Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
PC to Mobile Installing By Mobogenie,Downloads Android apks,Games,Ringtones,Wallpapers and YouTube Easy free downloader
$
0
0
PC to Mobile Installing By Mobogenie,Downloads Android apks,Games,Ringtones,Wallpapers and YouTube Easy free downloader
                                                                                                                                                                                Android Phonesတွေနဲ့ပတ်သတ်ပြီး Application,Game,Ringtone,Wallpaper နဲ့ YouTube ကVideo တွေကို
လွယ်လွယ်ကူကူဘဲ့ ဒေါင်းလို့ရပါတယ် Phone ထဲကိုလည်းတစ်ခါတည်း Install လုပ်ပေးလို့ရပါတယ်။သိမ်းထားမယ်ဆိုလဲရပါတယ်။
Android နဲ့ပတ်သတ်ပြီးတော်တော်စုံစုံလင်လင်ရနိုင်ပါတယ်။ဆရာကြီး နှင့် ဆရာမကြီးတွေကတော့ကျော်သွားလိုက်ပေါ့။
ကျွန်တော့်လိုဘာမျှမသိသေးတဲ့မူကြိုကျောင်းသား/သူ တွေအတွက်ပါခင်ဗျား။ဆရာကြီး နှင့် ဆရာမကြီးတွေလည်းဒီ Software ကျော်ကျော်မိနေရင်တော့သုံးကြည့်ပါလို့တိုက်တွန်းပါရစေ။
လိုအပ်မယ်ဆိုရင်အောင်လင့်တွေကနေဒေါင်းယူလိုက်ကြပါ။Android Phone အတွက်ရော PC အတွက်ပါ ပါပါတယ်။
“အဲလိဇဘတ်အေးမြ ”
$
0
0
“မကြီးစန္ဒာရေ… အ၀တ်လျှော်ဖို့ ရှိလား..”
ခြံတံခါးကိုကျွီကနဲမြည်အောင်တွန်းဖွင့် ဝင်လာရင်း မေးလိုက်သည့်အေးမြအသံကြောင့် နှင်းဆီပန်းအိုးလေးများ
ကိုရွှေ့ နေရာမှစန္ဒာလှမ်းဖြေလိုက်သည်။
 “ ရှိတယ်အေးမြရေ… ခြင်ထောင်တွေလျှော်မလို့ ..အတော်ပဲ ”
 “ မကြီးစန္ဒာဒီပန်းအိုးလေးတွေ သယ်မလို့မှတ်လား..ဖယ်ဖယ် ကျွန်မသယ်လိုက်မယ်”
 ပြောရင်းဆိုရင်း ဖျိုးဖျိုးဖျတ်ဖျတ်နှင့် အေးမြက ပန်းအိုးတွေရွှေ့ ပေးပါတော့သည်။ စန္ဒာရွှေ့ လျှင်နာရီဝက်လောက်ကြာမည့်ပန်းအိုးများက ခြေသွက်လက်သွက်နှင့် အေးမြသယ်လိုက်တော့လည်း ဆယ့်ငါးမိနစ်တောင်မကြာပေ..။
 “ မြန်လိုက်တာဟယ်..ကျေးဇူးပဲ..အေးမြတို့ ကတော့အားသန်ပါ့ ..”
 “ ဟီးးးးမကြီးကလည်းဗလချင်းလည်းယှဉ်ကြည့်ဦးလေ ”
 ဟုတ်ပါရဲ့ … ပိန်ပိန်သွယ်သွယ်စန္ဒာ့ကိုယ်လုံးက ထွားကြိုင်းဖွံ့ ဖြိုးလှသောအေးမြ၏တစ်ဝက်မျှပင်မရှိပါ။
 အရပ်မြင့်မြင့် ၊အသားမည်းမည်း ၊ နှာတံပိပိ နှင့် အေးမြမျက်နှာတွင်အမြဲတွေ့ ရသည်ကတော့သွားဖြူဖြူလေးတွေ         ပေါ်အောင်ပြုံးပြ    တတ် သည့် ခင်မင်ဖွယ်အပြုံးပင်..။စန္ဒာ့ထက် သုံးနှစ်ငယ်ပေမယ့် အသက်နှစ်ဆယ့်ငါး နှစ်ဟု  မထင်ရလောက်အောင်အေးမြက ခန့် ထည်ကြံ့ ခိုင်နေရသည်ကတော့ လောကဓံ ကိုဖြတ်ကျော်နေ ရသောကြောင့်ဖြစ်ပါ လိမ့်မည်။
 “ ဒီနေ့ တော့ နင့်သားပါမလာပါလား.. ”
 “သားလေးကျူရှင်တက်နေတယ်မကြီးရေ..ဒါကြောင့်ပါမလာတာ…”
 “ ဟဲ့ ..တယ်ဟုတ်ပါလား..ဘယ်ကျူရှင်လဲ ”
 “ဟိုး၂လမ်းထဲကဆရာမလေးသင်ပေးတာပါ.ကျူရှင်ဆိုပေမယ့် ပိုက်ဆံကမပေးလည်းရတယ်တဲ့ … ဆရာမလေးအိမ်ကျွန်မအ၀တ်သွားလျှော်ရင်းစကားစပ်မိတာနဲ့  သားကိုသင်ပေးမယ်ဆိုလို့ မကြီးရေ”
 “ဟုတ်လား..ကောင်းတာပေါ့ ..”
 အေးမြကလူခင်အောင်ပေါင်းတတ်သည်။သူအ၀တ်လျှော်ဖူးသည့်အိမ်တိုင်းသူ့ကိုမခင်သည့်အိမ်မရှိပေ..။ အ၀တ်ပဲလျှော်ခိုင်းပေမယ့်ခြေသွက်လက်သွက်နှင့်  အိမ်ရှိအလုပ်များကိုကူလုပ်ပေးတတ် သည်။                    အဓိက က အကျင့်စာရိတ္တလည်းကောင်းသည်မို့ အေးမြဆိုလျှင်အိမ်တိုင်းက ယုံကြသည်။
 အမေနှင့်သမီး နှစ်ယောက်တည်းရှိသည့် စန္ဒာတို့ အိမ်တွင်လည်း စောင် ၊ခြင်ထောင်များလျှော်ချင်လျှင်အေးမြကိုသာ အားကိုးရသည်။နောက်ပြီး..အေးမြ ချက်ပေးသည့် သစ်တိုသီးငါးပိချက်လိုမျိုး ဖွယ်ဖွယ်ရာရာဟင်းလေးတွေ စားချင်သော အမေကတော့ အေးမြအ၀တ်လျှော်ပေးပြီးလျှင် မီးဖိုထဲခေါ်၊ အတူချက်ကြကာ နေ့ ခင်းစာကျွေးပြီးမှပြန်လွှတ်တတ်သည်။
အေးမြချက်သည့် ဟင်းကိုအမေကကြိုက်ပြီးအမေချက်သည့်ကြက်သားဆီပြန်လိုဝက်သားနှပ်လို ဟင်းမျိုးတွေနှင့် အေးမြ အ၀စားပါလေတော့သည်။ထို့ ကြောင့် အေးမြကစန္ဒာတို့ အိမ်လာလျှင် သူ့ သားလေးကိုခေါ်လာစမြဲပင်…   ကိုယ်အစားကောင်းစားရသလိုသားသမီးကိုစားစေချင်သည့်အေးမြ၏မိခင်စိတ်ကိုနားလည်သည့် အမေကလည်းအေးမြသားလေးခေါ်လာတာကိုမငြူစူပါ..အလှူတစ်ခုဟုပင်သဘောထားပါသည်။
 အေးမြကအိမ်ထောင်ဆက်လည်းများ၏။
နှစ်ခုလပ်လား သုံးခုလပ်လားတောင်စန္ဒာမမှတ်မိတော့ပေ..။စန္ဒာတို့ နှင့် စပြီးသိရသည့်အချိန်ကတစ်ခုလပ်ပင်..့  သူ့ သားလေးသူငယ်တန်းတက်ခါစ..။ကလေးအဖေကသေသွားလို့ မဟုတ်ဘဲနောက်မိန်းမ ယူပြီး ထွက်ပြေးသွားပါသတဲ့ …။
တောမှာရှိသည့်သူ့ မိဘနှစ်ပါးကလည်းဆုံးသွားပြီမို့ ရန်ကုန်မှာပဲဆက်နေသည်။
 သူ့ အရင်ယောင်္ကျားကဂေါက်ကွင်းမှာကယ်ရီလုပ်သောကြောင့် နေခွင့်ရထားသည့်ဂေါက်ကွင်းဝင်းထဲရှိသည့် အိမ်တန်းလေးမှာပဲ ဆက်နေကာ ကြုံရာအလုပ်တွေလုပ်ရင်းသားကိုကျောင်းရအောင်ထားသည့်အေးမြစိတ်ကို တော့ စန္ဒာ ချီးကျူးလေးစားသောကြောင့် ကလေးကျောင်းစားရိတ်အတွက်တတ်နိုင်သလောက်ထောက်ပံ့ ပေးပါသည်။
 သို့ သော်စန္ဒာ ချီးကျူးလို့ မဆုံးခင် အေးမြက ယောင်္ကျားထပ်ယူ၏။ယူသည့်ယောင်္ကျားက မုဆိုးဖို ၊အိမ်မရှိယာမရှိ ၊ အေးမြနေသည့်တဲပေါ်တက်နေသည့်လူဆိုတော့ စန္ဒာတို့ သားအမိက ဂရုဏာဒေါသောနှင့် ဆူမိသည်။
 “အေးမြရယ်…ညည်းကလည်း ယူမယ့်ယူ ကိုယ့်ကိုကောင်းကောင်းမွန်မွန်ထားမယ့်သူယူပါလားအေ့ .. ဘယ့်နှယ်…ကိုယ့်တဲပေါ်လိုက်အိပ်မယ့်သူယူရလား ”
 “အော်..ဒေါ်ကြီးရယ်..ကျွန်မလိုမိန်းမကိုဒီလိုလူမျိုးပဲယူမှာပေါ့ …သူကအရက်သောက်တတ်တာကလွဲပြီးမဆိုးပါဘူး..
ဆိုက္ကားနင်းပြီးရတာလည်းအကုန်အပ်တယ်တော့..ကျမသားလေးကျောင်းစရိတ်မပူရတော့ဘူး..”
 သူ့ အကြောင်းပြချက်နှင့်သူတော့ဟုတ်နေတာပါပဲ..သည်လိုနှင့် အဆင်ပြေနေရင်း တစ်နေ့ ငိုကြီးချက်မနှင့် စန္ဒာတို့ အိမ်ရောက်လာပြန်၏။
 “ ဟိုသေနာကိုတော့ကျွန်မ အိမ်ပေါ်ကမောင်းချလိုက်ပြီဒေါ်ကြီးရေ..”
 “ဟဲ့ ..ဘာဖြစ်လို့လဲ..ညည်းပဲကောင်းတယ်ဆို..”
 “အမလေး..ယူခါစပဲကောင်းတာလေ..ကြာတော့ဇာတိပေါ်လာတယ်…ရသမျှအရက်ချည်းဝယ်သောက်ပြီး ဆိုက္ကားနင်းတစ်လှည့်မနင်းတစ်လှည့်နဲ့ ..အဆိုးဆုံးက ကျွန်မသားကို အော်တာပဲ..”
“ဟယ်..ညည်းကလည်း ယူတာဖြင့် တစ်နှစ်တောင်မပြည့်သေးဘူး..တော်ရုံတန်ရုံဆိုသည်းခံမှပေါ့ ..
တစ်ခုလပ်ထပ်ဖြစ်ဦးမယ်..”
 “အို..ကျွန်မသားကိုထိရင်တော့ကျွန်မမခံနိုင်ဘူး ..၊နေပစေ..ယောင်္ကျားမရှားပါဘူးဒေါ်ကြီးရယ်..              ဒင်းသွားလည်းနောက်တစ်ယောက်ပေါ့  ”
ဒေါနှင့် မောနှင့် ပြောလိုက်သောအေးမြကိုကြည့်ပြီးစန္ဒာတော်တော်ဖြုံသွား၏။
အမေကလည်းအေးမြပြန်သွားတော့စန္ဒာ့ကိုစကားနာထိုးပါတော့သည်။
 “ အေးမြပြောသွားတာကြားလားဒေါ်စန္ဒာ”
 “ဘာလဲအမေရဲ့ ..အရင်းမရှိအဖျားမရှိ ”
 “မသိချင်ယောင်ဆောင်မနေပါနဲ့ ..အေးမြလိုမိန်းမကတောင်ယောင်္ကျားမရှားဘဲညည်းအတွက်ယောင်္ကျားရှားနေ တာလား”
 ဟော..စလာပြန်ပါပြီ..အမေဟာစန္ဒာအသက်အစိတ်ကျော်ပြီးချိန်မှစလို့ ဒီအိမ်ထောင်မပြုသည့်ကိစ္စကိုချည်းပြောဆို တတ်သည်။ အဖေဆုံးသွားကတည်းက အိမ်မှာပဲစတိုးဆိုင်သဘောလေးဖွင့် ထားကာ အိမ်ပေါင်ခြံပေါင်လည်း လုပ်သောကြောင့် စန္ဒာတို့ သားအမိမှာ ငွေကြေးအတွက်မပူရပါ..။ခုထိဘယ်ယောင်္ကျားမှစိတ်တိုင်းမကျသောစန္ဒာက လည်းအမျိုးမျိုးတွေးတော ပူပန်ရင်း.. အပျိုကြီးဆိုသည့်ဘွဲ့ ထူးကြီးနှင့် ဖြစ်လာသည်ကို အမေနည်းနည်းမှ သဘောမကျပါ..။
 “မိန်းကလေးဆိုတာ သီးချိန်တန်သီး ၊ ပွင့်ချိန်တန်ပွင့် ရတယ်…ဒီအသက်အရွယ်ထိရည်းစားမရှိဘူးတဲ့ .အံ့ ပါ့ တော်”
 “အော်..အမေကတော့လုပ်ပြီ..သူများတွေကိုယ့်သမီးလေးအိမ်ထောင်ကျမှာစိုးလို့ လိုက်ချုပ်ချယ်နေတာ ပဲကြားဖူးတယ်.. အမေ့ ကျမှ အတင်းယောင်္ကျားပေးစားနေတယ်”
 “အော်..အမေတို့ အိမ်မှာယောင်္ကျားသားမှမရှိတာအေ...ကောင်းကောင်းမွန်မွန်လေးတွေ့ ရင်လက်ခံလိုက်ပါ သမီးရယ်.. ဟိုတစ်လောကလာလာလည်နေတဲ့ ရှေ့ နေလေးလည်း လုံးဝမလာတော့တာ ညည်းငြင်းလိုက်တာ မှတ်လား ”
 “အာ..အမေကလည်းသူနယ်ပြောင်းသွားလို့ ပါ..နောက်ပြီးသမီးသူ့ ကိုလုံးဝမကြိုက်ပါဘူး..စကားပြောရင်လေကြော ရှည်ပြီး မပြီးတော့ဘူး…သူနဲ့ ရရင်နားထဲဂွမ်းဆို့ ထားရမယ် ”
 “ဒါဆို..အမေ့ကိုအားဆေးလာလာထိုးပေးတဲ့ ဆရာဝန်လေးရော..သဘောကောင်းပုံပါ..ကြည့်ရတာသမီးကို စိတ်ဝင်စားနေပုံပဲ.. ”
 “အမလေးအမေရယ်…သူ့ မှာ ဆရာဝန်ဆိုတဲ့ ဂုဏ်လေးပဲရှိတယ်..အသက်သုံးဆယ်သာပြောတာ နဖူးပြောင်ပြောင်   နဲ့  ရုပ်ကအဖိုးအိုကျနေတာပဲ.. ဘယ်လိုမှခံစားလို့ မရဘူး ”
 “အေးပါ..ညည်းခံစားလို့ ရမယ့်အချိန်က ဘိုးဘွားရိပ်သာရောက်မှထင်ပါရဲ့ ၊တကတည်း ရွေးမဆုံးတော့ဘူး..အေးမြနဲ့ ကွာပါ့  ”
 အမေပြောလည်းပြောစရာပင်..စန္ဒာကရွေးမဆုံးဘဲရှိနေစဉ်မှာအေးမြနောက်ထပ်ယောင်္ကျားတစ်ယောက်ရသွားပြန် သည်။ သည်တစ်ခါတော့ ကောင်လေးကလူပျိုလေးပါ..သူ ဟင်းရွက်ရောင်းဖို့ သွားဝယ်နေကျ ဒညင်းကုန်းဈေးမှာ ကုန်ထမ်းသတဲ့ … အရွယ်ကလည်းအေးမြထက်ငယ်သည်။အမေ့ ကို လင်မယားနှစ်ယောက် လာကန်တော့ကြတော့အေးမြမျက်နှာကပြုံးရွှင် တက်ကြွနေ၏။
 “ဒေါ်ကြီးရေ..သူကသိပ်အေးတာ..တစ်နေ့ လုံးနေလို့ စကားငါးခွန်းတောင်ပြည့်အောင်ပြောတာမဟုတ်ဘူး.. ကုန်စိမ်းသည်သူ့ အမေကြီးကသဘောမတူဘူးဆိုလို့ ကျွန်မပဲသူ့ ကိုခေါ်လာတာ..ဂေါက်ကွင်းတဲမှာပဲ ဆက်နေကြမယ်.. ”
 “အေးပါ..ခုလိုချစ်ချစ်ခင်ခင်မြင်ရတာဝမ်းသာပါတယ်..အေးမြကလည်းကိုယ့်ယောင်္ကျားအသက်ငယ်တယ် ဆိုပေမယ့်   ရိုရိုသေသေဆက်ဆံနော်..”
“ဟုတ်..ဒေါ်ကြီး..ကျွန်မသားနဲ့ လည်းသူက တော်တော်တည့်တယ်..ဒီတစ်ခါတော့ အဆင်ပြေပါပြီ..အဟီး”
 အေးမြတိုြ့ပန်သွားတော့ အမေကပြောပါတော့သည်။
 “ဘယ်သူတွေဘာပြောပြော..အေးမြကိုအမေတော့ သဘောကျတယ်..သူ့ ရှိသမျှအားမာန်နဲ့ သူ့ သားလေးကို                    ရှာကျွေးနေတာ… ဒီကြားထဲအချစ်သစ်တွေကတစ်ယောက်ပြီးတစ်ယောက်..”
 “ဟားးဟား..အမေပြောမှရယ်ရတယ်..ဒါဆိုအေးမြကသမီးထက်စွံတယ်ပေါ့ လေဟုတ်လား”
 “ဟုတ်တယ်အေ့ …သူကအသားမည်းပေမယ့် ကိုယ်လုံးကိုယ်ပေါက်ကလည်းတောင့်တယ်၊သွက်သွက်လက်လက် ချက်ချက်ချာချာနဲ့ဆိုတော့ဆွဲဆောင်မှုရှိတယ်ဆိုရမယ်...သူ့ကြည့်ပြီး အမေတို့ ငယ်ငယ်ကခေတ်စားတဲ့ မင်းသမီး အဲလိဇဘတ်တေလာတောင်သတိရမိတယ် ”
 “အော်..ယောင်္ကျားတွေအများကြီးယူတဲ့ခရမ်းရောင်မျက်လုံးပိုင်ရှင်မင်းသမီးကြီးလား..အမေ”
 ဟုတ်ပါ့ ..ကမ္ဘာမှာတော့ ဟိုးလေးတစ်ကြော်ပေါ့ …အဲ့ ဒီခေတ်တုန်းကအမေတို့ မှာသူ့ ကြည့်ပြီး အံ့ သြတာပေါ့ .. ဒီိမိန်းမလင်တွေအများကြီးယူတာမရှက်ဘူးလားမသိဘူး..ဆိုပြီးတော့လေ အင်း..ခုအေးမြကိုကြည့်ပြီးတော့မှအမေ့အတွေးပြောင်းသွားတယ်”
 “အယ်..ဘယ်လိုပြောင်းသွားတာလဲအမေ”
 “အော်..လူဆိုတာကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလို့ …
ပတ်ဝန်းကျင်ဆိုတာအပေါ်ယံလောက်ပဲမြင်ပြီးအလွယ်လေးဝေဖန်ကဲ့ ရဲ့ ကြပေမယ့်ကိုယ့်ဘ၀ကိုယ်အသိဆုံးလေ.. ဘ၀မှာအဆင်ပြေအောင်ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာကာယကံရှင်ပဲဆုံးဖြတ်ရတာ..အေးမြလည်း သူ နဲ့      သူ့ သားလေးအတွက် အကောင်းဆုံးနည်းလမ်းတွေရွေးချယ်ပြီးဘ၀ကိုဖြတ်သန်းနေတယ်လို့ အမေထင်တာပဲ ”
 “ဟုတ်ပါတယ်..ပြောမယ့်သာပြောတာအေးမြက အကျင့်စာရိတ္တလုံးဝမပျက်ဘူးအမေ”
 “အင်း..အမေသူ့ ကိုခင်တာလည်းအဲဒါကြောင့်လေ…သမီးလည်းတွေ့ နေတာပဲ..အေးမြကခုထိသမ္မအာဇီဝနဲ့ ပဲ ပင်ပင်ပန်းပန်းရှာစားတယ်..သူ နဲ့ သူ့ သားအတွက်အားကိုးရမယ်ထင်တဲ့အဖော်သူ့ဘာသာရွေးပြီး သတ်သတ်မှတ်မှတ်အိမ်ထောင်ပြုတယ်…မကောင်းတာတွေမလုပ်တာအမေချီးကျူးတယ်”
 အမေပြောတာစန္ဒာလည်းထောက်ခံပါသည်။
 အေးမြလို စားဝတ်နေရေးအတွက်ရိုးရိုးသားသားမရှာဘဲ..
