Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
ဘ၀ဆိုတာ..
$
0
0
    ဘ၀ဆိုတာ တကယ်တော့ ဗလာစာအုပ်တအုပ်လိုပါပဲ
ကောင်းတာတွေချရေးလိုက်ရင် ကောင်းတဲ့စာအုပ်ဖြစ်သွားတယ်..
မကောင်းတဲ့စာတွေထည့်ရေးလိုက်ရင် မကောင်းတဲ့စာအုပ်ဖြစ်သွားတာပါပဲ ..
လူ့ ဘ၀ဆိုတဲ့ ဗလာစာအုပ်မှာ.ကိုယ်ဘယ်လိုစာတွေရေးမယ်ဆိုတာပဲ အဓိကကြနေတာပါပဲ..
ကိုယ်ရေးတဲ့ အပေါ်မှာပဲမူတည်ပြီ..တန်ဘိုးဖြတ်သွားတာပါပဲ...
ကောင်မလေးရယ်...သတိရလိုက်တာ..
$
0
0
မေ့မရတဲ့ အမှတ်တ၇တို့က ပန်းချီကားတချပ်လိုပါပဲ...ကောင်မလေးရယ်....
အမြဲတမ်းလှပနေတယ်.....
ဘ၀ကတိုတောင်းလှပါတယ်..ကောင်းမလေးရယ်
သတိရမှု့ တွေ လွမ်းဆွတ်မှု့ တွေကို ဆွဲဆန့်လိုက်ရင် ကမ္ဘာဆုံးတောင် ရပ်တန့်မှာမဟုတ်လောက်ပါဘူးကွာ...
တွေ့ ဆုံရတာ ခဏဆိုပေမယ့် ခဏတွေများလားရင် သတိရလွမ်းဆွတ်မှု့တွေဟာ ထားစရာရှိမှာမဟုတ်လောက်ဘူးကောင်းမလေးရယ်....( ငှက်ကလေး သိစေရန် ..ငှက်နားတဲ့ ကိုင်းဖျှားဟာခုချိန်ထိလှုပ်နေဆဲပါ...
ရွှေရဲ့ (((မန်ကျည်စေ့ပိန်လေးနဲ့....ဖိုးသာချိုလေးရဲ့စေတနာတံတား(၂))
$
0
0
                  စံနှုန်းရယ်မမှီပေမဲ့...တန်းဆင့်ဆင့်တော့မြင့်ပါတယ်
သာယာအေးရွာလေး...။
နာမည်နဲ့လိုက်အောင်ပင် သာယာလှပသော ရွာကလေးတရွာပါ။ ရွာအရှေ့ဖက်ကမှိုင်းညို့နေတဲ့ တောင်တန်းကြီး၊ တောင်ဘက်တန်းမှာတော့ သရက်ပင်တောက  စိမ်းညို့လျက်ရှိပါသည်။ ရွာမြောက်ဖက် ချောင်းကလေးကတော့ နွေအခါ ရေတိမ်တိမ်လေးစီးဆင်းနေပါသည်။ရွာကလေး က အေးချမ်းသော်လည်းမြို့ဝေး သဖြင့် ကျောင်းလဲဝေးကြပါသည်။ချောင်းပေါ်က တံတားလေးကိုဖြတ် နေတိုင်းကျောင်းသွားကြသော ရွာမှခလေးများသည် အဆန်းတော့မဟုတ်သလိုပေ။
ညနေခင်းနေ၀င်ပြီးစချိန်...............
 မန်ကျည်းပင်အောက်တွင် အောက်လင်းဓါတ်မီးအိမ်တလုံးကိုချိတ်ဆွဲလျက် လူအများဝိုင်းဖွဲ့ထိုင်နေကြပါသည်။ ရွာကလေးရဲ့နေ့စဉ်စုဝေးရာနေရာလေး တခုပင်ဖြစ်ပါသည်။ အခုချိန်မှာတော့ ခလေးများသာမကလူငယ်လေးများပါမကျန် အဖိုးရဲ့စကားကိုနားထောင်ကြဖို့ စိတ်အားထက်သန်နေကြပါသည်။
အဖိုးက “ကဲ လူစုံရင် ပြောပြမယ်နော်..တချို့လဲနာမည်ကြားဘူးမှာပါ ကိုရင်သာချိုလေး ကိုလေ“
လူလတ်ပိုင်းဖြစ်တဲ့ ဦးဆောင်က “အား..ကြာဖူးပြိးလားအဘရာ ကျုပ်တို့မမေ့ရသူပေါ့ဗျား“
“ဟုတ်တယ်လေ..ဒါကိုခလေးတွေကို ပြန်ပြောဖြစ်ကြရဲ့လား“
“အင်းလုံးစေ့ ပတ်စေ့တော့မပြောဖြစ်ဘူးဗျ..နာမည်နဲ့တံတားလောက်ပါပဲ“
“အော်..အေးအေး အဖိုးသေချာပြောပြမယ်..“
အဖိုးတို့ရွာရဲ့မြောက်ဖက်ချောင်းကူး တံတားနာမည်က ဖိုးသာချိုတံတားနော်“
“ဟုတ် ဖိုးဖိုး“
“အေး..အစက တံတားမရှိသေးဘူးလေ..နွေအခါ ရေနည်းတော့ဒီအတိုင်းကူး မိုးအခါရေများတော့လှေကလေးနဲ့ကူး နေလာကြတာပေါ့ ..
တောင်တွေပေါ်မှာ မိုးရွှာပြီဆိုရင် တောင်ကျချောင်းရေက ၀ါးလုံးထိုးဆင်းတော့တာပေါ့ကွယ်.ရေများတကယ်သန်ပြီဆို မြင်းပြေးတောင်မလွတ်ဘူးလေ..အဖိုးကပြောပြီး တံတားဖက်ကို လှမ်းမျှော်ကြည့်နေပါသည်။
ဖိုးသာချို....
နာမည်ကသာ..သာချို..သူ့ဘ၀က သာယာခြင်းမရှိခဲ့ပါ။ ချိုမြခြင်းလဲ ဝေးခဲ့ပါသည်။ အဖေကလယ်လုပ်ရင်းပိုထိပြိး ဆုံးခဲ့ပါတယ်။ အမေကကိုယ်ဝန်ကိုမမွေးနိုင်လို့သွေးတက်ပြီး မြို့ဆေးရုံပြေးကြပေမဲ့ရွာအပြင်မှာ မိုးတွေရွာတော့ တောင်ကျချောင်းရေကြောင့် တဖက်မကူးနိုင်ခဲ့လို့ ၇ွာအပြင်ချောင်းအစပ်မှာမွေးပြီးအမေလုပ်သူက သေခဲ့ပါတယ်။မွေးဖွားရာနေရာကလုပ်တိုင်းလို့ခေါ်တဲ့ သချိုင်းနဲ့နီးလို့ ရွာထဲအ၀င်မခံပဲ သုဿန်စောင့်အဖိုးကြိးလင်မယားက ကောက်ယူမွေးဖွားခဲ့ပါတယ်။
ကံကြမ္မာက ရက်စက်မှုမပြီးသေးတော့ ပိုလီယိုဖြစ်ပြီး ခြေတဖက်မသန် ဂျိုင်းထောက်နဲ့သွားလာနေရတဲ့ ဘ၀ စကားပီအောင်မပြောနိုင်တဲ့ ဘ၀ကို သာချိုလေးရခဲ့ရှာပါတယ်။ရွယ်တူတွေဆော့ကစားရင် အဝေးကထိုင်ကြည့်တယ်။ ရွယ်တူတွေ ကျောင်းသွားရင် ငေးမောရင်းလိုက် ပို့တယ်   ချောင်းနားလေး ထိပေါ့။သနားကြတဲ့ ခလေးရွယ်တူလေးတွေက ကျောင်းကအပြန်မုန့်လေးတွေ ဆော့စရာလေးတွေပေး ရင် ပြုံးပြီးကွေးနေအောင် ကပြတတ်တယ်လေ။လူကြီးတွေကတော့ အဖက်မလုပ်ကြပါဘူး။ သိရင်တောင် ခလေးတွေကိုရိုက်နှက်ပြီး 
“နင်တို့သေချင်လို့လား သူက သုဿန်စောင့်လေ သရဲမွေးထား တတ်တယ်..နင်တို့ကိုသူမုန်းရင် ..လိပ်ပြာနုတ်ခိုင်းလိမ့်မယ်“ လို့ပြောကြလို့ ခလေးတွေက သူနဲသိပ်မပေါင်းကြဘူးပေါ့။သူ့ဘ၀လေး အထီးကျန်ခဲ့တယ်။သူက စိတ်မှတ်မရှိရှာပါဘူး။ ကျောင်းသွားပြန် လိုက်ပို့မြဲ လိုက်ကြိုမဲပေါ့။
တရက် မိုးတွင်အခါမှာတော့ တောင်ပေါ်မှာမိုးတွေရွာနေပါတယ်။ ကျောင်းအပြန်ချိန် လဲဖြစ်တော့ မောင်သာချိုတစ်ယောက်လဲ ခလေးတွေကိုဒီဘက် ကမ်းကစောင့်မြဲလေ။ ကလေးတသိုက်ကို စိတ်ပူစွာနဲ့ လည်ပင်ရှည်ရှည်ကြည့်နေတာပေါ့။ အထက်မှာမိုးတွေ ညှိ့လာပြိလေ။
“ အအအ ဘဘဘ ၀ူးဝူး“ နဲ့ စကားမပြောတတ်စွာနဲ့တောင်ပေါ်လက်ညှိးထိုးပြီး လာသမျှလူတွေကို အော်ပြောနေတာပေါ့။ အဲဒီနေ့ကလဲ ကျောင်းပိတ်ရက်မို့ သာချိုတစ်ယောက် ချောင်းနားမှာ ရှိတာကို လူတွေက လာနေကြမို့လာတာပဲလို့ထင်နေကြတယ်။ အမှန်က ကျောင်းသားလေး မောင်ဆောင်၊မောင်လှခင် နဲ့ မောင်တင်မောင် တို့ ကျောင်းမှာ အချိန်ပိုတက်ဖို့ ကျောင်းကိုသွားတာ သာချိုလေး မြင်လိုက်တယ်လေ။
ပြန်လာပါပြီ...
ကျောင်းသားလေး သုံးယောက် တစ်ယောက်ကိုတစ်ယောက် စလိုက်ဆော့လိုက်နဲ့ ချောင်းရဲ့တဖက်မှာ ပေါ့။
သာချို တစ်ယောက် ဂျိုင်းထောက်ကိုဆွဲ အမြန်ချောင်းဆီကို ပြေးတော့တယ်လေ...ပါစပ်ကလဲ  တ၀ူးဝူးနဲ့  အော်လျက်ပေါ့။   ခလေးတွေက မမြင်ကြဘူးလေ။
ဆော့ကောင်းနေတယ်။
ချောင်းကို စအဖြတ်မှာပဲ တောင်ပေါ်က မိုးချိမ်းသံ နဲ့အတူလေ................
 ..ဂျိမ်း..... ဝေါ............... ဆိုပြီးရေတွေ အပြေးဆင်းလာလိုက်တာ  ချောင်းခလယ်ရောက်နေတဲ့ကလေးသုံးယောက် ကြောင်ကြည့်မိနေကြတော့တာပေါ့..
