Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
Michael Learn That's why you go away
$
0
0
YouTube မှာသီချင်းတွေလျှောက်ကြည်.ရင်းနဲ.ဟိုးအရင်ထဲကကြိုက်ခဲ.တဲ.သီချင်းလေးတစ်ပုဒ်
ကိုစိတ်ကူးပေါက်တာနဲ.ဖလက်ဆောင်းလေးလုပ်ပီးတင်လိုက်ပါတယ်...ခံစားကြည်.လိုက်ပါ.
မိုက်ကယ်လန်းခရေစီတွေအတွက်ပေါ.နော်.....ကျွန်တော်ကတော.သီချင်းအမျိုးအစားနဲ
သစ်တာဟောင်းတာတွေမခွဲခြားပါဘူး..ခံစားလို.ရတဲ.ဟာဆိုအကုန်ကြိုက်ပါတယ်..
ဘော်ဒါတွေလည်းခံစားကြည်.လိုက်ပါ
သီချင်းလိုချင်ရင်တော.အောက်မှာဒေါင်းပါ
Download Here
Shwe Min Wun
ပညာကိုဒီလိုရှာ သုခတွေလွန်ဝေဖြာ
$
0
0
                     သု.စိ.ပု.ဘာ၊ ဝိ.လိ.သိ.ဓာ
                     အက္ခရာစွဲသုံး၊ ကှ်ျရှစ်လုံးကို
                     သီကုန်းပန်းသွင်၊ နေ့တိုင်းဆင်လော့။
ဒါက    အင်းဝခေတ်က စာသင်နည်းနည်းစနစ်ပါ။  
            ဒီ အဆိုအမိန့်တိုင်းသာ လိုက်ပြီး ကြိုးစားမယ်ဆိုရင်  ပန်းတိုင်းကို
           အရောက်လှမ်းနိုင်ကြမှာပါ ။  ခုချိန်မှာလိုအပ်နေတဲ့ အသိဥာဏ်တွေကို
          ဒီနည်းစနစ်နဲ့ လေ့လာလိုက်ရင် မြန်မာပြည်တင်မက ကမ္ဘာကြီးတစ်ခုလုံး
          ဘယ်လိုဖြစ်နေတယ်ဆိုတာထိ သုံးသပ်ဆင်ခြင်ပြီး သိနိုင်လာပါလိမ့်မယ်
          ခုချိန်မှာ  လိုအပ်နေတဲ့ အသိဥာဏ်တွေကို  ဒီနည်းစနစ်နဲ့  လေ့လာလိုက်ရင်  
          မြန်မာပြည်တင်မက ကမ္ဘာကြီးတစ်ခုလုံးဘယ်လိုဖြစ်နေတယ်ဆိုတာထိ 
         သုံးသပ်ဆင်ခြင်ပြီး သိနိုင်လာပါလိမ့်မယ် ။  ကမ္ဘာဆိုတဲ့ရွာကြီး ဘာလို့
         ပြဿနာတွေ ဖြစ်နေတာလဲ  ဘာလို့ ပဋိပက္ခတွေဖြစ်နေတာလဲဆိုတာ 
         အကြောင်းသုံးရပ်ရှိပါတယ်။ လူတွေမှာ ပြဿနာတွေ ဖြေရှင်းမရအောင်တတ်နေကြတာ။
                           အကြောင်းသုံးရပ်က
                 ၁။  ဥစ္စာပစ္စည်းဆင်းရဲမွဲတေမူ့ 
                ၂ ။ အသိဥာဏ်ပညာဆင်းရဲမွဲတေမူ့
                ၃ ။ ကိုယ့်ကျင့်သိက္ခာ ကိုယ်ကျင့်သီလ ဆင်းရဲမွဲတေမူ့
      ဒီသုံးချက်တို့ ကြောင့်  ဖြေရှင်းမရတဲ့ ပြဿနာတွေ တတ်ကြရတယ်၊ 
      ထစ်ခနဲ့ဆို ခုက်ကြ ဖျက်ကြ သတ်ကြ ပုတ်ကြတယ်။ ဒီတော့ ဘာတွေ
     ဖြစ်လာသလဲဆို တော့  မတည်ငြိမ်မူ့ မျိုးစုံဖြစ်လာတယ်  စိတ်မအေးရ
      တော့ဘူး စိတ်ဆင်းရဲစွာ အသက်တွေမွေးမြူနေကြရတယ်  နောက်
    စိတ်ဆင်းရဲတော့  ကိုယ်ကာယကြီးကိုလည်း ချမ်းသာစွာမထားနိုင်တော့ဘူး
    ဟိုပြေးရ ဒီလွှားရ  စသည့်  အကြောင်းမျိုးစုံ လုပ်ဆောင်နေကြရတယ်
    သက်သာမူ့ မရှိတော့ဘူး နေ့ တစ်ဓူဝစိတ်ပင်းပန်းကြီးစွာနဲ့ နေထိုင်နေကြရတယ်
       ဖော်ပြပါနည်းစနစ်နဲ့ ရှေ့ဆက်ပြီးသွားကြမယ်ဆိုရင်  ဆင်းရဲ့မူ့ တွေ က လွတ်ကင်းနိုင်ပါတယ်
         သု   သုဏေယျ =နားထောင်ရမည်
         စိ    စိန္တေယျ     =ကြံစီနေရမည်
         ပု    ပုစ္ဆေယျ     =မေးမြန်းတတ်ရမည်
        ဘာ ဘာသေယျ =ပြောဆိုတတ်ရမည်
        ဝိ    ဝိစာရေယျ  = စိစစ်ရတတ်ရမည်
       လိ  လိက္ခေယျ    = ရေးသားတတ်ရမည်
       သိ  သိက္ခေယျ   = လက်တွေ့ ကျင့်သုံးရမည်
       ဓာ  ဓာရေယျ    = ဆောင်ထားရမည်
                                   အတတ်ပညာ သင်ရာဖြစ်စေ   စီးပွားရှာတဲ့အခါဖြစ်စေ  ဘာသာရေးလိုက်စားသူဖြစ်စေ  နိုင်ငံရေးလိုက်စားသူဖြစ်စေ  ဒီနည်းစနစ်နဲ့  
    ဆိုင်ရာ ပညာရပ် ရဲ့  အကြောင်းတွေကို  ကောင်းတာရော မကောင်းတာ ရော  နားစွန့် နားထောင်တတ်ရမယ်  
   နောက် ပြီး  နားထောင်ခဲ့ရသမျှ ကောင်းလား မကောင်း အကျိုးရှိသလား  အကျိုးမရှိဘူးလား ရေရှည်ကောင်းကျိုး
   ရှိသလား  မရှိဘူးလား တခဏကောင်းတာလား စသည် ကြံတွေးတတ်မယ် ကြံတွေးလိုက်လို့မသိတာတွေ ပါခဲ့ရင် 
   နားမလည်နိုင်တဲ့ အကြောင်းတွေ တွေ့ ရှိခဲ့ရင် လူ ပညာရှိ ရဟန်းပညာရှိတွေ ကို    အနီးကပ်မေးမြန်းတတ်ရမယ် 
  ကောင်းတာကို ယူပြီး    ပြောဆိုတတ်ရမယ်      ဘယ်ချိန်ဘယ်အခါ လုပ်သင့် မလုပ်သင့်  စိစစ်ဝေဘန်တတ်ရမယ် 
  ကောင်းတာတွေ  လုပ်ဆောင်ချက်တွေ မမေ့ရလေအောင် အလိုရှိတဲ့ အချိန်အခါမှာ   ယူငင်သုံးစွဲလို့ ရအောင်
  ရေးသားထားတတ်ရမယ်  အခြားသူတွေ ဖက်ခွင့်မှတ်သားခွင့်ရဖို့လည်း ရေးသားထားတတ်ရမယ်   ဒါတင်မက  
  နောက်   အထက်က ပြောခဲ့တာတွေ ကို လက်တွေ ကျကျ လုပ်ဆောင်ပြီး အကောင်အထည်ဖော်ရမယ်လက်တွေ့ 
  ကြိုးစားနေရမယ် ပါးစပ်ပြောသက်သက်မဖြစ်တော့ဘူးပေါ့ နောက်ပြီး  အထက်က  အကြောင်းအရာတွေကို 
  ဒုက္ခ တွေ့  ရင်  အန္တရာယ်တွေ့ ရင်  ရင်ဆိုင်ဖြေရှင်းတတ်ဖို့  အသုံးချဖို့ အမြဲတမ်း ဆောင်ထားရမယ်             
မြန်မာနိုင်ငံအတွက်  သားကောင်းသ္မီးကောင်းများဖြစ်ပေါ်လာစေဖို့ ရည်သန်လျှက်
                                                           ပျော်ရွှင်ချမ်းမြေ့ကြပါစေ..
ရွှေမြိုတော်ပရဟိတအသင်း(ပညာအလင်းစာကြည်တိုက်)ဆောက်လုပ်ရန်အလှူရှင်များဖိတ်ခေါ်ခြင်း
$
0
0
အားလုံးမင်္ဂလာပါရှင်
ရွှေမြို့တော်ပရဟိတအသင်းအဖွဲ့ဝင်များနှင့်အလှူရှင်များရှင့်
ကော့မူးမြို့နယ်ချောင်ကော်ကျေးရွာ
စာကြည့်တိုက်ဆောက်ဖို့ပြင်ဆင်နေတာခုဆိုရုပ်လုံးပေါ်လာပါပြီ။
အားလုံးပံ့ပိုးမူ့ကြောင့်
အလှူငွေ ၂၉သိန်းလက်ခံရရှိထားပါတယ်
စာကြည့်တိုက်ဆောက်လုပ်ရန်
ကုန်ကျမည့်ငွေက ကျပ်၃၈သိန်းဖြစ်ပါတယ်။
ဒီဇင်ဘာလ လယ်လောက်တွင်စတင်အုတ်မြစ်ချမှာဖြစ်ပါတယ်
ပျဉ်ကတိုးတစ်တန် ၁၂သိန်း
ဘိလပ်မြေ. ၅၉၀၀ကျပ်
4angleသွပ.် တစ်ပေ. ၁၁၀၀ကျပ်
အုတ်တချပ် 100ကျပ်
အလှူဒါနနည်းများမဆိုပါဝင်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။
မိမိ၏လုပ်အားခများဖြင့် စေတနာ(၃)တန်လှူဒါန်းပေးခဲ့ကြသောအလှူရှင်အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းလေးစားစွာပြောကြားလိုပါတယ်။
နောက်ထပ်လှူဒါန်းလိုသူများဆက်သွယ်စုံစမ်းနိုင်ရန်
ဆက်သွယ်လှူဒါန်းရန်ဘဏ်အကောင့်နံပါတ်
0291210159369 (Myaynigone Branch)
ကမ္ဘောဇဘဏ်
ကိုနေမျိုးထွန်း (မလေးရှား) ph:014 936 7802
ရှင်းသန့်မေ(ရန်ကုန်) ph:09 4200 57992
လေးစားလျက်
ရှင်းသန့်မေ
နိုဝင်ဘာလအတွက် အကောင်းဆုံးကဗျာကြေငြာခြင်း
$
0
0
Divider Scraps and Graphics
မင်္ဂလာပါရှင်
စာရေးသူများအား
ဂုဏ်ပြုသောအားဖြင့်အကောင်းဆုံးဘလော့နှင့်ကဗျာများကိုကြေငြာပေးသွားပါမယ့်ရှင်
လစဉ် အကောင်းဆုံး ဘလော့၊ကဗျာ ရသစာပေတွေကို ရွေးချယ် တင်ပြပါပေးပါမယ်။
ကဗျာ ၊ ဆောင်းပါး ၊ ရသ ၊၀တ္ထု စသည် များတင်ပါက အကြောင်းအရာတွင့် ကဏ္ဍလိုက် တင်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
ကျွန်မရေးသားသောစာထဲတွင်အမှားများရှိခဲ့ပါကခွင့်လွတ်ပေးကြပါရှင်။
ကဗျာရွေူးချယ်ရာတွင် ကဗျာစည်းကမ်းအရ ရွေးချယ်မှာဖြစ်သလို၊
ဗဟုသုတ၊ရသ၊သုတစာပေတွင် စည်းကမ်းအရရွေးချယ်မှာဖြစ်ပါတယ်ရှင်
နည်းပညာ တွင်လည်းလူတွေအတွက်လတ်တလော စိတ်ဝင်စားမူအများဆုံးပိုစ်များကို
ရွေးချယ်သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်ရှင်။အောက်တိုဘာလအတွက် ကဗျာအများဆုံးထဲကနေ
အက်မင်တွေအနှစ်သက်ဆုံးနဲ့ အကောင်းဆုံးကဗျာများကိုဖေါ်ပြပေးပါမယ်
ကဗျာရေးသူတိုင်းရေးတဲ့ကဗျာတိုင်းကောင်းကြပါတယ်
အဲဒီထဲကနည်းနည်းထူးခြားပြီးကောင်းမယ့်ကဗျာလေးများကိုရွေးချယ်ဖေါ်ပြပေးမှာဖြစ်ပါတယ်ရှင်
စာရေးသူများ၏စာမျာကိုဆက်လက်ဖတ်ရူလိုသူများနာမည်လင့်လေးတွေကိုကလစ်လိုရပါတယ်ရှင်
ဆင်သေကောင်နား
ဝဲလည် လိုက်သွား
ကျီးမိုက်များတော့မဖြစ်ချင်...။
(ကိုမြင့်စိုး)ချစ်၍ မုန်း၍မရသောနှလုံးသားဆက်လက်ဖတ်ရူရန်
ဒေဝေစ္ဆရာ နတ်သူဇာသို.
မြေမှာသက်ဆင်း ၀င်စားခြင်းလော
ယမင်းရုပ်နယ် လှမျိုးကြွယ်သား
နုနယ်ပျိုစင် ရွှေရုပ်သွင်ကို
ကိုညိုလင်းမောင်၏ဘ၀ကမ်းက အလွမ်းမြူ(ကျေးစေရတု)ဆက်လက်ဖတ်ရူရန်
မိုးပုလဲပန်း ပက်ဖျန်းရာမှ
  ဝသန်ပြန်ပြီ နှုတ်ခွန်းဆက်ဆဲ
  ခဝဲပွင့်ပြီ ရာသီလည်းပြောင်း
  ဆောင်းရောက်ပြန်ပြီ။
  မိုးကြွင်းဟန်ဆောင် နှင်းငွေ့မောင်တို့
  ကြာညိုပန်းကို ခိုးယူရှိုက်နမ်း
  ရွှေမယ်ဇလီ မမြင်ဝံ့ပြီ
  ရှက်သွေးငယ်ချီ ရင်ဖိုသည်။
အညတြလုလင်၏ဆောင်းပန်းချီဆက်လက်ဖတ်ရူရန်
ခင် ခဲ့ မိ တော့ လည်း
ရင် ထဲ ထိ တိုး ဝင်
သံ ယော စဉ် အ ကြင် နာ များ က
ရွှေ ပင့် ကူ ငွေ အိမ် ဖွဲ့ သ လို
တို့ နှ လုံး အိမ် အ ကြည် တန်း
လွန်း ခတ် ခဲ့ တာ
ယ က္ကန်း သူ လွန်း ကူ ခတ် တော့
ထူး ပါ ဘိ အ ကွက် ဆန်း
ဆင် မြန်း လို့ သာ
ခင် မင် ရာ အ ဆွေ မျိုး မို့
ကိုသန့်ဇော်၏ပြီး ပြည့် စုံ သည့် လ ဝန်း ပ မာဆက်လက်ဖတ်ရူရန်
     ငါ၏အိမ်ရာ ငါ့ဂေဟာထိ
အလယ်ရောက်လာ ဆွေသဟာကို
အပြန်လက်ဆောင် ပေးနှိုင်အောင်ဟု
စကားစုစု ငါရေးပြုသည်
စေ့ငုသေချာ မှတ်လေရာမင့်၊
စိတ်ကိုပြုပြင် စိတ်စင်ကြယ်စေ
စိတ်၏တန်ခိုး သင်မြတ်နိုးလော၊
ကိုရင်မောင်၏လက်ဆောင်ဆက်လက်ဖတ်ရူရန်
လွမ်းလို့မသေပါဘူး တဲ့
ပန်းဆို ကြွေတာ ကြာပေါ့ကွယ် ...  ။
တကယ်ဆိုက
ဘ၀အမော
ဖွင့်ပြောထုတ်ဟ
လှပ်မပြပါ
ဘာသာနားလည်
သူဘယ်လိုချစ်
ကိုယ့်ချစ်ဘယ်လို
နှစ်ကိုယ်အသိ
ရင်ထဲရှိလျက်
ကိုမိုးဆွေ၏လွမ်းမိခြင်း
အဘိုးအိုသည်
ဝါးတိုဒုတ်ကောက် ၊ အားယူထောက်လျှက်
နေပြောက်မဝင် ၊ နွယ်ပင်လိမ်ယှက်
အပျက်ပျက်နှင့် ၊ သစ်ခက်ပိတ်ဖုံး
ထုံးရောင်မဖြူ ၊ ရေညှိထူသည့်
အုတ်ဂူအပါး ၊ ရောက်အောင်သွားကာ
ခလေးလေး၏အမှာဆက်လက်ဖတ်ရူရန်
အူးဝဲဟုသာ          ငိုကြွေးရှာသော
မွေးစသားငယ်       ချစ်သွေးငယ်ကို
နို့ချိုတိုက်းကျွေး      အနမ်းပေးကာ
အေးမြမေတ္တာ        ပြုံးမျက်နှာနှင့်
ကျွေးမွေးယုယ       သားဘဝက
ပူပင်သောက          ဝေးခဲရ၏....။
နှလုံးသားပြတိုက်(၁၅၀၀)၏အမေသာဓုခေါ်ပါစေဆက်လက်ဖတ်ရူရန်
မတ်နိုးထက်ထက် ၊ သဒ္ဓါလက်ဖြင့်
မနက်မှန်မှန် ၊ ကုသိုလ်ကျန်ဖို့ 
မေ့ရန်မတော် ၊ ကျွန်နှိုးဆော်သည်
ဆွမ်းတော်ချက်ရန် ၊ ထကုန်တန်လော့.....
အလွမ်းသခင်၏ကျေးလက်ဂီတဆက်လက်ဖတ်ရူရန်
အေးချမ်းတဲ့တောရိပ်မြုံ
ခွဲချိန်ကြုံ ဘ၀ပြဌာန်းလို့
အောင်ပန်းဆင်ဘို့ မြို့တက်အလာ
လေအခတ်မှာ မြူးပါတဲ့ပန်းမာလာ
အော်...အားပေးနေသလိုမို့ အားရှိပြန်ရှာ။
thwaythitt22၏***တောလမ်းလေးနဲ့ ရွာလမ်းခွဲ***ဆက်လက်ဖတ်ရူရန်
လာပါတော့ မိကြည်ရယ်
မွှေးပါတော့ နှင်းဆီရယ်
အောင့်နိုင်ဘူး တကယ်
မွှေးချင်ပေါ့ဟယ်
ညနေမှောင်ကွယ် ....။။။။။။။။။။
kokozin၏နှင်းဆီဖြန်းသောရေခပ်လမ်းဆက်လက်ဖတ်ရူရန်
နှင်းတဖွဲဖွဲ
မှုံမစဲလဲ
အသဲထဲမှာ အပူကဲလို့
အော်...ကံခေနေတုံးပါလားကွယ်...။
လွမ်းသစ္စာ၏နှင်းမှုံမကြဲမောင့်အသဲဝယ်ဆက်လက်ဖတ်ရူရန်
နောက်ထက်...နောက်ထက်အကောင်းဆုံးကဗျာများဆက်လက်ထုဆစ်နိုင်ပါစေရှင်
ကဗျာတွေတော်တော်များများကောင်းလွန်းလို့ရွေးချယ်ရခက်နေပါတယ်ရှင်
စာပေရေးသားပေးမူအတွက်အက်မင်အဖွဲ့ကိုယ်စားအားလုံးကျေးဇူးတင်ရှိပါတယ်
ရွှေမြို့တော်ဆိုဒ်လေးမှာပျော်ရွှင်ကြပါစေ။
လေးစားလျက်
ရှင်းသန့်မေ
Divider Scraps and Graphics
++++++++++++++++++++++++++ ဆန္ဒတစ်စုံရဲ့ နှလုံးသား+++++++++++++++++++++++++++++
$
0
0
သူငယ်ချင်း
လောကကြီးထဲမင်းတို့ရောက်တာ
နှစ်အတော်ကြာသွားပြီပေါ့နော်...
လောကဓံက ပေးလိုက်တဲ့ ဒဏ်ရာတွေကလည်း
ရင်ဘတ်နဲ့ကိုဆန့်မယ် မထင်ဘူး
အမှောင်နဲ့အလင်း
အပြုံးနဲ့အငို
အချိုနဲ့အခါး
မာယာများတဲ့လောကပေါ်မှာ
မင်းတို့ပျော်နေပြီလား?
လောကမာယာပေါ်မှာ
ပြုံးသာနေရင်တော့
ရည်ရွယ်ချက်တွေပျောက်ဆုံး
မင်းတို့ဘဝတွေ အမှောင်ဖုံးလိမ့်မယ်
သူငယ်ချင်း ...
ရည်ရွယ်ချက်တွေနဲ့မင်းတို့အ
တွက်
ခါးသီးတဲ့ အတားအဆီးတွေက
ဆီးကြိုနေကြလိမ့်မယ်...
ကြောက်လန့်တဲ့စိတ်ကို
ချောင်းဟန့်လို့ ပိတ်လိုက်
အဝင်မခံပါနဲ့ သူငယ်ချင်း ...
လူ့ဘဝဆိုတာ
လက်ဝှေ့ ကြိုးဝိုင်းတစ်ခုလိုပဲဟ
လဲကျသွားပေမယ့်
ပြန်ထနိုင်ဖို့ သိပ်အရေးကြီးတယ်
ကြိုးဝိုင်းပေါ်ရောက်လာတဲ့ လူတိုင်းကို
အနိုင်ယူဖို့ တစ်ခုထဲ
အားခဲထားပါ သူငယ်ချင်း ...
