Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
အပန်းဖြေစရာနေရာလေးတွေပါနော်............
$
0
0
သွားချင်တဲ့နေရာကိုသွားကြပါနော်....
လက်မှတ်လေးတော့မြတ်လေးဆီမှာလာဝယ်ကြပါနော်......ဟိဟိ
မင်္ဂလာ သတင်း မှ မင်္ဂလာ နိုင်ငံတော် ဆီသို့
$
0
0
မင်္ဂလာ သတင်း မှ မင်္ဂလာ နိုင်ငံတော် ဆီသို့
ဇန္န၀ါရီလ ၁၃ ရက်နေ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများ နိုင်ငံရေးအကျဉ်း
သား ၆၅၁ ဦး ကိုနိုင်ငံတော်အစိုးရလွတ်ပေးလိုက်သော သတင်းထွက်ပေါ်လာသည်၊ မင်္ဂလာရှိ
သောသတင်း ကောင်းမြတ်သောသတင်းတရပ်ဖြစ်ပေသည် ၊
ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ် လို့လဲသိရပါတယ်
အစိုးရကပါလီမန်ဒီမိုကရေစီစံနစ်ကိုစတင်အကောင်အထည်ဖေါ်တဲ့အနေနဲ့ ဒီလိုခွင့်ြ့ပုလိုက်တာ
လို့မြင်ပါတယ် ၊ ဒါဟာမြန်မာနိုင်ငံအတွက်ကောင်းတဲ့လက္ခဏာတရပ်ပါဘဲNLD ပါတီ နဲ့ အခြားပါတီ အမတ်တွေလဲဝင်ရွေးကြမယ်ဆိုတာသိရပါတယ်
ဒါဟာကောင်းတဲ့လက္ခဏာတရပ်ပါဘဲ ဒါပေမဲ့ --- ဒါပေမဲ့
ဟိုတုန်းက အဖြစ်အပျက်ကလေးတွေကို ပြန်လည်သင်ခန်းစာယူဘို့တင်ပြချင်ပါတယ်
ပါတီတွေများလာရင်တော့မကောင်းဘူးလို့ထင်ပါတယ် ၊ ပါတီသိပ်များလာခြင်းဟာညီညွတ်ရေးပျက်ပြားစေတဲ့
အကြောင်းတရပ်ဘဲ ၊ တပါတီတခုတည်ထောင်တယ်ဆိုရင် လမ်းစဉ်နဲ့ မူဝါဒ ကိုချက်မှတ်ကြတယ် ၊တပါတီနဲ့
တပါတီလမ်းစဉ်နဲ့မူဝါဒမတူတော့ သဘောထားခြင်းမတူဘူးဆိုပြီး တပါတီကို တပါတီကအမြင်စောင်းကြတယ်
ပါတီတခုမှာအရည်အချင်းနဲ့ပြည်စုံသူတွေပါနိုင်ပါတယ် ၊ ပါတီတွေများပြီး ခွဲထောင်ကြတော့ ။
အဲဒီအရည်အချင်းရှိသူတွေဟာတကွဲတပြားဖြစ်ကုန်ကြတယ် ၊ ရွေးကောက်ပွဲမှာ သူ့ပါတီက အနိုင်မရခဲ့ရင်
သူရဲ့ အရည်အချင်းကို တိုင်းပြည်အတွက် အသုံးချခွင့်မရလိုက်ဘူး။ သူလဲ နာတယ် တိုင်းပြည်လဲနာတယ်
88 ပြီးတော့ ပါလီမန်ဒီမိုကရေစီစံနစ်နဲ့သွားမယ် အထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးမယ်ဆိုတော့ ၊ ဖွဲ့လိုက်
ကြတဲ့ပါတီတွေ နှစ်ကျော်လောက်ရှိတယ် ၊ ဒါဟာ အုပ် ၂၀၀ လောက်ကွဲသွားတဲ့သဘောဘဲ ၊
မြန်မာပြည်မှာ ဗမာ လူမျိုးတွေဟာ အကွဲအပြဲ တော်တော် ၀ါသနာပါတယ် ၊ ( ညီညွတ်ချင်တဲ့စိတ်
မရှိဘူး ) ငါဘဲတော် တယ် ငါဘဲလုပ်ချင်တယ် ဆိုတာများတယ် ၊
လွပ်လပ်ရေးရပြီးတော့ ဖဆပလ ပေါ်လာတယ် နောက်ဖဆပလ နှစ်ဖြမ်းကွဲတယ်ဦးနု ကသန့်ရှင်း
ဆိုပြီး တပါတီထောင်တယ် ဦးကျော်ငြိမ်းက တည်မြဲဆိုပြီး ပါတီထောင်တယ် ၊ သန့်ရှင်းပါတီက နိုင်တော့
ဦးကျော်ငြိမ်းက သူရဲ့ အရည်အချင်းတွေ ထုတ်ဖေါ်ဆောင်ရွက်ခွင့်မရလိုက်ဘူး၊ ဦးကျော်ငြိမ်းမှာလဲကောင်း
တဲ့အရည်အသွေးတွေရှိပါတယ် ဒါပေမဲ့သူအရည်အချင်းတွေ တိုင်းပြည်အတွက် အသုံးချလိုက်ရဘဲနဲ့ သေသွား
ရရှာတယ် သူလဲ နာတယ် တိုင်းပြည်လဲနာတယ် ။
အိမ်ပြောင်းတော့ သူဖတ်ရှုလေ့လာထားတဲ့စာအုပ်တွေလော်ရီကား နှစ်စီိး ၃ စီးလောက်နဲ့တိုက်ယူရတယ်လို့
ဆိုတယ် ၊ မဆလ ပါတီမှာ လဲ ဒီလိုဘဲ ဦးအောင်ကြီး တို့ ဦးတင်ဦးတို့ဆိုတာ အရည်အချင်းရှိတဲ့သူတွေဘဲ မဆလ တက်ခါစမှာ ဗိုလ်ချုပ် အောင်ကြီးက ပြည်တွင်းဖြစ်ကိုဦးစားပေးပါဆိုတဲ့ကျွေူကျော်ပြီးပြည်တွင်းစီးပွါး
ရေးတိုးတက်အောင်လုပ်တယ် ပြည်တွင်းကလုပ်ငန်းရှင်ကို မြေတောင်မြှောက်ပေးတယ် ၊ ဟံသာအေးနိုင်လွန်တို့ ဗန္ဓုလစောင်တို့ ၊ မြစ်ကျွန်းပေါ်ဆန်တို့လန်ဒန်ဂိုးဖရိတ် စီးကရက်ဆိုတာ တွေ ပေါ်လာတယ် ရေဒီယိုမှာ ပြည်တွင်းဖြစ်ကုန်ပစ္စည်းကြော်ငြာ ကဏ္ဍတခုဖွင့်ပေးပြီးကြော်ငြာတယ် ၊
ပြည်တွင်းစီးပွါးရေး တော်တော်လေး တိုးတက်လာတယ် ဒါပေမဲ့ ဗိုလ်ချုပ်တင်ဖေ တို့အဖွဲ့ က သူလုပ်တာမ
ကောင်းဘူး ငါလုပ်မယ်ဆိုပြီး ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း ( ပပက ) ဆိုတာကို ဖွဲ့င်္ပြီး ဗိုလ်ချုပ်အောင်ကြီး
ကို ဘေးဖယ်လိုက်တယ် ၊ နောက် မဆလ လက်ထက်မှာဘဲ ဦးတင်ဦး က ပျားဂေဟာအရောင်းဆိုင်စံနစ်
ကိုအကောင်အထည်ဖေါ်တယ် ၊ မြို့နယ်တမြို့နယ်မှာ ပျားဂေဟာအရောင်းဆိုင်တခုစီဖွင့်ပြီးအစိုးရစိုက်ပျိုးရေး နဲ့မွေးမြူ ရေးခြံက ထွက်ကုန်ပစ္စည်းတွေတင်ရောင်းတယ် ၊ ငုံးဥ ၊ ကြက်ဥ ၊ ကြက်သား ၊အသင့်ချက်ပြီးသား
ဟင်းလျာများ ကြက်သားဒန်ပေါက်က အစ ရောင်းတယ် ၊ တော်တော်လေးအောင်မြင်လာတယ် ၊ ဒါပေမဲ့ ထုံးစံအတိုင်းသူလုပ်တာမကောင်းဘူး ငါဘဲလုပ်မယ် ဆိုတဲ့ ဥာဉ် ကလေးတွေက ရှိနေတော့ သူလဲ အပါယ်
ခံလိုက်ရပြန်တယ် အုပ်စုကွဲ မူဝါဒနဲ့ ငါတို့လုပ်ရင် သူတို့မပါရဘူး ဆိုတဲ့ မူအကျင့်ကြီးကရှိနေတော့အရည် ရောက်ကုန်တယ် ၊ တိုင်းပြည်ဘယ်လောက်နစ်နာသလဲ ၊အခုလို အရည်အချင်းရှိသူတွေကို သူတို့ရဲ့အရည်
အချင်းတွေထုတ်ဖေါ်အသုံးပြုခွင့်ရလာအောင် လက်ကမ်းကြိုဆိုတာ နေရာပေးတာ ဟာကောင်းတဲ့
လုပ်ရပ်ပါလို့ပြောချင်ပါတယ်
` ၊ တိုင်းပြည်အတွက်ပဲ လုပ်လုပ် ၊ ပရဟိတ ဆိုတဲ့ အများအကျိုးဆောင်ရွက်တဲ့လုပ်ငန်းတွေဘဲလုပ်
လုပ် အတ္တဆိုတဲ့ ကိုယ့်အကျိုးကို ဦးစားမပေးဘဲ တခြားသူတဦးရဲ့လုပ်ဆောင်ချက်ကိုလဲအကောင်းမြင်ဝါဒနဲ့ မြင်ပြီးရှုမြင်တက်ဘို့လိုတယ်လို့ပြောချင်ပါတယ် ၊
ဦးဆောင်နိုင်ရင်လဲ ဦးဆောင်ပါ ဦးမဆောင်နိုင်ရင် လဲ နောက်လိုက်လုပ်ဘို့ ၀န်မလေးပါနဲ့ ကွက်လပ်
ကိုမြင်တက်ပါစေ ၊ ကွက်လပ်ကိုဖြည့်ဆည်းနိုင်ပါစေလို့ ပြောချင်ပါတယ်
နိဂုံးချုပ်အနေနဲ့ပြောရင်တော့ ဘေးထိုင်ဘုပြော လုပ်နေရမဲ့ အချိန်မဟုတ်တော့ဘူး အားလုံးကိုယ်တတ်နိုင်တဲ့
ဘက်က ၀ိုင်းလုပ်ကြရမဲ့အချိန်လို့ပြောချင်ပါတယ် ၊
မောင်သုည
ထူးဆန်းတာလေးတွေသယ်လာပေးတယ်ဗျာ
$
0
0
ထူးဆန်းမယ်ထင်လို့သယ်လာပေးခဲ့တာပါကြည့်လိုက်ကြပါဦး
ဒါလေးကတော့လက်ဘယ်လောက်မြန်တယ်ဆိုတာပါရှုစားကြည့်ပေါ့
Desktop မျက်နှာပြင်ကို အလှဆင်ကြရအောင်
$
0
0
မိမိကွန်ပျူတာ မျက်နှာပြင်လေးတွေပေါ်မှာ လှုပ်ရှားနေတဲ့ မိုးပေါက်ကလေးများ၊ ငါးကလေးများ၊နှင်းမှုန်ကလေးများ၊ ကြယ်ပွင့်များသွားလာနေတာကိုမြင်ချင်လား http://animated-desktop-wallpaper.artdocks.com/ ဒီမှာသွားပြီး ယူလိုက်ပါဗျာ။
အဆင်ပြေပါစေနော်......................
