Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
အတွေးစု ရတနာ(၁)
$
0
0
(၁)။ကိုယ့်ကိုယ်ကို မြဲတမ်းမှန်တယ်လို့ ထင်တက်ကြတာဟာ အကြီးမားဆုံးအမှားပဲ။
(၂)။မအောင်မြင်ခြင်းသည် အပြစ်တင်စရာမဟုတ်ပေ။ ရည်မှန်းချက်မရှိခြင်းသာ တကယ့်ပြစ်မှု့ဖြစ်သည်။
(၃)။လောကကြီးက တရားတယ်။ဘယ်သူမှလဲ အမြဲမနိုင်သလို၊ဘယ်သူမှလဲအမြဲမရှုံးဘူး
(၄)။ဘဝမှာဒုက္ခကို မတွေ့ ကြုံချင်ပေမယ့် တွေ့ ကြုံ့ ရတာဓမ္မတာပါ။ ဒါပေမဲ့ရင်ဆိုင်ရဲသူက ပွဲရပြီးမယှဉ် ပြိုင်ရဲသူကလွဲရတယ်။
(၅)။သူငယ်ချင်းက ရိုးစင်းဖြူစင်တဲ့ သံယောဇဉ်နှင့် နှောင်ဖွဲ့ ထားသူဖြစ်ပြီး၊မိတ်ဆွေက အပေါင်းအဖော်ဖြစ်သည်။
(၆)။ရိုးသားဖြူစင်မှုက လိမ်လည်လှည့်ဖြားမှုကို လွှမ်းမိုးနိုင်ပါတယ်။( သိုသော်အချိန်တော့ ယူရမယ်။)
(ရ)။အခက်အခဲများစွာကို ကျော်ဖြတ်ရခြင်းဟာ စာမေးပွဲစစ်တာပါ။ ဂုဏ်ထူးထွက်အောင် ကြိုးစားပါ။
(၈)။အမှောင်ဟာ အလင်းရောင်ခြည်ရရှိဖို့ အစပျိုးခြင်းဆိုရင်၊ဒုက္ခတွေဟာလည်း အောင်မြင်ဖို့အတွက် နိဒါန်းပေါ့။
(၉)။အားနည်းချက်ဆိုတာ ပြုပြင်လို့ရတဲ့အတွက်  ကိုယ့်အားနည်းချက်ကို မြင်အောင်ကြည့်တက်ဖို့ အရေးကြီးတယ်။
(၁၀)။ပတ်ဝန်းကျင်ဆိုတာ နိမ့်ကြရင်နှိမ့်ကျမယ်။ တန်းတူဖြစ်ရင်ပြိုင်မယ်။ကိုယ့်ထက်သာရင် ဝေဖန်မယ်။ ဒါ……သဘာဝပဲလေ။
(၁၁)။ဘာမှမဟုတ်တဲ့အရာတွေ၊ အဓိပ္ပါယ်မရှိတာတွေနဲ့ အချိန်ကုန်နေရင် အလကားလူဖြစ် နေပြီလို့သတိထားရမယ်။
(၁၂)။အတိုက်အခံတွေ တွေ့ လာရင် ကောင်းကင်မှာ လေဆန်ကို ရုန်းကန်ရင်း အမြင့်ကိုတက်နေတဲ့ စွန်ကလေးကို သတိရလိုက်ပါ။ဒါပေမဲ့ ကြိုးတော့မပြတ်စေနဲ့နော်။
(၁၃)။သင့်ကိုသင် ဆင်ခြေတွေပေးပြီး ခွင့်လွှတ်နေပါသလား။ အန္တရာယ်ရှိသည်။ အမြန်စွန့်လွှတ်ပါ။
(၁၄)။လောကဓံတိုင်ပွဲဆိုတာ လက်တွေ့ ကျတယ်။စိတ်ကူးယဉ်နဲ့ တိုက်လို့မရဘူး။
(၁၅)။ကိုယ်ခံစားရတဲ့ ဒုက္ခနဲ့သုခအကျိုးတရားတွေက ထင်ဟပ်လာတဲ့အကြောင်းတရားတွေရဲ့ ပုံရိပ်ပါ။
(၁၆)။ဘယ်လိုလောကဓံနဲ့ တွေ့ တွေ့ …အားလုံးဟာရင့်ကျတ်မှု့ကို အထောက်အကူပြုစေပါတယ်။
(၁၇)။ဘာပဲလုပ်လုပ် သုံးသပ်ချက်နဲ့ ဆုံးဖြတ်တွက်မှ အရှုံးမဲ့ အမြတ်ထွက်မှာနော်။
(၁၈)။ကိုယ်မပေးရင်သူ မပေး၊သူ မပေးရင်ကိုမရ။အပေးအယူမျှတခြင်းဟာ သဘာဝရဲ့ နိယာမ။
(၁၉)။ဘဝသည် ရယ်မောပျော်ရွှင်ခြင်းဖြင့် အဆုံးမသက်၊အခက်အခဲ တွေတိုင်းဘဝ ကိုအရှုံးပေးရန်မဟုတ်။
(၂၀)။အလုပ်တစ်ခုကိုမပြီးခင်မှာ အားလျော့လိုက်တဲ့ ရလာဒ်ကတော့ ကြီးမားသောဆုံးရှုံးမှု့ ပဲ။
(၂၁)။သူတစ်ပါးအတွက် အကောင်းဆုံးလုပ်မပေးနိုင်ရင်တောင် ကိုယ်အတွက်နဲ့သူ့ကို မပျက်စီးပါစေနဲ့။
(၂၂)။သင်ကသူတစ်ပါးရဲ့ အရေးကိုစိတ်မဝင်စားရင်သင့်အရေးကို လည်းဘယ်သူမှစိတ်ဝင်စားမှာ မဟုတ်ဘူး။
(၂၃)။အနာဂတ်အတွက် မျှော်လင့်ချက်မရှိဘူး ဆိုရင်အစ္စုပ္ပန်မှာသေဆုံးနေသူဖြစ်တယ်။
(၂၄)။ရယူခြင်းကြောင့်ရတဲ့ ပိုင်ဆိုင်မှုထက် ပေးဆပ်ခြင်းကြောင်းရတဲ့ ပိုင်ဆိုင်မှုက ပိုပြီးကြည်းနူးဖို့ကောင်းတယ်။
(၂၅)။ရှေ့ မှာတိုင်ပွဲ။ဒီတော့……..ပြတ်သားတဲ့ရဲရင့်မှုကိုမွေး၊ယုံကြည်ချက်နဲ့ဆုံးဖြတ်၊ဆုံးဖြတ်ပြီးရင် အားထုတ်၊တည်ကြည်စွာရှေ့ ဆက်တက်။
(၂၆)။မဖြစ်နိုင်တဲ့အရာတွေအတွက် စိတ်ကူးယဉ် ရူးသွပ်မှုတွေနဲ့ အချိန်ကုန်မခံပါနဲ့။
(၂၇)။စိတ်ကိုမနိုင်ရင် ကိုယ်ခရီးမှာ အောင်မြင်မှု့နဲ့ဝေးလိမ့်မယ်။
(၂၈)။ဖြစ်ချင်တာတွေ များလွန်းရင် ဖြစ်သင့်တာတွေ ဖြစ်မလာနိုင်ဘူး။
(၂၉)။အောင်မြင်မှုရရှိတယ်ဆိုတာ ကောင်းပါတယ်။ဒါပေမဲ့ ကိုရရှိလိုက်တဲ့ အောင်မြင်မှု့ အပေါ်မှာတော့ လိပ်ပြာသန့်ဖို့တော့ လိုတယ်နော်။
(၃၀)။ပျော်ရွှင်မှုဆိုတာ လူတွေရဲ့ရပိုင်ခွင့်တစ်ခုပါ။ဒါပေမဲ့အဲ့ဒိပျော်ရွှင်မှုကြောင်ပဲ ဝမ်နဲကြေကွဲစရာတွေ ဖြစ်လာတက်တယ်။
(၃၁)။မာနဆိုတာ အဆိပ်တစ်ခွက်ဖြစ်နေတက်တယ်။
(၃၂)။အမှားများစွာထဲက တကယ့်အမှားက မှားမှာ ကြောက်တဲ့စိတ်ပဲ။(ဒီစာပိုက်မှာ ဘယ်အကြောင်းအရာကိုဆိုလိုတာလဲ မသိဘူး)
(၃၃)။မရိုးသားသောနည်းဖြင့် အောင်မြင်သောသူထက် ရိုးသာသောနည်းဖြင့် ရှုံးနိမ့်သွားသူက ဂုဏ်ယူစရာကောင်းပါတယ်။
(၃၄)။လူတစ်ယောက်မှာ အဆိုးတွေချည်းရှိတာမဟုတ်ဘူး၊အကောင်းတွေ လည်းရှိတက်ပါတယ်။
(၃၅)။လက်ရှိအနေအထားကို အကောင်းဆုံးကြိုးစားနေခြင်းဟာ အနာဂတ်ကိုတည်ဆောင်နေခြင်းပဲဖြစ်တယ်။
(၃၆)။နှလုံးသားတံခါးပေါက် ကိုပိတ်ထားတယ်လို့မထင်ပါနဲ့။စေ့ရုံစေ့ထား တာပါ။မေတ္တာစစ် လာရင်တံခါးက အလိုလိုပွင့်လာမှာပါ။
(၃၇)။မိဘစကားကို လိုက်နာခြင်းက ဘဝမှာအမှား အနည်းဆုံး နည်းလမ်းဖြစ်တယ်။
(၃၈)။မက်ခဲ့တဲ့အိမ်မက်တွေနဲ့ ယဉ်ထားတဲ့အိမ်မက်တွေ တကယ်ဖြစ်လာဖို့လက်ရှိ အချိန်ကိုအကောင်းဆုံး ကြိုးစာရမယ်။
(၃၉)။အခက်အခဲကို ရှောင်တိန်းလို့မလွတ်ကင်းနိုင်ပါ။ရင်ဆိုင်ဖြေရှင်းခြင်းကသာ လွတ်မြောက်ရာအမှန်ပါ။
(၄၀)မှန်ကန်မှုတစ်ခုအတွက် ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီး ဂရုထားဖို့ မလိုအပ်ပါဘူး။
(၄၁)။အမေဆိုတာ နားလည်မှုအရှိဆုံး သူငယ်ချင်း။အဖေဆိုတာ စည်းကမ်း အရှိဆုံးဆရာ။
(၄၂)။နောင်ခြေတစ်လှမ်းဆုတ်တာကြောက်လို့မဟုတ်ပါဘူး။ ရှေ့ အောင်ပွဲကိုတက်ဖို့ အားယူတာ။
(၄၃)။မိမိစင်ပေါ်မှာရှိနေချိန် ချဉ်းကပ်လာသူတွေဟာ စင်အောင်ရောက်သွားချိန်မှာ ကျောခိုင်းသွားကြမှပါ။
(၄၄)။ရိုးသားမှု့ နှင့် ရိုးအမှု မတူပါဘူး။ ရိုးသားမှုရှိပါစေ။ရိုး အမှု တော့မဖြစ်ပါစေနှင့်။
(၄၅)။အတ္တကြီးခြင်းက မိမိရဲ့ဘဝကိုဘယ်တော့မှ သာယာမှုမပေးနိုင်ဘူး။
(၄၆)။အထင်သေးစကားပြောလာသူတိုင်းကို ကျေးဇူးရှင်လို့သက်မှတ်လိုက်ပါ။
(၄၇)။အဝေးကအရာကိုတမ်းတ မနေပါနှင့်။အနီးမှာရှိတဲ့အရာကိုတန်ဖိုးထား ကြည့်ပါ။
(၄၈)။စဉ်းစားတွေးခေါ်ခြင်းသည် အခြေအနေများကိုပြောင်းလဲနိုင်စွမ်းရှိသည်။(စဉ်းစားရုံနဲ့ပြီးရောလား)
(၄၉)။မာနတံခွန်ထူထားတဲ့ သူဟာတစ်ချိန်ချိန်မှာ ကိုယ်ကိုတိုင်အဲ့ဒိ မာနတံခွန်ကိုရိုက်ချိုးမှာ အသေအချာပဲ။
(၅၀)။သူ့အတွက်ပေးချင်တာ သက်သက်၊ကိုယ်အတွက်မပါ၊အဲ့ဒါ မေတ္တာပဲ။
(မကြာခင်တင်ပြသွားမည့် အတွေးစု ရတနာ(၂)တွင် ဆက်လက် ဖတ်ရှု့ ပါရန်။)
လူမျိုး တစ်ယောက်၏ ခံယူချက်
$
0
0
လူမျိုးတစ်ယောက်ရဲ ခံယူချက်ဆိုတာ အမတန်မှာ အရေးကြီးလှပါတယ် ဘာလိုလဲဆိုတော့ လူမျိုးတိုင်းမှာ မိမိကိုးကွယ်တဲ ဘာသာ
တရားဆိုတာ ရှိပါတယ်၊ ခံယူချက် မှားလို ရှိရင် ဘာသာတရားလဲ ကွဲလွဲသွားနိုင်ပါတယ် ။
အဓိကပြော ပြချင်တာက တော့ ကျွန်ုပ်တို့ မြန်မာလူမျိုး တွေရဲ့ ခံယူချက်နဲ့ ဘာသာတရား ကိုင်းရှိုင်းပုံကို တင်ပြချင်တာပါ၊
ဘာလိုလဲဆိုတော့ မြန်မာလူမျိုး တွေဟာ မိမိဘာသာ၊သာသနာ၊မိမိလူ မျိုးအပေါ် မှာ အလွန်တရာမှာ မြတ်နိုးတန်ဖိုးထားတက်
ကြပါတယ်။ အရင်က ကမ္ဘာမှာ မြန်မာသည်သာ ယဉ်ကျေးသိမ်မွေ့ ဆုံးလို တောင်ချီးမြောက်ချင်းခံထားရတာပါ။
အခုကြတော့ မြန်မာလိုတောင် ပြစရာမရှိလောက်အောင် ဖြစ်နေတဲ့ အချိန်မှာ မိမိ အသိနဲ့ မိမိ တစ်ယောက်ချင်းစီ ပြုပြင်လိုက်မယ်ဆိုရင်
နောင်လာမယ်အချိန်တွေမှာ မြန်မာဆိုတာ ကမ္ဘာမှာ ထင်ကျန်နေအုံး မှာပါ ။
ဘာလိုလဲ ဆိုတော့ သူငယ်ချင်တို့ စဉ်းစား ကြည်လိုက်ပါ မြန်မာ မိန်းကလေးဆိုတာ ဘယ်လိုပုံစံ မျိုးလဲလို
ပြန်ပြီးစဉ်းစားကြည့်လိုက်ပါ သိလာပါလိမ့်မယ်။
နောက်ပြီး ကျွန်တော်တို့ အမျိုးကောင်းသားတွေက ကော ကောင်းကြသေးရဲ့လားလို မိမိကိုကိုယ် ပြန်မေးကြည့်ပေးပါ။
ပြီးတော့ ပြောင်းလဲနေတဲ့ ခေတ်ကို ငါတိုယဉ်ကျေးမှုနဲ့ ဘယ်လိုအမှီ လိုက်မလဲလို တွေးကြည်လိုက်ပါ ။
နောက်ဆုံးမိမိ အမျိုးဘာသာ၊သာသနာကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲ လို့ မြန်မာလူမျိုးတိုင်း၊ ဗုဒ္ဒဘာသာဝင်တိုင် တွေးကြည်ပါ
အရာအားလုံးကို ပြောင်းလဲနိုင်းမှ သာလျှင် ကာကွယ်စောင့်ရှောက်နိုင် ပါလိမ့်မည်။
ကျွန်တော်လိုချင်တာ ကဒီစာလေးကို ဖက်ပြီး တစ်ယောက်ဘဲ နားလည်ပါစေ ကျွန်တော်ကျေနပ်ပါတယ်။
BLOG.2 တရားဝင်လုပ်ကိုင်ခွင့် တောင်းဆိုနေသော မြန်မာနိုင်ငံမှsex workers များ မင်းဆက်ဝေ-
$
0
0
ဧဒင်ဥယျာဉ်မှကိုမင်းလတ်ကလည်း(ပညာရပ်တိုင်းမှာတန်ဖိုး
ကိုယ်စီရှိပါတယ်။သုံးတဲ့သူအပေါ်မှာ များစွာမူတည်တယ်လို့ပြော လည်းရပါတယ်။ သုံးပြုသူရဲ့အစွမ်းကိုအမှီပြုပြီး ပညာရပ်ရဲ့
အတိမ်အနက်ဟာလည်းပဲကွာခြားမှာပါ။တကယ်တော့ပညာရပ်
တိုင်းဟာ ထက်မြက်ပြီးစွမ်းပကားကြီးတယ်ဆိုတာဟာ လက်ခံရမယ့်သဘောရှိပါတယ်။ပညာရပ်တွေကို ကိုယ်တိုင်မ
လေ့လာဖူးတဲ့သူများကို ပြောချင်တာတစ်ခုက မသရော်မိကြ
စေဖို့ပါ။ကိုယ့်ပညာရပ်ကိုထိပါးလာ ရင်ကိုယ်ခံနိုင်ပါ့မလား
ဆိုတာအရင်တွေးပါ။ဝေဖန်ထောက်ပြတာကိုတော့လက်ခံပါ
တယ်ခင်ဗျား။အပေါ်က စာရေးသူကိုလည်းပဲ အားပေးပါတယ်
ပညာရပ်ရဲ့အထက်မြက်ဆုံးနေရာအထိရောက်အောင်လျှောက်ဖို့ကို လည်းပဲ ဆန္ဒပြုအားပေးပါတယ်။)ဟုတ်ကဲ့  ကိုမင်း
လတ်ေ၇..အများကြီးကျေးဇူုးတင်လိုက်ပါတယ်။နောက်ဟဒင်
မှတောင်ဇလပ်ကလည်းအင်း...ပညာရပ်တစ်ခုချင်းစီပဲဖြစ်ဖြစ် လူတစ်ဦးချင်းစီပဲ ဖြစ်ဖြစ် သူ့တန်ဖိုးနဲ့သူ၇ှိကြပါတယ်... အရေးအကြီးဆုံးအချက်က ကိုယ်စီစိတ်ဝင်စားလို့
လေ့လာလိုက်စားနေတဲ့ပညာရပ်တိုင်းကို ယုံယုံ ကြည်ကြည်နဲ့ ဆက်ကြိုးစားသွားဖို့ပါပဲ...ဝေဖန်မှုဆိုတာတွေကတော့ အမျိုးမျိုး၇ှိတတ်ကြပါတယ်ဗဟုသုတများဆက်လက်မျှဝေ ပေးစေလိုပါတယ်။နောက်ဇာဇာကလည်း ဒါက အမှန်
တော့ မစော်ကားသင့်ပါဘူး ကိုယ်မယုံချင်နေပါ သူများပညာ
ရပ်ကိုမစော်ကားသင့်ပါဘူး။ ခွင့်လွတ်လိုက်ပါမယုံတဲ့လူတွေ နားမလည်တဲ့လူတွေကိုပြောနေလည်း မောတာပဲ
အပြစ်ဖြစ်မယ်။ ကိုယ့်ပညာကိုသာဆက်လက်ကြိုးစားပါလို့
အကြံဥာဏ်ပေးချင်ပါတယ်...လေးစားစွာဖြင့်….ဟုတ်ကဲ့ အခုလို အားပေးခဲ့ ကြသော ဧဒင်မှ မောင်နှမအားလုံးကိုကျေးဇူးပါ…