တစ်ချိန်မှာ နှလုံးသားက နိုးကြား
အချစ်ကိုခံစား ချစ်သူ့ရင်ခွင်ကြားမှာ
ချစ်စကားကို ''နားဆင်မယ် ''ဆိုလို့ရှိရင်တောင်
''အချစ်ထဲမှာ ဘဝရှိတာ မဟုတ်ဘူး
ဘဝထဲမှာ အချစ်ရှိတာပါ ''သူငယ်ချင်း,
ခက်ခဲကြမ်းတမ်းတဲ့
လောကဓံတရားကြောင့်
လူ့ဘဝကို ငိုသံနဲ့ပဲ စခဲ့ကြတယ်
ငိုသံနဲ့စခဲ့ရတဲ့ လူ့ဘဝကို
အပြုံးတွေနဲ့ လှောင်ရယ်ပြီး
အနိုင်ယူကြမယ်
လောကဓံကို
အမောခံပြီးလဲ
ဒေါကန်မနေနဲ့အုံး သူငယ်ချင်း...
ရက်စက်တဲ့ လောကဓံကို
ပြန်ချနိုင်ဘို့
အရှုံးမပေးတဲ့ စိတ်ဓာတ်
ဇွဲ'လုံ့လ'ဝီရိယ'
ခုခံရဲတဲ့ သတ္တိရှိဖို့လိုတယ် သူငယ်ချင်း...
မထင်မှတ်တဲ့ အချိန်မှာ ထိုးနှက်သွားတဲ့
လောကဓံရဲ့ လက်သီးချက်တွေကြောင့်
သွေးထွက်သံယို
ပုလဲတွေပြိုကာ
လက်မြှောက်လို့ အရှုံးပေးလိုက်ပြီလား...
လောကကြီးထဲမှာ
ပျော့ညံ့တဲ့ သူတွေအတွက်
နေရာမရှိဘူး သူငယ်ချင်း...
လဲရင်လဲ ပြန်ထ
ရှုံးရင်လဲ ပြန်စလို့
လောကဓံကိုပြန်ချကြတာပေါ့
ဘဝဆိုတဲ့ခရီးလမ်းမှာ
ဆူးကြောက်လို့ ဒူးထောက်ခဲ့သူတွေ
အောင်မြင်မှုသရဖူပန်း
ဘယ်သူတွေလက်လှမ်းနိုင်ဖူးလို့လဲ.
ကံတရာရဲ့ကျီစယ်မှုတွေနဲ့အတူ
ပတ်ဝန်းကျင်ရဲ့ အထုအထောင်းကို
မလွဲမသွေခံစားကြရမယ်
ဒါပေမယ့်
စိတ်ဓာတ်တွေ ယိမ်းယိုင်
ဘဝတွေ အခြေမခိုင်ဖြစ်ပြီး
မှားပြီးရင်းမှားတဲ့ အမှားနွံထဲလဲ
မနစ်စေနဲ့ သူငယ်ချင်း...
သဇင်ဟာ တော်ဝင်ပန်း
နှင်းဆီကို ပျိုမေတွေနမ်းချင်ကြတယ်
သူတို့လို့ မလှပေမယ့်
သူတိုင်းကို လက်မထောင်
ဟန်ရေးပြနေတဲ့
ဗေဒါလို သတ္တိမျိုးရှိပါစေ သူငယ်ချင်း
ပန်းခရေလို မွှေးလျှက်
လ နေ လို ခရီးဆက်ပြီး
လိုရာပန်းတိုင်းသို့ လျှောက်လှမ်းနိုင်ပါစေ သူငယ်ချင်း...
လွမ်းဝေနောင်
ကျွန်တော်ချစ်သောသူမ
$
0
0
စိမ်းညို့တဲံဇင်ယော်တောင်နှစ်ခုရဲ့လွှမ်းမိုးမှုအောက်က အချင်းဝက်ညီတဲံအခြမ်းလေးခု ပေါင်းဆုံရာကထွက်ပေါ်လာတဲံအကြည့်တစ်ချက်က ကျွန်တော်နှလုံးသားရဲ့တုန်ခါနှုန်းကို အသံထက်မြန်တဲ့ အလင်းရဲ့သွားနှုန်းထက် သုံးဆလောက်ပိုမြန်သွားစေတယ်ဆိုရင် ယုံမလား......တစ်ကယ်ပါ ပွင့်အာစနှင်းဆီဖုးနုနုလေးကို လက်ညှိုးနှင့်လက်မကြားတွင်ထည့်ပြီး ဖြည်းညင်းစွာဖိညှစ်ကြည့်ဖူးပါသလား................လေးကိုင်းသဏ္ဍန်သူမနှုတ်ခမ်း စူ ခြင်းနှင့်လွန်စွာတူ၏........စတော်ဘယ်ရီဝိုင်ထဲတွင် Revlon နှုတ်ခမ်းနီတောင့်ကိုထည့်ဖျော်ပြီး နမ်းကြည့်ဖူးပါသလား.....သူမကိုယ်သင်းနံ့အတိုင်းပင်.......ချမ်းအေးသောဆောင်းရာသီရဲ့ လသာသောည လူခြေတိတ်ချိန်တွင် ရီဝေေ၀အရသာကိုခံစားရင်း အဝေးမှပျံ့လွင့်လာသော တယောထိုးကောင်းသူတစ်ဦးရဲံ လက်သံကိုနားထောင်ဖူးပါသလား.......သူမ စကားပြောသံနှင့်ထူးမခြားနားပေ......နုရွသောအလွမ်းသမားတစ်ယောက်ရဲံ အသက်သွင်းမှုနဲံအတူ ရှင်သန်ထမြောက်လာသော ထို အလှဘုရင်မ သည် ကျွန်တော်ချစ်သော...............
အမေ့သားလေး
$
0
0
အမေ ရင်ခွင်းခိုလှုံးခွင့်ရချင် လည်း
အမေနဲ့မတွေ့ရတဲ့ ရက်ပေါင်းကြာလှနေပါပြီအမေရယ်
သာနဲ့ဝေခဲ့ရတဲ့ရက်တွေ တော်တော်ကြာနေပြီအမေ
အမေနေများကောင်ရဲ့လားအမေ
သားကိုခွင့်လွှတ်ပါအမေ
လူလည်ခေါင်းမှာမျက်နှာမငယ်ချင်လို့
နယ်တနေရာကိုအလုပ်သွာလုပ်မိတာ
အမေခွင့်လွှတ်ပါနော်အမေ
အမေအတွက်သားအမေ့ကဗျာကိုသားရေခဲ့ပါတယ် အမေ
လောကမှာ အမေ့လောက်
အေးမြမှု့တွေအမြဲပေးတဲ့ အမေ
ထာဝစဉ်သားသမီး များကို
သွေးရေကြည် တိုက်ကျွေးကာ
သားသမီးများ အမြဲစောင့်ရှောက်ခဲ့တဲ့အမေ
ဒါတွေကိုသားတစ်နေ့
အမေ့အတွက် နို့ရေတစက် မကျေးရင်နေပါစေ
အမေ့အတွက် သားအမေ့ခြေဖ၀ါးအောက်က
ဖှုံမှုန့်တစ်စက်ကျေးအောင် သားကျေးဇူးဆပ်ပါမယ်အမေ
အမေ့ရဲ့သား ဇွဲလေး(ခ)စိုးသူရအောင်
မျှော်နေမိသူ
$
0
0
မျှော်နေမိသူ
လူတစ်ယောက်ကို စောင့်မျှော်ရခြင်းက မိန်းကလေးတစ်ယောက်အတွက် မည်မျှ
ခက်ခဲပါသလဲ…..? ဘယ်နေ့ ပြန်လာမယ်မှန်း မသိ…..ဘယ်ဆီမှာ
ရှိနေမယ်မှန်းမသိ….နောက်ထပ်ဆိုးရွားတာက သူ ဒီကမ္ဘာပေါ်မှာ ရှိနေခြင်းဆိုတာ မသေချာခြင်းပါဘဲ…..။ ဒါပေမယ့် ဖြိုလဲလို့ မရအောင် ထုထည်ကြီးမားနေဆဲဖြစ်တဲ့ ယုံကြည်မှုတစ်ခုအတွက်တော့….ကျွန်မဆိုတဲ့ မိန်းကလေးက နာရီအရွေ့အပြောင်းတိုင်းကို သူ ပြန်လာလိမ့်မယ်ဆိုတဲ့ အတွေးလေးတစ်ခုနဲ့ရွေ့လျားခဲ့တယ်…..။
ကျွန်မရထားတဲ့ နှလုံးသားတစ်ခုလုံးမှာသူ့ကိုချစ်တဲ့စိတ်တွေ ပြည့်ကျပ်နေပါတယ်….။
ကျွန်မသူ့ရဲ့ရင်ခွင်ကျယ်ကျယ်ကြီးထဲမှာ မမှေးစက်ခဲ့ဖူးပေမယ့်….ကျွန်မရဲ့
ရင်ခွင်တစ်ခုလုံးမှာ သူ့ကို မြတ်နိုးလိုတဲ့စိတ်တွေ နေရာယူထားတယ်…။
ကျွန်မ ......အလိုရှိတဲ့အရာတွေကို သူ့အား ဖန်တီးပေးပါလို့
မပူဆာခဲ့ဖူးပေမယ့်…..သူ့ရဲ့လိုအင်တွေအကုန်လုံးနီးပါး နှလုံးသားနဲ့
ရင်းပြီး ဖြည့်ဆည်းပေးခဲ့ဖူးတယ်….။ သူ မသိရှိသေးတဲ့အချစ်တွေနဲ့ ကျွန်မ
သူ့ကို ချစ်ခဲ့ပါတယ်….။ နောက်ပြီး အခု သူမသိတဲ့ လွမ်းဆွေးမှုတွေနဲ့ ကျွန်မ
ရှင်သန်နေမိတယ်…..။….. တခါကပေါ့…ကျွန်မရဲ့ အတိတ်ဆိုတာကို
အုံ့ပုန်းအချစ်တွေနဲ့ အလှဆင်ခွင့်ပေးခဲ့တဲ့ သူဆိုသော(သို့)သူရဲ့
အချစ်ဆုံးသူငယ်ချင်းဟာ ကျွန်မပါ လို့ သတ်မှတ်ခဲ့ဖူးသော
ကောင်လေးတစ်ယောက်ရှိခဲ့ဖူးပါတယ်….။
သူနဲ့ကျွန်မ နာရီတို့များစွာ… ကာလတို့ကြာရှည်စွာ ခင်မင်မှုသက်တမ်းတွေ
တည်ဆောက်ခဲ့ကြဖူးတယ်…..။ ဘယ်သူ့ကိုမဆို နူးနူးညံ့ညံ့ဆက်ဆံတတ်ပြီး
လူတိုင်းကို ကူညီရိုင်းပင်းတတ်တဲ့ သူ့စိတ်ထားလေးကို ကျွန်မ တလေးတစားနဲ့
ဂရုပြုမိရင်းက……သူငယ်ချင်းတစ်ယောက်အပေါ်ထားသင့်တဲ့
သံယောဇဉ်တွေထပ်ပိုတိုးပြီး မရဲတရဲ မျှော်လင့်ချက်လေးတွေနဲ့ သူ့အတွက်
သူ့အတွက် ……. ကျွန်မ ပေးဆပ်ခဲ့ဖူးတယ်….။ သူက အလှအပ
သိပ်ကြိုက်တာရှင့်…..သူ့ကိုသူ Always Smart အဖြစ် သ နေတတ်တာ…။ သူ့မှာလေ
ကျွန်မအရမ်းချစ်ရလောက်တဲ့ အမူအယာလေးတစ်ခုရှိတယ်…အဲ့ဒါက သူ အ၀တ်အစားသစ်တွေ
ဝတ်လာတိုင်း ကျွန်မရဲ့ရှေ့မှာ တစ်ပတ်လှည့်ပြပြီး "ငါနဲ့ ဒီဝတ်စုံ
အဆင်ပြေရဲ့လား " လို့ မေးတာလေးပေါ့….။ သူ့ကို ချစ်တဲ့ မျက်စိနဲ့
အမြဲတမ်းကြည့်တတ်တဲ့ ကျွန်မကတော့ သူဘယ်လိုမျိုးပဲ ၀တ်ထားပါစေ….
အပြုံးတစ်ချက်နဲ့ "နင်နဲ့ အရမ်းလိုက်တာပဲ " လို့ဖြေလိုက်ရင် သူက ကျွန်မ
ရင်ခုန်လွန်းခဲ့တဲ့ သွားချွန်ချွန်လေးတွေ ပေါ်အောင်ရယ်ရင်း
အားရကျေနပ်နေတတ်တယ်….။ သူက သူ့ကိုယ်သူသာ
စတိုင်လ်ကျကျနေတတ်ရုံမကပါဘူး….သူ့သူငယ်ချင်း ကျွန်မကိုလည်း "နင် ဘယ်လို
အ၀တ်အစားလေးတွေ ၀တ်ရင် ပိုကြည့်ကောင်းမယ်….. ဘယ်လို ဆံပင်ပုံစံမျိုးက
နင်နဲ့လိုက်တယ် " ဆိုပြီး ဝေဖန် အကြံပေးတတ်သေးတယ်…။ အရာရာမှာ
ပျော့ပျော့ညံ့ညံ့နဲ့ အသာတကြည်အရှုံးပေးတတ်တဲ့ ကျွန်မကို သူက တခါတလေ
အပေါ်စီးကနေ ဆက်ဆံတတ်ပေမယ့် တခြားသူငယ်ချင်းတွေ ကျွန်မကို
အနိုင်ကျင့်လာပြီဆိုရင်တော့ သူ ကျွန်မရဲ့ရှေ့ မှာ
မားမားမတ်မတ်ရပ်တည်ပေးတတ်ပါတယ်…။ စိတ်ထိခိုက်စရာ တစ်ခုခုနဲ့
ကြုံလာပြီဆိုရင် ၀မ်းနည်းလွယ် စိတ်မကောင်းဖြစ်လွယ်….ပြီးတော့
အားငယ်လွယ်လွန်းနဲ့ ကျွန်မကို ဟာသတွေနှော ရယ်စရာတွေပြောပြီး
မနက်ဖြန်တွေဆီ သူ ဆွဲခေါ်ပေးခဲ့ဖူးတယ်….။ ကျွန်မအတွက် သူက
သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ…. ကျွန်မကသာ သူ့ဆီသို့ စိတ်တို့
တိမ်းညွှတ်မိပြီး မရိုးသားမှုတွေဖြစ်ပေါ်နေတာမို့….. မကြာခဏဆိုသလို
သူအပါအ၀င် တခြား ဘယ်သူဆို ဘယ်သူမှ မရိပ်မိအောင် ကျွန်မကိုယ် ကျွန်မ
ဆုံးမခဲ့ရဖူးတယ်….။
ပတ်ဝန်းကျင်က သူနဲ့ကျွန်မ တစ်နေ့နေ့မှာ ချစ်သူတွေ ဖြစ်လာလိမ့်မယ်လို့
ထင်ကြေးပေးတဲ့ သတင်းတွေကြားတဲ့အခါ သူရဲ့  "ငါတို့က အချစ်ဆုံး
သူငယ်ချင်းတွေပါ" ဆိုတဲ့ ဖြေရှင်းချက်မျိုးတွေက ကျွန်မရဲ့ တိတ်တခိုး
ငိုကြွေးမှုတွေကို ကြာရှည်စေခဲ့ပါတယ်….။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောခွင့်မရှိပေမယ့်
အတိုင်းအစမဲ့ မျှော်လင့်ခွင့်နဲ့ အတူ အငြိုအငြင်မဲ့စွာ ပေးဆပ်ခြင်းတွေကို
ပြုလုပ်ခွင့်ရှိတယ် လို့ ခံယူရင်း ကျွန်မနဲ့သူရဲ့ သူငယ်ချင်းဆိုတဲ့
ဘ၀ထဲမှာ ကျွန်မပျော်ပျော်ပါးပါးကြီး ခရီးဆက်ခဲ့မိတယ်…..။ ဒီလိုနဲ့
သူနဲ့ကျွန်မ တစ်ယောက်အကြောင်းတစ်ယောက် တိုင်ပင်ဝေဖန်ပြီး နေလာကြရင်း
ကျွန်မရဲ့ရင်ကို ကွဲစေလောက်တဲ့ သူ့နှလုံသားရေးရာရင်ဖွင့်မှုမျိုး
ပြောလာပြန်တော့ ကျွန်မ ရင်နဲ့ရင်းပြီး သူ့အတွက်
သာယာမှုလမ်းခင်းပေးခဲ့ဖူးတယ်….။ သူသိပ်ချစ်ပါတယ်ဆိုတဲ့ မိန်းကလေးက
ကျွန်မရဲ့ အခန်းဖော် သူငယ်ချင်းတစ်ယောက်ပါ….။ သူမက အလှအပဘက်မှာရော
ကောင်လေးတွေနဲ့ ပတ်သက်မှုမှာပါ နာမည်ကြီးတဲ့ ကောင်မလေးပေါ့….။
ဒီအကြောင်းတွေကို သိတဲ့ ကျွန်မ သူ့ကို အကျိုးသင့်အကြောင်းသင့်
ပြောပြခဲ့ဖူးပေမယ့် သူ့ဆီက "ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို
တကယ်ချစ်မိပြီ ဆိုရင် သူမက ဘယ်လိုမိန်းကလေးမျိုးပဲ ဖြစ်ဖြစ်အရေးမကြီးဘူး"
ဆိုတဲ့ အယူအဆလေးတစ်ခုကို ကြားလိုက်ရတော့ " ငါချစ်တဲ့ ယောက်ျားတစ်ယောက်ဟာ
ဒီလိုစိတ်ထားမျိုးရှိနေပါလား" လို့ တွေးပြီး သူ့ကို အရင်ကတုန်းကထက်
ပိုမိုလေးစားလျှက် သူ့မိန်းကလေးနဲ့ နီးစပ်ဖို့ ကျွန်မ အစွမ်းကုန်
ကြိုးစားပေးမိပြန်တယ်….။ သူမရဲ့ အကျင့်ကို သိရဲ့သားနဲ့
သူနဲ့အောင်သွယ်ပေးတဲ့ ကျွန်မကို တခြားသူငယ်ချင်းတွေက ၀ိုင်းပြီး
အပြစ်ပြောပေမယ့် သူ့စိတ်ချမ်းသာမှုက ကျွန်မအတွက် အဓိကမို့ သူ ….သူမလေးကို
မည်မျှချစ်တယ်ဆိုတဲ့ အကြောင်းကိုသာ သူမနားလည်လက်ခံပြီး သူ့ကို အမြန်ဆုံး
အဖြေပြန်ပေးစေဖို့ ကျွန်မ အပတ်တကုတ် ကြိုးပမ်းပေးခဲ့တယ်….။
အချိန်သိပ်မကြာခင်မှာ သူမက သူ့ကို အဖြေပေးမယ့်ရက် သတ်မှတ်ပေးခဲ့ပါတယ်….။
အဲ့ဒီ့နေ့က မြေကြီးနဲ့ ခြေထောက် လွတ်နေအောင် မြူးနေတဲ့ သူ့ကို ကြည့်ပြီး
ကျွန်မလည်း ပျော်ရွှင်ခဲ့မိတယ်….။ တစ်ပြိုင်တည်းမှာပဲ သူ့ရဲ့အချစ်တွေကို
သိမ်းပိုက်မယ့်သူရှိနေမှန်း သိနေတာတောင် သူ့ကို ချစ်ရခြင်းမှာ
ဝမ်းနည်းမှုအတိကင်းမဲ့နေတဲ့ ကျွန်မရဲ့ အချစ်ဆိုတာကိုပါ သတိထားခဲ့မိတယ်….။
ဒါပေမယ့် သူ့ကို အဖြေပေးဖို့ရက် ရွေးချယ်ပြီးခဲ့တာတောင် မငြိမ်သက်သေးတဲ့
သူမရဲ့ သတင်းစကားတွေကို ကြားပြီး သူစိတ်ဆင်းရဲနေတာကို မြင်တော့
ကျွန်မကိုယ်တိုင် မရခဲ့ဘူးပါဘဲ "ကိုယ့်ဘက်က အချစ်စစ်ရင်
မေတ္တာရောင်ပြန်ဟပ်မှာပါ" ဆိုတဲ့ အားပေးစကားကို သူ့အတွက်
ဆိုခဲ့မိသေးတယ်….။ ကျွန်မရဲ့ အားပေးစကားဟာ ကျွန်မအတွက် မမှန်ကန်ခဲ့ပေမယ့်
သူ့အတွက်ကတော့ သေချာစွာ ဖြစ်ပေါ်လာခဲ့ပါတယ်….။ သူနဲ့သူမ
ချစ်သူတွေဖြစ်ခဲ့ပါတယ်….။ တခါတလေ သူမက သူ့ကို သိပ်ပြီး အနိုင်ယူလွန်းနေတာ
တွေ့ရင် ကျွန်မက သူမကို သူ ဘယ်လောက်ထိ ချစ်တယ်ဆိုတဲ့ အကြောင်းတွေ
သူမပြောခိုင်းရပါဘဲ…..သူမကို ပြောမိပြန်တယ်….။ သူနဲ့ သူမ ကတောက်တဆ
ဖြစ်ပြီး စကားများကြတိုင်း တမှိုင်မှိုင်တတွေတွေဖြစ်နေတတ်တဲ့ သူ့အတွက်
ပြေလည်မှုတွေ ပြန်ရရှိအောင် ကျွန်မကပဲ ကြားဝင်စေ့စပ်ပေးမိခဲ့ပါတယ်….။
မိန်းကလေးအချင်းချင်းမို့ထင်ပါရဲ့  ကျွန်မရဲ့ အပြုအမူတွေကို အကဲခတ်ရင်း
ကျွန်မရဲ့ သူ့အပေါ်မှာ ထားရှိတဲ့ သံယောဇဉ်ဆိုတာကို နားလည်သယောင် စကားမျိုး
သူ့ရဲ့ချစ်သူက ပြောလာတော့ သူရဲ့သူငယ်ချင်းဘ၀မှာတောင် နေခွင့်မရတော့မှာ
စိုးထိတ်ရင်း ကျွန်မ
သာမန်သူငယ်ချင်းတစ်ယောက်အသွင်ဟန်ဆောင်နေခဲ့ပါတော့တယ်….။
အရင်ကလိုမဟုတ်တော့တဲ့ ကျွန်မကို သူက ရန်စကားတွေ ပြောတယ်… ဒါပေမယ့် ကျွန်မ
မတတ်နိုင်ဘူးလေ….။ သူ့ကောင်မလေးက ဒီလိုပြောပါတယ်လို့ ပြောလိုက်ရင်….