 အေးမြလိုပညာမတတ်တာမဟုတ်ဘဲ..
 အေးမြလို အိမ်ထောင်တစ်ခုအတည်တကျမပြုဘဲ. ..
 အေးမြလို သားလေးပညာရေးအတွက်မဟုတ်ဘဲ..
 ကိုယ်ရှာသမျှနှင့်လောက်ငအောင်မသုံးဘဲ ၀င့် ကြွားပျော်ရွှင်ဖို့ အတွက် အိမ်ထောင်သည်လူချမ်းသာကြီးများထံမှာ လူမသိသူမသိကိုယ့်အ အပျိုစင်ဘ၀ကိုတိတ်တိတ်လေးထိုးအပ်နေသည့်ပညာတတ်မိန်းကလေးတွေ  မြန်မာပြည်ကြီး မှာ ဘာလို့ များသည်လောက်များလာတာပါလိမ့် ..။
 မိသားစုအတွက်မဟုတ်ဘဲတစ်ကိုယ်စာသာယာပျော်ရွှင်ဖို့ ကိုယ့်ဘ၀ကိုယ်နှစ်နေသောအပျိုဟုလူသိရှင်ကြားခေါင်းစဉ် တပ်ထားသည့် မိန်းကလေးများကို မြင်ရတိုင်း စန္ဒာကတော့ အဲလိဇဘက်အေးမြကိုသာချီးကျူးမိပါလေတော့သည်။
ကြာဖြူနွယ်
လူတွေထဲကလူ
$
0
0
ငှက်ပျောတစ်ပင် အခိုင်တင်လို့ တင်ပီလို့အခိုင်ခုက်ယူလိုက်ရင်အပင်ပါတေသည်
ဝါးရုံဝါးတော ဝါးသီးပေါရင် ဝါးသီးပေါတဲ့ဝါးတောလဲသေရသည်
ပေပင်ဘယ်လောက်ကြီးကြီး ပေသီး သီးရင်သီးပီးတာနဲ့သေရပြန်တယ်..
လူထဲကလူ မူတစ်မူနဲ့ တစ်မူလွန်ကဲပီး မာနပင်ဆီ ခင်ဆီထွားကျိုင်းလို့
မတံတိုင်ခတ် မမှိုင်းကတ်နေရင် ကတ်တဲ့လူကတော့..ငှက်ပျောပင်,ပေပင်,ဝါးပင်တို့လို
နောက်ဆုံးသွားရာ သင်္ချိုင်းပါပဲ....လူတွေထဲကလူ....
သူခိုးကြီးအောင်ထက်..(ငယ်ဘ၀တန်ဆောင်တိုင်)
$
0
0
“ မြိုင်မြိုင်ဆိုင်ဆိုင်.. မြိုင်မြိုင်ဆိုင်ဆိုင်..လတန်ဆောင်တိုင်..”
“ မြိုင်မြိုင်ဆိုင်ဆိုင်.. မြိုင်မြိုင်ဆိုင်ဆိုင်..လတန်ဆောင်တိုင်..”
အောင်ထက်ကြီးတစ်ယောက်..တန်ဆောင်တိုင်သီချင်းလေးဆိုနေပါတယ်..
“ အောင်ထက်နော်..နင်ဘယ် ရည်းစားဟောင်း သတိရနေလဲ..” ထမင်းချက်နေသော ပိုးဥမအငေါ်တူးသံလေး..
“ မဆိုင်တာ..ငါ့ကျောင်းအုပ်ဆရာကြီး သတိရလို့..ဟိဟိ..”
အောင်ထက်ကြီး ..မီးဖိုချောင်လေးထဲဝင်ရင်း ..
" ဒီလိုဟ..အဖြစ်က..”
အဲဒီတုန်းက..အောင်ထက်ကြီး ရှစ်တန်းကျောင်းသားပါ ၊ တန်ဆောင်တိုင်ပွဲအတွက်..မြို့လေးက သေးပေမဲ့သူ့ရပ်ကွက်နဲ့သူ အရပ်ဇာတ်တွေတိုက်ကြ..
အောင်ထက်ကြီးတို့အိမ်က ကျယ်တော့ ယိမ်းတိုက်လေ့ရှိပါတယ်.. တစ်ရုန်းရုန်းပျော်စရာကြီး..
တန်ဆောင်တိုင်ရက်..အဖိတ်..လပြည့်ညများဆို ဘောကွင်းထဲမှာ..ဘုံဇာတ်ရုံကြီးထိုးလို့..
အပြိုင်အဆိုင် ကကြ ခုန်ကြပေါ့လေ..
လပြည့်ကျော် တစ်ရက်ရောက်ပြန်တော့တစ်မျိုးသောင်းကျန်းကြပြန်ပါတယ်..
အောင်ထက်ကြီးတို့ လူငယ်ခေါင်းဆောင်ကတော့..ရုံးစာရေးကြီးဦးစိန်ဌေးပါ..
သူက..သိုင်းပြောင်းပြန်ဆရာလည်းဟုတ်ပါတယ်..အောင်ထက်ကြီးတို့က သူ့တပည့်လေ..
သူခိုးကြီးည.. လပြည့်ကျော်တစ်ရက် လမင်းကြီးက ထိန်ထိန်သာ..
ဦစိန်ဌေး နောက်မှာတော့ ပြိုင်မြင်းလေးတွေပမာကျွန်တော်တို့က တစ်ရုန်းရုန်း..
တန်ဆောင်တိုင်ပွဲမှာ ကဲခဲ့တဲ့ အရှိန်နဲ့ မြို့သူမြို့သားတွေကတော့ မောမောနဲ့ အစောကြီး အိပ်ကြပါပြီ..
အောင်ထက်ကြီးတို့အုပ်စုလည်း စစ်ကြောင်းပုံချီတက်ကြပါပြီ..
ရည်မှန်းချက်က..ဈေးအပြင်ဖက်..ဟင်းသီး ဟင်းရွက်တန်းသို့..
ဟင်းရွက်သည်တွေရဲ့ ဈေးခုံတွေကို စုဆောင်းလိုက်ပါတယ်..ဈေးထိပ်လမ်းဆုံကိုပို့ကြပါတယ်..
ခေါင်းဆောင်ကြီး..ဥိးစိန်ဌေးဒီဇိုင်းနဲ့ မုခ်ဦးဆောက်ကြပါတယ်..ဈေးလေးဖက်လေးတန်မှာ..လေးခုပါ..
မုခ်ဦးလဲပြီးရော..ခဏနားပြီး..လျှပ်စစ်ရုံးက ဓါတ်တိုင်တက်တဲ့ လှေခါးနှစ်စင်းသွားယူကြပါတယ်..
ကုက္ကိုပင်ခွဆုံကိုလှေခါးနှစ်စင်းလှဲလှဲလေးထောင်ပြီး..ကတ္တရာ တိုင်ကီ အလွတ်တွေကို..သစ်ပင်ခွဆုံကို
လိမ့်တင်ကြပြန်ပါတယ်..အန္တရာယ်များမှန်းမသိကြ..မဖြစ်မနေလုပ်ကြတာပါ..
နောက်တစ်ခါ..ကြံရည်ရောင်းတဲ့ဆိုင်က..ကြံရည်ကြိတ်စက် သံတုံးသံခဲကြီးကို..လူအုပ်နဲ့ဝိုင်းမ..
ဈေးအိမ်သာရှေ့ချပြန်ပါတယ်..ခါးတွေကိုနာလို့..ချွေးတွေကရွှဲ..
ဘာကျန်သေးလဲ..ဟုတ်ပီ. “ အမျိုးသမီးဘော်လီချုပ်သည်…” ဆိုင်းဘုတ်ကို ဆံပင်ညှပ်ဆိုင်ပြောင်းချိတ်..
လက်ဘက်ရည်ဆိုင်နဲ့..အရက်ဆိုင် ဆိုင်းဘုတ်လဲပေးလိုက်..
ဈေးဝန်းကျင်..အပြောင်အပျက်တွေလုပ်တာကုန်ပါပီ..ခဏအမောဖြေကြပါတယ်..
အရက်ကတော့..လုံးဝမသောက်ရပါဘူး..အိမ်တွေလဲ..၀င်မခိုးရပါဘူး..ရီစရာပဲလုပ်ရပါတယ်..
အမောပြေတော့..ခေါင်းဆောင်ကြီးက..
“ လာလိုက်ခဲ့ကြတဲ့”
ဘယ်သွားမယ်ထင်လဲ..သူ့ယောက္ခမအိမ်ကိုပါခင်ဗျာ..
နွားနဲ့ဆွဲတဲ့ သူ့ယောက္ခမ လှည်းကြီးကို..အသံမကြားအောင်..လူအုပ်နဲ့တိတ်တိတ် ၀ိုင်းမရတာမသက်သာ..
ဘောကွင်းဘေး ကုက္ကိုပင်ခွဆုံကို တုတ်ကြိုးကြီးပစ်တင်..တစ်စကို လှည်းအုပ်ဆုံမှာချည်ပါတယ်..
ကျန်တစ်စကို ၀ိုင်းဆွဲလိုက်တော့..လှည်းကြီးက ကြေးစည်ကြီးလိုတန်းလန်းကြီး..
သန်းခေါင်ကျော်တော့အိမ်ပြန်အိပ်ကြပါတယ်..အောင်ထက်ကြီးရဲ့အချစ်ဆုံးသူငယ်ချင်က..ရီဝင်းနဲ့
ဇော်ဝင်းပါ အတူတူအိပ်ကြတာပါ..
အိပ်ယာထဲရောက်မှ..ဇော်ဝင်းက တစ်စခန်းထပြန်ပါတယ်..
” ဟေ့ကောင်တွေ..ထကြ..ငါနဲ့လိုက်ခဲ့တဲ့” လိုက်ကြတာပါပဲ..ကြာသလားလို့
လားလား..အောင်ထက်ကြီးတို့ ကျောင်းအုပ်ကြီးအိမ်ရှေ့က အများသောက်ရေအိုးစင်လေး..
လမ်းဆုံတည့်တည့် ပြောင်းရွေ့နေရာပေးလိုက်ပါတယ်..
ဖြေးဖြေးမောင်း ကျောင်းရှိသည်သဘောပေါ့..ဟဟ
နောက်နေ့ကျတော့ ကိုယ်လက်တွေကိုနာလို့..ကျောင်းမှီအောင်မနည်းပြေးရပါတယ်..
မနက်မိုးလင်းတော့..ဈေးသူဈေးသားတွေက..ဆိုင်ခုံတွေ ရွေးကြ..ဆိုင်းဘုတ်တွေလိုက်ရှာကြ..
အောင်ထက်ကြီးတို့ကတော့..အမေတွေ..နှမတွေ..ကိုင်တုတ်ခံရပေါ့..
သတိရလို့..ဆရာကြီးအိမ်ရှေ့က ရေအိုးစင်လေး..ဒီတိုင်းပဲ..လမ်းမအလည်မှာ..
မနက်ကျောင်းဆင်းတော့လဲ..ဒီတိုင်းပဲ..ညနေကျောင်းဆင်းထိ ငုတ်တုတ်..ဟန်မပျက်..
ဆရာကြီးကလဲ..ဘာမှမပြောပါဘူး..
အောင်ထက်ကြီးတို့ သူငယ်ချင်းသုံးယောက်မနေနိုင်တော့ပါဘူးဗျာ..
ညနေစောင်းတော့ ကိုယ်ကိုင်တာ ကိုယ်ပြန်နေရာချထားလိုက်ကြရပါတယ်..
ဇာတ်လမ်းက..ခုမှစတာပါ..
နောက်နေ့..မနက် ကျောင်းတက်ချိန်..နိုင်ငံတော်သီချင်းဆို..စုဝေးပွဲလည်းပြီးရော.
ဆရာကြီးက. .” အောင်ထက်..ရီဝင်း..ဇော်ဝင်း..သုံးယောက်ရှေ့ထွက်” တဲ့လေ
ဟာသွားပီ..သူခိုးကြီးည ကိစ္စ အတီးခံရပီပေါ့..
ဆရာကြီးမိန့်ခွန်းခြွေပါတော့တယ်..
“ မနေ့က ငါအိမ်ရှေ့က ရေအိုးစင် လမ်းလည်ခေါင်ရောက်နေတာ မင်းတို့မြင်ကြလား..”
“ ဟုတ်..မြင်ပါတယ် ဆရာကြီး..”
“ အေး..တစ်ယောက်မှ.လူမှုရေးအသိရှိရှိ လုပ်မယ်စိတ်မကူးဘူး..ငါ့တပည့်လေးသုံးယောက်..
အောင်ထက်ရယ်..ရီဝင်းရယ်..ဇော်ဝင်းရယ်..ဘယ်သူမှမခိုင်းပဲ..အသိရှိရှိ..ပြန်နေရာချထားတယ်..
ဒါကြောင့်တစ်ယောက်ကို..ဘလာစာအုပ်ခြောက်အုပ်စီ ဆုပေးမယ်..အားလုံးလက်ခုပ်တီးကြပါ..”
အကြောင်းသိတွေကတော့..တဟိဟိနဲ့..မျက်နှာပိုးမသေကြပါဘူး..
အောင်ထက်ကြီးတို့သုံးယောက်လည်း..အရိုက်သာခံလိုက်ချင်ပါတယ်..မျက်နှာတွေလဲပူ..
ဆရာကြီးကိုလည်း အားနာလိုက်တာ..
ဓါတ်သိကောင်တွေဆရာကြီးပြန်တိုင်မယ်လုပ်တိုင်းမုန့်ဝယ်ဝယ်ကျွေးရတာလည်း ပိုက်ဆံအတော်ကုန်လိုက်ပါသေးဗျာ..
ဆရာကြီးကတော့ သေသာသွားရော အဖြစ်မှန်ကိုသိမသွားရှာပါဘူး..
ခုလိုတန်ဆောင်တိုင် သူခိုးကြီးညရောက်တိုင်း..
သွားလေသူ..ကျေးဇူးရှင်ဆရာကြီး ကိုမှန်းလို့သာ ကန်တော့မိပါရဲ့..
