Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
ကုသိုလ် နှင့် အကုသိုလ် ပွားလာမှု
$
0
0
ကျွန်တော်တို့ ဓမ္မမိတ်ဆွေများအကြား အငြင်းပွားလျက် မဆုံးဖြတ်နိုင်သော ပြဿနာတစ်ရပ် ရှိနေပါသည်။
အချို့က ကုသိုလ်သည် ပြုလုပ်ပြီးသည့်နောက်တွင် ပြန်၍တွေးမိတိုင်း ကုသိုလ်စိတ်တွေတိုးကာ ပွားများလာသကဲ့သို့ အကုသိုလ်တွင် ပွားများသော အင်အားမရှိဟု ဆိုပါသည်။
အချို့က အကုသိုလ်ပြုပြီး နောင်တ(ကုက္ကုစ္စ)ရတိုင်း စိတ်နှလုံးပူလောင်ပြီး အကုသိုလ်စိတ်တွေ ပွားများလာသည်ဟု ဆိုပါသည်။
ပြောသူများက အကိုးအကားများနှင့် ပြောကြခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့ကတော့ မြတ်စွာဘုရား ဟောခဲ့သည့် အမှန်တရားကို သိလိုနေပါသည်။
မောင်မှုးတို့အဖွဲ့
(ဝေယျာဝေစ္စအသင်း)
“ကုသိုလ်သည် ပြုလုပ်ပြီးသည့်နောက်တွင် ပြန်၍တွေးမိတိုင်း ကုသိုလ်စိတ်တွေတိုးကာ ပွားများလာသကဲ့သို့ အကုသိုလ်တွင် ပွားများသော အင်အားမရှိ”- ဆိုသည်မှာ မှန်သကဲ့သို့ “အကုသိုလ်ပြုပြီး နောင်တ(ကုက္ကုစ္စ)ရတိုင်း စိတ်နှလုံးပူလောင်ပြီး အကုသိုလ်စိတ်တွေ ပွားများလာသည်” ဆိုသည်မှာလည်း မှန်ပါသည်။
ကောင်းတာ (ကုသိုလ်) ပင်ဖြစ်စေ၊ ဆိုးတာ (အကုသိုလ်) ပင် ဖြစ်စေ ပြုလုပ်မိပြီးနောက် ပြန်၍ သတိရတတ်ပါသည်။ ထိုသို့သတိရသောအခါ ကောင်းတာ(ကုသိုလ်)ကို ပြန်တွေးမိလျှင် စိတ်ကြည်နူးပြီး ကုသိုလ်တိုးပွားသကဲ့သို့ မကောင်းတာ (အကုသိုလ်)ကို ပြန်တွေးမိလျှင် စိတ်နှလုံးပူလောင်းပြီး အကုသိုလ်များ တိုးပွားလာပါသည်။
သို့ရာတွင် မကောင်းတာလုပ်ခဲ့မိခြင်းကို မည်သူမျှ ပြန်မစဉ်းစားချင်ပါ။ တိုက်ဆိုင်၍ သတိရမိလျှင်လည်း စိတ်ပင်ပန်းသဖြင့် လျှင်မြန်စွာ ဖျောက်ပစ်တတ်ပါသည်။ ကြာရှည်စဉ်းစားမနေတတ်ပါ။ ထို့ကြောင့် အကုသိုလ်တွင် ပြုပြီးဖြစ်ပြီးသား အကုသိုလ်ကို အကြောင်းပြု၍ နောက်ထပ်ပွားများသော အကုသိုလ်အင်အား သိပ်မရှိခြင်း ဖြစ်၏။ ကောင်းမှု့လုပ်ခဲ့ခြင်းကိုကား စဉ်းစားမိတိုင်း ကြည်နူးရသဖြင့် မကြာခဏ စဉ်းစားမိ၏၊ စဉ်းစားမိတိုင်း ကုသိုလ်တိုး၏။ အလားတူမေးခွန်းကို မိလန္ဒပဉှာတွင် အရှင်နာဂသေန ဖြေကြားဖူး၏။
(အကုသိုလ်နှင့် ကုသိုလ် အနည်းအများ ပြဿနာ)
၇။ မိလိန္ဒမင်းသည် “အရှင်ဘုရားနာဂသေန ကုသိုလ်ကောင်းမှုသည် လည်းကောင်း၊ အကုသိုလ် မကောင်းမှုသည် လည်းကောင်း အဘယ်က များပြားပါသနည်း” ဟု မေးလျှောက်၏။
မင်းမြတ် ကုသိုလ်ကောင်းမှုသည်ကား များပြား၏၊ အကုသိုလ် မကောင်းမှုသည် နည်းပါး၏ဟု (မိန့်တော်မူ၏)။
အဘယ် အကြောင်းကြောင့်ပါနည်းဟု (လျှောက်၏)။
မင်းမြတ် အကုသိုလ် မကောင်းမှု ပြုသောသူသည်ကား ငါသည် အကုသိုလ် မကောင်းမှုကံကို ပြုမိပြီဟု နှလုံးမရွှင်ခြင်းဖြစ်၏၊ ထိုသို့ စိတ်မကြည်ဖြူ နှလုံးပူသောကြောင့် အကုသိုလ် မကောင်းမှုသည် မတိုးပွါး။
မင်းမြတ် ကောင်းမှုကုသိုလ်ကို ပြုသောသူသည်ကား ပူပန်မှု မရှိ၊ ပကတိ အေးမြ စိတ်ရွှင်ပျ၏၊ စိတ်ရွှင်ပျသူအား ၀မ်းမြောက်ခြင်း ဖြစ်ပေါ်၏။ ၀မ်းမြောက်သောသူအား နှစ်သိမ့်ခြင်း ဖြစ်ပေါ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသောသူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏၊ တည်ကြည်သော သူသည် ဟုတ်မှန်သောအတိုင်း သိ၏၊ ထိုအကြောင်းကြောင့် ကုသိုလ်ကောင်းမှုသည် တိုးပွါး၏။ မင်းမြတ် လက်ခြေပြတ်သော ယောက်ျားသည် မြတ်စွာဘုရားအား တစ်ခုသော ကြာလက်ကြာခိုင်ကို ပေးလှူ၍ ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး ဖရိုဖရဲ ပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ မရောက်ရလတ္တံ့၊ မင်းမြတ် ဤအကြောင်းကြောင့်လည်း ကုသိုလ်ကောင်းမှုသည် များပြား၏၊ အကုသိုလ်မကောင်းမှုသည် နည်းပါး၏ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။
အရှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။
“မင်းမြတ် ဥပမာသော်ကား ရေခန်းခြောက်သော သဲအားကြီးသော ကုန်းကြီးရှိသော ကောက်ကွေ့သော မြစ်၌ အထက်မှလာသော ရေအနည်းငယ်သည် ဆုတ်ယုတ်၏။ ကုန်ခန်း၏၊ မတိုးပွား။ ထိုလာရာ အရပ်၌သာ ကုန်ခန်းနေ၏။ မင်းမြတ် ဤအတူသာလျှင် အကုသိုလ်ပြုသော သူ၏ စိတ်သည် တွန့်တို၏၊ ဆုတ်၏၊ ဆုတ်နစ်၏၊ မပျံ့ပျူး၊ စိုးရိမ်၏၊ ပူပန်၏၊ အားယုတ်၏၊ အားကုန်၏၊ မတိုးပွါး၊ ထိုဖြစ်သော အခိုက်အတန့်၌သာ ကုန်ခန်း၏။”
“၁။ ဖြစ်ပြီးသော အကုသိုလ်များကို ပယ်ခြင်းငှါ ကြိုးစားခြင်း။
၂။ မဖြစ်သေးသော အကုသိုလ်များကို မဖြစ်စေခြင်းငှါ ကြိုးစားခြင်း။
၃။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ ကြိုးစားခြင်း။
၎။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားခြင်း-ဟု သမ္မပ္ပဓာန်တရား လေးပါးရှိရာ “ဖြစ်ပြီးသော အကုသိုလ်များကို ပယ်ဖို့ ကြိုးစားရာ၌ အမှန်တကယ် ပယ်သတ်နိုင်သည်မှာ မဂ်ကုသိုလ်ကသာ အမြစ်ပြတ် ပယ်သတ်နိုင်၏။ လောကီကုသိုလ်များကား အထိုက်အလျောက်သာ ပယ်သတ်နိုင်၏။ အထိုက်အလျောက်သာ ပယ်သတ်နိုင်သည်ဆိုသော်လည်း ကြိုးစား၍ ပယ်သတ်ပါလျှင် သာမန်အကုသိုလ်လေး များအဖို့ လျော့ပါးပျောက်ကွယ်သွားနိုင်သည်အထိ အကျိုးများနိုင်ပါသည်။
ပယ်သတ်ပုံကို သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော် သင်္ခဓမသုတ်တော်မှာ ဟောတော်မူထားတဲ့အတိုင်း ဖော်ပြချင်ပါသည်။
အခါတစ်ပါး ဘုရားရှင် နာလန္ဒမြို့ ပါဝါရိကသူဋ္ဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူခိုက် နိဂဏ္ဌ၏ တပည့်တစ်ဦးဖြစ်သော အသိဗန္ဓက၏သား ရွာသူကြီးသည် ဘုရားရှင်ထံ ချဉ်းကပ်ပြီး သင့်လျော်သော နေရာ၌ ထိုင်နေ၏။ ဘုရားရှင်က “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား အဘယ်သို့ တရားဟောသနည်း” ဟု မေးတော်မူပါသည့်အခါ “အသက်ကို သတ်သူဟူသမျှသည် (မပေးသည်ကို ခိုးယူသူဟူသမျှ, ကာမတို့၌ မှားယွင်းစွာ ကျင့်သူဟူသမျှ, မမှန် ပြောသူဟူသမျှသည်) အပါယ်ကျ၏၊ ငရဲကျ၏။ (ရေများရေနိုင် မီးများမီးနိုင် ဆိုသလို) များသော ထိုထိုကံက ဆောင်သွား၏”ဟု နိဂဏ္ဌနာဋပုတ္တက တပည့်တွေကို တရားဟောသည့် အကြောင်း လျှောက်ထား၏။
ဘုရားရှင်က (နောက်ဆုံးစကားကိုကိုင်ကာ) “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတံ့”-ဟု မိန့်တော်မူကာ လူတစ်ဦးတစ်ယောက်အဖို့ နေ့မှဖြစ်စေ ညမှာဖြစ်စေ သတ်သောအချိန် မသတ်သောအချိန်တို့ကို တွက်စစ်ကြည့်လျှင် မသတ်သောအချိန်က ပို၍များကြောင်း ထို့ကြောင့် များသောကံကသာ ဆောင်စတမ်းဆိုလျှင် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူဟူ၍ ရှိတော့မည် မဟုတ်ကြောင်း ရှင်းလင်းပြတော်မူပါသည်။ (ခိုးသူ စသည် နည်းတူ)
ဆက်လက်၍ “ဤလောက၌ အချို့သောဆရာများက သူတစ်ပါးအသက် သတ်မိသူမှန်သမျှ အပါယ် ငရဲကျ၏”ဟု ဟောပြောလေ့ရှိ၏။ ထိုဆရာကို ကြည်ညိုသော တပည့်အား “အသက် သတ်သူဟူသမျှတို့သည် အပါယ်ကျ၏၊ ငရဲကျ၏ဟု ငါ၏ ဆရာသည် ဆိုလေ့ ယူလေ့ရှိ၏၊ အသက်ကို ငါ သတ်မိ၏၊ ငါသည်လည်း အပါယ်ကျသူ ငရဲကျသူ ဖြစ်၏” ဟူသော အယူမှားကို ရကြောင်း၊ ထိုစကား ထိုစိတ်ထားကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ထိုသူသည် အပါယ်ငရဲသို့ ကျရကြောင်း ဟောတော်မူပါသည်။
ငါဘုရား၏ တပည့်များကား မကောင်းမှု့ကို ပြုမိသည့်အခါ ဤသို့ ဆင်ခြင်၏---
“ဘဂ၀ါ ခေါ အနေကပရိယာယေန ပါဏာတိပါတံ ဂရဟတိ ၀ိဂရဟတိ၊ “ပါဏာတိပါတာ ၀ိရမထာ”တိ စာဟ။ အတ္ထိ ခေါ ပန မယာ ပါဏော အတိပါတော ယာဝတကော ၀ါ တာဝတကော ၀ါ၊ ယော ခေါ ပန မယာ ပါဏော အတိပါတော ယာဝတကော ၀ါ တာဝတကော ၀ါ၊ တံ န သုဋ္ဌု, တံ န သာဓု၊ အဟဉ္စေ၀ ခေါ ပန တပ္ပစ္စယာ ၀ိပ္ပဋိသာရီ အဿံ, န မေ တံ ပါပံ ကမ္မံ အကတံ ဘ၀ိဿတီ”တိ၊ သော ဣတိ ပဋိသင်္ခါယ တဉ္စေ၀ ပါဏာတိပါတံ ပဇဟတိ၊ အာယတိံ စ ပါဏာတိပါတော ပဋိဝိရတော ဟောတိ၊ ဧ၀မေတဿ ပါပဿ ကမ္မဿ ပဟာနံ ဟောတိ၊ ဧ၀မေတဿ ပါပဿ ကမ္မဿ သမတိက္ကမော ဟောတိ” (ဂါမဏိသံယုတ်၊ သင်္ခဓမသုတ်)
“မြတ်စွာဘုရားသည် အကြောင်း အမျိုးမျိုးဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ “အသက် သတ်ခြင်းမှ ရှောင်ကြလော့” ဟုလည်း ဟောတော်မူ၏၊ သူ့အသက်ကို ဤ၍ဤမျှ ငါသတ်မိ၏၊ သူ့အသက်ကို ဤ၍ ဤမျှ ငါသတ်မိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအကြောင်းကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင် ထိုမကောင်းမှုကို ငါ မပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ်”ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုအသက် သတ်ခြင်းကို စွန့်၏၊ နောင်အခါ၌လည်း အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။”
အထက်ပါနည်းကို သင်္ဂြီုဟ်ဘာသာဋီကာဆရာတော်က “ဤနည်းကို မှတ်သားထိုက်၏၊ ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှ အကျိုးမပေးတော့ဟု မဆိုနိုင်သော်လည်း တော်တော်နှင့်ကား အကျိုးပေးခွင့် ရမည်မဟုတ်၊ ဆက်လက်အားထုတ်သွားလျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏” ဟု မှတ်ချက်ပြုထားပါသည်။
“ပါပ အစု၊ မကောင်းမှုဆို၊ အကုသိုလ်ကို၊ အလိုကျင့်သီး၊ ကျင့်မိပြီးလည်း၊ ပွားပြီးထပ်ကာ၊ မပြုရာရှင့်၊ ပယ်ခွာ မနှေး၊ မဖြစ်သေးကို၊ ဝေးစေအားသစ်၊ ကုသိုလ်ဖြစ်မူ၊ မဖြစ် ဖြစ်အောင်၊ ကျင့်ဆောင်ကြိုးစား၊ ဖြစ်ပြီးပွားဟု၊ လေးပါးသမ္မပ္ပဓာန်၊ လုံ့လမွန်ကို၊ အားသွန်နိစ္စ၊ မလွှတ်ရဘူး” (မဃဒေ၀-၂၆၅) ဟူသည့်အတိုင်း သမ္မပ္ပဓာန်လေးပါး ပွားများအားထုတ်ကာ အကုသိုလ်ပါး ကုသိုလ်ပွား၍ ကောင်းရာသုဂတိ နိဗ္ဗာန်ထိတိုင် ရောက်ရှိနိုင်ကြပါစေ။ ။
အရှင်ကောဝိဒ (ယော)
http://www.myatpanyagon.com/မှတဆင့်တင်ပြသည်။
မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။
ပြောပရစေချောမမတွေရေ~~~~~~~~~~~~~~
$
0
0
မြန်မာပြည်ကချောမမတွေရေ ချစ်လွန်းလို့ပြောပရစေ
အတိုအပြတ်နဲ့ ဖုံးလွှမ်းနေတဲ့ယဉ်ကျေးမှူကနေကယ်ချင်လိုက်ပါဘိ ဒီယဉ်ကျေးမှူလေးကနေမကယ်ချင်ကြဘူးလား ချောမမတို့ရေ
သင်္ကြမှာထွက်တဲ့မြန်မာမိန်းကလေးတွေဟာ မြန်မာစစ်စစ်ရောဟုတ်ရဲ့လားလို့ စဉ်းစားကြည့်ကြပါ ချောမမတို့ရယ်
စိတ်လိုရာစေခိုင်းချက်ကိုလိုက်နေကြတဲ့ အမိုက်မလေးတွေကိုအားကျနေကြသလား ချောမမတို့ရေ
ချစ်လွန်းလို့ ပြောပရစေချောမမတို့ရယ် မြန်မာမိန်းကလေးတွေရဲ့ဂုဏ်ကိုမြင့်တင်နိုင်အောင် ကြိုးစားကြပါလို့
ပြောပရစေချောမမတွေရယ်
ခန္တီ၏ သဘော
$
0
0
ခန္တီဟူသည် သည်းခံခြင်း၊ အမျက်မထွက်ခြင်းဟု နားလည်ထားပါသည်။ သူတစ်ပါးတို့က မိမိအပေါ် ကာယကံ၊ ၀စီကံတို့ဖြင့် လွန်ကျူးလာသည်ကို အမျက်မထွက်ခြင်းသည် သည်းခံခြင်းဟု ဆိုလေရာ သူတော်ကောင်း တရားဖြစ်သဖြင့် လိုက်နာကျင့်သုံးထိုက်လှပေသည်။ သို့သော် လူမိုက်တစ်ယောက်၏ ဤသို့ကျူးလွန်လာမှုကို သည်းခံလိုက်လျှင် ထိုလူမိုက်က သူ့ကိုယ်သူ အမှန်ထင်သွားပြီး အလားတူ ပြစ်မှားမှုများကို ဆက်လက်ကျူးလွန်နေပေလိမ့်မည်။ သူတော်ကောင်းတို့က သည်းခံလေ၊ သူယုတ်မာတို့ အခွင့်အရေးရလေ ဖြစ်လာမည်ဟု ထင်မိပါသည်။ ထို့ကြောင့် သည်းခံခြင်းဟူသော ခန္တီ၏အတိုင်းအတာကို မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း နာယူလိုကြောင်း မေးခွန်းတစ်ခုတင်လိုက်ပါသည်။
ဦးလှိုင်ဝှက်
(မူဆယ်)
“ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။”
“လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူ့လိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။”
“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင် ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။
(အရှင် ဇနကာဘိဝံသ၊ ရုပ်စုံ ဗုဒ္ဓ၀င် အမေးအဖြေ နှာ-၂၈)
ထိုခန္တီ-အရ အအေးအပူ မှက်ခြင်စသော သက်ရှိသက်မဲ့ သင်္ခါရတို့၏ မိမိအပေါ်၌ ဖောက်ဖောက်ပြန်ပြန် ဖြစ်ခြင်း (သက်ရှိတို့က နှိပ်စက်ခြင်း စော်ကားခြင်း)များကို သည်းခံသောအခြင်းအရာအားဖြင့် ဖြစ်နေသော စိတ်စေတသိက်များကို ကောက်ယူရ၏။
အချို့သောဆရာတို့ကမူ ဉာဏ်ဖြင့်ဆင်ခြင်၍ သည်းခံရသောကြောင့် ခန္တီ-အရ ဉာဏ်ကို ကောက်ယူလိုကြ၏။ ဉာဏ်မရှိသော်လည်း (ဉာဏ်မယှဉ်ခိုက်၌လည်း) ခန္တီဖြစ်နိုင်သောကြောင့် ထိုဝါဒကို ဋီကာဆရာတို့ မကြိုက်ကြ။ သည်းခံ၍ နေချိန်၌ ဒေါသမဖြစ်သောကြောင့် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော အဒေါသ ပြဓာန်းသော နာမ်တရားများကိုသာ ကောက်ယူလိုကြ၏။ (အဋ္ဌသာလိနီ-ဘာဋီ)
