Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

သင့်တွင် စိတ်ရောဂါ မရှိပါ…

$
0
0

သင့်တွင် စိတ်ရောဂါ မရှိပါ…

အကြောင်းမှာ…

သင်သည် ရိုးသားသူဖြစ်သည်…

သင်သည် အခြေအနေမှန်ကို နားလည်သူဖြစ်သည်…

သင်သည် မသိလျှင်မေးပြီး မစင်လျှင်ဆေးရမှန်းသိသည်…

သင်သည် သဘေားထားမှန်ကန်သူဖြစ်သည်…

သင့်တွင် ချစ်တတ်သော ခံစားတတ်သော နှလုံးသားရှိနေသည်…

သင့်တွင် တွေးခေါ်တတ်သော ဦးနှောက်နှင့် အသိဥာဏ်ရှိနေသည်…

ရယ်စရာရှိလျှင် ရယ်မောပြီး

ငိုစရာရှိလျှင်လည်း ငိုးကြွေးသည်…

ချစ်စရာရှိလျှင်လည်း ပီပီပြင်ပြင်ချစ် တတ်နေပြီ…

မုန်းစရာတွေကိုလည်း သဘောထားအမှန်နှင့် နားမလည်ခွင့်လွှတ်နိုင်ပြီ…

လောကကြီးနဲ့ လူသားတွေကို Bird eyes view ဖြင့်ကြည့်နိုင်နေပြီ…

သင့်တွင် လွတ်လပ်သော စိတ်နဲ့ ခန္ဓာလည်း ရှိသည်…

တရားမျှတသော သဘေားထားကိုလည်း ပိုင်ဆိုင်သူဖြစ်သည်…

 

သင်သည် ရိုးသားသူဖြစ်ရုံမက ဖြူစင်သူလည်းဖြစ်သည်…

သင်သည် ဖြူစင်ရုံမက ယဉ်ကျေးသူလည်းဖြစ်သည်…

ယဉ်ကျေးရုံမက မြင့်မြတ်သူလည်းဖြစ်သည်…

 

ထို့ကြောင့် သင့်တွင် စိတ်ရောဂါမရှိဟု

ရာနှုန်းပြည့်အာမခံလိုက်ခြင်းဖြစ်သည်…

 

မှတ်ချက်…

ရာနှုန်းပြည့်အာမခံခြင်းသည်

ရာနှုန်းပြည့်ခြင်းကြောင့်ဖြစ်သည်…

အပြန်အားဖြင့် ရာနှုန်းမပြည့်ပါက

မပြည့်သူ ဟုပင် ကောက်ချက်ချရတော့မည် ဖြစ်ပါတော့သတည်း...ခိခ်ခိခ်

 

လူသားအားလုံး ရာနှုန်းတွေပြည့်နိုင်ကြပါစေဗျာ…


(သူမ)

$
0
0

Photo

သူမဟာ တာဝန်ဆိုတာသိတတ်သူ။ မိသားစုမှာ သူမကတော့ ဒုတိယမြောက် သမီးပေါ့။ အစ်မတစ်ယောက်ညီမခြောက်ယောက်နဲ့မောင်သုံးယောက်ကြားမှာ တာဝန်ဆိုတာကို ပိုပြီး သိတတ်သူ။ ပိုပြီးလည်း ယူခဲ့ရသူ။ တာဝန်ကိုလည်း ကျေပွန်ခဲ့သူ။

အမကစောစောစီစီးအိမ်ထောင်ပြုတော့ဖခင်ကုန်စုံဆိုင်ကိုဦးစီးပြီးမိသားစုစားဝတ်နေရေးလုံလောက်ဖို့အတွက် ဖခင်အလုပ်ကိုဝေမျှယူ မိခင်ရဲ့ အပူတွေကို ယူမျှ .. ကူကာမဖို့ ကျောင်းဆက်နေဖို့ မတွေးတော့ပဲ.. ဘ၀ရဲ့ စစ်မြေပြင်ထဲ ခြေဆင်းကာ တိုက်ပွဲဝင်ခဲ့တယ်။

မောင်လေးညီမလေးတွေကို ပညာဆက်သင်စေပြီး အနေလှအောင် ကူညီထောက်ပံ့ခဲ့တယ်။ သူမ ဘ၀မှာအလှဆိုတာမရှိ။ ကိုယ့်အကျိုးအတွက်မဟုတ်တဲ့ အတ္တတွေနဲ့ ဘ၀ကို ရုန်းကန်ခဲ့သူ .. သူမလိုလူဟာ ပြိုင်စံရှားပါ။

အဲ့ဒီလို သူရဲကောင်းလို ဘ၀မျိုးနဲ့ သူမဟာ မိသားစုအတွက်ရပ်တည်ရင်းသူမဘ၀ခရီးအတွက်အရွယ်လွန်မှအမျိုးသားတစ်ဦးနဲ့ ထိမ်းမြှားခဲ့ပါတယ်။ သူမဟာ တာဝန်တွေ သက်သာသွားတဲ့ မိန်းမတစ်ယောက်ဘ၀ကို ရောက်သွားခဲ့တာတော့ မဟုတ်ဘူး။ ဇနီးကောင်းတစ်ယောက်ရဲ့ တာဝန်ကိုပါ ထပ်ရသွားတာပါ။

Photo

သားဦးလေး မွေးပြီး ဘ၀ကို မောင်တထမ်းမယ်တရွတ်အားတင်းရုန်းကန် ကြိုးစားရှေ့ဆက်ရင်း အိမ်ထောင်သည် ဇနီးတစ်ယောက်ရဲ့ တာဝန်ကို မပျက်ယွင်းစေပဲ မိသားစုအပေါ် တာဝန်ကျေခဲ့သူပါ။

နောက်ထပ် သမီးလေးတစ်ယောက်ထပ်ရချိန်ထိ ရုန်းကန်ရတဲ့ဘ၀က မကျွတ်ခဲ့ပါဘူး။ တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲကို မယိုင်မလဲနဲ့ သူမဟာ ဆင်နွဲခဲ့ရတယ်။ သားသမီးတွေအတွက် အပူအပင်ဆိုတာ ဘာမှ မရှိစေရ။ ပညာဘက်မှာသာ ထူးချွန်အောင်မြင်စေဖို့ အဆုံးအမပေါင်းများစွာနဲ့ တိုက်တွန်းခဲ့သူ မိခင်ကောင်းပါ။ သားသမီးတွေကို လှလှပပလေး ထားရုံတင်မဟုတ်.. တတ်အပ်တဲ့ အိမ်မှုကိစ္စ ဗာရီဟ အကုန်လုံးကိုလည်း သွန်သင်လမ်းပြသူ။

ယဉ်ကျေးသော အမျိုးကောင်းသားသမီးလေးတွေဖြစ်စေဖို့.. တိုးတိုးတိတ်တိတ် နဲ့ အလိမ်မာသုံးပြီး သင်ကြားပေးသူ။ သားသမီးများကို ကိုယ့်ဘ၀နဲ့ နှိုင်းအပ်လို့ စာနာမှုတွေနဲ့ လမ်းမှန်ကိုညွှန်ပြ ဆိုဆုံးမသူ။

ဘ၀တစ်ခုရဲ့ ကြမ်းတမ်းမှုတွေကို မဖြတ်လျှောက်ရလေအောင်.. အတတ်ပညာတွေနဲ့ လှပတဲ့ အနာဂတ် ကြယ်ပွင့်လေးတွေ ဖြစ်အောင်.. သူမဟာ ဖန်ဆင်းပေးခဲ့ပါတယ်။

သူမဟာ မိခင်အတွက်လည်း သမီးကောင်း ဖခင်အတွက်လည်း သမီးကာင်းပါ။ မောင်နှမအတွက်လည်း အမကောင်းဖြစ်ခဲ့သလို သားသမီးတွေအတွက်လည်း လမ်းပြမေမေပါပဲ။ သူမဟာခင်ပွန်းအတွက်လည်းဇနီးကောင်းတယောက်ဖြစ်ခဲ့ပါတယ်။

Photo

ဘာကိုမှလည်း မတပ်မက်ခဲ့သူ။ သူမ အတွက်ဘယ်အရာကှိုထည့်မစဉ်းစားခဲ့သူ မိသားစုတွေအတွက် မိသားစုတွေရဲ့ လှပတဲ့ အနာဂါတ်ပဲ အမြဲတွေးနေသူ။ မိသားစုတွေရဲ့ အပျော်ပဲ။ သူမဟာ စာနာတတ်သူ။ စေတနာကို မေတ္တာတွေနဲ့ ပေါင်းလို့ ရက်ရက်ရောရော ကူညီထောက်ပံ့တတ်သူ။ အကျိုးမရှာပဲ အမျိုးဘာသာ သာသနာအတွက် တစ်ဖက်တစ်လမ်းက ကူညီလုပ်ဆောင်သူ။ ရပ်ရေးရွာရေး သာရေးနာရေး ဘာကိုမျှ မလစ်ဟင်းစေပဲ.. စေတနာထား အချိန်ပေးသူ။ အလှူအတန်းရက်ရောပြီး သဒ္ဒါတရားထက်သန်သူ။ သူမ လူဖြစ်လာပြီး ပေးဆပ်နေရတာကိုပင် အစဉ်အမြဲ ကျေနပ်နေသူ။ ဘ၀ကို အရိုးသားဆုံး ကျော်ဖြတ်ချင်သူ သူမရယ်ပါ။ နှလုံးသားကို သန့ှ်ရှင်းအောင် ထားသူ။ သူမလို မိန်းမတစ်ယောက်ကို နောက်ထပ်ဘယ်နေရာမှာများ ဘယ်အချိန်မှာ ကျွန်မထပ်တွေ့နိုင်ဦးမှာလည်း။ သူမကလူရယ်လို့ဖြစ်ပြီး ဘ၀ဆိုတာကို စသိတတ်တည်းက လူ့ဘ၀ အိုမင်းချိန်ထိကိုယ့်အတွက်ဆို ဘာမှမတွေး တာဝန်ပေးခံရလို့ လူ့ပြည်ရောက်လာရသူတယောက်လိုပါပဲ။

အဲလိုအသိစိတ်နဲ့ရှင်သန်ခဲ့သူ သူမကိုကျွန်မကမ္ဘာလောကကြီးတခုလုံးကြားအောင်ကြေငြာလိုက်ချင်ပါတယ်။

ထို ထိုသော ဂုဏ်ဒြပ်တွေနဲ့ပိုင်ဆိုင်သူ သူမက ကျွန်မရဲ့မိခင်ပါပဲ။

အားလုံးကိုလေးစားလျက်

ရှင်းသန့်မေ

မုဆိုးမရဲ့သောက

$
0
0

မုဆိုးမရဲ့သောက

မခင်ကြည် မျက်ရည်ကို လက်ဖမိုးနဲ့သုတ်လိုက်တယ်။ ထပ်မံကျဆင်းလာတဲ့ မျက်ရည်တွေကိုတော့ လက်ခုံနဲ့ ခပ်ကြမ်းကြမ်း ထပ်သုတ်လိုက်တယ်။

ဘေးနားမှာ ငိုနေတဲ့ ကလေး(၂)ယောက်။ လက်တစ်ဖက်စီ ဘယ်ညာဆွဲလို့ မခင်ကြည်အံကြိတ်လိုက်တယ်။

(၄) နှစ်အရွယ် သမီးငယ်။ (၈) နှစ်အရွယ် လူမမယ် သားငယ်တစ်ယောက်။ ပေါင်းတော့ (၂)ယောက်

(၄)နှစ်အရွယ်ကတော့ တစ်ခုခုကိုပဲ ၀မ်းနည်းနေသလား။ မနက်တည်းက ဘာမှ မကျွေးထားရသေးလို့ ဗိုက်ဆာနေ သလား။ ထိုကလေးငယ်မှတစ်ပါး မည်သူမျှ သိဟန်မထင်။

(၈)နှစ်သားလေးကတော့ မိခင်ငိုလို့ ငိုတာဖြစ်နိုင်သည်။

၎င်းမြင်ကွင်းကား အညတရ ဆိုက်ကားသမား။ ယဉ်ယဉ်ကျေးကျေးခေါ်တော့ ဆိုက်ကားဆရာ အောင်မြင့် အသုဘမှာ ဖြစ်ပါ၏

========================================

သွားသည့်သူက သွားနှင့်ပြီ။ ကျန်ခဲ့သူ မခင်ကြည်ခမျာမှာတော့ ပဋာမြေလူးပြောရလောက်အောင်လည်းမဟုတ်။

ချောင်းခြားသွားလို့ အလွမ်းဇာတ်ခင်းရအောင်လည်း ကိန္နရီမောင်နှံမဟုတ်။

မခင်ကြည် ရှေ့ဆက်ရမယ့် မနက်ဖြန်များအတွက် အသက်ရှင်ရအုံးမည်။

သမီးငယ်တွက် ၀မ်းစာရှာရအုံးမယ်။ သားငယ်အတွက် ကျောင်းစရိတ်လိုအုံးမယ်။

ခုချိန် မခင်ကြည်မှာ အလွမ်းမကပ်နိုင်။ အဆွေးတွေခဏထား။

(၂)ယောက်တစ်ဘ၀ ထူထောင်ထားတော့ ကပ်စားစရာ ဆွေမျိုးကမရှိ။

ရုန်းကန်ရချေပြီ။

ဒီတော့ကာ မခင်ကြည် ဘာအလုပ်လုပ်တတ်လဲ။ အတန်းပညာဘယ်လောက်တတ်လဲ။

စလာပါပြီ။ အသက်မွေးမှုပညာ။ လိုအပ်လာပါပြီ တတ်မြောက်ထားတဲ့ ပညာ။

တကယ်တမ်းလက်တွေ့ကျတော့ မခင်ကြည် ဘာမှ မလုပ်တတ်ပြီ။

အသက်မွေးမှုပညာလည်း ဟုတ်တိပတ်တိ တတ်မြောက်မထား။

အတန်းပညာကရော။ ငယ်ကတည်းက မိဘမဲ့တဲ့ မခင်ကြည်အတန်းပညာဆိုတာဝေလာဝေး။

အတန်းပညာမရှိလို့ လက်မှုပညာလေးတတ်မလား ။ ဝေးပါသေးတယ်။ မခင်ကြည်အိမ်ထောင်ကျတော့ အသက်က ၂၀ ။

ကိုအောင်မြင့်နဲ့ မခင်ကြည်ယူတော့ ကိုအောင်မြင့်က ကားစပယ်ယာ ယာဉ်နောက်လိုက်။

 အသောက်အစားလေး ဇ ရှိတော့ ကားဒရိုင်ဘာ နဲ့ ရန်ဖြစ်။ ပြသနာတွေတက်။ ဒီလိုနဲ့

ကိုအောင်မြင့် တစ်ယောက် ဆိုက်ကားဆရာဘ၀ရောက်။ တစ်ခါတလေ ဆိပ်ကမ်းဘက်မှာ ကူလီထမ်း။

ဒါနဲ့ပဲ မခင်ကြည်တို့သားအမိကို ရှာဖွေ ကျွေးမွေးလာတာ။

အော် တစ်ခုပြောရအုံးမယ်။

ကိုအောင်မြင့်က နည်းနည်းသာ မူးတာ။ မိန်းမကျတော့ အလုပ်မခိုင်းဘူး။

သူ့သားနဲ့ သမီးကို ချက်ပြုတ်၊ လျှော်ဖွတ်၊ အိမ်အလုပ်သာလုပ်ပေး။ အပြင်အလုပ်ထွက်မလုပ်ခိုင်းဘူး။