သူတို့နှစ်ဦး အဆင်မပြေဖြစ်မှာပဲလို့ တွေးတောပြီး အကြောင်းပြချက်အနေနဲ့
ငါ အလုပ်တွေများနေလို့ပါ ဆိုတဲ့စကားကိုသာ
အကြိမ်ကြိမ်လိမ်လည်သုံးနှုန်းခဲ့ပါတယ်….။
သူနဲ့ကျွန်မ ခရီးသွားဟန်လွဲ တွေ့မိတဲ့အခါတိုင်း ကျွန်မ မမေးရပါဘဲ
သူတို့နှစ်ယောက်ရဲ့ အကြောင်းတွေကို ခရေစေ့တွင်းကျ အကျင့်ပါစွာ သူက စပြီး
ပြောလာတော့ သူ့အတွက် ကျွန်မ ကြေကွဲမိတယ်…။
အချိန်တွေဘယ်လောက်ပဲပြောင်းလဲပါစေရှင် ကျွန်မ သူ့ကို
ချစ်မြဲချစ်လျှက်ဖြစ်ပြီး သူ အရာရာမှာ အဆင်ပြေပါစေလို့ ကျွန်မ
တစ်နေ့မပြတ်ဆုတောင်းပေးခဲ့မိတယ်….။ ဒါပေမယ့် ကျွန်မကို နောင်တရစေမယ့်
နေ့လေးတစ်နေ့ကို ကံတရားက ဖန်တီးပေးခဲ့ပါတယ်….။ မိုးဖွဲဖွဲလေးတွေ ရွာနေတဲ့
ညတစ်ညမှာ သူ ကျွန်မဆီ ဖုန်းဆက်လာတယ်…. ကျောင်းဝင်ခွင့်တစ်ခုဖြေဖို့အတွက်
စာတွေကျက်နေတဲ့ ကျွန်မ ဖုန်းပိတ် ထားမိတာကြောင့် သူနဲ့
ဖုန်းမပြောဖြစ်ခဲ့ပါဘူး….. နောက်တစ်နေ့ မနက်စောစောမှာ သူ
မိန်းမခိုးသွားပြီ ဆိုတဲ့သတင်းကို ကြားလိုက်ရတော့ ကျွန်မနားကို ကျွန်မ
မယုံနိုင်လောက်အောင်ပါဘဲ….။ သူတို့ ဒီလောက်ထိ
မြန်မြန်ဆန်ဆန်ယူဖြစ်သွားလိမ့်မယ်လို့လည်း ကျွန်မ မထင်ခဲ့မိဘူးလေ….။
ပြီးတော့ သူ့အိမ်ကလည်း သူ့ကို ကောင်မလေးနဲ့ သဘောမတူဘူးတဲ့….ကောင်မလေး
အိမ်ကလည်း သူတို့နှစ်ယောက်ကို လိုက်မရှာကြဘူးတဲ့လေ…..။ ခုထိ သူ့မှာ
အလုပ်မရှိသေးပါဘူး….. သူတို့ဘယ်လိုတွေ ရှေ့ဆက်ကြမှာလဲ လို့ တွေးပြီး
ကျွန်မ ပူပန်ခဲ့မိတယ်….။ သူနဲ့ ကျွန်မ အဆက်အသွယ် ရလာတော့…. သူကျွန်မဆီ
ဖုန်းဆက်တဲ့ညက သူနဲ့ သူ့ကောင်မလေး အလည်လွန်နေတာမို့ သူ့ကောင်မလေးကို
အိမ်ပြန်လိုက်ပို့ခိုင်းဖို့ ကျွန်မဆီ အကူအညီလှမ်းတောင်းတာပါတဲ့…..
မိန်းကလေးအဖော်နဲ့သာ အလည်လွန်နေတာကို သိရင် အိမ်က
ခွင့်လွှတ်နိုင်ကောင်းပါရဲ့ လို့တွေးပြီး သူ ကျွန်မဆီ ဖုန်းဆက်ခဲ့တာပါ…..။
ကျွန်မကို ဆက်သွယ်မရတဲ့နောက်ဆုံး သူတို့(၂)ဦး ကြံမိကြံရာ ကြံလိုက်မိတာပါ
တဲ့….။ ကျွန်မသာ အဲဒီ့နေ့က ဖုန်းဖွင့်ထားမိခဲ့ရင် ဒီလိုတွေ
ဖြစ်လာမှာမဟုတ်ပါဘူး….။ ခုတော့ အလုပ်အကိုင်မရှိသေးဘဲနဲ့
အိမ်ထောင်ပြုခြင်းရဲ့ ဆိုးကျိုးကို ခံစားနေရတဲ့ သူ့ကို ကြည့်ပြီး ကျွန်မ
စိတ်မကောင်းဖြစ်လိုက်ရတာ….။ ဒီအချိန်မှာ ကျွန်မသူ့အပေါ်
ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး…. ဒါပေမယ့် သူ့ရဲ့ စိတ်ချမ်းမြေ
့မှုတွေကိုသာ တောင်းတနေတဲ့ ကျွန်မရဲ့  စိတ်စေစားမှုအရ သူ့ကို
ဖြည့်ဆည်းပေးခဲ့ပါတယ်….။
မုန့်ဖိုးစုထားတွေကို သူတို့ရဲ့ မင်္ဂလာဦး လက်ဖွဲ့အဖြစ်ပေးပြီး
သူတို့လိုအပ်တာတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးခဲ့မိတယ်….။ သူ့မိန်းမက
တခါတလေ ကျွန်မ ကို ခနဲ့သလို ရွဲ့သလိုပြောတာတွေ ခံရပါသေးတယ်…။ ဒီတော့
ကျွန်မ တခြားသူငယ်ချင်းတွေကို အကူအညီတောင်းပြီး တစ်ဖက်လှည့်နဲ့
ကူညီမိပြန်တယ်….။
အချိန်တွေကြာလာတော့လည်း သူ့အိမ်က သူ့ကို ပြန်အခေါ်ပြောလုပ်ပြီး
သင်္ဘောတင်ပေးခဲ့ပါတယ်….။ သူ သင်္ဘောမတက်ခင် ရက်တစ်ရက်မှာ ကျွန်မကို
လာနှုတ်ဆက်တယ်….။ အလုပ်ကြိုးစားပြီး ကိုယ့်မိသားစုအတွက်
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် နေဖို့ ကျွန်မက ဆုံးမတော့ သူက
ကျွန်မကို တော်တော် ရင့်ကျက်နေပြီ လို့ ကောက်ချက်ချသွားပါတယ်….။ သူက
ပြန်ပြောသွားသေးတယ် ကျွန်မ ချစ်သူရရင် သူ့ကို လှမ်းအသိပေးဦးတဲ့…။
နောက်တစ်ယောက်ကို ထပ်ချစ်ဖို့အတွက် ကျွန်မနှလုံးသားမှာ
နေရာမရှိတော့ဘူးဆိုတာကိုတော့ သူမသိအောင် ကျွန်မ ထိန်ချန်ထားခဲ့မိတယ်…။ သူ
ခရီးထွက်သွားပြီးကတည်းက ကျွန်မနဲ့သူ အဆက်အသွယ်မရခဲ့တော့ပါဘူး……။ဒါပေမယ့်
တစ်နေ့မှာတော့ စာတွေထဲကိုသာ အာရုံစိုက်ရင်း အချိန်တွေကို ကုန်ဆုံးစေတဲ့
ကျွန်မဆီကို သူ့ရဲ့သတင်းဆိုးကြီး ရောက်လာခဲ့ပါတော့တယ်…။ သူစီးတဲ့ သင်္ဘော
မုန်တိုင်းထဲပါသွားပြီတဲ့ …..သူတို့သင်္ဘောပေါ်က သင်္ဘောသားတချို့
ကိုပြန်ရှာလို့ရခဲ့ပေမယ့် ခုထိ သူက ပျောက်ဆုံးစာရင်းထဲမှာပါနေပါတယ်….။
သူ့မိသားစုနဲ့ သူ့အမျိုးသမီးက လူသိရှင်ကြား ပူဆွေးခွင့်တွေရကြပေမယ့်
ကျွန်မကတော့ ထုံးစံအတိုင်း တိတ်တဆိတ်သာ မျက်ရည်ဝဲရသူပေါ့….။
အအေးကြောက်တတ်တဲ့သူ ပင်လယ်ကြီးထဲမှာ ဘယ်လိုနေရှာမလဲ လို့ တွေးပြီး ည ည
ဆို မျက်ရည်မဆယ်နိုင်သူက ကျွန်မ…။ အချိန်ရှိတိုင်း ဘုရားမှာ
သူအသက်ရှင်နေပါစေလို့ ဆုတောင်းပေးရင်း.. နှစ်တွေလသို့
ကူးပြောင်းခြင်းတွေကို ကျွန်မ မေ့လျော့နေခဲ့မိတယ်….။
သူ့ဒီလိုဖြစ်ရပ်ကို သူ့မိခင်က လက်မခံနိုင်ဘဲ သူ့ရဲ့သားလေး
တစ်နေ့ပြန်လာလိမ့်နိုး ဆိုတဲ့ စွဲလန်းမှုလေးတစ်ခုနဲ့ ၁နှစ်တိတိ
သက်ပျောက်ဆွမ်းမကပ်ပေးခဲ့ပါဘူး…..။ ကျွန်မလည်း သူ့မွေးနေ့ရောက်တိုင်း
ဘုရားမှာ ကုသိုလ်ကောင်းမှုလေးတွေ လုပ်ပေးရင်း တရားသေ ယုံကြည်မှုတစ်ခုကို
အစွဲပြုရင်း သူတစ်နေရာရာက ပြန်ပြီး ပေါ်လာပါစေလို့သာ
တောင်းဆုခြွေခဲ့မိတယ်…..။ ဒါပေမယ့် အချိန်ကာလ(၇)နှစ်ဆိုတဲ့ လည်ပတ်မှုဟာ
သူ့အမျိုးသမီးအပါအ၀င် သူ့အသိုင်းအ၀ိုင်းဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရဲ့
သူ့အား လွမ်းဆွတ်တမ်းတမှုတွေကို လောင်ကျွမ်းစေခဲ့ပါတယ်….။ သေသောသူ ကြာရင်
မေ့ ဆိုတဲ့ စကားပုံအတိုင်း လူတွေအားလုံးနီးပါးက
နေထိုင်တက်သွားကြတယ်….။.ကျွန်မအနေနဲ့ကတော့ ပျောက်သောသူရှာရင်တွေ့ လို့
အကြိမ်ကြိမ်ကြွေးကြော်မိရင်း သူ့သင်္ဘောနစ်မြုပ်ခဲ့တဲ့
မလေးရှားကျွန်းဆွယ်အနီးအနားထိတိုင်အောင် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုနဲ့
ဆက်သွယ်ပြီး လက်လှမ်းမှီသလောက် ရှာဖွေခဲ့မိသေးတယ်….။ ဒါပေမယ့်
အချည်းအနှီးပါဘဲ….။ ခုဆို သူ့အမျိုးသမီးက နောက်အိမ်ထောင်တောင်
ပြုသွားရှာပြီ….။ အင်းပေါ့လေ သူလည်း မရေရာခြင်းဘ၀ထဲမှာ
ဘယ်နစ်မျောချင်ပါတော့မလဲ….။ ကျွန်မကသာ မဖြစ်နိုင်တဲ့ အရာတစ်ခုကို
မျှော်လင့်နေခဲ့မိတာ…..။
ကျွန်မရဲ့ ခံစားချက်တွေကို သိမြင်နေတဲ့ သူငယ်ချင်းတစ်ယောက်က တကယ်လို့များ
သူ ဒီအချိန်မှာ ပြန်ရောက်လာခဲ့ရင် နင် ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်းမျိုး
ကျွန်မကို မေးခဲ့ဖူးပါတယ်….။ သူသာ ဒီအချိန်ပြန်ရောက်လာခဲ့ရင် သူ
ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို မေးမိမှာပေါ့….သေချာပါတယ် ကျွန်မ
မမေးရင်တောင် သူက အကျင့်ပါပြီး အားကျိုးမာန်တက်ပြောပြဦးမှာ….။
သူ့အမျိုးသမီးနောက်အိမ်ထောင်ပြုသွားရခြင်းကိုလည်း သူ
စိတ်မကောင်းမဖြစ်ရလေအောင် ကျွန်မက အကျိုးသင့်အကြောင်းသင့်
ပြောပြရဦးမယ်လေ….။ နောက်ပြီး သူ့စိတ်တည်ငြိမ်သွားအောင်
တရားစခန်းဝင်ဖြစ်ဖို့ တိုက်တွန်းရဦးမယ်….။ သူနဲ့ ၇ နှစ်ကျော်ကျော်
ကင်းကွာနေတဲ့ သူ့ရဲ့ ပတ်ဝန်းကျင်အကြောင်းတွေကိုလည်း သူ့ကို
အသိပေးရဦးမယ်…။ သူ့အကြိုက်ဆုံးအစားအစာတွေရနိုင်မယ့်
စားသောက်ဆိုင်တွေဆီကိုလည်း သူ့ကို ခေါ်သွားရမှာပေါ့….။ ကျွန်မ သူ့ကို
ချစ်နေမှန်း သူမရိပ်မိအောင် ကျွန်မရဲ့ ရည်းစားက oversea မှာလို့လည်း
မုသားသုံးထားရဦးမယ်….။ ကျွန်မရဲ့ ဒီလိုအစီအစဉ်တွေထဲမှာ ငါနင့်ကို
အရမ်းလွမ်းနေခဲ့တာ ဆိုတဲ့ စကားတစ်ခွန်းက လွဲပြီး ကျွန်မရဲ့
ရင်တွင်းဖြစ်တွေမှန်သမျှ ဘာဆိုဘာမှ မပြောပြဘူးလို့လည်း
ဆုံးဖြတ်ထားခဲ့ပြီးသားပါ…..။ သူ့ကို ပြန်လာစေချင်ပါတယ်….။ သူ့ရဲ့
ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းတစ်ယောက်ဘ၀နဲ့ ကျွန်မ
ရှင်သန်ချင်ပါသေးတယ်…..။
သူနဲ့ပတ်သက်လာရင် ဘယ်အရာတစ်ခုကိုမှ မေ့ပစ်လို့မရတဲ့ ကျွန်မ….. Positive
အတွေးတွေသာ တွေးတောပြီး နေလာခဲ့တာ ခုဆို အသက်လတ်ပိုင်းတောင်
ရောက်နေခဲ့ပါပြီ…..။ ထူးဆန်းတာတစ်ခုက ကျွန်မလေ ပုံမှန်နေ့တိုင်း
သူနဲ့ကျွန်မရဲ့ သူငယ်ချင်းဘ၀ကို ပြန်လည်ရောက်ရှိနေတတ်တယ်…။ ဒါ
ရူးသွပ်မှုတဲ့လား…..။ အချစ်မှန်းသိတတ်ကတည်းက ဘ၀တစ်လျှောက်လုံး
သိုသိုသိပ်သိပ်ထားရှိခဲ့တဲ့ ကျွန်မရဲ့နှလုံးသားကို ကျွန်မဒီလောက်တော့
နှစ်သိမ့်ပေးခွင့်ရှိမှာပါ…။ တစ်နေ့တော့ ကျွန်မ သူ့ စနေမွေးနံထောင့်မှာ
သူရဲ့ (၂၈)နှစ်မြောက်မွေးနေ့အတွက် သူ သိပ်ကြိုက်တဲ့ စံပယ်ပန်းတွေရယ်
ပြီးတော့ ရေချမ်း နဲ့ ဆီမီးကို သူ့သက်စေ့လှူနေတုန်း အမှတ်မထင် သူ့ရဲ့
မိခင်နဲ့  ကြုံခဲ့ပါတယ်……သူမလည်း သူမရဲ့သားအတွက် ကုသိုလ်ကောင်းမှုတွေ
လာလုပ်ပေးတာတဲ့လေ….. သူမ ကျွန်မကို ကြည့်တဲ့ မျက်လုံးတွေထဲမှာ
အဓိပ္ပါယ်တွေ အများကြီးကျွန်မ တွေ့လိုက်ရသလို သူမရဲ့
ပြုံးပြမှုတွေထဲမှာလည်း ၀မ်းနည်းမှုတွေ ရောစွက်နေတယ်ဆိုတာ ကျွန်မ
ကောင်းမွန်စွာ သိလိုက်ရပါတယ်….။ သူမရဲ့ လက်ကိုင် အိတ်ထဲက
သူ့ရဲ့လက်ရေးလေးတွေနဲ့ရေးသားထားတဲ့ စာရွက်ဟောင်းလေးတစ်ရွက် ကျွန်မ
လက်ခံရရှိခဲ့ပါတယ်…. ။ "နင်ကတော့ သာမန် ဖုန်းပိတ်ထားခဲ့တာပဲ……ငါ့မှာတော့
ငါနဲ့ လမ်းခွဲမလိုဖြစ်နေတဲ့ မိန်းကလေးကို လက်ထပ်လိုက်ရတဲ့ အပြင်
ငါတကယ်ချစ်ခဲ့တဲ့ နင့်နဲ့ပါ ထာဝရ ဝေးခဲ့ရတယ်….။ နင်သာ
ဖုန်းဖွင့်ထားမယ်ဆိုရင် နင့်ကို နောက်ဆုံးအကူအညီတစ်ခုအနေနဲ့ သူ့ကို
ပြန်လိုက်ပို့ပေးဖို့ အကူအညီတောင်းမိရင်း……တစ်နေ့နေ့မှာ ငါနင့်ကို
ဖွင့်ပြောမိခဲ့မှာ…..အခုတော့ဟာ....။။။။။ အချစ်ကို နောက်ကျမှ သိခဲ့ရတဲ့
ငါ့အပြစ်အတွက် ငါ နင်နဲ့ဝေးတဲ့တစ်နေရာရာကို ထွက်သွားပြီး
ပေးဆပ်ရဦးမယ်….။ " ဆိုတဲ့ စာသားလေးက ကျွန်မရဲ့ (၇)နှစ်တာ ကြေကွဲမှုတွေကို
အထွတ်အထိပ်သို့ ရောက်စေခဲ့တယ်……။
ပြီးတော့ ကျွန်မ ဟန်ဆောင်မှုမဲ့စွာ ငိုကြွေးမိပါတယ်….။ ကျွန်မရဲ့
ငိုကြွေးမှုတွေကို ကြည့်ပြီး သူ့ရဲ့မေမေဆီက စကားတစ်ခွန်းကြားလိုက်ရတယ်….."
 ဒီကမ္ဘာကြီးပေါ်မှာ အန်တီပြီးရင် သူ့ကို အချစ်နိုင်ဆုံးမိန်းကလေးက သမီး
ဆိုတာကို သားသိအောင်ပြောပြနိုင်ဖို့အတွက် သားကို ပြန်လာစေချင်တယ်
သမီးရယ်" တဲ့…..။ ဒီစကားလေးကိုကြားပြီး ကျွန်မမျက်ရည်တွေကြားက
ပြုံးလိုက်မိတယ်….. ။ တူညီနိုင်မယ်ထင်ရတဲ့ အချစ်ဆိုတာအတွက် ကျွန်မ
ကြည်ကြည်နူးနူးလေးခံစားရင်း သူ့ကို ရင်ဘတ်ထဲထည့်ပြီး
ရှေ့ဆက်ရမယ့်ခရီးကိုမှန်းဆကြည့်လိုက်ပါတော့တယ်….(ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့
အချစ်ကို ပြန်လည်ရရှိခဲ့တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို
ကျေနပ်စွာဖြင့် သူပြန်လာမယ့်ရက်ကို စိတ်ချမ်းသာသလို
မျှော်လင့်ရင်းနဲ့ပေါ့…။   ။)
အလွမ်းကေသရီ
(Women'sWorld Journal)Vol-2,Issue 48,Wednesday ,December 11, 2013)
!!! ခုနစ်စဉ် အချစ် !!!
$
0
0
ခုနစ်စဉ် အချစ်
မိုးရွာပြီးစ … ရှေ့ပြပြမှာ
မြေမှမိုးဆီ … ဦးတည်လမ်းကြောင်း
ပေါင်းကူးသွယ်ဆန့် … သက်တံ့တစ်ခု …။                        ။
ငယ်ငယ်ကတော့ မိုးရွာပြီးလို့ နေရောင်ပြပြအောက်မှာ သက်တံ့လေး ပေါ်လာပြီဆိုရင်
အရူးအမူး ကြည်နူးတဲ့စိတ်နဲ့ ကြည့်နေလိုက်ရတာ အမော…။
တကယ်တော့ သက်တံ့ဆိုတာ ကမ္ဘာကြီးရဲ့ ရှေ့ပြေးနိမိတ်ပါပဲ
ကြည့်လေ…
ကောင်ကင်နဲ့မြေကြီး အချစ်သီးပေးသလို ဆက်သွယ်နေလိုက်တာ …
တစ်နေရာနဲ့တစ်နေရာ အချစ်ဖြာစေသလို ဆက်သွယ်နေလိုက်တာ …
ဟော…ခုတော့…
ဖုန်းတစ်လုံးနဲ့ တစ်လုံး စကားလုံးလေးတွေနဲ့ သွယ်ထုံးနေလိုက်ကြတာ
အွန်လိုင်းမှာဆိုရင်လည်း…
တစ်ဦးနဲ့တစ်ဦး အဖြစ်ထူးစေတာ … အချစ်ဖူးစေတာ….
