"မေမေ ဥာဏ်ကြီးရှင်"
အိမ်ကို ပြန်ရောက်ရောက်ချင်း ဧည့်ခန်းထဲမှာ ထိုင်နေတဲ့
မေမေ့ဆီပြေးသွားပြီး…..မေမေ ရတု အသည်းကွဲလာတယ် လို့ ရတုပြောလိုက်ပါတယ်…။
စိတ်ထဲမှာလည်း မေမေ့ကို ခုလိုပြောလိုက်ရတော့ နည်းနည်းပေါ့သွားသလို...
ခံစားလိုက်ရတယ်….။ မေမေက ရတုကို ကြည့်ပြီး သက်ပြင်းရှည်တစ်ချက်ချလျှက်
"အကြောင်းပြချက်က ဘာတဲ့လဲ သမီး" လို့ ရတုကိုမေးပါတယ်….
"ဒါကိုတော့ရတုမမေးလိုက်တော့ပါဘူး…..သူက ရတုနဲ့
လမ်းခွဲချင်တယ်လို့ပြောလို့ ရတုလည်း ကောင်းပြီလေလို့ ပြောပြီးပြန်လာခဲ့တာ
မေမေ" လို့ ပြောပြီး ယောက်ျားတစ်ယောက်အတွက် ရတု ပထမဦးဆုံးအကြိမ်
မျက်ရည်ဝဲခဲ့မိတယ်….။ ကိုယ့်သမီးဖြစ်သူက ကိုယ့်ရှေ့ မှာ မျက်ရည်ဝဲနေတာကို
ဘယ်မိခင်က မြင်ချင်ပါ့မလဲနော်….မေမေလည်း ရတုရဲ့ အဖြစ်ကို
စိတ်မကောင်းဖြစ်နေမှာပဲလို့ တွေးမိပေမယ့် မတတ်နိုင်ဘူးလေ ရတုမှာ
ရင်ဖွင့်စရာဆိုလို့ ဒီမေမေ တစ်ယောက်ပဲရှိတာကို ……ရတုရဲ့ ခံစားရသမျှတွေကို
မေမေ့ကိုမှ မပြောပြရင် ရတုမှာ ပြောစရာလူမရှိပါဘူး…… ဒါကြောင့် ရတု
ဘာတွေပဲဖြစ်ဖြစ် မေမေ့ကိုပြောနေရတာ အကျင့်ပါနေပြီ…..။
ရတုသိတတ်စအရွယ်ကတည်းက ဖေဖေဆုံးပါးသွားခဲ့တော့ ရတုနဲ့ မေမေက
နှစ်ယောက်တစ်ဘ၀ဖြစ်ခဲ့ကြတာပေါ့….။ မေမေက အသက် ၁၇ နှစ်အရွယ်လောက်မှာကတည်းက
အိမ်ထောင်ကျတာလေ…ရတုကို မွေးတော့ မေမေ့အသက်က ၁၉
နှစ်ပဲရှိသေးတာတဲ့…..နောက်ပြီး ဖေဖေဆုံးတော့ မေမေက မုဆိုးမ
ငယ်ငယ်ရွယ်ရွယ်လေးဖြစ်နေတာဆိုတော့ မေမေ့ကို လက်ဆက်ချင်တဲ့သူတွေ
ဒုနဲ့ဒေးရှိခဲ့ဖူးကြောင်း ရတု့ရဲ့ အန်တီက ပြောပြခဲ့ဖူးတယ်….။ ဒါပေမယ့်
မေမေက ရတုရဲ့ လက်ကို ဆွဲပြီး ဘ၀ကို သားအမိနှစ်ယောက်တည်း ဖြတ်သန်းဖို့
သတ္တိတွေမွေးခဲ့တယ်….။ ရတုကို ဘယ်တစိမ်းယောက်ျားလေးရဲ့ လက်ပေါ်မှာမှ
ကြီးပြင်းမှာ မလိုလားဘူးဆိုပြီး နောက်အိမ်ထောင်ပြုဖို့ကိုလည်း မေမေ
မစဉ်းစားခဲ့ပါဘူး….။ မေမေနဲ့ ရတုက အသက် ၁၉ နှစ်လောက်သာ ကွာတာဆိုတော့
ရတုကို မေမေက သူငယ်ချင်းတစ်ယောက်လိုလည်း ဆက်ဆံအဖော်ပြုပေးခဲ့တယ်….။
ရတုရဲ့ တစ်နေ့တာ ဖြစ်စဉ်တွေအားလုံးကို နားထောင်ပေးရတဲ့အချိန်ဟာ မေမေ့ရဲ့
အလုပ်ထဲမှာ ပင်ပန်းထားခဲ့သမျှတွေ ပြေပျောက်သွားတဲ့အချိန်ပဲ လို့ မေမေက
ခဏခဏ ပြောခဲ့ဖူးပါတယ်….။ မေမေက ရတုကို
အစစအရာရာပြည့်စုံအောင်ဖန်တီးပေးခဲ့သလို ကိုယ့်ကိုကိုယ် အားကိုးတတ်ဖို့
အသိဥာဏ်တွေပါ စီမံပေးခဲ့ပါတယ်….။
ရတု အသက်(၂၀) အရွယ်မှာ ချစ်သူစထားခဲ့ပါတယ်…..။ သူနဲ့စတွေ့ပုံကအစ မေမေ့ကို
ရတုပြောပြခဲ့ဖူးတယ်….။ သူ့ကို ၆ လလောက်စဉ်းစားပြီး အဖြေပေးတော့လည်း
မေမေ့ကို တိုင်ပင်ခဲ့တာပါဘဲ…။ မေမေ့အနေနဲ့ ရတု ချစ်သူထားခြင်းအပေါ်မှာ
ကောင်းသည် ဆိုးသည်ကို မဝေဖန်ခဲ့ပါဘူး….။ မိန်းကလေးတစ်ယောက်အနေနဲ့
ချစ်သူကို ဘယ်လောက်ထိချစ်ကြောင်းဖွင့်ဆိုရာမှာ မာနတရားလေးထားတတ်ဖို့တော့
မေမေ ပြောခဲ့ဖူးတယ်…။ ရတု သူ့ကို သိပ်ချစ်ပါတယ်….။ ချစ်သူတစ်ယောက်အနေနဲ့
သစ္စာရှိပေးခဲ့တယ်….။ နားလည်ပေးခဲ့တယ်….။ ရတုနဲ့သူ
တွဲလာခဲ့တဲ့(၃)နှစ်တာကာလတစ်လျှောက်လုံး ရတု သူကလွဲပြီး
ဘယ်ယောက်ျားကိုမှလည်း မျက်လုံးထဲမှာ မမြင်ခဲ့မိဖူးဘူး။ ဒါတောင်သူက ရတုကို
လမ်းခွဲဖို့ ပြောထွက်ရက်တာကို ရတု အံ့အားသင့်လိုက်တာရှင်…။ ရတုရဲ့ဘ၀မှာ
မေမေပြီးရင် သူပဲရှိတယ်လို့ ရတု ခံယူထားခဲ့တာ…။ ချစ်သူရဲ့
လမ်းခွဲခြင်းကို ခံရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ သိမ်ငယ်မှုများစွာ
ခံစားရတတ်တယ်ဆိုတာ ရတု ကိုယ်ချင်းစာမိပါပြီ….။ ငါ့ကို “ဘာ့ကြောင့်သူက
လမ်းခွဲချင်ရတာလဲ ”ဆိုတဲ့ မေးခွန်းတွေ အကြိမ်ကြိမ် ရတုကိုယ်ရတုမေးပြီး
တစ်ယောက်တည်း အခန်းအောင်း ကြေကွဲခဲ့ရတယ်…..။ ရတုဘ၀နဲ့ရတု အေးအေးဆေးဆေး
နေတတ်နေတာကို လာပြီးဝင်ရောက် ဂယက်ရိုက်စေခဲ့တဲ့သူ့ကိုလည်း ရတု
စိတ်နာနေမိတယ်…။ တစ်နေ့မှာတော့ တမှိုင်မှိုင်တတွေတွေ ဖြစ်နေတဲ့ ရတုကို
မေမေက မေမေ ၁၀တန်းပြန်ဖြေမယ်…" သမီး မေမေ့ရဲ့ Guide လုပ်ပေးရမယ် " ဆိုတဲ့
စကားမျိုး ပြောလာပါတယ်…။ ရတုလေ တအံ့တသြဖြစ်မိရင်း မေမေ တကယ်ပြန်ဖြေမှာလား
လို့ မေးမိတော့….." ဟုတ်တယ် သမီး ပြီးတော့ သမီး ဖေဖေရဲ့
အသိုင်းအ၀ိုင်းနဲ့ မေမေ ဘာ့ကြောင့် အဆက်အသွယ် ဖြတ်ခဲ့ရတာလဲ ဆိုတာကိုပါ
သမီး သိအောင် မေမေ ပြောပြမယ်…." လို့ ပြောလာတဲ့ မေမေ့စကားကို
ရတုကြားရတော့ ရတု ဟိုးငယ်ငယ်လေးကတည်းက မကြားဖူးခဲ့တဲ့
ဖေဖေ့အသိုင်းအ၀ိုင်း ဆိုတဲ့ ဝေါဟာရက ရတုကို တုန်လှုပ်သွားစေပါတယ်….။
"သမီးဖေဖေရဲ့ အသိုင်းအ၀ိုင်းက
ပညာတက်တွေချည်းပဲ…..သမီးဖေဖေကိုယ်တိုင်ကလည်း မေမေနဲ့ အိမ်ထောင်ကျတော့
YIT ကျောင်းသားတစ်ယောက်လေ…..မေမေကတော့ ၁၀တန်းကျောင်းသူပေါ့….သမီးရဲ့
ဖေဖေကို သူတို့က အများကြီး မျှော်လင့်ထားခဲ့တာ….မေမေနဲ့ အိမ်ထောင်
ရုတ်တရက်ကျသွားတော့ သူတို့ဘက်က သမီးဖေဖေရဲ့ ပညာရေးတစ်ပိုင်းတစ်စ
ဖြစ်သွားတာ မေမေ့ကြောင့်ဆိုပြီး ၀ိုင်းစွပ်စွဲခဲ့ကြတယ်…..
သူတို့မျိုးရိုးမှာ ၁၀ တန်းမအောင်တဲ့သူ မရှိဘူးလို့ရယ် ဆိုပြီးတော့လည်း
မေမေကြားအောင် အမျိုးအမျိုး ပြောကြတယ်… ပြောရမယ်ဆိုရင် သမီးရယ်
ပညာဂုဏ်မောက်ကြတယ် ဆိုပါတော့….။ ဒါနဲ့ပဲ မေမေလည်း သူတို့ ပြောတဲ့ဒဏ်တွေ
မခံနိုင်လို့ ၁၀တန်းပြန်ဖြေဖို့ကို ကြိုးစားခဲ့တာ …. သမီးဖေဖေကလည်း
အားပေးခဲ့တယ်….။ ဒါပေမယ့် သမီးရယ် သမီးဖေဖေက ဆုံး….. သမီးကလည်း
ငယ်ငယ်ရွယ်ရွယ်နဲ့ဆိုတော့ မေမေ အတွက် ဖြစ်မလာခဲ့ပါဘူး…. မေမေလည်း
မေမေတို့သားအမိ(၂)ယောက်ရဲ့ စားဝတ်နေရေးအတွက် လုံးပမ်းနေရတာဆိုတော့ စာ ဘက်
ပြန်မလှည့်နိုင်ခဲ့ဘူး….. သမီးလေး ၁၀ တန်းမှာ သမီးနဲ့အတူတူ ၁၀ တန်း
ပြန်ဖြေမယ်လို့ ထပ်ပြီး
စိတ်ကူးခဲ့မိပေမယ့်…..သမီးဖွားဖွားဆေးရုံတင်ထားခဲ့ရတာရော အမွေကိစ္စတွေပါ
ရှုပ်ယှက်ခတ်နေတာမို့ မေမေ လက်လျှော့ခဲ့ရပြန်တယ်…. အခုတော့ မေမေ
တာဝန်ယူပြီး ချုပ်ရတဲ့ ယူနီဖောင်းတွေကလည်း ဒီလကုန်ကပဲ
အပြီးပြတ်သွားပြီဆိုတော့ မေမေ ဒီတစ်နှစ်တော့ အနှောင့်အယှက်ကင်းကင်းနဲ့ ၁၀
တန်းပြန်ဖြေလို့ရပြီပေါ့…..။ သမီးဖေဖေ ဆုံးပြီးကတည်းက
အဆက်အသွယ်ဖြတ်ထားခဲ့တဲ့ သမီးဖေဖေရဲ့ အသိုင်းအ၀ိုင်းကိုလည်း မေမေက
ဘယ်အရွယ်မှာပဲဖြစ်ဖြစ် ဘွဲ့တစ်ခု ယူနိုင်သေးကြောင်း ပြချင်တယ်….။
ဟိုတစ်လောက သမီးဖေဖေရဲ့ အစ်မနဲ့ တောင်တွေ့လိုက်သေးတယ်…. သူက
ဆေးပညာလောကမှာ နာမည်တော်တော်ရနေတဲ့ ဆရာဝန်မကြီးတောင် ဖြစ်နေပြီ….
မေမေ့ကိုလည်း သမီးအကြောင်းမေးသေးတယ် မေမေ့သမီးက ဆေးကျောင်းတက်နေတယ်လို့
ပြောတော့ ဖအေတူလေးမို့ ပညာလိုချင်တဲ့ စိတ်ရှိတာ ထင်တယ်
လို့ပြောသွားသေးတယ်…..။ ကဲ ဒါတွေထားလိုက်ပါ….သမီးရဲ့ မေမေက
သူတို့အထင်သေးထားတဲ့ မိန်းမမျိုးမဟုတ်ဘူးဆိုတာ သူတို့သိအောင် သက်သေပြဖို့
သမီး မေမေ့ကို ကူညီရမယ်နော်…." ဆိုတဲ့ မေမေ့စကားစု အရှည်ကြီးအဆုံးမှာ
မေမေ့ရဲ့ ဆန္ဒတွေ အကောင်အထည်ဖော်ဖို့အတွက် ရတု သဘောတူခဲ့ပါတယ်….။
ရတု မေမေ့ကို သနားလည်းသနားမိတယ်….ကိုယ်ဖြစ်ချင်တာတွေ စွန့်လွှတ်ပြီး
ကိုယ့်သားသမီးတွေအတွက် အချိန်တွေ ပေးဆပ်ရတဲ့ မိခင်တွေရဲ့ စိတ်ဓါတ်ကိုလည်း
ရတုလေးစားသွားမိတယ်….။ ဘာပဲဖြစ်ဖြစ် ရတုရဲ့ မေမေ ၁၀ တန်းအောင်ဖို့အတွက်
ရတုပါ မေမေနဲ့အတူတူ ကြိုးစားပေးခဲ့တယ်….။ အသက် ၄၀ ကျော် ၂
နှစ်စွန်းနေပြီးဖြစ်တဲ့ မေမေဟာ စာတွေကို အလွယ်တကူ မေ့တတ်နေပြီဖြစ်လို့
မေမေ့အတွက် Formula တွေကို ရတု စာရွက်တွေနဲ့ချရေးပြီး
မေမေမြင်နိုင်မယ့်နေရာတွေတိုင်းမှာ လိုက်ကပ်ထားခဲ့တယ်….။ ရတုကျောင်းက
ပြန်လာတာနဲ့ မေမေ့ကို ကျူရှင်ဝင်ကြိုပါတယ်….
