Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

အသိခက်တဲ့ ဥပေက္ခာဗြဟ္မ၀ိဟာရ၏ အကျိုးတရားများ

$
0
0

အဘယ်သို့လျှင် ရဟန်းသည် လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေသနည်း။

ဥပမာအားဖြင့် နှလုံးကို ပွါးစေတတ်သည်လည်း မဟုတ်၊ နှလုံးကို မပွါးစေတတ် သည်လည်း မဟုတ်သော ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လျှင် လျစ်လျူရှုခြင်း {ဥပေ က္ခာ} ဖြစ်သကဲ့သို့ ထို့အတူ သတ္တ၀ါအားလုံးတို့ကို လျစ်လျူရှုခြင်း {ဥပေက္ခာ} ဖြင့် ပျံ့နှံ့စေ၏။
ထိုတွင် အဘယ်သည် လျစ်လျူရှုခြင်း {ဥပေက္ခာ} မည်သနည်း ?

သတ္တ၀ါတို့၌ အကြင် လျစ်လျူရှုခြင်း {ဥပေက္ခာ}၊
လျစ်လျူရှုသော အခြင်းအရာ {ဥပေက္ခာယနာ}၊
လျစ်လျူရှုတတ်သည်၏အဖြစ် {ဥပေက္ခာယိတတ္တ}၊
ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ
လွတ်မြောက်ကြောင်းသဘော {{ဥပေက္ခာစေတောဝိမုတ္တိ}} သည် ရှိ၏။
ဤသဘောကို လျစ်လျူရှုခြင်း {ဥပေက္ခာ} ဟု ဆိုအပ်၏။

ထိုတွင် အဘယ်သည် {{စိတ်}} မည်သနည်း ?

အကြင် ဆန်းကြယ်မှု {စိတ္တ}၊
သိမှု သဘော {မန}၊
သိခြင်းသဘော {မာနသ}၊
အတွင်း၌ ဖြစ်သောသဘော {ဟဒယ}၊
ဖြူစင်သောသဘော {ပဏ္ဍရ}၊
သိမှု ဖြစ်ရာဌာန {မနာယတန}၊
အစိုးတရ သိမှု {မနိနြေ္ဒ}၊
အထူးသိမှု {၀ိညာဏ}၊
အထူးသိမှု အစု {၀ိညာဏက္ခန္ဓာ}၊
ထိုစိတ် အားလျော်သော အထူးသိမှု သဘော {တဇ္ဇာမနောဝိညာဏဓာတ်}။
ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်သည် လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်တကွ အဖြစ်သို့ ရောက်၏၊
တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏၊
ထို့ကြောင့် {{လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်ယှဉ်သော စိတ်ဖြင့်}} ဟု ဆိုအပ်၏။

{{တစ်ခုသော အရပ်မျက်နှာကို}} ဟူသည်ကား ...
အရှေ့အရပ်မျက်နှာ၊
အနောက်အရပ်မျက်နှာ၊
မြောက်အရပ်မျက်နှာ၊
တောင်အရပ်မျက်နှာ၊
အထက်အရပ်မျက်နှာ၊
အောက်အရပ်မျက်နှာ၊
ဖီလာအရပ်မျက်နှာ၊
အထောင့်အရပ်မျက်နှာကို (ဟု ဆိုအပ်၏)။

{{ပျံ့နှံ့စေ၍}} ဟူသည်ကား ဥပေက္ခာစိတ်ကို ဖြန့်၍၊ ဥပေက္ခာစိတ်ကို လွှတ်၍။
{{နေ၏}} ဟူသည်ကား။ပ။ ထို့ကြောင့် {{နေ၏}} ဟု ဆိုအပ်၏။

{{ထို့အတူ နျစ်ခုမြောက်သော အရပ်ကို}} ဟူသည်ကား တစ်ခုသော အရပ် မျက်နှာကိုကဲ့သို့ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ သုံးခု မြောက်သော အရပ်မျက်နှာကို၊ ထို့အတူ လေးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ အထက်အရပ်မျက်နှာကို၊ ထို့အတူ အောက်အရပ်မျက်နှာကို၊ ထို့အတူ ဖီလာအရပ်မျက်နှာကို၊ ထို့အတူ အထောင့်အရပ်မျက်နှာကို (ဟု ဆိုအပ်၏။)

{{အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တ၀ါအားလုံးပါဝင်သော သတ္တလောကကို}} ဟူသော ဤစကားသည် အလုံးစုံ အားဖြင့် သတ္တ၀ါအားလုံးကို အလုံးစုံသော အခြင်းအရာအားဖြင့် သတ္တ၀ါအားလုံး ကို အကြွင်းမရှိအောင်၊ အကျန်မရှိအောင် သိမ်းကျုံး၍ဆိုသော စကားတည်း။ ထို့ကြောင့် {{အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူ
ပြု၍ သတ္တ၀ါအားလုံး ပါဝင်သော သတ္တလောကကို}} ဟု ဆိုအပ်၏။

{{လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့် ယှဉ်သော စိတ်ဖြင့်}} ဟူရာ၌ အဘယ်သည် လျစ်လျူရှုခြင်း {ဥပေက္ခာ} မည်သနည်း။
သတ္တ၀ါတို့၌ အကြင် လျစ်လျူရှုခြင်း {ဥပေက္ခာ}၊
လျစ်လျူရှုသော အခြင်းအရာ {ဥပေက္ခာယနာ}၊
လျစ်လျူရှုတတ်သည်၏ အဖြစ် {ဥပေက္ခာယိတတ္တ}၊
ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ
လွတ်မြောက်ကြောင်းသဘော {ဥပေက္ခာစေတောဝိမုတ္တိ} သည် ရှိ၏။
ဤသဘောကို လျစ်လျူရှုခြင်း {ဥပေက္ခာ} ဟု ဆိုအပ်၏။

ထိုတွင် အဘယ်သည် {{စိတ်}} မည်သနည်း ?

အကြင် ဆန်းကြယ်မှု {စိတ္တ}၊ သိခြင်းသဘော {မန}၊ သိမှု သဘော {မာနသ}။ပ။ ထိုစိတ် အားလျော်သော အထူးသိမှု သဘော {တဇ္ဇာမနောဝိညာဏဓာတ်} သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။

ဤစိတ်သည် ဤလျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်တကွ အဖြစ်သို့ ရောက်၏၊
တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။
ထို့ကြောင့် {{လျစ်လျူရှုခြင်း ]ဥပေက္ခာ} နှင့် ယှဉ်သော စိတ်ဖြင့်}} ဟု ဆိုအပ်၏။

{{ပြန့်ပြောသော}} ဟူရာ၌ ပြန့်ပြောခြင်းဟူသည် များမြတ်ခြင်းတည်း၊
များမြတ်ခြင်းဟူသည် အပိုင်းအခြား မရှိခြင်းတည်း၊
အပိုင်းအခြား မရှိခြင်းဟူသည် ရန်မရှိခြင်းတည်း၊
ရန်မရှိခြင်းဟူသည် ကြောင့်ကြ မရှိခြင်းတည်း။

{{ပျံ့နှံ့စေ၍}} ဟူသည်ကား ဥပေက္ခာစိတ်ကို ဖြန့်၍၊ ဥပေက္ခာစိတ်ကို လွှတ်၍။
{{နေ၏}} ဟူသည်ကား။ပ။ ထို့ကြောင့် {{နေ၏}} ဟု ဆိုအပ်၏။

အပ္ပမညာဝိဘင်္ဂင်္င်္၊ ၀ိဘင်းပါဠိတော်။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)


မြတ်ဗုဒ္ဓ၏ အရှင်ရာဟုလာ-အတွက် သတိပေးဆုံးမစကားများ..

$
0
0

ရာဟုလာ...
သင်သည် မပြတ် ပေါင်းသင်းဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင် မပြုဘဲ ရှိပါ၏လော၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိ ပုဂ္ဂိုလ်ကို သင်သည် ပူဇော်ပါ၏လော။ (၁)

မြတ်စွာဘုရား...
တပည့်တော်သည် မပြတ်ပေါင်းသင်း ဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင် မပြုပါ၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိပုဂ္ဂိုလ်ကို တပည့် တော်သည် ပူဇော်ပါ၏။ (၂)

ရာဟုလာ...
သင်သည် ချစ်အပ်သာယာအပ်သော သဘောရှိကုန်သော နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော ကာမဂုဏ် ငါးပါးတို့ကို စွန့်ပယ်၍ သဒ္ဓါတရားဖြင့် အိမ်မှ ထွက်ပြီးလျှင် ဆင်းရဲ၏ အဆုံးကို ပြုသူဖြစ်ပါလေလော့။ (၃)

ရာဟုလာ...
သင်သည် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ပါလေလော့၊ ဝေးသော ဆိတ်ငြိမ်သော ကြွေးကြော်သံကင်းသော ကျောင်းအိပ်ရာနေရာသို့လည်း ချဉ်းကပ် လေလော့၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိသူ ဖြစ်ပါလေလော့။ (၄)

ရာဟုလာ...
သင်သည် သင်္ကန်း၌ လည်းကောင်း၊ ဆွမ်း၌ လည်းကောင်း၊ ဆေးပစ္စည်း၌ လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌ လည်းကောင်း၊ ဤလေးပါးတို့၌ တပ်မက်မှု {တဏှာ} ကို မပြုပါလေလင့်၊ ဤလောကသို့ တစ်ဖန် ပြန်မလာ လိုပါလင့်။ (၅)

ရာဟုလာ...
သင်သည် ပါတိမောက္ခသီလ၌ လည်းကောင်း၊ ဣနြေ္ဒငါးပါးတို့၌ လည်းကောင်း စောင့်စည်းသူ ဖြစ်ပါလေလော့၊ သင့်အား ကာယဂတာသတိ ဖြစ်ပါစေလော့၊ သံသရာ၌ ငြီးငွေ့ ဆန့်ကျင်မှု များသူ ဖြစ်ပါလေလော့။ (၆)

ရာဟုလာ...
ရာဂနှင့် စပ်ယှဉ်သော လှပတင့်တယ်၏ ဟူသော အမှတ်နိမိတ်ကို ရှောင်ကြဉ်ပါ လေလော့၊ အသုဘဘာဝနာ အကျိုးငှါ အာရုံတစ်ခုတည်းရှိသော ကောင်းစွာ တည်ကြည်သော စိတ်ကို ပွါးများ ပါလေလော့။ (၇)

ရာဟုလာ...
နိစ္စနိမိတ်မှ ကင်းသော အနိမိတ္တ၀ိပဿနာကိုလည်း ပွါးများပါလေလော့၊ မာနာ- နုသယကိုလည်း ပယ်စွန့်ပါ လေလော့၊ ထိုမာနကို ပယ်စွန့်နိုင်ခြင်းကြောင့် ငြိမ်းအေးလျက် နေရလတ္တံ့။ (၈)

ဤသို့လျှင် မြတ်စွာဘုရားသည် ...
သားတော် အသျှင်ရာဟုလာကို ဤဂါထာတို့ဖြင့် မပြတ် ဆုံးမတော်မူ၏။

၁၁ - ရာဟုလသုတ်၊ စူဠ၀ဂ်၊ သုတ္တနိပါတ်၊ အင်္ဂုတ္တိုရ်။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

“ အမျိုး ဘာသာ သာသနာ ” လူတိုင်းအတွက်ပါ။

$
0
0

     အမျိုးဇာတိ၊ အယူဝါဒ၊ ဘာသာ,သာသနာနှင့်စပ်လျဉ်း၍၊ ခိုက်ရန်,ငြင်းခုံဖြစ်ပွားခဲ့ပါလျှင်
လူတိုင်းလူတိုင်းဧ။် အတွင်းသန္တာန်တွင် ဇာတိသွေး ဇာတိမာန် ဇာတိစိတ်ဓါတ်တို့ သည် တား
ဆီး၍မရနိုင်အောင် ဆူပွတ်လာကြသည်။ ပြီးဆုံးခြင်းသို့ မရောက်နိုင်သော ရန်ပွဲများဖြစ်တတ်
လေသည်။သာဓကအားဖြင့် ပြရသော် ဘုရားရှင်ကိုယ်တော်မြတ် ၂၅ ၀ါ-သီတင်းသုံးနေထိုင်
  ရာ  ဖြစ်သော  သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်ကြီးဧ။်  အနီး  ဘာသာအယူဝါဒမတူ
သော တိတ္ထိကျောင်းများ ရောက်ရှိလာသဖြင့်  မလိုလားအပ်သော ပဋိပက္ခ အန္တရာယ်များ
ဖြစ်ပေါ်ခဲ့ပုံ၊ သုန္ဒရီပရိဗိုဇ်မ  မဖွယ်မရာ ပြုကျင့်ခံရပြီး အသတ်ခံရပုံ  တိုင်းသူပြည်သားများ
က  သူတော်စင်ရဟန်း-ရဟန္တာများအပေါ် အထင်အမြင်လွှဲမှား ပြစ်မှားခဲ့ကြပုံ စသည်တို့ 
မှာ  မိမိတို့ အမျိုးအတွက်၊ မိမိတို့ နိုင်ငံအတွက်၊ မိမိတို့ ဘာသာ,သာသနာအတွက်၊ သင်ခန်း
စာယူစရာ၊ သတိထားစရာ၊ ကြောက်ရွံထိတ်လန့်  တုန်လှုပ်စရာများပင် ဖြစ်သည်။
        သို့ အတွက် နိုင်ငံ၊ အမျိုး၊ ဘာသာ,သာသနာကို စောင့်ထိမ်းထားရမည်။ သို့ မဟုတ်
ပါက များမကြာမှီကာလ အတွင်း လက်လွတ်ဆုံးရှုံးနိုင်ပါသည်။ မိမိတို့တတွေလည်း အမျိုး
ဘာသာ သာသနာ အဓွန့်ရှည် တည်တံ့စေရန်အတွက် ဗုဒ္ဓဘာသာ ရင်သွေးရင်နှစ်တို့အား
အခြေခံ ကောင်းကောင်းရစေရန် ဗုဒ္ဓယဉ်ကျေးမှု သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချခြင်း၊
ဘာသာယဉ်ကျေးမှု အသိဉာဏ် အခြေခံများ ဟောပြောပေးခြင်း တို့ဖြင့် ဗုဒ္ဓဘာသာ သာသ
နာတော်အတွက် လူကောင်း လူတော်များ ပေါ်ထွန်းလာအောင် ကြိုးပမ်းကြပါစို့ ။
---------------------------------------------------------------------------------------
    “အဓိဌာန်”
     ========
ငါ့တွက်များမြောက်  ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်  အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ   သာသနာ၏
ရှည်စွာအဓွန့်   ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား   ငါကြိုးစားသည်
စိတ်ထား  ငါ့မှာ  အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