၂၃ နှစ်ပြည့် အမှတ်တရ ပွဲ
$
0
0
စွယ်စုံရ အနုပညာရှင် ထပ်ဆင့် အကယ်ဒမီ ၀င်းဦး ကွယ်လွန်ခြင်း ၂၃ နှစ်ပြည့် အမှတ်တရ ပွဲကို အမျိုးသား ကဇာတ်ရုံမှာ ကျင်းပမှာ ဖြစ်ပြီး NATURAL MUSIC BAND, PLUS THREE ဂီတ အဖွဲ့တွေနဲ့ အတူ စန္ဒရား မျိုးနိုင် ၊ သန်းမြတ်စိုး ၊ မောင်သိန်းဝင်း ၊ လှမြင့်ဝင်း ၊ ဗညားဟန် ၊ ဖိုးသောကြာ ၊ တင်တင်မြ ၊ ထား ၊ ချိုပြုံး ၊ ချိုဝေလွင် ၊ ရီရီသန့် ၊ ခင်ညွန့်ရီ ၊ တက္ကသိုလ် လဲ့လဲ့ ၊ ပန်းအိဖြူ ၊ စည်သူလွင် ၊ မျိုးကျော့မြိုင် ၊ ဆောင်းဦးလှိုင် ၊ ဖြိုးကြီး ၊ Lလွန်းဝါ ၊ မိုးမိုး ၊ ကော်နီ ၊ ဟေမာနေ၀င်းနဲ့ ချောစုခင် စတဲ့ အနုပညာရှင်တွေ ပါဝင် သီဆိုမှာ ဖြစ်ပါတယ်။
အထူး အစီအစဉ် အနေနဲ့ လူရွှင်တော် မောင်မေတ္တာနဲ့ ကုသိုလ်တို့ မှ ပါဝင် အားဖြည့်ထာကြောင်းလည်း သိရပါတယ်။ အထူးအစီစဉ် အဖြစ် ပြပွဲ မစတင်မီ
စွယ်စုံရအနုပညာရှင်ထပ်ဆင့်အကယ်ဒမီ ဝင်းဦးရဲ့ ငယ်စဉ်ဘဝရှားပါး ဓာတ်ပုံများ ၊ အောင်မြင်ခဲ့တဲ့ အနုပညာ လှုပ်ရှားမှု ရှားပါး ဓာတ်ပုံများကို ပြသပြီး ဓာတ်ပုံပြပွဲ အထူး အစီအစဉ်ကို ကျင်းပ သွားမှာ ဖြစ်ပါတယ်။
ဒီပွဲကို ၂၀ရက် ဇန်န၀ါရီ ၂၀၁၂ နေ့ ည ၆နာရီမှ ၁၁ နာရီထိ ကျင်းပမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
မူရင်းလင့်လေးပါ- http://www.mrtv4.net.mm/news/view/entertainment:17005/%E1%80%85%E1%8
သဘောတူရဲ့လား???
$
0
0
                      မြန်မာပြည်မှာမွေးဖွားတဲ့မြန်မာလူမျိုးတိုင်းဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်ဆိုတာဘယ်သူမှငြင်းလိုမရပါဘူး။
ဒါပေမဲ့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ထိုက်တယ်၊ မဖြစ်ထိုက်ဘူးဆိုတာကတော့ ဝေဖန်လို့၇ပါတယ်။ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ
နှစ်ပေါင်းများစွာကိုလိုနီ အိုပြုခံထား၇တဲ့ ကျွန်တော်တို့နိုင်ငံဟာ ဗိုလ်ချုပ်နှင့်တကွမျိုးချစ်ခေါင်းဆောင်တစ်စုကြောင့် လွတ်လပ်ေ၇း၇ခဲ့ပြီး
အခုလိုကိုယ်ထီး၊ကိုယ့်နန်းနဲ့  နေနိုင်ခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံသားတွေ အခုလိုလွတ်လပ်စွာနေထိုင်နိုင်ဖို့အတွက် ဗိုလ်ချုပ်နှင့်တကွ
မျိုးချစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ ပေးဆပ်ခဲ့ကြရတာပါ။ကျွန်တော်တို့လိုလူငယ်တွေအနေနဲ့ အရမ်းကျေးဇူး
တင်ဖို့ကောင်းပါတယ်။ လူသားတွေအတွက်အခင်တွယ်ဆုံးအရာဖြစ်တဲ့ မိမိတို့ရဲအသက်ကိုတောင် ရဲရဲဝံ့ဝံ့ စွန့်လွှတ်ခဲ့တဲ့သူတို့အတွက်
သူတို့ကျဆုံးခဲ့တဲ့ (ဇူလိုင်19၊ 103း7 မိနစ်) အချိန်လေးမှာ ကျွန်တော်တို့ဟာ တစ်မိနစ်(စက္ကန့် 60) လေးတောင်ငြိမ်သက်အလေးမပြုနိုင်
ဘူးဆိုရင် သူတို့အပေါ်တရားပါ့မလား။ ကျွန်တော်တို့ကရော နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ထိုက်ပါ့မလား။ 
                      ဘာပဲဖြစ်ဖြစ်အရင်ကအလေးပြုခဲ့ကြသူရော မပြုခဲ့ကြသူရော ဒီနှစ်မှာတော့ကျွန်တော်နဲ့အတူ ဒေသအသီးသီးကနေ
အလေးပြုကြရအောင်။ သူငယ်ချင်းတို့ရေ မင်းတို့သဘောတူကြရဲ့လား???
UMFCCI
$
0
0
UMFCCI သို့ လာရောက် တွေ့ဆုံရန် ရှိနေသည့် Microsoft Co.Ltd ပြည်တွင်းရှိ စက်မှုကုန်ထုတ် လုပ်ငန်များ ဆောင်ရွက်လျက် ရှိတဲ့ UMFCCI သို့ အမေရိကန် ပြည်ထောင်စုရှိ Microsoft ကုမ္ပဏီမှ တာဝန် ရှိသူများ လာရောက် တွေ့ဆုံရန် စီစဉ် ဆောင်ရွက်မှုများ ရှိနေတယ်လို့ သိရပါသည်။ အဲ့ဒီလို တွေ့ဆုံမှုကို ဇန်န၀ါရီ လကုန်ပိုင်းလောက်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပြီး
လာရောက် တွေ့ဆုံမယ့် တာဝန် ရှိသူများရဲ့လက်ရှိ အမည်စာရင်း မှာ အဆိုပါ
ကုမ္ပဏီရဲ့ Chair man ဖြစ်တဲ့ Bill Gate ပါဝင်ခြင်း ရှိ မရှိနဲ့ လာရောက် တွေ့ဆုံမယ့် အကြောင်းအရာတို့ကို အတိအကျ သိရှိရခြင်း မရှိသေးကြောင်း UMFCCI မှ သတင်းများ အရ သိရပါသည်။ အဲ့ဒီလို လာရောက် တွေ့ဆုံမယ့် အမေရိကန် ပြည်ထောင်စုမှ Microsoft ကုမ္ပဏီဟာ Computer Software များကို ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်တယ်လို့လည်း သိရပါသည်။
မူရင်းလင့်ပါ http://www.mrtv4.net.mm/news/view/others:17024/UMFCCI-%E1%80%9E%E1
life
$
0
0
Life is an  aportunity , benefit from it
Life is a beauty , admire it
Life is a bliss , taste it
Life is a dream , realize it
Life is a challenge ,meet it
Life is a duty , complete it
Life is a game , play it
Life is a costly , care it
Life is a wealth , keep it
Life is love , enjoy it
Life is a mystery , know it
Life is a promise , fulfill it
Life is a sorrow , by er come it
Life is a song , sing it
Life is a struggle ,  accept it
Life is a tragedy ,confront it
Life is an adventure , dare it
Life is luck , make it
Life is too precious , do not destory it
Life is life , fight for it . ..
                                                                            Mother Tresa
ကွဲအက်နေသော မှန်ချက်များ
$
0
0
            မှန်ဆိုတာက ကြည့်လိုက်ရင် ကြည်လင်ပြတ်သားပြီး ဖြူစင်မှုရှိတယ်။ဒီလိုပဲ မြန်မာမိန်းကလေးတွေကလည်း ဖြူစင်တယ်၊ရိုးသားတယ်၊။ဒါပေမဲ့ အခု21ရာစုရောက်လာတာနဲ့အမျှ ရိုးသားဖြူစင်တဲ့ မြန်မာမိန်းကလေးတွေဟာ
ပျောက်ဆုံးလုနီးပါးဖြစ်လာခဲ့တယ်။တချို့တွေဟာ သူတို့ရဲ့ဘ၀၊စားဝတ်နေရေးအတွက် ခန္ဓာကိုယ်ကို စတေးပြီး
ရှာဖွေခဲ့တယ်။ဒါပေမဲ့တချို့တွေက တမင်သက်သက် လုပ်နေကြတယ်။ရိုးသားဖြူစင်တဲ့မိန်းကလေးတွေ ဒီလို
အဖြစ်ကိုရောက်ရတာ တကယ်သနားဖို့ကောင်းပါတယ်။သူတို့တွေမှာ ရိုးသားဖြူစင်ချင်ပေမဲ့ ဘ၀ပေးကုသိုလ်
ကံကြောင့် သူတို့တွေမှာမပျော်ရွင်ရဘူး။တမင်လုပ်နေတဲ့မိန်းကလေးတွေကျတော့ ပျော်ရွင်နေကြတာပဲ။ရိုးသားဖြူ
စင်တဲ့မိန်းကလေးတွေကျတော့ သူတို့ကိုဂရုစိုက်မဲ့ယောက်ျားကောင်းပေါ်လာတော့ သူတို့မှာ ကြိတ်ငိုခဲ့ရတဲ့
နေ့တွေလည်းရှိခဲ့တာပေါ့။သူ့ဘ၀နဲ့သူ့ချစ်သူဘ၀က မတန်ပါဘူးဆိုပြီး အဝေးထွက်ပြေးသွားခဲ့တဲ့မိန်းကလေးတွေ
လည်းမနည်းပါဘူး။သူတို့တွေရဲ့ ဘ၀က အရမ်းကိုဆိုးရွားတယ်။မကောင်းတဲ့သူတွေကျတော့ သူတို့ဘ၀ကို သူတို့
သာယာနေကြတာပဲနော်။ရိုးသားဖြူစင်တဲ့သူတွေကတော့ မိသားစု၊အခက်ခဲတွေကိုပြေလည်အောင်လို့ ကြိုးစား
ရုန်းကန်ရတယ်။နောက်ဆုံးမရတဲ့အဆုံး အဲ့ဘ၀ကိုရောက်ရှိသွားခဲ့တယ်။သူတို့တွေရဲ့ဘ၀က မှန်ချပ်လေးတွေနဲ့