ကိုယ့်သားသမီးအရွယ်ကလေးတွေနဲ့ စာအတူတူ သင်ရတဲ့ မေမေဟာ ကလေး
သူငယ်ချင်းတွေတောင် ရလို့…..။ စာတွေမှတ်ရ ကျက်ရတာများလို့
မေမေ့မျက်နှာလေး ငြိုးနေရင် " ဆ ပ ဇ(…) ဒေါ်ရတီနွယ်-မြန်မာ၊အင်္ဂလိပ်၊သချာင်္"
ဆိုပြီး ရတုက ၁၀ တန်း အာင်စာရင်းထွက်သလိုမျိုး ပြောလိုက်မိရင်
မေမေ့မျက်နှာလေး ပြန်လန်းဆန်းလာပြီး စာတွေ ထပ်ကျက်တော့တာပါပဲ….။ ရတု
မေမေနဲ့ အတူ စာတွေဝိုင်းကျက်ပေးပါတယ်….မေမေ့ကို စာကျက်ဖို့အချိန်တွေ
ကြပ်ကြပ်မတ်မတ် ဇယားဆွဲပေးတော့ မေမေက "ရတု့ကို သူ့တုန်းကထက်ကို ပိုပြီး
စည်းကမ်းတင်းကြပ်နေတာပဲ" လို့ စကားနာထိုးသေးတယ်….။ ရတု ဒီလိုလုပ်ပေးတာ
မေမေကောင်းစားဖို့အတွက်ပါ လို့ စနောက်ပြီး ပြောမိတော့ မေမေက ပီတိပြုံးတွေ
ဝေလို့….။
ဒီလိုနဲ့ ၁၀ တန်းစာမေးပွဲကြီး ဖြေရပါပြီ….. စာမေးပွဲခန်းထဲက မေမေ
ပြန်မထွက်လာမချင်း မေမေ ဖြေမှဖြေနိုင်ပါ့မလားလို့ စိုးရိမ်တကြီးတွေ
ဖြစ်ပြီး အချိန်၃ နာရီဆိုတာ စာမေးပွဲ ၆ ရက်လုံး
ဘယ်လိုကုန်ဆုံးခဲ့မှန်းတောင် မသိတော့ဘူး….။ ရတုစာမေးပွဲဖြေနေတုန်းက
မေမေ့ရဲ့ ထိုင်ရမလို ထရမလို ဖြစ်ရတဲ့ ခံစားချက်ကို ရတု
ကောင်းကောင်းကြီးသဘောပေါက်မိပါတယ်….။ မေးခွန်းစာရွက်ကိုကြည့်ပြီး
မေမေ့အတွက် အမှတ်တွက်ပေးရတဲ့ အချိန်မှာ ရတုတို့သားအမိနှစ်ယောက်ရဲ့
မျက်နှာကို ရတုမေမေရဲ့ ညီမက ဓါတ်ပုံရိုက်ပြီးတော့
မှတ်တမ်းတင်ထားချင်တယ်လို့တောင် ဟာသနှော…. ပြောသေးတယ်….။ မေမေရဲ့ ၁၀
တန်းကာလ တစ်လျှောက်လုံး ရတု မေမေ ၁၀တန်းအောင်ဖို့အရေး ထမင်းမေ့ဟင်းမေ့
လုံ့လစိုက်ခဲ့လိုက်ရတာ….ခု အောင်စာရင်း မထွက်ခင်အချိန်မှာလည်း မေမေရေ
အောင်စာရင်း ထွက်ဖို့ ရက်ပေါင်း ၁၀၀ ကျော်ပဲလိုတော့တယ်နော်…. ဆိုပြီး
ရက်တွေ တွက်ကာ တွက်ကာနဲ့ အောင်စာရင်း အကြိုရင်ခုန်သံတွေက
နေ့တိုင်းနေ့တိုင်း ရတုတို့ အိမ်လေးမှာ ညံ့စီလို့….။
အောင်စာရင်းတွေထွက်တော့ မေမေ့ရဲ့ နာမည်က
ထင်းထင်းကြီးပါလာပါတယ်…. ရတုလေ ပျော်လိုက်တာ…. ၁၀ တန်းအောင်တဲ့
အထိမ်းအမှတ်နဲ့ ရတုတို့သားအမိ Dinner သွားစားကြာတော့ မေမေ့ရဲ့ ကျူရှင်က
ကလေးသူငယ်ချင်းမလေးနဲ့ တွေ့ပါတယ်….။ သူမလေးကလည်း သူမလေးရဲ့ မိသားစုနဲ့
Dinner လာစားတာပါပဲ….။ ကောင်မလးက တွေ့တွေ့ချင်း "ဟာ အန်တီရတီ" လို့
ခေါ်ပြီး မေမေနဲ့ ရတုရှိရာ စာပွဲဝိုင်းသို့ ပြေးလာပါတယ်….။ ပြီးတော့
သူမရဲ့ ဘေးက သူမမေမေဖြစ်ဟန်တူတဲ့ အမျိုးသမီးကို လက်ဆွဲပြီး "မေမေ ဒါ
မီးပြောပြောနေတဲ့ မီးတို့ ကျူရှင်က အန်တီသူငယ်ချင်းလေ" လို့ ပြောပြီး
ထိုကောင်မလေးကပဲ "ဒါက အန်တီ့သမီးမမရတုမို့လားဟင် …..မမရတုကို
ဖုန်းထဲမှာတော့မြင်ဖူးတယ်…. အန်တီက မမရတုအကြောင်းသိပ်ပြောတာ…မီးကလေ မမကို
အရမ်းအားကျတာပဲ သိလား…..မမရေးတဲ့ ဆောင်းပါးတွေလည်း မီးအမြဲဖတ်တယ်…. မီးက
မမလိုပဲ ဆရာဝန် စာရေးဆရာမ အရမ်းဖြစ်ချင်တာပဲ " လို့
သွက်သွက်လက်လက်လေးပြောနေတဲ့ ကောင်မလေးကို ကြည့်ပြီး ရတု သူမလေးကို
သဘောကျမိပါရဲ့…….။ "သမီးက အန်တီရတီ အန်တီရတီ လို့ အမြဲအိမ်မှာ
ပြောနေပေမယ့် ကျွန်မက နာမည်တူတာပဲလို့ ထင်နေတာ….အခုတော့ မရတီနွယ်
အစစ်ဖြစ်နေတာကို သမီးလေးက တူမလေး ရတုရဲ့ အကြောင်းတွေလည်း
ခဏခဏပြောနေတတ်တော့ ကျွန်မလည်း ရတုရေးတဲ့ စာတွေဖတ်ပြီး ရတုကို
လေးစားနေမိတာ….ခုတော့ တူမလေးက ဆရာဝန်လည်းဖြစ်
စာရေးဆရာမလေးလည်းဖြစ်ဆိုတော့ ကျွန်မတို့အတွက် ဂုဏ်တက်စရာကြီးပေါ့
အိမ်ကိုလည်း အားရင်လာလည်ကြပါဦးကွယ်…. သမီးညီမလေးကိုလည်း စာရေးတဲ့အခါမှာ
လိုအပ်တဲ့ အယူအဆလေးတွေ သင်ပေးပါဦး" ဆိုတဲ့စကားလေးအဆုံးမှာ မေမေ
ပြောပြနေစရာမလိုဘဲ ထိုအမျိုးသမီးဟာ ဖေဖေ့ရဲ့ ညီမအငယ်မှန်း
ရတုသိလိုက်ရပါတယ်….။ မေမေ့ကို ကြည့်မိတော့ မေမေက အားရကျေနပ်နေတဲ့
အပြုံးတွေ ပန်ဆင်ထားလို့…..။ ရတုလည်း "ကျေးဇူးပါ အန်တီ
ရတုခုလိုမျိုးဖြစ်လာအောင် ၁၀ တန်းမအောင်ခဲ့တဲ့ မေမေက သွန်သင်
ထုဆစ်ပေးခဲ့တာပါ…..ပြီးတော့ ရတု ရေးတဲ့စာတွေတိုင်းကလည်း မေမေ့ရဲ့ Idea
တွေအပေါ် မှီခိုပြီးမှ ဖြစ်တည်လာတာပါ….. အန်တီတို့အသိုင်းအ၀ိုင်းမှာ ၁၀
တန်းမအောင်တဲ့သူ မရှိဘူးမို့လား ဒါ့ကြောင့် ၁၀ တန်းမအောင်ခဲ့တဲ့သူ
ပါဝင်ဖြည့်စွက်ပေးမှ ရတုဆိုတာ ဖြစ်ခဲ့တဲ့အတွက် ရတုနဲ့ပတ်သက်ရတာ
အန်တီတို့အနေနဲ့ သိက္ခာကျနေမှာပေါ့ " ဆိုတဲ့ ကျွန်မရဲ့ ပြောစကားကို
ကြားလိုက်ရတော့ ထိုအမျိုးသမီးရဲ့ မျက်နှာက
အပျက်ပျက်အယွင်းယွင်းတွေဖြစ်လို့ ….ပြီးတော့မှ "အင်း…..ဟို…..ခု
မရတီနွယ်က ၁၀တန်းအောင်သွားပြီးပဲ…အရင်က ကိစ္စတွေဆိုတာကလည်း …." ဆိုတဲ့
အထစ်ထစ်ငေါ့ငေါ့စကားတွေပြောနေစဉ်မှာပဲ မေမေက ဟုတ်တယ်လေ…."၁၀ တန်းအောင်တာ
ဘွဲ့ရတာမှ မဟုတ်သေးတာကွယ်…..နောက် ဘွဲ့ရတော့မှ မမရတီ
ဆက်သွယ်လိုက်မယ်နော်….." လို့ အလိမ္မာလေးနဲ့ စကားဖြတ်ခဲ့ပြီး
ပြန်လာခဲ့ပါတယ်….ရတုတို့ ဒီလိုတွေပြောနေကြတာကို မျက်လုံးလေး တလည်လည်နဲ့
လိုက်ကြည့်နေတဲ့ ရတုညီမလေး တစ်ဝမ်းကွဲတော်သူအတွက်
စိတ်မကောင်းဖြစ်ခဲ့ပေမယ့်…..မေမေ့ရဲ့ အိပ်မက်တွေ စစ်မှန်လာခြင်းအတွက်တော့
ရတု ၀မ်းသာပျော်ရွှင်မိပါတယ်….။
လူတွေလူတွေ ဂုဏ်ဆိုတာကို တော်တော်မက် ကြမှန်း ရတုခုမှ သိတော့တယ်
ဆွေမျိုးဆိုတာတောင် ဂုဏ်ရှိမှ တော်ချင်ကြတယ် ဆိုတာ မေမေက ရတုရဲ့
မျက်မြင်ကိုယ်တွေ့ဖြစ်အောင် သရုပ်ဖော်ပြခဲ့ပြီး " " “အချိန်ရှိသရွေ့ ဂုဏ်
ဂုဏ် ဆိုတာကို ခြယ်သရှေ့တန်းတင်နေရမယ်လို့ မေမေ ပြောတာ မဟုတ်ဘူးသမီး
ဒါပေမယ့် လောကကြီးက ဂုဏ်တွေ အဆင့်အတန်းတွေကို ဘယ်ထိနေရာပေးထားတယ်ဆိုတာ
သမီးကို မေမေက သိစေချင်တာ သမီးကိုယ်တိုင် ဒီအရာတွေကို မမက်မောရဘူးနော်
…ဒါပေမယ့် လူအများစုလိုလားတဲ့ ဂုဏ်ပုဒ်တွေ ပြည့်စုံနေအောင်တော့
မေမေ့သမီးကို မေမေဖြစ်စေချင်တယ် ”ဆိုတဲ့စကားတွေနဲ့လည်း မေမေက ရတု့ရဲ့
စိတ်ထားကို မွန်မြတ်စေခဲ့ပါသေးတယ်…..။
အမှတ်စာရင်းတွေထွက်တော့ မေမေ အင်္ဂလိပ်စာအမှတ်များတာကြောင့် အင်္ဂလိပ်စာ
အဝေးသင်ပဲဝင်ခွင့်လျှောက်ခဲ့ပါတယ်….။ “မေမေ့ကို Day တက်ရတဲ့ အရသာ
ခံစားစေချင်တာ လို့ ” ရတုကပြောတော့ “သမီးရယ် အရင်ကလို စိမ်းစိမ်းစိုစို
မဟုတ်တော့တဲ့ တက္ကသိုလ်ထဲကို သွားပြီး နေပူမခံချင်ပါဘူးအေ” လို့
ပြောလာတော့ ဟုတ်သားပဲ မေမေတို့ ခေတ်တုန်းက ရန်ကုန်တက္ကသိုလ်လိုမှ
မဟုတ်တော့တာဆိုပြီး ရတု တွေးမိလိုက်ပါသေးတယ်….။ တစ်ရက် ရတု မေမေ့
assignment သွားတင်တဲ့နေရာမှာ အမှတ်မထင် လမ်းခွဲခဲ့တဲ့သူနဲ့
တွေ့ခဲ့ပါတယ်…..။ သူ့ကို မြင်တော့မှ ရတုလေ သူ့ကို မေ့ထားနိုင်ခဲ့တဲ့
ရတုကို ရတု အံ့သြသွားမိတယ်….။ သူကလည်း သူ့ကို သဲသဲလှုပ်ချစ်ခဲ့ဖူးတဲ့
မိန်းကလေးတစ်ယောက်က သူ့ကို မေ့ဖျောက်ထားနိုင်ခဲ့တယ်ဆိုတာကို
ထူးဆန်းနေမိကြောင်း ရတုကို ပြောခဲ့တယ်…..။ ရတုနဲ့ မတွေ့ရတဲ့ရက်တွေမှာ
သူရတုဆီ ဖုန်းဆက်ခဲ့ပေမယ့် အဒေါ်ကြီးတစ်ယောက်က ဖုန်းမှားနေတယ်လို့သာ
အကြိမ်ကြိမ်ပြောခဲ့ကြောင်း ပြောပါတယ်….။ ဖုန်းဆိုမှ ရတုသတိရလာတယ်…. မေမေ
၁၀ တန်းဖြေကတည်းက အလုပ်ကိစ္စတွေလာမှာစိုးလို့ ရတုနဲ့ ဖုန်းလဲထားခဲ့တာ
ခုချိန်ထိပါပဲ….။ သူဘာပြောပြော ရတု ဘယ်လိုမှ မခံစားရတော့ပါဘူး….။
သူ့ကိုလည်း ထွေထွေထူးထူးစကားတွေပြောမနေတော့ဘဲ သာမန်မိတ်ဆွေတစ်ယောက်လိုသာ
ပြောဆိုခဲ့ပြီး ရတု အိမ်ပြန်လာခဲ့ပါတယ်….။
မေမေ့ကို ရတု ဒီအကြောင်းအရာတွေ ပြောပြတော့ မေမေက ရတုကို မေးခွန်းတစ်ခု
ပြန်မေးပါတယ်…. သမီးရဲ့ ကောင်လေး ပြန်လိုက်ရင် သမီးပြန်လက်ခံမှာလား
တဲ့….. ဟာ မေမေကလည်း ကိုယ့်ကို အကြောင်းအရင်းမရှိဘဲ လမ်းခွဲခဲ့တဲ့သူကို
ရတုက ပြန်လက်ခံစရာလား လို့ ပြန်ဖြေပြီး မေမေက ဘာလို့ ရတုကို
ဒီမေးခွန်းမျိုးမေးတာလဲလို့ ပြန်ပြီး တစ်လှည့် မေးခွန်းထုတ်မိတော့ " အင်း
မေမေက ငါ့သမီးလေး ရည်းစားနဲ့ လမ်းခွဲရတဲ့ ဒဏ်ရာကို ကိုယ့်အမေကို
စာသင်ပေးရင်း ပျောက်ပါစေရယ်လို့ ရည်ရွယ်ရင်း….ပြီးတော့
မေမေဖြစ်ချင်ခဲ့တဲ့ အိပ်မက်ကိုလည်း အကောင်အထည်ဖော်မယ် ဆိုပြီး
တစ်ချက်ခုတ်နှစ်ချက်ပြတ် စီစဉ်ခဲ့ရတာ…..ခု သမီးဒီကောင်လေးကို
ပြန်လက်ခံမယ်ဆိုရင် နောက်တစ်ကြိမ် ပြန်လည်ကုစားမှုအနေနဲ့ မေမေ
ဘယ်လိုသင်တန်းမျိုးထပ်တက်ရင် ကောင်းမလဲဆိုတာကို ကြိုတွေးထားမလို့ပါ ”
ဆိုတဲ့ မေမေ့စကားအဆုံးမှာ ရတု မေမေ့ကို ပြေးဖတ်ပြီး မေမေ့ပါးလေးကို
တစ်ချက်နမ်းလျှက် “မေမေကလေ…. ရတုရဲ့ အသည်းကွဲနေတဲ့ဒဏ်ရာကို
ပြန်ကုစားပေးတဲ့နေရာမှာတော့ တကယ်အံ့သြလောက်ပါတယ်….။
မေမေ၁၀တန်းအောင်ဖို့အရေး ရတု အသည်းအသန်ဖြစ်ခဲ့ရလို့ သူ့ကို ဘယ်လိုလုပ်ပီး
မေ့နေမှန်းကို မသိခဲ့တာ…။ရတုရဲ့ မေမေကတော့ တကယ့်ကို မေမေ
ဥာဏ်ကြီးရှင်ပါပဲ” လို့ ပြောလိုက်မိပါတော့တယ်….။ ။
အလွမ်းကေသရီ
(Women'sWorld Journal)Vol-2,Issue 12,Wednesday 27,April 2013
"မေမေ ဥာဏ်ကြီးရှင်"
ဖိနပ်လေးတစ်ရံပါ
မိုးနတ်
ငါတောင်းပန်ပါတယ်...........တကယ်ကိုတောင်းပန်ပါတယ်
ငါတောင်းပန်ပါတယ်နင်တို.ချစ်သူနှစ်ယောက်ကြားဝင်တာမဟုတ်ပါဘူး
ငါတကယ်ကိုမသိခဲ.လို.ပါ...ငါနင်တို.ပြတ်ပြီထင်လို.ပါ.
ငါဝန်ခံပါတယ်နင်.ကိုငါအရမ်းချစ်ခဲ.တယ်..ဒါပေမယ်.နင်ကငါ.ကိုမချစ်ဘဲံ
ချစ်ဟန်ဆောင်ခဲ.တယ်။ငါ.ကိုခွင်.လွှတ်ပါ........ငါလိမ်တဲ.ကိစ္စတွေအတွက်...
ငါနားလည်ပါပြီမင်းတို.နှစ်ယောက်ကို..ငါ.ကြောင်.၊ငါ.အတွက်၊ငါ.စကားတွေကြောင်.
နင်တို.အစဉ်မပြေသေးတာဆိုရင်ငါတောင်းပန်ပါတယ်......။
နင်ငါ.ကိုဂရုမစိုက်ရင်နေပါ...နင်ငါ.ကိုမချစ်ရင်နေပါ...
ဒါပေမယ်.ချစ်တယ်လို.တော.ညာမပြောနဲ.ရင်ထဲကနာကျင်နေလို.ပါ.....
လူတစ်ယောက်ကပြောဖူးတယ်ကိုယ်.မှာပထမလူနဲ.ဒုတိယလူဆိုတာရှိလာရင်
ုးတိယလူကိုဘဲရွေးချယ်လိုက်ပါလို.ပြောတုန်းကနင်ပြောခဲ.တဲ.စကားတစ်ခွန်းငါသိသေးတယ်
ငါကတော.ဒုတိယလူကိုရွေးချယ်ခဲ.လို.ငါ.အိမ်မက်တွေပျက်စီင်္င်္းခဲ.ရတယ်လို.ပြောခဲ.တယ်
တကယ်တော.နင်.ချစ်ခဲ.တယ်ဆိုတာအပေါ်ယံပါ...ဒါကြောင်.အနှစ်မပါတဲ.အချစ်တွေကြောင်.
ငါတို.မြန်မြန်လမ်းခွဲခဲ.ရတာပါ....နင်တို.နှစ်ယောက်ပြန်အဆင်ပြေပါစေလို.ငါ.နှလုံးသားတစ်ခုလုံး
ကြေမွသွားလည်းအနာခံပြီးဆုတောင်းနေပါတယ်....တကယ်တော.နင်.ကြောင်.ငါ.အိမ်မက်တွေ
လည်းပျက်စီးခဲ.ရပါပြီ....အဆုံးသတ်မှာလမ်းခွဲရမယ်လို.သိရက်နဲ.တောင်ငါဒီဇာတ်လမ်းကိုစခဲ.
ပါတယ်...ခုတော.ငါထင်တဲံ.အတိုင်းဖြစ်နေပါပြီ...နင်ရဲ.စကားအတိုင်းပေါ.နောက်တစ်ယောက်ရှိလာ
နိုင်ပေမယ်.နောက်ထပ်ချစ်ဖို.မဖြစ်နိုင်တော.ပါဘူးဆိုတာလေ...နင်ပြောတဲ.စကားတည်ပါတယ်
ငါဆိုတာရှိလာပေမယ်.နောက်ဆုံးတော.နင်.ရဲ.ချစ်သူဆီကိုဘဲပြန်သွားပြီးအဆုံးသတ်မယ်ဆိုတာ
သိပါတယ်။နင်တို.ပြန်အဆင်ပြေပါစေလို.ဆုတောင်းရင်းနဲ..........................