" မိတ်ဆွေကောင်းအင်္ဂါ ခုနှစ်ပါး "

$
0
0

    ၁။ပေးနိုင်ခဲသော  အရာဝတ္ထုကို  ပေးခြင်း။
    ၂။ပြုနိုင်ခဲသော  အမှုကိစ္စကို  ပြုလုပ်နိုင်ခြင်း။
    ၃။သည်းခံနိုင်သော  အရာကို  သည်းခံခြင်း။
    ၄။မိမိ၏လျှို့ ဝှက်အပ်သော  အရာကို  မိမိ၏အဆွေခင်ပွန်းအား  ဖွင့်ဟ
    ပြောကြားခြင်း။
   ၅။မိမိမိတ်ဆွေ၏လျှို့ ဝှက်အပ်သော  အရာကို  လျှို့ ဝှက်ထားခြင်း။
   ၆။ဘေးရန်အန္တရာယ်  တွေ့ကြုံလာသောအခါ၌  မိမိ၏မိတ်ဆွေကို
   စွန့် ပစ်မထားခြင်း။
   ၇။ပစ္စည်းဥစ္စာ  ကုန်ခန်းပျက်စီးခြင်းကြောင့်  မိမိ၏မိတ်ဆွေအား  အထင်  
   သေး၍  မိမိကိုယ်ကိုမူ  အထင်ကြီးမောက်မာပြီး  မထေမဲ့ပြင်
   မပြုတတ်ခြင်း။
  {အဂုင်္တ္တိုရ်ပါဠိတော်၊သတ္တကနိပါတ်၊ပဌမမိတ္တသုတ်၊}   
----------------------------------------------------------------------------------------
“ များလှ ကျေးဇူးတွေ ”
==============
ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်
လူတော်အများ၊ စိတ်ကောင်းထားလည်း
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိရ
များလှ အပြစ်တွေ။ ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ သိကြရ
များလှကျေးဇူးတွေ။ ။
(အရှင်ဇနကာဘိဝံသ)
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

သာသနာကွယ်ကြောင်းနှင့် စပ်လျဉ်း၍

$
0
0


ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ....
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
ကန်ပေါင်ရိုးက၊ ပဓာနတည်း။ ။
ပဓာနကျလတ်၊ ပရိယတ်ကို
တတ်အပ်သမျှ၊ သင်ပို့ချလော့။ ။
ကန်ပေါင်ပရိယတ်၊ ကျိုးမပြတ်အောင်
တတ်အပ်သမျှ၊ ဆည်ဖို့ကြလော့။ ။
ပေးဆက်ပြုလာ၊ သာသနာကို
ငါတို့တာဝန်၊ စိတ်ရင်းခံ၍
ဇွဲသန်လုံလ၊ ပြုနိုင်မှလျှင်
ရှေးကအမွေ၊ နောင်ဝယ်မပျက်
ရွှေလက်ဆက်မည်။ တည်တံ့မည်။ ။
အကယ်၍သာ.........
ကမ္မဿကာ၊ လူဗိုလ်ပါတို့
ငါနှင့်မဆိုင်၊ မတတ်နိုင်ဟု
မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို
တုံးတုံးကြီးချ၊ ရှိချေကမူ
ဗုဒ္ဓသာသနာ၊ ကွယ်ပျောက်ရာ၏။ ။
သို့တပြီးကား..........
ဒို့များဖြစ်ရ၊ ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ၊ ဒေါသမပါ
ဒို့စွမ်းရာဖြင့်၊ ဒို့သာသနာ
ဒို့ပြည်ရွာကို၊ သာယာစေမှု
လုံ့လပြုစို့ .............။ ။
          ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ကိုးကွယ်ရာ“ သံဃရတနာ” ဖြစ်တော်မူသော ရဟန်း
သံဃာများသည် ၀ိနည်းသိက္ခာပုဒ်တော် များနှင့်အညီ ကျင့်ကြံနေထိုင်တော်မူပြီး ဓမ္မစာပေများကို
သင်ကြားပို့ချ ဟောပြောရေးသားခြင်း စသော ဂန္ထဓူရ၊ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာဓူရဟူ
သော သာသနာ့တာဝန်ကြီး နှစ်ရပ်ကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူကြပါသည်။ ထို့ကြောင့်
မြန်မာနိုင်ငံတွင် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပနေခြင်းဖြစ်သည်။
          ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဂန္ထဓူရ၊ ၀ိပဿနာဓူရကို ဆောင်ရွက်တော်မူသော
အရှင်မြတ်များ မပင်မပန်း၊ မနွမ်းမနယ် သာသနာ့ဝန်တာ ထမ်းဆောင်နိုင်ရန် အလို့ငှာ ပစ္စည်း
လေးပါး အစရှိသည်တို့ဖြင့် လှူဒါန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ စစ်မှန်သော တာဝန်ကို ထမ်း
ဆောင်ခြင်း ဖြစ်ပါသည်။
         ဆေးကု၊ ဗေဒင်ဟော၊ ဓာတ်ဆင်ဓာတ်ရိုက်၊ ဓာတ်စခန်း၊ နတ်ခန်းထောင်ခြင်း စသော
ဘုရားမကြိုက်သည့် အလုပ်များကို ဆောင်ရွက်နေကြသော ဗေဒင်ဘုန်းကြီး၊ ဆေးဘုန်းကြီး၊
မန္တန်ဘုန်းကြီး၊ အဂ္ဂိရတ်ဘုန်းကြီး၊ အင်းဘုန်းကြီး၊ ဓာတ်ဘုန်းကြီး၊ နတ်ဘုန်းကြီး တို့ကို ကိုးကွယ်
လှူဒါန်းခြင်းမှာကား သာသနာတော်မြတ်ကို သွယ်ဝိုက်၍ ဖျက်ဆီးရာကျနေပေသည်။
        သာသနာကွယ်ကြောင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတော်ရှင် ဟံသာသီရိ ဆရာတော်ဘုရားကြီး
က “ရဟန်းတော်များ စာပေမသင်ကြားခြင်း သင်ကြားစေကာမူ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအားနည်းလာမှုကြောင့် အကျယ်တ၀င့် အဓိပ္ပာယ်ပေါ်လွင်အောင် မဖွင့်ဆိုဘဲ ၀တ်ကျေတမ်း
ကျေမျှသာ သင်ကြားပို့ချခြင်း၊ တပည့်တပန်း ရဟန်းငယ်များသည် ဆရာသမားများ၏ အဆုံအမ
ကို မနာယူဘဲ အပြောခက်၊ အဆိုခက် ဆန့်ကျင်ဘက်ပြုလုပ်ခြင်း၊ တရားတော်များကို နာယူသင်
ကြားကာ တရားတော်လာကျင့်ဝတ် ပဋိပတ် ဈာန်မဂ်ဖိုလ်ရကြောင်းအလုပ် တရားအားထုတ်မှုကို
မပြုလုပ်ခြင်း၊ စာပေကိုတော့ မပို့ချမသင်ကြားဘဲ ဘုရားမကြိုက်သည့် ဆေးဝါးကုသ၊ ဗေဒင်ဟော
ဓာတ်ရိုက်ဓာတ်ဆင် အခါပေး အလုပ်မားကိုလုပ်ခြင်း၊ လောဘဖုံးလွမ်းနေသည့်အတွက် ဆင်ခြင်
တုံတရားကင်းမဲ့ပြီး ဖြတ်လမ်းက ကြီးပွားလိုသူများကို အကြားအမြင်ပေါက်တယ်ဆိုပြီး ဂန္ဓာရီ
အတတ်ပညာ အမျိုးမျိုးနဲ့ လှည့်စားကာ တန်ခိုးအရှိန်အ၀ါကြီးမား အခြွေအရံပေါများအောင် အကြံ
အဖန်ပြုလုပ်ခြင်း၊ သံဃာတော်များ အချင်းချင်း ညီညွတ်မှုကင်းကွာ ခိုက်ရန်ဒေါသ အဖြာဖြာဖြင့်
အကွဲကွဲအပြားပြား ဖြစ်ခြင်းများဟာ ဘုရားရှင် သာသနာကွယ်ကြောင်းများ ဖြစ်ပါတယ်။ သည်
အကြောင်းများကြောင့် အိန္ဒိယနိုင်ငံမှာ သာသနာကွယ်ပျောက်သွားတာ ဖြစ်ပါတယ်။” ဟု သတိ
ပေး မိန့်တော်မူပါသည်။
        သူတော်ကောင်းတို့ကလည်း သာသနာတော် မကွယ်ပျောက်စေရန် ၀ိုင်းဝန်းကြိုးပမ်းကြ
ရင်း ကောင်းကျိုးချမ်းသာတွေ စံစားခံစားပြီး နိဗ္ဗာန်သို့တိုင် ရရောက်နိုင်ကြပါစေကုန်သတည်း။
{ မင်းနန်( မော်ကျွန်း )၏ ဆရာတော်ကြီးများ၏ သြ၀ါဒ နှင့် အောင်ဇေကမ္ဘာ ကုမ္ပဏီ ၏
    လက်ကမ်းစာစောင် တို့မှ ကောက်နုတ်ဖေါ်ပြပါသည်။}  
---------------------------------------------------------------------------------------------
 “ ကြိုးစားကြပါစို့ ”
    ===========
လူနတ်ဗြဟ္မာ၊  သတ္တ၀ါတို့
များစွာကျိုးရ၊  ချမ်းသာလှသည့်
ဗုဒ္ဓမြတ်စွာ၊  သာသနာသည်
ရှည်ကြာတည်တံ့၊  ရှည်ခိုင်ခံ့၍
ပျံ့နှံ့တိုးပွား၊  ကျင့်သူများလျက်
ရငြားချမ်းသာ၊  ချမ်းမြေ့သာအောင်
ညီညာတို့များ၊ တာဝန်ထား
ကြိုးစားကြပါစို့ (လား)။ ။
(ချမ်းမြေ့ဆရာတော်)

 http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
         

သတိပေးစာ

$
0
0

ယခုအခါ..လူလည်းဖြစ်လာ..သာသနာလည်းထွန်းခိုက်

အမြိုက်တရား..ဟောကြားမည့်သူ..လူလည်းမရှား....

ရှိပါလျှက်သားနှင့်..တရားမကြိုက်..အမှားလိုက်ကြလျှင်

အမိုက်တကာ့ဗိုလ်မင်း..အဖျင်းတကာ့ဗိုလ်ချုပ်.........

အပါယ်လေးလီ..မြစ်နဒီမှာ..ပလုံစီမြုပ်ကြမည့်သူတွေ...

                   စလေ..ဆရာကြီးဦးပုည၏...ယုန်မင်းဝတ္ထုမှ...

လောကီအစီအရင်နှင့်ဗားမဲ့ဆရာတော်

$
0
0

သူငယ်ချင်းအားလုံးမင်္ဂလာပါ...ဗျာ...

     လောကီအစီအရင်ဆိုတာစည်းစနစ်ကျနသေသပ်ရင်အစွမ်းထက်ပါတယ်...စီရင်

သူရဲ့ကိုယ်ကျင့်သီလအတိုင်းတာပေါ်မှာလည်းမူတည်ပါသေးတယ်...ခုဗားမဲ့ဆရာ

တော်က...ညောင်ရမ်းမင်းတရားကြီးကိုချီးမြှင့်ခဲ့တဲ့မန္တန်ကိုတင်ပြပါအံ့...မန္တန်၏

ရာဇ၀င်အကျဉ်းကိုရှေးဦးစွားတင်ပြပါမည်...

  မြန်မာသက္ကရာဇ် 800 နှင့် 900 ၀န်းကျင်လောက်တွင်မြန်မာနိုင်ငံမှာလောကီပ

ညာနဲ့ပတ်သက်လို့တဖက်ကမ်းခတ်တဲ့.....

