Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

နာမည်‌နှစ်‌ခု၊ဖုံးနှစ်‌လုံးနှင့်‌သူရဲတစ်‌‌ကောင်‌

$
0
0
စုဗူး.ညညစာ‌ရေးစာဖတ်‌ယင်‌တခါတရံညနက်‌တတ်‌ပါတယ်‌ ၊
‌ရေး‌နေဖတ်‌‌နေယင်း၊fbကfri,‌တွေစကား‌ပြောလာယင်‌hi ရokလုပ်‌‌ပေးရပါတယ်‌၊
တခါတရံi am busy now‌ပေါ့ဗျာ။
အာရုံ‌တွေစုစည်းထားရချိန်‌မျိုးမှာ၊အဆိုးဆုံးကအချိန်‌မ‌တော်‌ဖုန်းဝင်‌လာတာမျိုးပါ။
နံပါတ်‌စိမ်းယင်‌မကိုင်‌ဖြစ်‌ပါဘူး၊ဖုန်းမှားသွားလို့‌ဆောရီး‌နော်‌‌တွေဖြစ်‌တတ်‌ပါတယ်‌။
ဖုံးအကျက်‌ဆီု‌တောင်‌အမျိုးအရင်းကြီး‌တွေကလွဲယင်‌၊ဖုန်း‌ခေါ်ချိန်‌ပြည့်‌သည်‌ထိသည်းခံ‌စောင်‌‌နေ‌ပေးပြီးပြန်‌ကျသွားမှစာဆက်‌‌ရေးပါတယ်‌၊ညသိပ်‌နက်‌ချိန်‌ဖုံး‌ပြောတာပါတ်‌၀န်းကျင်‌အ‌နှောက်‌အယှက်‌ဖြစ်‌‌စေပါတယ်‌၊
ဒါစုဗူးရဲ့ညပိုင်းကျင့်‌စဉ်‌၊regular habit at night su boo.ဆိုနိုင်‌ပါတယ်‌၊မကျန်းမာချိန်‌နဲ့အလုပ်‌ပင်‌ပမ်းonlineညံ့ချိန်‌များကလွဲယင်‌၁၂း၀၀ဆိုတာပါးပါး‌လေးပါ။
ဘာမှမမိုက်‌ယင်‌sky net ‌ရှေ့မှာငုတ်‌တုပ်‌ငိုက်‌ဖြစ်‌ပါတယ်‌၊
မြန်‌မာ့ဆက်‌သွယ်‌‌ရေးဟာကြံဖန်‌‌ကျေးဇူးတင်‌တတ်‌ယင်‌၊မြန်‌မာလူမျိုး‌တွေစိတ်‌ရှည်‌တတ်‌သည်းခံတတ်‌‌အောင်‌‌လေ့ကျင့်‌‌ပေးပါတယ်‌၊
စုဗူး‌ပြောမယ့်‌သူရဲကအစွယ်‌‌ငေါ‌ငေါနဲ့မဟုတ်‌ပါဘူး၊မိုး‌ဟေကိုနဲ့သက်‌မွန်‌မြင့်‌နှစ်‌‌ယောက်‌‌ပေါင်း‌တောင်‌သူ့အလှကိုမမှီနိုင်‌ပါဘူး၊
‌ရှေ့က‌ပြောသလိုနံပါတ်‌အစိမ်းဖုန်းတစ်‌လုံးဝင်‌လာပါတယ်‌၊စုဗူး‌ဆေးလိပ်‌‌သောက်‌ယင်း‌စောင့်‌‌နေဖြစ်‌ပါတယ်‌၊သတ်‌မှတ်‌ချိန်‌‌စေ့‌တော့ရပ်‌သွားပါတယ်‌၊‌ရေးလက်‌စစာကိုဆက်‌‌ရေးမယ်‌အလုပ်‌မှာ‌နောက်‌တစ်‌‌ကောဝင်‌လာပါတယ်‌၊‌စောင့်‌ပါတယ်‌၊ပြီးမှ who လို့msmနဲ့စာလှမ်း‌ရေးဖြစ်‌ပါတယ်‌၊တို့နာမည်‌ moneပါဆိုပြီးစာပြန်‌လာပါတယ်‌။
စုဗူးစဉ်းစားပါတယ်‌၊အမျိုးထဲ‌ကျောင်း‌နေဘက်‌ထဲ‌လေဒီ‌တွေထဲ‌အောင်‌သွယ်‌‌တော်‌‌တွေထဲယုတ်‌ဆွအဆုံးအ‌ကြွေးရှင်‌ထဲမှာဒီနာမည်‌မရှိပါဘူး။
ဒီလိုနဲ့မသိသလို‌နေလိုက်‌ပါတယ်‌။ခဏ‌နေ‌တော့viberနဲ့‌ဟေ့ယူဘာလုပ်‌‌နေလည်းတဲ့လာပြန်‌ပါပြီနံပါတ်‌စိမ်းနဲ့viberစာတစ်‌‌စောင်‌၊စိုင်းစိုင်းခမ်းလှိုင်‌နဲ့မှား‌နေကြလားမ‌ပြောတတ်‌၊
ထုံးစံအတိုင်းဘယ်‌သူ‌လေးလည်း‌မေးမိပါတယ်‌.ယွန်း.‌လေမမှတ်‌မိဘူးလားတဲ့၊‌သေချာပြီဖုန်းမှာ‌နေတာ။
ဒီလိုဘဲမသိသလို‌နေလိုက်‌တာ.ခဏအကြာ၊ယူကစုဗူးမဟုတ်‌လား၊တို့ကmoneသူငယ်‌ချင်းပါတဲ့၊oh my god.

ဘူလည်း.တို့သူရဲ‌ကြောက်‌တယ်‌‌နော၊ဆို‌တော့ခိေိ.တဲ့၊
မပြီး‌သေးဘူးခင်‌ဗျ၊smsရိုးရိုးနဲ့.စုဗူးဘာလုပ်‌‌နေလည်းလုပ်‌ပြန်‌ပါ‌ရော၊‌ရေးလက်‌စကိုရပ်‌၊ဒီ‌ကျေးဇူးရှင်‌‌တွေနဲ့ပြတ်‌သားရန်‌အချိန်‌မို့
moneလား‌ပြောပါဘာ‌ပြောချင်‌လည်းဆိုmoneမဟုတ်‌ဘူးယွန်းတဲ့၊‌တေပီဆာ၊
onlineသူရဲကားရိုက်‌ဖို့ဇတ်‌ညွှန်းရှာ‌နေသူ‌တွေ‌တော့မဟုတ်‌တန်‌‌ကောင်း
ခဏ‌နေလာပြန်‌‌ရော၊ယွန်းကmoneပါတဲ့၊၊ယခုစာရှုသူ‌တောင်‌ဖတ်‌ယင်းစိတ်‌‌လေ‌လောက်‌ပါတယ်‌၊စုဗူးတင်းသွားပါတယ်‌၊အရူးလို့လည်းသုံးဖြစ်‌ပါတယ်‌။
online‌ပေါ်‌နောက်‌ပါ၊ခုဟာကအလုပ်‌နဲ့မို့မ‌နောက်‌သင့်‌ပါဘူး၊‌စော်‌ကားသလိုဖြစ်‌‌နေပါတယ်‌‌ပေါ့၊
ခုဏက‌ပြောတဲ့မင်းသမီးနှစ်‌ပါးရှုံး‌လောက်‌တယ်‌ဆိုတာကviber imageမှာသူမပုံပါတယ်‌‌လေ၊
ခဏ‌နေ‌တော့
sorryပါ၊‌နောက်‌မလုပ်‌‌တော့ပါဘူး‌ပေါ့၊လိမ်‌မာလိုက်‌တဲ့သူရဲ‌လေးရယ်‌၊‌ကျေးဇူးပါလိုတာရှိယင်‌‌မေးလို့ရပါတယ်‌၊လို့fallလုပ်‌လိုက်‌ပါတယ်‌။
ပြီး‌တော့သူရဲ‌ပေါ်မလာ‌တော့ပါဘူး၊
ဒီမှာစုဗူးသတိထားမိတာရှိပါတယ်‌၊စာအသွားအလာအရboy မဟုတ်‌တာ‌မွေးရာပါပညာနဲ့သိနိုင်‌သလိုစုဗူးလို့သိသူဟာ‌ရွှေမြို့‌တော်‌memberတစ်‌ဦး‌သေချာပါတယ်‌ည၁း၀၀နာရီအချိန်‌မပျင်းမရိနဲ့‌နောက်‌တာအိပ်‌မ‌ပျော်‌လို့ဘဲလား.ဖုန်းတစ်‌လုံးနဲ့အချိန်‌ဖြုန်းတတ်‌သူလားကာယကံရှင်‌မှသိနိုင်‌မှာပါ။
ဒီစာ‌ရေးရခြင်းရည်‌ရွယ်‌ချက်‌ဟာ၊မိတ်‌‌ဆွေတို့ထံလည်းအလားတူသူရဲအ‌ခြောက်‌ခံရလျင်‌coment‌ပေးဘို့နဲ့ထူးခြားဖြစ်‌ရပ်‌မှန်‌‌လေးသိ‌စေလိုလို့‌ရေးဖြစ်‌ခြင်းပါ။
‌လေးစားစွာဖြင့်‌........ဈုး

ခံစားချက်လက်ကျန်

$
0
0

ခံစားချက်လက်ကျန်

      လောကကြီးမှာ …. ယောက်ျားတစ်ယောက်ဟာ အောင်မြင်မှုတွေရရှိလာပြီဆိုရင် အရင့်အရင်က ရှိခဲ့ဖူးတဲ့ အချစ်ကို လွယ်လင့်တကူ ချေမွပစ်ရက်သတဲ့လား……??? တစ်ခါက လ၀န်းကို  ချစ်ပါတယ်လို့ တဖွဖွပြောခဲ့ဖူးတဲ့ ယောက်ျားတစ်ယောက်က အခု အောင်မြင်သွားတဲ့အခါ လမ်းခွဲကြစို့ လို့ ပေါ့ပေါ့ပါးပါးလေး ပြောရက်နိုင်ခြင်းဟာ ဘယ်လိုအသိဥာဏ်တွေရဲ့ စေစားမှုကြောင့်လဲဆိုတာ လ၀န်း အဖြေရှာမရအောင်ဘဲ ရင်ခွင်တို့နာကျဉ် ကြေမွနေရပါတယ်….။ မေ့လို့မဖြစ် ဖျောက်ဖျက်လိုက်ဖို့မသင့်တဲ့ အတိတ်က ချစ်သူအကြောင်း အကြိမ်ကြိမ် ပြန်လည်တွေးမိတိုင်း လ၀န်းရဲ့ မျက်အိမ်ထဲမှာ သွန်းဖြိုးလို့ မကုန်တဲ့ မျက်ရည်တွေသိပ်သည်းနေဆဲပါ……။

     လ၀န်းသူ့ကို "မောင်" လို့မြတ်မြတ်နိုးနိုးခေါ်ခဲ့ဖူးတယ်….။တစ်ယောက်တည်း ရှင်သန်နေရတဲ့ လ၀န်းရဲ့ဘ၀မှာ မောင်က လ၀န်းအတွက် တစ်ဦးတည်းသော အားကိုးရာပါပဲ….။ လ၀န်းရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်ဖြစ်ခဲ့သလို လ၀န်းရဲ့ မနက်ဖြန်တွေတိုင်း မောင်နဲ့တွေ့ရဖို့အတွက် နိုးထစေခဲ့တဲ့ သူပါ။လ၀န်း မောင့်ကို ချစ်တယ်ဆိုတာထက် ပိုသာစွာ ချစ်မြတ်နိုးခဲ့ပါတယ်….။မောင့်အတွက် လ၀န်းဟာ ချစ်သူတစ်ယောက်ရဲ့တာဝန်တွေ ကျေပွန်လွန်ခဲ့တာမို့ မောင်တစ်ယောက် လ၀န်းရဲ့အချစ်တွေမှာ ပျော်ပိုက်ခဲ့လိမ့်မယ်လို့ လည်း လ၀န်းထင်ပါတယ်….။လ၀န်းရဲ့ ချစ်သူ မောင်ကလည်း "လ၀န်းငယ်" ဆိုတဲ့ နာမည်လေးသုံးလုံးထဲက "ငယ်" ဆိုတဲ့ နာမ်စားလေးကို ခေါ်ဝေါ်သုံးစွဲရင်း ၃နှစ်၃မိုး လုံးလုံး ကြည်နူးမှုတွေတည်ခင်း နူးနူးညံ့ညံ့ကဗျာတစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ဆန် လ၀န်းရဲ့ဘေးမှာ ရပ်တည်ပေးခဲ့ဖူးပါတယ်….။

မောင်နဲ့လ၀န်းတို့ရဲ့ချစ်သူ ဘ၀မှာ…..အလှအပဆိုတာကို သိပ်မသိခဲ့ပါဘူး….ပြီးတော့ အချစ်စစ်တွေနဲ့ မောင့်အတွက် ဖြစ်တည်နေခဲ့တဲ့ ….လ၀န်းကဲ့သို့ မောင်လည်း ထပ်တူကျနေလိမ့်မယ်ဆိုတဲ့ အတွေးတွေနဲ့ လ၀န်းတို့ရဲ့ အချစ်ဆိုတာကို ရိုးရှင်းစွာ ဂုဏ်ယူခဲ့ဖူးတယ်….။အသားဖြူ ဖြူ …အရပ်မြင့်မြင့်… ယောက်ျားပီပီသသ ရုပ်ရည်ဖြောင့်တဲ့ မောင့်ကို စိတ်မချမှုတွေလည်း မဖြစ်ခဲ့ပါဘူး.…။ လ၀န်းမှာ ရှိနေတဲ့ သစ္စာတွေက အချိုးညီညီနဲ့ မောင့်ဆီရိုက်ခတ်နေမှာပဲလို့ ခံယူထားပြီး အချစ်ဆိုတာရဲ့ တစ်ဖက်တစ်ချက်မှာ မောင့်ကို အချုပ်အနှောင်မဲ့စွာဖြင့် သီးသန့်…ရှင်သန်စေခဲ့ဖူးတယ်….။ မောင်ကတော့ လ၀န်းလို မဟုတ်ခဲ့ပါဘူး….

"မောင် ငယ် ဆံပင်ညှပ်ပြီး အရောင်ဆိုးရင် ကောင်းမလားလို့…ပြီးတော့ ဆံပင်လည်း ကောက်ချင်တယ် "လို့ လ၀န်းက မောင့်ကို ဖွင့်ဟတိုင်ပင်တဲ့အခါတိုင်း…..

"ဘာလုပ်မှာလဲ ငယ်ရယ် ဒီပုံစံလေးနဲ့လည်း လှပါတယ် ငယ့်ဆံပင်ရှည်ရှည်တွေကို မောင်ကချစ်တာ ဆံပင်မညှပ်နဲ့နော် " လို့ ချိုချိုသာသာလေး တားမြစ်ခဲ့ဖူးပါတယ်….။

"မောင် ငယ့်သူငယ်ချင်းတွေကပြောတယ်…မောင်က တအားကြည့်ကောင်းနေပြီး ငယ့်ရဲ့စတိုင်က ပဲ့နေတယ်တဲ့ အဲ့ဒါ ခပ်လန်းလန်းလေးဖြစ်သွားအောင် ဒီဇိုင်းပြောင်းကြည့်ပါလားတဲ"့ လို့ လ၀န်းကို အကြံဥာဏ်ပေးခြင်းတွေအား မကွယ်မ၀ှက် ပြောပြတဲ့အခါ….  မောင်က ခပ်ဟဟလေးပြုံးရင်း….

"အချစ်မှာ ဒါတွေ လိုလို့လား ငယ်ရယ်…"လို့ မောင်က လ၀န်းကို ပြန်မေးခဲ့ဖူးတယ်……….

နောက်ပြီးတော့ လ၀န်းရဲ့လက်ကို ဖွဖွလေး ဆုပ်ကိုင်လျှက် ရင်ခွင်ထဲ ဆွဲသွင်းပြီး "ငယ့်ကို ငယ်ဖြစ်နေလို့ မောင်က ချစ်နေတာ မဆီမဆိုင် အတွေးတွေတွေးပြီး ဦးနှောက်သေးသေးလေးထဲ မထည့်ထားပါနဲ့ကွာ ဟုတ်ပြီလား" ဆိုတဲ့ မောင့်ဆီက ဒီလိုစကားမျိုးကြားရရင်ဖြင့်…. လ၀န်းလေ ဘယ်လိုပြောရမလဲ….ဒီလိုချစ်သူကောင်လေးမျိုး ပိုင်ဆိုင်ထားရလို့ လ၀န်းကိုယ် လ၀န်း ကံအကောင်းဆုံး မိန်းကလေးလို့တောင် သတ်မှတ်ခဲ့ဖူးတာ…. မောင့်ရဲ့လက်ကို တွဲထားရခြင်းအတွက် ပီတိတွေတန်ဆာဆင်ရင်း မောင်ရှိနေခြင်းအတွက်နဲ့….ရွှင်ရွှင်ပြပြလေး ဖြစ်နေခဲ့ရသူပေါ့ရှင်……။

အဲ့ဒီ့အချိန်က "လ၀န်းရဲ့ အဖြစ်ချင်ဆုံး ဘ၀က ဘာလဲ"လို့ မေးလာရင်…. မောင်ဦးဆောင်မယ့်ဘ၀ထဲမှာ မောင့်ရဲ့ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်အဖြစ်နဲ့ နေထိုင်ရင်းအဆုံးသတ်ခွင့်လို့ လ၀န်းဖြေခဲ့ဖူးတယ်…..။ ဒီလို ရှေ့ရေးလေးတွေ တွေးပြီး စိတ်နှလုံးတို့အေးချမ်းစွာဖြင့် မောင့်ရဲ့ဝါသနာထုံလွန်းတဲ့ အဆိုတော်အလုပ်ကိုလည်း အားပေးရင်း နေ့ရက်တွေကိုကျော်ဖြတ်ခဲ့ပါတယ်….။ မောင့်ရဲ့ဘေးမှာ ဆံပင်ရှည်ရှည် အသားညိုညိုနဲ့ ပုံစံခပ်တုံးတုံးအဖြစ်တည်ရှိနေခဲ့တဲ့ လ၀န်းလေ…. မောင်ရဲ့ အဆိုတော် ပေါက်စဘ၀မှာ မောင့်ပရိတ်သတ်ကောင်မလေးတွေရဲ့ ပေစောင်းစောင်းကြည့်ပြီး အချင်းချင်း တီးတိုးပြောဆိုခြင်းဒဏ်တွေ ခံခဲ့ရပါတယ်…။ မောင်ကတော့ သူ့ရဲ့ အပြင်အဆင်တွေနဲ့ သီးခြားစွာ ကွဲထွက်နေတဲ့ လ၀န်းကို သူ့ရဲ့အောင်မြင်မှု အရှိန်ရစအထိ ခပ်မြဲမြဲလေး တွဲထားခဲ့ပါတယ်….။ အဲ့ဒီ့တုန်းကလေ…..

"ဟိုက အဆိုတော် ပေါက်စ ဖြစ်နေပြီနော်… သူ့ပရိတ်သတ်ကောင်မလေးတွေကလည်း လန်းနေကြတော့မှာ နင်လည်း ကိုယ့်ကိုယ်ကို ခြယ်ခြယ်သသလေးနေဦး " ဆိုတဲ့ သတိပေးမှုတွေကို ဥပေက္ခာတွေပြုချင်တိုင်းပြုပြီး လ၀န်းကို အရင်ကနဲ့မခြား ဂရုတစိုက်ရှိနေတတ်တဲ့ ချစ်သူ မောင့်ကို သိပ်ပြီး ယုံကြည်မှုတွေရှိခဲ့တာပေါ့….။ နောက်ပြီး "အချစ်မှာ ဒါတွေလိုလို့လားကွာ" ဆိုတဲ့ မောင့်ရဲ့မေးခွန်းတွေကို ပြန်ကြားယောင်ပြီး "လုံးဝ မလိုလောက်ပါဘူး မောင်ရယ်" လို့ စိတ်ထဲက ရံဖန်ရံခါများစွာ ဖြေနေခဲ့တာပါပဲ…။မောင်ဘာလိုအပ်လဲ လ၀န်း ဖွေရှာပြီး အလိုက်တသိဖြည့်ဆည်းပေးခဲ့ဖူးပါတယ်…..။မောင် လ၀န်းကို ထားခဲ့လိမ့်မယ်လို့ စိုးစိမျှတောင် အပူပန်ခဲ့ဖူးတာအမှန်ပါ…..။ တကယ်တော့ လ၀န်းရဲ့ ချစ်သူအပေါ် လွန်ကဲနေသော ယုံကြည်မှုဟာ ရှုံးနိမ့်ကြေကွဲမှုတွေထဲသို့ ရောက်မှန်းမသိရောက်စေခဲ့တယ်ဆိုတာ လ၀န်း သတိမထားမိခဲ့ပါဘူး….။

ကာလအပိုင်းအခြားတစ်ခု ကုန်ဆုံးခဲ့ချိန်မှာတော့…..အောင်မြင်မှုတစ်ခုဟာ ယေက်ျားတစ်ယောက်ကို အသွင်ပုံစံလုံးဝ ကွဲလွဲစေရုံသာမက သူ့ရဲ့စိတ်ဓါတ်ကိုပါပြောင်းလဲစေတတ်တယ်ဆိုတာ…. လ၀န်းလက်ခံတတ်သွားအောင် မောင်က သရုပ်ဖော်ပြခဲ့ပါတယ်…။ မောင့်ကို ဘယ်သူ ဘယ်ဝါဆိုတာ လူတိုင်းက သိမြင်လာတဲ့ တစ်နေ့မှာ….. လ၀န်းနဲ့မောင်ဟာ မဖြစ်နိုင်တော့ကြောင်း မောင် ၀န်ခံလာတယ်….။ "သူ့ရဲ့ ၀ါသနာ သူ့ရဲ့အောင်မြင်မှုတွေအတွက် လ၀န်းနဲ့ အတူတူရှိနေပေးဖို့ အချိန်တွေ အလုံအလောက်မရှိတော့လို့ပါ"ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့….  ပတ်သက်သမျှ အရာရာကို ပုံသေတွက်ဆပြီး ပျော်မြူးခြင်း အိပ်မက်တွေ မက်နေတဲ့ လ၀န်းကို မောင် ကိုယ်တိုင် လှုပ်နိုးပေးခဲ့ပါတယ်…။ဟုတ်လောက်မှာပါလေ…. ထိုအချိန်တွေတုန်းက လ၀န်းဟာ မောင်နဲ့ လိုက်ဖက်မှု ရရှိနိုင်ဖို့ တော်တော်ကြိုးစားယူရဦးမယ့် အခြေအနေဆိုတော့လည်း ခုလို မရေရာတဲ့ ဆင်ခြင်တွေနဲ့ လ၀န်းကို စွန့်ပစ်ဖို့ မောင် ရဲရဲဝင့်ဝင့် ဆုံးဖြတ်ရက်ခဲ့တာနေမှာပေါ့……။

မောင်နဲ့ လမ်းခွဲပြီးခဲ့တဲ့နောက်ပိုင်းမှာ လ၀န်း သေလုမျောပါးခံစားခဲ့ရပါတယ်….။ နေရာတိုင်းမှာလိုလိုကြားနေရတဲ့ မောင့်ရဲ့ သံစဉ်တေးသားတွေထဲမှာ တခါတုန်းက လ၀န်းတို့အတူတူ ရေးစပ်ခဲ့ဖူးတဲ့ ကဗျာစာကြောင်းလေးတွေများပါလာခဲ့ရင် လ၀န်းရဲ့ အသည်းတို့ ပြုတ်ကျကြေမွမတတ် လှုပ်ရှားခဲ့ရတယ်…။ ဟိုးအရင်က ဆံပင်အရှည်တွေကို မြတ်နိုးလွန်းပါတယ်လို့ ပြောခဲ့ဖူးတဲ့ မောင်ဟာ အခု ဆံပင်…..အတို….. အကောက်….. အဖြောင့်…. အို….. အမျိုးမျိုးသော ဖြီးလိမ်းထားတတ်တဲ့ ကောင်မလေးတွေနဲ့ သာယာနေတယ်ဆိုတဲ့ အကြောင်းကိုလည်း လ၀န်း မစုံစမ်းရပါဘဲ…..လ၀န်းကို မောင့်ရဲ့ရည်းစားဟောင်းအဖြစ် သိရှိနေပြီးသားဖြစ်တဲ့ လူတွေဆီကတဆင့် နေ့တွေမခြားဘဲ ကြားခဲ့ရစမြဲပါ……။