ဆူးနစ်အချစ်(ဆု)
//alienable1.rssing.com/chan-2715815/article6944-live.html
ဒီနှစ် တန်ဆောင်တိုင်မှာ ပွဲဈေးတန်းကို လျှောက်လည်ရင်း အရုပ်ဆိုင်လေးတွေကို ရောက်သွားတယ်...
ဖိုးဝရုပ်လေးတွေ.... ပစ်တိုင်းထောင်ရုပ်လေးတွေ.... နောက်ပြီး ပလုပ်တုပ်လေးတွေ... ဇော်ဂျီရုပ်လေးတွေ... ဆင်ရုပ်မြင်းရုပ်လေးတွေ ဇီးကွက်ရုပ်လေးတွေ.... နွားရုပ်လေးတွေ တွေ့ရတယ်...။
အရုပ်ကလေးတွေကို ကြည့်ရင်း ဖေဖေ့ကိုလည်း သတိရမိတယ်...။
ငယ်ငယ်က ဖေဖေနဲ့ အတူတူ ပွဲဈေးတန်းထဲကို လျှောက်လည်တဲ့အခါ စားချင်တာတွေ စားရသလို.. အခုလို အရုပ်တန်းလေးတွေ ရောက်တော့လည်း လိုချင်တဲ့ အရုပ်လေးတွေ ပူဆာ တတ်ခဲ့ပါတယ်...။
အများဆုံးကတော့ စက္ကူနဲ့လုပ်ထားတဲ့ စစ်သူကြီးဦးထုပ်နဲ့ ဓါးလေးတွေပါပဲ...
လိုချင်ရာကို ၀ယ်ပေးပြီးအခါ.... ဖေဖေက ပစ်တိုင်းထောင်နဲ့ ဖိုးဝရုပ်... ဒါမှမဟုတ် ဖိုးဝရုပ်ပစ်တိုင်းထောင်လေးတွေ ၀ယ်ပေးတတ်တယ်...။
ပစ်တိုင်းထောင်လေးတွေက ဘယ်လိုပဲ ပစ်ချချ အမြဲတမ်း ဒီအတိုင်း တည့်တည့်မတ်မတ်ပဲကျတယ်... အရှိန်မကုန်ခင် နည်းနည်း လှုပ်ရမ်းနေတာက လွဲလို့ပေါ့...။
ကလေးသဘာဝ လှုပ်ရမ်းနေရာကနေ ငြိမ်သွားတာကိုလည်း အင်မတန် သဘောကျခဲ့တယ်... ကျန်တဲ့ အနှစ်သာရတွေထက် ဘယ်လိုဖြစ်ဖြစ် ပြန်ပြီး တည့်မတ်နေတာကိုကြည့်ရင်း ကျေနပ်ခဲ့တာပါ.....။
နောက်တစ်ခုက ဖိုးဝရုပ်လေး... ပြုံးနေတဲ့ ဖိုးဝရုပ်လေးမှာ ပါးကွက်လေးလည်း ပါတယ်...။ နှာခေါင်းမှာလည်း ကြာလေးပါတယ်.... နောက်ပြီး နဖူးမှာလည်း ဆံနွယ်လေး တစ်စ နှစ်စနဲ့...။ ပြည့်ပြည့်ဖောင်းဖောင်းပါးဆုံကြီးတွေနဲ့ အပြစ်ကင်းတဲ့ ချစ်စရာ မျက်နှာလေး....။
နောက်ပြီး ဒီဇီးကွက်ရုပ်လေးတွေနဲ့ ဖိုးဝရုပ်လေးတွေက လာဘ်ရွှင်တယ်ဆိုတဲ့ အယူအဆလေးလည်း ရှိနေခဲ့တယ်လေ....၊ ရှုမြင်တင့်တယ်တဲ့ အတွက် မြင်ရသူ စိတ်ချမ်းသာတယ်... ဒီလို စိတ်ချမ်းသာတဲ့အတွက်လည်း လာဘ်ရွှင်တယ်လို့ ယူဆကြတာ ဖြစ်မှာပါ။
အဲဒီလို ဖိုးဝရုပ်လေးတွေနဲ့ ပစ်တိုင်းထောင် ရုပ်ကလေးတွေကို ၀ယ်ပေးခဲ့တဲ့ ဖေဖေ့ရဲ့ ဆန္ဒလေးတွေကို ပြန်စဉ်းစားရင်း ကိုယ်တိုင်လည်း ဖအေချစ်တဲ့သား... ဖအေမျှော်လင့်တဲ့သားတစ်ယောက်ဖြစ်ခဲ့သလားလို့ စဉ်းစားဖြစ်ခဲ့ပါတယ်...။
တကယ်တော့ ဒီ ဖိုးဝရုပ်နဲ့ ပစ်တိုင်းထောင် ရုပ်လေးတွေက ပါဝါရိမ်းဂျားတို့... စပိုက်ဒါမန်းတို့ ဘက်ဒ်မန်းတို့လို ကလေးငယ်တွေ စိတ်ဝင်စားစရာ... အားကျစရာမဖြစ်ပေမယ့်... မြန်မာမှုစစ်စစ်... အတွေးအခေါ်ကို လှပစေတဲ့ အရုပ်ကလေးတွေ ဖြစ်နေခဲ့တာကို တော်တော်များ မသိကြတော့ဘူး...။
ဒီနေ့ခေတ်မှာ.... သိပ္ပံဇာတ်ကောင်တွေ... ပါဝါမြင့်ဇာတ်ကောင်တွေက ခေတ်စားလာပြီး ကလေးတွေကို စည်းရုံးသိမ်းသွင်းထားကြတယ်...။
မဟုတ်ပေမယ့်လည်း ယုတ္တိရှိတဲ့ တင်ဆက်မှုတွေက ကလေးငယ်တွေရဲ့ အတွေးအခေါ်တွေ... အားကျစိတ်တွေကို သိမ်းကျုံး ဆုပ်ကိုင်သွားကြတယ်...။
ကျွန်တော်တို့ ငယ်ငယ်ကလည်း ဇာတိသွေး ဇာတိမာန်တွေနဲ့ စက္ကူနဲ့ လုပ်ထားတဲ့ ဘုရားပွဲက စစ်သူကြီးကျိုင်းကို ဆောင်း...၊ စက္ကူဓါးအိမ်ထဲက ၀ါးဓါးလေးကို ဟန်ပါပါဆွဲထုတ်ခဲ့ကြဘူးပါတယ်....
စိတ်ကူးထဲမှာတော့ နယ်ချဲ့တွေ... လူဆိုးတွေကို ခုတ်ပိုင်းမယ် ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့...။
အခုတော့ မီးရောင်စုံ တဖြတ်ဖြတ် ထွက်နေတဲ့ တရုတ် ဓါတ်ခဲသေနတ်တွေနဲ့ ကလေးတွေ ဆော့ကစားနေကြတယ်...။
မြည်နေတဲ့ အသံစုံနဲ့ အတူ စိတ်ကူးထဲမှာတော့ ကျွန်တော်တို့ ငယ်ငယ်ကလိုပဲ... ရန်သူတွေကို တိုက်ခိုက်နေကြတာပါ...။
ဒါပေမယ့် ခေတ်ပေါ် အရုပ်ကလေးတွေကတော့ ရှေးယခင်မြန်မာမှု အရုပ်ကလေးတွေလို ရသစွမ်းအားနဲ့ လှပတဲ့ စိတ်ထားလေးတွေကို မပေးဆပ်နိုင်ခဲ့ပါဘူး....။
အားကျနိုင်ပေမယ့် လက်တွေ့မှာတော့ ပါဝါရိန်းဂျားလို.... စူပါမင်းလို.... စပိုက်ဒါမင်းလို ဖြစ်ဖို့ ကြိုးစားလို့ မရဘူးလေ... သူတို့က တကယ်မှ မရှိတာကိုး။
ဒါပေမယ့် ဖိုးဝရုပ်လေးလို အပြစ်ကင်းပြီး ပြုံးချိုနေတဲ့ မျက်နှာလေးဖြစ်ဖို့.... ကလေးဆန်ဆန် သနပ်ခါးလေး လူးပြီး ချစ်စဖွယ်ပြုံးပြတတ်ဖို့.... နောက်ပြီး ပစ်တိုင်းထောင်လေးလို ဘယ်လို အခြေအနေ အချိန်အခါမှာပဲဖြစ်ဖြစ်... တည့်မတ်စွာ ထောင်နေတတ်ဖို့ကတော့ ကြိုးစားပြုပြင်သွားလို့ရပါတယ်...။
ကျွန်တော် ဖိုးဝရုပ်လေးနဲ့ ပစ်တိုင်းထောင်ရုပ်လေးတွေ ၀ယ်သွားမယ်ဗျာ....။
ကျွန်တော့်သားလေး အတွက်ပါ...။
သားက ဘာကြီးလဲလို့ မေးတဲ့ အခါမှာလည်း ကျွန်တော်နားလည်ထားတဲ့ ဖိုးဝရုပ်နဲ့ ပစ်တိုင်းထောင်လေး အကြောင်းကို ဝေေ၀ဆာဆာ စိတ်ဝင်စားအောင် ပြောပြမယ်...။
ဒီလိုပြောပြဖြစ်တဲ့အခါ သားလေးသဘောကျနေတဲ့ ပါဝါရိန်းဂျားတို့ စပိုက်ဒါမန်းတို့ရဲ့ အပြစ်တွေကို ထည့်ပြောဖို့ လိုရင်လည်း ပြောပြရမှာပေါ့... သူတို့က တကယ် မဟုတ်ဘူး.. ရုပ်ရှင်ထဲက ဇာတ်လိုက်တွေ... လူသားတွေ အနေနဲ့... ဒီလို တကယ်မလုပ်နိုင်ဘူးလို့လေ...။
ဒါပေမယ့် ကျွန်တော်ထင်ပါတယ်... သားလေး အစမှာ သဘောမကျပေမယ့် ကျွန်တော့်စကားနဲ့ အရုပ်လေးတွေကို ကြည့်ပြီး စမ်းသပ်မိတဲ့အခါ.... သူသဘောကျသွားမယ်လို့လေ.....။
တကယ်တော့ ဒီအရုပ်လေးတွေက လက်တွေ့ဘ၀အတွက် ထုဆစ်ထားတဲ့ ကျွန်တော်တို့ဘ၀ထဲက မြန်မာအရုပ်စစ်စစ်လေးတွေပါပဲ......။
(ကွန်ဆူးမား)(၂၇-၁၁-၂၀၁၃)
ကျွန်မလိုချင်တော့ဘ၀လေး
ချစ်သူနဲ့မင်္ဂလာဆောင်ရင် တောင်ခမ်းခမ်းနားနားကြီးမဆောင်ချင်ပါဘူး
ဘုန်းကြီးကျောင်းမှာ မင်္ဂဆောင်မယ်ပြီးရင်
မရှိဆင်းရဲသားတွေ မိဘမဲ့ဂေဟာတွေလိုအပ်နေတဲ့ နေရာတွေမှာသွားလှူမယ်
နှစ်ဖက်မိဘသဘောတူပြီး တရားရုံးမှာလက်ထပ်ကြမယ်
အရမ်းချစ်ရတဲ့အမေရယ်
အရမ်းချစ်ရတဲ့ချစ်သူရယ်
ချစ်စရာကောင်းတဲ့အိမ်လေးမှာအတူတူနေကြမယ်
စီးပွားရေးကိုလည်းစားနိုင်သောက်နိုင်ဝတ်နိုင်စားနိုင်ရုံလောက်ပဲ
အလုပ်လုပ်မယ် ပိုနေတဲ့အချိန်တွေကိုမိသားစုနဲ့အချိန်တွေဖြုန်းမယ်
ကလေးတွေမွေးရင်တောင် သူတို့ကိုအချိန်ပေးမယ်
ပျော်ရွှင်စရာအချိန်တွေပဲဖန်တီးမယ်
အမေကိုစိတ်ချမ်းသာအောင်ထားမယ်
ချစ်သူနဲ့ ပခုံးမှီပြီးပျော်ရွှင်စရာအချိန်လေးတွေဖန်တီးမယ်
မိဘမေတ္တာကို ကောင်းကောင်းမွန်မွန် မရခဲ့တဲ့ကိုယ့်လို မဖြစ်အောင်
နွေးနွေးထွေးထွေးဆက်ဆံမယ်
သူတို့လေးတွေအတွက်မိခင် ကောင်းပီသအောင်နေမယ်
ချစ်သူအတွက်လည်းဇနီးကောင်းပီသအောင်နေမယ်
အမေ့အတွက်လည်းသမီးကောင်းပီသအောင်နေမယ်
အရမ်းချစ်ဖို့ကောင်းတဲ့သူငယ်ချင်း မိတ်ဆွေတွေနဲ့လည်း
အတူတူအချိန်ဖြုန်းမယ် သူငယ်ချင်းတွေကိုလည်းပျော်အောင်ထားမယ်
အရမ်းချစ်တဲ့မိသားစု အရမ်းပျော်ရွှင်တဲ့မိသားစု
ဖြစ်အောင်ကြိုးစားမယ် စီးပွားရေးနောက်လိုက်ပြီး
ပျော်ရွှင်မှုတွေဆိတ်သုဉ်းအောင်တော့မနေချင်ပါဘူး
မသေခင် အချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင်တော့နေသွားချင်ပါသေးရဲ့
မယ်မဒီလွင်
ချက်ခန်းကထုတ်ခံလိုက်ရတော့..ဘလော့ရေးတာပေါ့
မနေ့ က အများချက်ခန်းကထုတ်ခံလိုက်တော့ ဒီအချိန်မှာ အများချက်ခန်းဝင်လို့ မရတော့ဖူး...ဒီတော့ ဘာလုပ်ရမလဲ စဉ်းစားလိုက်တယ်...
အင်း...ဘလော့ရေးတာပဲကောင်းပါတယ်။ဟုတ်တယ်။ဘလော့ရေးရမယ်....ငယ်ငယ်တုန်းကဆိုရင် ဘာဆိုဘာမှမသိဖူး...အိမ်က ထမင်းစားချိန်လာခေါ်တာတောင် စားရကောင်းမှန်းမသိခဲ့ဖူး အဲလောက်ထိအပေါင်းအသင်းနဲ့ အဆော့ကို မက်တာ...အဲဒါက ငယ်ဘ၀ကနေ ကြီးသည်အထိပါလာတယ်...သူငယ်ချင်းတွေဆို ကျွန်တော်က အရမ်းခင်တွယ်တာ...သူငယ်ချင်းနဲ့ ချစ်သူရွေးဆိုရင်တောင် ဝေခွဲရခက်နေဦးမယ့်သူပါ...သူငယ်ချင်းတွေကြောင့်လည်း မျက်နာပျက်ရပေါင်းများပီ ဒါလည်းမမှတ်သေးဖူး ...ပိုက်ဆံ ကိစ္စကတော့ ပြောနေစရာမလိုတော့ပါဖူး သူငယ်ချင်းမက်သူဆိုတော့ ပိုကုန်တာပေါ့...ဒါပေမယ့်ဗျာ..သူငယ်ချင်းတစ်ယောက်ကတော့ မှတ်မှတ်ရရပါပဲ...ကျွန်တော့အပေါ်ကို ကျောရုံတင်မကဖူး...ခွကိုစီးသွားတာ။ ငယ်တည်းက အရမ်းခင်တာ...သူမှာက အဖေမရှိတော့ဖူး..အဲဒီတော့ကျွန်တော်က သနားတာရော ခင်တာရော ပုံအောထားတာပေါ့...ဒါကိစ္စမဟုတ်သေးဖူး..များသောအားဖြင့် သူကနည်းနည်းဆင်းရဲတော့ ငွေရေးကျေးရေး ကစလို့ ကျွန်တော့်ဖက် သူပြောစရာမလိုအောင်ကို ကောင်းခဲ့တာ...အတန်းတက်တော့လည်း တူတူတက်ခဲ့တယ် အဲမှာ သူက ကျွန်တော့ကို စာပြိုင်တယ်..ဒါပြောစရာမဟုတ်သေးဖူး...သူငယ်ချင်းအခြင်းခြင်း သစ္စာဖောက်တာခံလိုက်ရတယ် အဲဒါက ကျွန့် တော့ကောင်မလေးကို သူပိုးတာပဲ...ကျွန်တော်လည်းပထမတော့ စတာနောက်တာထင်နေတာ ချစ်သူကပြောတာတောင် ချစ်သူကို အထင်လွဲနေမိသေးတယ်...မယုံလို့  သူ့ နောက်လိုက်ပီး ချောင်းလိုက်တာ..ဟုတ်တယ်ဗျာ ကျွန်တော်ဖြင့် အံ့သြလို့ ..ပါးစပ်ကိုဟောင်းလောင်းပါပဲ...မျက်နှာကို လက်သီးနဲ့ ထိုးမိတော့မလို့ ...နောက်တော့ ကျွန်တော့်လက်ကို အားနာတာနဲ့ မထိုးလိုက်ပါဖူး..အဲဒါပါပဲဗျာ...ခုတော့လမ်းခွဲသွားတာကြာပါပီဗျာ...သူ့ အမေကတော့ ကျွန်တော့ဆီခဏခဏလာပီး တောင်းပန်ပါတယ်...ကျွန်တော်လက်ခံလို့ မရသေးဖူး...အော်.ဗျာ မေ့တော့မလို့  အဓိကကျတဲ့အချက်မပြောရသေးဖူး...ခုပြောနေတဲ့ ကျွန်တော့်သူငယ်ချင်းယောကျားလျှာပါ....ဒါပါပဲဗျာ..
တိုတိုလေးပဲလား...??? အရှည်ကြီးလား...???
အားလုံးပဲ မင်္ဂလာပါဗျာ...
သေးသေးလေးပဲလား...??? ကြီးကြီးလား...??? ဆိုတာကိုတော့ ကြားဖူးကြမှပေါ့...
ဂျောက်ဂျက်ဆိုထားတာလေ...
ကျနော်က အဲဒီသီချင်းကို သေချာနားမထောင်ဖူးတော့...
သေးသေးကြီးကြီးဆိုတာ ဘာကိုရည်ရွယ်တယ်ဆိုတာ မသိပါဘူး...
သိရင်ပြောပြဦးဗျ...
...................
အခု စာဖတ်သူ သူငယ်ချင်းတို့ရဲ့
လက်ရှိ ခံယူချက်တစ်ခုကို မေးကြည့်မယ်...
မေးခွန်းက...
ဘ၀ဆိုတာ... တိုတိုလေးပဲလား...???
အရှည်ကြီးပဲလား...???
ဒါမှမဟုတ် တခြားလား...???
