Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

နှလုံးသားတွင် ဘုရားစကားတည်ပါစေ

$
0
0

          မိုးလင်း မိုးချုပ် စားဝတ်နေရေး ရုန်ကန်လှုပ်ရှားနေကြရတဲ့ ဤမြေကမ္ဘာမှာ အတ္တမာန်မာနတွေနဲ့

တည်ဆောက် မေတ္တာတရားတွေ ခြောက်သွေးနေခဲ့သလိုပင် လောကကြီးလည်း အရောင်တွေပြောင်းလဲ ကမ္ဘာ

ကြီးကို ဓါတ်ပုံ ကူးယူခဲ့မယ်ဆိုရင် ကမ္ဘာကြီးက ငိုယိုနေမယ့် ပုံစံ ဖြစ်နေမလား တွေးရင်း................

ဦးဇင်းနေကောင်းလား...ကောင်းပါတယ်...............

ဘယ်သူများလဲလို့ တကာမလေး မသက်သက်ဆွေတို့ပါလား....

လာလာ ထိုင်ကြ.... တင်ပါဘုရား........

အကြောင်း ကိစ္စရှိလို့ လှည့်လာကြတာလား.....အလည်သက်သက်လား...

ဦးဇင်းဆီ အလည်လာရင်း ဆွေးနွေးစကားပြောရင်းပေါ့ဘုရား..............

တပည့်တော်မတို့ မလာခင်က သတင်းကြည့်နေတာလား ဘုရား..

ဟုတ်တယ်...တကာမလေးတို့......

သတင်းထူးလား ဘုရား................

သတင်းထူးဆိုလို့ ဘာသတင်းထူးရမှန်းကို မပြောတတ်တော့ပါဘူး...

တစ်ခါလာဖတ်လိုက်..ခိုးမှု၊ မုဒိမ်းမှု၊ လူသတ်မှု တွေချည်းပဲ...

နာမည်ကျော်ကြား လူသိများချင်လို့လာ တော့မသိဘူ.....

ရင်နာစရာတွေ ဖတ်ရတော့လည်း ကြက်တိန်းတောင်ထတယ်...

မိရင်း ဖရင်း ကိုသတ်မှု၊ နှမချင်း မစာနာ မုဒိမ်းမှု၊ လူကုန်ကူးမှု၊ဓားခုတ်သတ်သေတာတွေချည်းပါပဲ............

ယေဘုယျအားဖြင့် လူတွေမှာ သင်ခန်းစာ ယူစရာတွေ သံဝေဂ ရစရာဖြစ်အောင် နှလုံး မသွင်းတတ်ကြဘူး

ထင်ပါရဲ့...

ရှေးက သတင်းတွေကို ဖတ်လိုက် အတုယူနေကြတာလားမသိ ဂျာနယ်မှာတော့ သတင်းဆိုးတွေ မပြတ်မလပ်ပေါ့.........

ကြာလာတော့...ဂျာနယ်ထုတ်ဝေတဲ့ လူတွေတောင် အကျိုးကျေးဇူးတွေ တိုးပွားဖို့နေနေသာသာ

မကောင်းမှုတွေ လုပ်တတ်လာအောင် လမ်းညွန်ပြသပေးသလို တောင်ဖြစ်နေကြပြီ................

ဟုတ်တယ်ဘုရား ဦးဇင်း ပြောသလိုပဲ ...တခါတလေ တပည့်တော်တို့တောင် ဂျာနယ် ဖတ်ဖို့

ခပ်ကြောက်ကြောက် ဖြစ်လာတယ်ဘုရား.....

ဦးဇင်းရဲ့ ဆန္ဒတော့ ဗုဒ္ဓ အမည်ခံ ဗုဒ္ဓရဲ့ ချစ်သ္မီး ချစ်သားတွေပါ...

ဗုဒ္ဓဟောကြားခဲ့တဲ့ လူ့ကျင့်ဝတ် ငါးပါးသီလတော့ ရှိကြရမှာပေါ့..ဗုဒ္ဓရဲ့ အရိပ်အောက်မှာနေပြီး

ဗုဒ္ဓရဲ့ စကား နားမထောင်လျှင်သဘောသဘာဝ ဓမ္မနည်းလမ်းမကျပါဘူး....

ပုထုဇဉ် သဘာဝအရ မှားတတ်ကြပေမယ့် တခါမှားပြီးရင် အမှန်ဆိုတာ မြင်တတ်ဖို့တော့လိုပြီ....

အရှေ့မှာ မှားနေသူတွေ အများကြီးပဲ သင်ခန်းစာတွေယူ၊ ငါလည်း သူတို့လို မမှားအောင်

ဆင်ခြင်ပြီး နေမယ်ဆိုတဲ့ စိတ်ဓာတ်လေးတွေ မွေးမြူတတ်ခဲ့မယ်ဆိုရင် ယဉ်ကျေးလိမ္မာတဲ့ ..

ဗုဒ္ဓရဲ့ သားတော် သမီးတော်တွေ ဘယ်လောက်ချစ်စရာကောင်လိုက်မလဲ...

ဘယ်လောက် သာယာစရာတွေ ဖြစ်လိုက်လေမလဲ...

ဟုတ်တယ်ဘုရား..........

သြော်...ဒါနဲ့ သက်သက်ဆွေ လည်း ဆွဲကြိုး ပျောက်သွားသေးတယ် ကျကျန်ရစ်ခဲ့တဲ့ နေရာမှာ ပြန်ရှာလို့

လည်း မတွေ့တော့ဘူးဘုရား...

ဟုတ်လား..တကာမလေး သက်သက်ဆွေ...

တင်ပါဘုရား..

ရန်ကုန်ကနေ ဦးဇင်းဆီ အလည်လာတယ်ဆိုလို့ စိတ်ရောဖြောင့်ရဲ့လား ထမင်းစားလည်း ဒီစိတ် လမ်း

သွားလည်း ဒီစိတ် မဖြစ်ဘူးလား...

ဦးဇင်းက တပည့်တော်ကို ထပ်ပြီး သတိရအောင် လုပ်လိုက်ပြန်ပြီ တပည့်တော်က တရားနဲ့ ဖြေသိမ်း

လိုက်ပါပြီးဘုရား...

မင်္ဂလာ စကားတွေ ကြားရတာ လေးစားပါတယ် ၀မ်းလည်း သာပါတယ်...

အဲဒီ ခိုးတဲ့လူမှာ အပြစ်တွေ အများကြီး သယ်ယူသွားတာပဲ...

ပြုသူအသစ် ဖြစ်သူအဟောင်း အခိုးခံရတဲ့ သက်သက်ဆွေ မှာတော့ အတိတ်ကပြုခဲ့တဲ့ အဟောင်းကြွေး

ကို ဆပ်ပြီးသွားပြီး..ဆွဲကြိုး ခိုးယူသွားတဲ့လူမှာ အကုသိုလ်ကံ အသစ်ကို ထူထောင်လိုက်တာပဲ...

တင်ပါဘုရား..ခိုးတဲ့လူမှာ အပြစ်တွေ တော်တော်များမှာပဲ ဘုရား...

ဟုတ်တယ်...တကာမလေးတို့............

ခိုးတယ် ဆိုတာက .. ငါးပါးသီလထဲက ဒုတိယမြောက် ခိုးမှုကံကို ကျူးလွန်လိုက်တာပဲ...

ဘယ်လောက်အထိ အပြစ်ဖြစ်သလဲ ဆိုရင်......

၁။လူ့စည်းကမ်း ၀တ္တရားကို ဖောက်တယ် လူတွေမှာ ခါးဝတ်ပုဆိုးလို မြဲရမယ့် ငါးပါးသီလကို  ဖောက်ဖျက်

တဲ့ အတွက်ကြောင့် အပြစ်ဖြစ်တယ်..........

၂။ဘုရားရှင်က မကောင်းမှုကို ရှောင်ကြဉ်ပါ လို့ ဆိုဆုံးမပေမယ့် ဘုရားစကားနားမထောင်တာလည်း အပြစ်ဖြစ်တယ်...

၃။မိမိကိုယ်ကို စည်းကမ်းဖောက်ပြီး ခိုးမှုအပြစ်တွေကြောင့် မိမိကိုယ်ကို မကောင်းမှုတွေနဲ့ညှဉ်းဆဲခံတဲ့

အတွက်ကြောင့် လူ့အခွင့်ရေးတွေ ဆုံးရှုံးတဲ့အပြစ်တွေပြစ်တွေ ဖြစ်တယ်...

၎။ပစ္စုပ္ပန်မှာ ခိုးတတ်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်ရဲ့ မုန်းတီးမှုကို ခံရတယ် သူခိုးလည်း အခေါ်ခံရတဲ့

အပြစ်တွေဖြစ်တယ်...

၅။နောင်သံသရာမှာလည်း လူတွေအများမုန်းခဲ့သလို ငရဲမင်းတွေက မုန်းလို့ အပြစ်ဒဏ်ပေး နှိပ်စက်ခံရဦးမယ့်

အပြစ်တွေဖြစ်တယ်...

ကဲ့...တကာမလေး သက်သက်ဆွေ ခိုးယူသွားတဲ့ ပုဂ္ဂိုလ်မှာ အပြစ်တွေ မနည်းဘူးနော်...

တင်ပါဘုရား...

ဆွဲကြိုးပျောက်သွားလို့ ပူပန်မှုတွေကို တရားနဲ့ ဖြေသိမ့်ပြီးရင် ဒီထက်ပိုမြင့်လိုက်ဦး......

တကာမလေး သက်သက်ဆွေရဲ့ ဆွဲကြိုးခိုးသွားတဲ့ အပြစ်တွေကိုကြည့်ပြီး သင်ခန်းစာ ယူပါ...

အဲဒီ လူရဲ့ အပြစ်တွေကို သနားပြီး အပြစ်တွေပြေပျောက်ပါစေလို့ သာ မေတ္တာပို့ပေးလိုက်ပါနော်...

တင်ပါဘုရား....

ဒီလို မေတ္တာပို့တဲ့ အတွက်ကြောင့်ခိုးသူအတွက် အပြစ်တွေလျော့ပါးသွားသည်ကား မဟုတ်...

တကာမလေး သက်သက်ဆွေရဲ့ စိတ်ဓာတ်ပိုပြီး ရင်ကျက်မြင့်မားစေဖို့အတွက်ပါ...တကယ်လို သူခိုးကို

ပြန်သိခဲ့ရင် ဖြေသိမ်းထားတဲ့ စိတ်တွေ ရုတ်တရက် ဒေါသတွေ ထွက်ပြီး မလုပ်သင့်တာတွေ ပြန်လုပ်မိ

တတ်တယ်...တင်ပါဘုရား...

လောဘလွန်ကဲ၍သော်လည်းကောင်း၊ ဆင်းရဲလို့ လုပ်မိလုပ်ရာ လုပ်တာပဲလို့တွေးပြီးဂရုဏာသက်ရင်း

မေတ္တာပွားပေးလိုက်နော်...

တင်ပါဘုရား..တပည့်တော် မဖြစ်အောင်ထိန်းသိမ်းပါ့မယ်ဘုရား...

အခုဆို ဦးဇင်း သတိထားမိသလောက် သတင်းပေါ်မှာ မကောင်းမှုတွေ ပလူပျံနေတယ်....

တင်ပါ ဟုတ်တယ်ဘုရား...

အဲဒီ နေရာမှာ ကိုယ်ကျင့်တရား ဆိုင်ရာမတော်မှုတွေနဲ့ ဥပဒေရေးရာ မတော်မှုရယ်လို့ ၂မျိုး ရှိပြန်တယ်..

ကိုယ်ကျင့်တရား မတော်မှုတွေမှာ သဘာဝတရားကို ဖောက်ပျက်တယ်...

ဥပဒေ ရေးရာ မတော်မှုတွေက တရားသဘောကို ဖျက်လျက် ကျင့်သုံးသွားတဲ့ အပြုမူတွေဟာ ဥပဒေရေးရာ

တရားမျှတမှု စည်းမျဉ်းတွေကိုဖောက်ပျက်တာပဲ...

တင်ပါဘုရား....

ဘာသာခြားပဲဖြစ်ဖြစ် လူတိုင်းမှာ ငါးပါးသီလဆိုတဲ့ ၀တ္တရားတာဝန်ကြီးတစ်ခုဟာ ထာဝရ ရင်ထဲ ထိန်သိမ်းကြ

ရမယ့် အရာတစ်ခုပါ...အဲဒါလေးကို သဘောပေါက်ထားနော်..တင်ပါဘုရား...

ကိုယ်ကျင့်တရားနဲ့ ဥပဒေ တခါတရံ အတူဖြစ်တယ် တခါတရံ ကွဲပြားခြားနားနေတယ်...

(ဥပမာ)တကာမလေး သက်သက်ဆွေ ဆွဲကြိုး ကျကျန်ရစ်တဲ့အချိန်မှာ ခိုးယူလိုသောစိတ်ဖြင့် လူအခြေနေ

အကဲခတ်ခြင်း ချောင်းမြောင်းကြည့်ခြင်းသည် လူ့ကျင့်ဝတ်တရား ကိုဖောက်ပျက်လေပြီ...

ခိုးယူခြင်းကို လုံးဝ ပြုလုပ်သွားခဲ့လျှင် ကိုယ်ကျင့်ဝတ်တာဝန်ရယ် ဥပဒေကျင့်ဝတ်တာဝန်ရယ် နှစ်မျိုးလုံး

ထပ်တူ ဖောက်ပျက်လိုက်တာပဲ...

တင်ပါဘုရား..တပည့်တော် နားရှင်းသွားပါပြီဘုရား...

တပည့်တော် ဆွဲကြိုးကို မူတည်ပြီး ဥပါဒါန်ကြောင့် ဥပါဒ်လည်း မဖြစ်ချင်ပါဘူးဘုရား...

ဦးဇင်း..ရှင်းပြလိုက်လို့ သူခိုးဖောက်ပျက်သွားတဲ့ အပြစ်တွေအတွက် တပည့်တော် ပိုပြီး သတိရမိတယ်ဘုရား..

သူခိုးဘ၀ ဆွဲကြိုးတစ်ကုံးနဲ့ အပြစ်ကြွေတွေ ပတ်လည်ဝိုင်းနေပါပေါ့လားဘုရား.....

ဟုတ်တယ်..တကာမလေး သက်သက်ဆွေ...

ကျန်တဲ့ တကာမလေးတွေရော သဘောပါကြလား မသိဘူး..

သဘောပေါက်ပါတယ်ဘုရား...

နောက်ဆိုရင် စိတ်ပျက်စရာ မကောင်းမှုတွေ ရင်ဆိုင်တွေကြုံလာလျှင် ဦးဇင်းပြောတဲ့အတိုင်း သဘာဝ ဓမ္မနည်းလမ်းကျကျ တွေးခေါ်နိုင်ပါစေ...

ဒီနေ့အဖို့တော့ ဦးဇင်းလည်း အကျိုးရှိ တကာမလေး သက်သက်ဆွေတို့လည်း အကျိုးရှိသွားပြီ....

တရားစကား နေတိုင်းကြားက စိတ်ထားဖွေးလတ် အသိဥာဏ်ထက်၏..တဲ့..

ဦးဇင်းထက်ဥာဏ်ထက်မြက်ပြီး ပိုပြီး ရှင်းပြနိုင်တဲ့ ဆရာတော် သူတော်ကောင်းများထံ မေးမြန်းနိုင်ပါစေလို့

ဦးဇင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်...

တပည့်တော်တို့ကို စေတနာထားပြီး ရှင်းပြပေးတဲ့အတွက် ...(သာဓု)၃.................

စာရေးစာသား အမှားပါ၍ ဖတ်ရခက်ခက် အဓိပ္ပါယ် ပျက်ယွင်းခဲ့သော် အပြစ်ရှိသူ စာရေးသူအား မေတ္တာရှေ့ထား ဂရုဏာများနဲ့ ခွင့်လွတ်တော်မှုကြပါရန်....

မှတ်ချက်/ဤစာတို အကြောင့်အရာသည် ရန်ကုန် ကမာရွတ်မြို့နယ်မှ ဆွဲကြိုးပျောက်ဆုံးမှုကို ကုန်ကြမ်းထား၍

အများကောင်းကျိုးကို ရည်ရွယ်ကာ ရေးသားတင်ဆက်အပ်ပါသည်။

 

 

 


သမီးလေးစားရသောမေမေ

$
0
0

ကျွန်မ အသက် ၂ နှစ်အရွယ်မှာပဲ

အမေ နဲ့ အဖေ နဲ့ကွဲသွားကြတယ်


သူကတော့အဖေနဲ့ပါသွားပြီ်း ကျွန်မ ကတော့အမေ နဲ့ပါလာတယ်

ကျွန်မ အမေ မှာဆွေးမျိုးမရှိဘူး သူက အရမ်းစိတ်ဓါတ်မာကျောတဲ့မိန်းမတစ်ယောက်

ငယ်ရွယ်နုနယ်သေးတဲ့ ကျွန်မ ကိုချီပြီးအဖေ့အိမ်ပေါ်ကဆင်းခဲ့တယ်

အမေက ပညာမတက်တော့ ကြုံရာအလုပ် လုပ်ရတယ် ရှင့်

ကျွန်မကို သူ့လိုပညာမတက် တဲ့ လူမဖြစ်အောင် လူတွေရဲ့အလိမ်မခံရအောင် ငယ်ငယ်ထဲကသွန်သင်ဆုံးမတယ်
ကျွန်မ ပညာတက်တစ်ယောက်ဖြစ်အောင် ကြုံရာအလုပ်လုပ်ခဲ့ရတယ်

သူများအိမ်မှာသားအမိနှစ်ယောက် အိမ်ငှားနေခဲ့ရတယ် အိမ်ကလည်းခေါင်မိုးတွေ အပေါက်လေးတွေနဲ့

မိုးရွာတဲ့နေ့တွေဆိုအမေ မအိပ်ရပါဘူး ခေါင်မိုးပေါက်က နေ ကျဆင်းလာတဲ့မိုးရေကြောင့်

အိပ်မရပါဘူး မိုးယိုနေတဲ့နေရာလေးတွေမှာ ဇလုံလေးတွေခံ ဆင်းရဲတော့ ကျွန်မ တို့မှာ ရေပုံးတောင်မရှိဘူး လေ

ဇလုံထဲရေပြည့်သွားပြီဆို အမေ့မှာ သွန်ရတာလည်းအမော ပဲ

နေ့တိုင်းကျွန်မ ရဲ့ ကျောင်းထမင်းဟင်းက ကြက်ဥပြုတ် နဲ့ပဲနှစ်ပါးသွားနေရတယ်

ကြက်ဥကြော်ဖို့တောင် ဆီမရှိတာလေ အမေကတော့သူအလုပ်လုပ်နေတဲ့ဆိုင်က ထမင်းကျွေးတော့ ပြသနာမရှိဘူး

ကျွန်မ ပညာတက်ဖြစ်အောင် သူကြိုးစားတယ်မငြီးငြူခဲ့ဘူး

ဟဲ့ နင့်ကို မွေးမိတာမှားတယ် နင့်လုပ်ကျွေးရတာ ပင်  ပန်းတယ်လို့တခွန်းမှမငြီးငြူဖူးဘူး

ပိုက်ဆံလေးရလာရင်တောင်မှ ကျွန်မ အတွက် ကျောင်းစိမ်းဝတ်စုံလေးတွေ  ဖိနပ် အသစ်တွေဝယ် ပေးတယ်
သူ့အတွက်တော့ မ၀ယ်ဘူး ကျွန်မ ကိုပဲဦးစားပေးခဲ့တယ်

ကျွန်မ တို့စားဝတ်နေရေးမပြည့်စုံဘူးနော် ..
ဒါပေမယ့် သူ့ကျွန်မကိုတော့ လူကြားထဲဘယ်တော့မှ မျက်နှာမငယ်ရအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ် ...

ကျွန်မ အမေ သူများဆီမှာအလုပ်လုပ်နေရလို့ ကျွန်မ မရှက်ပါဘူး

ကျွန်မ နှစ်စဉ်နှစ်တိုင်းဆု ရခဲ့တယ် အ မေ့ကို ဆုပေးပွဲတိုင်းမှာခေါ်တယ်

ကျွန်မ အမေက ဆင်းရဲပေမယ့် ကျွန်မကို ထူးချွန်တဲ့ မိန်းမ တစ်ယောက်ဖြစ်အောင်သင်ပေးခဲ့တာလို့

ဂုဏ်ယူစွာနဲ့ ပြောချင်တယ်
သူကြိုးစားခဲ့လို့ ကျွန်မ အခုဆိုပညာတတ်တယောက်ဖြစ်နေပြီ

မပူပင်မကြောင့်ကြနဲ့ လည်းနေနိုင်တယ်

မပညာမတက်ပေမယ့်  ကျွန်မ အတွက်  ပြည့်ပြည့်စုံစုံဖြစ်အောင် ချမ်းသာအောင်သူကြိုးစားခဲ့တယ်

ဘာပဲဖြစ်ဖြစ်အမေ ကို ကျေးဇူးတင်တယ်

ကျွန်မ ကို ပညာတက်တစ်ယောက်ဖြစ်အောင်လုပ်ပေးတဲ့အပြင် ချမ်းသာအောင်
မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်
အဲ့ ဒါဟာ သူတို့ အတွက်မဟုတ်ပါဘူး...သူတို့ သားသမီးတွေ အတွက်ပါ...
သူတို့ သားသမီးတွေအတွက်ဘဲ မလုပ်ချင်တဲ့ အလုပ်တွေလုပ်နေရတာပါ..

တစ်ကယ်တော့ လောကမှာ အစားထိုး လို့ မရတဲ့ အရာတွေထဲမှာ
မိဘဟာ နံပါတ်တစ်ပါ.....")-

သားသမီးတိုင်း မိဘကို နောက်မကျသေးခင် ကျေးဇူးဆပ်ခွင့်ရကြပါစေ..

