါဟာ ယောက်ျားလေးကို ချောက်ထဲတွန်းချတာနဲ့ မခြားပါဘူး။

(၃) "ကျွန်မကိုချစ်လား?" "ဘယ်လောက်ထိချစ်လဲ?"

ဒီလိုအမေးတွေကို တစ်နေ့ (n)အကြိမ်မြောက်မေးရလည်း မိန်းကလေးတွေက မငြီးငွေ့တတ်ကြဘူး။ တကယ်လို့ ယောက်ျားလေးသာ စိတ်မရှည်ဘဲဖြေခဲ့မိရင် ငါ့ကိုအလေးမထားဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ယောက်ျားလေးဆီကနေ ဂတိ၊ သစ္စာတွေကို တောင်းခံတတ်တယ်။ မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေရဲ့ ဦးနှောက်ခံစားချက်နဲ့ ပြောဆိုဆက်ဆံရေးက သိပ်ဆက်သွယ်မထားဘူး။ ဒါကြောင့် "နင့်ကိုငါချစ်တယ်"ဆိုတဲ့စကားကို သူတို့အလွယ်တကူ မပြောတတ်ကြဘူး။ ဒီလိုအချိန်မှာ ယောက်ျားလေးတွေက သူတို့ခံစားချက်ကို ထုတ်ဖော်တာမျိုးမဟုတ်ဘဲ ကိစ္စတစ်ခုကိုဖြေရှင်းနေတာမျိုး ဖြစ်သွားတတ်တယ်။

(၄) ငိုတယ်၊ ရစ်တယ် ပြီးရင်လမ်းခွဲမယ်

ငိုတာကို လက်ခံနိုင်ပါတယ်။ ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့မူပိုင်မို့ လှပပါတယ်။ ရစ်တာက ခေါင်းခြောက်စရာဆိုပေမယ့် ချစ်စရာကောင်းတဲ့အချိန်လည်း ရှိပါတယ်။ ဒါပေမယ့် "လမ်းခွဲမယ်" ဆိုတဲ့စကားက အကျည်းတန်ဆုံးဖြစ်တယ်။ မိန်းကလေးတချို့က ဓားထက်ထက်သွေးပြီး အစိမ်းသက်သက် ခုတ်ဖြတ်မယ်ပုံစံနဲ့ "အတုသရုပ်ဆောင်"ပြီး ယောက်ျားလေးကို ခြိမ်းခြောက်တတ်ကြတယ်။ အဲဒီလိုအချိန်မှာ မိန်းကလေးတွေပေးတဲ့ စိတ်ဖိအားကို မခံနိုင်တဲ့ တချို့ယောက်ျားလေးတွေက တကယ်လမ်းခွဲလိုက်တတ်တယ်။

(၅) "Shakiraကို ကြိုက်လား?"

မိန်းကလေးတချို့က ဒီလိုအမေးမျိုးမေးပြီး ယောက်ျားလေးဖြေမယ့်အဖြေကို စိတ်ဝင်တစားနဲ့ စောင့်နေတတ်တယ်။ တကယ်တော့ အများအားဖြင့် မိန်းကလေးတွေက ယောက်ျားလေးတွေဆီက "ပြီးပြည့်စုံတဲ့အဖြေ"ကိုပဲကြားချင်ပြီး "တကယ့် ရင်ထဲကလာတဲ့အဖြေ"ကို ကြားချင်ခဲ့တာမဟုတ်ဘူး။ ဒီလိုအမေးက ယောက်ျားလေးတွေကို အဖြေရကြပ်စေတယ်။ တခြားမိန်းကလေးတွေကို မကြည့်ရှု၊ မခံစားတတ်တဲ့ ယောက်ျားလေးဆိုတာ မရှိပါဘူး။ ယောက်ျားအများစုက မိန်းကလေးတွေကို ငေးမောပြီး စိတ်ကူးယဉ်တတ်ကြတယ်။ ဒီသဘောကို နားလည်ခဲ့ရင် ကျားတစ်ကောင်ကို အတင်းအဓမ္မ ကြောင်လုပ်ခိုင်းပြီး ကြွက်ဖမ်းခိုင်းမနေသင့်တော့ပါဘူး။

(၆) သူငယ်ချင်းက အရေးကြီးတာလား? ကျွန်မကအရေးကြီးတာလား?

ချစ်သူရှိပြီဟေ့ဆိုတာနဲ့ ယောက်ျားလေးတွေမှာ လွတ်လပ်မှုတွေ ဆုံးရှုံးကုန်တယ်။ တကယ်လို့ သူငယ်ချင်းတချို့နဲ့ တွေ့ဆုံပျော်ပါးပြီး ချစ်သူကောင်မလေးအိမ်ကို မီးချောင်းလဲဖို့ အရောက်နောက်ကျခဲ့ရင် ဒါဟာ မီးတောင်ပေါက်ကွဲတာထက် ပိုပြင်းထန်တဲ့ ကိစ္စတစ်ရပ်ဖြစ်နိုင်ခဲ့တယ်။ မိဘတွေရှေ့ မျက်နှာလုပ်ပြီး ကျွန်မကိုသာ "တစ်,နေရာ"မှာထားကြောင်း သူပြသချင်လိုဖြစ်တယ်။ တကယ်တော့ ကိုယ့်ကို သူအလေးပေးသလို သူ့မှာလည်း သူငယ်ချင်းတွေလိုကြောင်း မိန်းကလေးတွေ သိထားသင့်ပါတယ်။ သူ့ကိုသီးသန့်ခွဲပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခွဲထားခဲ့ရင် သူ့အတွက် အိမ်ထောင်ဆိုတာ ထောင်နဲ့မခြားတော့ပါဘူး။

(၇) စိန်လက်စွပ်မှ

တချို့မိန်းကလေးက ကြွားဝါပြိုင်ဆိုင်လိုစိတ် ပြင်းကြတယ်။ လက်ထပ်ချိန် သူ့ဘက်က အဆင်ပြေ၊ မပြေမသိဘဲ "စိန်လက်စွပ်"မပါရင် မရဘူးဆိုပြီး ယောက်ျားလေးတွေကို ဖိအားပေးတတ်တယ်။ လက်မထပ်မီ စိုးရိမ်ကြောင့်ကျစိတ်က ယောက်ျားလေးတွေကို အဝေးထွက်ပြေးချင်စိတ် ဖြစ်စေတတ်ပါတယ်။ တကယ်တော့ အချစ်ကို ဂုဏ်ပကာသနတွေနဲ့ ဝင့်ကြွားသက်သေပြစရာ မလိုပါဘူး။ မှီနိုင်တဲ့ယောက်ျား၊ ပွေ့ဖက်နိုင်တဲ့ယောက်ျားဖြစ်ဖို့ပဲ လိုပါတယ်။

(၈) လူပုံအလည်မှာ သွန်သင်ပြီး စားပွဲခုံအောက်ကနေ ခြေထိုးတတ်သူ

ယောက်ျားလေးတွေက မျက်နှာသာပေးတာကို လိုချင်ကြတယ်။ ဇနီးချောလေး ပိုင်ဆိုင်ထားတယ်လို့ သတင်းမွှေးပြီး လူပုံအလည်မှာ အဲဒီဇနီးချောရဲ့ အဆုံးအမကိုခံရမှာ ယောက်ျားလေးတွေ အကြောက်ဆုံးဖြစ်တယ်။ ဒါဟာ သူတို့ရဲ့အရှိုက်ကိုထိစေပြီး မယားကြောက်လို့ အရှက်ရစေပါတယ်။ မယားကြောက်သူတစ်ယောက်မှာ ဘာလေးစားမှု၊ ဘာဂုဏ်ယူစရာတွေ ရှိနိုင်ဦးမလဲ?

(၉) ယောက္ခမကို မျက်နှာသေပြသူ

ယောက်ျားလေးတွေ အကြောက်ဆုံးက ယောက္ခမနဲ့ချွေးမ မတည့်တာပဲဖြစ်တယ်။ မိန်းမသားနှစ်ယောက်ရဲ့ စစ်ပွဲမှာ နောက်ဆုံးဗုံးထိခံရသူက သူပဲဖြစ်ခဲ့လို့ဖြစ်တယ်။ ယောက္ခမနဲ့ချွေးမ မတည့်ခဲ့ရင် ပြဿနာတွေက အလိုလိုနေရင်း ပေါ်နေတတ်တယ်။ ဒီလိုအခြေအနေမျိုးမှာ ယောက်ျားလေးက ငရဲရောက်နေတတ်တယ်။

(၁ဝ) ဖုန်းစစ်ဆေးသူ၊ အိတ်ကပ်နှိုက်သူ

ယောက်ျားလေးရဲ့ဖုန်းကို စစ်တတ်သူက သူ့ရဲ့"နေ့စဉ်ဘဝကို" သတိထားသူဖြစ်ပြီး အိတ်ကပ်နှိုက်သူက သူ့ရဲ့ "ငွေဝင်ငွေထွက်"ကို စစ်ဆေးသူဖြစ်တယ်။ တစ်နေရာမှာ "ဘဏ်"အသေးစား ရှိနေမလား? ထိမ်ချန်ပြီး စာရင်းပြသလား? ဝင်ငွေကိုလျော့ပြသလား? စတဲ့ "မယုံကြည်မှု"တွေကြောင့်ဖြစ်တယ်။ ဒီလိုမိသားစုမှာ ဦးဆောင်ရတဲ့ယောက်ျားတွေက တကယ်ပဲဖိအားများပြီး ပင်ပန်းရပါတယ်။ အမှားတွေ အလွယ်တကူ လုပ်မိတတ်ပါတယ်။

(၁၁) ဘေးအိမ်က ကားအသစ်လဲပြီတဲ့!

မိန်းကလေးတွေရဲ့ ဒီလို လိုအင်တပ်မက်မှုတွေက ယောက်ျားတစ်ယောက်ကို ဦးနှောက်ခြောက်စေသလို သိမ်ငယ်စိတ်တွေ ဝင်စေပါတယ်။ ကိုယ့်တပ်မက်စိတ်ရဲ့ ဖိအားကြောင့် ယောက်ျားတချို့က သည်းမခံနိုင်ဘဲ "ဘေးအိမ်က မိန်းမအသစ်လဲပြီ"တဲ့လို့ ပြောထွက်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မိန်းမက သူ့ဝင်ငွေနည်းတာကို လှောင်ပြောင်ပြီး သူ့ဝင်ငွေနဲ့ မိသားစုတန်ဖိုးကို ပိုင်းဖြတ်လိုက်တယ်လို့ သူထင်တတ်ပါတယ်။ ဒါဟာ သူ့ရဲ့အသုံးမကျမှုကို မထေမဲ့မြင်လုပ်နေတာနဲ့ အတူတူပဲဖြစ်တယ်။

မိသားစုတာဝန်၊ အိမ်ထောင်တာဝန်တွေနဲ့ ဖိအားများလွန်းပေမယ့် ယောက်ျားတွေက အလွယ်တကူ မညည်းညူတတ်ကြဘူး။ ဆင်းရဲပင်ပန်းပေမယ့် မျက်နှာက အလွယ်တကူ မညိုးကျတတ်ဘူး။ သူတို့ရဲ့အကြောတစ်ချောင်း ဆွဲနှုတ်လိုက်တာတောင်မှ ယောက်ျားတွေက ကြံ့ကြံ့ခံဟန်ဆောင်နိုင်ကြတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ရဲ့ စကားတစ်ခွန်း၊ အပြုအမှုတစ်ခု၊ မတော်တဆ ထိခိုက်နာကျင်မှုတစ်ခုက သူ့တို့ဘဝကို ဆုံးရှုံးစေနိုင်ခဲ့တယ်။ ယောက်ျားတွေထက် မိန်းမတွေပိုအသက်ရှည်တာက ဒီသဘောတရားပဲဖြစ်တယ်။ မိန်းမမြတ်တစ်ယောက်က ယောက်ျားတစ်ယောက်ကို ထွက်လမ်းလေးပေးသင့်ပါတယ်။ တကယ်တော့ ယောက်ျားတွေက မိန်းမတွေရဲ့ ဂရုစိုက်မှုကို ပိုလိုအပ်ခဲ့ကြတယ်
ပြန်လည်မျှဝေခံစားတင်ပြသည်........................ရုပ်စိုးမလေး

အတည်ပြုနိုင်ခဲ့ပြီးဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသားများ

$
0
0

ဒီနေရာလေးမှာ သွားဖတ်လိုက်ဗျာ

ရန်ကုန် (ဂျန်နဝါရီ ၁၃) - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာစာပါ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့် ရရှိကာ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူပေါင်း ရာနှင့်ချီကာ ယနေ့နံနက်ပိုင်းတွင် လွတ်မြောက်လာခဲ့ပြီဖြစ်သည်။

1078 Myanmar Amnesty Releasing 6300 Prisoners4

ယနေ့ လွတ်မြောက်လာသူများတွင် နှစ်ပေါင်းများစွာကြာ ပြည်သူအများ လွတ်မြောက်ရေး မျှော်လင့်စောင့်စားနေခဲ့ရသည့် ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်သည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် ဆရာတော်ဦးဂမ္ဘီရ၊ ဦးခွန် ထွန်းဦး၊ ဘလော့ဂါ ကိုနေဘုန်းလတ်တို့နှင့် စစ်ထောက်လှန်းရေးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဗိုလ်မှူးကြီးဟောင်း ဦးဆန်းပွင့်တို့လည်းပါဝင်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ခြင်းသည် သမ္မတဦးသိန်းစိန်၏ သဘောဆန္ဒဖြင့် သမ္မတ၏ အာဏာကိုအသုံးပြုကာ ပုဒ်မ ၄၀၁ (၁) အရ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အား ရယူခဲ့ခြင်းမရှိဟု သတင်း များကဆိုသည်။

ယမန်နေ့တွင် နိုင်ငံပိုင် သတင်းဌာနများမှ သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား “နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ပါဝင်ခွင့်ရရှိရန်နှင့် လူသား ချင်းစာနာထောက် ထားမှု” တို့အတွက် ရည်ရွယ်ကာ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ရှေးရှုပြီး လွတ်ငြိမ်းချမ်း သာခွင့် ပေးအပ်ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။

အတည်ပြုနိုင်ခဲ့ပြီးဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသားများမှာ -

