♥♥ဆင်လိမ္မာလေးများ ♥♥S g မှ အမှတ်တရ♥♥မ..မ ♥♥
သူတိုဆီကမဂ်လာကိတ်အရုပ်ကလေးများ
ကိုကိုမညာဘူးဆိုတာကျွန်မသိပြီ
ဖြူဖွေး နေ သည့် အုတ်ဂူလေးတစ်ခုပေါ်သို့ ကျွန်မ အုတ်ဂူပိုင်ရှင်ကြိုက်သည့်  စံပဃ်ပန်းကုံးကလေးများကို
ကျွန်မချရင်း အုတ်ဂူပေါ်က ဖုန်တွေနဲ့ အုတ်ဂူတစ်ဝိုက်က အမှိုက်တွေကို ကျွန်မသန့် ရှင်းနေ မိတဃ်။
ထိုခဏအတွင်း လေဝှေ့ တစ်ချက်ကြောင့်  ကျွန်မရှင်းနေ သောအမှိုက်တွေလူသွားလမ်းတစ်ဖက်ခြမ်းကို လွင့် စင်သွားလေသည်
။လေတိုက်တာကိုကျေးဇူးတင်ရမှာပါ ကျွန်မအမှိုက်တွေဆက်ရှင်းစရာမလိုတော့ ပါဘူး ။
အောင်ကိုကို အသက်(၂၈ )နှစ်တဲ့ ။
ကျွန်မကိုကိုက ငဃ်ငဃ်လေးနဲ့ ကြွေလွင့် ခဲ့ ရသူပါ ။ ကျွန်မသူ့ အတွက် အလွန်ဝမ်းနည်းမိပါတဃ် ။ အသုံးမကျတဲ့ ကျွန်မကိုအသက်ရှင်
အောင်လုပ်ဖို့ အတွက် လူ့ လောကအတွက် အသုံးဝင်တဲ့ ကိုကို ကအသေခံ ပေးသွားတာပါ။ ကိုကိုဆုံးတာ ( ၅ )နှစ်တောင်ပြည့် ပြီးပဲ ။
ကိုကို့  ကိုလွမ်းတိုင်း ကိုကို နဲ့ ကျွန်မ တို့ ရဲ့ အတိတ်ကအကြောင်းတွေကို ပဲပြန်စဉ်းစားနေမိတော့တဃ်။
နှင်းတွေအရမ်းကျနေပြီး အေးခဲလွန်းလှတဲ့ ရာသီဥတုအချိန်အခါမှာ ကျွန်မအနွေးထည်ထူထူကြီး ၀တ်ပြီး ဘတ်စ်ကားထိုင်စောင့် နေတုန်း လူတစ်ဃောက်နှင်းတွေကျတဲ့ကြားမှာ အင်္ကျီပါးပါးလေးနဲ့  ကားဂိတ်ကိုပြေးလာနေတာကို ကျွန်မတွေ့ မိ
လိုက်တဃ်။ သူ ကျွန်မဘေးနားမှာ လာထိုင်ပြီး ချမ်းလိုက်တာ ချမ်းလိုက်တာ ဆိုပြီး မြန်မာလို ပြောတာကြားတော့ ၊ ရေခြားမြေခြားမှာ
ခုလိုမြန်မာနဲ့ တွေ့ တော့ ကျွန်မအရမ်းဝမ်းသာမိပြီး သူ့ ကို ကျွန်မလည်းမြန်မာပါ ၊ တွေ့ ရတာ ၀မ်းသာပါတဃ်
ဆိုပြီးသူနဲ့ စကားထိုင်ပြောကြပြီး သူအေးတာမြင်တော့ ကျွန်မ မနေနိုင်တော့ဘဲ ၀တ်ထားတဲ့ကုတ်အင်္ကျီအထူကြီးကိုကမန်းကတန်းချွတ်
ကာ သူ့ ကိုပေးလိုက်ချိန်မှာ စေတနာကိုကျေးဇူးတင်ပါတဃ် ၊ ဒါပေမဲ့ နှမ ဒါမရှိတော့ရင် အေးနေမှာပေါ့ ၊ နှမပာာဥစ္စာ နှမပဲဝတ်ပါ ။
အစ်ကိုကဃောကျာ်းပါ ခံနိုင်ရည်ရှိပါတဃ် ၊ အနွေးထည်မဃူလာခဲ့တဲ့ ကိုဃ့်အပြစ်နဲ့ ကိုဃ်ခံရမှာပေါ့ ။
နတ်ကောင်းနတ်မြတ်တွေရဲ့ မစမှုကြောင့် ဘတ်စ်ကား ပုံမှန်အချိန်ထက် စောရောက်လာပြီး
ကျွန်မတို့ နှစ်ဃောက်သား အတူပြေးတက်ခဲ့ကြတဃ်။ ကားပေါ်ကအပူပေးစက်ကြောင့် နွေးသွားတဲ့သူ့ ကိုကြည့် ရင်း ကျွန်မ၀မ်းသာမိ
တဃ်။ ပော့ ကောင်မလေးနင့် နာမည်ဘဃ်လိုခေါ်လဲ ။
အော်ပာုတ်သားပဲ မို့ မို့ ပါ ။
ကျွန်တော်က အောင်ကိုကို ပါ ။
ကိုကို လို့ လည်းခေါ်နိုင်ပါတဃ်။
နောက်တစ်နေ့ ကျောင်းစာကြည့် တိုက်ထဲမှာ စာအုပ်ကုန်းရုန်းဖတ်နေတဲ့ ကိုကို့  ကိုမြင်တော့  သူ ကစာဂျပိုးပဲ
ဆိုတာ ကျွန်မသိခဲ့ရတဃ်။ ကျွန်မ လည်းစာအုပ်ရွေးပြီး ကျောင်းထဲက ပန်းခြံမှာ စာဖတ်နေ တုန်း ကိုကိုရောက်လာပြီး ကျွန်မလည်း
နည်းနည်းစပ်စုမိတော့ ကိုကိုက အင်္ဂလန်ကနေ ကျွန်မတို့ Havard Universityရှိရာ အမေရိကားကို ရှေ့ နေ ဘွဲ့ လွန်လာတက်တာပဲ။
ကျွန်မနဲ့ ကိုကိုက အတန်းတူပေမဲ့  ကိုကိုက ဘွဲ့ လွန်ဆိုတော့ စာတွေတော်တော်များ က သူ့ အတွက် လွဃ်နေပြီး တစ်ချို့ ကျွန်မ
သိပ်နားမလည်တဲ့  စာတွေနားလည်သည်အထိ စိတ်ရှည်စွာနဲ့ ရှင်းပြပေးပါတဃ်။
" တစ်နေ့ ပော့ ကိုကို အင်္ဂလန်မှာတက်ခဲ့တဲ့ Oxford မှာဘာလို့ ဘွဲ့ လွန်ဆက်မတက်ဘဲ အမေရိကားကို လာတက်ရတာတုန်း။ "
ဒီက ပိုကောင်းလို့ ပေါ့ မို့ မို့ ရဲ့ ။
" ဒီလာတော့ ပိုတောင် ပိုက်ဆံကုန်သေးတဃ်။"
ပညာလိုချင်တော့ ရင်းရတာပေါ့။
" မှန်ပါတဃ် "
ဒီမှာရောက်နေတာဘဃ်လောက်ကြာပြီလဲ မို့ မို့ ။
"အဖေဆုံးကတည်းက အမေနဲ့ မို့ မို့ အဖေ့ ညီမအကူအညီနဲ့ ဒီရောက်လာတာပဲ။ အဲ့ တုန်းက မို့ အသက်၁၄နှစ် ၊ ခုဆို ၂၀ ဆိုတော့
၆နှစ်လောက်ရှိပြီ ဒီရောက်တာ။"
ကြာပြီဘဲ မို့ မို့ က
" ကိုကိုကကော အင်္ဂလန်မှာနေတာ ဘဃ်လောက်ရှိပြီလဲ "
ပဲာပဲာ...၁၅နှစ်
"ငဃ်ငဃ်လေးကတည်းက ရောက်သွားတာလား "
ပာုတ်တဃ်လေ ၊ အမေကော ၊ အဖေကောဆုံးကတည်းက အန်တီကကိုဃ့်ကို လာခေါ်တာပဲ
" အမေရိကားမှာ မြန်မာသူငဃ်ချင်းဘဃ်နှစ်ဃောက်ရှီပြီလဲ "
ပဲာပဲာ...မို့ မို့ ကပထမဦးဆုံးသော သူငဃ်ချင်း
" မပူနဲ့ Bostonရောက်ရင် သူငဃ်ချင်းတွေနဲ့ မိတ်ဆက်ပေးမဃ် ၊ အဲ့ခါကျ မြန်မာလို တစ်ဝကြီးပြော ၊ မပြောနိုင်တော့လို့ ကို
ထွက်ပြေးရလိမ့်မဃ် "
ဒါဆိုလည်းပြေးရတာပေါ့
ကိုကိုနဲ့ ကျွန်မနောက်ပိုင်းမှာ ပိုမိုရင်းနှီးလာခဲ့တဃ် ။ ဒီလိုနဲ့ ကြာလာတော့ လူငဃ်သဘာဝအရ ကျွန်မတို့ နှစ်
ဃောက်ချစ်ကျွမ်းဝင်မိခဲ့ ကြပါတဃ်။ ကျောင်းမှာဆိုဘေးက သူငဃ်ချင်းတွေတောင်မှ အမြင်ကတ်တဲ့ အတွဲပါပဲ။ ကျောင်းပိတ်ရက်
တွေမှာ ကိုကို ကျွန်မ တို့ အိမ်ကို အလည်လိုက်လာပြီး မြန်မာအစားအစာအတူတူလုပ်စားကြပြီး အခွေအတူတူထိုင်ကြည့် ကြတာ
ပျော်ဖို့ အလွန်ကောင်းလှပါတဃ် ။
ကျွန်မထက်အသက်ကြီးပြီ နာမည်ကလဲ ကိုကိုဖြစ်ပြီး ၊ ကျွန်မခေါ်ချင်တဲ့ ကိုကိုနဲ့ လဲတူတာကြောင့် နှစ်ခုစလုံးပါ
တဲ့ကိုကိုနဲ့ ပဲ ကျွန်မသူ့ ကိုခေါ်လေ့ ရှိပါတဃ်။ အမေလည်း ကိုကို ချက်ကျွေးတဲ့ ပာင်းတွေစားရင်း ကိုကို့  ကိုခင်နေပြီထင်ပါတဃ်။ ဒီလိုနဲ့ 
ကျွန်မတို့ ကျောင်းကြီးပြီးဆုံးခဲ့ပြီး ဘွဲ့ တွေအသီးသီးရတော့ ကိုကို လည်းရှေ့ နေဖြစ်ပြီး ကျွန်မလည်း ရှေ့ နေတစ်ဃောက်ဖြစ်လာပါတဃ်။
ကျောင်းအတူတက်ခဲ့ကြတဲ့ ( ၄ )နှစ်ဆိုတဲ့ အချိန်ကာလက ကျွန်မတို့ နှစ်ဃောက်ကြားက သံဃောဇဉ်တွေကို ဖြတ်လို့ မရအောင် ချည်