ေ၇ွှမြို့တော်မိသားစု ရဲ့ ခရစ်စမတ်ည

$
0
0

ခေတ် မယ်မဒီလွင် မှော်ဆရာ ရွှေစစ် မင်းမဟော် ကိုတုတ်ကြီး တပ်မှူးလေး တိုးရစ် မေသူ ဆု  ကိုအောင်ထက်  မီးသခင်မလေး

ကိုကျော်သူ မရှင်း မသစ္စာ ဂျလေဘီ

ခရစ်စမတ်နေ့က ရောက်တော့မယ် မိသားစုတွေ အကင်လုပ်စားကြ  အအေးသောက်ကြ

မီးပုံပွဲလုပ်ပြီး အတူတူကစားကြမယ် ပေါ့ ခေတ် မှော်ဆရာ ရွှေစစ် မင်းမဟော် ကိုတုတ်ကြီး တပ်မှူးလေး တိုးရစ် မေသူ ဆု  ကိုအောင်ထက်

ကိုကျော်သူ မရှင်း မသစ္စာ ဂျလေဘီ အနီမလေး

မိသားစုတွေဆုံဖို့ပေါ့ ခရစ်စမတ်နေ့ အားလုံးကိုဖိတ်ရင်းမဒီ တစ်ယောက်မုန့်ဖိုးတောင်းမယ်ပေါ့လေ

မိသားစုတွေဆုံကြပြီ ဒီနေ့တော့

ပျော်ပွဲ စားလုပ်ဖို့အဆင်သင့်ပဲ

ခေတ် မှော်ဆရာ ရွှေစစ် မင်းမဟော် ကိုတုတ်ကြီး တပ်မှူးလေး တိုးရစ် မေသူ ဆု  ကိုအောင်ထက်

ကိုကျော်သူ မရှင်း မသစ္စာ ဂျလေဘီ အင်းလူစုံသွားပြီ

ကိုကျော်သူ မရှင်း မသစ္စာ ဂျလေင်္ဘိ မင်းမဟော် ကိုတုတ်ကြီး တပ်မှူးလေး မှော်ဆရာ ကိုကြီးအောင်ထက် အဟဲ
သူတို့ကတော့လူကြီးပိုင်းပေါ့နော်

ရွှေစစ်ခေတ် တိုးရစ် မေသူ  မီးသခင် ဆု သူတို့က တော့လူလတ်ပိုင်းပေါ့

သမီးကတော့ခေးလေးပဲရှိသေးတယ် အဟိ

ကိုကျော်သူ မရှင်း မသစ္စာ ဂျလေဘီင်္တို့က တော့လူကြီးဆိုတော့အကင်တွေ ကင်နေတယ်

ကိုကျော်သူနဲ့ ဂျလေဘီကတော့အကျင့်ကိုမကောင်းဘူး

အကင်တွေကို နှိုက်နှိုက်စားပြစ်တယ်

မရှင်းနဲ့ မသစ္စာက မနှိုက်ဖို့ ပြောနေရတာအမော ပြောမရဘူးလေအဲ့လူကြီးနှစ်ယောက်ကတော့

မင်းမဟော် ကိုတုတ်ကြီး တပ်မှူးလေး မှော်ဆရာ ကိုကြီးအောင်ထက် သူတို့က တော့ ထိုင်ခုံမှာ ထိုင်းရင်းအရက်သောက်နေကြတယ် ပြောရရင် မသောက်တာကြာလို့ပေါ့နော် တကယ်မဟုတ်ပါဘူး

သူတို့က ခွက်ပုန်းခုတ်နေတဲ့လူတွေပေါ့နော်


တိုးရစ် ခတ်  သူတို့ကတော့ ဖဲကစားနေတယ်

မဒီရယ် မေသူရယ် ရွှေစစ်ရယ် အနီလေးရယ် ဆုရယ်ကတော့ ထမင်းသုတ် တွေ လက်ဖက်သုတ် စားစရာတွေလုပ်နေတယ်

ဟေ့ ဒီမှာအကင်တွေရပြီ စားရအောင် လာသယ်လှည့်တဲ့ အဟိဘူမှ သယ်ဘူး

မရှင်းနဲ့မသစ္စာ မီးသခင် တို့က ငါစိတ်ဆိုးလာပြီနော်လို့ပြောမှ

အ၇က်ဝိုင်းကလူတွေရောဖဲဝိုင်းကလူတွေရော အကုန်ထ ပြေးပြီး

ပေးပေးမမ ရှင်းသမီးကိုပေး မမသစ္စာ သမီးပေး ကျွန်တော့ပေးနဲ့ပြာယာတွေကိုခေတ်လို့ပေါ့

သမီးတို့က မမတွေစိတ်ဆိုးရင် နေတက်ဘူးလေ ချစ်ကြောက်၇ိုသေ ပေါ့

အဲ့ဒီအချိန်မှာဦးဇင်းက ရောက်လာပါလေ ရော

ဟာဦးဇင်း လာပြီလား ကြာတာ ဦးဇင်းရာ

အေး ငါ တရားထိုင်နေလို့တဲ့ဟုတ်ဦးဇင်း

ဝိုင်းနှစ်ဝိုင်းဆက်လိုက်တယ် အကင်တွေ အရက်တွေအသုတ်တွေထမင်းတွေရော အကုန်ချ ပြီးစားကြတော့မယ်ပေါ့

မျက်လုံးတွေက ဦးဇင်းဆီ ရောက်သွားတယ် ဦးဇင်းက အရက်မသောက်ဘူးစားတာကသတ်သတ်လွတ်

ကျွန်မ ကလည်း လက်ဖက်သုတ်ရယ် ထမင်းရယ် ဦးဇင်းရှေ့ချပြီး ဦးဇင်းအတွက်   သီးသန့်လို့ မျက်နှာလုပ်လိုက်တယ်

ကျွန်မတို့ရဲ့မိသားစု စားသောက်ဝိုင်းလေးစ လိုက်ကြပါတယ်

သမီးက ဟိုဟာစားချင်တာ လှမ်းပေးပါဦး

ကျွန်တော်ကဒါစားချင်တာ လှမ်းပေးပါဦးနဲ့ ဆူညံနေတာပဲ ပျော်ဖို့လည်းအရမ်းကောင်းပါတယ်

၁၂ နာ၇ီထိုးတော့မယ် Marry X Mas လို့ အော်ကြမယ်

ဝယ်ထားတဲ့မီးရှုးမီးပန်းတွေဖောက်ကြဖို့လည်းအသင့်ပါပဲ

၁၂ နာ၇ီထိုးပြီ Marry  X Mas  မီးပန်းတွေ ဖောက်ကြတာသိပ်ပျော်ဖို့ကောင်းပါတယ်

ကျွန်မ တို့မိသားစုလေး ရဲ့ စားသောက်ပွဲလေးပြီးသွားပါပြီ

ပန်းကန်တွေဆေး တဲ့လူ ဆေးသိမ်းတဲ့လူသိမ်းနဲ့ ဒီနှစ်ခရစ်စမတ်ပွဲလေးကတော့

ကျွန်မတို့အတွက် ပျော်ရွှင်စရာ ကောင်းတဲ့ခရစ်စမတ်လေးဖြစ်မှာပါ

သူငယ်ချင်းတို့အတွက်ပျော်ရွှင်စရာ ခရစ်စမတ်လေးဖြစ်ကြပါစေနော်

``` ဆီးဂိမ်းမှ ရရှိခဲ့သော အနှစ်သာရများ....´´´

$
0
0

``` ဆီးဂိမ်းမှ ရရှိခဲ့သော အနှစ်သာရများ....´´´


မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော (၂၇)ကြိမ်မြောက် ဆီးဂိမ်းပွဲတော်ကြီးသည် လူကြီးများအတွက် အမျက်ပြေစေသောပွဲ.....
လူရွယ်များအတွက် အားတက်စေသောပွဲ....
လူငယ်များအတွက် အံ့သြမှင်သက်စေသောပွဲ....

နောက်... ကလေးများအတွက် အမှတ်သညာများနှင့် သင်ခန်းစာများကို ချန်ရစ်ခဲ့သောပွဲ.... ဟု ယူဆမိပါသည်.....

၄၄ နှစ်ကြာမှ ကျင်းပနိုင်သောပွဲ ဖြစ်သည့်အတွက် ရင်ထဲတွင် ဖြစ်တည်နေသော မကျေနပ်ချက်များ အထိုက်အလျောက်လျော့ပါးသွားသည့်အပြင် ဆောင်ရွက်နိုင်မှုအတွက် လူကြီးများ အမျက်ပြေသွားကြပါသည်။

သက်တမ်းတစ်ခုလုံးအတွင်းတွင် မကြုံခဲ့ဘူးသော ပွဲ... ကမ္ဘာနှင့် နှိုင်းယှဉ်၍ ကျေနပ်စရာများကို သိမ်းကြုံး ရယူပေးလိုက်နိုင်သောပွဲဖြစ်ခြင်းကြောင့် လူရွယ်များအနေဖြင့် နောင်ကာလများအတွက် အားတက်စေခဲ့ကြပါသည်...။

စူးစမ်း နှိုင်းယှဉ်တတ်လာသော လူငယ်များအနေဖြင့် အဘိုး... အဖေ... ဦးလေးတို့ထံမှတဆင့် သိရှိလာရသော သမိုင်းနှင့် ယှဉ်သည့် အံ့သြစရာလောက်စရာ... အံ့မခန်းစရာ.... အစစ အရာရာမှာ အမှားအယွင်းအနည်းဆုံးဖြင့် ပြုလုပ်ဆောင်ရွက်ချက်များ... တကယ်လုပ်လျှင် တကယ်ဖြစ်နိုင်သည်ဆိုသော အတွေးအခေါ်အယူအဆများဖြင့် မှင်သက် ကျေနပ်စေသည် အထိ ပေါက်ရောက်ခဲ့သည်ဟု မြင်မိပါသည်....။

ကလေးများ အနေဖြင့် မြန်မာ အမျိုးသားနှင့် အမျိုးသမီး ဘောလုံးအသင်းများ၏ ရှုံးနိမ့်မှုနှင့် အောင်မြင်မှုနှစ်ခုကြားတွင် မိမိကိုယ်နှင့် ယှဉ်၍ ပြင်ဆင်စရာ သင်ခန်းစာများ.... ပြတ်ပြတ် သားသား အောင်နိုင်မှုများ.. ကပ်လျှက် ရပ်လျှက် မတိမ်း မယိမ်း ကျရှုံးများ... အနီးကပ် ရင်းနှီးမြင်တွေ့ခွင့်ရခဲ့သည့် နိုင်ငံခြား အားကစားသမားများ.... နိုင်ငံတကာ၏ လူမှုအကျင့်စရိုက်များကြား....မိမိနိုင်ငံ တာဝန်ရှိသူများ၏ စီစဉ်ထားရှိမှုများနှင့် ကစားကွင်းအတွင်းမှ ပြိုင်ဆိုင်မှုများကြားတွင် မှတ်သားစရာ အမှတ်သညာတွေကို တစ်ပွေ့တစ်ပိုက် ထွေးပိုက်ခွင့် ရရှိခဲ့ပြီဖြစ်ပါသည်...။

မြန်မာနိုင်ငံတွင် ကျင်းပခွင့်ရရှိခဲ့သော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးသည် ခြိမ့်ခြိမ့်သဲသဲ... အောင်အောင်မြင်မြင်... တည်တည်တံ့တံ့.... ခန့်ခန့်ငြားငြား.... အိနြေ္ဒသိက္ခာ ကြီးမားစွာဖြင့် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် တာဝန်ခံနိုင်မှုကို ကမ္ဘာသို့ ပြသနိုင်ခဲ့ပါပြီ....

ဆီးဂိမ်းကျင်းပခွင့် ရခဲ့စဉ်ကတည်းက ယုံကြည်မှု ၆၀ ရာနှုန်းဖြင့် အဆင်မပြေမှုများကို ကြိုတင် တွေးတောကာ.....

သေချာသော စီစဉ်မှုအတွက်....
ဟန်ချက်ညီ စုဖွဲ့မှုအတွက်...
နိုင်ငံတကာ အားကစားအဖွဲ့များ နေရာချထားမှုအတွက်....
အဆင်ပြေပြေ တည်းခိုနေထိုင် စားသောက်မှုအတွက်....
ပို့ဆောင်ရေးအတွက်...
သတင်းနှင့် ပြန်ကြားရေးအတွက်...
အချိုးညီ အစီအစဉ်တကျ ပြိုင်ပွဲကျင်းပမှုအတွက်...
ကွင်းတွင်း ပြဿနာများအတွက်....
ဆုချီးမြှင့်မှုအတွက်....
ပြန်လည် ပို့ဆောင်မှုအတွက်....
လာဒ်စားမှုနှင့် လုပ်ပွဲများအတွက်... စသည်ဖြင့် ဒွိဟပေါင်းများစွာ... သံသယပေါင်းများစွာ... စိတ်မချနိုင်မှု များစွာဖြင့် တစေ့တစောင်း စောင့်ကြည့်ဖြစ်ခဲ့ပါသည်။

တကယ်တမ်း ပြိုင်ပွဲကြီးအား တည်တည်တံ့တံ့ ကျင်းပချိန်တွင် ထင်မြင်ယူဆခဲ့သည်ထက် ၃၀၀ ရာခိုင်နှုန်းခန့် ပိုမိုအောင်မြင်သည်ဟု ချီးကျူး ဖော်ပြလိုပါသည်။

ဤ ဆီးဂိမ်းပြိုင်ပွဲကြီးသည် အမျက်ပြေစေခြင်း.... အားတက်စေခြင်း.... အံ့သြမှင်သက်စေခြင်း.... အမှတ်သညာများနှင့် သင်ခန်းစာများကို ချန်ရစ်ခဲ့ခြင်းများနှင့်အတူ ယုံကြည်မှုများကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးခဲ့ပြီဖြစ်ပါသည်...။

အထူး အလေးအမြတ်ပြုစရာတစ်ခုမှာ....
မည်သည့်အားကစားနည်းကို မဆို ညီညာတက်ကြွစွာ စိတ်နှလုံးမြှုပ်နှံ၍ အားပေးခဲ့ကြသော ပရိသတ်ကြီး၏ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ပင်ဖြစ်ပါသည်။

အောင်မြင်ခြင်း... ရှုံးနိမ့်ခြင်းထက် ....အောင်မြင်မှုကို ဆာလောင်နေသော အတွင်းစိတ်သဏ္ဍာန်များကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါသည်။

အားကစားစိတ်ဓါတ် အပြည့်ဖြင့် ပြိုင်ဘက်များအား လေးစားတတ်ကြောင်း...
အားကစားကို ချစ်မြတ်နိုးကြောင်း.....
ဧည့်သည်များအား ရင်းနှီးဖော်ရွေစွာ ကြိုဆိုဧည့်ခံတတ်ကြောင်း....
မြန်မာများ မည်မျှအထိ အောင်မြင်မှုနှင့် နိုင်ငံတကာ၏ ယုံကြည်မှုကို ငံ့လင့်နေကြောင်း....
မြန်မာများ မည်မျှအထိ စည်းလုံးကြောင်း....
တာဝန်ရှိသူများ မည်မျှအထိ အာရုံစူးစိုက်ခဲ့ကြောင်း..
ကစားသမားများ မည်မျှ ကြိုးစားခဲ့ကြကြောင်း....
လူမှုရေး စိတ်ဓါတ်ပြည့်ဝသူများ မည်မျှအထိ ထောက်ပံ့ကူညီခဲ့ကြကြောင်း...
ကျောင်းသား/ကျောင်းသူလေးများ မည်မျှအထိ အပင်ပန်းခံ ဆောင်ရွက်ခဲ့ကြကြောင်းကို ကမ္ဘာသို့ ပြသနိုင်ခဲ့ကြပါသည်။

နောင်ကာလများတွင်လည်း မိမိအလှည့် မတိုင်မီ နိုင်ငံရပ်ခြား၌ ဆက်လက်ကျင်းပနေဦးမည်ဖြစ်သော ဆီးဂိမ်းဟူသည့် အသံများကြားလျှင် ယခုကျင်းပခဲ့သော ဆီးဂိမ်းပြိုင်ပွဲကြီးသည် တစ်ဖန်ပြန်လည် ရှင်သန်လာပြီး တစ်ဖန် သင်ခန်းစာများ.... နှိုင်းယှဉ်ချက်များနှင့် စည်းလုံးမှုများကို အသက်သွင်းယူနေဦးမည်သာ ဖြစ်ပါသည်။

ထို့အတူ ဆုတံဆိပ်များကိုလည်း ငံ့လင့်နေကြဦးမည် ဖြစ်ပါသည်။
ထို့အပြင် မြင်တွေ့ သိရှိခဲ့သော အားနည်းချက်နှင့် အမှားများကိုလည်း ထောက်ပြ ပြင်ဆင်နေကြဦးမည်ဖြစ်ပါသည်။

ထို ထောက်ပြ ပြင်ဆင်မှုများသည်ပင် အောင်မြင်ခြင်း အမှတ်သညာများအဖြစ် နိုင်ငံတော်ကို အောင်မြင်မှုပန်းတိုင်ဆီသို့ ဆက်လက် သယ်ဆောင်သွားနေဦးမည်သာ ဖြစ်ပါကြောင်း ကျေနပ်ဝမ်းမြောက်စွာ ဂုဏ်ပြုဖော်ပြလိုက်ရပါသည်။

(ကွန်ဆူးမား)(၂၁-၁၂-၂၀၁၃)

ဝယ်စရာမလိုဘူး အလကားရတယ်..

$
0
0
လူတိုင်း အကျင့် စိတ်ထားလေးတွေဟာ များသောအားဖြင့်

အချို့အမှားမြင်နေတာ လိုအပ်နေတာလေးတွေမြင်တွေ့နေကြသော်လည်း
အကြိုက်လိုက်ပြီးပေါင်းသင်းကြတယ် ။

အားနာတာတို့ ခင်မင်လို့တို့စိတ်ဆိုးမှာဆိုးလို့တို့ဆိုပြီးလက်ခံမပေးရဘူး

အားနာလို့ လက်ခံထားရင် ကြာတော့ အမှားကို အမှန်ထင်တတ်ကြတယ်..။

မေတ္တာဆိုတာ ၀ယ်စရာမလိုဘူး အလကားရတယ်..

ဒါပေမယ့်လူတိုင်းမှာမရှိဘူးးးး

မ..မ

http://www.yinminkhine.blogspot.com/

♪♪♪* ★。/|\。မတည်မြဲတဲ့လောကမှာ..ကျန်းမာပျော်ရွှင်ပါစေ..မိတ်ဆွေ..★ 。☆。*。☆。 *。★。*
"အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်း မဟုတ် ပေးဆပ်ခြင်း သက်သက်သာဖြစ်သည်ဟု ခံယူထားသည်* ★。/|\。★ 。☆。*。☆。 *。★。*"♪♪♪