ဘ၀က တိုတယ်ဆိုရင်...
ဘာ့ကြောင့် တိုတာလဲ...???
အပြန်အားဖြင့်
ရှည်တယ်ဆို ရင်လည်း...
ဘာ့ကြောင့် ရှည်တာလဲ...???
ထင်မြင်ချက်တွေ ခံယူချက်တွေ သဘောထားတွေ ဝေမျှခဲ့ပါဦး...
အားလုံးပဲ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေလို့...
အွန်လိုင်း ချစ်သူ (1)...ဖြစ်ရပ်မှန်။
ကျွန်တော့အတွက် ပထမဆုံး အွန်းလိုင်းချစ်သူ ဆိုပါတော့...ဟုတ်တယ်ဗျာ ။
အတွေ့ အကြုံနည်းပါးတဲ့ ကျွန်တော့်လို အွန်လိုင်းထိုင်ခါစကောင်လေးတစ်ယောက်ကို ရွယ်တူ အွန်လိုင်းဝါရင့်ကောင်မလေးတစ်ယောက်က လှလှပပ လှည့်စားခဲ့တာပါ...။ ကျွန်တော်က အသက် ဆယ့်ရှစ်..ကောင်မလေးက ဆယ့်ရှစ်ကျော်ပီ...နည်းနည်းလေးပဲ ကြီးတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နင်နဲ့ ငါနဲ့ ပဲ တွေ့ စတုန်းက ပြောခဲ့တာပေါ့...အက်တာနက်တွေပေါ်ခါစဆိုတော့ ခုလို ဖုန်းလေးတွေနဲ့ မချက်ကြသေးဖူး...ဆိုင်မှာ ကွန်ပြူတာကြီးတွေနဲ့ ချက်ကြတာများပါတယ်...ကျွန်တော်လည်းဆိုင်ကနေသွားချက်တာပေါ့...ကောင်မလေးနဲ့ ကျွန်တော်နဲ့ ခင်တာကြာတော့ သူဖက်ကနေ ဖုန်းအရင် ခေါ်တယ်ဗျာ...ကျွန်တော်လည်းထိုင်ခါစဆိုတော့ ဖုန်းတစ်ခါမှမပြောသေးဖူး..ဒါကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖူး..တီတီနဲ့ နားကြပ်ထဲက မြည်နေလို့ ..ဘေးကလူကိုမေးကြည့်တော့ ဟေ့ကောင် မင်းကိုဖုန်းခေါ်နေတာတဲ့...နည်းနည်းတော့ရင်တုန်တုန်ပါပဲ..answer လုပ်ပေးလိုက်တယ်...သူအသံစွာစွာက အော်ပါလေရော့...ပထမဆုံးအတွေ့ အကြုံပေါ့ဗျာ..ဘာမှလည်းမပြောရဲသေးဖူး..ကျွန်တော်ကမပြောလေ သူကအော်လေ...ဖြစ်ခြင်တော့ ကျွန်တော်ထိုင်တဲ့ စက်ကလည်း နားကြပ်ဖုန်းက မကောင်းဖူးဗျာ...သူ့ ကို ပြန်ထူးတာတောင် သူ့ ဖက်ကမကြားရဖူး...အဲဒီတော့ ကျွန်တော် သူကြားအောင် ဆိုင်ထဲမှာ အသံအကျယ်ကြီးအော်ရတော့တာပေါ့...ပထမတော့ ဘာကိုမှမသိဖူးဗျ..နောက်သတိထားမိလိုက်တော့ အင်တာနက်ထိုင်တဲ့သူအားလုံးလိုလို ကျွန်တော့ကို ကြည့်နေကြတာ...ရှက်လိုက်တာဗျာ..မျက်နှာကို ဘယ်နားသွားထားရမှန်းမသိဖူး..အဲဒီကနေ စတော့တာပါပဲ...ကျွန်တော့အချစ်က အရှက်ကနေစဖြစ်ပေါ်လာတော့တာပေါ့ဗျာ...သူ့ ကိုဘယ်လိုစွဲလို့ စွဲမှန်းမသိဖူးဗျ..ပထမဆုံးကောင်မလေးဆိုတော့ ရူးလည်းရူးတာပေါ့..အင်တာနက်သွားထိုင်ရင် ဂျီတော့လေးဖွင့်...သူမလာရင် သူ့ ဆီစာချန်တယ်...သူလာရင်သူနဲ့ ပဲပြောတယ်...ကျွန်တော်ကသာ သူ့ ကို ရူးရူးမူးမူးဖြစ်နေတာဗျာ...သူက ကျွန်တော်ဆိုတဲ့ကောင်ကို ရှိတယ်လို့ တောင် ထင်တာမဟုတ်ဖူး...ဖုန်းလေးတစ်ခါလောက် ပြောပီးတော့ ကျွန်တော့ကိုပစ်ထားတော့တာ...ကျွန်တော်အခွန်းတစ်ရာလောက်ပြောမှ သူ့ ဖက်က ဆယ်ခွန်းလောက်ပြန်ပြောတာ...ကျွန်တော်ဇွဲမလျော့ဖူး...ဆက်ကျူတာပေါ့...လက်ကွက်ကလည်း အဲဒီတုန်းကတော်တော်နှေးတာ..ခုနဲ့ အရမ်းကွာတယ်.။နောက်ဆုံးသူ့ ဘက်က အများကြီး ကျွန်တော့ကို ဥပေက္ခာပြုလာတော့ မနေနိုင်တော့ဖူး..ကျွန်တော်သူ့ ကိုအရမ်းချစ်နေမိပီ ဆိုတဲ့အကြောင်းဖွင့်ပြောလိုက်တယ်ဗျာ...သူ့ ဖက်က ဘာမှပြန်မပြောသေးဖူးဗျ...စဉ်းစားမယ်လို့ လည်းမပြောဖူး..ချစ်တယ်လို့ လည်းမပြောဖူး..မုန်းတယ်လို့ လည်းမပြောဖူး...အဲဒီလိုမျိုးလေးငါးရက်လောက်ကြတယ်...သူ့ မှာချစ်သူရှိမယ်လို့ လည်းကျွန်တော်လုံးဝမထင်ဖူးဗျာ...တကယ်လည်းသူ့ မှာမရှိခဲ့ပါဖူး...တစ်နေ့ တော့သူနဲ့ ကျွန်တော်ဆုံတယ်..ကျွန်တော်ကမေးတာပေါ့..နင့်မှာချစ်သူရှိတယ်ဆိုရင် ငါနောက်ဆုတ်ပေးမယ်...သူက ဘာမှပြန်မပြောလေ..ကျွန်တော့်ကို မူနေတယ်လို့ ထင်လေပဲ...သူ့ မှာချစ်သူမရှိဖူးပေါ့...ထပ်မေးတယ်..နင့်မှာချစ်သူရှိတယ်ဆိုရင်ပြောပါဟာ ငါနင့်ကိုသူငယ်ချင်းတစ်ယောက်လို ခင်မယ်...ငါနောက်ဆုတ်ပေးမယ်ပေါ့..အဲဒီလို ခဏခဏသူ့ ကိုမေးလိုက်တယ်...နောက်တော့ သူကမသိသလိုမေးလာတယ်ဗျ..နင်ခုဏကဘာပြောတာလဲတဲ့ ငါလိုင်းကျနေလို့ တဲ့...ထပ်ပြောတဲ့..ကျွန်တော် ၀မ်းသာသွားတယ်...ကျွန်တော့ကို ချစ်သူမရှိပါဖူး ဘာညာနဲ့ အဖြေပေးတော့မယ်ထင်တာပေါ့...ကျွန်တော်မေးလိုက်တယ်...အဲဒီတော့မှ သူက ...အင်းလေ ဟုတ်တယ်လေ ငါ့မှာ ချစ်သူရှိတယ် ဘာဖြစ်လို့ လဲ...တဲ့။
ဟာ..ဗျာ...အဲဒီစာကြောင်းတွေကို မြင်လိုက်ရတာ ခေါင်းတွေ ချာချာလည်သွားသလိုပဲ။ အင်တာနက်ဆိုင်ကြီး ဇောက်ထိုးမိုးမျော်ဖြစ်သွားလေသလားအောက်မေ့မိတယ်...ဘယ်တုန်းကမှ ၀မ်းမနည်းဖူးတဲ့ နှလုံးသားတောင် နည်းနည်းနာနေသလိုပဲ...မျက်လုံးတွေပြာပီးတော့ ကွန်ပြူတာဖန်သားပြင်ကို ကြည့်နေမိတယ်...ဘာမှတော့မမြင်ရပါဖူး မျက်ရည်စတွေတောင်ထွက်လာတယ်ထင်ပါတယ်...ရက်စက်လိုက်တာဟာ...ငါ့ကို ဘာဖြစ်လို့ မချစ်နိုင်ရတာလဲ..အများကြီးတွေးပီး ငိုင်နေလိုက်တာ နှစ်နာရီ သုံးနာရီဆိုတာ ခဏလေးလိုပါပဲ...နောက်တော့ သူ့ ကိုစကားပြောမလို့ ကြည့်လိုက်တယ်..သူလိုင်းအောက်သွားပီ..စာလည်းမချန်ခြင်တော့ဖူး...ကျွန်တော်ထင်ခဲ့တာပါ လိုင်းအောက်သွားတယ်လို့ အမှန်တော့ သူ ကျွန်တော့ကို ဘလော့သွားတာပါ...အဲဒီနေ့ ကလည်းကစလို့ တဖက်သတ် အသည်းကွဲရောဂါ ထခဲ့တယ်ဆိုပါတော့....သူ့ ကိုနေ့ တိုင်းစောင့်ခဲ့တယ်ဗျာ ။ဂျီတော့ မှာသူမရှိလို့ ဆိုဒ်တွေထဲဝင်ချက်နေမလားဆိုပီး ဆိုဒ်မျိုးစုံပါပဲ ၀င်ပီးရှာခဲ့တာ...နာမည်တူတွေ့ ရင် လူတောင်မှားတယ်..အဲလောက်ထိ ကောင်မလေးကိုစွဲလန်းခဲ့တာပါဗျာ... သူနဲ့ လုံးဝမတွေ့ ဖူး..ဘယ်တွေ့ မလဲ ဘလော့ထားတာကိုဗျာ။ တစ်နေ့ တွေ့ နိုး..တစ်နေ့ တွေ့ နိုးနဲ့ စောင့်လာလိုက်တာ...သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတယ်။ ကျွန်တော့ကောင်မလေးအကြောင်းကိုပြောတော့တာပေါ့..သူက ကျွန်တော့ထက်နည်းနည်းဝါရင့်တယ်ဗျ..မင်းကိုဘလော့ထားတာထင်တယ်တဲ့...ဘလော့တယ်ဆိုတာကို မသိတာ ကျွန်တော့အဖြစ်ကလဲ ..သူ့ ကိုရှင်းပြခိုင်းရတာပေါ့...သူ့ အကောင့်နဲ့ ကျွန်တော့ကောင်မလေးအကောင့်ကို အပ်ကြည့်တယ်...ကောင်မလေးကလက်ခံတယ်ဗျာ..ကျွန်တော့အကောင့်လည်းဖွင့်ထားတယ်...ကျွန်တော့သူငယ်ချင်းအကောင့်မှာ ကောင်မလေးအကောင့်မြင်ရတော့ အသည်းနာလိုက်တာဗျာ...ချစ်တယ်ဆိုတာ ဘယ်ရောက်သွားမှန်းမသိတော့ဖူး...ကျွန်တော်ကြေကွဲခံစားခဲ့ရတာကို အခုမှနမြောနေလိုက်တာ...ကျွန်တော်ကသာ ငူငုငိုင်ငိုင်နဲ့ ခံစားနေတာ သူကတော့ပျော်လို့ ဗျာ ...ကျွန်တော့သူငယ်ချင်းနဲ့ ချက်နေလိုက်ကြတာဗျာ..ဖုန်းတွေကလည်းပြောပါ့...ရယ်သံတွေတောင် ဘေးကကြားနေရသလိုပဲ...အဲဒီတုန်းကခံစားချက်ကို ဘယ်လိုပုံဖော်ရမှန်းမသိပါဖူးဗျာ...အသည်းနာနေတာတော့သိတယ်....အဲဒီမှာ ဇာတိကပေါ်လာတော့တာပဲ..ကျွန်တော် ခံစားခဲ့ရသလို သူ့ ကိုခံစားစေခြင်စိတ်ဖြစ်ပေါ်လာတယ်...ဟုတ်တယ်လေဗျာ ဒါမှတရားမှာပေါ့...ကျွန်တော်က ချစ်ပီဆိုလည်းနှစ်ယောက်မရှိဖူး..အဲလိုပဲ မုန်းလာပီဆိုလည်း နှစ်ယောက်မရှိဖူး...သူ့ ကိုကျွန်တော်လက်စားခြေခြင်တယ်...ကျွန်တော်ကထိုင်ကာစဆိုတော့ တော်ကီလည်းသိပ်မရသလို လက်ကွက်လည်း သိပ်မကျွမ်းသေးဖူး...သူ့ ကိုလက်စားခြေဖို့ အတွက် ကျွန်တော်ပညာတွေအများကြီးသင်ရဦးမယ်ဆိုတာသဘောပေါက်လာတယ်....(သယ်ရင်းတို့ ရေ ကျွန်တော်နဲ့  ကျွန်တော့ကောင်မလေး ချစ်သူမဖြစ်ကြသေးဖူးနော်...နောက်တော့ ဆက်ရေးပါဦးမယ်ဗျာ)
တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ မြန်မာနိုင်ငံသို့ ကန့်ကွက် အမျက်ထွက် သ၀ဏ်လွှာပေးပို့
တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ မြန်မာနိုင်ငံသို့ ကန့်ကွက် အမျက်ထွက် သ၀ဏ်လွှာ ဒီဇင်ဘာလ(၁)ရက်၊ ၂၀၁၃ ခုနှစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်မှ နိုင်ငံတော် သမ္မတ နှင့် တရုတ်ပြည်သူ့ ကွန်မြူနစ်ပါတီ အကြီးကဲများ၊ တရုတ်ပြည်သူလူထုတရပ်လုံးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ တပ်မတော်တို့မှ အောက်ပါ ကန့်ကွက်ကြောင်း သ၀န်လွှအား ပေးပို့လိုက်သည်။ အကြောင်းရာမှာ နိုင်ဝင်ဘာလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သောဆန္ဒပြခဲ့ကြသည့် ဆ န္ဒပြလူအုပ်စုမှ တရုတ်ပြည်၏ တည်ဆဲဥပဒေအား၎င်း မြန်မာပြည်၏ တည်ဆဲဥပဒေအား၎င်း တိုက်ခိုက်သော အနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အထူးအလေးမြတ်ထားသော နိုင်ငံတော်အလံအား အရှက်မဲ့စွာ သတင်းမီဒီယာများ၏ ရှေ့မှောက်တွင် မီးရှို့စော်ကားခဲ့သော လုပ်ရပ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ ဂုဏ်သိက္ခာ ထိခိုက်ခြင်း အကြီးအကျယ်ဖြစ်ရသကဲ့သို့ တရုတ်ပြည်သူ့သမ္မနိုင်ငံမှ စီးပွားရေး စစ်ရေး နည်းပညာနှင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးများအတွက် အဖက်ဖက်မှ လိုအပ်သမျှ ကူညီးတောင်းကာ နိုင်ငံနှစ်ခု ရင်းနှီးချစ်ကြည်စွာဖြင့် ဆက်ဆံနေသော မြန်မာနိုင်ငံ အဖို့လဲ အရှက်ရစေပါသည်။ တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်သူ့သမ္မနိုင်ငံ၏ အလံတော်အားမီးရှို့ခြင်း၊ လူမြင်ကွင်းအလယ်တွင် ဖျက်ဆီးခြင်း နှင့် သတ်မှတ်ထားသော နေရာများတွင် လွှင့်တင် ထားရှိခြင်းမပြုပါက ပစ်မှုကြူးလွန်သူများအား ဒေသဏ်အဆင့်ထိချမှတ်ကာ အပြစ်ပေးအရေးယူဆောင်ရွက်မှုများ ရှိသော သာဓကအား တရုတ်ပြည်တွင် ရှိခဲ့သည်ကို မြန်မာနိုင်ငံတော်အား လက်ရှိတည်ဆဲဥပဒေအရ အုပ်ချုပ်နေသော အစိုးရအဖွဲ့အား သိစေအပ်ပါသည်။ ထိုသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ အလံတော်အား မီးရှို့ ဆန့်ကျင်ခဲ့ကြသော လူအုပ်စုအား လက်ရှိ မိမိတို့ သက်ဆိုင်ရာတိုင်းပြည်မှ တာဝန်ရှိသော အာဏာပိုင်များအနေဖြင့် ထိရောက်စွာ အပစ်ပေးအရေးယူဆောင်ရွက်ရန် တိုက်တွန်းလိုက်သည့်အပြင် နောက်နောင် အထက်တွင်ဖေါ်ပြခဲ့သော ဖြစ်ရပ်အမျိုးစားမျိုး ဆက်လက်ဖြစ်ပေါ်လာပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပစ်မှုကျူးလွန်သူများအား တိုက်ရိုက် ၀င်ရောက်အရေးယူသွားမည်ကိုလည်း သိစေအပ်ပါသည်။
တရုတ်ပြည်သူသမ္မနိုင်ငံတော်
နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ဌာန
မေးမြန်းအသိ အကျိုးရှိ
နံနက်စောစော ၆း၀၀နာရီ ဗန်းမောက်မြို့ ကားဂိတ်၌ ကြို၍ စောင့်နေလေ၏.............
ကားထွက်ရန်အချိန်မှာ ၆း၃၀ ထွက်လေ၏.............
တကာမ တစ်ယောက်သည် အသားခပ်ဖြူဖြူ အသက်၄၀ ခန့်ပင် စာရေးသူထံသို့ ရှေးရှုလျက် လျှောက်လာလေ၏......
စာရေးသူကို လှမ်း၍မေး၏......
ဦးဇင်း ဘယ်ကို ကြွမလဲ ဘုရား.........
မန္တလေးပါ....တကာမကြီး.....
ဝါကျွတ်လို့ရွာကိုဆရာကန်တော့ ခဏပြန်တာပါ.........
အော်....ဒါဆို..အင်းတော်မှာ ဆင်းပြီး ရထားလက်မှတ်ယူမှာပေါ့.....
ပာုတ်တယ်....တကာမကြီး...
ပြောရင်း ဆိုရင်းပင် ကားဝင်လာလေပြီ....