နှောင်ထားခဲ့တာပါပဲ ။ ကျောင်းလည်းပြီးပြီဆိုတော့ အလုပ်လုပ်ပြီး ကိုဃ့်ဘ၀ကိုဃ်ရပ်တည်ဖို့ အတွက် အချိန်ကျရောက်လာခဲ့ပါပြီ ။
" အစ်ကို အင်္ဂလန်ပြန်တော့မှာလား။ "
အင်း..အစ်ကို့ ကို တစ်သက်လုံးကျွေးမွေးပြုစုစောင့် ရှောက်ခဲ့တဲ့ အဒေါ့်ဆီပြန်မျက်နှာပြရမှာပေါ့
" မှန်ပါတဃ် ပြန်သင့်တာပေါ့ ၊ သူလည်းပဲ အစ်ကို့ ကိုသားအရင်းပမာ ချစ်ပြီးကြီးပြင်းတဲ့ထိတိုင်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာပဲ "
ဒီတစ်ခေါက်ပြန်ရင် အလည်လိုက်ခဲ့မလား။
" ကိုကို့ ရဲ့ ဖိတ်ခေါ်မှုကြောင့် ကျွန်မကိုကိုနဲ့ အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့ ကိုအလည်တစ်ခေါက်ရောက်ရှိခဲ့ပါတဃ်။ ထိုခရီးက ကိုကိုနဲ့ ကျွန်မ
တို့ ရဲ့ အပျော်ဆုံး နေ့ ရက်လေးတွေပါ ၊ လန်ဒန်တစ်မြို့ လုံးလျှောက်သွားကြပြီး လမ်းဘေးဆိုင်လေးမှာ ၀င်ဆွဲခဲ့တဲ့  ကိုကိုနဲ့ ကျွန်မနှစ်
ဃောက်သား တွဲဖက်ထားတဲ့  ခဲပန်းချီကားလေးက ကျွန်မဘ၀တစ်သက်စာအတွက် မမေ့ နိုင်စရာပါပဲ "
တစ်နှစ်လောက်ကြာပြီးတဲ့အခါ ကိုကိုနဲ့ ကျွန်မနှစ်ဃောက်သား မြန်မာပြည်မှာ ရှေ့ နေလုပ်စားဖို့ ပြန်ခဲ့ကြ
ပါတဃ်။ အခက်အခဲမျိုးစုံကြားကနေ အမှုလေးတွေ လိုက်ခဲ့ကြပြီး ကိုကိုနဲ့ ကျွန်မနှစ်ဃောက်သား အတူတူရုံးခန်းထိုင်ကြပါတဃ် ။
တစ်နေ့ တော့ ကိုကိုက ကျွန်မကိုကောင်မချောချောလေး တစ်ဃောက်နဲ့ မိတ်ဆက်ပေးပါတဃ်။ ကိုကို ရဲ့ မြန်မာပြည်မှာတုန်းက အချစ်ဆုံး
သူငဃ်ချင်းပါတဲ့  ။ နာမည်က နှင်းဝတီလို့ ခေါ်ပြီး ၊ ကောင်မလေးဧ။် အပြုံးမှာ ပါးချိုင့်လေးနှင့် အရမ်းလှပြီး ကဗျာဆန်သောအလှပိုင်ရှင်
ဖြစ်ပါတဃ် ။ အမှန်ရိုးပြောရရင် ကျွန်မသူ့ ကို သဘောမကျမိတာကတော့ အမှန်ပါပဲ ။ ကလေးကလား ပိာုးငဃ်ငဃ်တုန်းက အကြောင်း
တွေပဲ ထိုင်ပြောနေလို့ ပါပဲ ။
ကိုကို NGOတစ်ခုမှာအသင်းဝင်ပြီး ပရပိာတလုပ်ငန်းတွေ စလုပ်ကတည်းက ကျွန်မလည်းသူနဲ့ အတူတူစတင်
လုပ်ဆောင်ပါတော့တဃ်။ နဃ်လိုက်ရတာ အပင်ပန်းမခံနိုင်တဲ့ ကျွန်မကိုကြည့် ပြီး ကိုကို ကအမြဲတမ်း ရဃ်လေ့ ရှိပါတဃ်။ ကိုကို
ပောာပြောတဲ့  ပညာပေးအကြောင်းအရာတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတဃ် ။ သူပင်ပန်းနေပေမဲ့ ကျွန်မ မေးတဲ့အခါတိုင်း မပင်
ပန်းဘူးလို့ ပဲ ဖြေလေ့ ရှိပါတဃ် ။ ပြင်ဦးလွင်မှာ ကျွန်မမိန်းကလေးသိက္ခာမငဲ့ဘဲ ကိုကို ကို့  မို့ တို့ လက်ထပ်ကြရအောင်လေဆိုပြီး
မထိန်းနိုင်ဘဲပြောခဲ့မိရာကိုကိုက ဒီနှစ်ဆောင်းကျရင်ပေါ့ပာု မမျှော်လင့်သောအဖြေကို ရရှိခဲ့သောအချိန်က ကျွန်မဘ၀ရဲ့ အပျော်ဆုံးချိန်
တစ်ချိန်ပါပဲလို့ ဆိုရပါလိမ့်မဃ်။
ဒီလိုနဲ့ အေးချမ်းလှတဲ့ဆောင်းရာသီမှာ ကျွန်မတို့ နှစ်ဃောက်မင်္ဂလာပွဲကို ကျင်းပကြပါတဃ်။ ကိုကိုနဲ့ ကျွန်မ
တစ်အိမ်တည်းအတူနေကြပြီး သာဃာတဲ့အိမ်ထောင်လေးကို တည်ထောင်နိုင်ခဲ့  ပါတဃ်။လက်ထပ်ပြီးလို့ တစ်နှစ်တောင်မကြာသေးပါဘူး။
နေ့ တစ်နေ့ နဲ့ တစ်နေ့ နဲ့ က မတူပါဘူး ။ ကံကောင်းလိုက်ကံဆိုးလိုက်နဲ့  ပျော်ရွှင်ရလိုက် ၊၀မ်းနည်းရလိုက်နဲ့ ပါ။
ဒီလို နဲ့ ကျွန်မတို့ တစ် တွေပာာ အသက်ရှင်နေရတဲ့ ကာလပတ်လုံး အဲ့ လိုနေ့ တွေကို တစ်နေ့ ပြီး
တစ် နေ့  ကျော်ဖြတ်နေရတာပါ ။ ကံဆိုး တဲ့ နေ့ ကိုလက်မခံ ချင်လို့ လည်းမရပါဘူး ။ ဒီလို နဲ့ .......
လိုက်ခဲ့ဖူးတဲ့အမှုထဲမှာ အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံး အမှုကိုကျွန်မဒီနေ့ အပြီးသတ်ခဲ့နိုင်တဲ့ အထိမ်းအမှတ်
အနေနဲ့ ကိုကိုကြိုက်တဲ့ခေါက်ဆွဲကြော်ဝဃ်ပြီး အိမ်မှာသူနဲ့ အတူတူစားဖို့ အထုပ်ကလေးကို ကိုင်ပြီး အိမ်ကိုပြန်လာခဲ့ပါတဃ် ။
အိမ်တံခါး ပွင့် နေပါလား ။ ဧည့် သည်ရောက်နေတဃ်ထင်တဃ် ။ အဃ်..နှင်းဝတီပါလား ။ မတွေ့ ရတာ တစ်နှစ်လောက်တောင်ရှိပြီပဲ ။
ကိုကိုနဲ့ ဘာတွေပြောနေလဲမသိဘူး ။
"မဖြစ်ဘူး ငါ့ မှာမိန်းမရှိတဃ်"
ဒါကိုကျွန်မ သိပါတဃ်။
" ငါမလုပ်ပေးနိုင်တာကတော့ မတတ်နိုင်ဘူးကွာ "
ဒီကလေး အဖေနာမည်ကို သန်းခေါင်စာရင်းမှာဘဃ်လိုထည့် မလဲ
" ငါလည်းသိဘူး "
ရှင်ဒီကလေးကို တောင်မွေး စားလို့ မရဘူးလား။
" မို့ မို့ ကမေးရင်ဘဃ်နှဃ့် ဖြေရမှာတုန်း "
ရှေ့ နေ ဦးနှောက်ပါ လုပ်တတ်ပါတဃ်
" မို့ မို့ လည်း ရှေ့ နေ ဥစ္စာ ၊ သူ့ ကဃုံပါ့မလား "
ဒါဆိုကလေးကြီးလာရင် သူ့ အဖေဘဃ်သူလဲလို့ မေးရင်ဘဃ်လိုဖြေရမှာတုန်း
" သေပြီ "
အဲ့လိုလုပ်တာကြီးက မကောင်းပါဘူး။
" ငါမတတ်နိုင်တော့လို့ ပါ "
ကျွန်မသိပါပြီ ။ ကျွန်မကို အနာဂတ်ကိုမတွေ့ မိဘဲ မိုက်ခဲ့တာပါ။ ရပါတဃ် ။ ဒီကလေးကို သူပညာတတ်ကြီးတစ်ဃောက်ဖြစ်လာတဲ့ထိ
ကျွန်မတစ်ဃောက်တည်းအားနဲ့ မွေးပါ့မဃ်။
ကျွန်မနားတောင်မဃုံနိုင်တော့ဘူး။ကျွန်မအိမ်ရှေ့ ကလှည့် ပြန်ထွက်ခဲ့ပြီး အိမ်ရောက်ရင်ကိုကိုနဲ့ အတူတူ
ခေါက်ဆွဲကြော်စားမဃ်ဆိုတဲ့အသိလည်း ပျောက်သွားပါပြီ ။ ရှက်တဲ့ဒေါသ ၊ ၀မ်းနည်းမှုတွေနဲ့  ကျွန်မဘဃ်ကိုသွားလို့ သွားမိမှန်းတောင်
မသိတော့ပါဘူး ။ ပူနေတဲ့ခေါက်ဆွဲကြော်လေးလည်း အေးသွားလို့ ကျွန်မလွှင့် ပစ်လိုက်ပါပြီ ။ ကျွန်မသိတဲ့ကိုကိုက ဒါမျိုးလား ။ သူပြောခဲ့
တာ ကျွန်မတစ်ဃောက်ကိုပဲချစ်တဃ်တဲ့ ။ အခုတော့တခြား မိန်းမတစ်ဃောက်နဲ့  ။ ကျွန်မ မဃုံနိုင်တော့ပါဘူး ။ ဘာလုပ်ရမှာလဲ
အိမ်ပြန်ပြီး သူ့ ကိုမျက်နှာချင်းဆိုင် ထိုင်ပြောရမှာလား ။ ကလေးက အရေးကြီးပါတဃ်။ ကျွန်မကို ကွာရှင်းလိုက်ပါ ။ ကျွန်မက ကိုကိုညာ