၂) ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း- ထောက်လှမ်းရေး) ၁၀၈) ဇော်မင်းဦး
၃) ဦးကိုကိုကြီး ၁၀၉) မတင်မာဆွေ
၎) ဦးခွန်ထွန်းဦး ၁၁၀) ရှင်အဂ္ဂသိရီ (ခ) အောင်ဇော်လတ်ထွန်း
၅) ကိုဌေးကြွယ် ၁၁၁) ရှင်က္ကုဒ္ဇ (ခ) ကိုအေးသောင်း
၆) ဘန်ဒိတ်ထွန်း ၁၁၂) ရှင်မတ္တဏ္ဍု (ခ) ကိုမော်ကြီး
၇) ဦးဂမ္ဘီရ ၁၁၃) ရှင်ဝါသ၀ (ခ) ကိုဝင်းမင်းထွန်း
၈) မမီးမီး ၁၁၄) ရှင်ဇောတိက (ခ) ကိုဆွေခိုင်ဦး
၉) မနီလာသိန်း ၁၁၅) ကိုအောင်ကိုဝင်း (ခ) ကိုအောင်သီဟ
၁၀) ကိုဉာဏ်လင်း ၁၁၆) ကိုအောင်ကိုလွင်
၁၁) မသက်သက်အောင် ၁၁၇) ကိုမောင်စိုး (ခ) ကိုရာဇဏီ
၁၂) ကိုဇော်ဇော်မင်း ၁၁၈) ကိုဇွန်ပေါဒီဒီး (ခ) အဒီး
၁၃) အံဖွယ်ကျော် ၁၁၉) ကိုကျော်ဌေး (ခ) ကိုဂျပန်ကြီး
၁၄) ဒေါက်တာ တင်မင်းထွဋ် ၁၂၀) ကိုမောင်မောင်ဦး (ခ) ကိုမျိုးမင်း
၁၅) ကိုမင်းဇေယျ ၁၂၁) ကိုမင်းသူ
၁၆) ကိုမြအေး ၁၂၂) ကိုသိန်းဝင်း
၁၇) ကိုဂျေမီ ၁၂၃) ကိုဇင်ကို
၁၈) ကိုမျိုးအောင်နိုင် ၁၂၄) ဦးကောသလ္လ (ခ) ဦးကျော်ဆန်း
၁၉) ကိုသန်းတင် (ခ) ကိုကြီးသန်း ၁၂၅) ဦးကောဝိဒ (ခ) ကိုဟိန်းထက်
၂၀) ကိုလှမျိုးနောင် ၁၂၆) ဦးကေလာသ (ခ) ဦးမင်းအောင်
၂၁) ကိုသက်ဇော် ၁၂၇) ဦးခေမာစာရ (ခ) ဦးကျော်ရှိန်
၂၂) ကိုပြုံးချို ၁၂၈) ဦးဉာဏိဿရ (ခ) ဦးဇော်ဇော်
၂၃) ကိုဇော်သက်ထွေး ၁၂၉) ဦးပဏိန္ဒ (ခ) ဦးဖြိုးဝေ
၂၄) မစန္ဒာမင်း ၁၃၀) ဦးစန္ဒိမာ (ခ) ကိုဆွေလွင်
၂၅) ဦးညီပု ၁၃၁) ဦးဇာဂရ (ခ) သိန်းထိုက် (ခ) ကိုစိုင်း
၂၆) သီဟသက်ဇင် ၁၃၂) ဦးသောဘိတ (ခ) ဦးဇော်ထွန်း
၂၇) ကျော်ဝင်း ၁၃၃) ဦးသီဟ (ခ) ဦးဆန်းထွန်း
၂၈) ကြည်စိုး ၁၃၄) ဦးသီဟအောင် (ခ) သန်းဝင်းအောင်
၂၉) ဇေယျာအောင် ၁၃၅) ဦးသီလ၀ံသ (ခ) ဦးဝင်းဗိုလ်
၃၀) မျိုးမင်းသန်း ၁၃၆) ဦးသုဇာတ (ခ) ဦးသိန်းဌေး
၃၁) ဦးဝီရသူ ၁၃၇) ဦးဝိဇယ (ခ) ဦးခင်ဇော်ဝင်း
၃၂) မကြည်ကြည်ဝါ ၁၃၈) ဦးစာရိန္ဒ (ခ) ဦးဝင်းသိန်း
၃၃) ဘိုဘို ၁၃၉) ဦးဇနိတာဘိဝံသ (ခ) ဦးစိုးသိန်း
၃၄) ဦးရဲမြင့် ၁၄၀) ဒေါပုံနေနေ
၃၅) လွင်မိုးမြင့် ၁၄၁) ဦးကျော်အောင်
၃၆) အောင်သန်း (ခေါ်) အောင်မိုး ၁၄၂) ဦးဝင်းကို
၃၇) ခင်လှိုင် (ခ) ဖိုးဆောင်း ၁၄၃) ဦးလှမျိုးနောင်
၃၈) ဦးကျော်အောင် (အရှင် ဂမ္ဘီရ၏ အစ်ကို) ၁၄၄) ဦးထွန်းညို
၃၉) ၀င်းထိုက် (ခ) ဦးရာဇဓမ္မ ၁၄၅) ကိုဝဏ္ဏပံသ
၄၀) ဆရာရဲ ၁၄၆) မထက်ထက်အောင်
၄၁) ကိုအောင်ဇော်ဦး ၁၄၇) ဦးလှထွေး (ခ) ဦးဝိလာသက္က
၄၂) ကိုကျော်ဝင်းဆန်း ၁၄၈) ကိုဇော်ဝင်းလေး
၄၃) ကိုမောင်မောင်လတ် ၁၄၉) ကိုဇော်လတ် (ဘီလူးကျွန်း)
၄၄) ဦးပြည်ကျော် ၁၅၀) ကိုသန်းထွဋ်အေး (တောင်ဥက္ကလာ)
၄၅) ဦးကျော်မင်း ၁၅၁) ကမ်ခန့်ခွာ (ရန်ကုန်)
၄၆) နေဘုန်းလတ် (နေမျိုးကျော်) ၁၅၂) မခိုင်မာစိုး (ဖြူးမြို့)
၄၇) ကိုသိန်းဇော် ၁၅၃) ဦးဟန်ဇော်
၄၈) သန့်စင်အောင် ၁၅၄) ဦးသက်ဟန်စိုး (ဗိုလ်မှူးဟောင်း)
၄၉) ကျော်ကျော်နိုင် ၁၅၅) ဦးဇော်နိုင်ဦး (ဗိုလ်မှူးဟောင်း)
၅၀) နန္ဒစစ်အောင် ၁၅၆) ဦးမြင့်ဇော်(ဗိုလ်မှူးချုပ်ဟောင်း)
၅၁) ပြည့်ဖြိုးအောင် ၁၅၇) ကိုဇာနည်အောင်
၅၂) ရဲနိုင်ဝင်း ၁၅၈) ကိုနိုင်ဦး(ခ) ဦးနန္ဒ၀ံသ
၅၃) စောနေထူး ၁၅၉) ဦးမြင့်နိုင်
၅၄) ဒေါက်တာဝင့်သူ ၁၆၀) ကိုအောင်သန်းမြင့် (ခ) မဂ္ဂင်ဆရာတော် ဥူးဣန္ဒက
၅၅) ဦးစိုင်းလှအောင် ၁၆၁) ကိုငွေစိုးလင်း
၅၆) ဦးစိုးညွန့် (ဒုဗိုလ်မှူးကြီးဟောင်း - ထောက်လှမ်းရေး) ၁၆၂) ကိုမင်းထွန်း
၅၇) မင်းဟန် ၁၆၃) ကိုမြတ်လင်းထွဋ်
၅၈) မဟန်နီဦး ၁၆၄) လာရန်းကျွရ်
၅၉) ဦးဘမြင့် ၁၆၅) ကိုကိုနိုင် (ခ) စူးရှ
၆၀) ဒေါ်မာမာဦး ၁၆၆) ဒီငြိမ်းလင်း
၆၁) ကိုညီညီဇော် ၁၆၇) နိုဘယ်အေး
၆၂) ကိုကျော်စွာဌေး  ၁၆၈) ကျော်ဇင်ဝင်း
၆၃) ဦးစိုင်းညွန့်လွင် ၁၆၉) ကိုလှမျိုးဟန် (မြင်းခြံ NLD)
၆၄) ကိုသန်းတင် ၁၇၀) ဒေါက်တာသက်လွင်
၆၅) ကိုပတ္တိထွန်း ၁၇၁) ဦးစန္ဒာဝရ (ခ) ဦးဉာဏ်ဝင်း
၆၆) ကိုပြည့်ဖြိုးလှိုင် ၁၇၂) စောမောင်မောင်
၆၇) ကိုအောင်အောင်ကျော် (ဧရာဝတီ) ၁၇၃) အောင်မင်းနိုင် (ခ) မီးသွေး
၆၈) ကိုဇေယျာဦး (ဧရာဝတီ) ၁၇၄) ငြိမ်းချမ်း
၆၉) ဦးပုရစ် ၁၇၆) ထင်ကျော်
၇၀) စည်သူမောင် ၁၇၆) ကျော်နေ၀င်း
၇၁) သန့်စင်မျိုး ၁၇၇) မဥမ္မာမြင့်
၇၂) အောင်ဇော်ဦး ၁၇၈) ခင်ခင်နု
၇၃) စည်သူဇေယျ ၁၇၉) ဝေေ၀နု
၇၄) ဦးကျော်လွင် (ထောက်လှမ်းရေးဟောင်း) ၁၈၀) ဂေါ်ဇီလာ
၇၅) ကိုမောင်ကံ ၁၈၁) ဦးဇော်ဝင်းနိုင် (ဗိုလ်မှူးဟောင်း)
၇၆) ကိုဇော်မင်းဦး ၁၈၂) ကိုသူရိန်
၇၇) ကိုဇော်ဝင်း ၁၈၃) ဦးဝတုတ်
၇၈) ကိုအောင်ကျော်ကျော် ၁၈၄) ဇော်ဇော်မင်း
၇၉) ကိုသူရစိုး ၁၈၅) ဦးသန်းထိုက်အောင်
၈၀) ကိုမန်းဇော်ထွေး ၁၈၆) ဘီဘီဇီငြိမ်း
၈၁) မျိုးမင်းသန်း ၁၈၇) ကိုရဲကျော်သူ
၈၂) ဒေါက်တာ တင်မင်းထွဋ် ၁၈၈) ကိုမျိုးအောင်
၈၃) ရဲမြတ်ဟိန်း ၁၈၉) ဖြိုးဇော်လတ်
၈၄) မျိုးကျော်ဇင် ၁၉၀) ဒေါ်နော်လှ
၈၅) ကိုအောင်သူ ၁၉၁) ဒေါ်နော်ဆေး
၈၆) အောင်ကျော်ဦး ၁၉၂) ဦးဇင်ဘို
၈၇) ကိုဝေလင်း ၁၉၃) ဦးကျော်သိန်း (NLD လူမှုထောက်ကူ)
၈၈) ကိုမြင့်စိုး ၁၉၄) မသန္တာ (ဧရာဝတီတိုင်း NLD)
၈၉) ကိုရဲမြင့် ၁၉၅) ဦးဝိလာသက္က (ခ) ဦးလှထွန်း
၉၀) မျိုးမင်းဇော် ၁၉၆) ဇွဲနေ၀င်း (ဗိုလ်ချုပ်ကြီး ဦးနေ၀င်း ကွယ်လွန်၏ မြေး)
၉၁) ကိုသီဟ ၁၉၇) ဦးအေးဇော်ဝင်း (ဗိုလ်ချုပ်ကြီး ဦးနေ၀င်း ကွယ်လွန်၏ သားမက်)
၉၂) ကိုညွန့်အောင် ၁၉၈) ရွှေမောင် (ခ) ဆံရှည်
၉၃) ဦးအုန်းသန်း ၁၉၉) ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး
၉၄) ကိုကျော်ဇင်လင်း ၂၀၀) ဇော်မင်း (ခ) ဘောင်းဘောင်း
၉၅) ဒေါ်ဝင်းမြမြ ၂၀၁) အောင်ကျော်ကျော်
၉၆) မတင်တင်မြ ၂၀၂) မျိုးမင်း
၉၇) ဦးဘမြင့် ၂၀၃) ကရင်လေး
၉၈) ဒေါက်တာဝင်းသူ ၂၀၄) တင်အောင်စိုး (ခ) စိုးစိုး
၉၉) ဆရာဇော် ၂၀၅) စိုင်းလတ်အောင်
၁၀၀) အောင်အောင်ရှဲ ၂၀၆) မောင်မောင်နိုင်
၁၀၁) ဂျက်နက်ခိုင် ၂၀၇) ဝေထွန်းဦး
၁၀၂) ကိုထွန်းထွန်းဦး ၂၀၈) နေမျိုးဇင် (ဗိုလ်ကြီးဟောင်း)
၁၀၃) ကိုထွန်းထွန်းနိုင် ၂၀၉) ဦးအာစိန္ဒ
၁၀၄) ကိုမြတ်ကို (GW) ၂၁၀) ကိုထင်ကျော်
၁၀၅) ဇော်သက်ထွေး ၂၁၁) ကိုအောင်ဇော်ဦး
၁၀၆) ကျော်ကိုကို

၂၁၂) ---

“ ငါ့ ရင်ဘတ်ထဲက …စေတနာ ..စစ်စစ်ပါ ”