တကာမကြီးလည်း နေရာမှထ၍ ခပ်ငယ်ငယ် ၁၇ နှစ်ခန့်သာရှိသော သမီးတစ်ယောက်ကို
လှမ်းခေါ်လိုက်၏....သ္မီး....ခဏလာဦး.. ပာုတ်ကဲ့...လာပြီမေမေ...
ဦးဇင်း...ပစ္စည်းတွေက ဘယ်ပာာလဲ ဘုရား....
ရပါတယ်...တကာမကြီး....ဦးဇင်းသယ်နိုင်ပါတယ်...
မပာုတ်တာ ဦးဇင်းရယ်..တပည့်တော် ကူညီပေးပါရစေ ဘုရား....
ကောင်းပြီလေ.. ဦးဇင်းပစ္စည်းတွေက လက်ဆွဲအိတ် တစ်လုံးနဲ့ခြင်းကျား တစ်လုံးပဲပါတယ်.....
တင်ပါဘုရား....တပည့်တော်တို့သယ်ပေးပါမယ် ဘုရား....
သ္မီး....ဦးဇင်းလက်ဆွဲအိတ်ယူ သ္မီး....ပာုတ်ကဲ့ မေမေ.....
ဒီခြင်းကျားကိုတော့ တပည့်တော်သယ်လိုက်ပါမယ် ဘုရား.....
ပာုတ်ကဲ့ ...တကာမကြီး...
ဦးဇင်း ခုံနံပါတ် ဘယ်လောက်လဲ ဘုရား....
နံပါတ်( ၁) တကာမကြီး...တင်ပါ ဘုရား...ကားပေါ်တက်ပြီး နေရာချပေးကြလေသည်.......
ကားပေါ်တက်၍ ခရီးသည်များ စုံလင်သောကြောင့် မှန်လုံ ကားကြီးလည်း ထွက်လာလေပြီ.....
ဗန်းမောက်မြို့ အလွန်တွင် စာရေးသူအား ကူညီခဲသော တကာမကြီးသည်
ကားအလယ်၌ နေရသောကြောင့် မွန်းကြပ်သည်ကတစ်ကြောင့် ကားမူးတတ်သည်ကတစ်ကြောင်း
အကြောင်းကြောင့် နေရခက်၍ အရှေ့ခုံတန်းသို့ ထွက်လာပြီး...
စာရေးသူထိုင်နေသော ခုံဘေးတွင် ခုံတစ်ခုံပိုလေသည်....
ဦးဇင်း....ဒီခုံ..ထိုင်မယ့်လူရှိလားဘုရား..မရှိပါဘူး တကာမကြီး....
တပည့်တော်ကို ထိုင်ခွင့်ပြုပါဘုရား...
အထဲမှာဆိုရင် မွန်းကြတ်ပြီး ခေါင်းမူးလို့ပါဘုရား...
ထိုင်လို့ရပါတယ်..တကာမကြီး ထိုင် ပါ..ကျေးဇူးပါဘုရား...
တကာမကြီးသည်ပြေးလွှားလှုပ်ရှားနေတဲ့ ကားပေါ်မှ ပတ်ဝန်းကျင်ကိုကြည့်ရှုပြီး...
မွန်းကြတ်၍ ခေါင်းမကြည်မှုများကိုဖြေသိပ်လျက်...
အတန်းကြာသော်...ဦးဇင်း တပည့်တော် မရှင်းတာလေးများ မေးလို့ရမလားဘုရား...
ဘာများလဲ တကာမကြီး မေးကြည့်လေ..တင်ပါ.....
ဗုဒ္ဓဘာသာမှာ ဂေါတမဘုရားကို ကိုယ်ကွယ်တာလေ...လူလူချင်းဘာကြောင့် အထူမြတ်ဖြစ်နေပါလဲဘုရား...
ပာင်....ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး ဘုရားဂုဏ်တော်မသိလို့လား...မရှင်းလို့လား.......
မပာုတ်ဘူး ဘုရား.......
တပည့်ုတော် ခရစ်ယာန်ပါ ဘုရား........
အော်....ဒါကြောင့် မေးတာကို..ဦးဇင်းက ဗုဒ္ဓဘာသာလို့ထင်နေတာ...
တပည့်တော်...ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာကိုလေ့လာနေတာ ဘုရား ဘယ်ပာာ အမှန်တရား ဆိုတာကိုပေါ့ ဘုရား....ကောင်းပါတယ်... တကာမကြီး..ကံလည်းပဲကောင်းပါစေ...
စာရေးသူလည်း ဘယ်ဘာသာမှန်တယ် ရုတ်တရက် အဖြေပေးဖို့ခဲယဉ်းလေပြီ...
အကြောင်းမှာ....တို့ဘုရာရှင်ကိုယ်တော်တိုင်လည်း ငါ ဘုရားကိုယ်တော်တိုင်ပောာကြားအပ်သော
တရားတော်သည် ကိုယ်ကိုယ်တိုင်လိုက်ကျင့်ကြံ အားထုတ်၍ အမှန်တရားကို လက်ခံကြကုန်လော့ ပာု မိန့်လေ၏....
လိုရင်းမှာ.. ဗုဒ္ဓဘာသာကို အမှန်တရား ပာု သာဆိုမည့်အစား ဗုဒ္ဓ၏အကြောင့်နဲ့ အကျိုးကို ခွဲခြားပြပြီး....
အမှန်းတရားကိုကား တကာမကြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ယူစေရန်....
ဗုဒ္ဓဝါဒီ၌ တစ်ဖက်သတ်ဆန်သော ပောာတရားမရှိခဲ့ချေ......
ဒါဆို....တကာမကြီး..ဦးဇင်းနာလည်သလောက် စွမ်းသလောက် ရှင်းပြပါမယ်...
တင်ပါဘုရား....
ဦးဇင်းတို့ ဗုဒ္ဓဘုရားရှင်က သာမန်လူသားတွေထက် မြင့်မြတ်သော မပာာပုရိသ ပုဂ္ဂိုလ်
တစ်ယောက်ဖြစ်တယ် တကာမကြီး....
ဘုရားရှင်ပာာ ဒီပင်္ကရာမြတ်စွာဘုရားခြေရင်းကနေ ဘုရားဆုပန်ပြီးတော့ လေးအသင်္ချေနဲ့
ကမ္ဘာတစ်သိန်း သဗ္ဗေညုတဥာဏ်တော်ကိုရယူပြီး ကျွတ်သင့်ကျွတ်ထိုက်တဲ့ ဝေနေယျ
သတ္တဝါတွေရဲ့ အကျိုးကိုဆောင်ရွက်တော်မူခဲ့တယ်....
ဦးဇင်း တို့ဘုရားရှင်ဟာ လူသားစင်စစ်ထဲမှာ အထွဋ်ထိပ် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်ထူးပါ...
တကယ်တမ်းတော့ ဘုရားရှင်ရဲ့ မတည်မြဲတဲ့ ခန္ဓာကိုယ်ကြီးကို ပူဇော်တာမဟုတ်ဘူး တကာမကြီး....
ဘုရားရဲ့ ဂုဏ်တော် (၉)ပါးရှိတယ်...ဦးဇင်း လိုရင်းပြောပြပါ့မယ်....
နံပါတ်-၁။ အရဟံ -ကိလေသာ ကင်းစင်ပြီး ကွယ်ရာမှာ မကောင်းမှုကို မပြုဘူး တကာမကြီး ...
ဒါကြောင့်..လူနတ်ဗြဟ္မာတွေက ပူဇော်တာ တကာမကြီး...
နံပါတ်၂။ သမ္မာသမ္ဓုဒ္ဓေါ-သိစရာမှန်သမျှတွေကို အမှန်တိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူတတ်လို့
ပူဇော်ထိုက်လို့ ပူဇော်ကြတယ်...
နံပါတ်၃။ဝိဇ္ဇာစရဏ- အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတဲ့ အတွက်ကြောင့် ပူဇော်ထိုက်လို့ပူဇော်ကြတယ်...
နံပါတ်၎။သုဂတော- မှန်ကန်ပြီးတော့ အကျိုးရှိတဲ့ စကားတွေပြောတတ်တဲ့ အတွက်ကြောင့် ပူဇော်ကြတယ်...
နံပါတ်၅။လောက၀ိဒူ-သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက သုံးပါးကို သိတော် မူတတ်လို့ပူဇော်ကြတယ်...
နံပါတ်၆။အနုတ္တရောပုရိသ ဓမ္မသာရထိ-ကျွတ်သင့် ကျွတ်ထိုက် ဆုံးမသင့် ဆုံးမထိုက်တဲ့ ဝေနေယျ သတ္တ၀ါတွေကို ဘယ်သူနဲ့မှ မယှဉ်နိုင်အောင် အတုမဲ ဆုးံမ ချွေချွတ်တော်မူတတ်လို့ ပူဇော်ကြတယ်...
နံပါတ်၇။သတ္ထာဒေ၀ မနုဿာနံ-နတ်လူတို့အား ကောင်းရာ ကောင်းကြောင့် ညွန်ပြတတ်လို့ ပူဇော်ကြတယ်..
နံပါတ်၈။ဗုဒ္ဓေါ-သံသရာမှ ဧကန်အမှန် ထွက်မြောက်ရာဖြစ်တဲ့ သစ္စာလေးပါး တရားတော်ကို ကိုယ်တော်တိုင်
သိပြီး သူတစ်ပါးကိုလည်း သိအောင် နားလည်အောင် ဟောတော်မူတတ်လို့ ပူဇော်ကြတယ်...
နံပါတ်၉။ဘဂ၀ါ-ဘုန်းတော်(၆)ပါးနဲ့ ပြည့်စုံတော်မူလို့ ပူဇော်မှုတွေပြုကြတယ်...တကာမကြီး...
ဘုန်း(၆)ပါး ထပ်ချဲ့ပြီးပြောရင် တကာမကြီး နားရှုပ်သွားလိမ့်မယ်...
အခု ဦးဇင်းပြောနေတာတောင် လည်နေလောက်ပြီ ...
တင်ပါဘုရား...တပည့်တော် အကုန်မမှတ်မိပေမယ့် ...
ဂေါတမ ဘုရားရှင်မှာ ကောင်းသောဂုဏ်စွမ်းရည်တွေ အများကြီးပဲဘုရား...
ဟုတ်တယ် တကာမကြီး...
ဦးဇင်း ...ဥပမာ ပြောပြပါ့မယ့်...
တကာမကြီးရော ကိုယ်ထက်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်၊ ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ် တွေကို အရိုသေ ပေးတာမျိုး
ကန်တော့တာတို့ မဖြစ်ဖူးဘူးလား...
ဖြစ်ဘူးပါတယ် ဘုရား...
ဒီလိုပဲ..တကာမကြီး ဂုဏ်အရှိန်ဝါ ပညာတွေ အတုမဲ့ ရှိတော်မူတဲ့ ဘုရားရှင်ကို ပူဇော်ကြတာလေ..
အော်..သဘော ပေါက်ပြီဘုရား...
တပည့်တော် ထပ်ပြီးမေးပါရစေဘုရား..မေးပါ ..တကာမကြီး...
ဗုဒ္ဓဘာသာတွေက အရောင်ဝါထွက်တာတွေ ထူးဆန်းရင်ပူဇော်ကြတယ်...ဘာကြောင့်လဲ ဘုရား...
ဦးဇင်းတို့ ဂေါတမဘုရားရှင်က ပရိနိဗ္ဗာန်စံခါနီး ဓာတ်တော်တွေ(အရိုးတော်တွေ) အစိတ်စိတ်အမွှာမွှာ ဖြစ်ပါ
စေသတည်း...ဟု အဓိဌာန်ပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့တယ်...
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး ဓာတ်တော်တွေ များစွာကျန်ခဲ့တယ်..အဲဒီ ဓာတ်တော်တွေက ရောင်ဝါတွေ ကွန်မြူးတယ် ....တကာမကြီး...
ဗုဒ္ဓဘာသာတွေက အရောင်ဝါတွေဆို ဘုရားဓာတ်တော်အရောင်တွေလို့ သဘောထားပြီး ပူဇော်လေ့ရှိ
တတ်ကြတယ် တကာမကြီး...
တင်ပါဘုရား...
အကျိုးသက်ရောက် မှုပိုင်းဆိုင်ရာတော့ သမံစိတ္တံ သမံဖလံ တဲ့ တူသောစိတ်ကြောင့် တူသောအကျိုးကိုပေးတယ်..
အရောင်အ၀ါတွေကို အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် ဘုရားရှင်အဖြစ်နဲ့အာရုံပြုပြီး ပူဇော်ခဲ့ရင် တူညီတဲ့
စိတ်ကြောင့် တူသောအကျိုးခံစားရတယ်..
ဦးဇင်းတို့ဘုရားရှင်က နေရာအနှံ့ပြားမှာ ရှိတယ် ..တကာမကြီး..
နှလုံးသားထဲ ဘုရားတည်တာပေါ့...
တပည့်တော် သဘောပေါက်လာပြီဘုရား...
ဗုဒ္ဓဘာသာတွေက ကံကံ၏ အကျိုးကို ယုံတယ်နော်ဘုရား...
ဟုတ်တယ် ....တကာမကြီး..............
ကံဆိုတာ ကမ္မ-သဒ္ဒါ ပါဠိပျက်ပါ..ကံ ရဲ့ အဓိပ္ပါယ်က အမှုအလုပ် ကိုပြောတာပါ...
ကိုယ်ကိုတိုင် ကောင်းတာလုပ်ရင် ကောင်းတာခံစားရမယ်...မကောင်းတာလုပ်ရင် မကောင်းတာခံစားရမယ်...
ဥပမာ=သူများကိုဆဲရင် ပြန်ပြီး အဆဲမခံရဘူးလား...
အဆဲခံရဖူးတယ် ဘုရား..
အဲ့ဒါ..၀စီကံ အကုသိုလ် ပြုလုပ်တဲ့အတွက် ဒိဌဓမ္မဝေဒနိယကံဆိုတဲ့ ချက်ချင်း ပစ္စုပ္ပန်မှာ မကောင်းကျိုး ပြန်ခံစားရတာပေါ့...
ကောင်းတဲ့ဘက်ကြည့်ပြန်တော့..
တကာမကြီးက အခက်ခဲ ဖြစ်နေတဲ့ လူကို ကူညီပေးတဲ့အတွက် ချက်ချင်း ဒိဌဓမ္မ ဝေဒနိယကံ
ကူညီပေးတဲ့ အကြောင်းကြောင့် ပြန်လည်ကျေးဇူးဆပ်ခြင်း အကျိုးကျေးဇူးကို ခံယူခဲ့ဘူးမှာပါ...
တွေ့ကြုံဖူးပါတယ်ဘုရား...
ဒီလိုပဲ..တကာမကြီး ကံဆိုတာ ပြုလုပ်ခြင်းကို ပြောတာပါ...မိုးပေါ်ကျ မဟုတ်ဘူး...
အော်..သဘောပါ ပါတယ် ဘုရား...
ကားလည်း အင်းတော်မြို့ဦး ၀င်စ ပြုလာလေပြီ...
တပည့်တော်နောက်ဆုံးအနေနဲ့ ဗုဒ္ဓဘာတွေရဲ့ နိဗ္ဗာန်ဆိုတာ ဘယ်လိုလဲ ဘုရား..ဘုံနေရာဌာနရှိလားဘုရား...
တကာမကြီး နိဗ္ဗာန်ဆိုတာ ငြိမ်းအေးခြင်း သဘောရှိတယ်...
အခု ဦးဇင်းပြောနေတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို နားထောင်နေခိုက်မှာ ငြိမ်းအေးခြင်း တည်ငြိမ်ခြင်း ကို မခံစားရဘူးလား...
တင်ပါ...တပည့်တော် ခေါင်းမူးနေတာတွေ မဖြစ်တော့ဘူး ဦးဇင်းပြောနေတဲ့ တရားတစ်ခုအပေါ်မှာ နားထောင်
ရင်း မူတာအန်ချင်တာတွေ မဖြစ်တော့ဘူး ဘုရား...
အဲ့ဒါ...ခေတ္တငြိမ်သက်ပြီး ခေတ္တအေးချမ်းခြင်း ခေတ္တအတွင်း နိဗ္ဗာန်အတုမျှသာ ရှိသေးတယ် တကာမကြီး...
သစ္စာလေးပါးနဲ့ ထိုးဖောက်ပြီး စစ်မှန်တဲ့ အေးငြိမ်းခြင်း ကို ထာဝရ အကြွင်းမဲ့ ပိုင်ဆိုင်သွားတာကို နိဗ္ဗာန်လို့
ခေါ်တာပါ တကာမကြီး..ဘုံဌာနရယ်လို့ မဟုတ်ပါဘူး..စကားအဖြစ်သဘောလောက်သာ ပြောဆိုကြတာပါ..
တပည့်တော်ကို ရှင်းပြပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ဘုရား...ဟုတ်ကဲ့ပါ ...
မှန်လုံကားကြီးလည်း အင်းတော်ကားဂိတ်သို့ဆိုက်လေပြီ..
တပည့်တော်တို့ဆင်းပြီဘုရား...
ဟုတ်ကဲ့..တကာမကြီးလည်း ရွေးချယ်မှု ကံကောင်ပါစေ...
တင်ပါ ..ကြိုးစားပါ့မယ်ဘုရား..
ဦးဇင်းထက်သာတဲ့ဆရာတော်ကြီး စာတတ်ပေတတ် သူတော်ကောင်း ပုဂ္ဂိုလ်တွေ မှာ ဆက်လက်မေးမြန်းပါ..တကာမကြီး.. ကျေးဇူးပါဘုရား...
သ္မီး ဆင်းရအောင် ...
ဟုတ်...လာပြီ မေမေ...
ဤကဲ့သို့ ခရစ်ယာန် တကာမကြီးကဲ့သို့ ဗုဒ္ဒဘာသာ လူမျိုးအားလုံးဟာ ဆရာတော်ကြီး သူတော်ကောင်းများထံ၌ ဓမ္မ၀ါစာ များကို မေးမြန်း နည်းယူ နာခံမှတ်သားကြသော်..............
မှတ်ချက် /စာရေးစာသား အမှားပါ၍ ဖတ်ရခက်ခက် အဓိပ္ပါယ် ပျက်ယွင်းခဲ့သော် အပြစ်ရှိသူ စာရေးသူအား
မေတ္တာရှေ့ထား ဂရုဏာများနဲ့ ပြင်ဆင်ဖတ်ရှုကြပါကုန်ဟု တောင်းဆိုလျက်ပါ...