ယခုတင်ပြပေးခဲ့ သော နိုင်ငံရေးနှင့်နျူမယိုလောဂျီကို အများဆုံး)၀င်ရောက်ကြည့်ရူအားပေးခဲ့ သောဆိုဒ်မှာ (၈၈၀)ဖြင့်ဧဒင်ဥယျဉ်ြကအများဆုံးဖြစ်ကြောင်းမှတ်တမ်းတင်
အပ်ပါသည်။
BLOG.2
တရားဝင်လုပ်ကိုင်ခွင့် တောင်းဆိုနေသော မြန်မာနိုင်ငံမှsex workers များ
(၁)
ကျွနူပ်တို့ မြန်မာနိုင်ငံသည် တိုးတတ်ပြောင်း
လဲလာသည်နှင့်အမျှ လူ့ အခွင့်အေ၇းကိုရရှိခံစားလိုသူ
များလည်း ပေါ်ထွက်လို့ လာချေသည်။ထိုအထဲတွင် sex workersများ၏ လူ့ အခွင့်အရေးတောင်းဆိုနေမူမှာ ကျွနူပ်တို့ ၏ နိုင်ငံအနေဖြင့် များစွာစဉ်းစားစရာဖြစ်နေမပေသည်။ sex workers များက တရားဝင်အလုပ်လုပ်ကိုင်ခွင့်ကိုရရှိခံစား
ချင်နေကြသည်။ယင်းတို့ ၏အကြောင်းပြချက်မှာ ဘုရားခေတ်
ကတောင်ပြည်တန်ဆာဆိုတာ ရှိခဲ့ သည်ဟူ၏ သို့ သော် ထိုဘု
ရားခေတ်က ပြည်တန်ဆာများသည်လည်း ဗုဒ္ဓကိုပစ်မှား
ခဲ့ ကြတာ ယင်းတို့ မသိကြပုံပေါ်လေသည်။ထိုတောင်းဆို
ချက်များအတွတ် NLDမှဒေါ်ဖြူဖြူသင်းသည် HIV AIDS
ရောဂါကို ထိန်းချုပ်ကာကွယ်ရန်မှာ လိင်အပျော်အပါးလုပ်
ငန်းကိုထိန်းချုပ်မှဖြစ်မည်ဟုဆိုသည်။ ကြုံလျှင်ကြံသလို
ဆက်ဆံကြမည်ဆိုပါလျှင် HIVပိုးကူးစက်ခံရပေလိမ့် မည်။ ထိုင်းနှင့်စင်ကာပူတွင်sex worker် များ၏ လိင်လုပ်ငန်းကို
ထိန်းချုပ်ဖို့ အတွတ် နေရာတစ်နေရာပေးထားလေသည်။ ထို
သို့ လုပ်ပေးခြင်းသည် လူ့ အခွင့်အေ၇းကိုပေးရာေ၇ာက်သလို ကူးစက်မူဖြစ်နိုင်ချေနည်းလေသည်။ ထိုအတူ ကျန်းမာရေးစစ်
ဆေးမူတွေကိုလည်း အမြဲတမ်းလုပ်ပေါ်နိုင်သောကြောင့် ရောဂါ
နည်းလိမ့် မည်ဟု Media one Journalမှတဆင့် ထုတ်ဖော်
ပြောဆိုခဲ့ လေသည်။
ဒီတွင် ကျွနူပ်ပြောချင်သည်က သူမပြောသလို ယင်းတို့ တရားဝင်လုပ်ကိုင်ခွင့် ရခဲ့ လျှင် ရောဂါကူးစက်မူနူန်း
နည်းသွားမည်ဟုဆိုခဲ့ လေရာ လိင်လုပ်ငန်းကို လုံးဝပိတ်ပစ်
လိုက်ပါက လူးသား၏အကျင့်စာရိတ္တများပိုကောင်းလာဖွယ်ရှိပြီး ရောဂါပါပပျောက်သွားနိုင်လေသည်။တစ်ဖန်သူ၏တောင်းဆို
ချက်ကို အစမ်းလိုက်လျောပေးရမည်ဆိုပါလျှင် ယင်းအတွတ်
စည်းမျဉ်းယစည်းကမ်းတို့ ကိုတိကျသေချာစွာထုတ်ထားရ
ပေလိမ့် မည်။ထိုအတွတ် မေးစရာများပေါ်လာသည်။ယင်းမှာ sex workers များသည် စည်းနှင့်ကမ်းနှင့်နေထိုင်တတ်ကြပါ
သလော? တစ်ဖန် ယင်းအတွတ်အသက၇်ကိုလည်းကန့် သတ်
ထားရပေမည်။ လာရောက်ပျော်ပါးသူများအတွတ် အသက် ၂၀အောက်မဖြစ်သင့်သလို၊ လက်ခံမည့်ပြည်တန်ဆာမှာလည်း အသက်၂၀နှစ်အောက်မဖြစ်သင့်ချေဟုထင်မိသည်။ သို့ မှသာ လူငယ်ဘ၀ကိုအရင်ကျော်ဖြတ်ကြည့်ရမည်ဖြစ်ပြီး ပြည်တန်ဆာ ဖြစ်နိုင်ချေနည်းပါးသွားပေလိမ့် မည်။
ထိုအပြင်ရောဂါပိုးများကို မပြန့် ဟွးနိုင်ရန်အတွတ် sex workers များကိုယ်တိုင်က ရောဂါကင်းစင်ကြောင်း
အထောက်အထားပြသင့် ချေသည်။လာရောက်ပျော်ပါးမည့်
သူမှာလည်း ရောဂါမရှိကြောင်းသက်သေပြနိုင်ရပေမည်။ ထို
သို့ လုပ်နိုင်မည်ဆိုလျှင် ယင်းတို့ အတွတ်စဉ်းစားပေးသင့်ချေ၏ သို့ သော်နေရာသတ်မှတ်ချက်တစ်ခုတော့ ရှိရပေမည်။ ထိုသိုနေ ရာသတ်မှတ်ရခြင်းမှာ မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာ
ဖြစ်ထွန်း သောနိုင်ငံဖြစ်သောကြောင့် လွတ်လပ်ခွင့်ရရှိထား
သော ပြည်တန်ဆာတို့ ၏ နေထိုင်ပုံ ရဟန်းသံဃနှင့် မိဘပြည်သူ လူကြီးလူကောင်းများအတွတ် အမြင်မတော်ဆင်တော်နှင့် ခလောက်ဆိုသလိုဖြစ်ပေလိမ့် မည်။ ထိုကြောင့်ယင်းတို့ အတွတ်နေရာသည်လူ့ ယဉ်ကျေးမူနှင့်
ဝေးသောနေရာသာဖြစ်သင့်ပေသည်။
မြန်မာတို့ ရင်ထဲက မှတ်တမ်း
$
0
0
မြန်မာတို့ ရင်ထဲက မှတ်တမ်း
အချိန်တွေ တဖြေးဖြေးနှင့် တနေ့တာ ဟိုသွား ဒီသွား အလုပ်များနေသော ပတ်ဝန်းကျင်ထဲ ကိုယ့် အလုပ်နှင့် ကိုယ် ရှုပ်ထွေးနေသော်လည်း အမှတ်မထင် စာပုဒ်လေး တစ်ခုကို ရှာဖွေကြည့်လိုက်ပါတယ်။ ကျွန်တော် ရှာဖွေနေသော စာပုဒ်လေးကို သုတေသနအတွက် ရှာနေရင်း စိတ်ဝင်စား စရာကောင်းသော စာလုံးတစ်လုံး တွေ့လိုက်ရပါတယ်။ အဲဒီစာလုံးလေးက အာဇာနည်ဆိုတဲ့ စာလုံးလေး ဖြစ်ပါတယ်။ အဲဒါနဲ့ မြတ်စွာဘုရား ဟောကြားတော်မူသော အာဇာနည်ဆိုတာ ဘယ်လို အဓိပ္ပာယ်ကို မိန့်တော်မူတာပါသလဲဆိုတာကို သိချင်လာပါတယ်။
ပိဋကတ်အားဖြင့် သုတ္တန် ပိဋကတ်၊ နိကာယ်အားဖြင့် ခုဒ္ဒကနိကာယ် သုတ္တနိပါတ အဋ္ဌကထာ(၂) စာမျက်နှာ (၁၅၅) မှာ ဖော်ပြလာ သည့်အတိုင်း ကြည့်ပြီးဆိုရလျှင်....
အာဇာနီယော ကိန္တိ နာမ ဟောတိ?
အဘယ်ဆိုလျှင် အာဇာနည် မည်ပါသနည်း၊ (အာဇာနည်ဆိုတာ ဘာလဲ?)
ပုဋ္ဌော မေ ဘဂဝါ ဗျာကရောဟိ။
အကျွန်ုပ် မေးလျှောက်အပ်သော အရှင်ဘုရားသည် ဖြေတော်မူပါ။
(တပည့်တော် မေးတာလေးကို မြတ်စွာဘုရား ဖြေတော်မူပါ ဘုရား)
မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကာလတုန်းက မြတ်စွာဘုရားရှင်ကို သဘိယက သူ မသိတာလေးကို မေးလျှောက်ပါတယ်။ အဲဒါက "ဘယ်လို ပုဂ္ဂိုလ်မျိုးကို အာဇာနည်လို့ အမည်တွင်ပါသလဲဆိုတာ ဘုရားရှင်အား မေးလျှောက်တာကို ဖြေတော်မူပါ" လို့ သဘိယက မေးခဲ့ပါတယ်။
အာဇာနည်ဆိုတဲ့ အနက်အပြည့်အစုံနှင့်သဘောအဓိပ္ပာယ်ကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့ပါတယ်။ အဲဒါကတော့
ဧတ္ထ ပန ယသ္မာ ပဟီနသဗ္ဗဝင်္ကဒေါသော ကာရဏာကာရဏညူ အေဿာ ဝါ ဟတ္ထီ ဝါ အာဇာနိယော။
လောကမှာ ကောက်ကျစ် စဉ်းလဲတဲ့ အပြစ်အနာ အဆာမရှိပဲ အပြစ်ကင်းပြီး အကြောင်းမှန် ဟုတ်၊ မဟုတ် သိနားလည်သည့် ဆင် မြင်းတို့ကို အာဇာနည် ဆင်၊ အာဇာနည် မြင်းလို့ ခေါ်ယူ သမုတ်ကြပါတယ်။
တကယ်လည်း ကောက်ကျစ်စဉ်းလဲသည့် အပြစ်အနာ အဆာမရှိ အပြစ်ကင်းပြီး အကြောင်းမှန်ကို ဟုတ်သည် မဟုတ်သည်ကို ဝေဖန် ပိုင်းခြားနိုင်သော သိနားလည်နိုင်သော သူတို့ကို အာဇာနည်လို့ သမုတ်ကြသည်မှာ လောက ဓမ္မတာပင် ဖြစ်ပါတယ်။
နောက်တစ်ခုကတော့...
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ အဋ္ဌကထာ (၂) စာမျက်နှာ ၁၃၂ နှင့် သဂါထာဝဂ္ဂအဋ္ဌကထာ (၁) စာမျက်နှာ ၂၁၅ တို့မှာ ဖော်ပြသည့်အတိုင်း ဆိုရလျှင်...
ဓိတိမာ အာဇာနီယော ဟိရီနိသေဓော
(သော ဟိ ဓိတိယာ ဂုဏေ ဓာရေတိ, ဟိရိယာ ဒေါသေ နိသေဓေတီတိ..(ပ) ‘‘ဟိရိယာ ဟိ သန္တော န ကရောန္တိ ပါပ’’န္တိ။)
တည်ကြည်မှုနှင့် ဂုဏ်ရှိသည့် အလုပ်တွေကို လုပ်ပြီး၊ အရှက်တရားနှင့် မကောင်းမှုတွေကို မပြုပဲ ရှောင်ရှားကြတဲ့ ထင်ရှားသူ
သူတော်ကောင်းတွေဟာ အာဇာနည်တွေပါ” လို့ ဖော်ပြထားပါတယ်။
ဝိသုဒ္ဓိမဂ္ဂ မြန်မာပြန် ပထမအုပ် ကျမ်းဂန်ပလိဗောဓ မှာလာရှိ စကားလေးကား...
အာစရိယော နော အာဝုသော ဥဇု အာဇာနီယော။
ငါ့ရှင်တို့ ငါတို့၏ ဆရာသည် ဖြောင့်မတ်သလို အာဇာနည် ဖြစ်တယ် လို့ မိန့်ဆိုထားပါတယ်။
ဒါကြောင့် လောကကြီးမှာ နည်းလမ်းကောင်းတွေ ညွန်ပြတတ်သော၊ ဖြောင့်မတ်သော၊ အသိပညာ အတတ်ပညာ၊ တိုင်းပြည်နှင့် လူမျိုးတွေကို ကယ်တင်စောင့်မတတ်သော သူတော်ကောင်းတွေကို အာဇာနည်လို့ ခေါ်ကြပါတယ်လို့ အရှင်မဟာဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ်တွင်လည်း တွေ့ရှိခဲ့ပါတယ်။
ထို့အပြင် အာဇာနည်ဆိုတာ တည်ကြည်မှုနှင့် ပကတိဂုဏ်ရှိသည့် အလုပ်တွေကို လုပ်ပြီး အရှက်တရားနှင့် မကောင်းမှုတွေကို မပြုပဲ ရှောင်ရှားကြ၍ ထင်ရှားလာသူ သူတော်ကောင်းတွေကို အာဇာနည်တွေပါလို့ ခေါ်ကြတယ်ဆိုတာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူသော ပါဠိတော် စာပေတွေမှာ တွေ့ရှိလာပါတယ်။ အဲဒါလေးတွေကို မှတ်သားပြီး တနေ့တာ ကိစ္စလေးများ ပြီးဆုံးလို့ အိပ်ရာထဲသို့ ဝင်ရောက်ခဲ့ပါတယ်။
ဒီနေ့ အာရုဏ်ဦး ခရီးသွားနေသည့် အတွေးတိမ်ရိပ်များ တရိပ်ရိပ် လှုပ်ရှားနေပါတယ်။ ကောင်းကင်ကြီး တစ်ခုလုံးလည်း တိမ်ရိပ် တိမ်စွယ်တွေ ယှက်သိုင်းလို့ ရွာမလိုလို မိုးသားတွေ ပြေးလွှားနေလျက်ပါ။ ထို့ပြင် အနည်းငယ် အအေးဓာတ်က လွှမ်းခြုံနေပေမဲ့ လွမ်းဆွတ်မှုတစ်ခုက ရင်ထဲကို သိုင်းဖက်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာတို့ရဲ့ မမေ့နိုင်စရာ အာဇာနည် သူရဲကောင်းဖြစ်တဲ့ လွတ်လပ်ရေး ဗိသုကာကြီး၏ (၉၈) ကြိမ်မြောက် မွေးနေ့ ရောက်တော့မည် ဖြစ်သောကြောင့်ပင် ဖြစ်ပါတယ်။
ဒါနဲ့ ကျွန်တော်တို့ ငယ်ငယ်တုန်းက စာသင်ကျောင်းမှာ ဆိုခဲ့ဖူးတဲ့ ဆောင်ပုဒ်လေးကို နှုတ်က ရွတ်ဆိုမိပါတယ်။ အဲဒါလေးက အောက်ပါ ဆောင်ပုဒ်လေး ဖြစ်ပါတယ်။
အောင်ဆန်းဇာနည်
═══════════
ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်စုရေး ကြိုးပမ်းဆောင်
ပြည်ချစ် ဒို့ခေါင်းဆောင်
ဒီမိုကရေစီ လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။
══════════════════
ဗိုလ်ချုပ်ဦးအောင်ဆန်း
══════════════════
အာရုံဦးက ကြယ်နီဖြာ ဗိုလ်ချုပ်အောင်ဆန်းပါ၊
ဒို့ဗမာပြည် အမှောင်ခွင်း သူခေါင်းဆောင်လို့လင်း၊
စိတ်ရင်းမှန်လို့ သစ္စာတည် ဗိုလ်ချုပ်အာဇာနည်၊
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး သူ့ဂုဏ်ဘယ်မညှိုး၊
ရိုးသားဖြောင့်မတ် သူ့မူရာ ငယ်ငယ်တည်းကပါ၊
ဗမာပြည်သူ့အချစ်ပန်း ဗိုလ်ချုပ်ဦးအောင်ဆန်း။
(ဆရာဦးတင်မိုး)
══════════════════
ကျွန်တော်တို့ စာပေသမိုင်းထဲကအတိုင်း ဖော်ပြရမည်ဆိုလျှင် လွတ်လပ်ရေး ဗိသုကာကြီးကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မြန်မာသက္ကရာဇ်အားဖြင့် ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် နတ်မောက်မြို့၌ နေထိုင်သော အမိန့်တော်ရ ရှေ့နေ ဦးဖာနှင့် ဒေါ်စုတို့မှ ဖွားမြင်ခဲ့သော သားထွေး ဖြစ်ပါတယ်။ သူ၏ အဘိုးအမည်မှာ ဦးမင်းရောင် ဖြစ်ပါတယ်။ သူ၏ ငယ်နာမည်မှာ ထိန်လင်း ဖြစ်ပြီး အစ်ကိုဖြစ်သူ ကိုအောင်သန်း အမည်နှင့် လိုက်ဖက် တူညီအောင် အောင်ဆန်း လို့ နာမည် ထင်ရှားခဲ့ပါတယ်။ သူ၏ မွေးချင်းအားလုံးကိုတွက်လျှင် သူအပါအဝင် ရှစ်ယောက် ဖြစ်ပါတယ်။
သူ၏ ညီအစ်ကို မောင်နှမများကို ရေတွက်ရမည်ဆိုလျှင်.....