မဟာဗုဒ္ဓ၀င် ပထမတွဲ၌ “ဤခန္တီပါရမီဟူသည် ပညာပါရမီ ၀ီရိယပါရမီတို့ကဲ့သို့ ပရမတ္ထတရား သီးခြားတခုမဟုတ်၊ အမျက်မထွက်ခြင်း လက္ခဏာရှိသော အဒေါသစေတသိက်ခေါင်းဆောင်သည့် ကုသိုလ်စေတသိက် အစုပင် ဖြစ်၏။ (တနည်း) ပညာပါရမီ ၀ီရိယပါရမီတို့ကဲ့သို့ပင် ပရမတ္ထတရား သီးခြား အဒေါသစေတသိက်ပင် ဖြစ်၏။
ခန္တီဟူသည် အဒေါသစေတသိက်ပင် ဖြစ်သော်လည်း အဒေါသစေတသိက်ဟူသမျှကို ခန္တီဟူ၍ မခေါ်အပ်။ အကြောင်းကား…. အဒေါသစေတသိက်သည် (အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ တပါးသော) သောဘဏစိတ်တို့ ဖြစ်တိုင်းဖြစ်တိုင်း ပါရှိရာ သူတစ်ပါးတို့က အမျက်ဒေါသ ထွက်ဖွယ်ရာ ပြုလုပ်ပြောဆိုသော အခါ အမျက်ဒေါသ မဖြစ်စေရန် တားဆီးသည့်အခြင်းအရာအားဖြင့် ဖြစ်သော အဒေါသကိုသာ ခန္တီဟူ၍ ခေါ်ရလေသည်။ သည်းခံခြင်းဟူ၍ ခေါ်ရလေသည်။ တပါးသော အခြင်းအရာအားဖြင့်ဖြစ်သော သောဘဏစိတ်တို့၌ ပါရှိသည့် အဒေါသစေတသိက်တို့ကိုကား ခန္တီဟူ၍သော်၎င်း၊ သည်းခံခြင်းဟူ၍သော်၎င်း မခေါ်ရသောကြောင့်တည်း။”ဟု ရှင်းပြထား၏။
မဟာဗုဒ္ဓ၀င်တွင် ပါဠိတော်နည်းကျလည်း ဖွင့်ပြထားသေးသည်မှာ…
“ဤခန္တီပါရမီအရာ၌ ပါဠိတော်ဝယ် (သမ္မာနာဝမာနက္ခမော) မြတ်နိုးမှုပြုခြင်း မထီမဲ့မြင်ပြုခြင်းတို့ကို သည်းခံလော့-ဟူ၍ ပါရှိလေရာ ပါဠိတော်တိုက်ရိုက်အလိုမှာ ကောင်းသောအရာနှင့်တွေ့လျှင်လည်း စိတ်မတက် မကောင်းသောအရာနှင့် တွေ့လျှင်လည်း စိတ်မပျက်ပဲ သည်းခံနိုင်ရမည်ဟူ၍ အဓိပ္ပါယ် ရရှိသည်။ ဆိုလိုရင်းမှာ ကောင်းသောလောကဓံနှင့် တွေ့၍ လောဘဖြစ်လျှင်၎င်း မကောင်းသောလောကဓံနှင့် တွေ့၍ ဒေါသဖြစ်လျှင်၎င်း ထိုကောင်း-မကောင်းသောအာရုံကို သည်းခံနိုင်သည် မမည်ချေ။ ကောင်းသောလောကဓံနှင့်တွေ့၍ လောဘမဖြစ်မှ၎င်း မကောင်းသောလောကဓံနှင့်တွေ့၍ ဒေါသမဖြစ်မှ၎င်း သည်းခံခြင်းမည်သည်ဟူ၍ ဆိုလိုရင်း အဓိပ္ပါယ်ထွက်ရှိသည်။”
ခြုံငုံလိုက်လျှင် ခန္တီ-အရ အချမ်းဒဏ် အပူဒဏ်စသော မိမိမလိုလားအပ်သော အတွေ့အကြုံ အာရုံများ၊ သူတစ်ပါးတို့၏ ကိုယ်ဖြင့်စော်ကားမှု နှုတ်ဖြင့်စော်ကားမှု-ဟူသော အမျက်ထွက်ဖွယ် အတွေ့အကြုံ အာရုံများနှင့် တွေ့ကြုံရသောအခါ ဒေါသမဖြစ်မိအောင် အောင့်အည်းသည်းခံမှုနှင့် သူတစ်ပါးတို့၏ ချီးမွမ်းမှု ပူဇော်မှုစသော ကောင်းသောအာရုံများနှင့် တွေ့ကြုံရသောအခါ လောဘမဖြစ်မိအောင် ချုပ်တည်းထိန်းကွပ်နိုင်မှုကို ရ၏။
ဤသည်းခံခြင်း ခန္တီတရားနှင့်စပ်၍ အရှင်ပုဏ္ဏမထေရ်၏ နှလုံးသွင်းပုံမှာ အံ့သြဖွယ်ကောင်းလှ၏။ ဘုရားရှင်လက်ထက်တော်က အရှင်ပုဏ္ဏမထေရ်သည် မြတ်စွာဘုရားအထံတော်၌ သုနာပရန္တဇနပုဒ်သို့ သွားရောက်နေထိုင်လိုပါကြောင်း လျှောက်ထားသောအခါ မြတ်စွာဘုရားက “ချစ်သားပုဏ္ဏ… သုနာပရန္တ ဇနပုဒ်သားတို့သည် ကြမ်းတမ်းကုန်၏။ အကယ်၍ သူတို့က သင့်ကို ဆဲရေးခြင်းအမှုပြုခဲ့လျှင်း သင်၏စိတ် မည်သို့ဖြစ်မည်နည်း” ဟု မေးတော်မူသောအခါ “မြတ်စွာဘုရား… ထိုသုနာပရန္တဇနပုဒ်သားတို့သည် လူကောင်းများသာ ဖြစ်ကြ၏၊ ငါ့ကို ဆဲရုံသာဆဲကြသည်၊ လက်သီးဖြင့် ထိုးခြင်း တတောင်ဖြင့်ထောင်းခြင်း အမှုကို မပြုရှာကြကုန်”ဟု ထိုသူတို့အပေါ်မှာ လူကောင်းများဟူ၍ နှလုံးသွင်းလျက် အမျက်ဒေါသကို သိမ်းဆည်းသည်းခံပါမည်”ဟူ၍ လျှောက်ထားလေသည်။
အကယ်၍ လက်သီးဖြင့် ထိုး၊ တတောင်ဖြင့် ထောင်းလျှင်လည်း “လက်သီးဖြင့် ထိုးရုံသာ ထိုးကြသည်၊ တတောင်ဖြင့် ထောင်းရုံသာထောင်းကြသည်”ဟု၎င်း၊ ခဲဖြင့်ထုလျှင်လည်း “ခဲဖြင့်ထုရုံသာ ထုကြသည်”ဟု ၎င်း၊ နောက်ဆုံး အသက်ဆုံးအောင် သတ်ဖြတ်ကြစေကာမူ “ငါ့မှာ အရတော်လေစွာ့… အရှင်ဂေါဓိက အရှင်ဆန္န အစရှိသူတို့မှာ မိမိကိုယ်ကို ဒါးဖြင့် သတ်ဖြတ်ခြင်းအမှုကို ကိုယ်တိုင်ပြုကြရသေး၏။ ငါ့မှာ ကိုယ်တိုင်မပြုရပဲ ရပေသည်ဟု နှလုံးသွင်းလျက် အမျက်ဒေါသကို သိမ်းဆည်းသည်းခံပါမည်”ဟူ၍ လျှောက်ထားသည်တွင် မြတ်စွားဘုရားက သာဓုခေါ်တော်မူ၏။ (ဥပရိပဏ္ဏာသ၊ ပုဏ္ဏောဝါဒသုတ်)
သရဘင်္ဂဇာတ်တွင်လည်း သိကြားမင်းက သရဘင်္ဂရသေ့ကို “ဤလောက၌ အဘယ်သူပြောဆိုသည့် ကြမ်းကြုတ်သောစကားကို သည်းခံရပါမည်နည်း၊ ဤအကြောင်းကို အကျွန်ုပ်အား ဖြေကြားပါလော့--ဟူ၍ မေးမြန်းရာ…
မိမိထက်မြတ်သူ မိမိနှင့်တူသူ မိမိအောက်ယုတ်သူ အားလုံးတို့ ပြောဆိုသည့် ကြမ်းကြုတ်သော စကားကိုပင် သည်းခံရာ၏။ ထိုသို့သည်းခံခြင်းကို အမြတ်ဆုံးဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏---ဟူ၍ ဖြေကြားလေသည်။
တဖန် သိကြားမင်းက--
အရှင်ရသေ့… လောက၌ မိမိနှင့် တန်းတူဖြစ်သောသူ မိမိထက်မြတ်သောသူ ဤသူနှစ်ဦးတို့၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို သည်းခံမည်ဆိုက သည်းခံနိုင်ဖွယ်ရာ ရှိပါ၏။ မိမိအောက် ယုတ်ညံ့သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကိုကား ဘယ်လိုနည်းဖြင့် သည်းခံနိုင်ပါမည်နည်း--ဟူ၍ မေးမြန်းသောအခါ…
အလောင်းတော် သရဘင်္ဂရသေ့က---
မိမိထက်မြတ်သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို မြတ်သောသူဖြစ်နေသည့် အတွက် ကြောက်ရွံ့သောကြောင့် သည်းခံသော်မူ သည်းခံလေရာ၏။ မိမိနှင့်တန်းတူဖြစ်သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို “အကယ်၍ သည်းမခံချေက မိမိထက်သာလွန်အောင် ကြံစည်အားထုတ် ပြုလုပ်အံ့သောအပြစ်ကို မြင်၍ သည်းခံသော်မူ သည်းခံလေရာ၏။ (ထိုသည်းခံခြင်း နှစ်မျိုးကား မြတ်သော သည်းခံခြင်းမျိုး မဟုတ်ချေ၊) မိမိအောက် ဇာတ်စသည် ယုတ်ညံ့သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို သည်းခံခြင်းကား သည်းခံနိုင်ဖွယ်ရာ အကြောင်းထူး မရှိပါပဲလျက် သည်းခံနိုင်ခြင်းဖြစ်၍ ဤသည်းခံခြင်းမျိုးကို အမြတ်ဆုံးဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏-- ဟု ဖြေကြားလေသည်။
သိကြားမင်း၏ ခန္တီတရားမှာလည်း မှတ်သားဖွယ်ကောင်း၏။
တခါက တာဝတိံသာ အသုရာစစ်ပွဲ၌ တာဝတိံသာနတ်တို့က နိုင်ရာ ဖမ်းမိလာသော ဝေပစိတ္တိ အသုရိန်ကို သုဓမ္မာသဘင်၌ တုပ်နှောင်ထား၏။ ဝေပစိတ္တိသည် သိကြားမင်း သုဓမ္မာသဘင်ဝင်တိုင်း ထွက်တိုင်း အမျိုးမျိုးဆဲရေး၏။ သိကြားမင်းကလည်း သည်းခံ၏။ ဤအဖြစ်ကို မြင်ရသော မာတလိက ဝေပစိတ္တိ၏ ကြမ်းတမ်းသောစကားကို မျက်မှောက်ကြားနေရပါလျက် သည်းခံနေသည်မှာ “ကြောက်သောကြောင့်လော” “အားနည်းသောကြောင့်လော” ဟု မေး၏။ “ငါသည်းခံသည်မှာ ကြောက်သောကြောင့်လည်းမဟုတ်၊ အားနည်းသောကြောင့်လည်း မဟုတ်၊ ငါကဲ့သို့သော ပညာရှိသည် လူမိုက်နှင့် ဘယ်မှာ ဖက်ပြိုင်ပါအံ့နည်း” ဟု ဆို၏။
လူမိုက်မည်သည်မှာ သူ့ကိုမတားမနှိပ်လျှင် သာ၍ပင် ကဲလာမည်ဖြစ်သောကြောင့် ပညာရှိသည် သူမိုက်ကို ပြင်းထန်သောဒဏ်ဖြင့် နှိပ်ကွပ်မြစ်တားသင့်ကြောင်း မာတလိက ဆိုပြန်သော် “သူတစ်ပါး အမျက်ထွက်သည်ကို သိ၍ အမျက်ငြိမ်းနေသူ၏ ထိုငြိမ်းခြင်းသည်ပင် လူမိုက်ကို မြစ်တားခြင်းမည်ကြောင်း” သိကြားမင်းက ပြောဆို၏။
“ဤသို့ သည်းခံခြင်း၌ အပြစ်ကို တွေ့ရပါသည်၊ သိကြားမင်း… လူမိုက်သည် ငါ့ကိုကြောက်၍ သည်းခံသည်ဟု ထင်သောအခါ ပြေးနေသောနွားကို နွားများဖိလိုက်သကဲ့သို့ မိမိကို ဖိတတ်ပါသည်” ဟု မာတလိက လျှောက်တင်ပြန်၏။
ထိုအခါ သိကြားမင်းက အကျယ်တ၀င့် တရားပြသည်မှာ “ငါကြောက်၍ သည်းခံသည်ဟု ထင်လိုထင် မထင်လိုနေ၊ ခန္တီထက် သာလွန်သော အကောင်းဆုံးကိုယ်ကျိုးကို ငါမမြင်၊ အားနည်းသူမှာ အမြဲသည်းခံတတ်ရာ အားရှိသူဖြစ်လျက် အားမဲ့သူအား သည်းခံသောသူ၏ သည်းခံခြင်းမျိုးကို အမြတ်ဆုံးဟု ပညာရှိတို့ ဆိုကြသည်။ လူမိုက်၏အားမျိုး ရှိနေသူဖြစ်လျှင် ထိုအားမှာ အားမဟုတ်သည်ကို အားဟု ဆိုခြင်းပင်။ တရားစောင့်သူ၏ အားကို ထိုသို့ပြောနိုင်သူ လှုပ်ရှားစေနိုင်သူ မရှိ။
“ကိုယ့်အား အမျက်ထွက်သူကို ပြန်စိတ်ဆိုးသူမှာ ထိုသူအောက် ယုတ်ညံ့သူသာဖြစ်သည်။ စိတ်ဆိုးသူကို ပြန်စိတ်မဆိုးသူမှာ အောင်နိုင်ခဲသောစစ်ပွဲကို အောင်သူဖြစ်တော့သည်။ သူတစ်ပါး စိတ်ဆိုးသည်ကို သိလျက် သည်းခံပြေငြိမ်းသူသည် မိမိသူတစ်ပါး နှစ်ဦးသားလုံး၏ အကျိုးကို ကျင့်သူပင်။ ထိုမိမိသူတစ်ပါးအကျိုးကို ပြီးစေသူကို တရားမသိသူ လူမိုက်တို့က ဗာလဟု ထင်မှတ်ကြသည်”။
ဤသိကြားမင်း၏စကားမှာ သည်းခံသူ ဂုဏ်ရည်ဖွဲ့ပင်ဖြစ်ရာ လောကရေး ဓမ္မရေး နှစ်ဖက်၌ပင် တိုးတက်လိုသူတိုင်း မှတ်သားလိုက်နာအပ်ပေသည်။ (သပြေကန် ပရိတ်ကြီးနိသျသစ်)
အထက်ပါ ဒေသနာများ သာဓကများအရ သည်းခံရာ၌ အတိုင်းအတာ မရှိပါ။ အဆုံးစွန်ထိ သည်းခံရမည်ပင် ဖြစ်၏။ သို့ရာတွင် ပုထုဇဉ်တို့၏ သည်းခံနိုင်စွမ်းအားသည်ကား ဘုရားလောင်းမှတစ်ပါး များသောအားဖြင့် အတိုင်းအတာရှိတတ်ပါသည်။ ထိုအတိုင်းအတာထက် ကျော်လွန်လာလျှင် သည်းမခံနိုင်ကြသောကြောင့် (ပဋိပက္ခကို ရှောင်လွှဲခြင်း, ဥပဒေနှင့်အညီ အရေးယူစေခြင်း စသည့်အခြားနည်းလမ်းများကို အသုံးမပြုနိုင်တော့ဘဲ) လက်တုန့်ပြန်ကြသောကြောင့် သူ့အပြစ်က ကိုယ့်အပြစ်ဖြစ်ကာ ဒုက္ခပင်လယ် ဝေကြရ၏။
သည်းမခံတတ်သူ၌ အပြစ်ငါးပါး၊ သည်းခံသူ၌ အကျိုးငါးပါးရှိကြောင်း အင်္ဂုတ္တရနိကာယ် အက္ကောသက၀ဂ်၌ ဟောတော်မူထား၏။ ထိုတွင် သည်းမခံနိုင်သူအပြစ်များကား…
(၁) လူအများ မချစ် (အမုန်းခံရ)ခြင်း၊ (၂) ရန်များခြင်း၊ (၃) (လွန်စာသနားဖွယ် ဆင်းရဲသို့ရောက်ကြောင်း) အပြစ်များခြင်း၊ (၄) တွေတွေဝေေ၀ သေရခြင်း၊ (၅) သေသော် အပါယ်ရောက်ရခြင်း-တို့ ဖြစ်၏။
ထိုမှပြန်သောအားဖြင့် သည်းခံသူ၌ (၁) လူအများချစ်ခင်ခြင်း၊ (၂) ရန်မများခြင်း၊ (၃) အပြစ်မများခြင်း၊ (၄) မတွေမဝေသေရခြင်း၊ (၅) သေသော်နတ်ပြည်ရောက်ရခြင်းဟူသော အကျိုးငါးပါးရ၏။
အထက်ပါအကျိုး-အပြစ်တို့တွင် နောက်ဆုံးတစ်မျိုးမှတစ်ပါး ကျန်လေးပါးစီသည် မျက်မှောက်ဘ၀မှာပင် တွေ့ကြုံရမည့် အကျိုးအပြစ်များဖြစ်၏။ သည်းခံနိုင်လျှင် အထက်ပါအကျိုးများ ရမည်၊ သည်းမခံနိုင်လျှင် အထက်ပါအပြစ်များ ရမည်မှာ မငြင်းဆိုနိုင်သော အချက်ဖြစ်၏။
ခန္တီပရမံ တပေါ တိတိက္ခာ၊ = တိတိက္ခာဟုအမည်ရသော သည်းခံမှု = ခန္တီတရားသည် မြတ်သော အကျင့်တည်း။ (ဒီ၊၂၊၄၂။ ခု၊၁၊၄၁။)
ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။ = သည်းခံခြင်း = ခန္တီခွန်အားတည်းဟူသော စစ်သည်ဗိုလ်ပါ ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏ (= မကောင်းမှုမှ အပပြုအပ်ပြီးသော ပုဂ္ဂိုလ်)ဟု ငါဘုရား ဟောကြားတော်မူ၏။ (ခု၊၁၊၇၀။၃၇၆။)
ခန္တျာ ဘိယျော န ၀ိဇ္ဇတိ။ = သည်းခံခြင်းထက် လွန်မြတ်သော အကျိုးတရားကား မရှိ။ (သံ၊၁၊၂၂၃၊၊)
အထက်ပါဘုရားဒေသနာများကို ကြည်ညိုသောစိတ်ထားဖြင့် ခန္တီတရားကို စွမ်းအားရှိသလောက် ဖြည့်ကျင့်ဆည်းပူးနိုင်ကြပြီး ခန္တီ၏ အကျိုးတရားတို့ကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ကြကာ ခန္တီနှလုံး အစဉ်သုံးပြီး ရွှင်ပြုံးနိုင်ကြပါစေ….။
အရှင်ကောဝိဒ (ယော)
http://www.myatpanyagon.com/မှတဆင့်တင်ပြသည်။
မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။
အရှက်နှင့် အကြောက်
$
0
0
ကျွန်မတို့နိုင်ငံမှာ သတိမပြုဘဲ မနေနိုင်လောက်အောင် လူပြောများလာတဲ့ ကိစ္စတစ်ရပ်ကတော့ အမျိုးသမီးအချို့ရဲ့ မလုံမခြုံ ၀တ်စားဆင်ယင်မှု ဖြစ်ပါတယ်။ ယိုသူမရှက် မြင်သူရှက် ဖြစ်ရလောက်အောင် အမျိုးသမီးတွေ အရှက်ကင်းမဲ့လာမှုဟာ လူမျိုးရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်နေတာ မြင်တတ်သူတိုင်း သိကြပါတယ်။
ဝတ်စားဆင်ယင်မှုဟာ မိမိစိတ်ကြိုက် ၀တ်ဆင်ခွင့်ရှိတယ်၊ ဘုရားဟောတဲ့ ဟိရီသြတ္တပ္ပတရားနဲ့ မဆိုင်ဘူးလို့ ဆင်ခြေပေးနေသူတွေလည်း ရှိပါတယ်။ မကောင်းမှုမှ ရှက်ခြင်း (ဟိရီ) မကောင်းမှုပြုရန် ကြောက်ခြင်း (သြတ္တပ္ပ)ဆိုတဲ့ ကမ္ဘာစောင့် တရားနှစ်ပါးနဲ့ အမျိုးသမီးတွေရဲ့ ကာမဂုဏ်အာရုံ ဖြစ်လောက်အောင် ၀တ်ဆင်မှုတွေ သက်ဆိုင်ကြောင်းကို ကျမ်းဂန်အထောက်အထားနဲ့ မငြင်းဆိုနိုင်အောင် ဖြေကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ဒေါ်ယဉ်ကျေး (ပုဂံမြို့ဟောင်း)
ဒေ၀ဓမ္မဇာတ်ဟူသော ဇာတ်တော်တစ်ခု ရှိပါသည်။ ထိုဇာတ်တော်ကို ဟောတော်မူရခြင်း၏ အကြောင်းအတ္ထုပ္ပတ်ကား ဤသို့ ဖြစ်၏။
ဘုရားရှင် လက်ထက်တော်က သာဝတ္ထိမြို့သား သူဌေးတစ်ယောက်သည် ဇနီးဖြစ်သူ ကွယ်လွန်သောအခါ ရဟန်းပြုလေ၏။ ငွေကြေးပြည့်စုံသောကြောင့် ကိုယ့်ကျောင်းကိုယ်ကန် ကိုယ်စီမံ၍ စားနပ်ရိက္ခာ အပြည့်အစုံသိုလှောင်ကာ ကျေးကျွန်များကို မိမိစိတ်တိုင်းကျ ချက်ပြုတ်ခိုင်းပြီး သုံးဆောင်၏။ များသော အသုံးအဆောင် ရှိ၏။ သင်္ကန်းကိုပင် နေ့ဝတ်ဖို့ ည၀တ်ဖို့ ခွဲခြားထား၏။ သူ့ကို ဘုရားရှင်က ဆုံးမတော်မူသောအခါ စိတ်ဆိုးပြီး “သို့ဖြစ်လျှင် ဤသို့ပင် နေတော့မည်”ဟုဆိုကာ ပရိသတ်အလယ်တွင် အပေါ်ရုံ ဧကသီကို ချွတ်၍ ရပ်ပြလေ၏။ မြတ်စွာဘုရားက “ရဟန်း၊ သင်သည် ရှေးအခါ ရေကန်စောင့်ဘီလူး ဖြစ်စဉ်က ဟိရီသြတ္တပ္ပ အရှက်အကြောက်တရားကို တစ်ဆယ့်နှစ်နှစ်တိုင် ရှာဖွေခဲ့၏။ ယခု ရဟန်းဖြစ်ကာမှ အဘယ့်ကြောင့် ဟိရီသြတ္တပ္ပ ကင်းမဲ့ရဘိသနည်း”ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူလေ၏။
