Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

ဖြစ်ရပ်မှန်

$
0
0
သူငယ်ချင်းတစ်ယောက်က သူရင်ထဲမှခံစားနေရတာကို တင်ပေးပါဆိုလို့ တင်ပေးလိုက်တာပါ သူနာမည်က ခရေတဲ့ ချောတယ် ယဉ်တယ်ဆိုတာထက် ချစ်ဖို့ကောင်းတယ်ဆိုတာကပိုမှန်ပါတယ် သူငယ်ချင်းတွေအပေါ်လဲ အရမ်းကိုကောင်းတယ်
မိဘတွေက ရိုးရိုးသာမာန်စီးပွားရေးသမားတွေပါ ရူပဗေဒမေဂျာနဲ့ကျောင်းပြီးသွားပါပြီ ခရေနဲ့သူစတွေ့တဲ့ အချိန်ကလွန်ခဲ့တဲ့ 2013 happy new year မှာပါ အမှတ်မထင်ဖုန်းတစ်လုံးဝင်လာရင်ကာနေ အရမ်းကိုချစ်ခဲ့တဲ့ ချစ်သူတွေ ဖြစ်လာခဲ့ကျတာပါပဲ သူနဲ့ရည်းစားသက်တမ်းတစ်လျှောက်လုံးမှာ ခရေဘက်က လိုက်လျောမှုတွေ အလျှော့ပေးမှု တွေနဲ့ ပဲ ချစ်ခဲ့ကျတာပါ ကိုယ့်ချစ်သူရှိကိုဖုန်းဆက်ဖို့တောင် မအားလို့ပါ ဆို့တဲ့အကြောင်းပြချက်တွေနဲ့ပဲ ခရေဘက်ကနားလည်းမှုတွေပေးခဲ့ ရတာပါ နောက်ဆုံးခရေတို့နှစ်ယောက် တွေ့ဆုံတဲ့နေ့က ခရေရဲ့ နှလုံးသားတစ်ခု လုံးကြေ မွနေ အောင်ကိုခံစားခဲ့ရတယ် မောင်ဆင်းရဲမှာအရမ်းကြောက်တယ်တဲ့ ခရေကိုခိုးပြေးလိုက်ရင်အိမ်ကမိဘတွေက သဘော တူမှာမဟုတ်ဘူး မောင်လိုချင်တဲ့မောင်ဖြစ်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လဲ ဖြစ်မှာမဟုတ်တော့ဘူးတဲ့ မောင် ဘက်က စကားကိုပြန်ပြောနိုင်တဲ့ အရည်အချင်း ခရေမှာမရှိခဲ့ပါဘူး အမြဲတမ်းမောင့်အလိုကျ မောင့်သဘောတိုင်း နေခဲ့တဲ့ မိခရေလေ မောင်ရယ် ခရေကတော့ ဆင်းရဲမယ်ဆိုတာထက် လက်တွေ့ဘ၀ကိုရင်ဆိုင်ချင်တယ် ကျန်ရှိနေတဲ့ ဘ၀လေးကို ကိုယ့် ချစ်တဲ့သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ် လို့မောင့်ကိုပြောချင်ခဲ့ပါတယ် ဒါပေမဲ့မောင် ခုတစ်ခါလဲမောင့်စိတ်တိုင်းကျ ခရေနေခဲ့ပါ့မယ် မောင် ခရေနဲ့ဝေးသွားလို့ မောင့်ဘ၀သာယာပျော်ရွှင်မယ် မောင်လိုချင်တဲ့အောင်မြင်တဲ့စီးပွားရေးပိုင်ရှင် တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ခရေချစ်ခဲ့တဲ့အချစ်တွေအားလုံးကို မောင့်အပေါ်မှာပြန်ရုတ်သိမ်းပေးပါမယ်မောင် ဒီစာလေးကို မောင်ဖတ်မိခဲ့မယ် ကြည့်မိခဲ့မယ်ဆိုရင် မောင်တစ်ယောက် ခရေရဲ့အချစ်တွေကို နောက်ဆုံးအနေနဲ့နားလည်း ပေးနိုင်ပါစေလို့ ဆုတောင်းနေမယ်နော်