ဒီလို စောစော ကြွေမှန်းသိရင် မခင်ကြည်တစ်ယောက် ဒီလို မနေခဲ့ပါဘူး။

ခုတော့ မခင်ကြည်ခမျာ ဘယ်ကစလို့ ဘယ်လို ဦးစီးလုပ်ကိုင်ရမှန်းမသိ။ ခက်ချေတော့ပြီ။

========================================

ဘာပဲဖြစ်ဖြစ် လောကဓံရယ် လာစမ်းဟဲ့။ ခါးစောင်းတင်ကြည့်မယ်။

ခါးစောင်းတင်လို့မရရင် လက်ကဆွဲမယ်။ ဒါမှမရ ရင်တော့ ဒရွတ်တိုက်တာပေါ့ဟဲ့။

မခင်ကြည်တို့ ဘ၀ ခုမှ စပါပြီ။

မခင်ကြည် ရပ်ကွက်ထဲက လူတွေဆီ တစ်အိမ်ဝင်တစ်အိမ်ထွက် အလုပ်စပ်ကြည့်တယ်။

စပ်မယ့်သာ စပ်ရတယ်။ သူမ လုပ်တတ်တာ သိပ်မရှိ။

အ၀တ်တော့လျှော်တတ်သည်။ အ၀တ်လျှော်ဖို့က ဒီရက်ကွက်မှာတော့မဖြစ်နိုင်။

မခင်ကြည်တို့ရပ်ကွက်က သူ့လို ကိုယ့်လိုလူတွေများသည်။ ဒီတော့ ဒီအလုပ်ကလည်း ဒီရပ်ကွက်နဲ့မကိုက်။

ဒီတော့ လမ်းထဲက မိတ်သင်္ဂဟပေါတယ်ဆိုတဲ့ ပွဲစားဒေါ်စိန်ဆီ အကူအညီတောင်းတော့

“ညည်း ရိုးရိုးသားသားတော့ လုပ်ရမယ်။ သူဌေးအိမ်တစ်အိမ်မှာ အ၀တ်လျှော် လူလိုနေတယ်” တဲ့

ကျေးဇူးတင်လိုက်သည်ဖြစ်ခြင်း။ မနက်ဖြန် သူဌေးအိမ်မှာ အလုပ်စလုပ်ရတော့မည်။

ဒေါ်စိန်ကို ကျေးဇူးတင်လွန်းလို့ လမ်းထိပ် လက်ဖက်ရည်ဆိုင်က ချိုစိမ့်တစ်ခွက်နဲ့ ပေါက်စီတစ်လုံး ပါဆယ်ဆွဲ (အကြွေးနဲ့) ခဲ့သည်။

ဒေါ်စိန့်အပေါ်သိတတ်ရပေမပေါ့။

==============================

အလုပ်ရတာတော့ ဟုတ်ပါပြီ။

မခင်ကြည်အတွက် လစာက ကြိုထုတ်မပေး။ တစ်လကုန်မှ တစ်ခါရှင်းမည်တဲ့။

ခက်ချေပြီ။ မခင်ကြည်မှာက ဒီနေ့တစ်နေ့စာ ပြီးရင် ဆန်အိုးထဲမှာ ဆန်က ရှိတာမဟုတ်တော့။

ပေါင်စရာ နှံစရာကလည်း အစတည်းက ခပ်ရှားရှားရယ်။

လင်တောင်မောင်ရှိစဉ်က လုပ်ပေးထားတဲ့ နားကပ်လေး က အသုဘ ကိစ္စနဲ့ ဘာညာဘာညာ ကုန်ပြီ။

“မခင်ကြည်စိတ်ထဲမတော့ ကိုအောင်မြင့်ရေ ရှင့်မှာတော့ အေးချမ်းလိုက်တာ”

ဒီတစ်ခွန်းက လွဲလို့ ကျန်တာ ပကတိ ငြိမ်သက်လျှက်။

ဘာပဲဖြစ်ဖြစ် မခင်ကြည် မနက်ဖြန်တွက် ရှာဖွေ။ ဆွဲလွဲ၊ ချေးငှားရပေအုံးမည်။

အတိုးပေးတဲ့ ဒေါ်ဂျမ်းဆီ သားနှင့်သမီး လက်တစ်ဖက်စီဆွဲကာ  ချီတက်လျှက်……………………………………

ဆက်လက် ရေးသားပါအုံးမည်။

(မှတ်ချက်။ ၀ါကျတိုကလေးများကိုသာ ရွေးသုံးထားပါ၏။ ကျေးဇူးပြုပြီး အရေးအသားဝေဖန်ပေးကြပါကုန်)

တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည်ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။

အောက်တိုဘာလအတွက်အကောင်းဆုံးဘလော့ကြေငြာခြင်းအပိုင်း(၁)

$
0
0

Divider Scraps and Graphics

မင်္ဂလာပါရှင်

စာရေးသူများအား

ဂုဏ်ပြုသောအားဖြင့်အကောင်းဆုံးဘလော့နှင့်ကဗျာများကိုကြေငြာပေးသွားပါမယ့်ရှင်

လစဉ် အကောင်းဆုံး ဘလော့၊ကဗျာ ၊နည်းပညာ၊ဟာသတွေကို ရွေးချယ် တင်ပြပါပေးပါမယ်။

တင်သမျှပိုစ့်တွေ ဖတ်ပေးကြသောမန်ဘာများနှင့်စာပေများကိုတင်ပေးသောမန်ဘာများအားလုံးကိုလဲ

ကျေးဇူးတင်ပါတယ် ။အက်မင်များဘက်က လိုအပ်တာတွေရှိခဲ့လို ရှိရင် ခွင့်လွှတ်ပါလို ။

ရှေ့ဦးတောင်းပန်ပါရစေ။ကဗျာပိုင်းမှာ အတော်လေးဝမ်းမြောက်မိပါတယ်

ကဗျာတွေ ထုဆစ်ကြသော ရွှေမိသားစုဝင်တွေ အရမ်းတော်ကြပါတယ်။

ဘလော့ပိုင်းမှာလည်းအရေးအသားတွေတော်တော်ကောင်းမွန်ကြပါတယ်။

တင်ပေးကြတဲ့ရေးသားပေးကြတဲ့ သူငယ်ချင်း များ စာပေကိုချစ်မြတ်နိုးကြလို

အတိုင်းအထက်အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင့်။

နောင်လဲဒီထက်မက စာပေတွေကိုရေးနိုင်ဖတ်နိုင်ကြပါစေရှင်။စာဖတ်မှအမှားအမှန်ဝေဖန်တတ်၏။

အရာရာကိုပိုင်းခြား ဝေဖန်စွမ်းရှိသည်။အကျိုးအကြောင်းအဆိုးအကောင်းကိုနားလည်မယ်ဖြစ်ပါတယ်ရှင်

စာကိုလဲဝေဖန်တတ်ပါစေ။ထိုမှသာ ကောင်းခြင်းမကောင်းခြင်းဆိုသည်ကိုနားလည်မည်။

အကောင်းဆုံးသော ဗဟုသုတပေးတတ်သောအရာမှာစာပေဖတ်ခြင်းဖြစ်ပါသည်။

မှတ်ချက်။ ။ စာပေချစ်မြတ်နိုးကြသော ရွှေမိသားစုဝင်များရှင့် စာပေ ပိုစ့်များ တင်ပါက

အကြောင်းအရာတွင်ကဗျာ ဖြစ်ပါက ကဗျာလိုရေးပေးပါရန်

ထိုနောက် ကိုရေးသော ပိုစ့်သည် ။

ကဗျာ ၊ ဆောင်းပါး ၊ ရသ ၊၀တ္ထု စသည် များတင်ပါက အကြောင်းအရာတွင့် ကဏ္ဍလိုက် တင်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ကျွန်မရေးသားသောစာထဲတွင်အမှားများရှိခဲ့ပါကခွင့်လွတ်ပေးကြပါရှင်။

ကဗျာရွေူးချယ်ရာတွင် ကဗျာစည်းကမ်းအရ ရွေးချယ်မှာဖြစ်သလို၊

ဗဟုသုတ၊ရသ၊သုတစာပေတွင် စည်းကမ်းအရရွေးချယ်မှာဖြစ်ပါတယ်ရှင်

နည်းပညာ တွင်လည်းလူတွေအတွက်လတ်တလော စိတ်ဝင်စားမူအများဆုံးပိုစ်များကို

ရွေးချယ်သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်ရှင်။အောက်တိုဘာလအတွက် ကဗျာအများဆုံးထဲကနေ

အက်မင်တွေအနှစ်သက်ဆုံးနဲ့ အကောင်းဆုံးကဗျာများကိုဖေါ်ပြပေးပါမယ်

ကဗျာရေးသူတိုင်းရေးတဲ့ကဗျာတိုင်းကောင်းကြပါတယ်

အဲဒီထဲကနည်းနည်းထူးခြားပြီးကောင်းမယ့်ကဗျာလေးများကိုရွေးချယ်ဖေါ်ပြပေးမှာဖြစ်ပါတယ်ရှင်

စာရေးသူများ၏စာမျာကိုဆက်လက်ဖတ်ရူလိုသူများနာမည်လင့်လေးတွေကိုကလစ်လိုရပါတယ်ရှင်

myanmarpsychologist

သူငယ်ပြန်ခြင်း...

ကျနော် ငယ်ငယ်တုန်းက…

အစားမမက်ဘူး… အဆော့မက်တယ်…

အရုပ်မက်တယ်…

ဖန်တီးပြီးဆော့ရတာကို ကြိုက်တယ်…

 ဥပမာ

 တူတူပုန်းတမ်း စိန်ပြေးတမ်း…

အဲလို ကစားနည်းတွေထက်

အရုပ်ဆက်တာ၊ ပုံဆွဲတာ ဆေးခြယ်တာ အဲဒါမျိုးတွေဆော့တာကြိုက်တယ်…

ထောင်ခြောက်တွေ လုပ်ရတာကြိုက်တယ်ဆက်လက်ဖတ်ရူရန်

********************************************

ကိုမောင်မောင်ရဲ့အမေတွေဟာဒီလိုစိတ်ရှိတယ်ဆက်လက်ဖတ်ရူရန်

* ဒီမှာဇော်မောင်  နင်မသေခင်သေသေခြာခြာမှတ်သွားလိုက် ။ နင်လိုယောင်္ကျား မပီသတဲ့ ယောင်္ကျားယုတ်နဲ့ ညားတဲ့ ငါ့သမီးကုသိုလ်ကံကို  ငါမပြောလိုဘူး  ။ နင်နေ့ တိုင်းနှိပ်စက်တာကို  ငါမျက်နှာလွှဲပြီးနေနိုင်တယ်  ဒါပေမဲ့  နင့်လိုလူယုတ်မာတစ်ယောက်ရဲ့   လက်နဲ့   ငါ့သမီးကိုသတ်မှကိုတော့ငါမကြည့်နိုင်ဘူး ။ ငါ့သမီးကို  လူ့ လောကထဲရောက်အောင်  သေမင်းနဲ့ စစ်ခင်းပြီး ခဲရာခဲစစ်မွေးခဲ့ရတာ  ။ ဒီအရွယ်ရောက်အောင်ပြုစုခဲ့ရတာ  နင်သာငရဲပြည်ကိုသွားပေတော့ **

***************************************************************

နေခြည်နွေ၏ဇေယျာကမ်းနှင့် စစ်ကိုင်းမြို့မှ ချစ်ရသူ..ဆက်လက်ဖတ်ရူနိုင်ရန်

ခြည်ခြည်က မြန်မာမိန်းကလေးတစ်ယောက်ပါ မြန်မာဝတ်စုံတွေကိုသာ မက်မောခုံမင်စွာဝတ်ဆင်တတ်ပြီး မြန်မာဆန်တဲ့မိန်းကလေးတစ်ယောက်ပါရှင်...ဒါပေမယ့်...

.ချစ်တဲ့သူကိုချစ်တယ်လို့ဖွင့်ပြောခွင့်(သက်ဆိုင်သူသို့)မရှိခဲ့ရင်တောင်မှ

သူငယ်ချင်းတွေကိုတော့ရင်ဖွင့်ခွင့်ရှိလိမ့်မယ်လို့ မျှော်လင့်လျှက်......

**************************************************************

ဘာမှမသိချင်၏သက်ရှိနာကိုဆက်လက်ဖတ်ရူရန်

ကိုယ် လူဖြစ်ခြင်း၏ အသီးအပွင့်ကို ခံစားနေရသည်။ ကိုယ်သည်အသက်ရှိသော သတ္တဝါအဆင့်မှ လူအဆင့်သို့ အလိုမတူပဲ ရာထူးတိုးမြှင့်ခြင်းခံလိုက်ရသော သာမန်သက်ရှိတစ်ကောင်ဖြစ်သည်။ ကိုယ့်တွင် ဦးနှောက်ရှိပါသလား။ မသိ။ ကိုယ်မသိပါ။ ကိုယ့်တွင်ရှိသော ဦးနှောက်သည်ပုစွန်ဦးနှောက်လို ဗလာဖြစ်နေနိုင်သည်။ သူများခိုင်းမှ လုပ်တတ်သော ကွန်ပြူတာဦးနှောက်ဖြစ်နေနိုင်သည်။ သို့မဟုတ် ဥာဏ်ပညာကြီးရင့်လွန်းသော လူပီသသည့် ဦးနှောက်ဖြစ်နေနိုင်သည်။ လက်ရှိအချိန်မှာတော့ ကိုယ့်တွင် ဦးနှောက်ရှိမရှိ ကိုယ်သေချာရေရာစွာမသိသေး။             ကိုယ်ရှင်သန်မှုသည် အဆင့်မည်မျှတွင်ရှိနေကြောင်း ကိုယ်မတွက်ချက်တတ်သေးပါ။

**************************************************


တော်ဝင်နှင်းဆီ၏ ပန်းတစ်ပွင့်ရဲ့ ဒဏ္ဍာရီကို ထိန်းကျောင်းသူများကိုဆက်လက်ဖတ်ရူနိုင်ရန်

ပန်းလေးတစ်ပွင့် ဖူးပွင့်လာသည်မှစ၍ ဒီပန်းပွင့်လေးကို လှပအသက်ဝင်စွာ ဖူးပွင့်လာစေဖို့ မကြွေလွင့်မပျက်စီး
စေရန် ကျလာမဲ့ ဘေးမှန်သမျှကို အရိပ်တကြည့်ကြည့်နဲ့ မထိရက်မကိုင်ရက် အကြင်နာသက်သက်နဲ့ အလှကြည့်နေရက်
တဲ့ ဥယျာဉ်မှူးစေတနာကြောင့် ပန်းလေးတွေဟာ အပြစ်အနာအဆာ ကင်းပစွာ လှပလို့ အသက်ဝင်နေပါတယ် ။

ပန်းဆိုသည်မှာလည်း အဆင်းအနံ့ နူးညံ့တဲ့ အတွေ့အထိနဲ့ပြည့်စုံတဲ့ ပန်းလေးတွေ ရှိသလို အဆင်းမရှိ
သော်လည်း ရနံ့သင်းပျံ့လွန်းတဲ့ ပန်း ရနံ့မရှိသော်လည်း အဆင်းလှလွန်းတဲ့ ပန်း အဆင်းကော အနံ့ ကော မပါညား
လည်း အမြင်အတွေ့မှာ နှစ်သက်လောက်အောင် နူးညံ့သိမ်မွှေ့လွန်းတဲ့ ပန်း လေးတွေ အမျိုးမျိုး အစားစားပေါ့ ။

********************************************************

မမ၏မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော ယောင်္ကျားများအကြောင်းဆက်လက်ဖတ်ရူနိုင်ရန်

မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော ယောင်္ကျားများ အကြောင်းပေါ့နော်
ယောက်ျားလေးများက မိန်းမလေးမြင်တိုင်း ကြည့်ချင်ကြသည်
စိတ်ဝင်စားကျ တယ် သနားတတ်ကြတယ်
ဂရုစိုက်တတ်တယ် ကြင်နာတတ်တယ် ။
အိမ်ကမိန်းမကိုမေ့နေတတ်ပြီး အနီးပတ်ဝန်းကျင်မှ မိန်းမလေးများကိုသာ
သူတို့ စိတ်တွင်သာယာတတ်ကြတယ်။
အိမ်မှ မိန်းမ အပြင် သွားသခိုက်လည်း အိမ်တွင် ကူညီရန် ခေါ်ထားသော
အမျိုးတော်သည်ဖြစ်စေ အလုပ်သမား မိန်းမလေးများကို
အိမ်ကမိန်းမထက်ပင် သနားတတ်ကျတယ်။
မိန်းမလေးမှန်သမျှ သူတို့မျက်စေ့ရှေ့တွင်ဖြတ်သွား၍သူတို့ မျက်စေ့နှင့် စိတ်နှင့် မကြည့်မိသည့် ယောက်ျား မရှိသလောက်ပင်ရှားပါးလှပါတယ်။

*********************************************

ခလေးလေး၏ဘာသာတရားတို့၏လားရာနှင့် ဘဝလမ်းဆက်လက်ဖတ်ရူရန်

ယနေ့ကမ္ဘာပေါ်တွင် လူအများကိုးကွယ်ဆည်းကပ်လျှက်ရှိသော

ဘာသာကြီးလေးရပ်၏ ယေဘုယျ

တူညီသော အခြေခံသဘောတရားများကို “ ဘာသာရေးဥခွံကို ဖောက်ထွက်ကြည့်ခြင်း “ ဆောင်းပါးတွင်

မိမိရေးခဲ့ပြီး ဖြစ်သည် ၊ ထိုဆောင်းပါးတွင် ဘာသာတရားတို့သည် လူသားများအတွက် မရှိမဖြစ် ဟုတ်

မဟုတ်မှ အစပြု၍ ဘာသာတရားများနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးအထိ မိမိမြင်သမျှကို သုံးသပ်တင်ပြခဲ့သည် ၊

ယခု ယင်းဘာသာတရားတို့၏လားရာ သို့မဟုတ် အမြင့်ဆုံးပန်းတိုင်နှင့် လူသားများ၏ အခန်းကဏ္ဍကို

အစွဲကင်းကင်းဖြင့် မိမိမြင်သည့်အတိုင်း လေ့လာသုံးသပ်ပြချင်ပါသည်၊

နောက်ထက်အကောင်းဆုံးဘလော့များကိုဆက်လက်စောင့်မျှော်ပါရန်

လေးစားလျက်

ရှင်းသန့်မေ

Divider Scraps and Graphics

ငါ့ညီလေး အိမ်ထောင်ပြုတော့မယ် ဆိုရင်...............

$
0
0

အိမ်ထောင်ပြုတယ်ဆိုတာ ..အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုလို့ရပါတယ်..
ဒါပေမယ့် ... အိမ်ထောင်တစ်ခုတည်ဆောက်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးအပြင်
အတွေးအခေါ်တစ်ချို့လိုအပ်တယ် ..ညီလေး

မိန်းမတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ .... ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်အပြင်
ယုံကြည် အားကိုးမှုတွေအပြည့် ပါတယ်...
ကိုယ့်ဘ၀တစ်ခုလုံး ပုံအပ်ပြီး လက်တွဲလျှောက်လှမ်းရမယ့် အိမ်ထောင်ဦးစီဖြစ်လာမယ့်သူကို
ယုံကြည်မှု မရှိပဲ ....လေးစား အားကိုးမှု မရှိပဲနဲ့ ..ဘယ်မိန်းခလေးမှ လက်တွဲဖို့
ခေါင်းငြိမ့်မှာ မဟုတ်ဘူး ငါ့ညီ.

မိန်းမ တစ်ယောက်ရဲ့ ကိုယ့်လင်သားအပေါ် ယုံကြည်မှုဆိုတာ..
ကိုယ့်ကို သူတစ်ကယ်ချစ်တယ်လို့ ယုံတယ်
ကိုယ့်ကို သူအလိုလိုက်မယ် စိတ်ပျော်ရွှင်အောင် ထားမယ်လို့ ယုံတယ်
ကိုယ့်ကို သူက ဘယ်တော့မှ ပစ်မသွားပဲ ရိုးမြေကျ သစာရှိရှိပေါင်းသင်းမယ့်သူလို့ ယုံတယ်

အဲဒီလို ယုံကြည်မှုနဲ့ တည်ဆောက်ပြီး ...
သူဟာ ကိုယ့်ဘ၀အတွက် ...ရှေ့ဆောင်လမ်းပြ လက်တွဲခေါ်မယ့် အရည်းအချင်းရှိသူ
ယောကျာ်းတစ်ယောက်အဖြစ် အားကိုးအားထား ပြုကြတယ်

မိန်းခလေးတွေရဲ့ စိတ်ကူးထဲက အလိုချင်ဆုံး အိမ်ထောင်ဖက်က
အရည်အချင်းရှိပြီး ...ကိုယ့်ကို ကြင်နာ ဂရုစိုက် အလိုလိုက်ပြီး ချစ်တဲ့ ယောကျာ်းမျိုးပေါ့

မင်္ဂလာလက်ထပ်ပွဲတွေမှာ ...သတို့သမီးတိုင်းက အဲဒီ ယုံကြည် အားကိုးမှု မျက်ဝန်းတွေနဲ့
သတို့သားကို ကြည့်တတ်ကြတယ်လေ ..

ဒါပေမယ့် ... လောကကြီးက ကိုယ်ထင်သလို ဖြစ်ချင်မှ ဖြစ်တတ်တာမျိုးဆိုတော့လဲ
အချိန်ကြာလာတဲ့အခါ....ကိုယ့်လင်ယောကျာ်းက ကိုယ်ယုံကြည်သလို ဖြစ်မလာတဲ့အခါ
ကိုယ် အားကိုးသလို ဖြစ်မလာတဲ့အခါ ..စိတ်ပျက် ၀မ်းနည်းစရာ အိမ်ထောင်နဲ့ ကြုံရပြီး
ိစိတ်ဆင်းရဲမှုတွေနဲ့ ဘ၀ကို ဖြတ်သန်းကြရတယ်....

ငါ့ညီလေး ရဲ့ ချစ်သူ .... အိမ်သူသက်ထားဖြစ်လာမယ့် သတို့သမီင်္းလေး ကို
အဲလို ဘ၀မျိုး မတွေ့ကြုံရအောင် ငါ့ညီ ကြိုးစားရလိမ့်မယ်

အိမ်ထောင်တစ်ခုတည်မြဲ သာယာဖို့ နှစ်ယောက်လုံးမှာ တာဝန်ရှိပေမယ့်
အဓိကတော့ ... အိမ်ထောင်ဦးစီးဖြစ်တဲ့..ယောကျာ်းဖြစ်သူရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်ပါ..

နံပါတ်တစ်အနေနဲ့ .. ညီမှတ်ထားရမှာက

ကိုယ့်ချစ်သူက ကိုယ့်ရဲ့ သစာတရားနဲ့ ချစ်ခြင်းကို ယုံကြည်လို့ ....
သူ့ရဲ့ ဘ၀လေးကို ကိုယ်က ပျော်ရွှင်ချမ်းမြေ့အောင်ထားနိုင်မယ် .. တင့်တောင်းတင့်တယ်
ရှာဖွေကျွေးမွေးနိုင်မယ့် သူအဖြစ် အားကိုးလို့ ....
လက်ထပ်တယ်ဆိုတာကို စိတ်ထဲ အမြဲ နှလုံးသွင်းထားပါ

နံပါတ်နှစ် ..

လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ရိုက်ချိုးဖို့ဆိုတာက အရမ်းလွယ်ပါတယ်...
တည်ဆောက်ဖို့သာ ခက်တာပါ....

ယောကျာ်းကောင်း ယောကျာ်းမြတ်တွေက ဘယ်တော့မှ ကိုယ့်အပေါ်ထားတဲ့
အိမ်သူသက်ထားရဲ့ ယုံကြည်မှုကို မရိုက်ချိုးတတ်ကြဘူး
ပိုပြီး တိုးသထက် တိုးလာအောင်သာ စွမ်းဆောင်ကြတယ်လေ..

မင်းက သူ့ကို အရမ်းချစ်တယ်...မင်းက သူ့ကို ဂရုစိုက်မယ် ကြင်နာမယ်
သစာရှိမယ်လို့ ယုံကြည်ထားတဲ့ သူ့ယုံကြည်မှုတွေကို ထိန်းသိမ်းဖို့အတွက်...

ငါတို့ရဲ့ မင်္ဂလာပွဲလေးက မနေ့ကလိုပဲလို့ .. အမြဲ စိတ်ထားတတ်ဖို့ လိုတယ်..ညီလေး

၁၀ နှစ်ကြာလဲ ... မနေ့က မင်္ဂလာဦးစလိုပဲ ချစ်မြဲ ကြင်နာမြဲ ဂရုစိုက်မြဲ
နှစ် ၂၀ ကြာလဲ ... မနေ့က မင်္ဂလာပွဲလေးလိုပဲ သစာရှိမြဲ ... ချစ်မြဲ ကြင်နာမြဲ
နှစ် ၃၀ ကြာလဲ ... နှစ် ၄၀ ကြာလဲ

ညီလေးဘက်က မပြောင်းလဲပဲ ချစ်နေမယ် ကြင်နာနေမယ်...ဆိုရင်
မင်း အိမ်ထောင်ဖက် ချစ်သူသက်ထားလေး ..ဘယ်လောက် ကျေနပ်ကြမလဲ
ပီတိဖြစ်မလဲ ... သူထားခဲ့တဲ့ ယုံကြည်မှုလေးက ပိုပို တိုးလာပြီး ..
ကိုယ့်လင်ယောကျာ်းအပေါ် လေးစားတဲ့စိတ်တွေနဲ့ .... မင်းကို ဆက်ဆံမှာ မလွဲဘူးလေ

တစ်ကယ်တော့
မိန်းမဖြစ်သူ ကိုယ့်စကားနားထောင်ဖို့ ..ကိုယ့် သြဇာလွှမ်းဖို့
ခြိမ်းခြောက် ..မာန်မဲနေစရာမလိုပါဘူး ... ငါ့ညီရာ.

သူ့ရဲ့ ယုံကြည်မှုလေးမပျက်သွားအောင် နေပေးဖို့ပဲ လိုပါတယ်

ကိုယ့်လင်သားရဲ့ တည်ကြည်တဲ့ စိတ်ဓါတ် မဖောက်ပြားတဲ့ သစာ ...
ကြင်နာတတ်တဲ့ နှလုံးသားကို ....လေးစားတဲ့စိတ်နဲ့ မင်းမိန်းမဖြစ်သူက
မင်းဆနတွေကို လိုက်လျောပါလိမ့်မယ်..

နံပါတ်သုံး အနေနဲ့ ...

အားကိုးထိုက်တဲ့ ယောကျာ်းအဖြစ် သတ်မှတ်လို့
သူက ကိုယ့်ကို လက်ထပ်ခဲ့တယ်...သူ့မိဘတွေက ယုံယုံကြည်ကြည် လက်ထပ်ခွင့်ပြုခဲ့တယ်
တစ်ကယ်ရော ကိုယ်က အားကိုးထိုက်ရဲ့လား.... သူတို့ မှားယွင်းခဲ့တာလား
အဲဒီ အဖြေကတော့ ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းအပေါ်မှာ မူတည်ပါတယ်

သူများတွေလို တိုက်ကြီး တာကြီး ကားတွေနဲ့ စိန်တွေ ရွှေတွေ ...ငွေကြေးဥစာတွေ
အမြောက်အမြားပိုင်အောင် မင်းလုပ်ပြနေစရာ မလိုပါဘူးလေ ..
မင်းလုပ်နိုင်တာကို ..အကောင်းဆုံး လုပ်ပြဖို့ပဲ လိုပါတယ်

ငွေကြေးဥစာအပြင် .... မိသားစုအပေါ် ကာကွယ်ပေးနိုင်မှု ...
မိသားစုအရေးမှာ ..အိမ်ထောင်ဦးစီးအဖြစ် ရှေ့ကနေ မားမားမတ်မတ်ဖြေရှင်းပေးနိုင်မှု
အမျိုးမျိုးသော အခြေအနေ အနေအထားတွေပေါ်မှာ ..
ယောကျာ်းတစ်ယောက်အနေနဲ့ .... မိသားစုအတွက် အားကိုးထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင်

ငါ့ညီ .. ကြိုးစားမယ် ဆိုရင် ...

ငါ့ညီက သာယာတဲ့အိမ်ထောင်တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ပါပြီ.

...

သူပန်မှ ပန်း

$
0
0

တောတောင်ေ၇မြေ ဆီးနှင်းတွေခြောက် လမ်းပျောက်၇ှုပ်ထွေး အဆွေးကမ္ဘာ သူလာမှလန်း သူခြေလှမ်းမှ လမ်းကြောင်းဖြစ်မည် အဟန်.အတား ချောင်းဖျားမြစ်ကူး ဗွတ်လူးနေစဉ် ရင်ခွင်ခံစားသူဆန်.လျှားမှ တံတားဖြစ်မည် စည်းစိမ်ဥစ္စာ ရတနာကိုးပါး စီခြယ်ထားလည်း သူရောက်မလာ ဟာတာတာဖြစ် သူလာခိုတွဲ သူပန်မှပန်း သူနှစ်သက်စွာ သူနေသာမှ ဂေဟာဖြစ် ခွန်နှစ်ရောင်စဉ် ယှက်ယှက်နှောင်တန်း ကောင်းကင်လမ်းသို. သူလက်ဆန်.တန်း သူမျှော်တမ်းမှ သက်တံဖြစ်မည် ပန်းမျိုးစုံပွင်. မာလာဝင်.လည်း သူမလိုချင် ငြိုငြင်ပယ်ထုတ် ပန်းရုပ်မပီ သူကြည်ဖြူလို. မေ.မေ.မူးမူး သူဆွတ်ခူးလျှက် သူ.လက်အလှမ်း သူကနမ်းမှ ပန်းဖြစ်တော.သည် သူမရှိလျှင် လမ်းလည်းမရှိ ချောင်းလည်းမကူ အိမ်ဦးခြောက်သွေ. သက်နံမြေ.ဆွေး ပန်းမမွှေးဘူး သူရှိမှသာ ကိုယ်.ကမ္ဘာတည် အရာရာ ပြည်. ကိုယ်ပျော်မွေ.မယ် တနေ.ကိုမှ မမ.ဘူး ကွယ်...