အတူတူပဲပေါ့။မှန်ဆိုတာက ကြည်လင်ပြတ်သားပြီးဖြူစင်တယ်။ဒါပေမဲ့ ကွဲအက်လွယ်တယ်ဆိုတဲ့နိယာမကိုတော့
သူတို့မသိကြဘူးနော်။
“ မေတ္တာတရား …အထူးလိုအပ်သည် ”
$
0
0
မှုံဘ၀ မှာ …တခါမှ မလှူဘူးသော အလှူကို လှူရတော့မှာ…..အထူးဝမ်းသာနေပါသည်။
အဲ့ဒီအလှူက …ရင်ထဲက မေတ္တာစစ်စစ်မို့ …ဘာနဲ့မှ နှိုင်းလို့မရအောင်ကို..မွန်မြတ်နေမှာ အသေအချာပါပဲ။
ရင်ထဲက ..သဒ္ဒါတရားက....ပြင်းထန်လွန်းတာမို့ …..မျက်နှာ ထက်မှာလဲ ..ကြည်စင်ဝင်းပလို့နေပါတယ်။
ဘေးက ..မှုံ နဲ့အတူ ..သွေးလှူကြမဲ့ ….သူငယ်ချင်းတွေ ရဲ့ …မျက်နှာဟာလဲ ….အလွန်ကြည့်လို့ကောင်းနေပါတယ် ။ ရင်ထဲက ..မေတ္တာတရားကြောင့် ၀င်ပနေတဲ့ ..မျက်နှာလေးတွေ ရဲ့ ..အလှဟာ .. မြင်သူတွေ ကို လဲ ..အေးမြနေစေပါတယ် ။ အလှစစ် ဆိုတာ ..ဒါမျိုးထင်ပါရဲ့ နော် ။
ဒီလို နဲ့ ..မှုံ့ အလှည့်ရောက်လာပါပြီ ။ ဆရာမလေး လာခေါ်တော့ ..မှုံ ခြေဖျား၊လက်ဖျားတွေ အေးစက်လို့လာပါတယ်။ ဆေးထိုးအပ်ကြောက်တဲ့ ..မှုံ အတွက် တော့ ….အပ်အပေါက်နဲ့ ထိုးတော့မှာ မို့ ..မဟာစွန့်စားခန်းကြီးပါပဲ။ ကြောက်စိတ်ကို ..သဒ္ဒါတရားနဲ့ ..အနိုင်ယူပြီး …နာတာကို ..ပီတိနဲ့ ဖုံးကွယ်ထားလိုက်နိုင်ပါတယ် ။ အားလုံးအဆင်ပြေသွားပြီ ၊ သွေးတွေ ..အိပ်ကလေးထဲသို့ ..တသွင်သွင်စီးနေတာကို ..ကြည့်ရင်း ..ပြောမပြနိုင်အောင်ကြည်နူးနေမိပါတယ် ။ မှုံ ခုအချိန်သေသွားရင်တောင်သေပျော်ပါပြီ။
မှုံ ရဲ့ ..အလှူလေး အထမြှောက်သွားခဲ့ပါတယ် ။ လှူခဲ့ဘူးသော အလှူတွေ များထဲ မှ ….အမြင့်မြတ်ဆုံးလို့ ..မှုံ ရင်ထဲမှာ ခံစားနေရပါတယ်။ သွေးလှူဘူးသူတိုင်းလဲ …မှုံ လိုပဲ ခံစားရမှာ အသေအချာပါပဲ။ မေတ္တာ တရားက ပေါက်ဖွားလာ တဲ့ ….စေတနာစစ် နဲ့ ….ကိုယ့်ရဲ့ .သွေးတွေကို ..ထုပ်ပြီလှူတန်းရတာ ….ဘယ်လောက်မွန်မြတ်လိုက်ပါသလဲ။ ကိုယ့်ရဲ့ သွေးတွေ နဲ့ …..လူတစ်ယောက်ကို …အသက်ဆက်ခွင့်ပေးနိုင်တော့မယ်၊ ကျေနပ်စရာကောင်းလိုက်တာ တကယ်ပါ။ သွေးလှူကြတဲ့ ..အလှူရှင်အားလုံးကို မှုံ ရင်ထဲကနေ …အထူးလေးစာနေမိပါတယ် ။ ကျမတိုမြန်မာနိုင်ငံက ..သွေးအလှူရှင်တွေဟာ …..ပိုက်ဆံတောင်းပြီးလှူတဲ့ လူ ..တစ်ယောက်မှ မရှိပါဘူး ။
မေတ္တာတရားနဲ့ ……ပေးဆပ်ကြတာပါ ….အထူးပဲဂုဏ်ယူသင့်ပါတယ် ။
တနေ့မှာတော့ ..မှုံ ..သတင်းတစ်ခုကြားခဲ့ရပါတယ် ။ ရက်စက် လိုက်ကြတာ နော် ။
ဆေးရုံတစ်ရုံမှာ..တကယ်ရှိခဲ့ဘူးတာပါ ။ မကြည့်နိုင်သူတစ်ဦးရဲ့ ..ပြောပြချက်အရ သိခဲ့ရပါတယ်။
ကျမတို့ မြန်မာနိုင်ငံ မှာ ….ပုဂ္ဂလိက ဆေးရုံးမှ လွဲ ၍ ..ဆေးရုံးတိုင်းဟာ …..သွေးလိုတဲ့ လူနာတွေကို ..သွေးအလကားသွင်းပေးကြပါတယ်။ သွေးလှူဘဏ် မရှိတဲ့ နယ် မြို့လေးတွေ မှာ ဆို …..စေတနာ အပြည့်နဲ့ လှူတဲ့သွေးတွေ ကို . လူနာ ရှိ တိုက်ရိုက် သွင်းပေးကြရပါတယ်။ ကျမတို့ မြန်မာတွေ ရဲ့ မေတ္တာ တရားက ဘယ်လောက်မွန်မြတ်ကြပါသလဲ ။ အဲဒီလို..မေတ္တာတရားတွေ ကြားမှ ….ငရဲ လိုချင်သူများလဲ ..ရှိကြပါသေးတယ် ။ အမည်မသိဆေး၇ုံတစ်ခုမှာ ….သွေးသွင်းတဲ့ ..လူနာတွေ ရှိက ..သွေးဖိုးတောင်းယူကြပါတယ်တဲ့ ။ ပြီးတော့ ..ခွဲဝေယူကြပါတယ်တဲ့ ။ ထူးဆန်းသော လူသားတွေပါပဲလား။
ကိုယ့်သွေးကို ..ထုပ်ပေးလိုက်ရတာ လဲ ..မဟုတ်ပါပဲ ..အမြတ်ထုပ် လိုက်ကြတာ ။ မြန်မာ လို့ပြော၇မှာတောင် ရှက်ဖွယ်လိလိပါ။ ဘာသာရေး မရဆိုရင် ….သူတို့ယူလိုက် တဲ့ .အဖိုးဟာ ….သံတွေ သံခဲတွေ မြိုချလိုက်သလိုပါပဲ ။ အရမ်းပဲ အပြစ်ကြီးပါတယ် ။ ဒီလိုလူမျိုးတွေ ..ငရဲက တက်ရပါတော့မလား ။ သူတို့ရဲ့ သံသရာ ဟာ ..အလွန်ကြောက်ဖို့ကောင်းနေပါပြီ။ လှူခဲ့တဲ့ လူက ..စေတနာ မွန်မြတ်လေလေ ..သူတို့အတွက် အပြစ်ပိုကြီးလေလေပါပဲ ။
မှုံ .. လေ ..စကြားကြားချင်းတော့ ..တော်တော် ဒေါသ ထွက်သွားမိပါတယ် ….။ လုပ်ရက်လေခြင်းဆိုပြီးတော့ ။
သေချာစဉ်းစားကြည့်မိတော့ …သူတို့ကို ..သနားတောင်လာပါတယ် ။ ရတဲ့ ငွေနဲ့ …သူတို သုံးရ တစ်ရက်ပေါ့။ တစ်ပါတ်တောင်အသုံးမခံပါဘူး လေ။ လှူတဲ့ လူရဲ့ …စေတနာ သုံးတန်ကြောင့် …သူတို့ ပြန်ပေးဆပ်ရမှာက ..မတွေးရဲ စရာပါပဲ။ အဲ့ဒါကို သူတို့ မမြင်ကြပါဘူး ။ သနားစရာလူသားတွေပါနော် ။ သံသရာဘေး ပြေးမလွတ်တဲ့ ။
ကျမတို့ လူသားတွေမှာ ..အလိုအပ်ဆုံးက မေတ္တာ တရားပါ ။ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာ တရားတွေသာ ..ထားရှိနေကြမယ်ဆို ….လူသားဘ၀ဟာ တော်တော် လှပလာမှာပါ။
လောကကြီး ရဲ့ …အလှဆုံးအရာဟာ ..လူသားတွေ ၇ဲ့ မေတ္တာတရား။
လောကကြီးရဲ့ ..တန်ဖိုးအရှိဆုံးအရာ ဟာ လဲ ..မေတ္တာတရားပါ။
လောကကြီးမှာ ရှိတဲ့ ….လူသားအားလုံး အတွက် ….အလိုအပ်ဆုံးကလဲ ….မေတ္တာတရားပါပဲ ။
မှုံ ..ရင်ထဲက ခံစားချက်လေးပါ။ အမှားပါရင် ခွင့်လွတ်ပေးဖို့ တောင်းပန်ပါတယ် ။
ဆန္ဒမွန်ဖြင့် ......
မှုံ နံ.သာဖြူ.......
မေး ပါရစေ
$
0
0
တစ်နေ့ ကျွန်တော်ရယ်  photoship သင်တန်းဆရာမရယ် အတူ မုံရွာသို့ သွားခဲ့ကြ တယ်။ ဟိုရောက် ဒီရောက် တွေ့ရာ ကြုံရာ စကားပြောလျှက်ပါပဲ။ ညောင်ပင်ဝန်းရောက်တော့ ထမင်းစားကြတယ်။ ထမင်းစားပြီး ကျွန်တော်က ကားပေါ်မှာထိုင်နေလိုက်တယ်။ ဆရာမကတော့ အိမ်သာသွားပါတယ်။ ကျွန်တော့်ကို ဖရဲသီးရောင်းနေတဲ့ ကောင်မလေးတစ်ယောက်။ မျက်နှာလှလှ အပြုံးချိုချိုနဲ့။ စကားသံလေးကလည်း ချစ်စရာလေး။ ယာထဲ လယ်ထဲမှာပင်ပင်ပမ်းပမ်း မလုပ်ရလို့ထင်တယ် အသားအရေကလည်း စိုပြေ ပြည့်မောက်လို့။ ကျွန်တော့်ကို ဖရဲသီးဝယ်ဘို့ အတင်းပူဆာနေတယ်။ ခုနကမှ စားထားတာလေ။ ကျွန်တော်မှ ဗိုက်မဆာတာ။ မ၀ယ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်မလေး မျက်နှာကိုကြည့်ပြီး “ သြော် သူ ဒီအလုပ်ကို လုပ်ချင်လို့ လုပ်နေတာ မဖြစ်နိုင်ဘူး။ မတတ်သာလို့ လုပ်နေတာပဲဖြစ်မယ်။ ဒီရုပ်ရည်နဲ့ ဒီလို အလုပ်လုပ်စားနေတာ ဘယ်လောက်များ ရှက်ရှာမလဲ” လို့ စိတ်မကောင်းစွာ တွေးနေမိတယ်။
သူ့မျက်နှာကို ကျွန်တော်စိတ်ဝင်တစားကြည့်နေတာ သူရိပ်မိသွားတယ်။ ရှက်တဲ့ အမူရာလေးနဲ့ ခုနကလို ၀ယ်ဘို့ တစာစာ မပြောတော့ပါဘူး။ တကယ်ရှက်သွားသည် ထင်တယ်။ ကျွန်တော်အကျင့်က ဒီလိုပဲ။ တစ်ခုခုကို သဘောကျရင် အဲလိုပဲ ကြည့်တတ်တယ်။ ဟိ။ ကျွန်တော်အဲလိုကြည့်လို့ တစ်ခါက “ အဲဒီလို့ အကြည့် အောက်မှာ အရည်ပျော်သွားနိုင်တယ်၊ ငါဖြစ်နေလို့နော်” လို့ သူငယ်ချင်း စနိုးက ပြောခဲ့ဘူးတယ်။ ကြွားတာနော်။ ဟဲဟဲ။ သူငယ်ချင်းနာမည်က အနှင်းပါ။ ကျွန်တော်က ချစ်စနိုးနဲ့ Snow လို့ပဲ ခေါ်တယ်လေ။ ထားပါတော့။ ကြော်ငြာဝင်တာများနေပြီ။ ကောင်မလေးက “ ဘာကြည့်နေမှန်းမသိဘူး ၊ အမြင်ကတ်စရာကြီး” လို့ ပြောတာ ဖြစ်မယ်။ ကျွန်တော်ကတော့ မကြားနိုင်ပါ။ သူ့နှုတ်ခမ်းတစ်စုံက လှုပ်စိလှုပ်စိနဲ့ ကျွန်တော့်ကို မျက်စောင်းထိုးထိုးပြီး  ကြည့်နေတယ်လေ။