2014 မှာ စည်းကမ်းကောင်းဖို့လိုပါသည်

$
0
0

ပြီးဆုံးခဲ့ပေါ့ နှစ်တစ်နှစ် 2013 ရေ ဘိုင်းဘိုင် နှုတ်ဆက်ခဲ့ပါတယ် ၊။ တကယ်တော့ နှစ်တစ်နှစ်ဆိုတာ ဘာမှမကြာလိုက်ဘူး
2013 ဟာ မြန်မာပြည်မှာ ပြောင်း လဲမှုတွေ အများကြီးရှိခဲ့တယ် ။ မြန်မာတစ်မျိုးသားလုံးရဲ့ ဂုဏ်ကိုမြင့်တင်နိုင်ခဲ့ကြတဲ့ ဆီးဂိမ်းပွဲ
တော်ကြီးဟာ 2013 ရဲ့နှုတ်ဆက် အောင်ပွဲပေါ့ ။ ``အာဆီယံ ခေါင်းဆောင်တဲ့´´ ဒါဟာ ဒို့မြန်မာနိုင်ငံအတွက်
2013 ရဲ့လက်ဆောင်ပဲ့ ။ဝမ်းနည်းစရာတွေလဲရှိခဲ့ပါတယ် ။တိုင်းရင်းသားပြည်တွင်းစစ်တွေ ၊ ဘာသာရေးတိုပဋိပက္ခ တွေဟာ လာမယ့် 2014 အတွက်သင်ခန်းစာတွေပေါ့ ။ ဒါတွေကို သတိရှိရှိ နဲ့ ကျော်ဖြတ်မယ်ဆိုရင်တော့ ကောင်းသော နှစ်တစ်နှစ်
ဖြစ်လာမှာပါ ။မြန်မာနိုင်ငံသာတိုင်း အတွက် ဒီမိုကရေစီ ပန်းတိုင်ဟာ မဝေးတော့ပါဘူး ။
သို့ပေမယ် လွတ်လပ်ခွင့် တိုင်းကို လက်လွတ်စပယ် မလုပ်ဖိုတော့ လိုမယ်ထင်ပါတယ် ။ ကိုယ့်ဘာသာ ကိုယ့်သာသနာနဲ့
ကိုယ့်နိုင်ငံ ကို ကာကွယ်ပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ဒါဟာ တစ်မျိုးသားလုံးရဲ့တာဝန် ၀တ္တရား ပါပဲ့ ။
တစ်ချိန်က မြန်မာတွေစည်းကမ်းမဲ့လို့ ထီးနန်းပျောက်ခဲ့ရပြီးပါပြီ ။ဒါကြောင့် ထီးနန်းမပျောက်ဖို့ စည်းကမ်း ကောင်းဖို့ရာ ဆုတောင်းရင်းဖြင့် .......

ပန်းရဲ့လမ်းခွဲ

$
0
0

တကယ်တော့ ကိုယ့်ဘက်က မဖြစ်နိုင်တော့ဘူး. . .

မင်းရဲ့စပ်ဆုပ်စရာသတင်းကို ကြားမိပြီးတဲ့နောက်…

ကိုယ်လူတွေကြားထဲနေကြည့်ခဲ့မိတယ်. . .

လူတွေက အနစ်နာခံရလောက်အောင်တန်ကြေးမှမရှိပဲ…

(၃၀၀၀)တန်ကန်တော့ပွဲဖိုးလောက်ပဲတက်နိုင်တဲ့ လူတွေရဲ့ ရင်ဘတ်ထဲက

စိတ်ဓါတ်ကိုမြင်မိတဲ့အခါမှာမင်းနောက်ကိုလိုက်ဖို့အယုံအကြည်မရှိတော့တဲ့ငါ. . .

အိမ်က လူယုတ်မာတွေကို မြင်တွေ့ စက်ဆုပ်ပြီးတဲ့နောက်…

ငါ့ဘ၀မှာ စေတနာဆိုတာလုံးပါးပါးသွားခဲ့ပြီ…

ငါ နင့်ရဲ့ပါရမီကို ဖြည့်ဖို့မပြောနဲ့…

ငါ့ကိုယ်ငါအသက်ရှင်နေရတာလူဖြစ်နေရတာတောင် ပင်ပန်းလွန်းနေပြီ…

နင်ရေးထားတဲ့ ပစ်စာအတုကို လည်းငါဖတ်လိုက်ရပါရဲ့ …

လှုံဆော်စာအတုတွေရေးလို့ လူတွေကိုလိမ်ရဲတဲ့ နင့်ရဲ့စိတ်ဓါတ်ကိုလည်းငါအံ့သြမိပါရဲ့…

ငါနင့်ကိုမုန်းလိုက်တာလေ…

ဒါကြောင့်ငါတို့မဖြစ်နိုင်တော့ဘူး…

နင့်ကိုနေက ရပ်ခိုင်းတယ်မို့လား…

ငါရပ်လိုက်တော့တာလေ…

ငါနင့်ကိုလည်းမယုံကြည်ဘူး…

လူတွေကိုလည်းမုန်းတီးတယ်…

ပြီးတော့ငါကသိပ် ရွံ့တက်တယ်…

ငါ့မှာနောက်ဘ၀ဆိုတာမရှိတော့ရင် ငါသိပ်ပျော်မှာပဲ…

အိမ်ပြန်ရင်တော့ EXPRESS ကတော့စီးရဦးမှာဆိုတော့ သေလောက်တဲ့ဝေဒနာကို ငါထပ်ခံစားရဦးမယ်…

အဲဒီအခါ ငါနင့်ကိုခါးခါးသီးသီးထပ်ပြီးမုန်းတီးရဦးမယ်…

နာကျင်ရဦးမယ်…

ဒီတော့ ဒီဝေဒနာ ဒီလောက်ဆိုလုံလောက်ပြီ…

နင်အိမ်သာတက်တိုင်းငိုချင်တယ်မို့လား. . .