သာချို တအားကို အော်ပြီး ဘာလုပ်ရမှန်းမသိအောင် ချောင်းတဖက်မှာ ပြေးနေတယ်။
ခလေးသုံးယောက်ကလဲ လန့်ုပြီး ချောင်းလယ်မှာ စိုက်ထားတဲ့ ၀ါးတိုင်လေးကို ပြေးဖက်ထားကြတာပေါ့။
ဘယ်ခံနိုင်မလဲနော်. ရေကတအားကို အစီးသန်နေတာပေါ့။
လက်တွေလွှတ်တော့မယ် အခြေအနေမှာ ...သာချို တစ်ယောက် ချောင်းနဲ့မလှမ်းမကမ်းမှာ အပင်ဖြတ်ထားတဲ့ သစ်ပင်လုံးကိုအပြေးသွားတွန်းတော့တာပေါ့။
သူကကိုယ်လက်ကမသန်မစွမ်း နဲ့ ခြေတဖက်လဲမထောက်နိုင်ရှာတော့ လေးဘက်သွားတွန်းရတာပေါ့လေ။
စွတ်ကြောင်းကြီးထင်အောင်လို့ကို အားနဲ့ခွန်စိုက်ပြီး တွန်းရတာ သူခမျာ ခြေကုန်လက်ပန်းကျမတတ်ပေါ့။
သစ်လုံးကြီးကို အားနဲ့ချောင်းထိပ်ကနေ တွန်းပြီးပို့လိုက်တာ ခလေးတွေဆီတော့ရောက်သွားပေမဲ့ အားနဲ့အတူ ပါလာတဲ့သူကိုယ်သူတော့ မဟန်နိုင်တော့ဘူးလေ ရေလုံးကြီးနဲ့အတူ ပါသွားခဲ့ပါပြီလေ။
ခလေးတွေက လက်ကကိုင်ထားရက်နဲ့
 ဖိုးသာချိုကြီး...
 ဖိုးသာချိုကြီး ပါသွားပြီလုပ်ကြပါအုန်း...လို့သာအော်နိုင်တယ် သူတို့လဲ လက်မလွတ်နိုင်ကြဘူးလေ...
ဒါကို မြင်လိုက်တဲ့ရွာသားတွေ ပြေးလာပြီး လိုက်ဆယ်ပေမဲ့ ရေလုံးကြီးက သယ်ဆောင်သွားလို့ မြင်တောင်မမြင်တော့ဘူးပေါ့။
ကမ်းစပ်မှာတော့ သာချိုရဲ့ ဂျိုင်းထောက်ကလေး တချောင်းက လဲလျက်ပေါ့။
 အဖိုးရဲ့ အသံအဆုံးမှာ ..အင့်ကနဲ တချက်ရှိုက်သံကထွက်လာပါတယ်..
ဦးလေးဆောင် ဆီကပါ။ သူကကိုယ်တိုင်ခံစားဖူးသူဖြစ်လို့ သူသတိရနေတာ ဖြစ်ပါသည်။သုံးယောက်လုံး အသက်ရှင်ကြပါတယ်။
တယောက်ကဆိုဆရာဝန်ကြီးဖြစ်ပြီး နောက်တယောက်ကတော့ စစ်ဗိုလ်ကြိးဖြစ်လို့ တန်ဘိုးရှိတဲ့လူသားတွေဖြစ်နေကြတယ်လေ။
အဖိုးက ဆက်ပြီး .. နောက်တော့ အဖိုးတို့လဲ စုပေါင်းပြီး တတံလေးကို အဲနေရမှာ ဆောင်လုပ်လို်က်ကြတော့တာပေါ့..
နာမည်ကိုလဲ ဖိုးသာချို တံတားလို့ ခေါ်ကြတယ်လေ.. ကဲ ညလဲနက်ပြီ အားလုံးပြန်ကြတော့...လို့ အဖိုးက ပြောလိုက်ပါသည်။
အားလုံးကလဲ လေးကန်သောခြေလှမ်းတွေနဲ့ အိမ်ပြန်သွားကြပါပြီ။သူတို့ရဲ့ စိတ်ထဲမှာတော့ ဘယ်လိုရှိကြမယ်မသိပါလေ။
ကျမ တယောက်သာ အတွေးတွေ ဆက်တွေးရင်း............
 ဒါကိုကြည့်လိုက်တော့... ..ဘ၀မှာ နုံချာလို့ ဘယ်သူကမှမသုံးချင် မခေါ်ချင်လို့ အဖက်မလုပ်ကြပေမဲ့ သူကတော့ သူ့တာဝန် သူရပ်ရွာ အကျိုးကိုသူတတ်နိုင်သလောက် ပြန်ပေးဆပ်ခဲ့တယ်။ သု့စိတ်ကလေး ဘယ်လောက်ဖြူစင်နေပါသလဲနော်။ လူသားတာဝန်ဆိုတာ သူသိလို့ထက် သူကိုမုန့်ကြွေးကြသောသူကိုခင်မင်ကြသော ခလေးတွေကို သူသံယောဇဉ် တွယ်တာမိလို့ သူ့အသက်ကိုတောင် စတေးခဲ့ရှာပါလားလို့ စိတ်မကောင်းစွာဖြစ်မိလိုက်ပါတော့တယ်။
ဖိုးသာချိုလေး တစ်ယောက် စံမမှီသောမန်ကျည်းစေ့ကလေးလို...သူ့ဘ၀ကိုရုန်းကန်ရင်း အသက်ရှင်နေထိုင်ရင်းနဲ့ပဲ လူပီသအောင်ဆောင်ရွက်သွားခဲ့လို့
                             တော်ဝန်စံမမှီပေမဲ့....တန်းဆင့်ဆင့်မှီသောလူသားလေးလို့ တင်စားလိုက်ချင်ပါတယ်နော်။
ကျေးဇူးတင်ပါသည်။ဆက်လက်ကြိုးစားပါမည်။
                              ရွှေပန်းချီ (11-2-13) 12း00။
အမှတ်တမဲ့တွေ့ လိုက်ရတဲ့မိန်းခလေး
$
0
0
     ပါးလေးနှစ်ဖက်ကမို့ မို့   နှတ်ခမ်းလေးကမရဲတရဲ   လေးညှင်းလေး ရဲ့ ဆော့ကစားမူကြောင့်  မမြင့်တမြင့်လေးလွင့်ပါးနေတဲ့  ပိ
တုန်းရောင်ကေသာ  ဖြူဖွေးနူးညံ့သောအသားရောင်  ဖျော့ဖျော့လေးဝါနေသောအင်းကျီအပြာရောင်ပန်းချိတ်  ထဘီ   အ၀ါရောင်သန်းနေတဲ့အဖြူရောင်ခပ်နိမ့်နိမ့်ဒေါာက်ဖိနပ်လေးစိးပြီး   ဖြူဖွေးနူးညံ့သွယ်လျသော  လက်ချောင်းကလေးများနဲ့   လီဗာဆွဲတင်ရင်း  လော်ဂျာဘီးပေါ်မှာ  ခါးလေးဆန့် ကြော့ကြာ့လျော့လျော့  ထိုင်ကာအ၀င်တခုမှာ  မျက်သားဖြူမျက်နက်ကလေးနဲ့   ဘေးစောင်းလေးကြည့်ပုံက  မြင်ရသူတိုင်းကိုတွေဝေစေတယ်   မိန်းကလေးရယ်            (မိုးမှုံ)
♥♥♥♥♥♥♥♥ မသိလို့ကိုင်မိတာပါ♥♥♥♥♥♥♥♥
$
0
0
အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက် ငယ်သူတို့ဘာဝ ချစ်သူရည်းစား
အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံ နေကြပါသတဲ့။ တစ်နေ့မှာ ချစ်သူနှစ်ဦး
သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့နေကြတယ်။
သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ
အပြင်အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင်
လာခဲ့ပါလေရော။ ခက်ပြီ။
အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေတော့ လေများ
လည်မိလိုက်ရင် မဟာအရှက် ဟက်တက် ကွဲတော့မှာပဲ။ လေမလည်မိအောင် အတင်း
အာင့်ထားရတယ်။ အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း
ကွးလို့။ အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက
“အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့
ပာပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။
အဲလို လုပ်လိုက်မိတာနဲ့ပဲ မိန်းမပျိုမှာ လေကို အောင့်ထားလို့ မရတော့ဘဲ
ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့ ထွက်ကျသွားရော။ မိန်းမပျိုလေးဟာ မျက်နှာကို
လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ ခုန်ဆင်း သေမလို
ဖြစ်သွားတယ်။ ချစ်သူ ကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး
ပျာပျာသလဲ ချော့မော့ တောင်းပန်လိုက်တာက
“အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိ လိုက်တာပါ။ ကိုယ့်ကို
ခွင့်လွှတ်ပါကွာ။ နောက်ဆို မကိုင်မိစေရပါဘူးနော်”တဲ့။ :
(demon)
ရွှေဥဒေါင်း၊ လင်းယုန်မောင်မောင်၊ လကာင်္ရည်ကျော်တို့၏ စာအုပ်များဒေါင်းရန်
$
0
0
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ (၁)
ဒေါင်းယူရန် ကလစ်ပါ (၂)
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
လင်းယုန်မောင်မောင် ၏ ဂျေဂွေဗားရား
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
ဒေါက်တာရွှေသွေးနှင့် မပန်းမှုံ
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
ဒေါင်းယူရန် ကလစ်ပါ
သို့
ဒီမှာလဲ ဒေါင်းနိုင်ပါသည်
ဒေါင်းယူရန် ကလစ်ပါ
ဤစာအုပ်များကို မူရင်းတင်ပေးခဲ့သော မြန်မာစာအုပ်များမှ ကာယကံရှင်ထံ ခွင့်တောင်းကာ စုစည်းတင်ပြပေးလိုက်ရပါတယ်ရှင်။
စာရေးဆရာများ၏ နာမည်များနှင့် စုစည်းကာ ဖော်ပြပေးသွားပါမည်။ လိုအပ်သည့် စာအုပ်များအလိုရှိပါက ကွန်မန့်ဘောက်စ်လေးမှာ ပြောကြားသွားနိုင်ပါတယ်ရှင်။
စာအုပ်လေးများအတွက် ကျေးဇူးတင်ပါသည် ဆိုလျှင်ဖြစ်  ကျေးဇူးတင်ထိုက်သူမှာ ယခု တင်ပေးသူ မေသဇင်မဟုတ်ပါဘူး။ စာအုပ်များကို ရှာဖွေကာ အပင်ပမ်းခံပြီး စေတနာအပြည့်ဖြစ် တင်ပေးခဲ့သည့် မြန်မာစာအုပ်များကို ကျေးဇူးတင်ကြပါရှင်။
မြန်မာစာအုပ်များသို့  ကျေးဇူးတင်စကားပြောရန် သူ၏ facebook အကောင့်
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
Firefox တွင် Do Not Track ကို Enable ပြုလုပ်ခြင်း
$
0
0
Firefox အသုံးပြုသူများအနေနဲ့ မိမိကြည့်ရှူတဲ့ Web Site တွေကနေတဆင့် ခြေရာခံလာနိုင်တဲ့ အကြောင်းအရင်းကိစ္စရပ်တွေကို ရှောင်လွှဲချင်တယ်ဆိုရင်တော့ Firefox မှာပါဝင်တဲ့ Do Not Track ကို Enable ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ အချို့သော Web site များဟာဆိုရင် ၀င်ရောက်ကြည့်ရှုချိန်မှာ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူသွားနိုင်ပါတယ်။ ဒီလိုအကြောင်းအရင်းမျိုးတွေအတွက် Do Not Track ကို အောက်ပါအတိုင်း အဆင့်တွေအတိုင်း Enable ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။
    Step-1 - Firefox Browser ရဲ့ ဘယ်ဘက်အပေါ်ထိပ်က Firefox button ကိုနိုပ်လိုက်ပါ။  Drop Down ကျလာတဲ့ထက Options ကိုရွေးပေးရမှာဖြစ်ပါတယ်။
    Step-2 - Options Box ကျလာပြီဆိုရင်တော့ Privacy Tab ထဲက Tracking အောက်မှာပါတဲ့ Tell websites I do not to be tracked ကို Check ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
    Step-3 - Check ပြုလုပ်ပြီချိန်မှာတော့ ပြောင်းလဲထားတဲ့ Setting ကို Save ပြုလုပ်ဖို့ အတွက် OK ကို မမေ့လျော့ click လုပ်ဖို့ လိုပါတယ်။ ဒါဆိုရင်တော့ Web Site များကနေတစ်ဆင့် သင့်ရဲ့ Information တွေကို ရယူသွားတဲ့ ကိစ္စရပ်တွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
နူးညံ့သိမ်မွေ့  မြင့်မြတ်သောလမ်း
$
0
0
  1. ဘဝ သံသရာ သီချင်း နားထောင်ရင်း အတွေးတစပေါ်ရ်ုဖေါ်ပြလိုက်ပါသည် ။                                                                              ယနေ့ ဖြတ်သန်းလျောက်လှန်းနေသော ဘဝဘဝ အသီးသီးတို့ တွင်ရှုပ်ထွေးလှသော  ဘဝဒုက္ခမျိုးစုံနှင့်  သားရေး သမီးရေး ကြီးပွါးရေး စီးပွါးရေး လူမှုရေး တဦးကိုတဦး ရိုင်းပင်းကူညီထောက်ပံ့ပေးကမ်း လှူဒါန်းခဲ့မှူအစုစုတွင် ကုသိုလ် အကုသိုလ် မကွဲပြားဘဲ ဘဝဇာတ် ထွေ သံသရာ    ခွေမှ လွတ်မြောက်စေရန် ရည်ညွှန်းလျက် သိသလောက် ဖေါ်ပြလိုက်ပါသည် ။                                                                                                                                                                                                                                                              ရူပ်ထွေးဖုံဖုံ  လောကီဘုံဝယ်                                                                                                                                          အယူမျိုးစုံဘာသာမျိုးစုံ လူမျိုးစုံနဲ့                                                                                                                                     ဒုက္ခမျိုးစုံ  ချမ်းသာစုံနဲ့                                                                                                                                                 ဘဝလုံးစုံ အညံ့မခံဘဲ                                                                                                                                                  လောကဓံ  တရား ကြံ့ကြံ့ခံကြ  ။                                                                                                                                                                                                                                                                                                          .             ချစ်ခြင်း မုန်းခြင်  ဆင်းရဲချမ်းသာ                                                                                                                                                                                                                                    .             ထွေလီ များပြား  အိုလူသား                                                                                                                               .             လောဘဒေါသ  မောဟကိုယ်စီ                                                                                                                           .             မာန်မာနတရား များစွာတို့ ဖြင့်                                                                                                                             .             