နှုတ်ဆိတ်ခွဲခွာခြင်း
$
0
0
သြော်……… နှင်းတွေတောင်ကျလာပါပြီရော…ညီမလေးရေ .ခွဲခွာရခြင်းဆိုတာကျန်ရစ်သူရောချန်ရစ်သူကိုပါပူလောင်စေပါတယ်ကွယ် မင်းရဲ့ရယ်သံ သဲ့သဲ့ လေးတွေကိုတစ်ခါတစ်ခါ လေ အဝှေ့မှာ ကြားမိနေတုန်းပဲတကယ်တော့အတိတ်ဆိုတာကလည်းမေ့နိုင်သူတွေအဖို့တော့အဝေးမှာကျန်ရစ်ပေမဲ့မမေ့နိုင်သူတွေအဖို့တော့မနေ့ကလိုပါပဲ…………
“အကိုကြီး ညီမလေးဗိုက်ဆာတယ်”
  “အေးပါညီမလေးရယ် အကိုကြီးလည်းဆာတာပဲ အားတင်းထာနော် ညီမလေး အကိုကြီးတို့  ကံကောင်းပြီးသဘောကောင်းတဲ့ မုန့်ဆိုင်နဲ့တွေ့ရင်စားရမှာပေါ့ကွာ”
“မရဘူးကွာ မရဘူး ဆာတယ် ဆာတယ် အီး…..ဟီးးးဟီးးး”
“မငိုပါနဲ့ညီမလေးရယ်နော်တိတ်တိတ်”
တစ်ယောက်လက်ကိုတစ်ယောက်တင်းကျပ်စွာဆုပ်ကိုင်ရင်းနဲ့ဖြတ်သန်းရတဲ့စက္ကန့်တွေဟာ ကျွန်တော်တို့မောင်နှမ အတွက်တော့ခါးသီးလွန်းလှပါတယ်..ဖေဖေနဲ့မေမေ သားတို့ကို စိတ်ချလက်ချနဲ့ထားသွားပြီ ဒီကမ္ဘာကြီးထဲကထွက်ခွာသွားတာကိုက စောလွန်းပါတယ်ဗျာ တွေ့သမျှလမ်းမကြီးတွေပေါ်ခြေဦးတဲ့ရာလျှောက်သွားရင်းနဲ့တစ်နေ၀င်တစ်နေထွက်ခဲ့ရတဲ့နေ့တွေ တစ်ခါတစ်ခါရှင်သန်ခြင်း ဆိုတဲ့ အဓိပာယ်ကိုတောင် ရွံရှာမိတယ်
“ညီမလေး  …. အကိုကြီးနောက်ကနေပြီးမငိုပဲတိတ်တိတ်လေးလိုက်ခဲ့နော်”
“အန်တီ အန်တီ    ခဏလေးနေပါဦးဗျ”
“ဘာတုန်းအကြော်ဝယ်မလို့လား”
“ဟိုလေ .ဟို…ကျွန်တော့ညီမလေးဗိုက်အရမ်းဆာနေလို့ အကြော်လေးနဲနဲလောက်ကျွေးပါလား ဗျာ”
“တကယ်တဲတော်  ဈေဦးမပေါက်လို့စိတ်ညစ်ရတဲ့ထဲသူတောင်းစားမောင်နှမနဲ့မှလာတွေ့နေသေးတယ်”
“အန်တီ!!ကျွန်တော်တို့ကို သူတောင်းစားလို့မပြောပါနဲ့ ပိုက်ဆံတကယ်မရှိလို့ အလကားတောင်းတာပါ ပိုက်ဆံသာရှိလို့ကတော့ဘယ်လောက်တန်တန်ကျွန်တော့ညီမလေးကို ၀ယ်ကျွေးတယ်”
“အောင်မာအောင်မာ  သူတောင်းစားကများရာရာစစတွေလာပြောနေသေးတယ် ဟဲ့ဒီမှာ ကလေကချေရဲ့ နင့်ဟာနဲ့နင်ဘာလို့တောင်းတောင်း တောင်းမှတော့သူတောင်းစားပေါ့ဟဲ ကျက်သရေကို မရှိဘူး မကျွေးဘူး လာတ် ပိတ်တယ် ရှုပ်ကိုရှုပ်တယ်”
“မကျွေးရင်မစားဘူးပေါ့ဗျာ”
“မဟုတ်ဘူး  အကိုကြီး စားမယ်ဆို ညီမလေးဗိုက်ဆာတယ်”
“ရှေ့နားမှစားရအောင်ညီမလေးရာ သွားရအောင်နော် “
“မရဘူးကွာ  ဟီး   ဟီးးးး”
မျက်ရည်လေးတွေကူသုတ်ပေးရုံကလွဲလို့ ကျွန်တော်ဘာမှ မတတ်နိုင်ခဲ့ဘူး တကယ်ဆိုရင်ပတ်ဝန်းကျင်နဲ့ ဆွေမျိုးတွေကိုလည်းရက်စက်လွန်းတယ်လို့ပြောချင်တယ်ကျွန်တော့မိဘတွေဆုံးသွားတော့ အသက်ငယ်ငယ်လေးတွေနဲ့ဆုံးသွားတာတဲ့ သွေးရိုးသားရိုးမဟုတ်ဘူးတဲ့ AIDSဆိုလားဘာဆိုလားတဲ့ အဲဒီဟာကကူးတယ်တဲ့ ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို အ၀တ်နဲ့မျက်စိကိုစီးပြီး   တခြားဆီကိုပို့ပစ်လိုက်ကြတယ် လေ အိမ်တွေ ခြံတွေ လယ်တွေ ယာတွေကိုတော့ ယူလိုက်ကြတယ် အဲဒါတွေကတော့ရောဂါကူးမှာ မကြောက်ကြဘူးနဲ့တူတယ် ခုချိန်လောက်ဆိုရင် ဦးသူယူစနစ်နဲ့လုယူပြီးကြရော့မယ် ကျွန်တော့လိုဆိုဒီကမ္ဘာကြီးထဲကပျောက်ကွယ်သွားတာကြာနေလှပြီ   ဒါပေမဲ့ ညီမလေးး          ကျွန်တော့ညီမလေး   လောကမှာ ကျွန်တော်အချစ်ဆုံးညီမလေးလေး    သေရမှာကြောက်တယ်တဲ့  ဘယ်လိုများတစ်ယောက်တည်းထားခဲ့ရက်မှာလဲဗျာ ကျွန်တော်မလွဲမသွေသေရမယ်ဆိုရင်တောင် ညီမလေးကို အရင်သတ်ပြီးမှ ပဲသေလို့ရမယ် ဒါပေမဲ့ညီမလေးကိုသတ်ဖို့   ……မျက်နှာလေးညိုတာတွေ့ရင်တောင် ကျွန်တော်နေလို့မရတော့ဘူး 
အမည်မသိတဲ့ ဘူတာရုံရှေ့
“အကိုကြီး  ထမင်းကဘယ်ကရမှာလဲဟင် ဘယ်သူကလာပေးမှာလဲ”
“စားရမှာပေါ့ညီမလေးရယ်  အကိုကြီးပေါ်မှီပြီးညီမလေး အိပ်လိုက်နော် ညီမလေးနိုးလာလို့ရင် မိုးပေါ်ကဖိုးသကြားမင်းကြီးက ထမင်းဆီဆမ်းတွေကိုရွှေလင်ပန်းကြီးနဲ့လာပေးမှာ”
“တကယ်လား အကိုကြီး”
“အင်းပေါ့တကယ်ပေါ့  အိပ်တော့နော်”
“ဟုတ်ကဲ့… အာ အကိုကြီး ဗိုက်ကဆာတော့ မျက်စိကပိတ်လို့ရဘူး
မရဘူးကွာ အကိုကြီးညီမလေးကို ထမင်းရှာပေး  ညီမလေးဆာတယ် အကိုကြီးရှာပေးကွာ ရှာပေး”
“အေးပါကွာ ကဲဒါဆိုလည်း အကိုကြီးထမင်းသွားရှာလိုက်ဦးမယ်နော် ဒီနားမှာနေဘယ်မှမသွားနဲ့ကြားလား “
“ဟုတ်  အကိုကြီး မြန်မြန်ပြန်ခဲ့နော်”
“အေးအေး ညီမလေး မြန်မြန်ပြန်ခဲ့မယ”်
ကံဆိုခြင်းတွေဆိုတာ တစ်ခုတည်းမလာတတ်ဘူးတဲ့ အစုလိုက်အပုံလိုက်လာတတ်တယ်တယ် မေမေပြောဖူးတဲ့စကားက သိပ်မှန်တယ် အဲဒီအချိန်တုန်းက ညီမလေးနဲ့ကျွန်တော်ခွဲရမယ်ဆိုတာတွေးတောင်မတွေးမိခဲ့ဘူး ဈေးထဲ ကသရက်သီး တစ်ပိုင်းပုတ်တွေတောင်းပြီးပြေးလာခဲ့တာ ညီမလေးကနေရာမှာ မရှိတော့ဘူး
“ညီမလေး  ပုန်းမနေနဲ့ ထွက်ခဲ့တော့ အကိုကြီးပြန်လာပြီ  ညီမလေး”
  မတွေ့ဘူး နေရာ အနှံ့လိုက်ရှာတယ် မတွေ့ဘူး
“အကိုကြီးညီမလေးကြောက်တယ် ညီမလေးဆီလာခဲ့”
အသံကြားရာလိုက်ကြည့်လိုက်တော့အရှိန်နဲနဲ မြန်နေတဲ့ရထားတစ်စင်းပေါ်က ကျွန်တော့ညီမလေးလက်ကလေးပြလို့
“ညီမလေး ကိုင်ထားနော် မကြောက်နဲ့ အကိုကြီးလာပြီ”
“အကိုကြီးညီမလေးကြောက်တယ် ဟီးးးးးးးးး”
“ဘော်)))))))))))))))”
အရှိန်ရနေတဲ့ရထားတစ်စီးရဲ့နောက်ကို ထမင်းနပ်မမှန်တဲ့ကျွန်တော့ခြေထောက်တွေမှီအောင်မလိုက်နိုင်ခဲ့ဘူးအားတင်းပြီးဆက်လိုက်ပေမဲ့ ရထားတစ်စင်းလုံးသာ မြင်ကွင်းထဲကပျောက်သွားခဲ့တယ် ညီမလေးရဲ့အော်သံတွေပဲ့တင်ထပ်ရင်းကျွန်တော့နားထဲမှာ ကျန်ရစ်ခဲ့ပြီး
ညီမလေးရေ     ညီမလေး  ညီမလေး  ညီမလေးဆီကို ကိုကြီးလာခဲ့မယ် ညီမလေး မကြောက်နဲ့နော်  ညီမလေး ဘာမှ မဖြစ်ဘူး ညီမလေး ညီမလေး
ခြေထောက်တွေရဲ့ဆန္ဒ ရှိသလောက် သံလမ်းတစ်လျှောက်ပြေးလိုက်လိုက်တယ် ပြီးတော့ ပြီးတော့ ဆန္ဒမရှိတော့တဲ့နေရာမှာ ပစ်လှဲလိုက်တယ် မျက်စိလည်းဖွင့်ချင်စိတ်မရှိတော့ဘူး အသက်လည်းရှူချင်စိတ်မရှိတော့ဘူး
ညီမလေးရေ  ငါ့ညီမလေး  ညီမလေး ဒီမှာလေး အကိုကြီး ညီမလေးဖို့ မုန့်တွေယူလာပြီလေ ညီမလေး ညီမလေး      နောက်တော့ ကျွန်တော့ အသံကိုမကြားရတော့ဘူး  ပတ်ဝန်းကျင်တစ်ခုလုံးလည်း မှောင်မှိုက်သွားတယ်
ပင်လယ်ကြီးရဲ့အလယ်က ရွက်မရှိတော့တဲ့ လှေငယ်တစ်စင်းလို  ညီမလေးမရှိတော့တဲ့ ကျွန်တော့ဘ၀လည်း မျှော်လင့်ချက်တွေနေ၀င်သွားခဲ့ပါပြီ
“ညီမလေး ညီမလေး”
“အော် မင်းနိုးလာပြီလား”
“ညီမလေးရောဟင်  ကျွန်တော့ညီမလေးရော ကျွန်တော်ဘယ်ရောက်နေတာလဲ”
“မင်းသံလမ်းဘေးမှာမူးလဲနေလို့ငါ့မိန်းမကသနားလို့ခေါ်လာခဲ့တာ
သွားသွား မင်းရေ အရင်သွားချိုးစမ်း  စုတ်ပြတ်သတ်နေတာပဲ”
“ကျွန်တော့ညီမေ……..”
“သွားဆိုသွားစမ်း ရေသွားချိုး”
ရုပ်ရည်ကသာသန့်သန့်နဲ့ ဦးကြီးတစ်ယောက် ပြောပေါက်ကတော့ မသန့်လှပါဘူးဒါပေမဲ့ဦးကြီးရဲ့မိန်းမကိုတော့ ကျေးဇူးတင်ပါတယ် ကျွန်တော့ညီမလေးကိုပြန်ရှာဖို့ကျွန်တော့ကိုနိုးထစေလို့လေ
ဒီလိုနဲ့ ပေးတာယူကျွေးတာစားခိုင်းတာလုပ်လုပ်ရင်းနဲ့ ညီမလေးကိုလိုက်ရှာခဲ့တာ နှစ်နှစ်ဆိုတဲ့ အချိန်ကာလကိုတောင်ဖြတ်ကျော်လာခဲ့ပြီလေ ကျွန်တော်နေတဲ့အိမ်ကချမ်းသာတယ် ဘာတွေလုပ်လဲတော့ကျွန်တော် မသိဘူးဒါပေမဲ့တစ်နေ့မှာကျွန်တော်သိခွင့်ရခဲ့တယ်  အခန်းတွေကိုသန့်ရှင်းရေးလုပ်ရင်းနဲ့ လျှို့ဝှက်ခန်းတစ်ခုကို ၀င်သွားမိတယ် အဲဒါကိုသူဌေးကြီးကမြင်တော့
“ဟေ့ကောင်းမင်း အဲဒါဘာလုပ်တာလဲ ထွက်ခဲ့စမ်းထွက်ခဲ့စမ်း
မင်းဒင်နဲ့ ဗလ အဲဒီကောင်ကိုဆွဲခေါ်သွားစမ်း”
“YES BOSS!”
“တော်တော်သရမ်းတဲ့ကောင်ပဲ”
ပြောပေါက်ဆိုးပေမဲ့ရက်စက်မှုတွေမရှိဘူးလို့ ထင်ခဲ့မိတာ သူတို့ရဲ့လျှို့ဝှက်ပစ္စည်းတွေကိုကြည့်လို့တဲ့ကျွန်တော့ကိုနုတ်ပိတ်တဲ့အနေနဲ့ လျှာဖြတ်ပြီး အိမ်ပေါ်ကနှင်ချလိုက်ကြတယ်သူတို့ရဲ့လျှို့ဝှက်ပစ္စည်းဆိုတဲ့ အဖြူမှုံ့တွေဟာ ဘိန်းဖြူတွေဆိုတာကိုသူတို့ပြောမှ သိခဲ့တာပါခုတော့လျှောက်နေကြလမ်းမကြီးထက်မှာပဲခြေဦးပြန်လှည့်ခဲ့ရတယ်  ဒီအချိန်မှာတော့ ကျွန်တော့လက်ကိုဆုပ်ကိုင်ရင်း အားပေးတဲ့ ညီမလေးတော့ မပါတော့ဘူး  ကျွန်တော်တစ်ယောက်တည်း  ကျွန်တော်တစ်ယောက်တည်း  ပါ
ညီမလေးရေ….မင်းဘယ်ဆီများ ရောက်နေပြီလည်း ခုလိုနှင်းတွေကြားမှာ ညီမလေးတစ်ယောက်တည်း ခိုက်ခိုက်တုန်အောင်ချမ်းနေရော့ပေါ့      အကိုကြီးညီမလေးနဲ့တွေ့ရင်စကားတွေအများကြီးပြောမယ်စိတ်ကူးထားတယ် ဒါပေမဲ့ညီမလေးရယ် အကိုမပြောနိုင်တော့ဘူး  ဟီးး  ဘာဖြစ်လဲ ငါ့ညီမလေးကစာသိပ်တော်တာ အကိုညီမလေးကိုပြောချင်တာတွေကိုစာနဲ့ရေးပြမှာပေါ့ကွ ဟဟ
ပြန်တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ ကျွန်တော့ရဲ့ခြေလှမ်းတွေဘယ်လောက်ခရီးပေါက်နေပြီလည်းဆိုတာတောင်သတိမထားမိခဲ့ဘူး
ဆက်လျှောက်ရင်းနဲ့နှင်းကျတဲ့တစ်မနက်ခင်း ဈေးတစ်ခုရဲ့ဘေးကလမ်းမပေါ်မှာ ကောင်မလေးလေးတစ်ယောက် ညီမလေးရှာပုံတော် ဖွင့်နေတဲ့ ကျွန်တော့ အဖို့တော့ တွေ့သမျှကိုကျွန်တော့ညီမလေးလို့ပဲ ထင်နေတာ  မြူနှင်းတွေကြားမှာဆိုတော့သိပ်မသဲကွဲဘူး ရှေ့နည်းနည်းတိုးကြည့်တယ်  ဟုတ်တယ်တူသလိုလိုပဲ  နည်းနည်းတိုးရင်းတိုးရင်းနဲ့  ဟုတ်တယ် ညီမလေးမှ ကျွန်တော့ညီမလေး ကြည့်စမ်းငါ့ညီမဘယ်လိုတွေများစားသောက်နေရလို့လဲ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ဆံပင်တွေ ပိုသီဖတ်သီနဲ့ ဘွားတော် ပုံပေါက်နေပြီ  ပြုန်းတိုင်းကြီးပြန်တွေ့တာဆိုတော့ဝမ်းသာမိတယ် ပြီးတော့ညီမလေးပုံစံကိုကြည့်ပြီး ၀မ်းနည်းမိတယ် မျက်ရည်တွေ မဆယ်နိုင်ခဲ့ဘူး    ပြီးတော့မှသတိဝင်လာပြီး ညီမလေးဆီပြေးဖက်လိုက်တယ်
“ဟီ …ဟ…ဟေးး”
စိတ်ထဲကသာ ညီမလေးလို့ အော်လိုက်ပေမဲ့လျှာဖြတ်ခံထားရတဲ့ကျွန်တော့ပါးစပ်က တစ်မျိုးထွက်သွားခဲ့တယ်
“ဘယ်သူလဲငါ့လက်ကိုလွတ်နော် လွတ်  လွတ်
ငါ့လက်ကိုလွတ် ဒီမှာတွေ့လား ကတ်ကြေးရှိတယ်နော် ထိုးလိုက်မှာနော် လွတ်”
(ညီမလေး အကိုကြီးလေ မင်းရဲ့ အကိုကြီးလေ)  အကျယ်ကြီးအောက်ပစ်လိုက်ချင်တယ်
ကြည့်စမ်းညီမလေးတောင်  ငါ့ကို မမှတ်မိတော့ဘူး မတွေ့တာဖြင့် ဘာမှ မကြာသေးဘူးစိတ်ချညီမလေး   အကိုပါးစပ်ကမပြောနိုင်ပေမဲ့  ညီမလေးကိုစာနဲ့ရေးပြမယ်   ဘောပင်လေးနဲ့ စာရွက်လေးထုတ်ပြီး
“ညီမလေး    အကိုကြီးလေ မမှတ်မိဘူးလား”
ဆိုပြီးစာရွက်လေးပြလိုက်တယ်   အဲဒီ အခါကျမှ ညီမလေးရဲ့ မျက်စိတွေကိုသေချာကြည့်မိတာ  ဟုတ်တယ် ညီမလေးမှာမျက်စိတွေ မရှိတော့ဘူး  ဘုရားးဘုရား   ဘယ်လိုဖြစ်ရတာ လဲ မဟုတ်ဘူး မဟုတ်ဘူး   ညီမလေး င်္ညီမလေးကို အကို ဘယ်လိုပြောရမလဲ     ………..