(၁) ဒေါ်ခင်ညွန့် (ဝန်ထောက်ကတော်)
(၂) ဒေါ်ဝက် (အပျိုကြီး)
(၃) ဦးဘဝင်း (ဘီ.အေ ဘီ. အက်စီ)
(၄) ဒေါ်ရွှေမှန် (ငယ်စဉ်က သေဆုံး)
(၅) ဦးနေအောင် (အမိန့်ရ ရှေ့နေ)
(၆) ခုနှစ်လသား အမွှာနှစ်ယောက် ပုခတ်တွင်း သေဆုံး
(၇) ဦးသန်းအောင် (ဘီ.အေ) မကွေး အရှေ့ မြောက်ပိုင်း လွှတ်တော်အမတ်
(၈) ဗိုလ်ချုပ်အောင်ဆန်း တို့ ဖြစ်ကြပါတယ်။
သူကို မွေးဖွားသည့် အချိန်တုန်းက သိပ်မထူးခြားလို့ မိဘများနှင့် မောင်နှမများ သူရဲ့ ထူးခြားမှုတွေကို မသိခဲ့ကြပါဘူး။ သူ လမ်းလျှောက်တတ်သည့် အရွယ်ရောက်တော့ သူရဲ့ ထူးခြားမှုတွေကို မိဘများနှင့် မောင်နှမများ သိလာခဲ့ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူက တော်တော်လေးကို ဂွကျတဲ့ သူတစ်ယောက်ဖြစ်နေလို့ပါ။ သူ ငယ်ငယ်တုန်းက တော်တော်နဲ့ စကားမပြောတာကြောင့်လည်း လူကြီးမိဘများက ဆွံ့ အ နေသလားဆိုပြီး စိုးရိမ် ကြောင့်ကြမိခဲ့ကြပါတယ်။
ထို့အပြင် သူ ငယ်စဉ်ကတည်းက ကျန်းမာရေး ချူချာခဲ့သလို အစားအသောက်ကိုလည်း ရွေးချယ် စားသောက်သည့်အပြင် အသား ငါးတို့ကို အလွန်နှစ်သက် သူလည်း ဖြစ်ပါတယ်။ တစ်ခါတရံ သူသည် သူ့မိခင်နှင့် ဈေးဝယ်လိုက်သွားလျှင် အသားစိမ်းမြင်တာနှင့် အတင်းလုစားသလို လုပ်တတ်လို့ သူ့မိခင်ရဲ့ ကရုဏာ ဒေါသဖြင့် ဆူခံခဲ့ရပါတယ်။ ဒီအပြင် သူ့ရဲ့ပင်ကိုယ်အနေအားဖြင့် အရမ်းကောင်းပေမဲ့ ယဉ်ကျေးသည့် လူတွေကို တွေ့မြင်လျှင်လည်း အမြင်မကြည်လင်သလိုဖြစ်ပြီး သူကိုယ်တိုင် အဲသည်လူတွေရဲ့ ကြားမှာ နေသားမကျခဲ့ပါဘူး။ သူ နေချင်သည့် ပုံစံက ဖွင့်လင်းပြီး အရိုင်းတစ်ယောက်လို ကြမ်းတမ်းနေပေမဲ့ တည်ကြည်ဖြောင့်မတ်သော လွတ်လွတ်လပ်လပ် သန်စွမ်းသော ပုံစံဖြစ်ပါတယ်။
သူ ငယ်စဉ်တုန်းက အနုပညာကို ဝါသနာပါလို့ အတီးအမှုတ် အကအခုန်တွေကို ပြုလုပ်တာ တော်တော် နှစ်သက်ခဲ့ပါတယ်။ အဲဒီထဲက အထူးသဖြင့် ဆိုင်းတီးတာ ဝါသနာ တော်တော်ပါတယ်လို့ ပြောကြပါတယ်။ ထို့အပြင် စားပွဲဖြစ်ဖြစ် ခုံဖြစ်ဖြစ် ခေါက်စရာ တွေ့ပြီဆိုရင် လက်ဝါးကွဲသည့်အထိ အမြဲတမ်း တီးခေါက်လေ့ ရှိပါတယ်။ အချိန်ရလျှင်လည်း များသောအားဖြင့် ချောင် တစ်ချောင်မှာ ကပ်ပြီး ဣနြေ္ဒကြီးနှင့် မှိုင်ကာ ထွေရာလေးပါး စဉ်းစားလေ့ရှိသလို အားကစား ကစားလေ့ မရှိပါဘူး။ အားကစား ကစားလျှင်လည်း လူကြမ်းကြီးလို ကြမ်းတမ်းပြီး ကြမ်းတမ်းသည့် အားကစားကို အလွန်နှစ်သက်ခဲ့ပါတယ်။ မျက်နှာလို မျက်နှာရနှင့် အထက်လူကြီးတွေကို တိုင်ပြောခြင်း စသည်တွေကို အလွန် စပ်ဆုတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
သူရဲ့ မိဘနှစ်ပါးလုံးက ပညာဥာဏ် ထက်မြက်သူတွေ ဖြစ်ကြပါတယ်။ သူ၏ ဖခင်သည် ရှေ့နေ စာမေးပွဲမှာ မြန်မာ တစ်ပြည်လုံး တတိယဆုကို ရရှိခဲ့ပါတယ်။ သူ၏ ဦးလေး၊ အစ်ကိုများ၊ ညီအစ်ကိုဝမ်းကွဲများကလည်း ကျောင်းစာမေးပွဲတွေမှာ ထိပ်တန်းကလျှင် ထူးချွန်စွာ အောင်မြင်ခဲ့ကြပါတယ်။ သူ၏ မိဘများကလည်း ပညာရေး အထူး အားပေးလိုလားသည့်အတွက် ငါးနှစ်သားရောက်သူ သားသ္မီး အားလုံးကို ကျောင်းထားခဲ့ကြပါတယ်။ သို့သော် သူသည် အသက်အငယ်ဆုံးဖြစ်၍ အလိုလိုက်ထားသဖြင့် သူ့အသက် ရှစ်နှစ်ရောက်မှ မိဘများက ကျောင်းစတင်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ အစ်ကိုဖြစ်သူက ရှင်ပြုတာ အားကျလို့ ကျောင်းနေခဲ့တာလို့ ဆိုကြပါတယ်။ ကျောင်းတက်တော့လည်း အတန်းကျောင်းတက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်မှာ ၁၀ တန်းကို အောင်မြင်ခဲ့ပါတယ်။ သူသည် အင်္ဂလိပ်-မြန်မာ သတ္တမတန်း စာမေးပွဲမှာ မြန်မာ တစ်ပြည်လုံး နဝမ ရရှိခဲ့ပြီး အထက်တန်းတတ်ဖို့ရန် စကော်လာ ရရှိခဲ့ပါတယ်။ ထို့အပြင် ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားကျောင်းတွင်လည် ပထမ ဦးရွှေရိုးဆု ကို ရရှိခဲ့ပါတယ်။
သူသည် အထက်တန်းစာတွေကို နတ်မောက်နှင့် ရေနံချောင်းတို့မှာ သင်ယူခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ ၆ နှစ်ခွဲလောက်နေခဲ့ပြီး အင်္ဂလိပ်စာပေ၊ မြန်မာစာပေ၊ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ပညာရပ်တွေကို လေ့လာ သင်ယူခဲ့ပါတယ်။ သူသည် နိုင်ငံရေး စိတ်ထက်သန်မှုကြောင့် ကျောင်းစာပေများကို မလေ့လာနိုင်သည့်အတွက်ကြောင့် အတန်းကျောင်း ပညာတွင် ဘီ.အေ တန်းကို အောင်မြင်ယုံသာ ဖြစ်သလို တဖက်ကလည်း ကျောင်းသားသပိတ် ခေါင်းဆောင်ဖြစ်၍ အလုပ်များ ရှုပ်ထွေးမှုကြောင့် ဘီ.အေ တန်းတွင် တက္ကသိုလ်မှာ တစ်နှစ် မဖြေပဲ နေခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဘီ.အယ် အတန်း တက်သည့်အချိန်မှာတော့ ကျောင်းတက် အတန်းကလည်း မှန်မှန်မတက်၊ အတန်းဆိုင်ရာ စာအုပ်ကလည်း စုံစုံလင်လင် မရှိ၊ ရေးသားထားသည့် မှတ်စုကလည်း မရှိ၊ အလုပ်များလွန်းလို့ စာလည်း မကြည့်၊ သူ စိတ်သန်ရာ မြန်မာနိုင်ငံရေးကိုသာ လေ့လာ လိုက်စားခဲ့တာကြောင့် ပထမနှစ် ဘီ.အယ် အတန်းတင် စာမေးပွဲတွင် ကျရှုံးခဲ့ရပါတယ်။ ထိုအရာသည် သူ့ ဘဝရဲ့ ပထမဦးဆုံးနှင့် နောက်ဆုံး ခံစားလိုက်ရသော ကျရှုံးခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေ ရာဇဝင်ဖြစ်သည့် ပထမမေးခွန်းမှာ သူ၏ ဖြေဆိုချက်သည် ပထမ ရရှိခဲ့ပါတယ်။ ဘီ.အယ် ဒုတိယနှစ်မှာတော့ သူသည် နှစ်ပြည့်အောင် ကျောင်းမနေတော့ပါ။ အကြောင်းမှာ ဥရောပတိုင်မှ မြူနစ်စာချုပ် မချုပ်ဆိုခင် စစ်ဖြစ်မလို ဖြစ်နေသည့် အခြေအနေနှင့် မြန်မာပြည်ကလည်း အဓိကရုန်း အခြေအနေတွေကြောင့် တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် ဘီ.အယ် ဒုတိယနှစ် နှစ်ဝက်တွင် ကျောင်းထွက်ပြီး သခင်ဘဝသို့ ကူးပြောင်းခဲ့ပါတယ်။
သူဟာ ရန်ကုန်တက္ကသိုလ်ကြီး၏ ကျောင်းသားသမဂ္ဂတွင် အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ထိုအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် တက္ကသိုလ် အုပ်ချုပ်ရေး အရာရှိ တစ်ဦးကို ညွန်းဆိုသော ဆောင်းပါးဖြစ်သည် ငရဲခွေးကြီး လွတ်နေသည် ဆောင်းပါးကို အမည်မဖော်ပြသည့်အတွက် သခင်နုနှင်အတူ ကျောင်းမှ နှင်ထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ကျောင်းသားသပိတ် ဖြစ်လာပြီး မကြာခင် ကျောင်းက နှင်ထုတ်သည်ဆိုသော အမိန့်ကို ပြန်ရုတ်သိမ်းသွားပါတယ်။
၁၉၃၈ ခုနှစ်မှာ သူဟာ ရန်ကုန်တက္ကသိုလ်ကြီး၏ ကျောင်းသား သမဂ္ဂနှင့် ကျောင်းသားသပိတ်က မန္တလေးကို ကူးစက်ပြီး နောက်တွင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ နှစ်ခုလုံး၏ ဥက္ကဌအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ ထိုနှစ်မှာပင် အစိုးရက သူကို ရန်ကုန်တက္ကသိုလ်၏ အက် ဥပဒေ ပြင်ဆင်ရေး ကော်မတီမှာ ကျောင်းသား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် သူသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းပြီး ဗြိတိသျှဆန့်ကျင်ရေး သမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တဖြေးဖြေးနှင့် နောက်ပိုင်းတွင် ဒို့ဗမာအစည်းအရုံးဝင် တစ်ဦး ဖြစ်လာသည့်အခါတွင်လည်း သခင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
၁၉၃၀ ပြည့်နှစ် မေလတွင် ထိုအသင်းကြီးကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး သူသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးအဖြစ် ၁၉၄၀ ပြည့်နှစ် သြဂုတ်လအထိ လုပ်ဆောင်ခဲ့ပါတယ်။ တာဝန်ထမ်းရွက်စဉ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ ဟု အများသိသည့် နိုင်ငံတဝန်း သပိတ်ပွဲကြီးများကို လှုပ်ဆော် ဆောင်ရွက်ခဲ့ပါတယ်။
ဤသမိုင်းကို ပထမပိုင်း အနေဖြင့် ပါဠိစာပေနှင့် နှိုင်းယှဉ်၍ အထွေထွေ သမိုင်းစာများ၊ အွန်လိုင်း၊ ဝက်ဆိုဒ်များနှင့် အခြားသော ဆိုဒ်များမှာ ပေါင်းစပ်ပြီး ပြန်လည် ရေးသားခြင်း ဖြစ်ပါတယ်။
တက္ကသိုလ်မြတ်မင်း
ကိုကို့ကိုယ်သတိရနေသရွှေ့ရေးဖြစ်တဲ့စာ
$
0
0
အဒီတုန်းကမသိခဲ့ဘူး
အချစ်ဆိုတာတစ်ယောက်နဲ့တစ်ယောက်ချစ်နေကြရင်တော်ပြီ
တစ်ယောက်နဲ့တစ်ယောက်မတွေ့ရရင်မနေနိုင်ဘူးပေါ့
ငယ်ရွယ်နုနယ်တဲ့နှလုံးသားမှာအချစ်ဟာအရာရာထက်တော့အင်အားကြီးနေခဲ့မှာပေါ့
ငယ်လေးအတွက်တော့ကိုကိုကနှလုံးသားအတွက်ကိုးကွယ်စရာဘုရားတစ်ဆူလိုပါဘဲ
ငယ်လေးအတွက်တော့ကိုကိုကအမြဲတမ်းတိမ်တွေထူထပ်နေတဲ့ကောင်းကင်လိုဘဲ
ဘာလို့အဒီလိုတင်စားရလည်းသိလားကိုကို
ကိုကိုရဲ့နှလုံးသားကငယ်လေးရဲ့ဘ၀ကိုသိမ်းကြုံးယူထားလို့ဘဲ
ကိုကိုမသိဘူးမဟုတ်လား
ကိုကိုရဲ့အနားမှာငယ်လေးတစ်ချိန်လုံးရှိနေခဲ့တာကို
သိတော့သိတယ်မှတ်လားကိုကို
ဒါပေမဲ့ငယ်လေးကိုသတိမထားမိခဲ့ဘူးမဟုတ်လား
ငယ်လေးမှာတော့ငယ်လေးဘ၀ရဲ့အချိန်တော်တော်များများကို
ငယ်လေးသိပ်ချစ်ရတဲ့ကိုကို့ပေးခဲ့ပါတယ်
ငယ်လေးကလေကိုကိုနဲ့ပတ်သက်လို့သည်းခံခြင်းတရားဆိုတာကိုလေ့ကျင့်စရာမလို
လောက်အောင်သည်းခံတတ်ခဲ့ပါတယ်
ငယ်လေးမှတ်မိသေးတယ်ကိုကို
ကိုကိုကစောင့်နေရတာကိုစိတ်မရှည်တဲ့လူပေါ့
အဒီနေ့ကငယ်လေး15မိနစ်လောက်နောက်ကျပြီးမှကိုကို့ဆီရောက်လာခဲ့တယ်
ဒေါသတွေအရမ်းကြီးနေတဲ့ကိုကိုစိတ်ဆိုးပြေမယ်ဆိုရင်ငယ်လေးဘာလုပ်ပေးရမလည်း
မေးတော့ငယ်လေးရဲ့လက်ကိုရုတ်တရက်ဆွဲယူပြီးဆေးလိပ်မီးနဲ့တို့လိုက်တော့
ငယ်လေးတော်တော်ထိတ်လန့်ခဲ့တာပေါ့
ဒါပေမဲ့ကိုကိုစိတ်ဆိုးပြေသွားတာမြင်ရတော့ငယ်လေးရင်ထဲမှာအေးချမ်းလိုက်တာနော်
ငယ်လေးဘယ်တော့မှကိုကို့အပြစ်မမြင်နိုင်လောက်အောင်ချစ်ခဲ့ရသမျှကိုကိုကတော့
ပြသနာဖြစ်တိုင်းစကားတွေများတိုင်းလက်ပါလာတာပါဘဲ
ငယ်လေးကဖြည့်တွေးပါတယ်ကိုကိုကလေဒေါသမထွက်ရင်ငယ်လေးကိုသိပ်ကြင်နာတတ်
တယ်
ငယ်လေးကကိုကို့ချစ်လည်းချစ်ကြောက်လည်းကြောက်ရတာပါဘဲ
သူငယ်ချင်းတွေကပြောကြတယ်ငယ်လေးကအချစ်အတွက်နဲ့အယူမှားနေပြီတဲ့
အယူမှားရင်လည်းမှားပါစေကိုကိုငယ်လေးကအရမ်းချစ်တတ်တာကိုး
အချစ်ကြောင့်ဖြစ်လာမဲ့ဒုက္ခမှန်သမျှကိုလည်းသုခလို့ငယ်လေးကတွေးထားမိတာကိုး
ငယ်လေးမပါရင်ကိုကိုကအပြင်တစ်ယောက်ထဲဘယ်တော့မှမသွားတတ်ဘူးနော်
ကိုကိုတစ်ယောက်ထဲအပြင်မသွားတတ်တော့တာငယ်လေးကြောင့်လို့ပြောတော့
ပျော်စရာမရှိပျော်မိတာလည်းငယ်လေးပါ
ကိုကိုဘယ်လောက်ဘဲဆိုးဆိုးအဒီဒဏ်ကိုငယ်လေးခံနိုင်ခဲ့တယ်
ငယ်လေးကလေကိုကို့အတွက်များလူဖြစ်လာရလားမသိပါဘူးနော်
ငယ်လေးမျက်စိထဲမှာကိုကိုတစ်ယောက်ကလွဲလို့ဘာကိုမှမမြင်မိခဲ့ပါဘူး
ကိုကို့ကိုယ်အရမ်းချစ်တယ်ကိုကိုရယ်
အဒီနေ့ကငယ်လေးကမ္ဘာပျက်တဲ့နေ့ပေါ့
ငယ်လေးနဲ့ကိုကိုအအေးသောက်နေတုန်းကိုကို့သူငယ်ချင်းစိုးဝင်းလာခေါ်လို့ကိုကိုပြန်
သွားတယ်
ကိုကိုတစ်နေ့လုံးပျောက်သွားလိုက်တာညဘက်ကိုကို့ဖုန်းကိုဆက်တော့လည်းဖုန်းပိတ်
ထားတယ်အိမ်မှာလည်းကိုကိုမရှိဘူးတဲ့
ငယ်လေးသူငယ်ချင်းတွေပြောတာဟုတ်နေပြီပေါ့နော်
ကိုကိုနောက်တစ်ယောက်နဲ့ရည်းစားတောင်မဟုတ်ဘူးတိတ်တိတ်ပုန်းညားနေတာတဲ့
ငယ်လေးအတွက်တော့တော်တော်နားခါးစရာကောင်းပြီးငယ်လေးရဲ့နှလုံးသားကို
တစ်စဆီခြွေပစ်လိုက်တဲ့စကားလုံးတွေပါဘဲ
ကိုကို့ကိုယ်မေးတော့ဟုတ်တယ်တဲ့
ွှအရင်လိုမဟုတ်ဘူးလို့လိမ်ပေးပါလားကိုကိုရယ်
ငယ်လေးကစိုးရိမ်မိတာပါ
ဘာလည်းသိလားကိုကို
ငယ်လေးသည်းခံသလိုကိုကိုရဲ့ရည်းစားကသည်းမခံပေးမှာကိုပါ
နောက်ပြီးတော့ငယ်လေးမပါဘဲကိုကိုတစ်ယောက်ထဲသွားဖို့အဆင်သင့်ဖြစ်ပါ့မလားလို့
ငယ်လေးကတော့ကိုကိုကငယ်လေးကိုအနားမှာနေစေချင်လည်းမိုက်မိုက်မဲမဲနေပေးဖို့
အဆင်သင့်ပါဘဲမနေစေခချင်လည်းငယ်လေးအဝေးကနေဘဲလွမ်းနေမှာပါကိုကို
ကိုကိုရယ်ငယ်လေးတို့ချစ်ခဲ့တဲ့အချိန်တွေထဲမှာလေငယ်လေးအတွက်အမှတ်ရစရာ
တွေဆိုတာအချိန်တိုင်းဘဲမို့ငယ်လေးကိုလွမ်းနေခွင့်ပေးပါနော်
ခ၀ါကောင်းလို့ခေါင်းပေါင်းဖြူ
$
0
0
မြန်မာစကားမှာ..ခ၀ါကောင်းလို့ခေါင်းပေါင်းဖြူ..ဆိုတဲ့စကားကြားဘူးကြပါလိမ့်မယ်
ဆိုလိုရင်းကိုလည်း သိကြမှာပါ..