                           (1)ဗားမဲ့ ဆရာတော်

                            (2)ဗားမြိုက် ဆရာတော်

                            (3)ဗားတမွတ်ဆရာတော်

                            (4) ဗားတမော့ ဆရာတော်...ဟုဆိုသော...ဗားလေးဗား

ခေတ်ပြိုင်ထင်ရှားခဲ့သည်...ဗားမဲ့ဆရာတော်သည်...ဟံသာဝတီငါးဆူဒါယကာ

မင်းကအလိုမကျသဖြင့်...ညောင်ရမ်းမြို့သို့အပို့ခံခဲ့ရလေသည်...ထိုအခါညောင်

ရမ်းမြို့စား...မင်းရဲနန္ဒမိတ်ခေါ်...မောင်သစ္စာကဆည်းကပ်ကိုးကွယ်ခဲ့ရာ......

ဆရာတော်က...မောင်သစ္စာကို“အောင်ခြင်းရှစ်ပါး အချုပ်မန္တန်”ကိုစီရင်ပေးသ..

နားတော်မူခဲ့သည်...မန္တန်မှာ....

                (1) မာရံ  ယက္ခံ  ဂဇံ  စောရံ၊

                     စိဉ္စမာနဉ္စ  သစ္စကံ။

                     နာဂံ  ဗကံ  ဇိနော ဇိနိ၊

                     ဟောတု  မေ  ဇယမင်္ဂလံ။

             (2)   မာရံ  အာဋ္ဌာဝကံ  ဟတ္ထိ၊

                     အဂုၤလိမာလ  စိဥၥမာ။

                      ကုဍ ႏၱံ  နာဂရာဇဥၥ၊

                      ဗကံ  အဇိနိ တေဇသာ။

  မောင်သစ္စာသည်...ယင်းမန္ထန်ကိုနေ့စဉ်ရွတ်ဖတ်ခဲ့ရာ...သက္ကရာဇ် 959 ခုနှစ်

တွင်...မင်းဖြစ်ကာ...ဒုတိယအင်းဝခေတ်ခေါ်...ညောင်ရမ်းခေတ်...ညောင်ရမ်း

မင်ဆက်ကို...တည်ထောင်နိုင်ခဲ့သည်...ယင်းမန္တန်ကို...လေးနက်ယုံကြည်စွာ

နေ့စဉ်ရွတ်ပွားသူတို့မှာ...အစစအောင်မြင်ခြင်းသို့ရောက်၏..ဟုလေ့လာမှတ်

သားခဲ့ရပါသည်...

       ဗားမဲ့...ဗားတမော့ လက်တွေ့အစီရင်ကျမ်း(ဆရာဖြိုး)မှ...

စာပေမှဘ၀ ....... ဘ၀မှစာပေ သို့

$
0
0
စာပေမှဘ၀ .......... ဘ၀မှစာပေ သို့ ...............

ရေးခြင်ရာ ရေးခွင့်မရှိတဲ့ဘ၀ကို တိုက်ရိုက်ချိန်ကိုက် ဗုံးတစ်လုံးလို ဖောက်ခွဲပြစ်လွှတ်ခွင့်ရှိတဲ့ ရွှေမြို့တော်ကို အလှည်တစ်ခေါက်ရောက်လာရင် အတည်တကျ ဖြစ်စေခဲ့တယ် ဆိုတာမှားပေဘူးပေါ့ .......... ။ အသို့နှီး ချင်းနှီးဝင်ရောက်
ကျပျောက်ခဲ့တဲ့ ကဗျာလေးတွေ ရေးဖြစ်ခဲ့တယ် ........... ။ နှလုံးသွေးကြေားမှာ ဒိုလိုဖေါက် စီးဆင်ခဲ့တဲ့ ရင်ခုန်သံလိုင်း အတက်အကျနဲ့ ဖော်ကျူးခဲ့တဲ့ ကျွန်တော်စာပေ ကဗျာများဟာ အဆင့်တစ်ခုကို မမှီပေမဲ့ အတိကျပြဆိုခြင်း ကင်းလွတ်နယ်မြေ ဖြစ်နေပေမဲ့ ခံစားချက်ကို ထပ်တူပြု တံဆိပ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မညင်းစေခြင်ဘူးပေါ့ .......... ။ ၀ါသနာရှင်လူငယ်တစ်ဦးဖြစ်သလို အတွေ့အကြုံကလဲ နည်းပါနေမည်ဆိုတာ မှတ်ချက်ပြု ပြေားနေဖို့ပင် လိုမည်မထင်ပါ ။ ကိုရင်ကျော်စီစဉ်သော ....... ရွှေမြို့တော် စာအုပ်ကလေး လက်ဝယ်ပိုင်ပိုင်ရောက်ရှိချိန်မှာတော့ ကျွန်တော်ဟာ ရွှေမြို့တော် အဖွဲ့ဝင်တစ်ဦးဖြစ်လာစေခဲ့ပါတယ် ......... ကျေးဇူးပါ ။ အထက်မှ ခေါင်စီ စာပေမှဘ၀ .......... ဘ၀မှစာပေ သို့ ဆိုတာက ကျွန်တော်စကားမဟုတ်ပါဘူး ဆရာလယ်တွင်းသားစောချစ် ရဲ့ စကားလေးပါ သိပ်သဘေားကျပါတယ် ။ ကျွန်တော်တို့လူငယ်များဟာ အနာဂတ်ရဲ့ လူကြီးတွေ ဖြစ်နေပါတယ် ဖြစ်ကျပါတယ် ။ ကျွန်တော် သူငယ်ချင်းများကို တလေးတစ်စားနဲ့ အထူးပြုပြောလိုသည်က စာပေမှာ တစ်ကဲ့ဘ၀တွေကို ထုဆစ်ထားတဲ့ အကြောင်းအရာတွေများစွာရှိနေခြင်ပါ
ဒီဘ၀တွေဟာ ကျွန်တော်ရဲ့ ဘ၀ပါ သူငယ်ချင်းများရဲ့ ဘ၀တွေပါ ....... ။ အမှားတွေကို နည်းအမျိုးမျိုးနဲ့ ဆရာကြီးများ ရေးသားခဲ့တာကို ကျွန်တော်တို့ သတိပြုရပေလိမ့်မည် ....... ။အကောင်းတွေကို နည်းလမ်းပြပေးသည်ကို ကျွန်တော်တို့ လိုက်နာရမည် ။ အကောင်းအဆိုး အကြောင်းအကျိုးတွေကို ဝေဖန်ပိုင်ခြားရင်ဖြင့် စာပေမှ ဘ၀ သို့ ကူးပြောင်းကျလျှင် အဖိုးတန်သော လူ့သားဘ၀ ရုပ်လုံးကြွလာမည်ဖြစ်ပေသည် ။ ဘ၀ဆိုသည် ဆရာကြီးဦးအောင်သင်းက မွေးဖွားခြင်းမှစပြီး သေဆုံးချိန်အထိ ကြားကာလကို ဘ၀ဟု ဖွင့်ဆိုခဲ့ပါ၏ ။ မှန်ပါသည် ။ ကြားကာလ အချိန်လေးမှာ အတွေ့ကြုံ ဆုံခဲ့သမျှဟာ တစ်ဦးနှင့်တစ်ဦ ထပ်တူမကျ မှုကွဲတာတွေရှိနေခဲ့ပါသည် ။ ဒါတွေဟာ ဖြတ်သန်းခဲ့ပုံခြင်း ခြားနားဟန်ဖြစ်ပေလိမ့်မည် ထင်ပါသည် ။ ကျွန်တော်တို့တွေရဲ့ မှုကွဲဘ၀ပုံရိပ်တို့ကို တစ်ပါးသူသို့ မျှဝေခြင်သည် စာပေသို့ ကူးပြောင်းခြင်ဖြစ်ပေသည် ။ အကြောင်းသည်က အမှားများရှိခဲ့တဲ့ မိမိဘ၀ တစ်ဆစ်ချိုးကို နှောင်လူငယ်တို့ မမှားစေချင် စေတနာဖြင့် ပြေားပြခြင် ၊ ပြုပြင်လိုစိတ်ဖြင့် ရေးသားခြင်သည် ဘ၀မှ စာပေ မဟုတ်ပါ၏လော ........... စိတ်စေရာ ထပ်တူမညီတဲ့ လူ့ဘ၀မှာ စာပေမှ ဘ၀ သို့ကူးပြောင်း ဘ၀မှစာပေသို့ အကျိုးမမျှော်ဘဲ ရေးသားကျပါလို့ သူငယ်ချင်းများကို မရေးတတ် မရေးတတ်နဲ့ ပညာရှိသတိဖြစ်ခဲဖြစ်မှာဆို......... တိုက်တွန်းလိုက်ရပါတော့သည် ။

ကိုမင်း

ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)၏ ထေရုပတ္တိအကျဉ်း

$
0
0

မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ် ရပ်ကွက်၌ အဖဦးထီ၊ မိခင်ဒေါ်သိန်းရင်တို့မှ ၁၃၂၆ခုနှစ်၊ တပို့တွဲလဆန်း(၁၅)ရက်၊ အင်္ဂါနေ့(၁၆-၂-၆၅) တွင်ဖွားမြင်သည်။ မွေးချင်းလေးယောက် အနက် ဒုတိယမြောက် သားရတနာဖြစ်သည်။

၁၃၃၈ ခုနှစ်တွင် မန္တလေးမြို့၊ မူလဆီးဘန်နီကျောင်းတိုက် ပညာ့ဗိမာန် သာသနာပြုကျောင်း၌ ဆရာတော် ဦးပညာသာမိကို ဥပဇ္ဈယ်ပြု၍ မယ်တော်၊ ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟုဖြင့် ရှင်သာမဏေ ဘ၀သို့ရောက်ရှိ သည်။

၁၃၄၆ခုနှစ်၊ ကဆုန်လဆန်း(၁၅)ရက်နေ့တွင် မန္တလေးမြို့၊ တောင်ပြင် မိုးတားကျောင်းတိုက် ခဏ္ဍသိမ်၌ မိုးတား တိုက်အုပ်ဆရာတော် ဦးမေလိယကို ဥပဇ္ဈယ်ပြု၍ မြင့်မြတ်သောရဟန်းဘ၀သို့ ရောက်ရှိသည်။ ရဟန်းဒကာ၊ ရဟန်းအမများမှာ မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်၊ သီတာအေး(၉၂၀)ရပ်ကွက်မှ ဦးဝင်းမြင့်+ဒေါ်ထွေး၊ ဦးဝင်းမြ+ဒေါ်ခင်မူ တို့ဖြစ်သည်။

မန္တလေးမြို့၊ မူလဆီးဘန်နီကျောင်းတိုက် ပညာ့ဗိမာန် သာသနာပြုကျောင်း၊ မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်၊ သာသနာ့ မူလိကာရာမကျောင်းသစ်ကျောင်းစာသင်တိုက်၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် သစ်တို့၌ ပထမကြီးတန်း အောင်မြင်၍ ဓမ္မစရိယတန်းရောက်သည်အထိ ပရိယတ္တိစာပေများကို သင်ယူ ခဲ့သည်။

ဆရာနည်းရအောင် အချိန်ယူ၍ အားထုတ်ခဲ့သော ၀ိပဿနာနည်းများမှာ
မိုးကုတ်ဝိပဿနာ၊
ကသစ်ဝိုင်းဝိပဿနာ
ပခုက္ကူဝိပဿနာ
သင်တန်းဆရာ တို့ဖြစ်သည်။
အချိန်ပိုင်းလေ့လာအားထုတ်ခဲ့သော နည်းများမှာ-
မဟာစည် ၀ိပဿနာ
စွန်းလွန်း ၀ိပဿနာ
သဲအင်းဂူ ၀ိပဿနာ
သစ္စဒီပက ၀ိပဿနာ
ညောင်လွန့်တောရ(ဘုံကျဉ်း) ပိပဿနာ
အမြိုက် ၀ိပဿနာ
လယ်တီ ၀ိပဿနာ တို့ဖြစ်သည်။
ယခုအချိန်တွင်ပခုက္ကူဝိပဿနာသင်တန်းတရားကို အမာခံ၍ ဟောကြားပြသလျှက်ရှိသည်။ ဆရာတော် ရေးသားသော ကျမ်းစာအုပ်များကို ဖတ်ရှုမိရာမှတစ်ဆင့် ပင့်ဖိတ်မှုများကြောင့် အနယ်နယ်အရပ်ရပ်သို့ ကြွရောက်ကာ တရားဒေသနာများကို ဟောကြားပြသလျှက်ရှိသည်။ စေတနာ သဒ္ဓါတရား အလျှောက် လှူဒါန်းလာသော ကျောင်းမြေများကို အလှူခံ၍ ရိပ်သာများဖွင့်လှစ်ကာ တရားပြသလျှက် ရှိသည်။
ကော့သောင်းမြို့(၇)မိုင်တောရ ဝေနေယျသုခဓမ္မရိပ်သာတွင် တပေါင်းလမှ နယုန်လအထိ၊ မြိတ်မြို့နယ် ကျောက်ဖြူတောင်ရွာသစ်ညီနောင် ရွှေပြည်သာဓမ္မရိပ်သာတွင် ၀ါဆိုမှ သီတင်းကျွတ်လထိ၊ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ မန္တလေးကျောင်းတွင် တန်ဆောင်မုန်းလမှ တပို့တွဲလထိ အလုပ်ပေး ၀ိပဿနာတရားများကို ဟောကြားပြသလျှက်ရှိသည်။