မျက်ရည်ကိုလူတွေ့မခံချင်တဲ့ငါ. . .

အိမ်သာထဲမှာ ရှိုက်ကြီးတငင်ငိုမိခဲ့ဖူးတယ်. . .

ဒါဆို ငါ့ရဲ့အဝေးပြေးကားစီးတိုင်းခံစားရတဲ့ဒဏ်ရာသောက နင်ကိုယ်ချင်းစာကြည့်စမ်း. . .

ညည့်နက်သန်းခေါင်တစ်ယောက်ထဲငါ့ရဲ့နာကျင်မှုကသေတယ်ဆိုတာထက်ဆိုးတယ်...

နင်ဒီလိုလူတဲ့. . .(တစ်လောကလုံးနင်ညာလို့ရမှာပါ ငါကလွဲရင်ပေါ့)

ဒါကြောင့် ငါတို့ ဒီလောက်နဲ့ပဲ တော်လိုက်ကြရအောင်. . .

ငါ့အတွက်လုံလောက်သွားပြီ။

မင်းတွေပြောတဲ့ ပါရမီထူးတဲ့သူဆိုတာ ငါမလုပ်နိုင်တော့တာသေချာသွားခဲ့ပြီ။

အဲဒီအတွက်တော့ ငါ့နောက်ကိုဘယ်သူမှလိုက်နေစရာမလိုသလို. . .

လိုချင်တာဘာမဆိုဖြစ်အောင်လုပ်နိုင်တဲ့ငါက အခုဆိုအမုန်းဆိုတာပဲ ကျန်တော့တယ်. . .

နင့်ကိုတော့မဟုတ်ပါဘူး လူတွေရဲ့စိတ်ဓါတ်အောက်တန်းကျမှုတွေကိုပါ. . .

ဒါကြောင့်..................

ငါတို့ထပ်မဆုံတော့ဘူး။

(ပန်းတောင်ပိုင်နတ်ရဲ့ အကြောင်းပြချက်က လုံလောက်ပါရဲ့နော်)