အချစ်၏ခေါင်းစဉ်ခွဲများ (၃ )

$
0
0
တစ်ဖက်သတ်အချစ်
** မောင်မောင်   ငါ  ငြိမ်းငြိမ်းကိုအရမ်းချစ်တယ်ကွာ **
** ဒါဆိုရင်လည်းဖွင့်ပြောလိုက်ပေါ့ကွာ **
**ပြောပြီးပြီသူငယ်ချင်း **
** ဘာပြောလဲ  ဟုတ်လား  သူကဘာပြန်ပြောလဲ **
** ငါ့ကိုမချစ်နိုင်ဘူးတဲ့ **
** ဘာဖြစ်လို့ မချစ်နိုင်တာလဲ မေးမကြည့်ဘူးလား**
** ငယ်သူငယ်ချင်းဖြစ်နေလို့ တဲ့ကွာ **
** အဲ့ဒါဆိုရင်လည်းမေ့ပြစ်လိုက်ပေါ့  ရဲရင့်ရာ ဒါမှမဟုတ်
    တစ်ခြားကောင်မလေးတစ်ယောက်ကိုရှာပေါ့ **
** မဖြစ်နိုင်ဘူးကွ  ငါကသူ့ ကိုငယ်ငယ်ကတည်းကချစ်လာခဲ့တာ **
ဒီလိုနဲ့  တစ်ရက်မှာ ။။။။။
** မောင်မောင်ရေ   ငါ့ မျှော်လင့်ချက်တွေတော့ပျက်စီးသွားပြီကွာ**
** ဘာဖြစ်လို့ လဲကွ **
** လညမဲ့စနေ နေ့ မှာ  ငြိမ်းငြိမ်း  သူ့ ကောင်လေးနဲ့ စေ့စပ်တော့မှာ **

** ကောင်းတာပေါ့ကွာ  ဒါမှ  မင်းငြိမ်းငြိမ်းကို စွဲလန်းနေတဲ့ တစ်ဖက်သတ်ချစ်ဒုက္ခကငြိမ်းမှာ **

** ပြောရက်လိုက်တာ  သူငယ်ချင်းရာ **
** ဖိုးလမင်းကြီးကို  လိုချင်ပါတယ်ဆိုပြီး  ငိုနေတဲ့ကလေးလို

   မဖြစ်နိုင်တာကို တမ်းတမနေပါနဲ့ ကွာ  မေ့လိုက်ပါတော့ **

တဇွတ်ထိုး  အချစ်

** ကိုကြီးကို   သဲစုဘယ်လောက်ချစ်တယ်ဆိုတာ  ကိုကြီးသိပါတယ်နော် **
** သိပါတယ်သဲစုရယ် ။ ဒါပေမဲ့  ဘယ်လိုမှမဖြစ်နိုင်တာကို  အတင်းတောင်းဆိုနေတာတော့
    မကောင်းဘူးထင်တယ်နော် **

** ဒါဆိုဘာဖြစ်လို့  သဲစုကိုတွဲနေတာလဲ ။ ဘာလို့ အလိုလိုက်နေတာလဲ **

** ကိုကြီးကသဲစုကို  ကိုယ့်ညီမလေးတစ်ယောက်လိုသဘောထားပြီး  အလိုလိုက်နေတာပါ ။

    ကိုကြီးမှာ  မိဘတွေသဘောတူထားတဲ့  ချစ်သူရှိတယ်ဆိုတာ  သဲစုလည်းသိနေသာနဲ့  **

** အဲ့ဒါကိုကြီး  ကဏ္ဌလေ ။ သဲစုကတော့ ကိုကြီးကိုချစ်နေမှာပဲ ။ တကယ်လို့  ကိုကြီးနဲ့ 

   အဲ့မမ  လက်ထပ်သွားလည်း  သဲစုကတော့ချစ်နေမှာပဲ **
** ကိုကြီးကတော့သဲစုကိုညီမလေးတစ်ယောက်  အဖြစ်ကနေဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး**

**  သဲစုအချစ်ကလည်း  ကိုကြီးအပေါ်မှာဘယ်တော့မှလျော့မှာမဟုတ်ဘူး ။ ကိုကြီးချစ်ချစ်  မချစ်ချစ်

     ဂရုမစိုက်ဘူး ။ အဓိက   ကတော့ ကိုကြီးသဲစုကိုအလိုလိုက်နေရင်ပြီးတာပဲ **

** အင်းတော်တော်ပြောရခက်တဲ့ညီမလေး  ပဲကွာ **

အုံ့ ပုံးချစ်

** ဟေ့ကောင်မောင်မောင်  ဘာဖြစ်လို့   မျောက်ခိုင်ထိုင်ပြီး  လဒမှိုင်မှိုင်နေရတာလဲ **

** ဘာမှမဟုတ်ပါဘူးကွာ **

** ဟား ဟား ဟား ရုံးကမမကြီးအကြောင်းကိုတွေးနေတာ

မဟုတ်လား ။ ငါသိပါတယ်ကွာ **

** အေး မမ အကြောင်းတွေးနေတာတော့  ငါဝန်ခံပါတယ်ကွာ **

**မင်းတစ်ကယ်ချစ်နေရင်လည်း ဖွင့်ပြောလိုက်ပေါ့ကွာ  ။ မင်းနဲ့ တစ်ရုံးထဲလုပ်နေတာ ။

  ပြီးတော့မင်းနဲ့ လည်းခင်နေတာပဲမဟုတ်လား **

** မပြောရဲပါဘူးကွာ သူကငါ့ထက်   အသက်လည်းကြီးသလို  ရာထူးလည်းကြီးတယ်ကွ ။
  
     မမက  အိနြေ္ဒသိက္ခာရှိပြီး   အရမ်းလှတာကွ **

** အင်းဒါဆိုမင်းက အုံ့ ပုံး ချစ်နဲ့ ပြီးတော့မှာပေါ့ **

** အေးကွာ  မင်းပြောလည်း  ငါခံရတော့မှာပဲ **

တနင်္ဂနွေရုံးပိတ်ရက် ။။။။

** မောင်မောင်  လာကွာ လ္ဘက်ရည်ဆိုင်သွားရအောင် **

** သွားပါကွာ  မလိုက်ချင်ဘူး **

** လာစမ်းပါကွာ  ဘာဖြစ်နေတာလဲ  မင်းမျက်နှာကြည့်ရတာ  စိတ်ဆင်းရဲလိုက်တာ **

**မနေ့ က စနေနေ့   နေ့ ဝက်ရံးဆင်းတော့  မမငါ့ကို  ocean   shopping centre  ကို
 
   လိုက်ပို့ ခိုင်းတယ် **

** ဟုတ်လား  ဒါဆို မမနဲ့ မင်း နှဏ်ယောက်ထဲပေါ့ ပျော်စရာကြီး  မင်းဖွင့်မပြောလိုက်ဘူးလား**

** နေဦး   ငါပြောတာဆုံးအောင်နားထောင် **

** အဲ့ဒီကိုရောက်တော့  မမထက် အသက်နဲနဲကြီးပုံရတဲ့  အကိုကြီးတစ်ယောက်လာစောင့်နေတယ်


 

    ကွ ။ သူနဲ့ တွေ့ တော့မမကငါနဲ့ မိတ်ဆက်ပေးတယ် ။

** မောင်မောင်အဲ့ဒါ   မမနဲ့ မကြာခင်လက်ထပ်တော့မဲ့  မမချစ်သူ  ကိုနိုင် မှတ်ထားနော်။
 
  ကိုလည်းမှတ်ထား  ဒါသိမ့်တို့ ရုံးက မောင်လေးတစ်ယောက်လိုအရမ်းခင်တဲ့

  မောင်မောင်**

** ငါလည်းအဲ့ဒီအကိုကြီးနဲ့   လက်ဆွဲနှုတ်ဆက်ပြီး  ပြန်လစ်လာတာ  အိမ်ကိုဘယ်လိုရောက်လာ

   မှန်းတောင်မသိတော့ပါဘူးကွာ **

** အင်း အုံ့ ပုံး အချစ်ဟတ်ထိသွားတယ်ဆိုပါတော့ **

ကျွန်တော့်စကားကြောင့်  မောင်မောင်တစ်ယောက်  မျက်နှာသေလေးနှင့် ခေါင်းကိုဘဲ။

အသာညိတ်ပြနိုင်ပါတော့သည် ။။။။။။

အပျော်ချစ်

**သဇင်ရယ်  နင်ဟာလေ  ရုပ်ကလေးချောသလောက်  ရီးစားကလည်းများလိုက်တာ။

  တစ်ယောက်၂  ကိုသတ်၂မှတ်၂ထားပါလား **

** ဟဲ့ နုနု ငတုံးမ  ငါကရီးစားထားတာ  ပိုက်ဆံမကုန်အောင်ထားတာ **
** ဘာ  ဘယ်လိုဘယ်လို  ပိုက်ဆံမကုန်အောင်ထားတာဟုတ်လား အဆန်းပါလား**

**ဟုတ်တယ်လေ  ရီးစားများတော့  တစ်ယောက်က  ငါလိုချင်တာဝယ်ပေးတယ် ။

  တစ်ယောက်က  ငါစားချင်တာလိုက်ကျွေးတယ် ။ တစ်ယောက်က ငါသွားချင်တဲ့နေရာ
  လိုက်ပို့ တယ် ။ နောက်ဆုံး  ကျူရှင်သွားရင်တောင်  သီးခြားလိုက်ပို့ တဲ့ချစ်သူရှိတယ် ။

   လမ်းစရိတ်လည်းမကုန်ဘူး  ကဲဘယ်လောက်ကောင်းလဲ **

** မတော်လို့   တစ်ယောက်ယောက်နဲ့ တစ်ခုခု ဖြစ်သွားမှာမစိုးရိမ်ဘူးလား **
**ဘာစိုးရိမ်စရာလိုသလဲ  ငါကသူတို့ ကိုတကယ်ချစ်တာမှ မဟုတ်တာ  ချစ်ဟန်ဆောင်နေတာလေ**

** အဲ့ဒီတော့ **

** ငါတွေ့ ချင်တဲ့အချိန်  သူတို့ ကိုခေါ်တွေ့ တယ် ။ ပြန်ချင်တဲ့အချိန်ငါပြန်တယ် ။
 
  သူတို့ အလိုကို  ဘာမှမလိုက်ဘူးလေ ။ င့ါအလိုကိုပဲလိုက်ကြရတာ **

** အဲတော့ ကောင်းရော တော်လိုက်တာ **

ဆက်လက်ဖေါ်ပြပါမည်  ။။                                                          သူငယ်ချင်းအားလုံး

                                                                                        အစစအဆင်ပြေပါစေ

                                                                                         ကိုမောင်မောင်

“ ရွှေမြို့တော်မှ အဝေးရောက်သူငယ်ချင်းများထံသို့....... ပေးစာ ”

$
0
0

အားလုံးမင်္ဂလာပါရှင်

                နူး ဘလော့မတင်တာနဲနဲကြာတော့ ပြန်တင်ရတာ တစ်မျိုးကြီးပဲ။ ဒီစာက အဝေးရောက်နေတဲ့ ချစ်သူငယ်ချင်းလေးတွေဆီကို သတိတရနဲ့ ဖတ်စေချင်လို့ပါ။ ရွှေမြို့တော်မှာရှိနေကြတဲ့ အဝေးရောက်သူငယ်ချင်းတွေ အားလုံး ဒီစာလေးကိုဖတ်ကြည့်စေချင်တယ်။ဒီစာလေးထဲမှာ ရင်ထဲကခင်မင်မူတွေ၊ စေတနာတွေအများကြီးပါတယ်နော်။ အားလုံးကို ပျော်ရွှင်စေချင်ပါတယ် ဒီဇင်ဘာလလေးမှာ အေးမြတဲ့ ဒီဇင်ဘာနဲ့အတူ ပျော်ရွှင်နိုင်ပါစေရှင်။

ရေးသားထားတာတွေစိတ်ဝင်စားဖို့မကောင်းဘူးဆိုရင်လဲ နဲနဲတော့ သည်းခံဖတ်ပေးနော်။

 သို့....................

                           သူငယ်ချင်း....

                     နေကောင်းရဲ့လား ချစ်သူငယ်ချင်းရေ......။ အခုဆို နိုဝင်ဘာဝင်ကျော်လို့ သိပ်မကြာခင်  နူးသိပ်ချစ်ရတဲ့ ဒီဇင်ဘာလလေး ရောက်ရှိတော့မယ်နော်။ ရင်တွေတောင်ခုန်တယ်။ ဒီဇင်ဘာဆိုတာ အေးမြတဲ့ နှင်းဖွဲလေးတွေနဲ့ ချမ်းအေးလွန်းတဲ့ ရာသီဥတုလေးတစ်ခုလေ။ ကျန်းမာရေးလဲဂရုစိုက်ပါသူငယ်ချင်းရယ်။ မိသားစုနဲ့ ဝေးကွာတဲ့နေရာမှာ စီးပွားရှာနေတော့ နေထိုင်မကောင်းဖြစ်တယ်ဆိုရင် အရမ်းစိတ်အားငယ်ရတယ်။ အနားမှာ မိသားစုသာရှိရင်  ဆေးဝါးတွေနဲ့ နွေးထွေးမူတွေနဲ့ဆိုရင် ခဏလေးတောင်အဖျားပျောက်မှာ။ အဝေးတစ်နေရာမှာဆိုတော့ ကိုယ်နေမကောင်းဘူဆိုရင်လဲ ဆေးမြှီးတိုတွေနဲ့ ကြိတ်ကုသနေလို့မဖြစ်ဘူးလေ။ အဲ့တာကြောင့် နေမကောင်းမဖြစ်အောင် ကြိုတင်ဂရုစိုက်စေချင်တယ်ကွာ။  

                  အလှုပ်များတယ်ဆိုပေမဲ့ ထမင်းလဲအချိန်အမှန်စား။ အေးတဲ့ အချိန်တွေမှာနွေးနွေးထွေးထွေးနေပါကွာနော်။ အလှုပ်များလွန်းလို့ ထမင်းမစားပဲကြိုးစားနေမယ်ဆိုရင် ကြာလာရင် အစာအိမ်ရောဂါတွေရနေလိမ့်မယ်။ လေအောင့်၊လေနာ တာဆိုရင် အရမ်းနာကျင်တာလေ။ အဲ့တာကြောင့် ကျန်းမာရေးဂရုစိုက်ပါကွာနော်။

                 သူငယ်ချင်းရေ...... ဒီဇင်ဘာရောက်တော့မယ်နော်။ ဘာလိုလိုနဲ့ မိသားစုနဲ့နင်ခွဲခွာသွားတာလဲ ကြာေ၇ာပေါ့။ မိသားစုအတွက် ၀မ်းစာရှာဖို့ ကြိုးစားနေတဲ့ မင်းစိတ်ဓာတ်ကိုတော့ တကယ်လေးစားပါတယ်။ တကယ်လဲချီးကျူးပါတယ်နော်။ အလုပ်လုပ်ရင်းနဲ့ မိသားစုကိုလွမ်းတဲ့စိတ်လေးတွေလဲရှိမှာပေါ့နော်။ နူးဆိုမိသားစုနဲ့ခွဲခွာနေရရင် အရမ်းငိုချင်လာတာ။ မင်းသာဆိုတော်တော်ခံရခက်မှာနော်။ အဝေးမှာဆိုတော့ အိမ်ကိုအပြေးပြန်လာချင်လဲ၊ မိသားစုနဲ့ ရယ်ရယ်မောမော နွေးနွေးထွေးထွေး စကားဝိုင်းလေးဖွဲ့ချင်ရင်လဲ မဖြစ်နိုင်တဲ့အခြေအနေမှာ ကြိုးစားနေရလို့ အရမ်းလွမ်းနေမှာပဲနော်။ 