ခေါင်းပေါင်းဟာ..မြန်မာတို့ရဲ့အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်..
ယခုခေတ်မှာလည်း ခေါင်းပေါင်းဟာအသုံးဝင်နေဆဲပါ
ရှေးခေတ်မြန်မာကြီးများကတော့ ဆံပင်သျှောင်ထားခဲ့ကြတာပါ
သာမန်အရပ်သားများက သျှောင်တစ်စောင်းထုံးလို့..ပုဝါပေါင်းကြပါတယ်..။
ထီးနန်းနဲ့ပတ်သက်သူများကတော့..ဘုရင်ကစလို့..သတ်မှတ်ထားတဲ့ဝတ်လုံ
သတ်မှတ်ထားတဲ့ခေါင်းပေါင်းကို ပေါင်းလို့သာလွတ်တော်တက်ခွင့်ရပါတယ်..
အဲဒီလိုလွတ်တော်တက်ကြတဲ့အခါ..အထူးသဖြင့် ခေါင်းပေါင်းကိုဂရုစိုက်ကြရပါတယ်
လွတ်တက်သူအမတ်မင်းများဟာ..ခေါင်းပေါင်းကို တည့်မတ်ညီညာစွာပေါင်းရ ဆောင်းရပါတယ်
အဲလိုမှမဟုတ် ခေါင်းပေါင်းစောင်းနေရင် ကျန်အမတ်များက..
“ မင်းကြီး ခေါင်းပေါင်းစောင်းနေပါလား..” လို့ပျက်ရယ်ပြုကြပါတယ် ။
“ မင်းကြီး ခေါင်းပေါင်းစောင်းနေပါလား..” လို့ပျက်ရယ်ပြုတာဟာအဓိပ္ပါယ်ရှိပါတယ်
အဂတိလိုက်စားတယ်ဆိုတဲ့သဘောမို့..အပြောခံရသူဟာအင်မတန်နာပါတယ်
ဒီခေတ်ကြီးမှာလည်း..တရားရုံးတရားသူကြီးမင်းများ ရှေ့နေများ
လွတ်တော်တက်တဲ့အမတ်မင်းများ ခေါင်းပေါင်းစလေးတွေတစ်လူလူ..တစ်လွင့်လွင့်
မြင်ကြမှာပါ ။
ဒီဆောင်းပါးလေးအစမှာ..ခ၀ါကောင်းလို့ခေါင်းပေါင်းဖြူ..လို့စခဲ့ပါတယ်
တစ်ချို့ခေါင်းပေါင်းစကြီးများဟာ..အခြေနေကပေးလို့ပေါင်းရပေမဲ့
ခေါင်းပေါင်းနဲ့မတန်သူများလည်းရှိတတ်ကြပါတယ်..
လူကြီးလူကောင်း မပီသ အပြောအဆိုမဆင်ကျင်တတ်ကြပါဘူးဗျာ
ဒီခေတ်ကြီးက..မီဒီယာအားကောင်းနေပီဆိုတာမေ့လျော့နေကြရော့လား ။
မြန်မာ့ဒီမိုကရေစီ အစိုးရနုနုလေးကို ပြည်သူကမေတ္တာသက်ဝင်စ ခုလိုအချိန်မျိုးမှာ
ခေါင်းပေါင်းစကြီးများ စကားပြောသတိထားသင့်လှပါတယ်..
ကိုယ့်စကား ကိုယ်တာဝန်ယူရမဲ့အချိန်...
ဒီနေ့ပြော..ဒီနေ့ပဲ..ဂျာနယ်စာမျက်နှာ..အွန်လိုင်းစာမျက်နှာများမှာ
ပွစလောင်းလန်တတ်တဲ့ ခေတ်ကာလပါ ။
“ လယ်သမားတွေ အစိုးရကြွေးဆပ်ဖို့ ထမင်းတစ်နပ်လျှော့စားကြ....” တဲ့
“ မြစ်ဆုံကိစ္စ ရပ်လိုက်တာ သမ္မတကြီးက သူ့သဘောနဲ့သူလုပ်တာ...” တဲ့
“ တရုပ်ကကျေးဇူးကြီးလှပါတယ်..သူ့ကိုလည်းကြောက်နေရပါတယ်..” တဲ့
“ လွတ်တော်ထဲလာထိုင်တဲ့လူတွေ ဘာပညာတတ်လို့လဲ..ထိုင်ဆိုထိုင် ထဆိုထ..” တဲ့
“ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးနေရာမပေးနိုင်..ဘယ်သင်ချိုင်းကုန်းသွားလုပ်လုပ်..” တဲ့
ဒါတွေဟာ ခေါင်းပေါင်းစကြီးတစ်ချို့ပြောခဲ့ဘူးတဲ့ စကားတစ်ချို့လေးပါ ။
စနစ်ပြောင်းပေမဲ့ လူမပြောင်းတော့ မာန်မာနတွေရှိနေသေးတယ်ထင်ပါတယ်
ထမင်းနှစ်နပ်စားတာတောင်..အဟာရမပြည့်ရှာတဲ့ လယ်သမားမိသားစုတွေ
ထမင်း တစ်နပ်ပဲစားပြီး ဘယ်လိုအင်နာဂျီနဲ့ လယ်လုပ်ကြရပါ့မလဲ.
ကိုယ့်ခေါင်းပေါင်းလည်း ကိုယ့်တည့်အောင်ဆောင်းကြပါ..
စကားလည်းဆင်ကျင်ပြောကြပါ..
အထိုင်မတတ်တော့ (...) သလို
အပြောမတတ်တော့ ဆဲသလို
ခ၀ါကောင်းလို့ဖြူနေတဲ့..ခေါင်းပေါင်းလေးလည်း ပြုတ်ကျနေပါအုန်းမယ်ဗျာတို့...။
တိုက်ပွဲပျော်မယ့် လယ်စောင့်တဲ
$
0
0
တိုက်ပွဲပျော်မယ့် လယ်စောင့်တဲ 
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး ။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာ တည် ။
ကြာနီတစ်ပွင့်ဖြူတစ်ပွင့်
တဲနဲ့ ပနံတင့် ။         ။
တွေရဲ့ အတွေးအမြင်တွေ ထဲမှာရော နှစ်ပေါင်းများစွာ နေရာယူထားခဲ့ တဲ့  ဘယ်တော့မှလည်း ပျောက်ကွယ်မသွားမယ့် ၊ အမြဲတမ်း လတ်ဆတ်နေမယ့်  ဆရာကြီးမင်းသုဝဏ် ရဲ့ ကဗျာတိုလေး တစ်ပုဒ်ပါ။
          ဒီကဗျာလေးကို သာမန် အတွေးသာမန် အမြင်နဲ့  ခံစားပြီး ဖတ်မယ်ဆိုရင်တော့ မိုးရေတွေအောက်က ကြာပွင့် တွေ ဝိုင်းနေတဲ့  ကွင်းပြင်ကျယ် ကြီးထဲက လယ်စောင့်တဲ  လေး ရဲ့ လှပကြည်နူးဖွယ် မြင်ကွင်း အကြောင်းကို အသံသာသာနဲ့  အနုပညာမြောက်စွာ သီကုံးထားတဲ့  ကဗျာ ပန်းကုံးလေး တစ်ကုံး မျှသာပါပဲ ။
ပြီးတော့  ကွင်းပြင်ကျယ် ကြီးဟာ ကျွန်တော်တို့ ကျင်လည်ကျက်စားရာ လူ့ လောကကြီးလို့  ထင်မှတ်လိုက်။
နောက်ပြီး လယ်စောင့်တဲလေး ဟာ ကျွန်တော်တို့ ပေါ့  လူသားပေါ့ ။
မိုးကုတ်စက်ဝိုင်း ကြီးကိုတော့ ကျွန်တော်တို့ ရဲ့ အသက်ရှင်ရပ်တည်နေတဲ့ သက်တမ်း ဆိုပါစို့  ။
ကြာနီကြာဖြူတွေကိုတော့ ကျွန်တော် ဒီလိုမြင်တယ်ဗျ။ မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ရည်းစား၊ ချစ်သူ၊ အိမ်ထောင်ဘက်၊ သားသမီး အစရှိသည်ဖြင့်ပေါ့ ဗျာ။
          တကယ်တမ်း ဒီစာမျက်နှာမှာ ကျွန်တော်ပြောဖို့ တွေးနေတာက ဓနုဖြူကျော်ထွန်း(ခ) ဆရာကြီး အီကြာကွေးရဲ့ တိုက်ပွဲပျော် ဆိုတဲ့ ကဗျာ လေးအကြောင်း ကိုပါ ၊ ဆရာကြီးရဲ့ ကဗျာ ကို ပြောဖို့  တွေးနေရင်းနဲ့ အတွးတွေ ဆက်စပ်ပြီး  အခုလို လယ်စောင့်တဲ လေးနဲ့  လေပြေ ခင်းလိုက်သလို ဖြစ်သွားရတာပါ။
တိုက်ပွဲပျော်
ပုခက်ထဲက
အူဝဲဟစ်ကာ
စစ်ကြေညာပြီး
လောကကြီး၏
ခါးသီးတွေ့ ကြုံ
အလုံးစုံကို
မဖြုံအံခဲ
ပွဲဆက်နွှဲရင်း
လူလဲ တော်တော်ကြီးခဲ့ ပေါ့  ။
ပုခက်ထဲကနေစလိုက်ပြီးသင်္ချိုင်းမှာ ဆုံးသွားတဲ့ တိုတောင်းတဲ့ သက်တမ်း တစ်ခုကို သက်သောင့်သက်သာ ဖြတ်သန်းရလိုက်တဲ့ သူဆိုလို့  အလွန်ပဲ ရှားပါး၊ နည်းပါးကြမှာပါ။
မိုက်လဲမိုက်လို့ 
တိုက်လဲတိုက်ခဲ့ 
ရှုံးလိုက်တာလဲ အသင်္ချေ ။
ပညာတတ်ဖြစ်ဖို့ ၊ ကြီးပွားဖို့ ၊ သြဇာအာဏာ ရဖို့ ၊ ချမ်းသာဖို့ ၊ ဂုဏ်သိက္ခာ ရှိဖို့ ၊  ကျော်ကြားဖို့  စတာတွေအပြင် စားဝတ်နေရေး  ဆိုတဲ့  အတ္တမျက်နှာဖုံး တွေစွပ်ရင်း  ဘဝရဲ့ လှေကား ထစ်တွေကို တက်တဲ့ အခါတိုင်းမှာ ခြေချော်လက်ချော် နဲ့  ချော်ကျ ခဲ့ ဖူးကြတာတွေကို ပြန်ပြီး မြင်ယောင် မိကြစေမှာပါ။
ရဲလဲရဲလို့ 
နွှဲလဲနွှဲခဲ့ 
တိုက်ပွဲတွေလဲ အနန္တ ။
စွန့် ဝံ့ သူသာ အောင်ကြောင်းဖြာ ဆိုတဲ့ စကားကိုလက်ကိုင်ထားပြီး ဘဝရဲ့ ပန်းတိုင်ကိုချီတက်တဲ့  အခါ တွေမှာ တွေ့ ကြုံ လာကြမယ့်  အကွေ့ အကောက်၊ အဖုအထစ်၊ အခက်အခဲဆိုတာ တွေအတွက် “မုဆိုးခြေထောက်ဆူးမကြောက်” ဆိုတဲ့  စကားကို သတိရလိုက်မိစေပါတယ်။
ဒီလိုပဲပေါ့ 
တိုက်ပွဲဆိုတာ
သာချင်သာမယ်
တိုက်ပွဲဆိုတာ
နာချင်နာမယ်
ဘယ်မှာခန့် မှန်းသိနိုင်မလဲ ။
အောင်မြင်မလား၊ ရှုံးနိမ့် မလား၊ ဆိုတာတွေဟာ ဗေဒင်ဆရာတိုက်တဲ့  ဗီတာဇုံအားဆေးနဲ့  အသက်ဆက် ရှူနေကြရတဲ့ ဘဝတွေ ဆိုတော့ မရေရာမသေချာတဲ့  စမ်းတဝါးဝါး အဖြစ်တွေပါပဲ။ အလံထူနိုင်ခဲ့ သလို၊ အလံလှဲချ အရှုံး ရတဲ့  အခါမျိုးတွေလဲ ရှိကြမယ်ဆိုတာကို အသိဝင်လာစေပါတယ်။
နာနာသာသာ
ဘာမှမဖြုံ
စိတ်လုံခြုံရင်
အကုန်မလန့် ဖျပ်ပါဘူး ၊
အကုန်မရပ်တန့် ပါဘူး ။
အဟန့် အတား
ဆူးတွေထားမလား
ယောင်္ကျားဟေ့ နော်
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်းတက်မှာပဲ ။          ။
တွေးမိနေတာလေးတွေကို အခြေအနေပေးရင် နောက်ထပ်ပြောပြချင်ပါသေးတယ်ခင်ဗျားး
ကညွတ်နွယ်
မိန်းကလေးစိတ်
$
0
0
တစ်ခါက သိပ်လှတဲ့မိဖုရားလေးတစ်ပါးဟာသူ့ချစ်သူကိုမေးတယ်...ကိုဘာလို့ ချစ်ကိုချစ်တာလည်းတဲ့ သူကပြောတယ် မင်းသမီးကသိပ်လှတယ်တဲ့...နောက်တော့ မိဖုရားရဲ့ချစ်သူကို ရှင်ဘုရင်ကဖမ်းသွားတယ်...အဲနောက်တော့ သူကိုနှစ်အကြာကြီးထောင်ချခဲ့တယ်...သူထောင်ထဲမှာ နေခဲ့ပေမယ့်တစ်ရက်မှမင်းသမီးကိုမမေ့ခဲ့ဘူး...မင်းသမီးနဲ့အတူတူနေခဲ့တဲ့ရက်တွေကိုသတိရနေတယ်...မင်းသမီးဟာ သိပ်လှတယ်ဆိုတာပဲသူသတိရနေခဲ့တယ်...သူပြန်လွတ်လာတော့ သူမကိုမျှော်နေခဲ့တယ်...သူမရောက်မလာခဲ့ဖူး...သတင်းလည်းမလာ...လူကြုံလည်းမပါးနဲ့ အသက်ဘေးနဲ့ယှဉ်ချစ်ခဲ့တာတောင် ဆိုတဲ့စိတ်နဲ့ သူမကိုသူသိပ်နာကျည်းခဲ့တယ်...