မောင့်ရဲ့ ထားခဲ့ခံရခြင်းအတွက် လ၀န်းကို သနားဂရုဏာသက်စွာပဲဖြစ်ဖြစ်…. ရှုံ့ချအထင်သေးစွာပဲဖြစ်ဖြစ် ကြည့်တတ်တဲ့ မျက်ဝန်းတွေနဲ့ ဝေးရာသို့လည်း လ၀န်းပြေးထွက်သွားချင်မိပါရဲ့….။ "ငါ့ကို လုပ်ရက်လိုက်တာ" လို့ တွေးမိလာရင်း…."ငါက ဘာဖြစ်နေလို့ သူက ဒီလိုလုပ်ရက်တာလဲ " ဆိုတဲ့ အတွေးတွေပါ တဖြည်းဖြည်းချင်း ခေါင်းထဲမှာစုဝေးလာကြတော့ မခံချင်စိတ်တွေက လ၀န်းမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ မာနတရားအသွင်ပြောင်းလဲလာပါတော့တယ်….။ နိုင်ငံခြားမှာ နောက်အိမ်ထောင်နဲ့ အခြေချနေတဲ့ လ၀န်းရဲ့တစ်ဦးတည်းသော ဆွေမျိုးသားချင်း ဖေဖေ့ဆီကို ပြန်ဆက်သွယ်ပြီး လ၀န်းရဲ့ ကြိုးစားမှုတွေမှာ ဖေဖေ့ရဲ့ပံ့ပိုးမှုကိုပါ လ၀န်း ရယူခဲ့ပါတယ်….။ "လ၀န်းငယ်" ဆိုတဲ့ မိန်းမဟာ ဘယ်လိုမိန်းမမျိုးလဲဆိုတာ မောင့်ကို အသိပေးဖို့အတွက် စတင် ကြိုးစားတဲ့အချိန်မှာ မောင်ဟာ တိုင်းသိပြည်သိ အောင်မြင်မှုရရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ…..။

လ၀န်း အချိန်အတိုင်းအတာ တစ်ခုသတ်မှတ်ပြီး လိုချင်တဲ့ဘ၀ကို ထုဆစ်ယူခဲ့ပါတယ်….။ စိတ်တို့အားတဲ့အခါတိုင်း မောင့်ဆီရောက်သွားမှာ စိုးရိမ်ရင်း အချိန်တွေလုယူပြီး လ၀န်း ၀ါသနာပါတဲ့ Photographer တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်တွေကို ရှာဖွေယူခဲ့ပါတယ်….။ အလှအပထဲ တိုးဝင်ပြီးတော့လည်း ခန္ဓာကိုယ်ကအစ လှလှပပ မိန်းကလေးတစ်ယောက်အဖြစ် အဆင်ပြေစွာ နေထိုင်တတ်နေပါပြီ....။အချိန်ကာလ(၄)နှစ်ကြာမြင့်ချိန်မှာတော့ လ၀န်း The Moon ဆိုတဲ့ ကိုယ်ပိုင် Photo Studio လေးတစ်ခု ထူထောင်နိုင်နေပြီ……လ၀န်းရဲ့ Studio လေးမှာ Modle လေးတွေ ဓါတ်ပုံလာရိုက်ကြသလို….. Wedding Photo တွေကို Idea ဆန်းဆန်းလေးတွေနဲ့ ဖန်တီးပေးလေ့ရှိတဲ့ လ၀န်းဟာ……တ စစ နဲ့ လူသိများတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့ပါပြီ…..။

တစ်နေ့တော့ လ၀န်း Out door တစ်ခု ရိုက်ရန်အတွက် ကန်တော်ကြီးထဲမှာ လိုအပ်တာတွေ ပြင်ဆင်နေတုန်း MTV ရိုက်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ဆုံဖြစ်လေရဲ့.....။ မောင့်ရဲ့ MTV ဆိုတာ လ၀န်း သိလိုက်ရတဲ့အချိန်မှာ …..ရင်ထဲမှာ အဆန်းတကြယ် ခါရမ်းခြင်းမျိုးတွေ ရှိမနေတော့မှန်း လ၀န်း ကိုယ့်ကိုယ်ကို သတိထားမိပါတယ်….။ "ငယ်" တဲ့…..   ၄ နှစ်လောက် ဝေးကွာခဲ့ရတဲ့ နာမ်စား တစ်ခုကို ပြန်ကြားလိုက်ရတော့ လွန်ခဲ့တဲ့ကာလတွေထဲက ….စို့နင့်ခဲ့ရတဲ့ ဒဏ်ရာတွေကိုပါ ပြန်ရသလို ခံစားလိုက်ရပါတယ်…..လ၀န်းလည်း ခေါ်သံကို အသိအမှတ်ပြုတဲ့အနေနဲ့ အပြုံးလေးတစ်ပွင့်သာ ခြွေချခဲ့ပြီး လ၀န်းရဲ့ အလုပ်ထဲမှာသာ အာရုံစူးစိုက်ထားလိုက်ပါတယ်…..။     " မမလ၀န်း ဟို အဆိုတော်အစ်ကိုကြီး မမကို ကြည့်နေတာ မျက်တောင်မခတ်ရုံမကဘဲ….အသက်တောင် ရှူရဲ့လား မသိပါဘူး…. " ဆိုတဲ့ လ၀န်းရဲ့အကူ ကောင်မလေးရဲ့စကားကို ကြားရတော့မှ  မော်ဒယ်လေးအလှပြင်နေတဲ့မှန်ထဲက တစ်ဆင့် မောင့်ကို အကဲခတ်လိုက်ရင်း လ၀န်းရဲ့ ခြေအစ ခေါင်းအဆုံး ထပ်ခါတလဲလဲ လိုက်ကြည့်နေတဲ့ အမူအယာတွေကို ခပ်မဲ့မဲ့ပြုံးမိလိုက်ပါတယ်….။

မောင်က သူ့ MTV ရိုက်ကူးရေးပြီးတဲ့အထိ မပြန်သေးဘဲ ဆိုင်တစ်ဆိုင်ထဲမှာ လ၀န်းကို ထိုင်စောင့်နေတယ်ထင်ပါရဲ့ လ၀န်းစိတ်တိုင်းကျ ဓါတ်ပုံတွေ ရိုက်ကူးပြီးတဲ့နောက် Studio သို့ ပြန်မယ်လုပ်တော့ ထိုဆိုင်ထဲက ထွက်လာပြီး လ၀န်းနဲ့ သီးသန့်တွေ့ဆုံခွင့်တောင်းလာပါတယ်…..။ အရင်က ကိစ္စတွေကို မေ့ရက်နိုင်ပြီး အခု ဘာမှမဖြစ်ခဲ့ဖူးသလို ပုံစံမျိုးနဲ့ လ၀န်းရဲ့ရှေ့မှာ လ၀န်းနဲ့ တွေ့ဆုံဖို့ခွင့်တောင်းတဲ့ မောင့်ကို …..တခါကို လမ်းခွဲဖို့ ပြောဆိုနေတဲ့ မောင် အဖြစ်သာ မြင်ယောင်နေမိတယ်….။ လ၀န်းနဲ့ မောင့်ရဲ့ ပြန်လည်တွေ့ဆုံမှုမှာ မောင့်ဘက်က စပြီး ရွှန်းရွှန်းလဲ့လဲ့ အကြည့်မျိုးတွေနဲ့ကြည့်ရင်း ….. "ငယ် အရမ်းလှလာတယ်နော် " ဆိုတဲ့ ပြောစကားမျိုးကြားလာရတော့ လ၀န်း ခပ်လွင့်လွင့်လေး ပြုံးလိုက်မိတယ်….

သူ့ဘက်ကပဲ ထပ်မံပြီး…. "အပြုံးတွေကလည်း အရင်ကလို မဟုတ်တော့ဘူး " လို့ ကောက်ချက်ချလေရဲ့….

"တွေ့ချင်တဲ့ ကိစ္စက…." လို့ လ၀န်း စကားလမ်းကြောင်းလွှဲတော့ "ငယ့်ကို တောင်းပန်ချင်လို့ပါ" ဆိုတဲ့ စကားကို ခါးသီးစွာ ကြားလိုက်ရပါတယ်…..။ စိတ်ထဲမှာလည်း…..ဒီလို အချိန်မှာ လ၀န်းဟာ အရင်ကလို ပုံစံမျိုးနဲ့ မိန်းမတစ်ယောက်ဆိုရင်ရော ရှင်က လိုက်ရှာပြီး တောင်းပန်မှာတဲ့လားရှင် လို့ မေးလိုက်ချင်ပါရဲ့…..။

"မလိုပါဘူး" လို့ လ၀န်း ခပ်ပြတ်ပြတ်ပြောလိုက်တော့

"လိုတယ် ငယ်…. မောင့်ကို ခွင့်လွှတ်ပေးပါ  ပြီးတော့ ပြန်စဉ်းစားပေးစေချင်ပါတယ်…. ငယ့်ရဲ့ သတင်းတွေ မောင်…ကြားခဲ့တာကြာပြီ….   The Moon Studio ပိုင်ရှင်ရဲ့နာမည်က လ၀န်းလို့ပဲ သိထားတော့ လ၀န်းငယ်ဆိုတဲ့ မောင့်ကောင်မလေး မဟုတ်လောက်ဘူးထင်ထားခဲ့တာ….ပြီးတော့ လ၀န်းရဲ့ အလှအပတွေ….လ၀န်းကို ပိုင်ဆိုင်ချင်နေတဲ့ လူတွေအကြောင်းတွေ….နောက်ဆုံးကွာ မောင့်အသိတေးထုတ်လုပ်ရေးတစ်ခုရဲ့ ပိုင်ရှင်ကတောင် လ၀န်းကို propose လုပ်ထားတယ်ဆိုတာကိုပါ မောင် သိထားခဲ့တာ…. တခါတုန်းက လ၀န်းကို မဂ္ဂဇင်း

တစ်ခုထဲမှာ  တွေ့လိုက်ပေမယ့်…. ဆံပင်အရှည်ကြီးနဲ့ မဟုတ်တော့တာရယ်… ပုံစံတွေ အရမ်းပြောင်းသွားတာရယ်ကြောင့် ငယ် မဟုတ်လောက်ပါဘူးလေ လို့ မောင် ဇဝေဇ၀ါ ဖြစ်နေခဲ့တာ…" လို့ အဆက်မပြတ်ပြောလာတော့ မောင် လ၀န်းအကြောင်းတွေ တော်တော်သိထားတာရုံတင်မဟုတ်ဘဲ…မောင့်ရဲ့ လ၀န်းအပေါ်အထင်အမြင်သေးထားမှု တစ်စွန်းတစ်စကို လ၀န်း မြင်တွေ့လိုက်ရပါတယ်….။  "ဒါဆို ရှင် အဲ့ဒီ့တုန်းက လ၀န်းဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့"  လို့ မေးလိုက်တော့ မောင်…. အသံတိတ်နေလေရဲ့……

လ၀န်းကပဲ ဆက်ပြီး…. "ကျွန်မ ရှင်နဲ့လမ်းခွဲပြီးကတည်းက လ၀န်းငယ် ဆိုတဲ့ ကျွန်မရဲ့နာမည်ကို လ၀န်းလို့ပဲ သတ်မှတ်လိုက်တာ….. ဘာ့ကြောင့်လဲ သိလား …… ရှင် ကျွန်မကို ခေါ်ဖူးခဲ့တဲ့ "ငယ်" ဆိုတဲ့ နာမ်စားကို ကျွန်မက အရမ်းမုန်းနေလို့လေ….အဲ့ဒီ့လိုပါပဲ လ၀န်းဘ၀နဲ့ ရှင်သန်ရခြင်းတွေထဲမှာ လ၀န်းငယ်ဆိုတဲ့ အတိတ်ဘ၀ထဲက ဘယ်သူ့ဘယ်သူကိုမှ ခုဘ၀ထဲ ၀င်ရောက်စွက်ဖက် မ၀င်ဆန့်စေချင်တော့ပါဘူး  " လို့ မောင့်မျက်ဝန်းကို ရဲရဲကြည့်ရင်း ပြောလိုက်တော့….

"မဟုတ်သေးဘူး ငယ်…. အဲ…. ငယ် ဆိုတာကို မုန်းတယ်ဆိုတော့လည်း လ၀န်းပေါ့….. မဟုတ်သေးဘူး လ၀န်းရဲ့ လ၀န်းလို မိန်းကလေးတစ်ယောက်အတွက် လက်တွဲဖော်ဆိုတာ ရှိသင့်ပါတယ်….. လ၀န်းရဲ့ အလှအပတွေကို စောင့်ရှောက်ဖို့ …. ပြီးတော့ တစ်ယောက်တည်းဖြစ်နေဆဲဖြစ်တဲ့ လ၀န်းအတွက် မားမားမတ်မတ် ရပ်တည်ပေးမယ့်လူတစ်ယောက် လိုအပ်မယ်လို့ မောင်ထင်မိတယ်…..။"

သြော် ယောက်ျားတစ်ယောက်ရဲ့ အယူအဆကလည်း ခက်သားလားနော်….. လ၀န်းငယ်ဆိုတဲ့ မိန်းကလေးကို ထားခဲ့တုန်းကဖြင့် မောင့်ဆီမှာ လ၀န်းအတွက် ဒီလို တွေးပေးမှုတွေ အနည်းငယ်တောင် ရှိခဲ့ဖူးမှာမဟုတ်လောက်ပါဘူး….. အခု သူအလိုရှိတဲ့ လ၀န်းဖြစ်လာမှ…… လ၀န်းရဲ့ အရည်အချင်းတွေကို သိမြင်လာမှ…….. မောင်က  လ၀န်းအတွက် ဆိုတဲ့ ဖြောင့်ချက်တွေ ပြောလာပြန်တော့ လ၀န်း မခံထိမခံချင် ဖြစ်မိပါတယ်…..။ "ဒါဟာ ရှင်နဲ့ မဆိုင်ပါဘူး ရှင့်အပူ တပြားသားဖိုးမှ မပါဘူး" လို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောနေမိပေမယ့်……

"ကျွန်မအတွက် ဘာမှ မလိုအပ်တော့ပါဘူးရှင် အထူးသဖြင့် ရှင်ပေါ့…..ကျွန်မကို ဒီလိုအခြေအနေမျိုးထိရောက်အောင် ရက်စက်ပြီး ထားခဲ့တဲ့ ရှင့်ကို နေ့တိုင်းတော့ ကျွန်မ ကျေးဇူးတင်ခဲ့ဖူးပါတယ်…..။ကျွန်မရဲ့ဘ၀ လှေကားထစ်တွေ တစ်ထစ်တက်ခွင့်ရတိုင်း ရှင့်ကို ကျွန်မဘ၀ထဲက ဆွဲထုတ်ပစ်ဖို့ ပိုပြီးသေချာလာခဲ့တယ်" လို့ ယဉ်ကျေးမှုတွေရောစွက်နေတဲ့ စကားတွေကိုပဲ တစ်လုံးချင်း လ၀န်းပြောလိုက်တဲ့အခါ……..

မောင်က …." ဒါဆို လ၀န်းက မောင့်ကို ချစ်တဲ့စိတ်တွေကို စိတ်နာနာနဲ့ ချေမှုန်းလိုက်ပြီပေါ့…..အင်းပေါ့လေ….လ၀န်းကို ကမ်းလှမ်းထားတဲ့ လူက မောင့်ထက် အစစအရာရာခိုင်မာနေမှတော့ မောင့်လို အဆိုတော်တစ်ယောက်ကို ဘယ်လို ပြန်ပြီးစဉ်းစားပါ့လဲ" ဆိုတဲ့ ထင်မြင်ချက်တစ်ခုကို မောင် ပြောလာတော့

လ၀န်း သွေးအေးအေးနဲ့….

" ရှင်ကျွန်မကို ထပ်ပြီး အထင်သေးပြန်ပြီနော် ……ကျွန်မမှာ ကျွန်မ ၀င်ငွေနဲ့ ပြေပြေလည်လည် နေနိုင်တဲ့ ဘ၀ရှိတယ်….အဲ့ဒီ့အတွက် ကျွန်မရဲ့ဘ၀ကို ဘယ်ယောက်ျားရဲ့ စီမံချယ်လှယ်ခြင်းမျိုးမှ မပါဝင်စေဘဲ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားတယ်…..အချစ်ကို မိုက်ရူးရဲဆန်ဆန် ကိုးကွယ်ခဲ့ရခြင်းက ဘာမှ အရေးမပါမှန်း ရှင် သင်ခန်းစာပေးခဲ့ပြီးပြီပဲ…." လို့ ပြောပြီး မောင့်ကို တစ်ခါမှ မကြည့်ခဲ့ဖူးတဲ့ ဒေါသတကြီး မျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်လိုက်ပါတယ်….။

"သေချာစဉ်းစားပါဦး လ၀န်းရယ် မောင်တို့တွဲခဲ့တဲ့အချိန်တွေတုန်းက လ၀န်း မောင့်ကို ဘယ်လောက်ထိချစ်ခဲ့တယ်…..မောင့်ကို ဘယ်လောက်ထိ အားကိုးတွယ်တာခဲ့တယ် ဆိုတာ မောင်အသိဆုံးပါ" ဆိုတဲ့ ကာလတစ်ခုကို ပြန်အသက်သွင်းလိုသော မောင့်ရဲ့စကားတွေကို လ၀န်းကြားလိုက်မိတော့…

လ၀န်း သိပ်ပြောချင်ခဲ့သော စကားတွေ သွန်မှောက်ရတော့မှာပေါ့လေ……။

"ဟုတ်တယ်လေ အဲ့ဒီ့ လ၀န်းငယ်ဆိုတဲ့ မိန်းမဟာ ရှင့်ကို သိပ်ယုံကြည်လွန်းခဲ့ပြီး ရှင့်ကို ချစ်တဲ့စိတ်တွေနဲ့ အရာရာအားကိုလိုခဲ့မိတာ…..ရှင် ချစ်ပါတယ်ဆိုတဲ့ အသွင်အပြင်တွေနဲ့သာ တည်ရှိခဲ့တာ……ရှင်က ဦးဆောင်သွားမှာပါလေ ဆိုတဲ့ အိပ်မက်လေးတစ်ခုနဲ့ ရှင့်ပါရမီ ဖြည့်ဘက်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ပဲ စိတ်အားထက်သန်ခဲ့တာ…..ရှင်ကတော့ ထင်ကောင်းထင်ခဲ့မှာပေါ့ ဘာကိုမှ ဖြစ်ထွန်းလိုစိတ်မရှိတဲ့ လ၀န်းငယ် ရယ်လို့….ဘာမှမဟုတ်တဲ့ လ၀န်းငယ်က ရှင့်ချစ်သူပါလို့ လူပုံအလယ်မှာ ကြေငြာဖို့အတွက် ရှင့်မှာ အင်အားမရှိဘူးလေ…..အဲဒါကြောင့်ပဲ ရှင် လ၀န်းငယ် ဆိုတဲ့ ကျွန်မကို ၀မ်းသာအားရ စွန့်ပစ်ခဲ့တာမဟုတ်လား ရှင်ပေးခဲ့တဲ့ ရသတွေကပဲ ကျွန်မရဲ့ ဟိုးအောက်ဆုံးရောက်နေတဲ့ မာနေတွေကို ဆွဲတင်ပေးခဲ့တာ…… နောက်ထပ်ဘယ်သူ့ကိုမှလည်း တွယ်ကပ်လိုစိတ်မရှိအောင် ဆုံးမပေးခဲ့တာလေ……အခု ကျွန်မ လ၀န်း ဆိုတဲ့ဘ၀ထဲမှာ အဲဒီ့မာနလေးတွေကို အရောင်တင်ရင်းနေလာခဲ့တာ တော်တော်တောင် နေသားကျနေပါပြီ…." ဆိုတဲ့ စကားအဆုံးမှာ လ၀န်းရဲ့စကားလုံးတွေအလိုက် မျက်နှာအရောင်ပြောင်းသွားတဲ့ မောင့်အပြုအမူတွေအား အားရစွာ ရှုမြင်မိရင်း မတ်တပ်ထရပ်လျှက် "တကယ်ပါ တစ်ဘ၀စာ ရှင်သန်မှုတွေပေးခဲ့တဲ့ ရှင့်ကို ထပ်ပြီး ကျေးဇူးတင်ပါတယ်…." လို့ပြောပြီး လှည့်ထွက်လာတော့ မောင်က လ၀န်းအနောက်ကနေ "သေချာပါတယ် မင်းဟာ ငါသိခဲ့တဲ့ လ၀န်းငယ် မဟုတ်တော့ဘူး" ဆိုတဲ့ စကားကို လ၀န်းကြားအောင် လှမ်းအော်ပြောပါတယ်…။

       တကယ်တော့ လ၀န်းအရင်က အဖြေခဏခဏထုတ်ခဲ့ဖူးတဲ့ မောင့်ရဲ့အချစ်ဆိုတာက အောင်မြင်မှုတွေ ညီမျှတဲ့အခါ ပြန်လည်ပေါ်ပေါက်လာမှန်း သိလိုက်ရတဲ့အချိန်မှာ လ၀န်းရဲ့မောင့်အပေါ်ချစ်ခင်လိုမှုတွေဟာ….လ၀န်းပိုင်ဆိုင်ထားတဲ့ မာနတရားတွေရဲ့ အောက်ခြေမှာ ၀ပ်ဆင်းနေကြပါပြီ…..။ လ၀န်းရဲ့ဘ၀မှာ မောင့်ကို မလိုအပ်တော့ပါဘူး…..။ အကယ်၍ မောင့်ဘက်ကသာ လ၀န်းလက်ရှိပိုင်ဆိုင်ထားတဲ့ ထင်ပေါ်မှုတွေကြောင့် လ၀န်းဆီမှာ ခက်ထန်မှုတွေ ပြည့်နှပ်လာတယ်လို့ စွပ်စွဲခဲ့ဦးမယ်ဆိုရင် လ၀န်း ပြောလိုက်ချင်ပါရဲ့ ချိုးနှိမ်ခံခဲ့ရတဲ့အချစ်ဆိုတာထက် ဘ၀ကို ရွှေရောင်လွှမ်းစေခဲ့တဲ့ မာနတရားလေးကိုပဲ ဆက်လက် သိမ်းပိုက်မယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့အရှုံးဆိုတာ မြူတစ်မှုန်စာလောက်တောင် ကျန်ရှိနေမှာ မဟုတ်ဘူးရယ်လို့လေ…..။ မောင်က လ၀န်းရဲ့ဘ၀မှာ အသက်ထက် ပိုပြီး အဓိကကျတဲ့လူ ဖြစ်ခဲ့ပြီးပါပြီ….ဒါပေမယ့် ရှေ့ဆက်ရမယ့် နေ့တွေအတွက် လ၀န်းရဲ့ အလိုအပ်ဆုံးသော အရာဟာ မောင့်အချစ်မဟုတ်တော့ပါဘူး…. မောင်နဲ့လည်း ထပ်မံမစုံမက်လိုတော့ပါဘူး….။ အသစ်အသစ်သော ချစ်တတ်မှုတွေနဲ့ မောင်ဟာ လ၀န်းအတွက် ရှိနေဦးမယ်ဆိုရင်တောင်….. ဟောင်းနွမ်းခဲ့တဲ့ ငိုသံတွေကို ပြန်အမှတ်ရပြီး အပြည့်အ၀ ပျော်ရွှင်ဖို့ အလွန်အမင်းခက်ခဲနေတာမို့….. လ၀န်းရဲ့ ဘ၀လက်ကျန်လေးကို အချိန်ဖြုန်းဖို့ မောင့်ကို ချန်လှပ်ထားခဲ့မှ ဖြစ်တော့မယ်…..။ သေချာတာတစ်ခုတော့….လ၀န်းမောင့်ကို မမုန်းပါဘူး….. ချစ်ဖို့အတွက် အထင်ကြီးမှုတွေ ပျောက်ဆုံးသွားတာကလွဲရင်ပေါ့…….။     ။