ရစ်မူးစေတာ .. နစ်မြူးစေတာ … စတာတွေဟာ…
အွန်လိုင်းရဲ့ သက်တံ့လေးပါပဲ…လို့ ဆိုလိုက်ချင်ပါတယ်…
ဒိထက်ပိုပြီး ပြောလိုက်ချင်တယ်…
ရောင်စုံဖြာသက်တံ့လေးတစ်ခု မြင်လိုက်တဲ့ အခါတိုင်း…အခါတိုင်းပေါ့…
သတိရလိုက်ပါ …
မိုးမရွာလည်းပဲ အမြဲဖြာနေ …တဲ့
မိုးရွာလည်းပဲ အမြဲသာနေ … တဲ့
ဘယ်သောအခါမှ ပျောက်ရှလို့လည်းမသွား
တောက်ပလို့လည်း ကြွားနေ…တဲ့
သက်တံ့လေးကိုပေါ့…
အဲဒါကတော့
ကိုယ့်တို့ဋ္ဌာနေ …
တိုင်းရင်းသားတွေစုစည်းထား…တဲ့…မြန်မာပြည်ကြီးပါပဲလေ …။
ပိုတယ်လို့ပဲထင်ထင် … ခုနစ်စဉ်…သက်တံ့ရဲ့ရောင်စဉ်လေးတွေနဲ့
မြန်ပြည်တစ်ခွင်လုံးကို နောက်ဆုံးလေး…တင်စားအချစ်နဲ့ ချစ်ကြည့်လိုက်ချင်တယ်….။
☻“ အနီ…..”….တဲ့
လဲ့ကြည်နွေးထွေး … မြန်မာ့သွေးဖြင့်…..။
☻“ လိမ္မော်…”….တဲ့
ထင်ပေါ်တောက်ကြွား … မွန်းတို့အားဖြင့်…..။
☻“ အဝါ….”….တဲ့
ရင်မှာသွန်းဖိတ် … ရခိုင့်စိတ်ဖြင့်…..။
☻“ အစိမ်း….”…တဲ့
ငြိမ်းချမ်းမှုကဲ … ကရင့်ဇွဲဖြင့်…..။
☻“ အပြာ…”…တဲ့
ခိုင်မာထွန်းသစ် … ရှမ်းအချစ်ဖြင့်…..။
☻ “ မဲနယ်…”….တဲ့
မပြယ်ခြယ်မှုန်း … ကချင်အပြုံးဖြင့်…..။
☻“ မရမ်း….”….တဲ့
ခမ်းနားထက်သန် … ချင်း..ကယားမာန်ဖြင့်…..။
“ ကဲ….ဒါတွေနဲ့ တည်ဆောက်ထားတဲ့…မြန်မာပြည်ကြီးဆိုတာ
သက်တံ့ပေါက်နေသလိုပါပဲ…
အဲဒီလိုပဲ ခံယူမိတယ်…ကြည်နူးမိတယ်…ပီတိဖြစ်မိတယ်…။
ကဲ...စာဖတ်သူ..ဆန္ဒကကော...??????
သက်တံ့ပေါ်မှာ….
လာ…လေ…နောင်ရင်း … တို့သီချင်းနှင့်
အငြင်းမဲ့စွာ … ကခုန်ပါရင်း
သစ္စာနွေးထွေး … မမုန်းဆေးနှင့်
ရှေးကထက်…ပိုချစ်ရအောင်…..။                        ။
( မှတ်ချက် )
ကဗျာစကားလုံးများသည်ကံထွန်းသစ်၏ ကဗျာမှဖြစ်၍
ဤပုံပါ အကြောင်းအရာသို့ ဂုဏ်ပြုသည်
အသိတစ်လုံး
အမြတ်ဆုံး
နှလုံးသားဖြင့် နားလည်စေ
( စံလွန်းတင် )
ဦးဦးဇင်း … ရင်တွင်းဖြစ်
အွန်လိုင်းချစ်သူ (2)
$
0
0
တစ်ခုခုကို စွဲလန်းမိပီဆိုရင် မနေနိုင်မထိုင်နိုင်ဖြစ်တတ်တာကိုက ကျွန်တော့ရဲ့အကျင့်ဖြစ်နေပီလားမသိဖူးဗျာ...ကိုမှန်တယ်ထင်ရင် ကိုယ့်လည်ပင်းပေါ်ဓါးတင်ထားပါစေ..လုပ်ဖို့ ဝန်လေးမတတ်ဖူး...အဲဒီလို စိတ်ဓါတ်ကြောင့် အမြင့်ကိုပျံတက်ဖူးသလို ...သုံးစားလို့ မရတဲ့ဘ၀မျိုးကိုလည်းပိုင်ဆိုင်ခဲ့ဖူးပါတယ်...ဒါကကျွန်တော့ရဲ့ဗီဇကို မညာမတာ ဖွင့်ပြောတာပါ...အခုလည်းကြည့်လေ။ကောင်မလေးတစ်ယောက်ကို နာကြင်စေခြင်လို့ ကိုယ်မကျွမ်းကျင်တဲ့ အင်တာနက်လိုင်းပေါ်ကိုခြေလှမ်း လှည့်နေပီ...
 သူ့ ကိုလက်စားချေခြင်လို့  ကျွန်တော်လိုင်းပေါ်ကို တစ်နေ့ ခြောက်နာရီ..တစ်ခါတစ်လေ ရှစ်နာရီလောက်ထိုင်ဖြစ်တယ်...လိုင်းပေါ်တက်တဲ့ ကောင်မလေးမှန်သမျှ ကျွန်တော်တစ်ယောက်မှ မချန်ဖူး အကုန်လုံးကျူတယ်..နှစ်လလောက်ကြတော့ ကျွန်တော်ဟာသလေးတွေစွက်ပီး သူများခင်မင်အောင်ပြောတတ်နေပီ...လက်ကွက်လည်းနည်းနည်းမြန်လာတယ်...အရမ်းမြန်သွားတာက ဖူးစာရှင်လေးဆိုဒ်ကိုဝင်မှပါ...ဂျီတော့မှာပြောတာထက်ပိုပီး လက်ကွက်မြန်တယ်..နောက်ပီး စားလုံးနည်းနည်းနဲ့ လိုရင်းကိုပြောတတ်လာတယ်...သူများနဲ့ ယှဉ်ပြောရင် ကိုကအထက်စီးနဲ့ ပြောတတ်လာတယ်...အများအမြင်မှာတော့ ဒီကောင်ဘ၀င်မြင့်နေတဲ့ကောင်လို့ ထင်ကြတာတောပေါ့...အမှန်တော့မဟုတ်ဖူးဗျ..ဆိုဒ်ထဲမှာဝင်ချက်ရင်  ကိုယ့်ကိုသူများပြောခြင်အောင်...ရန်စသင့်ရင်စရတာနောက်ပီး...နောက်ပြောင်တာတောင် အထာလေးတွေနဲ့ နောက်တာ...အဲဒီဖူးစာရှင်လေးဆိုဒ်ဝင်တော့မှ စကားပြောတာတွေအရမ်းသွက်ပီး စကားပြောပညာနည်းနည်းတတ်လာတယ်ဆိုကြပါစို့ ဗျာ...သုံးလေးလလောက်ထိုင်တော့ gtalk,facebook အကောင့်လေးတွေလုပ်တတ်လာတယ်...အဲဒီလိုအင်တာနက်ပညာလေးတွေနည်းနည်းပါးပါးစုနေရင်း..ကျွန်တော့ရည်ရွယ်ချက်ကြီး မေ့သွားတယ်ဗျ..။.
သူပဲကံမကောင်းတာလားတော့မသိဖူး။တစ်နေ့ တော့...လိုင်ပေါ်တက်ရင်း ကောင်မလေးတစ်ယောက်ကိုသွားကျူမိတယ်...ဆယ့်ငါးရက်လောက်ကြာတော့ အတော်လေးခင်သွားပီ...အဲဒီတော့မှအကြောင်းစုံသိရတယ်ဗျာ..သူဖြစ်နေတာဗျ..ကျွန်တော့ကိုဘလော့ထားတာကအကောင့်တစ်ခု..အခုသူပြောတာကအကောင့်တစ်ခု။အဲဒီတော့မှ ကျွန်တော့်ရည်ရွယ်ချက်ကြီးကို သတိရမိလိုက်တော့တာ...ဘယ်အလွတ်ပေးတော့မလဲဗျာ..ကျူတာမှရက်ရက်စက်စက်ကိုကျူတာ...သူလည်းကျွန်တော့ဖက်ကိုအတော်လေးစိတ်လည်လာတယ်...မှတ်မှတ်ရရပါပဲသီတင်းကျွတ်လကြီးပေါ့ဗျာ...သူကလည်းအချိန်မှန်မှန်လိုင်းပေါ်တက်တယ်...ကျွန်တော့တော်ကီအပေါ်မှာသူလည်းနည်းနည်းမျောသွားတယ်ထင်ပါတယ်...ဒါပေမယ့် သူက၀ါရင့်နေပီ...ကျွန်တော့ကိုလွယ်လွယ်နဲ့ အဖြေမပေးဖူး...ကျွန်တော့ကိုစိတ်လည်လာမှန်းသိလေ ဆက်ကျူလေ..လေးငါးရက်လောက် ကျူလိုက်တော့သူက မေးလာတယ်...နင်ငါ့ကိုတကယ်ချစ်တာလားတဲ့၊..ဘယ်လိုမေးလိုက်တာလဲကွာ..မင်းကိုချစ်တာအခုမှမဟုတ်ပါဖူး..မင်းနဲ့ ဖုန်းစပြောတဲ့နေ့ တည်းက မင်းက ကိုယ့်နှလုံးသားထဲမှာ ထာဝရအမြဲရှိနေတာပါ...ဘာညာပေါ့။ နင်ငါ့ကိုတကယ်ချစ်တယ်ဆိုရင် ငါလိုခြင်တာပေးမှာလားတဲ့...
သူဘာကိုလိုခြင်မလဲသိခြင်လို့ မေးလိုက်တယ်...နင် ငါ့ကိုတကယ်ချစ်တယ်ဆိုရင် gtalk password ပေးတဲ့...
အဲဒီမှာ ကွိုင်တက်တာပဲ...ကျွန်တော်ဘာမှပြန်မပြောနိုင်ဖူး..သူကတော့ ကောတော့တာပေါ့..နင်ကငါ့အတွက်ဘာမဆိုပေးဆပ်နိုင်တယ်ဆို ခုတော့ gtalk passwordလေးတောင်းတာတောင် မပေးနိုင်ဖူး..နင်ချစ်တယ်ဆိုတာ ငါဘယ်လိုလုပ်ပီးယုံကြည်ရမလဲ ယောကျားတွေကဒီလိုပြောတတ်တာပဲဘာညာပေါ့ ကောနေတော့တာ...။ကျွန်တော်ဒီလိုပုံစံမျိုးနဲ့ သူ့ ကိုထပ်ပီးအရှုံးပေးရတော့မှာလားဗျာ..ဒီတိုင်းငြိမ်နေလို့ တော့မဖြစ်ဖူး...ဟန်ကိုယ့်ဖို့ ဆိုတာရှိတယ်မို့ လား...ငါကဂျီတော့အကောင့်မပေးခြင်လို့ မဟုတ်ပါဖူးကွာ..အံ့သြနေလို့ ပါ...မင်းအချစ်က ငါ့gtalk password လောက်ပဲတန်ဖိုးရှိတာလား..ဘာညာပေါ့ဗျာ..။အဲဒီလိုတစ်ယောက်နဲ့ တစ်ယောက် စလိုက်အဖြေတောင်းလိုက် ကောလိုက်ဖြစ်နေတာ လေးငါးရက်ကြာသွားတယ်...အဲဒီလေးငါးရက်အတွင်း သူကနာမည်တွေအဖြားဆွတ်ပီး ပိုခေါ်လာသလို ကျွန်တော်နဲ့ စကားပြောရင် ဂျီတော့ကနေစာရေးတာထက် ဖုန်းပိုပြောလာတာများလာတယ်...ရှင်းရှင်းပြောရရင် သူကျွန်တော့ကိုခိုက်နေပီလို့ ထင်ပါတယ်ဗျာ...ကျွန်တော်ကတိပေးလိုက်တယ်။နင်မနက်ဖန်ငါ့ကိုချစ်တယ်ပြောရမယ်..မနက်ဖန်သီတင်းကျွတ်လပြည့်နေ့ ..နင်လိုခြင်တာဟာလည်းပေးမယ်လို့ ကတိပေးလိုက်တော့တယ်...အဲဒီနေ့ ညက အိပ်မပျော်ဖူး...သူ့ ကိုလည်းသနားနေမိတယ်။သူ့ ကိုကျွန်တော်က ရည်ရွယ်ချက်ရှိရှိ လိုက်နေတာ..သူ့ က  သူ့ ကိုကျွန်တော်တကယ်ခိုက်နေပီထင်နေတယ်...မနက်ဖန်ဟာ ကျွန်တော့်အတွက် ရင်ခုန်စရာနေ့ လား...ပျော်ရွှင်စရာနေ့ လား...ကျေနပ်ရမယ့်နေ့ လား..သူ့ အတွက်ကော သူလိုခြင်တဲ့ ကျွန်တော့gtalk passwordကတကယ်ရမယ့်နေ့ လား...သက်ပြင်းတွေအကြိမ်ကြိမ်ချရင်းအဲဒီညက ညနက်မှအိပ်ပျော်ခဲ့တယ်ဗျာ...
သီတင်းကျွတ်လပြည့်နေ့ ။ သူငယ်ချင်းတွေက မဟာမြတ်မုနိသွားသူသွားကြတယ်..တချို့ ကလည်း ဦးပိန်..မန်းလေးတောင်..။ကျွန်တော်တစ်ယောက်တည်း ဘယ်မှမသွားဖြစ်ဖူး...နေ့ လည်ဆယ့်နှစ်ထိုးတော့ လိုင်းပေါ်သွားတက်တယ်...ဂျီတော့ဖွင့်ဖွင့်ခြင်းပဲ..သူ့ ကိုတွေ့ တယ် သူလည်းစောင့်နေတာထင်ပါတယ်...သူကစပီးအကောင့်passwordတောင်းတော့တာပါပဲ...ငါ့မှာ ဂျီတော့ငါးခုချည်းများတောင်ရှိတာ နင်လိုခြင်ရင်အကုန်ပေးမှာပါ...ငါ့ကိုချစ်တယ်လို့ အရင်ပြောဟာ...ဘာညာပေါ့...အဲဒီလိုပဲဗျာ နေ့ ခင်းဆယ့်နှစ်နာရီကနေ ခြောက်နာရီထိ ကိစ္စမပြတ်ဖူး...ကျွန်တော်က ချစ်တယ်အရင်ပြောခိုင်းလိုက် သူက ဂျီတော့အကောင့်တောင်းလိုက်နဲ့ သံသရာလည်နေတော့တာပဲ...ကျွန်တော်ကလည်းဒီနေ့ မှ တော်ကီလွတ်တာအရမ်းကောင်းတယ်ဗျာ..တော်ရုံတန်ရုံမိန်းကလေးဆို ချစ်တယ်ပြောတာကြာပေါ့...သူမို့ သာ..နောက်ပီးသူလည်းကျွန်တော့လိုခေါင်းတော့မာသားဗျ...ကျွန်တော်ဇွဲမလျော့ပါဖူး။ဗိုက်ကလည်းတော်တော်ဟာနေပီ...သူငယ်ချင်းဆိုင်မို့ သာတော်တော့တယ်ဗျာ..အပေါ့သွား ရေသောက်ချိန်လောက်ပဲ ထားပီး တစ်နေ့ လုံးကျူတယ်...လူလည်းနုံးတာတော့အတော်နုံးနေပီဗျ...ယောကျားလေးဖြစ်တဲ့ကျွန်တော်တောင် ဒီလိုဖြစ်နေရင် မိန်းကလေးဖြစ်တဲ့သူဘယ်လိုနေမလဲ စဉ်းစားကြည့်ပေါ့ဗျာ...ထိုင်ရာကမထပဲတောင်ချက်နေသလားအောက်မေ့ရတယ် ...ကျွန်တော်ရေသောက်တဲ့အချိန်လောက်လေး မချက်ပဲနေရင်တောင် ဘယ်ကောင်မလေးနဲ့ ချက်နေတာလဲဘာညာနဲ့ မေးတာ ....ချက်လဲချက်နိုင်တဲ့ကောင်မလေးပါပဲဗျာ...။တော်ကီကလည်းအရမ်းလွတ်ကောင်းတယ်ဗျ...အဖြေတောင်းလိုက်စလိုက်နဲ့ ညရှစ်နာရီထိုးတော့ သူကမနေနိုင်တော့ဖူး...နင်ငါ့ကိုတကယ်ချစ်တာနော်တဲ့ ငါချစ်တယ်ပြောရင် နင်တကယ်gtalkpassword.ပေးရမှာနော်..ပေးမယ်ဟာ..ငါးခုကိုပေးမှာတစ်ခုတည်းမဟုတ်ဖူး..လို့ ပြောလိုက်တယ်..အဲဒီမှာ သူက ချစ်တယ်လို့ အဖြေပေးတော့တာပဲ.။ကျွန်တော့အတွက် အွန်လိုင်းမှာ ပထမဆုံးချစ်တယ်ဆိုတဲ့အဖြေကိုရတာပါပဲ..နည်းနည်းတော့ရင်ခုန်တာပေါ့ဗျာ...အသည်းနုတဲ့သူ ရည်ရွယ်ချက်မရှိတဲ့သူဆိုရင်ဒီအချိန် အခိုက်အတန့် လေးကတကယ့်ချစ်သူ ဘ၀ကို ရသွားနိုင်တဲ့အခြေအနေလေးပေါ့..ကျွန်တော့မှာရှေ့ဆက်စရာရှိသေးတယ်လေ..ကျွန်တော်ကလည်းမူတော့တာပေါ့..ဟာနင်ချစ်တာကဘယ်သူ့ ကိုချစ်တာလဲဟာနာမည်လေးတော့ထည့်ပြီးပြောပါဦး..ကျွန်တော့နာမည်ထည့်ပီးချစ်တယ်ပြောရင်လည်း တစ်ခွန်းထဲလားကွာ..ထပ်ပီးပြောပါဦး...အဲဒီလိုအမျိုးမျိုးပါပဲ သူ့ ကိုပြောခိုင်းလိုက်တယ်...ချစ်တယ်ချည်းပဲတစ်နာရီလောက်ပြောခိုင်းလိုက်တာ....နည်းနည်းကြာလာတော့သူသဘောပေါက်လာတယ်ထင်တယ်ဗျာ...ကျွန်တော့အကောင့်ကိုမရနိုင်တော့ဖူးဆိုတာလေ...အဲဒီတော့မှ သူ့ ဖက်ကဖုန်းခေါ်လာတယ်...နားထဲမှာတောင်ပြန်ကြားယောင်လာသလိုပါပဲဗျာ သူ့ အသံတွေကငိုသံနဲ့ ဒေါသသံရောစွက်နေတယ်....နင်ယောကျားမဟုတ်ဖူးလားတဲ့ နင်ပြောထားတဲ့ ကတိကိုမတည်ဖူးလားတဲ့..နင်ကတကယ်လူလိမ်ပဲဘာညာပေါ့ဗျာ...ကောတာချည်းကို ဆယ့်ငါးမီးနစ်လောက်ကြာတယ်...ကျွန်တော်ငြိမ်ငြိမ်လေးနားထောင်နေလိုက်တယ်...သူကောတာရပ်သွားမှ ကျွန်တော်တစ်လုံးခြင်းပြောလိုက်တယ်။
 မင်း ငါ့ကိုတကယ်ချစ်လို့ ချစ်တယ်ပြောခဲ့တာမှမဟုတ်တာကွာ..မင်းကငါ့ gtilkpassword..လိုခြင်လို့ ချစ်တယ်လို့ အဖြေပေးခဲ့တာလေ...ငါလိုခြင်ခဲ့တာက မင်းရဲ့မေတ္တာစစ် အချစ်စစ်..နှလုံးသားထဲကထွက်ပေါ်လာတဲ့အချစ်စကား...ငါလိုခြင်ခဲ့တာ မင်းပေးခဲ့တာက အတုကြီးလေ..မင်းငါ့ကိုတကယ်ချစ်တယ်ဆိုရင် gtalkpassword..မပြောနဲ့ ငါ့နှလုံးသားကိုလိုခြင်တယ်ဆိုရင်ရင်တောင် မင်းရှေ့မှာရင့်ကော့ပီးငါကရပ်ပေးမှာ...သူ့ ငိုသံတွေကြားနေရတယ်ဗျာ..နင်ငါ့ကိုဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲတဲ့သူကကမေးလာတယ်...အမှန်အတိုင်းပါပဲ..လက်စားခြေခြင်တဲ့အကြောင်းတွေကို ပြောပြလိုက်တယ်...အဲဒီမှာပဲသူကနောက်ဆုံးပြောသွားတယ်ဗျာ...နင့်ရည်ရွယ်ချက်အောင်မြင်ပါတယ်ဟာ..နင့်ကိုငါတကယ်ချစ်သွားခဲ့တာပါ..ဒါပေမယ့်အရင်တုန်းကနင့်ကိုမမုန်းခဲ့ဖူး.ခုတော့ ငါ့ကိုမျက်ရည်ကျအောင်နင်ကလုပ်ခဲ့တာ...နင့်လိုလက်စားချေတတ်တဲ့ ယောကျားကိုဘယ်တော့မှငါမချစ်ဖူး..အရမ်းမုန်းတယ်....ဒါပါပဲဗျာ..။ ကျွန်တော် အင်တာနက်ဆိုင်ကပြန်လာတော့ ညဆယ်နာရီထိုးနေပီ...ရင်နာနေလို့ လား ..ရင်ပူနေလို့ လား...နွမ်းနယ်နေလို့ လားတော့မသိဖူး..ကျွန်တော်ရဲ့အိမ်ပြန်ခြေလှမ်းတွေဟာ အလာတုန်းကလို မသွက်လက်တော့ပါဖူး..။