မြတ်ဗုဒ္ဗ၏သာသနာနေရောင်လရောထွန်းပါစေ

$
0
0

လှတစ်မျတ်နှာ ယဉ်တစ်ကိုယ်လုံး ဟူသောအဆိုပမာ လူတစ်ယောက်ကိုယ်လုံးရှိ အင်္ဂါ အစိတ်အပိုင်းများ သည် အရေးပါပါ ပါသည်။ ဤတွင်လူ့ တစ်ကိုယ်လုံး၏ အလေးချိန်ကို မထားရသော ခြေထောက်ပိုင်းလေးများသည် အထူးအရေးကြီးပါသည် ထိုခြေထောက်မှေ ခြချောင်းလေးအပါဝင် ခြေဖ၀ါးတော်နုနု သွေးခြဉ်မဥရအောင် မနာမကျင်စေရန်ဖိနပ်စီးကြရပါသည်။၊၊ ရေဘူးနှင့်ဖိနပ်မပါရင်နွေအခါမှသိမယ် သီလနှင့်ဒါနမပါရင်သေအခါမှသိမယ် ဟူသောဆိုရိုးပမာ ဖိနပ်သည်လူတိုင်းအတွက်မရှိမဖြစ်သောအရာပင်ဖြစ်ပါသည် ထို့ ကြောင့်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်လူတန်းစားအလွှာသီးသီးသည် ဖိနပ်မျိုးဆုံဝယ်စီးရပါသည် တွေ့ မြင်နေရပါသည် ကိုလိုနီခေတ်တွင် နယ်ချဲ့အင်္ဂလိပ်တို့ သည် ဖိနပ်ကိုတော်ရုံနေရာမှာမချွတ်ချင်ကြသဖြင့်ဘုန်ကြီးကျောင်းဝင်းဘုရားရင်ပြင်ပေါ် (foodwearingstrictly frohibited except to theBritishand Europeans ဟူသော၍စာတန်းရေးစွဲဖူးပါသည် (၁၉၁၈ခုနှစ်တွင်ငလျင်ဒဏ်ကျောင့်ရွှေမော်ဓော်စေတီတော်ကြီး၏စိန်ဖူးတော်မြေခခဲ့ပါသည် ထိုအခါဒုတိယဘုရင်ခံအဖြစ်ဆောင်ရွတ်နေသောဆာရယ်ဂျီနယ်ခရက်ဒေါက်သည် စေတီတော်သို့ သွားရောက်ကြည့် ရှုရာ ကုန်းတော်ရင်ပြင်ပေါ်သို့ ဖိနပ်မချွတ်ဘဲတတ်ရောက်ခဲ့သည်မှစ၍) တစ်ပြည်လုံးအုံကြွလာပြီး ရန်ကုန်မြို့  ၀ိုင်အမ်ဘီအေအသင်းဦးဆောင်သောလူငယ်များသည်ပြည်လုံးကျွတ်အစည်းဝေး ခေါ်ရယူရသည်အထိဖြစ်ပါသည် မိမိတို့ မြတ်နိုးတန်ဘိုးထားသောဘာသာရေး သာသနိကအဆောက်အအုံ နေတွေမှာ ဖိနပ်မဆီးကြဖို့ ပါ ခုခေတ်တွေမှာ ကောင်လေးနဲ့ကောင်လေးတွေ ချိန်းတွေ့ နေတဲ့နေရာတွေတော်တော်များများမှာဘုရားပေါ်မှာများနေတာတွေ့ ရပါတယ် သက်မှက်ထားသည်ဖြစ်စေမသက်သည်ဖြစ်စေ ကိုယ့်အသိကိုသိပါ လူတွေကငရဲကြီးယူရတယ် ဟုတ်ပါတယ် ဘုရားရှင်လက်ထက်တော်ကစေတီတော်၏ထင်ရှားရာအရပ်၏နေရာ ဖိနပ်မစီးရဟု လူကြီးပြောဖူမှာပါ ကပလ၀တ်ပြည်မှမိထွေးတော်ဂေါတမီကသာကီဝင်မင်းသမီးငါးရာနဲ့အတူဘိက္ခူနီပြုရန်ယူဇနာ၅၁ဝေးကွာသောအရပ်ကိုဘုရားရှင်အား မရိုသေရာရောက်မှာစိုးလို့ ယာဉ်ရထားမစီးဘဲခြေလျင်လျှောက်လာတယ်ဒါလေးတွေသိစေချင်ပါတယ်ခုခေတ်လူငယ်တွေ မှာတော်ရုံနေမှာ ဖိနပ်မချွက်ချင်ပါဘူးကုန်တော်ပေါ်တော်တော်ရောက်မှာချွက်တာတွေ့ ရပါတယ် အထူးသဖြစ်အတွဲတွေဖြစ်ပါသည် သူတို့ သည်ငရဲမကြောက် အပါယ်မကြောက် ဘုရားရင်ပြင်သာသနိက အဆောက်အဦးနေရာတွေ မှာတွေ့ မြင်နေရတာများတယ်ဗျာ ဒါကြေင့်ပြောပြတာပါ ဘုရားရှင်လက်ထက်တော်က ဗိမ္ဗိသာရမင်းသည် ပန်းတည်းခုံဟုခေါ်သော စေတီတော်ပေါ်မှာဖိနပ်စီးချင်းကြာင့် ခြေဖ၀ါးဓါးနဲ့ ခွဲစားသိပ်ခံရတာ တမျိုးပြောရရင်ဘုရားကျောင်းကန်စေတီဟူသည် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာအောင်ပါရမီ ဖြည့် လို့ ကျင့်ကြံအားထုက်ခဲ့ရတာပါ ဘုရားရင်ပြင်ပေါ်သာသနိကအဆောက်အအုံပေါ်မှာစားကြွင်းစားကြံများမပြစ်ရပါနှင့် ဆုံတွဲများမတော်တရော်မပြုသင့်မစင်အညစ်အကြေးများမပြုပါနှင့် သမီးရီးစားစုံတွဲများ မဖွယ်မရာမပြုသင့်ပါ ဒါကြောင့်ခေတ်အဆတ်ဆတ်ကမြန်မာဗုဒ္ဓဘာသာ အစဉ်လာကိုဆတ်လက်ထိန်းသိန်းကြပါဝိုင်းဝန်းလို့ ပါ

အွန်လိုင်းပေါ်မှာရည်းစားထားကြရင် သတိထားကြပါ မိန်းခလေးတွေ

$
0
0

အင် တာနက် က မိန်းခလေးတွေ သတိထားဖို့နော်

အင် တာနက်တွေ ခေတ်စားလာနော့် မိန်းခလေးတွေကိုသတိပေးချင်လို့ပေါ့နော်

ဒီနေ့ အမေက မဒီ့ကို ဆုံးမစကားပြောရင်း ဒီဘလော့လေးကိုရေးဖြစ်သွားတာပါ

အမေက ပြောတယ် သမီးအင်တာနက်တွေပဲနိပ်မနေနဲ့ သတိထားဦး

သုံးတက်ရင် ဆေး မသုံးတက်ရင် ဘေးတဲ့

အကျိုးမရှိတာတွေနဲ့အချိန်မကုန်မိစေနဲ့တဲ့ မိန်းကလေးတွေ အင်တာနက်သုံး

လူမမြင် ဖူးဘဲ အင်တာနက်မှာရည်းစားဖြစ် ဘ၀ တွေ ပျက် နေကြတာ အများကြီးတဲ့

ဟုတ် အမေ လို့ပဲ ပြောလိုက်ပါတော့မယ် ကိုယ့်လည်း အတွန့်မတက်ချင်တာနဲ့

မိန်းကလေးတွေကို သတိထားစေချင် ပါတယ်  အင် တာနက်မှာချစ်ကြတယ်

ဒါကတော့ဖူးစာပေါ့နော် ကျွန်မ နဲ့ကျွန်မ ချစ်သူလည်း အင်တာနက်မှာဘဲချစ်ခဲ့ကြတာပါ

အခုဆိုရင် တစ်နှစ်ကျော်ပါပြီ အဟဲ( ကြွားလိုက်တာပေါ့နော်)

အင်တာနက်က တစ်ချို့လူတွေကိုမယုံကြပါနဲ့

ဘာလို့လည်းဆို တစ်ချို့က မြင် ရတာမဟုတ်တော့လိမ်ကြ ညာကြ တာပဲလေ

ုကျွန်မ တို့မိန်းမသားတွေကလည်းခက်တယ်ရှင်

ချစ်မိပြီဆိုရင် ဘာမှကိုမမြင်တော့ဘူး

ကိုယ့်ချစ်သူ ဘာပဲဖြစ်ဖြစ် ချစ်နေရရင်ပြီးရောဆိုပြီး အမှားတွေလည်းလက်ခံပေးကြပါတယ်

ဒါမယ့်အွန်လိုင်းမှာတော့လူတိုင်းကိုမယုံပါနဲ့နော်

များသောအားဖြင့် ၁၆ နှစ်ကစလို့ ၂၅ ၂၆ ၂၇ အရွယ်တွေပေါ့

အွန်လိုင်းပေါ်မှာ ခင် အွန်လိုင်းပေါ်မှာကြိုက်ပြီး

ဘ၀ ပျက်ဆီးသွားတဲ့မိန်းကလေးအများကြီးပါ

အပြင်မှာတွေ့မယ်ဆို ရင်တောင် လူများတဲ့စားသောက်ဆိုင်တွေမှာ ချိန်းကြပါ

ကိုယ့်အကြောင်းသူ့အကြောင်းသိအောင် လေ့လာကြ ပါ

ကျွန်မ ဒီပိုစ့်ကိုရေးတာ အမျိုးသားတွေကို ထိခိုက်နစ်နာအောင် စော်ကားတာမဟုတ်ပါဘူးနော်

တချို့ အယုံလွယ်တဲ့ မိန်းမတွေနဲ့  တချို့ က နှမသားချင်းမစာနာတဲ့ ယောက်ျားတွေ ကြောင့်ပါ

တာဝန်ယူမလား အာဏာယူမလား....။

$
0
0

တာဝန်ယူမလား အာဏာယူမလား....။

 

 

အာဏာပဲယူမယ်... အာဏာရမှ ကိုယ်မကျေနပ်တာ ကျေနပ်တာတွေကို ဖြေရှင်းလို့ရမယ်..။ နောက်ပြီး တာဝန်နဲ့အာဏာမှာ ပြုပြင်ပြောင်းလဲမှုလုပ်တဲ့ အခါ အမြန်ဆန်ဆုံး ပြောင်းလဲသွားအောင်လုပ်နိုင်တာ ဟာ အာဏာပဲ..။

 

 

                                                                                    (အာဏာရှင်တစ်ဦး။)

 

အာဏာလဲ မယူဘူး။  တာဝန်လဲ မယူဘူး။ ဂရုလဲ မစိုက်ဘူး။ လုပ်ပိုင်ခွင့်တွေပဲ ယူမယ်။ လုပ်ပိုင်ခွင့်တွေရဖို့အတွက် ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်သမျှတွေနဲ့ လဲပြီးရယူမယ်  ဘာလို့ဆိုတော့  လုပ်ပိုင်ခွင့်တွေရလာရင် တာဝန်တို့ အာဏာတို့ ဆိုတာ ကိုယ်လိုသလို ချယ်လှယ်ပြီး  ကိုယ့်အကျိုးစီးပွား အတွက် ရှာယူလို့ရတယ်...။

 

 

                                                                                (ခရိုနီ တစ်ဦး။)

 

 

တာဝန်ပဲ ယူမယ်..။ လူထုရဲ့ ယုံကြည်မှုနဲ့ လူထုအကျိုးကို ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ပေးဆပ်နိုင်တာဟာ တာဝန်ပဲ ရှိတယ်..။အာဏာဟာ အသုံးမချတတ်ရင် ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးအတွက် သမိုင်းကိုတောင် ပျက်သွားစေနိုင်လောက်သည် အထိ စွမ်းဆောင်နိုင်တယ်..။

 

 

                                                                           (အစိုးရ မဖြစ်သေးသော အတိုက်အခံပါတီဝင်တစ်ဦး။)

 

 

တာဝန်နဲ့ အာဏာဆိုတာ ဘာလဲ နားမလည်ဘူး ။ကျွန်တော်နားလည်တာက တာဝန်လက်ပါတ် ပါတ်ပြီး အချောင်ပိုက်ဆံလိုက်တောင်းတတ်တဲ့ လူတွေကို အမြင်ကတ်တာပါပဲ။ ဖိနှိပ်တာ အာဏာဆိုရင်လဲ ကျွန်တော်အဲ့အာဏာကို မကြိုက်ဘူး ဘာလို့ဆိုတော့ ညနေတိုင်းကိုယ့်ကားဆွဲရ မဆွဲရ ပိုက်ဆံရ မရ မသိပဲအတင်းဂိတ်ကြေး လေးငါးရှစ်ထောင်   တောင်းတဲ့ ဂိတ်ထိုင် သူတောင်းစားတွေရဲ့ အနိုင်ကျင့်မှုတွေနဲ့ တူလို့ပဲဗျ..။

 

 

                                                                         (ယဉ်နောက်လိုက်တစ်ဦး။)

 

 

  အာဏာယူစရာမလို မလိုပါဘူး။ တကယ်ယူသင့်တာက တာဝန်ပါ တာဝန်သာရရင်  ယူနီဖောင်းဝတ်ပြီး ကိုယ်တာဝန်ကျတဲ့ ကား လမ်းနဘေး ရပ်နေလိုက် ကိုယ့် အတွက်ကတော့ ညနေဆို အေးအေးဆေးဆေး မပင်မပန်း ရပြီသားပဲ..။

 

 

                                                                       (လမ်းပြ ယဉ်ထိမ်းရဲ တစ်ဦး။)

 

 

တာဝန်ကော အာဏာကော ဘာမှ မလိုပါဘူး။ လိုတာက အထက်လူကြီးကို အောက်ခြေသိမ်း လုပ်ပေးပြီး  အဆင်ပြေအောင် ပေါင်းဖို့ပဲဒါဆိုကိုယ်လဲ သူ့အရှိန်အ၀ါနဲ့ သူ့နာမည်သုံးပြီး ထိုက်သင့်သလောက်   ကိုယ့်အကျိုးစီးပွား၊ ကိုယ့်မိသားစု အကျိုးစီးပွားကို ဖြေရှင်းလို့ရပါတယ်..။

 

 

                                                                               (အစိုးရ ရုံးဝန်ထမ်း တစ်ဦး။)

 

 

အာဏာပဲလိုတယ်။ အာဏာပဲယူမယ် ။ အာဏာသာရရင် ကြိုက်တဲ့ လောင်းကစားဒိုင်တွေဆီကတောင်းတောင်း.... နားမလည်ပါးမလည်  ပြည်သူတွေဆီကပဲ ညှစ်ညှစ်..... စခန်း ရန်ပုံငွေလဲရမယ် ။ မိသားစုလဲ ပြေလည်တယ် ။ကိုယ် ကိုယ်တိုင်လဲ သောက်ဖို့ စားဖို့ ရပါတယ်။

 

 

                                                                              (ပြည်သူ့ရဲ တစ်ဦး။)

 

 

တာဝန်ကိုပဲ နားလည်တယ် ။ အာဏာဆိုတာ ကိုယ့်မှာလဲ ရတာ ရှိတာ  မဟုတ်ဘူး။ အထက်အဆင့်မြင့် အရာရှိကြီးတွေမှာပဲ ရှိတာ..ဒီတော့ သူတို့ ခိုင်းသမျှ လုပ်ရတဲ့ တာဝန်ပဲ သိတယ်..။

 

 

                                                                         (တပ်ရင်း ဗိုလ်ကြီး တစ်ဦး။)

 

 

အာဏာလဲ မကောင်းဘူး။ တာဝန်လဲ မကောင်းဘူး။ ဘယ်သူမှလဲ မကောင်းဘူး။ အားလုံး အပြစ်တွေနဲ့ချည်းပဲ....သေချာတာကတော့ကျွန်တော် တို့ပဲကောင်းတယ်..။

 

                                                                      (ဝေဖန်ရေးသမား တစ်ဦး။)

 

 

တိုင်းပြည်အတွက် အာဏာနဲ့ ကောင်းမယ် ထင်ရင် အာဏာယူမယ်။ တာဝန်နဲ့ ကောင်းမယ် ထင်ရင် တာဝန် ယူမယ် ။ ဒါမှမဟုတ်..(၂) ခုလုံး မကောင်းဘူးဆိုရင် အားလုံးကို ဆန့်ကျင်မယ်..။

 

 

                                                                     ( liberal.. လစ်ဘရယ်သမား တစ်ဦး။)

 

တူတူပဲ တစ်ခုယူရင်... တစ်ခုက အလိုအလျောက် ပါလာ..... ရလာ တာပဲ..။ ဘာမှ မကောင်းဘူး။ ရပ်ကွက်ထဲက အုပ်ချုပ်ရေးမှုးနဲ့ ရာအိမ်မှူးတွေကိုပဲကြည့်လေ..။ အကုန်လုံး ဟောက်စားတွေ များတယ်...။

 

 

                                                                     (ဆင်ခြေဖုံး ရပ်ကွက်သား တစ်ဦး။)

 

 

 ဟင့်အင်း......တာဝန်နဲ့ပဲ လုပ်လုပ်.... အာဏာနဲ့ပဲ လုပ်လုပ်.... မှန်ကန်မှုနဲ့လုပ်တယ်လို့ မြင်ရင် အဲ့အမြင် မြင်တဲ့ ဟာကိုပဲ လက်ခံမယ်....။

 

 

                                                                      (conservatives. ကွန်ဆာဗေးတစ် တစ်ဦး။)

 

 

တာဝန်ယူတဲ့ လူများရင် တာဝန်ယူတဲ့လူ များတဲ့ ဘက်လိုက်မယ် ။ အာဏာ ယူတဲ့လူများရင် အာဏာ ယူတဲ့လူ များတဲ့ ဘက်လိုက်မယ်။ ကိုယ်ပိုင်မူဝါဒ မရှိဘူး။ များတဲ့ဘက်... သာတဲ့ဘက်.... လိုက် လိုက်မယ်...။

 

 

                                                                 (အထက်လွှတ်တော် အမတ်တစ်ဦး။)

 

သားသမီးဆိုတာ ဆုံးမရမှာပဲ... ဒါကို အာဏာလို့ ပြောရင်လဲ လက်ခံတယ်။ တာဝန်ဆိုတာကတော့ ကိုယ်ယူခဲ့လို ကိုယ်ရတာ လုပ်ချင်မလုပ်ချင် လုပ်ကို လုပ်ရမှာပဲ..။

 

 

                                                                          (မိဘ တစ်ဦး။)

 

 

တာဝန်လဲ မယူချင်ဘူး။ ကိုယ့်စိတ် မပါပဲ ခြောက်လှန့် နှိပ်စက်တတ်တဲ့ အာဏာ ဆိုတာကိုလဲ မုန်းတယ်..။

 

                                                                (ခေတ်လူငယ် တစ်ဦး။)

 

 

 မသိပါဘူးဗျာ ။ ဘာမှ မသိပါဘူး ။ ကျွန်တော်တို့သိတာတစ်ခုကတော့  ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ စားရေး.....နေရေး....အခက်အခဲတွေနဲ့ ဘ၀ရပ်တည်မှု  အခက်အခဲတွေက လွတ်ချင်တာပါပဲ....။ ကျန်တာကတော့ ကျွန်တော်တို့ ဘာမှ မသိပါဘူး...လုပ်ချင်တာလုပ်ကြပြီး  ယူချင်တာသာ ယူကြပါတော့..။

 

                                                                     (ပြည်သူ တစ်ဦး...။)

 

 

(ဤစာစု ဖြစ်ပေါ်လာခြင်းသည်.... စင်မြင် တစ်ခုပေါ်မှ စကားသံများကြောင့် ပေါ်ပေါက် ဖြစ်တည်လာသော မိမိ၏ အမြင်များသာ ဖြစ်ပါသည်..။)

 

 

 

                                                          ကကြီး။(၂၃.၁၂.၂၀၁၃)12;45pm kyagee13@gmail.com


အနီရင့်ရင့်နှင်းဆီ

$
0
0

ရင်ထဲက ကျဉ်တက်နေတယ် ကျဉ်စက်နဲ့တို့လိုက်သလို. . . တကယ်ဆို အဆိပ်လူးထားတဲ့မြား ပစ်ချင်ရင်လည်း ရည်ရွယ်သူကိုထိအောင်ပြစ်ပေါ့. . .အခုတော့ အားနည်းသူတွေကိုမှ အနိုင်ကျင့်တာလား. . . “နေမီးကြီးမငြိမ်းဖို့. . .ငါ့ကိုယ်ငါစတေး၏ . . .”အလိုအလျှောက်စတေးခံခဲ့ခြင်းလား. . .တစ်စုံတစ်ဦး၏ တုပ်နှောင်မှုလား. . .သည်းခံခြင်းတရားနဲ့သာ ခရစ်တော်လိုလူမျိုး ကားစင်တက်ခဲ့မှာပါ. . ."ငါ့ကိုသာ ယာဇ်ပူဇော် "လို့ ဘယ်သူတော်စင်ကမှ မှန်ကန်တဲ့ အမြင်ရှိတဲ့သူတိုင်း ဒီလိုအလုပ်မလုပ်ဖူး. . .ယာဇ်ပူဇော်သူ မပြောနဲ့ ယုဒတောင် ကမ္ဘာကျော်အနမ်းတစ်ခုနဲ့ အမည်းစက်တင်ခဲ့တဲ့ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ. . .နေမီးကြီးရဲ့ ရင်နာသံတစ်ချက်ဟာ တစ်စုံတစ်ယောက်ကို နာကျင်စေခဲ့ရင်. . . အဆိပ်လူးထားတဲ့ မြားတစ်စင်း ရည်ရွယ်သူကိုသာ ထိအောင်ပစ်ပါ. . .တကယ်လို့ သင်ခြေချနင်းနေတဲ့ ကမ္ဘာမြေကြီးရဲ့ ကျေးဇူးကိုသာသိတက်မယ်ဆိုရင် . . .သင်ပူဇော်တဲ့ နေမင်းကြီးရဲ့ အလံတိုင်ပုံရိပ်နဲ့ပဲ. . .ငါနင်တို့ကို စစ်ကြေငြာလိုက်မယ်. . .ငါ့ရဲ့ လှေကမ်းနဖူးကိုပြန်ကပ်တဲ့နေ့. . .ဘယ်လိုလဲ နင်ဖူးမျှော်ချင်လှတဲ့ အလံတိုင်ဟာ ငါ့ဆီမှာပဲ ရှိတယ် . . .ငါက အဲဒီရင်ဘတ်မှာပဲ အခုနေတယ်. . .ကဲ. . .ငါတို့ စစ်ဖြစ်ကြမလား. . .????

သူတော်စင်တို့ရဲ့ ရင်ခွင်မှာ ဖြောင့်မှန်ဖို့သာလိုတယ်။

…………………..သေရမယ်ဆိုရင်တောင် အမှန်ကိုပြောပါ …………………………..

အမေကြားသိပါစေ ............