ရဟန်းနှစ်ဝါ(၂၂) နှစ်သားမှ ယခုချိန်တိုင်အောင် ဗုဒ္ဓဓမ္မလောက၊ ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ဆုမွန်၊ မြတ်မွန်ရတနာ၊ သာသနာ့ရောင်ခြည်၊ ဇမ္ဗူ့ရတနာ၊ လျှို့ဝှက်ဆန်းကြယ်၊ နိုင်ငံဂုဏ်ရည်၊ ဘာသာသွေး၊ မြစ်မခစာသ၀ဏ်၊ သူရဇ္ဇ၊ ရောင်ပြန် စသော မဂ္ဂဇင်းများတွင် ဆောင်းပါးအပုဒ်နှစ်ရာကျော်နှင့် ၀တ္ထုတို၊ ရှည် အပုဒ်(၁၀၀)ကျော်တို့ကို ရေးသားခဲ့သည်။ ကလောင်အမည်များမှာ-

ဦးဇ၀န(တောင်သာ)
အရှင်ဇ၀န(မန္တလေး)
မေတ္တာရှင်(ရွှေပြည်သာ) တို့ဖြစ်သည်။
မေတ္တာရှင်(ရွှေပြည်သာ) ဟူသော ကလောင်အမည်ဖြင့်

မျက်ရည်မကျခင် သိစေချင်
ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း(ပထမတွဲ)
ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း(ဒုတိယတွဲ)
သရဏဂုံ အစွမ်းအံ့မခန်း
မေတ္တာအစွမ်း အံ့မခန်း
မဂ်တား ဖိုလ်တား အန္တာရယ်များ
အတွင်းရန်သူ
စာရိတ္တသတ္တိ
မိဘမေတ္တာရသစုများ(မင်းထိန်းထိပ်နှင့်တွဲ၍)
မြန်မာတို့၏အသက်
စာအုပ်တို့ကို ထုတ်ဝေခဲ့သည်။

၁၉၉၂ခုနှစ်တွင် မြတ်ဆုမွန် မဂ္ဂဇင်းမှ ဦးစီး၍ ကျင်းပသော ဗုဒ္ဓဘာသာနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဟူ သော ခေါင်းစီးဖြင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည်။
၂၀၀၂ခုနှစ်တွင် ကျင်းပသော မြတ်မိခင်စာပေဆုဝတ္ထုတိုပြိုင်ပွဲတွင် နံ့သာပမာ မိဘမေတ္တာ ၀တ္ထုဖြင့် တတိယဆုကို ရရှိသည်။
ယခုအခါ ရွှေပြည်သာမြို့-မန္တလေးကျောင်းတိုက်၊ မှော်ဘီမြို့-သုဒ္ဓ၀ိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်၊ မြိတ်မြို့-သစ်ညီနောင် ဓမ္မရိပ်သာကျောင်းတိုက်၊ ကော့သောင်းမြို့-ဝေနေယျသုခဓမ္မရိပ်သာကျောင်း တိုက် တို့တွင် လှည့်လည်၍ ၀ိပဿနာတရားများကို ဟောကြားပြသလျက်ရှိသည်။

http://thenobleeightfoldpath.wordpress.com/ မှတဆင့်တင်ပြသည်။
မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ထေရုပ္ပတ္တိ

$
0
0

အရှင်ဆန္ဒာဓိက

ရွှေပါမီတောရ အရှင်ဆန္ဒာဓိက သည် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးစာပေများကို ရေးသားသော ရဟန်းတော် တစ်ပါး ဖြစ်သည်။ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ယနေ့ ဓမ္မစာပေနယ်ပယ်တွင် ပရိတ်သတ်အခိုင်အမာရရှိထားပြီး တရားပွဲများတွင် ပရိတ်သတ် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
၁၉၆၈ ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်၊ အဂ်ါနေ့တွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်၌ ခမည်းတော်ဦးစိန်ဝင်း၊ မယ်တော်ဒေါ်သိန်းသိန်း တို့မှ ဖွားမြင်သည်။
၁၉၈၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရေနံချောင်းမြို့၊ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယရလျက် အောင်မြင်သည်။
သုံးထပ်ကွမ်းလူရည်ချွန်အဖြစ် ၈တန်း၊ ၉တန်း၊ ၁၀တန်းတို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။
၁၉၈၄ ခုနှစ်၊ ဆယ်တန်းအောင်မြင်ပြီးနောက် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပေများ လေ့လာဆည်းပူးခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့ နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။
၁၉၉၈ ခုနှစ်တွင် အသက်(၃၀)ပြည့် ပုလဲရတု မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။
အလှူဒါန

၂၀၀၅-ခုနှစ်၊ မေလ(၁၉)ရက်မှ (၂၂)ရက်အထိ ရေနံချောင်းမြို့တွင် မျက်စိအထူးကုဆရာဝန်ကြီးမှ မျက်စိဝေဒနာရှင်(၂၅၀၀)ကျော်ကို ကြည့်ရှုစစ်ဆေးပေးခြင်း အတွင်းတိမ်လူနာ(၂၈၈)ဦးနှင့် အသေးစားခွဲစိတ်ကုသရန် လိုအပ်သည့် လူနာ(၂၈)ဦး စုစုပေါင်း (၃၁၆)ဦး တို့အား အခမဲ့ ခွဲစိတ်ကုသပေးရာတွင် ဆရာတော်မှဦးဆောင်ပြီး တပည့်ဒါယကာ၊ဒါယိကာမများမှ ပံ့ပိုးကူညီပေးခဲ့သည်။
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကသည် သက်တော်(၃၀)ပြည့်မှစ၍ ယနေ့အထိ လှူခဲ့ပြီးသော လှူတန်းမှုအစုစုမှာ ကျပ်သိန်း(၃၀၀၀) ခန့်ရှိပြီဟု သိရပါသည်။

၂၀၀၉-ခုနှစ်၊ ဇွန်လ ၄နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကိုင်းတိုင်း မုံရွာရှိ ဗောဓိတထောင် ဘုရားမှ ဓာတ်လှေကားတစ်ခုသည် ပေ ၂၀ ကျော်အမြင့်မှ ပြုတ်ကျမှု ဖြစ်ပွားရာ ဓမ္မကထိက အကျော်အမော်များဖြစ်သော အရှင်ရဝေနွယ်(အင်းမ)၊ ဆရာတော် အရှင်ဆန္ဒာဓိက ဗောဓိတထောင်ကျောင်းတိုက်မှ ရဟန်းတစ်ပါးနှင့် ဘုရားဖူး ၅ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့၍ မန္တလေးဆေးရုံတွင် ကုသမှု ခံယူနေကြရသည်။ ဆရာတော်များအား လာရောက်မေးမြန်း လှူဒါန်းသွားသော မုန့်၊ သစ်သီးဝလံနှင့် အစားအစာ များအား နေ့စဉ် သံဃာတော်အပါး(၁၀၀)အတွက် ပြန်လည် လှူဒါန်းပေးနေရပေသည်။
လိပ်စာ

သထုံမြို့၊ ကေလာသတောင်၊ ရွှေပါရမီတောရကျောင်း၌ တစ်ပါးတည်း ဧကစာရီတောရဆောက်တည်လျက် ပရိယတ်၊ ပဋိပတ်အလုပ် အားထုတ်လျက်ရှိသည်။
ရေးသားသော စာအုပ်များ

တစ်ယောက်တည်းနေ တစ်စိတ်တည်းထား ရွှေပါရမီ စာစဉ်(၁)
ကိုယ့်စိတ် ကိုယ်စစ် ရွှေပါရမီ စာစဉ်(၂)
မသေခင်ဘာလုပ်ကြမလဲ ရွှေပါရမီ စာစဉ်(၃)
ငြိမ်းအေးသောဘ၀ပိုင်ရှင် ရွှေပါရမီ စာစဉ်(၅)
လောက၌အကောင်းဆုံးသောအရာ ရွှေပါရမီ စာစဉ်(၆)
ဘယ်အိမ်မှာ နေကြမလဲ ရွှေပါရမီ စာစဉ်(၇)
အိုဘယ့်အလှူရှင် ရွှေပါရမီ စာစဉ်(၈)
အနှိုင်းမဲ့ချမ်းသာ ရွှေပါရမီ စာစဉ်(၉)
ရဟန်းဘာကြောင့်ပြုရတယ် ရွှေပါရမီ စာစဉ်(၁၀)
မြင့်မြတ်သူတို့၏စံအိမ် ရွှေပါရမီ စာစဉ်(၁၂)
အလင်းစေတမန် ရွှေပါရမီ စာစဉ်(၁၄)
အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ရွှေပါရမီ စာစဉ်(၁၅)
ငါ့ကိုမချစ်ပါနဲ့ ရွှေပါရမီ စာစဉ်(၁၆)
လိုတရနှလုံးသား ရွှေပါရမီစာစဉ်(၁၈)
နို့နှစ်လုံးဖိုးကျေပါတယ် ရွှေပါရမီစာစဉ် (၂၀)
ဝေးလေကောင်းလေ ရွှေပါရမီစာစဉ် (၂၁)
စိတ်အားဖြည့်ဓမ္မပဒ ရွှေပါရမီစာစဉ် (၂၂)
မချစ်တတ်မမုန်းတတ်တဲ့သူ ရွှေပါရမီစာစဉ် (၂၃)
အနေဝေးပေမယ့် အဝေးနေမဟုတ်ပါ ရွှေပါရမီစာစဉ် (၂၄)
အနှိုင်းမဲ့ရနံ့ ရွှေပါရမီစာစဉ် (၂၅)
အဝေးမှာမနေပါနဲ့ ရွှေပါရမီစာစဉ် (၂၆)
စိတ်အားဖြည့် ဓမ္မနှင်းပွင့် ရွှေပါရမီစာစဉ် (၂၇)
စိတ်အားဖြည့် ဓမ္မမိုးစက် ရွှေပါရမီစာစဉ် (၂၉)
စိတ်အားဖြည့် ဓမ္မရွက်နု
အကောင်းကံချစ်မှ အချစ်ကံကောင်းမယ် ရွှေပါရမီစာစဉ် (၃၀)
ဘယ်လောက်ဝေးဝေး နီးနီးလေး ရွှေပါရမီစာစဉ် (၃၁)
နံ့သာဖြင့်ထုံမွမ်းအပ်သော (၂၀၀၇-မေလ) ရွှေပါရမီစာစဉ် (၃၂)
ခိုင်မှခိုင် ရွှေပါရမီစာစဉ် (၃၃)
စိတ်အားဖြည့်ဓမ္မပန်းပွင့် ရွှေပါရမီစာစဉ် (၃၅)
ထူးမှထူး ရွှေပါရမီစာစဉ် (၃၆)
ဘ၀အဓိဋ္ဌာန် ရွှေပါရမီစာစဉ် (၃၉)
အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်
တစ်ရာနှင့် တစ်ရက်
အားထုတ်ဖြစ်ဖို့ အဓိက
လူပျိုဘုရား လုံးဝမရှိ
ရည်စူးကုသိုလ်
အနှိုင်းမဲ့ ဘာဝနာ
အနှိုင်းမဲ့ အလှူ
အနှိုင်းမဲ့ လာဘ်
သက်သတ်လွတ်နှင့် ကုသိုလ်စိတ်
စိတ်လျှော်ဖွပ်တဲ့ အလုပ်

မူကြိုဆရာ

http://www.shweparami.net/default.aspxမှတဆင့်တင်ပြသည်။
မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ထေရုပ္ပတ္တိအကျဉ်း

$
0
0

ဓမ္မဒူတ အရှင်ဆေကိန္ဒ အလောင်းအလျာကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ခမည်းတော် ဦးအောင်သန်း+ မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း (၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
၁၉၇၅-ခုနှစ်၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀-တန်းကို အောင်မြင်ခဲ့ပြီး ၁၉၇၉-ခုနှစ်၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ A.G.T.I (civil) မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ကို ရရှိအောင်မြင်ခဲ့ပါသည်။
၁၉၈၃-ခုနှစ်၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်း ဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ်ကို ယူခဲ့ပါသည်။ အရှင်မြတ်သည် တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်ကြီး၌ပင် ပရိယတ္တိ စာပေတို့ကို မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်တော်မူခဲ့ပြီး ၁၉၉၃-ခုနှစ်တွင် စာချတန်း၌ ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်တော်မူခဲ့၍ အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။ သဒ္ဓမ္မနေပုည ဓမ္မာစရိယဘွဲ့နှင့် သာသနဇောတိပါလ ဓမ္မာစရိယဘွဲ့တို့ကိုလည်း ရရှိတော်မူခဲ့ပြန်ပါသည်။
ထို့ပြင် နိုင်ငံတော် အစိုးရမှဆက်ကပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ M.A (Buddhism) နှင့် Ph.D ဘွဲ့တို့ ကိုလည်းရရှိခဲ့ပါသည်။ ပရိယတ္တိစာပေများကို တောင်စွန်း ဓမ္မဒူတတောရ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊ စစ်ကိုင်းမြို့ ဇေယျသိန်ပါဠိတက္ကသိုလ်၊ စစ်ကိုင်းမြို့ သုဗောဓာရုံ စာသင်တိုက်စသော ကျောင်းတိုက်တို့ရှိ ဆရာမြတ်တို့၏ အထံတော်မှ နည်းနာခံယူ သင်ယူခဲ့ပါသည်။
၁၉၉၈ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် လက်ထောက်ကထိက၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။
အရှင်မြတ်သည် ဓမ္မဒူတနာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (၀ိပဿနာ) ပါမောက္ခ၊ မဟာဌာနမှူး ဆရာတော်စသော တာဝန်တို့နှင့် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်တော် မူလျက်ရှိသည်။
မူကြိုဆရာ
http://thenobleeightfoldpath.wordpress.com/ မှတဆင့်တင်ပြသည်။
မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

♥ • • • { နင်နဲ့ အတူ } • • • ♥

$
0
0

ငါပာာနင့်မျက်နှာလေးကိုကြည့်ပြီး အပန်းဖြေချင်ယုံသက်သက်ပါ...