နေ့ ခင်းဆယ့်နှစ်နာရီလောက်ကနေ ညဆယ်နှစ်ရာအထိဗျာ...ဘယ်တုန်းကမှမထိုင်ဖူးပါဖူး..အဲလောက်အကြာကြီး...ဒါပါပဲဗျာ။ပထမဆုံးအွန်လိုင်းရည်းအဲဒီသီတင်းကျွတ်လပြည့်နေ့ မှာပဲဖြစ်ခွင့်ရခဲ့တာ..တစ်နာရီလောက်လေးပါပဲ။နောက်တော့သူ့ ကိုလည်းဘလော့ထားလိုက်တယ.်.သူလည်းကျွန်တော့ကိုဘလော့ထားမှာပါပဲ...တစ်ခါတစ်လေမှာတော့သူ့ ကိုကျူခဲ့တဲ့စကားလုံးလေးတွေကို ဂျီမေးဖွင့်ပြီးပြန်ပြန်ကြည့်မိပါတယ်..လွမ်းတယ်လို့ ပြောရမလားဗျာ..ဒီလိုပါပဲလူဘ၀ဆိုတာက။ကျွန်တော်အင်တာနက်လိုင်းပေါ်တက်ရင်း လူ့ ဘ၀အတွေ့ အကြုံတွေအများကြီးရခဲ့တယ်ဆိုရင်ယုံကြမလားမသိဖူး...ကျွန်တော့ကိုတခြားတစ်ယောက်ကပြောမယ်ဆိုရင်တော့ကျွန်တော်လည်းယုံမှာမဟုတ်ပါဖူး..ခုတော့ကိုယ်တိုင်ကြုံခဲ့ရတာတွေလေ...ကျွန်တော် အွန်လိုင်းမှာချစ်သူတွေများကြီးထားဖြစ်ခဲ့တယ်...တချို့ က အင်္ဂလန်..တချို့ ကမလေးရှား..တချို့ ကတော့ထိုင်..တချို့ ကတော့ကိုယ့်နိုင်ငံထဲကပါ...တူညီတာတစ်ခုကတော့ ကျွန်တော်နဲ့ ချစ်ကြသူတိုင်း ရင်နာကြရတယ် ကြေကွဲကြရတယ်...နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုတာ ကျွန်တော့်ကိုပြောတာထင်ပါ့ဗျာ...ကျွန်တော်လည်း သူတို့ နည်းတူ ကြေကွဲခံစားရပါတယ်...လွယ်လွယ်နဲ့ ဘယ်အရာမှအလကားရမှာလဲဗျာ...အွန်လိုင်းချစ်သူတွေတစ်ယောက်ပီးတစ်ယောက်အကြောင်းရေးခြင်စိတ်ဖြစ်ခဲ့မိပါတယ်..ဒါပေမယ့်မရေးတော့ပါဖူးဗျာ...ကျွန်တော့်ကိုအားပေးတဲ့ ရွှေမြို့ တော်ကသူငယ်ချင်းတွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်...သူငယ်ချင်းတို့ အားလုံးသာယာချမ်းမြေ့တဲ့ နံနက်ခင်းတိုင်းကိုပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းချွေရင်း...ကျွန်တော့ရဲ့ “ အွန်လိုင်းချစ်သူ”ဘလော့ကို ဒီမှာပဲအဆုံးသတ်ပါတယ်ဗျာ....။
********* မိန်းမပျိုလေးများ အိမ်ထောင်မပြုမှီ ဘာတွေသိသင့်ပြင်ဆင်သင့်လည်း *********
$
0
0
********* မိန်းမပျိုလေးများ အိမ်ထောင်မပြုမှီ ဘာတွေသိသင့်ပြင်ဆင်သင့်လည်း ********
ကျွန်မတို့ လူသားကမ္ဘာကြီးမှာ တနေ့မလွဲမသွေ ဆုံရမဲ့ အိမ်ထောင်ပြုခြင်း အမှု့ကိစ္စကို မိန်းမပျိုလေးတိုင်း
နီးပါး ရင်ဆိုင်ကြရမှာ မလွဲမသွေပါ ............... ဒီလိုဖြစ်လာပြီဆိုရင် မိန်းမပျိုလေးတွေဟာ တကယ်အိမ်ထောင်တခုရဲ့တာ
ဝန်တွေကြုံတွေ့ရင်ဆိုင်ရမဲ့ ကာမကိစ္စဖြစ်ရိုးဖြစ်စဉ်တွေကို နားလည်သိကျွမ်းသင့်တယ်လို့ ထင်ပါတယ်ရှင် ။
မိန်းမသားမှန်ရင် တနေ့ ( သို့ ) အချိန်တခုမှာ ကြုံတွေ့ရမှာပါ ။ အပျိုရည်ဘ၀မှာ တချို့ ချစ်သူစုံတွဲတွေ စိတ်
ခံစားမှု့ကို ဦးစားပေးတတ်တဲ့ သူမျိုးတွေဟာ ဒီကာမရာဂ အရာမှာ အဦးအဖျားကို ခံစားဘူးကောင်း ခံစားဘူးကြပါလိမ့်
မယ် .............. သို့သော်လည်း တကယ် ကျွန်မတို့ လက်ထပ်လိုက်တဲ့ အချိန်မှာ မတူညီနိုင်တာတွေ အများကြီးရှိတယ်
ဆိုတာ မိန်းမပျိုလေးတွေ တင်ကြိုသိသင့်လှပါတယ် ။
နောက်တချက်က မင်းတို့လေးတွေ ခံစားစပ်ယှတ်ခဲ့တာကတယောက် လက်ထပ်လိုက်တာကတယောက်ဆို
ရင် အိမ်ထောင်တခု ရေရှည်သာယာချမ်းမြေ့ဖို့ဆိုတာ ရာခိုင်နူန်းအတော်နည်းပါတယ် ။ ဒါကြောင့်မိန်းမပျိုလေးတွေဟာ
အိမ်ထောင်ပြုခြင်းနဲ့ ပတ်သပ်လို့ သိသင့်တာတွေပြင်ဆင်သင့်တာတွေကို တတ်နိုင်သလောက်လေ့လာထားသင့်ပါတယ်။
စူးစမ်းဆင်ခြင်သင့်ပါတယ် ရှင် ။ ကျွန်မတို့ မြန်မာပျိုလေးတွေဟာ ခုခေတ်အတော်များများ ဖြစ်ပျက်နေတာက
ခန္ဓာကိုယ်ပေးအပ်မခြင်းကိစ္စကို အရှက်အကြောက်ကင်းစွာ နှင်းဆက်ရဲကြပေမဲ့ ဖြစ်တည်လာမဲ့ လောကဓံတရားတွေကို
တော့သိပ်ထည့်မတွက်ကြသလိုဖြစ်နေတတ်ကြပါတယ် ။
မြန်မာအမျိုးသမီး မိန်းမပျိုဆိုတာ((((( တသက်မှာတခါ တခါမှာ မှ တစ်ယောက် တစ်ယောက်ကိုမှ တစ်ပွင့်
ထဲ သစ္စာရှိစွာ ပန်တတ်ကြသူတွေပါရှင် ရည်စားတစ်ထောင်ထားရင်တောင် လင်ကောင်းတစ်ယောက်ကိုပဲ ရွေးချယ်ပြီး
မိန်းမကောင်းပန်းပန် တစ်ပွင့်ပဲ ပန်တတ်သူမျိုးတွေပါ )))) အဲဒီမိမိပန်ဆင်လိုက်တဲ့ ပန်းတစ်ပွင့်ရဲ့ အနံ့အရသာ
အတွေ့အထိမှာ သာယာသည်ဖြစ်စေ မသာယာသည်ဖြစ်စေ ကျွန်မတို့ မိန်းမပျိုတွေ ပန်ဆင်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့
စိတ်ချမ်းမြေ့မှု့ ပျော်ရွှင်မူ့ ငြိမ်းချမ်းမူ့ပြည့်စုံမူ့တွေဟာ ဖြစ်ကောင်းဖြစ်လာနိုင်သလို မျော်မှန်းသလို ဖြစ်မလာခဲ့ရင်
ကိုယ် တင်ကြို နားလည်ထားခဲ့တဲ့ သိထားခဲ့တဲ့ အရာကိစ္စတွေက ဖြေသိမ့်စရာတွေ ဖြစ်တည်လာပါလိမ့်မယ် ဆိုတာ
သိစေချင်ပါတယ်ရှင် ။
မိန်းမပျိုလေးတစ်ယောက် အိမ်ထောင်ပြုတော့မယ်ဆိုရင် အချစ်ကို ရှေ့တန်းမတင်ချင်ပါနဲ့ ။ ကိုယ်လက်ထပ်ယူမဲ့ ခင်ပွန်းယောက်ျားသားတွေ သမိုင်းဖြစ်စဉ်တွေကို သိရပါ့မယ် ။ နောက်လက်မထပ်ရသေးပဲ ကိုယ့်ရဲ့
အပျိုရည်ကို လွယ်လွယ်ကူကူမပေးအပ်မိပါစေနဲ့ ။ ကိုယ်လက်ထပ်ယူမဲ့ ယောက်ျားတစ်ယောက်ရဲ့ သွေးသားတွေသန့်ရှင်း
စင်ကြယ်ပါရဲ့လားဆိုတာ နှစ်ဦးသဘောတူ လက်တွဲဖို့ ဆုံးဖြတ်ပြီးရင် နောင်လာမဲ့ ကိုယ့်ရင်သွေးလေးတွေထိ စိတ်ချ
ခိုင်မာတဲ့ သန့်ရှင်းစင်ကြယ်မူ့ရှိနေတဲ့ အမျိုးကောင်းသားတစ်ယောက်တော့ဖြစ်သင့်ပါတယ် ။
ဒါကြောင့် ခုခေတ်မှီတိုးတတ်နေတဲ့ ကာလကြီးမှာ နှစ်ဦးနှစ်ဖတ်ကျန်းမာရေးကို အရင်ဆုံးစစ်ဆေးဖို့ ညှိနိုင်း
တိုင်ပင်ပါ စစ်ဆေးပါ ။ သန့်ရှင်းပြီဆိုမှ လက်ထပ်ဖို့ စဉ်းစားပေးကြပါ ။ ဘာလို့ ဒီလိုတင်ပြပေးတာလည်းဆိုရင် မြန်မာပြည်
ရဲ့ HIV VIRUS ကူးစက်ပြန့်ပွားနူန်းတွေက တနေ့ထက်တနေ့ ကြောက်စရာကောင်းအောင် ကူးစက်ပြန့်နှံ့နူန်းတွေ
မြန်နေလို့ ပါ ။
တခု မိန်းမပျိုလေးတွေ အထူးသထိထားရမှာက ကိုယ်လက်ထပ်မဲ့သူကို အယုံကြည်မလွန်မိစေဖို့ပါ ။
အချစ်တွေ မပိုမိပါစေနဲ့ ရှင် ။ ဒီလို ရောဂါတွေဟာ လူကောင်းနဲ့မခြားနေနိုင်လို့ပါ ။ သူကလည်းကိုယ့်ကိုမြတ်နိုးတယ် ။
ကိုယ်ကလည်း သူ့ကိုတန်ဘိုးထားတယ်ဆိုရင် စိတ်ချယုံကြည်စွာ ဆေးစစ်ဆေးမူ့ကို ရယူပေးကြပါရှင် ။
နောက်တခုသိသင့်တာက အိမ်ထောင်ပြုကြပြီဆိုရင် နှစ်ဦးတစ်ကမ္ဘာ ဘ၀လေးနဲ့ တည်ဆောက်နိုင်ရင်
ပိုကောင်းပါလိမ့်မယ် ။ ဒီအခြေအနေတခုကို မပိုင်ဆိုင်နိုင်ဘူးဆိုရင်တော့ ကိုယ့်တို့နှစ်ဦးးးးသာယာချမ်းမြေ့ဖို့ ဗိမ္မာန်ခန်းလေး
တခုကို လုံခြုံစွာဖန်တီးသင့်ပါတယ် ။ ဟိရိသြတ္တပ္ပ တရားဆိုတာ ကျွန်မတို့ မြန်မာယဉ်ကျေးမူ့ရဲ့ အဓိကမဏ္ဍိုင်တခုမို့ပါ ။
ဒီလိုရွှေးချယ်မထားဘူးဆိုရင် တနေ့ထက်တနေ့ အရှက်အကြောက်တွေကင်းလွတ်လာကြရင် လင်မယား
သော်လည်းကောင်း ချစ်သူသော်လည်းကောင်း မိမိကိုယ်သော်လည်းကောင်း အရှက်ကင်းမဲ့လာတတ်ကြပါတယ် ။
ဒီလိုဖြစ်တည်လာပြီဆိုရင် ယဉ်ကျေးမူ့တွေသွေဖယ်လာမယ် ။ ဘာသာရေး အသိပညာနည်းပါးသူမျိုးဆိုရင် အ
ရှက်အကြောက်ကင်းလာတာနဲ့ အမျှ မဖြစ်သင့်တဲ့ ကိစ္စတွေပေါ်ပေါက်လာနိုင်ပါတယ်ရှင် ။
ဒါကြောင့် မြန်မာသမီးပျိုလေးများ သိရှိထားစေချင်တာက အိမ်ထောင်တခုတည်ဆောက်ကြတယ်ဆိုတာ ဒီကာမရာဂအလုပ် ချစ်တတ်ရုံနဲ့ အိမ်ထောင်တစ်ခုကိုမြဲမြံစွာတည်ဆောက်လို့ မရနိုင်ပါဘူး ။ ကမ္ဘာလောကကြီးထဲက
အိမ်ထောင်ရှင်တိုင်း ဒီတစ်ခုနဲ့ တည်ဆောက်ထားကြတာ မဟုတ်ပါဘူးရှင် ။
ဒီဆန္ဒအာသီသရဲ့ ဆိုးကျိုးတွေကို မိန်းမပျိုလေးတိုင်းသတိချပ်ရပါ့မယ် ။ သောက်လေသောက်လေ ငတ်မပြေ
တဲ့ ဆားငန်ရေလို ဒီကာမရာဂဆေးတစ်ခွတ်ကို သောက်သုံးမိသူဟာ သတိဆိုတဲ့ ချွန်းသာ အုပ်မထားဘူးဆိုရင်
တစ်ခွက်ကနေ နှစ်ခွက် သုံးခွက်ဆိုရင် မေ့လျော့တိမ်းမှူးဖွယ် တွေနဲ့ အလုပ်အကိုင်တွေနောက်နှေးလာမယ် ။ အိပ်ယာထ
နောက်ကျလာမယ် ။ အရှက်တရားတွေနည်းပါးလာမယ် ။ ဘာသာယဉ်ကျေးမူ့တွေမေ့လျော့လာကြပါလိမ့်မယ် ။
ကျန်းမာရေးရူ့ထောင့်ကနေကြည့်မယ်ဆိုရင်လဲ ကျန်းမာရေးထိခိုက်ပြီးအသက်တိုစေနိုင်ပါတယ် ။ ဒါကြောင့်
မိန်းမသားလေးတွေဟာ ကိုယ့်လင်သားခင်ပွန်းလောင်းကို ပြုစုလပ်ကျွေးရာမှာ လိမ္မာပါးနပ်တတ်ရပါ့မယ် ။ ယောက်ျားဆိုတဲ့
အမျိုးက ဒီလို ကိစ္စမျိုးတွေမှာ ဖွဲတစ်ဆုပ်နိုင်သည်ထိ တပ်မတ်တတ်ပါတယ် ။ ဒါကြောင့်လည်း နွားအိုမြတ်နုကြိုက်ဆိုတဲ့ စ
ကားပုံတွေပေါ်ထွန်းလာခဲ့တာပေါ့ ။
မိန်းမသားတွေ အိမ်ထောင်မူ့ကို ဘာသာရေးနဲ့ မထိန်းချုပ်တတ်ဘူးဆိုရင် ဒီကိလေသာ အညစ်အကြေး
ရဲ့သားကောင်တွေဖြစ်မှန်းမသိဖြစ်ကုန်ပြီး အာသာဆန္ဒပြင်းပြမူ့ရဲ့ နောက်ကွယ်မှာ ပျက်စီးဆုံးရူံးမူ့တွေကို ခံစားရဖွယ်
တွေကို ပိုင်ဆိုင်တတ်ပါတယ် ။ ဒါကြောင့် မိန်းမပျိုလေးတွေ အိမ်ထောင်ပြုဖို့ သေချာပြီဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ဖတ်ကို
နားလည်မူ့တွေ နှီးနှော ဖလှယ်သင့်ပါတယ် ။ အချိန်ကာလတွေသက်မှတ်သင့်ပါတယ် ရှင် ။
တကယ်လို့ ဒီလိုပြင်ဆင်မထားဘဲ ကြုံသလိုကျသလို ပြုမူဆက်ဆံနေကြမယ်ဆိုရင် တချိန်တခါမဟုတ် ကိုယ့်ရဲ့
မိဘ မောင်ဘွား ဆွေမျိုးသားချင်းမိတ်ဆွေသူငယ်ချင်းတွေနဲ့ ကိုယ့်ရဲ့ ဖိုသီဖတ်သီပုံစံတွေ မမြင်သင့်တာတွေကို မြင်သွားခဲ့
မယ်ဆိုရင် တော့ မိန်းမပျိုလေးတွေဟာ သူတပါးရဲ့ ကဲ့ရဲ့ပြစ်တင်မူ့ကို ခံစားရမှာ မလွဲမသွေပါတည်း။
ယိုသူမရှက် မြင်သူရှက်တတ်တဲ့ အလုပ်တွေကို ရှောင်ကျဉ်တတ်ပါစေကွယ် ။
နောက်တခု မြန်မာမိန်းမပျိုလေးများသိသင့်တာက ရှေးပညာရှိကြီးများ ဘိုးဘွားများသွန်သင်ဆုံးမခဲ့တဲ့ ရှေး
ကျင့်ဝတ်တွေကို လိုက်နာသိထားရပါ့မယ်ရှင် ။ ဘာတွေလည်းဆိုရင် မိန်းမသားလေးတွေ ဒီလိုကာမရာဂ ရောယှတ်မဲ့
သူတွေဟာ မြန်မာထုံးထမ်းဓလေ့ အခါကြီး ရက်ကြီးတွေ ဥုံးဗုဓ်ရက်မြတ်တွေ လ္ဆန်း ( ၁ ) ရက်နေ့တွေမှာ ဒီလိုအမူ့တွေကို
ရှောင်ရှားရပါ့မယ် ရှင် ။ ဒီလိုရက်မြတ်တွေကို ရှောင်ရှားတဲ့ အိမ်ထောင်ရှင်တွေဟာ ချမ်းသာကြီးခြင်းနဲ့ မင်္ဂလာအပေါင်းနဲ့
ပြည့်စုံစေပါတယ် ။ ဘာသာယဉ်ကျေးမူ့ကို ထိန်းသိမ်းရာလည်းရောက်ပါတယ် ။
ညဖတ်မှာ လွန်ကျူးစွာနောက်ကျမူ့တွေများလာရင် မနက်ဖတ် ကျွန်မတို့ မိန်းမသားတွေတာဝန်ဖြစ်တဲ့ လင်
သားတွေတွက်ပြင်ဆင်ပေးခြင်းအမူ့လျော့ပါးလာပါ့မယ် ။ချစ်စခင်စကြင်နာမြတ်နိုးစမှာ မောင်မင်းကြီးသားတွေက အပြစ်တော်
မပို သူ့အလိုကျဆိုတော့ ထိပ်ပေါ်တင်ထားကောင်းတင်ထားနိုင်ပေမဲ့ အိမ်ထောင်သက်လေးရလာရင်တော့ ကျွန်မတို့
ရဲ့ အလိုလိုက်အကြိုက်ဆောင်ပေးခဲ့ခြင်းတွေက ထိန်းမနိုင်သိမ်းမရဘဲ မိမိကိုယ်ပေါ်အပြစ်တွေ ပုံလာတတ်ပါလိမ့်မယ် ။
နောက် ကျွန်မတို့ မြန်မာမိန်းမပျိုတွေ၇ဲ့ ကိုးကွယ်ယုံကြည်မူ့ဆိုင်၇ာ မြတ်ဗုဒ္ဓ ဘုရားရှင်ကို ဆည်းကပ်ခြင်း
အမူ့တွေ နောက်ကျလာတာနဲ့ အမျှ ဘာသာရေးဖတ်မှာ လွန်ကဲစွာအားနည်းလာရင် ယဉ်ကျေးမူ့တရားတွေလျော့နည်း
လာပါလိမ့်မယ်ရှင် .............. ယဉ်ကျေးမူ့ အရာတွေလျော့ပါးလာတဲ့ မိန်းမသားတစ်ယောက်ဟာ မပြုအပ်မလုပ်အပ်
တာတွေကို ပြုကျင့်လာမယ်ဆိုရင် သာယာငြိမ်းအေးတဲ့ မိသားစုဗိမ္မာန်လေးဟာ ခိုင်ခန့်ဖို့ အင်အားတွေချို့တဲ့လာမှာလဲ
မလွဲမသွေပါတည်း ။
ဒါကြောင့် မိန်းမပျိုလေးတွေ အိမ်ထောင်တခုတည်ဆောက်ပြုတော့မယ်ဆိုရင် ကိုယ့်အိမ်ထောင်ဖတ်ကို ဘယ်
လိုပုံစံပြုမူနေထိုင်ကြမယ်ဆိုတာ ဆွေးနွေးတိုင်ပင်ကြပါ ။ တခွတ်သောက်လိုက်တဲ့ ဆေးခါးကြီးအောက်မှာ သာယာမူ့ကို
ထိန်းချုပ်နိုင်တဲ့ မယားကောင်းတွေဖြစ်အောင်ကြိုးစားကြပါ ။ဘာသာယဉ်ကျေးမူ့ရှေးထုံးထမ်းတွေကို မသွေဖယ်တဲ့ မိန်းမ
ကောင်းလေးတွေဖြစ်အောင် လေ့လာသင်ယူကြပါ ။
သက်ကြီးစကားသက်ငယ်ကြားဆိုသလို အိမ်ထောင်ရဲ့ လိုအပ်မူ့တွေကို ဟိရိသြတ္တပ္ပ တရားတွေနဲ့ မမြင်
သင့်တာ မမြင်အောင်သိုသိပ်သင့်တာ သိုသိပ်တတ်အောင် စွမ်းဆောင်နိုင်တဲ့ အမျိုးကောင်းသမီး အိမ်ထောင်ရှင်မကောင်း
လေးများ ဖြစ်အောင်ကြိုးစားကြပြီး အနာဂတ်မျိုးဆက်သစ်တွေကို ယဉ်ကျေးလိမ္မာတတ်သိပြီး အမျိုးဘာသာ ယဉ်ကျေးမူ့
အမွှေအနှစ်တွေကိုလေ့စားတန်ဘိုးထားတတ်သော မျိုးဆက်သစ်ရင်သွေးငယ်တွေကို ပျိုးချနိုင်သော အမျိုးကောင်းသမီး
အိမ်ထောင်ရှင်မကောင်းများ ဖြစ်ကြပါစေလို့ ................................................................................။
******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******
(၁၀ . ၁၂ . ၂၀၁၃ .)