မင်းဆက်ဝေ-သူတို့ \ သူရဦးရွှေမန်း(လွှတ်တော်ဥက္ကဌ)7

$
0
0
သူရဦးရွှေမန်း(လွှတ်တော်ဥက္ကဌ)
သူရဦးရွှေမန်းကို ၁၉၄၇ခုနှစ်၊ဇူလှိုင်(၁၁)ရက် ပဲခူးတိုင်းဒေသကြီး ၊ကညွတ်ကွင်းတွင် မွေးဖွားခဲ့ သည်။
၁၉၆၉ခုနှစ်တွင်မေမြို့ စစ်တက္ကသိုလ်မှ ဘွဲ့ ရခဲ့ ပြီး အရာရှိဘ၀မှ တဖြည်းဖြည်းချင်း ဗိုလ်ြ့ကီးဘ၀သို့ ရောက်ရှိလာခဲ့ သည်။ ၁၉၈၈ခုနှစ်တွင်မူ ဗိုလ်မှုးအဆင့်သို့ ရောက်ရှိလာခဲ့ ပြီး ၁၉၈၉ခုနှစ်တွင်KNU တပ်များကိုထိုးစစ်ဆင်ရာမှ သူရဘွဲ့ ကိုရရှိခဲ့ 
သည်။ထိုနောက်ကရင်ပြည်နယ်တွင် တပ်ရင်မှုးအဖြစ်တာဝန်ကျခဲ့ ပြီး ၁၉၉၁ခုနှစ်တွငပြည်မြို့ အခြေစိုက် တပ်မ(၆၆)တွင် ဗျုဟာမှုးအဖြစ်ပါရောက်ခဲ့ သည်။ ထိုမှတဆင့် ၁၉၉၆ခုနှစ်တွင် ဗိုလ်မှုးချုပ်ရာထူးအထိတိုးမြှင့်ခံခဲ့ ရသောသူဖြစ်သည်။
ပြည်သူလွှတ်တော်ဥက္ကဌ သူရသီးရွှေမန်းသည် ပြည့်သူ့ လွှတ်တော်သက်တမ်း ပထမလပေါ်င်း(၃၀)
အတွင်းတွင် ပြည်ပမှလွှတ်တော်များကိုသွားရောက်လေ့လာခြင်း၊ကော်မတီကော်မရှင်(၂၅)ခုကို ဖွဲ့ စည်းပေးခြင်းများပြုလုပ်
ခဲ့ သည်။သူသည်အပြောနှင့်အလုပ်ထပ်တူညီခြင်း၊ကတိတည်ခြင်း၊ခြေသံလုံခြင်းတို့ ကြော့င့် ရှေ့ဆက်လုပ်မည့်လုပ်ဆောင်
ချက်များကိုပြည်သူ အနေဖြင့်ရင်ခုန်စွာစောင့်ကြည့်လေ့လာသင့်သောသူတစ်ယောက်ဖြစ်သည်။သူသည် 23.4.2013 ရက်တွင်ကိုရီးယားနိုင်ငံမှ ဖိတ်ကြားချက်အရ မြန်မာ-ကိုရီးယား နှစ်နိုင်င့ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမူနှင့် ပူးပေါ်င်းဆောင်ရွှတ်မူ
များ ပိုမိုခိုင်မာရန်နှင့်တိုးတတ်ဆောင်ရွှတ်နူင်ရန် သွားရောက်ဆွေးနွေးခဲ့ ရသည်။
သူရဦးရွှေမန်းသည် တစ်ချိန်က တပ်မတော်အစိုးရလက်ထပ်တွင် အဆင့်(၃)ရှိသောပုဂ္ဂိုလ်ဖြစ်သည်။သူ့  ကိုအများစုက ဦးသန်းရွှေနှင့် ဦးမောင်အေးတို့ အနားယူသွားသောအခါ နိုင်ငံတော်သမ္မတဖြစ်လာလိမ့် မည်ဟုထင်မှတ်ခဲ့ ကြ
သည်။သို့ သော်သူသည် ပြည့်သူ့ လွှတ်တော်ဥက္ကဌသာဖြစ်လာခဲ့ ပြီး အာဏရပါတီနှင့် အတိုက်အခံပါတီတို့ အကြား အဆင်ပြေစေရန် ညှီနှိုင်းပေးရသောသူဖြစ်လာသည်။ထိုအပြင်သူသည် လိုအပ်သောဥပဒေများကို ပြဌာန်းခြင်း၊ပြင်ဆင်ခြင်း၊
ဖြည့်စွတ်ခြင်းတို့ ကို အောင်မြင်အောင်လုပ်ဆောင်ပေးနေသောသူလည်းဖြစ်ပေသည်။သူသည် ငြိမ်းချမ်းရေးလုပ်ငန်းများတွင်
ပါဝင်ရန်စိတ်အားထက်သန်သောသူလည်းဖြစ်သည်။ဇန်န၀ါရီ31၊2013တွင်ကျင်းပခဲ့ သောလွှတ်တော်သက်တမ်းနှစ်နှစ်ပြည့်
အခမ်းအနားတွင် သူသည် တပ်မတော်နှင့် kIOတို့ အကြားဖြစ်ဟွးနေသော ပြသ-နာများကိုဖြေရှင်းပေးချင်ကြောင်း ပြောခဲ့ 
သည်။တစ်ဖန်ဒီမိုကရေစီအခင်းအကျင်းကို သူမကျွမ်းကျင်ပါဟုမှန်ရာကိုဝန်ခံခဲ့ သည်။သို့ သော်သူသည် နိုင်ငံရေးသဘော
တရားနှင့် စိမ်းမနေသည်မှာလည်းအမှန်ပင်ဖြစ်သည်။သူသည် လါန်ခဲ့ သော(၁၅)နှစ်ကတည်းက ဗိုလ်ချုပ်ကြီးသန်းရွှေ၏ ၀ှတ်
ဖဲတစ်ချပ်အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ၏ နိုင်ငံရေးတလင်းတွင်ပါဝင်ခဲ့ ရသူပင်ဖြစ်သည်။ သူသည် ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှုးကြီးဦးမောင်အေးနှင့်ဝန်ကြီးချုပ်ဦးခင်ညွှန့် တို့ ၏ အားပြိုင်ပွဲတွင် အချက်အချာကျခဲ့ ရသူလည်းဖြစ်သည်။

သက်ဆိုင်သူများသိစေရန် (အထူးသဖြင့် အက်မင်းများ)

$
0
0

 ဒီဆိုဒ်လေးမှာဒီနိုင်းခတို့ တော်တော်လေးကြာခဲ့ပါပြီ ကြာဆို တစ်နှစ်တောင်ပြည့် တော့မယ်ထင်ပါ့