“သွားနော် ငါ့နားမလာနဲ့   သွားသွား” 
ပါးစပ်ကအော်ပြောချင်ပေမဲ့ မရပါဘူး စာရေးပြတော့လည်းညီမလေးက ဖတ်လို့မရဘူး
ညီမလေးကိုပြေးဖက်ပြီးငိုမိတယ်
“လွတ်လို့ပြောနေတယ်နော်   လွတ် “
“စွပ်   …….အားးးးးးးးး   အားးးးးးးးးးးးးးး”
ညီမလေး    မဟုတ်ဘူး အကိုကြီးလေ  ဘာလို့အဲလိုလုပ်လိုက်ရတာလဲ   (ကယ်ကြပါဦးကျွန်တော့ညီမလေး သူ့ကိုသူကတ်ကြေးနဲ့ထိုးလိုက်လို့)
ဘေးနားကလူတွေကို အကူအညီတောင်းတယ်  ကျွန်တော့ကို မသင်ကာတဲ့ အကြည့်တွေနဲ့ပဲကြည့်သွားကြတယ်   ညီမလေး  အကိုဘယ်လိုလုပ်ရမှာလဲ    “ညီမလေး မသေရဘူး  ညီမလေး မသေရဘူး   ဘာလို့သေရမှာလဲ ငါ့ညီမကငယ်ငယ်လေးပဲရှိသေးတာ   မသေရဘူး  မသေရဘူး”
နောက်ဆုံးတော့ ကျွန်တော့ညီမလေးလည်းကျွန်တော့ကို နုတ်ဆက်သွားခဲ့ပါပြီ ညီမလေးရဲ့လက်ထဲမှာ ကတ်ကြေးနဲ့ တူတူစာရွက်လေးတစ်ရွက် စာကြောင်းတွေကလဲ အပေါ်တက်လိုက်အောက်ကျလိုက်နဲ့ မနဲကြိုးစားပြီးရေးထားရတာထင်တယ်
“အစ်ကိုကြီး အကိုကြီး  ထမင်းသွားရှာတာကြာလိုက်တာ  ညီမလေးဗိုက်ဆာတာနဲ့ ရထားပေါ်တက်ပြီး ထမင်းတောင်းတယ် ညီမလေးကိုဘယ်သူကမှမပေးကြပါဘူး ပြီးတော့ ရထားကြီးကထွက်သွားတယ်  ညီမလေး အရမ်းကြောက်တာပဲ အကိုကြီးကဘာလို့ ညီမလေးဆီမှီအောင်မလိုက်လာတာလဲ မြို့တစ်မြို့ရောက်တော့လူကြီးတစ်ယောက်က ထမင်းကျွေးမယ်ဆိုပြီခေါ်သွားတယ် အိမ်ရောက်တော့ ညီမလေးကို ထမင်းကျွေးတယ် ပြီးတော့သူနဲ့ အတူအိပ်ရမယ်တဲ့ ညီမလေးက မအိပ်ဘူးပြောတော့  မရဘူးတဲ့ မတရားကျင့်ကြံကြတယ် ညီမလေးက အကိုကြီးနဲ့တွေ့ရင်တိုင်ပြောမယ်လို့ပြောတော့ နင့် အကိုကြီးကို မတွေ့အောင်ဆိုပြီး ညီမလေးရဲ့မျက်လုံးတွေကိုဖောက်ပစ်လိုက်ကြတယ် ဒါပေမဲ့ အကိုကြီးညီမလေးကိုလာခေါ်မယ်မလားအကိုကြီးညီမလေးကိုတွေ့ရင်လှမ်းအော်မှာပါ အဲဒီတော့မှ ဒီစာလေးကိုပြမယ်လေ ညီမလေးမျက်စိမမြင်ရလည်းကိစ္စမရှိပါဘူး ညီမလေးကိုကိုကြီး မြင်ရသမျှတွေပြန်ပြေပြပေါ့  အဲလိုဆိုရင်ညီမလေးလည်းမြင်ရပြီပေါ့   ကိုကြီးညီမလေးကို မြန်မြန်လာခေါ်တော့နော်”
“မဟုတ်ဘူး  ညီမလေး မသေရဘူး မသေရဘူး”
“ညီမလေးရယ် ဘယ်ဘ၀က၀တ်ကြွေးတွေကကိုကိုနဲ့ ညီမလေးကို နှိပ်စက်ကြတာလည်းရက်စက်လိုက်ကြတာ ဒါကြောင့်ငါ့ညီမလေးကလူတွေကိုကြောက်ပြီးကတ်ကြေးကြီး အမြဲကိုင်ထားတာကိုညီမလေး…..ညီမလေး)))))))))))”
သြော်……… နှင်းတွေတောင်ကျလာပါပြီရော…ညီမလေးရေ .ခွဲခွာရခြင်းဆိုတာကျန်ရစ်သူရောချန်ရစ်သူကိုပါပူလောင်စေပါတယ်ကွယ် မင်းရဲ့ရယ်သံ သဲ့သဲ့ လေးတွေကိုတစ်ခါတစ်ခါ လေ အဝှေ့မှာ ကြားမိနေတုန်းပဲတကယ်တော့အတိတ်ဆိုတာကလည်းမေ့နိုင်သူတွေအဖို့တော့အဝေးမှာကျန်ရစ်ပေမဲ့မမေ့နိုင်သူတွေအဖို့တော့မနေ့ကလိုပါပဲ…………
အကိုကြီးလည်းညီမလေးဆီလာခဲ့တော့မယ် နော် မြေနိမ့်ရာလှံစိုက်ချင်ကြတဲ့လူသားတွေနဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတဲ့လောကကြီးကိုလည်း အကိုတကယ်ပဲစိတ်ကုန်မိတယ်ကွယ်
ကြွေးမြီဟောင်းကိုလည်း ဆပ်စေချင်
$
0
0
       အနန္တငါးပါးထဲတွင် တစ်ပါးအပါအ၀င်  ယူဇနာရှစ်သောင်း လေးထောင်မြင့်သော မိဘကျေးဇူးသည်ကားကြီးမားလှပေသည်။သားသမီးငယ်ကတည်းက လောကဓံရဲ့ရင်ဆိုင်မူ့အောက်မှာ ပင်ပင်ပန်းပန်းဒုက္ခခံကာ ရှာကျွေးခဲ့သော ဖေဖေကျေးဇူးနဲ့ ကိုးလလွယ်ဆယ်လဖွားဆိုသော စကားအရ အသက်ကို စတေးခံသည့်ထိအောင်မွေးပေးသော မေမေကျေးဇူးသည်ကား လောကတွင် နိုင်းဆစရာလည်းမရှိပေ။
                       ကြွေးမြီဟောင်းဆပ်ပုံ .......ပုံပြင်
         ရှေးအခါက ဘုရားလောင်းကျေးမင်းသည် ကျေးအပေါင်းခြံရံလျက် လက်ပံတောတောင်ပေါ်တွင် မိဘနှစ်ပါးကိုလုပ်ကျွေးနေ၏။တစ်နေ့သောအခါ ကျေးအပေါင်းနဲ့ ပုဏ္ဏားလယ်မှ မှည့်ဝင်းနေသော သလေးစပါးများကိုစားသောက်ကြ၏။စားသောက်ပြီး ကျေးမင်းသည် သလေးစပါးများကို ကိုက်ချီယူသွား၏။နောက်တစ်နေ့လည်း လာရောက်စားသောက်ကြ၏။ထိုအခါ ပုဏ္ဏားသည် သလေးစပါးကိုက်ချီယူသွားသော ကျေးမင်းကို ကျော့ကွင်းထောင်ထား၏။နောက်တစ်နေ့ကျောကွင်းတွင် မိလေ၏။ပုဏ္ဏားအကျိုးအကြောင်းမေးမြန်၏။
ပုဏ္ဏား။    ။““အသင်ကျေး အသင်ကျေးသည် အခြားကျေးများနှင့်မတူ သလေးစပါးစားပြီးတိုင်း သလေးစပါးကို ကိုက်ချီသွားသည်။““
ကျေးမင်း။    ။အသင်ပုဏ္ဏား ၁။(ကြွေးမြီဟောင်းကိုလည်းဆပ်ရ၏)၂။(ကြွေးမြီသစ်ကိုလည်း ချရ၏။)၃။(ရွှေအိုးကိုလည်း မြုပ်နှံရ၏။
                အဓိပ္ပါယ်ဖွင့်ဆိုရန် ပုဏ္ဏားကတောင်းဆို၏။
ကျေးမင်း။     ။၁။ကြွေးမြီဟောင်းကို ဆပ်ရခြင်းမှာ(အရွယ်လွန်နေသော နှစ်ပါးမိဘကိုလုပ်ကျွေးခြင်းဖြစ်သည်။)
                 ၂။ကြွေးမြီသစ်ကိုချခြင်းမှာ(သားသမီးကို လုပ်ကျွေးခြင်းဖြစ်သည်။)
                 ၃။ရွှေအိုးကိုမြုပ်နှံခြင်းမှာ(ကုသိုလ်ရချင်လို့ ကျေးအိုများကိုလုပ်ကျွေးခြင်းဖြစ်သည်။)
 ထိုအခါမှ ပုဏ္ဏားလွန်စွာနှစ်သက်ပြီး မိမိသလေးစပါးခင်းကို လာရောက်စားသောက်ရန် ဖိတ်ကြားလေသည်။ပြီးနောက် နှောင်ကြိုးမှ လွတ်ပေးပြီး မိဘရှိရာသို့ ပြန်သွားလေသည်။
မိဘကို လုပ်ကျွေးခြင်းသည်မွန်မြတ်သော အလုပ်ဖြစ်သည်။မိဘကို လုပ်ကျွေးသူတွင် ရန်သူမရှိ။ဘေးအန္တရာယ်မှလည်း လွတ်မြောက်နိုင်သည်။
 မိဘဆိုတာ သားသမီးအပေါ်ထားရှိခဲ့သော ဥယျာဉ်
  လူကောင်းသူကောင်းမှန်လျှင် မိဘကျေးဇူးဆပ်သင့်ပေသည်။
'' တစ်ဖက်သတ်အချစ်ကို ပျက်ရယ်မပြုပါနဲ့ ကိုကိုရယ် "
$
0
0
                            တစ်ဖက်သတ်အချစ်က ဘာဖြစ်လို့များရင်မောစေရတာလဲရှင်....။ ကြွေရုပ်ကပဲအချစ်ရေးမှာ ကံမကောင်းတာလား။ ဒါမှမဟုတ် ဖူးစာရေးနတ်မင်းကြီးကပဲ ကြွေရုပ်အတွက်ဖူးစာရှင် မှားရေးခဲ့မိတာလား မသိတော့ပါဘူး။
                       တစ်ဖက်သတ်အချစ်ကပူလောင်လွန်းတယ်ဆိုတာ ကြွေရုပ်လေ တကယ်ကိုမသိခဲ့ဘူး။ လက်တွေ့ခံစားမိတော့မှ ကြွေရုပ် နှလုံးသားတွေနာကျင်လိုက်တာနော်။ ကြွေရုပ်ဘ၀မှာအပျော်ဆုံးအချိန်တွေက ကိုကိုနဲ့တွေ့ဆုံတဲ့အချိန်တွေပေါ့။ ကိုကိုက အိနြွေကြီးတစ်ခွဲသားနဲ့ ကြွေရုပ်ကိုဆိုသိပ်ဟောက်တာပဲ။ ကိုကိုအဲ့လို ကြွေရုပ်ကို ဆူနေ၊ဟောက်နေ အချိန်မှာတောင် ကြွေရုပ် မျက်လုံးထဲမှာ ကိုကိုသိပ်ချောတာပဲလေ။
                         ကိုကိုက ကြွေရုပ်အိမ်နံဘေးနားမှာ ပြောင်းလာခဲ့တာသိပ်မကြာသေးဘူးလေ။ ကိုကို့ကို မြင်မြင်ချင်း ကြွေရုပ်ချစ်မိသွားတာဆို လွန်နေမလား။ ဟင့်အင်း မဟုတ်ဘူး. မြင်မြင်ချင်း ကြွေရုပ်နှလုံးသားကို ကိုကိုခိုးယူသွားတာ။ ကြွေရုပ်ရဲ့ဘ၀မှာ အချစ်ဆိုတာကိုနားလည်မလည်ခဲ့ဘူး။ အချစ်ဆိုတာကိုမထိတွေ့မိဖူးခဲ့ဘူး။ ကြွေရုပ်ရဲ့အချစ်က ဖြူစင်ပါတယ်ကိုကိုရယ်။ ကလေးတစ်ယောက်လို ဖြူဖြူစင်စင် ချစ်မိသွားတာပါ။
                         ကိုကိုက အရမ်းချောတယ်။ မျက်ခုံးကထူထူနဲ့ မျက်လုံးကလဲစူးစူးရှရှကြီးနဲ့များ ကြွေရုပ်ကို စူးစိုက်ကြည့်နေရင် ကြွေရုပ်ရင်တွေပေါက်ထွက်မတတ်ပါပဲလေ။ အပြုံးဆို အင်မတန်ပြုံးခဲတဲ့ ကိုကိုပါ။ ကိုကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတာကို တွေ့လိုက်ရရင် ကြွေရုပ်နေရာမှာတင် အတိတ်မေ့နေသလိုပါပဲလေ။ ကြွေရုပ် ကိုကို့ကို ဘယ်လိုရူးသွပ်မိမှန်းမသိအောင် ရူးသွပ်မိနေတာပါ ကိုကိုရယ်။ ကြွေရုပ်ကို ကိုကိုဘယ်လောက်ထိစိုးမိုးလဲ ဆိုရင် အိပ်နေရင်တောင် အိပ်မက်ထဲမှာ ညတိုင်းကိုကိုက စိုးမိုးထားတာလေ။ ကြွေရုပ် အပိုစကားတွေမဆိုတတ်ပါဘူးကိုကိုရယ်။
                         ကိုကိုက စာသိပ်တော်တယ်။ ကြွေရုပ်က တစ်အိမ်လုံးဝိုင်းအလိုလိုက်ထားလို့ စာတောင်မကျက်ချင်တဲ့ လူဆိုးမလေးလေ။ အဲ့ဒီတော့ ဖေဖေနဲ့မေမေက စာသိပ်တော်တဲ့ ကိုကို့ကို ကြွေရုပ်အတွက် ဂိုက် လုပ်ခိုင်းရောလေ။ ခစ်ခစ် ၀မ်းသာလိုက်တာများ အဲ့ဒီသတင်းကြားတုန်းက ဆွေ့ဆွေ့ကို ခုန်လို့ပေါ့။ နေ့တိုင်းခိုးကြည့်နေရတဲ့ ကိုကို့ကို အခုတော့ တစ်ဝကြီးငေးကြည့်ခွင့်ရတော့မယ်လေ။ ကြွေရုပ်ဝမ်းသာလိုက်တာ ကိုကိုရယ်...။
                       ကြွေရုပ်အတွက်တော့ ကိုကို့နှုတ်ခမ်းဖျားကဖွင့်ကျလာတဲ့ စကားခွန်းတိုင်းက သံစဉ်ချိုလေးတွေပါပဲ။ သာယာငြိမ့်ညောင်းတဲ့ စမ်းချောင်းလေးထဲရောက်နေသလိုပဲ ။ ကိုကိုက သီချင်းဆိုသိပ်တော်တယ် သိလား။ ကြွေရုပ် အတင်းပူဆာပြီဆို ကိုကိုက သီချင်းဆိုပြတယ်။ ကြွေရုပ်ပူဆာပြီဆိုရင် ကိုကိုက ကြွေရုပ် ခေါင်းလေးကို အုပ်ကိုင်ပြီး မင်းသိပ်ဆိုးတယ်နော် တဲ့လေ။ ကြွေရုပ်အတွက် ကိုကိုက ဘာဖြစ်လို့များ အဲ့လောက်တောင် မြတ်နိုးဖို့ကောင်းနေမှန်းမသိတော့ပါဘူးလေ။
                     ကိုကို ဘယ်လိုနေနေ ကြွေရုပ်ချစ်တယ်။ ကိုကို ဘယ်လိုဆူဆူ ကြွေရုပ်ချစ်တယ်။ ကိုကိုအမြဲတမ်းပြောနေတဲ့ စကားခွန်းတွေကို ကြွေရုပ်မုန်းလိုက်တာနော်။ မင်းက ကိုကို့ညီမလေးပါတဲ့လေ
။ ဟင့်အင်းမဟုတ်ဘူး ကြွေရုပ်က ကိုကို့ညီမလေးမဖြစ်ချင်ပါဘူး။ ကြွေရုပ်ဖြစ်ချင်တာ ကိုကို့နှလုံးသားရဲ့မဟေသီပဲဖြစ်ချင်တာလေ။ ကြွေရုပ် ကိုဘာ့ကြောင့် ရက်စက်ရက်တာလဲ ကိုကိုရယ်။ ကြွေရုပ် အသည်းတွေကြေကွဲရပြီသိရဲ့လား။ ကြွေရုပ်ဖြစ်ခွင့်ရချင်တာ ကိုကိုသိပ်ချစ်မြတ်နိုးရတဲ့ချစ်သူတစ်ယောက်ပါ ကိုကိုရယ်။ ကြွေရုပ်ကိုမရက်စက်ပါနဲ့နော်။ ကြွေရုပ် အသည်းကိုမခွဲပါနဲ့ ကိုကိုရယ်။ ကြွေရုပ် အသည်းကိုမခွဲပါနဲ့နော် ။
သူခိုးကြီးည နောက်ဆက်တွဲ
$
0
0
ခုလို တန်ဆောင်တိုင်လပြည့်နေ့ ရောက်လာရင် လပြည့်ကျော် ( ၁ ) ရက်ဆိုတဲ့ သူခိုးကြီးည ညလေးတစ်ညရဲ့ အဖြစ်ပျက်လေးကို မှတ်မိနေတုန်းပဲဗျာ..ဟိုး...လွန်ခဲ့တဲ့ ( ၁၀ ) နှစ်လောက်တုန်းကပေါ့၊ ကျနော်တို့  သူငယ်ချင်းတစ်စု ခုလို သူခိုးကြီးည မရောက်ခင် လပြည့်နေ့ ညမှာ ပျော်ကြပါးကြနဲ့  မနက်ဖြန်တွက်လုပ်ကြမယ့် အစီစဉ်တွက် တိုင်ပင်ကြပေါ့..လမ်းထဲမှာ သမီးမိန်းကလေးတွေကြီး ရှိတဲ့အိမ်ရှေ့မှာ သမက်အလိုရှိသည် သွားပါဖို့ မလို ကားပါဖို့ လိုသည်၊ နောက် မြန်မာဆေးတွေရောင်းတဲ့ဆိုင်ရှေ့ လိပ်ခေါင်းအထူးကုသည်၊လူပျိုကြီးအိမ်ရှေ့မှာ စောတင်မောင်နဲ့ ဗိုက်လေးပုံ အဲ့လို စာတွေရေးပုံတွေဆွဲနဲ့  မနက်ဖြန်လုပ်ကြမယ့် စီမံကိန်းအတွက် ရယ်ကြ ၊ဘယ်အိမ်ကို ဘယ်လိုရေးမယ် အကြံပေးကြ ငြင်းကြ ခုန်ကြနဲ့  ပျော်ကြတာပေါ့...ကျနော်တို့ အပျော်တွေနဲ့ အတူ အဲ့ညကိုကျော်လွန်ပြီး နောက်နေ့  သူခိုးကြီးညကို ရောက်လာရောပေါ့....
သူခိုးကြီးည ဒီညလေးမှာ သူငယ်ချင်းတွေ ထမင်းစုချက်စားကြတာ တကယ်ကိုပျော်စရာပေါ့ဗျာ...ညနက် လူခြေ တိတ်ချိန်လည်းရောက်ရော ကျနော်တို့  သူငယ်ချင်း တစ်စု မနေ့ က အကွက်ချ ကြိုတင်စီစဉ်ထားခဲ့သလို အိမ်တိုင်းစာတွေ ကပ် ၊ တံတားရွေ့ တောင်းတွေရွေ့  ၊ လမ်းဘေးက အုန်းတုံးတွေကို မပြီး လမ်းတွေကိုပိတ် နဲ့ ပေါ့..အိမ်ရှင်တွေနိုးလာရင် ပြေးကြလွှားကြ နဲ့ တကယ့်ကို စိန်ပြေးတမ်း ကစားနေကြသလိုပဲ ပျော်နေကြတာ..အဲ့လိုနဲ့  မိုးလင်းခါနီးရောက်တော့ လူစုခွဲပြီး ကိုယ့်အိမ်ကိုပြန်အိပ်ကြတာပေါ့....
မနက် နေထွက်တော့ အိပ်ယာထဲကနေ အသံတွေကြားနေရတယ် ၊ အရင်နှစ်တွေကလို ရယ်ကြ ပြောကြနဲ့ အသံတွေမဟုတ်ပဲ စိတ်မကောင်းစရာ အသံမျိုးကြားလိုက်ရတယ်။စိတ်ထဲ သိချင်လာတာနဲ့  အိပ်ယာက ထလို ဘာဖြစ်တာလည်းလို့  အမေ့ကို စုံစမ်းသလိုမေးတော့ ညက လူငယ်တွေ တံတားတွေကို ကားလမ်းပေါ်တင်ထားတာ ကားတစ်စီးက မနက်အာရုံတက်လောက်မှာ အဲ့လမ်းပေါ်တင်ထားတဲ့ တံတားနဲ့ အုန်းတုံးကို မမြင်ပဲ ဝင်တိုက်လိုက်တာ ကားက လမ်းဘေး ချောက်ထဲကြပြီး ကားပေါ်ပါလာတဲ့ လူ ၂ ယောက်သေ သွားတယ်။ အရမ်းကို စိတ်မကောင်းစရာ အဖြစ်ဆုံးက ကားပေါ်မှာ အသက်မသေပဲ ကျန်ခဲ့တာ ၂ နှစ်အရွယ် ကလေးငယ်လေး က သေသွားတဲ့ အသက်မဲ့နေတဲ့ သူ့ အဖေနဲ့ အမေကို ဖက်ပြီးငိုနေတာ သနားစရာ သားရယ်ဆိုတဲ့ အမေ့ရဲ့ ပြောလာတဲ့ စကားဟာ ကျနော့ ရင်ကို မီးစနဲ့ ထိုးသလို ခံစားလိုက်ရတယ်ဗျာ..
ကိုယ်တွေ ခဏတာ ပျော်ရွင်ဖို့ အတွက် ဒီကလေးငယ်လေးရဲ့  ဘဝကြီးတစ်ခုလုံး ပေးဆပ်လိုက်ရတာ တန်ရဲ့ လား..အဲ့ကလေးငယ်နေရာမှာ ကိုယ်ဆိုရင်ရော ဆိုတဲ့ အတွေးလေးက နောက်နှစ် နောက်နှစ်တွေမှာ ကျနော်တို့  သူငယ်ချင်းတစ်စု သူခိုးကြီးညဆို လမ်းမပေါ်မှာ မိုးလင်းပေါက်ရှိခဲ့ပါတယ် ။ နောင်တက်လာတဲ့ ညီငယ်တွေကို ကိုယ့်လို အပျော်မလွန်ကြဖို့ နဲ့  မသိတဲ့သူ က လမ်းမပေါ် ပိတ်ထားမယ့် ဘယ်အရာ ဝတ္တုကိုမဆို ကျနော်တို့  မှားခဲ့တဲ့ သင်ခန်းစာလို နောက်မဖြစ်အောင် သူငယ်ချင်းတစ်စု လမ်းထိပ်က ကားလမ်းပေါ် တလျှောက် ကားတွေ ဘေးမသီ အောင် မှားခဲ့တဲ့ အမှားတစ်ခုတွက် နှစ်တိုင်းပေးဆပ်ခဲ့တာ ပြည်ပမထွက်လာခင်ထိပါပဲ..ဒါတကယ်ဖြစ်ခဲ့တာပါ .အဲ့ကြောင့် မနက်ဖြန်မှာရောက်မယ့် သူခိုးကြီးည မှာ ညီငယ်တွေလည်း ကိုယ့်အပျော်လေးတစ်ခုတွက် သူတစ်ပါး ဘဝ တစ်ခုလုံးမပျက်ရအောင် အပျော်မလွန်ကြူးမိဖို့  .....
လွမ်းရင်ပြန်လာပါ........
$
0
0
                           တည်ငြိမ်သင့်ဖို့    အချိန်တွေက   လုံလောက်နေပေမယ့်   ချစ်သူ  (သူမ)  နဲ့   ပတ်သက်တိုင်း  ... အတွေးတွေက   ယောက်ယက်ခက်နေဆဲ...    ဘယ်လိုကြောင်းအရာတွေကမှ     သူ့   စိတ်ကို  တည်ငြိမ်  ငြိမ်းချမ်းအောင်      မစွမ်းဆောင်နိုင်သေး....။
                           စီးကရတ်   မီးခိုးလေးတွေကို    ငေးကြည့်ရင်း    အတိတ်မှာ  ကျကျန်ခဲ့တဲ့   နေ့ ရက်လေးတွေကို  စဉ်းစားနေမိသည်။  လွန်ခဲ့သော     လေးနှစ်ကျော်ဆိုတာ      တော်တော်လေးတောင်ကြာပြီပဲ   ....    သို့ သော်လည်း   သူ့   အတွက် မနေ့ တနေ့ ကလို......