$
0
0


လေတဟူးဟူး …..တိုက်နေတဲ့…..ငပလီကမ်းခြေ ရဲ့ …တစ်နေရာမှာ …..ညစ်ပေပေ ကောင်လေးတစ်ယောက်ဟာ
သဲ အိမ်လေး တစ်လုံး တည်ဆောက် လို့နေပါတယ်။ သူ့ ရဲ့ စိတ်ကူးထဲမှာတော့ နန်းတော်ကြီးတမျှ လှပလို့နေပါတယ်။ ကောင်လေးဟာ …သူ. စိတ်ကူး နဲ သူ ပြုံး၍နေပါတယ်။ အဲ့ဒီ သဲနန်းတော်ကြီးကို
သူချစ်တဲ့ ….ကောင်မလေးကိုပေးဖို့ပေါ့။ အဲ့ဒီအချိန်မှာပဲ ….စကတ်စုတ်စုတ်လေး နဲ ပါးဖောင်းဖောင်းကောင်မလေးတစ်ယောက် …ရောက်လို့လာပါတယ်။ ကောင်လေး ရဲ့ ..မျက်နာဟာ ရွှင်မြူးသွားပြီး ….
“နင်ရောက် လာပြီနော်။ ငါ..နင့်ဖို့..သဲနန်းတော်ကြီး ဆောက်နေတာ၊ ဒီမှာကြည့် မလှဘူးလား။ ”
ကောင်လေးကမေးတော့ ..ကောင်မလေးက နှုတ်ခမ်းလေး စူသွားပြီးတော့….
“ အဲ့ဒီ သဲအိမ်က ဘာ လုပ် ဖို့လဲ၊ ငါက တိုက်ကြီးမှကြိုက်တာ။ ကားကြီး စီးပြီး…တိုက်ကြီး နဲ့နေချင်တာ။ဒီအလကားရတဲ့ သဲတွေ ဘာလုပ် ဖို့ လဲ ၊ မကြိုက်ဘူး ”
ကောင်လေးရဲ့ ..သဲ အိမ်လေးကို ဖျက်စီးပစ်လိုက်ပါတော့တယ်။ မွမွကြေသွားတဲ့ သဲ အိမ်လေးကို ငေးကြည့်နေတဲ့ ကောင်လေး မျက်နှာဟာ မျက်ရည်တွေ ၀ိုင်းလို့နေပါတယ်။ စိတ်ထဲကတော့ နင်လိုချင်တဲ့ တိုက်ကြီးမျိုးပေးချင်တာပေါ့ ကောင်မလေးရယ် …ဒါပေမဲ့ ..ငါ့မှာ ..ပိုက်ဆံမှမရှိတာ။ ထွက်ခွာသွားတဲ့ ကောင်မလေး ကျောပြင်ကို ငေးကြည့်ရင်း မျက်ရည်တွေ စီးကျလို့လာပါတယ်။ သဲတွေ နဲ ..ပေကျံ နေတဲ့ …..လက်ကလေး နှစ်ဘက်ဟာ လဲ ….တုန်ရင်လို့နေပါတော့တယ် ။ ကောင်လေးရဲ့ ……ရင်ထဲမှာတော့…. အချစ်ဆိုတာ ..နားမလည်သေးပေမဲ့ ……ကောင်မလေး ..ပျော်ဖို့ အတွက် …..ဘာမဆို လုပ်ပေးချင်စိတ်တွေ သာ ……ကြီးစိုးလို့နေပါတော့တယ် ။


ဖြူတစ်ယောက် …..ရန်ကုန်သွားရတော့ မှာမို့…ရွှင်မြူးလို့နေပါသည်။ စိတ်ကူးယဉ် အိမ်မက်တွေ လက်တွေ့ဖြစ်တော့မယ်ထင်ပါရဲ့နော်။ အောင့် ကို သွားကြွားအုံးမှ ….ကိုယ်ရဲ့ အိမ်မက်တွေကို ..နားလည်ပေးနိုင်သူက အောင်တစ်ယောက်ပဲရှိတာလေ။
အောင်က ..ငပလီကမ်းခြေ ဟော်တယ် တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ ဖြူရော အောင်ရော..ဆယ်တန်းအောင်ပြီးကြပါပြီ။ ရန်ကုန်မှာ ကျောင်းသွားတက် ချင်တာက ဖြူရဲ့ စိတ်ကူးယဉ် အိမ်မက်လေးပေါ့။ ဖြူတို့က ငပလီကမ်းခြေနားက ..ရွာကလေးမှာ ဆင်းဆင်းရဲရဲ နေရတာမို့အရမ်းပဲချမ်းသာချင်ပါတယ် ။
အလုပ်နားချိန်မို့..အောင်တစ်ယောက်..ကမ်းခြေကကျောက်ဆောင်လေးတစ်ခုပေါ်မှာထိုင်နေပါသည်။
ဖြူက ..အောင့်ဘေးမှာ ..၀င်ထိုင်လိုက်ပြီး ၊ …
“ ဒီလိုကျတော့ …ငပလီက တော်တော်သာယာတာပဲနော် ”
အောင်ကနားမလည်သလို လှည့်ကြည့်ပြီး ….
“ ငါတို့မွေးရပ်မြေက လှပြီးသားလေ၊…ဒါကြောင့်မို့ မြန်မာပြည်ရဲ့ အလှဆုံးနေရာ ထဲမှာတောင်ပါတယ်။
မိဖြူ ….စိတ်ကြည်လာတယ် ထင်တယ်။ ပြောပါအုံး ”
“ ဟုတ်တယ် ။ နင်တော်လာပြီ ။ ငါ….ရန်ကုန်က ဒေါ်လေး အိမ်မှာ လိုက်နေရင်း ကျောင်းတက်ရမယ် တဲ့….
ငါ ..နေချင်တဲ့ ရန်ကုန်မှာ နေခွင့်ရတော့မယ်…..ပျော် လွန်းလို့..ထမင်းတောင်မစားနိုင်ဘူး ။ နင့်ကိုပြော ချင်လွန်းလို့ ထွက်လာတာ …”
ဖြူ.မျက်နှာဟာ ..အပြုံးတွေ နဲ့ ကြည်လင်နေသလောက် ….အောင်မျက်နှာကတော့ ….ညှိုးနွမ်းလို့သွားပါသည်။

ဖြူက အောင့်မျက်နှာ ကိုကြည့်ပြီး ..
“ နင်က လဲ ….စူပုတ်နေတာ ပဲ ..ငါ့ အတွက် ၀မ်းမသာဘူးလား ”
လို့မေးလိုက်တော့ …အောင်က …
“ နင့်အတွက် ၀မ်းသာပါတယ်ဖြူရယ် ..ငါကလေ နင်အမြဲ ပြုံးပျော်နေတာမြင်ချင်သူပါ ။ နင်နဲ ခွဲရမှာမို. ၀မ်းနည်းသွားတာပါ..”
“ နင်ကလဲ …ငါ ..ပြန်လာမှာပါ။ သူဌေးကြီးဖြစ်တဲ့ တနေ့ပေါ့ …ဟီး ….ပြီးတော့ ..နင် လဲ လိုက်လာခဲ့လေ…ငါတို့ ရန်ကုန်မှာ ကျောင်းအတူတက်ခွင့်ရရင်ကောင်းမှာနော်…။ ငါ လဲ နင်နဲ့မခွဲ ချင်ပါဘူး။ ”
“ အဲ့ ဒီစကားနဲ့တင် ငါကျေနပ်ပါတယ်။ နင်နဲ့တွေ့ရအောင် ..အဝေးသင်ကို ..ရန်ကုန်ပြောင်းယူလိုက်မယ်။နင့်ဟာ ..ငါ့ဘ၀ရဲ့ …နတ်သမီးပါ။ နင်အနားမှာ ရှိနေရင် ငါ့ဘ၀ ..ပြီးပြည့်စုံပါတယ်...”
ဖြူက ..မချိုမချဉ်..ပြုံးလိုက်ပြီး…
“ငါသာနတ်သမီးဆိုရင် ..နင့်ကိုသူဌေးကြီးဖြစ်အောင် ဖန်းဆင်းပြီး ..ငါတို့ တသက်လုံးအတူတူနေသွားကြတာပေါ့ ” တဲ့
အော် ….ဖြူ..က ..သူဌေးကြီးဖြစ်မှ..ငါ့နားမှာနေချင်တာကိုး။ ရင်ဘတ်ထဲက ..တဆစ်ဆစ် နာကျင်သွားပါသည်။ ဖြူရယ် ..နင့်ဆန္ဒ ကို …ငါဖြည့်ဆည်းပေးချင်လိုက်တာ။ ငါ့ရင်ထဲက စေတနာတွေ ကို …နင်…တနေ့တော့ နားလည်နိုင်မှာပါ။


ဖြူတစ်ယောက် ….ရန်ကုန်မှာ ….အရမ်းပဲ ..ပျော်နေခဲ့ပါတယ် ။ ကိုယ်ပိုင်ကားလေး နဲ့ ..ကျောင်းတက်သူတွေကို ……အားကျလို့ ။ ချမ်းသာချင်တဲ့ ..စိတ်တွေ ဟာ ….ပို၍သာ ခိုင်မာ လာခဲ့ပါတယ် ။
ဒီလို နဲ့ ..ဖြူဟာ ….ချမ်းသာတဲ့ ..ကောင်လေး တစ်ယောက် နဲ့ ..ချစ်သူဖြစ်သွားပါတယ် ။
ကောင်လေးပေးတဲ့ ..လက်ဆောင် ..အကောင်းစားတွေဟာ ..ဖြူအတွက် …မက်မောစရာအတိပေါ့။ ကားလေးနဲ့ ..လျှောက် လည် ခဲ့ရတာလဲ ….နိဗာန်ဘုံပါပဲ။
စည်းစိမ်းတွေ နဲ့ …ရစ်မူးနေတဲ့ ..ဖြူ့အတွက်တော့ …..ငပလီကမ်းက …ကောင်လေးတစ်ယောက်ဟာ မေ့တချက် ..လျှော့ တချက်နဲ့ …..မှုန် ၀ါးဝါး..ပန်းချီကားတစ်ချပ်လို့ …မှေးမှိန်ပျောက်ကွယ်လုနီးနီးပေါ့။
ဖြူရဲ့ ..သတင်းမှန်သမျှ ..နားစွင့်နေခဲ့တဲ့ …..အောင့်အတွက်ကတော့ ….အသဲကွဲဝေဒနာ ကို ….အလူးအလဲ ခံစားနေရပြီး ။ ချစ်သူပျော်ပါစေတော့ ရယ်လို့ ….နှစ်သိမ့်၊ဖြေတွေး…အပူရုပ်ကို ..ဟန်လုပ်လို့ နေရပါတယ် ။ ချစ်သူရယ်….မင်းပျော်ဖို့အတွက်ဆိုရင် ..ငါက ….နှလုံးသားကို ..လမ်းခင်းပြီး ..လျှောက်ခိုင်းချင်သူပါကွာ …..။ ဖြူတစ်ယောက် ..ထာဝရပျော်ရွှင်နိုင်ပါစေ။
အဲ့ဒါ ငါ့ ရင်ဘတ်ထဲက ..စေတနာစစ်စစ်ပါ။

နေ့တနေ့ မှာတော့ ….ရွှေရောင် ၊ ငွေ ရောင်တွေ ..ရဲ့ ..နောက်က ..ထောက် ချောက်ကို ဖြူတစ်ယောက် မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရပါတယ်။
“ ဖြူရေ ….ဒီနေ့ လျှောက်လည်လို လဲ ….၀ပြီ။ မြို့ ထဲ မှာ ….ကိုရဲ့ ..အခန်းလေးရှိတယ် ..အဲ့ ဒီ မှာ ၀င်နားရအောင် နော် ..ညနေကြတော့ ..ဖြူကိုပြန်ပို့ပေးမယ်လေ ။”
သမင်မလေး ..ဖြူ ..ချစ်သူ အလိုကျခေါင်းညိမ့် ခဲ့ပါတယ်။
အခန်း ထဲရောက်တော့ …နှစ်ယောက် ထဲ မို့ ….ကြောက်စိတ်တွေ ၀င်လာသလိုပါပဲ။ ဒါပေမဲ့ ..ကိုယ့်ချစ်သူ ပဲလေ ဆိုတဲ့ အတွေးနဲ့ ….ကြောက်စိတ်တွေကို ..ဖျောက်ပစ် လိုက်မိပါတယ် ။
ကို ..ကတော့ ..ပေါ့ပေါ့ပါးပါးပါပဲ….ရေချိုးပြီး ….အိပ်ရာထက်မှာ လှဲ လို့နေပါတယ် ။
ဖြူမှာသာ…စိုးရိမ်စိတ်တွေ နဲ့ ……ဦးနှောက်က ..အချက်ပေးသံတွေ …..ဆူညံလို့နေပါတယ် ။
ဖြူငြိမ်နေတော့ ….ကိုက ….“ ဖြူက ..ဘာဖြစ်နေတာ လဲ …ကို နဲ့ အတူတူလာအိပ်လေ..ဒါကသဘာဝတရားလေ…ခုခေါတ်မှာ ..မဆန်းတော့ပါဘူးကွာ ..” တဲ့
ကို..စကားအဆုံးမှာ ..ဖြူ တော်တော်ကြီး ..ထိတ်လန့် သွားပါတယ် ။ မဆန်းပါဘူး တဲ့လား။
ဖြူ..ငိုချင်စိတ်တွေ ကြီး စိုး လို့ လာပါတယ် ။ ဖြူ က ..ပြန်ပို့ပေးပါလို့ ….ပြောတော့၊ ကိုက
“ မင်းကို ပေးထားတဲ့ …အရင်းအနှီးက ကြီးတယ်ကွ …ဒီအတိုင်းတော့ ဘယ်ရမလဲ ၊ မင်းအတွက် ..ငါ ၀ယ်ပေးထားတာတွေ က ..အကောင်းစားတွေ ကြီး ပဲနော် ..ဘာလဲ ..နဲ လို့လား …မင်းကဘယ်လောက် လို ချင်တာလဲ ပြောလေ ”
ဖြူရင်ထဲ မှာ…..စက်စုပ် ရွံရှာမူတွေ …ပြည့် သိတ်လို့ လာပါတယ် ။ သူပေးထားတဲ့ ..ပစ္စည်းတွေ နဲ့ …ဖြူဘ၀လေးကို ..လဲလှည်..ခံလိုက်ရတော့မှာလား။ သူ့ပေးခဲ့တဲ့..လည်ပင်းက စိန်လောဒ်လေးနဲ့ ဆွဲကြိုးလေးရယ်၊ စိန်စီထားတဲ့ ..ရိုမက်စင်နာရီလေးရယ်ကို…ဖြူကြောက်လန့်စွာ ..ကိုင်ကြည့်မိပါတယ်။ အရင်ကမက်မော ခဲ့တဲ့ ..ပစ္စည်းတွေ ..ခုတော့ ..ရွံ.စရာ..အတိ။ကျားစာဖြစ်တော့မဲ့..ကိုယ့်ဘ၀ အတွက် …ယူကြုံးမရ…ဖြစ်လို့နေရပါပြီ ။