                                                                                                                                                                            အလွမ်းကေသရီ

ထိုမှန်သောသစ္စာစကားကြောင့်

$
0
0

မတွေ့တာကြာပြီနော်. . .မမစန္ဒာ. . .မုန့်စင်မှမုန့်တစ်ထုပ်ကို ဖြုတ်စားရင်းနှုတ်ဆက်လိုက်သော လေးကို သူဇာပြုံးမိသည်။ ဟုတ်သားပဲ လေး အိမ်ပြန်မလာတာတော်တော်ကြာနေခဲ့ပြီပဲ. . .ဦးကြီးတို့ မမစိုးအရမ်းသတင်းကြီးနေတယ်နော်. . .လေး စကားက ထေ့သံများပါနေမလား. . . သိချင်လိုက်တာလေးရယ် ...ငယ်ငယ်လေးထဲကဆွေမျိုးတွေကြားထဲမှာလေးကနာမည်ကြီးသည်(စာလုံးကြီးကြီးနှင့်ရေးသည်ကိုပြောသည်မဟုတ်ပါ) လေးအရင်လက မန္တလေးသွားသေးတယ် အဓိဋာန်သွားဝင်တာလေ. . .နှလုံးရောဂါနှင့် တတိယနှစ်လောက်တွင်အသည်းအသန်ဖြစ်ပြီးတည်းက လေး သည် ဘာသာရေးဘက်ကိုအာရုံစိုက်သွားတာဖြစ်သည်။ မနေ့က လေး ဆီကိုအသိတစ်ယောက်လာသွားတယ်. . .ရှပ်အကျီအမြဲဝတ်တက်သော မမလှလှလေးကိုလေးသတိရမိသည်။ သူမပုံတွေအင်တာနက်ထဲမှာတွေ့ခဲ့တယ်. . .သူမကလေးကိုမေးနေတယ်. . .သူဘယ်သူလဲတဲ့. . .လေး လည်းစိတ်ပေါက်ပေါက်နဲ့ဆူလိုက်မိတယ်. . .ဒါတောင်မသိဘူးလားဆိုတော့ မလတ်ကပြောတယ်. . .မကြီးမလာခင်အဲဒီလူ ကို အရက်အရင်တိုက်ကြသေးတယ်. . .မမတို့က အပြစ်ဖြစ်မခံချင်ဘူး လေး ရယ်တဲ့. . .ဘယ်လိုဖြစ်တာလည်းလို့ လေး မမေးချင်တော့. . .လူကနေလို့ကလည်းမကောင်းတဲ့အချိန်ဆိုတော့. . .လေး ကန်တော်ကြီးထဲခဏသွားလိုက်ဦးမယ်. . .ဘာလုပ်ဖို့လဲ လေးငယ်. . .သူဇာစိတ်မရှည်သလိုမေးပြန်သည်။ လေး . . .အဲဒီကိစ္စအတွက် အစ်ကိုတစ်ယောက်ကိုသွားရှာမလို့. . . မမစန္ဒာကတော့ လေး ကိုမသွားနဲကလို့တားမြစ်သည်။ မမသူဇာကပြောသေးသည် ဟိုဘက်တိုက်ကို အသစ်ပြောင်းလာသော လူကြီးသမီးလေးတစ်ယောက် ရွှေပုံပေါ်မှ မိထွေးကြောင့် မယားငယ်ဖြစ်သည့်သတင်း . . .အဆိုတော်ဖြစ်ချင်သောကလေးမလေးသည် လေး ထက်တောင်ငယ်သေးသည်တဲ့. . .မမစန္ဒာတို့နေသော ကျောက်မြောင်းတွင် ဒါတွေအရမ်းပေါသည်။ အတက်နိုင်ဆုံး လေး ကျောက်မြောင်းအိမ်ကိုမသွား. . .ဒီအိမ်ကတော့လေး နဲ့ မောင်နှမအရင်းလိုနေသည့်အိမ်. . .မမသူဇာက မေမေနှငိ့စိတ်ဆိုးလျှင် အဲဒီအိမ်ပဲဆင်းနေကြ. . . လေး ကတော့ ကျောင်းက ကောင်းကလေးတို့ကို လန့်၍မလာခြင်းဖြစ်သည်။တော်ကြာ လူကိုတောထင်တောင်ထင်ထင်ကြဦးမည်။ ဒါတောင် လေး အချစ်ဆုံးသူငယ်ချင်း သဲ ကလညးကျောက်မြောင်းတိုက်ခန်းတွင် ငှားနေချင်သည်။ လေး ကိုပါသူနဲ့လာနေရမည်ဆို၍ လေး မှာ အိမ်ကလူကြီးတွေကိုလည်း အားနာ. . .သဲ ကိုလည်းမနိုင်နဲ့ နောက်ဆုံးကျောက်မြောင်းမပြောင်းခင် သူငယ်ချင်းကို ယောင်္ကျားပေးစားလိုက်ရသည်။အခုလည်းတစ်မှု. . .သဲ က ယဉ်ကျေးမှုဘက်ကဆိုတော့ အဲဒီနေ့က လေးလည်း အမျိုးသားကဇာတ်ရုံကိုရောက်ခဲ့သည်။ ကလေးပိစိလေးထဲက အချစ်ဆုံးသူငယ်ချင်းဖြစ်သော လေးသည် သဲ ၏ အိမ်ကလွဲပြီး အပြင်လူနှင့် လုံးဝမပါတ်သတ်သောကြောင့် သဲ၏မိသားစုအရင်းမှလွဲ၍ လေး ကိုမြင်ဖူးသူရှားပါးသည်။ လေး လည်း သဲဆီကအလကားရသော လက်မှတ်ကို တစ်ခါလိုက်မကြည့်ဖူးသောကြောင့် ဒီကနေ့တော့သွားကြည့်မိသည်. ကိုအောင်ခိုင်ကတော့ပုဂံခေတ်အရည်းကြီးဇာတ်ကို က နေဆဲပင်။ လေး ပြန်တော့မယ် အေကြီး . . .သဲမေမေကိုနှုတ်ဆက်ပြီး ပြန်လာခဲ့သည်. . .လိုင်းကားမစီးတက်သော သဲ နှင့် ကားငှားမစီးရသော လေးမေမေကြား လေး စိတ်ညစ်ရသည်။ မေမေက လေးကို ကားငှားမစီးရ ၊ အန္တရာယ်များသောကြောင့် လိုင်းကားပဲစီးရမည်ဆိုသည့် အယူဝါဒကို သူငယ်ချင်းတွေနားမလည်ပါ. . .လူကြီးတွေကတော့ အန္တရာယ်ကင်းအောင်လို့ နာမည်တပ်ကြသည်။ လေး ကန်တော်ကြီးထဲတွင်တော်တော်ကြာသည်အထိထိုင်စောင့်နေခဲ့သည်. . .လေးစောင့်နေသောအစ်ကိုရောက်မလာပါ. . .လာရင်ရော လေး က သူ့ကိုမှတ်မိပါ့မည်လား. . .သိပ်တော့မသေချာပါဘူး. . .မမကြီးနဲ့ အင်တာနက်ပေါ်တင်ခံရသော သူ. . .လေးသူ့ကိုသိလို့လားဆိုရင်. . .လေးသူဘယ်သူဆိုတာကို သိပ်ကိုသိပါသည်လို့. . .အစ်ကို့ကိုပြောချင်ရုံတင်ပါ. . .တကယ်တော့ ပြီးခဲ့တဲ့ (၅)ရက်ခန့်ကပဲ လေး မေမေကို့ မမကြီးနဲ့ပါတ်သတ်တဲ့အဖြေကိုပေးခဲ့ပြီးပါပြီ . . .မေမေကတော့ယုံမှာမဟုတ်ပါဘူး. . .မမကြီးလူ ကိုဇော်ထွန်းကိုလည်း လေးဘာမှမပြောချင်ပါ. . .ဒါပေမယ့်. . .ဒါပေမယ့်. . .လေးကို နာကျည်းနေတာပဲဖြစ်ဖြစ်. . .လေးမေမေ ကိုနာကျည်းနေတာပဲဖြစ်ဖြစ် (ဘာကြောင့်လဲတော့ လေး မသိပါ). . .လေးမသိတဲ့အတိတ်တစ်စုံတစ်ရာကြောင့်ပဲဖြစ်ဖြစ်. . .ဘာကြောင့်ပဲလုပ်ခဲ့လုပ်ခဲ့. . . လေးကတော့ ငယ်ငယ်ကမပြောဖြစ်တဲ့စကားတစ်ခွန်းကို ထပ်ပြောမိမှာပါ. . . ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်အစ်ကိုလို့. . . လေး သူ့ကိုတကယ်ကို ကန်တော်ကြီးတွင်စောင့်နေခဲ့သည်ဆိုတာ. . . အဲဒီနေ့က လိမ္မော်ရောင်ဗမာအကျီလေးနဲ့ ဆံပင်တစ်ခေါင်းလုံးအညိုရောင်ဆိုးထားသော လိမ္မော်ရောင်ကောင်မလေးသည် မြင့်မြတ်တို့ရုပ်ရှင်ရိုက်ကွင်းနားကို ရောက်ခဲ့ဖူးပါသည်။ သူမသည် ထောပါတ်သီးဖျော်ရည်တစ်ခွက်ကို စိမ်ပြေနပြေသောက်ခဲ့ပါသည်. . .အစ်ကိုရောက်မလာတာတော့ လေး လည်းမတက်နိုင်ပါ. . .သူမ သူ့ကိုရှာခဲ့ဖူးပါသည်ဆိုရင် . . . ထို့ကြောင့် လေး ဆူးလေပန်းခြံနားတွင် လမ်းလျှောက်မထွက်နိုင်ပါ။ ငါမြှားတစ်စင်းကိုလေထုထဲကိုပစ်လွှတ်လိုက်တယ် မည်သူ့ကိုမှမချိန်၍ခဲ့ဖူးဆိုပေမယ့်. . . ထိုမြှားသည် လူပေါင်းများစွာ၏ အသဲနှလုံးနဲ့ ယုံကြည်မှုတစ်ခုကို စိုက်ဝင်ပျက်စီးစေခဲ့ပြီဆိုတာ. . 

မချစ်ဘူးဆိုတာက ချစ်အောင်လုပ်လို့ရသေးတယ် မမ. . .

မလေးစားနိုင်တော့တာက ဘာမှလုပ်လို့မရတော့တာ. . .

ထို့ကြောင့် လေး မောင့်ကိုလမ်းခွဲခဲ့ပါသည်. . .

လေးကို သိကြားမင်းပင်ဆင်းတား၍မရပါ. . .

လေးသည်ငယ်ငယ်တည်းက စိတ်ပြတ်သူပါ. . .

(သူရဲ့ရှေ့ဆက်ရမယ့်လမ်းခရီးတစ်လျှောက်အတွက် လေး သူ့ကိုယုံကြည်မှုမပေးနိုင်သောကြောင့်

မမကြီးနှင့် ကိုဇော်ထွန်းမင်္ဂလာဆောင်ရင်တော့ လေး က လှေလှလှလေးတစ်စင်းလက်ဖွဲ့မည်ဟုစိတ်ကူးထားသည်။)

သို့သော် တရားဓမ္မနှင့်မဆန့်ကျင်သောနည်းလမ်းဖြစ်ဖို့ကတော့အရေးကြီးပါသည်။

လေး နှုတ်ဆက်ခဲ့ပါတယ်. . .မမကြီး

လေးသည် ထိုအဖြေကို ဖြေခဲ့ပြီးပါပြီ. . .

ထိုအဖြေကို မြတ်စွာဘုရားပင်သိပါလိမ့်မည်. . .

လေး၏ မှန်ကန်သောသစ္စာတရားသည်. . . . .

အမှတ်တ၇

$
0
0

  အတွေ့ အကြုံ၇တာပေါ့ဗျာ
  မနေ့က အဖြစ်ပျက်လေး(မှတ်မှတ်၇၇ပေါ့)18.12.2013
  ac တခုမှာ လူနှစ်ယောက်သုံးကြတယ်တဲ့
  ပထမလူက မိတ်ဆက်တယ် ခင်ကြတယ်ပေါ့ ဒုတိယလူက ထပ်မိတ်ဆက်တယ် ခင်မယ်ပေါ့
 ကျနော် ကို လာကစားနေသလို ခံစားမိတယ်။(မမှားနိုင်ပါဘူး ဒါ စမ်းသပ်မူ့ပဲ)
 ကျနော် က online ပေါ်က သူငယ်ချင်းအားလုံးကို  ခင်တက်ပါတယ်။ပျော်ပျော်၇ွှင်၇ွှင် စနောက်တက်တယ်။ဘယ်တော့ ၇ှိုင်းတဲ့ အသုံးအနှန်းတွေ မသုံးဘူး ။မသုံးမိအောင်လည်းဂ၇ုစိုက်ပါတယ်။online ဆိုပေမဲ့ ကိုယ့်တန်ဘိုး တော့ ကိုယ့်ထိန်းကြတာပေါ့။သူငယ်ချင်းအားလုံးလည်းဒီလိုဆို ၇င်ကောင်းမှာပေါ့နော်။ မနေ့က online friend နှစ်ယောက်ကတော့ ကျနော်ကို စွပ်စွဲ ချက်ပေါင်းများစွာနဲ့ block လုပ်သွားကြတယ်။ သူတို့ က Block လုပ်မယ်ပြောနေချိန်မှာ ကျနော်က အ၇င် delete လုပ်ခဲ့တယ်ဆိုတာ သူတို့သိစေချင်လိုက်တာ။
အားလုံးကို ခင်မင်လျက်
 

ဆီဆေး ရေဆေး မြန်မြန်

$
0
0

ဆီဆေး ရေဆေး မြန်မြန်

၁။ဆီဆေး ကားဟောင်းလေးပါ  “လ”ကို ဖျောက်ပြီး  ဆေးအရောင်းနည်းနည်း ပြန်တင်ထားပါတယ်

၂။ ရေးဆေး  မြန်မြန်

၃။ရေဆေး မြန်မြန်

၎။ ရေဆေး မြန်မြန်

၅။ရေဆေး မြန်မြန် ပေါ့ပေါ့ ပါးပါး

၆။ ရေဆေး

ကျေးဇူးတင်ပါသည်

ကြိုင်ကြီး..........

ခေတ်ကြီးအပြစ်ရှိသည်

$
0
0
အသက်တစ်ဆယ့်ရှစ်နှစ်အထက်သာ နားထောင်ခွင့်ရှိသီချင်းများသည် လေတွင်ပျံဝဲလျှက် ကလေးအစခွေးအဆုံး တရို့ရို့ အူကာအော်ကာဆိုသည့်ခေတ်ထဲသို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုသီချင်းများအတွက် ကန့်သတ်ချက်သည် လူတိုင်းနှုတ်ခမ်းဖျားမှ ပြည့်တန်ဆာစကားများ ထွက်မလာစေရန်သာ ရည်ရွယ်ခဲ့သည်။

ယခုတော့ ခေတ်ကြီးက တိုး၍ တိုး၍ ပြောင်းလဲတိုးတက်လာခဲ့ပြီဖြစ်၏။ ကန့်သတ်ချက်သည် ကန့်သတ်ချက်အဆင့်ပ၌သာ မရပ်တန့်တော့။ မျက်မမြင်အတွက် ကန့်သတ်ချက်၊ ကလေးများအတွက် ကန့်သတ်ချက်။ တိုး၍လာသလို ထင်ပေါ်မှုသည်လည်း တိုး၍ တိုး၍လွယ်ကူလာခဲ့၏။ အသံထွက်ရွတ်၍မရသော ကဗျာတို့ပေါ်ထွန်းလာပြီဖြစ်သလို ဖိုမခွဲခြားချက်များကိုပင် တသီးတသန့်ကဗျာလုပ်ကြည့်ကြသူတို့ ပေါ်လာပြီဖြစ်၏။ ယခုခေတ်မှာပင် ဆိုရိုးစကားတစ်ခုပေါ်ထွန်းလာပြီဖြစ်သည်။ သုတေသနဆိုင်ရာစာတမ်းများကို မျက်စိအညောင်းခံ၊ စိတ်အညောင်းခံရှာကြည့်မည့်အစား ထိုအမျိုးအစားကို သုတေသနပြုကာ ရေးသားထာသော ကဗျာများ၊ ရသစာတမ်းများကိုသာ ရှာဖွေ ဖတ်ရှုကြည့်စမ်းပါဟုပင်ဖြစ်သည်။

ကလေးတစ်ယောက်၏ လက်ရေးသည် ဝိုင်းစက်လှပဖို့ မလွယ်သော်လည်း စီးကရက်လက်ကြားညပ်ဖို့တော့ လွယ်ကူသည်။ ဆင်းရဲသည်ချမ်းသာသည်ဖြစ်စေ၊ ကလေးတို့၏ ဘဝသည် မေတ္တာတရားကင်းသော ရှင်သန်နေထိုင်မှုကိုရရှိနေကြ၏ မိန်းမပျိုတစ်ယောက်၏ ဘဝသည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အပြာခန်းတိုးဖို့ လွယ်ကူနေပြီဖြစ်၏။ ယနေ့ခေတ်ကြီးကား ယောက်ျားပြည့်တန်ဆာများ ပေါများလာသလို မိန်းမပြည့်တန်ဆာများလည်း ပေါများလာ၏။ ငွေကြေးလိုအပ်ချက်သည် လူတိုင်းအတွက် မြင့်သထက်မြင့်မြင့်လာသလို ငွေကြေးပြည့်စုံသူများသည်လည်း ကိုယ့်သားသမီးကို ပညာရေးဖက်တွန်းပို့ရင်း အသိအလိမ္မာတိုးဖို့ရာ ရသစာပေဖတ်ရန် လမ်းညွှန်ဖို့ မေ့လာပြီဖြစ်၏။

ထိုသို့ဖြင့် ခေတ်ကြီးသည် နှလုံးသားမပါသော ကလေးငယ်များကို လွယ်ပိုးထားရသည့် သားပိုက်ကောင်ပမာရှိသည်။ ဦးနှောက်ဖြင့်တွက်ချက်နေသည့် သားသမီးများကို ထမ်းပိုးရင်း သူ့ကို မကောင်းကြံနေသည့် အခြေအနေအားမျက်ရည်လည်ရွဲဖြင့် ငေးကြည့်နေရသကဲ့သို့ရှိ၏။

“ခေတ်ပျက်ကြီးထဲ ကြီးလာရတာကိုး.. ခေတ်ကြီးက ကောင်းမှမကောင်းတာ ခေတ်ကောင်းတယ်ဆိုတာ ခဏပဲ”
ခေတ်ခေတ်ခေတ်…။ လူတိုင်းလူတိုင်းက မကောင်းပြောခြင်းကို ခံရသော ခေတ်။ ခေတ်တိုင်းခေတ်တိုင်း ဘာ့ကြောင့် မကောင်းပြောခံရလဲဟူသည့်အဖြေကို ရှာဖွေချင်လာပြီဖြစ်၏။ ခေတ်တိုင်းဘာ့ကြောင့်မကောင်းသလဲ ဆိုသည့်အဖြေကို မရှာခင် အမိနိုင်ငံတော် ဆိုသည့် စကားလုံးကို ရင်းရင်းနှီးနှီးညွတ်ညွတ်နူးနူးသုံးသူများကို ဦးစွာရှာဖွေမိတော့ စိတ်ဝယ် ဆစ်ခနဲ။ ကိုယ့်ပေါင်ပေါ်မီးကျမှ ပူမယ့်အပူသည်များကြားဝယ် အမိနိုင်ငံတော်ဟူသည့်စကားလုံးကို ရိုကျိုးညွတ်နူးစွာသုံးသူက နည်းပါးလှသည်။

“မြန်မာအားကစား ကမ္ဘာကို လွှမ်းနိုင်ရမည်”ဆိုသည့် သီချင်းသံကို မျက်ရည်အပြည့်ဖြင့် အော်ကြီးဟစ်ကျယ်သီဆိုဝံ့ပါသည်။ သို့သော် ဆန္ဒထုတ်ဖေါ်ပွဲသို့ ရဲရဲဝံ့ဝံ့သွားဖို့ရာ မရဲသေးပါ။ ရုပ်မြင်သံကြားမှ မြင်နေရသည့် မျက်ရည်စက်များးနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ အနားတွင်ထိုင်ကာ လက်ဆွဲ၍ ငိုကြွေးချင်လှပါသည်။ ကိုယ်ပိုင်စည်းစိမ်ထဲမှ လယ်လုပ်ယာခုတ်ဖို့ ပေးချင်လှပါသည်။ သို့သော် ကိုယ်ကိုယ်တိုင်ကပင် မရှိမရှားအစားထဲကဖြစ်၍ ကိုယ်ပိုင်အိမ်တစ်လုံးရအောင်မနည်းကြိုးစားနေရသည့်အဖြစ်ဝယ်…။

ကိုယ်ကိုယ်တိုင်သည်ပင် ပေါင်ပေါ်မီးကျမှ ပူသည့်အမျိုးအစားဖြစ်ကြောင်း ဝန်ခံလိုက်မိတော့ ခေတ်ကြီးကမှ မကောင်းတာကိုး ဟု တီးတိုးရေရွတ်မိလိုက်သေးသည်။ ဟုတ်သည်။ တောင်မင်းမြောက်မင်းမကယ်နိုင်ဆိုသည့် အနေအထားရှိသည့် ခေတ်ကြီးထဲဝယ် ကိုယ့်ပေါင်ပေါ်မီးကျမှ ပူတတ်အောင် တကူးတကလေ့ကျင့်စရာမလိုခဲ့။ ဟုတ်သည်။ ခေတ်သည်သာလျှင် အပြစ်ဖြစ်ပါသည်။

(-)
ခေတ်ကြီး ငိုနေလောက်သလားဟု ဝေဝေဝါးဝါးတွေးကြည့်မိသည်။
“ဟဲ့ ငါတို့ ခေတ်တုန်းက လက်ကလေးကိုင်တာတောင် ရင်ဖိုနေတာဟဲ့”
“အမေတို့ခေတ်က ခေတ်ဆွေးကြီးပါဗျာ ဒီခေတ်က မြန်တယ် အမေရဲ့ ကျွန်တော့်သမီးက အသက် ၁၃ နှစ်ပဲရှိသေးတာပေမယ့် စိတ်မချရဘူး လူကြီးလစ်ရင်လစ်သလို ပြဿနာတက်နိုငတယ် ခေတ်ကိုက အတတ်မြန်တဲ့ ခေတ်ကိုး”
“နင်တို့ခေတ်က ခေတ်ပျက်ခေတ်ဆိုးထဲ ရောက်နေတာကိုး”

ကြားရသည့် စကားသံများကြား ခေတ်ကြီးငိုနေလောက်သည်ဟု ယုံကြည်မိသည်။ သိပ်မကြာခင်ရောက်ရှိလာတော့မည့် ၂၀၁၄ ဟူသည့် ခုနှစ်ကြီးသည်လည်း ရင်တဖိုဖိုရှိနေလောက်ပြီဖြစ်၏။


ခေတ်သည် အသံမထွက်ဘဲ ငိုနေရော့သလား ဆိုသည့် ယောင်ချာချာအတွေးများ ပတ်လည်ရိုက်ရင်း ခေတ်ကြီးကိုယ်စား ရင်မောမိသည်။ ခေတ်သည် အပြစ်မရှိပါဘဲ သူ့တာဝန်ချိန်တွင် သူပိုက်ထွေးယုယခဲ့သော သားသမီးများ၏ လုပ်ရပ်ကြောင့် ခေတ်ဆိုးခေတ်ပျက်ဟု တံဆိပ်ကပ်ခြင်းခံလိုက်ရပြီဖြစ်၏။ ခေတ်သည် သူပိုက်ထွေးယုယထားသော သားသမီးများကို နောက်တစ်ခေတ်သို့ မျက်၇ည်လည်ရွဲဖြင့် လက်လွှဲပေးလေ့ရှိလေသည်လား။

ခေတ်နှင့်အညီပင် အသံထွက်ဆို၍ မရသော သီချင်းတစ်ပုဒ်ကို ကျွန်တော် တီထွင်ချင်ပါသည်။ သင်္ချာပုစ္ဆာတစ်ခုတွင်ပင် အသံထွက်၍ ရသေးသည်။ အသံမထွက်သော သီချင်းဟူသည်မှာ ရှိပါ့မလား ဟု မေးစရာဖြစ်လာ၏။ သို့သော် ရှိပါလိမ့်မည်။ ထိုသီချင်းသည် ကျွန်တော့်နှလုံးသားမှ တီးခတ်လိုက်သော သံစဉ်ကို နှလုံးသားချင်းရင်းနှီးသူသာ ကြားရမည့် သီချင်းဖြစ်သည်။

ဟုတ်သည်။ ကန့်သတ်ချက်တို့ရှိပါသည်။
ကျွန်တော့်နှလုံးသား၏ အရင်းနှီးဆုံးသူမဟုတ်လျှင် ထိုသီချင်းသံကို မကြားနိုင်။ ထိုသီချင်းသံကို ကြားမည့်သူသည် ကျွန်တော့် နှလုံးသား၊ ကျွန်တော့် စိတ်၊ ကျွန်တော့်ဘဝကို နားလည်ပေးထားသူသာ ဖြစ်ချိမ့်မည်။
ဒါက ကျွန်တော်တစ်ဦးတည်း၏ မူပိုင်သီချင်းဖြစ်သည်။
ကန့်သတ်ချက်ပေါင်းများစွာဖြင့် သီချင်းများ၊ ကဗျာများ၊ ဘဝများသည် ခေတ်တိုင်းတွင် ပေါ်ထွန်းခဲသလိုနောင်လာမည့် ခေတ်များတွင်လည်း ပေါ်ထွန်းဦးမည်ကတော့ အသေအချာပင်။ ထို့အတူ ကန့်သတ်ချက်ပေါင်းများစွာသည် လက်တလုံးလေးသာခြားထားသော စည်းမျဉ်းများစွာဖြင့် ဖေါက်ဖျက်ခံရဦးမည်မှာ သေချာနေလှသည်။

ဆိုပါစို့။အမြင်အာရုံဖြင့် တွက်ချက်စစ်ထုတ်ရသော သင်္ကေတများဖြင့် အချောသတ်ထားသည့် သီချင်းတစ်ပုဒ်ကို မျက်မမြင်တစ်ယောက်က တီးခတ်ဖို့ တာဝန်ယူထားရသည် ဆိုပါစို့။ ထိုမျက်မမြင်၏ ဘဝတွင် တစ်ခါမှ မသင်ယူခဲ့ရသော သင်္ကေတများအတွက် ထိုမျက်မမြင်တွင် ကျော်၍ တီးခတ်နိုင်ခွင့် ရှိမရှိ အငြင်းပွားကြည့်မည် ဆိုပါစို့။

ယထာဘူတကျကျတွက်စစ်ရလျှင်တော့ မျက်မမြင်တွင် အပြစ်မရှိ။ သူမသင်ယူခဲ့ရသော ဂီသင်္ကေတမဟုတ်သည့် ဘာသာစကားအတွက် မျက်မမြင်တွင်အပြစ်မရှိ။ ရေးစပ်သူတွင်သာ အပြစ်ရှိသည်။ သို့သော် အကယ်၍ျများတီးခတ်ခဲ့မည်ဆိုလျှင်ဖြင့် မျက်မမြင်တွင် အပြစ်ရှိခဲ့ပြီဖြစ်၏။ အနုပညာပစ္စည်းတစ်ခုအဖြစ်အသက်သွင်းထားသည့် သီချင်းတစ်ပုဒ်ကို ပြည့်ပြည့်ဝဝတီးခတ်နိုင်စွမ်းမရှိပါဘဲ တီးခတ်လိုက်လျှင် နားထောင်သူတို့ အကျိုးယုတ်စေသလို ရေးစပ်သူကိုလည်း စော်ကားရာ ရောက်သည်မဟုတ်ပါလား။

ခေတ်သည် မျက်မမြင်ကဲ့သို့ ဖြစ်နေသည်။ မနိုင်ဝန်ထမ်းကာ အသက်ဆက်နေရသူကဲ့သို့ ဖြစ်နေပြီဖြစ်၏။ သူနားမလည်သော ဘာသာစကားတို့၊ ကျင့်ဝတ်တို့ဖြင့် သူ့သားသမီးများက ရှင်သန်နေထိုင်ခြင်းကို ခံနေရသည်။ သူ့အနေဖြင့် သူ့သားသမီးများအတွက် တစ်စုံတစ်ခုမလုပ်ပေးနိုင်သလို တစ်စုံတစ်ခု မတားဆီးပေးနိုင်ခဲ့။ ကိုယ်ကိုယ်တိုင်ဖြေရှင်းမှ ရမည့် ပြဿနာများကို လက်ကိုင်ရင်း သူ့သားသမီးများသည် သူ့ကို မကောင်း ပြောနေကြသည်။ ခေတ်ဆိုးခေတ်ပျက်ဟု ပြောနေကြ၏။

ခေတ်ကောင်းဟု ပြောဆိုကြမည့်အချိန်သည် မည်သည့်အချိန်ဖြစ်မလဲ ဟူသည့် အဖြေကို တကူးတက တွက်စစ်ကြည့်လိုက်တော့………..။
အဖြေ သိသိနှင့် မရှိချင်ယောင်ဆောင်ထားသော ပုစ္ဆာတစ်ပုဒ်ကို ကောက်ရလိုက်သကဲ့သို့ရှိ၏။
ကျွန်တော်သည် (-+)ခေတ်တွင် ရှင်သန်နေသော သားသမီးတစ်ယောက် ဖြစ်သည်ဆိုသည့် အီလည်လည်အဖြေစကားဖြင့်သာ…။

ရည်ဝေ(လင်းရောင်ခြည်)

အမေ

$
0
0

အမေရေမနက်ဖြန်ဆိုတာမရောက်စေချင်ဘူး...............အမေနဲ.ငယ်စဉ်တောင်ကျေးဘ၀ကနေလာခဲ့တာကိုသတိရမိတိုင်း

သားငိုနေရဦးမှာပါသားတစ်ယောက်မွေးဖွားဖို.
ဘယ်ရုက္ခစိုးထံအမေ အမွှေးတိုင်ထွန်းခဲ့တယ်မသိဘူး

အမေ ရေသားဆိုတဲ့ကောင်ဟာ

မွေးမေကျေးဇူးကိုဆပ်ချင်ခဲ့တာပါ.......