$
0
0

              ဟိုးငယ်စဉ်အချိန်အခိုက်တန့်လေးတစ်ခုကို ရေးရေးလေးမှတ်မိနေသေးတယ်။ အဖေနဲ့အမေ ရန်ဖြစ်ပြီး အမေက လသားအရွယ်    မောင်လေးကို ပိုက်လို့ အိမ်ပေါ်ကနေ ဆင်းသွားတယ်။ အဲ့ဒီတုန်းက ကျွန်မအသက်က သုံးနှစ်လေ။ နောက်တော့ အဖေ့ရဲ့အစ်ကို လင်မယားက ကျွန်မကို မွေးစားခဲ့တယ်။ အိမ်မှာ အဘွားရယ် အဖေရယ် မွေးစားအဖေနဲ့ အမေရယ် ကျွန်မရယ်ပေါ့။ ကျွန်မလူမှန်းသိတတ်စကတည်းက အဖေက အရက်ပဲသောက်နေတာ။ သေသာသွားရော အဖေလို့မခေါ်ဖြစ်ခဲ့ဘူး။ အဖေနဲ့အမေကလည်း ကလေးမရတော့ ကျွန်မကို သွေးသားရင်းလို အရမ်းချစ်ပါတယ်။ အဘွားနဲ့ကျွန်မနှစ်ယောက်တည်း ရှိချိန်တွေမှာ အဘွားက '' ဒီအဖေနဲ့အမေက မြေးကို မွေးစားထားတာ''ဆိုတဲ့စကားအမြဲပြောလို့ သူတို့က မွေးစားမိဘတွေဆိုတာကို သိထားတယ်။ အဖေနဲ့အမေကတော့ မွေးစားထားတဲ့အကြောင်းကို ဘယ်တုန်းကမှမပြောခဲ့သလို ကျွန်မဒီအကြောင်းသိနေတာကိုတောင် သူတို့ မသိခဲ့ကြဘူး။ ဒီလိုနဲ့ပဲ အဖေရင်းနဲ့ မွေးစားအဖေတို့ ဆုံးသွားခဲ့ကြတယ်။ အဘွားလည်းမရှိတော့ဘူး။

             အမွေဆိုင်အိမ်ကြီးမှာ အမေရယ် ကျွန်မရယ် အဒေါ်တို့သားအမိရယ်ပဲ ရှိတော့တယ်။ ကျွန်မလေ အမေရင်းမဟုတ်ပေမယ့် အမေ့ကို ချစ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ အမေရင်းကိုလည်း   ပြန်လာခေါ်လေမလားလို့  စိတ်ထဲကနေ မျှော်လင့်နေမိတယ်။ အဖေလည်း ရှိမှမရှိတော့တာ။ ကျွန်မတို့ ဒီအိမ်ကြီးမှာပဲ ဘယ်ကိုမှမပြောင်းဘဲ နေလာခဲ့တာပါ။ အမေ ဒီအိမ်လိပ်စာကိုတော့ မှတ်မိမှာပါ။ ဒါပေမယ့်ပေါ့လေ အမေဟာ ဒီနေ့ချိန်ရောက်တဲ့အထိ ရောက်မလာခဲ့ပါဘူး။ ကျွန်မမှာ တီးတိုးတိုင်ပင်ဖော်အဖြစ် လိုအပ်ချိန်မျိုး ပင်ပန်းအားငယ်ချိန်မျိုးမှာ အမေ့ကို အရမ်းတောင့်တမိပါတယ်။ ပြီးတော့ မောင်လေး . . . ခုချိန်ဆိုရင် ကျွန်မမောင်လေး ဘယ်အရွယ်ရောက်နေပြီလဲ။ ပြောရဦးမယ်ရှင့်။ ကျွန်မကလေ အသားကဖြူဖြူနဲ့ ရုပ်ကလေးက အချောသား။ ဒါ အမေနဲ့တူလို့ထင်ပါရဲ့။ မောင်လေးကလည်း အမေ အစ်မတွေနဲ့သာတူရင်   ကောင်ချောချောလေးဖြစ်မှာ။ ခုချိန်လောက်ဆို ကောင်မလေးတွေများ ၀ိုင်းဝိုင်းလည်နေမလား မသိဘူး။ အဘွားရဲ့ပြောစကားတွေထဲမှာ ကြားရတာတော့ အမေ့နာမည်က ဒေါ်လှလှတဲ့။ မှတ်မိပါသေးတယ် အဲ့ဒီတုန်းက မောင်လေးရဲ့ နာမည်လေးက ဇော်ဝင်းရှိန်တဲ့။ ကျွန်မနာမည်က မေသဉ္ဖာဦးလေ။ အမေက ကျွန်မတို့ကို ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ နာမည်လေးတွေ ပေးထားခဲ့လို့ အမေ့ရဲ့စိတ်ရင်းက   နူးညံ့သိမ်မွေ့မယ့်ပုံပါပဲ။

              ဆွေမျိုးဆိုတာ တကယ်တော့ ရွှေရှိမှ အမျိုးတော်ချင်ကြတဲ့ ရွှေမျိုးတွေပါ။ ကျွန်မတို့က ဆင်းရဲတယ်လေ။ ဒီတော့ အဖတ်မလုပ်ကြတာ မဆန်းပါဘူး။ ကျွန်မက ဆင်းရဲပေမယ့် မာနရှိတယ်။ ဘယ်ဆွေမျိုးမှ အောက်ကျမခံဘူး။ မွေးစားမိဘတွေကိုပဲ မိရင်း ဖရင်းလိုသတ်မှတ်ပြီး အမေနဲ့ ဘ၀ကို ရုန်းကန်ကျော်ဖြတ်တော့မယ်လို့ ဆုံးဖြတ်ထားချိန်မှာပဲ အမေက ရင်သားကင်ဆာဖြစ်လာတယ်။ အမေရယ် အမေသေလို့မဖြစ်ဘူးနော်။ လောကကြီးအလယ်မှာ ကျွန်မတစ်ယောက်တည်း ဘယ်လိုရပ်တည်ရမလဲလို့   ဆောက်တည်ရာမရ   ဖြစ်နေတုန်းမှာပဲ အမေဆုံးတယ်။

               တစ်ခါတလေတော့လည်း ကျွန်မစဉ်းစားမိတယ်။ အမေတွေက သမီးမိန်းကလေးတွေကို အားကိုးကြတယ်လေ။ အမေက မောင်လေးကိုခေါ်သွားမယ့်အစား သမီးမိန်းကလေးဖြစ်တဲ့ ကျွန်မကို   ခေါ်သွားရမှာ။ ဘာလို့များ မခေါ်သွားခဲ့တာလဲ။ ကျွန်မလေ ဘုရားရှိခိုးတိုင်း ဆုတောင်းမိတယ် သိလား။

  ''မြတ်စွာဘုရားရှင် . . ဘုရားတပည့်တော်မသည် ဖြစ်လေရာဘ၀တိုင်းတွင်

    ယခုကဲ့သို့ မိဘမောင်နှမသားချင်းများနှင့် သေကွဲ ရှင်ကွဲ ကွဲရခြင်းမှ ကင်းဝေးရပါလို၏ဘုရား. . . ''

[ PS  :  ရုံးမှ သူငယ်ချင်း မေသဉ္ဖာဦး၏ တကယ့်အဖြစ်ပျက်လေးအား ခံစားရေးဖွဲ့ပါသည်။ သူငယ်ချင်းတို့လည်း ဇော်ဝင်းရှိန် ဆိုတဲ့နာမည်နဲ့ သူငယ်ချင်းများရှိရင် ဒီအဖြစ်လေးပြောပြပြီး   မေးကြည့်ပေးကြပါနော် ]

နေပျော်တဲ့ဘဝ

$
0
0
ဟိုး……. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ့ မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့အကြောင်း အားပျက်မိတဲ့ အကြောင်း ပြောတယ်။


သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့  ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။

ရေနွေးတွေလဲဆူရော ဖခင်ဖြစ်သူက ပထမအိုးထဲကို မုန်လာဥတွေထည့်၊ ဒုတိယအိုးထဲကို ကြက်ဥ တွေထည့်၊ တတိယအိုးထဲကို လက်ဖက်ခြောက်တွေ အသီးသီးထည့်လိုက်တယ်။ထည့်ပြီးတော့ အိုးတွေကို မီးဖိုပေါ်မှာဘဲ ဆက်ထားလိုက်တယ်။

နောက်၁၀မိနစ်လောက်ကြာတဲ့အခါမှာ ဖခင်ဖြစ်သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့် လိုက်တယ်။ နောက်တစ်အိုးက ကြက်ဥတွေကိုဆယ်ပြီး ပန်းကန်ထဲထည့်လိုက်ပြန်တယ်။ နောက်ဆုံး အိုးထဲကလက်ဖက်ခြောက်တွေခပ်ထားတဲ့ ရေနွေးတွေကို ခွပ်တစ်လုံးထဲ ထည့်လိုက်တယ်။

အဲဒိနောက် ဖခင်ဖြစ်သူက သမီးရေ ဒါတွေကဘာလဲလို့ မေးတဲ့အခါမှာ သမီးလုပ်သူက မုန်လာဥပြုတ်၊ ကြက်ဥပြုတ်
နဲ့ ရေနွေးကြမ်းတွေပါလို့ ပြန်ဖြေလိုက်တယ်။

သမီးက အဲဒိလိုပြန်ဖြေအပြီးမှာ ဖခင်ဖြစ်သူက မုန်လာဥတွေကို စမ်းခိုင်းတယ်။ သမီးက မုန်လာဥကို ဇွန်းနဲ့  ထိုးကြည့်တဲ့အခါမှာ ပျော့ပြဲနေတာတွေ့ ရတယ်။ နောက် ကြက်ဥကိုယူပြီးစမ်းခိုင်းပြန်တယ်။ ကြက်ဥကို ခွာလိုက်တဲ့ အခါမှာ အရမ်းကို ကျက်နေတဲ့ ကြက်ဥပြုတ်တစ်လုံးဖြစ်နေတာ တွေ့ ရပြန်တယ်။ နောက်ဆုံးမှာ ရေနွေးကြမ်းကို မြည်းကြည့်ခိုင်းတဲ့
အခါမှာအနံ့  အရသာနဲ့ ပြည့်စုံတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်နေတာ သတိထားမိပြန်တယ်။

အားလုံးစမ်းသပ်ပြီးတဲ့အခါမှာ ဖခင်ဖြစ်သူက သမီးကို ဒီလိုဆုံးမပါတယ်။

မုန်လာဥက ရေနွေးထဲမရောက်ခက်မှာ သန်သန်မာမာတောင့်တောင့်တင်းတင်းကြီးပေါ့။ ဒါပေမယ့် ရေနွေးနဲ့ လဲ ပြုတ်လိုက်ရော တစ်ခါထဲကို ဖျော့ဖတ်သွားတော့တာဘဲ။

ကြက်ဥကျပြန်တော့ ရေနွေးထဲမရောက်ခင်မှာ အထိမခံဘူး။ ကြမ်းကြမ်းလေးထိမိတာနဲ့  ခွက်ကနဲ ကွဲသွားရော။ အပေါ်ခွံ ပါးပါးလေးက အထဲက အရည်ကြည့်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးထဲမှာလဲ ပြုတ်လိုက်ရော ပျော့အိအိ အတွင်းသားတွေက အားလုံးမာကုန်ပြန်ဘဲ။

လက်ဖက်ခြောက်ကတော့ တစ်ဘာသာပေါ့။ ရေနွေးပွက်ပွက်ထဲလဲရောက်ရော အဲဒိအဖြူရောင် ရေနွေးတွေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပြစ်လိုက်တယ်။ ပြီးတော့ အရသာရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အနေနဲ့  ပြောင်းသွားတယ်။

ကဲ…………. ဒီတော့ အဖေ့သမီးကရော ဘာလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား။ လူလက်ဖက်ခြောက်လား။

လောကဒဏ်ဆိုတာ လူတိုင်းဟာတစ်နည်းနည်းနဲ့ ရင်ဆိုင်နေရတာဘဲ။ အဲဒါလောကဒဏ်နဲ့  နဖူးတွေ့ ၊ ဒူးတွေ့  ရင်ဆိုင်လာရတဲ့အခါမှာ သမီးက ဘယ်လိုတုန့် ပြန်မလဲ။ သမီးကိုယ်တိုင် စဉ်းစားပါတဲ့။

ပုံပြင်လေးက ဒါပါဘဲ။

===================================
သင်ခန်းစာ-

အပြင်ပန်းအမြင်မှာ မုန်လာဥလို မာချာချာ တောင့်တောင့်တင်းတင်းနဲ့  ၊ လောကဒဏ်ကို တကယ်ရင်ဆိုင်ရတဲ့ အခါမှာ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးလုပ်မလား။

အစတုန်းကတော့ ထိလွယ်ကွဲလွယ်တဲ့စိတ်ရှိနေတယ်။ စိတ်ကလဲပျော့နေတယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲကွဲတာလို၊ ချွတ်ခြုံကျတာလို တစ်ခုခုကို အပြင်းအထန် ခံစားပြီးတဲ့နောက်မှာတော့ နင်လားဟဲ့ လောကဒဏ်ဆိုတဲ့ စိတ်၊ ထီမထင်တဲ့စိတ်ဓါတ်နဲ့  မာကြောကြောတောင့်တင်းတင်း ဖြစ်သွားမယ့် လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့  ပြုတ်ပြီးသားကြက်ဥလို အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာတော့ ခါးသီးမာကြောနေတဲ့ နှလုံးသားနဲ့ လူမျိုးလုပ်မလား။

လက်ဖက်ခြောက်ဆိုတာ ရေနွေးဆူလေလေ အရသာပိုကောင်းလေလေဘဲ။ လက်ဖက်ခြောက်လို လူဆိုတာကလဲ ဒုက္ခတွေနဲ့ အရှိန်တတ်လေလေ အရည်အချင်းတွေ ပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်လာမယ်။

Credit: မူရင်း ဆရာအတ္တကျော်ရဲ့ နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် စာအုပ်မှ ကူးယူဖော်ပြထားပါတယ်။

”သူသာလေညှင်းလေးဆိုရင်” အပိုင်း(၂)

$
0
0
  • Ø တစ်ခြားတစ်ယောက်ကို ပြောင်းချစ်လိုက်လို့ ပြောတိုင်း ငါကလိုက် ချစ်ရမှာလား... မင်းပြောလိုက်တဲ့ စကားတွေဟာ ငါ့ရဲ့အချစ် ကိုအရမ်းစော်ကားတယ် ငါဟာ သွေးသားသောင်းကျန်းနေတဲ့ သူတစ်ယောက်
  • မဟုတ်ဘူး …ကိုယ်တစ်ကယ်မချစ်ပဲနဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်တော့မှအခွင့်ရေးယူတတ်တဲ့
  • ယောက်ကျားမဟုတ်ပါဘူး…. (အိုင်တွေ့တိုင်းခြေဆေးတတ်တယ်လို့ပြောခံရတဲ့ယောက်ကျားလေးများ
  • ကွန်မန်း ပေးနိုင်သည်)  ချစ်သူ မင်းဘာကြောင့် ငါ့ကို လမ်းခွဲချင်ရတာလဲ…  ငါ့မှာမင်းကြိုက်တဲ့ ဂုဏ်မရှိလို့လား ၊ ငွေမရှိလို့လား….ဒါမှမဟုတ် မင်းနှစ်သက်တဲ့ ရုပ်ရည်မရှိလို့လား ….တစ်ကယ်တော့ ဒါတွေဟာ အလကားပါကွာ…. လူဆိုတာ တစ်နေ့ကျရင် သေရမှာပဲလေ ….  သေတဲ့အခါကျရင် မင်းနှစ်သက်တဲ့ ဂုဏ်ပကာသနတွေ ၊ ရွှေငွေတွေ ၊ တဏှာဆိုတဲ့  အရေပြားပေါ်က ပုံရိပ်တွေဟာ ဘာတစ်ခုမှ ဘာသွားမှာမဟုတ်ဘူး ဒါကို မင်းသိရင်  ငါ့ကိုနားလည်သွားမှာပါ … သူ့နှုတ်တွင် တောင်စဉ်ရေမရ ပေါက်ကရစကားတွေကို အရူးလို ရွှတ်ဆိုနေမိသည်။ တစ်ကယ်တော့ သူလဲ ၀ါတော်ရှစ်ဆယ်ရ ဘုန်းကြီးလည်း မဟုတ် တဏှာကင်းစင်သော အရိယာပုဂ္ဂိုလ်လည်းမဟုတ် ….သာမာန် လူတစ်ယောက်သာဖြစ်၏။
  • Ø မင်းဟာငါ့ရဲ့အချစ်ဦးပါ ….. မင်းနဲ့အတူတူသွားခဲ့ဘူးတဲ့နေရာတွေ အတူတူရှိခဲ့တဲ့အချိန်တွေကို  ငါပြန်တွေးကြည့်လိုက်တိုင်း ငါဘယ်လိုလုပ်မေ့လို့ရမှာလဲ…. မင်းကို မေ့မယ်ကြံလိုက်တိုင်း အဲ့ဒီအတွေးတွေက ၀င်ဝင်လာတယ်… ဘာလဲ..စကားတစ်ခွန်းရှိတယ်.. အချစ်ဦးရည်းစားဦးတွေဟာ ဘယ်တော့မှ မညားကြဘူးတဲ့  မင်းပြောဘူးတဲ့ စကားတစ်ခွန်းလေ….ဟား ဟား ဟား(ရယ်သံ) ဘယ်က ပေါက်တက်ကရ စကားတွေလဲ မသိဘူး  ….. အဲဒီ စကားတွေဟာ ရူးကြောင်ကြောင်… ပေါတောတော စာရေးဆရာတွေရဲ့ အခြေမြစ်မရှိ ပေါက်ကရ စကားတွေပဲ..“မှတ်ချက်“ (စာရေးဆရာအားလုံးကိုမဆိုလိုပါ)…. တစ်ကယ်တော့ အချစ်ဦးဆိုတာ…. ငယ်ငယ်ကတည်းက ငယ်သံယောဇဉ်တွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး ချစ်ခဲ့ကြတဲ့အချစ်ဦးရှိသလို… တစ်ယောက်နဲ့တစ်ယောက် စတွေ့ပြီး ချစ်ခဲ့ကြတဲ့ အချစ်ဦးတွေလည်းရှိတာပဲလေ ….. အချစ်ဦးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မညားကြဘူးဆိုတဲ့... စကားဟာ အကြွင်းမဲ့မှားတယ်….ဘာလို့မညားကြလဲ ဆိုတာ တစ်ချက်ပဲရှိတယ် အဲ့ဒါက တစ်ယောက်နဲ့တစ်ယောက်သစ္စာမရှိလို့ပဲ..တစ်ကယ်လို့သစ္စာရှိရင်  ဘယ်သူခွဲခွဲ ““ဥပမာ““ ဘယ်စာရေးဆရာပဲခွဲခွဲ…ဒါမှမဟုတ် ဘယ်ဗေဒင်ဆရာပဲခွဲခွဲ ကွဲမှာမဟုတ်ဘူး….       
  • Ø ချစ်သူ မင်းကို… ဖြစ်ရပ်မှန်ဇတ်လမ်းလေး တစ်ခုလောက်ပြောပြမယ်နော်…. ­ ဟိုး… လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ဂျပန်ပြည်ရဲ့မြို့လေး တစ်မြို့မှာ ခွေးတစ်ကောင်ရှိခဲ့တယ်…. အဒီခွေးဟာ သူ့သခင်အပေါ်မှာ အရမ်းချစ်တယ်တဲ့ အဲ့ဒီမြို့လေးမှာ ဘူတာရုံတစ်ရုံရှိတယ်… သူ့ရဲ့သခင် အလုပ်လုပ်တဲ့ မြို့က တစ်ခြားမြို့မှာ…ရထားနဲ့သွားရတာပေါ့.. သူ့သခင် အလုပ်သွားတိုင်း သူဟာ ဘူတာရုံကို လိုက်ပို့တယ် …..အလုပ်ကပြန်လာတိုင်း မီးရထား ဘူတာရုံရှေ့ရဲ့ အုတ်ခုံလေးပေါ်မှာ ပုံမှန် အမြဲတမ်းကြိုဖို့စောင့်နေတယ် အဲ့ဒီလိုနဲ့ တစ်နေ့မှာ သူ့သခင်ဟာ တစ်ခြားမြို့လေးမှာပဲ ရုတ်တရက် သေဆုံးသွားတယ်…. ခွေးလေးက  ဘယ်သိမလဲနော်… သူ့သခင်ကိုပြန်အလာကိုပဲ စောင့်နေတာပေါ့… ဘူတာမှာလဲလူတွေမရှိတော့ဘူး….မိုးကလဲမှောင်နေပြီး သူ့တစ်ကောင်တည်းပဲရှိတော့တယ် ….. မိုးလင်းတဲ့အထိပဲ… မနက်ကျတော့ သူ့ကိုယ်ပေါ်မှာ နှင်းတွေဖုံးနေလို့ ဖြူဆွတ်လို့နေတယ်… အစပိုင်းတော့ လူတွေ သတိမထားမိသေးဘူး… သူဟာဆာလာလို့ရှိရင် အစာရှာထွက်တယ် ပြီးရင် ပြန်လာစောင့်တယ်…. ကြာလာတော့သူ့ကိုလူတွေ သတိထားမိလာတယ်…. မောင်းထုတ်လဲမသွားဘူး….. တစ်ချို့လူတွေက အိမ်မှာမွေးဖို့ခေါ်တယ် မလိုက်ဘူး… သူ့သခင်ကိုပဲ စောင့်နေတယ်… အဲဒီလိုနဲ့ နွေ၊ မိုး၊ ဆောင်းရာသီအလီလီ ပြောင်းသွားတယ် သူ့ကတော့ စောင့်တုန်းပဲ       လူတွေက သူ့အဖြစ်ကို သိသွားတော့ သနားပြီး မုန့်တွေ ကျွေးကြတယ်… သူ့သခင် ပြန်လာနိုးနိုးစောင့်နေခဲ့တာ ၉ နှစ်လောက်ကြာသွားတယ်… သူလဲအသက်တွေ ကြီးလို့သေသွားခဲ့တယ်… သူရဲ့သခင်အပေါ် သစ္စာရှိတဲ့ အထိမ်းအမှတ်အဖြစ် အဲ့ဒီမြို့ငယ်လေးမှ လူတွေက… ဘူတာရုံလေးရှေ့ရဲ့ အုတ်ခုံလေးပေါ်မှာ သူ့ရဲ့ပုံတူခွေးရုပ်လေးတစ်ရုပ် ထုလုပ်ထားရှိခဲ့တယ်…. ဒီ ခွေးရုပ်လေးဟာ    တောမြို့လေးရဲ့ ဘူတာရုံရှေ့မှာ ယနေ့ထက်တိုင်း ရှိနေတုန်းပဲ……    
  • Ø တစ်ခါတစ်လေ ငါ့ရဲ့စိတ်ဟာ အရူးတစ်ယောက်လိုပဲ …. မင်းကို မေ့ဖျောက်လို့မရတာ ဘာကြောင့် ငါကိုငါတောင်မသိဘူး…. အဲ့ဒီစိတ်ကိုလည်း မသိချင်ဘူး ….. ဘာကိုမှလဲမသိချင်ဘူး.. မင်းကိုချစ်ခဲ့တာ တစ်ခုပဲသိတယ် …. ဘာဖြစ်လို့လဲဆိုတော့ ငါဟာ လူတွေထဲက လူတစ်ယောက်ပဲလေ…..
  • Ø ဒီလိုနဲ့ …..သူနဲ့ ဆောင်းဟာ ဒုတိယအကြိမ် ချစ်သူတွေ ဖြစ်သွားကြတယ်။။။။
  • Ø ဆောင်း မင်းကို ကိုယ်မေးချင်တာ တစ်ခုရှိတယ် မင်းတက္ကသိုလ်တတ်တုန်းက ချစ်သူထားခဲ့တယ်ဆို…. ဘာဖြစ်လို့လဲ…..သူမက အဲ့ဒါ ဘာဖြစ်လဲ…. သူများတွေလဲ ထားတာပဲလေ…သူက မဟုတ်ဘူးလေ ဆောင်း သူများတွေ ထားတိုင်း မင်းလိုက်ထားစရာ အကြောင်းမရှိဘူးလေ မင်းကိုငါက ဖြူစင်တဲ့ မိန်းကလေး တစ်ယောက်အဖြစ်မြင်ချင်တာ…. အဲဒါက ရည်းစား မဟုတ်ဘူးလေ ကို… သူငယ်ချင်းပါ …. ဘာသူငယ်ချင်းလဲ မင်းတို့နှစ်ယောက် ထီးတစ်ချောင်း အောက်မှာ ပခုံးဖက်ပြီး သွားတယ် ငါမြင်တယ်… မသိလို့မေးရဦးမယ် “ဆောင်းဝေလွင်“ သူငယ်ချင်းတွေက ပခုံးဖက်ပြီး အဲလို လျှောက်သွားကြလား…. မသိဘူးကွာ…. မကျေနပ်ရင် လမ်းခွဲလိုက်….. သူဘာစကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ချေ… အဲဒီစကားက သူအမုန်းဆုံး မကြားချင်ဆုံး စကားတစ်ခွန်းပဲဖြစ်လေတော့သည်.။