ဒီလိုနဲ့သက္ကရာဇ်တွေပြောင်းသွားတယ်...မိန်းကလေးတစ်ယောက်ဟာ (၁)နှစ်မှာတစ်ခါလောက်ထူးဆန်းတဲ့အိပ်မက်တွေကိုမက်တက်တယ်...လူတစ်ယောက်နဲ့ မျက်နှာမှာကျောက်ပေါက်မာတွေနဲ့လူက သူမကိုဘီလူးတွင်းထဲခေါ်သွားခဲ့တယ်တဲ့...အိပ်မက်ထဲမှာလေ အိမ်သာထဲမှာသူမမမြင်ဘူးတဲ့ယောင်္ကျားက သူမကိုပြောတယ် မင်းသွားချင်ရင်သွားလို့ရတယ်...သူမဟာ အိမ်သာတံခါးရဲ့အပြင်ကိုကြည့်လိုက်တော့ အလောင်းတွေအထပ်လိုက်စုပုံပြီး တွေ့သမျှလူတွေတိုင်းကို လိုက်သတ်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်တယ်...ငါသွားလို့မရဘူး...အဲလိုတွေးရင်းသူမနိုးသွားတယ်.
နောက်(၁)နှစ်မှာအိပ်မက်မက်တယ်...အလုံပိတ်ထားတဲ့ သစ်ကနက်ဘုရားတွေပဲရှိတဲ့ ကျောက်ဂူကြီးထဲမှာ
မြွေမင်းကြီးက ကျွန်းသေးသေးလေးကမင်းရဲ့နှမတော်သူ့ဇနီးကိုပြောတယ်...မင်းသွားချင်ရင်သွားလို့ရတယ် ဒါပေမယ့်မင်းရုပ်ကိုတော့ မောင်တော့်ဆီမှာထားခဲ့ရမယ်...သူမဂူအပြင်ကိုထွက်ခဲ့တယ်...ဒီလိုနဲ့ တစ်ခါတစ်လေ အိမ်သာတစ်ခုထဲမှာနေတဲ့ကောင်လေးကိုသူမမကြာမကြာအိပ်မက်မက်တယ်...တစ်နေ့
တော့ သူမဟာ အိပ်မက်ထပ်မက်တယ် ခြင်ထောင်အလုံးပေါင်းများစွာ၊သူမတွေးနေတာတော့ခြောက်ခြား
စရာကြီးသူဟာသူမကိုခြင်ထောင်တွေကိုပါတ်ခေါ်ပြီးပြတယ်...ထပ်ပြောတယ်ငါဟာမင်ကိုငါ့အကိုတွေလိုမတုပ်နှောင်ဘူး...မင်းသွားချင်ရင်သွားလို့ရတယ်...သူမအပြင်ကိုထွက်ကြည့်လိုက်တယ်...ကြောက်မက်ဖွယ် ရာ ဘီလူးကြီးမှအကြီးကြီးပဲ...သူ့ဆီကလွတ်ပြန်ရင်လည်း ငါရွာထဲရောက်အုန်းမယ်...နောက်တော့ သူမအိပ်ယာကနိုးသွားတယ်...
                          တစ်နေ့ကောင်မလေးဟာ ဘုရားသွားတယ်...အဲဒီမှာ သူမကို ဘီလူးတွင်းထဲခေါ်သွားပြီးသားကိုထားခဲ့ခိုင်းတဲ့သူကိုတွေ့တယ်...အဲဒီနောက်သူမအပြင်းအထန်နေမကောင်းဖြစ်ခဲ့တယ်...ဒီလိုနဲ့ညတိုင်းသူမသူ့ကိုအိပ်မက်မက်ခဲ့တယ်...တစ်နေ့ သူမစတိတ်ရှိုးသွားခဲ့တယ် လူတစ်ယောက်ကိုတွေ့တယ်...နောက်(၃)ရက်မြောက်ညမှာသူမဘ၀ရဲ့ကမ္ဘာပျက်မတက်ညကိုအိပ်မက်မက်ခဲ့တယ်...နောက်တစ်နေ့သူမဈေးဝယ်ထွက်ခဲ့တယ်...သူမသူ့ကိုတွေ့ခဲ့တယ်...သွေးပျက်လောက်စရာထိတ်လန့်မှုတွေနဲ့...သူမသိပ်ခြောက်ခြားခဲ့တယ်...အဖန်ဖန်ကြားနေတဲ့စကားတစ်ခွန်းသူကမောင့်အတွက်ကလေးလေးမွေးပေးခဲ့ပြီးပြီမင်းရောမမွေးပေးဘူးလား...တကယ်လို့မင်းသာမောင့်ကိုကလေးလေးမွေးပေးရင်ဒီနယ်ကိုမင်းကိုပေးမယ်လေ...စူးရှရှရေမွေးနံ့...မှားနေပြီငါကမင်းအဖေမိန်းမလေလို့အဲလိုပြောရင်းငါလန့်နိုးခဲ့ဖူးတဲ့ညတွေမရေတွက်နိုင်အောင်...ငါမင်းကိုသိပ်မှတ်မိနေတယ်လေ...စိတ်ညစ်ညူးစွာနဲ့ ငါ့ဘ၀ကိုဖျက်သွားတဲ့မင်းကဆူးပေါ်ဖက်ကျတာမှမဟုတ်ပဲအော်နေစရာလားဆိုတဲ့စကားကိုငါအရင်လိုပြန် ပြောဖြစ်မယ်နဲ့တူတယ်...ထပ်ပြောလိုက်ဦးမယ်မိန်းမတစ်ယောက်တပ်မက်တာရုပ်ရည်လည်းမဟုတ်ဘူး...Sexလည်းမဟုတ်ဘူး...စည်းစိမ်လည်းမဟုတ်ဘူး...ဘာလိုအပ်တာလည်းသိလား...ရှင့်လိုယောင်္ကျားဘယ်တော့မှမြင်နိုင်မှာမဟုတ်ဘူး...တကယ်ပါဘ၀မှာဝဋ်ကြွေးပါလာရုံသက်သက်ထက်ကျွန်မရှင့်ကိုမပိုဘူး...ဘာလို့လည်းဆိုတော့ကျွန်မရှင့်ရဲ့နှိပ်စက်မှုတွေနဲ့ကျင့်သားရလာတဲ့အခါရှင်ကအစ်ကို့ကိုလုံးဝမမှီဘူး... အခုကျွန်မသိပြီကျွန်မ၇ှင့်ကိုလုံးဝမချစ်ဘူး...ကိုယ်မှတ်ထားလိုက်တယ် နောက်ခါအဲလိုအိပ်မက်မျိုးမက်ရင် ရန်သူလွတ်တဲ့နေရာထိရှင်လိုက်ပို့ရမယ်လို့...အဲဒီအတွက်အခုလိုဝေးကွာသွားတဲ့ရေစက်တွေအတွက် ကျွန်မစိတ်ရင်းနဲ့ဝမ်းသာတယ်...တကယ်လို့ကျွန်မရဲ့လိပ်ပြာရှင်ဆီကလွတ်မြောက်ခွင့်ရရင်ပေါ့...ကျွန်မ ဘုရားရှင်ကို ကျေးဇူးတင်နေမှာပါ...
                                                    Magic Rose                        
(၆၆)နှစ်မြောက်ပြည်ထောင်စုအခမ်းအနားနှင့်(၉၈)မြောက်ဗိုလ်ချုပ်မွေးနေ့ကဗျာ၊ဆောင်းပါးများစုစည်းမူဖိတ်ခေါ်ခြင်း
$
0
0
မင်္ဂလာပါရှင်
ရွှေမြို့တော်မြို့တော်သူ၊မြို့တော်သားသူငယ်ချင်းများ
ဖေဖေါ်ဝါရီ(၁၂)မှာကျရောက်မယ့်
(၆၆)နှစ်မြောက်ပြည်ထောင်စုနေ့
ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။
ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီ ရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။
မမေ့လျော့အပ်သောပြည်ထောင်စုနေ့လေးအတွက်ကဗျာလေးတွေဆောင်းပါးလေးတွေ ကို စုပေါင်းပြီး ပိုစ်လေး တင်ဖို့ ရည် ရွယ်ထားပါတယ် ရှင်
ဖေဖေါ်ဝါရီ(၁၃)မှာကျရောက်မယ့်
ဗိုလ်ချူပ်မွေးနေ့(၉၈)နှစ်ပြည့်မွေးနေ့
သူသာရှိနေရင် ဒို့တွေ ဒီလိုမနေရဘူး
ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ... ဗိုလ်ချုပ်မွေးနေ့ ပါ...
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ... ရှေ့နေဦးဖာ သား...
ဇာတိနတ်မောက် မကွေးခရိုင် ... သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား ... မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန် ... ပြောင်းကြွတမလွန်...
မျက်ရည်သွန်လို့ ဘ၀င်ညှိုး ... ဇူလိုင် တစ်ဆယ့်ကိုး...
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ... ဗိုလ်ချုပ် ဒို့ဖခင်...
ကောင်းစေချင်တဲ့ အမှာစကား ...ငါတို့ မမေ့အား.....။
မမေ့သင့်မမေ့အပ်တဲ့ဒီနှစ်ရက်ကိုလေးစားတဲ့အနေနဲ့ဂုဏ်ပြုလိုက်ကြရအောင်
ရွှေမြို့တော်သူ ၊ ရွှေမြို့တော်သား များအနေဖြင့်
ကဗျာအားသန်ကဗျာ
ဆောင်းပါးအားသန်ဆောင်းပါး
ကဗျာများကိုကဗျာတင်တဲ့နေရာမှာပဲတင်ပေးပါရှင်(ကဗျာတင်ရန်)
ဆောင်းပါးများကတော့ဘလော့နေရာမှာတင်နိုင်ပါတယ်(ဘလော့တင်ရန်)
ပြည်ထောင်စုနေ့အတွက်ဆိုပြည်ထောင်စုနေ့လိုတပ်ပေးကြပါ
ဗိုလ်ချုပ်မွေးနေ့ဆိုဗိုလ်ချုပ်မွေးနေ့လိုတပ်ပေးကြပါ
ပြိုင်ပွဲမဟုတ်ပါ
အားလုံးကို ပါဝင်ကြဖို့လေးစားစွာ တောင်းဆိုပါတယ် ရှင် ။
အက်မင်အဖွဲ့ကိုယ်စား
ရှင်းသန့်မေ
@@@@@ အိုပြီကွ @@@@@ ( ဟာသ )
$
0
0
သူငယ်ချင်းတို့ရေ ကိုယ်ကြားဖူးသောဟာသလေးတစ်ခုကို ပျော်ရွှင်စေလိုသောဆန္ဒဖြင့် ဝေမျှလိုက်ပါတယ်။
တချိန်က ရွာတစ်ရွာမှာ အလွန်မာနကြီးပြီး အများနဲ့ပေါင်းလို့သင်းလို့ မရတဲ့ သူဌေးတစ်ဦးရှိတယ်။ တစ်နေ့
မှာတော့ အခြားရွာတစ်ရွာက ထူးခြားပြီး လူအများက မချီးမွမ်းပဲ မနေနိုင်အောင် စကားအရာမှာအလွန်ကြွယ်ဝပြီး
အရောင်အသွေးစုံစုံလင်လင်နဲ့ လှပတဲ့ကြက်တူရွေးတစ်ကောင်ရဲ့ သီတင်းကို သူဌေးကြီးကကြားသွားတယ်။သူလည်း
အတော်စိတ်ဝင်စားပြီး စူးစမ်းလေ့လာချင်လာတာပေါ့။ဒါပေမဲ့ သူ့ရဲ့ မာနကြီးတဲ့စိတ်ရှိတဲ့သဘာဝ အတိုင်း တိရိစ္ဆာန် တ
ကောင်ကို ငါကဘာကြောင့် သွားကြည့်ရမှာလည်း မကြည့်ဘူးဟုဆုံးဖြတ်ထားတာပေါ့။
ဒီလိုနဲ့ အချိန် (၂ ) နှစ်ကြာသွားတယ်။ဒါပေမဲ့လည်း ကြက်တူရွေးလေးရဲ့ စကားပြောကြွယ်ဝမှူ ကတော့ မှေးမှိန်
မသွားဘူးလေ။သူဌေးကြီးလည်းအကြောင်း ကိစ္စတစ်ခုနဲ့ ကြက်တူရွေးရှိတဲ့အိမ်ကိုရောက်သွားတယ်။ ရောက်ရောက်
ချင်းသူဌေးကြီးကစဉ်းစားတယ်။ငါတကူးတက လာကြည့်တာမဟုတ်ဘူး လမ်းကြုံလို့ကြည့်တာပဲ ငါသိက္ခာ ကျစရာမရှိ
ဘူးပေါ့ဆိုပြီး ကြက်တူရွေးနေတဲ့နေရာကိုသွားကြည့်တာပေါ့ ။ကြည့်ရင်းဘာပြောလည်းဆိုတော့ ဟင်းလူတွေက
လည်းကြီးကျယ်လိုက်တာလွန်ရော။သူတို့ပြောတော့ လှမှလှ စကားကလည်းတတ်လိုက်တာလည်းအံ့အောလောက်
တယ်ပြောကြတယ်။ခုကြည့်ပါအုံး သူတို့ပြောတဲ့အကောင်က အမွှေးအမြှင်ကမရှိ တောင်တစ်ချောင်း မြောက်တစ်
ချောင်း စကားမပြောဘာမပြောနဲ့တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲလို့ပြောပြီးလှည့်ထွက်မယ်အလုပ် စိတ်ညစ်နေ
တဲ့ကြက်တူရွေးကဘာပြောလိုက်လဲဆိုတော့ ဟေ့ဒီမှာ မင်းအမေ့လင် ငါကအိုပြီကွ-------ရီး တဲ့လေ။
သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ပါစေ။
       ဒီဘလော့လေးကို ကျွှန်တော် အခြားဆိုဒ် တစ်ခုမှာတင်ဖူးပါတယ်။ သူငယ်ချင်းတို့  အားလုံးကို ပျော်ရွှင်စေလိုသော
 ဆန္ဒဖြင့် ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်နော်။
             ကိုငွေစိုး ( ဟင်္သာတ )
ညီညွတ် ကြစို့
$
0
0
သူငယ်ချင်း ဘော်ဒါ မိတ်ဆွေ ပေါင်းသင်း နွေးထွေးစွာဖြင့် ကူညီရိုင်းပင်း ပံ့ပိုးခြင်း   ကိုဘယ်သောအခါမှစည်းလုံး မပျက် လက်တွဲခဲ့သော် မပျောက်ရည်ရွယ် မကွေ့ မကောက် ဖြောင့်ဖြောင့် တန်းတန်း    ရည်မှန်းပန်းတိုင်  ရောက်ကြစေရန်  မိတ်ဆွေပေါင်းသင်းစုံညီစွာဖြင့်  လက်တွဲညီညာလျောက်လှမ်းပါက   အဘယ်သို့ ပန်းတိုင်  အောင်မြင်ခြင်းနှင့်  လွဲပါအံ့နည်း.....။                                             ခေတ္တ.........ထိုင်း........။
မထင်မိဘူးးးးးးးး
$
0
0
တိမ်တွေလိုမျော်လွင့်နေတဲ့ငါ့စိတ်တွေကို
အက်တမ်တွေလိုချိတ်ဆက်နိုင်တဲ့နင်
lonelyလိုအထီးကျန်တဲ့ငါ့ဘဝထဲကို
happinessတွေယူဆောင်လာသူ
ဖယောင်းမီးလိုမှေးမှိန်တဲ့ငါ့ဘဝကို
နေမင်းလိုတောက်ပစေသူ
ငါမှားပါတယ်ဟာငါနောင်တမရပါဘူး
ငါမသိလိုက်တာက
အက်တမ်တွေဟာလည်းပြိုကွဲနိုင်တယ်
ပျော်ရွှင်စရာဆိုတာလည်းပျောက်ဆုံးနိုင်တယ်
နေမင်းကြီးမှာလည်းနေဝင်ချိန်အလင်းရောင်ဖျော့ချိန်ဆိုတာရှိတယ်ဆိုတာ
ငါမသိခဲ့ဘူးအဲ့လိုလည်းငါတခါမှမတွေးခဲ့မိတာငါ့အမှားပေါ့ဟာာာာာာာာာာာ
ပြည်ထောင်စုနေ့
$
0
0
   ပြည်ထောင်စုနေ့… တိုင်းရင်းသား ညီအကိုမောင်နှမများ ဆင်းရဲချမ်းသာအတူ ၊ နေပူမိုးရွာအတူ ၊ မရှိအတူရှိအတူ
လက်တွဲချီတက်ရန် အဓိဌာန်ပြုသောနေ့ ဖြစ်ပါသည်။ လွတ်လပ်ရေးအတွက် အုတ်မြစ်ချရာနေ့ ဖြစ်ပါသည်။
နယ်ချဲ့များက အမျိုးမျိုးသွေးထိုး သွေးကွဲအောင်လုပ်ခြင်းကို တွန်းလှန်၍
စည်းလုံးညီညာခြင်းကို ပြသောနေ့တစ်နေ့ဖြစ်ပါသည်။
             ကျွန်မတို့၏လွတ်လပ်ရေး ဖခင်ကြီး ၊ ပြည်ထောင်စုသားတို့၏ဖခင်ကြီး 
ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ပြည်နယ် ၊ ပြည်မ ၊ တောင်တန်းတို့မှ တိုင်းရင်းသား ခေါင်းဆောင်(၂၂ )ဦးတို့
လွတ်လပ်ရေး ဗိမ္မာန်အတွက် အုတ်မြစ်ခိုင်ခိုင်ချနိုင်အောင် ချူပ်ဆိုသော “ ပင်လုံစာချူပ် ”
လက်မှတ်ရေးထိုးသောနေ့အား (၁၉၄၇)ခု ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့ ပင်ဖြစ်ပါသည်။
အမျိုးအနွယ် ကိုးကွယ်သည့်ဘာသာ ၊ ပြောဆိုသည့်ဘာသာ စကားတို့မတူပေမဲ့ သွေးစည်းမှုကို
အင်အားပြခဲ့တာကတော့ ဖေဖေါ်ဝါရီ(၁၂)ရက် ပြည်ထောင်စုနေ့ပင် ဖြစ်ပါတော့သည်။ ကျွန်မတို့ တိုင်းပြည်မှာ
လူမျိုးပေါင်း ရာကျော်ရှိပေမဲ့ ကျွန်မတို့မြေ ကျွန်မတို့နိုင်ငံ ကျွန်မတို့လူမျိုးတွေရဲ့ စည်းလုံးမှု ၊ ညီညွတ်မှု ၊
တစ်စိတ်တည်း ၊ တစ်ဝမ်းတည်း ရှိပါသည်ဟု ဖော်ဆောင်သောနေ့ ဖြစ်ပါသည်။ ကမ္ဘာပြက္ခဒိန်တွင် ဖေဖေါ်ဝါရီလ