အမေရေ   သူများသားသမီးတွေမြင်တိုင်း အမေမျက်ရည်ဝဲ၀ဲနဲ.ပြောခဲ့တာသားသတိရပါတယ်

သားကိုလေအမေအရမ်းချစ်တာ

သားကိုအဆင့်အတန်းအနိမ့်စားထဲမှာမရောက်စေချင်ဘူး

သားကိုအမေ ငယ်ငယ်ကတည်းကပြောခဲ့ဖူးပါတယ်

မီးလိုလည်းမပူနဲ.ရေလိုလည်းမအေးစေနဲ.တဲ့

အမေ့စကားကိုအဲ့တုန်းကသားသဘောမပေါက်ခဲ့ဘူး အခုမှသားသဘောပေါက်လာခဲ့ရတာပါ

အမေရေ သားကိုငယ်စဉ်တောင်ကျေးဘ၀ကနေ အမေစောင့်ရှောက်လာခဲ့တာကိုသားလေကျေးဇူးတင်ပါတယ်ဆိုတဲ့စကားထက်

ပိုတဲ့စကားလုံးတွေရှိရင်ပြောလိုက်ချင်တယ်ဗျာ

အမေ သားကိုသိပ်ချစ်တာသားသိတာပေါ့ အမေ့မျက်ရည်မြင်တိုင်း သားရင်ထဲမှာစိတ်မကောင်းဖြစ်မိပါတယ်မွေးမေမေကို

သားရောက်တဲ့နေရာကနေကန်တော့ပါတယ်

သားအခုထိမျက်ရည်ဝဲနေတဲ့အဖြစ်အပျက်တစ်ခုရှိတယ်

အဲဒီနေ.ကပေါ့်သားကျောင်းမသွားခင်အမေသားကို ထမင်းချိုင့်ပေးတဲ့အခါထမင်းချိုင့်ထဲမှာ

ဘဲဥဟင်းပဲပါလာခဲ့တော့သားတော်တော်စိတ်ဆိုးတာပေါ့

စိတ်တိုတိုနဲ.ကျောင်းကိုသွားခဲ့ပါတယ်မေမေ

ကျောင်းမှာအတန်းချိန်ပြီးလို့ထမင်းစားချိန်ရောက်တော့သူငယ်ချင်းတွေကမေးတာပေါ့

ဘာဟင်းနဲ.စားမှာလဲလို့ မေးပြီး သားချိုင့်ကိုဆွဲကြတာပေါ့

`ဘဲဥဟင်းပဲလားသူ.နာမည်ကိုဘဲဥလို့ပြောင်းခေါ်မယ်လို့`သူငယ်ချင်းတွေကပြောတာပေါ့အမေ

မေမေရေ သားကိုခွင့်လွတ်ပါလို့တောင်းပန်ချင်ပါတယ်

မေမေ့ကိုသားအရမ်းစိတ်ဆိုးတာပေါ့

အဲဒါနဲ.ထမင်းတောင်မစားနိုင်ပဲကျောင်းရှေ.အုတ်ခုံရှေ.မှာထိုင်နေတုန်း သားအဖြစ်အပျက်တစ်ခုလေးကိုမြင်မိသွားတာပေါ့

ခွေးမကြီးတစ်ကောင်ဟာသူ.သားသမီးတွေ တ၀ုတ်ဝုတ်ဟောင်နေကြတော့(အမှန်တော့ပူဆာနေကြတာပါ)

နို.တိုက်တာပေါ့ဒါပေမဲ့မ၀ဘူးမြင်လို့ထင်ပါရဲ့

အနီးအနားက သားငါးတွေရောင်းတဲ့ဆိုင်ကိုပြေးသွားပြီး

အသားတစ်ကို ဆွဲယူတာပေါ့......................

အဲဒီမှာပဲ ဆိုင်ရှင် မိန်းမကြီးက ခွေးမအသားတစ်ဆွဲပြေးလို့ပါဆိုပြီးငယ်သံပါအောင်အော်တာပေါ့ မေမေ

အဲဒါနဲ.အနားမှာအသားငါးခုတ်နေတဲ့လူကြီးတစ်ယောက်ကလှံကိုဆွဲလာပြီး အသားတစ်ဆွဲပြေးတဲ့

ခွေးမကြီးကိုလှမ်းပစ်တာပေါ့

ခွေးမကြီးလည်းသားသမီးစိတ်ကြောင့်ထင်ပါရဲ့

လုံးဝကိုမနာမကျင်ပဲသားသမီးတွေကို အသားတစ်ကျွေးတာပေါ့မေမေရေသားအရမ်းငိုချင်တယ်

သားသမီးတွေပျော်ရွှင်စွာစားနေကြတာကိုမြင်လို့ထင်ပါတယ်မေမေရေ

စိတ်လျှော့ချလိုက်ပြီးသွေးအိုင်ထဲမှာပဲ သေဆုံးသွားတာပေါ့`

မေမေအဲဒီအဖြစ်အပျက်တစ်ခုလုံးကိုမြင်လိုက်ရတဲ့သားမျက်ရည်တွေ

အတားအဆီးမရှိကျဆင်းလာတာပေါ့

သားတွေးမိပါရဲ့ မေမေရေ

မိခင်မေတ္တာဆိုတာသားတို.ထက်တစ်ဆင့်နိမ့်တဲ့တိရစ္ဆန်တွေမှာတောင်ကြီးမားနေပြီဆိုရင်

သားတို.လူတွေမှာဘယ်လောက်ကြီးမားသလဲဆိုတာပေါ့

မေမေသားလေ အရမ်းကိုမှားသွားပါတယ်

မေမေရေ မေမေထည့်ပေးလိုက်တဲ့ဘဲဥဟင်းကိုသားစားပြီးလူလားမြောက်လာခဲ့ရတာပါ

ဘယ်တော့မှရှက်စရာလို့မမြင်ရက်တော့ပါဘူးဗျာ

"သြော် . . . ငါ့သားသမီးတွေ
ဘယ်ရပ်၊ဘယ်ဌာနေမှာနေကြရပါလိမ့်
အဆင်ပြေပါ့မလား . . .
ငါ့ရင်ခွင်မှာလိုပျော်ပါ့မလား . . .
ပညာရောတတ်လာကြပါ့မလား . . . . .?
မိခင်တစ်ယောက်ရဲ့စေတနာကျေးဇူးမေတ္တာတွေပါပဲ . . .။

အမေရေ သားတို.ဘယ်လိုမှကိုအဆင်မပြေပါဘူး

ဒါပေမဲ့လည်းဘ၀ဆိုတဲ့ ပုစ္ဆာကြီးက

တိန်မယောင်နဲ.နက်လွယ်မယောင်နဲ.ခက်တဲ့ပုစ္ဆာပါပဲ

လောကကြီးကိုရင်ဆိုင်ဖို.အမေကသားကိုအားအင်တွေပေးခဲ့တယ်

အမေပေးတဲ့အားအင်တွေနဲ.သားရင်ဆိုင်နေခဲ့တာပါ

အမေရေ ရှေ.ဆက်မဲ့ဘ၀ကိုရင်ဆိုင်ဖို့သားကိုစိတ်ဓါတ်ကြံခိုင်အောင်လုပ်ပေးခဲ့ပါလား

မေမေရေသားမနက်ဖြန်ဆိုတာကိုမတွေးချင်ဘူးဗျာ

အမေဟာသားအတွက်မရှိမဖြစ်အရေးကြီးတဲ့မိခင်တစ်ဦးပါပဲ

မေမေကိုသားအရမ်းချစ်တယ်

ဒီဘလော့နဲ.သားမှားခဲ့စော်ကားမိခဲ့တာကိုတောင်းပန်ပါတယ်မေမေ

မေမေရေမနက်ဖြန်တိုင်းမှာ လူ.ဘ၀ဟာလည်းပြောင်းလဲလာဦးမှာပါပဲ

မေမေ့ကိုအရမ်းချစ်လျက်

နန်းရဲ့ဒီမို

$
0
0
အမှန်အတိုင်းပြောရင်နန်းရည်းစားတွေထားခဲ့ဘူးပါတယ်နန်းကိုယ်နန်းထက်ပိုချစ်ရတဲ့နန်းရဲ့အချစ်ရဆုံးသူတစ်ယောကတာ့ဖြင့်နန်းသေတဲ့အ
ထိမေ့နိုင်မှာမဟုတ်ဘူးဆိုတာနန်းကလွဲလို့ရဘယ်သူသိနိုင်ပါ့မလဲ။အချိန်တွေကြာလာလို့မေ့သွားမယ်င်ရင် ကို မှားမှာပေါ့။အစကတည်းကမေ့တတ်ခဲ့ရင်နန်း
မချစ်ခဲ့ဘူးလေ။မရေရာတဲ့အချစ်တွေနဲ့အဆုံးသတ်မလှခဲ့တာချစ်ခြင်းရဲ့အပြစ်တွေလား။မဟုတ်
ပါဘူးနော် ကိုတစ်ယောက်တည်းကြောင့်မဟုတ်သလိုမမေ့နိုင်တဲ့နန်းရဲ့အပြစ်လည်းမကင်းပါဘူး။ဒါပေမယ့်နန်းကိုထားခဲ့တဲ့ကို့ကိုတော့အပြစ်တင်ချင်
မိပါရဲ့နန်းတစ်ယောက်တည်းလွမ်းစေခဲ့လို့လေ။ဘယ်အချိန်ပဲဖြစ်ဖြစ်ကိုသာပြန်လာမယ်ဆိုနန်းကြိုနေမှာပါ။တစ်နေ့နေ့တော့ပြန်လာစေချင်တ
ယ်။ချစ်တတ်လို့လွမ်းတတ်ခဲ့ရင်နန်းဆိုတာကို့အတွက်ဆိုတာကိုသိတတ်ခဲ့ရင်ကိုပြန်လာမယ်လို့ယုံကြည်တယ်။ကိုဘာအပြစ်တွေပဲလုပ်ထားပါစေ။
နန်းခွင့်လွှတ်တယ်နော်ကိုလဲနန်းမမေ့နိုင်တာကိုနားလည်ေ
စချင်တယ်

နေ့စဉ် စာသင်ခန်းမှ ဘာသာရေးစကားစုများ

$
0
0

သံဝေဂမပါရင် တရားမရှာကြနဲ့။(23.1.2013)

ဘုန်းကြီးက လူစိတ်ပေါက်နေရင် ဘယ်တော့မှမစင်ကြဘူး၊ ဘယ်တော့မှ မအောင်မြင်ဘူး…။(4.12.2010)

လူတွေဟာ ဘုန်းကြီးတွေနဲ့နေတာများရင် ဘုန်းကြီးစိတ်ပေါက်လာတတ်တယ်။ (4.12.2010)

သတိထားရမှာက ဘယ်စာမေးပွဲမဆို ကျစရှိရင် ကျတတ်တယ်..။(8.12.2010)

မပြောမဆို ပြောမဆိုဘူး၊
ပြောလိုကပြော ပြောတိုင်းပြောတော့
ငပေါဖြစ်တော့မပေါ့…။(8.12.2010)

အခွင့်အရေးကိုမမျှော်ပါနဲ့။ (8.12.2010)

ကျဆုံးခြင်းဟာ လောကဓံရှစ်ပါးထဲက တစ်ပါးသာဖြစ်ပါတယ်။ (8.12.2010)

စာတတ်ပြီး နေရာမရှိတဲ့ဦးဇင်းလေးတွေဟာ လူထွက်ဖို့ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချတယ်။ (8.12.2010)

ဘုန်းကြီးတွေဟာ လူတွေအတွက်အသုံးမ၀င်ဘူး..ဆိုတဲ့အတွေးမျိုး လူတွေမှာများလာရင် မြန်မာနိုင်ငံမှာ သာသနာကွယ်လိမ့်မယ်။ (8.12.2010)

အတိုက်အခံများမှ တိုးတက်တယ်ဆိုပေမယ့် တိုက်ရတာများလို့ ရှေ့မတိုးနိုင်တာမျိုး ဖြစ်တတ်တယ်။ (8.12.2010)

ရုပ်,နာမ်ဆိုပေမယ့် သွားတော့မယုတ်မိစေနဲ့-
နံလာလိမ့်မယ်။ (8.12.2010)

ဗုဒ္ဓဘာသာမှာ စစ်ဆိုတာမရှိဘူး၊ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ်လုပ်ရမယ်။ (8.12.2010)

သာသနာပြုတဲ့နေရာမှာ တချို့အရာတွေကိုစွန့်လွတ်ရမယ်။ အဲ.. ဒါပေမယ့် ပါရာဇိကတော့ မကျစေနဲ့။ (8.12.2010)

ဘာသာစကားနားမလည်ဘဲ တောင်တန်းကို သာသနာသွားပြုရင် လိုသလောက်ခရီးမရောက်ဘူး၊ သွားလိုက်လာလိုက်ပဲ ဖြစ်နေလိမ့်မယ်။ (8.12.2010)

ကမ္ဘာကိုသာသနာပြုဖို့ထက် မြန်မာသာသနာမကွယ်ဖို့
ပိုဂရုစိုက်ရမယ်။ (8.12.2010)

မထင်မပေါ် မကျော်မကြား၊ ဘ၀တိုတိုမှာ အနှစ်သာရရှိရှိနဲ့ မဂ်,ဖိုလ်,နိဗ္ဗာန်ကို ရရပါလို၏။ (8.12.2010)

လောကမှာ ဘယ်လောက်ကောင်းတဲ့ အ၀၀်အစားပဲဝတ်ပါစေ ခန္ဓာကိုယ်ဟာ အနာကြီးမို့ ပတ်တီးစည်းထားတာနဲ့ အတူတူပါပဲ။ (8.12.2010)

ကြီးကြီးမားမား စိတ်ကူးယဉ်လိုက်စမ်းပါ!
တွေးရတာ အခွန်မဆောင်ရပါဘူး။

အမှိုက်ကျုံးတာ အရှုံးတော့မရှိပါဘူး၊ အနည်းဆုံး
စိတ်ကြည်လင်မှုတော့ ရတာပေါ့။ (8.12.2010)

လက်ရှိအလုပ်ကို ၀ါသနာပါသည်ဖြစ်စေ၊ ၀ါသနာမပါသည်ဖြစ်စေ အကောင်းဆုံးလုပ်ဆောင်ရမယ်။ (8.12.2010)

မဟုတ်တဲ့အာရုံတွေကိုကြည့်ပြီး
ရည်မှန်းချက် မပျောက်စေနဲ့။ ။ ။ (9.12.2010)

မမေ့အပ်တဲ့တရား(၄)ပါး
၁။ ထကြွလုံ့လ၀ီရိယရှိရမယ်။
၂။ ပန်းတိုင်ကိုလည်း မျက်ခြေမပျက်စေရဘူး။
၃။ ကိုယ်နှုတ်အမူအရာတွေကို ထိမ်းသိမ်းရမယ်။
၎။ သတ္တိနဲ့သတိတရားလည်း ပြည့်စုံရမယ်။

ဟုတ်တာ,မှတ်တာသာ ပြောရမယ်ဆိုရင် တစ်နေ့တစ်နေ့ကို အသုဘတွေ ရှောင်လို့တောင်ရမှာမဟုတ်ဘူး။

လူတိုင်း ချိုသာစွာပြောဆိုတာကို သဘောကျပေမယ့်
ချိုချိုသာသာ မပြောတတ်ကြပါဘူး။

သူများတွေ ကိုယ့်အပေါ်ကို ပြုမှုဆက်ဆံစေချင်သလို
ကိုယ်ကလည်း သူများကို ပြုမှုဆက်ဆံပါ။

သိက္ခာနဲ့ဆန္ဒကိုထိန်းပါ။ ။ ။ ဆန္ဒကို သိက္ခာနဲ့ထိန်းပါ။ ။ ။

ခေတ်မှီခြင်း,ခေတ်မှီခြင်းလို့ကြွေးကြော်နေပြီး ခေတ်မဆန်မိဖို့ အရေးကြီးတယ်။ ။

ပြောပြီးမှ မတွေးကြပါနဲ့။ တွေးပြီးမှ ပြောကြပါ။ ။ ။ အမှားနည်းလာလိမ့်မယ်။ ။ ။

လောကဓံဟာ လူတစ်ယောက်ခံနိုင်ရည်ရှိသလောက်ပဲ တိုက်ခိုက်မှာပါ၊ ကျရှုံးတဲ့သူတွေကတော့ ညံ့ဖျင်းတဲ့သူတွေပဲ။ ။ ။

မြန်မာလူမျိုးအများစုဟာ ဘုရားကိုကြည်ညိုလွန်းလို့ အမွှန်းတင်ထားတာတွေကို ကျက်မှတ်နေတာနဲ့ပဲ တရားက ရှေ့မရောက်ဖြစ်နေတယ်။

ကုသိုလ်တွေတော့ပြုကြတယ်၊ ကုသိုလ်ပြုတိုင်း ကုသိုလ်စစ်စစ်ကို ရပါသလား.. ဆင်ခြင်ကြပါ…။ လမ်းမှန်လျှောက်တတ်ဖို့ လိုတယ်။

လောက၀ဇ္ဇ,ပဏ္ဏတ္တိဝဇ္ဇ-တရားနှစ်ပါးကို သဘောပေါက်နားလည်ထားရင် ဗုဒ္ဓ၀ါဒကို သံသယပွားစရာမရှိပါဘူး….။ စာပေ၀မ်းစာနဲ့အကျင့်တရားမရှိရင် တလွဲမြင်တတ်တယ်….။

အပ်သွားတဲ့ပုဂံဟာ ကွဲဖို့ဝန်မလေးတော့ဘူး။

ဗုဒ္ဓတရားတော်တွေကိုလေ့လာတဲ့အခါ သမိုင်းပညာရှင်တွေရဲ့အဆိုကို မကြည့်နဲ့၊ အစွဲမကြီးနဲ့၊ မျက်မှန်စိမ်းမတပ်နဲ့။ ။

ဘ၀မှာ ဘာပဲလုပ်လုပ် အကြောက်တရားနဲ့မလုပ်ကြနဲ့ အသိတရားနဲ့ လုပ်ကြပါ။ ။

ရဟန်းသံဃာတော်များသည် သာသနာမဟုတ်၊ သာသနာတော်ကိုစောင့်ရှောက်သော သာသနာ့ဝန်ထမ်းများသာဖြစ်ပါတယ်။

သာသနာတော်မှာနေပြီး သာသနာအတွက် တစ်ခုခုမှမလုပ်ရင် သာသနာ့ဝန်ထမ်းမဟုတ် သာသနာ့ဝန်စီးများသာ ဖြစ်သည်။

တစ်စုံတစ်ရာသက်မှတ်ထားသော သက်မှတ်ချက်များအတွင်း လွတ်လပ်မှုရရှိသည်ကို စည်းကမ်းဟုခေါ်ပါသည်။ (ရှေးစာဆို)

သေဖို့အတွက် အဆင်သင့်မဖြစ်သေးတဲ့အတွက် အရှက်ထက် အသက်ကို ပိုမိုတန်ဘိုးထားရမယ့်အခါမျိုးတွေလည်း ရှိတတ်တယ်။

ဗုဒ္ဓဘာသာမှာသာရှိတဲ့ အဘိဓမ္မာ-တရားတော်ကိုမှမတတ်ရင် တခြားဘာသာတွေနဲ့ ဘာမှမထူးဘူး။

ကံအကျိုးပေးမှုဟာ ယုံကြည်တာ,မယုံကြည်တာနဲ့ မဆိုင်ဘူး။ လုပ်ဆောင်မှုပေါ်မှာပဲ မူတည်တယ်။

သူများဘာသာတွေ ကိုယ့်ဗုဒ္ဓဘာသာစကားလုံးတွေယူသုံးပြီး လူတွင်ကျယ်လုပ်နေကြတာမျိုးရှိတယ်။ သေသေချာချာလေ့လာထားဖို့လိုတယ်.. ဒီလိုမှမဟုတ်ရင် သူများဘာသာနဲ့ကိုယ့်ဘာသာကို ရောယောင်သွားတတ်တယ်။ ။

နောင်တစ်ချိန်မှာ ဗုဒ္ဓတရားတော်တွေဟာ ကမ္ဘာကိုပျံ့နှံ့လိမ့်မယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာအမည်နဲ့တော့ မဟုတ်ဘူး…။

ဆေးလိပ်…
ဆေးလိပ်သောက်တာ၊ မကျန်းမာ၊ ရွံလည်းရွံစရာ၊
ငွေကုန်သံပြာ၊ ချောင်းတွေဆိုး၊ သောက်ဟဲ့ သေချင်းဆိုး…

နားလိုက်ပါအုံးမယ်….
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

''မေတ္တာသီအိုရီ''

$
0
0

                                                             ''မေတ္တာသီအိုရီ''

  • လူတို့၏ ဝေါဟာရနယ်ပယ်တွင် မေတ္တာ-ဟူသော စကားလုံးကို တွင်ကျယ်စွာ ပြော ဆိုသုံးနှုန်းနေကြသည်ကို တွေ့ရှိရသည်  ။ ဒေါသ၏ ဆန့်ကျင်ဘက် ကိုပင် ' မေတ္တာ ' ဟု ပရိယာယ်အားဖြင့် ခေါ်ဆိုလေသည် ။ သတ္တ၀ါများ၏ အကျိုးစီးပွားကို လိုလားသော ၊ တစ်နည်း အားဖြင့်  - ကြီးပွားအောင် စောင့်ရှောက်ကူညီလိုသော ချစ်ခင်မှုကို 'မေတ္တာ' ဟု ခေါ်ဆိုပါသည် ။

 

 မြတ်စွာဘုရားရှင်သည် မေတ္တာဟု ဆိုအပ်သော သီအိုရီတစ်ခုကို လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀) ကျော်ကတည်းက ထုတ်ဖော်တွေ့ရှိခဲ့၏ ။ "သူ့အကျိုးကို လိုလားခြင်း အက်တမ်တစ်ခု " နဲ့ "ကံသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြုလုပ်ခြင်း " ဆိုတဲ့ အက်တမ်တစ်ခု ပေါင်းစပ်လိုက်လျှင် အဆင့်မြင့် မေတ္တာဓာတ်တစ်ခု ထုတ်ဖော်ရရှိ၏ ။

ထိုမေတ္တာဓာတ်၏အစွမ်းဖြင့် မိမိသာမက သူတစ်ပါးလည်း အေးငြိမ်းချမ်းသာခြင်း အကျိုးကို ရရှိနိုင်ပါသည်။

 မိမိရဲ့သန္တာန်မှာ သူတစ်ပါးအပေါ် မေတ္တာ  ထားတဲ့အတွက် မေတ္တာစိတ်တွေ ဖြစ်နေ၏ ။

 ထိုသို့ မေတ္တာစိတ်တွေဖြစ်နေပါက မိမိမှာ အေးမြ၏ ။

 မေတ္တာထားသူမှာ အေးမြချမ်းသာမှုကို ခံစားရသလို အထားခံရသည့် ပုဂ္ဂိုလ်မှာလည်း အေးမြချမ်း သာမှုကို ခံစားရလေသည် ။