နင်ချွေးမသုတ်ပေးပေမဲ့ အတွေးတွေနဲ့ကျေနပ်ပါတယ်

ငါပာာ ..နင့်အပြုံးလေးကိုငေးပြီး ဘ၀ကိုတေးဆိုချင်သူပါ..

နင် ချော့မသိပ်ပေမယ့် နှစ်ခြိုက်စွာအိပ်ပျော်စေခဲ့တယ်

ငါလေ နင့်စကားလေးတစ်ခွန်းနှင့်

တစ်လောကလုံးကို စိန်ခေါ်ခဲ့တာပါ....

နင် ချစ်တယ်လို့ မပြောပေမဲ့ ငါချစ်နေရရုံသတ်မှတ်ချက်လေးနှင့်

528 အချို့ကို ငါ့ဘာသာပဲ ကျောခိုင်းခဲ့တယ်....

ငါ့ အတွက်က နင့် လက်ကလေးကိုတွဲပြီး

ကမ္ဘာအဆုံးအထိသွားချင်သူပါ....

နင် မလိုက်ချင်တာတောင် ငါ့ရင်ခွင်မှာရိုက်နှိပ်ထားတဲ့

နင့်ပုံရိပ်လေးနှင့် အနာဂတ်ကိုတူးဖော်ကြည့်နေရတယ်...

အကယ်၍သာ တစ်ဘ၀စာနင်နှင့်အတူရှိနေခဲ့ရရင်

ငါလေ................။ (:44 :44)

 :28မှတ်ချက် :28
    ကိုယ်တိုင်ရေး ဖြစ်ပါသည်။    

    ယမင်း( sky )

လူသားအားလုံးတကိုယ်ကောင်းမဆန်ဖို့ပြောချင်ပါတယ်

$
0
0

ငြိမ်းချမ်းပါစေမြန်မာပြည်တိုးတက်ပါစေမြန်မာပြည်မြန်မာပြည်သူပြည်သားအပေါင်းစိတ်အိချမ်းသာခြင်းကိုယ်အိချမ်းသာခြင်း
ပြည့်စုံပါစေလို့ကျန်တော်ဖြိုးလေးမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်

စိတ်မကောင်းကြီးစွာဖြင့်

$
0
0

 ကင်ဆာ (ခေါ် ) မောင်ထက်ဦးကိုနှင့် မင်းသူရမောင် (ခေါ်) ပြည့်ဟိန်းကျော်တို့ သည် အင်္ဂါနေ့  14.5.2013 ည 10 နာရီခွဲတွင်ရန်ကုန်ပြည်လမ်းမကြီး ပေါ် 16ကွေ့အကျော်တွင် ဆိုင်ကယ်

accident ဖြစ်ပြီး ရန်ကုန်ဆေးရုံတွင် ဆေးကူသခံယူနေရပါသည် ။ ပြည့်ဟိန်းကျော် သည် ဦးခေါင်းကို ထိခိုက်ဒဏ်ရာ ရရှိပြီး ထက်ဦးကိုသည်

ကိုယ်လက်ခြေများ ပွန်းပဲ့ ၍ နထင်ကွဲ သွားသည် ။ မင်းသူရမောင်မှာ ယနေ့ထိ သတိရခြင်းမရှိသေးသောကြောင့် ထိုသူ၏ အခြေနေကို တည်

ကျစွာပြောရန်ခက်ခဲနေပါသည် ။ ထက်ဦးကို သည် သတိရသော်လည်း ခန္ဒာကိုယ်ရှိ ဒဏ်ရာများကြောင့် မလှုပ်နိုင်သည့် အခြေနေမှာ ရှိနေ

သည် ။ ဒေါက်တာ ဦးကိုကို(Head deparment) ပြောချက်အရ ထက်ဦးကို သည် တစ်ပတ်အတွင်း ဆေးရုံးဆင်းနိုင်မည်ဖြစ်ပြီး  ကျန်သူ၏

အခြေနေမှာ မပြောနိုင်သည့် အခြေနေတွင် ရှိနေကြောင်း  ရွှေမြို့တော် သူငယ်ချင်းများကို တင်ပြလိုက်ရပါသည် ။

          သူငယ်ချင်းတို့၏ သူငယ်ချင်းဖြစ်သူ စိတ်မကောင်းကြီးစွာဖြင့်  ဆုတောင်းပေးလိုက်ရပါသည် ။  (ဖြိုးခန့်)

ရွှေ..ကဗျာဆရာ..အသစ်လေးများသို့

$
0
0

ဆိုက်ထဲမှာ..တင်လာသမျှ ပို့စ်များကို အချိန်နဲ့တပြေးညီ အက်မင်များက

ချပေးနေကြရပါတယ်..အားလုံးသော မင်ဘာ စာရေးသူများကိုလေးစားလျက်ပါ ။

ဆိုက်ထဲမှာ ကဗျာအရေးများတာကိုလည်း လေ့လာတွေ့ရှိရပါတယ် ..

ဝါရင့်ကဗျာဆရာများကတော့..ကဗျာအပြင်အဆင် အရေးသားပိုင်း ပြောစရာမရှိပါ

ခုမှ ကဗျာရေးသင်..စာရေးတင်သူ မင်ဘာသစ်များအတွက် အကြံပေးပါရစေ..။

 

(၁) ကဗျာရေးတင်တယ်ဆိုတာ..ဧည့်သည်ဖိတ်ပြီး ထမင်းနဲ့ဧည့်ခံသလိုမျိုးပါ

ထမင်းဝိုင်းကို..သန့်ပြန့်သေသပ်စွာ ခင်းကျင်းပြီးမှ..ထမင်းစားစေသင့်ပါတယ်

ဧည့်သည်က ထမင်းစာပွဲကို မျက်စေ့နဲ့အရင်စားပါတယ်..ဒီတော့ပိုမိုဆာလောင်လာပြီး

စားလို့မြိန်ပါလိမ့်မယ်..။ ဒီတိုင်းပါပဲ..မိမိရဲ့ကဗျာလေးကို ကဗျာပုံစံ ကျကျလေးရေးပါ

လှလှပပလေး ပြင်ပါ တစ်ပိုဒ်နဲ့တစ်ပိုဒ်ကို Enter တစ်ချက်လောက်ခေါက်ပြီးခြားပေးပါ ။

 

(၂)  အကြံပေးလိုတဲ့တစ်ချက်က..စာရေးဝါသနာပါရင်..2G စတစ်လေးတစ်ချောင်း

လောက်ဆောင်ထားပြီး..စတစ်ထဲမှာ..စိတ်ကူးပေါ်တိုင်းရေးထားပါ။ ပုံစံလှလှကြိုပြင်ထား

သင့်ပါတယ်..။စတစ်မရှိရင် အီးမေးဘောက်ဖွင့်ပြီး Compose မှာရေးလည်းရပါတယ်..

နောက် ယာယီသိမ်းထားပေါ့ ။ စာလုံးပေါင်း အသေချာပြန်စစ်ပါ ။ကဗျာခေါင်းစဉ်ပေးပါ

ဆွဲဆောင်မှုရှိအောင်ပေးပါ ။

ကဗျာကို..ဆိုက်မှာ တစ်ခါထဲရေးတာမျိုးမလုပ်သင့်ပါဘူး..။

 

(၃) အရေးအကြီးဆုံးအချက်ကတော့..ကဗျာကိုနေရာမှားမတင်မိပါစေနဲ့

ဆိုက်ရဲ့အပေါ်ဖက်မှာ..တင်ရန်..ဆိုတဲ့နေရာကိုထောက်လိုက်ရင်

ကိုယ်ပိုင်ကဗျားများတင်ရန်..ဆိုတာရှိပါတယ်..။ ဒါမှမဟုတ်..ဖိုရမ်စာပေများ ကို

ကလစ်လိုက်ပါ..ကျလာတဲ့ ကဗျာများထဲက..တစ်ခုကိုဖွင့်လိုက်ပါ..

အပေါ်ညာဖက်ထောင့်မှာ..+ထည့်မယ်..ဆိုတာလေး ကလစ်လိုက်ရင်လည်း..ရပါတယ်

ကဗျာကိုနေရာမှားတင်ရင်..ချပေးခွင့်မရှိပါ..။

 

(၄) နောက်အကြံပေးလိုတာက..ဆိုက်ထဲက..ကဗျာများကို လိုက်လေ့လာပါ

ရေးသားနည်း..ကဗျာပုံစံချထားပုံ..

တစ်ချို့ကတော့..သရုပ်ဖေါ်ပုံလေးတွေနဲ့..ဥပမာ..အောက်ကလင့်ကိုကြည့်ပါ

http://www.shwemyotaw.com/forum/topics/5442636:Topic:6374588?commentId=5442636%3AComment%3A6377841

သူတို့လောက် မလုပ်တတ်ရင်လည်း..Mozila Firefox ကနေ Image ကိုသွားပြီး

ကဗျာနဲ့လိုက်ဖက်မဲ့ ပုံလေးတွေရှာ..သိမ်းထားပေါ့..

ကဗျာတင်တဲ့နေရာမှာ..အပေါ်ဖက်ကို သေချာလေ့လာကြည့်ပါ

ဖိုရမ်တွင်း စာပေခေါင်းစဉ်မှာ..ကဗျာအမည်ရေးပါ..(ခေါင်းစဉ်မတပ်တာတွေ့နေရလို့ပါ)

သရုပ်ဖေါ်..ပုံထည့်မယ်ဆိုရင်..Link..ဆိုတဲ့ဘေးက..လေးထောင့်ပုံလေးကို..ကလစ်ပါ

ကိုယ်ရှာထားတဲ့ ပုံကိုရွေး..Open..လုပ်ပါ..ပုံဆွဲတင်နေတုန်းစောင့်ပါ..OK..လုပ်ပါ ။

ပုံတင်ပြီးရင်..ကိုယ့်ကဗျာကို..Copy လုပ် Paste..လုပ်လိုက်ပါ ။

နောက်..အလယ်ညှိ..ညာညှိကတော့..မိမိသဘောကျလုပ်ပါ..။ ကဗျာကို အရောင်ခြယ်ချင်

ပါက..။ ဖတ်ရခက်ခဲတဲ့ အရောင်မရွေးသင့်ပါ..။

(၅) အောက်ဆုံးက..အမျိုးအစားနေရာမှာတော့…ရင်တွင်းဖြစ်..တို့ဘာတို့ရေးပေါ့..။

 

အရေးအကြီးဆုံးကတော့..သူများကဗျာကို ခိုးမယူပါနဲ့ပေါ်တတ်ပါတယ်..

အရှက်ရတတ်ပါတယ်..။

ကိုယ်တိုင်..ကြိုးစားရေးပါ..။ ဖြစ်သလိုမရေးပါနဲ့..။

အားလုံးကို..အစိမ်းအကျက် မရွေး..စောင့်မျှော်အားပေးလျက်ပါ…။

 

ကျွန်နော်တို့အက်မင်တွေ..တိုင်ပင်ထားပါတယ်..ပြင်ဆင်ပေးသင့်တဲ့ကဗျာများကို

ချက်ချင်း ချမပေးတော့ပဲ..အချိန်ယူပြင်ဆင်ပြီးမှ..ချပေးပါမယ်..