သတိကပ် ….ထိန်းချုပ်ရင်း …ချော့တခါ ခြောက်တလှည့် ..ပြောလာသော သူစကားများကို …အချို သပ်ရင်း ….လွပ်လမ်းကို ရှာ လို့ နေပါတယ် ။ အဲ့ ဒီ အချိန် ..ဖုန်းလာပါတယ်။
သူ ဖုန်းပြောနေတုန်း…ရွံ့ရှာ ဖွယ်ပစ္စည်းတွေကို ..ချွတ်ပစ်ခါ၊ ..အခန်း ထဲက ..ပြေးထွက် ခဲ့ပါတယ် ။ သူ ရူးတစ်ယောက် လို ..ပြေး လွှားရင်း….နောင်တ မျက်ရည်တွေ စီးကျလို့ သာလာပါတယ် ။ ဖိနပ်မပါ၊ မျက်ရည်စက်လက်နဲ့ ..ကောင်မလေး ..တစ်ယောက် ပြေးလွှားဆဲပါ ။ မြင်သူတကာက …ရူးသွားပြီ လို့ အထင်နဲ့ ….လိုက်ကြည့်နေကြပါတယ်။ ငွေ မက် ခဲ့တဲ့ ..ဖြူရင်ထဲက ….နောင်တတွေကိုတော့ …ဘယ်သူမြင် နိုင်မှာ တဲ့လဲ။ …..
အော် ..ငွေ…..ငွေ …. အဲ့ ဒီ ငွေကြောင့် …ဘ၀ပျက် ခဲ့တဲ့ ..မိန်းခလေး တွေ ဘယ်လောက်တောင်များနေပြီ လဲ ။ ဖြူလို …ကျားခံတွင်းဝက ..လွတ်လာသူတွေ လဲ …ရှိသလို၊ ကျဆုံးသွားသူတွေ လဲ …ရှိနေမှာပါ ။ ငွေ ဆိုတာက …အပေါ်ယံ ..သကာရည်လောင်းထားတဲ့ …..၀ိုင်တခွက် လိုပါပဲ။ လူတွေ ကို ..ယစ်မူးစေပြီ၊ ကောင်းကျိုးရော ၊ ဆိုးကျိုးတွေ ကိုပါ ဖန်ဆင်းနိုင်ပါတယ် ။

နောင်တတွေ တပွေ့ တပိုက် နဲ့ …ဖြူ့ကို …တွဲလို့ ကူညီသူကတော့ ….ငပလီကမ်းခြေက ကောင်လေး..အောင်ပါ ။ လောကကြီးရဲ့ …တန်ပြန် ..နိယာမ ..အတိုင်း..စေတနာ စစ်မှန် ခဲ့တဲ့ အောင် …ချစ်သူလေးကို ..အပြစ်အနာအဆာ ကင်းစွာ …ပြန် လည် ပိုင်ဆိုင် ခဲ့ရပါတယ်။
ဖြူကတော့…အောင်နဲ့ ငယ်စဉ်ကတဲက အကြောင်းလေးတွေ ကို ..ပြန်ပြောင်းအောင့်မေ့ ယင်း..မျက်ရည်လည်နေတုန်းပါ ။ နောင် မှ ..ရတတ်တဲ့ ..နောင်တတွေ အတွက် …..အောင်ကို ..တသက် လုံးပေးဆပ် သွားဖို့ ..ဆုံးဖြတ်ချက် ချမိလိုက်ပါတယ် ။
အောင်အတွက်..တသက်လုံး….ဖြူစင်၊ ခိုင်မြဲတဲ့ ..ချစ်မေတ္တာတွေ ပေးသွားမှာပါ။
ပြီးပြည်ူစုံတဲ့ မေတ္တာတွေနဲ့ …အောင်နဲ့ ဖြူ ..တို. ရဲ့ ….တွဲ လက်အစုံ ဟာ ….အနာဂါတ်အတွက်..ခိုင်မြဲလို့နေပါတော့တယ် …။

ခိုင်မြဲ တဲ့ ..ချစ်ခြင်းမေတ္တာတရား ..နဲ့ တွေ့ဆုံ နိုင်ကြပါစေ။

ဆန္ဒမွန်ဖြင့် .....
မှုံနံ.သာဖြူ......

ချစ်သူတိုင်းအတွက်...အနာဂါတ်မျှော်လင့်ချက်မနက်ဖန်

$
0
0


ချစ်သူမောင်သို့ပေးစာ.........

                        ♥ချစ်သူမောင်ရေ♥

လောကမှာလူတိုင်းအမှားနဲ့မကင်းသလိုအမြဲတမ်းလမ်းအမှားမလုပ်နိုင်ပါဘူး

လူတွေကတခါမှားပီးရင်တော့အဲဒီလူဟာအမြဲတမ်းမှားပီလိုသတ်မှတ်တယ်
အဲဒါအမှန်တကယ်တော့တဘက်စွန်းရောက်တဲလူတွေပါလူတိုင်းကတော့မှန်အောင်ကြိုးစား
မှန်အောင်ပြောဆိုပြုမူနေတာပါပဲ။နေထိုင်ရင်းတန်းလန်းက
မှားသွားနိုင်တယ်စွန်းထင်းသွားနိုင်တယ်
အဲဒီလိုအခါမျိုးကျရင်လူတွေကရှုံ့ချအပြစ်တင်ကြတာပါပဲမှန်အောင်ဖေးမမယ်
ကူညီမယ်မရှိလမ်းဘေးရောက်အောင်တွန်းပို့တဲလူတွေကများတယ်
ချစ်သူမောင်ရယ်အဲဒီလိုဖြစ်နေတဲ့လူတယောက်ကိုကိုယ်ကဖေးမကူလို့

ကိုယ်ဆုံးမပဲ့ပြင်လိုက်လို့လူကောင်းဖြစ်သွားခဲ့မယ်ဆိုရင်လူသာဓုနတ်သာဓုခေါ်ပီး
ကိုယ်လည်းကောင်းတာတွေဖြစ်လာမယ်မဟုတ်လားချစ်သူမောင်ကော
ဘယ်လိုထင်လည်းချစ်သူမောင်လည်း လောကကိုအကျိုးပြုတဲ့လူသားတွေကူညီနိင်တဲ့လူဖြစ်နေရင်ရှင်းချစ်သူအတွက်
ရှင်းကဂုဏ်ယူနေမိမှာပဲ
ရှင်းလည်း
အမှားကိုအမှန်ပြင်ပီး
လဲနေသူထူပေးတဲသူဖြစ်ဖို့ကြိုးစားနေဆဲပါ
မောင်နဲ့အတူလှပတဲ့အနာဂါတ်မျှော်လင့်ချက်မနက်ဖန်ကို ဖန်တီးဖို့အတွက်
လည်းကြိုးစားလျှက်ပါမောင်စိတ်ဓါတ်တွေမြင့်မြတ်ရိုးသားစွာနေထိုင်မယ်ဆို
ရှင်းတို့အနာဂါတ်ခရီးဖြောင့်ဖြူးနိုင်မှာပါချစ်သူရယ်။

 

ချစ်သူတိုင်းလည်းမျှော်လင့်ရင်းနဲ့ ကိုယ်ချစ်သူနဲ့ထာဝရလက်တွဲနိုင်ပါစေနော် ။


 

အားလုံးကိုလေးစားလျှက်

        

ရှင်းသန့်မေ

လူ+ကမ်းပါး?/ ကြွက်?=

$
0
0
ဒီတစ်ပါတ် Health Digest ဂျာနယ်မှာ ဟာသတစ်ပုဒ်ပါလာတယ်။ ခြင်္သေ့ တစ်ကောင်ရဲ့လက်ထပ်ပွဲမှာ ကြွက်ကလေးတစ်ကောင်က ဟိုပြေးဒီပြေးနဲ့ စိတ် လှုပ်ရှားစွာနဲ့ ပျော်နေသတဲ့။
ဒါနဲ့သူ့သူငယ်ချင်းက *ဘာကြောင့် ပျော်နေတာလဲ*
့ *ဒါကျွန်တော့်ရဲ့ အစ်ကို လက်ထပ်ပွဲလေ*
*မင်းကကြွက်ကလေးပဲ၊ ခြင်္သေ့က ဘယ်လိုလုပ် မင်းရဲ့အစ်ကိုဖြစ်နိုင်မှာလဲ*့ *ကျွန်တော်တို့အားလုံးဟာ လက်မထပ်ခင်ကအထိတော့ ခြင်္သေ့တွေချဉ်းပါပဲ*လို့ ဖြေလိုက်တယ်။ သဘောလောက်ပဲရေးတော့မယ်။ ကိုယ့်ဘာသာ တွေးတော့ဗျာ။
ဒါကို မ/ဒေါ်/ညီမ-အေးစုမွန်က ရေးထားတာပါ။ အငြင်းပွားမယ်ဆို သူ့ကို ပွားကြဗျာ။ လျို့ဝှက်ချက်ကိုယ်စီ၊ ခံစားချက်ကိုယ်စီ၊အမြင်ကိုယ်စီပဲကိုး။ အမှန်အ တိုင်းပြောရရင် ဒီဟာသကို ကြိုက်တယ်။
ဒါလေးကို ဖါတ်ပြီး ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ဧရာဝတီဟောပြော ပွဲမှာ *ဣတ္ထိဝင်္က နဒီဝင်္ကံ*မြစ်တိုင်းက ကောက်ကွေ့တယ်၊ မိန်းမတိုင်းကလဲ အဲဒီ ကောက်ကွေ့တဲ့မြစ်လိုပဲ ကောက်ကွေ့ကြသတဲ့။
ဒါပေမယ့် ၀တ္ထုတစ်ပုဒ်ကို သူရေးတယ်။ မြှားဖြစ်သွားသောမြစ်တစ်စင်းရဲ့ဇာတ်အ ကြောင်းကိုပေါ့။
*မြစ်ဆိုတာ ကောက်ကွေ့ပြီးသွားလေ့ရှိပါတယ်။ တကယ်လို့ အဲဒီမြစ်က ကမ်းပါး နှစ်ခုရဲ့အလယ်ကနေ ဖြတ်ပြီးစီးဆင်းသွားရင်တော့ မြှားဖြစ်သွားပါတယ်။ အဲဒီ ကမ်းပါးနှစ်ခုက ကိုယ်ကျင့်တရားနဲ့ ရဲရင့်ခြင်းပါပဲ*တဲ့။ လင့်ကျင့်ဝတ် မယားကျင့် ၀တ်ဆိုတာ ရှိတယ်လေ။
သိပ်ကောင်းတဲ့ စာသားနဲ့ သိပ်တော်တဲ့ စာရေးဆရာပါပဲ။ ကိုယ်ကျင့်တရားကို *သီလ*လို့ ခေါ်ပါတယ်။ အဲဒီသီလကို စောင့်ထိန်းဖို့ ရဲရင့်မှု ရှိရပါတယ်။ သီလအမျိုးမျိုးရှိပါတယ်။
၁။ မစောင့်လို့ကို မရတဲ့သီလနဲ့
၂။ စောင့်ရင်ပိုကောင်းတဲ့သီလဆိုပြီး နှစ်မျိုးကိုပြောကြတာပေါ့။
မစောင့်လို့မရတာ လောလောဆယ်ဆယ် စဉ်းစားမိတာက ပဉ္စာနန္တရိယ ငါး-ပါးနဲ့ ငါး-ပါးသီလပါပဲ။ ဆိုပါတော့-
၁။အမေ ခင်ဗျားသတ်သင့်တယ်လို့ထင်လား?
၂။အဖေ သတ်သင့်တယ်လို့ထင်လား?
၃။ ကိုယ်ကိုးကွယ်တဲ့ ဘုရားရှင်ကို သွေးထွက်သံယို ( သို့) သွေးစိမ်းတည်အောင် လုပ်သင့်သလား?
၎။ကိုယ်ကိုးကွယ်တဲ့ သံဃာကို စိတ်သဘောထားကွဲအောင် အသင်းအဖွဲ့ ကွဲအောင် လုပ်သင့်သလား?
၅။အကျင့်ကောင်းတဲ့ မြင့်မြတ်တဲ့သူတွေ (သို့) ရဟန္တာတွေကို သတ်သင့်တယ်လို့ သင် ထင်လား?
သေချာစဉ်းစားနော် ဒါတွေက အရမ်းကို အပြစ်ကြီးပါတယ်။ ဒီအပေါ် ရှောင်ကြဉ် ရမယ်ဆိုတာ သေချာပါတယ်။
နောက်တစ်မျိုးက ငါး-ပါးသီလပါပဲ။
၁။ ကိုယ့်အသက်ကို သူများသတ်မှာ ကြောက်လား? ဒါဆို သူများကို မသတ်နဲ့
၂။ ကိုယ့်ပိုက်ဆံပျောက်မှာ၊ သူများလုမှာ၊ လိမ်မှာ ကြောက်လား? ဒါဆို…
၃။ ကိုယ့်မိန်းမ ကိုယ့်ယောက်ျား သူများက ကြာခိုမှာ၊ ကိုယ့်ရည်းစား လူလုမှာ ကြောက်လား? ဒါဆို…
၎။ ကိုယ့်ဘ၀ပျက်အောင်၊ အကျိုးစီးပွားပျက်အောင်လုပ်မှာ ကြောက်လား? ဒါဆို.
၅။ အရက်ကြောင့် ဘ၀ပျက်သူတွေ၊ အသိမဲ့သူတွေ တွေ့ဖူးလား? သူတို့လိုကော
ဖြစ်ချင်လား? အရက်သ္မားရဲ့သား၊ မယား ဖြစ်ချင်လား? ဒါဆို ရှောင်ကြဉ်တာက အကောင်းဆုံးပဲ။
ခုပြောခဲ့တဲ့ ၁၀-ခုက လျှော့ပေးလို့ မရဘူးနော်။ လုပ်ကိုလုပ်ရမယ့် အလုပ် တွေပါပဲ။ ဒါပေမယ့် ဒီတစ်ကမ္ဘာလုံး အကုန်မစောင့်ထိန်းနိုင်ကြပါဘူး။ တကယ်လို့ တစ်ကမ္ဘာလုံးက စောင့်ထိန်းကြမယ်ဆိုရင် စစ်ပွဲတွေ၊ ရောဂါတွေ အသားလွတ် လူသတ်မှုတွေ တစ်ခုမှ ဖြစ်မှာမဟုတ်တော့ဘူး။
စောင့်ရင်ပိုကောင်းတာကတော့ ခင်ဗျားတို့သိမှာပါ တစ်ခါတစ်လေ ဥပုသ် စောင့်ကြတယ်လေ။ အဲဒီလို ဥပုသ်စောင့်ရင် ညစာမစားဘူး။ သီချင်းနားမထောင် ဘူး။ အမွှေနံ့သာမလိမ်းဘူး။ ဒါတွေက စောင့်ထိန်းရင် ပိုကောင်းတာပေါ့။ ဒီနေရာ မှာ တစ်ခုရှိတာက ၀ိသာခါတို့လို သောတာပန်တွေတောင်မှ ညစာတွေစားကြပါ တယ်။ ဒါပေမယ့် ကိုယ်စားသလိုနှလုံးသွင်းနဲ့ သူတို့စားတာ မဟုတ်ဘူးဆိုတာလဲ သတိထားရပါမယ်။
ဒီလို စောင့်ထိန်းကို စောင့်ထိန်းရမယ့် သီလနဲ့ စောင့်ထိန်းရင် ပိုကောင်းတဲ့ သီလဆိုပြီးနှစ်မျိုး ရှိပါတယ်။
တစ်ချို့ကတော့ သီလကို ဈေးဆစ်ကြတယ်။ *အမှားဆိုတာ လူတိုင်းမှာ ရှိကြပါ တယ်*တဲ့။ မှန်ပါတယ်၊ လက္ခံပါတယ်။ ဒါပေမယ့် တစ်ချို့သော မှားယွင်းမှုတွေက ဘယ်လိုမှ ပြင်လို့မရတော့တာမျိုးတွေ ရှိတယ်။ ဥပမာ-
ခွဲစိတ်ဆရာဝန်တစ်ယောက်ဆိုပါတော့ မှားယွင်းပြီး ဖြတ်မိ၊ခွဲမိပြီး အားလုံး ok ပြီ ဆိုမှ လူနာက အသက်မရှိတော့ဘူး။ ဒါကို အသက်ရှင်အောင်ဘယ်လိုလုပ်မလဲ၊ သေတဲ့လူကသေနေပြီ။ အဲဒီလိုမှားယွင်းမှုမျိုးတွေပေါ့။
ပြင်လို့ရတဲ့အမှားမျိုးတွေလဲ ရှိပါတယ်။ ရေယိုပေါက်ကလေးက ပင်လယ် ကူး သင်္ဘောကို နစ်မြုပ်စေနိုင်သတဲ့၊ အချိန်မှီသာ အဲဒီအပေါက်လေးကို ဖာနိုင်ခဲ့ ပါက တော်သေးရဲ့ ဒီလိုမဟုတ်ပဲ ပေါ့ပေါ့ဆဆနဲ့ နေလို့ကတော့ တိုက်တန်းနစ်လို ပင်လယ်ကူးသင်္ဘောတစ်စင်း ရေပြင်ကို လည်စင်းရတော့မှာပဲ။ အဲဒီမှာ ဘ၀တွေ အများကြီးဆုံးရှုံးလိုက်ရတာပဲ။
နောင်တဆိုတာ နောင်မှရတတ်တဲ့အတွက် အရမ်းကြောက်စရာကောင်းပါ တယ်။ ကိုယ်ကြီးပွားတုန်း လုပ်ချင်ရာလုပ်မယ်၊ ဥပမာ- နီရိုးဘုရင်လို ငါဘုရင်ပဲ ဆိုပြီး စတက်တီလီယာကို ကြိုက်လွန်းလို့ သူမရဲ့ လင်ယောက်ျားကို သတ်ပစ်ပြီး ယူပစ်တာမျိုး၊ သူရဲကောင်းတွေ အကျဉ်းသားတွေကို တိရစ္ဆာန်ရိုင်းတွေနဲ့ ယှဉ်ပြီး တိုက်ခိုက်စေတယ် အဲဒါကို အရသာခံ ထိုင်ကြည့်တတ်တာမျိုး ဒါတွေက တစ်ချိန် မှာ နောင်တအဖြစ် ကျရောက်ရတာပါပဲ။ တစ်ချိန်က ဒေါသထွက်ရင် နီးရာလူကို သေနတ်နဲ့ နားထင်ထောက် ချိန်းခြောက်တတ်တဲ့ ကဒါဖီတောင် ခုတော့ ဘ၀ ပျက်ရှာပြီပေါ့။ သူနဲ့သက်ဆိုင်တဲ့ သူတွေတောင် ရွေးကောက်ပွဲမ၀င်ဖို့ တားမြစ် ချင်တဲ့သူက ရှိနေပြီ။ တိုက်တန်းနစ်ကြီးရေအောက်ရောက်တော့ ပါသွားတဲ့ လူ တွေလို ဖြစ်ရပြီ။ ကဲ ဒါဆို ခင်ဗျားက နီရိုးလား? ကဒါဖီလား?
လူငယ်ဆိုတာ တစ်ခါတစ်လေတော့ သောက်ချင်၊သွားချင်တာပေါ့ ဆိုရင် ပြဿနာက တစ်ခါတစ်လေက စတာပါပဲ။ တစ်ခါတစ်လေတစ်ခါတစ်လေနဲ့ နောက်ဆုံးတော့ *သောက်လေသောက်လေ ငတ်မပြေ* ဖြစ်ပြီး ကြွက်ဘ၀ လုံးလုံးကို ဖြစ်သွားကြတော့တယ်။ မှားပြီးရင်း မှားရင်းနဲ့ ၀က်ဖြစ်တော့မှ မစင် မကြောက်နိုင်၊ ကြွက်ဖြစ်မှတော့ အမှိုက်ပုံမကြောက်နိုင် ဖြစ်တော့တယ်။
ဒီလိုသာ မိုးခါးရေ လိုက်သောက်ကြရင် မိန်းကလေးတွေကလဲ ဘယ်သူ့ကို ယူလို့ယူရမှန်းကို မသိတော့ဘူး အဲဒီအချိန် ရောက်မှ ကောင်းမယ်ထင်တဲ့သူနဲ့ ယူကြရင် ဣတ္ထိဝင်္က နဒီဝင်္ကံလို့ ပြောကြတော့ မှာလား? တော်လေးဝကလွဲရင် ကျန်တာ ဘယ်မိန်းမမှ မကောင်းဘူးလို့ ပြောကြ တော့မလား၊ တကယ်တော့ ဆရာတော်ဦးသေဋ္ဌိလရဲ့ Gems is of Buddhist wisdom စာအုပ်ထဲကလို He is master of his own destiny, child of his past and parent of his future. ဒါပဲဖြစ်မှာပါပဲ။
Prevention is letter then cure - ကြိုတင်ကာကွယ်ခြင်းဖြင့် မိမိကိုယ်ကို ကုသလိုက် ကြပါစို့ဗျာ။