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားခေါင်းကြီးတွင် မဟိံသနှင့် စန္ဒကုမာရဟူသော သားတော်နှစ်ပါး ထွန်းကား၏။ မိဖုရားခေါင်ကြီး နတ်ရွာစံပြီးနောက် မင်းကြီးသည် အခြားမိန်းမ တစ်ယောက်ကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လေ၏။ ထိုမိဖုရားခေါင်ကြီးမှ သူရိယဟူသော သားတော်တစ်ပါး မွေးဖွားလေရာ ထိုမင်းသားအရွယ်ရောက်လေလျှင် ထီးနန်းလွှဲအပ်ပေးဖို့ တောင်းဆိုလေသည်။ မင်းကြီးက ငါ့တွင် သားတော်နှစ်ပါး ရှိသေးသည်ဟုဆိုကာ ငြင်းဆိုသော်လည်း အထပ်ထပ် တောင်းဆိုလေ၏။
သားတော်နှစ်ပါးအတွက် စိုးရိမ်လာသော မင်းကြီးသည် သားတော်နှစ်ပါးကို ခေါ်ကာ ယခုအချိန်တွင် တောထဲ၌ သွားနေကာ သူနတ်ရွာစံမှ ပြန်လာ၍ မင်းပြုကြဟု မှာကြားလေ၏။ နောင်တော်နှစ်ပါး သွားရာသို့ သူရိယမင်းသားလည်း လိုက်ပါလာ၏။
သူတို့သည် ဟိမ၀န္တာသို့ ရောက်ရှိလာခဲ့ကြပြီးနောက် ခရီးပန်းလာခဲ့ကြ၍ သစ်ပင်ရင်းတွင် နားနေကြပြီး မဟိံသမင်းသားက သူရိယမင်းသားကို ရေရှာခိုင်းလိုက်သည်။ သူရိယမင်းသားသည် ရေကန်တစ်ခုအတွင်းသို့ ရေခပ်ရန်ဆင်းလိုက်ရာ ရေကန်စောင့် ဘီလူးတစ်ကောင်သည် သူ့ကို ဖမ်းယူကာ “သင်သည် ဒေ၀ဓမ္မကို သိသလော”ဟု မေးလေ၏။ “သိပါသည်၊ နေနှင့် လတို့သည် ဒေ၀ဓမ္မများ ဖြစ်ကြသည်”ဟု ပြောရာ ဘီလူးက “သင်သည် ဒေ၀ဓမ္မကို မသိ”ဟုဆိုပြီး ရေအောက်သို့ ယူသွားကာ သူ့နေရာတွင် ထားလိုက်လေသည်။
သူရိယမင်းသား ပြန်မလာ၍ စန္ဒကုမာရမင်းသားကို ထပ်၍လွှတ်ပြန်ရာ သူလည်း ရေကန်စောင့် ဘီလူး၏ ဖမ်းယူခြင်းခံရပြန်၏။ သူ့ကိုလည်း ဒေ၀ဓမ္မကို မေးပြန်ရာ “အရပ်လေးမျက်နှာ”ဟု ဖြေမိသဖြင့် ရေအောက်သို့ ခေါ်သွားခံရပြန်၏။
ညီတော်များ ပြန်မလာသဖြင့် မဟိံသကိုယ်တိုင် လိုက်သွားရာ ရေစပ်ရွှံ့ညွန်ပေါ်တွင် ညီတော်နှစ်ပါး၏ ဆင်းသက်သော ခြေရာများကိုသာ တွေ့ရပြီး တက်သောခြေရာကို မတွေ့ရသောကြောင့် ဤရေကန်သည် ဘီးလူးစောင့်သော ရေကန်ဖြစ်ရမည်ဟု စဉ်းစားမိပြီး ရေကန်တွင်းသို့ မဆင်းပေ။ ဘီလူးက မုဆိုးအသွင်ဖြင့် ရောက်လာပြီး ရေကန်တွင်းသို့ ဆင်းရန် တိုက်တွန်းလေသည်။ မင်းသားက ရေကန်စောင့်ဘီးလူးမှန်း သိရှိပြီး “သူ့ညီငယ်များကို သင် ဖမ်းထားသည်မဟုတ်လော”ဟု မေးရာ ဟုတ်မှန်ကြောင်း ၀န်ခံ၏။
မဟိံသက ဖမ်းရသည့်အကြောင်းရင်းကို မေးရာ “ဝေဿ၀ဏ်နတ်မင်းကြီးသည် ဤရေကန်ထဲသို့ ဆင်းသူများအား စားခွင့်ပေးထားပါသည်။ ဒေ၀ဓမ္မကို သိသူများကိုကား စားခွင့်မရှိပါ”ဟု ဘီလူးက ပြောလေသည်။ ဟိရီ နှင့် သြတ္တပ္ပ တရားနှစ်ပါးကို ဒေ၀ဓမ္မဟု ခေါ်ကြောင်း မဟိံသက ပြောဟောရာ “သင်သည် ဒေ၀ဓမ္မကို အမှန်ပင် သိရှိသူဖြစ်၏။ သင်၏ ညီငယ်နှစ်ယောက်အနက် တစ်ယောက်ကို ယူပါလော့”ဟု ဆိုလေသည်။ မဟိံသက “ညီငယ် သူရိယမင်းသားကို ပေးပါ”ဟု ပြောရာ “သင်သည် အကြီးကို ကျော်လွန်၍ အငယ်ကို တောင်းချေသည်၊ ဒေ၀ဓမ္မကို သိသော်လည်း မကျင့်ချေတကား”ဟု ဆိုလေသည်။
မဟိံသမင်းသားက “ကျွန်ုပ်တို့ ဤတောသို့ လာခဲ့ကြရသည်မှာ ဤညီထွေးကြောင့်ပင် ဖြစ်၏ဟု ရှင်းပြကာ ကျွန်ုပ်တို့ပြန်သွားသောအခါ ညီထွေးကို တောထဲ၌ ဘီးလူးတစ်ကောင် စားသွား၏ဟု ပြောသော်လည်း မည်သူမျှ ယုံကြလိမ့်မည်မဟုတ်၊ ထီးနန်းလိုချင်၍ သတ်ပစ်သည်ဟုသာ ထင်ကြလိမ့်မည်၊ လူတို့ကဲ့ရဲ့ခံရမည်မှ ကြောက်သောကြောင့် ညီထွေးကို တောင်းခြင်းဖြစ်ပါသည်ဟု ပြောလေသည်။ ထိုအခါမှ ဘီလူးက သာဓုခေါ်ကာ “သင်မင်းသားသည် ဒေ၀ဓမ္မကို သိလည်းသိသူ၊ ကျင့်လည်း ကျင့်သူဖြစ်ပါ၏”ဟု မင်းသားနှစ်ပါးလုံးကို လွှတ်ပေးလေသည်။
အထက်ပါဇာတ်ဝတ္ထုတွင် ပစ္စုပ္ပန်ဝတ္ထုအရ သူဌေးကိုယ်တော်ကြီး၏ ပရိသတ်အလယ်တွင် အပေါ်ရုံ သင်္ကန်းကို ချွတ်ပစ်သည့်လုပ်ရပ်အား ဘုရားရှင်က ဟိရီသြတ္တပ္ပကင်းမဲ့သည့်လုပ်ရပ်ဟု ကဲ့ရဲ့တော်မူ၏။ အတိတ်ဝတ္ထုတွင် ဇေဋ္ဌာပစာယနကမ္မ = အကြီးကိုအလေးအမြတ်ပြု ဦးစားပေးရမည့် အစဉ်အလာကို ချိုးဖောက်ကာ ညီထွေးအား အလွှတ်ခိုင်းသည့် လုပ်ရပ်အား ဒေ၀ဓမ္မနှင့် မညီသည့်လုပ်ရပ်ဟု ဘီလူးက ကဲ့ရဲ့လေသည်။
ထို့ကြောင့် “(အဟိရိက-အနောတ္တပ္ပ = ဟိရီသြတ္တပ္ပ မရှိ”ဟူရာ၌ “လုံခြုံအောင် ဖုံးကွယ်ရမည့် အင်္ဂါကြီးငယ်တို့ကို မဖုံးကွယ်ခြင်း သက်သက်ကိုသာ အဟိရိက အနောတ္တပ္ပဟု ခေါ်သည်” ဆိုလျှင် မမှန်သကဲ့သို့ “၀တ်စားဆင်ယင်မှုသည် ဟိရီသြတ္တပ္ပတရားနှင့် မဆိုင်”ဟု ဆိုလျှင်လည်း မှားပါသည်။
မိမိ၏ ၀တ်စားဆင်ယင်မှုက မိမိကိုရော သူတစ်ပါးကိုပါ ရာဂတရား တိုးပွားစေမည်ဆိုလျှင် သို့မဟုတ် လူကြီးမိဘများကို မလေးစားရာ ရောက်နေမည်ဆိုလျှင် ထိုသို့သိပါလျက် မိမိနှင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ၀တ်စားဆင်ယင်သူကို ဟိရိသြတ္တပ္ပ ကင်းမဲ့သူဟု မဆိုထိုက်ပေဘူးလား။
လောဘ,ဒေါသစသည် တိုးပွားစေသော မကောင်းမှုမှန်သမျှကို ပြုလုပ်ရမည်မှ ရှက်ရွံ့ကြောက်လန့် မနေဘဲ ပြုလုပ်ရဲရာ၌ အဟိရိက အနောတ္တပ္ပသဘော ပါဝင်ပါသည်။ တနည်းအားဖြင့် မကောင်းမှု ပြုလုပ်မိခြင်းမှန်သမျှ ဟိရီသြတ္တပ္ပ ကင်းမဲ့သွား၍ ဖြစ်ပါသည်။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက် မရှိသူသည် မကောင်းမှုကို မရွံတတ်ပါ။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ သြတ္တပ္ပ မရှိသူသည်လည်း မကောင်းမှုမှ မကြောက်ရွံ့တတ်ပါ။ (မဟာဋီ၊၂၊၁၄၉။)
အမျိုးသမီးများ မလုံမခြုံဝတ်ဆင်ကြရာ၌ အချို့က Exhibitionism ဟူသော ဖုံးကွယ်အပ်သည့် အရာတို့ကို တမင်တကာ လှစ်ပြချင်သည့် စိတ်ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါသည်။ မိမိ၏ လှပမှုကို ပြချင်သည့်စိတ်၊ ထင်ပေါ်ချင်သည့် စိတ်များဖြင့် မလုံမခြုံဝတ်ဆင်ကြရာ၌ကား အလွန်အကျွံ မဖြစ်သင့်ပါ။ “ဣတ္ထီနဉ္စ ဓနံ ရူပံ = မိန်းမတို့၏ ဥစ္စာသည် အဆင်းတည်း”ဟူသော နီတိဆရာတို့၏ စကားကား တစ်စိတ်တစ်ပိုင်း မှန်သော်လည်း နာတတ်လျှင် နာဖို့ကောင်းပါသည်။ မိန်းမများသည် အဆင်းလှမှသာ ဥစ္စာရှာနိုင် ရနိုင်သည်၊ အခြားအရည်အချင်းဖြင့် ဥစ္စာမရှာနိုင်ဟု အဓိပ္ပါယ်ရောက်နေ၏။ ထို့ကြောင့် အလှကို ပြဖို့ထက် အရည်အချင်းကို ပြနိုင်အောင် ကြိုးစားသည့်ပါသည်။
ဟိရီ သြတ္တပ္ပအကြောင်း ဆက်ရလျှင် ပုထုဇဉ်တို့၏ သန္တာန်၌ ဟိရီ သြတ္တပ္ပတရား နည်းပါးလေ မကောင်းမှုပြုမိလေ၊ မကောင်းမှု ပြုသူများလေ လောကကြီးပျက်စီးဖို့ အကြောင်းများလေ ဖြစ်ရကား ဟိရီ သြတ္တပ္ပဟူသော လောကပါလ တရားများ တိုးပွားအောင် မည်ကဲ့သို့ လေ့ကျင့်ရမည်ကို အမြွက်မျှ ဖော်ပြလိုပါသည်။
ဟိရီဖြစ်ရန် မိမိကိုယ်ကို အလေးအမြတ်ပြု၍ စဉ်းစားရ၏။ သြတ္တပ္ပဖြစ်ရန် သူတစ်ပါးကို အလေးအမြတ် ပြု၍ စဉ်းစားရ၏။
ဟိရီဖြစ်ရန် မိမိကိုယ်ကို မဏ္ဍိုင်ပြု၍ “မိမိ၏ ၁။ အမျိုးဇာတ် ၂။ အသက်အရွယ် ၃။ ရဲရင့်သည်၏အဖြစ် ၄။ ဗဟုသုတရှိသည်၏အဖြစ်တို့ကို ဆင်ခြင်၍ ဟိရီကို မွေးမြူရ၏။
(၁) မျိုးရိုးညံ့ဖြင်းသူတို့သာ ဤကဲ့သို့သော မကောင်းမှုများကို ပြုလုပ်ကြသည်၊ ငါတို့မျိုးရိုးတွင် ဤကဲ့သို့ ပြုလုပ်သူမရှိ၊ မျိုးရိုးမြင့်မြတ်သူတို့သည် ဤသို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်ကောင်း၊
(၂) ဤသို့သော မကောင်းမှုများကို အသိဉာဏ်မရင့်ကျက်သေးသော ငယ်ရွယ်သူများသာ ပြုလုပ်ကြ၏၊ ငါကဲ့သို့သော အရွယ်ရောက်ပြီးသူအဖို့ ဤသို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း၊
(၃) ဤသို့သော မကောင်းမှုများကို ခွန်အားနည်းသူတို့သာ ပြုလုပ်ကြ၏။ ငါကဲ့သို့ ရဲရင်တည်ကြည်သူ အဖို့ ဤကဲ့သို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း၊
(၄) ဤသို့သော မကောင်းမှုများကို အသိဉာဏ် ဗဟုသုတမရှိသူများသာ ပြုလုပ်ကြ၏၊ ငါကဲ့သို့သော အသိဉာဏ် ဗဟုသုတရှိသူအတွက် ဤကဲ့သို့ မပြုလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း ဟိရီကို မွေးမြူရ၏။
သြတ္တပ္ပဖြစ်ရန် လောကကို ဗဟိုပြု၍ “ငါသည် ဤကဲ့သို့သော မကောင်းမှုကို ပြုလိုက်လျှင် လူအများက ကဲ့ရဲ့ကြလိမ့်မည်ဟုလည်းကောင်း၊ ငါ့ကိုအကြောင်းပြု၍ ငါ့မိဘ ငါ့ဆရာသမား ငါ့ဆွေမျိုး ငါ့အပေါင်းအသင်းများလည်း အကဲ့ရဲ့ခံရလိမ့်မည်ဟုလည်းကောင်း ဆင်ခြင်၍ သြတ္တပ္ပကို မွေးမြူရ၏။
ငါ ဤမကောင်းမှုကို ပြုလိုက်လျှင် “မလုပ်သင့်သည်ကို လုပ်မိလေခြင်း”ဟု မိမိကိုယ်ကို အပြစ်တင် ဝေဖန်မိခြင်း-ဟူသော အတ္တာနုဝါဒဘေး၊ သိသူမြင်သူများက ကဲ့ရဲ့ပြစ်တင် ဝေဖန်ကြခြင်းဟူသော ပရာနုဝါဒဘေး၊ ပြစ်မှုမြောက်လျှင် အရေးယူခံရခြင်းဟူသော ဒဏ္ဍဘေး၊ သေပြီးနောက် အပါယ်သို့ လားရောက်ရခြင်းဟူသော ဒုဂ္ဂိဘေးများ တွေ့ကြုံရနိုင်၏ဟု ဆင်ခြင်၍လည်း သြတ္တပ္ပကို မွေးမြူနိုင်သည်။
နိဂုံးချုပ်ပါတော့မည်။ “အကုသိုလ် ဒုစရိုက်အရာ မဟုတ်ပါဘဲလျက် ဘုရားသွား ကျောင်းတက် ဥပုသ်စောင့် တရားနာ စသော ကုသိုလ်ကောင်းမှုနှင့် ဆိုင်သော အရာတို့၌ ရှက်စနိုး ကြောက်ရွံ့၍ တွန့်ဆုတ်ဆုတ် လုပ်တတ်သော အမူအရာမျိုးလည်း ရှိတတ်သေး၏။ ထိုအမူအရာမျိုးကား ဟိရီ သြတ္တပ္ပ မဟုတ်၊ မာယာသဘောသာတည်း၊ တရားကိုယ်မှာ မောဟနှင့် တဏှာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်ပင် ဖြစ်သည်။ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဒုစရိုက်ကို ပြုပြီးနောက် သူတစ်ပါးတို့ သိ၍ ရှက်ကြောက်မှုမျိုးကား ဒေါမနဿပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်သာတည်း။
ဆရာသမား လူကြီးသူမများကို မထီလေးစား မဖြစ်ရအောင် အလေးပြုသည့်အတွက် ရှက်ကြောက်သော အမူအရာ၊ ကိုယ်လက် အညစ်အကြေးသုတ်သင်ရာ စသည့် ရှက်ကြောက်သင့်သော အရာဌာနတို့၌ ရှက်ကြောက်သော အမူအရာတို့ကား ဟိရီ သြတ္တပ္ပ အစစ်သာ ဖြစ်သည်။” (နိဗ္ဗာနဂါမိနိပဋိပဒါ- စတုတ္ထတွဲ)ဟူသော အဆုံးအဖြတ်ကို မှတ်သားကာ…
မစင်ပေနေသော သံလုံး နှင့် ရဲနေအောင် မီးဖုတ်ထားသော သံလုံးဟု သံလုံးနှစ်လုံးရှိရာ အသိဉာဏ်ရှိသူသည် မစင်ပေနေသော သံလုံးကို စက်ဆုပ်ရွံရှာသောကြောင့် မကိုင်သကဲ့သို့ မိမိသန္တာန်၌ မကောင်းမှုကို ရှက်ရွံ့စက်ဆုပ်ခြင်း ဟိရီဖြစ်အောင်၊ မီးဖုတ်ထားသော သံလုံးကို ပူမှာကြောက်သောကြောင့် မကိုင်သကဲ့သို့ အပါယ်ဘေးဆိုးကြီးမှ ကြောက်သော သြတ္တပ္ပဖြစ်အောင် ကြိုးစားကာ မကောင်းမှုများမှ ရှောင်ကြဉ်နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
http://www.myatpanyagon.com/ မှတဆင့်တင်ပြသည်။
မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။
စံ အပိုင်း(၁)
$
0
0
                       ယောက်ျားတစ်ယောက်ဟာ သူ့ရဲ့ အချစ်ကိုကြီးကျယ်ခမ်းနားမှုအောင်မြင်မှုတွေနဲ့ ဖွင့်ဆိုတက်ပြီးမိန်းမတစ်ယောက်ကတော့ သူမချစ်သူရဲ့ ဦးစားပေးဂရုစိုက်နူးညံ့မှုပေါ်မှာ အဓိပ္ပာယ်ဖွင့်ကြည့်တက်တယ်.။
တကယ်တော့ မောင်သည် သူ၏ကြီးကျယ်ခမ်းနားမှုအောင်မြင်မှုများကို ပေါ်လွင်သည်ထက်ပေါ်လွင်အောင်လုပ်
ရင်း ကျွန်မကိုလည်းသူ၏အောင်မြင်ခမ်းနားမှုတို့အပေါ် ယစ်မူးသာယာစေချင်ခဲ့တာဖြစ်သည်။ထို့ကြောင့် ကျွန်မ
နှင့်ငြိတွယ်မိသည့်အချိန်မှစတင်ပြီး မောင်သည်သူ၏ဂုဏ်ဒြပ်တို့ကိုပိုမိုကြီးမြတ်အောင်လုပ်ရင်း ပြိုင်ဖက်အားလုံး
ကိုအနိုင်ယူမည့်သူအဖြစ်ရပ်တည်ခဲ့သည်။ထိုအကြောင်းအရာသည် မောင်နှင့်ကျွန်မကိုပိုမို၍ ဝေးကွာစေခဲ့ခြင်းဖြစ်သည်။
မောင်သည် ကျွန်မ၏ ထူးခြားမှုတို့ကို လူပုံအလယ်တွင်ချပြ၍ လှလှပပလေး အောင်ပွဲခံသိမ်းပိုက်ချင်ခဲ့သူသာဖြစ်ပြီး
ကျွန်မသည် ထိုသို့ ကြွကြွရွရွလှလှပပနှင့် လူတကာငေးမောရသော ဂုဏ်ပြခံကြွေရုပ်တစ်ရုပ်ဘ၀ထက် လွတ်လပ်ပေါ့
ပါးသော ငြင်းခုန်ရယ်မောသောဘ၀နှင့် စားသောက်ဆိုင်ကောင်းကောင်းတွင် အစားကောင်းကောင်းကို တစ်မျိုးပြီးတစ်
မျိုးမြည်းစမ်းစားသောက်ရခြင်းကိုသာဝါသနာပါခဲ့သူဖြစ်သည်။ထို့ကြောင့် မောင်နှင့်ကျွန်မသည်စပ်ဆက်၍မရနိုင်အောင်
ဝေးကွာခဲ့ရခြင်းဖြစ်သည်။စံမက်မောတာ အဲဒီအ၀တ်အထည်တွေ အသုံးအဆောင်တွေ ဂုဏ်ဒြပ်တွေမဟုတ်ဘူး  
လွတ်လပ်ပေါ့ပါးတဲ့ဘ၀မှာ အေးအေးချမ်းချမ်း confidient ရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းနေရုံပဲ ဟု ဖွင့်ဆိုပြလိုက်သောအခါ
မောင်နှင့်ကျွန်မသည်လုံးဝကွာခြားသွားခဲ့ပြီးဖြစ်၏။မောင်ကစင်ပေါ်မှာအလှပြအသုံးတော်ခံတဲ့ရုပ်သေးရုပ်လေးဖြစ်ချင်
တယ်...ကိုယ်က လှလှပပကြိုးဆွဲတက်တဲ့ ကြိုးဆွဲဆရာပဲဖြစ်ချင်တယ်...