ကျွန်တော့်ဘေးမှာ ဆရာမရောက်နေတာကိုတောင် သတိမထားမိလိုက်ဘူး။ ကျွန်တော် ဘယ်လောက်တောင် စိတ်ဝင်တစားကြည့်နေမိလည်း မသိဘူးနော်။ ကောင်မလေး အမူအရာလေးကိုကြည့်ပြီး ကျွန်တော်တစ်ချက် ပြုံးလိုက်မိတယ်။ ဒီတော့ ဆရာမက “ စံလင်း ဘာတွေ ကြည့်ပြီး ပြုံးနေလဲ ” လို့ မေးတယ်။ ဆရာမမေးမှ ကျွန်တော်လည်း နည်းနည်း ရှက်သွားမိတယ်။ ဆရာမရောက်နေမှန်းလည်း သိလိုက်တယ်။ ကျွန်တော်လည်း ယောက်ျားတို့ သိက္ခာကိုထိန်းရင်း (အဟင်း အဟင်း)  “ ဘာမှ မဟုတ်ပါဘူးဆရာမ၊ ဟိုကောင်မလေး အမူအရာကို သဘောကျလို့ပါ” လို့ မေးငေါ့ပြပြီး ပြောလိုက်တယ်။ ဆရာမလည်း စိတ်ဝင်တစား ကြည့်တယ်လေ။ အကျင့်ပါနေတဲ့ ဆရာမက “ ဟို ကောင်မလေးလား ” လို့ လက်ညှိုးထိုး မေးတယ်။ ကောင်မလေးက သူ့ကို ခေါ်တာမှတ်ပြီး ကျွန်တော်တို့ အနားရောက်လာတယ်။ ကျွန်တော်တို့သာ ဖရဲသီးမ၀ယ်ရင် သူပိုရှာသွားမယ်နော်။ အဲဒါလေးတွေးလိုက်မိပြီး ကျွန်တော် ဖရဲသီး တစ်ခြမ်းကို အစိတ်လေးတွေ စိတ်ခိုင်းလိုက်တယ်။ (၀ယ်ချင် ၀ယ်ချင်တယ်ပေါ့နော်) သူတော်တော်လေး ပျော်သွားပါတယ်။ ဖရဲသီးတစ်ခြမ်းရဲ့တန်းဘိုးငွေဟာ ကျွန်တော့် တရက်စာ ကွမ်းဘိုး မရှိပါဘူး။ ဒါပေမဲ့ သူ့အတွက်တော့ မျက်နှာလေး ကြည်လင်သွားအောင်ကို အပျော်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ကား ပြန်ထွက်ပါပြီ။ ကျွန်တော်နဲ့ဆရာမ ဖရဲသီးတစ်စိတ်စီ စားနေကြ တယ်။ ကျွန်တော်က “ ဆရာသာ အဲဒီကောင်မလေးလို ဖရဲသီးရောင်းရမယ်ဆိုရင် လုပ်နိုင်မလား၊ လုပ်ရဲတဲ့သတ္တိ ရှိမလား ” လို့ မဆီမဆိုင် မေးလိုက်မိတယ်။ ၀ါးနေတဲ့ ပါးစပ်တောင် အဟောင်းသားဖြစ်သွားတဲ့ ဆရာမ။ ကျွန်တော်က ရုတ်တရုတ်မေးလိုက် တာကိုး။ သူ့အနေနဲ့လည်း ဘာမှ မဆိုင်လောက်ဘူးလို့ ထင်နေမှာလေ။ ကျွန်တော့်ကို သေသေချာချာကြည့်တယ်။ ပြီးတော့ “မင်းဆိုရင်ရော လုပ်နိုင်မလား၊ လုပ်ရဲ မလား” လို့ ပြန်မေးတယ်။ ကျွန်တော်လည်  ပြန်မဖြေနိုင်ဘူး။ ဆရာမလည်း မဖြေနိုင်လို့ ကျွန်တော့်ကို ပြန်မေးတာဖြစ်မယ်နော်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ကျွန်တော်ကတော့ “ သြော် သူတို့တွေလည်း ကမ္ဘာ လောကကြီးကို ပုံစံမျိုးစုံနဲ့ သာယာလှပအောင် ပါဝင်လုပ်ဆောင်နေကြသူတွေပဲ။ သူတို့ကိုလည်း အထင်မသေးသင့်ဘူး။ အနှိပ်ချသင့်ဘူး။ ကိုယ့်ကိုယ်ကိုလည်း အထင်မကြီးသင့်ဘူး။ ဘ၀င်မမြင့်သင့်ဘူး။ သူတို့ဘ၀ရပ်တည်နိုင်ဘို့ ဘယ်လို လောကဓံ(လောကဒဏ်)တွေနဲ့ကြုံကြုံ မဖြုံတဲ့ စိတ်ဓာတ်နဲ့ ရပ်တည်နေတတ် လုပ်ကိုင် တတ်တဲ့ သူ့တို့စိတ်ဓာတ်ကို လေစားရမယ်။ ဆင်းရဲသူရော ချမ်းသာသူရော ပညာတော်သူရော မတော်သူရော လှပချောမောသူရော မလှပ မချောမောသူရော အစုံရှိမှ လောကကြီးက ပုံစံမျိုးစုံနဲ့ လှပနေမယ် ကြည့်လို့ကောင်းနေမယ် ပျော်စရာလေးဖြစ်နေမယ်” လို့ တွေးမိခဲ့တယ်။ ဟုတ်တယ်လေ။ ချမ်းသာသူတွေ ချည်းဆိုရင် ကိုယ့်အိမ်မှာပဲ ကိုယ်နေကြမှာပေါ့။ ကိုယ့်အလုပ်နဲ့ အချိန်ပြည့် ရှုပ်နေမှာပဲ။ လောကကြီးက ချောက်တောက်တောက်နဲ့ ကြည့်ကောင်းမှာ မဟုတ်တော့ဘူးနော်။ ဆရာမလည်း ကျွန်တော့်ကို စကားဆက်မပြောတော့ဘူး။ ကျွန်တော်လည်း မဖြေနိုင်တာနဲ့ အသားလေး ကုတ်နေလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ အတွေးတွေများစွာ ဖြစ်နေပါတယ်။
စာဖတ်သူရော အဲလိုလူမျိုးတွေကို အထင်သေးဘူးပါသလား။ အောက်ကျလိုက်တဲ့ ကောင်တွေ/ ဟာမတွေလို့ သတ်မှတ်ခဲ့ဘူးပါသလား။ အဲလိုဖြစ်ခဲ့ဘူးမယ်ဆိုရင် စာဖတ်သူကို တစ်ခုလောက် မေးချင်ပါတယ်။ “ စာဖတ်သူရော အဲဒီလို လုပ်စားရမယ်ဆိုရင် သူတို့လို လုပ်ရဲတဲ့သတ္တိ,  ဘ၀ကို လက်ရှိပိုင်ဆိုင်ထားတဲ့ အခြေအနေနဲ့ ဖြစ်အောင် ရင်ဆိုင်ရဲတဲ့သတ္တိ  ရှိပါသလား ” လို့ ----------------
အားလုံးကို
ခင်မင်လျှက်
စံလင်း
အံ.ဖွယ်မြန်မာကွန်ယက် နဲ. မြန်မာဝပ်ဆိုက်များ
$
0
0
g.talk မှာတွေ.တွေ.နေရတဲ.  မြန်မာပြည်ကညီကို မောင်နှမတွေကပြောပါတယ်  မြန်မာ.ကွန်နက်ရှင်ကမကောင်းဘူးတဲ.
ဒါပေမယ်. facebook ကျတော.မြန်သားဆိုပဲ  အဲဒါကိုကျနော်ပြောချင်တာ ညီကိုမောင်နှမတို. ခင်ဗျား facebook နဲ. myanmar website တွေယှဉ်ပီးဖွင်.ကြည်.လိုက်ပါ ဘယ်သူကပိုမြန်သလဲလို. ဘာကြောင်.လဲ အက်မင်တွေအသိဆုံးပါ  ကျုပ်က သာမန်လေ.လာသူတစ်ဦးပါ လူပေါင်း သိန်းနဲ.ချီပီး တပြိုင်နက်ထဲ သုံးနေတဲ. facebook ကမြန်ပီး ရာဂဏန်းတောင်မရှိတဲ. myanmar chatbox တွေထဲမှာ  ကွန် ကပေါ်လိုက်ပျောက်လိုက် myanmar website တွေဖွင်.လိုက်ရင် စက်တွေခဏလေးပူလာတယ်  usb fan တွေမွှတ်နေအောင်လည်လာတယ်  ဒါတွေကိုသိရင် မြန်မာ.ကွန် တစ်ခုတည်းကြောင်.မဟုတ်ဖူးဆိုတာ  ရှင်းပါတယ် myanmar website တွေအဆင်.မြင်.တာ ဗဟုသုတတွေပေးတာထက် တစ်ဖက်တစ်လမ်းကနေ မြန်မာပြည်ကိုမတိုးတက်အောင် လုပ်နေပုံရတယ်လို.မြင်ပါတယ် ဒါတွေကိုပြုပြင်သင်.ပါတယ် သိပ်ပီးလေးလံတဲ. website တွေဟာကောင်းကျိုးမပေးပါဘူး မြန်မာပြည်က မရှိမဲ.ရှိမဲ.လေးတွေ ဆုပီးတောင် laptop တစ်လုံးဝယ်ဖို. စဉ်းစားနေရတဲ.သူတွေအများကြီးပါ ဒီ website တွေကိုဝင်ရင် ခဏလေးနဲ..
 အဲဒီကွန်ပျူတာ  ကြာကြာခံနိုင်ပါအုံးမလား အဲဒီလောက်ဆိုရင် မြန်မာကွန်ယက်  နဲ. မြန်မာဝပ်ဆိုက်တွေရဲ.  ဆက်စပ်ပီး အကျိုးပြုနေ ကြပုံကို သိလောက်ရောပေါ.
                                အားလုံးပဲ ကွန်နက်ရှင်ကောင်း ခါးညောင်းကြပါစေဗျာ........
သူအတွက်အရင်စဉ်းစားပေးလိုက်ပါ
$
0
0
လောကမှာသူ့ကောင်းကျိုးကိုယ့်ကောင်းကျိုးဆိုတာရှိတယ်
တို့ဘုရားကတော့သူ့များကောင်းကျိုးအတွက်လုပ်ရင်းနိဗ္ဗာန်ကိုအရယူသွားတယ်
ပြောရရင်အများအကျိုးဆောင်ကိုယ်ကျိုးအောင်ဆိုသလိုပေါ့
ဘယ်နေရာမှာပဲဖြစ်ဖြစ်တစ်ဖက်သားအတွက်စဉ်းစားပေးတာဟာ
ကိုယ်တကယ်စိတ်သက်သာတဲ့သဘောထားလေးပါ
ချစ်သူတွေပဲဖြစ်ဖြစ်.မိသားစုဝင်တွေပဲဖြစ်ဖြစ် သူငယ်ချင်းအချင်းချင်းတွေပဲဖြစ်ဖြစ်
ကိုယ့်အတွက်ကိုယ့်အဖို့ကိုနောက်ချန်ထားပြီ သူအတွက်အရင်စဉ်းစားပေးလိုက်တာဟာ အရမ်းကိုချစ်စရာမြတ်နိုးဖွယ်ရာကောင်းတဲ့စိတ်သဘောထားးလေးပါ ကျနော့်သူငယ်ချင်းတွေတစ်ရက်လောက်အစမ်းလုပ်ကြည့်ကြည့်ပါလားးးဗျာ..။
တစ်ရက်တည်းးနော်.......
style ... ရှိမှ .....star ဖြစ်မယ်...
$
0
0
        အခုခေတ် ကောင်လေးကောင်မလေးတွေ တော်သင့် ရုံ ရုပ်ရည်ရှိရုံဖြင့် star ဖြစ်နိုင်မယ့် နည်းလေးတွေပါ ...
        (၁)  အောက်ခံ နို့ရည်၊ မိတ်ကပ် စသည့် cosmetic ပစ္စည်းများကို ကိုယ်နဲ့ သင့်တော်သလို ၊ လိုအပ်သလောက်သုံးပေးရပါမယ် ...