ခေတ္တ-မန္တလေး

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသောဦးခင်ညွန့် သတင်းစာရှင်းလင်းပွဲတွင် ပြောစကားများ(အပြည့်အစုံ)

$
0
0

 by 7Day News Journal on Friday, January 13, 2012 at 1:34pm `အခုလွတ်လာတဲ့အတွက် စိတ်ထဲမှာပျော်တော့ပျော်တာပေါ့။ မိသားစုတွေလည်း ပျော်တယ်။ ဆွေမျိုးသားချင်းတွေလည်း ပျော်ကြတယ်။ ဒါပေမဲ့ ကျန်တဲ့တပည့်တွေရှိသေးတယ်။ မလွတ်သေးတဲ့ တပည့်တွေနဲ့ လွတ်သင့်လွတ်ထိုက်သူတွေ ကျန်သေးတယ်။ အားလုံးလွတ်ရင်တော့ပိုကောင်းတာပေါ့။ လွတ်ပါစေလို့လည်း ဆုတောင်းတယ်။ ကျွန်တော်တို့ချည်းပဲ လွတ်မြောက်လာတယ်ဆိုတော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ စိတ်ထဲမှာ မထင်စေချင်ဘူး။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် အချိန်ကာလ တစ်ခုအတွင်းမှာ အားလုံး လွတ်မယ်လို့ထင်ပါတယ်။´ လက်ရှိအစိုးရအပေါ် သုံးသပ်ပေးပါ။ `လက်ရှိအစိုးရက ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ လက်ရှိသမ္မတကြီးရဲ့ဆောင်ရွက်ချက်တွေ ဒီနှစ်ခုစလုံးဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ထင်ပါတယ်´ ရှေ့ဆက်ပြီး ဘာလုပ်ဖို့ရှိသလဲ။ `အိမ်မှာပဲ မိသားစုတွေနဲ့ အေးအေးဆေးဆေးနေချင်သေးတယ်။ သားတွေနဲ့မတွေ့ရတာ ၇နှစ်ရှိပြီ။ အခုမှ သားကြီးနဲ့တွေ့ရတာ´ နေအိမ်အကျယ်ချုပ်အတွင်း ဘာတွေလုပ်နေလဲ။ `ဘုရား၊ တရားပဲလုပ်တယ်။ ပြီးတော့ မာလီလုပ်တယ်။ ခြံထဲမှာ သစ်ပင်တွေ စိုက်တယ်။ ပန်းပင်တွေ စိုက်တယ်´ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ သုံးသပ်ပေးပါ။ `ဒေါ်အောင်ဆန်းစုကြည်က အခု ရွေးကောက်ပွဲဝင်မယ်။ ပြီးရင် လွှတ်တော်ထဲရောက်မယ်။ သိပ်ကောင်းတာပေါ့။ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လို ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်တဲ့ သူတစ်ယောက် ရောက်သွားရင် နောင်အနာဂတ်မှာ တိုင်းပြည်အတွက် တကယ် အကျိုးရှိတဲ့ပုဂ္ဂိုလ် ပါတော့ကောင်းပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ပုံတွေကိုထောက်ခံပါတယ်´ ၂၀၁၅ မှာ နိုင်ငံရေးပါတီဖွဲ့ပြီး နိုင်ငံရေးလုပ်ဖို့ အစီအစဉ်ရှိပါသလား။ `၂၀၁၅ မှာ နိုင်ငံရေးပါတီဖွဲ့ဖို့လည်း မရှိပါဘူး။´ ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။ `တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ထင်တယ်။ လက်ရှိအစိုးရကလည်း စစ်အစိုးရမဟုတ် တော့ဘူး။ ဒီမိုကရေစီအစိုးရဆိုတော့ ဒီမိုကရေစီရဲ့ကျင့်စဉ်နဲ့သွားတော့မယ်။ ပြည်သူကလည်း ဒီမို ကရေစီကျင့်စဉ်တွေနဲ့ လုပ်ရပ်တွေကိုပဲ အားပေးနေတယ်။ လိုလားနေတယ်။ အဲဒီ့လိုလားချက်တွေ အတိုင်း ဖြစ်လာမယ်လို့ထင်တယ်။ တစ်ဖက်ကလည်း ဒေါ် အောင်ဆန်းစုကြည်က ပူးပေါင်းပါဝင်နေပြီလေ။ အဲဒါ အားပဲ။ အဲဒီ့အားတွေပေါင်းလိုက်ရင် တိုင်းပြည် အနာဂတ်က ကောင်းလာမယ်လို့ထင်တယ်´ `ရှေ့ဆက်တော့ အေးအေးဆေးဆေးပဲနေဦးမယ်။ ဘာမှ မစဉ်းစားသေးဘူး။ နောက်တစ်ခုက တိုင်းပြည်အတွက် ငြိမ်းချမ်းရေးပဲရစေချင်တယ်။ အခုလည်း လုပ်တော့လုပ်နေကြပါတယ်။ လက်ရှိသမ္မတကြီးရဲ့ ဆောင်ရွက် ချက်တွေက အင်မတန်ကောင်းတဲ့ဆောင်ရွက်ချက်တွေဖြစ်တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနဲ့ ပေါင်းလိုက်ရင် တိုင်းပြည်အနာဂတ်က ပိုကောင်းလာမယ်´ ၁၉၈၈ ကနေ ၂၀၀၄ ကာလအတွင်း အပစ်အခတ်ရပ်စဲရေးမှာ one of the key player အဖြစ် ပါဝင်ခဲ့တဲ့အခါ အဲဒီ့အကြောင်းနဲ့ ဒီဘက်အပိုင်းမှာ လုပ်နေတဲ့ ခြားနားချက်လေး။ `အဲဒါတွေက ပြန်လေ့လာရဦးမယ်။ အပြင်နဲ့ အဆက်အသွယ်ပြတ်နေတာ။ အပြင်မှာ ဘယ်လိုအခြေ အနေတွေဖြစ်နေတယ်ဆိုတာ မသိသေးဘူး။ နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် ကောင်းတဲ့ဦးတည် ချက်မရှိဘဲ မကောင်းတဲ့ဦးတည်ချက်တွေဖြစ်လာရင် အစိုးရပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံတ ကာက လုပ်ဆောင်လာရင် မီဒီယာကတစ်ဆင့် လူထုဘက်ကနေ ရပ်တည်မှာပါ။´

၁၃.၁.၂၀၁၂ ဒီနေ့ မင်းကိုနှိုင်လွတ်ပြီ

$
0
0

ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသောပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာ အောင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများက ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်ရွှင်ရွှင် ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး လုပ်နိုင်မှာပါ” ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်ထောင်မှ လွတ်မြောက်ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ

သရက်မြို့မှ ပြန်လည်ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊ ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ကိုမင်းကိုနိုင်လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည်  ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင်နေကြကြောင်းလည်း သိရှိရသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်း

$
0
0

၀၁၂၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ထုတ်ပြန်ကြော်ငြာပါသည်။ ၁။ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂။ ဒေါ်စုစုလွင် သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃။ဒေါက်တာမျိုးအောင် ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄။ ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅။ ဦးဖြိုးမင်းသိန်း လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၆။ဒေါက်တာ မေ၀င်းမြင့် မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပဲခူးတိုင်း ၁။ ဦးအောင်စိုးမြင့် တောင်ငူမြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂။ ဦးစိန်ထွန်း ထန်းတပင်မြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃။ ဦးမြင့်ဦး သနပ်ပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄။ ဦးကျော်မင်း လက်ပံတန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅။ ဦးမင်းဦး ထန်းတပင်မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၇) ၆။ ဦးမျိုးခိုင် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) မန္တလေးတိုင်း ၁။ ဦးအုန်းကြိုင် မဟာအောင်မြေမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂။ ဦးဝင်းထိန် မိထ္တီလာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မွန်ပြည်နယ် ၁။ဒေါ်ခင်ဋ္ဌေးကြွယ် မော်လမြိုင်မြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ရှမ်းပြည်နယ် ၁။ဒေါက်တာ ဒေါ်သန်းငွေ ကလောမြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂။ ဦးစိုင်းမြင့်မောင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) ဧရာဝတီတိုင်း ၁။ ဦးဝင်းမြင့် ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂။ ဦးစိန်ဝင်းဟန်(ခ) ဦးစိန်ဝင်း မအူပင်မြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃။ ဦးမန်းဂျော်နီ မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄။ ဦးသိမ်းဆွေ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀။ ၅။ဒေါက်တာ လှမြတ်သွေး ရေကြည်မြို့နယ်၊တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) ကျန်လစ်လပ်နေရာများအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့ဝင်များကိုလည်း ဆက်လျက်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း NLD မှ ယနေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်ကြေငြာပါသည်။

ကြိုက်၍မျှဝေသောဓာတ်ပုံအချို့

$
0
0

ကျွန်တော်က ဓာတ်ပုံတွေကို စုဆောင်းတာဝါသနာပါတယ်။

ဒီတော့ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ရေးသားထားတဲ့ ဆိုဒ်ပေါင်းစုံက ရှာဖွေစုဆောင်းမိတာလေးတွေ အတော်များများ ရှိပါတယ်။

ရာထောင်မကရှိပါတယ်။ အဲဒီအထဲက တစ်ချို့ကို မျှဝေတင်ပြပေးလိုက်ပါတယ်။

တစ်ချို့သူတွေကတော့ ကြည့်ဖူး၊ တွေ့ဖူးချင်တွေ့ဖူးမှာပါ။ မကြည့်ရသေးသူတွေအတွက်ပါ။

"ဟေ့ကောင်...ညှပ်နေပြီ"

"လုပ်ကြပါဦး...တန်းလန်းကြီးဖြစ်နေပြီ"

"ခရီးဝေးသွားမည့်သူလည်းပါသည်။"

"မီးရထားစီးလာပါသည်။"

"မြွေသူငယ် ဘယ်ကိုသွားတာလဲ"

"တောင်နှစ်လုံးကြားမှာ မောင်ဖုန်းကစားတယ်"

"တောင်တစ်လုံးပေါ် မောင်ဖုန်းပျော်"

"ရက်စက်ပါပေ့ကွယ်"

"ဝေဟင်မှာ ပျံကာဝဲ နွှဲပျော်ကြတယ်"

"သေကံမရောက် သက်မပျောက်"

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၃-၁-၂၀၁၂)(၂၁း၄၀)နာရီ

မလေးရှားမှာမြန်မာမိန်ကလေး အသတ်ခံရပုံကို မိန်ကလေးတစ်ယောတ် ဖွင်ဟ၀န်ခံပြောဆိုပုံ

$
0
0

မလေးရှားမှာမြန်မာမိန်ကလေး အသတ်ခံရပုံကို မိန်ကလေးတစ်ယောတ် ဖွင်ဟ၀န်ခံပြောဆိုပုံ

Thet Naing Maung
မလေးရှားတွင် မြန်မာမိန်းကလေးတဦး အသတ်ခံရခြင်း

စိတ်မကောင်းစရာပါပဲ............မလေးရှားက သူငယ်ချင်းများရှိရင် မျှပေးစေလို ပါတယ်.........