                     စံ၏မေမေသည်စံကိုဘာကြောင့်လန့်သလဲဆိုသောမေးခွန်းကိုစံအိမ်တွင်ဝင်ထွက်သွားလာပါများလာသောအခါ သူအလိုလိုသိလာပါသည်။စံသည် အလ္လပ္ပယ်ဆရာနှင့်တူသည်။မုဆိုးဟာ နောက်ဆုံးသားကောင်လက်ချက်နဲ့ သေရတာပဲ ကို...အလ္လပ္ပယ်ဆရာလည်း မြွေပေါက်လို့သေရတာပဲ...အဲလိုပေါ့ကို စံဟာ မြွေတစ်ကောင်ကို အလ္လပ္ပယ်ပြနေသလိုပေါ့ သူဟာတစ်ချိန်ချိန်မှာ ငါ့ကိုပေါက်သတ်သွားနိုင်တယ်လို့အမြဲသတိရှိနေတယ်...ဒါပေမယ့် စံ လူ့လောကကျင့်ဝတ်စည်းကိုနားလည်တယ်...ဘယ်တော့မှ မယုတ်မာဘူ ကို...ထို့ကြောင့် ကျားတွင်းထဲတွင် ရှင်သန်နေရသောဘ၀တွင်လည်းစံသည်သူမ၏ဘ၀ကိုလှလှပပဆယ်ယူကယ်တင်ထားနိုင်ခဲ့ခြင်းသာဖြစ်ပြီး...ငါက ငယ်ငယ်လေးထဲက ကျားကိုပါးစပ်ဖြဲပြီးနင်းလာတဲ့သူ မောင်...အသဲမာတဲ့နေရာမှာတော့ နင်ငါ့ကိုလာမယှဉ်နဲ့...
မောင့်လို ပန်းခင်းတဲ့လမ်းမှာနေခဲ့တဲ့သူမဟုတ်ဘူး...ကျားတွင်းထဲမှာမှ ကျားပါးစပ်ကိုနင်းပြီး လှလှပပ ကစားတက်တဲ့သူ ရှင်ရင်ဘတ်ထဲကသာ နားမထောင်တက်ရင် စံကိုရှင်မြင်နိုင်မှာမဟုတ်ဘူးနော်...စစ်မြေပြင်က ရန်သူတစ်ရာကိုတိုက်ကတာ လွယ်တယ် ကို ပစ်မှတ်ကိုမှန်ကန်အောင်ပစ်နိုင်ရင် ကိုယ့်လုံခြုံမှုကိုယ်တာဝန်ယူတက်ရင် အောင်ပွဲပွဲ...အိမ်တွင်းမှာကပ်နေတဲ့ ကျားတစ်ကောင်ကို နိုင်အောင်ကိုင်နိုင်
ဖို့ဆိုတာအမတန်ခက်တယ် မောင်...ကျွန်မဘ၀ရဲ့ ငယ်ငယ်လေးထဲက ကြိုးဝိုင်းတစ်ခုမှာ ထိုးသတ်နေရတဲ့ လက်ဝှေ့သမားလိုပဲ နည်းနည်းမှ သတိလွတ်လို့မဖြစ်ဖူး...ပင့်သက်လေးတောင်ရှိုက်လိုက်လို့မရဘူး...စံဒီလိုရှင်သန်ခဲ့ရတယ်...ဒါကြောင့် စံစိတ်ဟာမောင်မြင်ဖူးတဲ့ သာမန်မိန်းမတွေနဲ့တော့တူမှာမဟုတ်ဘူး။
 (ဆက်လက်ရေးသားပါဦးမည်)
                                                                                    တိမ်တိုက်(TU)
ခုလိုဆိုတော့ လွယ်သားပဲ။
$
0
0
.ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေးထောင်တောင် များပြားပါတယ်၊ လူတိုင်းဟာ
တစ်နည်းမဟုတ်  တစ်နည်းနဲ့တော့ သင့်တော်ကြမှာပါ၊နိဗ္ဗာန်ရောက်အောင် အားထုတ်တာမှာ ၀ိပဿနာ ဥာဏ်ရဖို့အရေးကြီးပါတယ်၊
တချို့ တရားအားထုတ်ကြပါတယ် တရားအားထုတ်တာ တရားထူးရပြီလား ဆိုတော့လဲ မထူးသေးဘူး၊ ကိုယ်ကိုတိုင် လွယ်တယ်မထင်ဘဲ ခဲယမ်းနေ  
လိုက်တာ ဘာလို့များလဲလို့  သိဖို့ အလွန်အရေးကြီးပါတယ်၊ နားလည်သထက် နားလည်အောင် ပြောပေးချင်တာက သတိအားကောင်းတဲ့သူ
သတိပဠာန် အားထုတ်ရင် သင့်တော်ပါတယ် ၊အဆင်ပြေပါတယ်၊ လွယ်ပါတယ်၊ သတိအားမကောင်းတဲ့ပုဂ္ဂိုလ်များကျတော့ ဘယ်လိုမှ အားထုတ်လို့      
မရပါဘူး၊ ခဲယမ်းတယ်ခေါ်ပါတယ်။ အသက်အရွယ်ရလာတော့ ဘယ်လောက်ဘဲ သတိကောင်းကောင်း မိစ္ဆာသတိဘဲ အစွဲများတယ်၊ ရပ်ထဲရွာထဲ
မှာနေရင် မိစ္ဆာသတိဘဲအဖြစ်များတယ်၊ သတိပဠာန် အလုပ်အားထုတ်တယ်ဆိုတာ ဥပါဒါန်အစွဲ လွတ်ကင်းပြီး သမာသတိ အားထုတ်ရတာ၊
လောကသဘောနဲ့ ယှဉ်ကြည့်ရင်လဲ ဥပါဒါန် အစွဲတွေကြောင့် သားမှတ်မိ၊ မယားမှတ်မိ၊ ခင်ပွန်းယောက်ျားမှတ်မိ၊ လုပ်ခဲ့ကိုင်ခဲ့တာတွေကို အကုန်
မှတ်မိနေတယ်၊ သတိတော့ကောင်းတယ်၊ ဘာသတိဆိုတော့ မိစ္ဆာသတိ။ သမာသတိကျပြန်တော့ အားမကောင်းဘူး။ အဲဒီပုဂ္ဂိုလ်တွေအတွက်
သတိပဠာန် အားထုတ်တာ အလွန့်အလွန် ပင်ပန်းပါတယ်။
        မိမိကိုယ်ကို  သတိပဠာန် ရှဘူး၊ မှတ်ဘူး၊ ပွားများဘူးပါလိမ့်မယ်။ တကေလို့များ မိမိတို့က သတိအားမကောင်းဘူး ၀ီရိယတော့အားကောင်း
ပါတယ်ဆိုရင်  သတိပဠာန်နဲ့ လုံးဝ အဆင်မပြေနိုင်ပါဘူး။  သတိပဠာန်ဆိုတာ သတိပဠာန  သတိပြဠန်းတယ်လို့ ခေါ်ပါတယ်။  သတိအားကောင်း
တဲ့သူတွေလုပ်တဲ့အလုပ်၊  တကေလို့များ မိမိတို့က သတိအားမကောင်းဘဲနဲ့ ခိုင်းလို့သာမှတ်နေရ၊ ခိုင်းလို့သာရှုနေရ၊ ခိုင်းလို့သာ အားထုတ်နေရ
ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး၊ ခဲယမ်းတယ်ခေါ်ပါ။  တချို့တချို့ ကတော့ သတိအားမကောင်းပေမဲ့ ၀ီရိယအားကောင်းတယ်၊  ပြေးဟဲ့လွှား
ဟဲ့ ပြောဟဲ့ဆိုဟဲ့ ဆိုတဲ့ ကိုယ်ကောင်ကြီး ၀ီရိယမဟုတ်ဘူး၊ မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင်၊ကြိုးစားနိုင်တဲ့ဝီရိယ၊  ဖြစ်ပြီးသား အကု
သိုလ်တွေကို ချက်ချင်းရပ်ပြီးတော့ ပယ်ဖျက်နိုင်တဲ့ စိတ်ဝီရိယ ကိုပြောတာပါ။
          တကေနိဗ္ဗာန်လိုလားလို့  တရားအားထုတ်မယ်ဆိုရင်၊ ကိုယ့်မှာသတိကောင်းရဲ့လား၊ ၀ီရိယကောင်းရဲ့လား၊ သိရပါတယ်။ သူများခိုင်းလို့သာ
လုပ်နေရတယ်၊ သူများပြောလို့သာလုပ်နေရတယ်၊ ကိုယ်ကဘယ်သန်မှန်းမသိ ညာသန်မှန်းမသိ၊ အဲလိုအားထုတ်နေရင် " ခုလိုဆိုတော့ လွယ်ပါ
တယ် " ဖြစ်မလာပါဘူး။  တချို့ က သတိပဠာန်အားထုတ်ရင် နိဗ္ပာန်ရောက်တယ်ဆိုပြီး..ဘယ်နည်းဘယ်နည်းတွေကို ပယ်လိုက်ကြတယ်။ တကေ
သတိပဠာန်ကို မွှန်းစရာကောင်းတယ်ဆိုရင် ဘုရားရှင်တော်မြတ်ကြီး ၄၅ ၀ါပတ်လုံး မဟာသတိပဠာနသုတ် ကိုဘဲဟောကြားမှာပေါ့။ အဲဒီလိုမ
ဟုတ်ပါဘူး။ တရားနားတဲ့ပုဂ္ဂိုလ်ပေါ် မူတည်ပြီး ဟောပေးတာ၊ ဘုရားရှင်တော်မြတ်ကြီး ဥာဏ်တော်အရ ဘယ်လိုမှပြောစရာမလိုပါဘူး။........
အများသိအောင်ပြောချင်တာက၊ ကိုယ်သတိအားကောင်းရင်  သတိပဠာန်အားထုတ်...ဖြစ်တယ်။ ကိုယ်ဝီရိယအားကောင်းရင်းနဲ့ သတိပဠာန်
အားထုတ်ရင်..နှစ်ပေါင်းရာ၊ထောင်ချီအားထုတ်     အဆင်ပြေမှမဟုတ်ပါဘူး။
           တချို့ ကျတော့ သဒ္ဒါအားကောင်းလိုက်တာ သူများတွေပြောတဲ့ ရိပ်သာဆိုတာ မသွားပါဘူး၊ တရားစခန်းဆိုတာ မ၀င်ပါဘူး၊ဒါပေမဲ့
မနက်မိုးလင်း ဘုရားဆွမ်းတော် မကပ်ရဘဲမနေနိုင်၊ ရှိမခိုးရဘဲမနေနိုင်၊ ပန်း၊ဆီမီး၊ရေချမ်း၊ မကပ်လှူရဘဲ မနေနိုင်ဘူး၊ သံဃာတော်တွေကို
ဆွမ်းမလောင်းရဘဲမနေနိုင်ဘူး၊ အဲဒီသဒ္ဓါတရား အားကောင်းလာတာနဲ့အမျှ တဏှာတွေလျော့သွားမှာ။..ကိုယ်သာရာသာရာလုပ်သွားလိမ့်မယ်
အဆင်ပြေပြေ၊..အဲဒါကိုများ ကိုယ်ကဘာမသိညာမသိနဲ့ သဒ္ဒါအားကောင်းတဲ့သူကို  ..မှတ်ဟေ့ရှုဟေ့ပြောရင်..အလွှဲကြီးလွှဲသွားပြီ။.....