 မေတ္တာ၏ သဘောသည် ဖြူစင်အေးမြ၏ ။ ငါ ဒါလုပ်ပေးလိုက်တဲ့အတွက် သူကလည်း ငါ့ကို တစ်ခုခု ပြန်ပေးလိမ့်မယ်-ဟု မျှော်လင့်တောင့်တချက်မထား ။ တစ်ဖက်သားအား ကောင်းကျိုးရရှိသွားပါစေ ဆိုတဲ့ ပကတိဖြူစင်သောစိတ်သာ ရှိသည်။ ထိုသို့မဟုတ်ဘဲ မျှော်လင့် ချက်တစ်စုံတစ်ရာဖြင့်  ပြုမူပြောဆိုပါက မေတ္တာစစ် မဖြစ်နိုင်တော့ ။ လာဘ်ထိုးသည့်သဘော ၊ ကပ်ဖား ယက်ဖား လုပ်သည့်သဘောကို ဆောင်သွားတော့သည် ။   

 

  •  မေတ္တာကို ကာယကံမေတ္တာ ၊ ၀စီကံမေတ္တာ ၊ မနောကံမေတ္တာ ဟူ၍ (၃)မျိုး ခွဲခြားနိုင်သည် ။ ထိုတွင် ကာယကံမေတ္တာဆိုသည်မှာ …..လမ်းဘေးက ပန်းသည်အဖွားကြီး ပန်းဗန်းကို မနိုင့်တနိုင် ခေါင်းပေါ်
  • မ -တင် နေစဉ် သွား၍ ကူညီ ပင့်ပေးလိုက်ခြင်းသည် ကာယကံမေတ္တာ ဖြစ်၏ ။ လူတစ်ယောက် စက်ဘီး စီးနေစဉ် နောက်ကအထုပ် ပြုတ်ကျသဖြင့် ကူညီ၍ ပြန်တင်ပေးလိုက်ခြင်းမျိုး ၊ သူငယ်ချင်းတစ် ယောက်   ဖျားသောကြောင့် သူ မမှီလိုက်သော စာများကို ပြန်လည်ကူးပေးခြင်းမျိုးတို့သည်လည်း ကာယကံမေတ္တာပင် ဖြစ်သည် ။ ထိုသို့သောအလုပ်မျိုးကို ပတ်ဝန်းကျင်တွင် မကြာခဏ ကြုံတွေ့သော်လည်း  လူတိုင်း မလုပ်နိုင်ကြ ။  အဘယ့်ကြောင့်ဆိုသော် မေတ္တာဓာတ်ခံအား နည်းသောကြောင့် ဟု ဆိုရပေမည် ။ မေတ္တာတရားသည် အလိုအလျောက် မိမိထံ ခြေထောက်ပေါက်၍ ရောက်မလာ ၊ အကြိမ်ကြိမ်လေ့ကျင့် မွေးမြူယူရ၏ ။ သို့မှသာ မေတ္တာဓာတ်များ တိုးပွားလာကာ သူတစ်ပါးအား မျှဝေပေးနိုင်မည် ဖြစ်သည်။  တစ်ခါတစ်ရံ ဘာမှမဖြစ်စလောက်ဟု ထင်ရသော အရာများက  တဖက်သားကို   အကြီးအကျယ် ပြောင်းလဲသွား စေနိုင်သည်။ တစ်ခါတုန်းက အမေရိကန်မှာရှိတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ မြန်မာအမျိုးသမီးတစ်ယောက် အုပ်ချုပ်ရေးမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသည် ။ သူ၏ ရုံးခန်းနဲ့ ကပ်လျက်နေရာတစ်ခုတွင် သူ့အောက် ရာထူးနိမ့်သည့်  အမေရိကန်လူဖြူမလေးတစ်ယောက် အလုပ်လုပ်သည် ။  စိတ်ပျက်အားငယ်နေတဲ့ လူဖြူမလေးရဲ့ အမူအရာကို တွေ့မြင်ရသည့်အခါ မြန်မာအမျိုးသမီးက လှိုက်လှိုက်လှဲလှဲ ဖော်ရွှေစွာ ပြုံးပြလေသည်။ ဒီလိုနဲ့နေလာရာ တစ်နေ့တွင် လူဖြူမလေးက ကဒ်လေး တစ်ကဒ် လာပေးသည် ။ ကဒ်ထဲမှာ ရေးထားတဲ့စာက " လူကြီးမင်းကို ကျေးဇူးအများကြီး တင်ပါတယ် ၊ လူကြီးမင်းရဲ့ အပြုံးတွေကြောင့် ကျွန်မမှာ  အခက်အခဲတွေ ရင်ဆိုင်ဖို့ ခွန်အား သတ္တိတွေ ရှိသွားပါပြီ ၊ ဒါကြောင့် ဒီလိုပဲ အမြဲ ပြုံးပြနိုင်ပါစေ " တဲ့ ။ မြန်မာအမျိုးသမီးအတွက်ကတော့ တစ်သက်မေ့ မရနိုင်တဲ့ ခံစားမှုမျိုး ရရှိသွားလိုက်သည်။ ထိုအပြုအမူမျိုးသည် ကိုယ်နဲ့   ပတ်ဝန်းကျင် ဒါမှမဟုတ် တစ်ဦးနဲ့တစ်ဦး နားလည်မှုထားပြီး လုပ်ဆောင်သွားသည့် မွန်မြတ်သည့်အပြုအမူတစ်မျိုးပင်  ဖြစ်၏။

 

  • လွန်ခဲ့တဲ့ (၉)နှစ်ခန့်က ပြင်ဦးလွင်မြို့ရှိ နာမည်ကြီးတက္ကသိုလ်တစ်ခု၌ ပညာသင်နေသည့် သူငယ်ချင်းက  စာရေးသူထံ စာတစ်စောင်ရေးလိုက်သည် ။ စာထဲမှာရေးထားတာက '' ဒီမှာ ပညာ သင်ရတာ ဆင်းရဲပင်ပန်းတဲ့အကြောင်း၊ ငါတို့ရဲ့ လွတ်လပ်မှုတွေဟာ (O.T.T)မှာ နောက်ဆုံးပါပဲကွာ" ဆိုတဲ့ စကားကို အစချီပြီး….အခက်အခဲပေါင်းစုံကို စိတ်ပျက်အားငယ်နေဟန်ဖြင့် ရေးလိုက်လေသည် ။ သူငယ်ချင်း၏စာကို ဖတ်ပြီး စာရေးသူက " ဘ၀ဆိုတာ အကောင်းအဆိုး ဒွန်တွဲနေမည်သာ ဖြစ်  ကြောင်း ၊  မင်းရဲ့ အကျင့်စာရိတ္တ ၊ မင်းရဲ့ပညာရေးကို ဆိုးဆိုးဝါးဝါး မထိခိုက်ဘူးဆိုရင် အဲဒီမှာပဲ နေ ထိုင်ဖို့လိုကြောင်း ၊ No Pains No Gains- ဆိုတဲ့ အဆိုအမိန့်ကိုလည်း နှလုံးသွင်းဖို့လိုကြောင်း" …စသဖြင့် သူ့ဆီကို အကြံပြုသည့်အနေဖြင့် စာပြန်ရေးလိုက်၏ ။ နောင်တွင် သူ့ထံက အဆင်ပြေ သွားပြီ ဆိုတဲ့အကြောင်းကို ပြန်စာရသည့်အခါ အလွန်ဝမ်းသာခဲ့ရသည် ။ ယခုအချိန်တွင် သူသည် တိုင်းပြည်တာဝန်များကို တစ်ထောင့်တစ်နေရာကနေ ကျေပွန်စွာ ထမ်းဆောင်လို့ နေပေပြီ ။ လောက မှာ အသက်ရှင် ရပ်တည်နေတဲ့လူမှန်သမျှ များသောအားဖြင့် ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိနိုင်  ။ အမြဲ တမ်း လိုအပ်ချက်၊ အားနည်းချက်များ ရှိနေတတ်ကြ၏ ။ ထိုအားနည်းချက်များကို မိမိတို့ တတ်နိုင် သည့်ဘက်မှ ကာယကံမေတ္တာများဖြင့် ၀ိုင်းဝန်းဖြေရှင်းပေးသင့်၏ ။ သို့မှသာ သာယာစိုပြည်သည့် လူ့ဘောင်အဖွဲ့အစည်းကြီးတစ်ခု ပေါ်ပေါက်လာမည် ဖြစ်ပါသည် ။

 

  • ၀စီကံမေတ္တာဆိုသည်မှာ ဘေးအိမ်က အ၀တ်များ မိုးစိုနေသဖြင့် သွားရောက်ပြောပေးခြင်းမျိုး၊ ကျောင်းကဆရာ ပေးလိုက်တဲ့စာ နားမလည်၍ သူငယ်ချင်းအား ပြန်ရှင်းပြခြင်းမျိုး စသည်တို့ကို ခေါ်ဆိုသည် ။ ထို့အပြင် ကျန်းမာရေးချို့တဲ့သူ ၊ စိတ်ဆင်းရဲနေသူတို့ကို စိတ်ဓာတ်ခွန်အား ဖြစ်စေမည့် စကားမျိုးပြောပေးခြင်း စသည်တို့သည်လည်း ၀စီကံမေတ္တာပင် ဖြစ်၏ ။  ငယ်ငယ်က သင်ခဲ့ဖူးတဲ့ " တစ်ယောက်စကား  ၊တစ်ယောက်နားမှာ ၊ မခါးရအောင် ၊ သတိဆောင်၍  ၊ မောင်တို့ဆိုလေ ၊ ပျားသကာသို့ ၊ ချိုလှစေ " ဟူသော ဆုံးမစာတွင် စကားကို ချိုသာယဉ်ကျေးစွာ ပြောဆိုရမည် ဟု ဆို၏ ။ ထိုချိုသာသောစကား ဟူသည် အကျိုးကိုလိုလားသည့် မေတ္တာနှင့်ယှဉ်သောစကားမျိုးကို ဆိုလိုခြင်း ပင် ဖြစ်သည် ။ မေတ္တာနှင့်မယှဉ်သော စကားသည် ကြမ်းတမ်းရိုင်းပျ၏ ။ ကြမ်းတမ်းသော စကားကို လူသာမက တိရစ္ဆာန်များသော်မှ မနှစ်သက်ချေ ။ ထိုအကြောင်းကို အနည်းငယ် ထုတ်နှုတ်တင်ပြ လိုပါသည် ။

 

  • နိပါတ်တော်များထဲက နန္ဒိဝိသာလဇာတ်တော်တွင် ပုဏ္ဏားသည် လူတစ်ဦးနှင့် အလောင်းအစား ပြုလုပ်ပြီး လှည်းတစ်ရာကို ကုန်အပြည့်တင်ကာ  နန္ဒိဝိသာလအား " ဟဲ့ ကောက်ကျစ်သောနွား သွားလော့….. ၊ ဟဲ့ ကောက်ကျစ်သောနွား ၀န်ကိုဆောင်လော့…." ဟု ဆို၍ မောင်းနှင်လေသည် ။ ထိုအခါ နွားသည် မကောက်ကျစ်သော ငါ့အား ကောက်ကျစ်သောနွား ဟု ဆိုရသလော ဟု လှည်းတို့ကို မဆွဲဘဲ ကြံ့ကြံ့ခံ ရပ်နေသဖြင့် ပုဏ္ဏားလည်း အသပြာတစ်ထောင်ရှုံးလေသည် ။ ဘုရားလောင်းနွားမင်းသည် ပုဏ္ဏားကို နောက်တစ်ကြိမ် အသပြာနှစ်ထောင်ကြေး လောင်းခိုင်းပြန်၏ ။ ပုဏ္ဏားလည်း လောင်းကြေးထပ်ပြီးလျှင် နန္ဒိဝိသာလ၏ ကျောက်ကုန်းကို လက်ဖြင့်သပ်၍ " ကောင်း သောနွား သွားလော့…. ၊ ကောင်းသောနွား ၀န်ကို ဆောင်လော့….. " ဟု ချိုသာစွာ မောင်းနှင်သော အခါ နန္ဒိဝိသာလသည် တဟုန်ချင်းဖြင့် လှည်းတစ်ရာကို ပင်ပန်းခြင်းမရှိပဲ ဆွဲဆောင်လေ၏ ။ ပုဏ္ဏား ကြီးသည် လောင်းကြေးနှစ်ထောင်ကို ရသည့်အပြင် ဘုရားလောင်းနွားကို ၀ိုင်း၍ ချီးမြှောက်ကြသော ဆုလာဘ်များစွာလည်း ရရှိလိုက်လေသည် ။ ယင်းဇာတ်တော်တွင် ပုဏ္ဏားသည် နွားကို ကြမ်းတမ်းရိုင်း ပျစွာ ပြောဆိုဆက်ဆံမိသောကြောင့် အသပြာတစ်ထောင် ဆုံးရှုံးရ၏ ။ နောက်တစ်ကြိမ်တွင် မေတ္တာ နှင့်ယှဉ်သော  ချိုသာယဉ်ကျေးသည့် စကားကို ပြန်ပြင်ပြောသည့်အခါမှသာ  အလောင်းအစား ကို အနိုင်ရခဲ့ဖူးလေသည် ။ လောကတွင် တစ်ယောက်နဲ့တစ်ယောက် အသက်ထက်ဆုံး ချစ်ပါတယ် ကြိုက်ပါတယ် ဆိုတဲ့ သူတွေပင် မထင်မှတ်သော စကားလေးတစ်ခွန်းကြောင့်  မခေါ်နိုင်မပြောနိုင် လောက်အောင် အမုန်းကြီးမုန်းသွားကြတာ  အမြောက်အမြားရှိ၏ ။ ထို့ကြောင့် ချစ်စေလိုလည်း ဒီပါး စပ် မုန်းစေလိုလည်း ဒီပါးစပ်ပေါက်ကနေ မေတ္တာဖြင့် ထုံမွှမ်းနေသည့် စကားလုံးများ ထွက်လာဖို့ အထူးသတိထားဖို့ လိုပေသည်။ သို့မှသာ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ယုံကြည်စွာ ထာဝရ လက်တွဲလုပ် ဆောင်နိုင်မည် ဖြစ်ပါသည် ။ 

 

  • မနောကံမေတ္တာဆိုသည်မှာ သတ္တ၀ါများကို သြဓိသ၊ အနောဓိသမေတ္တာပို့နည်းတို့တွင် တစ်နည်းနည်း ဖြင့် ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ၊ ကြောင့်ကြခပ်သိမ်း ကင်းကြပါစေ ၊ ဆင်းရဲခပ်သိမ်း ကင်းကြပါစေ ၊ ချမ်းသာကိုယ်စိတ် မြဲကြပါစေ ဟု စိတ်ဖြင့် ပွားများပို့သခြင်းကို ဆိုလိုသည် ။ မြတ်စွာဘုရားရှင်သည် " ရဟန်းတို့… ဆန့်ကျင်ဘက်မှ လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ်သည်ရှိသော် ပွားများအပ် သည်ရှိသော် ရှေးရှုတည်စေအပ်သည်ရှိသော် ကောင်းစွာအားထုတ်အပ်သည်ရှိသော် အကျိုး (၁၁)မျိုး ကို ဧကန်ရလိမ့်မည် ဟု မျှော်လင့်နိုင်ကုန်၏ " ဟု ဟောကြားတော်မူခဲ့သည် ။ ယင်း (၁၁)မျိုးတို့ကား    

၁။ ချမ်းသာစွာ အိပ်ရ၏၊

၂။ ချမ်းသာစွာ နိုးရ၏၊

၃။ အိပ်မက်ဆိုးကို မမြင်မက် ၊

၎။ လူတို့၏ မြတ်နိုးခြင်းကို ခံရ၏  ၊

၅။ သားရဲဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏ ၊

၆။  နတ်တို့ စောင့်ရှောက်၏ ၊

၇။  မီး , အဆိပ် , လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင် ၊

၈။ လျှင်မြန်စွာ စိတ်တည်ကြည်၏ ၊

၉။ မျက်နှာအဆင်း အထူးကြည်လင်၏ ၊

၁၀။ မတွေမဝေ  သေရ၏ ၊

၁၁၊ အလွန်မြတ်သော အရဟတ္တဖိုလ်တရားကို ထိုးထွင်းမသိနိုင်သော် ဗြဟ္မာ့ပြည်သို့ လားရ၏ ။

ပိဋကတ်တော်တွင်လည်း မြတ်စွာဘုရားရှင်သည် အာဠာဝကဘီလူး ၊ နာဠာဂီရိဆင်တို့ကို အောင်မြင် တော်မူခဲ့ခြင်းမှာ မေတ္တာအစွမ်းဖြင့် အောင်မြင်တော်မူခဲ့ခြင်း ဖြစ်၏ ။ မေတ္တာကြောင့် ထီးနန်းစံရသော ဒီဃာ ၀ုမင်းသား ၊ မေတ္တာကြောင့် ဆင်မနင်းဝံ့သော မဃလုလင် ၊ မေတ္တာကြောင့် ဆိပ်လူးမြှားဖြင့် ပစ်မရသော သာမာဝတီမိဖုရား - စသည်အားဖြင့် ထိုထိုသာဓကပေါင်းများစွာ  ရှိလေသည် ။ ထိုမျှလောက် အကျိုးကျေးဇူး များသော မေတ္တာကို နေ့စဉ်နေ့တိုင်း သတ္တ၀ါများအား အလေးထားပို့သအပ်ပါသည် ။

 

ဘ၀မှာ ရပ်တည်ရှင်သန်နေကြသည့် လူသားအားလုံးတို့သည် လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး၊ နိုင်ငံရေး - စသည့် အရေးကိစ္စအားလုံးတို့ကို ကံသုံးပါးဖြင့်သာ ပြုမူပြောဆိုဆက်ဆံကြရ၏ ။ ယင်းသို့ ဆက်ဆံရာတွင် မေတ္တာဓာတ်များ ပါဝင်နိုင်ရန် အလွန်အရေးကြီးသည် ။ လူ့အဖွဲ့အစည်းကြီးတစ်ခု ရေရှည်တည်တံ့ဖို့ ၊ ငြိမ်းချမ်းဖို့ ၊ အတူတကွ လက်တွဲဖို့ဆိုသည်မှာ မေတ္တာတရားမပါလျှင် လုံးဝမဖြစ်နိုင်ချေ ။ ထို့ကြောင့် မေတ္တာ သီအိုရီတစ်ခုကို ဖော်ထုတ်ကျင့်သုံးပြီး ဘ၀ခရီးကို မြဲမြံစွာ လျှောက်လှမ်းကြဖို့ အထူးလိုအပ်ပေသည်

မှီငြိမ်းသည့်စာအုပ်များ -

၁။ အံ၊ ၃၊ ၅၄၂ ။

၂။ ဧကကနိပါတ် ၊ ကုရုင်္ဂ၀ဂ္ဂ ၊ နန္ဒိဝိသာလဇာတ် ၊

၃။ ကိုယ်ကျင့်အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ) ၊

၎။ အခါတော်နေ့များ     (မာဂဓီ-သာစည် ) ၊

၅။ မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိ မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ဟောစဉ်တရားများ ၊

၆။ ရေခြားမြေခြား အတွေ့အကြုံများ ( မေတ္တာဦး ) ။

 

 

 

ဆင့်ကဲခေါ်မယ် တို့လူငယ်

$
0
0

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် လှမ်းကြရာတွင် လူငယ်များအနေဖြင့် တစ်ယောက်နှင့်တစ်ယောက် လက်ကမ်းခေါ်ဆောင်သွားကြရန် အထူးပင်လိုအပ်ပါသည်။ ငွေကြေးချမ်းသာပြီး ပညာရပ်တစ်ခုပြီးတစ်ခု သင်ကြားရန်တတ်နိုင်သူများအနေဖြင့် ငွေကြေးမတတ်နိုင်သူများအား ပညာသင်စရိတ်ထောက်ပံ့ခြင်းသော်လည်းကောင်း၊ လက်ဆင့်ကမ်းပညာ ပို့ချပေးခြင်းသော်လည်းကောင်း ပြုလုပ်ပေးပါက အနာဂတ်အတွက် တောက်ပလာမည့် ကြယ်ပွင့်လေးများဖြစ်ကြသော လူငယ်အရေအတွက်တိုးပွားလာမည်ဖြစ်ပါသည်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသည့် ဆိုရိုးစကားလည်းမြန်မာစကားပုံတွင်ရှိပါသည်။ ထို့ကြောင့် လူငယ်ဘ၀ရွေးချယ်မှုမှန်ကန်ရေးမှာလဲ အဓိကကျလှပါသည်။ လူငယ်တို့သဘာဝ မိဘဆွေမျိုးပြောစကားများထက် ကိုယ့်သူငယ်ချင်းအချင်းချင်း ပြောဆိုဆုံးမခြင်းကိုသာ လက်ခံတတ်ကြကြောင်း တွေ့ရှိရပါသည်။ လူငယ်အချင်းချင်းလက်ဆင့်ကမ်းတွဲခေါ်ပြီး ကမ်းတဲ့လက်တွေမြဲကြပါစေလို့ တောင်းဆုပြုလျှက် . . . .

                                                                         ခြည်ခြည်

ဘာသာတရား နေရာထားမမှားစေချင်

$
0
0

ရခိုင်ပြည်နယ်မှာ လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ပြီးနောက်ပိုင်း အဓိကရုဏ်းတွေ လေးငါးနေရာလောက် ထပ်မံဖြစ်ပွားခဲ့တယ်..။ အဲဒီအချိန်မှာ ဦးဇင်းတို့ဘာသာဝင်တွေ အမျိုးသားရေး,ဘာသာရေးစိတ်ဓာတ်တွေ ပြန်လည်နိုးကြားလာတာ တွေ့မြင်ခဲ့ရပါတယ်။ အဓိကရုဏ်းကာလအတွင်းမှာပဲ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်ကျော်လောက်တုန်းက နှစ်ဖက်လှဆရာကြီး-ဦးကျော်လွင်ရေးသားတဲ့ စာအုပ်တွေပေါ်မှာ ရင်းနှီးခဲ့ပြီးဖြစ်တဲ့ (၉၆၉)တံဆိတ်လေးက ပြန်လည်ပြီး အသက်ဝင်လာခဲ့ပါတယ်..။

အမြို့မြို့အနယ်နယ်တွေမှာ (၉၆၉)ဆရာတော်များဆိုပြီး အမျိုးဘာသာကာကွယ်ရေး အသိပညာပေးတရားတွေ လိုက်ဟောပြောညွန်ကြားပြသပေးတာတွေလည်း မြင်တွေ့ခဲ့ရပါတယ်..။ အဲ.. (၉၆၉)တံဆိပ်တော်တွေလည်း နေရာအများစု ဈေးဆိုင်.. ကား..စတာတွေမှာ ကပ်ထားတာတွေပါ တွေ့မြင်ရပါတယ်..။ အဲ..ဒီကြားထဲ (၉၆၉)ဘောဒါဆောင်-တို့ ဘာတို့တောင် တွေ့မိပါသေးတယ်..။ အမျိုးဘာသာဘက်ကကြည့်လိုက်တော့လည်း အားတက်မိပါတယ်..။

ဒါပေမယ့်… အားသာချက်အားနည်းချက်ဆိုတာတော့ နေရာတိုင်းမှာ ရှိစမြဲပါပဲ…။ ဒီ(၉၆၉)-တံဆိပ်ကို ဘာသာခြားတွေကလည်း ယုတ်မာတဲ့နည်းလမ်းနဲ့ အမည်သုံး ဖျက်ဆီးတာတွေလည်း တွေ့မြင်ခဲ့ရတော့ စိတ်မကောင်းဖြစ်မိတယ်..။ အခုတော့ အဲဒီအဖွဲ့အစည်းလည်း လူမျိုးရေးအဓိကရုဏ်းလှုံ့ဆော်ပေးတယ်-ဆိုတဲ့ မျိုးမစစ်တစ်ချို့နဲ့ ဘာသာခြားတွေရဲ့ စွပ်စွဲမှုအောက်မှာ အလူးအလိမ့်ဖြစ်နေရရှာတယ်။

ဒီနေရာမှာပြောချင်တာက (၉၆၉)-တံဆိပ်တော်တွေကို ဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေမှာ ကပ်ထားတာကို ပြောစရာမရှိပေမယ့် တစ်ချို့သော အရမ်း(Crazy)ဖြစ်လွန်းသူတွေကတော့ ဈေးတောင်းတွေပေါ်မှာပါ ကပ်ထားတာကို တွေ့မြင်ခဲ့ရသလို ထန်းရည်ဆိုင်မှာလည်း ကပ်ထားတာတွေ့မြင်ရတော့ မြင့်မြတ်တဲ့တံဆိပ်တော်တွေဟာ သမ္မာအာဇီဝမကျတဲ့နေရာတွေမှာ ဖော်ပြခြင်းခံနေရတယ်လို့ စိတ်ထဲမှာ ထင်မိတာတော့အမှန်ပါပဲ..။