လေးစားရပါသော online မှသူငယ်ချင်းများ၊မလေးရှားမှာရှိသောလူမှုအဖွဲ့အစည်းမှ လူကြီးလူကောင်းများ၊
မလေးရှားနိုင်ငံအတွင်းရှိ Johor ပြည်နယ်မှသူငယ်ချင်းများကို အဓိကထားပြီးအကူအညီတောင်းခံလိုပါတယ်။

ကျွန်မကိုယ်ကျွန်မမိတ်ဆက်ပေးပါရစေ။ ရွှေဇင်မျိုးပါ။ နှင်းနုအေးနဲ့တမြို့တည်းနေထိုင်သူတစ်ယောက်ပါ။
မလေးရှားကိုထွက်လာတော့လည်း အတူတူ၊အလုပ်တော့လည်းအတူတူ၊ အိပ်တော့လည်းအတူတူဆိုတော့ သူအကြောင်းတော်တော်မျုားများကို ကျွန်မကို အသိပေးတိုင်ပင်ပါတယ်။ ဒါကြောင့်
ကျွန်မသူငယ်ချင်းအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက်သူငယ်ချင်းများနဲ့ သက်ဆိုင်ရာလူကြီးများကို အသိပေးပြီးလုပ်သင့်တာကိုလုပ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ကျွန်မတို့အကြောင်း နည်းနည်းပြောပြပါရစေ။ မလေးရှားကိုရောက်ပြီး၆-လလောက်နေတော့ နှင်းနုအေးက ချစ်သူတစ်ယောက်ရခဲ့ပါတယ်။ အဲဒီချစ်သူအမည်က(ပြည့်ဖြိုး၊ ပြင်ဦးလွင်သား)တစ်ယောက်ပါ။
ပြည့်ဖြိုးဆိုတဲ့ကောင်အကြောင်း ပြောပြပါမယ်။ကျွန်မသူငယ်ချင်းနဲ့ကြိုက်ပြီး လင်မယားလို နေထိုင်ခဲ့ကြပါတယ်။ ပြီးတော့ကျွန်မသူငယ်ချင်းဆီက ပိုက်ဆံချူစားထားတာ RM 4500.00 ရှိပါတယ်။ ပြီးတော့အဲဒီကောင်ဟာ အမြဲတမ်းအရက်သောက် ၊ဖဲရိုက် ၊ဖုန်းလု၊ ဆေးခြောက်ရောင်း။
ပြီးတော့ မူးပြီးပြန်လာရင် နှင်းနုကိုပါးရိုက် ပိုက်ဆံအတင်းတောင်းအမြဲလုပ်ပါတယ်။ သူရဲ့ အလုပ်က စားသောက်ဆိုင်တခုက အကြော်ဆရာအကူလို့သိရပါတယ်။ ဘယ်တော့မှ လိပ်စာကိုအတိအကျ မပေးပါဘူး။

အခုအချိန်မှာ ဘယ်သူမျက်နှာမှ ထောက်စရာမလိုတော့ဘူး။သူ့အကြောင်းကောင်းကောင်းသိခြင်ရင် JB က Crystal Crown Hotel ရှေ့ မြန်မာဆိုင်တွေမှာ သွားစုံစမ်းလို့ ရပါတယ်။ အောင်မြန်မာ၊ ရွှေကမ္ဘာ ၂
(ဖုန်း 073359424) တွေမှာ အရက်အမြဲသောက်လေ့ရှိပါတယ်။စားသောက်ဆိုင်မှာလုပ်တဲ့ ပြင်ဦးလွင်က ပြည့်ဖြိုးဆို လူတိုင်းသိပါတယ်။သူကိုဆက်သွယ်ခြင်တယ်ဆို (hp:0167563264/0127829610)
မဟုတ်တာလုပ်တဲ့လူဖြစ်တဲ့အတွက် ဖုန်းကို 2line ကိုင်ထားပါတယ်။

အဲဒီလိုနေရင်းနဲ့ ကျွန်မသူငယ်ချင်းမှာ ကိုယ်ဝန်ရလာပါတယ်။ပြသနာစလာတယ်ဆိုရင် မမှားပါဘူး။ ကျွန်မသူငယ်ချင်းက မိဘတွေကိုဖွင့်ပြောပြီးလက်ထပ်ကြရအောင်ပြောတော့ ပြည့်ဖြိုးဆိုတဲ့ကောင်က ဘာပြောလည်းဆိုတော့ငါနင့်ကိုတကယ်ချစ်ခဲ့တယ်လို့ ထင်နေတာလား။ ငါ့မှာ မိန်းမရှိတယ်။
နိုင်ငံခြားမှာနေတုန်း နင့်ကိုအပျော်တွဲခဲ့တာ။ နင့်ကို မယူနိုင်ဘူး။နင့်ဗိုက်ကိုလည်းဖြတ်ချလိုက်၊ ငါတာဝန်မယူနိုင်ဘူး။ နင့်ပိုက်ဆံလည်းပြန်မပေးနိုင်ဘူး။ တိုင်ချင်တဲ့နေရာတိုင်၊ စောက်ဂရုမစိုက်ဘူး။
နင်ငါကိုဘာကောင်မှတ်နေလဲ။ ဒီကိစ္စတွေကိုလျှောက်ပြောရင်နင့်ကိုငါသတ်ပစ်မယ်။
ပြီးတော့ ငါမှာ အခုချစ်သူတစ်ယောက် ရှိနေပြီ။နင့်ထက်ပိုက်ဆံပိုရှာနိုင်တယ်။ နင်နဲ့ငါတို့ အကြောင်းကို သိသွားတဲ့နေ့နင့်ကိုငါလာပြီး သတ်ပြမယ်။ နင်ကို ငါမလုပ်ရဲဘူးမထင်နဲ့နော်။ အဲဒီလိုအမြဲ
ကျိမ်းနေခဲ့ပါတယ်။ သူပိုက်ဆံလိုတဲ့အခါ၊ ဖဲရှုံးတဲ့အခါ၊အရက်ဖိုးမရှိတဲ့အခါ နှင်းနုဆီလာပြီး ပိုက်ဆံလာလာတောင်းပါတယ်။

နှင်းနုကို သတ်တဲနေ့ကအကြောင်း ပြောပြပါမယ်။ 25/10/2010 ည-၁၁နာရီလောက်နှင်းနုဆီကို ပြည့်ဖြိုးရောက်လာပါတယ်။ အရက်တွေ အမူးလွန်နေပါတယ်။အပြင်မှာတခုခုစားရင်း စကားပြောချင်တယ်ဆိုပြီး ခေါ်ထုတ်သွားပါတယ်။ ကျွန်မကနှင်းနုကို သတိပေးလိုက်ပါတယ်။ ဖုန်းဖွင့်ထားဖို့ မှာလိုက်ပါတယ်။ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာတော့ ကျွန်မမသိပါဘူး။ သူတို့နှစ်ယောက်
စကားများကြပါတယ်။ သူ့ ရဲ့  နောက်ကောင်မက သူ့ကိုဖြတ်ဖို့ပြောတယ်ဆိုတဲ့အကြောင်း။ ပြီးတော့နောက်ကောင်မဆီက လိုသလောက်ငွေမရဘဲနဲ့မဖြတ်နိုင်ကြောင်း၊ သူ့ကိုဖြတ်ဖို့ပြောတာဟာ နှင်းနုကြောင့်ဆိုပြီးပြသနာရှာပါတယ်။ နောက်ပိုင်းစကားများကြတယ်။ ကျွန်မလည်း ဖုန်းနားထောင်ရင်း
အသံပျောက်သွားပါတယ်။ ကျွန်မ ထင်တာပိုက်ဆံကုန်တယ်ပေါ့။

အဲဒီညက နှင်းနုပြန်လာမအိပ်ပါဘူး။ ၂-ရက်လောက် ပြန်လာမအိပ်ပါဘူး။ဖုန်းခေါ်လည်း မကိုင်တော့ဘူး။ ကျွန်မကတော့ အဆင်ပြေသွားကြပြီလို့ထင်လိုက်တာ။ 29/10/2010 နေ့ မှာ လမ်းကအမှိုက်ပုံမှာ လူသေအလောင်းတစ်ခုတွေ့တယ်ဆိုလို့ သွားကြည့်လိုက်တာ နှင်းနုရဲ့အလောင်း ဖြစ်နေတယ်။
ဆွဲကြိုးလည်းမရှိတော့ဘူး၊ လက်စွပ် ၂-ကွင်းလည်း ပျောက်နေတယ်။ ပြီးတော့သူ့အလောင်းဘေးမှာ ပြည့်ဖြိုးလွယ်နေကြ ကျောပိုးအိပ်ကိုတွေ့ပါတယ်။နှင်းနုဖုန်းကိုကြည့်လိုက်တော့ SIM card မရှိတောဘူး။

ကျွန်မအတိအကျပြောရဲတာကတော့ နှင်းနုကိုသတ်တာ ပြည့်ဖြိုးကလွဲလို့ဘယ်သူမှမဖြစ်နိုင်ဘူး။ အခု ပြည့်ဖြိုး သူငယ်ချင်းတွေ ပြောပြတာကတော့ JBကနေပြေးဖို့စီစဉ်နေတယ်။ လူတိုင်းကို ဆိုင်ပြောင်းရမယ်လို့သတင်းလွှင့်ထားပါတယ်။

ဒီလောက်ယုတ်မာနေတဲ့ကောင်ကိုမလေးရှားမှာရှိနေတဲ့လူမှုအဖွဲအစည်းတွေကဘာမှ
မလုပ်နိုင်ကြတောဘူးလား။ ဘာဖြစ်လို့ မျက်စိကန်း၊ နားပင်းနေကြတယ်ဆိုတာ
စဉ်းစားလို့မရဖြစ်နေမိပါတယ်။ ကူညီကြပါလို့ တောင်းဆိုလိုက်ပါရစေ။

ပြည့်ဖြိုး (0167563264/0127829610)

အဲဒီအကောင်ဆီ ဖုန်းခေါ်မယ်ဆိုရင် မိန်းကလေးခေါ်တာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။

ကျွန်မ Mailအတွက် ကျွန်မတာဝန်ယူပါတယ်။ always onlineမှာကျွန်မရှိနေပါတယ်။ မြန်မာအချင်းချင်း ဒီလောက်ယုတ်မာနေတာကိုကြည့်မနေကြပါနဲ့။ Online မှသူငယ်ချင်းများ၊ Malaysia
ရှိအဖွဲ့အစည်းအားလုံး ကူညီဖြေရှင်းပေးကြပါလို့မေတ္တာရပ်ခံအပ်ပါတယ်။

အချိန်မီ JB ကထွက်မသွားခင် ရအောင်ဖမ်းပြီး ထောင်ချလိုက်ကြပါ။

လေးစားစွာဖြင့်
ရွှေဇင်မျိုး
*******ယခုထိုသတင်းကို အောင်နိုင်သူအနေနဲ့
ထူးရင်၊ထူးသလိုဆက်လက်ဖော်ပြပေးပါမယ်*******

 January 9, 2012 ရက် ၊ 11:22am တွင် နန္ဒစာရီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် 

http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A4873539&xgs=1&xg_source=msg_share_post

http://mraungmintun-kokomg.blogspot.com/

တစ်ချပ်မှောက်

$
0
0


Posted by Htuu Sann
“တစ်ချပ်မှောက်”

လက်တွေ့ ကျတဲ့သဘောတရားလေးတခု၊အမှန်တရားလေးတခု မို့လို့မပြောလိုက်ရရင် ရင်ထဲမှာကလိကလိဖြစ်နေ လို့သာပြောရမှာပါ။တကယ်တော့ ဒီအမြင်ဟာ မကြုံဘူးတဲ့သူတွေ
မယုံဘူးဆိုတဲ့သူတွေအတွက် ကန့်ကွက်စရာတော်တော်ဖြစ်နိုင်ပါတယ်။တကယ်လို့အဲ လိုမြင်ကြ
ရင်လည်း မထောက်မညှာဝေဘန်ကြပါလို့ ဖိတ်ခေါ်လိုက်ကြောင်းပါ။