တကယ်တော့ ပြင်ဆင်ဖို့ဆိုတာက..ကွန်နက်ရှင်ပေါ်လည်းမူတည်နေပါတယ်

ကဗျာရှင်ကိုယ်တိုင်..အပြင်ဆင်လွတ်အောင် တင်လိုက်ခြင်းသာ အကောင်းဆုံးပါ

ခင်ဗျား…။

 

ဒါလေးတွေကတော့..ဆိုက်ထဲရောက်စ..မင်ဘာများသိထားသင့်တဲ့လင့်လေးတွေပါ

http://www.shwemyotaw.com/profile/meemeelay373
မီးသခင်အိမ်
 
ရွှေမြို့တော်..ဆိုက်ထဲသိထားသင့်တာတွေကို..ဒီမှာကလစ်လိုက်
http://www.shwemyotaw.com/forum/categories/ning-manage/listForCategory?sort=mostRecentDiscussions
 
ကဗျာတင်လိုသူများတွက်..ကဗျာတင်ရန်လင့်..
http://www.shwemyotaw.com/forum/topic/new?target=http%3A%2F%2Fwww.shwemyotaw.com%2Fforum%2Fcategories%2F5442636%3ACategory%3A28108%2FlistForCategory&categoryId=5442636%3ACategory%3A28108
 
ကိုယ်ပိုင်ဘလော့တင်ရန်လင့်
http://www.shwemyotaw.com/profiles/blog/new
 
မျှဝေပို့စ် များတင်ရန်(မျှဝေဆိုတာ..ကိုယ်တိုင်ရေးမဟုတ်..ကိုယ်နှစ်သက်တာလေး..ပြန်မျှဝေတာ)
http://www.shwemyotaw.com/forum/topic/new?target=http%3A%2F%2Fwww.shwemyotaw.com%2Fforum%2Fcategories%2F5442636%3ACategory%3A28076%2FlistForCategory&categoryId=5442636%3ACategory%3A28076
 
လူသစ်များ..နွေးထွေးစွာကြိုဆိုရန်..လင့်
http://www.shwemyotaw.com/profiles/members/
 
သူငယ်ချင်းလက်ဆောင်ပေးဖို့..ပုံလေးတွေ..ဘာညာကွိကွတွက်..
မီးသခင်အိမ်မှာ..လင့်အစုံရှိတယ်..သူအိမ်လင့်
http://www.shwemyotaw.com/profile/meemeelay373



(((ယနေ့ (15-05-2013)ထိ ရေသန့်ဘူး ကောက်ခံရရှိထား သည့် စာရင်း))))

$
0
0
အလှုလက်ခံရရှိထားသည့် စာရင်း

((((ယနေ့ (15-05-2013)ထိ ရေသန့်ဘူး ကောက်ခံရရှိထား သည့် စာရင်း))))

ဂျပန် မှအိုးပါး Moe Zet -ရေသန့်ဘူး 100

မလေး မှkyawthuaung.kyawgyi -ေ၇သန့်ဘူး 60

ရန်ကုန်ပရဟိတမန်ဘာများမှ ရေသန့်ဘူး 100

Kyan Taing Aung- ရေဘူး10ဘူး

ကိုအောင်ချမ်းငြိမ်းလင်း+မအိအိဖြိုး -ရေဘူး20

သူငယ်ချင်းဂျစ်တူး -ရေသန့်ဘူး 30

San San Htwe ညီမလေးက-ရေသန့်ဘူး20

ဂျလေဘီ(ခေါ်)ရဲမင်းလွင် - ဘူး 50

ကဗျာချို(ခေါ်)ယမင်းဖြူ -ဘူး 50

Moe Thin Zar -ဘူး 20

ကိုဟာရီကိန်းမှာ ဗူး -ရေသန့်ဘူး 50

ကိုဒီမွန် ဗူး - -ရေသန့်ဘူး 30

မလေးမှကိုဂျစ်ကျကျလူမှ -ရေသန့်ဘူး 10

နေညိုရီ --ရေသန့်ဘူး 10

အာကာ --ရေသန့်ဘူး 10

ဗီးနပ် --ရေသန့်ဘူး 10

မအိဇာဇာငြိမ်းမှရေသန်ဘူး (30)

Wai Lin ကရေသန့်ဘူး(50)

Zayar Ooကရေသန့်ဘူး(60)

ရင်ခွင်သစ်မှရေသန့်ဘူး (40)

ညီမလေးထွေးမှ ရေသန့်ဘူး(50)

Ye Win Naing မှရေသန့်ဘူး(20)

ကိုသန်းထိုက်မှ ရေသန့်ဘူး(50)

ဂျစ်တူးမလေးဆီက ရေသန့်ဘူး(30)

မသင်းသင်းမှရေသန့်ဘူး(20)

လမ်း(30)ဆေးခန်းမှဝန်ထမ်းများကရေသန့်ဘူး(60)

မနန်းမနှစ်မှ ရေသန့် (10)ဘူး

ရေသန့်ဘူး စုစုပေါင်း (1000)ကောက်ခံရရှိထားပါတယ်ရှင်

ရေလှူရခြင်း အကျိုးကြောင့် ရေအကျိုးဆယ်ပါးမတောင်းပဲပြည့်ပါစေရှင်။


ရအကျိုးဆယ်ပါး..က ဖြစ်ရာဘ၀မှာ........

(၁)ခန္ဓာကိုယ်တစ်ခုလုံး အနာရောဂါကင်းပြီးသန့်ရှင်းစင်ကြယ်တယ်။

(၂) ထင်ရှားကျော်ကြားပြီးလူသိများတယ်၊

(၃) တပည့် သားသမီး မိတ်ဆွေ ၊ အဖော်အခြံအရံ များပြားတယ်၊

(၄) လေးလံ ထိုင်းမှိုင်းခြင်းမရှိဘဲ လျှင်မြန်သွက်လက်တယ်၊

(၅) အစာရေစာငတ်မွတ်ဆာလောင်ခြင်းဘေးက အမြဲလွတ်ကင်းတယ်၊

(၆) အသက်ရှည်တယ်၊

(၇) အဆင်းလှတယ်၊

(၈) ခန္ဓာ ကိုယ်ဟာအမြဲအေးချမ်းနေတယ်၊

(၉) ခွန်အားဗလကြီးတယ်၊

(၁၀) ဥာဏ်ပညာကြီးမားတယ်၊
အလုံးစုံပြည့်ကြပါစေ

 

 

 

ဒလမြိုနယ်တွင်သောက်သုံးရေပြတ်လတ်မူများဖြစ်ပေါ်နေပါသဖြင့်

ရွှေမြိုတော်ပရဟိတအသင်းမှနေပြီး ဒလသောက်သုံးရေပြတ်လတ်မူကို

သွားရောက်လှူဒါန်းမည်ဖြစ်ပါသဖြင့်

အလှူပါဝင်လိုသူများဆက်သွယ်ပေးပါရန်

လုပ်အားပေးလိုက်ပါကုသိုလ်ယူမည့်သူများနှင့်

အလှူရှင်များအား လေးစားစွာ အသိပေး ဖိတ်ခေါ်အပ်ပါတယ်ရှင့်။

ရေသန့်ဘူးကြီး 20 Liter တစ်ဘူးအား ၄၀၀--၅၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လှူဒါန်းနိုင်ပါတယ်။

လိုက်ပါကုသိုလ်ယူလိုသူမောင်နှမများအနေဖြင့်(၁၉.၅.၂၀၁၃ )ရက်နေ့တွင်

သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။

အလှူရှင်များအနေနှင့်ဆက်သွယ်မေးမြန်းလှူဒါန်းလိုပါက-
ဆက်သွယ်မေးမြန်လိုပါက
(၁) ရှင်းသန့်မေ ဖုန်း- 09420057992 Email- shinthantmay@shwemyotaw.com
(၂) ချစ်ညီမလေး ဖုန်း-09420030485
(၃) demon(အသည်းကွဲတိုးရစ် ဖုန်း-09420012183

 

Photo: (((((ရွှေမြို့တော်ပရဟိတအသင်းရေအလှူဖိတ်ခေါ်ခြင်း)))) ဒလမြိုနယ်တွင်သောက်သုံးရေပြတ်လတ်မူများဖြစ်ပေါ်နေပါသဖြင့် ရွှေမြိုတော်ပရဟိတအသင်းမှနေပြီး ဒလသောက်သုံးရေပြတ်လတ်မူကို သွားရောက်လှူဒါန်းမည်ဖြစ်ပါသဖြင့် အလှူပါဝင်လိုသူများဆက်သွယ်ပေးပါရန် လုပ်အားပေးလိုက်ပါကုသိုလ်ယူမည့်သူများနှင့် အလှူရှင်များအား လေးစားစွာ အသိပေး ဖိတ်ခေါ်အပ်ပါတယ်ရှင့်။ ရေသန့်ဘူးကြီး 20 Liter တစ်ဘူးအား ၄၀၀--၅၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လှူဒါန်းနိုင်ပါတယ်။ လိုက်ပါကုသိုလ်ယူလိုသူမောင်နှမများအနေဖြင့်(၁၉.၅.၂၀၁၃ )ရက်နေ့တွင် သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ အလှူရှင်များအနေနှင့်ဆက်သွယ်မေးမြန်းလှူဒါန်းလိုပါက- ဆက်သွယ်မေးမြန်လိုပါက (၁) ရှင်းသန့်မေ ဖုန်း- 09420057992 Email- shinthantmay@shwemyotaw.com (၂) ချစ်ညီမလေး ဖုန်း-09420030485 (၃) demon(အသည်းကွဲတိုးရစ် ဖုန်း-09420012183

မြင်လို့ မှမကောင်းကြားလို့ မှမတော်

$
0
0

Blog-12
ဧပြီ31 2013 ကမ္ဘာမွတ်စလင်အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာသံရုံးအား အကြမ်းဖက်သ မားနှစ်ဦးဗုံးခွဲရန်ကြိုးပမ်းခဲ့ သည်။ထိုသူတို့ သည် ဂျာကာတာ တောင်ပိုင်းရှိ လူစည်ကားရာဒေသမှ အိမ်တစ်ခုတွင်ဗုံးများကို ပြုလုပ်ခဲ့ ကြသည်။ ထိုဗုံးများကိုဆိုင်ကယ်ဖြင့်သယ်ဆောင်လာ စဉ် အင်ဒိုနီးရှား အကြမ်းဖက်တိုက်ဖျတ်ရေး တပ်ဖွဲ့ မှ ဖမ်းဆီး နိုင်ခဲ့ သည်။ လုပ်ကြံသူနှစ်ဦးမှာ ဆီဖာရာနို(၂၈)နှစ်နှင့် မက် တော်ဖစ်(၂၁)နှစ်တို့ ဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလကလည်း အင်ဒိုနီးရှားတွင် မြန်မာနိုင်ငံမှထွက်ပြေးသွားသော ဘင်္ဂါလီတစ်ဦးသည် မြန်မာနိုင်ငံတွင်ဖြစ်ဟွးခဲ့ သည်များကို လက်တုံပြန်နိုင်ရန် အင်ဒိုနီးရှားရှိမြန်မာသံရုံးကိုဗုံးခွဲရန်ကြံစည်ဖူးခဲ့ သည်။ယ ခုကြံစည်သူများကမူ လက်လုပ်ဗုံးငါးလုံးဖြင့် မြန်မာသံရုံးကို ဖောက်ခွဲ၇န်၇ည်ရွယ်ထားကြသည်။ ယင်းတို့ ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိဘင်္ဂါလီများအတွတ်လက်စားချေပေးရန်ဖြစ်သည်။ ယင်းတို့ သည် Facebook ကိုအသုံးပြုပြီး လူစုခဲ့ ကြသည်။ ထိုနောက်တွင် အင်ဒိုနီးရှားနိုင်ငံတွင်အကျဉ်းကျခံ နေရသော အစ္စလာမ်စစ်သွေးကြွများ၏ခေါ်င်းဆောင် Abu Baker Bashir ကမေ(၂) တွင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ် ဆင်နွှဲ၇န် Voice Of Islam အင်တာနတ်စာမျတ်နှာတွင် တိုက်တွန်းနိုးဆော်ခဲ့ သည်။ ဂျီဟတ်ဆိုသည်မှာ ကိုရမ်း ကျမ်းအရ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ မိမိကိုယ်တွင်းရှိသော မကောင်းသောစိတ်ဓါတ်မျာညးကို ချိုးနှိမ်ရန် တစ်သက်လုံး လုပ်ဆောင်ရခြင်းဖြစ်ပြီးနောက်တစ်နည်းမှကိုယ်မှအမှန်တရားလုပ်နေသောလည်း တစ်ဖက်ဖက်က ကျုးကျော်လာပါက လှပသောနည်းဖြင့်တုံ့ ပြန်ခြင်းဖြစ်သည်။ ထိုနောက်အင်ဒိုနီးရှားအာဏာပိုင်များနှင့် စစ်သွေး ကြွများကြားအကြမ်းဖက်မူဖြစ်ရာ သံသရာရှိသူ(၇)ဦးသေဆုံး ခဲ့ ပြီး (၆)ဦးဖမ်းဆီးရမိခဲ့ သည်။ မကြာသေးခင်ကလည်း ဂျာကာ တာတွင် မြန်မာအစိုးရကိုဆန့် ကျင်သော လူထုများသည် မြန် မာနိုင်ငံအလံကိုမီးရှို့ ဖျတ်စီးကြခဲ့ ပြီး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်(၁၀)ယောက်လည်း အင်ဒိုနီးရှားထိန်းသိမ်း ရေးစခန်းတွင်အသတ် ခံခဲ့ ရသည်။ ထိုအတူ စက်တင်ဘာ(30)2012ရက်နေ့ ကလည်း Facebookပေးတွင် ဘာသာ ရေးတုက်ခိုက်မူတစ်ခုပေါ်ပေါ်က် ခဲ့ သည်။ယင်းမှာတစ်ပိုင်းတစ်စမီးလောင်ထားသော ကိုရမ်ကျမ်းကို ယောကျာ်းတစ်ယောက်ကိုင်ဆောင်ထားသော ပုံကိုတင်ထားခြင်းဖြစ်သည်။ ထိုအကျိုးဆက်ကြောင့် ဘင်္ဂ လားဒေံရ် နိုင်ငံရှိအကြမ်းဖက်သမားများသည် နိုင်ငံတောင်ပိုင်းရှိ ရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်း (၁၀)ကျောင်းထက်ကျော် နှင့်အိမ်ခြေအလုံး၂၀၁၀လုံးအား မီးရှို့ ဖျတ်စီးခဲ့ ကြသည်။ ထို သို့ ဖျတ်စီးမူကြောင့် စစ်တပ်နှင့်နယ်ခြားစောင့် တပ်များကို ဗုဒ္ဓ ဘာသာဝင်များနေထိုင်ရာ ကျေးရွာများကိုစောင့်ကြပ်ပေးခဲ့ ရ သည်။ ထိုနောက်ထိုအဖြစ်အပျတ်နှင့်စပ်လျဉ်းပြီး အောက်တိုဘာ (၃)ရက်နေ့ တွင် ဘန်ျေကာက်မှဗုဒ္ဓဘာသာသံဃာတော် အပါး(၃၀၀)ခန့် သည် ဆန္ဒပြမူများပြုလုပ်ခဲ့ သည်။ ထိုသံ ဃာတော်များသည်ငြိမ်းချမ်းရေးကိုလိုလားကြောင်းနှင့် ဗုဒ္ဓ ဘာသာဝင်များအပေါ်အကြမ်းဖက်တိုက်ခိုက်မူများအား ရပ် တန့် ပေးရန်တောင်းဆိုခဲ့ သည်။ ထိုကြောင့်ဘင်္ဂလားဒေ့ရ် တာဝန်ရှိသူများသည် အကြမ်းဖက်မူနှင့်ပတ်သတ်ပြီး လူပေါ်င်း (၁၆၆)ဦးကိုဖမ်းဆီးခဲ့ သည်။ သို့ သော်ဘင်္ဂလားဒေ့ရ်ရှိ ဗုဒ္ဓဘာ သာဝင်များကမူ စိုးရိမ်စိတ်ဝင်နေကြဆဲဖြစ်သည်။ ထိုနောက်မြန်မာနိုင်ငံတွင်လည်း စက်တင်ဘာ၃၀ ၂၀၁၂တွင် ရန်ကုန်မြို့ အရှေ့ပိုင်း မကွေးတိုင်းပရိယတ္တိစာသင် တိုက်မှ သံဃာတော်များသည်ဆန္ဒထုတ်ဖော်ခွင့်ရရန် သက် ဆိုင်ရာသို့ တင်ပြခဲ့ ရာခွင့်ပြုချက်မရသောကြောင့် အောက် တိုဘာ၁၀ရက်တွင် ခွင့်ပြုချက်မရရှိသော်လည်း ရန်ကုန်မြို့  ဘင်္ဂလားဒေ့ရ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ ထိုအကြောင်းများကြောင့် ဘင်္ဂလားဒေ့ရ်ဝန်ကြီးချုပ်သည် အ ဖျတ်စီးခံလိုက်၇သောဘုရားကျောင်းများရှိရာကော့ဘဇားခရိုင် ရာမူးမြို့ များသို့  သွားရောက်ကြည့်ရူပြီး နောက်နောင်ယခု ကဲ့ သို့ မဖြစ်စေရဟု ကတိပေးခဲ့ ကာပြုပြင်မူများပြုလုပ်ခဲ့ ပေ သည်။ ( မင်းဆက်ဝေ 10း45am api 4.2013 ) (ယခုပို့ စ်သည် ကျွန်တော်၏တတိယဟုအမည်ပေးထား သောစာအုပ်၏နောက်ဆုံးပို့ စ်ပင်ဖြစ်ပါသည်)