တာခံခဲ့ရတဲ့ တစ်ချိန်က အညာတရကောင်မလေးပါ ။
ကျွန်မဘဃ်လိုလုပ်ရမလဲ ။ ကျွန်မလောလောဆဃ်ပုံမှန် အတိုင်းနေဖို့ ဆုံးဖြတ်လိုက်ပြီး အိမ်ကိုပြန်လာခဲ့
ပါတဃ်။ ကိုကိုမျက်နှာမှာ မရိုးသားမှုတွေရှိနေတာ ကျွန်မမြင်နေရပါတဃ် ။ နောက်တစ်နေ့ ကိုကို အပြင်ထွက်သွားတော့ သူ့ ကားနောက်
မသိမသာလိုက်ခဲ့မိတဃ် ။ ဒီလောက်စုတ်ပြတ်သတ်နေတဲ့ ကားပျက်ဂိုဒေါင်ကို ဘာလာလုပ်တာပါ လိမ့် ။ အင်း...သိပြီ ၊ ကျွန်မကိုကို
လူလာရှာတာပဲ ။ အရေးထဲ ကားကရပ်သွားပြီ ။ ဓာတ်ဆီကုန်တာပာ ။ အရေးကြုံမှငါနဲ့ ကွာ ၊ မနက်ကကားမောင်းလာတာ ဓာတ်ဆီ
ဖြည့် ဖို့ မေ့ သွားတဃ် ။
ကျွန်မကိုကိုနောက်ကို ခြေလျင်ပဲလိုက်ရပါတော့တဃ် ။ ကားပျက်တွေကော ၊ ကားပစ္စည်းတွေကော
ရောသမမွှေထားတဲ့ ကျဃ်ဝန်းလှတဲ့ ဂိုဒေါင်ကြီးမှာ ကျွန်မလမ်းလျှောက်လို့ လာခဲ့ပါတဃ် ။ ဒီနေရာကဘာလဲပာ ကားပစ္စည်းအပိုင်းအစ
အစုတ်အပြတ်တွေနဲ့  ကားတွေပဲ။ ကျွန်မ ကားအမှိုက်ပုံကြီးဘေးနားက လျှောက်သွားရင်း ချော်လဲပြီး တိုက်မိတဲ့အငုတ်ကလေးကို ဘာ
လေးလဲဆိုပြီး ဆွဲကြည့် တာ အောက်က တစ်ခုလုံးက ကိုကင်းခြောက်ထုပ်တွေဖြစ်နေတဃ်။
ကျွန်မသိပြီ ။ ဒါမူးဃစ်ဆေးဝါးတွေသိုလှောင်ထားတဲ့နေရာပဲ။ ကိုကိုဖိနပ်ကော ကျွန်မဖိနပ်ပါမပာုတ်တဲ့
ခြေရာတွေလည်း အများကြီးတွေ့ တဃ် ။ ချက်ချင်းပဲ ကျွန်မသိတဲ့ ရဲမှူးကို ဖုန်းဆက်လိုက်တဃ် ။ ကားဘိန်းထဲမှာလည်း ဘိန်းတွေပါ
လား ။ နေရာတစ်ခုလုံးမှာ မူးဃစ်ဆေးဝါးတွေ ဖွက်ထားတာချည်းပဲ ။ ကျွန်မ ရှေ့ ဆက်သွားခဲ့တဃ် ။ ပာင်.....ပာိုမှာကိုကိုပါလား ။
လူတွေလည်းအများကြီးရှိတဃ် ။ ပိာုလူတွေက သေနတ်တောင်ကိုင်ထားပါလား ။ ဒါမူးဃစ်ဂိုဏ်းပဲဖြစ်ခဲ့ရမဃ် ။ ကျွန်မကို လူတစ်ဃောက်
မြင်သွားတဃ် ။ ချက်ချင်းပဲ အဆွဲခေါ်ခံရပြီး သူ တို့ ရှေ့ ရောက်သွားတဃ် ။
"လူတစ်ဃောက်က ကို ကို့ ကို ဒါဘဃ်သူလဲ ။ မင်းနောက်မှာ စပိုင်တွေလိုက်လာတာ။ ငါတို့ ခုချက်ချင်းပဲသူ့ 
ကိုသတ်ပစ်လိုက်မဃ် ။"
ပော့မလုပ်နဲ့  ဒါငါ့မိန်းမ။
"အော်...မင်းမှာမိန်းမနှစ်ဃောက်တောင်ရှိတာပဲ"
မိန်းမနှစ်ဃောက်တဲ့ ၊ ကျွန်မနားလည်လိုကတဃ်။ ကိုကို ကျွန်မကို လှည့် ကြည့်တဃ် ။ ကျွန်မသူ့ ကို ချက်ချင်းပြောချမိခဲ့တဃ် ။
ကိုကိုညာခဲ့တာပဲ ။ ပြောတော့ ကျွန်မတစ်ဃောက်ထဲချစ်တာဆို အခုတော့တခြားမိန်းမတစ်ဃောက်နဲ့  ကလေးတောင်ရနေပြီ ။
ပော့မို့ မို့ နင်အထင်လွဲနေပြီ ။
ကိုကို ကျွန်မကို မညာပါနဲ့ တော့ ။ ကျွန်မကိုပဲ ကွာရှင်းလိုက်ပါတော့ ၊ ကလေးက အရေးကြီးပါတဃ် ။
ရုတ်တရက် သေနတ်သံတွေကြားပါတော့တဃ်။ ကိုကို ကျွန်မဘက်ကိုကြည့် ပြီး မို့ နင်ခေါ်လိုက်တာလား ။
ပာုတ်တဃ် ။ အနောက်ကလူကို ကျွန်မ ကိုင်ပေါက်ပြီး ရုန်းလိုက်ချိန်မှာ ရဲတပ်ဖွဲ့ က ကျွန်မတို့ ရှိတဲ့နေရာကို ရောက်လာပါပြီ ။
သေနတ်သံတွေလည်း စကြားလာပြီး ကျည်ဆန်စက်ကွင်းက နေ ကိုကိုလွတ်အောင် ကိုကို့ ကို ပုတ်ချလိုက်ပါတဃ်။ ပိာုဘက်အဖွဲ့ ခေါင်း
ဆောင်ဖြစ်ပာန်ရှိတဲ့သူ ကျွန်မကိုသေနတ်နဲ့ ချိန်တော့ ကျွန်မရှောင်စရာနေရာမရှိတော့ပါဘူး ။ သေတော့မှာပါ ။
ဒိုင်း ....အား......ကိုကို
ဒါပေမဲ့ မထင်မှတ်ပဲ ကိုကို ကျွန်မရှေ့ ကနေ ၀င်ခံပေးသွားပါတဃ် ။ ရဲမှူးက တွေ့ သွားပြီး ချက်ချင်းပဲကို ကို့  ကိုပစ်တဲ့သူကို ပစ်ချလိုက်
ပါတဃ်။ ပော့...ကိုကို ကိုကို ကိုကို မသေရဘူးလေ ။
မို့ မို့ ကိုတကဃ်မင်းကို မညာပါဘူးကွာ............
ပော့မသေရဘူးလေ................မသေရဘူးလေ.......
ကိုကို ဈာပနာအခမ်းအနားမှာ နှင်းဝတီဆိုတဲ့ကောင်မလေး ၊ ကလေးလေးပိုက်လို့ ရောက်လာပါတဃ် ။
"အစ်မမို့ မို့ ၊ ဒါအစ်မထင်သလို သူ နဲ့ ကျွန်မရတဲ့ ကလေးမပာုတ်ပါဘူး။"
ရှင်
" ကျွန်မတိုးတိုးဆိုတဲ့ လုမိုက်တစ်ဃောက် နဲ့ ချစ်ကြိုက်ခဲ့မိတာပါ ။ ကလေးရတော့ သူ ကတာဝန်မရှိဘူးဆိုပြီး ထွက်ပြေးသွားခဲ့တာပါ ။
ဒါနဲ့ ကျွန်မ မို့ မို့ ဃောကျာ်းကို အကူအညီလာတောင်းတော့ သူက မထင်မှတ်ပဲ တိုးတိုးရှိတဲ့နေရာကို ဘဃ်လိုရှာလိုက်ပြီး ဒီအကြောင်း
သွားပြောမဃ်လို့  ကျွန်မ မထင်ထားခဲ့ပါဘူး ။ အဲ့ဒါ အခုသူသေရတာ ကျွန်မအမှားကြောင့် ပါ ။ ကျွန်မ မို့ မို့ ကို တောင်းပန်ပါတဃ်။
အပီား..ပီား.."
ကိုကို ငါ့ ကိုမညာခဲ့ဘူးပဲ ။ ဒါပေမဲ့ ကျွန်မနောက်ကျသွားခဲ့ပြီ ။
ဒီလိုနဲ့  ကျွန်မကိုကို့  အုတ်ဂူဆီနှစ်ပတ်လည်နေ့ တိုင်း လာဖြစ်ခဲ့တဃ် ။ နောက်ဆုံးတော့ ကိုကိုမညာဘူးဆိုတာ ကျွန်မသိပါပြီ ။
ဆက်လက်ကြိုးစားပါဦးမည်။
ဝိ၀ိ
5:17PM , 1 / 14 / 12
(ဇာတ်သိမ်း) ဟိုအကြောင်းဒီအကြောင်း
ရေဘူးပို့ရတဲ့အလုပ်ရလည်းမချောင်ဘူးဗျ...နေ့စဉ်အော်ရငေါက်ရနဲ့လူလည်း အော်ငေါက်ကြီးလုံးလုံးဖြစ်နေရတယ်လေ..ဒီလိုနဲ့တစ်နေ့မှာပေါ့ ကောင်မလေးတစ်ယောက်ကိုသတိထားမိတယ်ဗျ...သူကအလုပ်တော်တော်လုပ်နိုင်တဲ့မိန်းကလေးတစ်ယောက်ပေါ့ဗျာ..မြင်ဖန်များလားတော့ သူ့ကိုစိတ် ၀င်စားမိတယ်ပေါ့ဗျာတိုတိုပြောရရင် သူ့ကိုချစ်မိပြီဗျာ...ကျေးဇူးရှင်ကစကားကိုရပ်ထားပြီးစည်ဘီယာခွက်ကို ကောက်ကိုင်ရင်းတစ်ကျိုက် မော့လိုက်ပါသေးသည်..ပြီးမှ တစ်နေ့မှာပေါ့ဗျာ..ဂျာလေး ဂျာလေး..ခေါ်သံတော့ကြားမိသလိုဘဲဗျ ဒါပေမဲ့ကျွန်တော် စာရင်းတွေကို ဆက်လုပ်နေမိတယ် အဲ့ဒီမှာ ကျွန်တော်ချစ်နေတဲ့ကောင်မလေး အနားကိုရောက်လာပြီး ပြောတယ်...ဆရာ ကျွန်မခေါ်နေတာမကြားမိဘူးနဲ့တူတယ်...အော်အင်..ပြောလေ...