The Books What I Want To Read (ကျွန်ုပ်ဖတ်ချင်သော စာအုပ်များ)
၁။ ။ မကျည်းစဉ်သူဌေး-။ ။ ဒီစာအုပ်ကို ဘယ်သူရေးခဲ့တာလဲတော့ မမှတ်မိတော့ဘူး။ ဖတ်ခဲ့ဖူးတာ ရှစ်နှစ်လောက်ရှိပြီ။ ပြည်တွင်းဖြစ် ကြီးပွားတိုးတက်ရေးစာအုပ်ထဲမှာတော့ အကောင်းဆုံးလို့တောင် သတ်မှတ်လို့ရပါတယ်။ မိလ္လာကျင်းတူးရတဲ့ဘ၀ကနေ ဘုရင့်ရွှေနားတော်ပေါက်ကြားသွားလောက်အောင် ချမ်းသာခဲ့သူပါ။ သူလျှောက်လှမ်းခဲ့တာတွေ၊ ဇနီးဖြစ်သူနဲ့အတူ ရုန်းကန်ခဲ့ရတာတွေအပြင် သီပေါမင်းရဲ့ အထူးလက်စွဲတော် ရနောင်-မောင်မောင်တုတ်-ကို ဥာဏ်လွှာသုံးပြီး အနိုင်ယူခဲ့တာတွေပါ ပါပါတယ်။ အခုတော့ တော်တော့်ကို ရှားပါးသွားပါပြီ။ ရှာလို့တောင် မရတော့ပါဘူး။
၂။ ။ ရနောင်-မောင်မောင်တုတ်-။ ။ အခုနောက်ပိုင်းတော့ မောင်ဖေငယ်-ဆိုတဲ့ စာရေးဆရာက ပြန်ရေးထားတာရှိပါတယ်။ ဒါပေမယ့် လက်ရာတော်တော်ညံ့ပါတယ်။ ရှေးတုန်းကရေးထားတဲ့စာအုပ်တွေ ရှိပါတယ်။ သူ့ဘ၀ကောက်ကြောင်းကလည်း စိတ်ဝင်စားဖွယ်ကောင်းခဲ့ပါတယ်။ သီပေါဘုရင်လက်ထက်မှာတော့ မိန်းမအများဆုံး ယူထားသူပါ။ ရနောင်-မောင်မောင်တုတ်-နဲ့ ရွှေလှဗိုလ်-ဦးချိပ်-တို့ရဲ့ အားပြိုင်မှုတွေကလည်း ရင်သက်ရှုမောဖွယ်ပါပဲ။ ဒီစာအုပ်လည်း ရှားပါးစာရင်းထဲ ၀င်သွားပါပြီ။
၃။ ။ ဘိက္ခုနီသာသနာနှင့်သီလရှင်သမိုင်း(ရဝေထွန်း)။ ။ ဒီစာအုပ်ပေါ်တာတော့ ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီး။ စာပေလောကစာအုပ်ဆိုင်တွေနဲ့ တခြားဘာသာရေးစာအုပ်ဆိုင်တွေမှာ ရနိုင်ပါတယ်။ ဘုရားရှင်လက်ထပ်က ဘိက္ခုနီတွေ ပေါ်ပေါက်လာပုံ နောင်တွင် သူပုန်ဘေးကြောင့် ကွယ်ပျောက်သွားရပုံတွေအပြင် မြန်မာနိုင်ငံတွင် ကသည်းလူမျိုး သီလရှင်ဆရာကြီး မယ်ကင်း-မှ သီလရှင်သာသနာ စတင်တည်ထောင်ပုံတွေကို စနစ်တကျ သမိုင်းအမြင် ရသအမြင်တွေနဲ့ တင်ဆက်ထားတဲ့စာအုပ်ပါ။ တော်တော်လေး ပြည့်စုံကောင်းမြတ်ပါတယ်။
၎။ ။ ဘ.က-ပညာရေးသမိုင်း။ ။ ဒီစာအုပ်ကတော့ သတင်းသာကြားရပြီး မဖတ်ရသေးတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ စတင်ပေါ်ပေါက်လာပုံနှင့် သင်ကြားပေးခဲ့တဲ့ဘာသာရပ်တွေ ဒီကျောင်းတော်ကြီးတွေရဲ့ လူမှုဝန်းကျင်ကို အထောက်အကူပြုပုံတွေကို သမိုင်းနာမည်အတိုင်း သမိုင်းဆန်ဆန် တင်ပြထားပါတယ်။
၎။ ။ ကွန်ဖူးရှက်/ဖာဟီယန်/ဟူအင်ဆန်-။ ။ ဒီပုဂ္ဂိုလ်သုံးဦးက လောကအတွက် တော်တော်လေး အကျိုးကျေးဇူးပြုခဲ့ပါတယ်။ ကွန်ဖူးရှက်-ဟာ သူ့ခေတ်သူ့အခါမှာ လောကကို တစ်ခေတ်ဆန်းစေခဲ့သူပါ။ သူ့အဆုံးအမတွေ သူ့နီတိတွေဟာ ဒီနေ့ခေတ်အထိ အသက်ဝင်နေဆဲပါပဲ။ သူ့ဘ၀တလျှောက်လုံးကို လောကအတွက် ရင်းနှီးမြှုပ်နှံပေးခဲ့သူပါ။ ဖာဟီယန်-နဲ့-ဟူအင်ဆန်-တို့ကတော့ သာသနာတော်အတွက် ကျေးဇူးများခဲ့တဲ့ မဟာယာနရဟန်းတော်တွေပါ။ သူတို့နှစ်ပါးရဲ့ ခရီးသွားမှတ်တမ်းတွေကြောင့် ဗုဒ္ဓဘာသာဟာ များစွာဂုဏ်တက်ခဲ့ရပါတယ်။ တရုတ်ပြည်ကနေ အိန္ဒိယ-ကို တောအထပ်ထပ် တောင်အစွယ်စွယ်ကို ကျော်ဖြတ်သွားရောက်ကာ မှတ်တမ်းများချန်ရစ်ခဲ့သလို တရုတ်ပြည်မှာလည်း ဗုဒ္ဓတရားတော်တွေကို သေတဲ့အထိ ဟောကြားပြသပေးခဲ့သူတွေပေါ့…။ ဒီစာအုပ်တွေလည်း တော်တော်လေးရှားပါးကုန်ပါပြီ..။
၆။ ။ အနောက်ကိုရွေ့ အရှေ့ကိုမျှော်(ဒေါက်တာ-ရဲနိုင်)။ ။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်လောက်က အရွယ်ရောက်ခဲ့သူတွေ အခု အသက်ရှစ်ဆယ်နီးပါးဖြစ်နေသူတွေတော့ ကောင်းကောင်းသိမယ့်စာအုပ်ပါ။ ဦးနေ၀င်းခေတ်မှာ ဦးနေ၀င်းဥပဒေကိုအခြေခံပြီး မြန်မာ့တန်ဘိုး၊ ဘာသာတန်ဘိုး-ကို ခပ်ပါးပါးလေးနဲ့ ထိထိရောက်ရောက်ပြသွားတဲ့စာအုပ်ပါ။ လောကဥပဒေ ဓမ္မစည်းမျဉ်းအတိုင်းရေးပြီး နိုင်ငံတန်ဘိုးကို လူတွေသိအောင် ပြသသွားခဲ့ပါတယ်။ ဒီစာအုပ်ကိုဖတ်ဖူးတာ သေချာပါတယ်… ဆယ်နှစ်လောက်ရှိပြီ။ အဲဒီတုန်းက တန်ဘိုးနားမလည်ဘဲ ပစ်ထားလို့ပျောက်သွားတာ။ အခုပြန်ရှာတာ သုံးနှစ်လောက်ရှိပြီ အစအနကို မရတော့ဘူး။ ၀တ္ထုစာအုပ်တွေထဲမှာတော့ အကောင်းတကာ့အကောင်းဆုံး ဂန္ဓ၀င်ဆန် ၀တ္ထုပါ။ ဒီနေ့ခေတ်စာရေးဆရာတွေ ဒါမျိုးမဖန်တီးကြတော့ပါဘူး..။
၇။ ။ တတိယမျက်လုံး(ဒေါက်တာ-သန်းထွန်း) ကောင်းတယ်..ကောင်းတယ်နဲ့ နာမည်ကြီးနေတာ အခုထိ ဖတ်ခွင့်မကြုံသေးဘူး။ ခေတ်သစ်သမိုင်းအဖြစ်နဲ့ ထင်ရှားသလို ယနေ့ခေတ် နိုင်ငံကြီးတွေရဲ့ အကြံအစည်တွေကိုလည်း သုံးသပ်ပြထားတယ်လို့တော့ သိရပါတယ်။ ဒီစာအုပ်ကိုလည်း ဖတ်ချင်မိတာ အမှန်ပါ။
၈။ ။ မြန်မာစာပေတိုက်ပွဲများ(မေမြို့-မိုးကြည်) ပြောမပြတတ်လောက်အောင်ကို ကောင်းလွန်းတဲ့စာအုပ်ပါ။ မြန်မာ့သမိုင်းမှာ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့တဲ့ စာဆိုတော်တွေရဲ့သမိုင်းနဲ့ အဲဒီခေတ်စာဆိုတော်တွေရဲ့ စာပေတိုက်ပွဲတွေကို တင်ပြထားပါတယ်။ ဒီစာအုပ်မျိုးတွေကတော့ တခဏဖတ်ရုံတင်မဟုတ်ပဲ ၀ယ်ပြီးသိမ်းထားသင့်တာမျိုးပါ။ ပျို့တွေကိုလည်း အမြည်းသဘောအဖြစ် တင်ပြထားပါသေးတယ်။ ဒီစာအုပ်လည်း ရှာရတော်တော်ခက်တယ်။ မန်းလေးမှာတော့ ပေါမယ်ထင်ပါတယ်။
၉။ သမန္တစက္ခုဒီပနီကျမ်း-။ ။ ပိဋကတ်အဆီအနှစ်အိုးကြီးလို့တောင် တင်စားလို့ရတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို စနစ်တကျဖတ်ပြီး လိုက်နာမယ်ဆိုရင် တကယ့်ဗုဒ္ဓဘာသာဖြစ်ပြီလို့တောင် ပြောလို့ရပါတယ်။ ဗုဒ္ဓဘာသာကို အရမ်းစိတ်ဝင်စားသူတွေ မဖြစ်မနေဖတ်ကြရပါမယ်။ ဒီကျမ်းမှာ သုတ်,၀ိနည်း,အဘိဓမ္မာရဲ့ တန်ဘိုးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ဥာဏ်တော်ကိုလည်း သာမန်လူသားတွေ ပိုမိုသဘောပေါက်လာပါလိမ့်မယ်။ ကဲ… ဒီစာအုပ်ကတော့ ရှာရလွယ်ပါတယ်။ အဆင်ပြေရင် ၀ယ်ဖတ်ကြည့်ကြပါ။
၁၀။ ။ ကာယာနုပဿနာကျမ်း(ယောမင်းကြီး-ဦးဘိုးလှိုင်) ယောမင်းကြီးဦးဘိုးလှိုင်ရဲ့ သမိုင်းကျန်တဲ့ စာအုပ်နှစ်အုပ်ထဲက တစ်အုပ်ဖြစ်ပါတယ်။ ယောမင်းကြီးရဲ့ လောကုတ္တရာစာပေနှံ့စပ်ပုံ ဓမ္မအသိတွေကို နားလည်ပုံတွေကို ဒီစာအုပ်မှာ မြင်တွေ့ရမှာဖြစ်သလို ၀ိပဿနာလမ်းကို လျှောက်လှမ်းသူတွေအတွက်လည်း အထောက်အကူဖြစ်စေမယ့်စာအုပ်ဖြစ်ပါတယ်။ အဘိဓမ္မာအနှစ်ချုပ်၊ တရားအလုပ်လုပ်တော့မယ်ဆိုရင် ဒီစာအုပ်လေးက မိတ်ဆွေကောင်းအဖြစ် ကူညီပေးနိုင်လောက်တဲ့အထိ ကောင်းမွန်ပါတယ်။
ကဲ… ဒီနေ့တော့ ဒီဆယ်အုပ်ကိုပဲ ပြခဲ့ပါမယ်။ ဒါတွေက ဦးဇင်းဖတ်ဖူးပေမယ့် ဦးဇင်းဆီမှာ မရှိတော့တဲ့စာအုပ်တွေပါ။ တချို့စာအုပ်တွေတော့ ဒီနေ့ခေတ်မှာရှိပေမယ့် စာအုပ်ဈေးကလည်း ရွှေဈေးလောက်ဖြစ်နေတော့ မသိမ်းထားရသေးပါဘူး။ တစ်ချို့စာအုပ်တွေကျတော့ လုံးလုံးနီးပါးကို ရှာမရသလောက် ဖြစ်နေပါပြီ။ ။ မနက်ဖြန်ကြရင် နောက်ထပ်ဆယ်အုပ် ထပ်ညွှန်ပေးပါအုံးမယ်။ ။ ။ ။
အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံပြီး ဒီဘ၀မှာတင် တရားတရားမြတ်ကို ထိုးထွင်းသိမြင်လို့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။ ။ ။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
ချစ်ရင် အပြစ်ကို ခွင့်လွတ်ပေးနိုင်ရမယ်(ထင်တယ်)
လိုင်းပေါ်တွင် ကျွန်တော့်နာမည် “ ခလေးလေး “ ဖြစ်သော်လည်း ကျွန်တော်ကလေးတစ်ယောက်
မဟုတ်မှန်း ကျွန်တော့်စာတွေ ကဗျာတွေဖတ်ဖူးသူတိုင်း သိသည်၊ ခလေးလေးဆိုသည်မှာ လိုင်းပေါ်တွင်
ကျွန်တော်အမြဲသုံးသော သင်္ကေတလေးတစ်ခုသာ ဖြစ်သည်၊gtalk.facebook.blogger.မြန်မာဆိုရှယ်ဆိုက်
စသည်များတွင် ခလေးလေးနာမည်နှင့်အတူ ကျွန်တော်အမြဲအသုံးပြုလေ့ရှိသည့် logoပုံမှာ ယခုကျွန်တော့်
စာမျက်နှာတွင်တင်ထားသော ပါးစပ်လေးဟ၍ပြုံးနေသော ကလေးမလေးတစ်ယောက်ပုံဖြစ်သည်၊
ထိုကလေးမလေးသည် ဘယ်နိုင်ငံကမှန်းတော့ မသိ၊ ကျွန်တော်အမြဲလိုလို အသုံးပြုနေသောကြောင့်
ကျွန်တော့်ကိုယ်ပိုင်သင်္ကေတ ကျွန်တော့်ကိုယ်ပိုင်logoတံဆိပ်လိုတော့ ဖြစ်နေသည်၊ ကျွန်တော့်စိတ်မှာ
လည်း ထိုပုံလေးက နစ်နစ်ကာကာ စွဲထင်နေသည် ၊ နာမည်ကလည်း ခလေးလေး ၊ ပုံကလည်း ကလေး
ပုံလေးဖြစ်သောကြောင့် တစ်ချို့က ကျွန်တော့်ကို ကလေးချစ်တတ်သူတစ်ယောက်ဟု ထင်ကြပေလိမ့်မည်၊
ထိုအထင် မမှားပါ ၊ ကလေးအများစုသည် လူကြီးများထက် ဖြူစင်သန့်ရှင်းစင်ကြယ်သောကြောင့် ကလေး
မှန်လျှင် ကျွန်တော်ချစ်သည်၊ ချစ်သည်ဟု ထင်ပါသည်၊ သို့ရာတွင် ကလေးငိုသံကိုတော့ ကျွန်တော် အရမ်း
ကြောက်သည်၊ စာဖတ်သူများကတော့ ရယ်ချင်မလားမသိ၊ ကလေးငိုသံ ကြားလိုက်ရလျှင် ကျွန်တော့်နားထဲ
ဗြောင်းဆန်နေအောင် ခံရခက်သည်၊ အာခေါင်ခြစ်ပြီး ငိုသည့်အသံက ကျွန်တော့်အတွက် ပိုဆိုးသည် ၊
အာခေါင်ခြစ်ပြီးငိုသည့်ကလေးနှင့်တွေ့လျှင် ထိုကလေးကို အစ်ကနဲဖြစ်သွားအောင်ညစ်သတ်ပြီး ကိုင်ပေါက်
ပစ်ချင်စိတ်ပင် ဖြစ်မိသည် ၊
ပြီးခဲ့သောလက ကျွန်တော်ဇာတိရပ်ရွာရောက်သည်၊ ဇာတိရပ်ရွာတွင် ကျွန်တော့်အကိုတစ်ယောက်
အိမ်မှာပင် တည်းခိုနေထိုင်ဖြစ်သည်၊ ထိုအကိုက တိရစ္ဆာန်ငယ်ကလေးများကို အလွန်ချစ်သည်၊ ငှက်မျိုးစုံနှင့်
ယုန်ကလေးများ ပူးကလေးများ လိပ်ကလေးများအထိ ရသမျှ အကုန်မွေးထားသည် ၊ မြွေကလေးတွေ မွေး
မထားတာ တော်ပါသေးရဲ့ဟုတွေးလျှက် ကျွန်တော်ဝမ်းသာရသည်၊ မြွေကိုတော့ ကျွန်တော် တကယ်မုန်း
သည်၊ တစ်ချို့မြွေကလေးများသည် အဖြူအနီအဝါအပြာအစိမ်း အကွက်အကြားလေးများဖြင့် လှပသည်ဟု
ဆိုနိုင်သော်လည်း ထိုအလှအပက ကျွန်တော့်ကို မလွှမ်းမိုး၊ သူတို့၏ အန္တရာယ်ပေးနိုင်စွမ်းကသာ ကျွန်တော့်
ကို လွှမ်းမိုးသည် ၊ အကိုမွေးထားသည့် တိရစ္ဆာန်ငယ်ကလေးများထဲတွင် မြွေမပါသည့်အတွက် ကျွန်တော်
ကျေနပ်သည်၊ ထိုတိရစ္ဆာန်ငယ်ကလေးများကို အကို့နည်းတူ ကျွန်တော်လည်း လိုက်ချစ်သည်၊ ထိုတိရစ္ဆာန်
ငယ်ကလေးများထဲတွင် ယုန်လေးကောင်နှင့် ပူးခြောက်ကောင်ပါရှိရာ ခွေးကိုက်မှာစိုးရိမ်ရသောကြောင့်
၎င်းအကောင်လေးများကို အိမ်ပေါ်မှာပင် တင်ထားသည်၊ ၎င်းအကောင်လေးများက ဖြူဖြူဆွတ်ဆွတ်နှင့်
ချစ်စရာကောင်းတာကလည်း တစ်ကြောင်းပါမည် ထင်ပါသည် ၊
သို့ရာတွင် ကျွန်တော့်အတွက်တော့ ထိုအကောင်ငယ်ကလေးများကို မချစ်နိုင်တာ တစ်ချက် တွေ့
သည် ၊ အထူးအားဖြင့် ယုန်ကလေးများ ၊ ယုန်ကလေးများသည် အပြင်ပန်းက ချစ်စရာကောင်းသလောက်
အစားပက်စက်သည် ၊ အသောက်ပက်စက်သည် ၊ ချကျွေးထားသမျှ တစ်နေကုန် တစ်ညလုံး တစွတ်စွတ်
စားသည် ၊ တစွတ်စွတ်သောက်သည်၊ စားစရာ သောက်စရာမရှိလျှင် ဟိုကိုက်ဒီကိုက် လုပ်သည် ၊
ပြီးလျှင် တစ်အိမ်လုံး ပွလန်ကြဲသွားအောင် မစင်အညစ်အကြေးများကို စွန့်သည်၊ ယုန်ချီးသည် ဆေးဖက်
ဝင်သည်ဟု ပြောကြသည်၊ ဆေးဖက်ဝင်သည်ဆိုသော ထိုယုန်ချီးများအတွက် ကိစ္စမရှိသော်လည်း
ယုန်သေးများကတော့ အလွန်နံသည်၊ မနက်အိပ်ရာနိုးသည်နှင့် တအိမ်လုံး အနံ့တထောင်းထောင်းဖြစ်
နေလေ့ရှိသည်၊ ထိုအနံ့ကို ကျွန်တော်သည်းခံရခက်လှသောကြောင့် အကို့ကို အကြံပြုသောအားဖြင့်
“ အကိုရာ ဒီကောင်လေးတွေကို ဒီအတိုင်းပစ်စလက်ခတ်မထားပဲ သံဇကာလေးတွေလုပ်ပြီး တစ်နေရာမှာ
စနစ်တကျ ထားပါလား” ဟု ပြောကြည့်ရာ အကိုက “ အေး လုပ်တာပေါ့ကွာ “ ဟု ပြန်ပြောပြီး ဒီနေ့လုပ်
မလိုလို နက်ဖြန်လုပ်မလိုလိုနှင့် ကျွန်တော်ပြန်သည့်အထိ မလုပ် ၊
ချစ်စရာကောင်းသော ထိုယုန်ကလေးများကို ရိုက်သတ်ချင်လောက်အောင် မုန်းမိသောနေ့
တစ်နေ့လည်း ကျွန်တော်ကြုံရသည် ၊ ကျွန်တော်ဇာတိရပ်ရွာသွားစဉ် ကျွန်တော်သုံးနေကျ လက်တော့(ပ်)
နှင့် ဖုန်းကလေးများကို ယူသွားသည် ၊ တစ်ည ဟန်းဆက်တွင် နားကြပ်တပ်ပြီး သီချင်းနားထောင်လျှက်