            သဒ္ဓါတရား အားကောင်းတဲ့သူကို ဘေးကလူက နင်တရားအားထုတ်တာမဟုတ်ဘူး၊ ရိပ်သာသွားပါလား၊ တရားစခန်းသွားပါလား၊
မပြောရဲဘူး။  ကုသိုလ်ချင်းအတူတူ ဘယ်ကုသိုလ် လုပ်ရတာပိုလွယ်သလဲ၊ တချို့ ဒါနလွယ်တယ်၊ တချို့ သီလလွယ်တယ်၊တချို့ သမထလွယ်တယ်၊
တချို့ ဝိပဿနာလွယ်တယ်၊ တချို့ ကတော့ဝေယာဝိစ္စလုပ်ရတာလွယ်တယ်။ တချို့  တခုခုကိုစိုက်စိုက်စူးစူးလုပ်လေ့ရှိတဲ့ ပုဂ္ဂိုလ်ကျတော့  သမာဓိ
နဲ့ အားထုတ်တာပျော်တယ်၊ မှန်ပါဘုရား ဟုတ်ပါဘုရားလို့  သာဓုခေါ်ရုံနဲ့  ပြီးမဲ့တရားမျိုးမဟုတ်ဘူး၊ ကိုယ်သန်ရာကိုယ်လုပ်တဲ့သူဟာ အလုပ်
လွယ်ပါတယ်၊ မကျွမ်းကျင်၊ မသန်၊ အားမရှိတဲ့အလုပ်ကို ကိုယ်လုပ်..ခဲယမ်းလိုက်တာ၊ ပင်ပန်းလိုက်တာ။
            တရားရလွယ်တာမလွယ်တာ လမ်းကြောင်းမှန်တာပေါ် မူတည်တယ်၊ လွယ်ဖို့ ခက်ဖို့ က ဗဟုသုတအရေးကြီးတယ်။ သတိအားကောင်း
ရင် သတိပဠာန်အားထုတ် လွယ်မှလွယ်၊ အသိဥာဏ်ပညာ အားကောင်းရင် မဂ္ဂင်တရားတွေ၊ ဗောဇျွင်တရားတွေအားထုတ် လွယ်မှလွယ်။  သူများ
ထိုင်ခိုင်းလို့  မထိုင်ဖြစ်ရင်လဲ စိတ်ပျက်စရာ မလိုဘူး။ တရားတစ်မျိုးမျိုးလောက် ပြည့်စုံရင်ကို..မကွေ့ မကောက် ဖြောင့်ဖြောင့်တန်းတန်း နိဗ္ဗာန်
ရောက်အောင် လမ်းမှန်ဖြင့် ကျင့်နေတဲ့ ပုဂ္ဂိုလ်ဟုခေါ်တယ်။ မျက်စိမှိတ်မှ ဘယ်လိုထိုင်မှဆိုတာ တရားမှန် မဟုတ်ပါဘူး၊ နားလည်ပါ သဘော
ပေါက်ပါ။ အဆင်မပြေတဲ့နည်းကို ပေတေပြီး ရအောင်လုပ်နေတဲ့နည်းဟာ  အရှံးကြီး ရှံးပါတယ်၊ အရှံးကြီးရှံးပါတယ်၊ အရှံးကြီးရှံးပါတယ်။.။.။
        {   (၂.၁၀.၂၀၀၅)တော်သလင်းလကွယ်.တနင်္ဂနွေနေ့  မွန်ပြည်နယ် သထုံမြို့  သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင်အရှင်ဆေကိန္ဒ ဟောကြား
တော်မူသော" ခုလိုဆိုတော့လွယ်သားဘဲ" တရားတော်မှ ကောက်နှုတ်ဖေါ်ပြပါသည်။    }
----------------------------------------------------------------------------------------
  “ဓမ္မစကား”
   ========
   ဓမ္မစကား
   နေ့တိုင်းကြားက
   စိတ်ထားဖွေးလက်
   သိဉာဏ်ထက်၏။ ။
  (အရှင် ဆန္ဒာဓိက)
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
အာဠဝကဘီလူးကမေးပြီး ဂေါတမမြတ်စွာဘုရားဖြေကြားခဲ့သော အာဠဝကသုတ္တ န်။
$
0
0
(၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
(၃)လောကမှာ အကောင်းဆုံးအရသာ ဘာလဲ။
အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။(သစ္စံ သာဓုတရံ ရသာနံ)
(၄)လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။(ပညာဇီဝိံ ဇီဝိတ မာဟု သေဌံ)
(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။(သဒ္ဓါယ တရဟိ သြဃံ)
(၆)ကျယ်ပြောသောဘ၀ကြီးကို ဘာနဲ့ဖြတ်ကူးရမှာလဲ။
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။(အပ္ပမာဒေန အဏ္ဏ၀ံ)
(၇)ဆင်းရဲဒုက္ခကို ဘာနဲ့ဖယ်ရှားမှာလဲ။
အဖြေ=ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်ဖယ်ရှားနိုင်မယ်။(၀ီရိယေန ဒုက္ခမစ္စေတိ)
(၈)စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပညာ ဖြင့်သာဆေးကြောရမယ်။(ပညာယ ပရိသုဇျွတိ)
(၉)ပညာကို ဘယ်လိုရအောင်ယူရမှာလဲ။
အဖြေ=နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ် မှတ်သားချင်တဲ့ဆန္ဒရှိရင်ပညာရပါတယ်။
(သုဿုသာ     လဘတေ ပညံ)
(၁၀)ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ=လုံလ၀ီရိယရှိပြီး တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။
(ပတိရူပ ကာရီ ဓုရ၀ါ၊ ဥဌာတာ ၀ိန္ဒတေ ဓနံ)
(၁၁)အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။    
အဖြေ=သစ္စာရှိ ဂတိတည် မှန်ကန်ရန်လိုတယ်။(သစ္စေန ကိတ္တိံ ပပ္ပေါတိ)
(၁၂)မိတ်ဆွေတွေ ရချင်ရင်ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပေးကမ်းပါ။(ဒဒံ မိတ္တနိ ဂန္ထတိ)
(၁၃)ဘယ်တရားတွေကျင့်သုံးမှ နောက်ဘ၀အရေးစိတ်အေးရမှာလဲ။
အဖြေ=အမှန်တရား၊အသိပညာ၊လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊ရှိရမယ်။(သစ္စံ ဒမ္မော ဓိတိ စာဂေါ)
(၁၃၇၀ ပြည့်နှစ်၊တပို့တွဲလပြည့်ကျော် ၄ ရက် တာမွေမြို့ နယ် သူဌေးလမ်းမိသားစု ဓမ္မသဘင် အခန်းအနားဝယ်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ဘ၀အရေးစိတ်အေးရလေအောင် တရားတော်မှ
 ကောက်နုတ်ဖေါ်ပြပါသည်။)
---------------------------------------------------------------------------------------------------
“ကိုယ်စီခပ်နှိပ်ကြ”
    ===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထိုထိုသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍ တည်မည်၊
ကိုယ်စီခပ်နှိပ်  ကြစေသတည်း။ ။
(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ငြိမ်းချမ်းရေးလမ်းတစ်သွယ်
$
0
0
                               သူ့ အသက်လည်းမသက်ပဲအမြဲရှောင်ပါ့မည် ။။
               ပါဏာတိပါတ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။    ဆိုတဲ့ သိက္ခပုဒ်ကို  မှတ်လို့ လွယ်အောင်  ဆောင်ပုဒ်စီထားတာလေ ။
သူ့ တစ်ပါးရဲ့ အသက်ကို   မသက်ပဲရှောင်ကြဉ်တဲ့သူ    ရှောင်ကြဉ်ခံ ပုဂ္ဂိုလ် နှစ်တို့မှာ   ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာ သိထာသင့်ပါတယ် ။   ဒါကြောင့်ရေးဖို့  ကြိုးစားဖြစ်ခဲ့ရပါတယ် ။
          ကမ္ဘာလောကကြီးထဲ မှာ ရှိကြတဲ့  သက်ရှိသတ္တ၀ါတွေဟာ  များလှလွန်းပါတယ်   ရေတွက်လို့ လည်းခဲယဉ်းလှပါတယ်   အသက်ရှိတဲ့သတ္တ၀ါပေါင်း မည်ရွေ့ မည်မျှလောက်ရှိတယ်ဆိုတာ ဂဏန်းသင်္ချာ ချပြဖို့လည်း မလွယ်ကူလှပါဘူး  ။  ဒါကြောင့်   သူတို့ကို   တပေါင်းတစ်စုတည်းဖြစ်အောင်  နာမည်တစ်ခု တပ်ထားပါတယ်   ။ ဘယ်လိုလည်းဆိုတော့  =  အပ္ပမာဏော = တဲ့   ။
        အပ္ပမာဏော  ရဲ့အဓိပ္ပါယ်မြန်မာပြန်က  ....အတိုင်းအဆမရှိများပြားခြင်း  ။        ရေတွက်လို့ မရခြင်း  တဲ့။  မိမိတို့ ရဲ့စိတ်ထဲကနေ 
        ဆောက်တည်ရမယ်ပုံစံလေးက ..သတ္တ၀ါတွေအားလုံးတို့ ၏ အပေါ်၌ အသက်ကိုသက်ဖျက်ခြင်းအမူ့ မှ အကျွနိုပ်သည် ရှောင်ကြဉ်ပါ၏
..  လို့  ဆောက်တည်ကျင့်သုံး ရပါ့မယ်  ။   အဲလို ဆောင်တည်လိုက်တဲ့ အတွက်  ဘာအကျိုးရှိသွားသလဲဆိုတော့ ။   အကျိုးရှိပါတယ်   ။
     သူက     အဲလို ဆောက်တည်ကျင့်သုံးလိုက်တဲ့အတွက်ကြောင့်  သတ္တ၀်တွေအားလုံးအပေါ်ကို 
၁။ ရန်မရှိခြင်းကိုပေးလှူရာရောက်တယ် ၂။ ဘေးမရှိခြင်းကိုပေးလှူရာရောက်တယ် ၃။ ဆင်းရဲမရှိခြင်းကိုပေးလှူရာရောက်တယ်
အဲလို ပေးလှူလိုက်ရတဲ့အတွက်ကြောင့်သတ္တ၀ါတွေအားလုံးမှာလည်း သတ္တ၀ါတွေရဲ့အသက်ကိုမသက်ပါဘူးလို့ ရှောင်ကြဉ်တဲ့သူကြောင့်   စိတ်အေးရတယ် အသက် ရဲ့အန္တရာယ်နဲ့  ပက်သက်ပြီး  ရန်မရှိတော့ဘူး  ဘေးမရှိတော့ဘူး  ဆင်းရဲမူ့ မရှိတော့ဘူး 
    အဲဒီတော့ နှစ်ဦး နှစ်ဘက်လုံးလည်းကိုယ်ရောစိတ်ပါချမ်းသာမူ့ တွေရကြတယ်  ။  ကိုယ်စိတ်ချမ်းသာမူ့ ရကြတော့မိမိတို့ အလုပ်တွေကို  ကောင်းစွာ လုပ်နိုင်ကြတယ်  ။ 
         ကိုယ်လျှောက်လှမ်းတဲ့ခရီးမှာ  အန္တရာယ်ကင်းနေရင်     မိမိတို့  ရည်မှန်းထားတဲ့ နေရာဌာန  .  ပန်းတိုင်ကို စိတ်အေးလက်အေးနဲ့ သွားရသလို လျှင်မြန်စွာရောက်နိုင်သလို    တစ်ယောက် နဲ့ တစ်ယောက် ညီညွတ်နေရင်  ချမ်းသာမူ့ ကိုရမယ်လေ  ချမ်းသာမူ့ ရတော့
မိမိတို့ အလုပ်တွေ ကောင်းစွာလုပ်ဖြစ်မယ် နောက် လိုချင်တဲ့ ပန်းတိုင်ကိုလည်း လျှင်မြန်စွာရောက်နိုင်မယ်လေ ။ ဒါဆိုရင်  ငြိမ်းချမ်းရေး
လမ်းသွယ်လေးကိုရှောက်ကြရင်  သူသူကိုကို  ကောင်းကျိုးတွေ ပွေ့ ပိုက်ပြီးပျော်ရွှင်စရာကောင်းပြီပေါ့ ....ဟုက်ဘူးလား ။
                ကမ္ဘာမြေကြီးတစ်ခုလုံး ငြိမ်းချမ်းမူ့ ဆို့ တဲ့သင်းပျံမွှေးကြိုင်တဲ့ရနံ့ တွေ လှိုင်စေဖို့  တတ်စွမ်းရာနေရာက နေ ကြိုးစားကြစို့လား နော်.. အားလုံးအောင်မြင်မူပန်းတိုင်းသို့ အရောက်လှမ်းနိင်ကိုင်ကြပါစေ...လို့   ရည်ရွယ်ချက်သန့် သန့် ဖြင့်
                                                                    ကြိုးစားလျှက်
ီူဒီစကားတွေမှန်သလား..............။
$
0
0
၁။ကောင်းတဲ့အလုပ် ကုသိုလ်ဆိုတာ နေရာတိုင်းမှာ အချိန်တိုင်းမှာ ရှိနေပါတယ်၊ ရအောင်ယူလိုက်ပါ။
၂။မီးဟုန်းဟုန်း တောက်တာက မီးစမီးပွားလေးကြောင့်ပါ၊ ဒေါသမီးစ မထားပါနဲ့။
၃။လောကကို မကျေနပ်လို့ အပြစ်မတင်နဲ့၊ နေတတ်ရင် ကျေနပ်စရာပါ။
၎။သိလျှက်နဲ့ ဆိုးနေတဲ့သူကို သိအောင် ထပ်ပြီး မပြောဝံ့တော့ဘူး။ အမှန်သိစမ်းပါ။
၅။အရွဲ့မတိုက်နဲ့၊ ကိုယ်ပဲ ရွဲ့သွားမယ်။
၆။ဒီ-တခွန်းပဲ ပြောလိုက်ချင်တယ်။ “ဘာမျှ မပြောချင်တော့ဘူး”။
၇။သူများကို မကောင်း ထင်တတ်တယ်၊ ကိုယ့်ကိုယ်ကို အကောင်းထင်တတ်တယ်၊ ထင်ချင်သလို မထင်လိုက်ပါနဲ့။
၈။ဒီနေရာမှာ နွားချည်ထားရင် “နွားရုံ”၊ ဈေးဆိုင်ဖွင့်ထားရင်“ဈေးရုံ”၊ တရားဝေငှယူနေရင်”ဓမ္မရုံ”၊ ကိုယ့်စိတ်ကို “နွားရုံ”မဖြစ်ပါစေနဲ့။
၉။အားလုံးအပေါ် ကျေနပ်နေတာဟာ ကျေနပ်တဲ့စိတ်နဲ့ ကြည့်လို့ပါ။ မကျေနပ်တဲ့စိတ် မမွေးပါနဲ့။
၁၀။နေရာတိုင်းမှာ ကုသိုလ်ရှိတယ်၊ ကုသိုလ်ကို သတိက ပိုင်တယ်။ သတိကို သူတော်ကောင်းက ပိုင်တယ်။
၁၁။လောကကြီးမှာ တရားတွေရှိတယ်၊ ကိုယ်ကြိုက်ရာ ကိုယ်နိုင်သလောက် ယူလိုက်ပါ။
၁၂။သူက ကိုယ်လောက်မသိတာ မဟုတ်ပါဘူး၊ ကိုယ်လို မသိတာပါ။
၁၃။လူကနိုးပြီး ကုသိုလ်ကို မအိပ်စေနှင့်။ လူက အိပ်ရင်တောင် ကုသိုလ်ကို အမြဲနိုးနေပါစေ။
၁၄။ဒီနေရာမှာ အသုံးမကျပေမဲ့ ဟိုနေရာမှာတော့ အသုံးကျသေးတယ်၊ နေရာတိုင်းမှာ အသုံးချလို့ မရခဲ့ရင်တောင် တစ်နေရာရာမှာတော့ အသုံးကျလိုက်စမ်းပါ။
၁၅။သူများ အကြောင်းကို အားလုံး မသိနိုင်ပါဘူး။ အားလုံး သိနိုင်တဲ့ ကိုယ့်အကြောင်းကရော အားလုံးကောင်းပြီလား!
၁၆။“သူများပြလို့ မြင်တာ”နဲ့ “ကိုယ်ကကြည့်လို့မြင်တာ” နှစ်မျိုးရှိတယ်။ မြင်အောင် ကြည့်တတ်ဖို့လိုတယ်။
၁၇။ကိုယ့်အတွက် ကိုယ့်ကိစ္စ၊ သူများအတွက် ကိုယ့်ကိစ္စ၊ တစ်လောကလုံး အတွက်  ကိုယ့်ကိစ္စ၊ ကိုယ့်ကိစ္စ ကိုယ်လုပ်မယ်။
၁၈။“မင်း” ဘေးက လူက “မင်းလူ”၊ “င့ါ”ဘေးက လူက “င့ါလူ”၊ “သူ့”ဘေးက လူက “သူ့လူ”၊ အမှန်က “ဘေးလူ“ဟာ“ဘေးလူ“ပါပဲ။
၁၉။ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့ လုပ်သမျှတွေဟာ အကောင်းချည်း ဖြစ်လာရင် “အကောင်းဆုံး“ပေါ့။
၂၀။မျက်စေ့နှင့်မြင်မှသိတယ်၊ နားနှင့်ကြားမှသိတယ်၊ လက်နဲ့ထိမှ သိတယ်၊ ဘာနဲ့ဖြစ်ဖြစ် အားလုံးကို သိရင် ကောင်းတာပေါ့၊ သိစရာမလိုတော့ရင် အကောင်းဆုံး။
ခေါင်းဆောင်ကောင်း ဆိုတာ ...
$
0
0
ဒုတိယကမ္ဘာစစ်အတွင်းတွင် ဖြစ်သည် ...။
စစ်မြေပြင်သို့ထွက်ခွာ ခါနီးတွင် စစ်တပ်အသီးသီး၏ အကြီးအကဲအရာရှိများနှင့် ဗိုလ်မှူးချုပ်ကြီး တို့ ညစာစားပွဲ တွင်ဖြစ်သည် ...။
အားလုံး စုံစုံညီညီပင် ညစာ စားပွဲရှည်ကြီးတွင် နေရာ အသီးသီး ယူထားပြီးကြပြီဖြစ်သည် ..။
ညစာ မစားမီ ဗိုလ်ချုပ်မှူးကြီးက တိုက်ပွဲအကြို မိန့်ခွန်းပြောကြားမည်မို့ အရာရှိကြီးများသည် ငြိမ်သက်စွာ နားစွင့်နေကြသည် ..။
သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးက မည်သို့မျှ စကားဆိုခြင်း မရှိသေးဘဲ မိမိရှေ့တွင် ချထားသော ပန်းကန်လေး တစ်ချပ်ဖြင့် အလုပ်ရှုပ်နေ၏ ..။
၎င်းပန်းကန်ပြားလေးကို အရာရှိများ အားလုံး သေချာ ရှင်းလင်းစွာမြင်နေရသည် ..။
ထိုပန်းကန်ပြားငယ်လေးထဲတွင် ခေါက်ဆွဲ တစ်မျှင်မှ တစ်ပါး တခြားသောအရာများ မရှိ .. ရှင်းလင်းစွာ ...။
ခေါက်ဆွဲမျှင်လေးကို ပန်းကန်ပြားပေါ်တွင် အရှည်လိုက် တင်ထားလေသည် ..။
ဗိုလ်မှူးချုပ်ကြီးသည် ခေါက်ဆွဲမျှင်လေး၏ အနောက်ဘက်အစွန်းကို လက်ဖြင့် တွန်းလိုက်သည် ..။
ခေါက်ဆွဲမျှင်လေးသည် ရှေ့သို့ ရွေ့မသွားဘဲ ... တွန့်ခေါက် သွားလေသည် ..။
ထို့နောက်တစ်ဖန် ခေါက်ဆွဲမျှင်လေးကို မူလပုံစံအတိုင်း အရှည်လိုက် တစ်ဖြောင့်တည်းဖြစ်အောင် ပြန်ပြင်လိုက်ပြီး ...