             အထူးသဖြင့် ကောင်လေး၊ ကောင်မလေး အားလုံး ၀က်ခြံမပေါက်အောင်၊ အဆီမပြန်အောင် ဂရုစိုက်            ထိန်းသိမ်းရန်
              လိုအပ်လှပါတယ် ၊၊
       (၂) နောက်တစ်ခုလိုအပ်တာကတော့ ဆံပင်ပေါ့၊၊  ယောကျာင်္းလေးဖြစ်စေ ၊ မိန်းကလေးဖြစ်စေ ကိုယ်နဲံ့ လိုက်ဖတ်မယ့်
            ဆံပင်ပုံစံကိုရွေးချယ် ရပါမယ်၊၊ တကယ်လို့ ကိုယ်နဲ့ လိုက်ဖက်မယ့် ဆံပင်ပုံစံ ကိုမရွေးချယ် တက်ရင် ကွန်ပျူတာနဲ့ အရင်ဆုံး
            ရွေးချယ်သင့်ပါတယ် ၊၊
       (၃) ပြီးတော့ body weight ပေါ့ ၊၊ body structure ဆိုတာ ၀ရင်အင်မတန်အကြည့်ရဆိုးစေပါတယ်၊၊ ဒါကြောင့် အစားသောက် 
             ဆင်ခြင်ပြီးအလေး ချိန်မတက်အောင် အထူးဂရုစိုက်သင့်ပါတယ်၊၊
        (၄) နောက်ပြီး attraction ပေါ့၊၊ လူတစ်ယောက်မှာ ဆွဲဆောင်နိုင်တဲ့အချက်အနည်းလေး တစ်ချက်တော့ ရှိတက်ပါတယ် ၊၊
             ဒီအချက်တွေကို ကိုယ်တိုင်သိအောင်လုပ်ပြီး ဒီအချက်ကို ဦးစားပေး ပြိး လှနိုင်သလောက်လှအောင်ပြင် ရပါမယ်( ဥပမာ-
            သင်ဟာမျက်လုံးလှတယ်ဆိုပါတော့  အဲဒီတော့ သင့်ရဲ့ အလှပြင်မှုကို မျက်လုံးအသားပေးပြီး ဆွဲဆောင်နိုင်အောင်ပြင်ဆင် ရ
            ပါမယ်...
        (၅) နောက်တစ်ခုက လမ်းလျှောက်ပုံ ပါ၊၊ လမ်းလျှောက်တာကလဲ တကယ့်ကို ကြွကြွ ရွရွနဲ့ catwalk ခြေလှမ်းမျိုး မဟုတ်တောင်မှ
            ဆွဲဆောင်မှုရှိတဲ့ ခြေလှမ်းမျိုး ဖြစ်ရပါမယ်၊၊
        (၆) နောက်ဆုံး တစ်ခုကတော့ ရေမွှေး သုံးဖို့ပါ၊၊ သုံးတဲ့ရေမွှေး က အရမ်းစူးရှတဲ့ အနံ့မျိုး မဟုတ်ဘဲ သင်းသင်းလေးနဲ့
            ဆွဲဆောင်မှုရှိတဲ့ အနံ့လေး ဖြစ်ပါစေနော်၊၊ ဒီအချက်တွေကို ပြည့်စုံမယ် ဆိုရင် သင်ဟာ ရုပ်အရမ်းကြီး မချောရင်တောင်
             လူငေးကြည့် တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ၊၊ တာ့တာနော် သူငယ်ချင်းတို့.............၊၊
အလွမ်းလက်ဆောင်
$
0
0
အဲဒီနေ့က ကျွန်ုပ်အရမ်းလွမ်းနေရသည်။ သို့သော်လည်း ကိုယ့်ကိုယ်
ကိုတော့ သိသည်။ သည်အလွမ်းက ဘာကြောင့်မှန်းမသိပဲ လွမ်းနေရခြင်းနှင့် မည်သို့ သော ခေါင်းစဉ်မှ တပ်၍ ခေါ်၍မရခြင်းတို့ပင်။
ဘယ်သူ့ကြောင့်၊ ဘယ်သူ့ကို၊ ဘာအတွက်ဟု ပြော၍မရ၊ ရှားရှားပါးပါး ရခဲ့ဖူး သော သီချင်းစာသားတစ်ပိုဒ်ကိုပင် အခေါက်ခေါက်အခါခါ စိတ်ကဆိုညည်း နေမိသည်။
တစ်ခါတစ်ရံ အသံထွက်၍လည်းဆိုမိသည်။ Dဖြိုးဆိုခဲ့သော သီချင်းလား၊ မည်သူဆိုခဲ့သော သီချင်းလဲ ဟု အတိအကျမသိ။
ကွန်ပျူတာကို ဖွင့်ကြည့်ပြန်တော့လည်း သီချင်းများစွာထဲမှ သည်စာသားကို ဆိုသူအား မတွေ့ရ။ ဘယ်တွေ့လိမ့်မလဲ ကျွန်ုပ်စိတ်ထဲမှ Dဖြိုးဆိုသည်ဟုပင် ထင်နေသည်ကိုး။
        ဘာပဲဖြစ်ဖြစ် တစ်ခုခုလုပ်မှ ဖြစ်မည်ဟု ဆုံးဖြတ်ချက်အခိုင်အမာချကာ ချမ်းချမ်းသီချင်းအား ဖွင့်ထားလိုက်သည်။ နည်းနည်းတော့ နေသာထိုင်သာ ရှိ သွားသည်။ စာရွက်တစ်ရွက်အား ကောက်ကိုင်လျက် စာသားများချရေးလိုက် သည်။ အကြောင်းတော့ရှိသည်။
သီချင်းတစ်ပုဒ်ရှိ၏။ ကောင်မလေးတွေနဲ့ လမ်းခွဲခဲ့တာ ခဏခဏ၊ ခုတော့ လည်း အသဲကွဲရပြန်ပြီ။ ဒီအတိုင်းနေ၍တော့ မဖြစ်၊ အနည်းဆုံးတော့ အမြတ် တစ်ခုခု ကျန်ခဲ့မှ ဖြစ်မည်။ ဒီလိုနဲ့ သီချင်းတစ်ပုဒ်ကို သူရရှိခဲ့သည် တဲ့။
        အဲသည်အတွေးက ဘယ်မျှလွှမ်းမှိုးခံရသည် မသိ၊ စာရွက်ပေါ်အဆင် သင့် ကောက်ရေးမိသွားသည်။ ဘာမှန်းမသိသောခံစားချက်တို့သည် စာရွက် တစ်မျက်နှာ မပြည့်ခင်ပင် ပျောက်ကွယ်သွားကြတော့သည်။ မည့်သို့ပင်ဖြစ်ပါ စေ။ အားတင်းကာ ဆက်ရေးကြည့်မိသည်။ ထိုအခါ…။
        ဂျပန်စကားပုံတစ်ခုရှိသည် “ လူသည် အောင်မြင်ခြင်းမှ အနည်းငယ်မျှ သာ သင်ကြားရရှိသည်။ ဆုံးရှုံးခြင်းမှကား ပိုမိုသင်ကြားရရှိသည်”။
“မဟုတ်သေးဘူးထင်တယ်”ဟု ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။ အလွမ်း၏ အ ဆက်စပ်မှုကား အရှုံးဖြစ်နေသောကြောင့်ပင်၊ အလွမ်းလွန်သွားပြီ ထင်ရဲ့။
        စင်စစ် ကျွန်ုပ်၏အလွမ်းကား မလွန်ပါချေ၊ လူဆိုသည်မှာ အဆိုးထက် အကောင်းကိုသာ ပိုမိုနှစ်သက်တတ်သည်။ ဆုံးရှုံးခြင်းထက် အောင်မြင်ခြင်း ကို ပိုမိုတပ်မက်ကြသည်။
        လျှောက်လှမ်းခဲ့သည့် ဘ၀အနည်းငယ်အတွင်း ပြန်လည်စဉ်းစားကြည့်
မိသည်။ အောင်မြင်မှုသည် အပွေ့လိုက်၊ ဆုံးရှုံးခြင်း သည် အပွေ့လိုက်။ အရှုံးကိုလည်း စိန်ခေါ်ထိုးသတ်ဖူးသည်။ အရှုံး၏ စိန်ခေါ် ထိုးသတ်မှုကိုလည်း လက္ခံခဲ့၊ထိုးသတ်ခဲ့ဖူးသည်။ ရွှေခါးပတ်တို့သည် ခါးတွင် အထပ်လိုက် အလွှာ လိုက်၊ ကပ်လိုက် ခွာလိုက်။
        စဉ်းစားမိဖူးသည်၊ အရှုံးကို ဘယ်တော့မှ မလိုချင်၊ မျက်မှုန်းကျိုးသည်၊ ကြည့်မရ။ သို့သော် ထပ်စဉ်းစားကြည့်သည်၊ အရှုံးနဲ့သာ တွေ့ခွင့်မရခဲ့ပါက ပျော်ရွှင်ခြင်းဆုလာဘ်၊ အောင်မြင်ခြင်းခါးပတ် ဘယ်တော့မှ ရမည်မထင်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ပြောသော *မိုးမခ*ပင်သည် ကျွန်ုပ်၏ အောင်မြင်မှုဖြစ်ပြီး လှိုင်းရိုက်လိုက် နုံးနွံနစ်လိုက်နဲ့ ရှင်သန်ကြီးထွားခဲ့ရခြင်းပင် ဖြစ်သည်။
        ပိုင်ဆိုင်ခဲ့ဖူးသော အောင်မြင်မှုတိုင်း သူ့အတိုင်းအတာနှင့်သူ ချိုမြိန်ခဲ့ ကြပါသည်။ သို့သော် လူတိုင်းတစ်နေ့ သေဆုံးကြရမည်။ သေဆုံးသွားလျင် *ရွှေ ငွေ ဂုဏ် ဓနများသည် ယူသွားလို့ ရမလား* *ပညာရပ်ကိုရော ယူသွား လို့ ရမလား* အခါခါ မိမိကိုယ်ကို မေးကြည့်ဖူးသည်။ ဘာမျှယူမသွားနိုင် ဟူသော အဖြေသာ ထွက်ခဲ့သည်။ ပညာရပ်များ၊ သူတစ်ပါးအပေါ် ကောင်းခဲ့ သည်များ သူတစ်ပါးအပေါ် ဆိုးခဲ့သည်များသာ ပါသွားမည်ကို တစ်ဖြေဖြေးနှင့် သိခဲ့ရသည်။
        ၁။ လူတစ်ယောက်ဖြစ်လာလျင် မိမိ၏အတတ်ပညာ၊ခွန်အားတို့ဖြင့် လူ့ လောကအကျိုး၊ အများအကျိုး သယ်ပိုးနိုင်ရမည်။
        ၂။ အဲလောက်မှ မလုပ်နိုင်လျင် မိမိအမျိုး၊ အသိုင်းအ၀ိုင်းအကျိုးကို သယ်ပိုးနိုင်ရမည်။
        ၃။ အဲလောက်မှ မလုပ်နိုင်လျင်ကား မိမိ၏ လွတ်မြောက်ရန်နည်းလမ်း အမှန်တရားကို ရှာဖွေရမည်။ သူတစ်ပါးအား သိစေရမည်။
        သို့သော် ကိုယ့်ကိုယ်ကို သိသည်။ တစ်ခုမှ အပြည့်အ၀ မလုပ်နိုင်၊ သိ၍ ပင် မိမိကိုယ်ကိုယ်ကို အပြစ်မတင်၊ ဘယ်တော့မှလည်း အပြစ်တင်လိမ့်မည် မဟုတ်။ ကျွန်ုပ်တွင် မာနရှိသည်။ မာနကြီးလျင်ကား မိမိကိုးကွယ်သော ဘုရားရှင်၏ ဂုဏ်တော်တို့ကို တွေးတောကြည်ညိုရာ၌ပင် သံသယများဖြင့်