အပြင်ခဏသွားပြီးဖုန်းဆက်ချင်လိုပါဆရာ ..ဒီမှာဆက်လည်းရတယ်လေ..ရပါတယ်ဆရာ အိမ်သားအတွက် မှာစရာလေးကျန်သွားလို့ပါရှင်... ဆရာကိုခွင့်လာတောင်းတာပါ..အေလေ...မြန်မြန်တော့လာပေါ့ကွာ ဂျာကြီးသိသွားရင်မကောင်းဘူး....အဲ့ဒီမှာကတည်းက ကျွန်တော်သိဖို့ကောင်းတယ်ဗျာ....ဘာဖြစ်လို့လည်းကွ ကျွန်တော်စကားဖြတ်ပြောလိုက်မိသည်။ဘာဖြစ်ရမလဲဗျာ သူ့ကိုကျွန်တော်စိတ်ဝင်စားနေတာကို သူကလည်းရိပ်မိတယ်..နောက်တော့သူကတမင်ရှောင်နေတယ်ပေါ့ဗျာ..ဒါပေမဲ့ ပတ်ဝန်းကျင်းကတော့ သိတဲ့အတိုင်းပေါ့ဗျာ ကျွန်တော့်ရှေ့မှာမပြောရဲပေမဲ့ ကွယ်ရာမှာတော့ ပြောကျမှာပေါ့......သူလည်းဒါကိုကြာမိတယ်ထင်ပါရဲ့ဗျာ..မနေ့က ရုံးဆင်းတော့ သူ့အိမ်ကို ကျွန်တော့်ကိုခေါ်တယ်ဗျ.. ဟားဂွင်တည့်တာပေါ့ကွ..ဘာတည့်ရမလဲဗျာ ကျွန်တော့်စကားဆုံးအောင်နားထောင်ပေးပါအုံးဗျာ..အေးပါကွ ပြော ဆက်ပြော..ကိုယ်စိတ်ဝင်စားနေတဲ့ကောင်မလေးက သူ့အိမ်ကိုအလည်ခေါ်တော့ ဘယ်ပြောကောင်းမလဲဗျာ ....အိမ်ရောက်မှ ရောဂါစတော့တာဘဲ..
ညီလေးရေ ဘီယာတစ်ခွက်လောက်..ဟေ့ကောင်နှစ်ယောက်လာတာငါ့အတွက်လည်းမှာအုံးလေကွာ..သိဘူးလေ ခင်ဗျားမူးနေပြီလားလို့ ..ဟား...
ကိုပေကြီးနဲ့အပြိုင်သောက်လာတာပါကွ..သူတောင်ငါ့ကိုအရုံးပေးရသေးတယ်..ပါးစပ်ကသောက်အောက်ကပေါက်မို့တဲ့ဟဲဟဲ...
နှစ်ဦးသားခွက်ကိုကိုင်သောက်ရင်း..ဆက်ပြောကွာ ကောင်းခန်းရောက်နေပြီ...အိမ်ထဲရောက်တော့...ဂျာလေး ဒါကျွန်မအမျိုးသားလေ..ကိုကျော်နိုင်တဲ့ ဟုတ်ကဲ့..ကျွန်တော်ရန်မျိုးနိုင်ပါ..စိတ်တွေထွေနေရင်းနဲ့ သူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်တဲ့အခါမှာတော့ အော် ကျွန်မအမျိုးသားက မျက်စိကွယ်နေတယ် ဗျာ...ကျွန်တော့်အံ့သြသွားမိတယ်..ဂျာလေးကိုမပြောပြထားမိဘူး..ရပါတယ် အားနာရမှာက ကျွန်တော့်ပါဗျာ....
အဲ့ဒါပါပဲ ကိုဖက်ရာ...
ဟာမင်းဟာကလည်း ၀မ်းနည်းရမှာလားငိုရမှာလားကွာ..ဟီးဟီးဟီး...
ကျွန်တော့်ကိုယ်ကျွန်တော့်တော်တော်လေး ရှက်မိတယ်ဗျာ..ပြန်လာခဲ့တဲ့လမ်းတွေပေါ်မှာ မြေကြီးနဲ့ခြေထောက်ထိမိလားဆိုတာကိုတောင် ကျွန်တော် မမြင်နိုင်တော့ဘူးဗျာ...မိန်းမတစ်ယောက်ရဲ့သစ္စာရှိမှုကို ကိုယ်တိုင်မြင်လိုက်ရသလိုမျိုး ခံစားရတယ်ဗျာ..ကျွန်တော်မငိုချင်ဘူးဗျာ...မငိုချင်ဘူး ဟီးဟီးဟီး...
အဲ့ဒီလိုမျိုးမိန်းမတွေလည်းရှိကျသေးတာကိုကွ....ဟားဟားဟာ...ကျွန်တော်လည်းရင်ထဲကနေရယ်လိုက်မိပါတော့သည်။
မီး...မီး.....မီး...ဗျို့ မီးတဲ့ဟ ရန်ကြီး.. ပိုက်ဆံရှင်းပြီးတာနဲ့ အပြေးအလွှားသွားနေသူတစ်ယောက်ကိုလှမ်းမေးလိုက်ပါတော့သည်..နောင်ကြီး ဘယ်အိမ်ကလည်းဗျ...ရပ်ကွက်.......အိမ်အမှတ်.....ကတဲ့ ဗျာ...နှစ်ယောက်သားပြေးသွားမိတာကတော့...မိမိတို့နေထိုင်ရာ အိမ်လေးထံသို့.....
မြင်ကွင်းကတော့ ..မီးခိုးတွေ အူးထွက်နေပြီး အသားတိုအသားစများယိမ်းယိုင် နေပြီး မီးသွေးကတောင်အဖေခေါ်ရလောက်အောင် ဖြစ်ပျက်သွားတဲ့ အိမ်လေးတစ်လုံး.....၀မ်းနည်းလို့ကျတဲ့မျက်ရည်ကို မြေသို့မကျခင် လျှာနဲ့သက်ရင်း နှစ်ယောက်သားအော်မိလိုက်တာကတော့...
သွားပါပြီဗျာ...သွားပါပြီ မိန်းမယူဖို့စုဆောင်းထားတာလေးတွေတော့ ကုန်ပါပြီဗျာ....
ဟိုအကြောင်းဒီအကြောင်းလေးတွေပါ...စာဖတ်သူများလည်းစိတ်ညစ်လို့နေလောက်ပါပြီလေ...
ရေးချင်တာတွေကတော့အများကြီးဘဲဗျာ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ခွင့်ပြုချက်လေးတွေသာရမယ်ဆိုရင်တော့ ပတ်ဝန်းကျင် မှာဖြစ်နေတဲ့အကြောင်း အရာလေးတွေ အလုပ်ထဲမှာဖြစ်နေတဲ့အကြောင်းအရာလေးတွေကို ရေးချင်ပါသေးတယ်...
ဖက်တီး
နေပူတော်
ပျဉ်းမနားမြို့
Pen Drive အလန်းလေးများ(၃)
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၅-၁-၂၀၁၂)(၂၀း၁၀)နာရီ
ကြောင်လေးတွေတင်ပေးပါဆိုလို့ 
ဒီလိုလုပ်နိုင်ယင်မွေးမွေးပေးမယ်ဟိဟိဟိ
ချစ်သူက မိမိအပေါ် ချစ်ခင်ကြင်နာယုယ အလိုလိုက်ပြီး မိမိစကားကို နားထောင်ဖို့
မိမိချစ်သူ(ရည်းစား)က မိမိအပေါ် ချစ်ခင်ကြင်နာမှုတွေ လျော့ပါးသွားလို့ သောကပွားနေရသူတွေ၊ ချစ်သူ(ရည်းစား)ရဲ့ ယုယအလိုလိုက်မှု မခံရလို့ စိတ်ဓာတ်ကျနေသူတွေနဲ့ ချစ်သူ(ရည်းစား)က မိမိရဲ့ ပြောစကားကို နားထောင်စေချင်သူတွေဟာ ဒီအစီအမံကို ဆောင်ရွက်ကြည့် စေချင်ပါတယ်..
အဓိက လိုအပ်တဲ့ပစ္စည်းကတော့ တစ်လက်မစတုရန်းရှိတဲ့ ငွေပြားလေးတစ်ပြားဖြစ်ပါတယ်..ရန်ကုန်မြို့ဆိုရင် (၂၉)လမ်း(အောက်ဘလောက်)ရွှေပြား၊ ငွေပြား၊ ကြေးပြားကြိတ်တဲ့ ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်..အခြားမြို့တွေမှာဆိုရင် ပန်းထိမ်ဆိုင်၊ ရွှေဆိုင်တွေမှာ ၀ယ်ရင် ရနိုင်မယ် ထင်ပါတယ်..ငွေပြားပါးပါးလေးပါ.. အဲဒီ ငွေပြားလေးပေါ်မှာ ကညစ်နဲ့ဖြစ်စေ၊ မင်ကုန်သွားပြီဖြစ်တဲ့ ဘောလ်ပင်နဲ့ဖြစ်စေ အောက်ပါအတိုင်း ထောင့်လေးထောင့်မှာ “ ဇယံ၊ မေတံ္တ၊ သုခံ၊ သိဒံ္ဓ ” ဆိုပြီး ရေးရမယ်..
မိမိချစ်သူက အင်္ဂါဖွားဖြစ်ပြီး မိမိက သောကြာဖွားဆိုရင် အောက်ပါအတိုင်း ရေးရမယ်.
အဲဒီလိုရေးပြီးရင် ငွေပြားကို အလိပ်ကလေးဖြစ်အောင် လိပ်လိုက်ပါ..ငွေပြားလိပ်ကလေးကို ရေအပြည့်ရှိတဲ့ ရေသန့်ဘူးထဲထည့်ပြီး ကိုယ့်အိပ်ရာ ခေါင်းရင်းဘက်မှာ ထားပါ..
နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်(အိပ်ရာထ၊ အိပ်ရာဝင်) အဲ့ဒီရေဘူးကို အဖုံးဖွင့်ပြီး ညာလက်မှာကိုင် အောက်ပါအတိုင်း နှုတ်က (၃)ခေါက်ရွတ်ပါ..
“ မိမိ(---)အပေါ် ချစ်သူ(---)မှ ချစ်ခင်ကြင်နာယုယ အလိုလိုက်ပြီး မိမိပြောစကားကို နားထောင်ပါစေ ”
အဲဒီလို ရွတ်ပြီးတဲ့အခါ ရေဘူးထဲက ရေကို မိမိတစ်ငုံသောက်ပါ..ရေဘူးထဲက ရေအနည်းငယ်ကို ရေဖလားထဲထည့်ပြီး မျက်နှာသစ်ရေနဲ့ ရောပြီး မျက်နှာသစ်ပါ..ရေချိုးရင်လဲ အဲဒီရေဘူးထဲက ရေအနည်းငယ်ကို ချိုးရေနဲ့ ရောချိုးပါ..သနပ်ခါး သွေးလိမ်းရင်လဲ အဲဒီရေဘူးထဲက ရေအနည်းငယ်ထည့်ပါ..
မိမိ(---)ဆိုတဲ့ နေရာမှာ မိမိနာမည်ကို ထည့်ရွတ်ပါ..
ချစ်သူ(---)ဆိုတဲ့ နေရာမှာ ချစ်သူရဲ့နာမည်ကို ထည့်ရွတ်ပါ..