 ရေသားချိန်

12.23.2013 အင်တာနက်(နေ့လည်တစ်နေ့လုံးလိုင်းကျနေချိန်)

 

                                                                                            ညီညီ

  •                                                                                                                                

********* ကျွန်မချစ်သော မြင့်မိုရ်ဦးက မေမေ *********

$
0
0

********* ကျွန်မချစ်သော မြင့်မိုရ်ဦးက မေမေ ********

လူသားလောကကြီးကိုရော သားသမီးတွေကိုပါ အလှတွေဝေစီနေအောင် အလှဆင်ပေးတတ်ခဲ့တဲ့ မေမေဟာ
ပညာတတ်လူလတ်တန်းစားကနေ ဖွားမြောက်လာသူတစ်ယောက်ပေါ့ ။ ဒီလိုဖွားမြောက်စမှသည် မိခင်ဖခင်တွေရဲ့

ရူ့မညီးသော သမီးလိမ္မာလေး မေမေတစ်ယောက်ဖြစ်တည်ခဲ့ပါတယ် ။မိဘရဲ့ ရောင်းဝယ်ဖောက်ကားမူ့တွေကို ကူညီရင်း
ကျောင်းစာပေကို တဖတ် သင်ယူရင်း အိမ်မူ့ကိစ္စအ၀၀ကို မေမေက သမီးကြီးပီသစွာနဲ့ မောင်ညီမတွေရဲ့ တာဝန်တွေကို ပုခုံး
ပြောင်းတာဝန်တွေနဲ့ သမီးလိမ္မာကောင်းလေး တစ်ယောက်ဖြစ်ခဲ့တယ်။

အပျိုတော် အရွယ်ကိုဖြတ်သန်းချိန်မှာလည်း မေမေဟာ သန့်စင်မွန်မြတ်တဲ့ မိန်းမကောင်းပီသစွာချစ်ရေးဆိုလာ
သူ ကာလသားတွေကို သူမကို လိုချင်ရင် မိဘများဆီကို လာခွင့်တောင်းပါဆိုတဲ့ စကားလေးနဲ့လိမ္မာပါးနပ်စွာ ရှောင်တိမ်းပြီး
တကယ်ကိုယ့်ကို နှစ်သက်လို့ မိဘတွေဆီမှာလာရောက်ကမ်းလှမ်းခဲ့တဲ့ သူနဲ့ပဲ အကြောင်းပါခဲ့ပြီးကျယ်ပြောခတ်ခဲတဲ့ သမု
ဒ္ဒရာပင်လယ်ပြင် ဘ၀လှိုင်းတံပိုးကို ကျော်ဖြတ်ခဲ့ပါတယ် ။

ကျွန်မတို့ ဖေဖေဖြစ်လာမဲ့ မေမေ့အမျိုးကောင်းသားဟာ ပျိုတိုင်းကြိုက်တဲ့ နှစ်ဆီတစ်ခိုင်ပေါ့ ။ ပညာတတ် နိုင်ငံ
ရေးပရိယာယ်လည်းကြွယ် မိဘတွေကလည်း ဘိုးဘေးစဉ်ဆက် ချမ်းသာခဲ့တဲ့သူတွေ ဆိုတော့သားထွေးလေးကိုလိုသေးမရှိ
ဖူးဖူမူတ်ထားခံရသူတယောက်ပေါ့ ။

ကျွန်မတို့ မေမေမျိုးရိုးဇာတိကလည်း ခေသူမဟုတ်ခဲ့ပါဘူး ။ ရှေးမြန်မာမင်းများလက်ထက် အားကိုးရတဲ့စစ်ကဲ
ကြီးနဲ့ ရာဇာဓိ ရာဇာ အနွယ်တော်စော်ဘွားဘုရင်အဆက်ရဲ့သွေးတွေနဲ့ တည်ဆောက်ဆင်းသက်လာခဲ့သူတယောက်ပါ။
သို့သော်ငြားလည်း ဖေဖေတို့လောက် မေမေကချမ်းသာကြွယ်ဝမူ့လျော့နည်းခဲ့သပေါ့။

ဒါကမေမေတယောက်အကြောင်းလေးပေါ့။ ကျွန်မတို့ လို့ဖြစ်တည်လာမဲ့ သမီးသားတွေရဲ့ မိခင်ဖခင်တွေရဲ့
မျိုးရိုးဇာတိပုညအစလေးပေါ့ ။

ကျွန်မဆိုလိုချင်တာကလေ မေမေဟာသူဌေးသားနဲ့ညားခဲ့ပေမဲ့ သူဌေးကတော် ဘ၀ကို မရရှာပါဘူး ။ သူဌေး
ကတော်တွေလို စည်းဇိမ်အပြည့်နဲ့ မစံစားခဲ့ရပါဘူး ။

မေမေအိမ်ထောင်ကျပြီးတော့ မိန်းမတို့ ၀တ္တရားနဲ့ အညီ သျှောင်နောက် ဆံထုံးပါခဲ့ရတယ် ။ မေမေက သူဌေး
အိမ်မှာ လိုက်နေရတယ် ။ ဒါပေမဲ့ မေ့မေ့လင်တော်မောင် ကိုရွှေသူဌေးသားက မိဘသူဌေးပဲဆိုပြီး အလုပ်လဲ လက်ကြောတင်း
တင်းမလုပ် `ဟိုရောင်သည်ရောင် လုပ်နေတဲ့သူမျိုးဆိုတော့ အိမ်ယာအလုပ်တွေကို စာရင်းငှားနဲ့ လွတ်ထားပြီး မိဘအိမ်မှာ
အတူနေဆိုတော့ ပိုဆိုးသပေါ့ ။

ဒီလို အဲလယ်အဲလယ်နဲ့ မေမေဟာ ဘ၀ကိုဖြတ်သန်းရင်း သားသမီး သုံးယောက်ထွန်းကားပြီးကျွန်မကိုစပြီး
ကိုယ်ဝန်ဆောင်ထားချိန်မှာတော့ မေမေ ဖေဖေ ဘဘက မိဘကောင်းပီသခဲ့တယ် သားသမီးကိုကောင်းရာညွှန်စေခဲ့တယ်။
ဘဘက ငါ့သမီး နင်သူဌေးသားရပေမဲ့ ဒီလိုနေသွားရင် နင်တို့ ရှိတာလေး ထုခွဲရောင်းချစားသောက်ရတဲ့ အဆင့်ရောက်မယ်
ငါ့သမီးကို အဖက ရောင်းဝယ်ဖောက်ကားမူ့အတတ်တွေကို သေချာသင်ပေးခဲ့တာပဲ ဆန်းရောင်းရင် ဆန်စားရမယ် ဆီရောင်း
ရင်ဆီစားရမယ် သို့သော် သမာအာဇီဝတော့ ကျရမယ် သူဖို့ကိုယ့်ဖို့ မျှတတတ်ရမယ် ။ မူးရစ်စေတဲ့ ပစ္စည်းမျိုးတွေဆိုဆေး
လိမ်တောင် မရောင်းလေနဲ့ ဆိုပြီး ဘဘက လမ်းပြပေးခဲ့တယ် ။ ဈေးရောင်းစားတာ သူများဟာ ခိုးတာဝှတ်တာမ`ဟုတ်ဘူး
ရှက်စရာ မလိုဘူးလို့လမ်းပြပေးခဲ့တယ် ။

မေမေဟာ အလုပ်မလုပ်ပဲ ထိုင်စားနေတဲ့ ဖေဖေနားမှာ ဖြစ်သလိုသာနေခဲ့မယ်ဆိုရင် ကျွန်မတို့လည်း လူ့ဘဝ
ဆိုတာတွေကို အခုလို ရွေးချယ်ခွင့် တွေးခွင့်တောင်မရတဲ့ ဘ၀မှာ ရှင်သန်နေထိုင်နေရလောက်ပါပြီ ။

မေမေဟာ ကျွန်မမမွှေးခင် ကိုယ်ဝန်သုံးလကနေ ဈေးတောင်ခေါင်းပေါ်ရွက်လို့ တစ်အိမ်ဝင်တစ်အိမ်ထွက်
နေ၀င်မိုးချုပ်ဈေးသည်ဘ၀ကို ဖြတ်သန်းခဲ့တယ် ။ ခြေတိုအောင်ခေါင်းပေါ်ပါသမျှကုန်အောင် ရောင်းချခဲ့ရတယ် ။သူဌေးသား
ဖေဖေကတော့ပျော်မြဲ လယ်မြဲ သောက်မြဲပေါ့ ။

ဒီကြားထဲ သူ့ဂုဏ်သူ့အဆင့်နဲ့ မတန်တဲ့ ဈေးသည်အလုပ်ကို လုပ်လို့ ဆိုပြီး ဆူပူကြိမ်းမောင်း ရိုက်ပုတ်ခံခဲ့
ရမြဲ နဲ့ ငါ့သားသမီးတွေ မျက်နှာမငယ်စေရေး ပညာတတ်တွေဖြစ်ရေးအတွက် မေမေဟာ ဈေးတောင်းခေါင်းပေါ်တင်ပြီး
ရောင်းမြဲပေါ့ ။ လင်ဆီကနေ တပြားတချပ် မတောင်းတတ်ခဲ့သလို သူတို့မြေတလက်ဝါးတောင် မေမေက မပေါင်းနှံခဲ့ဘူးသူ

ယောက္ခမ ၀တ် လင်သားဝတ်တွေကိုကျေပွန်ခဲ့သလို သားသမီးတွေရဲ့ တာဝန်တွေလဲ မေမေမလစ်ဟင်းစေခဲ့ဘူး
ကျွန်မတို့ မောင်နှမတွေကို ပညာတတ်တွေဖြစ်အောင်လည်း အားသွန်ခွန်စိုက် အားထုတ်ခဲ့တယ် ။

မေမေကလေ တနေကုန်ရွာရိုးကိုးပေါက်နေ၀င်မိုးချုပ်ခြေတိုအောင်လျောက်လှမ်းခဲ့ရလည်း

တချက်လေးတောင် မေမေ မညီးတွားခဲ့ဘူး ။ ပြန်လာချက်ပြုတ်သားသမီးတွေကို ကျွေးမွေး ညရောက်တာနဲ့ သားသမီးတွေ
ကို စာသင်စာပြလုပ်ပေးနိုင်သေးတယ် ။ သားသမီးတွေ စာကြည့်နေရင် အိပ်ချင်မစိုးလို့ လ္ဘတ်သုပ်လေးကလည်း သုပ်ပေး
ပေးသေးတဲ့ မေမေ။ ဒါဟာ မေမေ အာဇာနည် တစ်ယောက်ရဲ့ စွမ်းဆောင်ချက်တွေပေါ့ ။

ဘ၀ကို ချော်လဲရောထိုင်ပြစ်မဲ့ မိန်းမသားမေမေ မဟုတ်ခဲ့ဘူး။ ဒါတင်လားဘယ်ကမလည်း ကျွန်မဒီအရွယ်ရောက်
မှ မေမေ့မေတ္တာတွေကို တစိမ့်စိမ့်လေးပြန်ခံစားမိတယ် ။

နောက် မေမေလေ အဲဒီလို ဈေးလည်ရောင်းရင်း ကျစ်ကျစ်ပါအောင်လည်း စုဆောင်းတတ်ပြန်ခဲ့တယ် ။

အရင်းအနှီးလေးများလာတော့ မေမေက အိမ်ဆိုင်လေးထောင်လိုက်တယ် ။ဒီအိမ်ဆိုင်လေးကနေ မေမေဆက်ဆံရေးကောင်း
မွန်တည်ကြည်မူ့ကြောင့် ကျွန်မတို့ လူလားမမြောက်ခင် မှာ ကုန်စုံဆိုင်ကြီးတခုကို ပိုင်ဆိုင်ခဲ့တယ် ။

ဈေးသည်ကို အထင်အမြင်သေးတတ်တဲ့ လင်သားရဲ့အသိုင်းအ၀န်းကိုအံတုရင်း အိမ်ထောင်ရေးဆိုတဲ့
လောကငရဲတွေကို ခါးသီးစွာခံစားရင်း မေမေဟာ သားသမီးတွေရဲ့ လမ်းပြကြယ်စင်တစ်ပွင့် ဟိုမိုးကောင်းကင်ထက်ကလမင်း
ကြီးလို ထွန်းလင်းအေးမြခဲ့တဲ့ မေမေ ။

ကျွန်မတို့တွေခလေးအရွယ် မှတ်မိချိန်မကစလို့ မေမေဟာ သားသမီးတွေကို အာဏာနဲ့မအုပ်ချုပ်ခဲ့ဘူး
နားလည်မူ့တွေနဲ့ ရင်းနီးစေတယ် နွေးထွေးစေတယ် ။သားသမီးတွေကို တာဝန်သိတတ်မူ့နဲ့စေခိုင်းတယ် ။ အတင်းအကျပ်
မစေခိုင်းတတ်သူ ။ ဘ၀သင်ခန်းစာကို မေမေက လက်တွေ့နဲ့သင်ကြားပေးတယ် ။

အစားအစာစားရာမှာလည်း မိသားစုပေါင်းစည်းမူ့နဲ့ အမြဲစည်းလုံးစေခဲ့တယ် ။ မေမေက သူသေလောက်
အောင်ပင်ပန်းလို့ပြန်လာလည်း ဘယ်တော့မှ သားသမီးတွေနဲ့ ခွဲပြီးမစားသောက်တတ်ခဲ့ဘူး ။

ဒီလို မအားမလပ် ဇယ်ဆက်အောင် အလုပ်များတဲ့ မေမေက ကျွန်မတို့ကို သူတပါးဆီ ငွေကိုအလွယ်တကူမသုံး
စားတတ်အောင်ပညာသားပါပါသွင်သင်တတ်ခဲ့ပြန်တယ် ။

သားတို့ သမီးတို့ ဒီနေ့ဘာစားမလဲ မေမေလုပ်ပေးမယ် ။ အိမ်မှာ လုပ်စားတာက သန့်လည်းသန့်ရှင်းတယ် ၀၀
လင်လင်လည်းစားရတယ် ။ ကောင်းကောင်းလည်းစား၇တယ် ။ တနေ့တမျိုး မရိုးစေခဲ့ရဘူး ရာသီပေါ်ချိန်အစာဆိုလည်း
စပါးသစ်ပေါ်ရင် မူံ့ပဲဆုပ် တို့ကောင်းညှင်းပေါင်းတို့ကို အိမ်မှာ အကျော်ကိုကျော်ပြီး အ၀ကျွေးခဲ့တဲ့မေမေ ပါ ။

နောက် မေမေကလေ ဘာသာရေးဖတ်မှာလည်း မလစ်ဟင်းစေခဲ့ပြန်ဘူး ။ မနက်လင်းကိုယ်လက်သန့်စင်ပြီး
တာနဲ့ ဘုရားမျက်နှာသစ်တော်ရေ သုံးတော်ရေ သောက်တော်ရေ ကပ်မြဲ ချက်ပြုတ်ပြီးတာနဲ့ ဆွမ်းပန်း စတဲ့ ၀တ်တွေကို
ဖြည့်မြဲ ပေါ့ ။ ကျွန်မတို့ကလေးအရွယ်ကနေစပြီး မေမေက သူဘုရားဝတ်ပြုရင် ဘုရားဆောင်ရှေ့လေး ပုဆစ်တုပ်လေးထိုင်
ပြီး ဦးတင်ခိုင်းမြဲပေါ့ ။ သွားရင်းလာရင်း လုပ်ရင်းနဲ့ အိမ်မူ့အတတ်တွေ ဘာသာရေးအလုပ်တွေ ကိုယ့်ထုံးထမ်းဓလေ့တွေကို
သင်ကြားညွှန်ပြနိုင်ခဲ့သူပေါ့ ။

ကျွန်မတို့ ဥုံးဗုဓ် သီလယူတတ်ချိန်ကစလို့ အတူသီလစောင့်စေခဲ့တယ် ။ ဥုံးဗုဓ်က ထွက်ပြီဆိုလည်း
တပတ်တမျိုး မရိုးနိုင်အောင်ကို ခေါက်ဆွဲသုပ် မူံ့တီသုပ် ကြာဇံဟင်း မူံ့ဟင်းခါးဟင်း ထမင်းကျော်နဲ့ အကျော်ပူပူ

ပဲပူပူလေးနဲ့ မနက် သီလထွက်ကို ပြေငြိမ်းစေတတ်ခဲ့တဲ့ မေမေ ။ ကျွန်မတို့ မေမေက သာမန်မိန်းမတွေထက်
အတတ်မျိုးစုံကို တတ်ကျွမ်းခဲ့တယ် အိမ်ထောင်ထိန်းသိမ်းမူ့လည်းနိုင်နင်းခဲ့သူ ။အိမ်တွင်း မူ့

အလုပ်တွေချက်ပြုတတ်ခြင်းတွေမှာ သာလွန်ခဲ့တဲ့ အထွေထွေပါရဂူ ပါရမီရှင်တစ်ပါး မေမေဖြစ်ခဲ့တယ် ။

မေမေရဲ့ မော်ကွန်းကို ဘယ်လိုမှ ကျွန်မမထိုးစွမ်းနိုင် မော်ကွန်းမတင်နိုင်ပါဘူးရှင် ။မေမေရဲ့ပြယုဂ်ကိုဖော်ထုတ်
လို့ရ ကောင်းရပေမဲ့ မေမေ့ ရင်တွင်းက မေတ္တာစိမ့်စမ်းတွေက သီတာ ခုနှစ်တန်တောင် မှီချိမ့်မထင် ပါဘူး ။

အိမ်တွင်းမု့အလုပ်တွေကိုလဲ ကျွန်မတို့လုပ်ကိုင်တတ်ချိန်မှာ သူ့အလှည့်ကိုယ့်အလှည့်နဲ့ အလှည့်ကျတာဝန်
ပေးတတ်မူ့တွေနဲ့ မိန်းမပီသတဲ့ မိန်းမတွေဖြစ်ဖို့ မေမေကတင်ကြိုစီမံတတ်ခဲ့တယ် ။ ကိုယ့်တာဝန်နဲ့ကိုယ် ကျောင်းကပြန်
အိမ်အလုပ်ကို ကိုယ်တာဝန်ကျရာ ကိုယ်စီလုပ်ကိုင်းရင် အချိန်ကုန်စေခဲ့တယ် ။

ဘယ်လောက်မိန်းမပီသလိုက်တဲ့ မေမေလည်းဆိုရင် အလှအပတွက် ဖတ်ချိန်မရအောင် ဇယ်ဆက်သလိုအလုပ်
များတာတောင် မျက်နှာသန့်စင်ပြီးတာနဲ့သနပ်ခါးရေကျဲလေး ပါးပေါ်တင်မြဲ သားသမီးတွေကိုလည်း တင်ပေးမြဲမေမေပေါ့။
ကျွန်မတို့ကျောင်းသွားရင်လည်း သနပ်ခါးလေး လိမ်းမြဲစေခဲ့တဲ့ မေမေ ။ မိန်းကလေးဆိုတာ သနပ်ခါးလေးပါမှ ကျက်သရေ
ရှိတတ်ခဲ့တဲ့မေမေ ။

အိမ် အလှအပ နှင်းဆီတွေ ရွက်လှပင်တွေ တော်ဝင်သဇင်တွေ စံပါယ်တွေမြတ်လေးပန်းတွေ ရာသီပေါ်ပန်း
စုံဖူးပွင့်ခွင့်နဲ့ အိမ်ကို မွှေးကြိုင်သင်းစေခဲ့တဲ့မေမေ ။