                            သူ့    ဘဝမှာ     သည်းထန်စွာ     ရင်ကွဲမတက်   ငိုကြွေးခဲ့ဖူးသည်။      ချစ်သူ၏  စကားသံတွေကို   ခုလို   လမင်းကြီး    ကောင်းကင်ပေါ်  နေရာယူထားတုန်း   ညယံတွေထဲကြားယောင်မိပြန်သည်။                                                                "  မောင်   "အသဲ  "  တနေ့ နေ့ တော့    မောင်ရင်ခွင်ဆီဘယ်တော့မှ     မပြောင်းလဲတဲ့    အချစ်တွေနဲ့အတူတူ   ပြနါလာခဲ့မှာပါ   ....      ... အရာရာအားလုံး  ပြီးပြည့်စုံမယ့်နေ့ ရက်တစ်ခုကို    မျှော်လင့်နေပါ    မောင်.......    "    အနာဂတ်နေ့ တွေအတွက်    ခွန်အားသစ်တွေဖြစ်ပေါ်စေတဲ့     ချစ်သူ၏    စကားလေးကို       မျက်ရည်တွေကြား   ခေါင်းငြိမ့်ပြရုံကလွဲလို့        စကားတွေက    ရင်ဘက်ထဲတွင်       ဆို့ နစ်နေသည်....။
                           "    မောင်ကို......      နှုတ်မဆက်ခဲ့ပါနဲ့ နော်    ။     နှုတ်ဆက်ခြင်းက   ခွဲခွာခြင်းမို့     တကယ်ပဲ...ရင်ကွဲရလိမ့်မယ် "အသဲ"   ရယ်........     လို့           ကြေကွဲသံတွေနဲ့     သူ     ပြောတော့      သူ့ စိတ်အရာအားလုံးကို   သိ.....နားလည်သောချစ်သူက  (GOOD  BYE)ဟု   မပြောခဲ့ပါ....။  
                         လေယဉ်ထွက်ခွာဖို့ ကြေညာချိန်မှာ    သူတို့     ချစ်သူနှစ်ဦး     တစ်ယောက်    လကိကိုတစ်ယေ.ာက်  တင်းကျပ်စွာ   ကိုင်ထားမိကြသည်။    တစ်စက္ကန့်    ဆိုသော   အချိန်လေးကလည်း   အရမ်း  (အရမ်း)    ကို     သူတို့ အတွက်    တန်ဖိုးရှိလှသည်။       နောက်ထပ်အကြိမ်      ကြေညာချိန်မှာတော့     တင်းကျပ်စွာ   ကိုင်ထားတဲ့     လက်အစုံကို    ဖြေလျော့ပေးချိန် .. "ဟင်......."    ဆိုပြီး  အလန့်တကြား   အိပ်မက်ကလန့်နိုးလာသူတစ်ယောက်လို    ချစ်သူက     သူ၏      မျက်နှာကို  မော့ကြည့်သည်။
                       အဲဒီမျက်ဝန်းတစ်စုံကို      အချိန်တွေအရမ်းကြာသွားခဲ့လည်း     ဘယ်လိုမှ    မေ့ ဖျောက်ပစ်လို့ မရ...............
                         ကမ္ဘာတစ်ခြမ်းကို     ဝေဟင်ကနေ    အပြီးတိုင်စီးလိုက်သွားတော့မဲ့  ချစ်သူက......      လက်ဆွဲအိတ်ကို   ပြင်ဆင်နေပြီ     ...       ကြေကွဲစရာ     မြင်ကွင်းတစ်ခုကို  နှစ်ဖက်  သူငယ်ချင်းတွေက     မျက်နှာလွှဲနေကြသည်...။
                        ခွဲခွာဖို့        ခြေလှမ်းတွေ    မစတင်မိ   ချစ်သူက  ......... I  LOVE     မောင်.....       မောင့်အနာဂတ်   နေ့ ရက်တွေကို     ထာဝရဘုရားသခင်က  ကောင်းချီးပေးပါစေ........တဲ့   ။
 တိုးတိတ်စွာ      ပျောက်ကွယ်သွားတော့မဲ့      ချစ်သူ၏    ခြေလှမ်းသံတွေကို      သူ........    မကြားရဲ....    
                    ပဲ့တင်သံတွေ    ထွက်နေသည့်       ချစ်သူ၏    စကားသံလေးများနှင့်   ငိုရှိုက်သံတွေကို      သူ့ နှလုံးသားမှာ     ယနေ့ ထက်တိုင်ကြည်ဖြူစွာ    လက်ခံထားမိဆဲ..........  ချစ်သူကို   လက်ပြနှုတ်ဆက်နေသော   သူ၏       ရင်ထဲမှာ    ကမ္ဘာပျက်နေသည်။    ....   "ကောင်းကင်ပေါ်မှာ     မင်ုပါနဲ့  "အသဲ"  ရယ်......လို့        အရူးတစ်ယောက်ကို     သူ    ရေရွတ်နေသော်လည်း     ချစ်သူက   ကြားနိုင်မည်   မထင်..........။
                   လေယဉ်ကြီးပျံတက်သွားချိန်   သူ........   အရူးကြီးတစ်ယေ.ာက်လို"အသဲ"     ဟု     အသံကုန်  အကျယ်ကြီး  ဟစ်အော်မိသည်..။     "မောင်....   ရင်တွေကွဲတော့မယ်    "အသဲ" ရယ်............
                   မျက်ရည်ပြည့်လျှံနေသောမျက်လုံးအစုံကြား   လေယဉ်ကြီး   ပျောက်ကွယ်သွားချိန်....    သူ...(သူလည်း)     ချစ်သူနှစ်သက်သော     ဘာဘီအရုပ်ကြီးလို     အသက်ရှုသံတွေရပ်ချင်နေပြီ.............။
                   ချစ်သူမရှိသောညတွေက    အထီးကျန်ဆန်လီန်းလှသည်...။     အိပ်မပျော်သော  ညတွေမှာ    မျက်ရည်တွေနှင့်     ရမ်းယောင်   တမ်းတမိတာလည်း  ချစ်သူ၏      နာမည်.......
                                 ဆက်ရန်..................
မျှဝေပေးတယ်ဆိုတာ....ကိုယ်ချင်းစာတယ်ဆိုတာ
$
0
0
*ရေခဲမုန့် ဘယ်လောက်လဲ။
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။
ဈေးရောင်းနေတဲ့ကောင် လေးက စိတ်မရှည်သလိုပြောလိုက်တယ်။
ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်
လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့
အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။
ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။ ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေ
ကျွန် မ အကဲဖြတ်နေမိတယ် ။
ရေခဲမုန့်ရောင်းတဲ့
ကောင် လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက်
အရောင်းအဝယ်ကတည့်သွားပါတယ်။
ကောင် လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။
ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။
ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ ငါတို့ကစားနေချိန်မှာ
မင်းက ဈေးရောင်းနေရတော့ ငါ ကိုယ်ချင်းစာပါတယ်။ငါရတဲ့ မုန့်ဖိုးကို
တခုခုမဝယ်စားရင် လည်း အမေက ငါ့ကိုဆူလိမ့်မယ်။ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။မင်းလည်း 200 ဖိုးလောက်
ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့
ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်းကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………………………
ချစ်ဦးမောင် အသဲကွဲတဲ့ နေ့တစ်နေ့
$
0
0
ဟုတ်တယ်...အဲ့ဒီနေ့ညက ချစ်ဦးမောင်ဆိုတဲ့ လူတစ်ယောက် အချစ်အကြောင်းတောင် မသိသေးဘူး အသဲကွဲတာခံလိုက်ရတယ်။ဘာဖြစ်လို့လဲဆိုတော ချစ်ဦးမောင် တိတ်တခိုးနဲ့ ချစ်နေတဲ့ ကောင်မလေးက နောက်တစ်ယောက်နဲ့ တွဲနေတာမြင်လိုက်ရလို့ နှလုးံအိမ်ပြုတ်ကျသွားသလိုခံစားလိုက်ရတယ်။အမှန်အကန်တော့ ချစ်ဦးမောင် အဲ့ဒီကောင်မလေးကို တိတ်တခိုးနဲ့ချစ်နေတာ ပေးဆပ်ခွင့်နဲ့ရင်းနှီးမူ့တောင်မရှိသေးဘူး။
        ခံစားချက်နဲ့နှလုးံသားတို့ဖြစ်ပေါ်လာတတ်ရင်  ရင်ထဲမှာသိမ်းဆည်းမထားနိုင်ဘဲ အနီးဆုးံလူ သူငယ်ချင်းးကို ရင်ဖွင့်ပြောပြသည်။(သို့မဟုတ်)ကိုယ်ချစ်တဲ့မိန်းခလေးကို ရင်ဖွင့်ကြသည်။(သို့မဟုတ်)ကိုယ်ချစ်တဲ့ မိန်းခလေးကို ဖွင့်မပြောဝံ့ရင် ဗလာစာအုပ်ကို အချစ်ဒိုင်ယာရီစာအုပ် တီထွင်ပြီးခံစားချက်တို့ကို ရေးသားကြသည်။
         မိုးပေါက်ကျဖန်များလာလို့ ပြည့်လျှံလာတဲ့ အင်းအိုင်လေးတွေလိုပါပဲ အဲ့ဒီကောင်မလေးနဲ့ တွေ့ဖန်များလာတော့ တစ်နေ့ထက်တစ်နေ့ သံယောစဉ်ပိုနေခဲ့တယ်။
        လေတိုက်ပြီး ယိမ်းနွဲ့နေတဲ့ သစ်ပင်လေးတွေလိုပါပဲ ကျွန်တော့် နှလုးံသားလည်း ကောင်မလေးနဲ့တွေ့တိုင်း တဒုန်ဒုန်လှုပ်ခတ်နေတယ်။ကြာလေ ကောင်မလေးအလှကို ကြည့်တတ်လာလေ နှလုးံသားနဲ့ အရာအားလုးံကိုအလှမြင်လေပဲ။
       စပါးကြီးမြွေက လူကိုညို့တတ်သေးသည်မဟုတ် ကြည်ပြာရီဝေသောမျက်ဝန်းတစ်စုံနဲ့ ကောင်မလေးလည်း ကျွန်တော့်ကိုညို့တတ်သေးသည်။
       တွေ့ခဏမြင်ခဏမို့ ကောင်မလေးအလှပေါ်မှာ သတိမေ့လျော့မိတာလည်းအခါခါ။နတ်မိမယ် တစ်ပါးလို ပါးကွက်ကျားနဲ့ဆံကေသာကို လွင့်မျောထားပြီး အိနြေ္ဒကိုထိန်းထားတယ်။အလှဘုရင်မလို့ တင်စားလိုက်ရင် ပန်းထဲမှာသခင်မလည်းဖြစ်နိုင်တယ်။
ကျွန်တော် ကောင်မလေးနာမည်တောင်မသိသေးဘူး နီးစပ်ခွင့်လေးရအောင် ကြိုးစားနေတုန်းမှာ အသဲကွဲတာခံလိုက်ရတယ်။
စာရှု့သူများ အနေဖြင့် ချစ်ဦးမောင်၏ အသဲကွဲတဲ့ နေ့တစ်နေ့ကို မျှဝေခံစား နည်းလည်ပေးစေချင်တယ်။
သံသရာ ချစ်သူ
$
0
0
အခန်း(၁)
ဒီနေ့ည မိုးတွေအရမ်းသည်းနေသည်။ ကျွန်မကတော့ ဝတ္ထုရေးနေစဉ်......
''ဘယ်ဆီကိုမင်းရောက်နေလဲ ဘယ်သူနဲ့မင်းရှိနေလဲ'' ကျွန်မဖုန်းလာနေသည်။ နာရီကိုကြည့်လိုက်သောအခါ ၁၂နာရ်ီထိုးနေပြီ။  “ဟုတ်ကဲ့ ပြောပါရှင်”                                                                                                                           “အခုပြောနေတာ စာရေးဆရာမ မူယာချို ဟုတ်ပါသလား”
“ဟုတ်ပါတယ် အခုပြောနေတာ ဘယ်သူပါလဲ”                                                                                                “ကျွန်တော်က ချိုပရိသတ်ပါ”                                                                                                     “ကျွန်မကိုချိုလို့ခေါ်လိုက်တယ်နော် ဘယ်သူ့ခွင့်ပြုချက်ရလို့လဲ”                                                                                       “ကျွန်တော်အကျင့်တခုပါ လူတယောက်ရဲ့နာမည်ကို အဖျားဆွတ်ခေါ်ရတာ နှစ်သက်လို့ပါ ကျွန်တော်အကျင့်ကို ပြင်ခိုင်းဖို့မကြိုးစားနဲ့နော်”   “ရှင်ကအလာကြီးပါလား ဟုတ်ပါပြီ ကျွန်မပရိသတ်ဆိုတော့လည်း နားလည်ပေးရမှာပေါ့ ဒါနဲ့ရှင့်နာမည်က...”             “ကျွန်တော်နာမည်က သန်းခေါင်ယံပါ”
“ဟာ ရှင့်နာမည်ကတစ်မျိုးပဲနော် ဒါနဲ့ရှင်ကဘာကိစ္စရှိလို့ အချိန်မတော်ကြီး ကျွန်မဆီဖုန်းဆက်ရတာလဲ”
“ရှိတာပေါ့ ချို နောက်ဖေးမှာရေနွေးအိုးတည်ထားတာ ဆူနေတာကြာပြီ မီးဖိုးဘေးတွေတောင်ဖိတ်ကုန်ပြီ မြန်မြန်သွားပိတ်လိုက်ဦး”  “ရှင်.....ရှင်ဒါတွေဘယ်လိုသိလဲ ခဏကိုင်ထားဦး ကျွန်မသွားပိတ်လိုက်ဦးမယ်.....”
ကျွန်မနောက်ဖေးရောက်သောအခါ သူပြောသည့်အတိုင်းပဲ ကျွန်မသိပ်ကိုအံ့သြသွားသည်။ ကျွန်မကဝတ္ထုရေးရင်း Black Coffee တစ်ခွက်သောက်နေကြလေ ရေနွေးကုန်နေသောကြောင့်တည်ထားရာဝတ္ထုထဲဈာန်ဝင်နေသောကြောင့်မေ့သွားသည်။ အိမ်မှာကကျွန်မတစ်ယောက်ထဲနေပါသည်။ ကျွန်မသတိရသွားပြီး ဖုန်းဆီအမြန်သွားပြီး….                                                            “ဟယ်လို ဟယ်လို တီတီ...တီတီ ဆိုတာပဲ ကျွန်မကြားလိုက်ရတယ် ကျွန်မဘာမှတောင်မမေးလိုက်ရဘူး”  ဒီနေ့ညသည် ကျွန်မအတွက်အံ့သြမှုပေါင်းများစွာနဲ့ပေါ့.....
သံသရာ ချစ်သူ
$
0
0
အခန်း(၂)
၁၂နာရီထိုးခါနီးပြီ။ သန်းခေါင်ယံများဆက်မလားလို့ စောင့်နေမိသည်။ သည်ချိန်မှာပင် ကျွန်မဖုန်းထမြည်တော့သည်။
“ဟယ်လို ဟယ်လို သန်းခေါင်ယံလား ကျွန်မစိတ်တွေအရမ်းလောနေတယ် ရေနွေးအိုးကိစ္စကိုအရမ်းသိချင်နေပြီ”
“ဟုတ်ပါတယ်ဗျ ဘာလို့အဲ့လောက်တောင် အရေးတကြီးဖြစ်နေတာလဲ”
“အော် ဖြစ်ရမှာပေါ့ မနေ့ကဘာလို့ဖုန်းချသွားလဲ ကျွန်မမေးတာလဲမဖြေဘူး”                                                   “ဘာမေးမလို့လဲ မေးလေ”
“မနေ့က ကျွန်မရေနွေးအိုးတည်ထားတာ ရှင်ဘယ်လိုသိလဲ”                                                                                           “ဟားဟား အော် ဒါလား ကျွန်တော်မှာနတ်မျက်စိရှိတယ်လေ”                                                                                             “ရှင်နော် ကျွန်မမေးတာကိုပြောင်သလိုလို နောက်သလိုလိုလုပ်မနေနဲ့”
“မလုပ်ပါဘူးဗျာ ကျွန်တော်တကယ်ပြောတာ”                                                                                                                  “တော်ပြီ ရှင်နဲ့မပြောတော့ဘူး ဖုန်းချလိုက်တော့မယ်”
“ဟေးးဟေးး ခဏနေပါဦး ချိုကလည်းစိတ်ကြီးပဲ ပြောစရာရှိလို့”
“ဘာလဲ ပြော” ကျွန်မစိတ်မရှည်သောအသံဖြင့်ပြန်ပြောလိုက်သည်။                                                                                       “ဒီနေ့ အလုပ်မှာအဆင်မပြေလာဘူးမလား စာမူသွားပေးတာလေ အဲ့ဒါကိုစိတ်တိုနေတာမလား အဲ့ဒါကိုများသူ့ဘာသူစိတ်တိုတာကို ကျွန်တော့်ကိုလာမဲနေတယ်”
“ဟာ ရှင်ဒါလဲသိပြန်ပြီလား ရှင်ကျွန်မနောက်ကလိုက်ချောင်းနေတာလား”                                                                            “မဟုတ်ပါဘူးဗျာ ကျွန်တော့်နတ်မျက်စိနဲ့ကြည့်လိုက်တာလေ”                                                                                  “လာပြန်ပြီ ဒီနတ်မျက်စိ ရှင်ကတော်တော်မလွယ်တဲ့လူပဲ”
“လွယ်ပါတယ်ဗျာ နောက်ခါအလုပ်သွားရင်အဆင်ပြေအောင် ဘုရားရှိခိုးပြီးမှသွား ဒီနေ့ရှိခိုးသွားဖို့မေ့သွားတယ်မလား နောက်ရက်တွေမမေ့စေနဲ့နော်”                                                                                       “ဟာ ရှင်ကတော့တကယ်ပဲ ကျွန်မမေးလဲနတ်မျက်စိပဲပြောမှာပဲ မမေးတာပဲကောင်းတယ် ဟုတ်ကဲ့ပါဆရာကြီးရယ် ကျမနောက်ခါမမေ့တော့ပါဘူး”                                                                                                                           “ဒီလိုဆိုတော့လဲ ချိုကလိမ္မာသားပဲ”
“ဒါနဲ့နေပါဦး ရှင်ကဘယ်မှာနေတာလဲ ဘာအလုပ်လုပ်လဲ ကျွန်မစကားအဆုံးမှာပဲ တီတီ...တီတီ
ဟင်းးးးးးဒီနေ့လဲဖုန်းချသွားပြန်ပြီ”                                                                                                                  ကျွန်မအတွက်တော့ တခါမှမကြုံဖူးသည့် အံ့သြမှုတွေပါပဲ........
ဒီနေ့ကျွန်မပင်ပန်းလွန်းလို့ စာရေးရင်းအိပ်ပျော်သွားသည်....
''ဘယ်ဆီကိုမင်းရောက်နေလဲ'' ဖုန်းလာသံကြားတော့ ကျွန်မလန့်နိုးသွားသည်                                                           “ဟယ်လို”“ဘာလို့အိပ်နေတာလဲ မနက်ဖြန်စာမူပေးဖို့ ဒီနေ့အပြီးရေးရမှာမို့လား”
“ထုံးစံအတိုင်းသူကသိနေပြန်ပြီလေ အင်း ဟုတ်တယ် တအားပင်ပန်းပြီးခဏအိပ်ပျော်သွားတာ ရှင်ဖုန်းဆက်မှနိုးသွားတာ တော်သေးတာပေါ့ ရှင်ဆက်လိုက်လို့ မဟုတ်ရင်ကျွန်မတော့ မနက်ဖြန်ဒုက္ခရောက်ပြီ”
“သိနေတယ်လေ ဟဲဟဲ”                                                                                                                                           “ရှင့်ကိုလေ ကျွန်မနားမလည်နိုင်တော့ဘူး မနေ့ကလဲကျွန်မမေးတာမဖြေပဲဖုန်းချသွားတယ်”
“အော် မဟုတ်ပါဘူး ဖုန်းလိုင်းပျက်သွားလို့ ဒါနဲ့ဒီနေ့အကျီင်္အဝါဝမ်းဆက်နဲ့အရမ်းလှတာပဲနော်”
“ရှင်ကဘယ်တုန်းကမြင်လိုက်တာလဲ”                                                                                                                           “မနက် ချို အပြင်သွားတုန်းကပေါ့ ကျွန်တော့်အိမ်ရှေ့ကဖြတ်သွားတာမြင်လိုက်တယ်”                                                                 “အော်ရှင်ကဘယ်မှာနေတာလဲ တီတီ...တီတီ ဟော်ချသွားပြန်ပြီ”
ကျွန်မရဲ့စိတ်ထဲကို အံ့သြမှုတွေနှင့်အတူ သန်းခေါင်ယံဝင်ရောက်လာခဲ့သည်.....