  ပျော်စရာတွေရှိခဲ့သလို စိတ်ပျက်စရာအနည်းငယ်လဲတွေ့ ခဲ့ပါတယ် ဒါပေမဲ့ များသောအားဖြင့်တော့ပျော်ခဲ့ရတာများပါတယ် တော်တော်ကြာပြီဆိုတော့ ဘယ်လောက်ကြာမှန်တောင်မသိတော့ပါဘူး စက်ရှေ့ထိုင်မိတာနဲ့ရွှေထဲတန်းရောက်နေတာဆိုတော့ကိုယ့် gt တောင်မေ့တေ့တေ့ဖြစ်နေပြီ တကယ်အဲ့လောက်ကိုကြာနေပါပြီ  ကဲဒီနိုင်းခရေ စကားကျောရှည်မနေနဲ့ မင်းဘာကိုပြောချင်တာလဲလို့ မေးရင်တော့  ဟုတ်ကဲ့ပါ  ကျွန်တော်လဲတခြားမန်ဘာဝင်တွေလိုအိမ်နဲံယာနဲ့ အဖေနဲ့အမေနဲ့ပါ  အကိုတွေအမတွေကလဲပုံပြောကောင်းသူတွေပါ  ဒီနိုင်းခတို့ ကို တစ်ထောင့်တစ်ညထက်မကတဲ့ ပုံတွေပြောပြနေကျပါ  ဒီကကောင်ကလဲသစ်ငုတ်တိုပါဗျ နှဲ့ မှနဲ့တာပါ  အကိုတွေအမတွေ အိမ်လေးဒီနိုင်းခတို့ သွားလည်မိရင်ပြန်တောင်မပြန်ချင် လှလွန်းလို့ အပေးခံထားရတဲ့လက်ဆောင်တွေသရေကျစရာဗျာ ရေးပေးထားတဲ့အမှတ်တရစကားတွေ အိုပြောလို့ ကုန်မှာမဟုတ်တော့  အဲဒီတော့ ဒီနိုင်းခကိုပထမဆုံး ပုံပြောထားတဲ့အကိုတွေအမတွေ အနည်းငယ်ကိုပေါ့ ပြောပြပါ့မယ် ဒါမှလဲ ဒီနိုင်းခကိုကိုယ်ချင်းစာနိုင်မှာပါ

 နံပတ် တစ် အကိုအောင်ထက် ညီလေးလာလည်တယ်နော်တဲ့ လက်ဆောင်ကတော့ လိုင်းကောင်းတေးဘူးတဲ့နောက်မှလာပေးမယ်တဲ့ ကျောတွားတာ ထု ဟတ်ပီနယူးရီးယားတွားပြီ ထုထိလာပေးသေးဘူးမှတ်ထားတယ်

  နှစ်  ပန်းပျိုးလက် အေးကွာ ညီလေးပေါ်အကြွေးတွေတင်နေပြီတဲ့ရေးပြီးတဲ့ဘလော့တိုင်းသူ့ သွားပေးတယ်မအားသေးဘူးတဲ့အလုပ်များနေလို့ ပါတဲ့ ... ပြီးတော့ချောစုသဲအမနဲ့ချက်ခန်းထဲမှာ “ တဲ(သဲ) လေး တိုတိုပန်း အတိုပန်းကလေ ဘာညာလုပ်နေတယ် ဒီနိုင်းခအကျွေးသာမကြေသေးတာ မတော်ရသေးတဲ့ယောင်္ခမပေါ်ကျတော့ နို့ ဖိုးတင်မကဘူး နို့ မှုန့်တစ်ထုတ်စာတောင်အကြွေးတင်နေပြီ

 သုံး အမချောစု   အော်အမရယ်အမပုံလေးမောင်လေးအိမ်မှာ လာချိတ်ပေးပါ့လားဗျာ ကျွန်တော်သရဲကြောက်လို့ ပါလို့ ပြောတော့  ပေးတာပေါ့ မောင်လေးခဏနော်ဆိုပြီးပျောက်သွားလိုက်တာဗျာ  ချက်ခန်းထဲမှာတော့ “ဘူလဲတွနာ့ထော်တာ  တိုတို အတိုပန်း  တဲကလေ တိလားတဲက နဲ့”  တော်ပြီ ဒီနိုင်းခတို့ မှတ်သွားပြီ အသည်းပါနာတယ် ဒီနိုင်းခတို့ အသည်းက နာခဲပါတယ် ဒါပေမဲ့ ခုတော့တကယ်နာသွားပြီကျန်တဲ့အကိုတွေအမတွေလဲ သတိထားပါ   ခုဘလော့တင်ပြီးနောက် တစ်ပါတ်ပြည့် လို့ မှ ဒီနိုင်းခအိမ်မှာ လက်ဆောင်တွေပုံတွေလာမထားရင်  အိမ်တွေမှာဗုံးလိုက်ထောင်မှာ နောက်ပြီ အကိုတွေအမတွေရဲ့  လျှိုဝှက်ချက်တွေကို ပိုပြီးပွင့်လင်းမြင်သာအောင်ကွက်ကွက်ကွင်းကွင်းရေးတော့မည်ဟု   ဆုံးဖြတ်ချက်ချထားပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်