ဒီအစီအမံမျိုးက (၁၅)ရက်မှ (၁၅)ပတ်လောက်အထိ ဇွဲရှိရှိလုပ်မှ အောင်မြင်တတ်ပါတယ်..
မရှင်းလင်းသော အချက်များရှိပါက akmyint.kooo@gmail.com ကို အပ်ပီးမေးမြန်းနိုင်ပါတယ်ဗျ.
အခြားယတြာများအားလုံးကို http://myooyinlay.blogspot.com/ ကို ၀င်ရောက် ဖတ်ရှု့လေ့လာနိုင်ပါတယ်ခင်ဗျ.
ဝန်ခံချက်။ ။ဆရာကြီးဦးအောင်မြိုင်ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်..
Computer reset လုပ်ရအောင်
Create a password reset disk လိုပေါပါလိမ်မည်။
အောက်ကပုံပေါပါလိမ်မည် ပြီးရင် Next ကို Click လိုက်ပါ။
အနည်းဆုံး 2GB ရှိမှဖြင့်မည်
Computer ထဲးကိုထိုးထဲ့လိုက်ပါ အောက်ကပုံလိုဘဲ ကိုယ်ရဲ USB
တွေရလိမ်မည် မတွေရင်ရှာပါ တွေရင် Next ပေးလိုက်ပါ။
Computer ရဲ့ Password ကိုရေးလိုက်ပါ ပြီးရင် Next
ဒါဆိုရင် ပြီးပြီး....
Computer ကို Shutdown လုပ်လိုက်ပါ ပြီးရင် ပြန်ဖွင့်
Password ကိုယ်မှားပြီးရေးလိုက်ပါ ရေးပြီး Enter ပေးပါ
ပေးပြီးရင် အောက်ကပုံလေးပေါလာ လိမ့်မည်
Reset Password လေးကို Click လိုက်ပါ။

လို USB တွေရင် Next လုပ်လိုက်ပါ။

အောက်ကပုံလေးအတိုင်း အကုန်ဖြည့်ပေးပါ ဒါပြီးရင် Next
ဒါဆိုရင် ပြီးပြီး...

http://ကိုယ်ချင်းလေး.blogspot.com/
အမျိုးသားများအတွက် အာဟာရ
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးကာ ကိုယ်လက် လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါနှင့် တကွ အခြားသော ရောဂါများဖြစ်ပွားနိုင်သည့် နှုန်းကိုလျော့ကျစေပါသည်။
အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်တွင် အာဟာရပြည့်စုံစွာ စားသုံးရန် ၊ ရင်သား ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရများကို စားသုံးရန် စသည်ဖြင့် လိုအပ်သလို အမျိုးသားများတွင်လည်း ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ဖြိုးပြီး ယောင်္ကျားပီသရန် ၊ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ရောဂါများကို ကာကွယ်ရန် အလို့ငှာ အာဟာရပြည့်စုံသော အစားအစာများကိုစားသုံးသင့်ပါသည်။
၎င်းတို့မှာ…
၁။ ခရု ၊ ကမာ စသော ပင်လယ်စာများ
တစ်နေ့လျှင် ကမာကောင်၊ ကမုတ်ကောင် အနည်းငယ်စားသုံးဖြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသော ဇင့် ဓါတ်ကို တစ်နေ့တာ လိုအပ်ချက်နှင့် အညီ လုံလုံလောက်လောက် ရရှိမည်ဖြစ်သည်။ ဇင့်သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ်ပေါင်းများစွာတွင် သာမက ဆဲများကို ပြုပြင်ရာတွင် အသုံးပြုသော DNA ကိုထုတ်ပေးရာတွင်လည်း ဇင့် ပါဝင်ပါသည်။
လေ့လာချက်များအရ ခန္ဓာကိုယ်တွင် လိုအပ်နေသော ဇင့်ပမာဏကို ပုံမှန်စားသုံးလျှင် ဆီးကျိတ်ကင်ဆာကို ဖြစ်စေနိုင်သော ဆဲလ်များ ပျက်စီးမှု ကိုကာကွယ်ခြင်း၊ အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင် လိုအပ်သော ဆဲလ်ပျက်စီးမှုများကို ကာကွယ်နိုင်ခြင်း ၊ သုတ်ပိုး ပမာဏ များပြားလာအောင် ပြုလုပ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ဖြစ်စေပါသည်။
ထို့ကြောင့် အမျိုးသားများသည် တစ်နေ့တာလျှင် ဇင့်ပါသော အစားအစာများဖြစ်သည့် အကျည်းခွံပါသောငါး ၊ သို့မဟုတ် အမဲသား၊ အဆီလွတ် ၀က်သားများကို တစ်နေ့လျှင် ၁၁ မီလီဂရမ် ခန့်စားသုံးသင့်ပါသည်။
၂။ ငှက်ပျောသီး
ငှက်ပျောသီးတွင် အာရုံကြော စနစ်ကို ကောင်းမွန်စေသော၊ နှလုံး ခုန်ခြင်းကို မှန်စေသော၊ သွေးပေါင်ချိန်ကိုမှန်စေသော ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်သည်။ ငှက်ပျောသီး ကဲ့သို့ ပိုတက်စီယမ်နှင့် မက်ဂနီစီယမ် ဓါတ်များစွာ ပါဝင်သော သစ်သီးများကို ကို စားသုံးခြင်းသည် လေဖြတ်ခြင်း ကိုလည်း လျော့နည်းစေပါသည။် ထို့အပြင်တွင် ငှက်ပျောသီးတွင် vitamin B 6 ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း၊ သွေးနီဥ ဖြစ်ပေါ်မှုကိုအားပေးခြင်း၊ အာရုံကြော စနစ် ကောင်းစေခြင်း ၊ အသားဓါတ်ဖြစ်ပေါ်မှုကို အားပေးခြင်းတို့ကိုဖြစ်စေပါ သည်။ အမျိုးသားများသည် ၎င်း တို့၏ မနက်စောစော အစာတွင် ငှက်ပျောသီးတစ်လုံး စားပေးခြင်း ကို ကိုယ်လက်လှုပ်ရှားမှု မပြုခင် ပြုလုပ်သင့်ပါသည် ။ ငှက်ပျောသီး အပြင် အခြား ပိုတက်စီယမ်ပါဝင်မှုများသော အစားအစာများဖြစ်သည့် လိမ္မော်သီးဖျော်ရည်၊ နွားနို့၊ ခရမ်းချဉ်သီးနှင့် ယင်းမှ ထွက်သော ထွက်ကုန်များ၊ ပဲအမျိုးမျိုးတို့ကို လည်းစားသုံးနိင်ပါသည်။
၃။ အိုမီဂါ 3 ဖက်တီးအက်ဆစ်
အိုမီဂါ 3 ဖက်တီး အက်ဆစ် (omega 3 fatty acid) ပါသော အစားအစာများကို စာသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အဆီဓါတ်များကို ရရှိနိုင်ပါလိမ့်မည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ် (omega 3 fatty acid) သည် နှလုံး ၊ သွေးလည်ပတ်မှု၊ ကိုယ်ခံအားတို့ကိုကောင်းမွန်စေခြင်းတို့ကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ် (omega 3 fatty acid) သည် ယောင်ယမ်းမှုကို ကျစေသော အစွမ်း အာနိသင်ရှိပြီး သွေးထဲရှိအဆီတမျိုးဖြစ်သည့် လူကို အန္တရာယ်ဖြစ်စေနိုင်သော triglyceride ပမာဏကိုလျော့ကျစေခြင်း တို့ကြောင့် အားကစားသမားများတွင် ဖြစ်တတ်သော ကိုက်ခဲမှုများကို ပျောက်စေနိုင်ခြင်း၊ အဆစ်ယောင်ခြင်းများကို လျော့ကျစေနိုင်ခြင်းကို ဖြစ်စေပါသည်။
ဆယ်လ်မွန်ငါး ၊ ဆာဒင်းငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ပင်လယ် ငါး အသေးစားကလေးများ စသည်တို့မှာ အိုမီဂါ3 ဖက်တီးအက်ဆစ်(omega 3 fatty acid) များစွာပါဝင်သော ငါးများဖြစ်သည်။ American Heart Association မှ လူတိုင်းတိုင်း သည် တစ်ပတ်လျှင် နှစ်ကြိမ် ယင်းအစားအစာများကို စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ်ကို အပင်များ မှ ရသော အစားအစာများတွင် တွေ့ရှိရသော်လည်း ငါးများတွင် အိုမီဂါ 3 ဖက်တီး အက်ဆစ်(omega 3 fatty acid) အပြင် ဗိုက်တာမင် ဒီ များစွာ ပါဝင်သောကြောင့် ဗိုက်တာမင်ဒီ၏ အကျိုးအာနိသင်များဖြစ်သော ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း ၊ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေခြင်း၊ သွေးတိုးရောဂါကိုကာကွယ်ပေးခြင်း၊ အရိုးပွခြင်းကို ကာကွယ်ပေးခြင်းတို့ကို ပါ လုပ်ဆောင်ပေးပါသည်။
၎။ Broccoli
Broccoli တွင် ဗိုက်တာမင် စီ၊ ဘီတာ ကယ်ရိုတင်း၊ ပိုတက်စီယမ်၊ sulphoraphane စသော ပစ္စည်းများပါဝင်သောကြောင့် နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီး ကင်ဆာများ ဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ လေ့လာချက်များအရ အစိမ်းရောင်ရှိသော အရွက်များကို စားသုံးခြင်းဖြင့် ဟိုမိုစစ်စတင်း (homocysteine) ပမာဏကို နည်းစေပြီး ၎င်း ကြောင့် ဖြစ်စေသော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။ Broccoli အပြင် ယင်းကဲ့သို့ပင် ကြွတ်ရွသော အခြားအစားအစာများဖြစ်သည့် ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ စသည်တို့ကိုလည်း စားသုံးနိုင်ပါသည်။
၅။ အခွံမာသော အသီးများ