ဘဝအသီးသီး အလွှာသီးသီးမှ                                                                                                                                        လူသားအားလုံး ရုန်းကန်ကြလော့ ။                                                                                                                                  လောကီပညာ  ချမ်းသာဆင်းရဲ                                                                                                                                        လောကီဂုဏ်လဲ  ချမ်းသာဆင်းရဲ                                                                                                                     .             လူသားအားလုံး လမ်းဆုံးမသိ ကိုယ်ကျိုးနဲ၏ ။                                                                                                    .                                                                                                                                                                             .             သံသရာမှထွက်ရပ်လမ်းကို  ကြိုးစားရှာပြိး  ဖွေရှာကျင့်မှ  တော်ကာကြ၏  ။                                                                     .                                                                                                                                                                                        လောကီတာဝန် ထမ်းဆောင်ရင်းနဲ့                                                                                                                  .             လောကုတ်ပညာ  ရအောင်ကြိုးစား                                                                                                                  .             သံသရာအတွက်  လမ်းမှန်လျောက်လျှက်                                                                                                          .             ကုသိုလ်လဲရ  ဝမ်းလဲဝ၏ ။                                                                                                                            .                                                                                                                                                                           .             ခုချိန်မှစ  လောကုတ်တရား                                                                                                                           .             ဖွေရှာပြီးသော်  မှတ်သားနာယူ                                                                                                                       .             ကျင့်ကြံမူက ကူးပြောင်းဘဝ ကောင်းရာရောက်၏ ။                                                                                               .                                                                                                                                                                                         မမေ့တရား  မေ့လျော့ပါက                                                                                                                             .             ခံစားဝေဒနာ ရရှိချိန်တွင်                                                                                                                               .             ခိုင်လုံတရား မရှိငြား  နောင်တရမည်တည်း  ။                                                                                                      .                                                                                                                                                                          .             ဇရာဗျာတိ နှိပ်စက်ဧကန်  ခံရပြန်သော်                                                                                                              .             သတိတရား မရှိငြား ထိပ်လန့် ကြုံမည်တည်း ။                                                                                                       .                                                                                                                                                                                           မရဏခံတွင်း ဆင်းသက်နီးချိန်                                                                                                                          .             မျက်ဝန်းအိမ်မှ  တသွင်သွင်စိးကျ                                                                                                                                    နောင်တရ  ဂတိမှားမည်နည်း  ။                                                                                                                         .                                                                                                                                                                               .             မမေ့တရား  မေ့ကာထား  နောင်တရမည်တည်း..................။                                                                                    .             စိတ်ထုံမွှေ့ လျော် အာရုံပေါ် နောက်မျော်တွေ့ လေတည်း................။                                                                      .             အားကိုးရှာသော် ဘုရားပေါ် ကံတူပေးလေတည်း....................။                                                                                .             ဘဝဇာတ်ဆုံး  ချုပ်လေသော်  တမလွန်ရောက်လေတည်း..................။                                                                    .              ...................။..........................။..........................။                                                                                                                                                              .             အမှားများလည်းထောက်ပြဝေဖန်ညွန်ပြပေးပါရန်....နှင့်                                                                                          .             သိသလောက်တင်ပြအပ်ပါသည်.....................................လေးစားစွာဖြင့်          
သွေးလျှူဒါန်းခြင်းသည် မွန်မြတ်ပါသည်...
$
0
0
ရန်ကုန်ဆေးရုံကြီးတွင် သွေးကင်ဆာ သမားတစ်ဦးသည် (AB)သွေးအရေးတကြီး လိုအပ်နေပါနေပါသဖြင့် လျှူဒါန်းလိုသူများရှိပါက ဖုန်း 09420183248 ကိုဆက်သွယ်၍ကူညီပေးကြပါရန် အကူအညီတောင်းခံအပ်ပါသည်
အလုပ်မရှိ အလုပ်ရှာ ၀က်ကိုတောင် tatoo ထိုးပေးရတယ်လို့
$
0
0
အလုပ်မရှိ အလုပ်ရှာ ၀က်ကိုတောင် tatoo ထိုးပေးရတယ်လို့.
 ထူးထူးဆန်းဆန်း၊ ထူးထူးခြားခြားတွေ လုပ်နေရမှ ကျေနပ်နေတဲ့ သူတွေကတော့ တစ်ခုမဟုတ် တစ်ခု အမြဲတမ်း သူများနဲ့ မတူတာတွေကို လိုက်လုပ်နေကြတာပါပဲ...၊ အခုလည်း ကြည့်လေ... သူ့ဟာသူ နေတဲ့ ၀က်တွေကို tatoo တွေ ထိုးပေးထားပြန် သတဲ့....
မှတ်ချက်။ မြန်မာပြည်သား တိုင်းရင်းသားများ ၏ ဘာသာရေး၊ လူမှု့ရေး၊ အလှူအတန်း၊ မွေးနေ့၊ မ၈င်္လာပွဲများနှင့် ပွဲလမ်းသဘင်များ ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲများ ၊သာရေး၊ နာရေး ကိစ္စရပ်များအတွက် မိမိ၏Website တွင် ကြော်ငြှာ အဖြစ် ထည့်သွင်းဖေါ်ပြလိုပါက aunglaybc.blogspot.com@gmail.com သို့ ပေးပို့လာပါက ကြော်ငြှာများကို အခမဲ့ ဖေါ်ပြပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Share:
ခွေးချစ်တတ်သူများအတွက် ချစ်စရာ ခွေလှလှလေးများ
$
0
0
        ခွေးချစ်တတ်သူများအတွက် ချစ်စရာ ခွေလှလှလေးတွေ လက်ဆောင်ပါးလိုက်ပါသည်။ခွေးကလေး
များ၏ ချစ်စဖွယ်အမူအရာလေးများအား ကြည်ရှူရင်း ဘဝအမောများ ခေတ္တ လွင့်စင်ပါစေ........။
ချစ်သူလာမည်လမ်း မှန်းစလိုမျော်..
 DOG လက်ရွေးစင် ဘောသမား
MODEL DOG
 ဒါ မကြာမီထွက်မဲ့ ရော့ခ်ကာ အဖွဲ
ကြောက်ပါနဲ့ သယ်ရင်းရာ
 စာကျက်ရတာလည်း ပျင်းစရာပဲ
Oh my dog ရေမွှေး
beauty salon သို တစ်ခေါက်
 အသားအရည် ထိန်းသိန်းရတာပ
အိပ်ရာဝင်
အိပ်ချင်လိုပါဆို စားသေးဝူး..
ဝတုတ်ရေလိုခေါ်ရင်....
 မိဖြူ လို ခေါ်လိုက်သလားလို
 ကျမနာမည် မိပြူး
သူနာမည်က Ladygaga
 တွေ့ရတာဝမ်းသာပါတယ်..ဟဲ.ဟဲ...
ဟေ့.. ခြဝမှ ပြူတစ်ပြူတစ် လုပ်မနေကြနဲ့
 ဘာကြည့်တယ် တစ်စစီဖြစ်သွားမယ်..
ကျုပ်နာမည် မိုက်ခဲ 
အားလုံးပျော်ရွှင်ကြပါစေ...
                                       လေးစားစွာဖြင့်    ....    မောင်မြင့်
http://satekuupuyar.blogspot.com/2013/02/blog-post_11.html
ရွှေမြို့တော်အွန်လိုင်းပရဟိတအသင်း (၁၀)ကြိမ်ပြီးဆုံးအောင်မြင်ခဲ့ပါပြီသာဓုခေါ်ဆိုနိုင်ကြရန်
$
0
0
ရွှေမြို့တော်သူငယ်ချင်းများအားလုံးမင်္ဂလာပါ
ဒီတခေါက်ကတော့
(10)ကြိမ်မြောက်အနေနဲ့
လူမူကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးမိန်းကလေးသီးသန့်ဂေဟာ
ကျောင်းသားဦးရေ ----80 ယောက်
ထောက်ကြန့်လမ်းဆုံး
(၁၀-၀၂-၂၀၁)နေ့က
(၁၀)ကြိမ်မြောက်သွားရောက်လှူဒါန်းခဲ့ပါသည်။
Photo: ရွှေမြို့တော်ပရဟိတ အသင်း(၁၀ကြိမ်)မြောက် အလှူအောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီရှင်
Photo: ရဲဘော်ဆက်လုပ်ခိခိ
အလှူပစ္စည်းများ
Photo: အလှူပစ္စည်းများ
ကလေးများအားအဖွဲ့သားမာမီများကကပြနေပုံ......
Photo: ကလေးများအားအဖွဲ့သား မာမီများကကပြနေပုံ..........ီ
ခိခိမာမီတွေ
Photo: ခိခိမာမီတွေ
ကလေးများအားစာအုပ်ဘောပင်ခဲတံခဲဖျက်မုန့်အအေးကွန်ပါဘူး
များအားပေးအပ်လှူဒါန်းပုံ
Photo: ကလေးများအားစာအုပ်ဘောပင်ခဲတံခဲဖျက်မုန့်အအေးကွန်ပါဘူးများအားပေးအပ်လှူဒါန်းပုံ
Photo: ရွှေမြို့တော်ပရဟိတ အသင်း(၁၀ကြိမ်)မြောက် အလှူအောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီရှင်
Photo: ရွှေမြို့တော်ပရဟိတ အသင်း(၁၀ကြိမ်)မြောက် အလှူအောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီရှင်
Photo: ရွှေမြို့တော်ပရဟိတ အသင်း(၁၀ကြိမ်)မြောက် အလှူအောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီရှင်
Photo: ရွှေမြို့တော်ပရဟိတ အသင်း(၁၀ကြိမ်)မြောက် အလှူအောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီရှင်
Photo
ကလေးများအားအားပေးစကားပြောနေသော
ချစ်ညီမလေး
Photo: ကလေးများအားအားပေးစကားပြောနေသော ညီမလေးအလှုရှင်ကနေ့လည်စာကျွေးမွေးတည်ခင်း
(ကိုဇေယျာငြိမ်းနှင့်မစိမ်းလဲ့ဝင်း)တို့ကလှူဒါန်းပါသည်
WE ARE SMT
WE ARE FAMILY
လဲနေသူထူပေး..အားငယ်သူဖေးမဖို့
မင်းတို့အတွက်ရှိနေမယ်
SMT
နောက်ထက်...နောက်ထက်လည်းခြေလှမ်းပေါင်းများစွာကို
လျှောက်လှမ်းဖို့အားလုံးပါဝင်ကူညီပေးပါအုန်းရှင်။
ကုသိုလ်ကိုမျှဝေလိုက်ပါတယ်ရှင်။
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
(ပရဟိတတာဝန်ခံ)
****့ပြည်ထောင်စုနေ့တို့မမေ့****
$
0
0
"ပြည်ထောင်စု..မြန်မာနိုင်ငံအလံကိုအလေး..ပြု"
အတန်းခေါင်းဆောင်မောနီတာကအသံပြုလိုက်တယ်ဆိုရင်ဘဲ..