အိပ်ပျော်သွားရာ မနက်အိပ်ရာနိုး၍ ကြည့်လိုက်တော့ နားကြပ်ကြိုးက အပိုင်းပိုင်းပြတ်နေသည် ၊ ချစ်စရာ
ကောင်းသော ယုန်ကလေးများက ကျွန်တော့်အိပ်ယာဘေးလာ၍ ကိုက်ဖြတ်ထားကြခြင်းဖြစ်သည်၊
နောက်တစ်ကြိမ် အမှတ်မထင် ဖုန်းအားသွင်းထားမိရာ ထိုဖုန်းအားသွင်းကြိုးများကိုလည်း ကိုက်ဖြတ်
လိုက်ကြပြန်သည် ၊ ထိုအထိ ကျွန်တော်ရိုက်သတ်ချင်စိတ် မပေါ်သေး ၊ ဒီကောင်လေးတွေ ကိုက်သတ်
သည်ဟု သတိထားမိရုံလောက်မျှသာ စိတ်ဖြစ်သည်၊ တစ်ညမှာတော့ လက်တော့(ပ်)နှင့် ဂိမ်းဆော့ပြီး
အားသွင်းကြိုးများကို မဖြုတ်သိမ်းပဲ အိပ်လိုက်သည် ၊ လက်တော့(ပ်)အားသွင်းကြိုးများက ခပ်တုတ်တုတ်
ဖြစ်သောကြောင့် ဒီကောင်တွေ မကိုက်ဖြတ်နိုင်လောက်ဘူးဟု ထင်မိသောကြောင့်လည်း ဖြစ်သည် ၊
ကျွန်တော့်အထင် မှားသွားသည်၊ မနက်ကျတော့ ထုံးစံအတိုင်း အပိုင်းပိုင်းပြတ်နေတော့သည်၊ ကျွန်တော့်
သည်းခံစိတ်လည်း လုံးလုံးကုန်သွားရတော့သည်၊ အကို့မျက်နှာသာ ထောက်ထားစရာမရှိဘူးဆိုလျှင်
ထိုနေ့မှာပင် ယုန်အားလုံး ရိုက်သတ်မိမှာ သေချာသည်၊ ထိုအချိန်တွင် ကျွန်တော့်ကိုယ် ကျွန်တော်လည်း
သိလိုက်သည်၊ ထိုအသိမှာ “ ကျွန်တော့်ဘဝတွင် ကျွန်တော်ချစ်သည်ထင်သော အရာအားလုံးကို ကျွန်တော်
တကယ်မချစ်ဘူး “ ဆိုသော အသိဖြစ်သည် ၊ စာဖတ်သူများသည်လည်း ဤဆောင်းပါးလေးမှ တစ်စုံတစ်ခု
သော အသိကို ရရှိကြလိမ့်မည်ဟု မျှော်လင့်ပါသည်……..။
ကောင်း(အပိုင်း၂)
ပန်းချီကောင်းကိုကိုယ်ချင်းစာနိုင်ပါသည်။ ငယ်ငယ်ရွယ်ရွယ် လူမမည်အရွယ်မှာ အာသာငမ်းငမ်း မိန်းမကြီးတစ်ယောက်ရဲ့ ဖျားယောင်းမှုကို မမေ့နိုင်သော ကောင်းရင်ထဲက နုနုနယ်နယ်ဒဏ်ရာကို ပန်းချီကိုယ်ချင်းစာနိုင်ပါသည်။ ဒါဆိုရင် ကောင်း ကရော (၁၁)နှစ်အရွယ် ဘုရားတန်ဆောင်းထဲက ပန်းချီမွေးစားသမီးလေးကို ဘယ်လိုသဘောထားခဲ့လည်း. . .ဖြစ်မလာသေးဘူးလေ ကလေးလေး လို့ မပြောပါနဲ့ ပန်းချီအတွက်က ဘ၀တစ်ခုလုံးကွဲပျက်မတက် . . .ဘ၀တစ်ခုလုံးစုတ်ပြတ်သွားမတက် တကယ်ခံစားခဲ့ရတာပါ. . . ဘုရားတန်ဆောင်းပေါ်က လူမမည် သမီးလေးကိုကြည့်ပြီးရင်နင့်နေခဲ့ရတဲ့ ပန်းချီရဲ့ အတိတ်နေ့စွဲက ရွှေတိဂုံရင်ပြင်ပုံရိပ်ကို ကိုအောင်လည်းမှတ်မိမယ် ထင်ပါတယ်. . .အဲဒီနေ့က ပန်းချီသမီးကိုလာရှာတာလေ. . . သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ. . .သူတစ်ယောက်မှာ ပျက်လင့်တည်းသာ ဓမ္မတာတည်လို့ စာဆိုရှိကြတယ်. . .ပန်းချီလည်း လောကရဲ့အမြင့်ဆုံးကို တက်လှမ်းမယ့်သူပါ. . .ဖြေးဖြေးမှန်မှန်လေးနဲ့ အပြစ်မယ့်တဲ့ သူတွေကိုမထိခိုက်အောင် ရှောင်ကြဉ်နိုင်ရင် မကောင်းဘူးလားလို့ ပန်းချီတွေးမိတယ်. . .ပန်းချီကတော့ သည်းခံနိုင်တယ် မိဘ ဆွေမျိုး. . .အသိုင်းအ၀ိုင်းမှာ အိမ်ပြန်နေရင် မင်းသမီးတစ်ပါးလို နေလို့ရတဲ့သူတွေလေ. . .ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လို့ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြတာမို့. . .ကိုယ့် လမ်းကိုယ်လျှောက်တဲ့အချိန်မှာ လူကိုလူလို့မြင်လို့တန်ဖိုးထားတာမျိုး. . .ဒါပေမယ့် (၁၁)နှစ်သမီးလေး သျှောင်ပေစူးမှာ အဲဒီလို ခံနိုင်ရည်မျိုး ရှိပါ့မလား. . . ဘုရားပေါ်မှာကြီးတဲ့သမီးကို ပန်းချီလိုစိတ်လွှတ်သွားရင် ဘယ်သူကများ စောင့်ရှောက်ပါ့မလဲ………………………… …………………ဟိုးးးးးးးးးးးးးးးးးရှေးးးးးးးးရှေးးးးးးးးးးးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗာမင်းကြီးအုပ်စိုးတယ်တဲ့ သမီးရယ် ဗာမင်းကြီးရဲ့ ဗာနန်းတော်ကြီးရှေ့မှာ………….. ကောင်း သမီးကို သိပါ့မလား…………… ပန်းချီသည် ကောင်းဟုခေါ်သော ကောင်လေးသည် ပန်းချီကြောင့်ဒုက္ခရောက်ခဲ့ရသည်ဆိုလျှင် ပန်းချီကိုယ့်တာဝန်ကိုယ်ယူရဲပါသည်. . .ပန်းချီသည်တာဝန်မဲ့သောမိန်းမတစ်ယောက်မဟုတ်ပါ သို့သော်. . လွန်ခဲ့သော(၂၀၀၃)ခုနှစ်လောက်က ကောင်းကြောင့် စစ်ကိုင်း(နယူးမန္တလာထွန်းကားဂိတ်တွင်) သီလရှင်ဝတ်ရန်ထွက်လာသော မိန်းမချောလေးကို လူတော်တော်များများမှတ်မိကြပါလိမ့်မည်။
………….အခုညတွေမှာ မင်းနဲ့ နားနားနား………….. …………စွဲလမ်းနေပြီမင်းကိုနားနားနားးးးးးးးးးးး………. ……….စစ်ကိုင်းအိုးလေးအတိုင်းပဲ မင်းအလှနား . . နား. . .နား………. ထိုစဉ်က ပန်းချီကို မည်သူတာဝန်ယူခဲ့ပါသနည်း. . . ???? နားးးးးးနားးးးးးးးးးနားးးးးးးးးးးးးး
ပန်းချီသည် ဒါရိုက်တာတစ်ယောက်၏ အတွင်းရေးမှုးအလုပ်ကိုစိတ်သန့်သန့်နှင့်လုပ်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော်…………….. နားးးးးးနားးးးးးးးးးနားးးးးးးးးးးးးး
ညီမလေးအရွယ် ငယ်ငယ်လေးနဲ့ ပြန်ပါတော့ကလေးရယ်. . .ကျောင်းပြီးအောင်တက်နော်ဆိုသော မမကို ကောင်းကို သိလားလို့ ပန်းချီမေးဖြစ်မည်မဟုတ်ပါဘူး
ပန်းချီရင်ထဲက ချစ်ခြင်းတရားနှင့်လေးနက်မှုကို တစ်စုံတစ်ယောက်ကတော့ သတိရနေပါလိမ့်မည်။
လုပ်သင့်ပါသလား (ဒါမှမဟုတ်) မလုပ်သင့်ဘူးလား
ဒီပို့ စ်လေးကိုရေးဖြစ်တဲ့အကြောင်းက အထူးသဖြင့်ပေါ့ဗျာ မမ မုန်း(ဂေဟာ) ကြောင့်လို့ ပြောနိုင်ပါတယ်ဗျဘာလို့ လဲဆိုတော့ ....
ကိုယ်ပိုင်အတွေးခေါ်စိတ်ကူတိုင်း လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ရှိပါတယ်ဗျ ကိုယ့်အမြင် ကိုအတွေးလေးကိုသာကော်မန့် ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ.........
Android အတွက် LIVE ထုတ်လွှင့်မှု MRTV-4 Apk လေးပါ
နေ့စဉ် MRTV-4 အစီအစဉ်ကို အွန်လိုင်းမှတိုက်ရိုက်ကြည့်ရှုနိုင်ရန် ထုတ်လွှင့်လျှက်ရှိနေပါပြီ ။
မိုဘိုင်းဖုန်းက
ကြည့်ချင်သူများအတွက် လွယ်လွယ်ကူကူဝင်ရောက်နိုင်ရန်နှင့် ပေါ့ပါးစွာမထစ်ပဲ
ကြည့်နိုင်ရန်အတွက် Apk လေး လုပ်လိုက်ခြင်းပဲဖြစ်ပါတယ် ။
အဝေးရောက် ရွှေညီကို အမများအတွက် အဆင်ပြေစေတာပေါ့ :)
လိုချင်သူများ အောက်တွင်ဒေါင်းယူပါ....
Apk လေးကို အင်စတောလုပ်ပြီးသည့်အခါ ဖွင့်လိုက်ပါ
မြှားပြထားသောနေရာကိုနှိပ်လိုက်ပါ
မိမိဖုန်းထဲက Player ဖြင့် ပွင့်လာပါမယ် ။
MRTV-4 Version 0.1 ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။
MRTV-4 Version 0.1 ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။
MRTV-4 Version 0.1 ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။
MRTV-4 Version 0.1 ကို လိုချင်သူများ pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။
ကွန်ပြူတာနဲ့ကြည့်ချင်သူများကတော့ ဒီလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်http://www.mrtv4.tv/
ပေါ့ပါးကြည်လင်စွာကြည့်ရှုရင်း အားလုံးပဲ အဆင်ပြေကြပါစေ..... :)
Post By : Djjoe Man (MMF)
Credit>>>freemobilesharing.blogspot.com
ခင်ပါမင်ပါရင်းနှီးစွာစနောက်ပါ ဒါပေမဲ့အလွန်အကျွံတော့မဖြစ်စေနဲ့....
ခင်ပါမင်ပါရင်းနှီးစွာစနောက်ပါ ဒါပေမဲ့အလွန်အကျွံတော့မဖြစ်စေနဲ့.....
ကျွန်မတို့လူမူဆက်ဆံရေးကွန်ယက်တွေမှာတွေ့ရနိုင်တယ်။ မိသားစုအချင်းချင်း၊မိတ်ဆွေအချင်းချင်း၊ သမီးရည်းစားအချင်းချင်းကြားမှာ စတာနောက်တာတွေတွေ့ရပါတယ်။ ဒီလိုစနောက် ပျော်ရွှင်နေတာဟာ တစ်ဦးနဲ့ တစ်ဦးကြားမှာ ပိုမိုပြီးနွေးထွေးတဲ့ဆက်ဆံမူတွေပေးတတ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကလူပါပဲ၊တစ်ခါတစ်လေ စိတ်အခန့်မသင့်ရင် ကိုယ့်ကိုစတာနောက်တာမျိုးကိုမကြိုက်နှစ်သက်တတ်ပါဘူး။ အချင်းချင်းစတာနောက်တာဆိုပေမယ့် စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်တွေဆို တစ်ယောက်ထဲသီးသန့်နေချင်မိကြတယ်။ တစ်ယောက်ထဲစိတ်ဆိုးပေါက်ကွဲတတ်ကြတယ်။ ဒါမှမဟုတ် စိတ်ထဲရှိသမျှကိုမျက်ရည်တွေအဖြစ်နဲ့ ဖော်ထုတ်ကြတယ်။
ကျွန်မဘာကိုဆိုလိုချင်သလဲဆိုရင်......ကျွန်မအများကြီးကြုံတွေ့နေရတဲ့ပြသနာလေးတစ်ခုပါ။ ကျွန်မပျော်ပျော်နေတတ်တယ်။ တစ်ခါတစ်လေ ချက်ခန်းထဲမှာဆို ကျွန်မနဲ့ရင်းနှီးတဲ့သူတွေနဲ့ဆို ပျော်ပျော်ရွှင်ရွှင်စနောက်နေကြပါ။ ကျွန်မနဲ့မရင်းနှီးတဲ့သူတွေကိုတစ်ခါက ကျွန်မစနောက်ကြည့်မိတယ်။ သူတို့ကစတာနောက်တာမကြိုက်ဘူးထင်တယ်။ အဲ့တော့ကျွန်မ မစနောက်တော့ဘူး။ ကျွန်မကိုလဲစနောက်တဲ့သူတွေအများကြီးပါ......။ တစ်ချို့က သူတို့စိတ်အပျင်းပြေရုံသက်သက် ကြောင်ကကြွက်ကိုကစားသလို စနောက်ချင်တာ၊ တစ်ချို့ကတော့ ပါးစပ်အရသာခံပြီးစနောက်ချင်တာ၊ တစ်ချို့ကတော့ တမင်သက်သက်ကို သူတပါးစိတ်မပျော်ရွှင်အောင်စနောက်တာတွေပေါ့။
ကျွန်မကအွန်လိုင်းပေါ်ကခင်မင်မူကိုတန်ဖိုးထားတယ်။ လူလူချင်းအပြင်မှာခင်မင်ရင်းနှီးတာမဟုတ်ပေမဲ့ ဖော်ပြလို့မရတဲ့ နက်ရှိုင်းတဲ့ခင်မင်ရင်းနှီးမူတွေရှိကြတယ်။ ကျွန်မမှာဆို ခင်မင်ရတဲ့သူငယ်ချင်းတွေရှိတယ်။ ကျွန်မကစိတ်ညစ်ရင် စိတ်အားငယ်နေရင် ရင်ဖွင့်ဖော်သူငယ်ချင်းရှာတတ်တယ်။ အဲ့ဒီအခါတွေဆို ကျွန်မသိပ်ခင်ရတဲ့ ကျွန်မအချစ်ဆုံးသူငယ်ချင်းက ကျွန်မပြောသမျှကိုနားထောင်ပေးရှာတယ်။ ကျွန်မလဲ စိတ်ထဲရှိတာဖွင့်ပြောလိုက်ရလို့ စိတ်ထဲပေါ့ပါးသွားမိတယ်။ တစ်ခါတစ်ခါစိတ်မကြည်မလင်ဖြစ်မိရင် ချက်ခန်းဖွင့်ထား၇င်လဲ စကားပြန်မပြောဖြစ်ခဲ့မိတာလဲအများကြီးပေါ့။ ပြန်ပြောပေးရင်တော့ ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်ပြီး သူတို့ပြောတာပြန်မပြောပေးတဲ့အခါလူကိုရစရာမရှိအောင်ပြောပေးသွားတတ်ကြတယ်။ ကျွန်မအံသြသွားတယ်။ ကျွန်မဘက်က သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် စကားပြောရင်တောင် ပြန်မပြောဘူးဆိုရင် သူတို့မအားလို့ပဲဖြစ်မယ်လို့ပဲ ဖြည့်တွေးခဲ့ရတယ်။ ဒါပေမဲ့ လူပေါင်းစုံသုံးနေတာဆိုတော့ စရိုက်တွေကလည်းပေါင်းစုံပေါ့။
ခင်မင်ရင်းနှီးတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မူရှိလို့ ပေါင်းဖော်နေကြတာ။ ဒါပေမဲ့လည်း စတယ်နောက်တယ်ဆိုတာအတိုင်းအတာရှိတယ်။ သူ့အတိုင်းအတာကိုကျော်လွန်သွားမယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးအတွက်ဘယ်လိုမှမကောင်းနိုင်ပါဘူး။ စနောက်လိုက်လို့ မခေါ်မပြောပဲနေရင်း ပိုပြီးဆိုးဝါးလာမယ်ဆိုရင် နှစ်ဥိးစလုံး ရန်ဘက်တွေတောင်ဖြစ်သွားနိုင်တယ်။ တစ်ချို့ဆိုသေသည့်အထိတောင် ရန်ငြိုးတွေကို မပြေပျောက်နိုင်ကြဘူး။ အသေးအဖွဲ့လေးလောက်ကနေ အကြီးကြိးဖြစ်သွားနိုင်တယ်ဆိုတာ သိစေချင်တယ် ပြီးတော့လည်း အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်တာမျိုးတွေမဖြစ်စေချင်ဘူး။ ဒါကြောင့်မိုလို့ ကျွန်မပြောချင်တာက ခင်ပါမင်ပါ၊စပါနောက်ပါ၊ဒါပေမဲ့ အလွန်အကျွံတော့မဖြစ်စေနဲ့.....။
Acrylic ပန်းချီလေ့ကျင့်ရေး (ကြိုင်ကြီး) Size 36"x24" A/c on canvas
Acrylic ပန်းချီလေ့ကျင့်ရေး (ကြိုင်ကြီး)
Size 36"x24" A/c on canvas
ပန်းချီချစ်သူများအတွက်
သည်ကားလေးကတော့ သမရိုးကျ ဆွဲနေကျ Realism မဟုတ်ပဲ အရောင်နှစ်ခုကို တွဲပြချင်လို့ပါ
ကျွန်တော်က အ၀ါနဲ့ ခရမ်း ကိုအရမ်းကြိုက်တယ်
သူတို့နှစ်ခုက အရမ်းလိုက်ဖတ် တယ်၊ ဓါတ်ပုံထဲမှာ သစ်ပင် နဲ့ မျက်ခင်း ကအစိမ်းရောင်တွေပါ၊ ထီးက အညိုရောင်၊
လူ ကလဲ အသားရောင်ပါ၊ကျွန်တော်က အရောင်းတွေ အားလုံးနီးပါးကို ပြောင်းလဲပစ်တယ်
တစ်ကားလုံးကို အ၀ါ အပြာ ပန်းဆီ ခရမ်းတွေနဲ့ သက်ရောင်သိပ်မပါဘူး နဲတယ် ။
ပန်းချီ ချစ်သူများလည်း ခံစားလို့ ရမယ်ထင်ပါတယ်
ဆက်လက်ကြိုးစားလျက် / ကြိုင်ကြီး.....