ဟုတ်မှဟုတ်ပါ့မလားဟု စိတ်တွင်ဖြစ်တတ်သည် ဟု ကြားဖူးခဲ့ သည်။
        ထို့ကြောင့် တတ်သည့်ပညာဖြင့် တတ်နိုင်သမျှ လူအများအား ကူညီခဲ့ သည်။ အမျိုးများ၊ အသိုင်းအ၀ိုင်းများကို တတ်နိုင်သမျှ ကူညီခဲ့သည်။
မိမိကိုယ်ကိုလည်း တတ်နိုင်သမျှ ရှာဖွေခဲ့သည်၊ ဆုံးမခဲ့သည်။ တုံးတိုက်တိုက် ကျားကိုက်ကိုက် အမှန်တရားကို တွေ့အောင်ရှာရန် မဆုံးဖြတ်မိသေး၊ လူတစ် ယောက် လုပ်သင့်သော အရာသုံးမျိုးကို တစ်ခုမှ အပြည့်အ၀မလုပ်နိုင်သေး။ မလုပ်နိုင်သော်လည်း မိမိကိုယ် မိမိ အားရသည်။ လူသားများသည် လိုအပ် ချက်ဖြင့် အသက်ရှင်နေရသည်၊ လိုအပ်ချက်တို့ဖြင့် မွေးဖွားသည်၊ လိုအပ် ချက်ဖြင့် သေဆုံးသည်။
        ဒီအတိုင်းလွမ်းနေလျင်ကား မဖြစ်၊ လွမ်းနေရုံနဲ့တော့ ဘာမှဖြစ်မလာ အလွမ်းအား ဤတွင်ပင် အဆုံးသတ်ရန် အချိန်ကျရောက်ပြီဖြစ်သောကြောင့် အဆုံးသတ်ရပေမည်။
ကျွန်ုပ်တို့ တစ်နေ့သေဆုံးသွားခဲ့လျင် လွမ်းတတ်သော ကျွန်ုပ်တို့၏ မိဘများ၊ ဆွေမျိုးများ၊ အသိုင်းအ၀ိုင်းများက လွမ်းကြလိမ့်မည်။ သူတို့အား လွမ်းခြင်းလက်ဆောင် ထ၍ပေးနိုင်လိမ့်မည်မဟုတ်၊ ယ္ခုကတည်း ကပင် ကျွန်ုပ်တို့၏ စွမ်းအားများ၊ အတတ်ပညာများဖြင့် လွမ်းတတ်သော လူ သားများ၏ လိုအပ်ချက်၊အကူအညီများကို ဖြည့်စွက် ကူညီကြပါစို့။ မျှော်လင့်
ချက်ဖြင့် ကြည့်သောမျက်ဝန်းများ၊ အကူအညီတောင်းခံခြင်းဖြင့် ငံ့လင့်သော ဖြန့်ကျက်သောလက်များအား တစ်စုံတစ်ရာ ပေးစွမ်းနိုင်ရန် ကြိုးစားကြပါစို့။
ခေတ္တ-မန္တလေး
ကက်သလိန် ဂွက်ထော်
$
0
0
“ကက်သလိန် ဂွက်ထော်” သည် အဌာရဿ တဆဲ့ရှစ်ရပ်ကို တဘက်ကမ်းခေတ်အောင် မသင်ပေးနိုင်သော်လည်း
ကြွားစိတ် ၀ါစိတ် မာနစိတ်နှင့် ကျွန်စိတ် ကျွန်သွေးကိုကား လိုလေသေးမရှိရအောင် သွတ်သွင်းပေးနိုင်သော
ကျွန်လုပ်စက်ရုံ တက္ကသိုလ်ကျောင်းကြီးသို့ ရောက်ခဲ့သည်မှာ နှစ်နှစ်ခန့် ရှိလေပြီ။ ဂွက်ထော်ကား ပဌမနှစ်တါင်
ယခုလောက် မကဲဘဲ ရိုးရိုးနှင့် ယဉ်ခဲ့သော်လည်း ယခုအခါ တက္ကသိုလ် အဆီရစ်ကာ တက္ကသိုလ်ပါး
ဝလာပြီဖြစ်၍ ဆန်းဆန်းနှင့် ချဉ်စရာဖြစ်လာလေပြီ။ ဗမာ့ယဉ်ကျေးမှုကို အပြစ်လုပ် ဗမာ့အပြုအမူကို
အကောင်းမထင်၊ တက္ကသိုလ်ပညာ၏ သွန်သင်ချက်အရ စုတ်ပဲ့သော တိုင်းခြား အပြုအမူကို
အတုယူကာ နီမဟန်နှင့် မျောက်ဆန်ခဲ့တော့သည်။ သူ၏ နောက်လိုက်မှာလည်း နည်းသည်
မဟုတ်ချေ။ မက်ကရက်ဘုတ်ဆုံ၊ လူစီပက်ကီ၊ ချလောက်ပူစီ၊ အလစ်ပါပီ စသည်ဖြင့် အတော်ပင် များလေသည်။
ကျောင်းတက်လျှင်လည်း အတော်ကြည့်ကောင်းသေးသည်။ ကျောင်းမတက်မှီကပင် ကက်သလိန်ဂွက်ထော်၏
မပေါ့်တပေါ် စနေနှစ်ဖြာကို မမှိတ်သော မျက်လုံးဖြင့် စားပွဲထိုင်လိုသော တက္ကသိုလ် ဘိုးငတ်တစုမှာ
ကက်သလိန်ဂွက်ထော်တို့ လာမည့်လမ်းက မြှော်မှန်း၍ စောင့်နေကြသည်မှာ ၀ံသာနုခေတ်ထစဉ်
သမတကြီး ဦးချစ်လှိုင်အလာကို စောင့်နေကြသော ပရိသတ်ကဲ့သို့ ကော်ရစ်ဒါတခုလုံးတွင်
တင်းကြမ်းပြည့်ရှိတော့၏။ ထိုအခြင်းအရာကို မြင်ရလေ ကက်သလိန်ဂွက်ထော်မှာ မိမိ၏
ပျံလွှားမ လုပ်ငန်း၌ ကြေနပ်လေဖြစ်ကာ တနေ့ထက်တနေ့ ကဲလျက် ရှိလေတော့သည်။
ကျောင်းတက်၍ ကက်သလိန်ဂွက်ထော်တို့ လူအုပ် အတန်းထဲ ၀င်လာသောအခါလည်း “ဟီးရား.. ဟီးရား”
ဟူသောအသံ တဗြုံးဗြုံးနှင့် ခုံရိုက်ကြမ်းဆောင့်သော အသံများမှာ “အူရှီးတန်း” ဟု ခေါ်အပ်သော
ကျောင်းသူတို့ ခုံနောက်နားတွင် ကပ်နေသော တက္ကသိုလ်ကို နိုးပေါက်တို့၏ ခုံတန်းမှ
အစပြု၍ တတန်းလုံး ကူးစက်သွားသည်မှာ ကုလားတိုက် ၀က်ဝင်သကဲ့သို့ ရှိတော့၏။ ထိုအသံများ
အရပ်တွင် “ရှက်ဘွယ် … ရှက်ဘွယ်” ဟု ဒေါင့်တဒေါင့်မှ ထ၍ ပွက်လိုက်သော သခင်မျိုးညွှန့်၏
အသံကိုလည်း အမြဲလိုလို ကြားလိုက်ရ၏။ ထိုအသံကို ကြားတိုင်း ကက်သလိန်ဂွက်ထော်သည်
အမဲရိုးလာလုသော ဂုတ်ကျားကြီးကို ရန်လိုမုန်းထားစွာ ပြန်၍ကြည့်တတ်သော “၀မ်းဖြူမ” ကလေး၏
မျက်နှာထားမျိုးဖြင့် အသံရှင်ဘက်သို့ ဆတ်ကနဲ လှည့်ကြည့်တတ်၏။ သို့သော်လည်း
တန်ခိုးထက်သန်လှသော မောင်မျိုးညွှန့်၏ မျက်လုံးဓာတ်ကို မခံနိုင်သဖြင့် ငုံ့၍သာသွားတတ်သည်ကို
သတိထားမိသူတိုင်း ဂရုပြုမိပေလိမ့်မည်။ ထိုအခြင်းအရာကို မြင်ရသော အဲဖရက်ကြန်စုံ၊
ချာလီအောင်နက်တို့မှာ ရင်အောင့်သွားပေမည်။ မောင်မျိုးညွှန့်အား ထ၍ သတ်ပစ်ချင်သောစိတ်များ
ပေါ်ကောင်း ပေါ်ပေမည်။ အကြောင်းကား အဲဖရက်ကြန်စုံမှာ ကက်သလိန်ဂွက်ထော်နှင့် အဆက်ဖြစ်နေပြီး၊
ချာလီအောင်နက်မှာ ရီးစားလိုလို ကြားရလေသည်။
ရီးစား တသောင်းခြောက်ထောင် ချစ်သူက တကုဋေနှစ်သန်းဆိုသော စကားသည်
ကက်သလိန်ဂွက်ထော်အတွက် ရည်စူးထားဟန် ရှိလေသည်။ ဥပစာအောက်တန်းက လှကိုကို၊
မောင်သန်းသန်းတို့သည် ကက်သလိန်ဂွက်ထော်၏ ချစ်သူများဖြစ်၍ ဥပစာ အထက်တန်းမှ အဲဖရက်ကြန်စုံ၊
ချာလီအောင်နက်၊ မဟာမက်မူကာဂျီ၊ ချစ်ကိုလှသန်းတို့နှင့်လည်း အဆက်ဖြစ်နေသည်ဟု ကြားရ၏။
ဝိဇ္ဇာတန်းမှ စောဖေသား၊ စောခွန်ကြည်၊ ရော်ဘာစင်၊ ချစ်မောင်မောင်တို့လည်း ကက်သလိန်ဂွက်ထော်၏
ရီးစားများဟု ပြောကြသည်။ နည်းပြဆရာကိုခန်းတ၊ လက်ချာရာကိုကြူဖေတို့လည်း မရိုးကြဟု သိရသည်။
ထိုအဖြစ်အပျက်များကို ကြားလည်းကြား မြင်လည်းမြင်နေရသော မောင်မျိုးညွှန့်အတွက်မှာ
အောင့်သက်သက် ရှိလှ၏။ မျိုးညွှန့်မှာ ပုထုဇဉ်ဖြစ်၏။ ပုထုဇဉ်သား ဖြစ်သည့်အတိုင်းလည်း
မပေါ့်တပေါ်နှင့် ရိုးတိုးရွတဖြစ်အောင် ဆွပေးနေသော ထိုအရာ ဤအရာတွေကို ကြည့်ချင်၏။
မြင်ချင်၏။ အမှန်ဆိုလျှင် ထိုအပြုအမူကို ကြိုက်၏။ ကြိုက်လွန်းသဖြင့်လည်း လောကကြီး ခက်ကုန်မည်ကို
တွေးမိ၍ မျိုးညွှန့် မနှစ်သက်နိုင်ချေ။ ကမ္ဘာပေါ်တွင် ယခုအခါ တနေ့တခြား မုဒိမ်းမှု၊ အဓမ္မမှုများ
ပေါများနေရသည်မှာလည်း၊ ကက်သလိန်ဂွက်ထော် ကဲ့သို့သော မျောက်ဆန်သူတို့၏ ပယောဂဟု
မျိုးညွှန့် စွပ်စွဲလို၏။ ကက်သလိန်ဂွက်ထော်တို့ တန်ခိုးကြီးသောနှစ်တွင် တက္ကသိုလ်
ကျောင်းသားများ အတော်ပျက်စီးကြသည်ကိုလည်း သတိထားမိ၏။ ထိုနှစ်တွင် မကောင်းသော
ကာလသားရောဂါ ဖြစ်ကြသော ကျောင်းသားဦးရေ နှစ်တိုင်းထက် ငါးဆခန့် ပိုလာသည်ဟုလည်း
ကျောင်းဆရာဝန်ဆီမှ တဆင့်သိလိုက်၏။ ဤအတိုင်း လွှတ်ထားလျှင် လောကကြီး ပျက်စီးတော့မည်ကို