အစားထိုး လို့ မရတဲ့ အရာ

$
0
0

လောကမှာ မိဘဆိုတာ အစားထိုးမရတဲ့အရာဆိုတာကို ဖော်ကျုးထားတဲ့

ဆောင်းပါးကောင်းလေးမို့ ပြန်လည်မျှဝေလိုက်ပါတယ်

"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်..."

"အမေ သိပါတယ်သားရယ်... အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာတောင် အမေ အကျီ င်္အပ်ထားပါသေးတယ်...အမေ့ မှာ အိကျီ င်္ အသစ်မရှိတော့ဘူးလေ..."
"ဟင်..အမေ ကလိုက်မလို့ လား... အိမ်မှာ အဖ့ကိုစောင့်ဖို့ လူမရှိဘဲဖြစ်မှာပေါ့.... "
 
" သားအဖေက သက်သာနေပါပြီသားရယ်... ၀ှီးချဲ လေးနဲ့ ခေါ်သွားရင်ရပါတယ်...."

သား ဖြစ်သူစိတ် ညစ်သွားတယ်... ဒီလိပွဲမျိုးကိုသူ့ မိဘတွေကို မခေါ်ချင်လို့ တော့မဟုတ်ပါဘူး.... ဈေးထဲမှာ ကြက်သားရောင်းပြီး စကားပြောရင် အော်ကျယ်အော်ကျယ် ပြောတတ်တဲ့  အမေ နဲ့  လေဖြတ်ပြီးလို့ နလန် ထူခါစ အဖေကို သူဒီလိုပွဲမျိုးကို ပွဲမထုတ်ချင်...
သူငယ်ချင်းတွေ ကြားထဲမှာလည်း မိတ်ဆက်ပေးဖို့ ခက်တယ်..
ဒါနဲ့ ဘဲ...မျက်နှာပျက်ပျက်နဲ့ သူ့ အမေ ကိုပြောလိုက်တယ်..

"မလိုက်ပါနဲ့ အမေရာ...ခန်းမထဲကို ၀ှီးချဲ လည်းဝင်လို့ ရတာမဟုတ်ဘူး..
အမေတို့ လိုက်လာလို့ လည်း ဘာမှထူးခြားသွားမှာမှမဟုတ်တာ...
သားတစ်ယောက်ထဲသွားမယ်..."

မိခင် ဖြစ်သူမှာ သားရဲ့ တဇွတ်ထိုးဆန်တဲ့ စိတ်ကိုသိလို့  နာကျင်မိတဲ့ စိတ်
ထဲက ဒဏ်ရာကို မျက်နှာပေါ်က အပြုံးနဲ့ ဖုံးပြီး..

"အေးပါကွယ်...သားလေးသဘောပါ...သားလေး ဘွဲ့ ရရင်ဘဲအမေတို့ ကျေ
နပ်ပါတယ်...အမေ အိမ်မှာဘဲ သားအဖေကို စောင့်နေလိုက်ပါ့မယ်..."

သား ဖြစ်သူလည်း ကျေနပ်ပြီး အိပ်ရာ စောစောဝင် ခဲ့တယ်....

မိခင် ဖြစ်သူမှာတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့  ယောက်ျားကိုကြည့်ပြီး
မချိပြုံးလေးပြုံးခဲ့ရတယ်...

မနက်မိုးလင်းတော့ သားလေး စားဖို့ မိခင် ဖြစ်သူက မနက်စာကို အရင်က
ထက်ပို ဂရုစိုက်ပြင်ပေးထားတယ်... ဘွဲ့ သွားယူမှာဆိုတော့ ဗိုက်နာမယ့်အစားအစာတွေ မဖြစ်အောင်ဂရုစိုက်လို့ ပေါ့....

"သားရေ...မနက်စာအဆင်သင့်ဖြစ်ပြီနော်..."

"မစားတော့ဘူးအမေ သားသူငယ်ချင်းတွေနဲ့ ကျောင်းနားက စားသောက်ဆိုင်မှာ ချိန်းထားတယ်...အဲ့ မှာဘဲစားတော့မယ်... "

"အော်... အင်းပါ သားရယ်.. သားလေး ဓာတ်ပုံတွေ ရိုက်ခဲ့နော်..
မေမေတို့ ပြန်ကြည့်ချင်လို့ ..."

"ဟုတ်ကဲ့  ပါဗျာ.. သွားပြီနော်..."
ဒီလိုနဲ့ သားဖြစ်သူက သူငယ်ချင်းတွေနဲ့ ချိန်ထားတဲ့ စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော်စုံနေပြီ ...နာရီကိုကြည့်တော့လည်း ဘွဲ့ ယူဖို့ အချိန်က
တစ်နာရီလောက်လိုသေးတယ်ဆိုတော့ မနက်စာစားဖို့ မှာလိုက်တယ်...
သူငယ်ချင်းဖြစ်သူတွေကိုကြည့်တော့ တစ်ယောက်ထဲလာတဲ့ သူနဲ့ 
မိဘ ခေါ်လာတဲ့သူနဲ့ ပေါ့...အဲ့ အချိန်မှာ သူ့ ရဲ့ သူငယ်ချင်းတစ်ယောက်က
သူ့ အမေနဲ့ မိတ်ဆက်ပေးတယ်..

" ဟေ့ကောင်..ဒါငါ့အမေလေ ငါဘွဲ့ ယူတာ လိုက်လာခဲ့ ပေးတာ...
အမေ ဒါက သားသူငယ်ချင်းပါ..."

မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ်
ကလည်း ပြန်လက်ဆွဲနှုတ်ဆက်တယ်..ဒါပေမယ့် ညာဘက်လက်နဲ့ တော့မဟုတ်ဘူး ဘယ်ဘက်လက်နဲ့ ဆိုတော့
ကောင်လေး မှာ ထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက်မိတယ်...

"ဟင်... အဒေါ့်လက်မှာ ပတ်တီး နဲ့ ပါလား ဘယ်လိုဖြစ်တာလည်း..."
ဒါနဲ့ ကောင်လေး သူငယ်ချင်းက ၀င်ဖြေတယ်...

"ဒီလိုကွ...ငါ့အမေ က ဈေးထဲမှာ ငါးရောင်းတာ...အဲ့ ဒါမနေ့ က၀ယ်တဲ့ သူကို
ငါးကိုင်ပေးတာလေ လက်ကို ဓားထိသွားတာ....အဲ့ ဒီ့ဒဏ်ရာနဲ့ ညက အဖျားတွေ တက်လို့ ကွာ..ငါ့မှာစိတ်ပူလိုက်တာ..ဒီမနက်မှ ပြန်ကောင်းလာတာ....
ဒါတောင် မလိုက်ဘူးလုပ်နေတာ...ငါကအတင်းခေါ်လာလိုက်တာလေ...
ငါ့ကိုခုလိ ဘွဲ့ ခန်းမထဲရောက်အောင်ငါ့အမေ ကဈေးထဲမှာ
ငါးေ၇ာင်းပြီး ကျောင်းထားခဲ့ တာကွ....ဒါနဲ့ မင်းအမေနဲ့ အဖေ ရောမတွေ့ ပါလား..."

 ကောင်လေး မှာ သူ့သူငယ်ချင်းရဲ့ စကားတွေကို ကြားပြီး နောင်တတွေ များစွာနဲ့ ...

"အော်...အင်း နောက်...နောက်မှာ လိုက်လာတယ်ကွ.... ငါ့ကိုခဏ ခွင့်ပြူပါဥိးကွာ ... မင်းတို့ ဘွဲ့ ခန်းမကဘဲစောင့်နော်..."

စကားလည်းဆုံး ကားလမ်းမကို ထွက်ပြီး Taxi တစ်စီးငှားပြီး အိမ်ပြန်ခဲ့ တယ်...

အိမ်ပေါ်ရောက်တော့ တံခါးကြီးဖွင့်ထားတာတွေ့ တော့ အမေ နဲ့ အဖေ ခန်းကို ၀င်ဖို့ လုပ်တုန်း အခန်းထဲကအသံကြားမိတယ်...

"ဖေကြီး ရေ သားကတော့ ဘွဲ့ သွားယူပြီတော့.... ကျွန်မ ကတော့ ဘွဲ့ ခန်းမ
ကိုမလိုက်ရလည်း သားနဲ့ အတူတူရှိနေသလို အိကျီ င်္အသစ်တွေဝတ်ထားတယ်...ရှင့်ကိုလည်း တိုက်ပုံ အသစ်ဝတ်ပေးထားတာတွေ့ လား..."

"တွေ့ ပါတယ် မေကြီးရာ......သားလေးပြန်မလာခင်တော့ ငါတို့ တွေ အိကျီ င်္လဲရမယ်နော်...တော်ကြာ အဖေနဲ့ အမေ က အဖြစ်သည်းတယ်လို့ ပြောနေပါဥိးမယ်ကွာ..ဟားဟားး"

"ဟုတ်ပတော့....သားလေးက ရှင့်ကို စိတ်ပူပြီး ကျူပ်ကို မခေါ်တာတော့...
သူ့ အဖေ တစ်ယောက်ထဲ ဖြစ်နေမယ်တဲ့ ...အဲ့ တော့မှ ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ....သားလေးသာသတိမပေးရင်
ရှင်တစ်ယောက်ထဲကျန်ခဲ့ မှာသိလား....သားလေကို ရှင်ကျေးဇူးတင်...."

"အေးပါကွာ....အေးပါ...... အင်း ငါတို့ သားလေး ဘွဲ့ ရပညာတတ်ဖြစ်ပြီနော်..."

ထိုစကားတွေ ဟာ ကောင်လေးရင်ကို သံချွန်နဲ့ ထိုးလိုက်သလိုဘဲ...
မခေါ်ချင်လို့ ထားခဲ့တဲ့  မိဘ နှစ်ပါးက အပြစ်မမြင်တဲ့ အပြင်
အမေ ကငါ့အပြစ်ကို မသိသလိုပါလား.....
ဒါနဲ့ အခန်းထဲဝင်ပြီး...

"အဖေ နဲ့ အမေ "

"ဟင် ..သား ဘွဲ့ ယူပြီးပြီလား မြန်လိုက်တာ..."