ဗိုလ်မှူးချုပ်ကြီးသည် ခေါက်ဆွဲမျှင်လေးကို ရှေ့စွန်းမှ ကိုင်ပြီး ဆွဲလိုက်ရာ ခေါက်ဆွဲမျှင်လေးသည် လိုသလိုပင် ဖြောင့်ဖြောင့်တန်းတန်း ပါလာလေသည် ..။
ထို အဖြစ်အပျက်အချင်းအရာများကို ညစာ စားပွဲဝိုင်းရှိအရာရှိများ အားလုံးသေချာရှင်းလင်းစွာပင် မြင်လိုက်ရလေသည် ..။
ထိုအခါတွင်မှ ဗိုလ်မှူးချုပ်ကြီးသည် ထိုင်နေရာမှ ထပြီး မိန့်ခွန်းစကားပြောကြားလေသည် ..။
"နောက်လိုက် တပည့်သားချင်း တွေဆိုတာ ဒီ ခေါက်ဆွဲမျှင်လေးနဲ့တူတယ် ... သူတို့ကို နောက်ကနေ တွန်းလို့ မဖြစ်နိုင်ဘူး ... နောက်ကနေ တွန်းရင် ခေါက်ဆွဲမျှင်လေးက မြင်တဲ့ အတိုင်းပဲ တွန့်ခေါက်သွားပြီ
လိုချင်တဲ့ လမ်းကနေ တိမ်းချော်သွားသလို နောက်လိုက်တွေကို တွန်းလွန်းရင် ချွတ်ချော်တိမ်းပါးမှု တွေ ဖြစ်လာနိုင်တဲ့ အပြင် ရှေ့ကလာမယ့် ကျည်ဆန် ထက် နောက်ကျောက ကျည်ဆန်ကို
စိုးရိမ်နေရမယ့်အနေအထား အထိ ဖြစ်သွားနိုင်တယ် ... ခေါင်းဆောင် အရာရှိတို့ .... အောက်လက်ငယ်သားတွေကို ဘယ်တော့မှ မတွန်းပါနဲ့ ... ဒီခေါက်ဆွဲမျှင်လေးကို ရှေ့ကနေ ဆွဲလိုက်ရင် လိုရာ အတိုင်း
ဖြောင့်ဖြောင့် တန်းတန်း တရစပ် လိုက်ပါလာနိုင်တယ် ... အရာရှိတို့ ... ခေါင်းဆောင် ပီပီသသ နဲ့ အရည်အချင်းပြည့်ပြည့်မီမီ ရှိအောင် အစဉ်ကြိုးစားပါ ... အောက်လက်ငယ်သားတွေကို ရှေ့ကနေ ဦးဆောင်
ဆွဲခေါ်ယူပါ ... နောက်ကနေ ဖိအားပေး မတွန်းကြပါနဲ့"
တဲ့ ...။
ခေါင်းဆောင် ကောင်း တို့ ရဲ့ အရည်အချင်းနှင့် ပြည့်စုံနိုင်ကြပါစေ ....။
(မောင်ကောင်း)
Source >>> http://www.facebook.com/ideas.writings
အလွမ်တရားများနှင့်ငါ၏နှလုံးသား
$
0
0
  • ချစ်ခြင်းတည်းဟူသော
  • ကျူးပစ်၏တမန်တော်သည်
  • ငါ၏နှလုံးသားတံခါးကို
  • လာရောက်ကာခေါက်ချေပြီ...။   ။
  • ထိုအခါ  ငါသည်
  • နှလုံးသားတံခါးကိုအသာမကာ
  • ပြင်ပလောကကိုကြည့်လိုက်သည့်အခါတွင်
  • အလွမ်းတရားတည်းဟူသော
  • နတ်ဆိုးတစ်ကောင်သည်
  • ငါ၏နှလုံးသားတံခါးကို
  • သီးခြားလာကာခေါက်ချေပြီ...။   ။
  • အိပ်ပျော်နေသေးသော
  • ငါ၏နှလုံးသားတွင်
  • အလွမ်းတရားတို့၏ခြေရာများဖြင့်
  • ပြည့်နက်ကုန်လေ၏
  • ထိုအခါတွင်ငါသိလိုက်ရသည်က
  • အလွမ်းတရားများနှင့်ငါ့နှလုံးသား
  • ရင်းနှီးမှုမရှိသေးပါလား.........။   ။
စာပေဥယျာဉ်မှ လက်ရာရှင် ရသ၀တ္ထုတို ပြိုင်ပွဲဝင်များအားဖိတ်ခေါ်ခြင်း
$
0
0
  နူတ်ခွန်းဆက်စကား
စာပေဥယျာဉ်မှ စာပေချစ်သူမန်ဘာဝင်များအားလုံး မင်္ဂလာပါခင်ဗျား။
ကျွန်တော်တို့ စာပေဥယျာဉ်ကြီးကို ၁.၈.၂၀၁၂ ရက်နေ့မှာ စာပေချစ်သူ ဥယျာဉ်မိသားစုများတွက် စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီအစီအစဉ်လေးကတော့ဖြင့် စာပေဥယျာဉ် မှ စာပေချစ်သူ မန်ဘာဝင်များအားလုံးအတွက် ရည်ရွယ်၍ စာပေပြိုင်ပွဲလေးတစ်ခုကို ပြုလုပ်ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။
http://friends18.com/img/divider/0068.gif
http://friends18.com/img/divider/0050.gif
ပြိုင်ပွဲဝင်ကဏ္ဍမိတ်ဆက်ပေးခြင်း
စာပေဥယျာဉ်မှ မန်ဘာဝင် စာပေချစ်သူ မိတ်ဆွေများက ဘယ်လို ကဏ္ဍလေးမှာ ပါဝင်ယှဉ်ပြိုင်ရမယ်ဆိုတာကို စတင်မိတ်ဆက်ပေးလိုက် ပါရစေခင်ဗျား။
စာပေချစ်သူ မိတ်ဆွေများ ပါဝင်ယှဉ်ပြိုင်ကြရမယ့် ကဏ္ဍလေးကတော့ (လက်ရာရှင်ရသ၀တ္ထုတို) ကဏ္ဍလေးဖြစ်ပါတယ်ခင်ဗျား။
http://friends18.com/img/divider/0068.gif
http://friends18.com/img/divider/0050.gif
လက်ရာရှင်ရသ၀တ္ထုတိုအတွက် ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍
ဒီပြိုင်ပွဲလေးမှာ ပါဝင်ယှဉ်ပြိုင်မည့် စာပေချစ်သူများအတွက် ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်လို့ ရှင်းပြပါရစေခင်ဗျား။
ဒီကဏ္ဍလေးမှာတော့ ပြိုင်ပွဲဝင်များအားလုံးထဲမှ ဆုရရှိသူ တစ်ဦးတည်းကိုသာ (ပထမဆု) အနေဖြင့် ချီးမြှင့် ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။
ပြိုင်ပွဲဝင်များအားလုံးထဲမှ ဆုရရှိသူ “လက်ရာရှင်ကိုတော့ ချီးမြှင့်ပေးမယ့် ဂုဏ်ပြုဆုငွေကတော့ဖြင့် -
ဆုတော်ငွေ = ၃၀၀၀၀ိ/ (သုံးသောင်းကျပ်)
ဖြစ်ပါတယ်ခင်ဗျား။
http://friends18.com/img/divider/0050.gif
http://friends18.com/img/divider/0068.gif
ပြိုင်ပွဲဝင်များတွက် အကဲဖြတ်ဒိုင်လူကြီးများ
ပြိုင်ပွဲဝင် စာပေချစ်သူများ ရေးသားချက်များကို ခံစားဖတ်ရူ အမှတ်ပေမယ့် ဒိုင်လူကြီးများ အနေဖြင့် ပါဝင်ဆောင်ရွက်ပေးမယ့်သူများနဲ့မိတ်ဆက်ပေးပါရစေခင်ဗျား။
ဥယျာဉ်မှူးလေး
ကိုလွမ်းနေ
အရိပ်ကလေး
မျက်ရည်သခင်လေး
ဆူးနှင်းဆီ
ဝလုံး
ထာဝရ
တို့ ကအကဲဖြတ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျား။
http://friends18.com/img/divider/0068.gif
http://friends18.com/img/divider/0050.gif
ပြိုင်ပွဲဝင်စာမူနောက်ဆုံးရက်သတိပေးခြင်း
အားလုံး မိတ်ဆက်ပေးပြီးသွားပြီဆိုတော့ ပြိုင်ပွဲဝင် မန်ဘာဝင်များအတွက် (ပြိုင်ပွဲဝင်စာမူများ)ကို အချိန်တစ်ခုအနေဖြင့် ကန့်သတ်ထားတာဖြစ်လို့ နောက်ဆုံးအနေဖြင့် တင်ပြပေးရမယ့် ရက်လေးကို ပြောပြပါရစေခင်ဗျား။
နောက်ဆုံးနေ့ = ၁၃.၆.၂၀၁၃ (၁၃ရက် ၆-လပိုင်း)
တွင် ပြိုင်ပွဲဝင်စာမူလက်ခံမည့် နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားပါသဖြင့် ဖော်ပြပါရက်ထက် မကျော်လွန်ပဲ ရေးသားတင်ပြ ပါဝင်ယှဉ်ပြိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
http://friends18.com/img/divider/0068.gif
http://friends18.com/img/divider/0050.gif
ပြိုင်ပွဲဝင် စာမူများ(ပိုစ့်တင်ခြင်း)နှင့် ပတ်သက်၍
ပြိုင်ပွဲဝင်မည့် မန်ဘာဝင်များအနေဖြင့် ပြိုင်ပွဲဝင်စာမူများကို မိမိတို့ နဂိုပိုစ့်တင်သည့်အတိုင်း (ပိုစ့်ခေါင်းစဉ်ဘေးတွင်)(ပြိုင်ပွဲဝင်စာပေ) အစရှိသဖြင့် ပြိုင်ပွဲဝင်ပိုစ့်ဖြစ်ကြောင်း အများသိရှိ ဖတ်ရူဝေဖန်အားပေးနိုင်ရန်အတွက် ထည့်သွင်းဖော်ပြပေးရမည် ဖြစ်ပါသည်။
ဥပမာ။ ။
(      ခေါင်းစဉ်     ) (ပြိုင်ပွဲဝင်စာပေ)
အထက်ဖော်ပြပါအတိုင်း ရေးသားဖော်ပြပေးရပါမည်။
အကြောင်းအရာ(အမျိုးအစား/ကဏ္ဍ) : .................. နေရာတွင်
ပြိုင်ပွဲဝင်စာပေ
စသဖြင့် ထည့်သွင်းရေးသားပေးရမည်ဖြစ်ပါသည်။
http://friends18.com/img/divider/0068.gif
http://friends18.com/img/divider/0050.gif
ပြိုင်ပွဲနှင့်ပတ်သက်၍ သိလိုသည်များမေးမြန်နိုင်ရန်
ယခုရေးသားဖော်ပြခဲ့သော ပြိုင်ပွဲဝင်အကြောင်းအရာများနှင့် ပတ်သက်၍ မသိနားမလည် မရှင်းလင်သည်များရှိခဲ့သော် (ပြိုင်ပွဲဝင်ပိုစ့် Comment Box ) တွင် သိလိုသမျှကို ရေးသားမေးမြန်းနိုင်ကြပါတယ်ခင်ဗျား။
http://friends18.com/img/divider/0068.gif
http://friends18.com/img/divider/0050.gif
ပြိုင်ပွဲဝင်များအားလုံးတွက် နူတ်ဆက်စကား
ပြိုင်ပွဲနှင့် ပက်သတ်သည့် လိုအပ်ချက်များအားလုံးကို ပြောပြပြီးသွားပြီဆိုတော့  မိမိတို့ဘက်မှ ခံစားမူများကို ဖွင့်ချရေးသား၍ ပါဝင်ယှဉ်ပြိုင်ရင်း “အနိုင်အရူံး ဒို့မမူ၊ ယှဉ်ပြိုင်ခြင်းသာ ဒို့ရှေ့ရူ”ဟူသည့် ဆောင်ပုဒ်အတိုင်း အားတက်သရော ပါဝင်ယှဉ်ပြိုင်ရေးသားကြဖို့ ပြိုင်ပွဲဝင် စာပေချစ်သူမိတ်ဆွေများအား ရိုသေလေးစားစွာဖြင့် ဆိုဒ်တာဝန်ရှိသူ အက်ဒမင်များနှင့်အတူ မန်ဘာဝင်များအားလုံးမှ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျား။
http://friends18.com/img/divider/0068.gif
http://friends18.com/img/divider/0050.gif
ကျေးဇူးတင်စကားပြောကြားခြင်း
ဒီစာပေပြိုင်ပွဲလေး ဖြစ်မြောက်ရေးအတွက် အားတက်သရော ၀ိုင်းဝန်းကူညီ ပေးကြသော သက်ဆိုင်ရာ အက်ဒမင်များနှင့်အတူ ပါဝင်ယှဉ်ပြိုင်ပေးကြသော မန်ဘာဝင်များ၊ ဖတ်ရူအားပေးကြသော မန်ဘာဝင်များနှင့်အတူ စာပေဥယျာဉ်မှ ကျေးဇူးတင်ထိုက်သူ အားလုံးကို စာပေဥယျာဉ်မှ ကျေးဇူးအထူးတင်ရှိပါသည်။
http://friends18.com/img/divider/0068.gif
http://friends18.com/img/divider/0050.gif
စာပေဥယျာဉ်မှ စာပေချစ်သူ မိသားစုများအားလုံး
ရွှင်လန်းချမ်းမြေ့ကြပါစေ။
မှတ်ချက်။   ။ အက်မင်များအားလုံးဝင်ရောက်ယှဉ်ပြိုင်ချင်းမပြုရ
ပြိုင်ပွဲဝင်များမိမိတို့ စိတ်ကြိုက်ရသမြောက်မြောက်လွတ်လပ်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်
ဘုရားဖြစ်ဖို့ကျင့်ကြံတယ်ဆိုရင်
$
0
0
ကြုံဖူးတယ် မှတ်သားဖူးတယ် ...ကြားဖူးနားဝနဲ့ မယားလှူတယ် ...ရည်းစားလှူတယ် ...သားလှူတယ်ဆိုတာတွေ ...ဘုရားအလောင်းတော်ရဲ့စွန့်ဖြင်းကြီး(၅)ရပ်ကိုအားကျပြီးစွန့်ကျတာတွေ...တကယ်ရော စွန့်နိုင်ရဲ့လား ...တကယ်ရော ထိရောက်တဲ့ ပါရမီဖြစ်ရဲ့လားဆိုတာ...ဥစ္စာပစ္စည်းဝတ္ထုတို့ကိုစွန့်ခြင်းဆိုရာ မှာ ဘုရားအလောင်းတော်ဆိုတာက ကိုယ်တိုင် တောင်းရမ်းစားရတဲ့အခြေအနေထိစွန့်တာ...(၁)သိန်းရှိလို့ (၁)ကျပ်လှူတာမျိုးမဟုတ်ဘူး...မယားကိုစွန့်တယ်ဆိုတာကလည်း အမြတ်နိုးဆုံးမယားကိုမှ လှူတာ...သူ့ကို လှူလိုက်လို့ ကိုယ်သေရမယ်ဆိုတာကိုလှူတာ...ယူရင်သေမယ့်သူကိုလှူတာမဟုတ်ဘူး...ပြီးတော့ အလောင်းတော်မြတ်တို့ဟာ သူများကိုမလှူခင် မိမိကိုယ်ကို အရင်လှူလေ့ရှိတယ်...ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဖြတ်တောက်ပြီးတောင်ပေးဝံ့တဲ့သူမျိုး...ကိုယ့်အသားကျတော့အနာမခံနိုင်ဘူး...သူများကျတော့ ကိုယ်ချင်းမစာတာမျိုးမဟုတ်ဘူးနော်... ဇနီးသည်က အလောင်းတော်မြတ်အစား မိမိကိုယ်ကိုသာစားပါဆိုမှ ဖြည့်ဆည်းတာမျိုး...ငါ့ကိုတော့မစားနဲ့ သူ့ကိုစားဆိုတဲ့ အစားမျိုးမဟုတ်ဘူး...ပြီးတော့ ဘုရားအလောင်းတော်ဆိုတာ ဗျာဒိတ်ခံယူစဉ်တည်းက နိဗ္ဗာန်ကူးနိုင်သူ တော်ရုံပါရမီလောက်နဲ့မဟုတ်ဘူး...ပါရမီဖြည့်ဖက်ဆိုတာကို အလောင်းတော်မြတ်ဟာ လိုက်ရှာတာမဟုတ်ဘူး သူရဲ့ဇနီးသည်ကိုက အလိုလိုဖြည့်စည်းပေးတာ မငြိုမငြင်နဲ့ ...ဒါကြီးငါပိုင်တာပဲဆိုတဲ့ မှန်းသမ်းရမ်းသန်းလုပ်တဲ့သူမဟုတ်ဘူး...အဲတော့ သူများကိုမစွန့်ခင် မလှူခင် မိမိကိုယ်ကိုစွန့်နိုင်ပြီလား...တကယ်ရော မြတ်အောင်လှူနိုင်ပြီလား...ဘ၀မှာတစ်ခါတစ်လေ စိုင်ကော်လို့ခြုံပေါ်ရောက်ပြီး တစ်ခါတစ်လေလေး ရသေ့ဝတ်ဖူးခဲ့လို့ နောက်ဘ၀ လူတွင်ကျယ်ဖြစ်လာတယ်ဆိုရာမှာ အကြားတစ်ခုထဲနဲ့ မလေ့လာမဆည်းပူးပဲ ရမ်းသန်းလုပ်တာထက် ကိုယ်ကိုတိုင်တကယ်ပြည့်ဝတဲ့ပါရမီရင့်သူဖြစ်ပြီလား...အဲဒါကိုအရင်ဆုံးဖြတ်ပြီးမှ မတုန်လှုပ်တဲ့စိတ်နဲ့ မိမိခန္တာကို ဖြတ်တောက်ယူတာတောင် မညိုငြင်ဘူးဆိုတာ သေချာမှဘုရားအလောင်းတော်မြတ်တို့ထုံးနှလုံးမူတယ်လို့ပြောကြပါဆိုတာ။အမြင်မတော်တာတွေက များများလာလို့။ကိုယ်ဝန်ရှိလာတဲ့ မိန်းကလေးကိုမယူချင်လို့ ခေါင်းရှောင်ချင်တဲ့အချိန် လမ်းမှာတွေ့တဲ့တစ်ယောက်က မင်းမယားလေးစွံလိုက်တာဆိုတာနဲ့ ပစ်ပြေးပြီးနောက်လူပြောင်းသွားတာမျိုး...ကျန်ခဲ့တဲ့မိန်းကလေးမှာ ဒူးနဲ့မျက်ရည်သုတ်ပြီးကျန်ရတော့မယ့်ဘ၀မျိုးကယောင်္ကျားတွေ ကတော့ဘုရားအလောင်းတော်မဖြစ်နိုင်တာသေချာပါတယ်...လှူတယ်ဆိုတာ အမြတ်နိုးဆုံးမယားကိုမှလှူလေ့ရှိတာ...မိန်မကလည်းမငြိုမငြင်သဘောတူကြည်ဖြူမှ...သမီးရည်းစားလည်းလှူလို့မရဘူးကွယ့်...သူ့ဘာသာဘ၀အထုံပါလာတဲ့သူမျိုးကသာ ပါးစပ်မဟခင် အလိုလိုဖြည့်ဆည်းပေးကြတာ...သူများဘ၀ကျတော့ထိုးကျွေးပြီးကိုယ့်အလှည့်ကျမှ ဒူးတုန်နေရင်တော့ ဘုရားအလောင်းတော်မပြောနဲ့ ဘုရားညောင်ရေအိုးထဲက ပိုးလောက်လန်းတောင်ဖြစ်မှာမဟုတ်ဘူးနော်။
ဦးရွှေအုပ်မျက်နှာ- ၀တ္တုတို
$
0
0
ဦးသော်ကောင်းနှင့် မောင်ဇေယျာ စီစဉ်တဲ့..ဦးသန့်ရဲ့လက်ရွှေးစင် စာစုထဲက ၀တ္ထုတိုလေးပါ…
- တပေါင်းလ ကောလိပ်ကျောင်း စာမေးပွဲများ ပြီးစီးပြီဖြစ်တဲ့ အတွက် သူငယ်ချင်း ၄-၅ ယောက်တို့သည် ကျွန်တော်၏ အခန်းသို့ လာပြီး ထွေရာလေးပါးပြောကြပါသည်…
တယောက်ပြီးတယောက် မိမိတို့ တသက်တွင် မှတ်သားစရာ အကောင်းဆုံးအကြောင်းအရာ များကို ပြန်ပြောကြရာ..ကဲဗျာ..ကိုစိုးသိမ်း..ခင်ဗျာတစ်ယောက်ဘဲ ကျန်တော့တယ်..ကဲကဲ လုပ်ပါဦး..
” ကဲ..နားထောင်ကြ..ကျွန်တော်ပြောပါ့မယ်….
ကျွန်တော်ဆယ်တန်းအောင်တုံး ဆယ်တန်း ပထမနှစ်တုံးက လမ်းမတော် ၀ိုင်အမ်စီအေမှာ တစ်နှစ်နေခဲ့ရတယ်…ဆန်းတာ တခုက ကျွန်တော်အိပ်တဲ့ ခုတင်ခေါင်းရင်းမှာ…အုတ်ချပ်တွေ နည်းနည်း ကွာပြီးတော့ လူရဲ့ မျက်နှာတခုလို ထင်နေတယ်…အုတ်ချပ်ကွာတာတော့ အများကြီးပေါ့..ဒါပေမဲ့ ဒီကွာကျတဲ့ အုတ်ကွက် တကွက် တည်းက ဆန်းနေတာ..သိပ်အံ့သြစရာ ကောင်းတာဘဲ…
မနက်အိပ်ရာထထချင်း ပြုတင်းပေါက်က နေရောင်ထိုးပြီဆိုရင် ဒီမျက်နှာဟာ တကယ့် လူတစ်ယောက်ရဲ့ မျက်နှာလို အထင်းသား ထင်နေတာပဲ..တကယ့်ကို ပန်းချီဆရာတွေ ရေး
ခြစ်ခဲ့တဲ့ ပုံထက်တောင် အချိုးအစားကျသေးတယ်..
မျက်နှာက ခပ်ဝိုင်းဝိုင်း- ခပ်ခံ့ခံ့ နှုတ်ခမ်းမွှေး ရေးရေးနှင့်..မျက်လုံးပြူးပြူး ခေါင်းပေါင်းစ
ကြီးကြီး …အင်မတန်ကျက်သရေ ရှိတဲ့မျက်နှာဘဲဗျာ…
ကျွန်တော့ အခန်းနား ကလူတွေမေးကြည့်တော့လည်း…ကျွန်တော်မလာခင် ဗိုလ်ကပြား
တစ်ယောက် နေခဲ့တယ်တဲ့…ဒီဗိုလ်ကပြား လုပ်ခဲ့ရင်လည်း…မြန်မာရုပ်တော့ မဟုတ်တန်ရာဘူးလို့ စဉ်းစားမိတယ်ဗျာ..
ကျက်သရေရှိလိုက်တဲ့ မျက်နှာဗျာ..ခင်ဗျာတို့ကို မြင်စေချင်တယ်”..
ထိုအခါ..ကျွန်တော်က ကြားဖြတ်ကာ..” အခုဒီဟာ ရှိသေးလား” ..
” နားထောင်ပါဦး..ကိုသန့် ဆုံးတော့ သိလိမ့်မပေါ့..ဒီမျက်နှာကြီးကို အိပ်ရာထတိုင်း မြင်မြင်
ဲပြီးတော့..စာဖတ်တုန်းလည်းမြင်…ကျောင်းတက်ခါနှီး လည်းအားရပါးရကြည့်…သွားလေရာတိုင်း ဒီမျက်နှာကို ကြည့်ကြည့်ပြီး အလိုလိုချစ်လာ
တာပဲဗျို့…ခင်ဗျာတို့ သိတဲ့ အတိုင်းဘဲ ယောင်္ကျားအချင်းချင်း ချစ်ဖို့ဆိုတာ အတော်ခက်တာ.
ပြီးတော့လည်း ယောင်္ကျားလို့သာပြောတာ အင်္ဂတေကွာ နေတဲ့ အရုပ်ကြီးဘဲ..ဒါနဲ့ ခပ်တိုတို
ဘဲပြောပါရစေ…ကျွန်တော်လည်းစာဖတ်လို့ မရတော့ဘူး…
ဒီအကြောင်းသူငယ်ချင်းတွေ ပြောရမှာကလည်း..ရယ်စရာဖြစ်နေတော့ ဘယ်သူ့ကိုမှ မပြောဘဲ…တစ်ယောက်တည်း တိတ်တိတ်ပုန်း စွဲလမ်းနေလိုက်တာ…စိတ်နောက်သလို
တောင်ဖြစ်လာတယ်…
ဒီတော့ ကျွန်တော်စဉ်းစားကြည့်တယ်…ဒါမျိုးဧကန္တ လူတူတစ်ယောက်ယောက်တော့ ရှိရ
မယ်…အင်္ဂလိပ် သတင်းစာ မဂ္ဂဇင်းတွေမှာ..ဖတ်ဖူးတဲ့ အတိုင်း နောင်ကျွန်တော်နှင့် တွေ့ရ
မည့် သူတစ်ယောက်၏ မျက်နှာပုံသာ ဖြစ်ရမယ်လို့ စိတ်စွဲ လမ်းမိတာ…အဲလိုစွဲလမ်းပြီးတဲ့ အခါ ကျွန်တော်လည်း လိုက်ရှာတော့တာဘဲ…ရုပ်ရှင်ရုံတွေမှာ လိုက်ရှာ..ကန်တော်ကြီးပွဲ
တွေဆိုလည်း အနှံ့ပေါ့… ရန်ကုန်အရှေ့ပိုင်း..အနောက်ပိုင်းလည်း ကုန်သလောက်ပေါ့ဗျာ…ဘယ်မှာ မှမတွေ့တော့ စိတ်တောင်နည်းနည်းပျက်လာတယ်…
ကျွန်တော့် အခန်းပြန်ရင်လည်း..ကျွန်တော့်ကို အမြဲ နုတ်ဆက်နေသလို…ခပ်ပြုံးပြုံး စိုက်
ကြည့်နေတယ်…စကားပြောပြီး နုတ်ဆက်တာနဲ့ သိပ်မခြားဘူး..