တွေးမိ၍ မျိုးညွှန့် မခံမရပ်နိုင်ချေ။ ကက်သလိန်ဂွက်ထော်၏ အပြုအမူသည် သူတယောက်နှင့်
ပြီးလျှင် မထောင်းတာ။ ယခုကား နောက်လိုက်တော် မမများ၊ တနေ့တခြား တိုးပွားလာ၏။
သို့သော်လည်း ဆရာမကို နှိမ်လိုက်က နောက်လိုက်များ အလိုလို ၀ပ်သွားမည်ကို မျိုးညွှန့် နားလည်၏။
ဆရာမကို မည်ကဲ့သို့ နှိမ်ရမည်ကိုသာ အစဉ်တွေးလျက် ရှိတော့သည်။။ ထိုနောက် များမကြာမီ
မောင်မျိုးညွှန့်သည် လူသွားလူလာ ပြန်သော တိရိစ္ဆေနဗေဒ ကျောင်းဆောင်ဘက်တွင် “ကက်သလိန်ဂွက်ထော်ကို
အတင်းဆွဲ၍ ဖက်နမ်းသည်” ဟူသော သတင်းကို ကြားလိုက်ရ၏။ ထိုသတင်းကို ကြားလိုက်ရသော
မိတ်ဆွေတို့လည်း မျိုးညွှန့်ဆီလာ၍ “ဟာ .. ဒီကောင်မဟာ ဘယ်နေ့က ကျောင်းသူတွေကို တူမတူမနဲ့
ချော့ပေါင်းပီး လိပ်လို ရင်အောက်ယက်တတ်တဲ့ ဆရာကြူဖေနဲ့ နှစ်ယောက်ထည်း ရှစ်မိုင်ဘက်ကားနဲ့
ဆက်သွားတာ တွေ့ရတယ်။ ဘယ်နေ့ကလဲ ဘယ်ရုံမှာ၊ အဲဖရက်ကြန်စုံနဲ့ တွဲပီး ဘောက်(စ်)ဆီက
ကြည့်နေတာ မြင်ခဲ့တယ်။ ဘယ်တုံးက အခန်းနံပါတ် … မှာ ချစ်ကိုလှသန်းနဲ့ ဘယ်လိုလုပ်နေကြတာဘဲ”
စသဖြင့်၊ မျိုးညွှန့်အား ချစ်ခင်ကြသည့်အတိုင်း အပေါက်ဆိုး တိုးမိမည်ကို စိုးရိမ်သဖြင့် သတိပေးကြ၏။
သို့သော်လည်း မျိုးညွှန့်က ဘာမှ ပြန်မပြော ပြုံး၍ နားထောင်နေတတ်သည်ကိုသာ တွေ့ရ၏။
ထိုနေ့မှစ၍ မျိုးညွှန့်အား မျက်နှာငယ်ကလေးနှင့် ကက်သလိန်ဂွက်ထော်တို့၏ ခုံနောက်တွင် ထိုင်နေသည်ကို
လည်းကောင်း သနားခံမျက်နှာနှင့် ကက်သလိန်ဂွက်ထော်တို့ လာမည့်လမ်းက စောင့်မြှော်နေသည်ကိုလည်းကောင်း
မကြာခဏ တွေ့မြင်ရတော့၏။ တခါတခါလည်း တယောက်ထည်း သွားနေသော ကက်သလိန်ဂွက်ထော်
နောက်သို့လိုက်ကာ ညှိုးငယ်သော မျက်နှာ အားမရှိမသော အမူအရာ၊ မချိလှသော အသံဖြင့်
အသနားခံနေတတ်၏။ ထိုအခြင်းအရာကို မြင်ရသောအခါ မျိုးညွှန့်အား ချစ်ခင်ကြည်ညိုကြသော
မိတ်ဆွေတို့မှာ မိမိတို့ ဘာမှ မတတ်နိုင်တော့သဖြင့် “အော်.. အမိဗမာပြည်ကြီးရဲ့
သားကောင်းမျိုးချစ်ကလေး တယောက်တော့ ဆုံးရတော့မည်ပါကလား” ဟူ၍ သနားသော စေတသိက်
နှမြောသော စိတ်ဖြင့် စုတ်သတ်မိကြတော့၏။
နောက် ၁၀ ရက်၊ ၁၅ ရက်ခန့် ကြာသောအခါ မောင်မျိုးညွှန့်နှင့် ကက်သလိန် ဂွက်ထော်တို့
အဆက်ဖြစ်နေကြပြီဟု ကြားရ၏။ အားလပ်၍ လူပြတ်သော ထိုအခန်း၊
ဤအခန်းများတွင်လည်း သူတို့နှစ်ဦး ပျော်မြူးနေကြသည်ကိုလည်း မကြာခဏ တွေ့လိုက်ရ၏။
ထိုအဖြစ်ကို မြင်ရလေ လုပ်ဘော်လုပ်ဘက် ဆူဘော်ဆူဘက်များ ဖြစ်ကြသော ရဲဘက်တော်တို့မှာ
စိတ်မကောင်း ပို၍ ဖြစ်ရလေသဖြင့် “ဟေ့ မျိုးညွှန့် မင်းရဲ့ မွန်မြတ်တဲ့ဘ၀ကို ဘာမဟုတ်တဲ့ ပချုပ်သည်မလို
ကောင်မအတွက် အဆုံးခံတော့မလားကွဲ့၊ အညွှန့်တုံး ခံတော့မလား” ဟု ဂရုဏာ ဒေါသောနှင့်
ကြိမ်းမောင်းမိကြသော်လည်း မျိုးညွှန့်မှာ “နောက်တော့ သိကြမပေါ့ကွာ” ဟု ပြောဆိုကာ
ရယ်မောလျက်သာ နေတတ်သဖြင့် ရဲဘက်တော်တစုမှာ စိတ်ပျက်ကြတော့၏။
တရွေ့ရွေ့နှင့် နေ့ကုန်ခဲ့ရာ ယခုအခါ ကျောင်းကြီးလည်း ပိတ်လေပြီ။ ကျောင်းသူ ကျောင်းသားများလည်း
မိဘတို့ရပ်ထံ ပြန်ကြကုန်လေပြီ။ ကျောင်းပိတ်ရက်အတွင်း ဘာမျှ အကြောင်းမထူးသော်လည်း ကျောင်းကြီး
ပန်ဖွင့်သောအခါ မျိုးညွှန့်မည်ကဲ့သို့ စီမံလိုက်သည်မသိ ကက်သလိန်ဂွက်ထော် မပေါ်လာတော့ချေ။
မျိုးညွှန့်ကား ပြန်လာ၏။ ကျောင်းသူကျောင်းသားတို့ ကောင်းရာကောင်းကြောင်းကို ရဲဘက်တော်
ကျောင်းသားတွေနှင့် တွဲဘက်၍ လုပ်မြဲလုပ်နေ၏။ ကက်သလိန်ဂွက်ထော်၏ အကြောင်းကိုကား
ဘာမျှ ပြောသံမကြားရတော့ချေ။
အို … ကက်သလိန်တည်းဟူသော ဂွက်ထော် သင်ကား ထခဲ့ကြွခဲ့ပေသည် မှန်၏။ တက္ကသိုလ်၌ သင်ရှိစဉ်ကမူ
သင်၏ အပေါစား ဖြူပြာမူရာတို့ကို ငါ ရွံမိ စက်ဆုပ်မိခဲ့၏။ သို့သော် သင်္ဂဟဗြဟ္မစိုရ်တည်းဟူသော
ကျောင်းနေဘက်တို့၏ မေတ္တာတရားကို မလွန်ဆန်နိုင်သော ငါသည် သင်၏ မကောင်းသတင်းကို
မကြား
အဆွေ
အိုးဝေ မဂ္ဂဇင်း
အတွဲ ၇၊ အမှတ် ၁၊ ၁၉၃၇ ခုနှစ်
http://shwenyein.blogspot.com/2011/07/blog-post_10.html
မှတ်ချတ်.....ကျွန်သွေး ၊ကျွန်စိတ် လိုလေသေးမရှိအောင် သွပ်သွင်း ထုပ်လုပ်ပေးသောကျွန်လူပ်စတ်ရုံကျောင်းတော်ကြီး
ဆိုသည်မှာ ကိုလိုနီး ခေတ်ကကျောင်တော်ကြီးဖြစ်ပါတယ်.......ကခုမြန်မာပြည်တွင် ဖွင့်လှစ်ထားသော
ကျောင်းတော်များကိုဆိုလိုခြင်း မဟုတ်ပါ.........
လွှတ်ချလိုက်ပါမကောင်းတာကို
$
0
0
                    လွှတ်ချလိုက်ပါမကောင်းတာကို
သူငယ်ချင်းရေ…လောကကြီးထဲမှာမကောင်းသောအပြုအမှုများစွာရှိပါတယ်။အဲဒီမကောင်းတာတွေကိုခုံမင်တပ်မက်မနေပဲကိုယ့်အသိစိတ်လေးနဲ့ ပဲပြုပြင်ကြည့်လိုက်ပါ။ကောင်းတာတွေအများကြီးပဲရရှိလာပါလိမ့်မယ်။
ဥမာအနေနဲ့ ပြောရရင်လူတော်တော်များများသောက်လေ့ ရှိတဲ့ အရက်ကိုအရင်ကြည့်ရအောင်….
  အရက်သောက်ခြင်းမှရရှိသောဆိုးကျိုးများ
၁။အရက်သောက်တဲ့ အတွက်အဲဒီအရက်အတွက်အဖိုးအခကုန်ပါမည်။
၂။အရက်ကိုသောက်ပြီးတဲ့ အချိန်မှာမဟုတ်၊ဟုတ်ဟုတ်ဘေးပတ်ဝန်းကျင်ကနေငြူစူတာခံရပါမယ်။
၃။အရက်သောက်တဲ့ အတွက်မိမိဆွေမျိုးသားချင်း၊အပေါင်းအသင်းအားလုံးအပေါ်မှာအမြင်ပြောင်းလာမယ်။
၎။အရက်သောက်လို့ ဂုဏ်သိက္ခာကျဆင်းခြင်း၊လူအများအထင်သေးခြင်းခံရပါမယ်။
၅။အရက်ကနေဖြစ်ပေါ်လာမယ့်ရောဂါတွေ၊အဲရောဂါကိုခံစားရခြင်း၊ကုသရခြင်းအဲဒီအရာအားလုံးအတွက်
   ကုန်ကျမည့်ငွေဆုံးရှုံးခြင်းတွေဖြစ်လာပါလိမ့်မယ်။အများကြီးပဲရှိပါတယ်။
မကောင်းတဲ့ အဲဒီအရက်ကိုသောက်သုံးတာကိုမိဘကလည်းခွင့်မပြုပါဘူး။ဘုရားကလည်းခွင့်မပြုပါဘူး။
ဆက်ဆံရေးမတူပါဘူး၊အရမ်းကွာခြားပါတယ်။မသောက်နဲ့ လို့ မပြောချင်ပေမယ့်မသောက်မိအောင်မိမိ
အသိစိတ်ကပြုပြင်သွားမယ်ဆိုရင်အရမ်းကိုကောင်းပါတယ်။
                         ဆက်လက်ဖော်ပြပေးသွားပါမည်။
ကဲ...ဒီမှာ ဘာပုံတွေတွေ့လဲ ကြည့်ပါအုံး....
$
0
0
ပြန်လည်မျှဝေခံစားတင်ပြသည်.........................ရုပ်စိုးမလေး
ကောင်းကင်ပေါ်မှာ လမ်းလျှောက်ကြမယ်....
$
0
0
အမေရိကန်နိုင်ငံ...အာရီဇွန်းနား(Arizona) ပြည်နယ်ရှိ ကိုလိုရာဒိုမြစ်ရဲ့ အမြင့်ပေ (၄၀၀၀) အထက်မှာ ဆောက်လုပ်ထားတဲ့ Grand Canyon Skywalk တစ်ခုပါ...လူအယောက်ပေါင်း (၁၂၀)အထိ နေလို့ရပြီး... ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်မှုအရှိဆုံး နေရာတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်....