               အခုတစ်ခါ ကထိန်ပွဲလေးကိုတောင် မင်းပြန်မရောက်နိုင်တော့ဘူးနော်..။ အခုဆို ကျောင်းသူ၊ကျောင်းသားတွေရဲ့အလှူဒါနတွေကော။ ပြည်သူတွေရဲ့ အလှူဒါနတွေကော အစုံပေါ့။ ဘုရားပွဲတွေမှာ လျှောက်လည်ရင်းနဲ့ မင်းကိုတမ်းတမ်းတတ လွမ်းမိပြန်ရော သူငယ်ချင်းရယ်။ ဘုန်းကြီးကျောင်းတွေမှာ ထမနဲ တွေလဲကျွေးတယ်။ မင်းအရမ်းကြိုက်တယ်ဆိုတာ သတိရတော့ မင်းကိုလဲ ငါတို့သူငယ်ချင်းတွေနဲ့အတူ ရှိစေချင်လိုက်တာ။ ၁၇ ရက်နေ့က  တန်ဆောင်တိုင်လပြည့်နေလေ သူငယ်ချင်း။ အရင်တုန်းက ဆေးပေါင်းခတဲ့ညတွေတိုင်း မဲဇလီဖူး သုတ်စားသလို ဒီတစ်ခါလဲ မဲဇလီဖူး ပျော်ပျော်ပါးပါးသုတ်စားကြမှာ သူငယ်ချင်းရဲ့။ မင်းကိုလဲအတူရှိစေချင်လိုက်တာနော်။

                ပြီးတော့ သူငယ်ချင်းရေ.......ဒီတစ်ခေါက်ဒီဇင်ဘာကော မင်းအိမ်ကိုမပြန်လာနိုင်ဘူးနော်။ အခုဆို ဒီဇင်ဘာလထဲမှာ Sea Game ပွဲကျင်းပတော့မှာလေ သူငယ်ချင်း။ ခွင့်ရက်လေးရတုန်း အိမ်ကိုအပြေးလေး ပြန်ခဲ့ဦးနော်။ မင်းမိသားစုကလဲ မင်းကိုလွမ်းနေရောပေါ့နော်။ မြန်မာပြည်မှာ ကြီးကြီးကျယ်ကျယ် ကျင်းပနေတဲ့ ဆီးဂိမ်းပွဲမှာ မင်းကိုလဲအတူရှိစေချင်တယ် သူငယ်ချင်းရယ်။ တို့အတူတကွ နေရာအနှံလျှောက်လည်ကြမယ်လေနော်။ ပျော်ပျော်ရွှင်ရွှင်နဲ့ တို့တတွေ ဆုံးဆည်းကြမယ်လေ။

              သူငယ်ချင်းရေ.......... မင်းအခုဆို အလုပ်လုပ်နေရရင်းနဲ့ သူငယ်ချင်းအသစ်တွေလဲရနေရောပေါ့နော်။ သူငယ်ချင်းအပေါင်းအသင်းပေါင်းတဲ့နေရာမှာတွေလဲ အားလုံးကိုခင်ခင်မင်မင်ပေါင်းပါနော်။ လူဆိုး၊လူမိုက်တွေကိုတော့ ရှောင်နိုင်သလောက်ရှောင်ပါနော်။ ကိုယ့်ကို ဒုကွပေးမဲ့ သူတွေကို ကိုယ့်ဥာဏ်စွမ်းလေးနဲ့ ကြည့်ရှောင်ကြည်ပါနော်။ မင်းကအပေါင်းအသင်းဆံတာ သိပါတယ်။ ဒါပေမဲ့ လူပေါင်းတော့မမှားစေနဲ့လေနော်။

             ကဲ......... သူငယ်ချင်းရေ......

             ငါသာဆက်ေ၇းနေရင်တော့ တစ်ထောင့်တစ်ညပုံပြင်ထက်ပိုရှည်နေမှာထင်တယ်(ခစ်ခစ်)။ အခုလိုရေးထားတာကို မင်းအပျင်းပြေဖြစ်ဖြစ်ဖတ်ကြည့်ပါဦးနော်။ သူငယ်ချင်းရေ.........အဝေးမှာရောက်နေတယ်ဆိုပေမဲ့ ဘုရား၊တရားလဲ မမေ့နဲ့ဦးနော်။ ညအိပ်ရာဝင်တိုင်း ကိုယ်ကိုးကွယ်တဲ့ ဘုရားကို ရှိခိုး၊ဆုတောင်းပြီးမှ အိပ်ပါနော်။ အဝေးမှာရှိနေတဲ့ မင်းကိုလဲ ငါတို့ဘယ်တော့မှမမေ့ပါဘူး။ မင်းလဲ ချစ်သူငယ်ချင်းလေးတွေကိုတော့ သတိရပေးပေါ့နော်။

           ကဲ စာအဆုံးသတ်တော့မယ် သူငယ်ချင်းရေ..........။ ပျော်ပျော်ရွှင်ရွှင်လဲနေပါ။ စီးပွားလဲရှာတာတော့ရှာပေါ့။ ကျန်းမာရေးလဲဂရုစိုက်ဦးနော်။ နင်သတိရတဲ့အချိန်တိုင်း ငါတို့ကိုစာလေးတော့ ပိုပေးဦးနော်.......... နင့်ပြန်စာကိုမျှော်လင့်နေဦးမယ် သိလား....။ အခုတော့ ဘိုင့်ဘိုင်

                                                                                                   အက်စတာနူးနူး

7:07pm

friday..

            

         


စာပေရေးတင် သူများအတွက် အကြံပြုချက်...

$
0
0


ခေါင်းစဉ်

ခေါင်းစဉ်တပ်ပါ...

စာလုံးအရွယ်အစား

Font Size 4 ( 14 pt ) ကိုရွေးပါ...

အဲဒီအရွယ်က ကြည့်လို့အကောင်းဆုံးပဲ...

စာလုံးအရောင်

အရောင်ရင့်ရင့်တွေကိုရွေးပါ...

တောက်တောက်ပပတွေက မျက်လုံးကိုဒုက္ခပေးတယ်...

စာပိုဒ်ဖွဲ့စည်းပုံ

(ဘယ်ကပ်ရေးတဲ့ပုံစံ)

အမေးအဖြေပုံစံရေးရင် ဘယ်ကပ်ရေး

(အလယ်မှာရေးပုံစံ)

အကြောင်းအရာတွေရေးရင် အလယ်မှာရေး

(ညာကပ်ရေးတဲ့ ပုံစံ)

မော်ဒန်ကဗျာလို ဟာမျိုး ညာကပ်ရေး

ဒီလိုရေးခြင်းအားဖြင့် စာဖတ်သူကိုပိုစွဲဆောင်နိုင်တယ်...

စာဖတ်ချင်စိတ်ကို ပိုဖြစ်စေတယ်...

ဖတ်လို့ကောင်းအောင်

အဖြတ်အတောက် မှန်ဖို့လိုတယ်...

စာရေးဟန်ထက် စကားပြောဟန်မိအောင်ရေး...

အကြောင်းအရာကို စာဖတ်သူမျက်လုံးထဲမှာ ပုံပေါ်လာအောင်ရေး...

စာကြောင်းလေးတွေခြားခြား ပြီးရေး...

ပုံလှလှလေးတွေ အလန်းပုံလေးတွေထည့်...

အကျိုးရှိအောင်

စာဖတ်သူအကျိုးရှိစေမယ့် အကြောင်းအရာတွေများများရေး

လူကြိုက်များအောင်

သနားစရာကောင်းအောင်ရေး...

ကြည်နူးစရာကောင်းအောင်ရေး...

အချစ်အကြောင်းလှလှတွေရေး...

ပေးဆပ်တဲ့အချစ်တွေရေး...

ကံစမ်းမဲတွေ ဘာတွေများများပေး...

သေချာတာကတော့

လူကြိုက်များချင်ရင် သဘောတရားစာပေတွေမရေးနဲ့...

မှတ်ချက်တွေကို အသုံးချ

အကြောင်းအရာနဲ့ ဆန့်ကျင်တဲ့ မှတ်ချက်တွေတွေ့တဲ့အခါ စိတ်ပျက်နဲ့

အပြုသဘောဆောင်ပြီးဆွေးနွေးကြည့်...

ဒါတွေကို ဆက်ဆံရေး လေ့ကျင့်ခန်းတွေလို့ သဘောထားရမယ်...

ဝေဖန်ပေးပါလို့ အကြံပြုလာရင်

ထိထိရောက်ရောက်ဝေဖန်ကြည့်...

ကိုယ့်ကိုယ်ကိုလည်း ဝေဖန်ခံနိုင်အောင်ကြိုးစား...

ဝေဖန်မှုကို စိန်ခေါ်ကြည့်...

ဆက်ဆံရေးအရည်အသွေးတွေ

မြင့်တက်လာမှာသေချာတယ်...

ဝေဖန်မခံနိုင်တဲ့သူနဲ့ ဝေဖန်မှုကိုတိမ်းရှောင်သူတွေကို

သဘောထား အဆင့်အတန်း မြင့်မားသူတွေလို့ မဆိုနိုင်ဘူး...

စာရေးခြင်း

လူသားအကျိုးပြု စာပေရေးသားခြင်းဟာ

ပရဟိတလုပ်ငန်းဖြစ်တယ်...

စာ မရေးသူများ

စာရေးကြည့်ပါ...

ရေးချင်တဲ့အကြောင်းအရာကိုရေးပါ...

စိတ်ထဲမှာရှိတာရေးလိုက်ပါ...

အကောင်းဆုံးမဖြစ်စေနဲ့...

အကောင်းဆုံးဖြစ်အောင်ရေးပြီးမှ တင်မယ်လို့ စိတ်မကူးနဲ့...

ဘယ်တော့မှတင်ဖြစ်တော့မှာမဟုတ်ဘူး...

......

ရိုးရိုးသားသားရေ...

ကိုယ်သိတဲ့အကြောင်းအရာတွေကိုပဲရေး...

ဥပမာ... ကိုယ့်အကြောင်း...

မသိတာကို သိသလိုလုပ်မရေးနဲ့...

ဥပမာ... သရဲအကြောင်း...

ဒီလောက်ဆိုလုံလောက်ပြီလို့ထင်တယ်...

ဒီစာကို ဖတ်ပြီးတာနဲ့ ဘလော့တွေ တင်လိုက်ကြတော့

ရင်ထဲက အကြောင်းအရာတွေ ဝေမျှကြတော့

ပညာတွေကို ဝေမျှကြတော့

ပညာတွေကို သေရွာကိုယူမသွားကြနဲ့

ဆရာစားတွေချန်မထားနဲ့

ဆရာစားချန်မယ်ဆိုရင် မြန်မာပြည်မှာ ပညာရှင်ဆိုတာရှားလာမယ်

ပညာရှင်ရှားလာတာနဲ့အမျှ ပညာပါဆိတ်သုဉ်းလိမ့်မယ်

ပညာဆိတ်သုဉ်းရင် တိုင်းပြည်နစ်နာတယ်...

မြန်မာတွေဟာမျိုးချစ်စိတ်ဓါတ်ရှိသူတွေဖြစ်တယ်...

ကိုယ်ဆွေကိုမျိုးတွေပဲချစ်နေရင်တော့

ဒီထက်မက ဆုတ်ယုတ်ဖို့ပဲရှိတယ်...

ထားပါ...

ကျနော့်ရဲ့ဒီပို့စ်လေးကို ဖတ်ပြီး

ရွှေမြို့တော်မှာ

အကျိုးရှိပြီး smart ကျတဲ့ စာပေတွေများစွာပေါ်ထွက်လာလိမ့်မယ်လို့

ယုံကြည်တယ်...

ရွှေမြို့တော်ကို အကြောင်းပြုလို့

စာရေးသူ စာဖတ်သူ

မိတ်ဆွေ သူငယ်ချင်းတွေ

ပညာရေး လူမှုရေး စီးပွားရေး ဘာသာရေး သာသနာရေး...

အချစ်ရေး... အိမ်ထောင်ရေး...စတဲ့

လူသားအရေးတွေမှာ သဘောထားမှန်မှန်နဲ့

အပြန်အလှန် ကျေးဇူးပြုကြမယ်ဆိုရင်...

ရွှေမြို့တော်ဟာ

ရွှေမြို့တော်ဆိုတဲ့အတိုင်း

တန်ဖိုးမဖြတ်နိုင်တဲ့ မြို့တော်ကြီးဖြစ်နေမှာပေါ့ဗျာ...

ကိုင်း...ပြောတာလည်း များသွားပြီဗျာ...

သိပ်များရင် စာဖတ်သူငြီးငွေ့မှာစိုးတဲ့အတွက်...

နားကြဦးစို့ဗျာ...

အားလုံးပဲ မေတ္တာရေချမ်းကိုယ်စီဖြန်း ရွှင်လန်းကြပါစေဗျာ...

ကျနော့်မျက်စေ့ရှေ့တင် ချမ်းသာသွားသူများ... အပိုင်း (၁)

$
0
0

ကျနော့်မျက်စေ့ရှေ့တင် ချမ်းသာသွားသူများ...

ဟပ်ချလောင် ဆိုပြီးချမ်းသာသွားတာကိုပြောတာမဟုတ်ဘူး...

၎ ၅ ၁၀ နှစ်အတွင်း ချမ်းသာသွားကြတာကိုပြောတာ...

ပထမဆုံးတစ်ယောက်က အိမ်ဖော်ကုလားမလေး...

ပိုက်ဆံမရှိလို့ ကျနော့်အိမ်မှာအိမ်ဖော်လာလုပ်တာပေါ့ဗျာ...

အကြောင်းတစ်ခုကြောင့် အလုပ်ထွက်သွားတယ်...

၃ ၄ ၅ နှစ်လောက်ကြာခဲ့ပြီ...

စိန်ဂေဟာမှာ အမှတ်မထင် ပြန်တွေ့တယ်...

သူ့ရွှေလက်ကောက်တွေ ကျနော်မရေတွက်နိုင်ဘူး...

ဘေးနားမှာလည်း ဘောစိကြီးပါတယ်...

နောက်တစ်ယောက်က ပန်းချီပန်းပုဆရာ...

အသက်ငယ်ငယ်ပဲရှိသေးတယ်...

ပိုက်ဆံသိပ်မရှိဘူး...

အစိုးရပေးတဲ့ ၈ပေ ပတ်လည်လောက်ရှိတဲ့အခန်းကျဉ်းလေးမှာနေရတယ်..

ခြင်ကိုက်တယ်...

ကျနော့်ကို ပညာတွေအလကားသင်ပေးတယ်...

အဲဒီတုန်းက

ထမင်းပါကျွေးလိုက်သေးတယ်...

ဆန်ကကြမ်းလို့ ကျနော်မစားနိုင်ဘူး...

ပန်းချီရော ပန်းပုရော လက်ရာတကယ်ကောင်းတယ်...

ကြေးသွန်းမလား ပလာစတာလား ဖိုက်ဘာလား

စကျင်လား သစ်လား... အကုန်လုပ်တတ်တယ်...

အစိုးရအလုပ်ဂွင်တွေ ရလိုက်တယ်...

အရှင်မွေးတော့ နေ့ချင်းကြီးဆိုသလို...

ချက်ချင်းကြီးပွားသွားတယ်...

အခုဆိုကမ္ဘာပတ်နေပြီ...

ဘာပဲဖြစ်ဖြစ် ပညာကြောင့် ကြီးပွားသွားတာဖြစ်တယ်...

နောက်တစ်ယောက်က အကြားအမြင်ဆရာမကြီး

ခရစ်ယာန်ကနေ ဗုဒ္ဓဘာသာပြောင်းလာတဲ့ အဖွားတစ်ယောက်ဖြစ်တယ်...

ဝမ်းရေးအတွက် အသိတွေကို ဗေဒင်လိုက်ဟောတယ်...

ငွေကြပ်ရင် ဟောစရာလူမရှိရင် ကျနော့်တို့ဆီလာဟောတယ်...