ဒါမျိုးပုံစံမကျတဲ့လုပ်ဆောင်မှုတွေ ခဏခဏတွေ့မြင်နေရတယ်..။ ဟိုးတစ်ခါတုန်းက တောမြို့လေးတစ်မြို့မှာ တွေ့ခဲ့ရတာက ပိုတောင်ဆိုးသေးတယ်..။ အမှုန့်ကြိတ်တဲ့ ဆိုင်လေးရှေ့မှာရေးထားတဲ့ ဆိုင်းဘုတ်မှာပေါ့..””ဗုဒ္ဓံ ဓမ္မံ သံဃံ အမှုန့်ကြိတ်သည်””တဲ့။ ကဲ… ဘယ်လိုလုပ်ကြမတုန်း..။ သူကတော့ စေတနာနဲ့ပါပဲ..။ ဒါပေမယ့် ဖတ်ရတဲ့သူရဲ့ စိတ်ထဲမှာတော့ အောင့်သက်သက်နဲ့လေ..။

နောက်တစ်ခုကတော့ ရှေးကနဲ့ ခပ်ဆင်ဆင်ပါပဲ..။ သူကတော့ အရက်ဖြူဆိုင်မှာ ရေးထားတာပါ..။ ”””ပဉ္စဂုဏံ အဟံ ၀န္ဒာမိ အမိန့်ရ အရက်ဖြူဆိုင်””တဲ့..။ ဒီလိုပဲ ထပ်တွေ့ရတယ်..။ ”””အရဟံ အမိန်ရ အရက်ဖြူဆိုင်””ဆိုတာမျိုးတွေလေ..။ ဘာသာတရားယုံကြည်မှုကိုတော့ လေးစားမိတာအမှန်ပါ..။ ဒါပေမယ့် ကိုယ်အသုံးပြုတဲ့ဆိုင်းဘုတ်လေးတွေကိုတော့ အထူးသတိထားစေလိုပါတယ်..။

ရွှေတိဂုံဘုရားမှာ တွေ့မြင်ရတာလေးကို ကလေးတစ်ယောက်က မြောက်ဒဂုံမှာ (Sunday Dhamma School)သင်တုန်းက မေးဖူးတယ်..။ ရွှေတိဂုံစေတီတော်မှာ ဆင်းတုတော်တစ်ဆူရှိတယ်..။ အဲဒီဆင်းတုတော်က မျက်ရည်ကျတယ်-တဲ့..။ ဘယ်လိုစီးပွားရေးသမားက ထွင်ထားတာလဲတော့မသိပါဘူး..။ စဉ်းစားကြည့်ပါ..။ အာသဝေါကုန်ခမ်းပြီးဖြစ်တဲ့ သဗ္ဗညုတဥာဏ်တော်သခင် ဗုဒ္ဓဘုရားရှင်က မျက်ရည်ကျတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား..။

နောက်ဆင်းတုတော်တစ်ဆူကတော့ နယ်ဘက်မှာပါ..။ နေရာတော့ တိတိကျကျ မသိတော့ဘူး..။ ဒါပေမယ့် တော်တော်များများ ကြားဖူးကြမှာပါ..။ “ရွှေမျက်မှန်ဘုရား”- ဆိုတာလေ..။ ဒိဗ္ဗစက္ခုအဘိညာဉ်ရထားတဲ့ မြတ်စွာဘုရားကို မျက်မှန်တပ်ပေးထားတော့ ဘုရားကို ဂုဏ်မြှင့်တာမဟုတ်ဘဲ ရှိပြီးသားဂုဏ်တော်တွေကို တစစီဖြုတ်နေသလိုဖြစ်နေတယ်လေ..။ မြတ်စွာဘုရားရှင်ကို အာရောဂျ-ဂုဏ်ညံ့တယ်လို့ လူတွေအထင်အမြင် လွဲသွားစေနိုင်တဲ့အပြင် မြတ်ဗုဒ္ဓရဲ့ အဘိညာဉ်တွေကို သံသယပွားစေလောက်အောင် စီးပွားရေးသမားတွေ အဖျက်သမားတွေ လှည့်စားထားတာလို့ပဲ မြင်မိပါတယ်..။

ဓနုဖြူမြို့မှာတော့ လက်တော်ပွားဘုရား-ဆိုတာရှိတယ်..။ ဘယ်ဘက်လက်တော်မှာ လက်ချောင်းကလေးတွေ တစ်ချောင်းပိုပြီး (၆)ချောင်းဖြစ်နေတာလေ..။ ကဲ… ဒါတွေဟာ ဘုရားကို ဂုဏ်မြှင့်တာလား ဂုဏ်နှိမ့်တာလားတော့မသိဘူး..။ ဒါပေမယ့် မြင်ရတာ အမြင်မတော်တာတော့ အမှန်ပါပဲ..။

တစ်ခါတစ်လေ ဈေးထဲသွားတဲ့အခါ ဘုရားပုံတွေကို ရောင်းတဲ့နေရာ ရောက်သွားတဲ့အခါမျိုးဆို အရမ်းစိတ်ပျက်မိတယ်..။ ဘုရားပုံတော်တွေကို လမ်းဘေးမှာချထားတာကြောင့်ပေါ့..။ စီးပွားရေးတစ်ခုတည်းကြည့်ပြီး ဘာသာတရားတန်ဘိုးကို နားမလည်သူတွေဖြစ်တာကြောင့် ထင်ပါရဲ့..။

ဆက်ရန်ရှိသေးသည်..။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

ပန်းပျိုးလက်ကချိုးသောပန်း

$
0
0

December ပိတ်ပြန်ပြီဆိုတော့ရေးလိုက်ဦးမယ်နော်။ စာတိုပေစလေးတွေလေ။ ပိုးကထနေတော့ရေးရဦးတော့မယ်လေ။ ရှေ့လျောက်လည်းကျောင်းပိတ်ရက်တွေမှာ ရေးဖြစ်ဦးမှာပါ။ စိတ်ရှည်ရှည်နဲ့အားပေးဖတ်ရှုတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် ကျနော့်ဖေ့ဘုတ်လေးကိုလည်းလိုက်လုပ်ပေးကြပါဦးလို့တောင်းခံရင်း ...

http://www.facebook.com/minnnyhoeshin

(လေကစ်လိုက်တာနော်...)

****************

ပန်းပျိုးလက်ကချိုးသောပန်း

ဒီပတစ်ယောက် ဆေးကျောင်းသားတွေကိုကြည့်ရင်း မျက်ရည်လေးတွေပင်ဝဲတက်ချင်လာသည်။ ကိုယ့်အပစ်ကိုယ်သိသည်လေ။ တကယ်ဆိုသူလည်း ဆေးကျောင်းသားဖြစ်သင့်သူတစ်ယောက်။ အခုတော့ သူ့ရဲ့ နားယောင်မှု မိုက်ပစ်ကြောင့် သူ .. ဆေးဆိုသည်တာနှင့် ဝေးပြီး နိုင်ငံခြားဘာသာကိုေ၇ာက်လာသည်။

အခုကျမှ သူ့လက်လေးက ဆေးထိုးအပ်လိုလို နားကျပ်လိုလို ကိုင်ချင်လာမိသလိုလို...

ဒါပေမယ့်...

အချိန်ဆိုတာပြန်လှည့်ရကြေးမှမဟုတ်တာ....

သို့သော်လည်း...

ပြန်တမ်းတခွင့်တော့ရှိပါသေးသည်...

သူ .... ပြန်စဉ်းစားမိသည် ... ။

x x x x x

အခု ဒီပ တို့တက်နေသောဘော်ဒါက စာအသင်အပြကောင်းသလောက် ကျောင်းသားကလည်းနည်းလှသည်။ နည်းလှသည်ဆိုတာထက် အခုမှစဖွင့်သည်ဆိုတော့ ကျောင်းသားကလည်းနည်းသည်။ နာမည်ကတော့သိပ်မထွက်သေး ။ တစ်ချို့က နာမည်ကြီးတာကိုမှတက်ချင်ကြသည်လေ။

သင်ရသည်ကတော့ကပစ်ကညစ်လေးသာဖြစ်သည်။ သူတို့အိပ်ဆောင်တွေ နဲ့ စာသင်တဲ့အဆောင့် လေးတွေကထရံကာလေးတွေသာဖြစသ်ည။ ဆရာကြီးကလည်း သိပ်စည်းကမ်းကြီးသည်။ ဒါဆိုဒါပဲ။ ဘယ်သူမှအတွန့်မတက်ရဲ။ အတွန့်တက်ရင်လည်း ဗျင်းလိုက်မည်လေ။ အဗျင်းမခံချင်ရင်တော့ထွက်ပေါ့။ ကျောင်းသားတစ်ယောက်မှာလည်း ဘော်ဒါကထုတ်ခံရတယ်ဆိုကတည်းက သိပ်ပြီးတော့နာမည်ကကောင်းချင်တော့တာမှမဟုတ်။

ဆရာကြီးသမီးကလည်း ကျောင်းတက်သွားရတော့မည်ဆိုတော့ ကျောင်းသားအားလုံးလည်း ၀မ်းနည်းကြသည်ပေါ့။ ကျောင်းကလည်းအခုမှစဖွင့်ကာစ။ ကျောင်းကသာစဖွင့်တာ သူတို့ကဖြင့်တက်နေတာကြာလှချေပြီ။ ဒီတော့သံယောဇဉ်ကမသေး။

ဘော်ဒါအုပ်သမီးကဘော်ဒါမှာ ဘိုင်အို (ဇီဝဗေဒ) သင်သေးသည်လေ။ ဒီတော့ ဆရာတစ်ယော က်အနေနဲ့လည်းခင်ကြသည်ပေါ့။ ဘော်ဒါအုပ်သမီးသွားတော့မယ်ဆိုတော့ ကျောင်းသားတွေကလည်း လက်ဆောင်တွေပေးကြသည်လေ။

သူက bio တွဲ နောက်ဆုံးနှစ်ကျောင်းသွားတက်ရသည်။ ဒီတော့လစ်ဟသွားသည့်နေရာက ဘိုင်အိုဆရာ ။ ဒီတော့နောက်ဆရာငှားပြန်ရင်လည်း သင်ကြားခတွေကဆရာတွေကနာမည်ကြီးရင် ကြီးသလို တောင်းကြတာ။ မတရားစွာ။ ဒီတော့။

သူ့ဘော်ဒါကလည်းအခုမှထောင်ခါစ။ ဆရာတွေအကုန်ခေါ်နေလို့ကမကိုက်။ ဆရာကြီးက သင်္ချာ ၊ ရူပ နစ်ဘာသာကိုင်သည်။ သူ့ဇနီးက တော့ မြန်မာ နှင့် ဘောက ကျောင်းသားများကိုသင်သည်။ သမီးကဘိုင်အိုဆိုတော့ ငှားရသည်ကား အင်္ဂလိပ်၊ ဓာတု၊ ဒီနှစ်ဘာသာတည်။

အခု ဘိုင်အိုပါခေါ်ရမည်ဆိုလျှင်တော့...။ မကိုက်သေး။ ဒီတော့ ကျောင်းသားတွေကို ဘောကပြောင်းခိုင်းခြင်းသည်သာလျှင်အကောင်းဆုံးသောနည်းလမ်း။

ဘော်ဒါဆိုတာကလည်း တောကတက်ကြတာကများသည်လေ။ ဒီတော့မိဘတွေကလည်း ဘာမှသိပ်သိကြသည်မဟုတ်။ မပြောင်းရင်ထွက်ဆိုဘယ်လိုလုပ်ရပါ။ ဒီဘော်ဒါလိုဈေးချိုတဲ့ဘော်ဒါကခပ်ရှားရှားဆိုတော့ ။ ပြောင်းကြသည်ပေါ့။

ဒီပအတွက်ကတော့ဘာမှ မဖြစ်.။ ဆ၇ာကလည်းပြောင်း  အိမ်ကလည်းပြောင်းဖို့တွန်းအာပေးတော့ ပြောင်းလိုက်သည်။ ဒါပေမယ့်လည်း သူလိုက်နိုင်ပါသည်။ မပြောင်းခင်ကတော့ ဆရာကြီးကပြောသည်ပေါ့။

ဘောက ကဘယ်လိုလွယ်တာ မြန်မာလို ။ မြန်မာလူမျိုး မြန်မာလိုကျက်ရတာတော့အောင်ဖို့များတယ် ဘာတယ်ပေါ့။

ဒီလိုနဲ့ နေလာခဲ့သည်မှာ တစ်နှစ်လုံး xxxxxxxxx

x x x x*************x x x x

အောင်စာရင်းထွက်သည့်နေ့ ။

ဒီပစိတ်တွေအရမ်းတုန်လှုပ်နေသည်။ သူအောင် စာရင်းကြည့်လိုက်တော့ သူ့နာမည်ပါလာပါသည်။

ဂုဏ်ထူးက..

တစ်ခု..နှစ်ခု...ခြောက်ခုလုံးပါသည်။

သူထိုနေရာတွင်ပင်ထခုန်လိုက်မိ၏

x x x x x

အမှတ်စာရင်း ထွက်တော့ သူ့အမှတ်က ဆေးမှီနေသည်။  သူ့ဦးနှောက်ထဲတွင်အသိတစ်ချက်ဝင်လာသည်။

သူဟာဆေးလျှောက်လို့မှမရတာ။ ကိုယ့်ကိုယ်ကို အသိလေးနဲ့ပြန်ထိမ်းထား လိုက်သဖြင့် ဆေးကိုပထမဦးစားပေးထားမည့်လက်တို့သည် တန်ယင်စွာဖြင့် ufl ကိုသာဦးစားပေးထားလိုက်သည်။

သူ .. စိတ်ထဲမှာတော့နောင်တတွေတသီကြီးပေါ့ ....

ဘော်ဒါအတွက်တော့ ခြောက်ဘာသာ နာမည်တက်ကောင်းတက်မည်...

သူ့အတွက်ကတော့ ခြောက်သွေ့မှုတွေပါသည့် ခြောက်ဘာသာ ...

 ရင်ထဲကနောင်တ .....

ဘယ်ဖြေဆယ်နိုင်ပါ့မလဲ ... လမ်းမှားခဲ့ပြီလေ ....

                                                                             

                                                                                                        ထာဝရသံယောဇဉ်ဖြင့် ...

                                                                                                        မင်းညှို့သျှင်

                                                                    facebook: Minn Nyhoe Shin

                                                         E - mail: author.narrator@gmail.com

crazyဖြစ်‌ခြင်း

$
0
0
မှတ်‌မှတ်‌ရရဒီစကားကိုမြန်‌မာပြည်‌မှာတွင်‌တွင်‌ကျယ်‌ကျယ်‌သုံးလာတာအနုပညာရှင်‌ထွန်းအိန္ဒြာဗိုလ်‌ရဲ့တစ်‌ကိုယ်‌‌တော်‌liveshowပွဲကစတာပါ။
ပုံမှန်‌ကမြန်‌မာလူမျိုးဟာအရူးလို့အဓိပ္ပါယ်‌‌ကောက်‌ပါတယ်‌၊သူကစိုင်းစိုင်းခ‌ရေဇီ၊သူကထွန်းထွန်းခ‌ရေဇီ၊က‌နေယဉ်‌ပါးလာတာအစားအ‌သောက်‌၊အ၀တ်‌အစားကစပြီးတရား‌ဟောရဟန်းထိသုံးလာကြတာသတိထားမိပါတယ်‌။
တကယ်‌‌တော့အလွန်‌အမင်းနှစ်‌သက်‌ခြင်း၊စွဲလမ်းခြင်း၊ကြိုက်‌ခြင်း၊လို့မြန်‌မာမှုပြုရမယ်‌ထင်‌ပါတယ်‌။
စုဗူး‌ဆွေး‌နွေးချင်‌တာcrazyရဲ့ဆိုးကျိုးကိုရှု‌ထောင့်‌တစ်‌ရပ်‌ကတင်‌ပြလိုပါတယ်‌၊လူတစ်‌ဦးတစ်‌‌ယောက်‌ဟာအ‌ကြောင်းအရာတစ်‌ခုမှာcrazyဖြစ်‌လာယင်‌၊သူ့အတွက်‌‌ကောသူနဲ့ဆက်‌နွယ်‌ရာပါတ်‌၀န်းကျင်‌မှာပါအနည်းဆုံးစိတ်‌အ‌နှောက်‌အယှက်‌ဖြစ်‌‌စေပါတယ်‌။
မိသားစုတစ်‌စုမှာစိုင်းစိုင်းcrazyရှိတယ်‌ဆိုပါစို့သူဟာစိုင်းစိုင်uးpdateဖြစ်‌‌အောင်‌စိုင်းစိုင်းထွက်‌သမျဝယ်‌မယ်‌ဖွင့်‌မယ်‌၊စိုင်းစိုင်းဓာတ်‌ပုံမှန်‌သမျစု‌ဆောင်းမယ်‌နံရံမှာချိတ်‌မယ်‌၊စိုင်းdressingမှန်‌သမျတန်‌၏မတန်‌၏သင့်‌၏မသင့်‌၏မ‌တွေးနိုင်‌မချိန်‌နိုင်‌၀ယ်‌၀တ်‌၊စကား‌ပြောတာကိုယ်‌ဟန်‌လှုပ်‌လျားတာကအစယုတ်‌စွအဆုံး‌ရေချိုးသန့်‌စင်‌ခန်းဝင်‌တာအထိစိုင်းစိုင်း‌ရေချိုးချိန်‌စိုင်းစိုင်းသန့်‌စင်‌ခန်းဝင်‌ချိန်‌‌စောင့်‌ပြီးtimetableနဲ့လုပ်‌‌တော့တယ်‌။
စုဗူး‌ပြောယုံနဲ့တင်‌‌တော်‌တန်‌ယုံသူစိတ်‌‌လေ‌ရော‌ပေါ့။
ဒါစုဗူးအနီးမှာရှိတဲ့တစ်‌ကယ့်‌ဖြစ်‌ရပ်‌မှန်‌ပါ၊ကာယကံရှင်‌အတွက်‌ရင်‌‌လေးရသလိုသူ့ပါတ်‌၀န်းကျင်‌နဲ့မိသားစုမှာလည်းစိတ်‌ပိန်‌ရပါတယ်‌။
မကြိုက်‌ရဘူးမဟုတ်‌ပါဘူးကြိုက်‌‌ပေါ့လူဘဲကိုယ်‌နှစ်‌သက်‌ရာကိုကြိုက်‌ခွင့်‌ရှိတယ်‌၊ဒါ‌ပေမယ့်‌သူဟာစိုင်းစိုင်းလုပ်‌‌နေဘို့လူဖြစ်‌လာတာလားဘာအကျိုးရနိုင်‌မလည်းထည့်‌တွက်‌သင့်‌တယ်‌၊ဘ၀‌ရှေ့‌ရေးဘာနဲ့အသက်‌‌မွေးမလည်း၊မိသားစုတစ်‌ခုကိုဘယ်‌လိုတည်‌‌ထောင်‌မလည်း၊သားသမီးကိုဘယ်‌လိုပျိုး‌ထောင်‌မလည်း၊လူ့‌လောကလူ့‌ဘောင်‌ကိုဘယ်‌လိုချည်းကပ်‌မလည်း၊
စုဗူးရယ်‌သူ့ကိစ္စနဲ့သူနင့်‌အပူပါလားလို့‌ပြောစရာပါ။အရူးနဲ့အ‌ခြောက်‌မရှိယင်‌မြို့မမည်‌ဘူးဆိုစကားစုဗူးတို့လူငယ်‌စကားရှိပါတယ်‌၊အရူးလို့သ‌ဘောထားရ‌အောင်‌အရူးမဟုတ်‌ဘူး၊တစ်‌‌ယောက်‌ထည်းမဟုတ်‌ဘူး၊စိုင်းစိုင်းဆိုတာသ‌ဘော‌ပြောတာ၊အဆို‌တော်‌၅၄‌ယောက်‌ရှိတာတစ်‌‌ယောက်‌ကိုမြို့တစ်‌မြို့မှာcrazyသုံးဦးထား၊ဦးသုမနတို့အရှင်‌‌ကောသလ္လတို့မပါ‌သေးဘူးမင်းသားမင်းသမီးမပါ‌သေးဘူး၊ရုပ်‌၀ထ္ထုပစ္စည်း၊အသုံးအ‌ဆောင်‌၊အစားအ‌သောက်‌၊အ၀တ်‌အထည်‌ပါထည့်‌တွက်‌ယင်‌အရူး၄၀၀‌ကျော်‌မယ်‌‌ပေါ့၊ကားဂိတ်‌၊ရထားဘူတာ၊လ္ဘက်‌ရည်‌ဆိုင်‌၊မုန့်‌ဆိုင်‌၊စား‌သောက်‌ဆိုင်‌၊ဆံပင်‌ညှပ်‌ဆိုင်‌၊‌ဈေးအိုး‌နေရာ၁၅ခု‌လောက်‌လူ‌တွေသုံး‌နေကြတာတစ်‌‌နေရာပျမ်းမျ၂၅‌ယောက်‌‌လောက်‌၀ဲ‌နေမှာ‌ပေါ့မြင်‌ရသူကြားရသူအဆင်‌‌ပြေမလား၊
ဒါဆိုစုဗူးဘာလုပ်‌ချင်‌လည်း‌မေးယင်‌၊ဘာမှမလုပ်‌လိုပါဘူးဒီစာကိုဖတ်‌မိလို့ဆင်‌ခြင်‌မိသူတစ်‌‌ယောက်‌ရှိသွားယင်‌စုဗူးအမြတ်‌ပါဘဲ၃၉၉‌ယောက်‌‌လောက်‌ဘဲကျန်‌မှာ‌ပေါ့‌နော။
တစ်‌ကယ်‌‌တော့ဘုရား‌ဟောငါးပါးသီလထဲက၊ကာ‌မေသုမိစ္ဆာစာရကံကိုလူသိများတာတစ်‌ခုထည်းပါတဲ့ဆရာ‌တော်‌အရှင်‌ဥာဏိသာရက‌တစ်‌ရားတစ်‌ပုဒ်‌မှာအစားအ‌သောက်‌၊အ၀တ်‌အစား၊သီချင်းဂီတ၊စသည်‌အ‌ပေါ်မှာလွန်‌လွန်‌ကျူးကျူးတပ်‌မက်‌နှစ်‌သက်‌တာလည်းကာ‌မေသုပါဘဲလို့‌ဟောကြားပါတယ်‌၊အကျဉ်း‌ပြောရယင်‌အစား‌ကောင်းကြိုက်‌သူဟာပိုက်‌ဆံဘယ်‌‌လောက်‌ကုန်‌ကုန်‌၊အလုပ်‌အကိုင်‌ဘယ်‌‌လောက်‌ပျက်‌ပျက်‌၊ကျန်းမာ‌ရေးဘယ်‌‌လောက်‌ထိထိ၊အချိန်‌ဘယ်‌‌လောက်‌ကုန်‌ကုန်‌ဒီအစား‌ကောင်း‌လေး‌နောက်‌လိုက်‌‌နေပါတယ်‌၊ကျန်‌ကိစ္စများလည်းအလားတူ‌တွေးကြည့်‌နိုင်‌တာပညာရှိစာဖတ်‌သူသိပါမယ်‌။
ဒါcrazyတစ်‌မျိုးပါဘဲ၊crazyဖြစ်‌မယ်‌overဖြစ်‌မယ်‌ဆိုယင်‌အကျိုးထက်‌အပြစ်‌ကများ‌ကြောင်း‌ဆွေး‌နွေးခြင်းပါ။
အလျဉ်းသင့်‌လို့ဆရာတစ်‌‌ယောက်‌‌ပြောတဲ့crazyက‌ပြောင်းပြန်‌ဖြစ်‌‌နေတာ‌ပြောပါရ‌စေ၊ဆရာ့မိတ်‌‌ဆွေဟာစက်‌မှုတက္ကသိုလ်‌တက်‌စဉ်‌တစ်‌‌လျောက်‌မှာ‌ကျောင်းစာကလွဲပြီးဘာကိုမှစိတ်‌မ၀င်‌စားမကျွမ်းဝင်‌ခဲ့သူပါတဲ့၊ခရိုင်‌အဆင့်‌ညစာစားပွဲတစ်‌ခုမှာအဆို‌တော်‌တွံ‌တေးသိန်းတန်‌နဲ့ဆရာအပါအ၀င်‌သူ့မိတ်‌‌ဆွေတို့ဟာစားပွဲတစ်‌ခုတည်းဆုံကြပါတယ်‌တဲ့၊ဒီအခါဆရာက၊ကိုဘယ်‌သူ‌ရေဒါကိုသိန်းတန်‌‌လေလို့မိတ်‌ဆက်‌‌ပေးတာကိုဘယ်‌သူက‌ခေါင်း‌လေးဆတ်‌ပြပြီးမုန့်‌ကိုဘဲငုံ့စား‌နေပါတယ်‌၊ဆရာ‌နောက်‌ထဲသွားချိန်‌မှာနှစ်‌ဦးထဲကျန်‌‌တော့မှကိုဘယ်‌သူကအဆို‌တော်‌တွံ‌တေးသိန်းတန်‌ကို‌အလ္လာပသလ္လာပ‌မေးလိုက်‌တာကိုသိန်းတန်‌ကဘယ်‌ဌာနကများပါလိမ့်‌ဘယ်‌လိုအလုပ်‌များလုပ်‌ကိုင်‌ပါသလည်းတဲ့။စုဗူးအဆို‌တော်‌‌နေရာကခံစားကြည့်‌တယ်‌၊‌ရေမရှိတဲ့‌ချောင်းထဲ‌တောင်‌ဆင်း‌သေချင်‌ရှာမလားမသိဘူး၊ဒါမျိုးကျ‌တော့စာကြမ်းပိုး၊ပညာcrazy‌ပေါ့‌နော်‌၊
စုဗူးကဒီစာစုကို‌စေတနာတစ်‌ခုတည်းနဲ့ချ‌ရေးတာပါ၊အခြားရည်‌ရွယ်‌ချက်‌မရှိပါဘူး။
‌လေးစားစွာဖြင့်‌..........စုဗူး္ဆ