သားသမီးတွေကို လောကဓံလှိုင်းတံပိုးတွေထဲ လှိုင်းမှူးလည်းမဖြုံ ဘ၀လှိုင်းဒဏ် ကြံ့ကြံ့ခံရင်း သားသမီးတွေ
ဘ၀ တော်သထက်တော် မြင့်သထက်မြင့်စေခဲ့တဲ့ မေမေ ။ သူ့ကောင်းကျိုးတစက်လေးတောင် မကြည့်တတ်ခဲ့တဲ့မေမေ။
သားသမီးတွေဆီကနေ ဘာတစ်ခုမှ မျှော်လင့်ချက်နဲ့ လုပ်ကိုင်မပေးတတ်ခဲ့တဲ့ မေမေ ။ သားသမီးတွေ လူလားမြောက်လို့

ဘ၀၀မ်းစာတွေပြည့်လျှံဖို့ အရေး ပညာအမွေ လောကုဋ်အမွေ ယဉ်ကျေးမူ့အမွေ ရိုးရာအမွေ အချိန်တန်
လို့ လောကထဲ လောကပင်လယ်ထဲ လက်ပစ်ကူးမဲ့သားသမီးတွေအတွက် အိမ်တွင်းအလုပ်စီးပွား သိမ်းထုတ်သေချာစေခဲ့
တဲ့ မေမေ ။ သားသမီးတွေ အတောင်အလက်တွေစုံလို့အမေ့အိမ်လေးကို တစ်ယောက်ပြီး တစ်ယောက်ကျောခိုင်းစွန့်ခွာ
ထွက်သွားချိန်မှာလည်း အမေဟာ တရားဓမ္မနဲ့ ပျော်မွှေ့လို့သားသမီးတွေ အတွက် မေတ္တာတွေဝေနေစဲမေမေ ။

ဒီလို ကျွန်မတို့ ဖ၀ါးလက်နှလုံး ပခုံးလက်နှစ်သစ်လူဖြစ်စလေးကနေ အိုအေးဆို တေးဆိုငြီးရင်း မမောနိုင်မပန်း
နိုင် ယုယပိုက်ထွေးပြီး နေပူမိုးရွာ မရှောင်ရက်ခဲ့သူမေမေ ။ သားသမီးလေးတွေ အရိပ်ထဲမှာချွေးသိပ်စေပြီး နေရေးထိုင်ရေး
လောကီရေးတွေဘယ်လောက်ပင်ရူပ်ထွေးနေခဲ့လဲ တေးဆိုချော့သိပ် အကြင်နာပိုခဲ့တဲ့ မေမေ ။ ကြယ်လတွေကို
ဆွတ်ခူးလို့ ပန်းလိုသီလို့ ရကောင်းပေမဲ့ မြင့်မိုရ်ဦးက မေမေ့အတွက် သားသမီးတွေက ပြုစုယုယမူ့ ပန်းတွေကို မသီပေး
နိုင်ခဲ့ဘူးမေမေရယ် ။

အခုတော့ မေမေကလေ လောကမြေပေါ်ကို ခြေချပြီးသည်မှ ပြန်လည်ထွက်ခွာချိန်တိုင်တော့မှာတောင်
ကျွန်မတို့ သားသမီးတွေ မေ့မေ့နားမှာ ကွန်းခိုနားထောက်နေချင်ကြတုံး ။ မေမေတွေအတွက် တာဝန်ပေ
မတွေနဲ့ ဘမ်းပြ မေမေအိုမင်းကြီးရင့်ချိန်မှာ ကျွန်မတို့သားသမီးတွေ ထမင်းတစ်လုပ်ရေတစ်ခွက် ခွံ့ကျွေးတိုက်ခွင့်
မကြုံရသေးဘူး ။(((( တာဝန်မကျေတဲ့ သားသမီးတွေ အတွက် မေမေအပေါင်းရဲ့ မေတ္တာတွေကိုယ်စား တုနိုင်းမဖွဲ့သာသော
စွမ်းအားရှိသမျှလေးဖြင့် ကျန်ရှိနေသေးတဲ့ အချိန်လေးမှာ ကျွန်မတို့သားသမီးတွေ မေမေ့အတွက် ပေးဆပ်ခွင့်လေးရှိ
သမျှကို(( လက်ကျန်အသက်လေးနဲ့ )) မေမေတွေကို ဆက်ချစ်ပေးကြပါ ပြုစုလုပ်ကျွေးကြပါ ။

ကြင်နာနွေးထွေးပေးကြပါလို့))))
တောင်းဆိုရင်း ကျွန်မချစ်သော မြင့်မိုရ်ဦးက မေမေအပေါင်းအားဦးညွှတ်ဂုဏ်ပြုလိုက်ပါသည် ။

((((( မိဘဆိုတာ ရှေ့ဆောင်ကောင်းတစ်ယောက်ဖြစ်သလို သားသမီးတိုင်းကလည်း မိခင်ကောင်းတွေဖြစ်ဖို့ ရှေ့ဆောင်
နွားလားဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်သကဲ့သို့ ရှေ့ဆောင်ကောင်းတဲ့ မေမေတွေမှသည်
နောက်လိုက်ကောင်းဖြစ်တဲ့ သားသမီးလေးများဆီသို့ )))))

******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******
( ၂၃ . ၁၂ . ၂၀၁၃ .)

ငါ့ရဲ့အတ္တ

$
0
0

ပန်းတစ်ပွင့်ရဲ့ရနံကို..........ယုယစွာရှိုက်နမ်းဖို့ထက်

ပန်းတစ်ပွင့်ရဲ့ဥယာဉ်မူးကို.....ငါတန်ဖိုးထားစွာနမ်းရှိုက်ပါရစေ။။။။။။။။။။။။။။။။

ကာရံလှတဲံကဗျာတစ်ပုဒ်ကို.................ရင်ခုန်စွာခံစားနေဖို့ထက်

ကဗျာကိုဖန်တီးတဲ့မင်းနှလုံးသားကို.............ငါရင်ခုန်စွာသိမ်းပိုက်၇ပါရစေ။။။။။။။။။။။။။။။

မာယာတွေဆင့်ကဲဖြန်းထားတဲ့..........မင်းအပြုံးတွေထက်

ဟန်ဆောင်မှု့တွေကင်းတဲ့မင်းရဲ့အမုန်းတွေကို.................ငါရင်နာစွာမျှော်လင့်ပါရစေ။။။။။။။။။။။။။။။။။

ငါကိုချစ်ဖို့ထက်................ဘယ်သူ့ကိုမှမင်းမချစ်တာကိုငါတောင်းဆိုပါရစေ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စုဗူး.ဆိုတာဒီလိုပါ

$
0
0
ဆိုက်‌ထဲမှာ.နာမည်‌ကဆန်းဆန်း‌လေးနဲ့‌ခေါ်‌ကောင်း‌တော့သူငယ်‌ချင်း‌တော်‌‌တော်‌များများကစတယ်‌‌နောက်‌တယ်‌၊ဗူးဆိုတဲ့စကားလုံး‌လေးက‌နောက်‌ချင်‌စရာကိုး၊
ဘာ‌တွေစုထားလည်း၊ဘယ်‌‌လောက်‌ရပြီလည်း၊ပိုက်‌ဆံ‌ချေးပါဦး၊စသဖြင့်‌‌ပေါ့၊စုဗူးတစ်‌‌ယောက်‌ကြည်‌နူးရပါတယ်‌၊
‌ရေးပြီးတင်‌ဖြစ်‌တဲ့စာ‌တွေကလည်းလွမ်းတဲ့အ‌ကြောင်း‌ရေးတာ‌တောင်‌ရယ်‌စရာနဲ့မို့၊သူငယ်‌ချင်းများမျက်‌လုံးထဲဖိုက်‌စတားကလူရွှင်‌‌တော်‌တစ်‌ဦးဦးကိုများမြင်‌‌ယောင်‌‌နေမလားဘဲ၊ကိစ္စမရှိပါဘူး၊ကျင်‌၀ှက်‌ကလွဲပြီးဘယ်‌သူ့မျက်‌နှာမြင်‌မြင်‌‌ကျေနပ်‌ပါတယ်‌၊
တကယ်‌အပြင်‌မှာက၊လူမင်းနဲ့‌ဒွေးနှစ်‌‌ယောက်‌‌ပေါင်းဆီကလှသမျအကုန်‌စုပြီးပုံ‌ဖော်‌ယင်‌‌တောင်‌မှီမယ်‌မထင်‌ဘူး၊ခန့်‌‌ချောကြီးလို့မိတ်‌‌ဆွေ‌တွေက‌ပြောကြတယ်‌၊၀တ်‌ထားတဲ့လုံခြည်‌ကိုပါ။
အာလူးဖုတ်‌‌နေတာနဲ့လိုရင်းကိုမ‌ရောက်‌ဘူး၊
ပထမဆုံးgmail account စလုပ်‌စဉ်‌ကနာမည်‌တူ‌တွေရှိ‌နေလို့ပြန်‌ပြန်‌တင်‌ရတာနဲ့ဘယ်‌နှစ်‌ရက်‌မှန်းမသိမိုးလင်းဘူးတယ်‌၊‌နောက်‌မှသင်‌ဆရာမြင်‌ဆရာ‌တွေရဲ့လမ်းညွှန်‌မှုနဲ့accountရတယ်‌။
‌နောက်‌တဆင့်‌တက်‌.ချက်‌တင်‌ထိုင်‌တယ်‌ဆိုတာစိတ်‌၀င်‌စားလို့‌လေ့လာတယ်‌၊ph,နံပါတ်‌တစ်‌ခုရလာတယ်‌၊စာ‌ရေးကြည့်‌တယ်‌၊ပြန်‌‌ဖြေတယ်‌၊‌ပျော်‌လိုက်‌တာ၊မိုးနတ်‌မင်းကြီးနဲ့စကား‌ပြော‌နေရသလိုဘဲ၊ဒီလိုနဲ့သုံးည‌လောက်‌‌နေ‌တော့စာ‌မေးပွဲတစ်‌ခု‌ဖြေရမှာမို့စာကျက်‌စရာရှိတယ်‌တဲ့၊by by တဲ့။
‌နောက်‌‌တော့‌ရွှေမြို့‌တော်‌ကိုလိုက်‌ခဲ့ပါတဲ့၊
စုဗူးစားသွားတယ်‌၊ဥစ္စာ‌စောင့်‌‌တော့မဟုတ်‌‌လောက်‌ပါဘူး၊‌ရွှေမြို့‌တော်‌ဆိုတာ၊‌နေပြည်‌‌တော်‌လိုအသစ်‌တည်‌တဲ့မြို့လား၊ဟုတ်‌တယ်‌ဆို‌တောင်‌နာမည်‌နဲ့ဖုန်းနံပါတ်‌သိယုံနဲ့ဘယ်‌လိုရှာမလည်း‌ပေါ့၊ဒီလိုနဲ့ငုတ်‌တုပ်‌‌မေ့၊ဥစ၊‌စောင့်‌‌လေးကိုလည်းစာ‌ရေးကြည့်‌ဘာမှမပြန်‌၊‌တေပီဆာ။
ဒီလိုနဲ့‌နေလာယင်း၊နယ်‌ကသူငယ်‌ချင်းတစ်‌‌ယောက်‌က‌ရွှေမြို့‌တော်‌ဆိုတာweb siteလိပ်‌စာ‌တွေ့ဘူးတယ်‌လို့‌ပြောတယ်‌ရှာကြည့်‌‌ပေါ့တဲ့၊
googleက‌နေရှာလိုက်‌တာ၊‌ရွှေမြို့‌တော်‌မှတ်‌ပုံတင်‌ရန်‌ထိ‌ရောက်‌‌တော့တာ‌ပေါ့၊
လူကနည်းနည်းတွန့်‌သွားတယ်‌၊အသင်းဝင်‌‌ကြေးဆိုပြီးbillထဲကဖြတ်‌ယင်‌ငါ‌ငွေလက်‌ကျန်‌ဘယ်‌‌လောက်‌ရှိပါလိမ့်‌‌ပေါ့၊internetချိတ်‌တုန်းကတစ်‌‌သောင်းဝန်းကျင်‌ကုန်‌တာမို့ပလွန်‌ဆုံးတစ်‌‌သောင်း‌ပေါ့၊အို‌ကေလုပ်‌မယ်‌၀င်‌မယ်‌ဆိုပြီးဆက်‌လုပ်‌တာ၊နာမည်‌ကျ‌တော့စဉ်းစားရပြီ၊နာမည်‌တူ‌တွေများမယ်‌၊ဘာ‌ပေးယင်‌‌ကောင်းမလည်း၊
ဒီမှာတင်‌၊‌မေ‌မေရဲ့စကားကိုသတိယမိတာ၊စုဗူးမှာအိမ်‌နာမည်‌ငယ်‌နာမည်‌သီးခြားမရှိဘူး။
‌မေ‌မေကသူ့မိတ်‌‌ဆွေတစ်‌ချို့ကိုစုဗူးနဲ့မိတ်‌ဆက်‌‌ပေးယင်း‌ပြော‌လေ့ရှိတယ်‌၊သူ‌ပေါ့စုဗူးဝယ်‌ခိုင်းတာ‌လေ၊အစ‌တော့မသိလိုက်‌မသိဘာသာဘဲ၊သုံး‌လေးဦး‌လောက်‌ကိုအခါသင့်‌တိုင်း‌ပြောလာ‌တော့မှ၊
အ‌မေဘာလည်းဟင်‌စုဗူးဝယ်‌ခိုင်‌တယ်‌ဆိုတာ၊ဒီ‌တော့‌မေ‌မေကရယ်‌ပြီး၊
သားငယ်‌ငယ်‌ငါးနှစ်‌သား‌လောက်‌ကပိုက်‌ဆံစုမယ်‌ဆိုပြီး‌မေ‌မေ‌ဈေားသွားကာနီးယင်‌ပစ်‌တိုင်း‌ထောင်‌စုဗူး‌လေးမှာတယ်‌၊‌မေ‌မေက‌မေ့ယင်‌စိတ်‌‌ကောက်‌တယ်‌၊၀ယ်‌လာပြန်‌‌တော့လည်းတစ်‌ရက်‌နှစ်‌ရက်‌စုပြီးခွဲလိုက်‌ပြန်‌‌ရောစုဗူးကငါးကျပ်‌ဆိုသားစုတာတစ်‌ဆယ်‌၊ဆယ့်‌ငါးကျပ်‌‌ပေါ့၊‌နောက်‌‌နေ့‌ဈေးသွားကာနီးမှာပြန်‌‌ရော၊သားကဒီတစ်‌ခါတစ်‌ကယ်‌စုမှာပါ‌ပြောလို့‌မေ‌မေက၀ယ်‌လာပြန်‌‌ရော၊ထုံးစံအတိုင်းရက်‌နည်းနည်းရယင်‌ခွဲပြန်‌‌ရောနဲ့‌ဈေးပြန်‌‌မေ‌မေ့မိတ်‌‌ဆွေ‌တွေကဘာဝယ်‌လာလည်း‌မေးယင်း‌ဈေးခြင်းကိုကြည်ံယင်‌သားမှာတဲ့စုဗူးကိုမြင်‌မြင်‌‌နေ‌တော့‌မေးတာ‌ပေါ့၊ကြာ‌တော့စုဗူးတို့‌မြေအိုးတို့‌ရောင်းတဲ့အဖိုးကြီးကအမ်းစရာမရှိယင်‌‌နောက်‌တစ်‌‌ခေါက်‌မှ‌ပေါင်း‌ပေးပါတူမကြီးရယ်‌‌ပြောယူရတယ်‌။
ရယ်‌ရတယ်‌‌နော်‌၊ဒီလို‌ကောင်‌မျိုး၊ခုချိန်‌ထိရည်‌ရွယ်‌လိုက်‌အခွဲခံလိုက်‌၊ကိုယ်‌ကခွဲလိုက်‌နဲ့မ‌ရေတွက်‌နိုင်‌‌တော့ဘူး၊
အဲဒါနဲ့စုဗူးလို့‌ရေးဖြစ်‌ရာက၊ခုချိန်‌ထိဆိုပါ‌တော့ခင်‌ဗျာ။
ဒီစာစုကိုဖတ်‌မိယင်‌စုဗူးဆီပိုက်‌ဆံမ‌ချေးရဲမှာ‌သေချာပါတယ်‌။
စကားကျန်‌‌နေ‌သေးတယ်‌၊ခုဏက‌ပြောတဲ့ဥစ္စာ‌စောင့်‌ကိုရည်‌စူးပြီးခပ်‌စွာစွာနဲ့‌မေ့တတ်‌တဲ့သူတစ်‌‌ယောက်‌ကိုခင်‌ချင်‌လို့ပါလို့‌ရေးထားတာစုဗူးအိမ်‌၀မှာ‌တွေ့မိမယ်‌ထင်‌ပါတယ်‌၊ခုချိန်‌ထိ‌တော့မ‌တွေ့‌သေးသလိုသူရဲလို့‌ပြောလို့ရန်‌‌တွေ့တဲ့ဖုန်းသူရဲမမ‌လေး‌တွေနဲ့ဘဲ‌တွေ့ပါ‌သေးတယ်‌လို့၊ဖုန်းသူရဲကအလန်း‌လေးဗျ၊ခိေိ။
အားလုံးကို‌လေးစားစွာဖြင့်‌.....စုဗူး

`ဆရာဝန်တစ်ယောက် အလိုရှိသည်။´

$
0
0

၁၅၀၀ပေးမေတ္တာဈေးနှင်.

မေတ္တာာအိမ်လေးရောင်းရန်ရှိသည်။

ဝယ်မဲ.သူမရှိရုပ်ဆိုးမလေးကျွန်မ

ဟိုဒီလျှောက်သွားလမ်းခုလတ်ဝယ်

နှလုံးသားဒဏ်ရာ

မျှားထိမှန်လို.

ပင်တိုင်လစာ၁၅၀၀နှင်.

`ဆရာဝန်တစ်ယောက် အလိုရှိသည်။´

စိတ်ဝင်စားပါက..........@gmail.comသို.လျှောက်ထားနိုင်သည်။

ဆက်သွယ်ရန်ဖုန်း။ ။၀၉၄၂၀၀၀ဘဲဥဘဲဥ ငုံးဥငုံးဥကြက်ဥ။

မှတ်ချက်။ ။(စိတ်ဝင်စားတယ်ဆိုပီးလာလျှောက်မနေနဲ.နော် ခါးကနောက်တာ အဟတ်)

********* မိန်းကလေးများ အပျိုတော်ဝင်လာပြီဆိုရင် ဘယ်လိုထိန်းသိမ်းနေထိုင်သင့်လည်း *********

$
0
0

********* မိန်းကလေးများ အပျိုတော်ဝင်လာပြီဆိုရင် ဘယ်လိုထိန်းသိမ်းနေထိုင်သင့်လည်း ********

မိန်းမပျိုလေးများ တော်တော်များများကို သင်တို့တစ်တွေမြင်ဘူးကြပါလိမ့်မည် ။သို့သော်ခရီးသွားဟန်လွဲလေး
များမတော့ ကျွန်မတို့ မိန်းမပျိုလေးတွေဟာ ဆက်ကော့လက်ကော့ အသွင်တင့်တယ်ဟန်လေးများနှင့်ပေါ့ ။ဒါပေမဲ့ မိန်းမပျို
လေးအတော်များများ အိမ်တွင်းမှာပြုမူနေထိုင်ခြင်း ထိန်းသိမ်းတတ်ခြင်းတွေမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အပျော်အပါးဖြေ
ပျော်စရာတွေများလာတာနှင့် အမျှ မိမိကိုယ့်ကို လန်းဆန်းတတ်ကြွစွာနဲ့ကျက်သရေ မင်္ဂလာရှိစွာ နေထိုင်တတ်ခြင်းအမူ့တွေ
မှာ အတော်အားနည်းရပ်ဝန်းတခု ဖြစ်ပေါ်မှန်းမသိဖြစ်ပေါ်နေကြပါတယ် ။

မိန်းမပျိုလေးတွေ နေထိုင်တဲ့ အိမ်အတော်များများကိုလေ့လာကြည့်ပါ သူတို့လေးတွေမှာ အလွှာပေါင်းစုံဖြစ်
တည်နေကြတာကတော့ IT ပစ္စည်းတခုမဟုတ် တခုနဲ့ အလုပ်တွေ ရူပ်နေတတ်ပြီး အရွယ်တော်ဝင်စ အပျိုဖြန်းလေးများ
ဟာညစ်ထေးထေးနဲ့ အိမ်မှာ ကြည့်လိုက်ရင် အပေါ်ရံရွှေမှုံကြဲထားပြီး ကိုယ်တွင်းကိုယ်ပ အိမ်တွင်းအိမ်ပမတော့ ရူပ်ပေပွ
လျောင်းပြီး ရူ့ချင်စဖွယ် မရှိ သိုမိုစွာ နေထိုင်းခြင်းအမူ့တွေမှာ ပျော်ပါးနေကြတာကို တွေ့မြင်နေရတတ်ပါတယ် ။

အနာဂတ်ခရီးရှည်ကြီးလက်လွဲပြောင်းဆက်ခံမဲ့ ဒီသမီးပျိုသားပျိုတွေဟာတိုင်းပြည်တစ်ပြည်ရဲ့တန်ဘိုးကိုမဆို
ထားနဲ့ မိမိရဲ့တန်ဘိုးတွေကိုတောင်မတွက်ချက်တတ်ရင် ကျွန်မတို့ တိုင်းပြည်ကြီး တိုးတတ်တာလားဆုတ်ယုတ်နေတာလား
ဆိုတာလေးကို ခွဲခြားနားလည်စေချင်ပါတယ် ။

ကျွန်မတို့ တိုင်းပြည်တခုရဲ့ ယဉ်ကျေးမူ့စွမ်းအင်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မူ့စွမ်းအားတွေ ရိုးရာဓလေ့
တွေ အတွက် အမျိုးကောင်းသမီးလေးတွေရဲ့ (( အား )) အပေါ်အများကြီးတည်မှီနေပါတယ် ။