ခဏခဏ လာတယ်...

အဖွားက နားလေးနေတယ်...

ထမင်းစားပြီးပီလားလို့ မေးလိုက်ရင်

မနက်ဖြန် ပဲခူးသွားမှာလို့ ဖြေချင်ဖြေတယ်...

(ဒါ အကြားအမြင်ဟောနေတဲ့အဖွားနော်...ဟဟဟ)

သူဟောတဲ့ ပုံစံလေး နဲနဲပြောပြမယ်...

မျက်လုံးပိတ်ပြီးအာရုံခံတယ်...

အိမ်ရဲ့ဘယ်အရပ်မှာ ဘာလေးလဲမသိဘူး လက်နေတာတွေ့တယ်...

အဲဒါကိုဖယ်လိုက် မကောင်းဘူး...

ဟိုဘက်မှာတော့ ဒီလောက်လောက်ပစ္စည်းလေးတစ်ခုတွေ့တယ်...

အဲဒါကို ဘယ်အရပ်ကို ရွှေ့လိုက်...

ဘယ်ပန်းကို ဘယ်နှစ်ညွန့် ဘယ်နှစ်ခက်

ဖယောင်းတိုင် ဘယ်နှစ်တိုင် ဘယ်အချိန်

ရေဘယ်နှစ်ခွက်

ဘယ်သစ်ကို ဘယ်လိုလုပ် ဘယ်မှာထောင် ဘယ်မှာစိုက်

ချဲနံပါတ်တွေပေးတယ်

....

အဲဒါတွေလုပ်ခိုင်းတယ်...

ကျနော့်အမေကတော့ယုံယုံကြည်ကြည်လုပ်တယ်...

ဘာမှထူးခြားတယ်ဆိုတာမရှိခဲ့ဘူး...

၃ ၄ နှစ်လောက်ကြာသွားတယ်...

ကျနော့်ဆီကို ကားအလန်စားနဲ့ရောက်လာတယ်...

အရင်လို ယောဂီရောင် ပေစုတ်စုတ်မဟုတ်တော့ဘူး...

မြန်မာအင်္ကျီကိုလန်ထွက်နေတာပဲ...

အသားကလည်းဖြူဖွေးလို့

စိန်နားကပ်ရောင်နဲ့ ပါးပြောင်းတယ်...

ခင်လို့တဲ့...

သူဝတ်လာတဲ့ ရွှေဆွဲကြိုးကြီး ချွတ်ပေးတယ်...

(မယူခဲ့ဘူး...)

အဖွားပြောင်းလဲသွားပုံများ before နဲ့ after ပဲ

လူတောင်မှားတယ်...

လုံးချင်းအိမ်တွေလည်း ပိုင်ဆိုင်နေပြီ...

ကွန်ဒိုခန်းတွေလည်း ၀ယ်ထားတာမနည်း...

ကားတွေလည်း အထည်လဲစီးတယ်...

၁ လ ၂ လကို ရွှေ ၃၀သား အမြဲဝယ်တယ်လို့လဲပြောတယ်...

ဒါဟာ ကျနော့်မျက်စေ့ရှေမှာတင်

ဆင်းရဲရာကနေ ချမ်းသာသွားကြတဲ့

သူတွေဖြစ်တယ်...

နောက်တစ်ယောက်ရှိသေးတယ်...

သူ့အကြောင်းမှာတော့ စဉ်းစားစရာ သဘောတရားတွေပါတယ်...

အဲဒါကြောင့်

သူ့ကိုတော့ အပိုင်း (၂) မှပဲဆက်ပြောတော့မယ်...

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြစေဗျာ...

၂၄ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ကလေးများနေ. (ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ညီလာခံ သဘောတူစာချုပ်ချုပ်ဆိုတဲ့ နေ့)(United Nations Convention on the Rights of the Child – UNCRC)

$
0
0

၂၀၁၃ နိုဝင်ဘာ၂၀ ရက်နေ့မှာ ကျရောက်မဲ့ ၂၄ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ကလေးများနေ. (ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ညီလာခံ သဘောတူစာချုပ်ချုပ်ဆိုတဲ့ နေ့)(United Nations Convention on the Rights of the Child – UNCRC) အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်း လူမှုဝန်ထမ်း လူငယ်သင်တန်းကျောင်းမှာ ၂၃-၁၁-၂၀၁၃ နေ့မှာကျင်းပပါမယ်။ “ကလေးသူငယ်များကို အကြမ်းဖက်မှုအမျိုးမျိုးမှ ချုပ်ငြိမ်းအောင် တစ်နိုင်ငံလုံး လက်တွဲကြိုးပမ်းကြပါစို့” ဆိုတဲ့ဆောင်ပုဒ်လေးကို ကျွန်မတို့ချစ်တဲ့ကလေးတွေ ဘယ်လိုသရုပ်ဖော်ဆင်နွဲကြမလဲဆိုတာ သိချင်ရင် လာရောက်လေ့လာဖို့ ဖိတ်ခေါ်မျှဝေလိုက်ပါတယ် မနက် ၈း၃၀ မှာစပြီး မွန်းလွဲ ၃း၀၀ နာရီအထိပါ။

“စာမလာ၊သတင်းမကြား၊လေနှင်ရာရွက်လွင့်မနေပါနဲ့ ချစ်သူ”

$
0
0

                

              ဘ၀ဆိုတာ ဘယ်လိုစပြီးဘယ်လိုအဆုံးသတ်မယ်ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်ကမှကြိုတင်သိမြင်ခဲ့မှာမဟုတ်ဘူး ချစ်သူ.....

               ထိုနည်းအတူပဲချစ်သူရယ် ကျွန်မရဲ့ချစ်ခြင်းတွေကလဲ ဘယ်ကနေစဖြစ်တည်ခဲ့ပြီး  ဘယ်အချိန်မှာ အဆုံးသတ်သွားမယ်ဆိုတာကို ကျွန်မ မသိရိုးအမှန်ပါ......

              ကျွန်မဘ၀မှာမျှော်လင့်အတောင့်တဆုံးကတစ်ခုပဲချစ်သူ... “ချစ်သူနဲ့သက်ထက်ဆုံးတိုင် ရိုးမြေကျ ပေါင်းဖက်သွားဖို့ပဲ” ချစ်သူ

             “လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်သာအချစ်ဆုံးတဲ့ချစ်သူ”။ ဒါပေမဲ့ ကျွန်မကိုယ်ကိုယ်ထက် ချစ်သူပိုကိုချစ်တယ်ဆိုတာ ယုံကြည်ရဲ့လားချစ်သူရယ်။

             ကျွန်မယုံကြည်စေချင်တယ်ချစ်သူရယ်.......မိန်းမသားတွေရဲ့ဘ၀ဟာ အင်မတန်ခက်ခဲပါတယ်ကွယ်...။ ချစ်သူဆီက ချစ်စကားတစ်ခွန်းကြားဖို့မျှော်လင့်စောင့်စားခဲ့ရတဲ့အချိန်တွေထက် ချစ်သူအပေါ်စိတ်မချ သ၀န်တိုခြင်းက ပိုပြီး များပြားတယ်လေ။

             ကြာလာရင် ချစ်သူ ကျွန်မအပေါ်စိတ်ပျက်သွားလေမလား။ ဒါမှမဟုတ်တစ်ခြားတစ်ယောက်အပေါ် စိတ်ကစားနေခဲ့မလား တွေးရင်းနဲ့ရင်မော စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရသူပါချစ်သူရယ်။

            ကျွန်မရဲ့ချစ်ခြင်းတွေက ချစ်သူရှင့်အတွက်ပါပဲချစ်သူ။ ဂတိတွေ သစွာတွေအားလုံး ချစ်သူရှင့်အတွက်ပဲလေ။ ချစ်သူ ယုံကြည်ရဲ့လားကွယ်။ ကျွန်မအတွက် အရေးအကြီးဆုံးက ချစ်သူက တစ်။ ချစ်သူက ၂ ပဲ။ ဒီ့ထက်ပို မရှိတော့တာ ချစ်သူယုံရဲ့လားကွယ်။

            ချစ်သူဆီက စာမလာ၊သတင်းမကြားရတဲ့ဘ၀လောက် အဖြစ်ဆိုးတဲ့ဘ၀ကဘယ်မှာရှိဦးမှာလဲချစ်သူရယ်။ အကြိမ်ကြိမ်အခါခါ ချစ်သူဆီက သတင်းစကားမျှော်လင့်နေရတဲ့ ကျွန်မဘ၀က ဘယ်လောက်များထပ်ဆိုးရဦးမှာလဲကွယ်။ ချစ်သူသိစေချင်ပါတယ်ကွယ်။

            ချစ်သူရယ်..........ရှင့်ဆီမှာ ကျွန်မကိုချစ်တတ်တဲ့ နှလုံးသားများရှိနေသေးရင် ကျွန်မအပေါ်အရင်လို နွေးထွေးယုယမူလေးတော့ပြန်ပေးပါကွယ်။ ကျွန်မကိုမေ့လျှော့သွားတတ်တဲ့ ရှင့်ရဲ့စိတ်မှာ ကျွန်မကိုသတိတရတမ်းတအချိန်လေး ပြန်ပေးပါကွယ်။

             ကျွန်မက ချစ်သူရဲ့ဘေးနားမှာ လေပြေညင်းလေးတစ်ခုလိုတောင် တိုက်ခတ်ညင်သာခွင့်မရှိလေဘူးလားကွယ်။ ချစ်သူအနားမှာ ရိုးမြေကျ သက်ထက်ဆုံးတိုင် ဦးဆံဆွေးမြေ့တဲ့အထိရပ်တည်နေချင်ပါတယ်ချစ်သူရယ်......

လေပြည်ညှင်းလိုသာယာတဲ့ တိုက်ခတ်မူမျိုးနဲ့

ချစ်သူ့ဘေးနားမှာ ကျွန်မကအမောပြေဖြစ်နေချင်တယ်

အခက်အခဲပူပန်သောကတွေကင်းဝေးတဲ့ ဘ၀မှာ

ချစ်သူကိုကျွန်မကပျော်ရွှင်စေချင်တယ်

ကျွန်မ မိန်းမသားပါချစ်သူ....

ဖြစ်ချင်တာထက် ဖြစ်သင့်တဲ့ဘ၀မှာ

ပတ်ဝန်းကျင်၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်းကြားမှာ

အသက်ရှင်ရပ်တည်နေရသူပါချစ်သူရယ်

စိတ်သွားတိုင်းကိုယ်မပါနိုင်ပါဘူး

ချစ်သူရှိတဲ့အရပ်ဆီကျွန်မအပြေးလေးလှမ်းလာချင်ခဲ့ပေမဲ့

မဖြစ်သာတဲ့ဘ၀မှာ ခဏတာအလွမ်းအဆွေးနေနဲ့

ဝေးကွာနေကြတဲ့အချိန်မှာ ကျွန်မတို့

ဂတိတွေ သစွာတွေမဖျက်ကြေးနော်

ချစ်သူကိုယုံကြည်နေရင်းနဲ့

ကျွန်မချစ်သူရဲ့ အဝေးမှာရှိနေမယ်

စာမလာသတင်းမကြားပဲတော့ မနေလိုက်ပါနဲ့

မနေထိုင်လိုက်ပါနဲ့နော် ချစ်သူ...။    ။

 

+“ ကျွန်မက အဆိုးမလေးပါ ချစ်သူ” +

$
0
0

အချစ်ဆိုတာ ကျွန်မမယုံကြည်ရဲခဲ့ဘူး။ ကျွန်မကြုံဆုံလာမယ့်အချစ်တွေက အဆိုးတွေလား အကောင်းတွေလား မယုံကြည်ရဲခဲ့ဘူးလေ....။

ဒါပေမဲ့ ကြုံဆုံလာသမျှအကောင်းဆုံးဖြစ်အောင်ရင်ဆိုင်မယ်လို့ကြိုတွေးမိခဲ့ပါတယ်။ ကျွန်မရဲ့အချစ်တွေအရမ်းကြီးမားလာလို့ သူစိတ်ညစ်သွားမလား အမြဲတမ်းစိုးရိမ်မိခဲ့တယ်။

သူကျွန်မရဲ့သိပ်ချစ်တတ်လွန်းတဲ့ အချစ်တွေကို ကြာလာရင် ငြီးငွေ့သွားမှာကိုလဲ သိပ်စိုးရိမ်မိခဲ့တယ်။ ကျွန်မဆိုးတယ်။ ကြာလာရင် ကျွန်မကိုအဆိုးမြင်လာမှာကိုသိပ်စိုးမိတယ်။

ကျွန်မက အဆိုးမလေးပါချစ်သူရယ်။ ကျွန်မရဲ့အကျင့်တွေကို တတ်နိုင်သလောက် လျှော့ချနေပါတယ် ကျွန်မကို စိတ်မပျက်သွားပါနဲ့နော် ချစ်သူ...။ ကျွန်မကို စိတ်ကုန်သွားမှာလား။ ကျွန်မရဲ့ ကလေးတစ်ယောက်လို ဆိုးနွဲ့မူမျိုး ကြာလာရင် ချစ်သူ အပြစ်မြင်လာမှာကိုစိုးရိမ်မိတယ်လေ။

ကျွန်မရဲ့သ၀န်တိုမူတွေကို ချစ်သူငြိုငြင်လာမှာကိုလဲကြောက်မိတယ်။ ကျွန်မချစ်သူကို သိပ်ချစ်သူပါ။ အချစ်ဆိုတာကို တန်ဖိုးထားတယ်။ ကြုံဆုံလာသမျှအကုန်လုံးချစ်သူအတွက် အကောင်းဆုံးတွေပဲဖန်တီးပေးချင်မိတယ်။

ချစ်လို့သ၀န်တိုတာကို အပြစ်တစ်ခုလို့မမြင်ပါနဲ့နော် ချစ်သူ..။ ကျွန်မရဲ့အချစ်တွေသူ့အပေါ်မှာအများကြီး ပိုနေလို့ဖြစ်မယ်ထင်တယ်။ ချစ်သူယုံကြည်ချင်ပါတယ်ချစ်သူရယ်။

ချစ်သူကိုစိတ်ချယုံကြည်နေချင်ပါတယ်။ သူ့ကိုစိတ်ပူလို့ သူရှိတဲ့နေရာတွေမှာလိုက်ရှာနေမိတာကို သူသိရဲ့လား။သူ့အတွက်အချိန်တွေတိုင်း စိုးရိမ်ပူပန်နေမိတယ်။ ကျွန်မဟုတ်တဲ့ တစ်ခြားမိန်းကလေးတွေအပေါ် သာယာမိသွားမှာကို အရမ်းကြောက်တယ်ချစ်သူရယ်။

ကျွန်မရဲ့ချစ်ခြင်းကိုသူယုံကြည်တယ်ဆိုရင် သူကျွန်မအပေါ် တန်ဖိုးထားနိုင်ကောင်းပါရဲ့နော်...။

ကျွန်မရဲ့ချစ်ခြင်းတွေကို ထာဝရအတွက်နဲ့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာကို ယုံကြည်စေချင်ပါတယ်ချစ်သူရယ်။

     အချစ်ဆိုတာကို

ခဏတာဆော့ကစားခဲ့တာမဟုတ်ပါဘူး

လမ်းကြုံလို့ချစ်ခဲ့တာလဲမဟုတ်ပါဘူး

မတော်တဆဆိုပြီးချစ်သွားတာလဲမဟုတ်ပါဘူး

အပျော်အပျက်ဆိုပြီး ချစ်ခဲ့တာမျိုးမဟုတ်ပါဘူး

ရင်ထဲမှာနက်နက်ရှိုင်းရှိုင်း သံယောဇဉ်တွယ်တာပြီး

နင့်နင့်သီးသီးချစ်ခဲ့မိတယ် စွဲစွဲလမ်းလမ်းချစ်မိခဲ့တယ်

ခဏတာမက်မောသာယာခဲ့မိတာလို့မသတ်မှတ်ပါနဲ့

တစ်သက်တာအတွက်တစ်ဘ၀စာလို့ သဘောထားပြီး

ချစ်မိတွယ်တာမိခဲ့သူပါချစ်သူရယ်။

ကျွန်မကအဆိုးမလေးတစ်ယောက်ဖြစ်လို့

ကျွန်မအပေါ်အချစ်တွေလျှော့သွားမှာ

သိပ်စိုးရိမ်မိတယ်ချစ်သူရယ်။

                                                                                   စွာတေးလန်(အဆိုးမလေး)

ရေဆေးပန်းချီ လေ့ကျင့်ရေးဆွဲ (ကြိုင်ကြီး) Size 15"x11" w/c on paper

$
0
0

ရေဆေးပန်းချီ လေ့ကျင့်ရေးဆွဲ (ကြိုင်ကြီး)
Size 15"x11" w/c on paper

ကျေးဇူးတင်ပါသည်

ကြိုင်ကြီး  ...............