ကမ္ဘာမကြေ၊မြန်မာတွေ
တို့အဘိုးအဘွားအမွေစစ်မို့
ချစ်မြတ်နိုးပေ
ပြည်ထောင်စုကိုအသက်ပေးလို့
တို့ကာကွယ်မလေ
ဒါတို့ပြည်၊ဒါတို့မြေ
တို့ပိုင်တဲ့မြေ၊
တို့ပြည်တို့မြေအကျိုးဖို့
ညီညာစွာတို့တစ်တွေထမ်းဆောင်ပါစို့လေ
တို့ကာကွယ်မလေ
အဖိုးတန်မြေ.......
နိုင်ငံတော်သီချင်းလေးကိုရွတ်ဆိုပြီး
နိုင်ငံတော်အလံကို..၃မိနစ်အသံတိတ်ဆိတ်စွာ..ရိုသေပေးခဲ့ရတဲ့ငယ်ငယ်က
ကျောင်းသားဘ၀လေးကိုပြန်လည်မြင်ယောင်မိပါတယ်။
ဆရာမကတွေက..မနက်ကျောင်းတတ်ချိန်တစ်ကြိမ်..ညနေကျောင်းဆင်းချိန်တစ်ကြိမ်.
.နိုင်ငံတော်ကဗျာကို..ရွတ်ဆိုခဲ့ကြရပါတယ်။
ရုပ်ရှင်ရုံတွေမှာဆိုလည်း နိုင်ငံတော်အလံကိုတွေတာနဲ့စက္ကန့်အနည်းငယ်တိတ်ဆိတ်စွာအလေးပြုကြရပါတယ်။
အခုတော့..အဲဒီဓလေ့လေးကပျောက်ကွယ်နေပါပြီရှင်။
 ရှင်းတို့ အသက် ခပ်ငယ်ငယ်တုန်းကတော့ ပြည်ထောင်စုနေ့ အချိန်အခါ နီးပြီလားဆိုရင် အဲဒီ
သီချင်းလေးကို ရေဒီယိုကနေ မကြာခဏဆိုသလို လွှင့်လေ့ရှိပါတယ်။
၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ..ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်းစတဲ့တိုင်းရင်းသားလူမျိုးများ
အပြင်တစ်ခြားလူမျိုးစုအများအပြားနေထိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်များက
ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် တိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် တလုံးတစည်းတည်း နေထိုင်၍ လွတ်လပ်ရေးကို
အရယူမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြသည်။
နယ်ချဲ့အစိုးရက နယ်စပ်ဒေသ လူမျိုးများနဲ့ ဗမာလူမျိုးများ အကြား သွေးကွဲစေဖို့ နည်းမျိုးစုံနဲ့ ခြေထိုးခဲ့ပါတယ်။
ဒါကြောင့်ပဲ အမျှော်အမြင် ကြီးမားလှတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်ကြီးများစုပေါင်းပြိး
အင်္ဂလိပ်လက်အောက်မှ အတူအတွ လွတ်မြောက်ဖို့ နဲ့ လွတ်လပ်ရေးရပြီး အတူတကွ ညီညွတ် ချစ်ခင်စွာ နေထိုင်ရေးကို
အဓိကထား ဆွေးနွေးခဲ့ကြတယ်။ညီလာခံမှာ တိုင်းရင်းသားများအားလုံးနဲ့ သဘောတူညီချက်ကို ရရှိခဲ့ပြီး
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ် များက လွတ်လပ်ရေး
အလျင်အမြန်ရရှိရေး၊ လွတ်လပ်ရေး အလျင်အမြန်ရရှိပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အဖြစ်
အတူတကွ ယှဉ်တွဲနေထိုင်ရေးကို သဘောတူညီခဲ့တယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း
အမှူးပြုတဲ့ ဗမာခေါင်းဆောင်များနဲ့ နယ်စပ်ဒေသ ကိုယ်စားလှယ်များဟာ သမိုင်းဝင် `ပင်လုံစာချုပ်´ ကို ချုပ်ဆို နိုင်ခဲ့ကြပါတယ်။
အဲဒီ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နေ့ကို `ပြည်ထောင်စုနေ့´ ရယ်လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့
`ပြည်ထောင်စုနေ့´ ရဲ့ သရုပ်ဟာ ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး (ပင်လုံ စိတ်ဓတ်)ပါပဲ။
ဒါကြောင့်လဲပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေဟာ ကိုလိုနီနိုင်ငံဘ၀ကနေ လွတ်မြောက်ဖို့
ကြိုးပမ်းရာမှာ တဦးပေါ် တဦး အပြန်အလှန် ယုံကြည်လေးစားမှုတွေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကို ကျင့်သုံးပြီး
ပြည်ထောင်စုသား အားလုံး တစည်းတလုံးတည်း ဖြစ်စေရေးကို အောင်အောင်မြင်မြင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုမူအအနေနဲ့အမျိုးသားသွေးစည်းညီညွတ်ရေး၊တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကိုဗိုလ်ချုပ်အောင်ဆန်းကချမှတ်ခဲ့ပါတယ်။
ပြည်ထောင်စုနေ့မှာ ပင်လုံစာချုပ်မပါရင်မပြီးသလို
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်အကြောင်း ကလည်းဒွန်တွဲယဉ်တွဲလျှက်ရှိပါတယ်။
တိုင်းပြည်ကို ချစ်မြတ်နိုးသူအားလုံး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်တွေကို အမြဲမသွေ အသိအမှတ်ပြု
လေးစားဂုဏ်ပြုနေရမှာ ဖြစ်ပါတယ်။
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
Photoshop ၀ါသနာရှင်များအတွက် အလွယ်ဆုံး ဓာတ်ပုံပြင်နည်း
$
0
0
ဒီဆော့ဝဲလေးကလည်း ၀ါသနာတူသူငယ်ချင်းများအတွက် အသုံးဝင်တဲ့ ဆော့ဝဲပါ
ဒီဇိုင်း ၊ကာလာ၊ အဖြူအမဲ၊ ခဲချစ်ပန်းချီ ၊ နှစ်ကိုယ်ခွဲသုံးကိုခွဲ၊ရုပ်ပြောင်၊ ပန်းဘောင်
အလှဆင် အစုံသုံးရတယ် စက်လည်းမလေးတဲ့ ပေါ့ပေါ့ပါးပါးလေးပါ ။အသုံးပြုပုံက
လွယ်ကူနေသောကြောင့် ယူဖြစ်အောင်သာ ဆောင်ထားကြပါလို့ .......................။
ဒီမှာယူလိုက်ပါ -   ဒီမှာယူမယ်
ဖေဖော်ဝါရီ(14)အမှတ်တရ
$
0
0
စိတ်ဝင်စားစရာစာကြောင်းလေးတစ်ကြောင်းအတွက် အစပျိုးလိုက်ပါတယ် ဖတ်ကြည့်ပါ ဝေဖန်ပါ ပြန်မေးပါနော်
ဖေဖော်ရီဝါရီ (14)ချစ်သူများနဲ့ မတိုင်မီ  ကောင်လေးတစ်ယောက်က လောကမှာ မထူးခြားပဲဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်တဲ့  အချစ်သစ်တစ်ခုကို ရှာတွေ့သွားတယ်( အချစ်ဟောင်းလည်းရှိချင်ရှိခဲ့မှာပေါ့) ကောင်လေးက ကောင်မလေးကို  ကောင်မလေးရေ  I Love You. တဲ့ ကောင်မလေး ကတော့ ပုံမှန်ဖြစ်နေကျ ရှေးရိုးအတိုင်း အချိန်ဆွဲနေ တဲ့ အနေနဲ့  ဖေဖော်ဝါရီ (14) ရက် ချစ်သူများနေ့ကိုချိန်းလိုက်တယ် အဲ့ဒီနေ့မှာတော့ ဧဒင်ဥယျာဉ်ထဲကို ကောင်လေးကရောက်သွားတယ်  ဒါပေမယ့်ကောင်မလေးကိုမတွေ့ရဘူး ထိုင်ခုံလေးမှာ စိတ်ပျက်ပြီးထိုင် နေတဲ့အချိန် ဘေဘီလေးတစ်ယောက် သူ့ရှေ့ရောက်လာတယ် အကိုကြီး အမကပေးခိုင်းလို့ တဲ့စာရွက်လေးတစ်ရွက်ပေး သွားတယ် ကောင်လေးကကောင်မလေးပေးတာဆိုပြီးစာရွက်ကို ဖွင့်ကြည့်လိုကတော့ ကောင်လေးကလက်မှိုင်ကျပြီးခေါင်းငုံ့သွားတယ်
ဘာဖြစ်နိုင်မလဲ ? ကြည့်ကြရအောင်
အဲဒီစာရွက်လေးမှာရေးထားတာကတော့
ခဲနဲ့ပေါက်ခံရသော ခွေးတစ်ကောင်ဟာ လိုဗွီလို့ အော်ပြီး ရူးသွားတယ်  ဆိုတဲ့စာသားလေးဖြစ်နေတယ်
ဒါပေမယ် ကောင်လေးကအဲဒီစာသား အဓိပ္ပါယ်ကို နားမလည်ဘူးဖြစ်နေတယ် 
ကဲ သူငယ်ချင်းတို့ ကောင်လေးကို ၀ိုင်းစဉ်းစား ပေးလိုက်ကြပါအုံး နောက်နေ့ကျတော့အဖြေပြောကျပေါ့နော်
တာ့တာ
မှတ်ချက်။  အဖြေ က သိုးဆောင်း ရဲ့(သူ....ဘယ်သူလဲ) မှာရှိပါတယ် သူငယ်ချင်းတို့
စိတ်ဝင်စားမယ်ထင်ပါတယ် 
မြန်မာနိုင်ငံ ကလေးများနေ့.........