မိန်းမပျိုလေးရဲ့ ပြုမူနေထိုင်ထိန်းသိမ်းတတ်ခြင်းအမူ့တွေဟာ သက်ရှိကမ္ဘာလောကကြီးနဲ့လူသားတွေဂေဟ
စနစ်နဲ့ အရာအားလုံးချိတ်ဆက်နေသလို တိုင်းပြည်တစ်ခုရဲ့ တိုးတတ်ခြင်း ဆုတ်ယုတ်ခြင်းတွေတည်မှီနေတတ်ပါတယ်။

တိုင်းပြည်တစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာတွေတိုးတတ်ပြီး စိတ်ပိုင်းဆိုင်ရာတွေ နိမ့်ကျလာနေရင် ဒီတိုင်းပြည်ရဲ့ ပင်မ
လူမျိုး ယဉ်ကျေးမူ့ ထုံတမ်း ကိုးကွယ်ယုံကြည်မူ့တွေ ပျောက်ပျက်လာကုန်ရင် ကျွန်မတို့ဟာ ဘာလူမျိုးလည်း ဘာယဉ်
ကျေးမူ့တွေထွန်းကားလည်း ဘာတွေကို ကိုးကွယ်ယုံကြည်သက်ဝင်လည်း ဆိုတာ ချပြဖို့တောင် ခတ် ခတ်ခတ်ဖြစ်လာမယ် ။

ဒါကြောင့် အနာဂတ်ကာလကြီးအတွက် မြန်မာသမီးပျိုလေးတွေဟာ မြန်မာကမွေးတဲ့ မြန်မာ့သမီးပျို
တစ်ယောက်ဟာမြန်မာ့ယဉ်ကျေးမူ့ကို မီးမောင်းထိုးပြနိုင်တဲ့ အမျိုးကောင်းသမီးလေးတွေဖြစ်နေသင့်ပါတယ် ။

ရိုးရာယဉ်ကျေးမူ့ ထုံးတမ်းတွေကို နားလည်လက်ခံယူတတ်ရမယ် ။ရုပ်ပိုင်းဆိုင်ရာတိုးတတ်မူ့အပေါ်မှာ သာ
ယာ ပြီး စိတ်ပိုင်းဆိုင်ရာတွေကျဆုံးနေရင် ဘာသာယဉ်ကျေးမူ့တွေကို မင်းတို့လေးတွေမေ့လျော့နေရင် တော့မင်းဟာမြန်မာ
ဆိုတာ ပြောဖို့ ရှက်တတ်ကြစမ်းပါကွယ် ။

မြန်မာသမီးပျိုဆိုတာလေ အပျိုတော်ဝင်လာပြီဆိုရင် အနေအထိုင်ပိရိသေသပ်တတ်ရမယ် ။ မနက်အိပ်ယာနိုးထ
ကိုယ်လက်မျက်နှာသန့်စင်ပြီးခန သနပ်ခါးပန်းနံသာမွှေးမွှေးလေးပါးပေါ်တင်လို့သပ်ရပ်သန့်ရှင်းတဲ့ အ၀တ်အစားလေးကိုယ်
မှာကပ်လို့ ဦးစွာပထမ မြတ်ဗုဒ္ဓကို ရှစ်ကိုးကော်ရော်အလေးအမြတ်ပူဇော်ပြီး မျက်နှာသစ်တော်ရေ သုံးတော်ရေသောက်တော်
ရေ ပန်းလေးတွေ ပူဇော်ပြီး တဖန် ကိုယ့်အိမ်ယာတွင်းသန့်ရှင်းအိပ်ယာ သန့်စင်ကာဖြင့် အိမ်မူ့ကိစ္စအ၀၀ကို မိခင်မာတာ
အားကူးညားခန လိုရာပြီးမြောက်ခရီးရောက်သော် သွားမြဲနေမြဲလုပ်မြဲတိုင်းနှင့် ကျော့ရှင်းခန္ဓာ သန့်စင်ကာဖြင့် အချိန်ပိုညား
ရှိလက်ပြန်သော် တရားစာပေ ပွားဝေကာဖြင့် ဖရုဿဝါစာရုန့်ရင်းကြမ်းစွာသော ပြောဆိုဟားတိုက်ရယ်မောခြင်းငှာ မနေရှာ
သင့်ပေဘူးပေါ့ ။

မိန်းမပျိုလေးဆိုတာ ((((( ကျောက်ရိုင်းလေးတစ်တုံးလိုပါပဲကွာ ...... ဒီကျောက်ရိုင်းလေး ၀ယ်ယူဖို့အောင်
မအောင်စောင့်ကြည့်နေသူတွေ အများကြီးမို့ပါ ))))ဒီလိုစောင့်ကြည့်သူတွေ ၀န်းရံခစားခံနေရတဲ့ မိန်းမပျိုလေးအရွယ်တော်
ဝင်စမှာကိုယ့်ရဲ့တန်ဘိုးကိုမြင့်သထက်မြင့်မဲ့ အပြုအမူမျိုးတွေကိုပိုင်ဆိုင်သင့်တယ်သိသင့်တယ်လေ ။

မိန်းမပျိုလေးဆိုတာ (((( စာအုပ်ကောင်းတစ်အုပ်နဲ့လဲတူပါတယ် ))))စာအုပ်ကောင်းလေးတစ်အုပ်ကိုဖတ်နေ
တဲ့သူဟာ ဒီစာအုပ်လေးကိုလက်ကမချချင်သလို မိန်းမပျိုလေးတွေကလည်း အရသာခံဖတ်လေ ကောင်းလေဖြစ်တဲ့စာအုပ်
လေးလို နေထိုင်တတ်ရမယ် ။

မိန်းမပျိုလေးတွေဟာ (((((ပန်းရောင်စုံရူ့ခင်းကြီးနဲ့လဲအလွန်တူပါတယ် ။))))) ပန်းရောင်စုံတွေနဲ့ပြည့်ညှက်နေ
တဲ့ရူ့ခင်းကြီးဟာ ကြည့်လေကြည့်လေသာယာနှစ်သက်ဖွယ်ကောင်းလေ မျက်စိပသာဒဖြစ်လေပါပဲ ။

မိန်းမပျိုလေးတစ်ယောက်ရဲ့အဆင်းအချင်းတွေဟာလဲေ၇ာင်စုံရူ့ခင်းကြီးတစ်ချပ်ဆိုတာမမေ့ပါနဲ့ ။ဒါကြောင့်
မိန်းမပျိုလေးတစ်ယောက်ဘ၀ကို ပြီးစလွယ်မဖြတ်သန်းချင်ပါနဲ့ ။ လှပတဲ့ ရောင်စုံရူ့ခင်းကြီးနဲ့တူအောင်ကြိုးစားပါ ။

မိန်းမပျိုလေးတစ်ယောက်ဟာ((((( ရောင်စုံသက်တန့်တစ်စင်းနဲ့လည်းတူပါတယ် ။ ဒီလို လှပတဲ့ ရောင်စုံ
သက်တန့်တစ်စင်းဖြစ်ပေါ်ဖို့ ရေမှုံရေမွှားလေးတွေကနေ ဖြစ်တည်လာတတ်သလို မိန်းမပျိုလေးဘ၀ လှပဖို့ကလည်း
မိမိရဲ့ အသွေးအမွှားလေးတွေကနေစပြီး ဂရုစိုက်ပြုမူထိန်းသိမ်းတတ်ရပါ့မယ် ။

ဒီလိုပါပဲ မိန်းမပျိုလေးတွေဟာ တခါတရံမှာ (((((လှပသန့်စင်တဲ့ ပုလဲလုံးလေးနဲ့ သဏ္ဍန်တူပါတယ် ။))))
နှစ်သက်လိုချင်စဖွယ် တန်ဘိုးကြီး ပုလဲတစ်လုံးလေးဖြစ်တည်လာဖို့က သူ့ရဲ့ ကိုယ်တွင်းကမျက်ရည်ဆိုတဲ့ အညစ်အကြေး
လေးတွေ များစွာပြိုဆင်းပေးခဲ့ရပြီးမှ လှပတန်ဘိုးကြီးတဲ့ ပုလဲတစ်လုံးဘ၀ကိုရလာနိုင်တာပါ ။

ထို့အတူပါ မိန်းမပျိုလေးတွေ`ဟာ မကောင်းတဲ့အမူအကျင့်လေးတွေကို အချိန်မှီစွန့်ထုတ်ပြစ်ပြီး တန်ဘိုးမ
ဖြတ်နိုင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်အောင် ကြိုးစားစေချင်ပါတယ် ။

လူသားတိုင်းမှာတော့ သူ့တန်ဘိုးနဲ့သူရှိတဲ့သူတွေကြီးပါ ။ ဒီထဲကမှ မိန်းမပျိုလေးတစ်ယောက်ရဲ့ တန်ဘိုး
ဟာ ဘ၀တစ်ခုလုံးနဲ့ ညီမျှပါတယ် ။ မိန်းမပျိုလေးတစ်ယောက်ရဲ့ဖြစ်တည်မူ့အစမှသည် မိမိရဲ့ ပြုမူနေထိုင်ထိန်းသိမ်းတတ်
ခြင်းတွေ အားကောင်းရင်ကောင်းသလောက် တန်ဘိုးတွေကလည်း မြင့်လာနေမှာ မလွဲပါဘူး ။

မည်သူကိုမျှ အထင်မသေးသင့်သလို မည်သူကိုမျှလည်းလျော့မတွက်သင့်ပါဘူး ။
မိန်းမပျိုလေးတစ်ယောက်၏ ((( စာရိတ္တ ))) (( အကျင့်)) ကောင်းမွန်ရင် မိန်းမပျိုလေးရဲ့ နောက်ကြောင်းကလည်း ရှင်းလင်း
စွာတည်ရှိပါလိမ့်မည် ။

ပါမောက္ခတစ်ဦးးဟာ တက္ကသိုလ်ဝန်းကျင်တခုမှာ အရေးပါ အရာရောက်သူဖြစ်ကောင်းဖြစ်ပေမဲ့ သမုဒ္ဒရာထဲ
လှေစီးပြီးသွားတဲ့ အခါ လှေသမားတစ်ယောက်လောက်အရေး ပါချင်မှ ပါနိုင်ပါ့မယ် ။

ကျွန်မတို့ မိန်းမပျိုလေးများဟာလည်း အပျိုတော်ဝင်စမှသည် ဘ၀ပန်းတိုင်ဆီကို ချီတတ်ကြရာမှာတော့
ဒီလို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့တင် သာယာစီးမျောမနေပဲ မိန်းမပီသမဲ့ အရည်အချင်းစွမ်းရည်ဥာဏ်ရည်တွေ အိမ်တွင်းမူ့
ထိန်းသိမ်းတတ်ခြင်းတွေ ဘာသာရေးတွေ ယဉ်ကျေးမူ့အမွေအနှစ်တွေကို ထိန်းသိမ်းတတ်မြောက်ပြီး မိမိတစ်ကိုယ်ရည်မှာ
လည်း သန့်သန့်ရှင်းရှင်း အိမ်တွင်းမှာနေစဉ်လည်း သေသပ်ကျက်သရေရှိစွာ နေထိုင်တတ်ခြင်းအမူ့တွေကို ပြုမူဆောင်ရွက်
တတ်စေချင်တယ် ။ပါမောက္ခတစ်ဦးလို လှေသမားတစ်ယောက်လို ဘ၀လှိုင်းကြမ်းကြီးထဲ ဖြတ်သန်းချိန်မှာ လိုအပ်တဲ့အရည်
အချင်းတွေပြည့်မှီနေဖို့ တတ်သိလိမ္မာသင့်သောအပြုအမူနေထိုင်ထိန်းသိမ်းတတ်ခြင်းအမူ့တွေကို ဘ၀တစ်ခုအတွက် လို
သလိုပုံဖော်ထုဆစ်နိုင်အောင် (((( လူမျိုးဘာသာ ယဉ်ကျေးမူ့ရှေးထုံးစဉ်လာများကို အင်အားမဲ့စေမဲ့ သမီးပျိုလေးများ ))))
မဖြစ်စေဖို့ ကြိုးစားစေချင်ပါတယ် ။

ဒါကြောင့် မိန်းမပျိုလေးတွေဟာ ကိုယ့်ရဲ့ လူမျိုးဘာသာယဉ်ကျေးမူ့အတွက်
ဦးခေါင်းကို ရတနာသုံးပါးဖြင့် အလှဆင်ပါ ။
နားကို တရားဖြင့်အလှဆင်ပါ ။
ပါးစပ်ကိုသစ္စာစကားဖြင့်အလှဆင်ပါ ။
လက်ကို ဒါနဖြင့်အလှဆင်ပါ ။
ခန္ဓာကိုယ်ကို သီလဖြင့် အလှဆင်ပါ ။
ဘ၀ကို ဘာဝနာဖြင့် အလှဆင်တတ်တဲ့ အမျိုးကောင်းသမီးပျိုလေးများဖြစ်ကြပြီး
((((( အပြစ်မရှာပဲ အဖြေရှာတတ်သူတွေဖြစ်အောင်ကြိုးစားပါ ))
ကိုယ့်မှာရှိတဲ့ အလင်းရောင်လေးနဲ့ ရောက်ရှိနေရာ ပတ်ဝန်းကျင်ကို ထွန်းလင်းမူ့တွေပေးနိုင်တဲ့ သူလေးများဖြစ်အောင်
လေ့လာကြိုးကုတ်ရင်း အပျိုတော်ဝင်စ မိန်းမပျိုလေးမှသည် နောင် အမျိုးသမီးကမ္ဘာကြီးကို အလှဆင်နိုင်သူ များသို့
ဦးတည်ရည်သန်လျှက် .......................................................................................။


******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******

( ၂၃ . ၁၂. ၂၀၁၃ )

ဘ၀အကြောင်း တစေ့တစောင်း(၂)

$
0
0

       အချစ်ဆိုတာ ဘ၀နဲ့ခြားနားထားတာလားလို့ ကျွန်တော်ကို ကျွန်တော်မေးခွန်းထုတ်မိတယ်။အချစ်နဲ့ဘ၀   ဘ၀နဲ့အချစ်ဆိုသလိုမျိုး  ဘ၀စကြာဝဠာအပြင်ဘက်မှာ ကျွန်တော်နဲ့ဧကရီ  အချစ်များနဲ့ ငြိမ်းချမ်းနေ၏။အမုန်းကို မလိုလားပေမဲ့ အမှောင်ရိပ်ထုကြီးထဲက ခွဲခွာခြင်းကံကြမ္မာဂြိုဟ်ဆိုးဝင်လာတယ်။

       ``ဧကရီ  သမီးရိုင်း မိဘစကားနားမထောင်ဘူး``

      ကျွန်တော်နဲ့ဧကရီနောက်ကို လှည်းကြည့်လိုက်ကြသည်။သမင်ကို ချောင်းနေတဲ့ ကျားပမာအလား မျက်လုံးနီနီနဲ့ ဒေါသကိုရှေ့တန်းတင်ထားတဲ့ အသက်(၅၀)အရွှယ် လူကြီးတစ်ယောက် ကျွန်တော့်ဘေးမှာရပ်နေတဲ့ ဧကရီကို သူ့ဘက်ကိုဆွဲခေါ်သွား၏။

        ``သမီးနဲ့စေ့စပ်ထားတဲ့သူ ရှိနေပြီလေ  ဘာလို့ ကားဝပ်ရှော့လုပ်တဲ့ အကောင်ကို ချစ်နေရတာလဲ``

       ဤစကားက ကျွန်တော့်ကို ရည်ရွယ်ပြီးပြောတာကို ကျွန်တော်ရိပ်မိနေပြီ။ကျွန်တော့် ဘ၀အခြေအနေကိုလေ့လာထားဟန်ရှိတယ်။ကျွန်တော် ကားဝပ်ရှော့လုပ်တာကို ဧကရီလည်းသိပြီးသား သို့သော်ကျွန်တော် ဓနအင်အားနည်းတယ်။

       ``ကားဝပ်ရှော့လုပ်လို့  ဘာမှကြီးပွားမှာ မဟုတ်ဘူး သမီးတစ်သက်လုးံ ဆင်းရဲရမှာ``

        ကျွန်တော့်ကို  နာကြေးအောင် ပြောသည်ထက်ပိုလာသည်။ကျွန်တော် ဧကရီကိုချစ်တယ်။ဧကရီအတွက်ဆိုဘာမဆိုလုပ်ရဲတယ်။ဧကရီကို စိတ်ချမ်းသာအောင် ထားနိုင်တယ်။

      ``ဦးလေး အဲဒီလို မပြောနဲ့ဗျာ ကျွန်တော်ကို စော်ကားလွန်နေပြီ  ကျွန်တော်လည်းကိုယ်ပိုင်အလင်းနဲ့ပါ``

        ကျွန်တော်နဲ့ နှစ်ဦးကြားစကားအချင်းများနေတာ ဧကရီစိတ်မကောင်းဟန်ရှိ၏။မျက်ရည်ကျလာတာ ကျွန်တော်မြင်ရလာပြီ။ကိုယ်တိုင် မျက်ရည်သုတ်ပေးချင်သော်လည်း သြော်.. ကြားက ခြားထားသောစည်းတစ်ခု....

        ``မင်းက ဘယ်လောက်ထိ လင်းလက်နေလို့လဲ အဲ့အခုကတည်းကပြတ်ပြတ်သားသားပြောလိုက်မယ်  မင်းငါ့သမီးနဲ့မပက်သက်ပ့ါနဲ့တွေ့လို့ကတော့ မလွယ်သာမှတ်   ....လာ...သမီးသွားမယ်``

         မလိုက်ချင်ဘဲနဲ့ အတင်းအဓမ္မဆွဲခေါ်ပြီး လိုက်သွားသော ဧကရီအတွက်ပဲ ကျွန်တော်စိတ်မကောင်းဖြစ်နေမိတယ်။မိဘဆိုတာ သားသမီးကောင်းစားတာကို မြင်ချင်တယ်။သားသမီးကောင်းစားတာကို  မြင်ချင်လို့လဲ အချစ်စစ် အချစ်မှန်ကိုခွဲခြားမတတ်တော့ဘူး။ကျွန်တော့်လို ဆင်းရဲသားမှာ အချစ်စစ်ကို ထုတ်ပြချင်လို့လဲ ဓနဆိုတဲ့အရာက အသိအမှတ်မပြု  မျက်ရည်များနဲ့သာ ကျွန်တော့်ရပ်ကျန်ခဲ့၏။ ရာသီ ဥတုရဲ့ဖောက်ပြန်မူ နောက်မှာ ကမ္ဘာကြီး ပူနွေးလာသလောက် ငွေဂုဏ် ဒြပ်အောက်မှာလည်းအချစ်စစ် အချစ်မှန်ပျောက်ဆုးံလာသည်မှာ  ကျွန်တော်လို အဖြစ်မျိုးသာ။

    နောက်ဆုးံမှ   အချစ်ဆိုတာ ဘ၀နဲ့ခြားနားထားတာပဲလားလို့.....................................