(၁၂) ရက်နေ့သည် သမရိုးကျ နေ့တစ်နေ့ဖြစ်ပေမဲ့ မြန်မာပြက္ခဒိန်တွင်တော့ နံပါတ်တစ် အရေးကြီးသောနေ့
တစ်နေ့ဖြစ်ပါသည်။ ပြည်ထောင်စုကြီး မပြိုကွဲအောင် အမြဲသတိပေးသောနေ့ တစ်နေ့ဖြစ်ပါသည်။
            ပြည်ထောင်စုနေ့ နှင့်ပတ်သတ်ရာ အမှတ်တရတစ်ခု ကိုစာရှုသူတို့အား ကျွန်မပြောပြချင်ပါသည်။
ကျွန်မတို့ငယ်ငယ်တုန်းက ရန်ကုန်မြို့မှာ ပြည်ထောင်စုနေ့ ရောက်ခါနီး ပြည်ထောင်စုလှေကြီး ရှိပါသည်။
ရန်ကုန်မြို့ရှိ အရှေ့ပိုင်းခရိုင် ၊ အနောက်ပိုင်းခရိုင် ၊ တောင်ပိုင်းခရိုင် ၊ မြောက်ပိုင်းခရိုင်
တို့တွင်လှည့်လည်၍ ပြည်ထောင်စုအလံနှင့် အတူဖျော်ဖြေဧည့်ခံပါသည်။
ကျွန်မသည်လည်း ပြည်ထောင်စုလှေထဲတွင် တိုင်းရင်းသူတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့ပါသည်။ ကျောင်းတွင် ဆရာမက
လူရွေး၍ခေါ်တော့ ကျွန်မပါဝင်ခွင့် ရပါသည်။ ပျော်လိုက်သည့်ဖြစ်ချင်…. ၊ ကျောင်းပေါင်းစုံမှ
ညီအကိုမောင်နှမများ ပြည်ထောင်စု လှေပေါ်တွင် တွေ့ရပါသည်။ ပြည်ထောင်စု လှေသွားရာလမ်းတလျှောက်
လမ်းပေါ်မှပရိတ်သတ်များကို နှုတ်ဆက်ရသလို လမ်းပေါ်မှပရိတ်သတ်များကလည်း
အားပါးတရ နှုတ်ဆက်ကြပါသည်။ ပျော်ရွှင်စရာ ကောင်းလှပါသည်။ တစ်ဦးနှင့်တစ်ဦး မမြင်ဘူးပေမဲ့
ချစ်ချစ်ခင်ခင် ဖြစ်သောအပြုံး ၊ ရိုးသားသန့်ရှင်းသော မျက်နှာများဖြင့် ဆုံတွေ့ခွင့်ရသော နေ့များကိုယ္ခုတိုင်
ကျွန်မမမေ့နိုင်သော အမှတ်တရတစ်ခုဖြစ်ပါသည်။ ပြည်ထောင်စုလှေပေါ်တွင် စည်းလုံးညီညွတ်မှုကို
သရုပ်ဖေါ်ခွင့်ရသည်ကို ဒီလောက်ပျော်သည်ဟု ထင်ရလျှင် တစ်နိုင်ငံလုံးက မောင်နှမများနှင့် တွေ့ခွင့်ရလျှင်
မည်မျှစိတ်ချမ်းသာမည်ဆိုသည်မှာ မှန်းဆ၍မရလောက်အောင် ဖြစ်ပါသည်။ ကျွန်မတိုင်းပြည်ကို ကျွန်မချစ်ပါသည်။
ကျွန်မလူမျိုး ကျွန်မချစ်ပါသည်။ ကျွန်မနိုင်ငံကို ချစ်မြတ်နိုးတန်ဖိုးထားခြင်းသည်
ငယ်ငယ်တုန်းက ပြည်ထောင်စုလှေကြီးထဲ တွင်ပါဝင်ခွင့်ရသည့် ပီတိမှတစ်ဆင့် ယ္ခုထက်တိုင် မမေ့နိုင်သော
အမှတ်တရ တစ်ခုဖြစ်ပါသည်။ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို ပြသသည့်
အနေဖြင့် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုလှေကြီး ပေါ်တွင်တိုင်းရင်းသား လူမျိုးတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့သော
ဟို…… ငယ်ငယ်တုန်းက ပြည်ထောင်စုနေ့ အမှတ်တရလေးတစ်ခုကို ကျွန်မယနေ့တိုင် သတိရနေပါတော့သည်။
ကမ္ဘာတည်သရွှေ့ ပြည်ထောင်စုနေ့ကြီး တည်တံအောင် ပြည်ထောင်စုတိုင်းရင်းသား တစ်ဦးဖြစ်သည့်
ကျွန်မမှာတာဝန်ရှိသည်ကို ကျွန်မသိနေပါတော့သည်။ ပြည်ထောင်စုနေ့ အမှတ်တရများဖြင့်
ကျွန်မတို့၏ ပြည်ထောင်စုနေ့ကို ထာဝရကြိုဆိုနေပါတော့မည်။
ဗိုလ်ချုပ်အောင်ဆန်း
အမှုးပြုလို့
ပြည်မ ၊ ပြည်နယ်
တောင်တန်းမကျန်
ပြည်ထောင်စုသား
သွေးစည်းညီကာ
ပင်လုံစာချူပ်
ရေးထိုးချူပ်ခဲ့တယ်…..။
မမေ့နိုင်သော
ထိုနေ့လေးကို
၁၉၄၇ခုနှစ်
ဖေဖေါ်ဝါရီ
ဆယ့်နှစ်ရက်လို့
ကဗ္ပည်းမော်ကွန်း
ထိုးခဲ့တယ်………။
ညီညွတ်မှုကို
ဖော်ဆောင်ပါလို့
ပြည်ထောင်စုနေ့
သတ်မှတ်ခဲ့တယ်……။
ငါတို့လူမျိုး
မပျက်စီးဖို့
ပြည်ထောင်စုသား
တာဝန်ကွယ်
ပြည်ထောင်စုကို
မပြိုကွဲဖို့
အမှတ်တရ
အမြဲရှိမယ်
ဒါငါတို့…ပြည်
ဒါငါတို့…မြေ
ဒါငါတို့ရဲ့ပြည်ထောင်စု……..မြေ။
ဒဂုံတာရာ၊ဒဂုံရွှေမျှား တို့၏ စာအုပ်များ ဒေါင်းယူရန်
$
0
0
ဒဂုံတာရာ၊ဒဂုံရွှေမျှား ၊ဒဂုံခင်ခင်လေးတို့၏ စာအုပ်များကို စာအုပ်ချစ်သူများးအတွက် စုစည်း တင်ပြပေးထားပါတယ်ရှင်။
ဒေါင်းယူရန်ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါတယ်
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
ဒီမှာ ဒေါင်းယူပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါတယ်
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဤစာအုပ်များကို မူရင်းတင်ပေးခဲ့သော မြန်မာစာအုပ်များမှ ကာယကံရှင်ထံ ခွင့်တောင်းကာစုစည်းတင်ပြပေးလိုက်ရပါတယ်ရှင်။
စာရေးဆရာများ၏ နာမည်များနှင့် စုစည်းကာ ဖော်ပြပေးသွားပါမည်။ လိုအပ်သည့် စာအုပ်များအလိုရှိပါက ကွန်မန့်ဘောက်စ်လေးမှာ ပြောကြားသွားနိုင်ပါတယ်ရှင်။
စာအုပ်လေးများအတွက် ကျေးဇူးတင်ပါသည် ဆိုလျှင်ဖြစ်  ကျေးဇူးတင်ထိုက်သူမှာ ယခု တင်ပေးသူ မေသဇင်မဟုတ်ပါဘူး။ စာအုပ်များကို ရှာဖွေကာ အပင်ပမ်းခံပြီး စေတနာအပြည့်ဖြစ် တင်ပေးခဲ့သည့် မြန်မာစာအုပ်များကို ကျေးဇူးတင်ကြပါရှင်။
မြန်မာစာအုပ်များသို့  ကျေးဇူးတင်စကားပြောရန် သူ၏ facebook အကောင့်
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
ဗယ်လင်တိုင်းဒေး(Valentine day)
$
0
0
February 14ရက်နေ့ဟာချစ်သူများနေ့ဆိုတဲ့ဗယ်လင်တိုင်းဒေးပါ  အဲဒီနေ့မှာချစ်သူတွေ မောင်နှမတွေ သားအမိတွေ သားအဖတွေ မိသားစုဝင်တွေဟာ သူတို့ချစ်တဲ့သူတွေကို ချစ်ခြင်းအထိမ်းမှတ်အနေနဲ့လက်ဆောင်တွေပေးကြလေ့ရှိတယ် ကျွန်တော်ကတော့သူငယ်ချင်းတွေကိုကြီးကြီးမားမားလက်ဆောင်တွေမပေးနိုင်တော့ လောလောဆယ်ဆယ် အဲဒီဗင်လယ်တိုင်းဒေးနေ့ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာလေးကိုလက်ဆောင်အနေနဲ့ပြောပြချင်ပါတယ် သူငယ်ချင်းတို့သိပြီးသားလဲဖြစ်ချင်ဖြစ်နေမှာပါနော်
တကယ်တော့ဗယ်လင်တိုင်းဒေးဆိုတာ သူတော်စင်ဘုန်းကြီးတစ်ပါးရဲ့နာမည်ပါ  ပြောရရင်တော့ဘီစီ (၄) ရာစုရဲ့အစောပိုင်းကာလတွေတုန်းက
ရောမမှာ လူပါးကာလီ ဆိုတဲ့နွေဦးပွဲတော်ကိုဖေဖော်ဝါရီ15ရက်နေ့တိုင်းကျင်းပလေ့ရှိတယ် အဲဒီပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ တိုင်းသူပြည်သားတွေများပြားပြီးတိုင်းပြည်စည်ပင်လာဖို့အတွက်အမျိုးသမီးတွေပဋိသန္ဒေအောင်ဖို့အတွက်ပဲ၊ပွဲတော်ကျင်းပပုံက
ဆယ်ကျော်သက်မိန်းမပျိုရဲ့နာမည်တွေကိုရေးထားတဲ့မဲလိပ်တွေကိုအမျိုးသားတွေကမဲနှိုက်ရတယ်၊
အဲဒီယောက်ျားကကိုယ်မဲပေါက်တဲ့မိန်းကလေးကိုတစ်နှစ်တာပေါင်းသင်းခွင့်ရပြီးနောက်တစ်နှစ်ထပ်မဲနှိုက်ရပြန်တယ်
အဲဒီလိုအမျိုးသမီးတွေအပေါ်ရက်စက်တဲ့အလေ့အထကြောင့်ဘုရားကျောင်းကဘုန်းကြီးတွေဟာဒီအလေ့အထကိုအဆုံးသတ်ဖို့နည်းလမ်းရှာလာကြတယ်
ပြောရရင်အဲဒီအလေ့အထကရောမမှာနှစ်ပေါင်း(၈၀၀)တောင်ကျော်လာခဲ့ပြီလေဒါနဲ့ပုတ်ရဟန်းမင်းကြီး ဂလက်ဆီးယက်စ် ကမဲလိပ်တွေထဲမှာ
အမျိုးသမီးတွေရဲ့နာမည်အစားသူတော်စင်တွေရဲ့နာမည်ကိုရေးပြီးအမျိုးသမီးရောအမျိုးသားပါမဲနှိုက်စေတယ်၊မဲပေါက်တဲ့သူကိုပေါက်မဲထဲက
သူတော်စင်အတိုင်းတစ်နှစ်ပတ်လုံးကျင့်ကြံနေထိုင်စေတယ်၊ဒါပေမယ့်ဒီလိုပြောင်းလဲလိုက်တာကိုအမျိုးသားတွေကမကျေနပ်ကြဘူး၊မကြိုက်ကြဘူး
သူတို့အတွက်ခွင်ပိတ်သွားလို့နဲ့တူပါတယ်  နောက်ပိုင်းမှာတော့Luqercusနတ်ဖုရားကိုပူဇော်ကျင်းပနေတဲ့ပွဲတော်အတွက်တစ်ယောက်ယောက်ကို
နာယကထားပြီးဦးဆောင်စေပါတယ်၊အဲဒီမှာဦးဆောင်ရတဲ့သူကဘုန်းတော်ကြီးဗယ်လင်တိုင်းပေါ့ အဲဒီအချိန်မှာ အေဒီ(၂၇၀)လောက်ကိုရောက်နေပြီလေ ဧကရာဇ်ကလော့ဒီးယပ်စ်အုပ်စိုးနေတဲ့အချိန်ပေါ့၊ကလော့ဒီးယပ်စ်ကလူတွေကိုလက်ထပ်ဖို့တားမြစ်တယ်၊ဘာကြောင့်လဲဆိုတော့စစ်သားတွေ
ဟာစစ်ထွက်ရင်မိသားစုကိုနောက်ဆံတင်းနေမှာဆိုလို့တဲ့၊နောက်ဆံတင်းနေရင်စစ်သားကောင်းတွေဖြစ်မလာနိုင်ဘူးလို့လည်းသူကယုံကြည်တယ်
အဲလိုဥပဒေကြောင့်ပေါင်းဖက်ခွင့်မရတဲ့ချစ်သူစုံတွဲတွေကိုဘုန်းတော်ကြီးဗယ်လင်တိုင်းကလျှို့ဝှက်တဲ့နေရာမှာတွေ့ဆုံပြီးလက်ထပ်ပေးတယ်
ချစ်သူတွေအတွက်မိတ်ဆွေကောင်းဖြစ်လာတဲ့သူ့အကြောင်းကို ဧကရာဇ်ကသိသွားတဲ့အခါသတ်မိန့်နဲ့အကျဉ်းချထားလိုက်တော့တယ်
ထောင်ထဲမှာသေဖို့စောင့်နေရတဲ့ဗယ်လင်တိုင်းဟာထောင်မှူးကြီင်္းသမီးမျက်မမြင်ကောင်မလေးနဲ့ချစ်မိကြပြန်တယ်၊
ဗယ်လင်တိုင်းကိုခင်မင်တဲ့ထောင်မှူးကသူ့အတွက်စားစရာနဲ့သတင်းတွေယူလာပေးသလိုသမီးဖြစ်သူရဲ့မျက်လုံးကိုကုသပေးဖို့တောင်းဆိုတယ်
ကုသပေးလိုက်လို့ကောင်မလေးမျက်လုံးပြန်မြင်သွားတဲ့အခါဗယ်လင်တိုင်းကအဲဒီသားအဖကိုခရစ်ယာန်ဘာသာထဲကူးပြောင်းပို့လိုက်တယ်လေ
အဲဒီအချိန်မှာဧကရာဇ်ကဗယ်လင်တိုင်းကိုအခွင့်အရေးတစ်ခုထပ်ပေးလာပြန်တယ်၊လက်ထပ်တာနောက်ထပ်လုပ်မပေးရင်အပြစ်ကလျှော့ပေါ့ပေးမယ်ပေါ့၊
ဒါပေမယ့်ဗယ်လင်တိုင်းကလက်မခံပဲဧကရာဇ်ကိုပါသိမ်းသွင်းမိလို့ဧကရာဇ်ကအဆုံးစီရင်ဖို့အမိန့်ချလိုက်တော့တယ်
ဗယ်လင်တိုင်းကသူအသတ်မခံရခင်မှာထောင်မှူးကြီးဆီကစာရွက်နဲ့မင်တံတောင်းပြီးသူ့ချစ်သူအတွက်စာတစ်စောင်ရေးခဲ့တယ်
အဲဒီစာမှာအဆုံးသတ်ထားတဲ့စာ From Your Valentine တဲ့၊
အေဒီ(၂၇၀)၊ဖေဖော်ဝါရီလ(၁၄)ရက်မှာသူခေါင်းဖြတ်အသတ်ခံရလိုက်တယ်
ဒီလိုနဲ့သူ့ဝိညာဉ်ဟာနှစ်စဉ်ကျင်းပနေကျပွဲတော်ကိုစောင့်ရှောက်ပေးတဲ့သူတော်စင်တစ်ပါးဖြစ်လာတာပေါ့၊
St.Valentineကိုဂုဏ်ပြုတဲ့အနေနဲ့အမျိုးသမီးတွေကိုမဲဖောက်တဲ့စနစ်ကိုတားမြစ်လိုက်ပြီးဖေဖော်ဝါရီလရဲ့အလယ်ရက်ဖြစ်တဲ့(၁၄)ရက်နေ့ကို
Valentine dayအဖြစ်သတ်မှတ်လိုက်တယ်၊အဲဒီနေ့မှာရောမအမျိုးသား အမျိုးသမီးတွေဟာချစ်ကြိုက်စာပေးတာတို့ လက်ထပ်ပွဲတို့ဆင်နွှဲကြတယ်လေ၊စာတွေထဲမှာတော့St.Valentineရဲ့နာမည်ကိုအသုံးပြုတာများတယ်၊ကတ် ချိုချဉ်နဲ့ချောကလက်တွေကိုအပြန်အလှန်ပေးကြတာများတယ်လေ၊ အစောဆုံးValentineကတ်ကတော့ ၁၄၁၅ခုနှစ်မှာOrleansမြို့စားကြီးကသူ့ဇနီးဆီပို့တဲ့ကတ်ပဲ၊အဲဒီကတ်ကိုမြို့စားကြီး လန်ဒန်မျှော်စင်မှာအကျဉ်းကျခံနေရတဲ့ကာလက
ပေးခဲ့တာလေ၊အဲဒီကတ်ကတော့ဒီနေ့အထိထင်ရှားပြီးအင်္ဂလန်ပြတိုက်မှာထိန်းသိမ်းထားခဲ့တယ်။။။။။။။။။။။
ဒါကတော့ဗယ်လင်တိုင်းဒေးနဲ့ပတ်သတ်တဲ့သမိုင်းအကျဉ်းပါပဲသူငယ်ချင်းတို့ရေ
ကျွန်တော်လည်းသိသလောက်ဝေမျှပေးလိုက်တာပါသိထားတဲ့လူတွေလည်းရှိချင်ရှိနိုင်ပါတယ်
ကျွန်တော်ထက်ပိုသိတဲ့လူတွေလည်းရှိနိုင်ပါသေးတယ်ဒါလေးကတော့ဗယ်လင်တိုင်းဒေးအကြိုအနေနဲ့သူငယ်ချင်းတွေဆီကိုပို့လိုက်တဲ့
လက်ဆောင်လေးတစ်ခုအဖြစ်သတ်မှတ်ပေးကြပါနော်။။။။။။
မြသန်းတင့်၊ မြင့်သန်းတို့၏ စာအုပ်များ ဒေါင်းယူရန်
$
0
0
မြသန်းတင့်၏ စာအုပ်များ
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းယူနိုင်ပါသည်
ဒီမှာဒေါင်းယူပါ
သို့
ဒီမှာလဲ ဒေါင်းယူနိုင်ပါသည်
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါတယ်
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
လေးရူးသုန်သုန် (၁) ကိုဒေါင်းယူရန်
လေရူးသုန်သုန် (၂) ကိုဒေါင်းယူရန်
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
သူရေး၍ သူကြိုက်သော ဝထ္ထုတိုများကိုဒေါင်းရန်