ုဆင်းရဲမှုပပျောက်အောင်

$
0
0

မိမိမှာရှိတဲ့အခွင့်အရေးလေးနဲ့ မိမိ မိသားစု၊ မိမိဆွေမျိုး၊ မိမိပတ်ဝန်ကျင်း၊ မိမိရပ်ရွာ၊ မိမိမြို့၊ မိမိနိုင်ငံအတွက် ဘယ်လောက်အထိ ဆောင်ရွက်ပေးခဲ့ပြီးပြီးလဲဆိုတာ ပြန်သုံးသပ်ကြပါ။

မြန်မာနိုင်ငံမှ နိုင်ငံသူ နိုင်ငံသားတို့ မြန်မာနိုင်ငံဟာ နိုင်ငံက ချမ်းသာတယ် အဖိုးတန်ကျောက်မြတ်ရတနာတွေထွက်တယ်၊ အဖိုးတန်သစ်တွေ၊ ဓါတ်ငွေတွေ ၊ သတ္တုတွေထွက်တယ်၊ သဘာဝဓါတ်မြေသြဇာတွေနဲ့အရမ်းကိုကြွဝချမ်းသာပါတယ်။

ဒါပေမဲ့ လူအများစုဟာ ဆင်းရဲတယ်၊ ဓနအင်အားသာဆင်းရဲတာမဟုတ်ဘူး၊ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေဆင်းရဲတယ်၊ လူ့စွမ်းအားအရင်းမြစ်တွေဆင်းရဲတယ်။ ဒီဟာတွေကိုဘယ်လိုပြုပြင်မလဲ အခုချိန်မှ နိုင်ငံတကာက အရှိန်အဟုန်နဲ့တိုးတက်နေတဲ့အတွက်

နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေကိုပြုပြင်ပြောင်းလဲလိုက်ယုံနဲ့ နိုင်ငံဟာချမ်းသာလာမှာမဟုတ်ဘူး နိုင်ငံသားတစ်ဦး၊ တစ်ယောက်တိုင်းကစပြီး ကြိုးစားမှသာ နိုင်ငံတကာကလေးစားတဲ့ နိုင်ငံကြီးသားတွေဖြစ်လာမှာပါ။


မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်နိုင်ဖို့ တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း

$
0
0

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့
ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။ အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေး တစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ် စိတ်ချလက်ချ အလုပ်လုပ် နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်း ပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ လူကို ကြည်နူး စေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေ လောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်း ရှေ့မှာလည်း ကိုယ်ဟာ မိန်းမကို ဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တို နိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့ မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့ အကြည့်က လှတဲ့ ပစ္စည်းတစ်ခု၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ
မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေး တစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင် ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်း လုံခြုံတယ်လို့ ထင်တတ် ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက် ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏုမြူပဲ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ် ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေး တစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက် ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက် တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေး အတွက်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမ ဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါ ကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမ တွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထား ကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့ တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်း လာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ် ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ် ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြား တတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှု ခံစားပေးပါ။ မိန်းကလေးဖက် ကနေ ဝင်ရောက်ခံစား တတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံး ဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

ငါ့ကို ချန်ရစ်….အလွမ်းသင့်စေခဲ့သော မောင်…..။

$
0
0

ငါ့ကို ချန်ရစ်….အလွမ်းသင့်စေခဲ့သော မောင်…..။

မောင် ….အဲလိုနာမ်စားမျိုး ငါခုထိဆက်လက်ခေါ်နေမိဆဲဆိုရင် အရယ်မပျက်ဘဲ နင်က ခနဲ့နေဦးမှာလား…..
နင် သိပ်ရက်စက်ခဲ့တယ် မောင်….။ ငါမမှားတာ နင်လက်ခံရဲလည်း နင့်အမှားကြောင့် ငါ့ကို ကြေကွဲစေခဲ့တယ်နော်….။
မောင် နင့်အတွက် ရှေ့ဆက်ပေးဖို့ တစ်ဖတ်စောင်းနင်း နားလည်မှုတွေကို ကိုယ်ချင်းမစာဘဲ ငါ့ကို ဘာကြောင့်လိုက်နာစေခဲ့တာလဲ……။
 
ခု ငါနေထိုင်တဲ့ မြို့လေးမှာ နင်မရှိတော့ဘူး…..နင့်နေရပ်ကို တက်ကြွစွာ ပြန်မယ်လို့ နင်ဆုံးဖြတ်ခဲ့တယ်ဆိုရင် ငါ့ရင်ထဲထိ နင်ဝင်မလာသင့်ဘူးလေ…..။
နင်သိလား မောင်…..?
နင်ဟန်ဆောင်ကောင်းခဲ့သမျှ ငါက ကြွေကျရင်း နင့်ကို အသက်လို ချစ်ခဲ့တာလေ
အသက်ထက်လည်း ပိုကောင်းပိုလိမ့်မယ်…..။
 
ငါမှတ်မိနေသေးတယ် မောင်…..။
နင်က ငါ့ထက် အသက်ကြီးလို့ နာမ်စားတစ်ခုခု သုံးပါ လို့ နင်ပြောတိုင်း…..နင့် တိုင်းရင်းသားနာမည်လေးကိုပဲ နှစ်နှစ်သက်သက် ငါခေါ်မိခဲ့တာလေ…..။
အသက်ကြီးပေမယ့် နင်ကြားချင်တဲ့ ကို ဆိုတဲ့နာမ်စားထက် ငါ ခေါ်ချင်တဲ့ မောင် ဆိုတာ ကိုပဲ
ငါက အမြဲခေါ်ချင်နေမိခဲ့တာ…..။
 
အသက်ကြီးတဲ့လူကို မောင် လို့မခေါ်ရဘူးလို့ ဘယ်ဥပဒေကမှ….အမိန့်မထုတ်ထားလောက်ပါဘူးနော်…..။
ငါ အဲလို ပြောတိုင်း နင်က.....
ကိုယ့်ထက်ငယ်တဲ့သူတစ်ယောက်က မောင် လို့ခေါ်တာ ဘယ်ကောင်းပါ့မလဲ …….
  
ဆိုတဲ့ နင့်သဘောထားမျိုးကြောင့် ငါက တိတ်တဆိတ်ပဲ ငါမြတ်နိုးသော စကားကို နင့်ရှေ့မှာ ထုတ်မသုံးမိခဲ့တော့ဘူး…..။
 
နင်ပြောတဲ့ စကားသံခပ်ဝဲ၀ဲ လေးတွေကိုလေ …ငါအရမ်းသဘောကျခဲ့တာ မောင် ရဲ့   ။
ပြီးတော့ နင်ဘာသာ ပြန်ပြခဲ့တဲ့ ကချင်သီချင်းလေးတွေရဲ့ စာသားတွေကိုလည်း နင့်ရင်ထဲက ငါ့ကိုပြောနေသလို မှတ်ယူရင်း……ငါ့နှလုံးသားထဲ သံမှိုလို စွဲထားခဲ့တာ…..။
နင်ပြောတဲ့ နင်တို့ဒေသလေးရဲ့သဘာဝ အကြောင်းတွေ ငါမှတ်ထားရင်း လိုက်လျောညီထွေဖြစ်အောင် နေနိုင်ဖို့လည်း ငါ ကြိုးစားခဲ့တာ……။
နင်ပြောခဲ့သေးတယ်နော်
 
အချမ်းအဲလောက်ကြောက်နေရင်…..ဟိုမှာလိုက်နေလို့ ဖြစ်ပါ့မလား….?  တဲ့
နင်ကတော့ဘာရယ်မဟုတ် ပြောမိခဲ့တာ ထင်ပါရဲ့နော်
ငါကတော့လေ……နင် ငါ့ကို နင့်နေရပ်ထိ မိတ်ဆက်ပေးမှာပဲ ဆိုတဲ့အသိနဲ့ ပျော်ခဲ့လိုက်ရတာဟာ……။
တခါတလေ နင်တို့ဓလေ့ကို လေ့လာဖို့ သင်ယူဖို့ နင်မသိအောင်လည်း ငါ ကချင်စာအုပ်
တချို့ဝယ်စုမိသေးတယ်……။
ဘာရယ်မဟုတ်ပါဘူး မောင်ရယ်……။
နင်ပြောဖူးတဲ့ ဓလေ့ကွာတယ်ဆိုတာကို ငါရင်းနှီးအောင်လုပ်ချင်လို့ပါ
ပြီးတော့လေ …..နင့်ကို ချစ်တဲ့ငါက နင်တို့ရိုးရာတွေကိုပါ အကျွမ်းတ၀င်ဖြစ်နေရင် နင်ပိုသဘောကျမှာပဲဆိုတဲ့ အတွေးတွေနဲ့ပေါ့……။ ငါမှ နင့်ရဲ့ ငြိုငြင်မှုတွေအလိုမရှိခဲ့တာ…….။
ဒါတွေက ရူးခဲ့တာ မဟုတ်ဘူးနော် မောင်…..။
 
နင်မေးဖူးတယ်လေ……။
ဘာကြောင့်နင့်ကို ချစ်တာလဲ လို့…..။
နင်နဲ့သိခွင့်မရခင်ကတည်းက ငါ့အိပ်မက်တွေထဲ နင် လာနေကျ မောင် ရဲ့…..။
ပြောရမယ်ဆိုရင်  ကံတရားက ပေးတဲ့ ဖူးစာရှင်လို့တောင် ငါယုံကြည်ခဲ့တာ….။
(ဒါပေမယ့်……ခုချိန်မှာ ငါဒီလိုခံစားစေဖို့ နိမိတ်ပေးရင်း……နင့်လို လူကိုရှောင်ခိုင်းခဲ့တာလားမသိနော်…..။ )
ဗေဒင်မယုံတတ်တဲ့ငါလေ……နင့်အကြောင်းတွေ တက်အပ်ပြောထွက်ကြတော့ နင်က လက်တွဲဖော်အတိအကျရယ်လို့….ငါ မိုးထိမတက်လည်း ပျော်မြူးနေခဲ့တာ……။
ငါသိပ်ချစ်ခဲ့တာ မောင်ရဲ့….။
ပြောမထွက်တာနဲ့ မပြောတတ်တာပဲကွာတယ်…..။
ငါ့ရင်ထဲက နင့်ကို ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့အချစ်မျိုးနဲ့ အရမ်းကို ချစ်ခဲ့တာ….။
 
ဒီနေရာကို ရောက်တာပထမဦးဆုံးပဲ ရည်းစားထားဖူးတာလည်း ဒါပထမဦးဆုံးပါပဲ တဲ့
 
ဝန်ခံခဲ့တာမဟုတ်လောက်ဘူးနော်…..ဒါ မောင် လိမ်ခဲ့တာ…….
ဘေးနားမှာရှိတဲ့သူတစ်ယောက်ကို စိတ်ချမ်းသာစေဖို့ ပေါ့ပျက်တဲ့စကားတစ်ခွန်းနဲ့လေ….မောင် စွမ်းဆောင်ပေးခဲ့တာ……။
ငါ အလုပ်ထဲမှာ ရှိနေတဲ့အချိန်  မောင်က online အမြဲသုံးနေလေ့ရှိတယ်…..။
တခါတလေဆို ငါ့ကိုတောင် online ပေါ်မှာ မခေါ်ဘဲ မောင် အလုပ်ရှုပ်နေတတ်တယ်…..။
အဲ့ဒီ့အချိန်တွေဆိုရင်လေ……အစိမ်းရောင် ဖြစ်နေတဲ့ မောင့် nick ကိုကြည့်ရင်း….ငါ့ကို ပြောဖူးသလို မောင် တခြားသူတွေကို မပြောပါစေနဲ့ လို့ မျက်ရည်တွေဝဲ ဆုတောင်းလိုက်ရတာလည်း အခါခါ…..။
မောင် ဘယ်သွားလဲ ဘယ်သူနဲ့ တွေ့လဲ….ဘာတွေလုပ်လဲ…..?
ငါ ဘာတစ်ခုမှမသိချင်ခဲ့ဘူး…….။
အဲဒါ မချစ်လို့ ဂရုမစိုက်လို့ မဟုတ်ဘူးနော် မောင်…..။
မောင့်ကိုချစ်တဲ့ ငါ့အချစ်တွေထဲ သံသယတွေဝင်လာမှာစိုးရိမ်လို့လေ….။
ပြီးတော့ ….မောင့်ကိုချစ်တဲ့ ငါ့အချစ်တွေကို ဘယ်လိုနည်းနဲ့မှ လျော့ပါးမခံနိုင်ခဲ့လို့လေ….။
သစ္စာဖောက်နိုင်တဲ့ မောင့်အရိပ်အခြေတွေ……..လက်ဆုပ်လက်ကိုင်ပြခွင့်ရှိခဲ့တာတောင်…..
ငါဆိုတဲ့မိန်းမ က သိပ် အ ပြီး မောင်နဲ့ပတ်သက်ရင် မခွဲရက်လောက်အောင် ဖြစ်နေခဲ့တာ…..။
 
ငါပေးခဲ့တဲ့ နားလည်မှုတွေ…..သစ္စာတွေ ကတိတွေ…..သဲထဲရေသွန်လိုက်ရသလို…..။
ခံစားချက်မရှိတတ်တဲ့ ငါ့ချစ်သူက မောင် ဆိုတာ ငါဘာကြောင့်….အချိန်တွေလွန်မှ သိခဲ့ရတာလဲ မသိနော်။
နင်က သိပ်ဟန်ဆောင်ကောင်းခဲ့တာကို မောင်ရဲ့…..။
ဘာမှမသိသလိုလည်း နင့်ကိုယ်နင် ပုံသွင်းယူထားတယ်….။
နင်အရင်က မချစ်ဖူးလို့ ငါတို့အမှတ်တရတွေအတွက် နင်အရေးတယူမရှိခဲ့တာနေမှာ ဆိုတဲ့ အတွေးတွေဝင်ရလောက်အောင် …..နင်က သရုပ်ဆောင်နိုင်ခဲ့တယ်လေ….။
နင် သိပ်တော်ခဲ့တယ် မောင်…..။
ငါမမုန်းနိုင်လောက်တဲ့ထိ နင်လှည့်စားသွားခဲ့တယ်….။
 
ဒီလိုလေးနဲ့နေ့တွေကုန်ဆုံးခဲ့ကြတယ်…..။
မောင့်ကို ဘာအကြောင်းကြောင့်နဲ့မှ ပြသာနာမရှာခဲ့တဲ့အတွက်….ငါတို့တွေ ပျော်ရွှင်ခဲ့ကြတယ်နော်….။
ငါတစ်ခုမေးချင်တယ်…..ငါ့ကြောင့်နင် ဘယ်နှခါ ခံစားပေးခဲ့ဖူးလဲ လို့….။
နင်သိနေပါတယ် မောင်ရယ်….ငါ့အချစ်တွေကို….
အဲဒါကြောင့်လည်း အားနာတတ်တဲ့ နင့်စိတ်အခြေခံလေးနဲ့ ငါ့လက်ကို ခပ်မြဲမြဲလေး နင်ဆုပ်ကိုင်ပေးခဲ့တာနေမှာပေါ့နော်…..။
(ဒီနေရာလေးမှာ နင်က အားနာတတ်တယ်ဆိုတဲ့အသိလေးပဲ ငါဝင်နေချင်တယ်…..နင့်ငယ်သူငယ်ချင်းတစ်ယောက်ပြောခဲ့တာတော့…..နင့်စိတ်က ခန့်မှန်းရခက်လွန်းတယ် တဲ့)
 
ရက်တွေကုန်ခဲ့ပြီ မောင်…
နာရီတွေ နေ့ရက်တွေ လတွေ …..ဒီလိုနဲ့ပဲ နင်လည်း…..နင့်ဌာနေကြီးကို ပြန်သွားခဲ့ပြီ…..။
မခွဲခင်ကတည်းက သွေးအေးတော့မယ့် လက္ခဏာတွေ နင်ပြနေတာတောင်
ငါနင့်ဆီအရောက်လာဖို့ တိုင်တည်မိသေးတယ်….။
အဲဒါကြောင့်လည်း သူငယ်ချင်းတွေက ပြောတယ်…ငါက နင့်ကို သိပ်ရူးနေတဲ့သူတဲ့…..။
ဘာပဲပြောကြပါစေ မောင်
နင်ကမှ ငါ့ကို လမ်းမခွဲသေးတာ……ငါ့ချစ်သူက နင်…..အဲဒီ့အတွက် တစ်ချိန်ပြန်ဆုံဖို့ ငါကြိုးစားရမယ်လေ
နောက်ဆုံး ငါသိပ်ချစ်တဲ့ နင့်ရင်ခွင်ထဲ တစ်သတ်လုံးဟာ…….ပျော်စရာလေးတွေပဲ ဖန်တီးရင်း….ငါရည်ရွယ်ချင်တာလေ….။
နင်နဲ့ဝေးကတည်းက ငါကိုယ်နဲ့ နင့်စိတ်….ခွဲခြားမရဖြစ်နေခဲ့တာ မောင်ရဲ့….။
 
မိသားစုက ချပေးတဲ့လမ်းကိုလည်း ငါငြင်းဆန်ဖို့အသင့်ဖြစ်နေပြီမောင်…..။
ငါတို့က တစ်နိုင်ငံတည်းမှာပါ မောင်ရယ်….။
ဆက်သွယ်မှုတွေ ခေတ်မီနေတဲ့ ခေတ်မှာ……တစ်ပတ်တစ်ခါဆုံနိုင်ခွင့်တော့ နင် ဖန်တီးပေးနိုင်ပါတယ်….။
ဖုန်းတွေရှိတယ်…..နင် ရူးသွပ်တဲ့ အင်တာနက်ဆိုတာရှိတယ်…..။
နင်ဘာတွေများ စဉ်းစားနေရတာလဲ…..?
တစ်နေ့တစ်ခါ message တွေပို့လည်း အကြောင်းမပြန်တက်တဲ့ နင်လေ
online ကိုတော့ တစ်နေ့ တစ်ကြိမ် ၀တ္တရားမပျက်သုံးနေပါတယ်…..။
နင်ဘယ်လောက်ပဲ ခြေလှမ်းပျက်ပျက်ပါ…….ငါက နင်လမ်းမခွဲရသေးတဲ့ နင့်ချစ်သူလေ မောင်….။
ပြီးတော့ နင့်ကို အချစ်စစ်နဲ့ သိပ်ချစ်နေရတဲ့သူ…..။
 
အမြဲသတိရနေမှာပါ….
ကိုယ်တကယ်ချစ်လို့ ဝေးသွားကြတာ  တဲ့
ဘာစကားတွေလဲ မောင်ရာ……ငါတို့ ဘာ့ကြောင့်ဝေးရမှာလဲ…..။
အခိုက်အတန့်ဝေးတာက တစ်သတ်လုံးဝေးစေဖို့….လမ်းစ လား….?
အထူးသဖြင့် တကယ်ချစ်တယ်ဆိုတဲ့ စကားအတွက်….ငါတို့ ပေါင်းဆုံဖို့ လေ…..
အခွင့်အရေးတွေအများကြီးပါ မောင်………….။
ငါ ကျောင်းပြီးတာနဲ့ ဆရာမ သင်တန်း ၂ နှစ်ဆက်တက်မယ်….
ပြီးရင် နင်တို့ဒေသလေးကို တာဝန်လျှောက်မယ်….။
အဲဒီ့အတွေးလေးနဲ့လေ ငါက သိပ်ပျော်နေတာ….။
ဘယ်လောက်ဝေးဝေး မောင်…..ငါတကယ်ချစ်တဲ့ အတွက် ဝေးကွာခြင်းက ငါ့ကို အရှုံးပေးဖို့သေချာတယ် မောင် ရဲ့….။
မဖြစ်နိုင်တာတွေ မဖြစ်သင့်တာတွေ ကို ယောင်္ကျားတန်မဲ့ နင် ဆင်ခြင်တွေမပေးနဲ့လေ….
နင်က ငါ့ချစ်သူလေ…..။
နင်ကတိတွေ အကြိမ်ကြိမ်ပေးခဲ့တယ်
နင်ပြောဖူးတာ မှတ်မိသေးလား မောင်????
 
ငါ့အနားမှာ နင့်ကို ရှိနေစေချင်တဲ့အချိန်တွေထိ နင် ငါ့ကို ချစ်နေမယ်ဆို….။
အခု ငါက နင့်အနားမှာ ရာသက်ပန်နေပေးဖို့ သစ္စာကို ကတိလိုတောင်းခံနေတာလေ….။
 
အခုငါဘာပြောပြော နင်ဘာ့ကြောင့် မလှုပ်မယှက် အေးစက်နေရတာလဲ….?
ငါအရောက်လာမယ့် နင့်နေရာလေးမှာ…..ဘယ်သူ့ကိုမှ နင်မချစ်ဘဲ ငါ့ကို စောင့်မပေးနိုင်ဘူးလား….၊
တစ်ဘ၀လုံးလက်တွဲသွားဖို့လေ နင်ဘာကြောင့် စကားတွေလွန်ခဲ့လဲ ဟာ…။
နင်အရမ်းရက်စက်တတ်တာပဲနော်
ငါ မယုံကြည်လောက်အောင် နင် ရက်စက်ခဲ့တာ….။
နင်ခရီးထွက်သွားခဲ့တယ်…….ဘာသတင်းမှမကြားဘဲ ငါတို့ဘာမှမဆိုင်တော့ပါဘူးဆိုတဲ့ အသိနဲ့ နင် ခရီးထွက်သွားခဲ့တာ…..။ ငါ့အိပ်မက်တွေကိုလည်း နင်က ထည့်မတွက် ခဲ့တော့ဘူးလေ….။
နင်ပြီးဆုံးချင်နေတဲ့ ငါတို့ ဇာတ်လမ်းကို……နင်ကိုယ်တိုင် မကြေငြာရဲတော့လို့ ငါ့ကို ရှောင်ဖယ်သွားခဲ့တာပေါ့နော်…….။
နင်မေတ္တာဆူးမှာ ငါသိပ်ကြောက်တယ်မောင်…..။
နင့်နင့်နဲနဲ ငါခံစားရသလို နင်တခြားသူအတွက်….ပြန်ဝဋ်လိုက်မှာကိုလည်း….ငါ သိပ်စိတ်ပူတယ်…..။
ငါ့လောက်နင့်ကို ချစ်နိုင်မယ့်သူကို နင်ရှာဖွေရင်း ငါနဲ့ခဏခဏနှိုင်း…..နင်သူတို့နဲ့ အဆင်မပြေမှာလည်း ငါ အရမ်းစိုးရိမ်နေတယ် မောင်…..။
 
နောက်ဆုံးတော့လည်း မောင် ရယ်…..။
နင့်အတွက် အရာမ၀င်တဲ့ ငါ့အိပ်မက်တွေကို ငါက ဆက်ပုံဖော်နေမိဦးမှာပါ….။
ငါသိပ်ချစ်တဲ့ နင့်ကို မသက်ဆိုင်တော့လည်း ထပ်တွေ့ရဖို့
ငါ ဆက်ကြိုးစားနေမိဦးမှာ မောင် ရဲ့…..။
နင့်မွေးရပ်လေးမှာ ငါ…..နေထိုင်ရင်း နင်ခြေချဖူးတဲ့ နေရာလေးတွေနဲ့ ငါအလွမ်းဖြေဦးမှာ….။
နင်လျှောက်ခဲ့တဲ့လမ်းလေးတွေကို ငါတစ်ယောက်တည်းလျှောက်ရင်း နင့်အနီးနားတ၀ိုက်မှာ ငါက နင့်ကို သိပ်ချစ်နေဦးမှာ…..။
 
ဒါတွေက ငါရူးခဲ့တာ မဟုတ်ဘူးမောင်……
နင်ထားသွားတဲ့ အလွမ်းတွေနဲ့…..ငါနေတက်နေရင်း….
ငါ့ကို ချန်ရစ် အလွမ်းဖြစ်စေတဲ့ မောင့် အတွက်……..
ငါ့အဆုံးမဲ့ချစ်တတ်ခြင်းတွေ…..ဦးစားပေးပြီး…..ဘ၀တစ်ခုလုံးကို နင့်အတွက်…..ငါ……စတေးတက်သွားတာပါ မောင်…..။
(ရင်နဲ့ရင်းထားတဲ့ ခံစားချက်တွေအတွက်
တစ်နေရာက နင် ဒီအကြောင်းအရာ ဖတ်မိနေဦးမယ်ဆိုရင်…..ငါ့ကို မလှောင်ရယ်ပါနဲ့ မောင်)
 
အလွမ်းကေသရီ
28 Mar 2011
5:35 PM ( Monday)
 

♥♫✿*•♫အဓိက ရေသောက်မြစ် နေရာက ရင်ဘတ်တစ်ခုအကြောင်း ♥♫✿*•♫

$
0
0





ကျီးကန်းမျက်စေ့မဟုတ်ပေမယ့် ခင်ဗျားအတွက်ဆို ရှင်သန်ချင်လွန်းတဲ့ ကျုပ်အနာဂတ်တွေ
ဟို လို လို ဒီ လို လို
ဘာ လို လို ညာ လို လို နဲ့ ကြောင်တောင်တောင် ကဝေလမ်းထဲမှာ
ရစရာမရှိအောင်
တောင်းမှောက် ပျောက်ဆုံးသွားခဲ့ရတယ်
(ဒါတောင် ခင်ဗျား ရဲ့ ချွင်းချက် reason တွေအတွက် ကျုပ်က တကူးတက လမ်းခင်းထားခဲ့တာ – ကဝေဆိုတာ ကျွန်တော် လို့  ပြောလိုက်ပါဦး)