ကြာပါတယ်ဆရာရယ်...
$
0
0
ဒီဖွဲ့စည်းပုံဥပဒေကို မပြုပြင်သရွေ့တော့ မြန်မာနိုင်ငံဟာ
တကယ့် ဒီမိုကရေစီလမ်းကြောင်းကို မရောက်နိုင်ပါဘူး။
                                (ဒေါ်အောင်ဆန်းစုကြည်)
စနစ်တစ်ခုအကူးအပြောင်းမှာ သမိုင်းနောက်ကြောင်းတွေအရ
စနစ်သစ်ကိုလိုလားသူများကတစ်ဖက် ၊ စနစ်ဟောင်းကိုဖက်
တွယ်ပြီး အရသာတွေ့နေသူများကတစ်ဖက် အားပြိုင်လျှက်
လွန်ဆွဲနေတတ်တဲ့သဘောတွေ ရှိတတ်ပါတယ်။ တကယ်တန်း
တွေးရင် တိုင်းပြည်ကို ပြန်ကြည့်သင့်ပါတယ် ။ တိုင်းပြည်မှာ
မိမိတို့လုပ်ကိုင်ခဲ့တဲ့အာဏာရှစ်စနစ်ကြောင့် တစ်စစီပျက်စီးနေတာ
ကိုတွေ့မြင်နိုင်ပါတယ် ။ မြင်သာထင်သာရှိနေပါပြီ ။ ဘယ်သူတွေ
ကချမ်းသာပြီး ဘယ်သူတွေက နှိပ်စက်ခံ ဆင်းရဲသားဘ၀ နင်းပြား
ဖြစ်နေရတာကိုမြင်နေကြပြီ ။ စနစ်ဟောင်းသည် တိုင်းပြည်ကို
အကြိုးမပြုနိုင်တော့သောအခါ စနစ်သစ်တစ်ခုကို ပြည်သူတွေက
တောင်းဆိုနေကြပါပြီ။ ဒါကိုအေးချမ်းစွာအကောင်အထည်ဖော်
လိုက်လျောဘို့ အချိန်တန်နေပြီဆိုတာ လက်ရှိ နိုင်ငံအုပ်ချုပ်နေများ
ကနားလည်လက်ခံသင့်ပါတယ် ။  ပြည်သူကို အကြိုးပြုမည့်
“ဒီမိုကရေစီစနစ်“ ကို အစားထိုးပြုပြင်ကာ  ပီပြင်အောင်ဆောင်ရွက်
သင့်နေပါပြီ။ ဒါကိုအလေးကရုမထားပဲကိုယ်ကျိုးသမားများ သာ ကြီးပွား
 ရှင်သန်နေသောစနစ်ဟောင်း ကြီးကိုဆက်လက်ဆုတ်ကိုင်ထားမယ်
ဆိုရင် တိုင်းပြည်အလွန် နစ်နာပါမယ်။ ပြည်သူများရဲ့ အသက်သွေးတွေ
ထပ်မံမပေးဆပ် ရပဲ တကယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်
အမြန်ဆုံးတင်ပို့ပေးသင့်နေပါပြီ ။“ ကြာပါတယ်ဆရာရယ်...“ လို့သာပြော
လိုက်ချင်ပါသည်။
ကျေးဇူးတင်ပါသည်။
ကိုယ်တိုင်ရေး
မြင့်စိုး (11-12-2013)
မေ၇းချင်ခဲ့သော ဘလော့ တစ်ပုဒ် (သို့ ) ဒီနိုင်းခ
$
0
0
         လူတွေမှာ သူတို့ ဘယ်လောက်၇ိုးသားတယ် ဖြူစင်တယ်သစ္စာ၇ှိတယ်ဆိုတာကို ဘာနဲ့တိုင်းတာကြလဲ နေ့ တနေ့ စပြုတာနဲ့ လူတွေပေါ်ဘယ်လိုကောင်းကျိုးပြု၇မလဲမတွေးမိဘူး  ဒီနိုင်းခ အွန်လိုင်းပေါ်ေ၇ာက်နေတယ် တွေ့ သမျှလူတွေကိုညာတယ်  လိမ်တယ် ဒီနိုင်းခ ဟာ လူလိမ်တစ်ယောက်ပါ
                 ဒီနိုင်းခ ခုတလော တော်တော်လေးေ စိတ်ပျက်နေတယ် ဘာလို့ လဲ ဆိုတော့ သူ လိမ်၇မဲ့သူမ၇ှိတော့လို့ ပါ  သူလိမ်ခဲ့မိတာတွေကို လိုက်တောင်းပန်မိတယ်  အားလုံးကအပြစ်တင်ပြောဆိုကြတယ် ဒီနိုင်းခ ငြိမ်နေတယ်ဘာမှပြန်မပြောဘူး  ဒါပေမဲ့သူ့ ၇င်ထဲမှာတော့ပေါ့ပါးပြီး၇ှင်းလင်းနေတယ်  သူ ၇ိုးရိုးသားနိုင်ပြီပေါ့ဗျာ  ဒါပေမဲ့ ကံတရားက ဒီနိုင်းခကိုအလွတ်မပေးပါဘူး
                  ရိုးသားမှုမှာအရောင်တွေပါတယ် တဲ့  နင်တမင်လုပ်တာမလားတဲ့  မသိလိုက်တာဘာကြောင့်ပါလဲတဲ့ ဘာလို့ မပြောပဲအလိုလို မသိနိုင်တာလဲတဲ့ ဒီနိုင်းခ ရိုးသားတာမကောင်းဘူး သေချင်လောက်အောင်စိတ်ညစ်ပါတယ် ဒီနေ့ နဲ့  မနက်ဖြန်တောင်ပေါ်တင်ပဲ မသိသလို ဒီနိုင်းခ နေလိုက်တယ် ကောင်းပါတယ် ဒီနိုင်းခမှာ ချစ်တဲ့သူမရှိသလိုမုန်းတဲ့သူလဲမရှိဘူး  တနေ့ တနေ့  လိုင်းပေါ်ရောက်ရင် တောထွက်တော့မဲ့ သိက္ခာတော်ရ ပု၈္ဂိုလ် တစ်ယောက်လိုနေရတော့မလား မနေ့ ကမှရင်းရင်းနှီးနှီး ပြောခဲ့ဆိုခဲ့တယ်ဒီနေ့ ကျတော့  ဟလို  ဟိုင်း  နေကောင်းလား ဘယ်သူလဲ  နာမယ်ဘယ်လိုခေါ်လဲ ဘယ်မှာနေတာလဲ   အသက်ကကောဘယ်လောက်ရှိပြီလဲ  ပြန်မေးရမှာလား မတွေ့ ချင်လို့ ရှောင်ရင်တော့ဒီနိုင်းခတို့ ကဝေးပါသေးတယ်  ရင်ကိုမခုန်တတ်တာပါ  ရင်ခုန်တတ်ရင်၁၄နှစ်သားထဲက အိမ်ထောင်ကျနေလောက်ပြီ မရေးချင်ပေမဲ့ရေးရတယ် ဒီနိုင်းခ နင်ရူးနေလားလို့ မေးရင်တော့ ဟုတ် ရူးတော့မရူးသေးဘူး ရူးသွားရင်တော့ကောင်းတာပေါ့လို့ ပြောချင်တယ်
            လူတစ်ယောက်ကိုလက်ညှိုးထိုးမိရင်သေချာပြန်ကြည့် ပါ ကိုယ့်ဘက်ကို ကိုယ် ကိုယ်တိုင်သုံးချောင်းပြန်ထိုးနေတယ် သတိပေးတာပါ  ဒီနိုင်းခကို အဖေလူအမေလူက မွေးပေးထားတာ လူလိုနားလည်ပါတယ်လူလိုလဲအသိတရားရှိတယ် လူလိုခံစားတယ် တကယ်တန်းပြေကြစတမ်းဆိုရင်ဒီနိုင်းခပေးခဲ့တာပဲရှိပါတယ် ဘာကိုမှပြန်ရယူလိုချင်းမရှိဘူး   ကိုယ့်လမ်းကိုယ် ဖောက် ကိုယ့်လမ်းကိုလျှောက်ခဲ့တာလို့  လိပ်ပြာသန့် သန့် နဲ့ပြောချင်၇င်တော့  သေချာပြန်တွေးပါ ဒီနိုင်းခ က အဲ့ဒီလမ်းကိုပြခဲ့တာပါ မေ့မယ်ဆိုလဲထမင်းမေ့ဟင်းမေ့ မေ့ပါဗျာ ဒီနိုင်းခမရိုင်းချင်ပါဘူး  ရိုင်းတာလို့ လဲဆိုတော့ရိုင်းအောင်လုပ်လို့ ပါ
သာသနာပြုစိတ်ဓာတ်(သို့မဟုတ်)သာသနာပြုနည်းလမ်းကောင်း
$
0
0
သာသနာပြုရဟန်းတော်များတွက် မြတ်ဗုဒ္ဓလမ်းညွှန်တော်မူခဲ့သော သာသနာပြုရာ၌ ထားရမည့်စိတ်ထား,သဘောထားများ ရှိပါသည်။ သို့သော် ဤနေရာ၌မူ ထိုလမ်းညွှန်ချက်များ၏ တစ်စိတ်တစ်ဒေသဖြစ်သော အဓိကကျသော သင်္ဂဟ၀တ္ထု(၄)ပါးကိုသာ ဖော်ပြသွားပါမည်။
သာသနာပြုရဟန်းတော်များသည် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော သင်္ဂဟ၀တ္ထုလေးပါးနှင့် ပြည့်စုံအောင် ကြိုးစားကြရမည်ဖြစ်ပါသည်။ သင်္ဂဟ၀တ္ထုလေးပါးကို လိုက်နာကျင့်သုံးနိုင်မည်ဆိုပါက သာသနာပြုလုပ်ငန်းကို အောင်အောင်မြင်မြင်ဖြင့် ရှေ့ဆက်နိုင်ကြမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်က အိန္ဒိယနိုင်ငံတွင် မြတ်ဗုဒ္ဓကိုယ်တော်တိုင် လိုက်နာကျင့်သုံးခဲ့သော တရားတော်မြတ်ဖြစ်သောကြောင့် ဖြစ်ပါသည်။ အချိန်ကာလများစွာ ပြောင်းလဲခဲ့သော်လည်း မြတ်ဗုဒ္ဓ၏ တရားတော်များသည်ကား ယနေ့ခေတ်အထိ အသက်ဝင်မှန်ကန်နေဆဲပင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုသင်္ဂဟတရား(၄)ပါးဟူသည်မှာ-
၁။ ဒါန- လှူဒါန်း,ပေးကမ်းစွန့်ကြဲခြင်း
၂။ ပီယ၀ါစာ- ချစ်ခင်နှစ်သက်ဖွယ်စကားကို ပြောဆိုတတ်ခြင်း
၃။ အတ္တဟိတ- မိမိအကျိုးစီးပွားကို ဆောင်ရွက်ခြင်း
၎။ ကိုယ်နှင့်တန်းတူထား၍ ဆက်ဆံခြင်း-တို့ ဖြစ်ပါသည်။
နံပါတ်(၁) စွန့်ကြဲပေးကမ်းခြင်း-ဟူသည် ယနေ့ခေတ် သာသနာပြုရဟန်းတော်များ၏ ကိုယ်တွေ့ဖြစ်ရပ်များကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါသည်။ တောင်တန်းသာသနာပြု ရဟန်းတော်များသည် မြတ်ဗုဒ္ဓ၏သာသနာတော် တည်တံ့ပြန့်ပွားစေရေးကို ရည်မျှော်ကိုး၍ သာသနာပြုလုပ်ငန်းကို လုပ်ဆောင်နေကြသူများဖြစ်သောကြောင့် ဖြန့်ထားသောလက်ဖြင့် ယူနေကြသူများဖြစ်ပါသည်။ ဤနေရာ၌ မိမိပိုင်ဆိုင်သည့် လာဘ်လာဘမှန်သမျှကို သာသနာတော်အတွက် အသုံးချ၍ ကုသိုလ်တရားတို့ကို ပြန်လည်ယူနေခြင်းကို ဆိုလိုပါသည်။
နံပါတ်(၂) ချစ်ခင်နှစ်သက်ဖွယ်စကားကို ပြောဆိုခြင်း-ဟူသည်မှာလည်း အသုံးဝင်နေဆဲဖြစ်သော သြ၀ါဒစကားပင်ဖြစ်ပါသည်။ လောကအတွင်းရှိ သတ်ရှိသတ္တ၀ါမှန်သမျှသည် ချိုသာသောစကားကိုသာ အလိုရှိကြပါသည်။ ဘာသာစကားချင်း ကွဲပြားကြသော်လည်း နှစ်သက်သောအပြောအဆိုနှင့် မနှစ်သက်သော အပြောအဆိုတို့ကိုမူ သတ်ရှိသတ္တ၀ါတိုင်း ခွဲခြားနိုင်ကြပါသည်။ ဥပမာအားဖြင့် အိမ်မွေးတိရိစ္ဆာန်များသည် လူသားတို့၏စကားကို နားမလည်ကြသော်လည်း ကြမ်းကြမ်းပြောဆိုဆက်ဆံမူ မနှစ်သက်ဖွယ်အမူအရာ ဖြစ်ကြောင်းကို သိရှိနားလည်ကြပါသည်။ နှစ်သက်ဖွယ်စကားကိုပြောဆိုခြင်းသည် မေတ္တာတရားကို ပြသရာရောက်ပါသည်။ ထို့ပြင် ချိုသာသော အပြောအဆို,အပြုအမူတို့သည် သာသနာပြုရဟန်းတော်များ၏ သာသနာပြုခရီးလမ်းအတွက် လက်နက်ကောင်းအဖြစ် တည်ရှိနေမည် ဖြစ်ပါသည်။
နံပါတ်(၃) မိမိအကျိုးစီးပွားကို ဆောင်ရွက်ခြင်း-ဟူသည် နယ်စပ်နှင့်တောင်တန်းဒေသများတွင် သာသနာပြုကြရသော ရဟန်းတော်များသည် သာသနာပြုလုပ်ငန်း ပရဟတိ-ကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သို့သော်လည်း မိမိအကျိုးစီးပွားဖြစ်သော လောကုတ္တရာပိုင်းကိုလည်း မလစ်ဟင်းစေရန် အထူးဂရုစိုက်ကြရမည်ဖြစ်ပါသည်။
နံပါတ်(၄) ကိုယ်နှင့်တန်းတူထား၍ ပေါင်းသင်းဆက်ဆံခြင်း-ဟူသည် သာသနာပြုရဟန်းတော်များအနေဖြင့် “ငါ..ရဟန်း”ဟူသော အမှတ်သညာ ထားရှိရမည်ဖြစ်သော်လည်း ထို“ရဟန်း”ဟူသောဂုဏ်ကြောင့် မာန်မာနများ ထောင်လွှားမှုမရှိစေရန် သတိပြုရမည်ဖြစ်ပါသည်။ တောင်ပေါ်သူ,တောင်ပေါ်သားတို့အပေါ်၌ မိမိနှင့်တန်းတူထားကာ ခွဲခြားမှုကင်းစွာဖြင့် ဆက်ဆံပေါင်းသင်းရမည်ဖြစ်ပါသည်။ ခရစ်ယာန်သာသနာပြုဓမ္မဆရာများသည် နံက်မိုးလင်းသည်နှင့် ရွာအတွင်းသို့လှည့်လည်၍ သာကြောင်းမာကြောင်းများမေးကာ လောက၀တ်ပြုကြသည်။ တောင်ပေါ်သူ,တောင်ပေါ်သားတို့၏ လုပ်ငန်းခွင်နေရာများသို့လည်း နေ့စဉ်သွားရောက်၍ လုပ်ငန်းအခြေအနေများကို မေးမြန်းလေ့ရှိကြသည်။ စကားစမြည်ပြော၍ ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ကြသည်။ ဤသို့ဖြင့် တောင်ပေါ်သူ,တောင်ပေါ်သားတို့၏စိတ်ကို တဖြည်းဖြည်း သိမ်းယူခဲ့ကြသည်။ ဤနည်းစနစ်သည် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော သမာနတ္တတာ-ပင် ဖြစ်ပါသည်။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
"အရှက်ဓားပြတိုက်သူများသို့….."
$
0
0
အရှက်ဓားပြတိုက်သူများသို့…..