မနက်ဖြန်ကျွန်မမွေးနေ့လေ။ အိမ်တွင်ဘုန်းကြီးဆွမ်းကပ်မည်ဖြစ်သောကြောင့် ဘေးအိမ်ကအန်တီကြီးနှင့်ဟင်းချက်ရင်း အလုပ်ရှုပ်နေသည်။ အာရုံဆွမ်းဆိုဖြစ်သောကြောင့် ညကတည်းကချက်နှင့်ကြသည်။
“သမီးရေ ကြက်သားဟင်းတော့ကြက်ပြီ ချည်ပေါင်ကတော့လုံးထားလိုက်မယ်နော် မနက်မှချက်ကြတာပေါ့”                         ဘေးအိမ်မှအန်တီ ဟင်းချက်ရင်း ပြောလိုက်သောအခါ……
“ဟုတ်ကဲ့အန်တီ အဆင်ပြေသလိုသာလုပ်ပေးနော် ဒီမှာထောပတ်ထမင်း အချို အပေါ့လာမြည်းပါဦး”
“အေး အေး သမီးအတော်ပဲ ချလိုက်တော့ တော်ကြာပျော့သွားလိမ့်မယ်”
“ဟုတ် အန်တီ မိုးချုပ်နေပြီ မနက်လဲအစောကြီးထရမှာဆိုတော့ အန်တီအိမ်မှာပဲအိပ်လိုက်နော် အန်တီအတွက်သမီးဟိုဘက်ခန်းမှာ နေရာလုပ်ထားတယ်”                                                                                                  “အေးကွယ် အဲ့ဒါဆို အန်တီသွားအိပ်တော့မယ်နော်”
“ဟုတ်ကဲ့ ဖြေးဖြေးသွားနော် အန်တီ”  ကျွန်မဖုန်းမြည်လာပါသည်။                                                                 ''ဘယ်ဆီကိုမင်းရောက်နေလဲ''
“ဟယ်လို”                                                                                                                                                  “Happy Birthday Cho”                                                                                                                “အော် နှိုက်နှိုက်ချွတ်ချွတ်ကအစသိတဲ့ ရှင်ကကျွန်မမွေးနေ့သိတာမစမ်းပါဘူးလေ Thank You ပါရှင်”                                              “ဘယ်လိုလဲ ဟင်းတွေချက်ရတာမောနေပြီလား ကျွန်တော်ကိုရောမကျွေးချင်ဘူးလား”
“ရှင့်ကိုတော့ ကျွန်မလက်လန်တယ် ရှင်စားချင်ရင်အိမ်လာခဲ့လေ
ကျွန်မကဧည့်သည်တော့မဖိတ်ဘူး ဒါပေမယ့် ရှင်ကကျွန်မရဲ့အထူးဧည့်သည်ပေါ့”
“တကယ်လား လာမှာနော် ဒီကလာချင်နေတာကြာပေါ့ ဒီလိုအခွင့်ရေးမျိုးကိုစောင့်နေတာကြာပြီ”                                                  “တကယ်ပါရှင် ကျွန်မဖိတ်ပါတယ် လာခဲ့ပါ”                                                                                                   “ဒါနဲ့ဘယ်အချိန်လဲ”  “အာရုဏ်ဆိုတော့ ၅နာရီလောက်လာခဲ့လေ ကျွန်မအိမ်တော့ပြောဖို့မလိုဘူးလို့ ထင်တာပဲ”                                 “ok လေ ကျွန်တော်လာခဲ့မယ်”
“ကျွန်မစောင့်နေမယ်နော် ခုတော့ပင်ပန်းနေလို့အိပ်တော့မယ် ရှင်လဲစောစောအိပ်ဦး တော်ကြာမနက်မထနိုင်ပဲနေဦးမယ်”
“ကျွန်တော်ကတော့မနိုးမှာစိုးလို့ တစ်ညလုံးမအိပ်ပဲထိုင်စောင့်မယ် ချိုအိပ်တော့လေ Good Night ချို”
“ဟုတ်ပါပြီ Good Night ပါရှင်”                                                                                                                                   “သမီးရေ ဘုန်းဘုန်းကြွခါနီးပြီ အသီးတွေအဆင်သင့်လုပ်ထားတော့” အန်တီအသံကြားခိုက်တွင်ပင်……                                           “ဟုတ်ကဲ့ ပြီးပြီ အန်တီ”                                                                                                                                            “သမီး အရှေ့ထွက်စောင့်နေ ဘုန်းဘုန်းကြွတော့မယ်”
“ဟုတ် အန်တီရေ ဘုန်းဘုန်းကြွပြီ”                                                                                                                     “အေး အေး လာပြီ သမီး”
ကျွန်မနှင့်အန်တီနှစ်ယောက် တရားနာပါသည် ဆွမ်းကပ်ပြီး ဘုန်းဘုန်းပြန်ကြွသွားသည့်အထိပင် သန်းခေါင်ယံရောက်မလာပါ။ အလုပ်တွေရှုပ်နေသည့်ကြားက ကျွန်မစိတ်တွေသူ့ဆီရောက်နေခဲ့သည်
''ဘယ်ဆီကိုမင်းရောက်နေလဲ''   ဟော ဖုန်းလာနေပြီ သေဖို့သာပြင်တော့…….                                                                          “ဟယ်လို”
“sry ပါချိုရယ် ချိုမွေးနေ့ကိုလေ လာချင်လွန်းလို့ တစ်ညလုံးမအိပ်ပဲထိုင်စောင့်နေတာ မိုးလင်းခါနီးမှမှေးခနဲအိပ်ပျော်သွားတယ် တကယ်ပါကွာ တောင်းပန်ပါတယ် တကယ်မရည်ရွယ်ပါဘူးကွာ နော် နော် စိတ်ဆိုးနဲ့နော် လာချင်လွန်းလို့ဖြစ်သွားရတာပါ ခွင့်လွှတ်နော်”
ကျွန်မစိတ်ထဲနည်းနည်းတော့ ကျေနပ်သွားသည် သူကအပြောကောင်းတာကိုးးးး
“ရှင်ဟာလေ ဒီလောက်အပြောကောင်းတာ စာရေးဆရာလုပ်ပါလား”                                                               “ကျွန်တော်ကအပြောပဲကောင်းတာ စာမှမရေးတတ်တာ သင်ပေးပါလား”                                               “အပိုတွေလဲပြောတတ်တယ်နော်”
“မပိုပါဘူး လိုတောင်လိုသေး ဒါနဲ့ဒီနေ့ဘုရားသွားတာ အဆင်ပြေရဲ့လား စိတ်ဆိုးဆိုးနဲ့ကျွန်တော့်ကိုရော ဘုရားမှာတိုင်ခဲ့သေးလား”  “ဟင်းးးးလာမပြောနဲ့ ရှင်လုပ်လို့ ကျွန်မဒေါသတွေနဲ့ဘုရားရောက်သွားတာ”
“ဟိဟိ ထင်တော့ထင်သားပဲ”                                                                                                                                     “ရှင်နော် ဘယ်လိုဖြစ်နေလဲ စိတ်တိုလာပြီနော်”  ဖုန်းချလိုက်တော့မယ်
တီတီ....တီတီ ဟင်းးးးးကျွန်မတောင်မချရသေးဘူး သူကဦးအောင်ချသွားပြန်ပြီ ကျမကဒီနေ့တော့ စိတ်ထဲတနုပ်နုပ်နဲ့ပေါ့.......... 
သံသရာ ချစ်သူ
$
0
0
အခန်း(၃)
ကျွန်မထုံးစံအတိုင်း Black Coffee တစ်ခွက်နှင့်စာရေးဖြစ်သည်။ ၁၂နာရီထိုးပြီ ဖုန်းလဲမလာသေးဘူး။ ကျွန်မဘာလို့သူ့ဖုန်းကိုမျှော်နေမိတာပါလိမ့်။ ကျွန်မစိတ်တွေဘာလို့ သူ့ဆီပဲရောက်ရောက်နေတာလဲ ဒီလိုနှင့်ပင်ကျွန်မ ကဗျာတစ်ပုဒ်ချရေးလိုက်သည်။
''မျှော်ရတဲ့သူရင်မောအောင်
တမ်းတတဲ့သူကြေကွဲအောင်
သတိရတဲ့သူလွမ်းဆွတ်အောင်                                                                                                                     မေ့မရတဲ့သူချစ်မိအောင်
ဘာလို့ရက်စက်ရတာလဲကွယ်''
၂နာရီတောင်ထိုးသွားပြီ သူဒီနေ့တော့ဖုန်းမဆက်တော့ပါဘူး....
သန်းခေါင်ယံဖုန်းမဆက်တာ ၁၀ရက်တောင်ရှိပြီနော် ကျွန်မတစ်ရက်မှသူ့ကို မေ့လို့မရဘူး သူနေမှကောင်းရဲ့လား ကျွန်မကိုများစိတ်ဆိုးသွားတာလား အမျိုးမျိုးတွေးရင်းနဲ့ ကျွန်မတင်းခံထားတဲ့ သိက္ခာကိုခဝါချပြီး သူ့ဆီကိုဖုန်းဆက်လိုက်သည်။  ၀၉၇၃၀၀၀၀၀၀ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာတပ်ဆင်ထားခြင်းမရှိပါရှင်…….
ကျွန်မတော်တော်အံ့သြသွားသည် သူကျွန်မဆီအမြဲဆက်နေသည့်ဖုန်းက ဘယ်လိုဖြစ်တာပါလိမ့်။ ကျွန်မခေါင်းထဲအတွေးပေါင်းစုံဝင်နေစဉ်.......  ''ဘယ်ဆီကိုမင်းရောက်နေလဲ''
ကျွန်မအရမ်းကိုဝမ်းသာသွားသည်။ ကျွန်မမျှော်နေသော ဖုန်းလာနေပြီလေ။  “ဟယ်လို သန်းခေါင်ယံလား”
“ဟုတ်ပါတယ် ခင်ဗျ”  “ဟင်းးးးစောနကပဲ ရှင့်ဆီဖုန်းဆက်လိုက်တာ တပ်ဆင်ထားခြင်းမရှိသေးပါတဲ့ဖြေတယ် ခုတော့ရှင်ခေါ်လို့ရတယ်”  “ဘာ ဟာ ဘာလို့ဆက်လိုက်တာလဲ”  “ဖုန်းလေးဆက်လိုက်တာဘာဖြစ်လို့လဲ”
“အော် ဘာမှမဟုတ်ပါဘူး ချိုရယ် ဒီဖုန်းထဲကမိန်းမကြီးကဖြေချင်တာဖြေနေတာ ချိုလဲသိရဲ့သားနဲ့ တပ်ထားလို့ချိုဆီဆက်လို့ရတာပေါ့ ဟုတ်ဘူးလား ဒါပေမယ့်နောက်ခါမဆက်နဲ့ ချိုဒေါသဖြစ်ရမှာဆိုးလို့ပါ”
“ဟုတ်ပါပြီရှင် ဒါဆိုပြောပါဦး အရင်နေ့တွေကဘာလို့ဖုန်းမဆက်တာလဲ”
“ဟာ ချိုကကျွန်တော့်ဖုန်းကိုမျှော်နေတယ်ပေါ့”  သူ့စကားကြောင့် ကျွန်မရှက်သွားသည်
“အော် မဟုတ်ပါဘူး ဆက်နေကျလူတယောက် မဆက်တော့ထူးဆန်းလို့ မေးကြည့်တာပါ”
“ဟုတ်လို့လား အယ် ကောင်မလေးတယောက်ရှက်သွားပြီ...”
တီတီ...တီတီ ဒီတခါတော့ကျမဦးအောင် ချလိုက်သည် ရှက်လို့ဘာပြန်ပြောရမှန်းမသိသောကြောင့်ပင်။
စိတ်ထဲမှာတော့ကြည်နူးမိနေသည်။ သူ့အသံလေးကြားလိုက်ရသည့်အတွက် ပျော်မိသည်။ ဒီနေ့ညတော့
ကျွန်မကောင်းကောင်းအိပ်ပျော်ပါတော့မည်။ ကျွန်မဒီနေ့ ပုံနှိပ်တိုက်ကိုရောက်ခဲ့သည်။ ကျွန်မဆရာရှိနေပါသည်။ ကျွန်မကို
စာရေးဆရာမတစ်ယောက်ဖြစ်အောင် သွင်သင်ဆုံးမခဲ့သည့် အလွန်ပင်တော်သော ကျွန်မဧ။်စံချိန်တင်လောက်သော ဆရာတစ်ဦးလည်းဖြစ်သည်။ ဆရာကကျွန်မကိုလှမ်းခေါ်လိုက်သည်။
“ဟဲ့ ညည်းလာတာနဲ့အတော်ပဲ ဒီမှာ မန္တလေးမှာစာပေဟောပြောပွဲရှိတယ် ရော့ကားလက်မှတ်အဆင်သင့်ပဲ မနက်ဖြန်ညကားနဲ့သွားရမှာ”  “ဟုတ် ဆရာ အဆင်သင့်လိုက်တာနော် လက်မှတ်တောင်ဝယ်စရာမလိုဘူး”
“မဟုတ်ဘူး ဟဲ့ ဟိုကအဖွဲ့တွေက သွားရလာရအဆင်ပြေအောင် အကုန်ကျခံပြီးခေါ်တာ ညည်းသွားဖြစ်အောင်သွားလိုက်”  “ဟုတ်ကဲ့ပါ ဆရာ အဲ့ဒါဆိုအိမ်ပြန်ပြီး အဝတ်စားတွေပြင်ဆင်လိုက်ဦးမယ် ဆရာ ပြန်ခွင့်ပြုပါဦး”  “အေး အေး ကောင်းကောင်းသွား”  ကျွန်မဘယ်လိုပျော်မှန်းမသိ ပျော်နေမိသည်။ မန္တလေးမှတစ်ဆင့် ပြင်ဦးလွင်ဆက်တက်ပြီး လုံးချင်းဝတ္ထုရေးဖို့အထိ စဉ်းစားပြီးပြီ။   ''ဘယ်ဆီကိုမင်းရောက်နေလဲ''
ဟော ဖုန်းလာပြီ  “ပြောပါရှင့်”  “ချို”  “ပြောလေ အသံလဲမကောင်းပါလား ဘာလို့လဲ နေမကောင်းဘူးလား”
“နေကတော့ကောင်းပါတယ် စိတ်မကောင်းတာ”  “ဘာဖြစ်လို့လဲ ဘယ်သူဘာလုပ်လိုက်လဲပြော”
“မနောက်ပါနဲ့ တကယ်ပြောတာ အဲ့ဒါချိုကူညီမှရမှာ”  “ကဲ ဟုတ်ပါပြီ ကူညီပါ့မယ် ပြောမှာသာပြောပါ အဆင်ပြေအောင်လုပ်ပေးမယ် ဟုတ်ပြီလား”  “တခြားတော့မဟုတ်ပါဘူး မနက်ဖြန်သွားမယ့် ခရီးကိုချိုမသွားပါနဲ့”
“သိသွားပြန်ပြီ ရှင်တော့လေ ကဲဘာကြောင့်မသွားခိုင်းတာလဲပြော”  “အဲ့ဒါတွေ မမေးပါနဲ့ ချိုမသွားဘူးလို့ ကတိပေးပါ”
“ဟာ ရှင်နဲ့ဘာဆိုင်လို့လဲ ဒါကျွန်မအလုပ်ကိစ္စ”  “မသွားပါနဲ့ဗျာ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော် ချိုကိုတခါမှမတောင်းဆိုခဲ့ဖူးပါဘူး ဒီတခါတော့ ကျွန်တော့်ဆန္ဒကိုလိုက်လျောပေးပါဗျာ”
သူဧ။်ငိုသံပါပြီးပြောနေသည့်အသံကို ကျွန်မဆက်နားထောင်ဖို့ အင်အားမရှိတော့ပါ။ ထို့ကြောင့်….