ပြန်လည်မျှဝေခံစားတင်ပြသည်...................ရုပ်စိုးမလေး
ဟိုအကြောင်းဒီအကြောင်းအပိုင်း(2)
$
0
0
သံပုရာသီးရှိလား..ဘာလုပ်မလို့လည်းကိုပေ...အမူးလွန်နေရင် သံပုရာအရည်ကိုနားရွက်ထဲထည့်ရတယ်ကွ..ဟုတ်လား..ကျွန်တော်တောင်မသိဘူး.. အေးပေါ့လေမူးဖူးတဲ့နပါနဲ့ငါလာပို့ပါမယ်...ဒီနေ့အလုပ်မသွားတော့ဘူး..ရန်ကြီးနဲ့ပြောစရာတွေရှိလို့....နင့်မွေးနေ့လား..ငါတို့တောင်မသိရပါလားဟ..ဘာလဲတရုပ်ဆိုင်ဟင်း ၀ယ်ပေးမလသူတွေသာ ဒီနည်းကိုသိတာကို ဟား...ဟား... ဟေ့ကောင်ဖက်တီး လာနောက်မနေနဲ့ နဲနဲဝိုင်းကူးအုံးဟ... ဒီညကတော့ တစ်အိမ်လုံးလင်းခါနီးမှ အိပ်ပျော်ခဲ့ရပါတော့သည်။ ကိုပေ ခင်ဗျာပဲအလုပ်သွားတော့ဗျာ...BOSS ကိုလည်းကြည့်ကောင်းအောင် ပြောထားပေါ့ဗျာ..
ကျွန်တော်နဲ့ရန်ကြီးနဲ့ အိမ်မှာကွေးတော့မယ်ဗျာ... ဟင်းကတော့ ၀ယ်စားကျတော့ ကျွန်မလည်းနဲနဲအိပ်ရာထနောက်ကျသွားလို့ ဘာမှ မပြင်ဆင်လိုက်ရဘူး ထမင်းကတော့ရပါပြီ...မဇင်တစ်ယောက်မီးခိုခန်းထဲကထွက်လာပြီး ပြောလိုက်ပါတော့သည်။
ဝယ်မေို့လား အားနာစရာကြီးဟာ..ဟဲဟဲ..တရုပ်ဆိုင်ကတော့မဟုတ်ဘူးဟေ့ ဗာဘူကြီးဆိုင်ကကိုယ်တိုင်ချက်ပြီး လာပို့မှာဟေ့မိဝေသဇင်ရေ...
ငါ့ရဲ့လက်စွမ်းပြရတော့မှာပေါ့...သူငယ်ချင်းများခင်ဗျာ...အိမ်မှာလိုက်ချက်ကြည့်နိုင်ပါတယ်နော်..လွယ်လွယ်လေးပါ..
ကြက်ဥချဉ်ရည်ဟင်းတစ်ခွက်ကိုချက်ကြည့်ကျစို့ဗျာ...
1။ ချဉ်ပေါင်ရွက်ကိုလိုက်ရှာပါ..တွေ့ပြီ..လေးစီးကြီးတောင်..ဦးစွာပထမ ချဉ်ပေါင်အစီင်္းလိုက်ကိုရေးဆေးရပါမည်။ရေဆေးရာတွင် အရွက်ပေါ်မှအရင် ရေလောင်းချရပါမည်။ထိုမှသာ သဲများပြောင်စင်သွားပါလိမ့်မည်။ရိုးတံကရေလောင်းရင်တော့ သဲများအရွက်ပေါ်တွင် ပြန်ကပ်နိုင်ပါသည်။
2။ဆေးပြီးသား ချဉ်ပေါင်ရွက်မျာကို အရွက်နဲ့ရိုးတံသီးသန့်ထားရပါမည်။ရိုးတံကိုဆားနဲ့နဲ့လူးပြီး ထုထောင်းပါ..
3။တိုလီမိုလီများထည့်ရပါမည်။ဥမမှာ- ဆီ၊ဆား၊ကြက်သွန်နီ၊ခရမ်းချဉ်သီး၊ခရမ်းသီး၊မျှစ်၊ငါးပိ၊အရောင်တင်၊မွေးစေချင်ရင်တော့မဆလာထည့်ပေါ့ဗျာ ဟုတ်ဘူးလား..ဟဲဟဲ..
ကယ်လုပ်ကြည့်ရအောင်....
ထုထောင်းပြီးသား ချဉ်ပေါင်ရိုးများကို ဟင်းအိုးထဲပြစ်ထဲလိုက်ပါပြီ..သွားကွာ..ညောင်...အနားက ကြောင်တစ်ကောင်ဖြစ်ပါတယ်ဗျာ..မဇင်တို့ဝေခိုင်တို့ အချစ်တော်ကြောင်ထင်ပါရဲ့ ..ကျွန်တော်ကကြောင်ဆိုအလွန်မုန်းတာဗျ..ပါးစပ်ကမအားလက်ကမအားနဲ့ဆိုတော့ အားတဲ့ခြေထောက်နဲ့ဘဲ အသာအယာ ကန်လွတ်လိုက်ပါတော့သည်။အလုပ်ရှုတ်နေပါတယ်ဆိုမှ ဒီကြောင်ကတမှောက်ကွာ....ဘယ်တောင်ရောက်သွားမှန်းမသိတော့ဘူး..အော်သိပြီ...ချဉ်ပေါင်ရိုး တွေးထည့်ပြီးရင် ကြက်သွန်နီကြီးကြီးနှစ်ဥကို လှီးပြီးမှရေဆေးပါလေ..ပြီးရင်အိုးထဲထည့်လိုက်ပါ..နောက်ပြီးခရမ်းချဉ်သီးနှစ်လုံးနဲ့ခရမ်းသီးနှစ်လုံးခန့်ကို လှီးပြီး အစေ့မပါအောင်ထည့်ရပါမည်..သတိထားရမှာက အစေ့မပါစေရပါ။
ပြီးလျှင် မျှစ်အနည်းငယ်ကန်ဇွန်းရွက်အနည်းငယ်ထည့်ရပါမည်။ ရေကိုbeer ဘူးနှစ်ဘူးစာ ခန့်ထည့်ရမည်။ ပြီးလျှင်ပွက်ပွက်ဆူအောင်တည်ရမည်..
ပွက်ပြီဆိုလျှင် ငါးပိအနည်းငယ်သို့မဟုတ်ငံပြာရည် ဆီ သင့်တော်သလိုထည့်ရပါမည်။ကဲငါးပိကိုစထည့်လိုက်ပြီ ဟိုက်လက်ဆများသွားတယ်ဗျာ..
ငါးပိများသွားရင်ငံသွားမှာပေါ့ မပူပါနဲ့ မငံချင်ရင်သူအဖေ အချိုမှုန့်ကိုခေါ်လိုက်ရင်ရပါတယ်လေ..အချိုမှုန် ဟိုက်ကုန်နေတယ်..ဘယ်လိုလုပ်ရမလဲ..စဉ်းစားစမ်း သိပြီ..အချိုမှုန်ပထွေးသကြားရှိတာဘဲ ဘာကြောက်စရာလိုသေးလဲ..ဟုတ်ဘူးလား...ဟဲဟဲ..
ညက ရန်ကြီးကိုထည့်တုံးက(သံပုရာသီး)နားမှာရှိရမယ်..ဟုတ်ပြီသကြားတော့ရပြီ..ကဲပြောနေတာကြာပါတယ်..နှစ်ကျပ်ခွဲသားလောက်တော့ကျန်အုံး မယ်နဲ့တူတယ်..မထူးပါဘူး အကုန်သာထည့်လိုက်ပါမယ်..သူငယ်ချင်းတွေက အချိုကြိုက်တယ်လေ...နဲနဲမြည်ကြည့်လိုက်တော့ ဟမဆိုးဘူး..ဟုတ်ပြီ..
နောက်သီးသန့်ထားတဲ့ချဉ်ပေါင်ရွက်များကိုထည့်ရပါမည်..beerတစ်ဘူးစာရေထည့်လိုက်ပါ..ရေမပွက်ခင် ကြက်ဥနှစ်လုံးကိုခလောက်ထားရပါမည်..
ခလောက်ရာတွင် ကြက်ဥအကာများကိုသာထည့်ရပါမည် အနှစ်တွေကို သီးသန့်ထားရပါမည်....ကြက်ဥချဉ်ရည်ဟင်းချက်ရာတွင် ကြက်ဥအနှစ်များမပါ စေရပါခင်ဗျာ...2မိနစ်သုံးမိနစ်ခန့်လောက်မှာတော့ ခလောက်ထားတဲ့ကြက်ဥအကာများကိုထည့်မွေလိုက်ပါ..ဒါဆိုရင်တော့ အသင့်စားလို့ရတဲ့ ကြက်ဥချဉ်ရည်ဟင်းတစ်ခွက်ပြီးစီးသွားပါတော့မည်...
ဟူးမောလိုက်တာ...မီးဖိုချောင်ထဲမှာ နေ့စဉ်ချက်ပြုတ်နေရတဲ့အမျိုးသမီးများကို ကိုယ်တိုင်ချက်ကြည့်မှ ကိုယ်ချင်းစာမိပါတော့သည်။ မလွယ်ပါလား..
ဟာ..ရန်ကြီးနိုးပြီလားကွ..ဟုတ်ကိုဖက်...အေ..မျက်နှာသစ် ဟိုကျေးဇူးရှင်တွေကိုထမင်းပို့ရအုံးမယ်ကွ...
မင်းကွာ လူမှန်းသူမှန်းမသိရလောက်အောင်သောက်ရတဲ့အကြောင်းအရင်းလေး ပြောစမ်းပါအုံးကွာ..လမ်းသွားရင်း ကျွန်တော်တို့နှစ်ယောက်သား စကားပြောဖြစ်ကျပါသည်။ ပြောရရင် အတိုလေးဗျ အရှည်ကြီးလုပ်ပါကွာ မင်ဟာကလည်း...........ဆိုင်တစ်ဆိုင်မှာသောက်ရင်ပြောကျတာပေါ့ဗျာ.. ဒီအစီအစဉ်ကောင်းတယ် ...ရော့မင်းက ကိုပေချိုင့်ယူ ငါကမိန်းကလေးနှစ်ယောက်ထံသွားပို့မယ်...အတူတူသွားမယ်လေဗျာ..ငါ့ကောင်ရ ငါ့ဆိုင်ငါသွား လို့ဖြစ်မလားကွ..ဟီ..ဟုတ်သား..ဒါဆိုဘယ်မှာတွေ့မလဲ..နီးနီးနားနားကြက်ဖကြီးမှာတွေ့မယ်ကွာ..မကောင်းဘူးလား..ကောင်းတယ် ဒါဆိုသွာပြီကိုဖက် ....
အလှပြတိုက် စတိုး ....
ဆိုင်ရှေ့ရောက်တဲ့အခါမှာတော့ အရင်ဦးစွာတွေ့လိုက်ရတာကတော့ ၀န်ထမ်းအလိုရှိသည်....ဆိုင်ထဲဝင်လိုက်တဲ့အခါမှာတော့ ပန်းရောင်စုံဖူးပွင့်နေတဲ့ ဥယျာဉ်ကြီးထဲရောက်သွားတဲ့အတိုင်..ရောင်စုံဝတ်ထားတဲ့ ပျိုချေားလေးများကိုစတင်မြင်တွေ့လိုက်ရပါတောသည်....မိန်မချေားလေးတစ်ယောက်က ပျူငှာစွာဖိတ်ခေါ်လိုက်ပုံကတော့ မင်္ဂလာပါရှင်..အလှပြတိုက်က ကြိုဆိုပါတယ် ဦးလေးအလိုရှိရာ ၀ယ်ယူအားပေးနိုင်ပါတယ်ရှင့်တဲ့...သွားရော... ဒီအရွယ်နဲ့ဒီအရွယ် ဦးလေးတဲ့ ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖော်ရေကူးလိုက်ချင်ပါတော့သည်။
ဟား...ဟာ...ဟာ... ဖြစ်ရမယ် ကိုဖက်တို့ကတော့..ဟေ့ကောင်ရယ်မနေနဲ့ ငါတင်းနေတယ်..တင်းနေတယ်နော်...ညီလေးရေ နှစ်ခွက်လောက်ဟေ့....
ကဲပြောပါအုံးမနေက အကြောင်းအရာလေး.. ဒီလိုဗျ ကိုဖက်ရ.....
ဇာတ်သိမ်းပိုင်းမျှော်
ဖက်တီး
နေပူတော်
ပျဉ်းမနားမြို့
Viewing all 9878 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>