$
0
0
ကလေးငယ်များသည် မိဘများ၏  အဆုံးမရှိသော မျှော်လင့်ချက်များ ရှင်သန်ရာ ရင်နှစ်သည်းခြာများဖြစ်သည့် အပြင် အနာဂါတ်၏  အလင်းရောင်များ ကြယ်ပွင့်လေးများလည်းဖြစ်ပါသည်။
ကမ္ဘာ့ ကလေးများနေ့သည် ၁၈၈၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ အစပြုခဲ့သည်ဟု သိရှိရပါသည်။
(၂၀၊ ၁၁၊ ၁၉၅၉ )ရက်နေ့တွင်  UNHCR မှ နိုင်ငံပေါင်း (၇၆)နိုင်ငံ၏ သဘောတူညီမှုဖြင့်  တရားဝင်ကြေငြာခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာ့နိုင်ငံအတော်တော်များများတွင် နှစ်စဉ် ဇွန်လ(၁)ရက်နေ့ကို ကလေးများ နေ့အဖြစ် သတ်မှတ်ထားသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီမှု မရှိကြပါ......။ အချို့နိုင်ငံများတွင် အောက်တိုဘာလ အချို့နိုင်ငံများတွင် နိုဝင်ဘာလ စသဖြင့် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ခုအား အစွဲပြု၍ သတ်မှတ်ကြပါသည်။
ကမ္ဘာ့ကလေးများနေ့ သတ်မှတ်ပေးရာတွင် UNHCR မှ  ပြဌာန်းချက် ( ၁၀ ) ခုကိုလည်း ကလေးငယ်များအတွက် တစ်ပါတည်း ချမှတ်လိုက်ပါသည်-
၁။ ကလေးသူငယ်များအားလုံး သနားကြင်နာမှု ခံစားနိုင်ရန်။
၂။ ကလေးသူငယ်များအားလုံး အာဟာရ လုံလောက်စွာ ရရှိနိုင်ရန်။
၃။ ကလေးသူငယ်များအားလုံး မျိုးရိုး ဆက်ခံနိုင်ခွင့်ရှိရန်။
၎။ ကလေးသူငယ်များအားလုံး အခမဲ့ ပညာသင်ကြားနိုင်ခွင့် ရှိရန်။
၅။ ကလေးသူငယ်များအားလုံး နားနေချိန်နှင့် ပျော်ရွှင်စွာ အသက်ရှင်ခွင့်    
    ရရှိရန်။
၆။ ကလေးသူငယ်များအားလုံး ၏ စွမ်းရည်တွေကို ဖော်ထုတ်ပေးရန်။
၇။ အခက်အခဲ ကြုံနေသော အခါ အမြန်ဆုံးအကူ အညီပေးရန်။
၈။ မသန်စွမ်းသူ ကလေးငယ်များကိုကူညီရန်။
၉။ ကလေးသူငယ်များကို လူမျိုး ၊ ဘာသာ ခွဲခြားခြင်း မပြုရန်။
၁၀။ ကလေးသူငယ်များကို ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးများနှင့် ဆက်သွယ်
     ပေးရန်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ကလေးများနေ့အား နှစ်စဉ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့အား သတ်မှတ်ထားခဲ့ကြပါသည်.....။
ထိုနေ့သည် တစ်တိုင်းတစ်ပြည်လုံး နှစ်ပေါင်းတစ်ရာကျော်ခန့် တိုင်းတစ်ပါး
ကိုလိုနီအစိုးရ၏ ကျွန်သဘောက်ဘ၀မှ လွတ်မြောက်စေရန် စွမ်းဆောင်ပေး
ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနြေ့ဖစ်ခြင်းကြောင့် ဖြစ်ပါသည်...။
ထိုကလေးများနေ့ကို မည်သည့်နှစ်၊ မည်သည့်ရက်၊လတွင် မည်သူက သတ်မှတ်ခဲ့သည်ကို အတိအကျ မသိရသော်လည်း နှစ်စဉ်နှစ်တိုင်း
ပုဂ္ဂလိက အဖွဲ့အစည်းများမှ ဂုဏ်ပြုကျင်းပမြဲပင်ဖြစ်ပါသည်.....။
ထိုနေ့သည် မြန်မာနိုင်ငံ၏ တရားဝင် ကလေးများနေ့အဖြစ် ဖြစ်သင့်ပါသည်။
ထိုနေ့တွင် နိုင်ငံတော်၏ ပျော်ရွှင်ဖွယ်ရာ အခမ်းအနားကို ကလေးများနှင့်အတူ ကျင်းပသင့်ပါသည်....။
အဘယ်ကြောင့်ဆိုသော်....
ထိုနေ့တွင် မွေးဖွားခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းသည်.... ခေတ်တစ်ခေတ်အတွက် ဘုရားသခင်၏ လက်ဆောင်ဟု သတ်မှတ်ရလောက်သော ဆောင်ရွက်ချက်များကို
နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်သာမက အနာဂတ်
နိုင်ငံတော်အတွက်ပါ နှစ်ပေါင်းရာချီ၍ ကြိုတင် စီမံ လမ်းပြပေးခဲ့သူ
ဖြစ်ခြင်းကြောင့်ပင် ဖြစ်ပါသည်။
ဤသို့ သတ်မှတ်ပေးနိုင်လျှင် နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် ကလေးငယ်များကို
သိသင့် သိထိုက်သည်များ .... ပြသင့် ပြထိုက်သည်များ....
ဆွေးနွေးသင့် ဆွေးနွေးထိုက်သည်များကို
ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်......။
ထိုနေ့ ကျင်းပခြင်းဖြင့်
     ကျရောက်ရခြင်း၏ အကြောင်း.....။
(၂) ဒေသအလိုက် လွတ်လပ်ရေးကြိုးပမ်းမှု အကြောင်း....။
(၃) ဗိုလ်ချုပ်နှင့်အတူ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏   
     လွတ်လပ်ရေးအတွက် ပြည်ထောင်စုစိတ်ဓါတ်များမွေးမြူပုံဖော်
     ဆောင်ရွက်ချက်များအကြောင်း....။
(၄)လွတ်လပ်ရေး မဆုံးရှုံးရန် ကြိုးပမ်းရမှုများအကြောင်း....။
(၅) တိုင်းပြည်၏ ခေတ်နှင့် စနစ်များ အမျိုးမျိုး ပြောင်းလဲမှုများအကြောင်း။
(၆) ထို့ထက်ပိုသော ကလေးငယ်များ၏ စူးစမ်းမှုများဖြင့် တိုင်းချစ်ပြည်ချစ်
     စိတ်ဓါတ်ကိုမွေးမြူပေးနိုင်ခြင်းအကြောင်း....။
(၇) တိုင်းရင်းသားအချင်းချင်း အမြင်ကြည်လင်စွာ ညီအစ်ကိုများ
     ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏တာဝန်များကို အတူတကွ ထမ်းဆောင်
     ကြမည်ဟူသော အတွေးများဖြစ်ပေါ်စေခြင်းအကြောင်း...။
(၈) ကျိုးကြောင်း ဆီလျော်စွာ ဝေဖန်စဉ်းစားနိုင်စေသော အမြင်များကို
     ရရှိစေခြင်း အကြောင်းများကို ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ကလေးများနေ့အား ဗိုလ်ချုပ်၏ မွေးနေ့ဖြစ်သော နှစ်စဉ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် တရားဝင် သတ်မှတ်ပေးသင့်ပါကြောင်း အကျဉ်းချုပ်တင်ပြရင်း.....
နိုင်ငံတော်၏ အနာဂတ်ပန်းလေးများ အစွမ်းကုန် ပွင့်လန်းကြပါစေ...
(ကွန်ဆူးမား)(၁၁-၂-၂၀၁၃)
ရတနာအောင်မြင် မိဘမဲ့ကျောင်း
$
0
0
        သံဃာတပါးက ကလေးထိမ်းနေလို့ တလွဲမတွေးပါနဲ့ မန္တလေး စက်မှုမြို့သစ်က ရတနာအောင်မြင် မိဘမဲ့ကျောင်းက၉လ သား ကလေးငယ်လေးပါ အဲဒီကျောင်းမှာ ကလေးငယ် ၁၈၁ယောက်ရှိပါတယ်
လူသိနဲတဲ့ ဒီကျောင်းလေးက ဆရာတော်ကတော့ ကလေးတွေရဲ့ကျောင်းစားရိတ် နေထိုင်မှု စားရိတ်တွေအတွက် ငွေကို အတိုးနဲ့ချေးပြီး ဆောင်ရွက်နေရပါတယ် ။
ကြုံရင် ၀င်ပီးလေ့လာနိုင်ကြပါတယ် ။
လူတိုင်း တောင့်တတဲ့ အရာတခုရှိပါတယ်
အဲဒါ....မိဘမေတ္တာပါ .......................
ရတနာအောင်မြင် မိဘမဲ့ကကျောင်းလေးက ဆရာတော် ဦးမေဓာဝံသ ကတော့သူ့ရဲ မိဘမဲ့ ကလေးငယ်
၁၈၁ ဦးလုံးအတွက် ရင်မှဖြစ်တဲ့ မေတ္တာတွေ အနှိုင်းမဲ့ ပေးဆပ်နေပါတယ် ။
(ဆရာတော်ရဲ့ကျောင်းက တော့ စက်မှုဇုံ(၁) ၆၂လမ်း ၊စ ရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ် မန္တလေး ၊
ဖုန်း ၀၉-၂၀၅၁၉၀၁ )
 ကံတရားခြင်းကွာခြားလို့ ဒီကလေးငယ်တွေလောက်
ဘ၀မဆိုးပေမယ့် မိဘမဲ့တယောက်ရဲ့ ခံစားမှုတွေ စာနာတတ်ပါတယ် ။
(ရတနာအောင်မြင် မိဘမဲ့ကျောင်းမှ ကလေးငယ်များ ကျောင်းပြန်လာပုံ)
လှူဒါန်းလိုသူများ..ဆက်သွယ်ရန်
ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ မေဓါဝံသ ၊ ဘုံပျံတောရတိုက် ၊ စက်မှုဇုံ (၁) အနီး ၊ ၆၂ လမ်း ၊ (စ) ရပ်ကွက် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ဖုန်း - ၀၉-၂၀၅၁၉၀၁
မူရင်း=  http://www.facebook.com/photo.php?fbid=209456072531421&set=a.106080639535632.10078.100004010883060&type=1&theater
                                                                လေးစားစွာဖြင့်    ....    မောင်မြင့်
''' ပြည်ထောင်စုနေ့  တို့  မမေ့  ''''
$
0
0
         ဖေဖော်ဝါရီလ ( ၁၂ ) ရက်နေ့ ဟာ ကျွန်မ တို့  မြန်မာ နိုင်ငံရဲ့  ပြည်ထောင်စု နေ့ အဖြစ် သတ်မှတ်လူသိများ ကြပါတယ်။ မြန်မာ နိုင်ငံမှာ ပြည်ထောင်စုနေ့ ရောက်တိုင်း ပြည်ထောင်စုစိတ်ဓာတ်ကို သိရှိ ကြစေချင်ပါတယ်။
         တကယ်တော့ ပြည်ထောင်စု နေ့ ဖြစ်တည်လာခဲ့တာဟာ ပင်လုံစာချုပ် ကနေစခဲ့တာပါ။ မြန်မာပြည်ကြီး ပြည်ထောင်စုနေ့  ပြည်ထောင်စုစိတ်ဓာတ် ဖြစ်တည်လာခဲ့တယ့် သမိုင်းကို ပြန်ပြောပြရမယ်ဆိုရင် ..