မျှဝေပေးတယ်ဆိုတာ....ကိုယ်ချင်းစာတယ်ဆိုတာ

$
0
0

*ရေခဲမုန့် ဘယ်လောက်လဲ။
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။
ဈေးရောင်းနေတဲ့ကောင် လေးက စိတ်မရှည်သလိုပြောလိုက်တယ်။

ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်
လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့
အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။
ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။ ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေ
ကျွန် မ အကဲဖြတ်နေမိတယ် ။
ရေခဲမုန့်ရောင်းတဲ့
ကောင် လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက်
အရောင်းအဝယ်ကတည့်သွားပါတယ်။

ကောင် လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။
ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။

ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ ငါတို့ကစားနေချိန်မှာ
မင်းက ဈေးရောင်းနေရတော့ ငါ ကိုယ်ချင်းစာပါတယ်။ငါရတဲ့ မုန့်ဖိုးကို
တခုခုမဝယ်စားရင် လည်း အမေက ငါ့ကိုဆူလိမ့်မယ်။ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။မင်းလည်း 200 ဖိုးလောက်
ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့

ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်းကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………………………


ဆုံးအောင်ဖတ်ပေးပါ ............

$
0
0

တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြပြီဆိုရင်………


ကောင်လေးက သူ့နောက်ခံနဲ့ငွေကြေးမပြည့်စုံမှုတွေကို စတင်ပူပန်လာပြီး
ကောင်မလေးကတော့ ဂုဏ်ပကာသနတွေအကြောင်းစဉ်းစားတာကို စွန့်လွှတ်လိုက်တယ်။
ကောင်လေးက ကောင်မလေးအတွက် အသုံးပြုဖို့ ပိုက်ဆံစုတဲ့ အချိန်
ကောင်မလေးက အသုံးအစွဲကို စိစစ်လာတယ်။
ကောင်လေးက အရက်တွေ ဆေးလိပ်တွေသောက်တာကို တဖြည်းဖြည်းချင်းထိန်းချုပ်လာတယ
ကောင်မလေး ကလည်း အရက်မသောက်ဖို့ ဆေးလိပ်မသောက်ဖို့ ခဏခဏ ပြောနေလိမ့်မယ်။
ကောင်လေးက ကောင်မလေးရဲ့ လှုပ်ရှားမှုအမူအရာမှန်သမျှကို စွဲလမ်းလာတဲ့အချိန် ကောင်မလေးက တစုံတယောက်အတွက်သူမဟာ အလှဆုံးဖြစ်နေတာကို စတင်သဘောပေါက်လာတယ်။
ကောင်လေးက ကောင်မလေးကို ကိစ္စအသေးအဖွဲကလေးကအစ ပြောပြတိုင်ပင်သလို
ကောင်မလေးက သိပ်အရေးမပါတဲ့အကြောင်းအရာတွေကို ပွစိပွစိပြောတတ်လာတယ်။
ကောင်လေးက အိပ်ချိန်လျော့ပြီး ညတိုင်းကောင်မလေးနဲ့စကားပြေညညဖို့ကြိုးစားတဲ့ အချိန်
ကောင်မလေးက ကောင်လေးနဲ့စကားပြောဖို့အတွက် အိပ်ချိန်တွေအဆုံးရှုံးခံလိုက်တယ်။
ကောင်လေးကကောင်မလေးကို ဇနီးမယားအဖြစ်ရည်စူးလိုက်တဲ့ အခါ
ကောင်မလေးက အချက်အပြုတ်တွေသင်ပြီး ဇနီးကောင်းတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာသက်သေပြဖို့ကြိုးစားတယ်
ကောင်လေးက တခြားကောင်မလေးတွေကို လိုက်မကြည့်တော့သည့်တိုင်အောင် ကောင်မလေးက သူမကြည့်မကောင်းတော့မှာကို ပူပန်နေဆဲဖြစ်တယ်။
ကောင်လေးက ကောင်မလေးဆီက SMS လေးတစ်စောင်ရရင်ပဲရင်ခုန်စိတ်လှုပ်ရှားနေတတ်တယ်။
ကောင်မလေးကတော့ SMS တွေဖတ်ရင်းပြုံးနေတတ်တယ်။

ကိုယ့်ကို ကိုယ့်လို ချစ်တဲ့ လူတစ်ယောက်နဲ့ချစ်သူဖြစ်ခွင့်ရတ
လောကမှာအကောင်းဆုံးအရာထဲက တစ်ခု…
အချစ်ဆိုတာ See-Saw စီးရသလိုပါပဲ အပေးအယူလေးမျှနေမှပျော်စရာကောင်းတာပါ…
ဒန်းလွှဲစီးသလို တဖက်သတ် အလျော့ပေး အချစ်မျိုးမှာတော့ တချိန်ချိန်မှာ လွှဲပေးတဲ့သူလည်း မောလာနိုင်သလို ဒန်းပေါ်ကသူလည်း ငြီးငွေ့လာနိုင်တာလေ…
သူ့ဖက်ကိုယ့်ဖက်မျှမျှတတချစ်နိုင်ပါစေ

အင်္ဂလိပ်နာမ၀ိသေသန တစ်ခုကစလို့

$
0
0

အင်္ဂလိပ်နာမ၀ိသေသန တစ်ခုကစလို့

 

မသဲကွဲသော။ ၀ိုးတိုးဝါးတား။ ရေးရေးမျှသာ။ မရေရာသော။ မတိကျသော။ ယောင်တိယောင်ဝါး။ ဇဝေဇ၀ါဖြစ်သော။ နားဝေတိမ်တောင်။ မထင်မရှား။ မပြတ်မသား။ မှုန်မှုန်မွှားမွှား။ မှုန်ဝါးဝါး။ ရေးတေးတေး။

 

Vague/veig/adj ရဲ့ မြန်မာဘာသာပြန်စကားလုံးတွေဖြစ်ပါတယ်။ မရောရာတဲ့ အရာတစ်ခုကို ရေရေရာရာသရုပ်ဖေါ်ဖို့ခက်ခဲတဲ့ သာဓက အဖြစ်။

 

အကယ်၍အောက်ပါဝါကျတိုင်းမှာပါရှိတဲ့ ကွက်လပ်ဟာ အင်္ဂလိပ်စကားလုံး vague ဖြစ်ရင် အဲဒီကွက်လပ်ကို စာဖတ်သူဘာနဲ့ဖြည့်မလဲ။

 

ဧပြီ ၁၁ ၊ ၂၀၀၁ ၊ ၂း ၄၄ မွန်းနှောင်း။ မိမိဟာ ––– တဲ့အရာတစ်ခုဖြစ်နိုင်မလား။

 

မိမိဟာ ––– ခြင်းကိုခံစားရပြီး ဒီ ––– ခြင်းကိုကဗျာထဲထည့်ရေးချင်တယ်။

 

မိမိအတွက် ––– တဲ့အရာဟာ `အစစ်အမှန်ဖြစ်ခွင့်မရနိုင်ရှာဘူး´ (ဘာထရန်  ရပ်ဆဲလ်)။

 

လောကမှာ ဘယ်အရာမှ ––– ဖြစ်တယ်ဆိုတာမရှိဘူး။

 

––– ခြင်းကိုဘယ်လိုနားလည်ရမလဲဆိုတာ ––– စရာအကြောင်းမရှိဘူး။

 

မိမိတို့ရဲ့ မိုးတိမ်တွေကို မြင်သိမှုဟာ ––– ဖြစ်သလား။

 

မူလအင်္ဂလိပ်စကားလုံး vague ဟာ လက်တင်စကားလုံး vag – us ကလာတာဖြစ်တယ်။ ‘wandering’  `လှည့်လည်သွားလာသည်။ ဟိုယောင်ယောင်သည်ယောင်ယောင်လျှောက်သွားသည်။ ခြေဦးတည့်ရာသွားသည်။ လမ်းလွဲသွားသည်။ ချော်သွားသည်။ ကောက် ကောက်ကွေ့ကွေ့သွားသည်။ (စိတ်) ဟိုရောက်သည်ရောက်သည်။ ပျံ့လွင့်သည်။ ရောက်ရာပေါက်ရာသွားသည်´ ၊ ‘inconstant’ `မတည်တံ့သော။ ဖေါက်လှဲဖေါက်ပြန်တတ်သော´၊ သို့မဟုတ် ‘uncertain’  `သံသယရှိ (သော)။ သေချာဂနစွာမသိ (သော)။ မသေချာ (သော)။ မပြောတတ်သော။ မရေရာသော။ အတတ်မပြောနိုင်သော။ စိတ်မချရသော။ စမ်းတ၀ါးဝါးပြု (သော)။ မရှင်းလင်းသော။ မပြတ် သားသော။ ချီတုံချတုံဖြစ်သော´ လို့ဆင့်ပွားအနက်တွေရပါတယ်။

 

တရားသေ/ပုံသေသတ်မှတ်ပြဋ္ဌာန်းချက်မရှိခြင်း။

 

ဝဒ်စ်ဝပ်သ်ရဲ့ I wandered lonely as a cloud ကို မြန်မာဘာသာပြန်ဆိုရင် `စိတ်ပျံ့လွင့်ရာ အထီးကျန်အဖေါ်မဲ့စွာ တိမ်တစ်ဆုပ်ပမာ ငါ ´သို့မဟုတ် `အထီးကျန်အဖေါ်မဲ့စွာ တိမ်တစ်ဆုပ်ပမာ ငါ ဟိုဒီလှည့်လည်ရောက်ရာပေါက်ရာ လျှောက်သွား´။

 

မိုးတိမ်ဟာ သဘာဝလောက ကနေယူသုံးလေ့သုံးထရှိတဲ့ ––– ခြင်းရဲ့ ရူပကအလင်္ကာ။

 

အမှတ်ရမှုရဲ့ ––– ခြင်း။ ခံစားမှုရဲ့ ––– ခြင်း။

 

––– ခြင်းရဲ့ ရာဇ၀င်ဟာဘာများဖြစ်နိုင်မလဲ။

 

––– ခြင်းရဲ့ မတူကွဲပြားတဲ့ အတိုင်းအဆ ၊ အလွှာ ၊ အထပ် ၊ တန်ဘိုး ၊ ပမာဏ။

 

ည ၈း ၂၉ ဟာ သိပ် ––– တဲ့ ပုံမပေါ်ဘူး။ ––– ဖြစ်လာမယ့်ပုံလည်းမပေါ်ဘူး။

 

ကဗျာဟာ တိကျရမယ် ၊ မ ––– ရဘူးတဲ့။ ဘယ်လိုတိကျရမလဲ။ ဘယ်လိုမ ––– ရဘူးလဲ။

 

ကဗျာပုဒ်မှာ စကားလုံးကို မ ––– အောင်ဘယ်လို `တိတိကျကျ´သုံးသလဲ။

 

ပါရာတက်(က်) တစ်(က်) လိုင်းတွေဟာ ဟိုဒီလွင့်ပါးရောက်တတ်ရာရာလျှောက်သွားခြင်းလား။

 

မိမိနာမကျန်းဖြစ်တဲ့အခါ မိမိစတ်ဟာ ––– တယ်လို့ ဖရွိုက်ဖေါ်ပြခဲ့ဘူးတယ်။

 

မိမိခံစားရတဲ့ ––– ခြင်းကို မိမိနားလည်ဖို့ သတိဟာအရေးကြီးတယ်။

 

––– ခြင်းကို `ပမာ´လို့ပြောရင် `ပမာမဟုတ်´လို့လည်းပြောလို့ရတယ်။

 

တိတိကျကျပြောမရတာရှိသလို တိတိကျကျမပြောချင်တာလည်းရှိလို့။ ––– စွာ။

 

အခြားသူတစ်ယောက်ယောက်နားလည်ဖို့ မိမိဘ၀ကိုဘယ်လို `တိတိကျကျ´ ပုံဖေါ်ဖွင့်ဟပြရမလဲ။ မိမိဘ၀ (ယခု သိရှိစွာဖြတ်သန်း တွေ့ကြုံပြီးသမျှ) ကိုယ်တိုင်ဟာ `တိတိကျကျ´ကို ––– ဖြစ်လွန်လွန်းပါတယ်။

 

အဲလိယစ်တ်ရေးခဲ့တယ် –– `ငါဆိုလိုချင်တာကို ငါအတိအကျဘယ်လိုမှမပြောနိုင်ဘူး´။ ဒါဆိုပြောနိုင်တာဟာ ဆိုလိုချင်တာမဟုတ်ဘူး လား။ ဖီလာဆန့်ကျင်သလား။ မရိုးမသားလည်ဆည်တာလား။ တကယ်ဆိုလိုချင်တာနဲ့ ဆန့်ကျင်ပြီးပြောတာလား။ မိမိမဆိုလိုချင်တာကို မိမိပြောနိုင်မလား။ `အဲဒါဆိုလိုချင်တာ´လို့ပြောလိုက်ရင် ပြောလိုက်တာနဲ့ အဲဒီ `ဆိုလိုချင်တာ´ဟာပျောက်ကွယ်သွားသလား။ ကွေ့ ကောက်သွားသလား။

 

`တရားမျှတမှုဟာ လွတ်လပ်မှုကနေ စတင်ဖြစ်ပေါ်တာမဟုတ်ဘူး´ `. . . justice does not originate in freedom´ ––ဟော့က်ဟိုင် မာနဲ့ အဒေါနိုး။ `တိတိကျကျ´ သဘောပေါက်သွားသလား။ –––––– ဖြစ်သွားသလား။ နှစ်ခုစလုံးလား။ တစ်ဘက်ဘက်ပေါ်ဆုံးဖြတ် လိုက်မလား။

 

––––– မှုဟာ မတရားမှုလား။ (`ရှင်ကျွန်မကို တိတိကျကျပြောပါ။ ရှင်ဟာ ကဗျာဆရာ။ ရှင်စကားတတ်တိုင်းကျွန်မကို မလှည့်စားပါနဲ့။ ကျွန်မကို ရူးအောင်မလုပ်ပါနဲ့။ ကျွန်မဘယ်လိုမှ မခံနိုင်တော့လို့ပါရှင်ရယ်။ ကျွန်မကိုကျွန်မနားလည်တဲ့စကားနဲ့ တိတိကျကျပြောပြပါ။´)

 

––––– မှုကို ဘယ်လိုနားလည် ၊ လက်ခံ ၊ ခံယူ ၊ သဘောပေါက်ရမလဲ။ ကဗျာတစ်ခုလုံးဆုံးရှုံးစရာပေါ် မူတည်နေပြီဆိုတော့ကာ။

 

––––– မှုဟာ တကယ်တော့ အစစ်အမှန်ဖြစ်ပြီး `တိကျ´မှုဟာ အစစ်အမှန်ရဲ့ ပြောင်းပြန် ၊ တလွဲတချော်ပုံရိပ်ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတာ လက်ခံနိုင်ဖို့ . . . . . ။

 

ဘ၀ဟာ ကဗျာမဟုတ်ပါဘူး။ `ဘ၀´ကိုဘယ်လို `တိတိကျကျ´၊ `ကဗျာ´ကိုဘယ်လို `တိတိကျကျ´။ “တိတိကျကျ´ဟာ `တိတိ ကျကျ´မဟုတ်ပါဘူး´ ကိုဘယ်လို `တိတိကျကျ´။

 

လာပါ။ `မိုးရွာပြီးစညနေခင်းလေး´မှာ လမ်းထွက်လျှောက်ကြရအောင်ပါ။

 

 ကဗျာဆရာ ဇေယျာလင်း ၏  (ဒါပေမယ့် ၊ ကျွန်တော်တို့ဟာ ဘာသာစကားကိစ္စလည်းဖြစ်တယ်ဆိုတော့)ကဗျာ မှ ထုတ်နှုတ်ဖေါ်ပြလိုက်ပါသည်။

    ဇေယျာလင်း

                                                                                                                        23 – July – 13

ဖေဖေ.................