Brazil မှ ထွက်ရှိသော မြေပဲအပါအ၀င် အခွံမာသော အသီးများတွင် မက်ဂနီစီယမ် (magnesium ) နှင့် စီလီနီယမ် (selenium) စသော antioxidant များ ပါဝင်ကာ ၎င်းတို့သည် နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ စီလီနီယမ်သည် သွေးထဲတွင်ရှိသော အန္တရာယ်ဖြစ်စေနိုင်သော အဆီဓါတ်တမျိုးဖြစ်သည့် LDL ကိုလျော့နည်းစေပြီး သွေးကြောများထဲတွင် သွေးခဲဖြစ်ပေါ်မှုကို နှောင့်နှေးစေပါသည်။ ထိုကြောင့် Brazil မှာထွက်ရှိသော အခွံမာသီး အမျိုးမျိုးကို တစ်နေ့လျှင် တစ်လုံး ကျ စားသုံးခြင်းဖြင့် စီလီနီယမ် ဓါတ် ၅၅ မီလီဂရမ်ရရှိကာ သင့်တစ်နေ့တာ လိုအပ်မှုကို လုံလောက်စေကြောင်း လေ့လာသူများက ပြောကြားခဲ့ပါသည်။
၆။ ဂျုံ နှင့် ဆန်
ဂျုံနှင့် ဆန်တွင် အမျှင်ဓါတ် ၊ ဗိုက်တာမင် (vitamin) ၊ မင်နရယ် (minerals) နှင့် အခြား အကျိုးဖြစ်စေသော ပစ္စည်းများပါဝင်သောကြောင့် နှလုံး ကျန်းမာရေး၊ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့်တင်းခြင်း များကိုဖြစ်စေပါသည်။ ဆန်ဂျုံနှင့် ယင်းတို့မှထွက်သော ပစ္စည်းများတွင် အမျှင် ဓါတ်များအပြင် ဗိုက်တာမင် ဘီ များပါဝင်သဖြင့် သွေးထဲရှိ LDL ပမာဏကို နည်းပါးစေကာ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် အမျိုးသားများသည် အစာခြေဖျက်ရန်လွယ်ကူသောအမျှင် ဓါတ် များစွာပါသော အစာများဖြစ်သည် ပန်းသီး ၊ ပဲအမျိုးမျိုး ကို တနေ့လျှင် ၁၀-၂၀ ဂရမ် စားသုံးခြင်းဖြင့် ဆီးကျိတ်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါသည်။
၇။ ဟင်းသီး ဟင်းရွက်များ
Stanol ကို ဟင်းသီးဟင်းရွက်နှင့် သစ်သီးများတွင် တွေ့ရပြီး ၎င်း သည် သွေးထဲရှိ ကိုလက်စထရော ပမာဏကို ကျစေပါသည်။ ထို့ကြောင့်အမျိုးသားများသည် stanol ပါဝင်သော ဟင်းသီးဟင်းရွက်များ၊ မာဂျရင်း ၊ ဒိန်ချဉ် ၊ လိမ္မော်သီး ဖျော်ရည် များ ကို တစ်နေ့လျှင် ၂ ဂရမ် ခန့် စားသုံးခြင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းမှ ကိုလက်စထရော စုပ်ယူမှု ပမာဏကို နည်းစေပြီး သွေးထဲရှိ ကိုလက်စထရော ပမာဏကို များ ပြားလာမှုကို ဟန့်တားပေးနိုင်ပါသည်။
၈ ။ ပဲပိစပ်
ပဲပိစပ် တွင် sioflavone ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေးကို ကောင်းစေကာ ဆီးကျိတ်ကင်ဆာဖြစ်ပေါ်မှုကို လျော့ကျစေပါသည။် လေ့လာချက်များအရ တစ်နေ့လျှင် ပဲဘိစပ် ၂၅ ဂရမ် ကို စားသုံးခြင်းဖြင့် ကိုလက်စထရော ပမာဏကို ကျစေပါပြီး နှလုံးရော ဂါ ဖြစ်ပွားမှုကို နည်းပါးစေ သည်ဟု ဆိုပါသည်။ ပဲဘိစပ် အပြင် ပဲဘိစပ် ဖြင့် လုပ်ထားသော အစားအစာများ ဖြစ်သည့် ပဲနို့ ၊ ပဲနှင့် လုပ်ထားသော ချိစ် ၊ တို့ဖူး စသည်တို့ကိုလည်း စားသုံးနိုင်ပါသည်။
၉။ ဘယ်ရီသီး သို့မဟုတ် ချယ်ရီသီး
ခရမ်းရောင် ၊ အပြာရောင် နှင့် အနီရောင် ရှိသော ဘယ်ရီသီး များတွင် antioxidant အမျိုးအစားပေါင်း ၄၀၀၀ ကျော် နှင့် ဗိုက်တာမင်စီပါဝင်သည့်အတွက် များစွာသောအကျိုးကျေးဇူးများကို ရနိုင်ပေသည်။ ဘယ်ရီသီးမျိုးစုံကို စားသုံးခြင်းဖြင့် အသက်အရွယ် ကြီးမှုကြောင့် ဖြစ်ပေါ်လာသော ဦးဏှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ ၊ကို နည်းပါးစေပြီး ဦးဏှောက်ကျန်းမာရေးကို ကောင်းစေပါသည်။
၁၀။ အနီရောင် သို့မဟုတ် လိမ္မော်ရောင် ရှိသော အသီးများ
ယင်းသို့သော အသီးအနှံများတွင် ဗိုက်တာမင်စီ နှင့် ဘီတာကယ်ရိုတင်း (Beta-carotene ) စသော antioxidant များပါဝင်သောကြောင့် အသားအရေကို ကျန်းမာလှပစေပါသည်။ ဗိုက်တာမင်စီသည် အမျှင်ဓါတ်ဖွံ့ဖြိုးမှုတွင် ပါဝင်ပြီး ဘီတာကယ်ရိုတင်း (beta-carotene) သည် ဗိုက်တာမင် အေကို အားဖြည့်ပေးသဖြင့် အရေပြားရှိ ဆဲများ ဖွံ့ဖြိုးမှုကို အထောက်အကူပေးပါသည်။ ထို့ကြောင့် လိမ္မော်ရောင်ရှိသော အသီးအနှံများဖြစ်သည့် ငရုတ်ပွသီးအနီ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥများကို စားသုံးသင့်ပါသည်။ထို့အပြင် ဗိုက်တာမင်စီ၊ ဘီတာကယ်ရိုတင်းနှင့် ပိုတက်စီယမ်ဓါတ်များစွာ ပါဝင်သော အသီးအနှံများသည်လည်း ဆီးကျိတ်ကြီးထွားမှုကို လျော့နည်းစေပါသည်။အမျိုးသားများသည် ထိုသို့သော ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများကို စားသုံးခြင်းအပြင် ကိုယ်လက်လှုပ်ရှားမှု များပြုလုပ်ခြင်း ဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း၊ အရိုးများကို သန်မာစေခြင်း ၊ ကြွက်သားများသန်စွမ်း စေခြင်း၊ ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော ဓါတုပစ္စည်းများ၏ ဒဏ်ကိုခံနိုင်ခြင်းတို့ကြောင့် ကျန်းမာသန်စွမ်းသော ဘ၀ကိုပိုင်ဆိုင်ကာ ရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေမည်ဖြစ်ပါသည်။
မတော်တဆဖြစ်အဖြစ်အပျက်ဓာတ်ပုံများ
မတော်တဆဖြစ်တဲ့ အကြောင်းအရာတွေက အများဆုံး အဝေးပြေးလမ်းမကြီးပေါ်တွေမှာဖြစ်တတ်ကြပါတယ်။
အခုတင်ပြပေးလိုက်တာကတော့ အကြောင်းအမျိုးမျိုးကြောင့် မတော်တဆဖြစ်တဲ့မှတ်ဓာတ်ပုံတွေပါ။ လူတိုင်းကြည့်ရှုရန် လုံးဝမသင့်တော်တဲ့ပုံတွေ၊ အသဲငယ်တဲ့သူတွေမကြည့်သင့်တဲ့ မှတ်တမ်း ဓာတ်ပုံတွေကို လုံးဝဖော်ပြထားခြင်းမရှိပါဘူး။
အရင်က မော်တော်ဆိုင်ကယ်တိုက်မှု တင်ပြတုန်းက ချန်ထားခဲ့တဲ့ပုံတွေကို Mail ကနေ ပို့ဖို့ တောင်းဆိုကြတာ ကျွန်တော်လုံးဝ မပေးပို့ခဲ့ပါဘူး။ ပုံတွေ ပြန့်သွားမှာစိုးလို့ပါ။ အင်္ဂလိပ်လို တင်ပြထားတဲ့ဆိုဒ်တွေကိုလည်း မဖော်ပြခဲ့တာလဲ ဒီအကြောင်းကြောင့်ပါ။
ဒီပုံတွေကိုကြည့်ပြီး ဆင်ခြင်နိုင်ကြပါစေ။ ကြိုတင်ကာကွယ်နိုင်ကြပါစေ ဆိုတဲ့ဆန္ဒနဲ့တင်ပြပေးတာပါ။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၅-၁-၂၀၁၂)(၂၂း၂၀)နာရီ
ထူးထူးခြားခြားပန်းပွင့်များ
ကိုရိးဃားကအချောဆုံးမင်သမီး(၁၀)ဃောက်
1. Kim Tae Hee
3. Yeh Eun Hye
***.အထက်ကပြောင်းရင်.အောက်ကလဲပြောင်းလွဲသင့်ပါတယ်.***
*...အားလုံးဘဲမင်္ဂလာပါဗျာ.....
*ကျွန်တော်အခုတင်ပြခြင်တာက.တွေ့ရမြင်ရကြားနေရတာတွေကိုခံစားတင်ပြပေးမှာပါ..
အခုဆိုရင်မြန်မာနိုင်ငံဟာအရင်နဲ့မတူတော့ပါဘူး ပြုပြင်ပြောင်းလွဲမှု့တွေတော်တော်ကိုလုပ်လာပါပြီ အရမ်းကိုဝမ်းသာစရာကောင်းပါတယ်
နိုင်ငံတစ်ခုလုံးမတိုးတက်သေးပင်မဲ့.အချို့အချို့သောအရာတွေကတော့ ပြောင်းလွဲတိုးတက်လာတာကိုတော့ အားလုံးမြင်ရမှာပါ..
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေလွှတ်ပေးပြီး တွေ့ဆုံးဆွေးနွေးနေတာတို့ နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေး
တာတို့ စာပေနဲ့ပက်သက်လို့ထိုက်သင့်သည့်အားလျှော်စွာ လွပ်လပ်ခွင့်ပေးတာတို့ ပြည်သူတို့အတွက်လဲပြောဆိုခွင့်ပေးတာတို့ဟာ .
တိုးတက်လာတဲ့လက်ခဏာလို့ပြောလို့ရပါတယ်...
*အထက်ကလူကြီးတွေက အတိုင်အခံတွေရော ကျောင်းသားခေါင်ဆောင်တွေရော ပြည်သူနဲ့ပါအားလုံးပူးပေါင်းပြီးတိုင်းပြည်အတွက်
အရာရာပြည့်စုံဘို့ကျိုးစားနေချိန်ဆိုရင်လဲမမှားပါဘူး ကျိုးလဲကျိုးစားနေတယ်ကျွန်တော်ယုံကြည်မိပါတယ်.ဒါပင်မဲ့ကျွန်တော်ပြောခြင်
တာက.အထက်ကလူကြီးတွေကပြုပြင်ပြောင်းလွဲဘို့ကျိုးစားနေချိန်မှာ အောက်လက်ငယ်သားတွေကတော့ အရင်လက်ကျန်အကျင့်
တွေမပြောက်သေးတာကိုပါ..
*အရင်ကဖိနှိပ်ချုပ်ချယ်ခြင်းတွေကို အထက်လူကြီးတွေကပြုပြင်နေချိန်မှာ အောက်လက်ငယ်သားတွေက အဲဒိဖိနှိပ်ချုပ်ချယ်မှု့ကို..