             ကျွန်မ တို့ မြန်မာနိုင်ငံဟာ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးများအပြင် အခြားလူမျိုးစုများလည်း အများအပြား နေထိုင်ကြပါတယ်။               ရှေးယခင်လက်ထက်ကတော့ တိုင်းရင်းသားလူမျိုးတွေဟာ  ကိုယ့်ထီးကိုယ်နန်းတွေနဲ့  နေထိုင်ခဲ့ကြ ကိုယ့်ဒေသ ကိုယ် အုပ်ချုပ်နေခဲ့ကြပါတယ်။
         ၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲနဲ့အတူ ရခိုင်နဲ့တနင်္သာရီဒေသကို ဗြိတိသျှအစိုးရက သိမ်းပိုက်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ပဲခူးတိုင်းနဲ့ အောက်ဗမာပြည်ကို သိမ်းယူပြီးတော့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးမှာတော့ ဗမာတပြည်လုံးကို အင်္ဂလိပ်အစိုးရက သိမ်းယူခဲ့ပါတယ်။
      သိမ်းပိုက်အုပ်ချုပ်စဉ်ကာလမှာ ဒေသအသီးသီးကို အမျိုးမျိုး ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ ရခိုင် ၊ ဗမာ နှင့် မွန်တွေ  အုပ်ချုပ်တဲ့ ဒေသကို ပေါင်းပြီးတော့ ဗမာမြေပြန့်ဒေသအဖြစ် အုပ်ချုပ်ခဲ့သလို ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို သီးခြားခွဲခြားပြီးတော့ အုပ်ချုပ်ခဲ့တယ်။
         ၁၉၄၇ ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့် အခြေအနေကို ရောက်လာတဲ့အခါ ဗြိတိသျှအစိုးရရဲ့ သဘောထားကတော့ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားလိုပါတယ်။
                  အကယ်၍ ဗမာပြည်နဲ့ တောင်တန်းဒေသကို တပေါင်းတစည်းတည်း လွတ်လပ်ရေးရချင်ရင် တောင်တန်းသားများရဲ့ သဘောထားအရ ပေါင်းစည်းနိုင်မှသာလျှင် ဖြစ်နိုင်မယ်ဆိုပြီး အကျပ်ကိုင်ခဲ့တယ်။
        ဒီအခြေအနေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တောင်တန်းဒေသနဲ့ ဗမာပြည်ကို ပေါင်းစည်းရေးအတွက် ကြိုးပမ်းလှုပ်ရှားခဲ့တယ်။
             ဒီလိုပေါင်းစည်းရေးအတွက် ကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကတော့ “ဗမာပြည်ကို လွတ်လပ်ရေးပေးပြီးတော့ ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားခဲ့မယ်ဆိုရင် ဒီလွတ်လပ်ရေးဟာ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေးမဟုတ်ဘူး” လို့ ခံယူသလို ဗမာလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီဘ၀နဲ့ မနေချင်သလို တောင်တန်းသားများကိုလည်း ဗြိတိသျှကိုလိုနီလက်အောက်မှာ မနေစေလိုပါဘူး။ ဗမာတွေ လွတ်လပ်ရေးရသလို တောင်တန်းသားများကိုလည်း လွတ်လပ်ရေး ရစေချင်ပါတယ်။
                           ဒါ့အပြင် ရှမ်းက တမျိုး၊ ကချင်က တဖုံ၊ ဗမာက တခြား အကွဲကွဲအပြားပြား ကြိုးပမ်းဆောင်ရွက်နေကြမယ့်အစား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် တိုင်းပြည်ဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပြီး ရလာတဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးသာတူညီမျှ ခံစားကြရမှာဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။
        ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များကလည်း အကယ်၍ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးခဲ့ပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို ချန်ထားခဲ့မယ်ဆိုရင် တောင်တန်းသားများအနေနဲ့ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်နိုင်ဖို့ အလှမ်းဝေးသွား လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ဗမာပြည်နဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
          ဒီလို စိတ်ဓာတ်တွေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဗမာပြည်နဲ့ တောင်တန်းဒေသများပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
              တကယ်တော့ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်ဆိုတဲ့ ပြည်ထောင်စုမူဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့တဲ့မူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုအစမှာ
 ‘ဗမာပြည်သည် တို့ပြည်၊
ဗမာစာကို ချစ်ပါ၊
 ဗမာစကားကို မြတ်နိုးပါ’
ဆိုတဲ့ အမျိုးသားရေးဝါဒကို ချမှတ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ပါတယ်။    
                  လွတ်လပ်ရေးအကြိုကာလကို ရောက်တဲ့အခါမှာတော့ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊ ပူးပေါင်းနေထိုင်ရေးဆိုတဲ့ ပြည်ထောင်စုမူကိုချမှတ်ပြီးတော့ အမျိုးသားသွေးစည်းညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးဆိုတဲ့ အမျိုးသားရေးဝါဒဖြစ်ပါတယ်။
       ဒါတွေ ဟာ ပြည်ထောင်စုနေ့  ကို ဖြစ်ပေါ်လာစေတယ့် အကြောင်းတရားတွေပါ။ ကျွန်မတို့ ငယ်ငယ်တုန်းကဆို ပြည်ထောင်စုနေ့  ရောက်တိုင်း မြင်းပြိုင်ကွင်း ( ယခု ကျိုက္ကဆံကွင်း ) လို့ ခေါ်တယ့် ကွင်းမှာ ခုနစ်ရက် ခုနှစ်လီ ပွဲကျင်းပါပါတယ်။
               ပြည်နယ်နှင့် တိုင်း အသီးသီးမှ ဆိုင်ခန်းတွေ အလှပြတွေ အကတွေ ရောင်းကုန်တွေ နဲ့  ပြည်ထောင်စုနေ့ ပွဲတော်ဟာ အမတန်မှ ပျော်ရွှင်စရာကောင်းလှပါတယ်။
         ယခုခေတ် လူငယ်တွေ တော်တော်များများ ပြည်ထောင်စုနေ့ ကို သတိမရကြတော့ပါဘူး။ သေသေချာချာလည်း မသိရှိကြတော့ပါဘူး။
      ယခုခေတ်နောက်ပိုင်းမှာ ပြည်ထောင်စုနေ့  အထိမ်းအမှတ်ပွဲတွေလည်း ပျောက်သလောက်ရှိနေပါပြီ။ ကျွန်မ တို့ မြန်မာလူမျိုး မြန်မာတိုင်းရင်းသားတွေ ရဲ့  အထင်ကရ နေ့ လေးကို အမြဲအမှတ်ရနေစေချင်ပါတယ်။
           ကျွန်မတို့  မြန်မာနိုင်ငံကြီး လွတ်လပ်ရေးအကြို ပင်လုံစာချုပ် ကို ချုပ်ဆိုခဲ့တယ့် နေ့  ထို နေ့ ကို ပြည်ထောင်စုနေ့  အထင်ကရ နေ့ ထူးနေ့ မြတ်မဖြစ် သတ်မှတ်ပြီး အားလုံး သတိတရနဲ့  မိမိ နိုင်ငံကြီး စည်းစည်းလုံးလုံး ရှိစေရန် ၊ လွတ်လပ်ရေးခိုင်မြဲစေရန် ကြိုးပမ်းနိုင်ကြပါစေလို့ ။
                    ပြည်ထောင်စုနေ့ မှသည် မြန်မာပြည်သူ ပြည်သား တိုင်းရင်းသားများ အားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေလို့ လည်း ဆုမွန်တောင်းလိုက်ပါတယ်...
                                                                                                         ခရေ
                                                                                              ( ကြိုးစားပါအုံးမည်)
ဗိုလ်ချုပ်အောင်ဆန်း၏ စာအုပ်များ ဒေါင်းယူရန်
$
0
0
ပြည့်ထောင်စုနေ့(၁၂.၂.၂၀၁၃)င့် ဗိုလ်ချုပ်မွေးနေ့ (၁၃.၂.၂၀၁၃) အထိမ်းအမှတ် ဗိုလ်ချုပ်နဲ့ ပတ်သက်သည့် စာပေများ ၊ ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့သည့် စာပေများကို တင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
အလိုရှိသမျှ ဒေါင်းယူကြပါရှင်။
ဒေါင်းယူရန် ကလစ်ပါ
ဗမာ့အောင်ဆန်း (၁)
ဗမာ့အောင်ဆန်း (၂)
ဗမာ့အောင်ဆန်း (၃)
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဒေါင်းယူရန် ကလစ်ပါ
ဤစာအုပ်များကို မူရင်းတင်ပေးခဲ့သော မြန်မာစာအုပ်များမှ ကာယကံရှင်ထံ ခွင့်တောင်းကာ စုစည်းတင်ပြပေးလိုက်ရပါတယ်ရှင်။
စာရေးဆရာများ၏ နာမည်များနှင့် စုစည်းကာ ဖော်ပြပေးသွားပါမည်။ လိုအပ်သည့် စာအုပ်များအလိုရှိပါက ကွန်မန့်ဘောက်စ်လေးမှာ ပြောကြားသွားနိုင်ပါတယ်ရှင်။
စာအုပ်လေးများအတွက် ကျေးဇူးတင်ပါသည် ဆိုလျှင်ဖြစ်  ကျေးဇူးတင်ထိုက်သူမှာ ယခု တင်ပေးသူ မေသဇင်မဟုတ်ပါဘူး။ စာအုပ်များကို ရှာဖွေကာ အပင်ပမ်းခံပြီး စေတနာအပြည့်ဖြစ် တင်ပေးခဲ့သည့် မြန်မာစာအုပ်များကို ကျေးဇူးတင်ကြပါရှင်။
မြန်မာစာအုပ်များသို့  ကျေးဇူးတင်စကားပြောရန် သူ၏ facebook အကောင့်
အမှတ်တရ အနေဖြစ် ဗိုလ်ချုပ်၏ မိန့်ခွန်း အသံဖိုင်တစ်ခုကို ထာဝရရင်ခွင်၏ ပို့စ်မှ ကူးယူလာခဲ့ပါတယ်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ မြို့တော်ခန်းမ မှ
ဗိုလ်ချုပ်အောင်ဆန်း ပြည်သူလူထုကို မိန့်ခွန်းပြောသွားတဲ့ အသံဖိုင်လေးပါ။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
ချစ်သူမြို့တော် ပြည်ထောင်စုနေ့ အခမ်းအနား
$
0
0
တိုင်းရင်းသားပေါင်းးစုံ နေထိုင်ကျတဲ့ ချစ်သူမြို့တော်လေးမှာ တိုင်းရင်းသားများ တစ်သွေးတစ်စည်းထဲ ပေါင်းစည်းရေး အထိမ်းအမှတ် ပြည်ထောင်စုနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်ရှင်...။ ပြည်ထောင်စုနေ့ မတိုင်ခင်ကတည်းကနေ ချစ်သူမြို့တော်တွင်းမှာ ရှိတဲ့ တိုင်းရင်းသားများစုဝေးရာ တိုင်းဌာနီ အသီးသီးသို့ ပြည်ထောင်စု အလံတော် လှည့်လည်ခဲ့ပါတယ်..။
တိုင်းရင်းသားကိုယ်စားလှယ် အသီးသီးတို့ကလဲ အလှည့်ကျ မိမိတို့ ပြည်နယ်တွင်း အလှည့်ရောက်လာသည့် အလံတော်ကို အလေးအမြတ်ထား ဂရုတစ်စိုက် သယ်ဆောင်ကာ မြို့တွင်း လှည့်လည်ခဲ့ကြပါတယ်ရှင်..။
ပြည်နယ်အသီးသီးရှိ မြို့သူမြို့သားများ၏ သောင်းသောင်းဖျဖျ ကြိုဆိုမှုကလဲ ကြက်သီးထလောက်အောင် လှိုက်လှဲခဲ့ပါသည်..။ မြို့တော်သူ မြို့တော်သားတွေရဲ့ နိုင်ငံချစ်စိတ် ၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွှတ်မှုများကလဲ အံ့မခန်းပင် ဖြစ်ပါတော့သည်..။
တိုင်းနှင့်ပြည်နယ် အသီးသီးသို့ လှည့်လည်ခဲ့သော နိုင်ငံတော် အလံအား ယနေ့နံနက် ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ချစ်သူမြို့တော်သို့ သယ်ဆောင်ခဲ့ပါပြီး..။
ထို့ကြောင့် ချစ်သူမြို့တော်သူ မြို့တော်သား အားလုံးက စည်းလုံးညီညာစွာ  ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရာ နေရာ ချစ်သူမြို့တော် မိန်းစာမျက်နှာ အစည်းအဝေး ခမ်းမသို့ ချီတက်လာခဲ့ကြကာ ပြည်ထောင်စုနေ့ အခမ်းအနားကို လာရောက်ကျင်းပကြပါသည်.....။
ဒီအခမ်းအနားတွင် အခမ်းအနားမှုးအဖြစ် မေသဇင်က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်...။
အခမ်းအနားတွင် သဘာပတိအဖြစ် မြို့တော်ဝန် ဆိတ်မှိုင်း(ကိုငြိမ်း)က ဆောင်ရွက်သွားမှာဖြစ်ပြီး အတွင်းရေးမှုးအဖြစ် မ.ထ.သ.မင်းသား၊တွဲဖက်အတွင်းရေးမှုးအဖြစ်
ကျော်သူအောင်က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်...။
အခမ်းအနားအစီအစဉ်အရ............