ရန်သူဆိုတာ ဘာလဲ။
ကျွန်တော်နားလည်တာကတော့ ကိုယ့်ကို ဒုက္ခပေးမယ့်သူပေါ့ဗျာ။ဒါကရှင်းပါတယ်။ အဲဒါဆိုရင်လူပိန်းတွေးလေးနဲ့ပဲတွေးကြည့် ရအောင်(ဘာလို့အဲလိုတွေးရတာလဲဆိုတော့ကျွန်တော်လည်း
အဲဒီလောက်ပဲတွေးတတ်လို့ပါ)။ ကောင်းပြီကျွန်တော်ကရန်ကုန်မှာနေတယ်ဗျာ။ကျွန်တော်မှာ ရန်သူ ၃ ယောက်ရှိတယ်ဆိုပါတော့။ ရန်ကုန်မှာတယောက်။ပဲခူးမှာတယောက်။မန္တလေးမှာတယောက်။ ဘယ်ရန်သူဟာကျွန်တော့်ကိုလိုက်ချောင်းပြီးဒုက္ခပေးနိုင်ဖို့်အလွယ်ဆုံးလည်းဆိုတဲ့အဖြေကိုကျွန်တော်ပြောပြစ
ရာမလိုဘူးနော်။
ရှင်းရှင်းလေးပဲ။ အနီးဆုံးကလူပေါ့ဗျာ။
ကဲဗျာ နည်းနည်းထပ်ရွှေ့ လာမယ်နော်။
ရန်ကုန်တမြို့ထဲကရန်သူတွေပဲစဉ်းစားဦးဗျာ။ဟိုဖက်မြို့နယ်ကရန်သူ။ကိုယ့်မြို့နယ်ကရန်သူ။ကိုယ့်ရပ်ကွက်ထဲကရန်သူ။ကိုယ့်နဲ့တစ်လမ်းထဲနေတဲ့ရန်သူ။ကိုယ်နဲ့ဟိုဖက်တိုက်ဒီဖက်တိုက်။ဟိုဖက်ခန်းဒီဖက်ခန်း၊ကိုယ့်နဲ့ တအိမ်ထဲ၊ ကိုယ့်နဲ့တရုံးထဲ။ကိုယ်နဲ့တဌာနထဲ။ ကိုယ်နဲ့နောက်ဆုံးတစ်ခန်းထဲ တစ်အိပ်ယာထဲဗျာ။ အဲဒီတော့ပြောချင်တာက ကိုယ်နဲ့နီးလေလေ အဲဒီရန်သူဟာ အစွမ်း ထက်လေလေ ပါပဲ။
အစွမ်းထက်တယ်လို့ ပဲပြောပြော၊ အဲဒီလိုမပြောချင် ဘူးလား။ နောက်တစ်မျိုးသုံးမယ်ဗျာ။
ကိုယ့်ကိုဒုက္ခပေးနိုင် ဖို့အခွင့်အရေးအများ ဆုံး ရထားတဲ့သူ။
အဲဒါကြောင့် လောကကြီးမှာ ကိုယ့်နဲ့ အနီးဆုံးလူ အနီးစပ်ဆုံးလူ အရင်းနှီးဆုံးလူ တွေဟာ ကိုယ့်ရဲရန်သူဖြစ်နေခဲ့ရင် သို့မဟုတ်ဖြစ်လာခဲ့ရင်အဲဒီရန်သူမျိုးဟာကြောက်စရာအကောင်းဆုံးရန်သူ
တွေဖြစ်သွားတတ်ပါတယ်။အရင်းနှီးဆုံးလူဟာကိုယ့်အားနဲ့ချက်နဲ့ကိုယ့်ရဲ့ချွတ်ယွင်းချက်ကိုအသိဆုံးဖြစ်
နေလို့ပါပဲ။ကိုယ့်ကိုအချိန်မရွေးနောက်ကျောကိုဒါးနဲ့ထိုးနိုင်တဲ့အခွင့်အရေးကိုရထားလို့ပါပဲ။
တချိုန်တုန်းက ကျွန်တော်တို့ တိုင်းပြည်မှာနိုင်ငံခြားကိုထွက်ဖို့ဆိုတာဟာအလွန်ခက်ခဲကြတယ်။
ထွက်မယ့်လူတွေဟာလည်းဘယ်လိုကြုံလေ့ရှိလည်းဆိုတော့ ကိုယ်သွားမယ့်လေယာဉ်ခရီးစဉ်နဲ့ရက် ကိုသိရင်တယောက်ယောက်ကanonymously(ကိုယ်ဘယ်သူဘယ်ဝါဆိုတာကိုပြောပြစရာမလိုဘူး။
သတင်းပေးရုံသက်သက်ပဲဗျာ)ဖုန်းနဲပဲဖြစ်ဖြစ် အချိန်ကြိုရလိုစာတိုက်ကနေပဲဖြစ်ဖြစ် နံမယ်က ဦးဘယ်သူ ဒေါ်ဘယ်သူ ဘယ်နေ့မှာ (ဘယ်ခရီးစဉ်နဲ့) ပြည်ပကိုထွက်ပါလိမ့်မယ်လို သူ့ဆီမှာ မူးယစ်ဆေး ဒါမှာမဟုတ်တရားဝင်ခွင့်ပြုတဲ့ပမာဏထက်ပိုတဲ့အမေရိကန်ဒေါ်လာကိုဖွက်ပြီးယူဆောင်
သွားပါတယ်။တာဝန်သိပြည်သူတယောက်အနေနဲ့သတင်းပေးတာပါလို့တချက်ကလိထားလိုက်တာ
နဲ့တင်ဌာနဆိုင်ရာအရာရှိတွေကသတင်းပေးတဲ့သူဘယ်သူဆိုတာကိုမစုံစမ်းပါဘူး။
သိပ်အလုပ် လုပ်ပါတယ်။ အဲဒီခရီးသည်ဟာ အဲဒီနေ့လေဆိပ်မှာလက်မှတ် နဲ့ပတ်စပို့စ်ကိုပြလိုက်တာနဲ့ အထဲခန လိုက်ခဲ့ပါမေးစရာနဲနဲရှိလို့ ဆိုပြီးတော့တကိုယ်လုံး အိပ်တွေဖိနပ်တွေခါးပတ် တွေအားလုံး
ကိုချွတ်ခိုင်းပြီးရုပ်ပျက်ဆင်းပျက်ချွေးပြန်အောင်ရှာကြပါတယ် နောက်ဆုံးအားလုံးကင်းရှင်းမှသာလေယာဉ်ပေါ်တက်ခွင့်ရပါတယ်။
အခုထိလည်း အဲဒီလိုမျိုးတွေရှိနိုင်ပါတယ်။ အဲဒီတော့လူတော်တော်များများကပြည်ပကိုထွက်တော့မယ်ဆိုရင်ကိုယ့်မိသားစုဝင်ကလွဲရင်အလွန်ခင်တဲ့ည
တိုင်းလဖက်ရည်ဆိုင်တူတူထိုင်နေကြသူငယ်ချင်းတွေကိုတောင်သူသွားမယ်ဆိုတာသိတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်ခရီးစဉ်ဆိုတာကိုအတိအကျမပြောရဲလောက်အောင်ဖြစ်လာကြရပါတယ်။
အိမ်နီးချင်းရပ်ကွက်ထဲကလူကိုဆိုရင်တော့ပြည်ပထွက်မှာကိုနီးပြီဆိုတာလောက်ကိုတောင်မပြောရဲကြပါဘူး။ အဲဒီတော့သူတို့ကိုလည်းအပြစ်တင်လို့မဖြစ်ပါဘူး။
သတ္တ၀ါမှန်သမျှဟာ ကိုယ့်အန္တရာယ်ကိုကာကွယ်မှာကတော့သဘာဝမို့လိုပါ။
အခုပြောတဲ့ သာဓကကိုတော်တော်များများတွေ့ဖူးကြုံဖူးကြပါလိမ့်မယ်။
အဲဒီတော့ဟာ ပြန်စဉ်းစားကြည့်ရင် သူခင်တဲ့လူသူယုံကြည်တဲ့သူသူအကြောင်းကြားထားတဲ့လူ သူ့အကြောင်းသိတဲ့လူဟာ သူကို ဒုက္ခပေးချင်တယ်ဆိုရင်မနာလိုစိတ်နဲ့ သစ္စာမဲ့မယ် ဆိုရင် အဲဒီသူတွေဟာ အန္တရာယ်အကြီးဆုံးလူ နဲ့စွမ်းအားအထက်ဆုံးရန်သူတွေဖြစ်ပါတယ်။
အဲဒီသဘောတရားတခုကိုအရင်တုန်းက ဖတ်ဘူးတဲ့ဘာသာပြန်ဝတ္ထု The Count of MonteCristo (မွန်တီခရစ်စတိုမြို့ စားကြီး)ဆိုတဲ့ပြင်သစ်စာရေးဆရာကြီး AlexandreDumas père (1802-1870)ရေးတဲ့ဝတ္ထုမှာအချစ်ဆုံးသူငယ်ချင်းကကိုယ့်ချစ်သူကိုလိုချင်တာရယ် သူ့ရာထူးတည်မြဲဖို့
ရယ်အတွက်တစ်ချက်ခုတ်၂ချက်ပြတ်သူငယ်ချင်းကိုသစ္စာမဲ့ခဲ့တာ ကိုဇာတ်အိမ်ဖွဲ့ထားခဲ့ပါတယ်။
ဂန္တ၀င်ပါ။အင်တာနက်ပေါ်ကနေလည်းဒေါင်းလုပ်လုပ်ပြီးဖတ်လို့ရပါလိမ့်မယ်ထင်ပါတယ်။
် အဲဒီသဘောတရားဟာတကယ့်လောကကြီးထဲမှာလည်းရှိပါတယ်။တိရစ္ဆာန်ဟာ မကောင်းမကြံတတ်ပါဘူး။ သဘာဝအရသူ့ကို်ယ်သူကိုယ်သာကာကွယ်ပါတယ်။
အစာကိုသတ်ဖြတ်စားသောက်ရပါတယ်။လူဆိုတဲ့ သတ္တ၀ါကသာကိုယ့်အကျိုးအတွက်ပဲဖြစ်ဖြစ်။ကိုယ့်အကျိုးမ ရှိသော်လည်းမနာလိုစိတ်နဲ့မျက်မုန်းကျိုးရုံမျှနဲ့လည်းဒုက္ခပေးတတ်ပါတယ်။
ဒါဟာလည်း လက်မခံလို့ မရတဲ့ လက်တွေ့အမှန်တရားပါ။
နောက်တခုကလည်း လူ့သဘာဝတခုက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ရှင်ဘုရင်တပါးဟာ သူ့ နန်းတော်နားမှာ ထိုင်ပြီးတောင်း ရမ်းနေတဲသူဖုန်းစားတယောက် ရဲ့ခွက်ထဲမှာတနေ့ကိုအသပြာ
ဘယ်လောက်ရနေတယ်ဆိုတာကိုဘယ်တော့မှစိတ်မ၀င်စားပါဘူး။ သူစိတ်ဝင်စားတာက သူလိုပဲ ဘုရင်လုပ်နေကြတဲတိုင်းတပါးက မင်းများ ဘာတွေလုပ်နေတယ်၊ဘယ်လိုသယံဇာတွေနဲတူးဖေါ်ထုတ် လုပ်နေတယ်။ဘယ်လိုလက်နက်ကောင်းတွေကိုဘယ်လိုတိုးတက်တဲ့ နိုင်ငံကြီး တွေဆီက၀ယ်ယူရရှိနေတယ်၊အဲဒီလက်နက်တွေနသူ့တိုင်းပြည်ကိုပဲလာစစ်ပြုမလား။ဒါမှမဟုတ်သယံဇာပေါကြွယ်ဝတဲ့တခြားဘယ်နိုင်ငံလေး
တွေကိုဝင်သိမ်းဖိုကြံစည်ပြင်ဆင်နေမလဲဆိုတဲ့ ဟာမျိုးကိုပဲစိတ်ဝင်စားမှာပါ။
အဲသည်လိုဆိုရင်အဲသည်နိုင်ငံလေးတွေကိုဝင်သိမ်းရင်သူတို့ဘာရမလဲ။အဲဒါဆိုရင်ငါဦးအောင်တက်သိမ်းရရင်
ကောင်းမလားစတာတွေကိုပဲတွေ့းပါတယ်။(ကျွန်တော်ဘုရင်မလုပ်ဘူးပါ။ထင်တာပြောတာပါ။)
အဲသည်လိုပဲနန်းတော်ရှေကသူဖုန်းစားကလည်းသူကျောမှီပြီးတောင်းနေတဲ့ဘုရင့်နန်းတော်ကြီးကိုတစ်နေ့နေလို့တခါတောင်လှည့်ကြည့်မိချင်မှကြည့်ဖြစ်မှာပါ။သူ့အတွက်အရေးကြီးတာကသူ နဲ့မလှမ်းမကမ်းမှာ
ထိုင်တောင်းနေတဲ့သူဖုန်းစားတွေဘယ်လိုတောင်းနေလဲ။ ဘယ်လောက်ဝင်နေလဲ။ ဒီကောင်တွေသာဒီနားမရှိရင်ဒီနားလာသမျှလူတွေက ငါ့တယောက်တည်းကိုပဲ အသပြာတွေစွန့်ကြဲကြမှာ။
အဲဒါဆိုရင်ဒီကောင်တွေဒီနားလာတောင်းလို့မရအောင်(စည်ပင်လူကြီးနဲ့ပေါင်းပြီး)ဘယ်လိုရိုက်ထုတ် ရမှာလဲဆိုတာမျိုးကိုပဲတွေးကြပါတယ်။(ကျွန်တော်သူတောင်းစားမလုပ်ဖူးဘူးနော်။ထင်တာပြောတာ။ကွန်မင့်လာမှာကြောက်လို့)။
ဆိုလိုတာကတော့ဒီနေရာမှာပြောရရင်….Rival လို့ခေါ်တဲ့ ပြိုင်ဖက် ။
စီးပွားပြိုင်ဖက်။ရည်းစားပြိုင်ဖက်။စင်ပြိုင်ဖက်၊လင်ပြိုင်ဖက်၊ယှဉ်ပြိုင်ဖက်။အားလုံးဟာ Rival ပါပဲ။အဲဒီ Rival ဆိုတဲ့ ပြိုင်ဖက်ဆိုတာကိုအမြဲအဓိက ထားပြီးသတိထားရမယ်လိုဆိုချင်ပါတယ်။
လူ့ဘ၀ကိုတကယ်တမ်းစဉ်းစားကြည့်ရင်ကျွန်တော်တိုအားလုံးဟာဘ၀ပန်းတိုင်လို့ခေါ်တဲ့  ဘေးမှာ ချောက်ကမ္ဘားကြီးရှိနေတဲ့ တောင် ကုန်းကြီးတခုကိုတက်နေကြရတဲ့သူတွေလိုပါပဲ။ ကူညီလက်တွဲခေါ်သွားမယ့် လူတွေရှိမယ်။ဘေးချင်းယှဉ်လာရင် မတော်တဆ တမင်္ဂလာ (accidentally on purpose)