မိဘ နှစ်ပါးမှာ အ၀တ်အစားအသစ်တွေနဲ့ မို့ လို့ မနေတတ်မထိုင်တတ်...
သားလေး မေးလာရင်ဘယ်လို ဖြေရပါ့လဲ လို့ တွေးနေချိန်...

"အဖေနဲ့ အမေ ကို လာခေါ်တာပါ.... ဘွဲ့ ခန်းမ မှာအဖေနဲ့ အမေတို့ အတွက် နေရာရှိသလို....သားရင်ထဲမှာလည်းအမြဲနေရာရှိပါတယ်...သားကို ခွင့်လွှတ်ပါနော်...."

မိဘ နှစ်ပါးရှေ့ မှာ ထိခြင်းငါးပါးနဲ့ ရှိခိုးမိတယ်...
မိဘ နှစ်ပါးကတော့ ၀မ်းသာနဲ့ မျက်ရည်စတွေနဲ့ ဆုတွေပေးလို့ ..............


(မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်
အဲ့ ဒါဟာ သူတို့ အတွက်မဟုတ်ပါဘူး...သူတို့ သားသမီးတွေ အတွက်ပါ...
သူတို့ သားသမီးတွေအတွက်ဘဲ မလုပ်ချင်တဲ့ အလုပ်တွေလုပ်နေရတာပါ..

တစ်ကယ်တော့ လောကမှာ အစားထိုး လို့ မရတဲ့ အရာတွေထဲမှာ
မိဘဟာ နံပါတ်တစ်ပါ.....")-

ငါမှားခဲ့ပါတယ်ဟာ

$
0
0
ချစ်တတ်ရုံနဲ့ မပြီးသေးဘူး

တန်ဖိုးထားတတ်ဖို့လိုတယ်..........

ငါမှားခဲ.ပါတယ်....ဒါပေမယ်..........................

ချစ်သူေ၇. . . . ..

နင်နဲ.ငါချစ်သက်တမ်းတစ်လျောက်ငါ့ဘက်ကအမှားပေါင်းများစွာ  ကျူးလွန်ခဲ.ပေမယ်.

နင်အမြဲခွင့်လွှတ်ပေးခဲ.တယ်...။။  နင်အလိုလိုက်တော.   ငါအကျင်.ပါမိတာပေါ့..။။ငါဘာ

လုပ်လုပ်နားလည်ပေးနိုင်မှန်းသိလို.  အခါခါနင့်၇င်ကို  ငါနာကျင်အောင်လုပ်ခဲ.မိတယ်..။

နင့်ဘက်က ကတိစကားတွေကို  လုံခြုံအောင်စောင်.ထိန်းခဲ.ပေမယ်.   ငါကတော.ထပ်ခါ

ထပ်ခါ ဖောက်ဖျက်နေမိခဲ.တယ်..။။၇န်ဖြစ်တိုင်းငါလွန်ပေမယ်.  ယောကျာ်းလေးမာနမ

ထောက်  နင်ငါ့ကိုတောင်းပန်ခဲ.တယ်..။။တစ်ခါတစ်လေ  ငါ့အပြစ်တွေကြီးလို. နင့်သိက္ခာ

ကိုထိခိုက်လာ၇င်တောင်  ငါပျော်ရွှင်ဖို့ကို  နင်ရွေးချယ်ပေးခဲ.တယ်...။။အပြစ်မ၇ှိ အပြစ်၇ှာပြီး

ငါစိတ်ကောက်လို.  အဆက်အသွယ်ဖြတ်ထား၇င် နင်ဘယ်လောက်၇င်ပူခဲ.လည်းငါသိပါတယ်..။။

ငါ့၇ဲ.တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်  တစ်ခါတစ်၇ံ  နင်ဝမ်းနည်းလွန်းလို.  မျက်၇ည်ကျ၇င်

ငါမဲ.ပြုံးပြုံးပြီး  လှောင်၇ယ်ခဲ.ဘူးတယ်..။။ဒါပေမယ့်ဟာ. . . . . ................

  ငါအမှားပေါင်းများစွာ  မှားခဲ.ပေမယ်.  နင့်ကိုပဲလွမ်းနေခဲ.တာပါ..။ဘယ်သူနဲ.ပဲ ၇ှိနေပါစေ

နင့်ဆီကိုတော.ငါအေ၇ာက်ပြန်ခဲ.တာပဲ..။နင့်ကငါ့ဘ၀မှာအချစ်ဆုံးပဲ..။နင်ကငါ့ဘ၀မှာ

အေ၇းကြီးဆုံးပါ..။။ငါ၇င်ထဲက ၇ူးမတက်ချစ်တာတွေကို  မာနတွေနဲ.ဖုံးကွယ်ပြီး..အပျော်တွေထဲ

နှစ်ထားမိတယ်..။။ငါနင့်ကိုအ၇မ်းချစ်ပြလိုက်၇င်  နင်ငါ့အပေါ်မှာ  ပေါ့ပျက်သွားမှာစိုး၇ိမ်မိလို.ပါ.။။

နင့်၇ဲ.နာကျင်မှုတွေကို  ငါမစာနာပေးခဲ.ပေမယ့်  .တချိန်ကျ၇င်  ငါ့ဘ၀လက်တွဲဖော်အဖြစ်

နင့်ကို၇ည်၇ွယ်ထားတာပါ..။နင်လည်းငါ့ကိုတစ်သက်လုံးအတွက်  ချစ်ခဲ.တာပဲ..။။...

ငါ့ကိုအသက်ထက်ချစ်တယ်ဆို......။

ငါသေဆုံးခဲ.၇င်တောင်   နင်ဒီလောကထဲမှာမနေခဲ.ဘူးဆို....။။။

ငါ့မျက်လုံးတွေကအပြစ်ကင်းစင်တယ်ဆို....။။။

ငါ့ဆံပင်တွေကို  နင်ချစ်တယ်ဆို....။။

ဘယ်သူတွေဘယ်လောက်ပဲလှလှ  နင့်အတွက်တော. ငါအလှဆုံးဆိုတဲ.   ချစ်သူ၇ယ်.........

နင့်၇ဲ.အချစ်တွေကိုမြင်ပြီး....ငါ့အမှားတွေကိုပြင်ဖို.ကြိုးစားနေချိန်   ငါ့ကြောင့်၇တဲ.  ဝေဒနာတွေကို

နစ်သိမ်.ပေးမယ့်သူကိုနင်တွေ.ခဲ.တယ်လေ...။။သူ.ကြောင်.  နင့်ဘ၀က အလင်း၇လာတယ်ပေါ့..။

သူ.စကားတွေကြောင်းနင်ပျော်တယ်ပေါ့....။။။အ၇င်ကငါ့အပြစ်တွကို အပြစ်မမြင်ခဲ.ပေမယ်.အခု

တော.အပြစ်ဖွဲ.လာပြီ....။။နင်ပြောခဲ.သလိုပေါ့  "သံယောဇဉ်၇ှိလို.  အဲ.ဒီ.လောက်  နင့်အပေါ်မှာ

သည်းခံခဲ.တာ " တဲ့လား....။။။ငါ့နှလုံးသားကိုတစ်စစီချေမွတာထက်နာတဲ.စကားတွေပြောပြီး  တခြား

တစ်ယောက်၇င်ခွင်ပြောင်းဖို.နင်ဆုံးဖြတ်ခဲ.တယ်...။။ငါ့မှာအမှားတွေ၇ှိခဲ.လို.  တောင်းဆိုပိုင်ခွင့်မ၇ှိ

ပေမယ်.  ငါ့အနားကနေတော.နင့်ကိုထွက်မသွားစေချင်ဘူးဟာ...။။နင်နဲ.ပက်သက်ပြီး  မျော်လင့်

ချက်တွေအကြီးကြီးထားခဲ.လို.  နင်မ၇ှိတော.  ငါ့ဘ၀ဟာ  အသက်၇ှင်၇က်နဲ.သေသွားသလိုပဲ..။။

နင်သာပြန်လာမယ်ဆို  နင်မကြိုက်တာတွေ ဘာမှမလုပ်တော.ဘူးလို.  ငါကတိပေးချင်တယ်ဟာ....။

အ၇င်လိုလည်းမဆိုးတော.ဘူး...။တောင်းဆိုမှုတွေလည်းမပြုတော.ဘူး..။လက်သည်းတွေလည်း

အ၇ှည်မထားတော.ဘူး..။eye  လိုင်နာတွေလည်းမဆွဲတော.ဘူး....။ဆံပင်လည်းမညှပ်တော.ပဲ  အ၇ှည်

ထားပါ.မယ်ဟာ........။ဒါပေမယ်.ဟာ. . . . ....

နင်ခိုလှုံနေတဲ.၇င်ခွင်က   ငါ့ထက်သာတယ်လို.  နင်တွေးထား၇င်လည်း  ငါအပြစ်မတင်ပါဘူး....။။

သွားမယ်ဆိုလည်း  သွားပါ..။၇င်ကွဲခံပြီး  စွန်.လွှတ်လိုက်ပါ့မယ်....။။ဒါပေမယ်. .. .

ငါ့ကိုတော့ မမေ့လိုက်ပါနဲ့ ...။နင်ကိုလွမ်းတိုင်း  ငါငိုနေတယ်ဆိုတာ  သတိ၇ပေးပါချစ်သူ၇ယ်....။။

နင့်ချစ်ခဲ့တဲ့အချစ်ထက်   ငါပိုပြီးနင့်ကိုချစ်ခဲ.တယ်...။။နင့်ဘ၀ကို  နင်ကိုယ်တိုင်ထက်  ငါပိုပြီး

တန်ဖိုးထားတယ်...ဆိုတာတချိန်ချိန်တော.  နင်နားလည်လာမှာပါ.........။။

လက်နဲထောက်ရုံနဲအော်တိုပြောင်းပေးမဲ့ silent mood or vibrator mood

$
0
0

လက်နဲထောက်ရုံနဲအော်တိုပြောင်းပေးမဲ့ silent mood or vibrator mood

လွမ်းဦးမောင်(မြောင်းမြ) Best Blogger Tips
 ကဲသူငယ်ချင်းတို့အတွက် phone vibrator လေးတစ်ခုပြော
ပြချင်ပါတယ်..သူကတော့သိပ်မထူးဆန်းလှပေမဲ့ကောင်းတယ်
လို့ဘဲပြောရမှာပေါ့..မိမိတို့ဖုန်းကိုညအိပ်ချိန်ဘဲဖြစ်ဖြစ်..
အလုပ်ထဲ..အစည်းဝေးခန်းထဲမှာဘဲဖြစ်ဖြစ်..မလိုအပ်လို့
အရေးပေါ်အသံတိုးချင်တော့အခုကျွှန်တော်တင်ပေးတဲ့ apk 
လေးကအထောက်ကူပေးမှာပါ..သူကိုလက်လေးနဲ့ထောက်ရုံ
နဲ့ ringtone ကို auto ပိတ်သွားအောင်လုပ်ပေးမှာပါ
အကယ်လို့ဒါလေးမရှိရင်တော့ ဖုန်းရဲ့ အပေါ် ဘားသော်၎င်း

  setting>>>silentmood>>>vibrate>>>volume တွေစသည်ဖြင့်အဆင့်ဆင့်ဝင်ပြီး
ပိတ်နေရင်အလုပ်ရှုပ်တာပေါ့နော်ဒီလိုအဆင့်တွေကိုဝင်စရာမလိုအောင်ဒီ apk လေးကိုသုံးကြည့်ပါ....

ဒါပေမဲ့ play store မှာတော့ဆော့ဝဲကenglish version နဲ့ပေးထားပါတယ်....အနော်ကသယ်ရင်းတို့ကို
 ဆော့ဝဲတိုက်ရိုက်ပေးချင်လို့အခြားနေရာကနေဆွဲတာတရုပ်ဗားရှင်းနဲ့ဘဲရတယ်...
ကျွှန်တော်လင့်နှစ်ခုပေးထားပါတယ်..ကြိုက်တာကိုဆွဲလိုက်ပါ..အောက်ကပုံလေးတွေကြည့်ပြီးလုပ်ကြည့်
ကြပါနော်....အဆင်ပြေပါစေ

ဒီနေရာကိုပြီးပြီဆိုရင်ဖုန်းရှေ့ desktop ကိုပြန်ထွက်ပါ
menu ကိုနှိပ်ပြီး add>>>widgets ကိုရှာပါ
 phone vibrator လေးကိုရွေးလိုက်ရင်ဖုန်းdesktop ပေါ်ကိုauto ရောက်လာပြီပေါ့
 ကဲစမ်းကြည့်ပေါ့နော်
ဆော့ဝဲကိုသိမ်းချင်သူများအတွက် အဆင်ပြေရင်အင်္ဂလိပ်ဗားရှင်းပြန်ချိန်းပေးပါ့မယ်

လွမ်းဦးမောင်(မြောင်းမြသားလေး)ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့အားပေးနေကြသော
မိတ်ဆွေအားလုံးကိုရင်ဘတ်ကြီးနဲ့ကျေးဇူးးတင်ပါတယ်ဗျာ..တုန့်ပြန်မှု့တစ်ခုအနေနဲ့
တောင်းဆိုမှု့တစ်ခုတော့ပြုပါရစေ...သူငယ်ချင်းရဲ့ဝေဖန်အကြံပေးမှု့နဲထပ်တူညီမျှတဲ့
ကွန်မန့်လေးကိုထားရစ်ခဲ့စေချင်ပါတယ်...

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>