ဒါနဲ့ဗျာ….နောက်ဆုံးတော့..တွေ့ပါလေရော”. ..
ထိုအခါ ကျွန်တော့်ကို အာလုံးပင် အံ့အားသင့်စွာ “သြော်” ဆိုပြီးတပြိုင်နက် အော်လိုက်
ကြသည်..
အဲဒီနှစ် ခရစ်စမတ်ကျောင်းပိတ်ရက်မှာ… ကျွန်တ်ာတို့အိမ်က ကျိုက်ထီးရိုးသွားကြမယ်လို့
ခေါ်တာနဲ့ ကျွန်တော်လည်း အိမ်ပြန်ပြီး သူတို့နဲ့ ကျိုက်ထီးရိုး လိုက်သွားတယ်…ဒီလိုနဲ့..
ကျွန်တော်တို့က မနက်စောစော ကင်ပွန်းစခန်းက တက်ကြရော..ရေမြောင်ကြီးလည်း နည်းနည်း လွန်လာရော…တစ်ခါတည်းတွေ့တော့တာဘဲ…ဟာဗျာ မပြောပါနဲ့တော့..အခန်းထဲက မျက်နှာနဲ့ တစ်ပုံစံထဲဘဲဗျာ…
နည်းနည်းကလေးမှ မလွဲဘူး…ခေါင်းပေါင်းရော…နှုတ်ခမ်းမွှေးပါ..မျက်နှာကျပုံရော..
တစ်ထေရာတည်းပါဘဲ…သူတို့က အဆင်း..ကျွန်တော်က အတက်ကိုဗျာ..သူနှင့် အတူတူ
မိန်းမကြီးတစ်ယောက်၊ ခပ်ရွှယ်ရွှယ် သမီးနှစ်ယောက်နဲ့ နောက်က တော့ အိမ်ဖေါ်တစ်ယောက်…ဒါပါဘဲ…ဒီတော့ ကျွန်တော်လည်း ဘယ်အောင့်နိုင်တော့ မလဲ…
တခါတည်းဦး တစ်ဆိတ်လောက်
ခွင့်ပြုပါ..ဦးတို့ဘယ်အရပ်ကလည်းလို့မေးတာ…ဒီတော့ဦး
ကကျွန်တော့်ကို သေသေချာချာ စိုက်ကြည့်ပြီးတော့..သူသမီးကို တခါလှည့်ကြည့်ပြီး..
မသင်္ကာတဲ့ မျက်နှာနဲ့ ဘာမှ မပြောဘဲ…ဆင်းသွားပါလေရောဗျာ…ကျွန်တော်လည်း ဘယ်နေနိုင်မလဲ…တခါတည်းလိုက်ပြီး မေးပြန်တာပေါ့…သူကကျွန်တော့်ကို လူပေလူတေ လို့
အောင့်မေ့တယ်ထင်ပါရဲ့…ခြေဆုံးခေါင်းဆုံးကြည့် ပြီးတော့…” အင်းစိန်က ဦးရွှေအုပ်”
လို့ ခပ်မြန်မြန်ပြောပြီး…ဆက်လက်ဆင်းသွားပါလေရော…
ကျွန်တော်လည်း စိတ်နည်းနည်းမှ မကောင်းဘဲ..” အင်းစိန်က ဦးရွှေအုပ်..အင်းစိန်က ဦးရွှေအုပ် ” နဲ့ စိတ်ထဲက အောင့်မေ့ပြီး..ဘုရားပေါ်ရောက် တစ်ရက်နှစ်ရက်နေပြီး…
ပြန်ဆင်းဆင်းလာကြရော..ကျောင်းဖွင့်လို့ ကျွန်တော်လည်းရန်ကုန်ပြန်လာပြီး..အရင်အ
ခန်းထဲရောက်တော့..ဒီမျက်နှာကြီး သွားပြီးမြင်ပြန်ရောဗျာ..ဒါနဲ့ ၀ိုင်အမ်စီအေမှာ အင်းစိန်က တရုတ်ကပြား ကျောင်းသားတစ်ယောက်ရှိလို့ ဦးရွှေအုပ် အကြောင်းမေးကြည့်
တော့ ဒီလူဟာပင်စင်စား ၀န်ထောက်ဆိုဘဲ…ပိုက်ဆံလည်းအတော်ရှိသတဲ့..လာဒ်ငွေစားလို့
အထက်အစိုးရ သိခါနှီးမှာ..ရုတ်တရက် ပင်စင်ယူလိုက်တာဘဲ..ဒါဘဲသိရတော့တယ်..
ခင်ဗျာတို့ဘဲစဉ်းစားကြည့်တော့ဗျာ..အင်းစိန်က ၀န်ထောက်နဲ့ ၀ိုင်အမ်စီအေက အင်္ဂတေ
ကွာတာ နဲ့ဘာဆိုင်လည်း.ပြောချင်ပြောမယ်…
ဒါနဲ့ တနေ့ကျတော့ မျက်နှာပုံဟာ…နည်းနည်းမှိန်လာသဗျ..ခါတိုင်းဖြင့် ထင်ထင်ရှားရှား ပြတ်ပြတ်သားသားကြီး…နောက်တော့ မျက်နှာပုံလောက်သာထင်တော့တယ်..မျက်စိ၊ပါးစပ်၊နာခေါင်းတို့တော့ ရေးရေးလောက်သာ
ကျန်တော့တယ်..ကျွန်တော့ အခန်းထဲလည်း လူသွားလူလာက အနည်းသား…ဘယ်သူသ
မှ တမင်တကာသွားဖျက်းစီးမှာ မဟုတ်ဘူး…ဖျက်လို့လည်းရတာမျိုးမှ မဟုတ်ဘဲ..ဒါနဲ့
မှိန်မှိန်လာလိုက်တာ….(၁၅)ရက်လောက်လည်းကြာရော…မျက်နှာတခုလုံး ပျောက်သွား
ပါလေရော..ထိုအခါ ကျွန်တော်တို့ အားလုံးကပင် အံ့အားသင့်စွာ…” ခင်ဗျားဟာ ကတော့ အတော်ကို ဆန်းကျယ်တာဘဲ…ကျွန်တော်တို့ကတော့ တခါမှ မကြားဖူးဘူး”..
ဟုပြောလိုက်မိ၏…
” ခင်ဗျားတို့ အံ့သြတာ တော် တော်..နောက်နှစ်ရက်ကြာတော့ သူရိယ သတင်းစာ နာရေး သတင်းစာ နာရေးကြော်ငြာထဲမှာ…တစ်ခါတည်းတွေ့ပါလေရော..အင်းစိန်က ပင်စင် အငြိမ်းစား..၀န်ထောက်မင်း ဦးရွှေအုပ်ဟာ (၁၅) လောက် မကျန်မမား ဖြစ်ပြီး
ကွယ်လွန် အနိစ္စရောက်တယ်လို့ ပါလာပါရောဗျာ”….ထိုအခါကျွန်တော်တို့မှာ..အလွန်အကျူး အံ့သြကုန်ကြပြီး..ကျွန်တော်
ကပင် ထိုအကြောင်းကို အင်္ဂလန်ပြည်စာရေး ဆရာ ကိုနှင်ဒွိုင်း ထံသို့ ပေးပို့လျှင်ကောင်းမည်ဟု ပြောမိ၏…
ဒီလိုနဲ့ ကိုစိုးသိမ်းလည်း…ဆက်လက်ပြီး…သူ၏မျက်မှန်ကို ဖြုတ်ကာ လက်ကိုင်ပုဝါနှင့်
ပွတ်သပ်ပြီးလျှင်…” ဒီအကြောင်းနဲ့ ပတ်သက်လို့ ထူးဆန်းတာ သုံးခုရှိတယ်ဗျာ…
ပထမအချက်ကတော့…မတော်တဆ အမှတ်တမဲ့ ထင်နေတဲ့ အင်္ဂတေရာဟာ တကယ့်လူ
တစ်ယောက်မှက်နှာနှင့် တူလွန်းသဗျာ..အသက်ချင်းတောင်တူနေတယ်…
လောကဓါတ်ဆရာကြီးတွေဖြင့် နောက်တော့ ဒီအကြောင်းကို ဘယ်လိုရှင်လင်းမလဲ မသိဘူး…ပြီးတော့လည်း… ဒုတိယ တချက်က ဦးရွှေအုပ်ဆိုတဲ့ နာမည်နှင့် အုတ်အင်္ဂတေဆိုတာ…နာမည်ချင်းမဆင်တူဘူးလားဗျာ..နာမည် ကလည်း အံ့သြစရာ
တူနေလိုက်တာ”….
ထိုသို့ပြောစဉ်တွင်…၁၁ နာရီထိုးပြီဖြစ်ပြီး..ဓါတ်မီးများကိုငြိမည်ဟု သိသဖြင့်..ကိုစိုးသိမ်း
လည်း မိမိအခန်းသို့ ထသွားမည်ပြု၏..ကျွန်တော်က လက်ကိုဆွဲထားကာ…” နေပါဦးဗျာ
ခဏ…ခင်ဗျာပြောတာ အံ့သြ စရာ သုံးချက်ရှိတယ်ဆို…..တတိယအချက်ပြောပါဦး
လို့တောင်းပန်ရာ…ကိုစိုးသမ်းလည်း ..ဟက်ဟက်ပက်ပက် ရယ်ပြီး….”တတိယ အချက်က
တော့ ခင်ဗျားတို့ကို စိတ်ဝင်စားအောင် ကြံကြံဖန်ဖန် ပြောတာကို ခင်ဗျားတို့က ယုံတာ
အံ့သြစရာပေါ့ဗျာ..ဂွတ်နိုက်..ကိုသန့်”
Image007.jpg
အပျင်းပြေ သီးဖို့ 
အဖေ့ချွေးဖိုးဆပ်ဖူးကြပါစေ
$
0
0
ဒီနေ့ ကျွန်တော်စာအုပ်တစ်အုပ်ဖတ်ဖြစ်သည် ဆရာဦးဘုန်း (ဓါတု) ရေးသားထုတ်ဝေထားသော သံစဉ်များနှင့်ကမ္ဘာ အတွေးရသစာစုများဆိုသော စာအုပ်ဖြစ်ပါသည် ။ ထိုစာစုများထဲမှ အလုပ်လက်မဲ့ ဖခင်တစ်ယောက်ဧ။် ရင်တွင်းခံစားချက်များအားရေးသားထားသော ပြောမထွက်တဲ့စကား ဆိုသော ဆောင်းပါးတစ်ပုဒ်သည် ကျွန်တော့်အားမေးခွန်းပေါင်းမြောက်များမေးလိုက်သည် ကျွန်တော့်အားလက်ညိုးထိုး ကဲ့ရဲ့ လိုက်သည် ကျွန်တော့်အားပြုပြင်ဖာထေးပေးလိုက်သည် ကျွန်တော်အား ကြည့်တတ်မြင်တတ်အောင် လမ်းညွန်ပေးလိုက်သည် ။  သိုသော်...သူ(အဖေ) ပြောချင်သော ပြောမထွက်သော စကားများကို မေးဖို့ ကြားဖို့ ရန်အခွင့်လမ်းမျိုး ဘယ်သောအခါမျှ ရရှိနိုင်တော့မည်မဟုတ်ပါ ကျွှန်တော်သည် သံသရာကြွေးတင်နေသောလူတစ်ယောက် ဖြစ်သည်...ကျွန်တော်သည် အဖေတစ်ယောက်၏ ခံစားချက်တွေကို အသိမှတ်ပြု မခံစားတတ်သူဖြစ်ခဲ့သည်...ကျွန်တော်သည် အဖေပင်ပန်းသမျှ ထွက်ခဲ့သောချွေးတစ်စက်ကိုမှ သုတ်ပေးရန်မသိတတ်သောသူဖြစ်ခဲ့သည်...ကျွန်တော်သည် အဖေသောက်သော ဘီယာတစ်ခွက် အရက်တစ်ပတ်ကိုသာ အပြစ်မြင်ခဲ့သူဖြစ်ခဲ့သည်...ကျွန်တော်သည် နေ့ ခင်းမှာနေရင်းနေမင်းကို အပြစ်မြင်ခဲ့သူဖြစ်သည်...ကျွန်တော်သည် အခါလွန်မှရွှာသောမိုးလို တန်ဖိုးမဲ့နောင်တဆိုးများကို ပိုက်ထွေးထားသူဖြစ်သည်...ကျွန်တော်လိုသားဆိုး သားမိုက်မျိုး ဒီကမ္ဘာပေါ်မှာဘယ်သားသမီးမှ မကြုံတွေ့ စေချင်ပါ  ဒီစာစုနှင့်အတူ ဖခင်တစ်ယောက်၏ ခံစားချက် ဂုဏ်ဒြပ်တွေကို မြင်တတ် ခံစားတတ်ကြပါစေ အဖေ့ချွေးဖိုးဆပ်ဖူးကြပါစေ...။
""နောက်ဆုံးသစ်ရွက်အကြို မိတ်ဆွေများသို့ တေးသံသာ""
$
0
0
လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ခံယူချက် ဒဿန-အပိုင်းအစလေးတွေတော့
ရှိစမြဲပေါ့..။ သို့သော်လည်း ဘ၀ခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ
တသမတ်တည်းရပ်တည်လို့တော့ မရဘူး။ လမ်းဘေးမှာပေါက်နေတဲ့
အထီးကျန်သစ်ပင်ကြီးလို “ငါ..ဘယ်တော့မှ မပြောင်းလဲဘူး”လို့
ကြွေးကြော်နေရင်တော့ တချိန်ချိန်မှာ လူမှုဝန်းကျင်နဲ့ဝေးရာကို
ရောက်သွားနိုင်တယ်။ ။
ငါတို့တတွေ ဘယ်သူ့အတွက်ပဲလုပ်လုပ် စေတနာထားပြီးလုပ်ရမယ်။
စေတနာမပါတဲ့အလုပ်ဟာ ပါရမီမမြောက်ဘူး။ ချစ်တဲ့သူကို ကူညီတာပဲဖြစ်ဖြစ်,
မုန်းတဲ့သူကို ဖေးမတာပဲဖြစ်ဖြစ် အကောင်းဆုံးမပေးနိုင်ရင်
ပေးနိုင်သလောက်လေးနဲ့ ရောင့်ရဲမနေပါနဲ့။ ။ ။
ကိုယ်မကြိုက်တဲ့အရာကို သူတစ်ပါးကို မပေးမိဖို့လိုတယ်။ ဒါ့အပြင်
ဘာမှမထူးခြားလို့ ဥပေက္ခာပြုတာမျိုးလောက်ကတော့ ချီးကျူးခံအဆင့်တောင်
မ၀င်ပါဘူး။ ကိုနှစ်သက်တဲ့အရာကို တခြားသူကိုပေးတဲ့ စွန့်လွှတ်မှုမျိုးကမှ
ဂုဏ်ပြုထိုက်တာလေ..။
ပေးတယ်ဆိုတဲ့နေရာမှာ ရွှေငွေပေးမှရယ်မဟုတ်ဘူး။ ကန္တာရထဲမှာ
ဒုက္ခရောက်နေသူကို ဒေါ်လာတစ်သောင်းပေးလို့ ကူညီရာမရောက်ဘူး။ သူ့အတွက်
တကယ်လိုအပ်နေတဲ့ ရေတစ်ပေါက်မျှဝေမှ စစ်မှန်တဲ့ဒါနဖြစ်တာ။ ။ ။
ဒါန-ရဲ့အကျိုးဆက်အတွက် ကဗ္ဗည်းထိုးဖို့ မလိုအပ်ပါဘူး။
လိုက်လျှောက်ညီထွေရှိတဲ့ ကောင်းမှုကုသိုလ်ပြုရင် လိုက်လျောညီထွေဖြစ်တဲ့
အကျိုးတော့ ခံစားရမှာပဲ…။
ဘ၀မှာ ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်ချင်ရင်
သူတစ်ပါးရဲ့ ခံစားချက်တွေကို ညီတူညီမျှခံစားပေးနိုင်ရမယ်။ တစ်ခါတစ်လေ
ဝေဒနာဆိုတာ ရင်ဖွင့်လိုက်မှ ဖြေသာရာရတာလေ..။ အဲဒီတော့
အားပေးစကားပြောပြီးတော့ နှစ်သိမ့်ပေးရမယ့်အပြင် အကြံပေးစကားနဲ့လည်း
သူ့ကို မြှင့်တင်ပေးနိုင်ရမယ်…။
မြစ်ရဲ့ ဒီဘက်ကမ်းမှာ မီကျောင်းတစ်ကောင်နဲ့လိပ်တစ်ကော
င်ရှိမယ်။
ဟိုဘက်ကမ်းနားမှာလည်း
မိကျောင်းတစ်ကောင်နဲ့လိပ်တစ်ကောင်ရှိမယ်-ဆိုကြပါစို့… ဒီဘက်ကမ်းကလိပ်နဲ့
ဒီဘက်ကမ်းကမိကျောင်း ပေါင်းစပ်မိတ်ဖွဲ့မှာ မဟုတ်ဘူး။ ဒီဘက်ကမ်းက
မိကျောင်းက ဟိုဘက်ကမ်းက မိကျောင်းဆီသွားလိမ့်မယ်။ ဟိုဘက်ကမ်းက လိပ်ကလည်း
ဒီဘက်ကမ်းကလိပ်ဆီ လာလိမ့်မယ်..။ ပြောချင်တာက ကိုယ်နဲ့သဘောတူတဲ့သူကိုပဲ
အပေါင်းအသင်းလုပ်ကြမှာ..။ အဲဒါနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ဒဿနလေးကတော့-
“စရိုက်မတူ ညီအစ်ကိုချင်း လက်ချင်းဆက်နေခြင်းထက် စရိုက်တူရန်သူနှင့်
လည်ပင်းဖက်နေရခြင်းက ပိုကောင်းတယ်”လို့…။
ပြီးတော့ စကားပြောတဲ့အခါမှာ တော်တော်သတိထားရမယ်၊
ကိုပြောလိုက်တဲ့စကားလေးတစ်ခွန်းက အပြောခံလိုက်ရသူအတွက်
အဓိပ္ပါယ်နှစ်မျိုး ဖြစ်စေမယ်ဆိုရင် ရှောင်နိုင်သလောက် ရှောင်ရမယ်..။
ဘာကြောင့်လဲဆိုတော့---
ပြဿနာအစ ပါးစပ်က၊
ပါးစပ်မှာ-ဓား သတိထား၊
အကျိုးရှိ/မရှိ ၊ ဆင်ခြင်ကြည့်…
အကျိုးရှိမှ- ပြော..၊
ပြောသင့်/မပြောသင့်- ချိန်ခါချင့်
ပြောသင့်ခါမှ- ပြော…လို့ ရှေးလူကြီးတွေ မီးမောင်းထိုးပြခဲ့တဲ့
စကားလုံးတွေကြောင့်ပေါ့။
ကဲ… အဲဒီတော့ ဆင်ခြင်စရာတွေ, လိုက်နာစရာတွေ, မှတ်သားစရာတွေကတော့
တို့ပတ်ဝန်းကျင်မှာ အများကြီးပဲ..။ ဒါပေမယ့် ယူတတ်တဲ့သူပဲ- ရတာလေ..။
သိသူဖော်စား မသိသူကျော်သွား-ဆိုသလိုမျိုးပေါ့..။ ကျော်သွားသူတွေကိုတော့
ထားလိုက်ပါ..။ ကိုယ်ကတော့ ဖော်စားနိုင်တဲ့သူဖြစ်အောင် ကြိုးစားရမယ်။
နောက်ဆုံးတော့ အရာရာကို လွှတ်ချရမှာပါပဲ…။ ဒါကိုလည်း လူတိုင်းသိကြပါတယ်…။
အဲဒီတော့ သေခြင်းတရားဆိုတဲ့ တံခါးဝဆီမရောက်ခင် လောကကြီးအတွက် တစ်ခုခုတော့
ချန်ရစ်ခဲ့နိုင်ရမယ်…။ ဒါကြောင့်မို့ နောက်ဆုံးသစ်ရွက်လေးမကြွေခင်
ဒီလိုစကားလေးတွေကို မိတ်ဆွေတွေဆီ ဧည့်ဝတ်ပြုလိုက်တာပါ….။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ….