သူတကာ ထက် ပို နက်တဲ့ ကလေးအတွေး
“တနေ့နေ့ တော့ ” ဆိုတာ ကျုပ်ရဲ့အနာဂတ် ရွှေလမ်းငွေလမ်းကြီး
ခင်ဗျား မျက်ခုံးထူထူကြားထဲက ပွင့် ခြွေ ချ ပေး မယ့် အပြုံးတချက် နဲ့ ဖဲကြိုးဖြတ် လမ်းဖွင့် ဖို့ 
ကျုပ်ဆိုတဲ့ကောင်က ညတိုင်း အိပ်မက်တွေ မက် အိပ်မက်တွေ ဆက် ခဲ့တာ
( ကိုယ့် အရှက် ကိုယ်ဖုံးဖိ … မုန်းလိုက်မဟဲ့ မေ့လိုက်မဟဲ့ စာသားတွေနဲ့
တကယ် တမ်း လက်တွေ့မှာ ကျ ချန် ခဲ့ ခံ ရသူ က ကျုပ် – ခင်ဗျားအတွက် လိုတမျိုး မလိုတမျိုး စုန်းလိုပြုစားတတ်တဲလူမျိုးလို့  အမည်တပ်လိုက်စမ်းပါဦး)

“ည” ဆိုတဲ့ စာလုံးပေါင်း ကို အမှောင်ထဲမှာတင် နှလုံးသားနဲ့ ထွင်းမှတ်နေခဲ့သူကျုပ်
မနက်ဖြန်ဆိုတာကိုလည်းရင်းခဲ့ရတယ် ဒီနေ့ဆိုတာကိုလည်း ရင်းခဲ့ရတယ်
အဲသလို တယူသန် အလေအလွင့် ကောင် အတွက်
မနေ့ကဆိုတာ လေးမှာတောင် ခင်ဗျား ရှိနေသလား / ရှိနေပေးခဲ့ဖူးသလား..???.။
( မကြုံလည်း မမေးရက် ကြုံလည်း ဆွံ့အ နဲ့ အဲဒီ မစွတ်မပွတ်
စကားလုံးလေးတွေ ကြွေကျလာဖို့  အတွက် ကျုပ် ရင်ဘတ်ကို ချိတ်ပိတ် ပြာချထားခဲ့ – ခင်ဗျားရဲ့ လှည့်စားသူ သမိုင်းကြောင်းမှာ
ကျုပ်အကြောင်းက နံပါတ်တစ်လို့  ရေးခြစ်လိုက်ပါဦး)

ဇာတ်လမ်းက ပြီးတယ် / မပြီးဘူး
ဆုံးတယ် / မဆုံးဘူး

ဇာတ်သိမ်းက လန်းတယ် / မလန်းဘူး
ဆန်းတယ် / မဆန်းဘူး

အဲဒါတွေထက် ကျုပ်တို့  နှစ်ဦး ဘယ်အခါမှာ
ဆုံစည်းမယ် / မဆုံစည်းဘူး ဆိုတာကို
ကိန်းဂဏန်းတွေ တစ်လုံး တစ်ပါဒမျှ မပါဝင်ပဲနဲ့
မျှော်လင့်ချက်အလင်း တွေ အသေရိုက်ထည့်ပြီး
လိုချင်တဲ့အဖြေထွက်ဖို့ 
တဇွတ်ထိုး တွက်ချက်နေခဲ့တဲ့သူ ဟာ ကျုပ် .. ကျုပ်တစ်ယောက် ကျုပ်တစ်ဦး ကျုပ်တဖက်သတ်ကြီးရယ်
( သိမ်းပိုက်ဖို့  မေ့လျော့ခဲ့ပြီး / လျစ်လျူရှုခဲ့ပြီး – စွန့်လွှတ်
ထာဝရ လွှင့် ချန် ထား ခဲ့ သူ ဟာလည်း ကျုပ် ..ကျုပ် လို့သာ အပြီးသတ် မှာ ခင်ဗျားရဲ့ ရွှေပေလွှာကဗျည်းထက် ရေးစပ်ခဲ့ပါဦး)

ကျုပ် အမြဲ ကျေ နပ် နေ မှာ ပါ ။ ။ ။

တကယ်က
ဒီကဗျာ အဆုံးသတ်ချိန်ထိ ကျုပ် ခင်ဗျားကို မမေ့နိုင်ဆဲ
ဒီကဗျာ ချောင်ကပ် OLD VERSION ဖြစ်သွားချိန်ထိတိုင် ကျုပ်ခင်ဗျားကို သတိရနေမိမှာ အသေအချာ
ဒီကဗျာ ဟိုးးးးးးးးးးးး စာလုံး အစ လေး ဖြစ်မလာခင်ကတည်းက ခင်ဗျားကို တရစပ် တမ်းတနေမိတဲ့

ကျုပ် အကြောင်း တပိုင်းတစ

ဟို အရင် လို
အလဲအကွဲ ကာရံတွေ နဲ့ အသဲကွဲလွမ်းဆွတ်နေကြောင်း – ထွက်ကျ မလာစေဖို့  / မသိသာသွားစေဖို့  အရေး စိုက်ကာ
အားမာန်မရှိပဲ ကျားကန်ကန်ရင်း ကျုပ်ကိုကျုပ် သရော် လိုက် မိ တဲ့ စာတန်း တချို့ သက်သက်ပါ။

အားတယ် / အချိန်ပိုတယ် ဆိုခဲ့ရင် မပတ်သက်သလို အသွင်မျိုးနဲ့ ဖတ်ရှု အားပေးသွားတဲ့အကြောင်း
မသိယောင်ဆောင် comment လေး ရေး ပေး ခဲ့ ဗျာ။

။ ဒါနဲ့ကိုယ့်ရဲနှုတ်ခမ်းချွန်ချွန်လေးး

ခင်ဗျားဟာ ကျုပ်အတွက်တော့ အမြဲ တန်း…… မြင်နေချင်ခဲ့/ မျှော်လင့်နေခဲ့သော ညဥ့်ဦးယံရောင်နီတန်းလေး ပါ

အဲဒီ ၀န်ခံချက်ကလေးကိုပါ အားပါးတရ လှောင်ရယ်ခဲ့ပေးပါဦး။

ဒီမွန်(အသဲကွဲတိုးရစ်လေးး)

နဖူး ''စာ'' မတွေ့ လေသေးတော့,,,,,

$
0
0

          အချစ်ကံခေသူတွေအဖို့ တော့ နဖူးစာရွာလယ်ဆိုတာ ကမ္ဘာတစ်ပါတ်ပြည့်သည့်တိုင်အောင်

တွေ့ ကောင်းမှတွေ့ ကြပေလိမ္မယ်။အမိမြန်မာပြည်ကိုခွဲခွာလာကြတဲ့လူတွေလည်းလူမျိုးအဖုံဖုံ

အလွှာစုံနှင့်တစ်ခါတစ်လေ ကိုယ်ဘယ်ကလာသလဲဆိုတာကိုပင်မေ့ပျောက်နေကြပေသည်။

အထူးသဖြင့်တွေ့ ရတတ်တာကတော့ ဥရောပနိုင်ငံတစ်ချို့ရောက်နေကြသော လူတစ်ချို့ လူတစ်

စုသည် မိမိကိုယ်ပင် မြန်မာပြည်သားဆိုတာကိုမေ့မေ့လျှောလျှောနှင့် တိုင်းတစ်ပါးကို အထင်ကြီး

လူမျိုးခြားတို့၏အကျင့်ပျက်စရိတ်တွေကို အတုမြင်အတတ်သင် မြင်တွေရတာ ရင်နာစရာပါ။

        သူတို့ တွေမွေးလာသောသားသမီးများဆိုလျှင်မြန်မာစကားတောင်မပြောတတ်တာ အထူး

ဝမ်းနည်းစရာပါဘဲ။ပညာတတ်အသိုင်းအ၀ိုင်းတစ်စု နှင့်မြန်မာပြည်ကိုချစ်သော မြန်မာပြည်သား

တစ်ချို့ ကလွဲပြီးတခြား၊တစ်ခြားသောသူတို့ သည်ကား အမိမြန်မာပြည်၏ ကျေးဇူးကိုပင် အထူး

တလေ သိနားလည်ခြင်းမရှိကြတော့ပေ။

         အမေရိကားလိုနိုင်ငံမျိုးကို မြန်မာပြည်မှ လာကြသောလူများမှာ,,,

အမေရိကားဗီဇာကံစမ်းမဲပေါက်သူကလွှဲပြီးလျှင်,,,ထိုသူတို့ သည်ပင်လျှင်လူနည်းစုဘဲရှိပါသည်။

  (၁)အလည်လာပြီး၊ မပြန်ဖြစ်ကြသူများ(နိုင်ငံရေးခိုလုံခွင့်လျှောက်ထားသူ)

  (၂)သင်္ဘောပေါ်မှ ဆင်းကျန်ရစ်သူများ(နိုင်ငံရေးခိုလုံခွင့်လျှောက်ထားသူ)

  (၃)မြန်မာပြည်မှ စစ်အစိုးရလက်ထက်အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာကြသူမျုား

        (က)တကယ်စစ်အစိုးရကြောင့်ဒုက္ခရောက်ခဲ့ကြသူများ

        (ခ) ဒုက္ခမရောက်ပါဘဲနှင့် ဒုက္ခသည်အဖြစ် ရောက်ရှိလာကြသူများ တို့ သာဖြစ်ပါသည်။ဘလိုဘဲ

အကြောင်းပြပြ ပညာတတ်လို့ခေါ်ဆိုသောသူတို့သည်လည်း နိုင်ငံရေးခိုလုံခွင့်လျှောက်ကြရသည်သာပင်

ဖြစ်လေသည်။နောက်ထပ်ရောက်လာကြသူတို့ တစ်ချို့ သည်ကားမှီခိုနှင့်သာဖြစ်ကြပေမည်။ဥပမာ-သားသ္မီး၊

မိန်းမ၊မိဘတို့ ကိုကားမှီခိုအနေနှင့်ဖြစ်ဖြစ်၊အလည်ဖြစ်ဖြစ်ခေါ်နိုင်ပေသည်။

        ထိုသို့  ထိုသို့  ရောက်လာကြသူများထဲတွင် ကြိုးစားကြသူတစ်ချို့ သည်ပင်လျှင်လည်း ကုမ္ဗဏီ

တွေပိုင်ဆိုင်ကြသောသူများ၊၀န်ထမ်းအမျိုးမျိုးနှင့်အထူးတစ်လေမြန်မာလူမျိုးတွေ လုပ်လေ့ရှိကြတာက

တော့ ဂျပန်အစားအစာချူချီ ကိုတွေ့ကြရပေမည်။ချူချီမှာ အထူးသဖြင့်ဂျပန်ကုမ္မဏီကြီးတစ်ခုနှင့် ကိုးရီး

ယားကုမ္မဏီ၊အခြားကမ္မဏီများ၊မြန်မာကမ္မဏီသုံးလေးခုရှိလေသည်။ထိုသို့ သောကုမ္မဏီများမှ ချူချီများ

ကိုမားကတ်များတွင် စတိုးလေးများဖြင့် ခြောက်ပေရှစ်ပေခန့်အခန်းကလေးများနှင့်နေရာတစ်ခုတွင်အလုပ်

သမားတစ်ယောက်နှစ်ယောက်နှင့် ချူချီလိပ်ရောင်းလေ့ရှိသည်။တစ်ချို့ နေရာဆိုလျှင်လည်း စားသောက်

ဆိုင်ပုံစံမျိုးနှင့်ရောပြီးဖွင့်လေ့ရှိကြပေသည်။ထိုမားကတ်နေရာများကို ကုမ္မဏီမှ ကန်ထရိတ် ပံစံမျိုး(ပါစင့်

နစ်)နှင့် ပေးလေ့ရှိသည်။ထိုသည်ကိုပင်ချူချီကန်ထရိတ်တာဟုခေါ်ပေသည်။ထိုသို့ ချူချီကန်ထရိတ်တာ

အများစုမှာ မြန်မာအများစုဖြစ်ပေသည်။ထိုကန်ထရိတ်တာများ၏ အလုပ်သမားများသည်လျှင်လည်း

မြန်မာအများစုဖြစ်ကြပေသည်။မြန်မာပီပီ အကျင့်ခြစားနေတဲ့လူများစုတို့၏သဘောတရားအတိုင်းကန်

ထရိတ်တာတို့သည်လည်း လူညစ်တွေများလှပေသည် တစ်ရာလျှင်သုံးလေးယောက်လောက်သာလျှင်

လူကောင်းရှိပေသည်။ထိုသို့သောသူထဲမှ ကန်ထရိတ်တာတစ်ယောက်ကပြောသံကြားဖူးပါသည် သူ့ဆိုင်

ကိုဈေးလာဝယ်သော ဖောက်သည်က ရစ်နေလို့ ဆိုပြီးသူ့ ကိုစာမတတ်၊ပညာမတတ်ထင်လားမသိဘူး၊

သူမြန်မာပြည်မှာ၊မာစတာတက်ခဲ့တာ၊အမေရိကားရောက်တော့လည်း ဘဏ်တစ်ခုမှာလုပ်ခဲ့တာ၊လာရစ်

တစ်ဆိုပြီးပြောနေတော့ ကျနော်စိတ်ထဲကရည်ရွတ်လိုက်မိပါတယ်,,,,သြော် ပညာတတ်ကြောင်းနဖူး

မှာ စာတန်းထိုးထားရင် သူတို့ လည်းသိမှာပေါ့လို့။

          အကြောင်းအမျိုးမျိုးကြောင့် ရောက်နေကြတဲ့သူအထဲ အရူးကတမူးသာဆိုတာမျိုးလည်းတစ်ပုံကြီး၊

ဘလိုဘဲရောက်လာရောက်လာပါ ။အချိန်တန်ရင်အိမ်ပြန်ကြမယ့်မျိုးချစ်လူငယ်တွေကိုတော့ အားပေးပါတယ်

နိုင်ငံခြားဆိုတာ မိမိတို့၏ပျော်စံရာမဟုတ်ဘူး၊မိမိနိုင်ငံသည်သာမိမိ၏ ပျော်မွေ့ ရာပါ။မိမိတတ်သော ပညာကို

လည်း မိမိနဖူးတွင် စာရေးမထားကြရလေအောင် မိမိတတ်တဲ့ပညာဖြစ်သော အသိပညာ၊အတွေ့ပညာ၊အတတ်

ပညာနှင့်အချိန်တန်ရင် မိမိနိုင်ငံကိုပြန်ပြီး လူမှု့ရေး၊စီးပွါး၊နိုင်ငံရေး ကို ဆထက်တစ်ပိုး ထမ်းဆောင်နိုင်ကြပါ

စေလို့  ဆန္ဒပြုရင်း နဖူး 'စာ' မတွေ့ လေသေးတော့ ကမ္ဘာ တစ်ပါတ်တော့  ပြည့်လေဦးမှာပေါ့ဗျာ,,,,

    ဤအရာများသည် ကျနော့်၏အတွေ့ အကြုံနှင့်အတွေး စလေးများသာဖြစ်၍ စာဖတ်သူအပေါင်းနှင့်

တိုက်ဆိုင်မှု့ မရှိပါမူ စိတ်မရှိကြပါနှင့်,,,,,

                                                       စာရေးသူ - နိုင်ထွန်း (ရမ္မာဝတီ-လေးတောင်)

         

 

”သူသာလေညှင်းလေးဆိုရင်”

$
0
0

မိုးချိမ်းသံသဲ့သဲ့လေး အရင်တုန်းကလိုပဲ ငါကြားနေတယ် ဒါပေမယ့် ငါ့ရဲ့နှလုံးသားဟာ အရင်တိုင်း အသစ်ပြန်မဖြစ်တော့ဘူး….

မိုးစက်ကလေးများ တိုးတိတ်စွာကြနေသည်...လေညှင်းကလေးများ ဟိုသည်ပြေးလွှားကာ မိုးကိုအဖော်ပြုနေသည် လျှက်စီးများဖြတ်ကနဲ့ ဖြတ်ကနဲ့ လင်းလက်ကာ ကောင်းကင်တွင် အမှောင်တိပြီးကာ ကမ္ဘာကြီးကို ခြိမ်းခြောက်နေလေတော့သည်…   ထိုစဉ်အချိန်ခဏလေးအတွင်းမှာ သူ့ရဲ့နှလုံးသားထဲကို ဖြေးညှင်းစွာ ၀င်လာသော လေပြည်ညှင်းလေးရဲ့ ခြေသံအစုံကိုဖျက်ကနဲ့ကြားလိုက်ရသည်…

ဟိုနေ့က ပြောထားတဲ့စာအုပ်ရှိသေးလား  တင်္ဒဂလေး သူရင်ခုန်သွားသည်…မကြာမီ.ဟိတ် မေးနေတယ်လေ ရှိသေးလားလို့…  အင်းရှိတယ် မင်းအတွက်ဖယ်ထားပေးတယ် ယူလေ….. ကောင်မလေးမှ ဘာမှန်းမသိဘူး…အူကြောင်ကြောင်နဲ့ စကားနဲ့မပြောပေမယ့်လည်း သူသိလိုက်သည်…

ကောင်မလေး မျက်စောင်းတစ်ချက်ထိုးကာ….  ယူမယ် အဲ့ဒါမှတ်ပေး…အင်း အယောင်ယောင်မှားမှားဖြစ် ဘောပင်လိုက်ရှာနေစဉ် ခဏအတွင်းမှာ ….သူမက အမြဲတမ်းလာငှားတဲ့ ဖောက်သည်တွေပဲ ယူသွားပြီးနော်….သူပြန်ပြောချင်ပေမယ့် သူနှုတ်မှ စကားတစ်လုံးမှ ထွက်မလာခဲ့ချေ….

သူငယ်ချင်း မင်းသူ့ကို သွားမချစ်နဲ့နော် သူကဆရာမကြီး မင်းဦးနှောက် ကို ဖောက်စားသွားလိမ့်မယ်…သူ့စိတ်ထဲ ဖျက်ကနဲ့တင်းသွားသည်.. မဖြစ်နိုင်တာ သူကအဲ့ဒီလိုမိန်းမ မဟုတ်ဘူး.. သူ့စိတ်ထဲမှာဘာကိုမှန်းမသိ တစ်ခုခု ဆုံးရှုံးသွားသလို …မင်းခံစားသွားရမယ်သိလို့ သတိပေးတာပါကွာ..စိတ်မဆိုးပါနဲ့… ငါသူ့ကိုအရမ်းချစ်မိသွားပြီ သူငါ့ဦးနှောက်ကို ဖောက်စားရုံမကလို့ ငါ့ရဲ့အသဲနှလုံးကိုပဲ စားစား ငါကြည်ဖြူတယ်…..အေးလေ ပြီးရော မင်းစိတ်ပါနဲ့မှတော့ ငါဘာမှ မပြောတော့ပါဘူး..မင်းနောက်မှ နောင်တမရပါစေနဲ့လို့ ငါဆုတောင်းပေးတယ်ကွာ….ငါသွားမယ် သူငယ်ချင်….တိတ်ဆိတ်စွာ ထွက်သွားသော ခြေသံကို သူနောက်ဆုံးကြားလိုက်သည်…

ကို ဆောင်းကိုချစ်လားဟင်… ဘာဖြစ်လို့မေးတာလဲ ဆောင်းရယ် ….ဆောင်းကို ကိုယ်မချစ်ပဲနေမလား…အရမ်းချစ်တာပေါ့ ဆောင်းရယ်….. ကိုယ့်ဘ၀မှာ ဆောင်းတစ်ယောက်ထဲကိုပဲ ပထမဦးဆုံး ချစ်ခဲ့တာပါ… တစ်ကယ်လို့များ ဆောင်းနဲ့ဝေးရရင် ကိုယ်ဘယ်သူ့ကိုမှ မချစ်တော့ဘူး… ဆောင်းတစ်ယောက်ထဲကိုပဲ တစ်သက်လုံးချစ်သွားမှာပါ…. ကိုယ်သေတဲ့အထိ….ဆောင်းကို သူစကားမဆုံးမီ  သူ့နှုတ်ခမ်းပေါ်သို့ နူးညံ့သော လက်ကလေးတစ်စုံ ရောက်ရှိလာသည်…. တော်ပြီး ကို ဆောင်းယုံပါတယ် မပြောပါနဲ့တော့နော်….. ထိုစဉ် မိုးဖွဲဖွဲကလေးများရုတ်တရက် တိုက်ခတ်လာသည်…. ဆောင်းက သူ့ရင်ခွင်ထဲ သို့တိုးဝင်ကာ တိုးတိုးလေး….. ကိုယ့်ကိုလဲ ဆောင် ဘယ်တော့မှခွဲမသွားပါဘူး…..

ထိုစဉ်ခဏတာ ကမ္ဘာလောကကြီးကာ ခဏတာ  ရပ်တန့်သွားသလို….. သူ့အမြင်မှာ အရာအားလုံးဟာ လှပနေလေတော့သည်။

မင်း ချစ်သူကို ကျောင်းမှာ ယောက်ကျားလေးတစ်ယောက်နဲ့ ငါတွေ့လိုက်တယ်ကွ…. သူ့ရင်ထဲ စိုးရိမ်ပူပန်မှုများ ၀င်ရောက်လာသည်….မင်းဘယ်တုန်းက တွေ့လိုက်လို့လဲ….. ငါ့မျက်စိနဲ့တပ်အပ်မြင်တာပါကွာ… သူတို့နှစ်ယောက် အကြည်ဆိုက်နေတာ.. ငါ့မျက်လုံးတောင် ငါမယုံဘူး….

မင်း မဟုတ်တာမပြောနဲ့ ဆောင်းဟာ အဲ့ဒီလို မိန်းမမျိုး မဟုတ်ဘူး…. မင်းမယုံလဲ နေကွာ ငါကတော့ ငါ့သူငယ်ချင်း စိတ်ချမ်းသာတာပဲ မြင်ချင်တာပါ …..မင်းမကျေနပ်ရင် ငါ့ကို ထိုးလိုက်ပါ သူငယ်ချင်း…..

သူ့မျက်နှာ လူသေတစ်ယောက်ကဲသို့ ဖြူဆုပ်သွားကာ ….စိတ်ထဲတွင် အရူးတစ်ယောက်လို ငါမယုံဘူး …..ဆောင်းဟာ အဲဒီလို မိန်းမ မဟုတ်ဘူး… သူ့စိတ်ထဲတွင် တိတ်ဆိတ်စွာ အော်ဟစ်နေတော့သည်။

တစ်ပတ်ခန့်ကြာသော စာတိုက်မှ စာတစ်စောင်ရောက်လာသည်….. သို့ ကို ကိုယ့်ကို ဆောင်းချစ်ပါတယ် ဒါပေမယ့် ဘ၀လက်တွဲဖော်အဖြစ် မဖြစ်နိုင်လို့ပါ…. ဆောင်းကိုမေ့လိုက်ပါတော့ တစ်ခြားတစ်ယောက်ကိုပဲ ပြောင်းချစ်လိုက်ပါနော်….. သူ ခဏတာ ကြောင်နေမိသည် သူ့ဦးနှောက်တွေဟာ မူးဝေကာ နှလုံးသွေးရပ်မတန့် ခံစားလိုက်ရသည်… မျှော်လင့်ချက်တွေ အဆုံးစမဲ့စွာ ..ဆောင်း မင်းကို ကိုယ်ချစ်ခဲ့တာ အပျော်မဟုတ်ဘူးလေ မင်းတစ်ယောက်ထဲကိုပဲ ငါ့ရင်ထဲမှာ ဖြူစင်မြတ်နိုးစွာ ချစ်ခဲ့တာပါကွာ ဘာကြောင့်မို့ လမ်းခွဲတဲ့စကား ပြောရတာလဲ ငါ့ရဲ့အချစ်တွေဟာ မင်းအတွက် တန်ဖိုးမဲ့နေလို့လား… မင်းကိုငါ မေ့လိုက်ရမလား မဖြစ်နိုင်ဘူးလေ ငါကအစွဲလမ်းကြီးတယ်…မင်းကိုငါမမုန်းပါဘူး ဆောင်း.. ဒါပေမယ့် ငါ့မှာ ယောက်ကျားမာနတော့ရှိသေးတယ် မင်းကို ဘယ်လောက်ချစ်ချစ် မင်းအရှေ့မှာ ဒူးထောက်ပြီး ငါ့ကိုအရင်လို ပြန်ချစ်ပါလို့  ဘယ်တော့မှ ပြောမယ့်လူမဟုတ်ဘူး… ဖျက်ကနဲ့ မိုးစက်လေနဲ့အတူ သူ့မျက်ဝန်းထဲ မျက်ရည်တစ်စက်လွင့်ပါသွားတော့သည်။……..

                                      သူသာ လေညှင်းလေးဆို ကိုယ်က လေးညှင်းလေးရဲ့အရိပ်ကလေး ဖြစ်ပြရစေ…..

                                                                                                                  

 

                                                                                                                                                       ရေးသားသူ

                                                                                                                                                          ညီညီ

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>