     မှတ်ချက်။   ။  ဟုတ်ဟုတ်မဟုတ်ဟုတ်ရေးမည် ငြင်းလို့ မရအောင်ေ၇းမည် ကြိုပြောထားပါသည် အချိန်တွေမှီပါသည် ပြီးမှအပြစ်တင်စကားပြောနေမည်ဆိုပါကအကျိုမရှိနိုင်ပါခုကတည်းကပေးထားပါမှနောင်ရေးစိတ်အေးနိုင်မည်

                                                                                                                              မဟာဒီနိုင်းခ

အချစ်တစ်ခုကြောင့်

$
0
0

အချစ်တစ်ခုကြောင့် ငိုဖူးခဲ့ရတာတွေ...
အချစ်တစ်ခုကြောင့် ခံစားဖူးခဲ့ရတာတွေ...
အချစ်တစ်ခုကြောင့် အရူးမူးဖြစ်ဖူးခဲ့ရတဲ့အချိန်တွေ...
အချစ်တစ်ခုကြောင့် အရာရာကို အမှားမှန်
ခွဲခြားနိုင်ခွင့် မရှိခဲ့တဲ့ အချိန်တွေ...
အချစ်တစ်ခုကြောင့် ဆောက်တည်ရာမရ
ဖြစ်ဖူးခဲ့တဲ့ အချိန်တွေ...
အချစ်တစ်ခုကြောင့် ကျရူံးခဲ့ရတဲ့အချိန်တွေ...
အချစ်တစ်ခုကြောင့် အဲဒီဖြစ်ပြီးသွားခဲ့တဲ့ အချိန်တွေကို
အခုလို တည်ငြိမ်ပြီး အခုရပ်တည်နေတဲ့ နေရာကနေ
ပြန်စဉ်းစားကြည့်မိတဲ့အခါ ကိုယ့်ကိုကိုယ် တွေးရင်းရှက်မိတယ် ။
ရီလဲရီချင်မိခဲ့တယ်... ပြီးတော့ အတွေးတစ်ခု ၀င်လာမိသေးတယ် ။
"အချစ်တစ်ခု ကြောင့် ငါအတော်ရူးသွပ်ခဲ့ပါလား" လို့ပါ...
ဒါကိုလဲ သင်​ခန်းစာအဖြစ်​ ခံယူပြီး ​ရှေ့ဆက်​ဖို့ အား​မွေး​နေပါတယ်​ ။

နှစ်သစ်

$
0
0
  • နှစ်ဟောင်းက ကြမ်းတမ်းခဲ့ တဲ့ဘ၀ကို
  • နှစ်သစ်မှာစိတ်သစ် လူသစ်နဲ့ ဘ၀ကို အောင်မြင်အောင်ကြိုးစား
  • နှစ်ဟောင်းကဖြစ်ပျက်ခဲ့ သမျှာကိုမေ့ကာထားပီးးး
  • နှစ်သစ်နဲ့ ဘ၀သစ်ကိုအောင်မြင်အောင် လျှောက်လှမ်းကျပါ
  • နှစ်ဟောင်းမှာ မဖြစ်မြောက်သေးတဲ့ အရာ အားလုံကိုလည်း
  • နှစ်သစ်မှာဖြစ်မြောက်အောင် ကြီုးစားပီးးဘ၀မှာ
  • အောင်မြင်တဲ့ သူတယောက်ဖြစ်အောင် ကြီုးစားပါ
  • အောင်မြင်မှု့ပန်းးတိုင်ကို လျှောက်လှမ်းနေကျသောသူငယ်ချင်းမှာလည်း
  • အောင်မြင်ပါစေ လို့ ဆု့တောင်းမေတ္တာ ပေးပါတယ်နော်။။။