လိုလိုတွန်းချမယ့်လူတွေရှိသလို၊ုဗြောင်ကျကျတွန်းချမယ့်လူတွေလည်းဒုနဲ့ဒေးပါ။ သတိထားကြည့်ရင်အများကြီးတွေ့ပါလိမ့်မယ်။အဲ ကနဦးက ပြောထားလို့မတော်တဆ တမင်္ဂလာ တွန်းချမယ့်လူက ပိုကြောက်စရာကောင်းတယ်ဆိုတာကိုတော့သိထားပြီးဖြစ်နေလောက်ပါပြီ။
အောက်တန်းစာရေးလေးတယောက်ဟာ ဟိုထိပ်ကမန်နေးဂျင်းဒါရိုက်တာကြီးကိုယှဉ်ဖို့ချောက်ချဖို့ 
မတွေးတတ်ပါဘူး။သူတွေးမှာကသူ့လိုအောက်တန်းစာရေးရာထူးတူတဲ့လူကို အမြဲတမ်းကြည့်နေမှာပဲ။ရာထူး မတိမ်းမယိမ်း အတူတူချင်းမို့စားတူ သွားတူသောက်အတူတူဖြစ်ချင်ဖြစ်မယ်၊တကယ်လို့ဌာနမှာအထက်တန်း
စာရေးလစ်လပ်တနေရာပေါ်လာခဲ့တဲ့အချိန်မှာစိတ်တွေဟာဘယ်လိုပြောင်းလဲမယ်လို့ထင်ပါသလဲ။
၂ယောက်စလုံးဟာအဲဒီရာထူးကိုလိုချင်မှာတော့ဧကန်မလွဲပါပဲ။
အဲဒီမှာစိတ် ထားဖြောင့်မတ်တဲ့သူကထိုက်တဲ့သူရစေလို့ သဘောထားပေမယ့်ကောက်ကျစ်တဲ့သူကတော့
ဒီကောင်အဲဒါကိုမရပဲငါပိုသေချာအောင် ဒီကောင်ကိုဘယ်လိုတွန်းချခဲ့ရမလဲဆိုတာကစတွေးနေပါပြီ
ဆိုတာပါပဲ။အဲဒီလိုပဲမန်နေးဂျင်းဒါရိုက်တာကြီးကလည်းသူ့လိုတခြား အဆင့်တူတွေထဲကနေဒု-၀န်ကြီးနေရာ
ကို လုဖို့ ဘယ်သူ့ ကိုဘယ်လိုကပ်ပြီးဘယ်သူ့ကိုဘယ်လိုဆော်ရမလဲဆိုတာကိုစဉ်းစားနေမှာဖြစ်ပါတယ်။
ကဲဗျာ။ ဘေးတော့တွေ့ပြီ။ ဆေးကကောဘယ်မှာလဲ။ဘ၀မှာအဲလိုမျိုးတွေကိုဘယ်လိုကြိုတင်ကာကွယ်မလဲလို့မေးမလား။
ဆေးနည်း ကိုအလကားပေးလိုက်ပါမယ်။ အမျိုးသားအများစု ကိုတော့ဥပမာလေးတခုပေးလိုက်မယ်။ မသိတဲ့သူကို သိတဲ့လူကသင်ပေးလိုက်ဗျာ။ တချပ်မှောက် (ရှိုး) ဖဲကစားနည်းမှာ ဖဲ ငါးချပ်ဝေတာကို တစ်ချပ်ကိုပွဲဆုံးတဲ့ final challenge မရောက်မချင်း စိမ်မခေါ်မချင်းမှောက်ထားရတယ်မို့လား
အဲဒီလိုပဲ ဘယ်သူနဲ့ပေါင်းပေါင်းခင်ဗျားတို့ရဲ့အားနည်းချက်သော်၎င်းအားသာချက်ကိုသော် ၄င်းမှောက်ဖဲ
တချပ်လိုမှောက်သာထားပေတော့။ဝှက်ဖဲတစ်ချပ်သာလုပ်ထားပေတော့။
ကိုယ်ဘယ်လောက်ညံ့တယ်ဆိုတာကိုအဆုံးအထိမသိစေနဲ့ ။အားလုံးကိုဖုန်းထားရမယ်လို့တော့မဆိုလိုပါဘူး။ ဥာဏ်သတိ နဲ့ ယှဉ်ပြီးချင့်ချိန်ပေါ့ဗျာ။ဘယ်သူ့ကိုဘယ်လောက်အထိအသိပေးသင့်တယ်ဆိုတာ။
ကိုယ်ဘယ်လောက်အထိအားနဲချက်ရှိတယ် ဆိုတာကိုဘယ်သူ့ကိုမှာဂိတ်ဆုံးမိုင်ကုန်ပေးမသိနဲ့ ။ ကိုယ်ဘယ်လောက် တတ်တယ်ဆိုတာ။ ဘာတွေတတ်တယ်ဆိုတာကိုလည်း အားလုံးပေးမသိနဲ့ အဲဒါပဲ။
ရေမကူးတတ်တာကိုလည်းအလကားနေလျှောက်မပြောနဲ့။မုန်းတဲ့လူကရေစပ်မှာတွန်းချနိုင်တယ်။
ရေနစ်မှာစိုးရတဲ့အချိန်ကျမှအော်ပေတော့။သော့တူဝိဇ္ဖာပညာတတ်တာမျိုး။လက်မှတ်တုထိုးတတ်တာမျိုးကို
လည်းဘယ်တော့မှမကြွားလေနဲ့။သူများအခန်းဖေါက်ခံရရင်ကိုယ့်ကိုထင်တတ်တယ်။
နက္ခတ်နဲ့ယှဉ်ပြီးမှရတနာမိုးရွာ အောင်လုပ်နိုင်တဲ့ဆရာကြီးဘာဖြစ် သွားလည်းဆိုတာဖတ်ဖူးကြမှာပါ။
ကောင်းပီ အဲဒီမှောက်ဖဲကို ဘယ်သူတွေကိုမှောက်ထားရမလဲလို့မေးဦးမလား။ အရင်းအတိုင်းအားလုံးပေးလိုက်မယ်။အားလုံးကို သုံးရမယ်။ ကိုးကွယ်တဲ့ဘုန်းကြီးတောင် အလကားနေအာမချောင်နဲ့ပြောကြည့်ပါလား။ ခင်ဗျားတို့ဘယ်လောက်ချမ်းသာလဲဆိုတာ။ တစ်နေ့ကျရင်ဒကာရေ။ဘုန်းကြီးဟိုမှာသိမ်ဆောက်နေတာ အမိုးကတို့လို့ နဲ့ ဝင်း ထရံ အုပ်တံတိုင်းကတန်းလန်းဖြစ်နေလို့ ကြည့်မကောင်းလို့ပါ။သိပ်မလိုတော့ပါဘူး။
(သိန်း)၇၀ - ၈၀လောက်ဆိုရင်ပြီးပါတယ်။ ဒကာကြီးလည်းဘယ်၍ ဘယ်မျှရှိနေတာဝင်နေတာပဲ ဆိုရင်ရွှေခွက်ကလေးနဲ့ ရေစက်သာချပေးလိုက်ပေတော့။ကိုယ့်ဟာကိုယ် လှုချင်သလောက်လှုနိုင်
သလောက်လှုရတာလောက်လည်းမဖြူစင်တော့ဘူး။အောင့်သက်သက်နဲ့မကောင်းတတ်လို့လှူတာ
မျိုးဖြစ်သွားတော့မယ်။ရှင်းပါလိမ့်မယ်။
သြော် မေးချင်သေးလား မိဘရောလို့။ ပါတယ်ဗျာ။ လွန်တယ်ဗျာလို့ ဆိုဦးမလား။“ဆက်ဖတ်ပါဗျ” လို့သာပြောပါရစေ။
တဦးတည်းသောသား၊သမီးအတွက်မဆိုလိုဘူး။မောင်နှမများတဲ့သူများးသတိထားဖို့။ကိုယ်မှာလည်းကိုယ့်အိမ်ထောင်နဲ့ သားသမီးနဲ့ ဆိုရင်။ လင်မယားနှစ်ယောက် သီတင်းကျွတ်လေးတန်ဆောင်တိုင်လေးမှာ
မိဘတွေသွားကန်တော့ စကားစမြည်လေး ထိုင်ပြော။သူတို့က၀မ်းသာချင်လိုကိုယ့်အခြေအနေလေးမေး။
သားတို့သမီးတို့အဆင်ပြေကြရဲ့လား။
စုမိဆောင်းမိရှိကြရဲ့လားလို့ ကိုယ်ကလည်းမိဘဆိုတော့မညာချင် ၀မ်းသာစေချင်လို့ ပြေတယ်အမေရေ။ အခုသားတို့လက်ထဲမှာ သုံးလေးရာလာက် စုမိနေပြီလို့ ပြောကြည့်လိုက်။ ကျန်တဲ့မောင်နှမတွေက သူတို့ဟာသူတို့ပြေလည်နေကြရင်တော့အကြောင်းမဟုတ်ဘူး။
မဟုတ်လို့ ကတော့နောက်တပါတ်လောက်အတွင်းမှာ မပြေလည်တဲ့  အဖြစ်နိုင်ဆုံးကတော့
ကိုယ့်ထက်အငယ်ညီငယ်ညီမငယ်ပေါ့ဗျာ။
မပြေလည်လို့ ပါအကိုရာ။ အမေက မနေ့ကသွားကန်တော့လို့ မေးတာနဲ့ ရင်ဖွင့်လိုက်မိတယ် အကိုရာ။ အဲဒါနဲ့အမေကသတင်းပေး လိုက် တာ။နင်တို့ အကိုအတော်အဆင်ပြေနေတယ်ဆိုလို့။
ကျွန်တော်လည်းဘာမှမလုပ်တတ်တောအဲဒါအကိုရာတက္ကစီလေးတစ် လောက်ဝယ်ပြီ့းထောင်ပေးထားပါ
အကိုရာ။အုံနာခလည်းမှန်မှန်ပေးပါ့မယ်။ကျွန်တော်ရိုရိုသေသေကိုင်ပါ့မယ်ဆိုရင် အမေ့ကောင်းမှုသား အလှုနတ်လူသာဓုခေါ်စေသော်ဝ်ပဲ။တူလေးတူမလေးတွေမျက်နှာကလည်းရှိသမို့လားဗျာ။လုပ်ပေးလိုက်ပါ။ ပြီးရင် တပါတ်လောက်တော့ ညဖက်မှာ ဧည့်ခမ်းကဆက်တီဆိုဖာမှာ အိပ်ဖို့သာပြင်ထား။
ကဲကုန်ပြီ။ခင်ဗျားတို့ကို ကျွန်တော်မှာရှိတဲဖဲငါးချပ်စလုံးကိုလှန်ပြလိုက်ပြီ။အဲဒါ ကျွန်တော်တို့ရဲဘ၀ခရီးကိုလျှောက်တဲ့အခါမှာ တကယ်ကိုသတိထားရမယ့်ဟာတွေပါ။
မယုံရင်စမ်းကြည့်။ခံရတော့လည်းကုသိုလ်ယူလိုက်ပေါ့။ ကိုယ့်အကျိုးစီပွားကိုယ် ကာကွယ်ဖို့ကိုယ့်
ချမ်းသာစည်းစိမ်ကိုအမှန်အတိုင်းအတိအကျမပြောတာဟာ ကျွန်တော့်အမြင်တော့ မုသာဝါဒထိုက်
မယ်တော့မထင်ပါဘူး။
တတ်သိတဲ့လူတွေမေးပေါ့။ ကိုးကွယ်တဲ့ဆရာတော်တွေမေးကြည့်ပေါ့။
မုသားမပါလင်္ကာမချောဆိုတာရှိပါတယ်။ဒါပေမယ့်ကိုယ်မပြောချင်တဲဟာကိုသူများကလာစပ်စုရင် ကိုယ့်ထမင်း ကိုယ်စားပြီး လိမ်မနေပါနဲ့ ။
“တခြားဟာမေးပါဗျာ”လို့သာတခွန်းထဲပြောလိုက်ပါ။ အင်္ဂလိပ်တွေ လည်း အဲလိုပဲ“Ask Me Another” လို့ပြောတတ်ကြပါတယ်။ သူတို့မဖြေချင်ဘူးဆိုရင်ယဉ်ယဉ်ကျေးကျေးပြောတဲ့ပုံစံလေးပါ။အသုံးဝင်ပါတယ်။
ကျင်းတွေ ချိုင့်တွေစည်ပင်ကအဖုံးအချိန်မီလာမဖုံးထားလို့လူတစ်ရပ်လောက်နက့်တဲ့မြောင်းပေါက် ကြီးတွေ ချောက်ကမ်းပါး အနက်ကြီးတွေ။ မြေမြုပ်ဗုံးတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်တို့ ရဲ့ဘဝ
လမ်းတွေကိုလျှောက်လှမ်းတဲ့အခါမှာဘယ်လိုရှောင်တိမ်းရမယ်။ ဘယ်လို့ကာကွယ်ရမယ်ဆိုတဲ့နည်းလမ်းလေးတခုကိုနှစ်သစ်ကူးလက်ဆောင်ပေးလိုက်တာပါပဲ။
ကွန်မင့်တွေကိုတော့ခပ်လန့်လန့်ပါ။မတတ်နိုင်ဘူးလေ။ကိုယ့် အလုပ်ကိုယ်လုပ်ကြတာပဲ။စေတနာမှန်ဖို့သာအဓိကလို့ ခံယူထား ပါတယ်။သည်လိုဆိုရင် ဒီလိုကာကွယ်ဖို့ ဆိုရင် တယောက်နဲ့တယောက် သံသယတွေ
နဲ့နေကြမှာလားဆိုတာတော့မမေးပါနဲ့ဗျာ။ဒါတော့ကိုယ့်ဖါသာကိုယ်သာကျုတ်ကျဲ့လိပေတော့။

(ကျွန်တော်လည်းသူများကိုသာသိတာလေးပြောနေတာပါ။ကိုယ်လည်း သဘောကောင်း အားနာပြီးသိသိကြီးနဲ့ ခံတဲ့ဟာတွေလည်း ခံလိုက်တာပါပဲဗျာ။)

“နှစ်သစ်ကူးမှာ အကြံကောင်း ဥာဏ်ကောင်းတွေရပြီး ကံကောင်းကြပါစေ”

ကိုထူးဆန်း

http://onlinepyadaik.com/profiles/blogs/4021190:BlogPost:232106?com...

ထပ်ဆင့်တင်ပြအပ်ပါသည်

ရဲလတ်

အံ့ဖွယ်ဂြိုလ်သားများ...

$
0
0

ပြန်လည်မျှဝေခံစားတင်ပြသည်..................ရုပ်စိုးမလေး

Viewing all 9878 articles
Browse latest View live