ဒီနေ့မနက် ရုံးမှာ ကြုံလာခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကြောင့်….ကျွန်မ ဒီဆောင်းပါးလေးကို ရေးဖို့ စိတ်ကူးမိတာပါ….။
ခေတ်ကြီးကိုပဲ အပြစ်တင်ရမလား…… ခေတ္တခဏ မျက်လုံးအရသာခံ ကာမဂုဏ်ဖြေတတ်တဲ့ သူတွေ ပေါများလာတာကိုပဲ တအံ့တသြ ရပ်ငေး မှင်သက်နေရမလား ….. ဒွိဟစိတ်အစဉ်က ဘာကိုပဲတွေးတွေး မကျေနပ်ဖြစ်နေခြင်းကိုပဲ ညွှန်ပြနေတော့တယ်….။
အဖြစ်ကဒီလိုပါ မနက်က ရုံးမှာ လုပ်ဖော်ကိုင်ဖက်တွေ အုံ့အုံ့ကျက်ကျက် ဖြစ်နေတာနဲ့ ကြုံရပါတယ်….။ ဒါနဲ့ပဲ ကျွန်မလည်း "ဘာတွေဖြစ်လို့လဲဟေ" ဟု အချင်းချင်း လက်တို့ကြည့်တော့မှ……သူငယ်ချင်းက ကျွန်မအမေးကိုပင် မဖြေနိုင်ဘဲ "ဟယ် ဟိုမှာ ငါလား….မသိဘူး " ဟု စိုးရိမ်တကြီးပြောရင်း သူမက လက်ညှိုးညွှန်ပြလိုက်တော့မှ. …facebook page တစ်ခုမှာ မိန်းကလေးတွေရဲ့ အနောက်ဘက်တွေကို အသားပေး ခိုးရိုက်ထားတဲ့ ပုံတွေချည်းတင်ထားတာကြောင့် သူများဖြစ်နေမလား ငါများဖြစ်နေမလားဆိုတဲ့ စိုးထိတ်ထိတ်နဲ့ ထို page ထဲရှိ ပုံအားလုံးကို တစ်ပုံပြီးတစ်ပုံ ၀ိုင်းအုံကြည့်နေကြခြင်းဖြစ်တယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်….။ပိုဆိုးရွားတာက အဲဒီ့ပုံတွေဟာ….အစိုးရဘဏ် ယူနီဖောင်းတွေနဲ့ မိန်းကလေးတွေ….. ပုဂ္ဂလိက ဘဏ်များမှ ၀န်ထမ်း မိန်းကလေးတွေ နောက်ပြီး တခြားကုမ္ပဏီ ၀န်ထမ်းမိန်းကလေးတွေရော….သူသူ ငါငါ လိုရာခရီးသွားနေကြတဲ့ လမ်းမပေါ်က မိန်းကလေးတွေသာမက….လိုင်းကားပေါ်စီးနေတဲ့ မိန်းကလေးတွေ….Supermarket ထဲ ဈေးဝယ်နေကြတဲ့ မိန်းကလေးတွေပါ မကျန်….. ရှုထောင့်အစုံကနေပြီး အနောက်ဘက် အောက်ပိုင်းဦးစားပေး ရိုက်ထားခြင်းပါပဲ….။
တချို့တချို့သော မိန်းကလေးတွေ မိမိကိုယ်တိုင်က ပါဝင်ပတ်သက်မိလို့ တိုင်းသိ ပြည်သိအောင်ထိ အရှက်အခွဲခံရတဲ့ ကိစ္စရပ်တွေအပေါ် ကျွန်မ မည်သည့်ဝေဖန်မှုမှ မပြုလုပ်ခဲ့ဖူးပါ (ပတ်သက် ကျူးလွန်တာကတော့ တပိုင်းပေါ့လေ….ဘယ်မိန်းကလေးကတော့ ဒီလိုမျိုးကြီး အရှက်ကွဲချင်ပါ့မလဲလို့ တွေးမိတာရယ်…. အဲလိုမျိုးတွေရှိမှလည်း ခုခေတ်ကလေးတွေ တော်ကာ ကျမှာဆိုတဲ့ သိရှိထားခြင်း လူငယ်အနည်းစုတွေကိုပဲ ခုခေတ်ကလေး အားလုံးနဲ့ မညှာမတာပေါင်းစပ်…. ပြောထွက်ရက်တဲ့ ရှေးလူကြီးတွေရဲ့ ရာနှုန်းပြည့် မမှန်မကန်ဖြစ်နေတတ်တဲ့ အယူအဆတွေရယ်….နောက်ပြီးတော့…. ထိုအခြေအနေမျိုးကိုမှ အားရ၀မ်းသာ စောင့်ကြည့် မှတ်တမ်းတင်နေတတ်တဲ့ လူ့အံ့ဖွယ်တွေရှိနေသမျှတော့….ဒီလို သတင်း ဒီလို အချင်းတွေ ဖြစ်ပွားနေတာ မဆန်းပါဘူးလေ ဆိုတဲ့ အတွေးတွေရယ်ကြောင့်….ကိုယ့်အသိနဲ့ ကိုယ် သုံးသပ်လာခဲ့တာပါ)
ဒါပေမယ့် ကျွန်မ အဲဒီ့ အချိန်ကတည်းက ထိုသို့ မှတ်တမ်းတင်တတ်တဲ့ လူတွေကို မေးခွန်းတစ်ခုမေးချင်ခဲ့မိတာ…..။
သူတို့အနေနဲ့ ဘာအကျိုးအမြတ်ရလိုက်သလဲလို့….။ "ဘာမှ မရပါဘူး ဒီလောက်ဖြစ်ပျက်နေတဲ့ဟာတွေကို ပညာပေးချင်ရုံပါ"လို့များ အကြောင်းပြချက်ကောင်းကြားလာရရင်တော့ဖြင့်….ကျွန်မအနေနဲ့ အကြံလေးတစ်ခုပေးချင်သား….ကိုယ်က အဲဒီလို စိတ်တကယ်ရှိတာမှန်ရင်…… သူတို့တောင် ခုလို ဖြစ်လာမှာ မဟုတ်ဘူးလေ….ထိုအခြေအနေကို ကိုယ်သိနေရင် ၀င်တားပေါ့…..။ မတားနိုင်ဘူးပဲထား….. ကာယကံရှင်တွေကို ခေါ်ပြီး ကိုယ်သိရှိကြောင်း တိုးတိုးတိတ်တိတ်ပြော…..သက်သေ ဆိုတာပါပြချင်နေရင်လည်း မှတ်တမ်းတင်ထားတာကို ပြ…..ပြီးရင် နောက်ထပ် ဆင်ခြင်ဖို့သာ တားကြပါတော့လား…. ဘာကြောင့်များ လူတကာလက်ထဲထိ ရောက်အောင် ဖြန့်ချီချင်တဲ့ စိတ်တွေ မွေးဖွားပစ်လိုက်ကြတာလဲ…..??? ။
ထိုမိန်းကလေးရဲ့ ဖခင်… အစ်ကို ….မောင် စတဲ့ ဆွေမျိုးသားချင်း နေရာမှာ ငါသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာ တရားလေး ပေါ်ပေါက်စေရင်း…. အစားဝင် ခံစားပေးကြည့်လိုက်ပါတော့လား…..။
အို သူတို့ဖာသာ ဖြစ်ချင်တိုင်း ဖြစ်နေလို့ ….မိုးမမြင်လေမမြင်ဖြစ်နေလို့….. ခိုးရိုက်လိုက်တာ ဘာဖြစ်လဲ လို့ ကိုယ့်လုပ်ရပ်ကို စိတ်နဲ့ မသိမသာ အားပေးလိုက်မယ့်အစား…..ဒီလို မျိုးတွေလည်း ရှိတယ်….ငါ့အစ်မ ငါ့ညီမ ငါ့သူငယ်ချင်း မိန်းကလေးတွေကို ဒီလို မဖြစ်အောင် တတ်နိုင်သလောက် တားရမယ်လို့တွေးရင်း ကိုယ်မြင်ရတာတွေကို လျစ်လှူလျူပြီး လှည့်ထွက်လာပါတော့လား…..။
ဘယ်လောက်များ အကုသိုလ်ကင်းလိုက်မလဲ….။ ဒီလိုမှမဟုတ်ဘဲ….ကိုယ့်လုပ်ရပ်ကို စိတ်နဲ့ သာသာထိုးထိုး အားပေးမိလို့ ကိုယ့်အစီအစဉ်ကလည်း ဖြစ်မြောက်….ကာယကံရှင် အသိုင်းအ၀ိုင်းထဲလည်း လက်ဝယ်ပြန်ရောက်သွားပြီဆိုရင်တော့ တစ်ရှက်ကနေ နှစ်ရှက်…..တချို့ဆို လူ့အသက် တစ်သက် နှစ်သက် ဆုံးရှုံးရတဲ့အထိ ပေးဆပ်လိုက်ရတာတွေရှိပါတယ်….။ ကိုယ့်လုပ်ရပ်ကြောင့် ထိုသို့ ပူဆွေးအမြိုက်တွေ ကျွမ်းလောင်နေကြရတဲ့အခါ….အကုသိုလ်တွေကလည်း ကိုယ့်အတွက် အင်တိုက်အားတိုက် စုဖွဲ့လာကြပြီလေ….။ တစ်ချိန်ချိန် တစ်နေ့နေ့မှာ…..အကြောင်းအရာတစ်ခုခုကြောင့် ထို အကုသိုလ်တွေ ကိုယ့်ကို နှိပ်စက်ကြတော့မယ်….။
သေချာ စဉ်းစားကြည့်ပါ….. အခိုက်အတန့်လေး သူတစ်ပါးရဲ့အရှက်ကို ကိုယ်က တဆင့် လူတကာဆီ ပြန်ပွားစေမိလိုက်တာနဲ့…ကိုယ်ကိုယ်တိုင် ပြန်ခံစားမယ့်ကာလက ကိုယ့်အတွက် တသီးတသန့် ပြန်ရှိလာတော့မယ်….။ ဘယ်လောက် မတန်လိုက်သလဲ…? ကိုယ်လည်း ဘာအကျိုးမှ မရရှိလိုက်ဘဲ….. အကုသိုလ်က တရစ်ရစ် တက်လာတော့မယ်….။ ဘာလို့ ဖြစ်ခွင့်ပေးရမှာလဲ….?
လူတိုင်း ကိုယ့်ကိုယ်ကို ချစ်ကြတာပဲလေ….. ကိုယ့်ကိုယ်ကို ချစ်ကြမှတော့ ဒုက္ခမဖြစ်စေတဲ့ နည်းပဲ ရွေးမှာပေါ့…. မကောင်းမှုဆိုတဲ့အရာက ဒုက္ခကို ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ခေါ်ဆောင်လာတတ်တယ်လေ…...။ ကိုယ့်ကြောင့် သူတစ်ပါး အရှက်ကွဲရတာကလည်း မကောင်းမှုတွေထဲက တစ်ခုဆိုတော့…… ဒုက္ခနဲ့ ကိုယ့်ဘ၀ အငြိမခံပါနဲ့လား…။ ကိုယ်ကောင်းအောင်နေရင် ကိုယ့်အတွက်ကြီးပါပဲ…။ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘ၀ကို မကောင်းမှုတွေ ဖယ်ရင်း အကောင်းဆုံးကယ်ဆင်သင့်တာပေါ့….။
အထက်အကြောင်းအရာက တင်ပြချင်နေတာနဲ့ ဆက်စပ်မှုရှိလို့ ကျွန်မ ယူဆမှုလေးဝေငှပေးလိုက်တာပါ….။ ခုလတ်လတ်ဆက်ဆက် ကြုံတွေ့ခံစားမိတဲ့ အဖြစ်လေးဆီ ပြန်သွားရရင်တော့…..
မိမိဘာသာမိမိ နိစ္စဒူဝ သွားလာလှုပ်ရှားနေကြတဲ့ မိန်းကလေးတွေဆီ ဘာလို့များ မြှားဦးလှည့်ရတာလဲဆိုတဲ့ အတွေးဝင်္ကာပါထဲ ကျွန်မ ထွက်မရနိုင်တာပါ….။ မိန်းကလေးတွေအနေနဲ့ တခြား တခြား သတိထားရမယ့် အရာတွေ ရှိခဲ့ပါတယ်….
ဥပမာ….အကျီ င်္ဆိုင်တွေမှာ အကျီ င်္ဝင်ဝယ်တဲ့အခါ အ၀တ်လဲခန်း (Fitting room) တွေမှာ လျို့ဝှက်ကင်မရာ(Hidden Camera) တွေ တပ်ထားတာကြောင့် မိန်းကလေးတွေအနေနဲ့ ဆင်ခြင်ကြဖို့ပေါ့….။ ထိုသို့ သတိထားစရာဆိုရင်တော့ မိန်းကလေးတွေအတွက် ဆင်ခြင်စရာရှိတယ်လေ…။ များသောအားဖြင့် စိတ်မှန်းနဲ့ တော်တယ် မှတ်ယူပြီး အစမ်းဝတ်ကြည့်မနေတော့ပဲ ၀ယ်လိုက်တာမျိုး…..ဒါမှမဟုတ် ဂျင်းဘောင်းဘီလိုမျိုး ၀တ်ကြည့်မှ အဆင်ပြေမယ့်အရာဆိုရင်လည်း ထမီဝတ်လာပြီး လုံလုံခြုံခြုံ ၀တ်ကြည့်လိုက်တာမျိုးက မိန်းကလေးတိုင်းအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာရောက်တယ်….။ အခုလို သွားလာလှုပ်ရှားနေတဲ့ ပုံကို ဓါတ်ပုံချောင်းရိုက်ခံရ…. ပြီးတော့ facebook ပေါ်တင်ပြီး အချိန်ရှိသရွေ့ မျက်စိအရသာ ထိုင်ကျွေးနေကြတဲ့…..လူ့အံ့ဖွယ်တွေရှေ့မှောက် ကိုယ့် ဓာတ်ပုံရောက်ရှိလာခြင်းကိုတော့ ဘယ်မိန်းကလေးကမှ ကာကွယ်ချိန်ရလိုက်မှာ မဟုတ်ပါဘူး….။ ယူနီဖောင်းတွေ အစုံနဲ့မို့….ဟယ် ဒါ ဘယ်ဘဏ်ကတော့….ဒါ ဘယ်ကုမ္ပဏီက….ဆိုတဲ့ သိသိသာသာ ထင်းလင်းမှုကြီးကြောင့် တစ်ဦးချင်းစီရော အဖွဲ့အစည်းပါ ဂုဏ်သိက္ခာထိခိုက်ရပါတော့တယ်….။
လွယ်လင့်တကူ ဓာတ်ပုံရိုက်လို့ရနိုင်တဲ့ နည်းပညာက ဒီလိုမျိုး သူရော ကိုယ်ရော အကျိုးမဲ့ အလုပ်တွေကို အားပေးအားမြှောက်သဘောဆောင်နေခြင်းမှ မဟုတ်တာ….။ဘာလို့များ လမ်းလွဲစွာ အသုံးချနေကြတော့တာလဲ….။
အနောက်ဘက်ကောက်ကြောင်း ဖွံ့ဖြိုးတဲ့ မိန်းကလေးတွေကို ရှာ….ပြီးတော့ ပုန်းလျှိုး ကွယ်လျှိုး ဓါတ်ပုံတွေလိုက်ရိုက်…..ရတောင့်ရခဲ အချိန်တွေကို….သူများတွေ အလုပ် လုလုပ်နေရတဲ့ ပုံစံတွေဆီက အခွင့်ကောင်းယူပြီး ဖြုန်းတီး….. နောက် facebook ပေါ်တင်လိုက်ရုံနဲ့ ဘယ်သူကများ Congratulation လို့ ပြောပြီး လက်ဆွဲနှုတ်ဆက်လာလို့လဲ….?ကိုယ့် ဖန်တီးမှုကို ကြည့်ပြီး နှာခေါင်းရှုံ့ ထောပနာပေးတဲ့ အသံတွေကြား လူလားမြောက်ရမှ ကျေနပ်မတဲ့လား….? ခုလိုမျိုးလုပ်ရပ်ကြောင့် ကျွန်မတို့ မိန်ကလေးတွေမှာဖြင့်…. ကိုယ်တိုင်မသိလိုက်ရပါဘဲ….အရှက်တွေ သေသေချာချာကို ကွဲလို့…..။
ခုဆို ဒဿနအသစ်တောင် ထပ်ထုတ်ရမလိုဖြစ်နေပြီ….. ကိုယ်ဘယ်လိုထိန်းထိန်းလည်း သူ့ဖာသာနေရင်း အရှက်ကွဲရတာပဲ….ကိုယ်မပေးချင်လည်း အရှက်ဓားပြတိုက်ခံရတာပဲလို့လေ….။
ရုံးဆင်းချိန် အိမ်ပြန်ကြတဲ့အခါ……ဓာတ်ပုံ ခိုးရိုက်ခံရတဲ့ ရန်က ဝေးအောင်….. ဟိုး ရှေးခေတ်က စကဒ်ကားကား ပွပွဖားဖားကြီးတွေ ၀တ်ပြန်ရမယ်လို့ တွေးသူကတွေး…..။ ကျောပိုးအိတ်ကို ကြိုးအရှည်ကြီး ချလွယ်ပြီး….တင်ပါးဖုံးအောင် ကွယ်ရမယ်လို့ ပြောသူကပြော…..။တစ်ယောက်ကတော့….. ဓာတ်ပုံလည်း ခိုးရိုက်လို့မရအောင်….ခိုးရိုက်ရင်လည်းမိအောင် တကိုယ်လုံးကို ပတ်ချာလှည့်လှည့်ပြီး လမ်းလျှောက်မယ်တဲ့လေ….။တွေးကြည့်ရုံနဲ့တင် တော်တော်လေးကို ကသီလိုက်မည့်ဖြစ်ခြင်း…။ လိုရာကို ရောက်မှာကို မဟုတ်တော့ဘူး….။တချို့ကလည်း….အနောက်မပေါ်အောင် အရှေ့ကော့လျှောက်ရမယ်လို့ ပြောသူက ပြောနဲ့…..။ ရုံးဆင်းချိန် တော်တော်လေးကို ဂယက်ရိုက်သွားပါတယ်…။ မိန်းမကောင်းတွေပဲ….ကိုယ့်အရှက်ကို ကိုယ် တတ်နိုင်သလောက်လေးတော့ ကာကွယ်ချင်ကြတာပေါ့…။
ကျွန်မတွေးမိတာကလေ….. ခုခေတ်မှာ ကိုယ်တိုင်ကိုယ်ကျ လိုလိုလားလား ဓါတ်ပုံအရိုက်ခံကြတဲ့သူတွေရှိနေတာပဲ…. ဘာလို့များ ခုလို သာမာန် ရုံးဝန်ထမ်းတွေကို target ထားရတာလဲဆိုတာပါပဲ….။ ရိုက်ထားသမျှကလည်း position က အမျိုးမျိုးဆိုတော့….. သွားရင်းလာရင်း ပစ္စည်းပြုတ်ကြလို့တောင် ကုန်းမကောက်ရဲတဲ့ ဘ၀တွေ ဖြစ်ပြီလေ….ဒါကလည်း လွယ်ပါတယ်…. ဖိနပ်လေးချွတ် ခြေချောင်းလေးတွေနဲ့ ညှပ်ပြီး ကောက်လိုက်ရုံပေါ့….။ လမ်းလေးမုန့်ဆိုင်ထိုင်နေတဲ့ ပုံတွေလည်းပါသေးတယ်ဆိုတော့…..ဒါလည်း ကိစ္စမရှိပါဘူး…. မတ်တပ်ရပ် နံရံကျောကပ်ပြီး မုန့်စားလို့ရနေတာပဲ….။ ကိုယ့်အရှက်ပဲလေ….အသက်ကို ဥာဏ်စောင့်သလို အရှက်ကိုလည်း ဥာဏ်စောင့်စေရမှာပေါ့…..။
အဲဒီလိုမျိုး ကာယံရှင်မသိဘဲ အရှက်တွေ ဝေမျှ ခွဲခြမ်းပေးတဲ့ လူတွေကြတော့ ဘယ်လိုမျိုးကံထိုက်တတ်သလဲ ကျွန်မ သေချာမသိပြန်….။ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံထိုက်မှာလားဆိုတော့လည်း…. အပြည့်အ၀ကြီးတော့ မဟုတ်သေး…..ဒါပေမယ့်…..သူတစ်ပါးတွေ ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကို စိတ်နဲ့ ကျူးလွန်မိအောင်တော့ သူ့အစွမ်းအစက လှုံဆော်နေတာမို့ ဆိုင်တယ်လို့လည်း ပြောလို့ရပြန်ပါတယ်….။
မကောင်းမှုဆိုတာတော့ ရေရာတယ်လေ…. ကိုယ့်ကြောင့် မိန်းကလေးထုတစ်ရပ်လုံး ကိုယ့်တတ်သလောက်မှတ်သလောက် ဥာဏ်လေးတွေနဲ့ ဓာတ်ပုံထဲ မပါဖို့ကာကွယ်နေကြရပြီ….ဘယ်နေရာမဆို မသွားရဲ မလာရဲ….ရဲရဲဝင့်ဝင့် မတ်တပ်မရပ်ရဲ…..ကိုယ့်ရှေ့မှာ ဖုန်းကလိနေရင်ကို ခြေလှမ်းတွေက အလိုလို တန့်သွားကြရော……ကျောခိုင်းလိုက်တာနဲ့ ငါ့ကို ဓာတ်ပုံရိုက်များမလားဆိုတဲ့ သံသယအတွေးတွေနဲ့….. တစ်နေ့တာ အဆင်မပြေမှုတွေ ဖြစ်လာရပြီလေ…။ ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောက်အယှက် ဖြစ်ရတယ်ဆိုတာကလည်း မကောင်းဘူးပေါ့….။
မရိုက်ပါနဲ့လားလို့ တားမြစ်ပြီး ဖော်ထုတ်ရအောင်ကလည်း facebook page ဆိုတာ term and condition ရှိနေတာမျိုးလည်း မဟုတ်တော့…..မေတ္တာပို့သူက မေတ္တာပို့….ကျိန်ဆဲသူက ကျိန်ဆဲနဲ့….။ကိုယ့်အတွက် ကောင်းကွက် ရှိမှမရှိဘဲကွယ်….။ ကျွန်မလည်း အတွေးတစ်ခုပေါ်လာပြီး…."ငါ ဒီတစ်ခါ ငါတို့ကိုးကွယ်တဲ့ ဆရာတော်ကို ဆွမ်းသွားကပ်ရင်….ခုလိုမျိုးလုပ်ရပ်က ဘယ်လိုငရဲမျိုးကျတတ်တယ်… ဘယ်လို အကုသိုလ်ဖိစီးတတ်တယ် ဆိုတာကိုပါ မေးလျှောက်ခဲ့မယ်….။ ပြီးခါကျ စာထဲထည့်ရေးရမယ်" ဟု သူငယ်ချင်းကို ပြောတဲ့အခါ…..သူမက…." နင်ကလည်း နင်ရေးတော့ရော သူတို့လိုလူတွေက ဖတ်မှာတဲ့လား စာပေအဆုံးအမမရှိလို့ ဒီလိုမျိုးအကျင့်ယုတ်တာပေါ့ဟဲ့. " ဟု ဘုတောတောပါတော့တယ်…။
ဟုတ်တော့လည်း ဟုတ်သားပဲ….. ဘာပဲဖြစ်ဖြစ်ပေါ့နော်…. ဘုရားရှင်ရဲ့ အဆုံးအမ နိပါတ်တော်တွေနဲ့ ခိုင်းနှိုင်း ဖော်ပြရင်တော့….ကာယကံရှင် မဖတ်မိရင်တောင်….အဲလိုလုပ်ရပ်ကို မသိစိတ်က ထောက်ခံပေးကြတဲ့ လူတွေ အကြမ်းဖျင်းဖတ်မိရင်လည်း မဆိုးဘူးပေါ့….။သူတို့ ဖတ်မိတဲ့ထဲ....တစ်ယောက်က ဆင်ခြင်မိရင်….သူလည်း အပြစ်လျော့တယ်…ကျွန်မတို့ မိန်းမသားတွေလည်း…. ထိုလိုလူ တစ်ယောက်ရဲ့ အန္တရာယ်က လွတ်မြောက်တာပေါ့….။ မဟုတ်ဘူးလား….???
 ကဲ….. ခုလောလာဆယ်တော့ အရှက်ဓားပြတိုက်တတ်ကြတဲ့လူတွေကို…… ကျွန်မတို့ မိန်းကလေးထုတစ်ရပ် ရှင်တို့ရန်ကို ကာကွယ်ဖို့ ဒီလိုတွေ တွေးတောနေကြရပါတယ်လို့ အသိလည်းပေးရင်း….. တခြားတခြား မိန်းကလေးတွေကိုလည်း….ကာကွယ်နည်းကောင်းလေး လက်ဆင့်ကမ်းပေးလိုက်ရပါတယ်ရှင်….။    ။
မိန်းကလေးတိုင်း အရှက်ဓားပြတိုက်ခံရခြင်းမှ ကင်းဝေးကြပါ....
ပုရိသတိုင်း အရှက်ဓားပြတိုက်ခြင်းရဲ့ ဆိုးကျိုးကို သိမြင်ခံစားနိုင်ကြပါစေရှင်...