ကိုင်စွဲထားနေကြတုံးပါ ပြည်သူကျွေးတာကိုစားပြီးပြည်သူကိုခြိန်းခြောက်နှိပ်စက်ဘို့လုပ်နေကျတုံးပါ ပြည်သူဘာလုပ်လုပ် အာဏာ
နဲ့ခြိန်းခြောက်နေကြတုန်းပါ တကယ်တော့ဗျာဥပဒေတို့ အာဏာတို့ဆိုတာပြည်သူကိုနှိပ်ဆက်ဘို့မှမဟုတ်တာ ပြည်သူကိုစောင့်ရှောက်
ဘို့ပါ ဒါကိုသူတို့နားမလည်ကျတာလား ဒါမှမဟုတ်မသိခြင်ယောင်ဆောင်နေတာလား ဆိုတာစဉ်းစားလို့ကိုမရပါဘူး..
*တကယ်တော့သူတို့လဲ ပြည်သူထဲကပြည်သူတွေပါ ပြည်သူတွေရဲခံစားချက်ကိုနားလည်သင့်ပါတယ် တိုင်းပြည်တိုးတက်ဘို့ဆိုတာတိုင်း
ပြည်ရဲ့ခေါင်ဆောင်တွေမှာအရေးပါသလို ပြည်သူရဲ့စိတ်ချမ်းသာမှု့ကလဲအရေးကြီးတယ်ဆိုတာသိသင့်ပါတယ် ကိုယ့်တစ်ရောက်တော့
စိတ်ချမ်းသာစေ သူများတော့စိတ်ဆင်းရဲစေဆိုရင်တော့ဘယ်ကောင်းပါမလဲ အခုတော့ဗျာပြည်သူတစ်ခုခုလုပ်တော့မယ်ဆိုရင်အထက်
ကဘာမှမပြောသေးဘူး သူတို့တားဆီးဘို့ပိတ်ပင်ဘို့လုပ်နေကြပြီလေ တကယ်ဆိုရင်ဖြစ်လာသမျှတွေကိုသေချာစဉ်းစား အောက်မှာ
တင်ပြီးသင့်တာကိုအောက်မှာတင်ပြီးအောင်လုပ် မဖြစ်သင့်တာဆိုမိသားစုအသွင်ခေါ်ယူဆွေးနွေး ဒါဆိုရင်ပြည်သူကလဲလူသားတွေ
ဘဲ စဉ်းစားတက်ပါတယ် မှားတယ်ဆိုရင်ဘယ်သူလုပ်မှာလဲလေ ....
*အခုတော့ဗျာတစ်ခုခု လုပ်မယ်မှမကြံသေးဘူးဖမ်းမယ်ဆီးမယ် တားမယ်ပိတ်ပင်မယ် အမှန်လားအမှားလားဘာမှကိုမစဉ်းစား
တော့ဘူး သူတို့ရထားတဲ့အာဏာနဲ့ပြည်သူကိုဘယ်လို့နှိပ်ဆက်ရမလဲခြည်းဘဲစဉ်းစားနေကျတယ်လေ ကောင်းကြသေးရဲ့လား
ဗျာ အထက်ကလူကြီးတွေကပြုပြင်ပြောင်းလွဲနေချိန်မှာ အောက်လက်ငယ်သားတွေကတော့သူတို့ရဲ့ရထားတဲ့အာဏာလေးကို
ပြည့်သူ့အပေါ်ရသလောက်ပြနေကြတုန်း သူတို့ရဲအာဏာလေးနဲ့ပြည်သူကိုနှိပ်စက်နေတုန်း ပြည်သူလုပ်သမျှကိုအထက်လူကြီး
မျက်နှာရဘို့ရသမျှပိတ်ပင်တားဆီးနေတုန်းရှိသေးတယ်ခင်ဗျ..
*ကျွန်တော်ပြောခြင်တာက အထက်ကလူကြီးတွေရော အောက်လက်ငယ်သားတွေပါ အားလုံးပြုပြင်ပြောင်းလွဲမှနိုင်ငံဆိုတာတိုးတယ်
မယ်လေဗျာ အဲနောက်ပြီးပြည်သူကောပေါ့ အားလုံးပြောင်လွဲရမယ် တိုင်းပြည်အုပ်ချုပ်တဲ့သူတွေက ပြည်သူအတွက်ကြည့်ရမယ်
ပြည်သူကလဲ အရာရာတိုးတက်အောင်ကျိုးစားပြီးစည်းကမ်းရှိရမယ် တိုင်းပြည်အတွက်ပြန်ကြည့်ပေးရမယ် ဒါဆိုရင်ကျွန်တော်တို့
မြန်မာနိုင်ငံဟာ မကြာခင်တိုးတက်ပြီးချမ်းသာလာမှာသေချာပါတယ်.
*ဒါကြောင့်အထက်အထက်ကပြောင်းလွဲဘို့အောက်အောက်ငယ်သားတွေနဲ့ ပြည်သူတွေကလဲပြောင်းလွဲဘို့လိုပါတယ် .
မကောင်းတာတွေကို ကောင်းတာတွေနဲ့အစားထိုးပြီး မဖြစ်သေးတာတွေကိုဖြစ်အောင်လုပ်ပြရင်း ကျွန်တော်တို့မြန်မာနိုင်ငံတော်
ကြီးကိုဝိုင်းဝန်းတည်ဆောက်ကျမယ်ဆိုရင်မကြာခင်မှာအရာရာတိုးတက်လဲတဲ့နိုင်ငံတနိုင်ငံဖြစ်လာမယ်ဆိုတာယုံကြည်ရင်း..
အထက်ကပြောင်းသလို အောက်ကလဲပြောင်းနိုင်အောင်ကျိုးစားကျပါလို့တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါတယ်
********************************************************************************
.....အားလုံးကိုလေးစားလျှက်..............ဇွဲကိုကို..................
ကမ္ဘာတစ်ဝှမ်းရှိ အန္တရာယ်များသော ကြိုးတံတားများ...
ကဗျာဆန်ဆန် အပေါ့အပါးသွားချင်ရင်....
မိန်းမသားတို့ ဘ၀ကို စာနာကြည့်ကြပါ
ယနေ့ ၂၁ ရာစုတွင် မိန်းမသားများသည်လည်း ယောက်ျားသားများနဲ့ ယှဉ်ကာ အခွင့်အရေးများ ရရှိနေကြပါပြီ။
ဟိုအရင်ကဆိုလျှင် အိန်တွင်းပုန်း အလုပ်ဖြင့်သာ အချိန်ကုန်ကြရသည်။ ယောက်ျားသားတွေလို ပညာသင်ကြားခွင့်
အလုပ်ဌာနများတွင် လုပ်ကိုင်ခွင့် မရရှိကြပေ။ ယခုအချိန်မှာတော့ ပညာသင်ခွင့်တွေ အလုပ်ခွင်တွေမှာ
နေရာရလာကြပါပြီး။
ထိုသို့အခွင့်အရေးများ ရရှိကြသော်လည်း အချို့သော ယောက်ျားသားများရဲ့ ဖိနိပ်မှု အောက်မှ အဖြည့်ခံသက်သက်
ဆက်ဆံမှုများအောက်မှ မလွတ်မြောက်နိုင်ကြသေးသည့် မိန်းမသားများလည်း ရှိနေကြသေးသည်။ ထိုအရာများကပဲ
အိမ်ထောင်ရေးအဆင်မပြေမှုတွေ ဖြစ်လာသည်ဟုကျနော်ထင်မြင်မိသည်။
ကျနော်တို့ ပတ်ဝန်းကျင်မှ အချို့သောယောက်ျားများသည် အမျိုးသမီးများကို အပျော်သက်သက် အဖြည့်ခံသက်သက်
သဘောထားကာ ဆက်ဆံကြသည်။ ကျွန်တော် လည်းယောက်ျားတစ်ယောက်ဆိုပေမဲ့ ကိုယ့်ဘက်သူ့ဘက် စာနာထောက်
ထားမှု ဆိုတဲ့အရာကို ကြည့်သင့်သည် ဟု ခံယူမိပါသည်။ ငါကအိမ်ထောင်ဦးစီးပဲဆိုတဲ့ မာနနဲ့တော့ မိန်းမကို နေရာမပေး
အလေးမထားတဲ့ ဆက်ဆံမှုမျိုးမလုပ်သင့်ဟု ယူဆမိသည်။ ယောက်ျားတိုင်းတော့မဟုတ်ပါ။ ဒါပေမဲ့ ငါကယောက်ျားလေးပဲ
ဘာနစ်နာစရာရှိလဲ ဆိုတဲ့ စိတ်နဲ့ မိန်းခလေးတွေကို တန်ဖိုးမဲ့အောင်လုပ်နေကြတဲ့ ယောက်ျားလေးတွေရှိနေသည်။ ကျွန်တော်
တို့ မြန်မာတွေမှာ ယောက်ျားနဲ့ မိန်းမ ယောက်ျားကပိုမြတ်တယ် ဆိုတဲ့ လွဲမှားတဲ့ အသိဝင်နေကြတဲ့ သူများ တပုံတပင် ရှိနေ
ကြသေးသည်။ ကျွန်တော်တို့ မြတ်စွာဘုရားသည်မှာ ယောက်ျားနဲ့  မိန်းမဘယ်သူပိုမြတ်တယ်လို့  မဟောထားပေ လုပ်ဆောင်
ချက်ပေါ်မှာပဲ မူတည်ပြီး ယုတ်သည်မြတ်သည် ခွဲခြားဖို့ပဲဟောခဲ့သည်။ ယောက်ျားတစ်ယောက် ဖြစ်သော်ငြားလည်း ယုတ်ညံ့
တဲ့ အလုပ်ကိုလုပ်နေရင် မြင့်မြတ်တဲ့သူ မဖြစ်နိုင်ပါ။ မိန်းမ ဖြစ်နေပေမဲ့ မြင့်မြတ်တဲ့ အလုပ်ကိုလုပ်နေရင် မြင့်မြတ်တဲ့သူ လို့ပဲ
ဆိုရပါလိမ့်မယ်။ ဒီအချက်ကို လူသားတိုင်းသိထားဖို့ လိုပါသည်။ မိန်းခလေးတွေအနေနဲ့  ယုတ်ညံ့တဲ့ ယောက်ျားကို ဘ၀လက်
တွဲဖော်အဖြစ် မရွေးချယ်မှိဖို့ အရေးကြီးပါသည်။ ဒီနေရာမှာ ဆရာကောင်းသန့်  စာအုပ်ပါအကြောင်းအရာ လေးကို သတိရလို့ 
ဖောက်သည်ချလိုက်အုံးမယ်.....