မပြောင်းလဲဘဲသတိ့ရနေမှာ

$
0
0
  • နှစ်သစ်ရဲ့ နေ့သစ်ထဲမှာ ကိုယ်တယောက်တည်းး
  • မင်းမပါဘဲ လျှောက်လှမ်းနေရပီပေါ့ချစ်သူ
  • နှစ်သစ်ရဲ့ ဘ၀သစ်မှာ အတိတ်ကအကြောင်းတွေကို
  • ထားခဲ့ချင်၊မေ့ပြစ်ချင်ပေမဲ့လည်းးးးးမမေ့ရက်နိုင်ပါဘူးချစ်သူ
  • နှစ်သစ်မှာ စိတ်သစ်၊လူသစ်နဲ့ ဘ၀ကို တယောက်တည်း
  • အတိတ်ကဖြစ်ပျက်ခဲ့သမျှာကိုမေ့ပီးးးးးးး
  • ဘ၀သစ်ကို ကိုယ်တယောက်တည်းလျှောက်လှမ်းနေပေမဲ့
  • မင်းလေးကိုတော့ ရင်ထဲမှာ မမေ့ဘဲ ထာဝရ သတိ့ရနေမှာပါ
  • ဘ၀သစ်ကိုတယောက်တည်း လျှေက်လှမ်းနေချိန်မှာ
  • အခက်ခဲတွေစိတ်ညစ်စရာ တွေရှိချိန်တိုင်း မင်းလေးကို တမ်းတမိ့တယ်
  • ချစ်သူ
  • အရင်လိုအားပေးတက်တဲ့ ချစ်သူ
  • လမ်းမှားရောက်နေတဲ့ ကိုယ့်ကို လမ်းမှန်ရောက်အောင် လမ်းပြ
  • ပေးခဲ့တဲ့ မင်းလေးကို ကိုယ်ဘယ်တော့မှာ့မမေ့နိုင်ပါဘူး ချစ်သူ
  • စိတ်ထားဖြူစင်စွာ အားပေးတက်တဲ့ မင်းလေးကို ကိုယ်အရမ်းဘဲ
  • ကျေးဇူးတင်မိ့တယ် ချစ်လည်းချစ်ခဲ့မိ့ပါတယ်
  • နှစ်တွေသာတနှစ်ပီးတနှစ်ပြောင်းသွားပေမဲ့ မပြောင်းလဲဘဲ
  • သတိ့ရနေမှာမင်းလေးတယောက်တည်းပါ

၂၀၁၄ခုနှစ်ဇန်န၀ါရီလအတွက် (၇)ရက်သားသမီးဟောစာတမ်း

$
0
0

တနင်္ဂနွေသားသမီး။  ။ အုပ်ချုပ်ရေး   အဆောက်အဦးလုပ်ငန်းအတတ်ပညာရှင်   အိမ်   အိုး အုတ်  အားကစား

                           လုပ်ငန်းများ  အကျိုးပေးမည်။  မိမိမိတ်ဆွေ။  ( သို့ ) ။ ကြီးဒေါ်နှင့်ပတ်သက်ပြီး  ငွေကုန်ကျမည်။

                           ဆေးမှား   အစားမှား  ဖြစ်တတ်သည်သတိထားပါ ။ မင်းဆိုးရာဇာ  ကူညီမှုကြောင့် လုပ်ငန်းများအောင်မြင်မည်။

                           အပြိုင်အဆိုင်တွေ့ သော်လည်းသင်အောင်မြင်ပါမည်။ ငယ်ရွယ်သူများချစ်သူနှင်စကားများနေမည် ။

                          ပညာရေးမှင့်ပတ်သက်ပြီး   သတင်းကောင်းကြားရမည် ။ အင်္ဂါ ကြာသပတေး စနေ သားသမီးများ

                         နှင့်ပတ်သက်၍ စိတ်ညစ်ရမည်။

ယတြာ။        ။    ။မွေးနံဘုရားထောင့်တွင်  အုန်း (၆)ရွက်  အုန်းယို (၆)ခုလှုပေးပါ ။

တနင်္လာသားသမီး ။  ။  ယခုလ  ကား ကျောက် ငွေကြေး ကုမ္မဏီ ကွန်ပျူတာ  ခြံ ကွမ်း ငွေထည်လုပ်ငန်းများ အဆင်ပြေမည်။

                        မမျှော်လင့်ပဲ  ငွေကုန်စိတ်ပန်းသော   ခရီးမျိုးသွားရလိမ့်မည် ။ ငွေဝင်သလောက်ပြန်ထွက်နေမည် ။

                        အိမ်ထောင်ရှင်များ  ခင်ပွန်းနှင့်  မပြေမလည်ဖြစ်မည် ။ ငယ်ရွယ်သူများ  အချစ်ရေးကံကောင်းသော်လည်း

                       သင့်ချစ်သူ အင်္ဂါ သား။သမီးဖြစ်လျှင်စိတ်ညစ်ရမည်။ ညာခြေတွင်ထိခိုက်ဒဏ်ရာရတတ်သည်။

ယတြာ။            ။ ခွေးမိသားစုရှာပြီး   ထန်းလျက်ခဲကြွေးပါ ။

အင်္ဂါသားသမီး ။    ။ဆန်  ဆီ  ဆေး  စက်ပစ္စည်း  စာအုပ်လုပ်ငန်းများ  မမျှော်လင့်ပဲ  အရှုံးပေါ်တတ်သည် ။ ငွေကြေးနှင့်

                      ပတ်သက်၍စွပ်စွဲခံရတတ်ပြီးပြဿနာတက်လိမ့်မည်။ ရွှေပျောက်တတ်သည် ။ ဖခင် ဘက်မှ အကူအညီရလိမ့်မည်။