အစီစဉ်(၁) နိုင်ငံတော် အလံအား နိုင်ငံတော် သီချင်းဖြစ်ဦးညွှတ်ခြင်း ၊
အစီစဉ်(၂) သဘာပတိမှ မိန့်ခွန့်ပြောကြားခြင်း ၊
အစီစဉ်(၃) မြို့တော်သူ မြို့တော်သားတို့ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခြင်း ၊
အစီစဉ်(၄)အတွင်းရေးမှုမှ မိန့်ခွန်းပြောကြားခြင်း ၊
အစီစဉ်(၅) အခမ်းအနားရုတ်သိမ်းခြင်းတို့ပဲ ဖြစ်ပါတယ်ရှင်........။
အစီစဉ် (၁) အရ... အခမ်းအနားကို စတင်ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်..။
အခမ်းအနားကို နိုင်ငံတော် သီချင်းဖြစ်သီဆိုဖွင့်လှစ်မှာဖြစ်ပြီး နိုင်ငံတော် အလံကို အလေးပြုခြင်းဖြစ် အခမ်းအနား ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ကြွရောက်လာကြသည့် ပရိသတ်များအားလုံး နိုင်ငံတော် အလံကို ဦးညွှတ်အလေးပြုရင်း အခမ်းအနားကို ဖွင့်လှစ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင်...။
တလူလူ လွှင့်နေသော အလံတော်ကို အလေးပြုပြီး အခမ်းအနားဖွင့်လှစ်ပြီးတဲ့ နောက်မှာ
အစီစဉ် (၂)အရ သဘာပတိကိုငြိမ်းမှ ပြည့်ထောင်စုနေ့ မိန့်ခွန်းပြောကြားသွားမှာ ဖြစ်ပါတယ်ရှင်...။
“ကြွရောက်လာကြတဲ့ မြို့တော်သူမြှို့တော်သားများမင်္ဂလာပါခင်ဗျား..။ ၂၀၁၃ခု ၊ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မှာ ကျရောက်တဲ့ (၆၆)နှစ်မြှောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ ကျွန်တော် ကိုငြိမ်းမှ သဘာပတိအဖြစ် ဆောင်ရွက်ခွင့်ရလို့ အလွန်ပဲ ဝမ်းသာဝမ်းမြောက် ဖြစ်ရပါတယ်ခင်ဗျာ...။ပြည်ထောင်စုနေ့လို့ ပြောရင် ပြည်ထောင်စုနေ့ဆိုတာ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ အကြောင်းအရင်းလေးကို မသိသေးတဲ့ နောင်လာနောင်သားတွေကို သိအောင်အရင်ရှင်းလင်းပြောကြားရမှာဖြစ်ပါတယ်..။ပြည်ထောင်စုနေ့ကြီး ဘယ်လိုဖြစ်ပေါ်လာပါသလဲ...။၁၈၈၅ ခုနောက်ပိုင်း မြန်မာနိုင်ငံဟာဗြိတိသျှလက်အောက်သို့ ကျရောက်ပြီးသည့်နောက် ၊ မြန်မာနိုင်ငံ လွပ်လပ်ရေး ပြန်လည်ရရှိအောင် မြန်မာမျိုးချစ်ပုဂ္ဂိုလ်တွေက ခေတ်အဆက်ဆက် ကြိုးပမ်းလာခဲ့ကြပါတယ်..။
 ဗြိတိသျှအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးသည့်အချိန်မှစ၍ လွတ်လပ်ရေးမပေးရရန်အတွက် နည်းမျိုးစုံဖြင့်ဟန့်တားခဲ့ကြပါတယ်။ ထိုသို့ဟန့်တားမှုများတွင် ပြည်မနှင့်တောင်တန်းဒေသများ(တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း)ကို သွေးခွဲအုပ်ချုပ်သည့်နည်းဖြင့်လည်း အုပ်ချုပ်ခဲ့ကြပါတယ်..။ ဥပမာအားဖြင့် ဗြိတိသျှအစိုးရတွေသည်  မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးသည့်နောက် တောင်တန်းဒေသများကို သီးခြားစီမံကိန်းဒေသများအဖြစ် ဘုရင်ခံကတိုက်ရိုက်အုပ်ချုပ်ပြီး ဒေသတစ်ခုနှင့်တစ်ခုကူးသန်းမှုကို ၁၈၉၈ ကချင်တောင်တန်း လူမျိုးစုဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်းဥပဒေ အစရှိသည်တို့ဖြင့် ကန့်သတ်ပိတ်ပင်ထားခဲ့ကြပါတယ်...။
ထိုသို့သော သွေးခွဲအုပ်ချုပ်ထားမှုများက လွတ်လပ်ရေးကြိုးပမ်းမှုအရှိန်မြင့်ချိန်တွင် ပို၍ရှုပ်ထွေးစေခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ဇန်န၀ါရီလ လန်ဒန်ခရီးစဉ်တွင် ပြည်မနှင့်တောင်တန်းပူးပေါင်းရေးကိစ္စမှာ အရေးပါးလာသောကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။ အခြားတစ်ဖက်တွင်လည်း ပြည်မနှင့်တောင်တန်း မပူးပေါင်းနိုင်ရန်အတွက် ဗြိတိသျှအစိုးရမှ နည်းမျိုးစုံသုံး ကြိုးပမ်းနေခဲ့တယ်။
ထိုသို့သောအခက်အခဲများရှိနေသည့်ကြားကပင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွေဟာ လွတ်လပ်ရေးအတွက် ခိုင်မာသောပြင်ဆင်မှုတစ်ရပ်ဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။
ထို့နောက် ပြည်မနှင့်တောင်တန်းဒေသပေါင်းစည်းရေးအတွက် သဘောတူညီမှုရရှိခဲ့သော ပင်လုံစာချုပ်ကိုလည်း ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသ၏ ဗဟိုချက်ဖြစ်သည့် ပင်လုံမြို့တွင်ချုပ်ဆိုနိုင်ခဲ့ပြီး ထို ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းက လွတ်လပ်ရေးအပြည့်အ၀ရရှိရန်အတွက် လက်နက်တစ်ခုဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ၁၉၄၇ ခုနှစ်ကာလများအတွင်း အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန်နှင့် ပင်လုံစာချုပ်ဖြစ်ပေါ်စေရန် ကြိုးပမ်းခဲ့သောနေ့ရက်များကို ပြည်ထောင်စုနေ့ ဟု သတ်မှတ်ခဲ့ကြပါတယ်..။
ဒါကြောင့် ပြည်ထောင်စုနေ့ဆိုတာ အကွဲကွဲ အပြားပြားဖြစ်နေတဲ့ တိုင်းရင်းသားများ အားလုံးကို တစ်စည်းတစ်ဝေးတည်း ပေါင်းစည်းနိုင်တဲ့ နေ့တစ်နေ့ ဖြစ်တာမို့ မျိုးဆက်သစ်တွေလဲ ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးပြီး ဆက်လက်ထိမ်းသိမ်းပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား....
“ဖြောင်း....ဖြောင်း..ဖြောင်း” (ပရိသတ် လက်ခုပ်သံ)
အစီစဉ် (၂) အရ သဘာပတိ မိန့်ခွန်းပြောကြားပြီးတဲ့ နောက်မှာ အစီစဉ် (၃) အရ မြို့တော်သူမြို့တော်သားတို့မှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားသွားမှာ ဖြစ်ပါတယ်ရှင်..။
ပထမဦးစွာ မြို့တော်သား Kyaw ရဲ့ သဝဏ်လွှာ ဖြစ်ပါတယ်ရှင်..။
၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ လွတ်လတ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပင်လုံ စာချုပ် ကို ချုပ်ဆိုခဲ့ပါသည်။ ယခုအခါ နှစ်ပေါင်း (၆၅)နှစ် ပြည့်မြောက်ပြီ ဖြစ်သော ပြည်ထောင်စုနေ့ အကြို အဖြစ် ဗမာတို့နှင့် ပူးပေါင်း၍ လွတ်လပ်ရေးကို အရယူမည်ဟူသော သဘောတူညီချက် ရရှိ၍ ၀မ်းမြောက်သည့် အထိမ်းအမှတ်ဖြင့် ပင်လုံမြို့တွင် ရှမ်းစော်ဘွားများက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် စကားကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်-....။
ဆက်လက်ဖတ်ရှု့ရန်
နောက်ထပ်တဖန် sanlin၏ ရင်တွင်းဖြစ်
ပြည် မြန်မာ၊ ဖားစ်ပေါထ်၊ကိုင်ကာ ထားတဲ့  ဒို့ဟာ၊
မြန်မာ ပြည်သားတွေ ဖြစ်၊
မြန်မာပြည်ကို ချစ်တတ်ရမယ်။ 
ဆက်လက်ဖတ်ရှူ့ရန်>>>>
ယခု တဖန် Ko mg mg ရဲ့ သဝဏ်လွှာ
ကျွန်တော်ဆက်မပြေးချင်တော့  အမောလဲတော်တော်ဖေါက်နေပြီ ။ ကိုယ့်ကိုကျော်တက်သွားသူများလည်းမနဲတော့ ။ခြေလှမ်းကိုရပ်ပြစ်ဖို့ စိတ်ကူးပြန်တော့လဲသူငယ်ချင်း သန်းထိုက် နှင့်ဝင်းကိုပြောစကားကနားထဲပြန်ဝင်လာသည်။ဟေ့ကောင် မောင်မောင်  မင်းအရည်အချင်းနဲ့  ပထမ ဒုတိယ.မရဘူး ဆိုတာတော့ ငါတို့ သိတယ် ။ဒါပေမဲ့ပန်းဝင်အောင်ပြေးမယ်ဆိုတဲ့  ဂတိတော့ ပေးကွာ ။ဘယ်လိုလဲ ပန်းဝင်အောင်ပြေးနိုင်ရင် မင်းကြိုက်တဲ့ ကြေးအိုး  စိတ်ကြိုက်အ၀စား ငါတို့ တာဝန်ယူတယ် ။
ဆက်လက်ဖတ်ရှု့ရန်>>>
ယခု တဖန် မဝင်းဝင်းလှိုင်၏
ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု
``ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် ၊ ရှမ်းတို့တတွေ၊ ပြည်ထောင်စုသား၊ တိုင်းရင်းဖွား၊ ညီအစ်ကိုမောင်နှမ တတွေ၊ သွေးစည်းကာသာလေ၊ ညီညွတ်ချစ်ကြည်နေ ၊ အေးတူပူမျှ၊ တူတကွ ခံစားစံစားကြမယ်လေ´´ လေ၀ယ် ဝေ့ပျံလာသော သီချင်း သံသည် နွေးထွေးစိတ်အား တက်ကြွဖွယ် ကောင်းလှသည်။
ဆက်လက်ဖတ်ရှုရရန်>>>>>
ယခုတဖန်Aung Htet ၏ သဝဏ်လွှာ
ဆောင်းနှောင်းရာသီ..ဖေဖေါ်ဝါရီကိုပင်ရောက်ပြန်ချေပြီ..နှင်းများကား..ပိန်းပိန်းပိတ်အောင် မကျနိုင်တော့..
မှုံယုံသာ မံှုံတော့တယ်..ပမာအားဖြင့် ဇာပုဝါ ပါးပါးလေးချထားသလိုမျိုးသာ..
ဆက်လက်ဖတ်ရှု့ရန်>>>>
ဆက်လက်ပြီး နေခြည်သစ်နွယ်(ပြည်)ရဲ့
“ပြည်ထောင်စုရဲ့အင်အား”
ပြည်ထောင်စုမှာ တည်ထောင်ပြုဖို့
ညီနောင်တစ်စုတို့ အားမာန်တွေက
ဒီရာစုရဲ့ခေတ်သစ်မှာ ပန်းလေးတစ်ပွင့်ပမာ
လန်းဆန်းလို့ရှင်သန်လာခဲ့ပေါ့….