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဤစာအုပ်များကို မူရင်းတင်ပေးခဲ့သော မြန်မာစာအုပ်များမှ ကာယကံရှင်ထံ ခွင့်ပြုချက်ယူ ကာစုစည်းတင်ပြပေးလိုက်ရပါတယ်ရှင်။
စာရေးဆရာများ၏ နာမည်များနှင့် စုစည်းကာ ဖော်ပြပေးသွားပါမည်။ လိုအပ်သည့် စာအုပ်များအလိုရှိပါက ကွန်မန့်ဘောက်စ်လေးမှာ ပြောကြားသွားနိုင်ပါတယ်ရှင်။
စာအုပ်လေးများအတွက် ကျေးဇူးတင်ပါသည် ဆိုလျှင်ဖြစ်  ကျေးဇူးတင်ထိုက်သူမှာ ယခု တင်ပေးသူ မေသဇင်မဟုတ်ပါဘူး။ စာအုပ်များကို ရှာဖွေကာ အပင်ပမ်းခံပြီး စေတနာအပြည့်ဖြစ် တင်ပေးခဲ့သည့် မြန်မာစာအုပ်များကို ကျေးဇူးတင်ကြပါရှင်။
မြန်မာစာအုပ်များသို့  ကျေးဇူးတင်စကားပြောရန် သူ၏ facebook အကောင့်
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
လူသားတိုင်းသည်လူ့အခွင့်အေ၇းကိုသိရှိရပါမည်။
$
0
0
1948ခုနှစ၊်ဒီဇင်ဘာလ10ရက်နေ့တွင်ကမ္ကာကုလသမဂ္ဂအဖွဲ့ညီလာခံအစည်းဝေးကြီးကချမှတ်သောကြေညာစာတန်းအရ လူသားတိုင်းသည်လူအခွင့်ရေးကိုနားလည်မှလူသားတိုင်းလူအခွင့်အရေးတောင်းဆိုနိုင်သည်။ ` Human Rights လူခပ်သိမ်း၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်း အညီအမျှ ခံစားခွင့်ရှိသည့်အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မူ ငြိမ်းချမ်းမူတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း ၊လူ့အခွင့်အရေးများက်ု အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း လွတ်လပ်စွာဖွင့်ဟပြော်ဆိုနိုင်မူ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မူ ကြောက်ရွံ့ခြင်း ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနှိင်မူတို့ကို ခံစားရယူနှိင်စေမည့်လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏အထက်သန်ဆုံးသောလိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီး ဖြစ်သော့ကြောင်လည်းကောင်း၊ လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူပြုမူ၊အုပ်စိုးမူနှင့်ဖိစီးညှဉ်းပန်းမူတို့ကိုနောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက်စွဲကိုင်ကာတော်လှေန်ခြင်း၊ပုန်ကန်ခြင်းမပြုစေရန် လူ့အခွင်အရေးများကို ဥပဒေဖြင့်ထိန်းသိန်းကာကွယ်ပေးရမည် ဖြစ်သောကြောင့်လည်းကောင်း၊ထိုကြောင့် အထွေထွေညီလာခံကအောက်ပါအချက်များကိုထုတ်ပြန်လိုက်သည်။ ၁။ လူတိုင်းသည်တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြစ်လည်းကောင်း၊တူညီ လွတ်လပ်သောအခွင့်အရေးများဖြစ်လည်းကောင်းမွေးဖွားလာသူများဖြစ်သည်။ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောညဏ်ျနှင့်ကျင့်ဝက်သိတတ်သောစိတ်တို့ရှိကြ၍ ထိုသူတိုသည်အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။ ၂။လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် လူအခွင့်အရေးအားလုံး၊လွတ်လပ်ခွင့်အားလုံးတိုကို ပိုင်ဆိုင်ခွင့်ရှိသည်။လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊အသားအရောင်များဖြင့်ဖြစ်စေ၊ကျား၊မ သဘာသ၀အားဖြစ်စေ၊ ဘာသာစကားအားဖြစ်စေ၊ကိုးကွယ်သည့်ဘာသာအားဖြစ်စေ၊နိုင်ငံရေးယူဆချက်သို့တည်းမဟုတ် အခြားယူဆချက်များဖြစ်စေ၊ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊အခြား အဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတဦးတစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ်နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ ခွဲခြားခြင်းမရှိစေရ၊ ၃။လူတိုင်း၌အသက်ရှင်ရန် လွတ်လပ်မူခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။ လည်းကောင်းအချက်များကိုကြည်ခြင်းအားဖြစ် လူ့အခွင့်အေ၇းများကိုသိရှိနိုင်ပါသည်။အချက်အလက်များကိုအကိုသိရှိလိုလျှင် chitkokonyunt88 ကိုဆက်သွယ်နိုင်ပါသည်။ ကျေးဇူးအထူးတင်ပါသည်။
သိမ်မွေ့ လှပသော သေမင်းတမန် ကဗျာများ
$
0
0
ကတိသစ္စာ ၊ တည်သောခါဝယ်
သြဇာလေးနက် ၊ ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင် ၊ ဆေးဖက်ဝင်၏။
ဟိုးးးးးးရှေးရှေးသော အခါက ရှေးလူကြီးတွေရဲ့ ဝန်ခံမိတဲ့ စကားတစ်ခွန်း အတိမ်အနက် ကို စောင့်ထိန်း နိုင်စွမ်းအတွက် တန်ဖိုးဖြတ်ပြပေးတဲ့  (ဖတ်မှတ်ခဲ့ ဖူးတဲ့ ) ကဗျာလေးပေါ့ ဗျာ။
ခုခေတ် ကျွန်တော်တို့ ကာလအတွက်တော့ အဲဒီကဗျာကို အခြေခံပြီးတွက်ချက်ကြည့်လိုက်တာ
ကတိသစ္စာ ၊ ပျက်သောခါဝယ်
ဒေဝါမာဃ ၊ ဇီဝက တို့ 
ကြံဆဖေါ်ပေး ၊ ဝမ်းနုတ်ဆေးလည်း
ရွေးမျှမမည် ၊ လေမလည်၏။
ဘာလို့ လဲဆိုတော့(ကျွန်တော့အမြင်ကိုပြောပြခြင်းပါ။) ရှေးရှေးက ခေတ်တွေမှာ အရက်၊ ဆေးလိပ်၊ ပြည့်တန်ဆာ ဆိုတာတွေ ရှိခဲ့ ကြပါတယ်။ ဒီခေတ်မှာလည်း ရှိနေဆဲပါပဲ။ နောင်လည်း ရှိနေဦးမယ်လို့  ထင်မြင်မိပါတယ်။
ဘာကြောင့်လဲဆိုတဲ့  စောဒက အတွက် အထက်က ကဗျာ နှစ်ပုဒ် ကို ကိုးကားပြီး ရလဒ် ကို တွေးချင့် ကြည့်ကြပါတော့ ခင်ဗျာ။
ဆေးလိပ်နဲ့ ပတ်သက်တာကိုပဲ ကွက်ပြီး ပြောရရင်
               ခံတွင်းကင်ဆာ အများဆုံးဖြစ်ရတဲ့  အကြောင်းအရင်းဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း အလေ့အကျင့် တို့ ကြောင့် ဖြစ်တယ်တဲ့ ဗျ။
               ဆေးပညာနဲ့  ကျန်းမာရေး စာစောင်တွေမှာ ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ၊ကိုယ်တိုင်သောက်သုံးသည်ဖြစ်စေ ၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ တွေကြောင့်ဖြစ်စေ  ဆိုးကျိုး ဖြစ်လာနိုင်တာတွေကို-
          ဆေးလိပ်ကြောင့်
          နှလုံးသွေးကြောဆိုင်ရာရောဂါကြောင့်သေဆုံးသူ ငါးဦးအနက် တစ်ဦး ဖြစ်နိုင်တယ်
          လေဖြတ်နိုင်တယ်
          အမျိုးသားများ သွေးဆုံးခြင်း(ဝါ) တက်စတိုစတီးရုန်း ကျားဟော်မုန်း လျော့ နည်းစေနိုင်တယ်
          သွေးတိုးရောဂါအတွက် သွေးဖိအားမြင့်တက်စေနိုင်တယ်
          အသက်ရှူကျပ်မယ်၊မောပန်းမယ်၊အသက်ရှူမဝဖြစ်မယ်၊ ရင်ဘတ်တင်းကျပ်မယ်၊မွမ်းကျပ်မယ်
          စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်
          မျက်နှာပေါ်က အရေးအကြောင်းတွေကိုပိုပြီးထင်ရှားလာစေမယ်၊ သွေးစီးဆင်းမှု နည်းသွားတဲ့ 
          အတွက် မျက်နှာ နုပျိုခြင်းကို လျင်မြန်စွာ လျော့ နည်းနိုင်မယ်(ဝါ) ရုပ်ရည်အိုမင်းလွယ်မယ်
          ဆေးလိပ်ငွေ့ ကို အချိန်ကြာကြာ ထိတွေ့ လာရင်ရှူမိလာရင် အဆုတ်အထဲမှာရှိတဲ့  လေအိပ်
          ရှူရခက်ခဲမယ်၊ နောက်ဆက်တွဲ အဖြစ် အဆုတ်ကင်ဆာ၊ တီဘီ၊ ရင်ကြပ်ပန်းနာ ဖြစ်စေနိုင်တယ်
          ကျောက်ကပ် နဲ့  ပါတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်တယ်
စာသိပ်ရှည်သွားမှာစိုးတဲ့ အတွက် ဒါလောက်ပဲ ပြောပါရစေ။
မယ်ခွေ ဟာငိုချင်းကဗျာ တွေနဲ့ ပတ်သက်ပြီး လက်ရာမြောက်စွာ ရေးဖွဲ့ နိုင်ခဲ့ တာတွေကြောင့် ပညာရှိ တွေကတောင် "ငိုချင်းမှာ မွေးမေ ရှင်မယ်ခွေ" လို့ ပြောရလောက်အောင် ကျော်ကြားခဲ့ တဲ့ သူပါ။
ဆေးတံတို
ဆေးတံတိုတစ်ညှိုလောက်
ရော့ သောက်တော့ပေး ။
မယူလိုက်က မိုက်လို့ ထင်
ယူလိုက်ပြန်က ကြိုက်လို့ ထင်
သောက်စေချင်
ကုတင်တွင် ထောင်ခဲ့ ကွဲ့ 
               အဲဒီခေတ်၊ အဲဒီအချိန်တုန်းက ယောင်္ကျားလေး မိန်းကလေး တို့ ရဲ့ ရည်းစားစကား ပြောနည်း  အဖြေပေးနည်း ပေါ့ ဗျာ၊ ဘယ်လောက်မိုက်လဲ၊ ဘယ်လောက် ယဉ်ကျေးလဲ၊ ကြည်နူး ဖို့  လည်းကောင်းတယ်။
လက်တစ်ညှိုစာ ဆေးလိပ်တစ်လိပ်နဲ့  အချစ်ကိုဖေါ်ကျူး ရင်ဖွင့်ပြတော့၊ ကာယကံရှင် ကောင်မလေး က ယူကလည်းယူချင်၊ ယူလဲမယူရဲ (မိန်းကလေးဈေးကျမှာ၊ အညှာ လွယ်တယ်ထင်မှာ ကို စိုးကြောက်တာလည်း ပါမှာပါ)
ရှက်ရှက်နဲ့  တကယ်သောက်စေချင်ရင် ထားခဲ့ ၊ ပြီးမှ သောက်မယ် ပေါ့ ။ အထာတွေလေ၊ အထာတွေပေးနေတာ၊ ချက်ချင်းမသောက်ပဲ မူနေတာ။ အဲ တော့ ပေးရတဲ့ သူအဖို့  ကလဲ  အူမြူးပြီး ပြန်သွားမှာ မြင်ယောင် နေသေးတယ်။ အဲဒီကဗျာ ထဲမှာ ကြည်နူးဖွယ် မြန်မာ့ ယဉ်ကျေးမှုနဲ့  လူငယ်သဘာဝတို့ ရဲ့ ချစ်စဖွယ် ဓလေ့ လေးတစ်ခုကို သွားတွေ့ လိုက်မိပါတယ်ခင်ဗျား။
ဆေးလိပ်လက်ဆောင်
မဝယ်ဘူး
မယ်ခူးတဲ့ ဖက်စို ။
               သူတပါးလက်နဲ့ ထိပြီး၊ ခူးပြီး ရောင်းတဲ့ ဖက်နဲ့ တော့ ဝယ်ပြီး ချစ်သူကို ပေးတိုက်မနေဘူး၊ကိုယ့် လက်နဲ့ ကိုယ်ပဲ ခူးတိုက် ပေးချင်တဲ့  ချစ်သူအပေါ်မှာထားတဲ့  မိန်းကလေး ရဲ့ စေတနာအတ္တ နဲ့ ဝန်တို တတ်မှုကို မြင်မိစေလိုက်ပါတယ်။
မီးမကူ
နေပူမှာမကင်အားလို့ 
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့  ကို ။
               ခူးပြီးသား ဆေးလိပ်ဖက်ကို နေမလှန်း၊ မီးမကင်ပဲ ခြောက်စေချင်တဲ့  မိန်းကလေးရဲ့  သဘော က အေးမြကြည်လင်တဲ့  သူတို့ ရဲ့ ချစ်ခြင်း အတွင်းမှာ အပူ ဓါတ်တွေ ၊ ပူလောင်တဲ့  အငွေ့  အသက်တွေ မပတ်သက် လာစေချင်တဲ့ သဘောပေါ့ နော်။
               အဲတော့ အဲဒီဖက်ကို ခြောက်အောင်လုပ်ဖို့ အတွက် သူ့ ကိုယ်ငွေ့ နဲ့ ပဲ၊ သူ့ ကိုယ်ဖိအားလေးနဲ့ ပဲ ခြောက်စေချင်တဲ့ ဆန္ဒ ကပေါ်လာတော့ သူအိပ်တဲ့  အိပ်ယာ အောက်မှာပဲ ထားအိပ်လိုက်တော့တာပေါ့ ၊ ကျွန်တော့ စိတ်ထဲမှာ ကြည်နူးသလိုလို၊ ဝမ်းနည်းသလိုလို အတွေးခံစားမှု တွေ ရောက်လာသလိုပါပဲ။ ဇီဇာကြောင်တတ်တဲ့ အတွေးမျိုးဆိုရင်တော့ ဟာ-သွားပါပြီ၊ ဘုန်းနိမ့်  ပါပြီပေါ့ ။
ညှာအဖျား
မချိုတောင့် လိပ်ဆေး ။
               ကတ်ကြေးတို့ ဓါး တို့ နဲ့ တော့ ဖြတ်မနေဘူး၊ ရက်စက်ရာ ကျမှာစိုးလို့ ၊ ကိုယ့်  အကြင်နာ အာငွေ့  လေးလဲ ပါသွားအောင်၊ ကိုယ့် သွားလေးနဲ့ ပဲ တိမယ်ကွာ၊ ဖြတ်မယ်ကွာ ဘာဖြစ်လဲ ဆိုပြီး တွေးလိုက်၊ ကိုက်ဖြတ်လိုက်၊ တစ်ယောက်တည်း ပြုံးနေလိုက် ၊ လုပ်နေ မယ့်  ကောင်မလေးကို မြင်ယောင်ရင်း ၊ အင်းးးးးးးးး ဒီဆေးလိပ်ကိုသောက်ရင်တော့ အရမ်းကို ချို နေမှာပဲ လို့ တွေးမိလိုက်သလိုလို။
ပိုးမကူ
ဝါချည်ဖြူ တစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့ လေး ။         ။
(ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို သင်္ချိုင်းသို့  ပို့ ဆောင်စေနိုင်ပါတယ်)
(ဆေးလိပ်ကင်းမဲ့ ဇုံများ နေရာနှင့် အဝန်း ပေါ်ပေါက်ဖို့ ကူညီပေးကြပါ)
(လူငယ်များ ဆေးလိပ် ရန်မှ လွတ်အောင်ရှောင်နိုင်ကြပါစေ)
နားဦးမယ်ဗျာ အခြေအနေပေးရင် နောက်ထပ်တွေးမိတာတွေကို ပြောပြချင်ပါသေးတယ်။
ကညွတ်နွယ်
ရွှေ့ရဲ့((မန်ကျည်းစေ့ပိန်ကလေးနဲ့....ဖိုးသာချိုစေတနာတံတားလေး)))
$
0
0
မန်ကျည်းစေ့ပိန်ကလေးနဲ့..............ဖိုးသာချိုစေတနာတံတားလေး
မန်ကျည်းစေ့ပိန်ကလေး..............