$
0
0

ကျွန်တော်{4}.နှစ်သားတုန်းက  ငါ့ဖေဖေကြီးဘာမဆိုလုပ်တတ်တယ်.

{5}.နှစ်သားတုန်းက ငါ့ဖေဖေကြီးမသိတာဘာမှမရှိဘူး...

{6}.နှစ်မှာ..ငါ့ဖေဖေက  မင်းအဖေထက်သာတယ်/တတ်တယ်ကွ

{8} နှစ်မှာ..တို့အဖေက အကုန်လုံးတော့လည်းအတိအကျမသိဘူး..

{10} နှစ်မှာ.အဖေတို့ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတစ်ခြားစီးပဲ......

{12}နှစ်မှာ.အင်း.အဲ့ဒါတော့အဖေလည်းဘယ်သိပါမလဲသူကအသက်သိပ်ကြီးပြီးဆိုတော့ကလေးတုန်းကအကြောင့်တွေ

မမှတ်မိနိုင်တော့ဘူး......

{14}နှစ်မှာ.အဖေတော့ထည့်ပြောမနေနဲ့သူကရှေးရိုသမားကြီး

{21}နှစ်မှာ.အဘိုးကြီးပါလားထားပါ၊အောက်နေပြီးလုံးဝအောက်နေပြီး......

{25}နှစ်မှာ.အဖေလည်းနည်းနည်းပါးပါးတော့သိတယ်မသိလို့လည်းမဖြစ်ဘူးလူကြီးပဲလေ........

{30}နှစ်မှာ.အဖေကိုနည်းနည်းပါးပါးမေးမြန်ကြည့်ရင်ကောင်းမယ်ထင်တယ်၊ဘာပဲပြောပြောသူကအတွေ့အကြုံအများကြီးရှိတယ်.....

{35}နှစ်မှာ.အဖေနဲ့တိုင်ပင်ပြီးမှပဲဒီကိစ္စအတွက်ငါတစ်ခုခုလုပ်နိုင်မယ်.......

{40}နှစ်မှာ.အဖေသာဆိုရင်ဒီကိစ္စဘယ်လိုဖြေရှင်မလဲမသိဘူး၊အဖေကအတွေ့အကြုံ စုံတယ်၊အမြော်မြင်လည်းရှိတယ်.........

{50}နှစ်မှာ.ဒီကိစ္စအခုနေသာအဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင်ဘယ်လောက်ပေးရပေးရငါပေးပါတယ်ဈအဖေအရည်အချင်းတွေသူရှိတုန်းက

ကောင်းကောင်းသတိမထားခဲ့မိတာသိပ်နှမြောစရာကောင်းတယ်တကယ်ဆိုရင်ငါအဖေဆီကအများကြီးရလိုက်ဖို့ကောင်းတယ်.........

မိဖမရှိတော့တဲ့နောက်မှာနောင်တတရားတွေနဲ့မိဖတွေကိုတမ်းတလို့မရနိုင်တော့ဘူး

ဒုက္ခနဲ့တွေ့မှာမိဖကိုတတယ်ဆိုတဲ့စကားဟာဘယ်တော့မှမကောင်းဘူး

အားလုံးရွင်လန့်ကြပါစေ

သူငယ်ချင်းတို့ရယ်

ကျွန်တော်ရေးစားထဲမှာအမှားပါမယ်ဆိုရင်းလဲသည်းခံပြီးဖတ်ပေးကြပါနော်

မေတ္တမွန် လူမူကူညီရေး အသင်း ဖိတ်ကြားလွှာ

$
0
0

ကျတော်တို. နွားထိုးကြီးမြို.မှ မေတ္တာမွန် လူမူကူညီရေး အသင်ကြီးရဲ (14) နှစ်မြှောက် အထိန်အမှတ်အဖြစ် ရုန်ကုန်မြို.မှ အမျိုးသားစာပေဆုရှင် စာရေဆရာမ ဆရာမ ဒေါ်သန်မြင့်အောင်....စာရေးဆရာမှဂျူး  နှင့်အတူ မနန်းခင်ဇေယျာတို့က စာပေးများကို (12)လပိုင်း(2)ရက်နေ့ ည မြို့နယ်ခန်းမတွင် ဟောပြောသွာမှာဖြစ်ပါသည်....ဒါကြောင့် ရွှေမြို့တော်က စာပေ ချစ်သူများ....လူမူကူညီရေး အဖွဲ. များကို ကျတော် လေးစာစွာဖိတ်ခေါ်အပ်ပါသည်...ရွှေမြို.တော်မှ စေတနာရှင် အလှူရျင်များမှ   ကျတော်တို့ မေတ္တာမွန်လူမူကူညီရေးအသင်ကို ဆက်သွယ်လှူတန်းနိုင်ပါသည်...

ဆက်သွယ်ရန် ....ဦးစိုးမြင့်...(066.80438) ဦမျိုးမြင့်သူ..(09402567921) ဦးဝင်းကိုဦး..09402755895)..ဆရာဟိန်း..(0933007305)......သို့ဆက်သွယ်လှူတန်းနိုင်ပါသည်....

OIC နှင့် ကျွန်တော့ရွာကလေးပြန်ပေးပါ

$
0
0
OIC ကိုမြန်မာပြည်တွင်လက်ခံသည်၊လက်မခံသည်ကိစ္စတွင်ကျွန်တော်မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့်အပြုသဘောဆောင်ပြီးပြောချင်သည်။
OIC သည်လူမှုရေးအခက်အခဲများကိုများကိုကူညီသောအဖွဲ့အစည်းမှန်လျင်အဘယ့်
ကြောင့်ယခင်ကတည်းကမြန်မာပြည်တွင်ရုံးဖွင့်ခဲ့ခြင်းမရှိတာလည်းဆိုသည့်ကိစ္စကို
ပြန်သုံးသပ်မိသည်။ ခုမှာဘာရည်ရွယ်ချက်နှင့်လာသလည်းသတိထားဖို့လိုပါသည်။
အစ္စလာမ်ဘာသာတရားကိုကျွန်တော်တို့မြန်မာပြည်သားတွေမမုန်းပါ၊ရွံရှာစက်ဆုပ်
ဖွယ်ကောင်းတာကတော့ထိုဘာသာအမည်ခံထားသောဘာသာရေးအစွန်းရောက်သူ
များပင်ဖြစ်သည်၊ အမေရိကန်လိုနိုင်ငံမျိုးတွင်ပင်9-11 World Trade Center အဖြစ်ဆိုးမျိုးကြုံခဲ့ရသေးသည်၊အပြစ်မဲ့ပြည်သူတွေထောင်ချီသေဆုံးခဲ့ရသည်၊
OIC လိုအဖွဲ့မျိုးတွင်ဒီလိုလူယုတ်မာအကြမ်းဘက်သမားတွေပါမလာနိုင်ဘူးလို့မည်သူ
ကအာမခံဝံပါသနည်း၊အာမခံပြီးမှတစ်စုံတစ်ရာအကြောင်းပေါ်ခဲ့သော်မည်သူကတာဝန်
ူယူရဲပါသနည်း၊အသက်သေပြီးမှာငွေလျှော်ပေးတော့ကောပြန်ရှင်လာနိုင်စရာအကြောင်းမရှိပါ၊ မီးဆိုတာမလောင်ခင်ကတည်းကတားထားတာအကောင်းဆုံးဖြစ်ပါမည်။
ကျွန်တော့တစ်ဦးတည်းသဘောထားဖြင့်ရှင်းလင်းစွာပြောရလျင်OIC ကိုဘယ်လိုနည်း
နှင့်မျှလက်မခံနိုင်ပါ။ သာဓကခိုင်လုံစွာမျက်မြင်တွေ့ရှိချက်များပေါ်တွင်အခြေခံ၍သည်
စာကိုရေးသားရခြင်းဖြစ်သည်။ အိုအိုင်စီလိုငွေကြေးတောင့်တင်းသောအဖွဲ့မပြောနှင့်
အစ္စလာမ်ဘာသာဝင်မိသားစုလေးတစ်အိမ်ထောင်ကြောင့်ပအို့ဝ်တိုင်းရင်းသားရွာကလေး အမြိုခံခဲ့ရပုံကိုကျွန်တော်ပြောပြပါမည်၊။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ပိုင်ကျုံရွာမှသွားလျင်ကြက်တူရွေးရွာ၊၄င်းမှဆက်သွား
လျင်ရေပူရွာကလေးရှိပါသည် အနီးအနားတွင်ဇီးကုန်း၊ပေါင်၊ရွာသစ်ဟူသောရွာကလေးများရှိပါသည်။ ရေပူရွာကလေးသို့ကုလား(အစ္စလာမ်)မိသားစုတစ်စုရောက်လာသည်၊စာနာသနားတတ်သောရွာခံ
ပအို့ဝ်တိုင်းရင်းသားများကဒုက္ခရောက်နေသူပဲဟုစာနာစွာလက်ခံခဲ့သည်၊ရောက်စက
တော့ရွာတွင်အောက်ခြေသိမ်းအလုပ်အားလုံးကိုလုပ်သည်၊ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး
လိုပင်၊မကြာမီထိုကုလားမိသားစုကိုအခြေခံပြီးကုလားမိသားစုတွေထပ်ရောက်လာသည်၊ထိုရွာကလေးသည်တွင်ပအို့တိုင်းရင်းသားအိမ်ခြေ(၃၀)ဝန်းကျင်ရှိသည်နှစ်မကြာ
လိုက်ပါ၊ထိုရေပူရွာလေးသည်ကုလားရွာဖြစ်သွားခဲ့သည်၊အခိုင်အမာဗလီတစ်လုံး
ဆောက်သည်၊ပအို့ဝ်အမျိုးသားအိမ်ကလေး(၂)လုံးသာကျန်တော့သည်၊တစ်ရွာလုံးကို
ဝါးမြိုသွားခဲ့လေပြီ၊ဒီတွင်မရပ်သေးပေပေါင်ရွာအစွန်နှင့်ရွာသစ်ရွာအစွန်တွင်ကုလား
အိမ်ကလေးတွေပေါ်လာပြန်သည်၊ဒီအချိန်မှာတော့ကာကွယ်ဟန့်တားမှုတွေပေါ်လာ
သည်၊ ရွာသစ်ကျောင်းဆရာတော်ကကုလားကိုခြံမြေမရောင်းရန်၊လက်ထပ်ထိမ်းမြား
ခြင်းမပြုရန်၊သူတို့ထံမှငွေမချေးရန်တားမြစ်ရပါတော့သည်၊ဆရာတော်ကားမျိုးချစ်စိတ်
ရှိသူပင်ရွာသားတွေလှူထားသောနဝကမ္မအလှူငွေတွေထဲမှစီးပွားရေးမပြေလည်သူ
များကိုငွေထုတ်ချေးရသောအခြေအနေကိုရောက်ပါတော့သည်၊ရွာသားများကလည်း
အလှူငွေများဖြစ်၍တိတိကျကျပြန်ဆပ်ပြီးထပ်တောင်မှလှူလိုက်သေးပါသည်။
ဒါတွင်မကဒေသခံDKBA တပ်ဖွဲ့ကပါဝင်ရောက်ထိန်းသိမ်းရပါတော့သည်။
ထိုရွာကလေးအဖြစ်ကားအမှန်တကယ်ပင်ဖြစ်ပါသည်။မယုံလျင်သွားကြည့်နိုင်ပါသည်။
ဒီဖြစ်ရပ်တွင်မကသေးပါ၊ ပိုင်ကျုံရွာ၏ဒါးဂျိုင်းချောင်းတစ်ဘက်ကမ်းတွင် မိုးနိုင်း ဟု
အမည်ရှိသောကရင်ရွာလေးရှိသည်ခုတော့ဒီရွာကလေးသည်ကုလားရွာကလေးဖြစ်
သွားခဲ့ပါပြီ၊ ယခင်ကဗလီမရှိပါ၊ငွေကြေးအင်အားကိုသုံး၍လာဘ်ထိုးကာခမ်းနားသော
ဗလီကြီးတစ်ခုတည်ဆောက်ပြီးခဲ့သည်မှာဆယ်စုနှစ်တစ်ခုတောင်ကျော်ခဲ့ပြီ။
အစ္စလာမ်ဘာသာတရားကိုကျွန်တော်မစော်ကားပါ...ဘာသာရေးဆူပူမှုဖြစ်စေရန်
လှုံ့ဆော်ရေးသားခြင်းလည်းမရှိပါ၊အဖြစ်မှန်ကိုဖေါ်ထုတ်ရေးသားလိုက်ခြင်းမျှသာ
သို့သော်လည်းဒီဘာသာဝင်တွေထဲမှာဒီလိုလုပ်နေတာတွေရှိကြောင်းကိုတော့မြန်မာ
တိုင်းရင်းသားတွေကိုသတိရှိပါရန်အသိပေးလိုပါသည်။
ထို့ကြောင့် OIC ကိုလုံးဝအလိုမရှိပါ။ ပုံပြင်ထဲကကုလားအုပ်ကြီးသည်ချမ်းရှာလွန်း၍
ခေါင်းတစ်လုံးစာမျှဝင်ခွင့်ပေးလိုက်ရုံမျှဖြင့်တကိုယ်လုံးနေရာယူတတ်ခြင်းသည်ပုံပြင်
မို့သင်ခန်းစာယူစရာမျှသာ။ခုတော့သင်ခန်းစာရောအမျိုးသားရေးအသိပါရှိဖို့လိုပါပြီ
ကျွန်တော်ပြောတာမမှန်ဘူးဆိုလျင်မည်သူနှင့်မဆိုဥပဒေအရတရားရင်ဆိုင်ဝံ့ပါသည်
ထောင်ကျမည်ဆိုလည်းကျခံမည်၊တစ်ခုထဲတောင်းဆိုပါသည်၊ကျွန်တော်ပြောပြခဲ့သော
ရွာကလေးတွေကိုကျွန်တော်တို့တိုင်းရင်းသားတွေလက်ထဲကိုပြန်ပေးပါ။
Viewing all 9878 articles
Browse latest View live