.ဆက်လက်ဖတ်ရှု့ရန်>>>
မှုံနံ့သာဖြူ၏ သဝဏ်လွှာ
ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးလမ်းစကို ဖော်ထုတ်ဖန်တီးခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပင်လုံစာချုပ်ကြီးကို ပင်လုံညီလာခံတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြရာ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ၆၅ နှစ်မြောက်ခဲ့ပြီဖြစ်သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့က ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကြီးကို အခြေခံ၍ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသားများသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့တွင် မြန်မာနိုင်ငံကို အချုပ်အချာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
ဤသို့အချုပ်အချာ အာဏာပိုင် နိုင်ငံဖြစ်သော တည်ထောင်နိုင်ခြင်းသည် ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးများ၏ မလျော့သောဇွဲ၊ မဆုတ်မနစ်သော လုံ့လ၊ နောက်မတွန့်သော သတ္တိ၊ ခိုင်မာသောအဓိဋ္ဌာန်၊ မပြိုမကွဲသော စည်းလုံးညီညွတ်မှုတို့ဖြင့် အသက်၊ သွေး၊ ချွေးတို့ကို စတေး၍ ဆောင်ရွက်ခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။
ဆက်လက်ဖတ်ရှု့ရန်>>>>
sanlinnရဲ့ ရင်တွင်းဖြစ် သဝဏ်လွှာ....
စည်းလုံး ညီညွတ်စွာနဲ့၊
နေစရာ ဆောက်လုပ်ဘို့ ပြင်၊
တစ်ပင်ချင်းပဲ သယ်လာ၊
သပ်ရပ်စွာ ပြုလုပ်လို့ ထား၊
သေသပ်ခန့်ညားတဲ့ အသိုက်၊
လေတိုက်လည်း မပြိုကွဲ၊
ခိုင်မြဲလို့ တည်နေတဲ့ အခါ၊
ဒါဟာ စာကလေးတို့ရဲ့ ပြည်ထောင်စုပေါ့။ (စာ သိုက်)
ဆက်လက်ဖတ်ရှု့ရန်>>>>
မင်းဆက်ဆက်ခ၏ ရင်တွင်းဖြစ်
အစကတော့ ပြည်ထောင်စုနေ့ကလေးနဲ့ပတ်သက်ပြီတော့   ၀တ္တုတိုလေးတပုဒ်ရေးမလို့ပါပဲ။ ဒါပေမဲ့ ဒီလိုအဓိပ္ပာယ်တွေလေးနက်နေ
တဲ့  နေ့ထူးနေ့မြတ်လေးမှာ  ၀တ္တုတိုလေးတပုဒ်ရေးဖွဲ့လိုက်ယုံနဲ့ပြီပြည့်စုံတဲ့အရသာကို စာဖတ်သူကိုပေးစွမ်းနိင်မှာမဟုတ်ပါဘူး။အဲဒါ
ပေမဲ့ပေါ့လေ  ဝေဒနာနဲ့ဝါသနာကြားက အလွမ်းအဆွေတွေပဲအမြဲရစ်ဝဲနေတဲ့ ကျွန်တော်ရဲ့နှလုံးသားနံရံထက်မှာအမှတ်မထင်ပဲ့ထန်
လာတဲ့အသံက “ မျိုးချစ်စိတ် ” ဆိုတဲ့အသံလေးကြောင့် ဒီဆောင်းပါးလေးကိုရေးဖွဲ့လိုက်ရခြင်းဖြစ်ပါတယ် .
ဆက်လက်ဖတ်ရှု့ရန်>>>>
ကိုလင်း(သလ္လဝတီ)ရဲ့ ရင်တွင်းဖြစ်
ပင်လုံရိပ်မြုံ၊ တိုင်းသားစုံညီ၊
ကြွအုံနိုးကြား၊ ရှမ်းကယားတို့၊
သွေးသားနောင်ရင်း၊ ကချင်ချင်းပါ၊
မယွင်းအမှန်၊ အဓိဋ္ဌာန်ဖြင့်၊
မြန်မာကရင်၊ လက်တွဲယှဉ်လျက်၊
ကျောရင်မခွဲ၊ ညီညွတ်တွဲပြီး၊
စိတ်စွဲမှတ်ယူ၊ မော်ကွန်းထူခဲ့၊
ဆက်လက်ဖတ်ရှူ့ရန်>>>
နေမင်းခိုင်ရဲ ရင်တွင်းဖြစ်
စည်းလုံးမူအားမာန်တွေနဲ့
တစ်မြေထဲကသွေးချင်းတွေ
နှလုံးသားထဲကယုံကြည်မူသွေးစက်တွေနဲ့
တည်ထောင်ခဲ့တဲ့ ဒို့တွေရဲ့ပြည်ထောင်စု.........
ဆက်လက်ဖတ်ရှု့ရန်>>>
ရှင်းသန့်မေရဲ့ သဝဏ်လွှာ
ပြည်ထောင်စု..မြန်မာနိုင်ငံအလံကိုအလေး..ပြု"
အတန်းခေါင်းဆောင်မောနီတာကအသံပြုလိုက်တယ်ဆိုရင်ဘဲ..
ကမ္ဘာမကြေ၊မြန်မာတွေ
တို့အဘိုးအဘွားအမွေစစ်မို့
ချစ်မြတ်နိုးပေ
ပြည်ထောင်စုကိုအသက်ပေးလို့
တို့ကာကွယ်မလေ
ဒါတို့ပြည်၊ဒါတို့မြေ
တို့ပိုင်တဲ့မြေ၊
ဆက်လက်ဖတ်ရှု့ရန်>>>
နဂါးလေးးမှ တင်ပို့လာသော အမှတ်တရ ရှိနေတဲ့ ပြည်ထောင်စု....
ကျွန်တော်တို့ငယ်ငယ်တုန်းကလေ ပြည်ထောင်စုနေ့ဆို အမြဲကျင်းကတဲ့ကျိက်ကစံကွင်းထဲမှာပေါ့
အရမ်းစီတာနော်ခုတော့အိပ်မက်တခုလိုပါပဲ အရင်ကဆိုရင်ပြည်ထောင်စုအလံကို တိုင်းနဲ့ပြည်နယ်၁၄ခုကို ပတ်တယ်လေ
ရေဒီယိုထဲမှာအမြဲကြားနေရတယ် ဒီနေဘယ်ပြည်နယ်ကိုရောက်နေပြီဆိုတာလေ  ဖေဖ၀ါရီ၁၂ရက်နေ့ဆိုရင်ရန်ကုန်ပြန်ရောက်
ပြီလေဒီနေ့ကျရင် ကျောင်းမှာအလံကြိုဖို့ ကျွန်တော်တို့တွေ လမ်းမထွက်ရတယ် အလံသေးသေးလေးတွေကိုင်ပြီတော့ပေါ့
လူအုပ်ကအများကြီးလေ ဒီနေ့ဆို လူတွေအလုပ်မလုပ်ကျဘူး ဆိုင်တွေဆိုလည်းပိတ်ထား
ဆက်လက်ဖတ်ရှု့ရန်>>>
Bo far(or) သျှောင်ပေစူးရဲ့ ရင်တွင်းဖြစ်
ပြည် တို့တိုင်းရင်းသား ပြည် သူတွေ
                     အားလုံးသွေးစီးညီညွတ်ကြမည်....။
ထောင်        -ရန်သူတ ထောင် မကတသောင်းပင်
                      လာအုန်းတော့...တို့ တိုင်းရင်းသားတွေ
                      သွေးစည်းညီညွတ်ချင်းဖြင့်...အောင်ပွဲ
                       ခံမည်....။ဆက်လက်ဖတ်ရှု့ရန်>>>
ရွှေမြို့သူမှ ပေးပို့လာသော သဝဏ်လွှာ
သီပေါမင်းပါတော်မူပြီးနောက် ဗြိတိသျှအစိုးရလက်အောက်ကျရောက်နေသော မြန်မာနိုင်ငံသည်
လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်ကလတစ်လျှောက်လုံးတွင် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရလေသည်။
နယ်ချဲ့ကိုလိုနီတို့၏ သွေးထိုးမှုများကြောင့် မြန်မာနိုင်ငံရှိ လူမျိုးစု တိုင်းရင်းသားများ
တစ်ဦးနှင့်တစ်ဦးအထင်အမြင်လွဲမှားလျက်ရှိနေ့သည့် အချိန်ကာကလည်းဖြစ်သည်။ ထိုသို့မြန်မာနိုင်ငံကြီးတွင်
မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ စိတ်ဝမ်းကွဲခြင်းကို ပြန်လည်သင့်မြတ်အောင်လုပ်၍
လွတ်လပ်ရေးတည်းဟူသော အောင်မြင်မှုကို ရယူပေးခဲ့သော ခေါင်းဆောင်ကြီးတစ်ဦး မြန်မာ့ရာဇ၀င်သမိုင်းတွင်
ပေါ်ထွန်းခဲ့ဖူးလေသည်။ ဤသူမှာ ဗိုလ်ချူပ်အောင်ဆန်းတည်း...... ဆက်လက်ဖတ်ရှု့ရန်>>>>
မြို့တော်သူမြို့တော်သားများမှ ပေးပို့လာသော သဝဏ်လွှာများ ဖတ်ကြားပြီးတဲ့နောက်မှ အစီစဉ် (၄)အရ အတွင်းရေးမှုးမှ အမှာစကားပြောကြားခြင်းပဲ ဖြစ်ပါတယ်ရှင်.
“အားလုံးပဲ မင်္ဂလာပါခင်ဗျာ....
ချစ်သူမြို့တော် ပြည်ထောင်စုနေ့ အခမ်းအနားလေးမှာ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခွင့်ရလို့ ကျွန်တော် အတိုင်းမသိဝမ်းသာခဲ့ပါတယ် ။ ထိုထက်ပိုပြီး ကျွန်တော့ရင်ကို ရိုက်မှန်လာတဲ့ ပီတိတစ်ခုကတော့ ကျွန်တော်တို့ချစ်သူမြို့တော်လေးရဲ့ မန်ဘာအားလုံးစည်းလုံးမှုပဲ ဖြစ်ပါတယ်ခင်ဗျာ.. တိုင်းရင်းသားတွေကို အခြေခံ ဖွဲ့စည်းထားတဲ့ ဒီမြို့တော်လေးမှာ အားလုံး စုစုစည်းစည်းနဲ့ ပါဝင်ခဲ့ကြတဲ့ စည်းလုံးခြင်း မှတ်တိုင်တစ်ခု ကျွန်တော်တို့ မြို့တော်လေးက စိုက်ထူလိုက်ပါပြီ... ကျွန်တော် မျက်ဝန်းက မျက်ရည်အိုင်ဖွဲ့လောက်အောင်ကို ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်..။ နောက်နောင်တွေမှာလဲ ယခုလို အင်တိုက်အားတိုက် စည်းစည်းလုံးလုံး လုပ်ဆောင်ပေးကြဖို့ ကျွန်တော် တိုက်တွန်းပါရစေ.. ကျွန်တော်တို့လဲ အစွမ်းကုန်ကြိုးစားကြမယ် မြို့သားတွေလဲ ကြိုးစားကြပါလို့ အလေးအနက်ထားပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ..”
ဖြောင်း....ဖြောင်း....ဖြောင်း (ပရိသတ် လက်ခုပ်သံ)
အစီစဉ် (၄) အတွင်းရေးမှူး မ.ထ.သ.မင်းသားမှ အမှာစကားပြောကြားပြီးတဲ့ နောက်မှာ အစီစဉ်(၅)အရ အခမ်းအနား ရုတ်သိမ်းခြင်းပဲ ဖြစ်ပါတယ်ရှင်..
“၂၀၁၂ ခု ဖေဖော်ဝါရီလ (၁၂)ရက် နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ချစ်သူမြို့တော် ရွှေမြို့တောာ် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးသွားပါကြောင်း
ကြေငြာအပ်ပါတယ်ရှင်”
စီစဉ် တင်ဆက်သူ
Viewing all 9878 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>