သာယာအေးရွာ...။               
နာမည်နဲ့လိုက်အောင်ပင် သာယာလှပသော ရွာကလေးတရွာပါ။ ရွာအရှေ့ဖက်ကမှိုင်းညို့နေတဲ့ တောင်တန်းကြီး၊ တောင်ဘက်တန်း မှာတော့ သရက်ပင်တောက စိမ်းညို့လျက်ရှိပါသည်။ရွာမြောက်ဖက် ချောင်းကလေးကတော့ နွေအခါ ရေတိမ်တိမ်လေးစီးဆင်းနေပါသည်။ ရွာကလေး က အေးချမ်းသော်လည်းမြို့ဝေး သဖြင့် ကျောင်းလဲဝေးကြပါသည်။ချောင်းပေါ်က တံတားလေးကိုဖြတ် နေတိုင်းကျောင်း သွားကြသော ရွာမှခလေးများသည်လည်း လန်းဆန်းနေသော ပန်းပွင့်လေးများနှယ်ပင် အစဉ်တက်ကြွလျက်ရှိပါသည်။
ကျောင်းပိတ်ရက်....
          ထိုသို့ကျောင်းပိတ်ပြီဆိုရင် ရွာထိပ်ပိုင်းရှိတဲ့ မန်ကျည်းပင်ကြီးအောင် ကလေးရောလူကြိးတွေပါ စုံကြပါသည်။ လေနုအေးက တဖြူးဖြူးနှင့် အေးရိပ်ကြီးက သာယာလှပါနေပါသည်။ မြို့သို့အကြောင်းအမျိုးမျိုးကြောင့် ရွာကိုဖြတ်လျက်ပြန်ချိန်တွင် နေလည်စာမှီပါက လှည်းများရပ်လျက် နားနေကြပါသည်။ကွတ်ပစ်ပေါ်တွင် ထိုင်သောလူကြီးဝိုင်းတချို့၊ မြေပြင်ပေါ်တွင်ဆော့နေသော ကလေးတစု ၊ အတူတူဆန်ရွေးရင် သတင်းအတင်းပြောသောမိန်းမတစု သူ့အစုကိုယ့်အစုနှင့် ပျော်စရာကောင်းသော မြင်ကွင်းတခုကို ကျမတို့အဖိုးအိမ်လေးမှလှမ်းမြင်ရပါသည်။ အဖိုးမှာရွာမှလူကြိးတစ်ယောက်ဖြစ်သည်မို့ သူ့ရွာလေးကို အမြဲတစေစောင့်ကြည့် လေ့လာ   နေသော သူဖြစ်ပါသည်။ ကျမတို့လဲ ကျောင်းပိတ်ရက်အဖိုးအိမ်သို့ အလယ်ရောက်ခဲ့ကြပါသည်။အဖိုးသည် ကွမ်းအစ်ကိုချလျက် ကွမ်းစားလိုက်  လက်ထဲတွင်လည်း ဓမ္မပဒ စာအုပ်ကိုဖတ်လျက် ထိုင်နေပါသည်။
“ဖိုးဖိုးကြီး..ရွှေရည်ကို ပုံပြောပြပါလား“
“ဟေ...ငါ့မြေးက ပျင်းနေလို့လား ..သွားဆော့လေ..မဆော့ချင်စာဖတ်..မင်္ဂလာတရား(၃၈)ဖြာကိုဖတ်“
“ဟာ..... အဖိုးက မြေးကို စာပဲဖတ်ခိုင်းနေတာ..ဖတ်ချင်တော့ဘူး..နားပဲထောင်တော့မယ်“ ....အဖိုးက မျက်မှန်ပေါ်ကျော်ကြည့်ပြီး
“ဟွန်း...အပျင်းမလေး စာဖတ်တယ်ဆိုတာ လိမ္မာအောင်သင်ပေးတဲ့ဆရာတယောက်လေ မြေးလေးရဲ့“
“ဟုတ်သိပါတယ်..ဖိုးဖိုးရယ်..ခုတော့ပြောပြပါလား ပုံပြင်မဟုတ်တောင် မှတ်သားစရာလေးပေါ့နော် “
“ကဲ... သာလိကာမလေး..ပြောမယ် ဟောဟိုကကလေးတွေပါခေါ်လိုက်“
“ဟုတ်“ အပြေးလေးကပြင်ကိုထွက်ပြီး အော်ခေါ်လိုက်ပါသည်။ ခလေးတသိုက်အဖိုးရှိရာသို့ပြေးလာခဲ့ကြပါသည်။ မိတုတ်နဲ့ မိစုက ရန်ဖြစ်နေသေးသည်။
“ဟဲ့နှစ်ကောင်ဘာဖြစ်တာလဲ“ အဖိုးကအော်လိုက်မှ ပြေးလာကြသည်။
“ပြောစမ်း နင်တို့နှစ်ယောက်“
မိတုတ် အထစ်ထစ်နှင့်“ဖိုးဖိုးကြီး သူညစ်တယ်..မိတုတ်နိုင်တာကိုမန်ကျည်းစေပေ့းတာ အပိန်အခြောက်ထည့်ပေးတယ်.“
မိစုကလည်း စွာတာတာနှင့် “ မိစုရှိတာပေးတာပါ..သူကလွင့်ပစ်တယ် ဖိုးဖိုးရဲ့“
“ကဲတော်ပြီ..နင်တို့နားထောင် မန်ကျည်းစေ့ပိန်ပိန်ကလေးပေမယ့် ရေမြေသဘာဝကောင်းပြီး ရှင်သန်ဖို့အားထုတ်ရင် အပင်ပေါက်ပြီးတန်ဘိုးရှိတယ်ငါ့မြေးတို့ရဲ့..
အဖိုးပြောပြမယ်..
တခါတုန်းက ရွာလည်မှာကလေးတသိုက် မန်ကျည်းစေ့တောက်တမ်း ကစားနေကြသည်။
(မန်ကျည်းစေ့တောက်တယ်ဆိုတာ ပန်းချီတို့အညာမှာတော့ မြေကြီးပေါ်မှာ တွင်းတိမ်တိမ်လေးတူးပြီး နှစ်ယောက်သုံးယောက်စသည်ဖြင့်လူအရည်အတွက်လိုက် တစ်ယောက်ကိုသတ်မှတ်ထားသည့်အရေအတွက်လိုက် ထည့်ဝင်ပြီ တွင်းလေးထဲဝင်အောင် လက်မကလေးနဲတဖက်ကတောက်ပြီးတဖက်ကလက်ကလေးနဲ့ ကာထားပြီးဆော့တာပါ။)ကစားကြရင်း ပိန်ခြောက်သေးငယ်သောအစေ့ကလေးတစေ့ရောပါလာပါတယ်။“စံမမှီတဲ့ မန်ကျည်းစေ့”လေးတစ်စေ့ကို အားလုံးသဘောတူမကြိုက်တာနဲလွင့်ပစ် လိုက်ကြပါတယ်။လွင့်ပစ်ခံတဲ့အစေ့လေးက မိုးဦးကျတနေ့တော့ မာကြောနေတဲ့မြေကြီးကိုတွယ်ပြီး အမြစ်ကလေးတွေထွက်လာတယ်။ အစေ့ရွက် စိမ်းကလေးနှစ်ရွက်နဲ့ ဘ၀ကိုစတင်ခဲ့တာပေါ့။ နေ၊လေ၊ရေ သဘာဝတွေ  ရဲ့ဒဏ်ကို ခံပြိးအပင်ပေါက်ရောက်အောင်ကြိုးစားရှာတာပေါ့။
တစ်ရက်..နှစ်ရက်.. တစ်နှစ်..နှစ်နှစ်.. အနှစ် (၂၀)ကြာတော့ ရွာလယ်လမ်းမှာ...................... အရိပ်ကောင်းတဲ့မန်ကျည်းပင်ကြိးဖြစ်လာပြီလေ။အရွက်တွေက စိမ်းလို့ဝေလို့ အပင်မြင့်မား ပင်စည်ကြီးထွားလာလိုက်တာ အသိးတွေလဲကြီးနဲ့ ရွာရဲ့အလှ ရွာရဲ့လိုအပ်ချက်ကလေးတွေကို ဖန်တီးပေးလာခဲ့တာပေါ့။ အဲအပင်အောက်မှာ နားခိုသူတွေ ကစားနေသူတွေ အသီးခူး သူတွေက တချိန်တုန်းက စံမမှီတဲ့ မန်ကျည်းစေ့လေးဆိုတာ ဘယ်သူမှသတိမပြုမိကြတော့ဘူလေ။
“ အဖိုးက စကားကိုခနနားရင်း မျက်လုံးဝေ့ကြည့်လိုက်တော့ စိတ်ဝင်တစားမျက်နှာလေးတွေမော့လို့နားထောင်နေကြတဲ့ သူတွေကိုမြင်မှ
အဖိုးက ပြုံးပြီး “ အိမ်း...အဲအပင်က ဘယ်အပင်လဲသိလား“
ခလေးတသိုက်က “ မသိပါဘူး ဖိုးဖိုး“ “အဲဒါ ငါ့မြေးတို့ ဆော့ကစားနေတဲ့ ရွာထိပ်က မန်ကျည်းပင်ကြီးပေါ့ကွယ်“
“ဟယ်“ ခလေးတသိုက် အသံပြိုင်ထွက်လာပါတော့သည်။
“ဒါကြောင့် ဖိုးဖိုးပြောချင်တာက စံမမှီတဲ့အစေ့ကလေးက သူသာသူ့ကိုယ်သူအားငယ်ပြီး စိတ်ဓါတ်မကြံခိုင်ဘဲ ဘ၀ကိုအရှုံးပေးပြီး နေသွားရင် အခုလိုအသုံးဝင်တဲ့ အကျိုးပြုတဲ့ အပင်ဖြစ်လာမှာမဟုတ်ဘူးလေ..ဒီတော့ မြေးလေးတို့လဲ အဲဒီအပင်ကိုအတုယူပြီး အသုံးဝင်တဲ့သူ ရပ်ရွာအကျိုးသယ်ပိုးပြီး တန်ဘိုးရှိတဲ့လူလေးတွေ ဖြစ်အောင်ကြိုးစားရမယ်နော်“
မိစုကဇတ်ကနဲထပြီး“ဖိုးဖိုးကြီးခုနလွင့်ပစ်တဲ့အစေ့ကလေးပြန်ကောက်လိုက်အုံးမယ်..သမီးအိမ်မှာစိုက်မလို့“                                                                                                                                                          
ပြောပြောပြေးပြေးထွက်သွားပါတော့တယ်။ဖိုးဖိုးကတော့ ပြုံးပြီးကြည့်နေပါတယ်။
ကျမလဲ ၀မ်းသာနေသလိုဖြစ်ပြီး မန်ကျည်းပင်ကြီးကိုလှမ်းကြည့်မိပါတော့သည်။       
ကျမရဲ့စိတ်ထဲမှာတော့........ “စံမမှီတဲ့ အစေ့ကလေး“တောင်မှ ရှင်သန်ပေါက်ရောက်ဖို့အတွက် အားမာန်မွေးပြီး အများအကျိုးသယ်ပိုးနိုင်အောင်ကြိုးစား သလို ကျမတို့လဲ ကိုယ့်ဘ၀မှာ ရှိတဲ့အားနည်းချက်တွေ အခက်အခဲတွေ မပြည့်စုံမှုတွေကို စိတ်မပျက်ပဲ အားမာန်မွေးကြိုးစားကြမယ်ဆိုရင် လူသားအကျိုးပြုနိုင်တဲ့ လူတော်လူကောင်းတွေ ဖြစ်လာမှာပဲလေနော်“..
ဖိုးဖိုးက ဆက်ပြီး........ “ အေး ..ညကျရင် မန်ကျည်းပင်ဝိုင်းမှာ ရေနွေးသောက်ရင် အဲလိုမန်ကျည်းစေ့ကလေးလို လူသားလေး တစ်ယောက်အကြောင်း ပြောပြမယ်နော် လာခဲ့ကြကြားလား“                                                                                 “ဟုတ်ကဲ့ပါ ဖိုးဖိုး“  ကလေးများအားလုံးပျော်ရွှင်စွာ ပြန်လည်ထွက်ခွာသွားကြသည်ကို အဖိုးက ကျေနပ်စွာဖြင့် ကြည့်နေပါတော့သည်။။။။။။
(ဆက်လက်ပြီး...(စံနှုန်းရယ်မမှီပေမဲ့...ဖိုးသာချိုလေးရဲ့စေတနာတံတား)...ကိုနောက်အပိုင်းဆက်တခုအဖြစ်ရေးသားပါ့မယ်နော်. .ဆက်လက်အားပေးပါရှင့်..)
ရွှေပန်းချီ (၉.၂.၁၃) ၂း၀၀နာရီ
သတိ ၊ တကယ်
$
0
0
မိမိဂုဏ်ဖြင့် မိမိ၏ကြီးပွါးခြင်းကိုအလိုရှိသောပညာရှိသည်
မကောင်းသောသူယုတ်မာကို ဝေးစွာရှောင်ကြဉ်ရမည်
လယ်ပြင်မှာဆင်သွာသလို့ထင်ရှားအောင်အာင်ဥပမာပြရသော်ကား
အသက်ရှည်ရှည်နေလိုသောသူသည်လျှင်သောအဆိပ်ရှိသော မွေးဆိုးကို
ဝေးစွာရှောင်ကြဉ်ရသကဲ့သို့တည်း..။
တကယ်
ဆန်ကြယ်သော သမ္မတတွေဆီးတဲ့ကားဟာ
ဆွေးမြေ့ ဟောင်းနွမ်း ယိုယွင်းပါတယ်
သူတို့လိုပဲ ဒိုများခန္ဓာကိုယ်ကြီးလည်း
ဆွေးမြေ့ ယိုယွင်းအိုမင်းတတ်ပါတယ်
သူတောကောင်းတရာကတော့ ဘယ်တောမှ
မဆွေးမြေ့ မယိုယွင်းမအိုမင်ပါဘူး..။
Viewing all 9878 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>