        ``

      

""အပြုံးတစ်ချက်ဖြင့် အဆုံးသက်ထားသည်…""

$
0
0

သူမကို သနားတယ် ။ မိန်းကလေးချင်းမို့လားတော့မသိဘူး။ သနားတယ်ဆိုတာထက်ပိုပြီး သူမခံစားချက်ကို နားလည်နေမိတာတော့ အမှန်ပဲ။ အဲဒီတုန်းက သူမဘယ်လောက်အထိ ခံစားနေရရှာမယ်ဆိုတာကိုပဲ ချိုနွဲ့တွေးနေမိတယ်။

တကယ်တော့ သူမရဲ့ချမ်းသာကြွယ်ဝမှုက သာမန်ထက် ပိုပါတယ်။ ကြိုက်တဲ့သူကို လက်ညှိုးထိုးခိုင်းစေနိုင်စွမ်း သူမမှာရှိပါတယ်။  လူသားအားလုံး ငန်းငန်းတက်လိုချင်နေတဲ့ စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသန၊ အလှအပအားလုံး သူမပိုင်ဆိုင်တယ်။

ဒါပေမယ့် ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာရှိနေ ရှိနေ၊ ဘယ်လောက်ပဲ ပကာသနတွေ ကြွယ်ဝတယ်ပြောပြော သူမလည်း မိန်းမသားတစ်ယောက်ပဲ မဟုတ်လား။ လင်သားတစ်ယောက်ရဲ့ ယုယကြင်နာမှုကို မိန်းမသာပီပီ မျှော်လင့်တောင့်တမိမှာတော့ အမှန်ပဲလေ။ လင်သားတစ်ယောက်ရဲ့ အရိပ်မှာ ချစ်တဲ့သားတွေသမီးတွေနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နေချင်ရှာမှာပေါ့။ အခုတော့ သားတစ်ယောက် မွေးဖွားပြီးခါစမှာပဲ ချစ်လင်ရဲ့စွန့်ပစ်ခြင်းကို ခံလိုက်ရတယ်။

“တကယ်တော့ သိဒ္ဓတ္ထဟာ ယသောဓရာကို မချစ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ယသောဓရာထက် ချစ်ရမယ့်သူတွေ သူ့မှာရှိသေးတယ်။ အဲဒါက ဘယ်သူတွေလဲဆိုရင် သူအပါအ၀င် လူသားအားလုံးကိုပေါ့။ သူဟာ လူသားအားလုံးကို ယသောဓရာထက် ပိုချစ်ခဲ့တယ်။ ကိုယ်ချစ်တဲ့သူတွေ ဒုက္ခရောက်မှာကို ဘယ်သူမှ ကြည့်ရက်မှာ မဟုတ်ပါဘူးလေ။ သိဒ္ဓတ္ထလည်း အို,နာ,သေ-ဘေးတွေနဲ့ ဒုက္ခရောက်နေကြတဲ့ လူသားတွေကို မကြည့်ရက်လို့ ယသောဓရာကို မျက်ကွယ်ပြုခဲ့တယ်။ ယသောဓရာဟာ သိဒ္ဓတ္ထအတွက် အသက်ရှင်ခဲ့တာပါ။ သိဒ္ဓတ္ထရဲ့ရှင်သန်ခြင်းကတော့ လူသားအားလုံးအတွက်သာဖြစ်တယ်……”

အေးဆေးညင်သာလွန်းတဲ့ စကားသံတွေထဲမှာ ချိုနွဲ့နစ်မျောပျော်ဝင်နေမိတယ်။ တောထွက်တော်မူခန်းကို ရှင်းပြပြောဆိုနေတဲ့ ဦးဇင်းလေးရဲ့ စကားလုံးတိုင်းဟာ သူ့နှလုံးသားကို ကိုက်ဖြတ်စားသုံးနေသလို ခံစားရတယ်။ စကားသံတွေ အဆုံးမှာတော့ နှလုံးသားအထုတ်ခံလိုက်ရတဲ့ ရင်ခွင်တစ်ခုလို၊ ဦးခေါင်းအထုတ်ခံလိုက်ရတဲ့ ဦးနှောက်တစ်ခုလို အရာရာဟာ ဟာလာဟင်းလင်း၊ ၀မ်းနည်းခြင်း၊ လွမ်းဆွေးခြင်း၊ ကြေကွဲခြင်းတွေသာ ချိုနွဲ့ထံ ၀င်လာလိုက်ကြ ထွက်သွားလိုက်ကြ….။

ယောကျာ်းကောင်းတစ်ယောက်ရဲ့ သစ္စာတရား ရှာတော်မူခန်းမှာ မယားတစ်ယောက်ဟာ ရင်ခွင်မဲ့ခဲ့၊ သားတစ်ယောက်ဟာ အရိပ်မဲ့ခဲ့ပြီ။ ကြွယ်ဝခြင်းတွေအလယ်၊ ခန့်ထည်တဲ့ နန်းမဆောင်ကြီးအတွင်း ရင်ခွင်ပျောက်နေတဲ့ မိန်းမသားတစ်ဦးရဲ့ မျက်ရည်တွေ ဘယ်လောက်တောင် စီးဆင်းသွားခဲ့မလဲ။ သိဒ္ဓတ္ထကို အပြစ်မတင်လိုပေမယ့် ယသောဓရာကိုတော့ ချိုနွဲ့သနားတယ်။

 

(၂)

သံယောဇဉ်အမျှင်တန်းနေကြတဲ့ သတ္တ၀ါတွေကြားမှာ အရာအားလုံးကို စွန့်လွှတ်သွားတဲ့ သိဒ္ဓတ္ထကိုတော့ ဦးကုသလမှာ ကြည်ညိုလို့မဆုံးအောင်ပဲ ဖြစ်မိတယ်။ သိဒ္ဓတ္ထဟာ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတဲ့ ဇနီးမယားကို စွန့်ခွါခဲ့တယ်။ သံယောဇဉ် အနု,အသစ် ချစ်စဖွယ်မယားကို စွန့်နိုင်ခဲ့တယ်။ ထီးနန်းစည်းစိမ်ကိုလည်း စွန့်ခဲ့တယ်။ နောက်ဆုံး စကြ၀တေးမင်း အိပ်မက်ကိုတောင် ကျောခိုင်းစွန့်ပယ်ပြီး သေချာခြင်းမရှိတဲ့လမ်းကို ယုံယုံကြည်ကြည် လျှောက်လှမ်းခဲ့တယ်။

သိဒ္ဓတ္ထရဲ့ တောထွက်ခန်းဟာ သုဒ္ဓေါဓနရဲ့ ကျရှုံးခန်း၊ ယသောဓရာရဲ့ ကျရှုံးခန်း၊ ရာဟုလာနှင့် ကပ္ပလ၀တ်ပြည်ရဲ့ ကျရှုံးခန်း၊ ဒါပေမယ့် သတ္တ၀ါအနန္တအတွက်တော့ မဟာအောင်ပွဲဖြစ်တယ်။

အချိန်ရှိတိုင်း သိဒ္ဓတ္ထရဲ့ တောထွက်တော်မူခန်းကိုပဲ ဦးကုသလ တွေးနေမိတယ်။ မြတ်စွာဘုရားရဲ့ ဖြစ်တော်စဉ်တွေထဲမှာ  ကြည်ညိုစရာတွေ အံ့သြစရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘာကြောင့် တောထွက်တော်မူခန်းကိုပဲ ထပ်တလဲလဲ တွေးနေမိလဲဆိုတာကို ဦးကုသလ မသိဘူး။ သိအောင်လည်း မကြိုးစားရဲဘူး..။

သေချာတာက နွေရာသီယဉ်ကျေးမှုသင်တန်းတစ်လျှောက် သူသင်ပေးခဲ့ရတဲ့ ဗုဒ္ဓ၀င်တွေထဲမှာ တောထွက်တော်မူခန်းဟာ သိပ်ကို ကြီးကျယ်ခမ်းနားနေခဲ့တယ်။

 

(၃)

“နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းနှင့်အင်္ဂလိပ်စာသင်တန်း”ကို ချိုနွဲ့ မတက်ဖြစ်ခဲ့ရင် အကောင်းသား။ ခုတော့ ဒီသင်တန်းကို တက်ခဲ့မိလို့ပဲ ချိုနွဲ့ ကိုယ့်ကိုယ်ကို နားမလည်နိုင်အောင် ဖြစ်နေရပြီ။

ဒီသင်တန်းရဲ့ ဆရာတွေက သာသနာ့တက္ကသိုလ်က ဦးဇင်းလေးတွေပါ။ အဲဒီတက္ကသိုလ်မှာတော့ သင်တန်းသားလို့ပဲသိရတယ်။ သင်တန်းသား ရဟန်းငယ်တွေဆိုပေမယ့် စာအသင်အပြ ကောင်းလှပါတယ်။ အင်္ဂလိပ်စာမှာ တော်ကြသလို ဗဟုသုတလည်း ကြွဝယ်ကြပါတယ်။ ပညာတတ်တွေ နည်းပါးနေသေးတဲ့ ချိုနွဲ့တို့ တောင်ပေါ်မြို့လေးကို သူတို့ရောက်လာခြင်းဟာ ကောင်းသောလာခြင်းပါ။ သူတို့ကို အားလုံးက ယုံကြည်လေးစားကြတယ်။ ကိုယ်ယုံကြည်လေးစားတဲ့လူတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရချင်တာ သဘာဝပါပဲ။ ဒါကြောင့်ပဲ ချိုနွဲ့တို့ဟာ ဆရာဦးဇင်းတွေနဲ့ ရင်းနှီးဖို့ ကြိုးစားခဲ့တယ်။

မှတ်မိသေးတယ်။ အတန်းထဲက သင်တန်းသားငယ်တစ်ယောက် ဆေးလိပ်သောက်တာကို ဦးဇင်းကုသလ သိသွားတဲ့နေ့ကပေါ့။ အဲဒီနေ့က ဦးဇင်းကုသလလည်း ကွမ်းယာတွေ ၀ါးထားတယ်။ စာသင်ချိန်ရောက်တော့ သူက အတန်းသားတွေကို ဆုံးမတယ်။

“မင်းတို့ထဲမှာ တချို့အတန်းသားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်တွေ သောက်ကြတယ်လို့ ဦးဇင်းသိထားတယ်…၊ အေး.. မင်းတို့ဘာသာ သောက်ချင်သောက် မသောက်ချင်နေ ဦးဇင်းဘာမှ မပြောဘူး။ ဒါပေမယ့် သူများသောက်လို့ လိုက်သောက်တာတော့ မဖြစ်ကြစေနဲ့။ ပထမဆုံး ဆေးလိပ်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လေ့လာကြအုံး။ အဲဒီလို လေ့လာပြီးလို့ ကောင်းကျိုး ဆိုးကျိုးတွေကို ကျေကျေနပ်နပ် လက်ခံနိုင်မယ်, ဘယ်တော့မှ နောင်တမရဘူးလို့ ၀န်ခံနိုင်မယ်ဆိုရင်တော့ သောက်ကြပေါ့။ ဦးဇင်းကတော့ ဒါပဲပြောချင်တယ်။”

ဦးဇင်းက အဲဒီလိုပြောပြီးတော့ ကျောင်းသားတစ်ယောက်က ထမေးတယ်။

“ကွမ်းကရော ကောင်းလား ဦးဇင်း” ဦးဇင်းက ပြုံးပြီး-

“အင်း…. ကွမ်းကတော့ ကောင်းတယ်ကွ၊ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းကွမ်းဝါးလာလို့။ နောက်မှပဲ မကောင်းဘူးပြောမယ်” ဦးဇင်းက နောက်လိုက်တော့ အားလုံး ပြုံးစိစိဖြစ်ကုန်တာပေါ့။

ချိုနွဲ့တို့ အုပ်စုကလည်း ဘယ်ရမလဲ။ နောက်နေ့မှာ ဦးဇင်းမြင်နိုင်လောက်တဲ့နေရာကနေ ကွမ်းယာထုတ်ကြီး တကိုင်ကိုင်နဲ့ ကွမ်းဝါးပြနေလိုက်တယ်။ သူမြင်လို့လာရင် ဦးဇင်းက ကောင်းတယ်ပြောလို့ ၀ါးတာလို့ ပြန်ပြောလိုက်မယ်စိတ်ကူးထားတာ။ ဒါပေမယ့် ဦးဇင်းက မြင်လျက်နဲ့တောင် မသိချင်ယောင် ဆောင်သွားတယ်။

သူငယ်ချင်းတွေက ကွမ်းယာမူးတာပဲ အဖတ်တင်တယ်လို့ပြောကြတယ်။ ချိုနွဲ့ကတော့ ကွမ်းယာမူးရမှန်း မသိပါဘူး။ အဲဒီနေ့က တစ်နေကုန် ၀မ်းနည်းနေရတယ်ဆိုတာကိုပဲ သိတယ်။

 

(၄)

အဲဒီဝမ်းနည်းနေတဲ့ မျက်လုံးတွေပေါ့။ စာသင်ချိန်တစ်လျှောက်လုံးလုံး ဦးကုသလကို စိုက်ကြည့်နေတယ်။ ရဲရဲနီနေတဲ့ နှုတ်ခမ်းတွေက ကွမ်းဝါးထားမှန်းလည်း သိသာနေတယ်။ သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ ၀မ်းနည်းမှုတွေနဲ့ တစ်စုံတစ်ခုသောအရိပ်တွေ စွန်းပေနေတယ်။

ဆယ်တန်းဖြေပြီးခါစတဲ့။ တကယ်ဆို သူမအသက် ဘာရှိဦးမှာလဲ။ အလွန်ဆုံးရှိ ၁၆၊ ၁၇ ပေါ့၊ ဒီအရွယ် မိန်းကလေးတစ်ယောက်ရဲ့ မျက်ဝန်းမှာ ၀မ်းနည်းမှုတွေ အခြားသောကရိပ်တွေ ရှိမနေစေချင်ဘူး။

ဒါကြောင့်လည်း ဦးကုသလ အနေအထိုင် ဆင်ခြင်ခဲ့တယ်။ အပြောအဆို သတိထားခဲ့တယ်။ ဒါပေမယ့် သူလည်း သာမန်လူပဲလေ။ ခိုင်မာလှပါတယ်ဆိုတဲ့ ကျောက်တိုင်တွေတောင် နှဲ့ပါများရင် ယိုင်သေးတာပဲ။ ဦးကုသလတည်းခိုတဲ့ကျောင်းကို သူတို့တွေက သင်တန်းချိန်တွေအပြင် သန့်ရှင်းရေးလာလုပ်ကြ၊ ပန်းလာလှူကြနဲ့ အ၀င်အထွက်များတယ်။ ပြီးတော့ ရင်းရင်းနှီးနှီးကြီး စကားလာပြောကြတော့လည်း ဦးကုသလမှာ ဘယ်လိုအင်အားမျိုးနဲ့များ ခပ်တည်တည် ဆက်ဆံနိုင်ပါဦးမလဲ။ ခုတော့…

ခုတော့ သာသနာ့တက္ကသိုလ်ကြီး ပြန်ဖွင့်မယ့်ရက်ကိုပဲ မျှော်နေမိတော့တယ်။ ကျောင်းကြီးပြန်ဖွင့်လို့ အတန်းတွေ ပြန်တက်ရင်တော့ သူ့စိတ်တွေ ပုံမှန် ပြန်ဖြစ်လာကောင်းပါရဲ့။

 

(၅)

ကျောင်းတွေပြန်ဖွင့်တော့မယ်။ ဒါဟာ ချိုနွဲ့စိုးရိမ်နေတဲ့ကာလ။ ဦးကုသလ စောင့်မျှော်နေတဲ့အချိန်။

ဆရာတွေ ပြန်ကြတော့မှာမို့ သင်တန်းဆင်းပွဲလည်း ကျင်းပပြီးခဲ့ပြီးပြီ။ သင်တန်းဆင်းပွဲဟာ ချိုနွဲ့တို့အတွက် ပျော်စရာလည်းကောင်းတယ်။ ၀မ်းနည်းစရာလည်း ကောင်းလှတယ်။ နှစ်လလုံးလုံး နေ့တိုင်းဆုံခဲ့ကြသူတွေ ခွဲခွါကြရမှာမို့ ၀မ်းမနည်းတဲ့သူ ဘယ်သူရှိပါ့မလဲ။ သင်တန်းသားတွေနဲ့ ခွဲခွါရတယ်ဆိုတာ သူတို့အတွက်တော့ နှစ်တိုင်းကြုံနေကျအရာလို့ သဘောထားကြမှာပေါ့။

တကယ်တော့ ဦးကုသလရဲ့ ရင်ထဲမှာလည်း ၀မ်းနည်းမိတယ်။ ရဟန်းတစ်ပါးရဲ့ဘ၀မှာ ခွဲခွါခြင်းက မကြာမကြာရောက်ရှိလာတတ်ပေမယ့် သူ့မှာ ခုချိန်ထိ မရင့်ကျက်နိုင်သေးဘူး။ ဒါပေမယ့် ဘာမှမဖြစ်သလိုပဲ ဟန်ဆောင်နေနေရတယ်။ သူတို့ပြန်မှာမို့ ဘူတာထိ လာရောက်နှုတ်ဆက်ကြတဲ့ သင်တန်းသူ သင်တန်းသားတစ်ချိုရဲ့ မျက်နှာမှာလည်း ၀မ်းနည်းမှုတွေနဲ့။ ဘူတာရုံလေးထဲ သင်တန်းသူ,သင်တန်းသားတွေရဲ့နောက်မှာ သူ့ကိုငေးကြည့်နေတဲ့ အရိပ်ပေါင်းစုံနဲ့ မျက်ဝန်းတစ်စုံ။

“ဦးဇင်း…. လာမယ့်နှစ်မှာရော ဒီကို လိုက်လာဦးမယ်မဟုတ်လား”….. ဦးဇင်းအနားသွားပြီး ချိုနွဲ့အသိချင်ဆုံးအရာကို အရဲစွန့်မေးလိုက်ရပေမယ့် အသံတွေ တုန်မသွားအောင် မနည်းကြီးထိန်းလိုက်ရတယ်။ ဒါပေမယ့် ဦးဇင်းပြန်ဖြေတာက မရေမရာကြီး။ “လာနိုင်အောင် ကြိုးစားကြည့်ဦးမယ်”တဲ့….

မရေမရာ ပြန်ဖြေလိုက်ရပေမယ့် ဦးကုသလရင်ထဲမှာတော့ နောင်နှစ် ဒီကိုလိုက်မလာဖြစ်တော့ဘူးဆိုတာ သေချာနေခဲ့တယ်။ သူက ရဟန်းတစ်ပါးဆိုပေမယ့် ပုထုဇဉ်တစ်ယောက်ပဲ။ ဒီမျက်ဝန်းတစ်စုံရှိတဲ့အရပ်မှာ သူ့စိတ်ဓာတ်တွေ တည်ငြိမ်နိုင်ပါတယ်လို့ သူ့ကိုသူ အာမ မခံရဲဘူးလေ။ သူ့မှာ အခုခွဲခွါရတာတောင်မှ ၀မ်းနည်းမှုတွေနဲ့။ ခုချိန်မှာ သိဒ္ဓတ္ထရဲ့ လမ်းခွဲခြင်းကို သတိရမိတယ်။ သိဒ္ဓတ္ထရဲ့ လမ်းခွဲခြင်းမှာ ၀မ်းနည်းမှုတွေ မပါဘူး။ သူလည်း သိဒ္ဓတ္ထနဲ့ မနှိုင်းအပ်ပေမယ့် သိဒ္ဓတ္ထလိုပဲ လမ်းခွဲရှေ့ဆက်ရဦးမယ်။ ဒီမျက်ဝန်းတစ်စုံရဲံ တဒင်္ဂအကြည့်တွေထဲမှာ သူ့ဘ၀ကို အကျဉ်းချမထားနိုင်ဘူး။ ပညာတွေ သင်ရဦးမယ်။ တက္ကသိုလ်တက်ရဦးမယ်။ ပြီးတော့ ဗုဒ္ဓတရား မထွန်းကားသေးတဲ့ တောင်တန်းက သွေးချင်းတွေအတွက်၊ ဗုဒ္ဓသာသနာရဲ့ မျိုးဆက်သစ်တွေအတွက် အုပ်တစ်ချက် သဲတစ်ပွင့်အဖြစ် သူ… ဆက်လက် ရှင်သန်ရဦးမယ်။ အဲဒါကြောင့် နှုတ်ဆက်ခဲ့ပါတယ်…။

တရွေ့ရွေ့ထွက်ခွါသွားတဲ့ရထားကြီးက ချိုနွဲ့ငေးကြည့်နေစဉ်အတွင်းမှာပဲ မျက်လုံးထဲကနေေ၀၀ါးပျောက်ကွယ်သွားတယ်။ ချိုနွဲ့ပါးပြင်ထက်မှာ မျက်ရည်တစ်စက်။ မျက်ရည်တွေ ကျနေတဲ့ကြားက ချိုနွဲ့ပြုံးလိုက်မယ်။…….

“ယသောဓရာဟာ သိဒ္ဓတ္ထအတွက် အသက်ရှင်ခဲ့ပေမယ့် သိဒ္ဓတ္ထရဲ့ရှင်သန်ခြင်းကတော့ ယသောဓရာအတွက် မဟုတ်ခဲ့ပါဘူးတဲ့။ တကယ်လို့များ သိဒ္ဓတ္ထတောထွက်တာကို ယသောဓရာ ငေးကြည့်ခွင့်ရခဲ့မယ်ဆိုရင် …. သေချာပါတယ် ယသောဓရာလည်း မျက်ရည်တွေနဲ့ ပြုံးပြီးကြည့်နေမှာပါ။ အဲဒီအပြုံးဟာ မိန်းမတစ်ယောက်ရဲ့ ခွင့်လွှတ်တတ်တဲ့အပြုံး… ဒါမှမဟုတ် သောကကို စစ်ကြေညာတဲ့အပြုံး..”

 ==============================================

စာရေးဆရာ-ရင်ငြိမ်းမိုး-၏ ဇာတ်ကျောရိုးကိုယူ၍ အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)စီစဉ်တည်းဖြတ်သည်။

 

ခံစားမှုတွေ မျှဝေရင်း အဖြေထုတ်ကြည့်မယ်

$
0
0

ကဲ သူငယ်ချင်းတို့လည်း ရင်ထဲမှာ ဘာခံစားနေရသလဲ...ရင်ဖွင့်လိုက်ပါ...ဘာကြောင့်ပဲဖြစ်ဖြစ် အိမ်နဲ့ အဆင်မပြေတာ၊အချစ်ကိစ္စ အဆင်မပြေတာ...လူမှုရေး အဆင်မပြေတာ .အားလုံးပေါ့...သူငယ်ချင်တို့လည်း အဖြေ၀ိုင်းရှာပေးကြနော်.. ဇင်လည်း ကူညီမယ်လေ...

ကဲ စပီနော် ဇင် ကတော့ခု စိတ်ရှုပ်နေတယ်...လက်ထဲမှာ ပိုက်ဆံမမြဲလို့လေ...ပိုက်ဆံမြဲ မယ့်နည်း၇ှိရင် ပြောပေးကြလေ ...ပီးရင် အချစ် ပေါ့...ဇင်အရင် တစ်ခေါက်ကလည်းတင်ဖူးပါတယ်..အနေနီးတဲ့သူ ကိုခင်တွယ်ရင်း ပိုလာတဲ့သံယောဇဉ်တွေ ထိန်းချုပ်ရတာ မွန်းကျပ်လှပီ ဖြေပြန်ပေးဖို့လည်း မစဉ်းစားပါဘူး..သေချာတာ တစ်ခု က စိတ်တွေ အရမ်းရှုပ်နေရတာပါပဲ....မတွေ့ရင်လည်း လွမ်းတယ်.သူနဲ့ဝေးဝေး မှာနေရရင်လည်း လွမ်းတယ်..နီးနေရင်လည်း ချစ်သွားမှာကြောက်နေတာ...ဇင်တော့ ဘယ်လိုလုပ်ရမယ် မသိတော့ပါဘူး...ဇင့်မှာ ချစ်သူရှိပါတယ်.ဇင့် ချစ်သူကို ဖွင့်ပြောပြရမလား..သူက နားလည်ပေးနိုင်ပေမယ့် ခံစားရမှာသိနေတယ်..မပြောရင် လိမ်ရာကြ မယ်..ကဲ ဇင့် ကိုကူညီ နော်..Comment ရေးဖို့လဲမမေ့ပါနဲ့နော်..ပီရင် သူငယ်ချင်းတို့ ခံစားချက်တွေ မျှဝေဖို့လဲ မမေ့နဲ့ပေါ့...

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>