“ဟုတ်ပါပြီရှင် ရှင်ကအကြောင်းပြချက်မရှိပဲ ကျွန်မကိုမသွားခိုင်းဘူးနော် ကျွန်မကတော့ အကြောင်းပြချက်တခုကြောင့်
ရှင်ပြောတာကိုလက်ခံလိုက်မယ် ကျွန်မ မသွားတော့ဘူး ကျေနပ်ပြီလား”  “ဝမ်းသာလိုက်တာ ချိုရယ် ဒါနဲ့ချိုပြောတဲ့အကြောင်းပြချက်ကဘာလဲ”  “ဘယ်ပြောမလဲ ရှင်တောင်မပြောတာ ကျွန်မလဲမပြောဘူး”
“ဟုတ်ပါပြီဗျာ ကျွန်တော်စိတ်ချမယ်နော် မသွားပါနဲ့”   တီတီ...တီတီ  ကျွန်မ သူ့ကိုမပြောလိုက်သည့်အကြောင်းပြချက်မှာ ကျွန်မသူ့ကိုချစ်မိနေလို့ပါ……
အောက်တိုဘာလအတွက်အကောင်းဆုံးဘလော့ဖေါ်ပြခြင်း
$
0
0
Divider Scraps and Graphics
မင်္ဂလာပါရှင်
စာရေးသူများအား
ဂုဏ်ပြုသောအားဖြင့်အကောင်းဆုံးဘလော့နှင့်ကဗျာများကိုကြေငြာပေးသွားပါမယ့်ရှင်
လစဉ် အကောင်းဆုံး ဘလော့၊ကဗျာ ၊နည်းပညာ၊ဟာသတွေကို ရွေးချယ် တင်ပြပါပေးပါမယ်။
တင်သမျှပိုစ့်တွေ ဖတ်ပေးကြသောမန်ဘာများနှင့်စာပေများကိုတင်ပေးသောမန်ဘာများအားလုံးကိုလဲ
ကျေးဇူးတင်ပါတယ် ။အက်မင်များဘက်က လိုအပ်တာတွေရှိခဲ့လို ရှိရင် ခွင့်လွှတ်ပါလို ။
ရှေ့ဦးတောင်းပန်ပါရစေ။ကဗျာပိုင်းမှာ အတော်လေးဝမ်းမြောက်မိပါတယ်
ကဗျာတွေ ထုဆစ်ကြသော ရွှေမိသားစုဝင်တွေ အရမ်းတော်ကြပါတယ်။
ဘလော့ပိုင်းမှာလည်းအရေးအသားတွေတော်တော်ကောင်းမွန်ကြပါတယ်။
တင်ပေးကြတဲ့ရေးသားပေးကြတဲ့ သူငယ်ချင်း များ စာပေကိုချစ်မြတ်နိုးကြလို
အတိုင်းအထက်အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင့်။
နောင်လဲဒီထက်မက စာပေတွေကိုရေးနိုင်ဖတ်နိုင်ကြပါစေရှင်။စာဖတ်မှအမှားအမှန်ဝေဖန်တတ်၏။
အရာရာကိုပိုင်းခြား ဝေဖန်စွမ်းရှိသည်။အကျိုးအကြောင်းအဆိုးအကောင်းကိုနားလည်မယ်ဖြစ်ပါတယ်ရှင်
စာကိုလဲဝေဖန်တတ်ပါစေ။ထိုမှသာ ကောင်းခြင်းမကောင်းခြင်းဆိုသည်ကိုနားလည်မည်။
အကောင်းဆုံးသော ဗဟုသုတပေးတတ်သောအရာမှာစာပေဖတ်ခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။ စာပေချစ်မြတ်နိုးကြသော ရွှေမိသားစုဝင်များရှင့် စာပေ ပိုစ့်များ တင်ပါက
အကြောင်းအရာတွင်ကဗျာ ဖြစ်ပါက ကဗျာလိုရေးပေးပါရန်
ထိုနောက် ကိုရေးသော ပိုစ့်သည် ။
ကဗျာ ၊ ဆောင်းပါး ၊ ရသ ၊၀တ္ထု စသည် များတင်ပါက အကြောင်းအရာတွင့် ကဏ္ဍလိုက် တင်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
ကျွန်မရေးသားသောစာထဲတွင်အမှားများရှိခဲ့ပါကခွင့်လွတ်ပေးကြပါရှင်။
ကဗျာရွေူးချယ်ရာတွင် ကဗျာစည်းကမ်းအရ ရွေးချယ်မှာဖြစ်သလို၊
ဗဟုသုတ၊ရသ၊သုတစာပေတွင် စည်းကမ်းအရရွေးချယ်မှာဖြစ်ပါတယ်ရှင်
နည်းပညာ တွင်လည်းလူတွေအတွက်လတ်တလော စိတ်ဝင်စားမူအများဆုံးပိုစ်များကို
ရွေးချယ်သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်ရှင်။အောက်တိုဘာလအတွက် ကဗျာအများဆုံးထဲကနေ
အက်မင်တွေအနှစ်သက်ဆုံးနဲ့ အကောင်းဆုံးကဗျာများကိုဖေါ်ပြပေးပါမယ်
ကဗျာရေးသူတိုင်းရေးတဲ့ကဗျာတိုင်းကောင်းကြပါတယ်
အဲဒီထဲကနည်းနည်းထူးခြားပြီးကောင်းမယ့်ကဗျာလေးများကိုရွေးချယ်ဖေါ်ပြပေးမှာဖြစ်ပါတယ်ရှင်
စာရေးသူများ၏စာမျာကိုဆက်လက်ဖတ်ရူလိုသူများနာမည်လင့်လေးတွေကိုကလစ်လိုရပါတယ်ရှင်
ဇွဲထက်ယံ၏၀လုံးလေးကို ၀ိုင်းအောင်ရေးပါ့မယ်ဆက်လက်ဖတ်ရူရန်
ဘယ်သူတွေက ကာရံနေတာ လည်းဆိုတော့ အဲဒီအမှားတွေကို လက်ခံထားတဲ့ ပုဂ္ဂိုလ် တိုင်းက ကာရံနေတာပါ။ ဒီတော့ ခန္ဓာကို အမှန်မြင်မှ ထောင်နံရံပါးလာမှာ ပါးလာတော့မှ မဂ္ဂင် ငါးပါးတည်းဟူသော လောကုတ္တရာ မဂ် လက်နက်နဲ့ ဖေါက်ရပါမယ် ။ ပထမ တကြိမ်ဖေါက်လို့ပေါက်သွားရင် သောတာပန် ဖြစ်ပြီး မဂ္ဂင်ငါးပါးကနေ ရှစ်ပါးပြည့်လို့ ထောင်ကမလွတ်သေးသည့်တိုင်အောင် ခုနှစ်ဘ၀ပြီးရင် သံသရာထောင်က အပြီးတိုင်လွတ်မြောင်နိုင်မှာပါ။ ဒီတော့ခန္ဓာကို အမှန်မြင်ဖို့က ပရမတ်သိဖို့လိုပါတယ်။
************************************************************************
♥♥♥M@ythu@(အဖြူရောင်သံယောဇဉ်)♥♥♥၏မျက်နှာဖုံးများ
ဆက်လက်ဖတ်ရူရန်
ချစ်လျက်နဲ့ တစ်ချို့က အမုန်းမျက်နှာဖုံးများစွပ်ထားကြဆဲ
မုန်းလျက်နဲ့ ချစ်ခြင်းအတုကို မျက်နှာဖုံးလုပ်ပြီး စွပ်ထားကြဆဲ
မျက်နှာဖုံးများ ဆွဲခွာချွတ်ကြရအောင်နော်။
*******************************************
စုဗူး၏တရားခွင်ရောက် စုဗူးနှလုံးသားဆက်လက်ဖတ်ရူရန်ဟာသဆန်ဆန်
နှလုံးသားလေးကရဲဝံ့စွာသဘောတူတဲ့အတွက် ဆရာကုန်းစွန်း
စာချုပ်မှာလက်မှတ်ထိုးစေတယ်
တရားရုံးကအပြန် နှလုံးသားလေးအရမ်းတက်ကြွနေရှာတယ်
ဒီအဖြစ်အပျက်တွေကိုစုဗူးမသိရှာဘူး
နှလုံးသားဟာဆရာကုန်းစွန်းကိုဒီအကြောင်းစုဗူးနာမည်နဲ့
ရွှေမြို့တော်မှာစာရေးပေးဘို့ ငွေဖြည့်ကဒ်ကို ကုန်းစွန်းဆီလှမ်းဖြည့်ပေးမယ့်အကြောင်းခံဝန်ကတ်လက်မှတ်ထိုးယင်းကပ်ပြောထားတာာ
တရားရုံးဆင်းတော့အာရုံတက်စ
နှလုံးသားတို့တရားဝင်ပါမစ်ရပြီမို့ရွှေမြို့တော်ကမမတွေသတိနဲ့
နေဘို့အကြံပြုလိုပါတယ်
****************************************************
ပျုမခ၏မူလီတလုံးဇာတ်ကြောင်းကိုဆက်လက်ဖတ်ရူရန်
မူလီတစ်လုံးအား လိုအပ်နေသော တံတားတစ်စင်းရှိက ကျွန်တော်ကို အကြောင်းကြားပါ။ အစားထိုးရန် လိုအပ်နေသော မူလီအိုကြီး၏ နေရာတွင် လိုအပ်သလို ထမ်းဆောင်ရန် အသင့်ရှိပါသည်။ ကျွန်တော့်လို မူလီများစွာသည်လည်း အသင့်ဖြစ်နေကြောင်းကို အသိပေးချင်ပါသည်။ ဘဝတွင် အရစ်များစွာပါသော မူလီကြီးငယ်မျိုးစုံကို ကြုံတွေ့ရမည်ဖြစ်သည်။ သူ့တာဝန်ကို ထမ်းဆောင်ရင်း ဘဝ၏ အနှစ်သာရကို တခုတ်ခုတ်မောင်းနေသောလှေထက်၌ တစိမ့်စိမ့်မြည်းကာ ရှေ့ခရီးဆက်နေရဦးမည်ဖြစ်သည်။ ကုန်ဆုံးသွားသော မူလီတို့၏ အရည်အသွေးကို နောင်မွေးဖွားလာသော မူလီများ သိစေလိုသည်။ ထိုကြောင့်  ကြွင်းကျန်ရစ်သော ရုပ်ကလပ်တို့တွင် မူလီတစ်လုံး၏ အောက်မေ့မူ အခမ်းအနားများ ဖြင့် အချိန်မပြုန်းတီးစေလိုပါ။
           ကျွန်တော်ဆိုသည့် မူလီတစ်လုံးသည် လောကနိယာမအတိုင်း သေဆုံးသွားပါလိမ့်မည်။ ထိုအခါတွင် “သင်သေသွားသော်” ကဗျာလေးသာ ကျွန်တော့်၏ အုတ်ဂူထက်တွင် ရေးထိုး ပေးစေလိုပါသည်။
*********************************************
မကြာဖြူနွယ်၏ ကွန်းခိုရာကိုဆက်လက်ဖတ်ရူရန်
 ကိုဇော်ကလည်း အမကိုဆန့် ကျင်ပြီးလက်ထပ်ဖို့ ပြောနေသည်ကို
ငြင်းလိုက်သောငြိမ်းကိုစိတ်နာသွားပါ၏။
 ခုတော့ မမခင်သဘောတူသည့် သူတို့ အထက်တန်းလွှာ မှ လုပ်ငန်းရှင်သူဌေးသမီးတယောက်နှင့် စေ့ စပ်လိုက်ပါပြီ။
ကိုဇော်ပျော်ရွှင်ဖို့ ငြိမ်းဆုတောင်းပါသည်။တွယ်တာခဲ့မိသည့် သံယောဇဉ်တရားတွေကြောင့်  ၀မ်းနည်းမိတာမှန်ပေ မယ့် ငြိမ်းနောင်တမရပါ။
ကွန်းခိုရာကောင်းမှာ နားခိုနိုင်ပါစေ
**************************************************
အညတြရလုလင်၏တိမ်ပန်းချီအားဆက်လက်ဖတ်ရူရန်
ငါတို့ဘဝကမိန်းမသားလေ...ကိုယ်မြတ်နိုးသူကို
ချစ်တယ်လို့စပြောခွင့်မှမရှိတာ.....တို့မိန်းမသားစောင့်စည်းရမည့်ဂုဏ်သိက္ခာကသူနဲ့ငါ့ဘဝကိုစည်းခြားထား
ခဲ့တာခုတော့လည်းပြီးသွားပါပြီဟုဆိုလာသည်။
မြတ်နိုးတိမ်.....ငါတစ်ခုပြောမယ်......သူငယ်ချင်းရည်းစားကိုငါလက်မထပ်ဝံ့ဘူး.....စေ့စပ့်ကြောင်းလမ်း
တာကိုနှစ်ဦးသဘောတူဖျက်သိမ်းခွင့်ပေးပါလို့ငါတောင်းဆိုပါတယ်ဟုအပြောတွင်.....
***********************************************
တက္ကသိုလ်မြတ်မင်း၏ ကျေးဇူးဆပ်ကြသီတင်းကျွတ်လအားဆက်လက်ဖတ်ရူပါရန်
ဘာကြောင့် သီတင်းကျွတ် မီးထွန်းကြတာလဲ
အမှန်တကယ်တော့ သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးထွန်းခြင်းဟာ အလှအပအတွက် တန်ဆာဆင်ပြီး သက်သက် ထွန်းကြခြင်း မဟုတ်ပါ။ ဆီမီးထွန်းခြင်း၏ အဓိပ္ပာယ် နက်နက်ရှိုင်းရှိုင်း ပါဝင်ပါသည်။ အဘယ်ကြောင့်လည်းဆိုတာ မေးခွန်းဖြစ်လာပါတယ်။
************************************************
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)၏၀ါဆိုမေမေအားဆက်လက်ဖတ်ရူနိင်ရန်
အခုတော့ အမေ့အသက်(50)နီးပါးရှိပြီ…။ ဒါပေမယ့် လောကဓံအထုအထောင်းတွေအောက်မှာ ရုန်းကန်ခဲ့ရတော့ (60)ဆယ်ကျော်လို့တောင် ထင်ရတယ်….။ ဆံပင်တွေဖြူပြီး အိုစာသွားရှာတယ်…။ ဒီနေ့တောင် ကျုပ်ဆီကို ဖုန်းဆက်သေးတယ်…။ လွမ်းနေတဲ့အကြောင်းနဲ့ ကျောင်းပိတ်လို့ မဟာစည်ရိပ်သာမှာ (10)ရက်တရားထိုင်ပြီးတာနဲ့ တန်းပြန်လာခဲ့ဖို့ပေါ့….။ ပြီးတော့ အစားမှန်မှန်စား၊ မှန်မှန်အိပ်၊ ရေမှန်မှန်ချိုး..ဘာညာ..ပေါ့…။
 သာသနာ့ဝန်ထမ်းအနေနဲ့ လူများစွာကို တရားဟောလမ်းညွှန်ပြသပေးသူဖြစ်ပေမယ့် အမေ့ရင်ခွင်ထဲမှာတော့ ကျုပ်က Pre-ပိစိကွေးလေးအဖြစ် ရှိနေဆဲပါဗျာ…။ ဒါကိုပဲ ကျုပ်..ဂုဏ်ယူနေတာပေါ့….။
**************************************
နေခြည်၏“စကြ၀ဠာထဲကမေမေ”ကိုဆက်လက်ဖတ်ရူရန်
ကျွန်ုပ်ရဲ့ရင်ထဲမှာတော့ ကျွန်ုပ်သာ ခုနေ သေသွားခဲ့ရင်ဖြင့် မေမေ့ကို ပြုစုလုပ်ကျွေးခွင့်ရခဲ့တဲ့ ကျေးဇူးတွေ ကြောင့်…“သေပျော်ပါပြီ၊ ခွဲခွာခဲ့ရကျိုးလည်း နပ်ခဲ့ပါပြီ”ဟုပင် ပြောဆိုနေမိလေရဲ့။
မေမေ သွန်သင်ပြသဆုံးမခဲ့သော မေတ္တာတရားများကို ဖြန့်ကျက်လျက် ဗုဒ္ဓရဲ့ သတိပဋ္ဌာန်အဆုံးအမ တရားတော်တွေကြောင့် လောကီရေးရာကျေးဇူးတရားတွေကို ဆပ်ခွင့်ကြုံရခဲ့သည့်အပြင် တရားဖြင့် ကျေးဇူးဆပ်ခြင်း တွေကိုလည်း ပြုစုစောင့်ရှောက်ခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိ ကျေဇူးကြီးလှပါဘိ မေမေရယ်…..။
***********************************
ကိုအောင်ထက်၏အညာကျေးက..သီတင်းကျွတ်ဆက်လက်ဖတ်ရူရန်
ကျနော်ချစ်တဲ့ အညာ..မုံရွာ..မုံရွေး ကြေးမုံဘုရားပွဲ ရက်များဖြစ်ပါတယ်
ခုတော့မုံရွေးရွာလေးရဲ့ “ ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ.” လေးကို
လွမ်းပြီးရင်းသာလွမ်းနေရပါတော့တယ်။
**************************************
တတိုင်းမွှေး၏ဖြစ်ရပ်မှန်အားဆက်လက်ဖတ်ရူရန်
အသက်မရှိတော့သောသူများ၏အမည်များသည်
အသက်ရှိသောသူများ၏ကုန်ကြမ်းများဖြစ်သည်။
သမိုင်း၏တရားခံများကိုပြစ်ဒါဏ်ချမှတ်ရန်
တရားခံများကိုယ်တိုင်စီရင်ချက်ရေးနေပါသည်။
**********************************
ချစ်ညီမလေး၏ ချစ်ပုံပြင်အားဆက်လက်ဖတ်ရူရန်
ကျွန်မက မျိုသိပ်နေတတ်သူတစ်ယောက်ဖြစ်လေတော့ ခံစားချက်လေးတွေ ရင်ဖွင့်ရာနေရာဟာ ရွှေမြို့ တော်နဲ့ ဒိုင်ယာရီလေးသာ အသိဆုံးဖြစ်မယ် ထင်ပါတယ်…
ဘုရားသွား ကျောင်းတက် ပေါင်းဖက်ဖို့လည်း ဆုတောင်းနေသူ…
ငိုရင်အားပေး ရီရင် ပြုံးပျော် ပုခုံးတစ်ဖက် ငှားပေးနိုင်သူ…
အဆိုးကိုမျှော်လင့် အကောင်းဆုံးနဲ့ တိုက်ထုတ်ချင်သူ…
သူ သည်သာ အချစ်ဆုံးဆိုတာ မယုံရင် ပုံပြင်လို့သာ မှတ်လိုက်ကြပါနော်…
****************************
မင်းညှို့သျှင်၏မိဘမျက်ရည်သောက်ချင်ကြသလော....ဆက်လက်ဖတ်ရူပါရန်
မေမေမငိုဘူးနောသား။ မေမေ့မျက်နှာမှာမျက်ရည်တွေနဲ့တွေ့ရင်သားဝမ်းနည်းနေမှာပေါ့။
ဒီသေနပ်သံလာရာကသားဆီကနေမဟုတ်ပါနဲ့လို့ပဲမေမေဆုတောင်းတယ်။ သားငရဲကြီးမယ်လေ။ ဟုတ်ခဲ့လည်း မေမေ
ဗွေမယူပါဘူ ။ သားကတာဝန်အရပဲလေ။ မေမေ့ကိုမမြင်လို့လုပ်မိတယ်ဆိုတာသိပါတယ်။ မေမေခွင့်လွှတ်ပါတယ်။
သားကိုယ့်ကိုယ်ကိုဂရုစိုက်ပါနော်...
*******************************************
Ungesoe၏အောင်ပါစေ (တစ်ခန်းရပ်ပြဇာတ်)ဆက်လက်ဖတ်ရူရန်
လယ်သမားများ။        ။“၀န်မင်းဘုရား .. ၀န်မင်းဘုရား .. ကျွန်တော်မျိုးတို့ လယ်ထဲကို မြေသယ်ယဉ်တွေနဲ့ မြေစာတွေလာပုံလို့ လယ်မြေတွေပျက်ကုန်ပါပြီ ..ဘုရား ..”
ဝန်ကြီး။          ။“မယ်လေး ..မောင်မင်းတို့ရယ် .. လယ်ထဲမြေစာခဲလေးကျတာလောက်များ  ရေးကြီးခွင်ကျယ်လုပ်လို့  .. တိုင်းပြည်ကောင်းစားဖို့ပဲဟာ .. ဒီလောက်တော့ အနစ်နာ ခံရမပေါ့ …သွားချေဟဲ့ ..သွားကြ .. တို့ဘုရင်မင်းမြတ် မီးလောင်ဗုံးနဲ့  မပစ်ခိုင်းခင် .. သွားကြ ..”
*********************************************
ကိုကြိုင်ကြီး၏အနုပညာလက်ရာကြည့်ရူခံစားရန်
**************************************************************
ဖြူဖြူကိုယ်ပိုင်အိမ်၏ ဆုံစည်းမယ့်နေ့လေးကိုဆက်လက်ဖတ်ရူရန်
အသက်ရှင်နေသမျှကာလပတ်လုံး .................