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
14.5.2013 (Tuesday)
ခံစားချက်
$
0
0
ကျွန်တော်ဘ၀မှာ ကျွန်တော်သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်..အဲ့ဒီကောင်မလေးက ကျွန်တော်ကို သေလောက်အောင်မုန်းတယ်လို့ ပြောခဲ့တာကို ကျွန်တော်ဘာဘောကြောင့် သူ့ကို တမ်းတမ်းတတ ဖြစ်နေတယ်ဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေတယ်...ကျွန်တော်ဘ၀က သူ့ထက်တော့ နိမ့်ကျတယ် သူ့ကောင်လေးလို ကျွန်တော်က ဆေးကျောင်းသားမဟုတ်ဖူး 10တန်းတောင်မအောင်တဲ့ဘ၀သမားပါ ကျွန်တော်နဲ့သူ ဆုံလိုက်တိုင်း သူ့ဘက်ကကျွန်တော်ကို မတူသလိုဆက်ဆံတယ်... ဒါတွေကိုမေ့ထားပြီး ကျွန်တော်သူ့ကို ဆက်ချစ်နေတာပါ ဒါပေမယ့်လည်း အသဲကွဲခြင်းဆိုတာကိုတော့ လက်ခံထားရတယ်..ဒါကြောင့်                                                         
                                            အသဲကွဲခြင်းကို ရင်ဝယ်ပိုက်
                                             အထီးကျန်ခြင်းကို  ကြိုဆိုပြီးတော့
                                                 ငါ့မျက်ရည်တွေနဲ့အတူ
                                                   နှလုံးသားကိုပါ လမ်းခင်းပေးပြီး
                                                    မင်းလျှောက်မယ့် ခြေလမ်းတွေအောက်မှာ
                                                          ကြေကွဲမှု့တွေနဲ့အတူ
                                                        ရင်ကွဲခံပြီး မင်းကိုငါ
                                                            ချစ်နေမှာပါ ...
ရွှေအိုရောင် ကောင်မလေး....
$
0
0
ရွှေအမျိုးမျိုးရှိပါသည်။ ၁၆ပဲရည် အခေါက်ရွှေအား တိုင်းတာရာတွင် ရွှေ၏သိပ်သည်းဆ (၁၉.၂၅)ပြည့်မီမှသာ ၁၆ပဲရည်အဖြစ် သတ်မှတ် ပါသည်....၊ မြန်မာနိုင်ငံတွင် အကောင်းဆုံးရွှေသည် ၁၆ပဲ အခေါက်ရွှေဖြစ်ပါသည်....၊ ကမ္ဘာ့အဆင့်ရွှေများမှာ သိပ်သည်းဆ (၁၉.၃၂)ဖြစ်ကြပါသည်။  ကမ္ဘာ့အဆင့်ရွှေများ၏အရောင်များမှာ အ၀ါရောင်လွင်လွင်များဖြစ်ပါသည်။
ကျွန်တော် အ၀ါရောင်လွင်လွင် ရွှေများကို သဘောမကျပါ.... ကျွန်တော် နှစ်သက်သည်မှာ ရွှေအိုရောင် ဂန္ဓ၀င်ဆန်ဆန် ခန့်ခန့် ထည်ထည် ရွှေထည်ပစ္စည်းများကိုသာ ပိုမို နှစ်သက်ပါသည်။ ဖြစ်နိုင်လျှင်ဖြင့် ဂန္ဓ၀င်ဆန်သော ရွှေသားပစ္စည်းများပေါ်တွင် ဒီဇိုင်းအသစ်အဆန်းလေးများကို ရေးထိုးထားသည့် ရွှေထည်ပစ္စည်းလေးများကို ရယူပိုင်ဆိုင်ချင်ပါသည်...။ ကိုယ်တိုင်လည်း စိတ်တိုင်းကျ ရေးထွင်းထားချင်ပါသည်။
မြန်မာပြည်တွင် ယခင်ကတည်းက ရွှေထည်ပန်းတိမ်ပစ္စည်းများကို မိုးကြိုးဖြင့်ရောယှက်၍ အသုံးပြုထုလုပ်ခဲ့ကြပါသည်...၊ ရွှေကုန်သည် မျိုးရိုး မဟုတ်သဖြင့်လည်း ဤအကြောင်းများကို သေသေချာချာမသိခဲ့ပါ.... သို့သော်လည်း ယခုအခါ ကျွန်တော် စဉ်းစားမိခဲ့ပါသည်... ကြားဘူးသမျှ ရွှေစင်ရွှေသားစစ်စစ်များသည် ပျော့ပြောင်းကြောင်း၊ အချို့ ရွှေပေရွက်များကိုပင် လိပ်၍ နားတောင်းအဖြစ် ရှေးယခင်က ပန်ဆင်ကြကြောင်း ကြားခဲ့ဘူးပါသည်။ ထို ရွှေအစစ်များကို ပန်းတိမ်ခပ်ရာတွင် ခိုင်မာလွယ်ကူစေရန်နှင့် မိုးကြိုးကိုထည့်သွင်း ထုလုပ် ခဲ့သည်ဟု ထင်မြင်မိခဲ့ပါသည်။  အမှန်စင်စစ် ရှေးဟောင်းရွှေထည်များသည်လည်း ၀ါလွင်နေသော အရောင်အဆင်းမရှိပါ.... အနီရောင်သန်းနေသော ခိုင်မာထည်ဝါသည့် ရွှေထည်ပစ္စည်းများပင် ဖြစ်ပါသည်။
ကျွန်တော်သည် ခေတ်ရေစီးကြောင်းအတိုင်း အဆင့်မီမီ စီးမျောလာသော်လည်း  ခေတ်ကာလ ကောင်မလေးများနှင့် ခေတ်ဆန်သော အ၀တ်အစားများကို အချိန်နှင့်တပြေးညီ သဘောမတွေ့တတ်ပါ....၊ နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းများကို အချိန်တစ်ပတ်၊ ဆယ်ရက်ခန့် အချိန်ယူ မြင်တွေ့ပြီးမှသာ မျက်စိကျင့်သားရပါသည်...။
ရှင်းရှင်းသန့်သန့်နှင့် ဒီဇိုင်းဆန်းဆန်းလေးများအား ခန့်ခန့်လေးဝတ်ဆင်တတ်သော ကောင်မလေးများကို ပိုမို သဘောကျတတ်ပါသည်။
``မိန်းမတို့ အိနြေ္ဒ.... ရွှေပေးလို့မရ´´ ဟူသော စကားလို မျက်လွှာအောက်ချခြင်း၊ ဆင်မယဉ်သာခြေလှမ်းဖြင့် ခြေတစ်လှမ်း ကုဋေတစ်သန်း အထိ လှမ်းနေခြင်းများကိုသာ သဘောကျတတ်သော အစွန်းထွက် အန်းဒိတ်တစ်ဦး မဟုတ်သော်လည်း... ရိုးရှင်းတင့်တယ်သည့် မိန်းကလေးများကို ပိုမို သဘောကျတတ်ပါသည်...။
ကျွန်တော်နှင့် ရင်းနှီးသော ကောင်မလေးတစ်ဦး ရှိပါသည်...။
ကောင်မလေးသည်... ဆင်းရဲချို့ ငဲ့သော်လည်း ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်ခဲ့သည်....၊ ရိုးရှင်းစွာ နေထိုင်သည်၊ အခက်အခဲ များကြားမှ တည်ငြိမ်စွာ ဘ၀ကိုဖြတ်သန်းသည်...၊ ယခုလည်း မိသားစုနှင့် ဝေးကွာသောနေရာတစ်ခုတွင် ဂုဏ်သိက္ခာရှိစွာ အလုပ် လုပ်ရင်း တန်ဘိုးရှိစွာ ဘ၀ကို ဖြတ်သန်းနေပါသည်။  ထို့အတူ လုပ်ခလစာလေးများကိုလည်း ချွေတာစုဆောင်း၍ မိဘများအား လစဉ် ထောက်ပံ့နေပါသည်။
ကောင်မလေးမပျက်မကွက် ဆင်သွယ်ပါသည်...၊ အခက်အခဲများကို ပြောပြသည်...၊ အကြံဥာဏ်များကို ရယူသည်...၊ အသက်အရွယ် ကွာခြားချက်ကို အမှီပြု၍ အစ်ကိုကြီးတစ်ဦးသဖွယ်... ဦးလေးသဖွယ် ဆိုးတူကောင်းဘက် တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ်အမြဲ ရှိနေခဲ့ပါသည်။ အသက်နှစ်ဆယ်ကျော် လူငယ်ပီပီ အချို့ သော အကြောင်းအရာများအား ထိပ်တိုက်ရင်ဆိုင်လိုသော စိတ်ထားလေးများကိုလည်း မကြာခဏ တွေ့မြင်ခဲ့ရပါသည်...။
လူသားတို့၏ သဘာဝအရ မတရားသဖြင့် တွန်းသည် ဖိသည်ဟု ယူဆခဲ့ချိန်များတွင် ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်များလည်း ရှိခဲ့ပါသည်...။ ထိုအချိန်မျိုးတွင် ကျွန်တော်သည် တရားဟော ဆရာတစ်ဦးအဖြစ်လည်း တာဝန်ယူရပါသည်...၊ စိတ်သဘောထား ခိုင်မာသော ဦးလေးတစ်ဦးအဖြစ်လည်း ဆောင်ရွက်ရပါသည်။ ညီမလေးကို ချစ်မြတ်နိုးသော အကိုကြီးတစ်ဦးအနေဖြင့်လည်း ၀င်ရောက် သရုပ်ဆောင်ရပါသည်။
မိမိ၏ အားနည်းချက်(တစ်ဦးတည်း ရပ်ဝေးတွင် နေထိုင်စားသောက်နေရသော မိန်းကလေးတို့၏ အားနည်းချက်များ)၊ တစ်ဘက်လူ၏ အားသာချက်များ (ဥပမာ မိမိ၏ အလုပ်ရှင်ဖြစ်သည်။ မိမိအလုပ်ရှင်၏ ညီမဖြစ်သဖြင့် အလုပ်ရှင်၏မျက်နှာကို ထောက်သင့်သည်၊ အလုပ်ကို ထိခိုက်နိုင်သည်၊ အညှိုးအတေးများဖြင့် အကောက်ကြံနိုင်သည် စသည်ဖြင့်)ရှင်းပြရပါသည်။  နောက်ဆုံးတွင်  ကျေနပ်နှစ် သိမ့်နိုင်စေရန်... ဖြေသိမ့်ပေးရသည်များလည်း ရှိခဲ့ပါသည်။
ကောင်မလေးက ကျွန်တော့်အား ပင်လယ်ကြီးနှင့် တူသည်ဟု ပြောခဲ့ဘူးပါသည်... ပင်လယ်ကြီးသည် တည်ငြိမ်နေသော်လည်း သူတစ်ပါးကို သက်ရောက်မှုများ များစွာပေးတတ်သည်တဲ့.....၊ ပင်လယ်ကြီး၏ အပေါ်တွင် ရွေ့လျားနေသော လှိုင်းများကိုလည်း မည်သည့် အခြေအနေ အချိန်အခါမျိုးတွင်မဆို လက်ခံပေးထားသည်၊ လှိုင်းရိုက်သံများသည် အမှန်တကယ်အားဖြင့် လှိုင်းကလေးများ၏ ငိုကြွေး သံလေးများ ဖြစ်နိုင်ကြောင်း၊ ထိုငိုရှိုက်ခြင်းများအား ထာဝရ မပြောင်းလဲသော စိတ်ဖြင့် ပင်လယ်ကြီးက လက်ခံထားကြောင်း၊ ထို့အတူ ပင်လယ်ကြီးသည် လူသားများကို ရင်ခွင်ထဲတွင် ရှင်သန်လှုပ်ရှားခွင့်၊ အသက်မွေးဝမ်းကြောင်းခွင့်နှင့် စီးပွါးရေးလုပ်ငန်းများကိုလည်း အပြုံးမပျက် လုပ်ကိုင်ခွင့်ပြုထားခဲ့ကြောင်း၊ သို့သော် တစ်ခါတစ်ရံတွင် ပင်လယ်ကြီးသည် ရက်စက်ကြမ်းကြုတ်သော မုန်တိုင်းကြီးများကို လူ့ရပ် လူ့ရွာသို့ သယ်ဆောင်လာတတ်ကြောင်း.... ထိုသို့ ရက်စက်မှုများ ပေးဝေချိန်တွင် ကျွန်တော်နှင့် အတူ ကောင်မလေးက ရှိမနေချင်ကြောင်းများ ပြောခဲ့ဘူးသည်။
ခေတ်မီသည့် ဒီဇိုင်းလေးများစီခြယ်ရေးထွင်းထားသည့် ရှေးဟောင်းရွှေထည် ပစ္စည်းလေးတစ်ခုအဖြစ် ကောင်မလေးကို ကျွန်တော်..... မြင်တွေ့မိပါသည်။
မူလရှိရင်းစွဲ ကိုယ်ကျင့်သိက္ခာ၊ ကြိုးစားမှု၊ ရိုးသား တည်ငြိမ်မှုများသည် ရှေးဟောင်းမြန်မာအမျိုးသမီးများ၏ အစဉ်အလာဖြစ်ခြင်းကြောင့် ရှေးဟောင်းရွှေအဖြစ် တင်စားပါသည်။
ထို့အတူ လုပ်ခလစာလေးများအား ချွေတာစုဆောင်း၍ မိဘများထံ ကူညီထောက်ပံ့ခြင်းသည် လူတစ်ဦး၏ ကျေးဇူးတရားကို မြတ်နိုးတန်ဘိုးထားခြင်း၊ မိဘကျေးဇူးကို သိမြင်တတ်ခြင်းဖြစ်သဖြင့် သိပ်သည်းဆများသော ကမ္ဘာ့အဆင့် ရွှေထည်အဖြစ် သတ်မှတ်ပါသည်။
ထိုသို့ ရွှေဟောင်း ကမ္ဘာ့အဆင့်ရွှေထည်ပေါ်တွင် ကျွန်တော်၏ ဂရုစိုက်ရခြင်း၊ ကျွန်တော့်ကို အားကို ယုံကြည်ခြင်း ဒီဇိုင်းအသစ်လေးများကို ပေါင်းစည်းရေးဆွဲထားသဖြင့် ကောင်မလေးသည် ကျွန်တော့် ဘ၀အတွက် တန်ဘိုးဖြတ်မရနိုင်သော မြတ်နိုးခြင်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။
ကျွန်တော် ကောင်မလေးကို မြတ်နိုးပါသည်။
လူဆိုသည်မှာ မြတ်နိုးလျှင် တန်ဘိုးထားတတ်ပါသည်။
ကောင်မလေးသည်လည်း ကျွန်တော့်ဘ၀အတွက် ရွှေအိုရောင် ကောင်မလေးဖြစ်ကြောင်းကိုတော့ မကြာမီ ပြောပြဖြစ်မည်ဟု ကိုယ်တိုင် စဉ်းစားထားပါသည်...... ထိုအချိန်တွင် ကောင်မလေး ပြုံးနေမည်လား.... ယုံကြည်မှုများ ပြည့်လျှံနေသော မျက်ဝန်းများဖြင့် စူးစူးစိုက်စိုက် ကြည့်နေမည်လား ဆိုသည်ကိုတော့.....
ကောင်မလေး အမြဲ ပျော်ရွှင်အေးချမ်းနေပါစေ....
(ကွန်ဆူးမား)(၁၄-၅-၂၀၁၃)
ဝှီး….ဝှော်… ၀ှီး….ဝှော်…
$
0
0
၇တန်းကျောင်းသားဘ၀ မုန့်စားဆင်းချိန်တွင်ဖြစ်သည်…
မုန့်ဈေးတန်းသို့သွားသူများလည်းရှိသည်
ဘောလုံးကွင်း၊ဘက်စကတ်ဘောကွင်းသို့သွားသူများက သွားကြသည်…
အတန်းထဲတွင် ကျနော်အပါအ၀င် သူငယ်ချင်း ၇ယောက်သာရှိတော့သည်
စေးကပ်မှုမရှိ ကျိုးတိုးကျဲတဲဖြစ်နေသောသူငယ်ချင်းများကို စေးကပ်မှုရှိစေရန်
ကျနော်ကစ၍စကားပြောရန်စုခိုင်းလိုက်သည်…
သူငယ်ချင်းများက ကျနော့်ဆို အလွန်ချစ်ကြသည်…
စကားပြောရင်း မီးသတ်အကြောင်းရောက်သွားသည်…
ကျနော်က မီးသတ်ကားအသံ လုပ်တတ်လျှင်လုပ်ပြဟုပြောလိုက်သောအခါ
သူငယ်ချင်းတစ်ယောက်က ၀ှီး….ဝှော်… ၀ှီး….ဝှော်… ဟုဆိုကာလုပ်ပြသည်…
ကျန်သူငယ်ချင်းများက လည်း ၀ှီး….ဝှော်… ၀ှီး….ဝှော်…လိုက်၍အော်ကြသည်…
သူငယ်ချင်းများ အော်မြည်နေသော ၀ှီး….ဝှော်… ၀ှီး….ဝှော်…အသံမှာ
တကယ့်မီးသတ်ကားအသံနှင့်မခြား တူလှသည်
စာသင်ခန်း၏ ပဲ့တင်သံကြောင့်လည်း မီးသတ်ကားသံမှာ ပို၍ပင် ပီပြင်ထင်ရှားလာသည်…
သူငယ်ချင်းများကလည်း အော်ရင်း အရှိန်တက်လာကာ
မီးသတ်ကားသံ ၀ှီး….ဝှော်… ၀ှီး….ဝှော်… အဆက်မပြတ်အော်နေတော့သည်…
ကျနော်ကတော့ ၀ှီး….ဝှော်… ၀ှီး….ဝှော်… မအော်ပဲ ဆရာမများနားနေခန်းသို့
ပြတင်းပေါက်မှလှမ်း၍ကြည့်နေလိုက်သည်…
မီးလောင်နေပြီမှတ်၍ ဆရာမများ နားနေဆောင်မှ ထွက်လာကာ
လမ်းမဘက်သို့ ကမန်းကတန်းထွက်ကြည့်ကြသည်မှာ အလွန်ရယ်စရာကောင်းသည်…
သူငယ်ချင်းများကတော့ ၀ှီး….ဝှော်… ၀ှီး….ဝှော်… ဆက်၍အော်နေသည်
လုံးကြီးတင်ဟုခေါ်သော ဆရာမဒေါ်မြင့်စိန်က ရုတ်တရက် အခန်းထဲဝင်လာပြီး
ကြိမ်လုံးကြီးနှင့် ပယ်ပယ်နှယ်နှယ် ဆော်ပလော်တီးတော့သည်
ဆရာမ ကျနော့်ကို ရိုက်ခါနီးတွင် …
ဝှီး….ဝှော်… ၀ှီး….ဝှော်…
အော်တဲ့ထဲမှာ ကျနော်မပါကြောင်း ဆရာမကိုပြောသော်လည်း…
ဆရာမက ကျနော့် ၂ချက်ရိုက်ပြီးသွားပြီဖြစ်သည်…
ဆရာမက ကျနော့်ကို ကြိမ်လုံးကြီးဖြင့် ထပ်ရွယ်ထားပြီး
နင့်အကြောင်း ငါမသိရင်ခက်မယ်
…သေမယ်... ဟု မျက်စောင်းထိုး၍ပြောကာ အခန်းထဲမှ ထွက်သွားသည်…
သူငယ်ချင်းများလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးစိစိ စပ်ဖြီးဖြီးဖြစ်နေပုံမှာ
ကျနော့်မျက်စေ့ထဲမှ ယနေ့တိုင်မေ့မရနိုင်သော
ကျောင်းသားဘ၀ ပျော်ရွှင်စရာပုံရိပ်တစ်ခုဖြစ်နေပါတော့သည်…
Viewing all 9878 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>