အလွမ်းကေသရီ
နန်းမထိုက်ခဲ့တဲ့ ပန်းခရေ
$
0
0
                                      ပန်းခရေ 
                                      အကြွေပန်း  တော်ဝင်နန်း
                                      မစံထိုက်ပေမယ့်
                                      ပန်းတကာအလယ် ဂုဏ်တင့်ဝယ်ခဲ့
     ခရေပန်းဟာ အကြွေပန်းမို့ နန်းမထိုက်ဘူးတဲ့
လူကြီးသူမတွေပြောကြတယ် အကြွေပန်းဆိုတာမှန်ပါတယ် ဒါပေမယ့်
ခရေပန်းလေးရဲ့  အစွမ်းသတ္တိကတော့ အံမခန်းပါဘူး ကြွေကျလို့မြေလူးနေလည်း
ရနံမပျောက်မွှေးကြိုင်နေဆဲ ကြွေကျမြေလူးခြောက်သွေ့သွားလည်းမွှေးသထက်
မွှေးကြိုင်နေမြဲ ဘယ်ပန်းလဲ သူ့ကိုမှီတာ မရှိပါဘူး အမှန်ဆို နန်းထိုက်စံတဲ့
တော်ဝင်ပန်းလေးဖြစ်သင့်တယ် ဘယ်တော့မှ ရနံမပျောက် သွေ့သွားလေ
တပြန်မွှေးလေနဲ့  အမှန်ပင် ဂုဏ်ယူထိုက်တဲ့ ပန်းလေးပါ လူတွေအမြင်မှာတော့
အကြွေပန်း အကြွေပန်းဟာ နန်းမထိုက် တော်ဝင်မဖြစ်နိုင် ဘယ်သူတွေ ဘယ်လို
ထင်မြင် ပါစေ ကျွန်တော်အတွက်ကတေ ကျွန်တော်အတွက်တော့ ခရေဟာ
တော်ဝင်ပန်းတစ်မျိုးပါပဲ နန်းထိုက်ခဲ့ပေမယ့် နန်းထိုက်စေချင်ခဲ့တယ် ခရေရယ်...
                                 လေးစားစွာဖြင့်( တပ်မှူးလေး)
ကောင်း (ဇာတ်သိမ်း)
$
0
0
သစ္စာစူးရင်ရူးတက်တယ် ကို. . .
ကဝေမ. . .ပန်းချီကိုသူများတွေက အဲလိုခေါ်ကြတယ်. . .မဟုတ်ပါဘူး ကောင်း. . .
ပန်းချီက တစ်စုံတစ်ယောက်ကို ငယ်ငယ်လေးထဲက သစ္စာရှိခဲ့တာပါ. . .
သီရိမာ. . .ငှားပေး၇မလား. . .ပန်းချီကို့ကို အဲလို စခဲ့ဖူးတယ်နော်. . .တကယ်ဆို မိန်းကလေးဖြစ်တဲ့ နုနုနယ်နယ်အရွယ် ပန်းချီတောင်ခံနိုင်ရည်ရှိခဲ့တာ ကို. . .ကို က သီရိမာ လိုခဲ့သလား???????????
ကို မလာရင် ပန်းချီ ဂျီဂိုလို(ယောင်္ကျားလေးပြည့်တန်ဆာ)တွေ သွားဆွဲမှာ . ..
.နောက်တာပါကိုရယ်. . .အဲဒီဟာတွေက ပန်းချီသွားဆွဲစရာတောင်မလိုဘူး. . .ပန်းချီကျောင်းတက်တဲ့နည်းပညာတက္ကသိုလ်(၀င်ရတာအရမ်းကြပ်တဲ့)ကျောင်းအခန်းထဲထိတောင် လိုက်လာတာ. . .နောက်ဆုံးနှစ်ကပေါ့ ကိုရယ်. . .အဲဒါနဲ့ပန်းချီက ကို့ကို စနောက်မိတာ. . .ကျောင်းကလူတွေဆို သိမယ်ဆိုပြီး။
ပန်းချီငယ်ငယ်လေးထဲက သူငယ်ချင်းဆိုလည်း နည်းနည်းလေးပဲပေါင်းတယ် . . .သားဖွားမီးယပ် အထူးကုဖြစ်နေတဲ့ ခိုင်လေးရယ်. . . ထန်ရယ်. . .မိထိုက်ရယ် ပန်းချီမှာ သူငယ်ချင်း (၄-၅)ယောက်လောက်ပဲရှိတယ်. . .ပန်းချီတိတ်တိတ်ဆိတ်ဆိတ်ပဲနေခဲ့တယ်. . .အပျိုအရွယ်မဖြစ်ခင်ကတော့ အရမ်းစွာတယ်လို့ပြောတယ်. . .ပန်းချီကို ရည်းစားစကားပြောရင် ခေါက်ထီးကျိုးအောင်ရိုက်လွှတ်တက်တဲ့အတွက် ပန်းချီက ငယ်ငယ်လေးထဲက နာမည်ကြီးပဲ. . .ထီးဆိုတစ်ချောင်းမှ အကောင်းမရှိဘူး. . .အမြဲတမ်းအရိုးကျိုးကျိုးလာတက်တယ်. . .(၈)တန်းရောက်တော့ ပန်းချီပြောင်းလွဲလာခဲ့တယ် အပြင်လည်းသိပ်မထွက်တော့ဘူး . . . စာနဲ့ပဲ တစ်နေ့တစ်နေ့ မအားလပ်ဘူး. . .ပန်းချီက မွေးနေ့တိုင်း ဘုရားသွားတက်တယ်. . .ပြီးရင် ပန်းချီမွေးနံထောင့်မှာ တံခွန်အစိမ်းအမြဲလှူတယ်. . .ငယ်ငယ်လေးထဲကပေါ့ကောင်း. . .ပန်းချီက အစိမ်းရောင်သိပ်ကြိုက်တာလေ. . .ပန်းချီဘယ်တော့မှ ရွယ်တူမိန်းကလေးတွေရဲ့ ရည်းစားလုပွဲထဲမပါခဲ့ဘူး. . . ပန်းချီကို ကျောင်းမှာ မိမိုးလို့ခေါ်ကြတယ်. . .အဲဒီတုန်းက တိုက်တန်းနစ်ကား နာမည်ကြီးကာစ . . .လီယိုနာဒိုနဲ့တူတယ်ဆိုတဲ့ကောင်လေးက ပန်းချီနေတဲ့အိမ်ရှေ့မှာ နေတာ. . .သူက အမြဲအဲဒီသီချင်းဆိုတယ်. . .အဒေါ်အပျိုကြီးတွေ က စည်းကမ်းကြီးတော့ ပန်းချီက သူတို့ကို လှည့်တောင်မကြည့်ရဲဘူး. . .မှတ်မှတ်ရရ (၁၀)တန်းနှစ်မှာတော့ ပန်းချီကိုအခန်းဝရံတာပေါ်မှာလာထိုင်ကြည့်တဲ့ကောင်လေး ကျောင်းအုပ်ကြီး စစ်ဆေးရေးနဲ့တွေ့ပြီး ကျောင်းပြောင်းခံခဲ့ရတယ်. . . ပန်းချီနဲ့ ဝေဟာ ထိုင်ခုံနီးနီးလေးပါ. . .ဒါပေမယ့် ပန်းချီကို ဘယ်သူကမှ ဘယ်သူကျောင်းပြောင်းခံရတယ်ဆိုတာမပြောပြခဲ့ကြဖူးဘူး. . .” ပန်းချီ (B)ခန်းက သဲလေ ဘိုဘိုနဲ့ကြိုက်သွားပြီ” ငိုလိုက်ရတာ ကို. . .ပန်းချီအချစ်ဆုံးသူငယ်ချင်းကိုမှ နှုတ်ယူတယ်ဆိုတော့ သူပန်းချီကို လက်စားချေတာ အောင်မြင်တယ်ပေါ့လေ. . .ပန်းချီ အဲဒီစိတ်နဲ့ အိပ်ယာထဲလဲခဲ့တာ သီတင်းကျွတ်မှာတော့ ထူကိုမထူနိုင်တော့တဲ့အထိပေါ့. . .(၂)လလောက်နေတော့ သဲ ကပြောတယ် “ မောင် ကလေပန်းချီရယ် မိမိုးဆိုတဲ့ကောင်မလေးကို လိုက်နေတာတဲ့. . . အဲဒါသဲ ရန်သွားတွေ့ခဲ့လိုက်တယ်. . .” သဲ သူနဲ့တွေ့ခဲ့လားဆိုတော့ အင်းးးးးးးးးးးတဲ့လေ. . .ပြီးတာပဲ . . .အချစ်ဆုံးသူငယ်ချင်းရင်ထဲက ဘယ်လိုမှ ဆွဲနှုတ်လို့မရတော့တဲ့ သူရဲ့အတိတ်ကိုပန်းချီပြန်မပြောပြခဲ့တော့ပါဘူး. . .
တကယ်တော့…………………(၉)တန်းနှစ် ပန်းချီအခန်းထဲ တုတ်ကိုင်ဝင်လာပြီး သောင်းကျန်းခဲ့သော ယောင်္ကျားကို နာမည်(ဘိုဘို)ဆိုတာကလွဲပြီး အဲဒီနေ့နေ့လည် မုန့်စားချိန်မှာပဲ ပန်းချီ သဲ ကိုပြောပြခဲ့ပြီးသားပါ။ မှတ်မှတ်ရရ ပန်းချီပြောခဲ့မိသေးသည် (ငါသူ့ကိုသိပ်မုန်းတာ သဲရယ် အဲဒီလိုလူမျိုးတွေနဲ့ဝေးဝေးရှောင်လို့) အဲဒီစကားကိုပဲ နောက်(10)နှစ်နေတော့ ချို့ကိုထပ်ပြောခဲ့သေးသည်( ငါ ဘိုဘိုကိုသိပ်မုန်းတယ် လယ်လယ်လို့)
တက္ကသိုလ်စတက်တော့ ပန်းချီမိန်းကလေးလိုမနေတော့ဘူးကောင်း. . .ကျောင်းပြောင်းခံရတဲ့ကောင်လေးကိုသနားတဲ့စိတ် သဲ ယောင်္ကျားယူတာကိုနှမြောတဲ့စိတ်နဲ့ . . .ပန်းချီယောင်္ကျားလေးလိုနေခဲ့တယ်. . .ယောင်္ကျားတွေမလိုချင်အောင်ဆိုးခဲ့တယ် . . .ဆိုးတဲ့နေ၇ာမှာလည်း ပန်းချီက နည်းပညာတက္ကသိုလ်မှာ စာတင်လောက်အောင်ကိုဆိုးခဲ့တာ. . .ဒါပေမယ့် အတွင်းကျကျလာနေကြည့်ပါ ကို. . .ပန်းချီကို အတူပေါင်းနေတဲ့သူငယ်ချင်းကောင်လေးတွေ လက်ဖျားနဲ့တောင်မတို့ရက်ပါဘူး. . . စာသင်ခုံမှာအတူထိုငိကြရုံ မောင်နှမတွေလိုနေကြရုံပါပဲ. . .နောက်တော့ ပန်းချီမေမေ နှလုံးရောဂါဆိုးရွားလာခဲ့တယ်. . .ထုံးစံအတိုင်း “ ဒီအချိုးအတိုင်းဆက်နေရင် ညည်းကို ယောင်္ကျားပေးစားတော့မယ် မိပန်းချီ”ဒါနဲ့ပဲ ပန်းချီ ပုံစံပြန်ပြောင်းခဲ့ရတာ. . .မိန်းကလေးလိုပြန်ပြင်တော့ မိန်းကလေးတုန်းကလို ပြဿနာတက်တော့တာပဲ. . .တစ်နေ့တစ်နေ့ ကင်တင်းသွားရင် (၂)ခါလောက်ဓါတ်ပုံရိုက်ခံရတယ်. . .သူငယ်ချင်းတွေအတန်းသွားရင်လည်း ကန်းဘောင်မှာ ရပ်စောင့်ရင် အောက်ကနေ ပက်လက်အိပ်ပြီး ဓါတ်ပုံရိုက်တဲ့သူနဲ့ ရှုပ်နေတာပဲ. . .စိတ်လည်းတော်တော်ညစ်ရတယ်. . . ခေါင်းစည်းကြိုး အသဲပုံပါတာလေးစည်းမိရင်တောင် မင်းဘယ်သူ့ကိုအဖြေပေးတာလည်းဆိုပဲ. . . ကြာတော့ ပန်းချီလည်း ကြိုးရှည်ရှည်နဲ့ လှန်တက်လာတယ်. . .နားအေးအောင်၊ပြဿနာအေးးအောင် သူတို့အခန်းရှေ့က ဖြတ်လျှောက်ပြီး အတန်းကိုလာတယ်. . .သူတို့ဖုန်းဆက်လည်း ပန်းချီမှာဖုန်းမှမကိုင်ပဲ. . .သူငယ်ချင်းတွေ သူတို့ဘာသာ ရှင်းတက်သလိုရှင်းကြတယ်. . .ဒါကြောင့် အတန်းတက်ချိန်ပဲပန်းချီကျောင်းကိုလာတယ်. . .အတန်ပြီးရင်ပြန်တယ်. . .ပန်းချီကျန်းမာရေးက (၂၀၀၃)နောက်ပိုင်းတော်တော်ဆိုးလာခဲ့တယ်. . .နောက်ဆုံးတော့ ပန်းချီသူငယ်ချင်းတွေကိုအတန်တန်တောင်းပန်ခဲ့တဲ့ကြားကနေ . . .ပန်းချီအကြောင်းသီချင်းတွေထွက်လာခဲ့တယ်. . .ပန်းချီအရမ်းရှက်ခဲ့တယ် ကောင်း. . .
ကောင်းမှတ်မိမှာပါ ပန်းချီမြွေကိုက်ခံခဲ့ရတာလေ. . .ဆေးကုဖို့ မလွယ်ကူတဲ့အချိန်မှာ မြွေဆိပ်ကတစ်ခါတစ်လေ တအားတက်တက်လာတက်တယ်. . .ဒါကြောင့်ပန်းချီက အိမ်ထောင်ပြုဖို့လုံးဝစိတ်မကူးတာ. . .
တကယ်တော့ ပန်းချီကို လာရွဲ့တဲ့သူတွေကို ပန်းချီက ပြန်ရွဲ့ခဲ့တာ. . .ဂြိုလ်တုစလောင်းမှာ ရေးထားတဲ့ ဇာနည်ဆိုတဲ့ နာမည်ကိုမြင်တော့ ပန်းချီက သူနဲ့တွဲဘက် အောင်ကိုရောမပါဘူးလားလို့ တိုးတိုးလေးကိုယ့်ဘာသာပြောတာ. . .အဲဒါကို ကြားဖြစ်အောင်ကြားပြီး. . .နောက်ရက်ကြတော့ပန်းချီဆီ နေရာအနှံ့တောင်ကျော်တဲ့ဆီကပါ ကိုအောင်ကို တွေရောက်လာခဲ့ကြတာ. . .တစ်ချို့ဆို CV တွေနဲ့ပါ လူမလာနိုင်လို့တဲ့လေ. . .စဉ်းစားကြည့်ပါဦး ပန်းချီ သေချင်လောက်အောင်စိတ်ညစ်ခဲ့တာ. . .နောက်ဆက်တွဲရလာဒ်ကတော့ မနာလိုတော့ မိန်းကလေးချင်း လူမုန်းခံရတာပဲ ကို. . .အရင်ကဆို ပန်းချီက (၁၀)ခွန်းပြောမှ တစ်ခွန်းလောက်ပြန်ပြောတက်တာ. . .
နောက်ဆုံးတော့ လေးပန်းချီဟာ အ၇ွဲ့တိုက်တက်လာခဲ့တယ်. . .ယောင်္ကျားလေးတိုင်းနဲ့ ခေါ်တယ်. . .ဆိုင်ကယ်လည်းလိုက်စီးတယ်(ကိုယ့်ဘာသာဆို စက်ဘီးတောင်မစီးတက်ဘူး) ဘ၀ကဘယ်လောက်ဆိုးတယ်မှတ်လည်း ပန်းချီဆိုင်ကယ်လိုက်စီးတဲ့အခေါက်အရေအတွက် အတိအကျကို ရန်ကုန်ရုံးချုပ်က ဒါရိုက်တာဆီ လှမ်းတိုင်တဲ့သူက၇ှိသေးတယ်. . .အဆူခံရတာပေါ့. . .သူများတွေလည်းစီးတာပဲလေ. . .ဘာလို့ပန်းချီကျမှ အကြီးကြီးဖြစ်ဖြစ်သွားရတာလည်း ကောင်း. . .အဲဒါအလုပ်ထဲမှာနော်. . .သူများတွေဆိုလွပ်လပ်ခွင့်အပြည့် . . .ပန်းချီကိုဆို ငုတ်တုတ်ထိုင်ကြည့်ပြီး စောင့်ပြောနေကြတာ. . .လူကြီးတွေကလည်း သူတို့လက်အောက်က ကောင်းမယ်ထင်တာနဲ့အောင်သွယ်ကြ. . .ကြာတော့ပန်းချီညာတက်လာခဲ့တယ်. . . နိုင်ငံသိအောင်ကိုညာတယ်. . .ပန်းချီလက်ထပ်ပြီးပြီဆိုပြီး facebook ထဲမှာရေးလိုက်တာ. . .မောင်လေးနဲ့ပါ စာချုပ်တွေဘာတွေအထိလုပ်ဖို့ကို ပန်းချီစီစဉ်ခဲ့သေးတယ်. . .မေမေ့ကိုသနားလို့. . .ကောင်း ကိုလာပြောတာ အဲဒါပါ. . .ပြီးတော့ အင်တာနက်ထဲမှာ ဒီလောက်ဖြစ်တဲ့သူတွေဆိုပြီး ရည်းစားထားပြလိုက်သေးတယ်. . .ရျွေမြို့တော်ထဲကပေါ့. . .ဒါလည်း နိုင်ငံကျော်သွားတာပဲ. . .ကောင်းရော ဖုန်းတွေဘာတွေပေါက်လိုက်သေးတယ်မို့လား . . .နောက်တော့ ပန်းချီဖြတ်လိုက်ပါတယ်. . .ထုံးစံအတိုင်းနေမကောင်းလို့ပေါ့. . .အခုတော့ ပန်းချီအဖြေက တစ်မျိုးဖြစ်သွားပြန်ပြီ. . .ပန်းချီယောင်္ကျားဘုန်းကြီးဝတ်သွားလို့လို့ သူရဟန္တာဖြစ်မှ ပန်းချီနောက်ယောင်္ကျားယူမှာလို့ နင်တို့ငါ့ကိုကြိုက်ရင် ငရဲကြီးလိမ့်မယ်လို့. . .
ပန်းချီက ရည်းစားစကားပြောခံရတာနဲ့တင် ခေါင်းတွေကိုက်လာတာ. . .ဆရာမဂျူးရေးတဲ့ စာအုပ်ထဲကလိုရည်းစားစကားပြောတာကလွဲရင် ကျန်တာနားထောင်ပေးနိုင်တယ် ကိုရန်အောင်စိုး” ဆိုသလိုပဲ
……………………….လူပျိုအမေဆန်တစိတ်နဲ့ ပုန်းအိပ်ရမယ့်ခေတ်ပေမို့ပဲနော်. . .ပန်းချီကိုတော့ လူကြီးတွေက နားအေးအောင်တောထဲပို့ထားကြတယ်. . . အဲဒါလည်းအေးတာပဲ……………………
တကယ်တော့ ပန်းချီဟာ မွေးထဲက မွေးကင်းစမေးခိုင်ဝင်ခဲ့ပြီး နမိုးနီးယားဖြစ်လို့ (စထိုမိုက်စင် ပုလင်းဝက်ကို တစ်နှစ်ခွဲတိတိ ထိုးခဲ့ရသော. . .ရန်ကုန်ကလေးဆေးရုံကြီး အရေးပေါ်ဆေးကု(၁)မှာ (၁၁)ရက်တိတိ ကုသခဲ့ရသော နှလုံးရောဂါသည်စစ်စစ်ဆိုရင်…………………………………..
ပန်းချီသည် တစ်စုံတစ်ယောက်ကို အမှန်တကယ်သစ္စာရှိခဲ့ပါသည်ဆိုတာ။
တကယ်လို့ ကို ရူးနေတယ်လို့ လူတွေ ပန်းချီကို မကြားတကြားလာလာပြောရင်
သစ္စာစူးရင်ရူးတက်တယ် လို့။           
သြော်....................ပန်းချီ           ကောင်း ကို (၄)နှစ်ခွဲ (၅)နှစ်သမီးအရွယ်ထဲက အပြင်မှာတစ်ခါမှမမြင်ဖူးဘူးသိလား ရွှေမြို့တော်။
မမြင်ရလို့ 
$
0
0
ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့
အတင်းဆွဲခေါ်လာသည်။
ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။
"ပိုက်ဆံရှိသလား"
"မရှိဘူး"
ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်
ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။
"ရွှေကောရှိသလား"
"မရှိဘူး"
"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို
ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။
"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"
"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊
တွေ့ရင်ပြောပါ့မယ်။
မြန်မာ
$
0
0
မြန်မာဟု သိလိုက်ချိန်မှာ..
ရင်တွင်သမိုင်းပြန်လည်ကြည့်သော်..
တစ်ချိန်ခါကခန့်ထည်ရှိန်ဝါ မယှဉ်နိုင်သည့်အာရှတခွင်မှာ
မာန်အပြည့်နှင့် အမောက်ထောင်သည့် နဂါးကြီးအလား ထင်မိပေ၏
အခုချိန်ခါဝယ် ပြည်မြန်မာသည် ..
ဘယ်အတွက်ကြောင့်မို့အိပ်ပျော်နေလဲ
ဝန်းကျင်လောက တိုးတက်မှုကို အမြန်နိုးထ ကြည့်ကြပါလော့
နီးချင်းနိုင်ငံအများစုတောင် သာလွန်တိုးတက်ထောင်မက်ကုန်၏
နောက်ကျန်မြန်မာ ပြည်မြန်မာအား လူငယ်ပေါင်းစု စွမ်းပကားနှင့်
မာန်ဟုန်မြင့်တင့် နိုးထပြီးစေကာ အာရှမတင် ကမ်ဘာလုံးကျွတ်သိစေအပ်တည်း......။
အဆောင်(၉)
$
0
0
ု          ဒီဝထ္တုတိုလေးက ကျွန်တော် အရာထမ်းငယ်အခြေခံသင်တန်း(၅၅) တက်ခဲ့စဉ်က အဖြစ်လေးတွေကို ဟာသ၀ထ္တု တိုလေးအဖြစ်ပြန်လည်ဝေမျှထားတာပါ။
                                                            ငါးကလေး(ပေါက်ခေါင်း)
Viewing all 9878 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>