ကျွန်မနှလုံးသားထဲက သွေးသားစိမ့်ယိုကျတဲ့ထိ ချစ်ခင်မြတ်နိုးပြီး 
သူ့တစ်ယောက်ထဲကိုချစ်တဲ့စိတ်ခံစားချက်တွေကို ထွေးပွေ့ရင်း
တူတူ  ဆုံဆည်းမယ့်နေ့လေးကို   စောင့်စားမျှော်လင့်နေမယ်..............။*
************************************************************
နောက်လ....နောက်လတွေမှာလည်း ကိုယ်တိုင်ရေး ဘေ လာ့ကဗျာများကိုဆက်လက်ဖေါ်ပြပေးပါမည်။
အားလုံးစာရေးသူ စာဖတ်သူမန်ဘာအားလုံးချမ်းသာကိုယ်စိတ်မြဲကြပါစေ
နောက်လ နောက်လတွေမှာနောက်ထက်ဘယ်သူတွေရဲ့ ဘလော့ကဗျာအကောင်းဆုံးဆိုတာစောင့်မျှော်ကြည်ရူစောင့်စားဖတ်ပေးကြပါရန်
လေးစားလျက်
ရှင်းသန့်မေ
လေးစားလျက်
ရှင်းသန့်မေ
Divider Scraps and Graphics
ရွှေမြိုတော်ပရဟိတအသင်းအဝေးရောက်လူငယ်များ၏စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးပါရန်အလှူနှိုးဆော်ခြင်း
$
0
0
ကွမ်းခြံကုန်းမြို့ နယ် ချောင်းကော်ခြံကျေးရွာတွင် ကျေးလက်စာကြည့်တိုက်တစ်ခု လှူဒါန်းရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။ယနေ့အထိအလှူငွေရရှိငွေ စုစုပေါင်း (29)သိန်းတိတိ
ကိုကောက်ခံရရှိခဲ့ပါတယ်။ရွှေမြိုတော်ပရဟိတအသင်းနှင့် ရွှေမြိုတော်၏အဝေးရောက်မလေးရောက်သူငယ်ချင်းများ၏ပူပေါင်းဆောင်ရွက်ကြောင့်များမကြာမီတွင်စာကြည့်တိုက်ကို
မျက်ဝါးထင်ထင် တွေ့ မြင်ပီတိပွားနိုင်လာတော့မှာပါ။ထိုသို့ ဖြစ်မြောက်လာနိုင်အောင် အဖက်ဖက်မှဝိုင်းဝန်းကူညီလှူဒါန်းခဲ့ကြသောအလှူရှင်များအား ဝမ်းမြောက် သာဓုအာနုမောသဒ္ဒါခေါ်ဆိုနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
၁။ကိုကောင်းမြတ်ဦး(ဇနီး)မချယ်ရီဝင်း (မလေးရှား)
၂။လေဒီ(ခေါ်)အရိပ် (မလေးရှား)
၃။ကိုဖြိုးအောင် (မလေးရှား)
၎။ကိုလွင်ဦး (မလေးရှား)
၅။ကိုချမ်းချမ်း (မလေးရှား)
၇။ကိုစိုင်း(တွယ်ရာမဲ့) (မလေးရှား)
၈။ကိုလင်းလင်း (မလေးရှား)
၉။ကိုဇေကိုကို (မလေးရှား)
၁၀။ကိုထွန်းမင်းအောင် (မလေးရှား)
၁၁။ကိုကြည်လွင် (မလေးရှား)
၁၂။ကိုလူကြမ်း (မလေးရှား)
၁၃။ကိုအာကာမင်း (မလေးရှား)
၁၄။ကိုချစ်မိုး (မလေးရှား)
၁၅။ကိုဝင်းမင်း (မလေးရှား)
၁၆။ကိုဘိုဘိုကျော် (မလေးရှား)
၁၇။ကိုမြင့်စိန် (မလေးရှား
၁၈။ကိုအောင်ဇော်မင်း (မလေးရှား)
၁၉။ကိုဝင်းထွန်း (မလေးရှား)
၂၀။ကိုရဲရင့် (မလေးရှား)
၂၁။ကိုတာရာမင်းကြီး (မလေးရှား)
၂၂။ကိုကျော်ဇင် (မလေးရှား)
၂၃။ကိုမင်းစိုးဦး (မလေးရှား)
၂၄။ကိုဇော်ဖြိုး (မလေးရှား)
၂၅။ကိုဇင်အောင် (မလေးရှား)
၂၆။ကိုသော်တာလင်းဦး (မလေးရှား)
၂၇။ကိုဇေယျ (မလေးရှား)
၂၈။ကိုစိုးလင်းမော် (အမေရိကား)
၂၉။ကိုထက်အောင် (ရန်ကုန်)
၃၀။ဂျစ်ကျကျလူ (ရန်ကုန်)
၃၁။ကိုကျော်ကျော်လင်း (ရန်ကုန်)
၃၂။ကိုအောင်အောင်(ဘလော့ခရီးသည်)(ရန်ကုန်)
၃၃။မချစ်ရင်မြူး (ရန်ကုန်)
၃၄။မနေညိုရီ (ရန်ကုန်)
၃၅။ဦးလေးတင့်နှင့်အဖွဲ့  (ရန်ကုန်)
၃၆။မဆောင်းသဇင် (ရန်ကုန်)
၃၇။မသန်းသန်းစိုး (ရန်ကုန်)
၃၈။မဝတ်မှုံ (နေပြည်တော်)
၃၉။ကိုချစ်မင်းသူ (နေပြည်တော်)
၄၀။ကိုကောင်းကင်ထက် (တောင်ငူ)
၄၁။ကိုသိန်းသန်းစိုး (ပခုက္ကူ)
၄၂။ကိုလင်းသူအောင် (မော်လမြိုင်)
မိမိ၏လုပ်အားခများဖြင့် စေတနာ(၃)တန်လှူဒါန်းပေးခဲ့ကြသောအလှူရှင်အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းလေးစားစွာပြောကြားလိုပါတယ်။
နောက်ထပ်လှူဒါန်းလိုသူများဆက်သွယ်စုံစမ်းနိုင်ရန်
ကိုနေမျိုးထွန်း (မလေးရှား) ph:014 936 7802
ရှင်းသန့်မေ(ရန်ကုန်) ph:09 42000 57992
တန်ဆောင်မုန်းလပြည့်ည
$
0
0
..သူခိုးကြီးငတက်ပြား....အမှတ်တရည..၊ပျှော်ကြ..အထိမ်းအမှတ်အဖြစ်...ခိုးကြ၊
အင်းဝဘုရင်သတိုးစောက...ငတက်ပြားမိအောင်ဖမ်းကြ...မိရင်သေဒါဏ်..အမိန့်ထုတ်ထားတယ်၊
မိတဲ့အခါ..ရာဇ၀တ်သား..ငတက်ပြား  ရှေ့တော်သွင်းစေ..သတ်စေအမိန့်ချမယ်..ရှေ့
တော်မှောက်ရောက်သောအခါ...ကဲ   ငတက်ပြား  မင်းမသေခင်  ဘာလိုချင်သလည်း   မေးရာ   ဘုရင့်မိဖုရားခေါ်င်လိုချင်တယ်  ပြန်လျှောက်လေတယ်...သေမှာအတူတူ..မထူးဇ့ါတ်လားနော်..၊လျှောက်တင်ရာ
၇ဲစွမ်းသတ္တိနှင့်ပြည့်စုံသဖြင့်...သေဒါဏ်မချမှတ်ဘဲ..ဘဏ္ဍာစိုးခန့်လေတယ်..၊
ရှေးကပညာရှိများ..စဉ်းစားစရာပါနော်..သူခိုးဘဏ္ဍာစိုးခန့်ပါတယ်၊ဒါပေမဲ့..ဦးငတက်ပြားဟာ
ခိုးရမဲ့..စောရ နက္ခတ္တနှင့်နှိုင်းယှဉ်မွေးခဲ့သည့်အတွက်..ခိုးရသော်လည်းဘုရားတည်ခြင်းစတဲ့ကောင်းမှုတွေရှိခဲ့လို့
အခုခေတ်စကားနဲ့ပြောရရင်..၄၀၁(အပိုဒ်၁)ပေါ့နော်လွတ်ငြိမ်းချမ်းသာနဲ့..သူရဲကောင်းကြီးပေါ့
ဒါပေမဲ့..ကောင်းတဲ့အတု..ယူနိုင်ပါစေ....၊တန်ဆောင်မုံးလပြည့်ညမှာ..စွန့်ကျဲပါ
စတုဒီသာ  ပစ်ပါ...မခိုးပါနှင့်မကျေနပ်ရင်...ခိုးမှုဖြစ်ပါတယ်......ဗျာ၊သူခိုးကြီးဦးငတပ်ပြားဟာ..တည်ခဲ့တဲ့ဘူရားကြီးမှာ...အမြဲကုသိုလ်ယူ
ခဲ့ပါသတဲ့ခင်ဗျာ...။မကောင်းသော..အတုများကင်းဝေးပါစေ...၊
လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံသင့် / မကောက်ခံသင့်
$
0
0
လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံသင့် / မသင့်
သတင်းကောင်းတော့မဟုတ်ပါ ၊ အားလုံးအတွက်အကျိုးမရှိလျင်သတင်းဆိုးဟုသာဆိုရပေမည်...။
လျှပ်စစ်ဓာတ်အားခတွေတရားဝင်တိုးမြှင့်ကောက်ခံရန်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကပြည်ထောင်စု
လွှတ်တော်မှာတင်ပြသည်၊ စိတ်မှနှံ့ရဲ့လား၊ဘယ်လိုအတွေးအခေါ်နဲ့လုပ်လိုက်တာလည်းဟုထင်မိသည်။
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာတွက်ချက်ရာတွင်လျှပ်စစ်စွမ်းအားမဂ္ဂါဝပ်ဘယ်လောက်
ထုတ်လုပ်နိုင်သည်ဆိုတာတစ်ခုအပါအဝင်ဖြစ်သည်။ မြစ်ဆုံကိစ္စတုန်းကလည်းခပ်ကြောင်ကြောင်ဝန်မင်း
တစ်ဦးကလုပ်ကိုလုပ်မည်မဖြစ်မနေကိုလုပ်မည်ဟုကြိမ်းဝါးသည်။ သာမာန်ပြည်သူတစ်ယောက်လောက်
တောင်နိုင်ငံအရင်းအမြစ်ကိုတန်ဖိုးထားရမှန်းသိပုံမရပေ၊သခင်အားရကျွန်ပါးဝလုပ်ဖို့လောက်သာနားလည်
သည်၊ နောက်တော့ဝန်မင်းပြုတ်သွားလေသည်ကောင်းလေစွဘာတတ်နိုင်သေးသနည်း၊ ပြည်သူ့စွမ်းအား
ကိုလွန်ဆန်လို့မရနိုင်ပေ။
ယခုလက်ရှိမြန်မာနိုင်ငံတွင်လျှပ်စစ်ဓာတ်အားကိုသုံးစွဲနိုင်ခွင့်ရှိသောလူဦးရေမှာနိုင်ငံလူဦးရေ၏၃၀%သာ
ရှိပါသည်၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာထုတ်ပေးနိုင်ရန်အတွက်ဓာတ်အားပေးစက်ရုံတွေတည်ဆောက်
နိုင်ရန်ပြည်ပကပညာရှင်တွေထံလုပ်ငန်းအပ်သည်၊လိုအပ်သောအချို့ငွေကြေးအတွက်အစိုးရကမတတ်နိုင်ပါ
တဲ့၊ အခွန်ထမ်းပြည်သူတွေကိုကျခံစေရန်ဓာတ်အားခတိုးမြှင့်ကောက်ခံမည်ဆိုတော့၊အစိုးရမှဟုတ်ကြသေး
ရဲ့လားဗျာလို့မေးလိုက်ချင်သည်၊ နိုင်ငံတော်ဘဏ္ဍာကိုကိုယ့်ဟာလုပ်ခဲ့သောလူတွေလက်ထဲကငွေတွေနဲ့သာ
လုပ်လိုက်မည်ဆိုပါကမီးထိန်ထိန်လင်းသွားပေမည်၊။ကိုယ့်ပြည်သူကိုဘယ်လိုသက်ညှာရမည်လို့မတွေးတော
သက်သာအောင်လုပ်ပေးရမည်ဟုမစဉ်းစားတော့ဘူးလားလို့မေးချင်သည်၊အလုပ်မရှိအလုပ်ရှာကဝင်ငွေရှာ
နည်းကလည်းတစ်မျိုးရှိသေးသည်၊ မီတာထိန်ုးသိမ်းစောင့်ရှောက်ခတစ်လ(၁၀၀၀) ကျပ်၊ဘာကိုထိန်းသိမ်းရ
ပါသနည်း၊နားလှည့်ပါးရိုက်၊ လူသေကောင်ပါးစပ်ကငွေကိုပင်ချမ်းသာပေးမည့်ပုံမပေါ်၊ ငွေရမည်ဆိုလျင်
ဘနဖူးသိုက်တူးမှာလိုဖြစ်နေပြီ၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၊ လျှပ်စစ်မီး ကိစ္စနှင့်ပတ်သက်ပြီးပြည်သူကို
သက်ညှာ ပုံလေးတစ်ခုကိုတင်ပြလိုက်ပါသည်။
ထိုင်းနိုင်ငံတွင်ကျေးလက်ဒေသများထိ(၂၄)နာရီမီးပေးပါသည်၊ဂက်စ်တာဘိုင်များအတွက်မြန်မာနိုင်ငံမှ
သဘာဝဓာတ်ငွေ့ဝယ်ရပါသည်၊သို့ပါသော်လည်းသူ့ပြည်သူကိုငဲ့ညှာပုံမှာလျှပ်စစ်မီးသုံးခဘတ်(၂၀၀)
မြန်မာငွေကျပ်(၆၀၀၀)ကျော်၊ထက်မကျော်သောလျှပ်စစ်ဓာတ်အားသုံးစွဲခကိုမပေးဆောင်ရပါ၊ လိုက်တင်
ထမင်းပေါင်းအိုးချက်၊မီးပူတိုက်၊တီဗွီသုံး၊ရေခဲသေတ္တာသုံး၊ကွန်ပျူတာသုံး၊ဘတ်(၂၀၀)မကျော်ပေ၊ကျော်အောင်
သုံးလျင်တော့သုံးသလောက်ငွေရှင်းရပါသည်၊ရှင်းမည်ဆိုလည်းရှင်းနိုင်ပါသည်ပြုံးပြုံးလေးပင်ရှင်းပါသည်
ကျောင်းဆရာတစ်ယောက်မူလတန်းပြတစ်ယောက်လောက်ပင်ဘတ်(၂၅၀၀၀)မြန်မာငွေ(၇၀၀၀၀၀)ကျော်
လောက်လစာရသည်။
နိုင်ငံတော်၏သယံဇာတတွေကရသောဝင်ငွေတွေကဘယ်လိုအဓိကကျသောနေရာတွေမှာသုံးမှာပါလည်း
ဒီလိုအတွေးဝင်နေတုန်းမှာမမျှော်လင့်ပဲရေဒီယိုသတင်းလေးကြားလိုက်ရသည်လွှတ်တော်အစည်းအဝေး
တွင်လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံရန်ကိစ္စကိုပြန်လည်သုံးသပ်ရန်အဆိုပြုတင်ပြချက်ကိုလက်ခံလိုက်
ပြီတဲ့....တော်ပါသေးရဲ့ဗျာလောလောဆယ်မီတာခမတက်နိုင်သေးပါ...မတက်ပါစေနဲ့ဟုလည်းပြည်သူတို့
ဘက်ကဆုတောင်းမိလေသည်။ ဧတေနသစ္စဝဇ်ဇေန ထိုမှန်သောသစ္စာစကားကြောင့်မီတာခများမတက်
နိုင်ပါစေသတည်း။
လူ့ဘ၀ ရခိုက်(သို့မဟုတ်)ကမ္ဘာကြီးငြိမ်းချမ်းမူ့ဆီသို့.......
$
0
0
(မနုဿတ္တ ဘာဝေါ ဒုလ္လဘော   )    လို့ လူ့ဘ၀ကို ရဖို့အတွက် ခဲယဉ်းလှစွာသော ဘ၀မှာ မကောင်းမူ့တွေလုပ်ပြီး အသက်ရှင်နေထိုင်ရင် နောင်ဘ၀မှာ လူတောင်မဖြစ်တော့ဘူး။မကောင်းတဲ့အကုသိုလ် အကျိုးပဲ ခံစားရလိမ့်မယ်။
   လူ့ဘ၀ရဖို့ အတွက် အလွန်ခဲယဉ်း၏။ လူ့ဘ၀ရခိုက် ကောင်းမူ့ကုသိုလ်တွေနဲ့ရိုးသားကြိုးစား ၊စိတ်ကောင်းရှိပြီး ဘ၀ကိုကြံကြံခိုင်ခိုင် ဖြတ်သန်းရင် အဘယ်မှာ အောင်မြင်မူ့ကို မရဘဲရှိပါအံ့နည်း။အောင်မြင်မူ့ကို ရနိုင်သည်သာလျှင်တည်း။
    လောကဓံတရားမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာပါ။၁။အကောင်းဘ၀ကလာပြီး အဆိုးဘ၀ ရောက်သွားသူလည်းရှိတယ်။၂။အဆိုးဘ၀က လာပြီးအကောင်းဘ၀ ရောက်သွားသူလည်းရှိတယ်။၃။အကောင်းဘ၀က လာပြီးအကောင်းဘ၀ ရောက်သွားသူလည်းရှိတယ်။၎။အဆိုးဘ၀ကလာပြီး အဆိုးဘ၀ရောက်သွားသူလည်းရှိတယ်။
     များသောအားဖြင့် အဆိုးဖြစ်ဖို့ လွယ်တယ်။(ပါပ သိံ္မ ရမတိ မနော)မကောင်းမူ့၌ စိတ်သည် မွေ့လျော်၏။အကောင်းဖြစ်ဖို့အတွက် စိတ်ကိုထိန်းချုပ် နိုင်ဖို့လိုတယ်။ကောင်းတဲ့ စိတ်တွေ မွေးမြူဖို့လိုတယ်။
     **မုဆိုးနဲ့ကျားတို့၏ ပစ်ခတ် ဖမ်းဆီးစားသောက်မူ့ကြောင့် သမင်၊ ဒရေတို့သည် သားကောင်ဖြစ်ရသည်မဟုတ်။
         လူတို့သည်လည်း  ကံကြမ္မာသားကောင်၊လောဘသားကောင်၊ဒေါသသားကောင်ဖြစ်ခဲ့ရသည်။
         ကံကြမ္မာရဲ့ စေခိုင်းချက်အရ ရယ်ခြင်း၊ငိုခြင်း၊၀မ်းနည်းခြင်း၊၀မ်းသာခြင်း၊ပျော်ရွှင်ခြင်း၊သေခြင်း တို့ကို လူတိုင်းရှောင်လွဲမရလို့ ကံကြမ္မာသားကောင်ဖြစ်ခဲ့ရသည်။
          လိုချင်မူ့ လောဘ၊မခံချင်စိတ် အမျက်ထွက်မူ့ဒေါသ တို့ကြောင့်  စစ်ပွဲများဖြစ်ပြီး တိုက်တာ အဆောက်အအုံ လူများ သေကြ၊ပျက်ဆီးကြရသည်မှာ လူတိုင်း မလိုချင်သော အနိဋ္ဌာရုံဖြစ်သည်။
          ဒေါသကြီးသူသည် မေတ္တာတရားကို အမြဲလက်ကိုင် ထားသင့်သည်။
         လူတိုင်း လောကကို အလှဆင် ချင်ကြသည်မှာ (လောဘ၊ဒေါသ၊မောဟ အစရှိသည့် မကောင်းမူ့ ဒုစရိုက်  မကောင်းသည့်စိတ်ကြောင့်မဟုတ်)တစ်ဦးပေါ်တစ်ဦး ထားသော မေတ္တာ၊ဂရူဏာ၊မုဒိတာ၊ဥပေက္ခာဆို့တဲ့ ဗြဟ္မစိုရ်တရားနှင့်အပြုးံပန်းများကို  တစ်ဦးပေါ်တစ်ဦးမျှဝေလိုက်လျှင် ဤ လောက ကမ္ဘာမြေကြီးသည် အဘယ်မှာ မလှပဘဲရှိပါအံ့နည်း။ လှပသည် ငြိမ်းချမ်းသည်သာလျှင်တည်း။
                       အလကားရ၊ မေတ္တာလှကို
                       ထိုမျှသတ္တ၀ါ၊ပေါင်းများစွာအား
                       ချိန်ခါမရွေး၊ ဖြန့်ဝေပေးလော့။
မကောင်းမူ့ရှောင်၊ ကောင်းမူ့ဆောင်၊ဖြူအောင်စိတ်ကိုထား။
                       အဖြူသည် ငြိမ်းချမ်းေ၇း သဘောဆောင်သည်။
*** ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ပြောကြားစာ ****
$
0
0
အက်မင် ☆ခေတ်☆ ရဲ့  ရွှေမြို့တော်က မန်ဘာတွေအတွက်  အထူးအစီအစဉ် လေးတစ်ခုအဖြစ် ဖန်တီးပေးခဲ့တဲ့ GSM 10000 တန်ငွေဖြည့်ကဒ် ကံထူးခဲ့သူတစ်ယောက်
ဒီအစီအစဉ်လေးကို တွေ့တော့ ရွှေညာသူလဲ ဘာရယ်မဟုတ် အများသူငါလို ပျော်ပျော်ရွှင်ရွှင်နဲ့ဝင်ရောက် ကံစမ်းကြည့်ခဲ့တာပါ
ကိုယ့်ကံက ခုလို ကံထူးရှင် ဖြစ်မယ်လို့လဲ မယုံကြည်ခဲ့မိတာ အမှန်ပါ
တကယ်လက်တွေ့ ကိုယ်က ကံထူးရှင်ဖြစ်လာတယ်ဆိုတော့ အရမ်းပဲ ၀မ်းသာမိပါတယ်ရှင့် ကျေးဇူးလဲတင်ပါတယ်နော်
ရွှေညာသူ ကံစမ်းခဲ့တယ်ဆိုတာလဲ ရွှေညာသူမှာ ကိုယ်ပိုင်ဖုန်းရှိလို့ မဟုတ်ပါဘူး
ရွှေညာသူကိုယ်ပိုင်ဖုန်းမကိုင်နိုင်သေးပါဘူးရှင်
အက်မင် ခေတ်ရဲ့ GSM 10000တန် ငွေဖြည့်ကဒ်ကို ရွှေညာသူ မှန်ကန်စွာနဲ့ လက်ခံရရှိခဲ့ပါတယ်
ရွှေညာသူမိဘများထံသို့ လွှဲထည့်ပေးခဲ့ပြီးပါပြီဆိုတာလေးကို အစီအစဉ်လေးပြုလုပ်ပေးခဲ့တဲ့ အက်မင် ခေတ်နဲ့ ရွှေမြို့တော်ရှိ မန်ဘာဝင်များ အားလုံးကို အသိပေးပြောကြားရင်းနဲ့ ရွှေညာသူက သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပါတယ်နော်
ခင်မင်စွာဖြင့်
ရွှေညာသူလေး
Viewing all 9878 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>