မိန်းခလေးတွေဟာ တသက်လုံးပေါင်းရမယ့် လင်လောင်းလျှာ ရည်းစားထားတာကြတော့ အ၀တ်ရွေးတာ
လောက်မှ အပင်ပန်းခံပြီး ရွေးပါရဲ့လားလို့  အောင့်မေ့မှိတယ် ကိုယ့်အ၀တ်အစားကြတော့ ကိုယ်နဲ့လိုက်ရဲ့လား
အိမ်မှာရှိတဲ့ လက်ကိုင်အိပ်တွေ ဖိနပ်တွေနဲ့  လိုက်ပါ့မလားဆိုတာ စဉ်းစားပြီးဝယ်ကြတယ် ရည်းစားထား
တာကြတော့ ငါ့စိတ်နေစရိုက်နဲ့ သင့်ပါ့မလား ငါ့မိဘ ဆွေမျိုးဝင်းကျင်နဲ့  အဆင်ပြေပါ့မလား ဆိုတာမျိုး
စဉ်းစားကြပါရဲ့လားလို့ တွေးမိတယ်။ ။
ဒီစကားလေးကို ဆရာအောင်သင်းစေတနာနဲ့  မိန်းခလေးအတွက်ပြောခဲ့တယ်လို့  ကျွန်တော် ထင်ပါတယ်။ ဘာလို့ ဆို
တော့ ဒီလိုသေသေ ချာချာ စဉ်းစားဆုံးဖြတ်ပြီးမှ ဘ၀လက်တွဲဖော် အဖြစ်ရွေးတာတောင် နောက်ရေရှည်ပေါင်းသင်းကြ
တဲ့ အခါ အဆင်မပြေတဲ့သူတွေ အများကြီးပဲလေ ကျွန်တော့အနေနဲ့ အနှစ်ချုပ်ပြောရမယ်ဆိုရင် ယောက်ျားလေးတွေ
အနေနဲ့  မိန်းခလေးတွေအပေါ်မှာ အပျော်သက်သက် နဲ့ တော့ လူတစ်ယောက်ရဲ့ ဘ၀ကို မဆော့သင့်ပါဘူး။ မိန်းခလေး
တွေဟာလဲ ကိုယ့်အပေါ် စာနာ နားလည်ပြီး တန်ဖိုးထားမြတ်နိုးမယ့် ယောက်ျားမျိုးကို သေချာစဉ်းစားပြီး ရွေးချယ်နိုင်
မယ်ဆို ဘ၀လမ်းခရီးမှာ သာယာဖြောင့်ဖြူးနိုင်လိမ့်မယ်လို့  ကျွန်တော် ပြောရဲပါတယ်။ ။
G-Talkသုံးသူများသိစေ၇န်
အခုတစ်လောအွန်လိုင်းမှာတော်တော်ခေတ်စားနေပါတယ်အဲဒါဘာလဲဆိုတော.အွန်လိုင်းချစ်သူပေါ.သူရုပ်လည်းကိုယ်မမြင်ရဘဲဖုန်းနံပါတ်တွေ ပေြး့ပီးချစ်သူတွေဖြစ်ကြတာပေါ.ဒီအဖြစ်ပျက်လေးကတကယ်ဖြစ်ရပ်မှန်လေးပါအွန်လိုင်းသုံးသူများမယုံမိစေရန်ပေါ.ရည်ရွယ်တာပါ တစ်နေ.ပေါ.ဖူးစားရှင်လေးမှာအကောင်.တစ်ခုတွေ.လို.ကောင်မလေးတစ်ယောက်ကအပ်လိုက်တယ်အမည်လေးစိုင်ဆိုတဲ.အမည်လေးကို သဘောကျြ့ပီးတော.ပေါ.အဲလူနဲ.လိုင်းမှာတွေ.တော.စကားတွေပြောဖြစ်တယ်သူကDSAကနေပေါ.အရပ်ဘက်ပြောင်းတာပေါ.သူဖုန်းက 067-(..........)ပါပေါ.ခုဆက်ပေါ.ကောင်မလေးကလည်းမနူးမနပ်လေးဆိုတော.ရင်တွေစါတ်ခုန်ြ့ပီးဖုန်းတွေဆက်ပေါ........ အဲလူကအရာရှိတစ်ယောက်ပါဘဲအသက်က25နှစ်ပေါ.တိတိကျကျပြောရရင်ဦးစီးအရာရှိတစ်ယောက်ပေါ.ကြာသာပတေးနံနဲ.စတာအမည်3 လုံးနဲ.ပေါ.အဲလူကအပြောကောင်းတော.ကောင်မလေးရင်တွေခုန်ရင်ကြိုက်မိတယ်ပြောရမလားခင်မိတယ်ပြောရမလားပေါ.ကောင်မလေးကလည်း ဖုန်းနံပါတ်ပေးထားတာပေါ.ကောင်မလေးဆီကိုအမြဲဖုန်းဆက်တယ်နောက်တော.ကောင်မလေးရှိတဲ.မြို.ကိုလာတယ်ကောင်မလေးနဲ.တွေ.တယ်ပေါ. ကောင်မလေးကလည်းအဲလူကိုသဘောကျတာပေါ.နောက်မှာသိလိုက်ရတာကအဲလူကမိန်းမနဲ.ကလေးတစ်ယောက်ရှိတယ်ဆိုတာပါဘဲ ကောင်မလေးကမေးတာပေါ.မဟုတ်ဘူးမသိဘူးနဲ.ပြောတယ်အဲလူကကောင်မလေးတင်မဟုတ်တော.ဘူးနောက်ကျတော.ကောင်းမလေးရဲသူငယ်ချင်းကိုပါ ဖုန်းဆက်ပြီးကျူတယ်နောက်ပိုင်ကောင်မလေးကဒုသနသောမဖြစ်ချင်တာကတစ်ကြောင်းကောင်မလေးသိက္ခာကတစ်ကြောင်းမို. အဲလူကိုမဆက်သွယ်တော.ဘူးအွန်လိုင်းမှာထိုင်ပြီ့းကျူတိုင်သတိထားဖို.တကယ်ဖြစ်ရပ်မှန်လေးကိုတင်ပြလိုက်တာပါ layeitcho91@gmail.com
ချစ်သူထံပေးစာ.........။
သို့ /
အချစ်ရေ.....ဒီစာကလေးကိုအမွေးနှုတ်ပြီ.....ဆီဖိုးမတက်နိုင်လို့ 
ရေလုံပြုတ်ပြီးအချစ်ထံပေးပို့ လိုက်ပါတယ်...အချစ်တယောက်ပျော်နိုင်ပါစေကွာ
အချစ်နဲ့ ကိုအတူရှိစဉ်တုန်းကဆိုရင်လေ.....ဖုတ်လေတဲ့ ငပိရှိတယ်လို့ မထင်ရ
အောင်တယောက်ကိုတယောက်သိပ်ချစ်ကြတာလေ.....ခုတော့လည်းအဲဒီငပိ
ဖုတ်နံရနေရင်ဘယ်အိမ်ကဖုတ်သလည်းဆိုပြီးအနံခံရှာနေသလို့ ....အချစ်ကိုလည်း
အနံခံပြီးရှာနေခဲ့ ရပါပြီ.....ချစ်နဲ့ ကိုအိမ်ထောင်ကြရင်လုပ်ကိုင်စားဖို့ လေ...
မင်းကွန်းခေါင်လောင်ကြီးကို....ဂေါပကအဖွဲတွေဆီကငှားပြီး.....ချစ်ကိုရေခဲ
ချောင်းရောင်းကြွေးမယ်လို့ လေ......အချစ်အတွက်ဆိုရင်လေ....ထမင်းရေကို
သူများအိမ်ကသွားတောင်းပြီး....တိုက်ပါမယ်နော်.....အချစ်ရယ်....အကိုလေချစ်နဲ့ ပက်
သက်လာရင်....ရန်သူမှန်သမျှကိုရင်ဆိုင်ဆိုရင်..ရင်ဆိုင်ရဲပါတယ်...အချစ်က..ပုရွက်ဆိပ်နဲ့ ....
နပန်းလုံးပါဆိုရင်လေ....လုံးပြပါ့မယ်နော်.....အဲဒါလေချစ်ကိုချစ်လို့ ပေါ.....
ချစ်ကိုလေကြိုက်လိုက်ရတာလည်း......ကတောင်းလေးကိုမြှောင်လို့ ပါပဲ.....
မောင်လိုခြေသလုံးပုလွေရိုးလေးကို....အားနာပါးနာနဲ့ ပြန်ချစ်တာကိုပဲ....
ချစ်ကိုကျေးဇူးတင်မိတယ်....တကယ်ဆိုရင်မောင်ကချစ်ဖို့ ကောင်းတယ်....
ဗေလုဝလို...သူထက်တော့ပိုလှတယ်လေ...တကယ်ဆိုရင်လေ.......မောင်စာပေးတုန်းက
မယူဘူးနော်...တောင်ခိုင်းတော့လည်းနောက်မှလာလို့ ပြောတယ်နော်.....
လက်ကလေးချစ်လို့ ကိုင်မယ်ပြောတော့လည်းပါးရိုက်မယ်ပြောတယ်နော်.....
အချစ်ကမောင့်ကိုအဲဒီလိုအသဲခိုက်အောင်ကိုချစ်ခဲ့ တာမောင်မသိလိုက်ဘူးကွာ
အချစ်ဆီကအဖြေတောင်းတုန်းကဆိုရင်လေ....ပြန်သတိရနေသေးတယ်....
ချစ်လေးမောင့်ကိုချစ်လားလို့ မေးတော့လေ....ချစ်လေးကမရိုးမရွနဲ့ လေ...
ဘူ........ဘူ......ဘူ....တဘူဘူနဲ့ အဖြေပေးတယ်နော်....တကယ်ဆိုရင်လေ...
ချစ်လေးအဖြေပေးတာကဘယ်သူနဲ့ မှမတူဘူးနော်.....တကယ်ကိုဂန္ဓဝင်ဆန်
တယ်နော်........ခုဆိုရင်လွမ်းနေပြီအချစ်ရယ်.....ခုအချိန်ဆိုရင်ချစ်လေးက
မောင်ကလွဲလို့ ဘယ်သူမှအစားမထိုးဘူးတဲ့ ...အင်တာနက်ပေါ်ကကောင်လေးကိုပဲ
ချစ်တာတဲသူက....ချစ်ဖို့ ကောင်းတယ်တဲ့ .....အင်းခုလိုသစ္စာရှိတဲ့ ကောင်မလေးကိုရတာ
မောင်ကံကောင်းတာပေါ့နော်....အဲဒါကြောင့်လည်းမောင်ကချစ်ကလွဲလို့ လေ
ဘယ်ကောင်မလေးနဲ့ မှမတွဲဘူးလေ...အင်တာနက်ပေါ်ကချစ်စရာကောင်းတဲ့ 
ကောင်းမလေးတွေနဲ့ ပဲလေ....နေ့ တိုင်ကြူနေတာပါအချစ်ရယ်....
မောင့်စာလေးကိုရရင်......ချစ်သေပျော်ပါစေနော်....ချစ်သေမယ်ဆိုရင်လည်းလေ
မြန်မြန်သေနော်.......သေခါနီးရင်လည်းမောင်နောက်တယောက်နဲ့ တွဲဖို့ ကိုလည်း....
သေတန်းစာရေးပေးခဲ့ ပါ.....မောင်ချစ်ကိုချစ်လွန်လွန်းလို့ လေ....
ဒီစာရရင်မောင့်ဆီကို..စာဆက်ဆက်ပြန်ပါနော်......
ဟိုအဝေးကချစ်ရပါတဲ့ မောင်