ကြိုင်ကြီး......
ရွှေ..မင်ဘာများအတွက်..သတင်းကောင်း( ဖတ်လိုက်ကြနော်..)
မင်္ဂလာပါ ရွှေမြို့တော် အဖွဲ့ဝင်များခင်များ...
ဝမ်းသာစရာ..သတင်းကောင်းလေးပါးပါရစေ..
လက်ရှိရွှေမြို့တော်ဆိုက်ဟာ Ning Platform ကိုအသုံးပြုထားတဲ့ဆိုဒ်တခုဖြစ်ပါတယ်။
ning platform ရဲ့ပြုပြင်မှုတွေနဲ့ ကန့်သတ်ထားချက်တွေကြောင့် ရွှေမြို့တော်ဟာလိုသလောက်ခရီးမပေါက်ခဲ့ပါဘူး ။
မန်ဘာများကိုလည်း ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။
မကြာမှီ ning က ning site တိုင်းကို new version သို့ upgrade လုပ်ခိုင်းတော့မှာဖြစ်တယ်
ning ရဲ့ new version မှာ music box, video upload မပါရှိသလို ဈေးကလည်း၂ဆလောက်တက်သွားပါတယ်
မန်ဘာကိုလည်း ၁သိန်းတိတိသာကန့်သတ်ချက်ထားရှိပါတယ်။
ဒါကြောင့် ဆိုက်ပိုင်မှ လက်ရှိဆိုဒ်ကို ၀ယ်မည့်သူရှိလျှင်လည်းရောင်းပါ့မယ်( သို့မဟုတ်) အပြီးအစီးဖျက်သိမ်းပြီး
ဆိုဒ်သစ်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။
ဆိုဒ်သစ်ရဲ့ ကုန်ကျစရိန်ဟာဆိုလျှင် module တွေထည့်ရင် ထည့်သလောက် ကုန်ကျစရိတ်တက်သွားမှာဖြစ်ပြီး
အဖက်ဖက်အောင်ပြည့်စုံအောင် တဖြည်းဖြည်းထည့်သွင်းသွားဖို့ရှိပါတယ်။
ဆိုဒ်သစ်မှာ ပါဝင်မယ့် features တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Blog ဘလော့၊
Standard Forum အဆင့်မြင့်စနစ်ကျသောဖိုရမ်၊
Facebook style profile ဖေ့ဘွတ်နဲ့တူသောစာမျက်နှာ၊
Music store သီချင်းအရောင်းခန်း၊
Marketplace ဈေးဝယ်စင်တာ၊
module for poem ကဗျာအတွက်သီးသန့်module ၊
facebook style chat ( face book နဲ့တူသောချက်)
standard chatrooms အဆင့်မြင့်ချက်ခန်းများ ပါဝင်မှာဖြစ်ပါတယ် ။
ဒါအပြင်နောက်ထပ်နောက်ထပ်သော စိတ်ဝင်စားစရာ features များစွာပါဝင်မှာ ဖြစ်ပါတယ်။
မန်ဘာများကိုလည်း computer IP နဲ့ဖြစ်စေ internet IP နဲ့ဖြစ်စေ ဘမ်းလို့ရပါတယ် ။
ထိုဆိုဒ်ကို online ပေါ်တင်ထားဖို့အတွက် dedicated server ၀ယ်ဖို့လိုပါတယ် ၊
dedicated server ကိုတော့ လစဉ်ကြေး ၁သိန်းခွဲပေးသွင်းရမှာဖြစ်ပြီး
active မန်ဘာအရမ်းများပါက upgrade လုပ်လို့လည်းရပါတယ် ။
ဆိုဒ်အသစ်အတွက်ကုန်ကျစရိတ်ကို ဆိုက်ပိုင်နှင့် ပြင်ပစေတနာရှင်များ ၊
အက်မင်များသာမကမင်ဘာများ၏ အကူအညီကိုလည်း
လက်ခံသွားလိုပါတယ် ။
လိုအပ်နေသော ငွေကြေးပြည့်စုံတာနဲ့ဆိုက်သစ်ကိုအမြန်ဆုံး
အကောင်အထည်ဖေါ်ဆောင်သွားပါမယ် ။
ဆိုက်သစ်အတွက် ဆိုက်နှစ်စဉ်ကြေးကို ကူညီပါဝင်လိုသူများအောက်ပါ ဖုန်းနံပါတ်များသို့ဆက်သွယ် စုံစမ်းနိုင်ပါတယ်
မြန်မာနိုင်ငံအတွက်…ရှင်းသန့်မေ..ဖုန်း 09420057992
စင်ကာပူ..မလေးရှား….ကိုကျော်သူအောင်(အမုန်းမူပိုင်)…ဖုန်း 0143895576
USA….ကိုနေမင်းခိုင်..ဖုန်း 6122064673
ရွှေမြို့တော်မင်ဘာဟောင်းများအနေနဲ့..မိမိတို့ရဲ့ ပို့စ်များ..ကဗျးများ
မဆုံးရှုံးစေဖို့..ဆိုက်သစ်ပေါ်လာပီး..နှစ်လအထိ ဆိုက်ဟောင်းကိုဆက်လက်
ထားရှိပေးပါ့မယ်..။
လက်ရှိ ning platform ဆိုဒ်အား ပြန်ဝယ်လိုပါက konyein777@gmail.com သို့ဆက်သွယ်နိုင်ပါတယ်..။
လက်တွေ့ဖစ်ရပ်မှန် “ဟာသ” လေးတစ်ဗုဒ်ပါ..... :P သူငယ်ချင်းတို့  ခဏလေးအချိန်ပေးပီးတော့ဖတ်ပေးပါနော်...
ကျွန်တော်နဲ့  ကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့ ပေါ့ဗျာ ဘုရားကို ပွဲအတူတူသွားဖို့ ချိန်းထားတယ် သူငယ်ချင်းကမြန်မြန်လာတဲ့
ပွဲသွားတော့မယ်တဲ့ သူငယ်ချင်းက အလျှင်လိုနေတော့ ကျွန်တော်လဲ အ၀တ်အစားတွေလဲပီတော့လိုက်ခဲ့တာပေါ့ ဖြစ်ချင်တော့
လမ်းတစ်ဝက်လဲရောက်ရော ကျွန်တော် ဗိုက်အောင့်လာတယ် ချုံ လဲတစ်ခါမှ မတိုးဖူးတော့ ဒီတိုင်းအောင့်ပီးဆက်သွားတာပေါ့
ပွဲနားလဲရောက် တော့မယ် ကျွန်တော်ဗိုက် တစ်အားအောင့်လာတယ် ကျွန်တော်က သူငယ်ချင်းကို ခဏစောင့်နော်
ငါဗိုက်အောင့်နေလို့ ပြောတော့ သူငယ်ချင်းက အင်းအင်းတဲ့ ပွဲလာတဲ့သူတွေလဲ အများကြီး မိန်းခလေးတွေရော
ယောက်ကျာင်္းလေးတွေရော အများကြီးလာကြတယ် ကျွန်တော်က မိန်းခလေးတွေကျွန်တော်ကို တွေ့သွားမှာစိုးလို့ 
ဟေ့ရောင် သယ်ရင်း မိန်းခလေး တွေ လာရင်ပြောအုံးနော် ယောက်ကျာင်္းလေး လာရင်မပြောလဲရတယ် လို့ ပြောတော့သယ်ရင်းက
စိတ်မရှည်ဟန် နဲ့  အင်းပါဆိုကွာတဲ့ ကျွန်တော်လဲ ဘာမှဆက်မပြောတော့ပဲနဲ့  ချုံ နားဝင်သွားလိုက်တယ်.....
အစကတော့ ယောက်ကျာင်္လေးတစ်ဖွဲ့ဖြတ်သွားတယ် အဲ ကျွန်တော် သူငယ်ချင်းကခပ်တည်တည်နဲ့  နေနေတယ်လေ
ကျွန်တော်က စိတ်ရှည်ရှည်နဲ့ စောင့်နေတဲ့ သူငယ်ချင်းကိုကြည့်ပီး သူငယ်ချင်းပီသတယ်လို့  တောင်မှတ်ချက်ချလိုက်သေးတယ်
ကျွန်တော် ချုံ တိုးနေတာကိုတော့ယောက်ကျာင်္းလေးတစ်ဖွဲ့က မသိလိုက်ဘူး.......ဒီလိုနဲ့  10စက္ကန့်လောက်လဲကြာတော့
ကောင်မလေးတွေ အုပ်စုလိုက်ကြီး လာနေတယ် မိန်းခလေးတွေက ကျွန်တော်ကိုသိနေကြတယ်လေ ကျွန်တော် သူငယ်ချင်း
ဘေးနားလဲရောက်တော့.... ကျွန်တော် ချုံတိုးနေတယ် ဆိုတာကို ကောင်မလေးတွေနား အော်ပြောလိုက်တယ်လေ
ကောင်မလေးတွေက ကျွန်တော့်ကိုသိနေတော့ တစ်ဟားဟား နဲ့ ရီပီးထွက်သွားတယ် .... ကျွန်တော်မှာဖြင့် ရှက်လွန်းလို့ 
ပွဲရောက်ရင် အဲဒီကောင်မလေးတွေကို ဘယ်လိုမျက်နှာပြရမလဲ......ပွဲမသွားပဲ နဲ့  အိမ်ကိုလှည့်ပြန်မလားလို့ စဉ်းစားကြည့်မိတေးတယ်
အိမ်နဲ့ ပွဲနဲ့ ကနည်းနည်းဝေးတယ် ပီးတော့ တစ်နှစ်မှတစ်ခါ ကျင်းပတဲ့ ဘုရားပွဲကို ကျွန်တော်လဲ သွားချင်တာပေါ့.......
သူငယ်ချင်းကိုလဲ ဘယ်လို ဒေါသထွက်ရမလဲ မသိဘူး ရှက်တဲ့စိတ်တွေက ကျွန်တော်တစ်ကိုယ်လုံး လွမ်းမိုးနေတယ်....
ဒီလိုနဲ့  ကျွန်တော်အပြင်လဲရောက်တော့ သူငယ်ချင်းကို ဒေါသထွက်ထွက်နဲ့ မေးလိုက်တယ် ဟေ့ရောင် မင်းဘာလို့ ငါ ချုံ
တိုးနေတာကို ကောင်မလေးတွေနား ဘာလို့ အော်ပြောလိုက်တာလဲလို့ မေးလိုက်တော့ သူငယ်ချင်းက ကြောင်တောင်တောင် နဲ့ 
ကြည့်နေတယ် ဟေ့ရောင် မင်းကိုငါမေးနေတယ်လေ မကြားဘူးရဘူးလား လို့ ပြောလိုက်တော့ သူပြန်ဖြေလာတယ် သူပြန်ဖြေလာတဲ့
စကားကြောင့် ကျွန်တော် သူ့ကိုဒေါသ ထွက်ပီး ဆွဲထိုးလိုက်ရမယ်မှန်းမသိ ထိုင်ပီးတော့ ရီနေရမယ်မှန်းမသိဖစ်နေတယ်လေ......
သူပြန်ဖြေလာတာက မင်းပြောတော့ ကောင်လေးတွေ လာရင်ပြောစရာမလိုဘူး ကောင်မလေးတွေလာရင်ပြောပေးနော်
လို့ မင်းငါ့ကို မှာထားခဲ့တာလေ ငါလဲ ကောင်လေးတွေလာတော့ ခပ်တည်တည်ပဲနေတာပေါ့ ကောင်မလေးတွေလာ တော့
ပြောပေးတယ်လေ မဟုတ်လို့ လားတဲ့.........................
အော် တစ်ကယ်တမ်းတော့မှားတာက ကျွန်တော်ဖြစ်နေတာကို လို့  သိလိုက်တဲ့အချိန်မှာ ကောင်မလေးတွေရဲ့ လှောင်ရီသံတွေကြားမှာ
ပွဲလည်နေရတဲ့ အဖြစ်ကိုရောက်နေပီလေ... ဘယ်လိုမှနောက်ပြန်ဆုတ်လို့  လဲမရတော့ဘူး..... :P :P :P :P :P
သူငယ်ချင်းတို့ ပျော်စေချင်လို့  ဒီစာကိုကျွန်တော်ရေးခဲ့တာပါ သူငယ်ချင်းတို့ ကျွန်တော်ရဲ့စာကိုဖတ်လို့  ခဏလေးဖြစ်ဖြစ် ပျော်
ရွှင်ခဲ့တယ်ဆိုရင်ကျွန်တော် ကျေနပ်ပါတယ် .... ကျွန်တော်ရဲ့ “ဟာသ” တစ်ဗုဒ် လေးကို ပီးဆုံးအောင်ဖတ်ပေးတဲ့ သူငယ်ချင်းတွေကိုလဲ
ကျေးဇူးအများကြီးတင်ပါတယ် နောက်လဲ ကျွန်တော် သူငယ်ချင်းတို့ ကိုပျော်ရွှင်စေမဲ့  “ဟာသ” လေးများကို ကျွန်တော့
တတ်သလောက်လေးနဲ့ ပျော်ရွှင် မှု့ပေးသွားပါမယ် ... သူငယ်ချင်းများအားလုံး ပျော်ရွှင်နိုင်ကြပါစေလို့ 
ကျွန်တော် (အင်းသားလေး) ညီညီဖြိုး မှ ဆုတောင်းလိုက်ပါတယ် “ Inn Thar Lay ”
နေနေ မညီမျှခြင်း
ခုတစ်လော....သီချင်းတွေပဲနားထောင်ဖြစ်နေတယ်..အာရုံထဲရောက်လာတဲ.သီချင်းတွေကို
ဖလက်ဆောင်းလေးတွေလုပ်ဖြစ်တယ်..သီချင်းလေးတွေလုပ်နေရင်...နားထောင်နေရင်
စိတ်အာရုံထဲမှတစ်ခြားအကြောင်းအရာတွေခနမေ.သွားနိုင်တာတော.အမှန်ပါပဲ
သီချင်းတွေကိုနှစ်သက်တဲ.ဘော်ဒါတွေအတွက်မိန်းကလေးသီချင်း
တစ်ပုဒ်လောက်တင်ပေးပါလို.တောင်းထားတဲ
.ချာတိတ်မတစ်ယောက်အတွက်နေနေရဲ
.မညီမျှခြင်းဆိုတဲ..သီချင်းလေး
ပြန်ပီးမျှဝေလိုက်ပါတယ်
သီချင်းလိုချင်ရင်ဒီအောက်မှာဒေါင်းလိုက်ပါ
နေနေ...မညီမျှခြင်း
သီချင်းမူရင်းဖိုင်လိုချင်ရင်ဒီမှာယူပါ
သီချင်းမူရင်းဖိုင်