                     မမျှော်လင့်ပဲ  ခြေမျက်စိဒဏ်ရာရတတ်သည် ။ ငယ်ရွယ်သူများ  အချစ်ရေးကံမကောင်းသေးပါ ။ အကယ်၍

                     ချစ်သူရှိ ခဲ့လျှင်  သင့်ချစ်သူသည်  မျက်နှာများလိမ့်မည် ။

ယတြာ ။ ။။။      ။  သီလရှင်ဆရာလေး  (၃) ပါးအား  လိမ်းဆေး  တစ်ဗူးစီလှုပေးပါ ။

ဗုဒ္မဟူးသားသမီး ။  ။  ကိုယ်ပိုင်လုပ်ငန်းလုပ်သူများအဆင်ပြေမည် ။စပ်တူလုပ်ငန်းများ  စိတ်ဝမ်းကွဲမည် ။ မြေ  ပညာရေး

                      စာပေ  ပွဲရုံ ပွဲစား  ငွေကြေး  ကွန်ပျူတာ ကျောက် ကားလုပ်ငန်းများ  သတိထားလုပ်ကိုင်ပါ ။ ဂတိပျက်မှု

                      များကြောင့်  စိတ်ညစ်ရမည် ။ စက်ပစ္စည်းအ၀ယ်မှားခြင်း  ငွေကြေးလက်လွန်ခြင်း  ကြောင့် စိတ်အနှောက်

                      အယှက်ဖြစ်ရတတ်သည် ။ငယ်ရွယ်သူများ  အင်္ဂါ  ကြာသပတေးချစ်သူကြောင့်  စိတ်ညစ်ရမည် ။

 ယတြာ ။  ။        ။  တာအိုးတစ်လုံးအတွင်း  ၀ါးရွက် ။ ရွက်လှရွက်  ( ၁၇ ) ရွက်စီထည့်ပြီး  ရေစီးသော ချောင်းအတွင်း

                       မျှောပေးပါ ။

ကြာသပတေးသားသမီးများ ။ ။  ရွှေ  အလှကုန်  အထည်အလိပ်  ရေလုပ်ငန်း  ဟိုတယ်  ခရီးသွား  လုပ်ငန်းများ အမြတ်

                        အစွန်းနဲပါးမည် ။ ခြံ   ကား  ကျောက် ကွန်ပျူတာ  ငွေကြေးလုပ်ငန်းများ  ယခုလအတွင်း  အကျိုးပေးမည်။

                         မိခင်၏  ဆွေမျိုးဘက်မှ အကူအညီများရလိမ့်မည် ။မမျှော်လင့်ပဲ ကြွေးဟောင်းများ ပြန်ရခြင်း ငွေကြေး

                        အကူအညီပေးသူများပေါ်လာမည် ။ငယ်ရွယ်သူများ   ချစ်သူ၏  ချစ်ကြင်နာမှုကြောင့် စိတ်ချမ်းသာမည်။

                        မိန်းကလေးများ  သွေးနှင့်ပတ်သက်သောရောဂါ ယောင်္ကျားလေးများ ၀မ်းနှင့် ပတ်သက်သောရောဂါ

                      များခံစားရလိမ့်မည် ။

ယတြာ ။             ။မွေးနံ ဘုရားထောင့်တွင် စပယ်ပန်း( ၅ ) တွဲ  မေမြို့ ( ၅ )  ပွင့် လှုပေးပါ။

သောကြာသားသမီးများ။  ။ သံ သဲ သွပ်  ခရီးသွားလုပ်ငန်း   ဟိုတယ်လုပ်ငန်း  အဆင်ပြေမည် ခ၇ီးသွားခြင်းဖြင့် ငွေဝင်မည်။

                        သို့ သော် မင်းစိုးရာဇာ နှင့်သတိထားဆက်ဆံပါ ။စိတ်အနှောက်အယှက်ဖြစ်ရတတ်သည်။ မိမိ၏ လူယုံကို

                       သတိထားပါ ။ သစ္စာဖေါက်လိမ်မည် ။သူခိုး ခိုးခံရကိန်းရှိသည် ။ငွေ လိမ်ခံရတတ်သည် ။ ငယ်ရွယ်သူများ

                       အချစ်ရေးကံကောင်းနေမည် ။ မမျှော်လင့်ပဲ   အိမ်ထောင်ကျတတ်သည် ။ ဦးခေါင်း  ဒူး  တင်ပါးတို့ တွင်

                      နာကျင်မှု ဝေဒနာခံစားရတတ်သည် ။

ယတြာ ။        ။။ သက်ကြီး  မိဘ  ဘိုး ဘွား မျးအား သစ်သီး လှုပေးပါ ။ သာသနာရေးအဆောက်အဦများတွင် သဲလှုပေးပါ။

စနေသားသမီး ။   ။  လုပ်မြဲအလုပ်သာလုပ်နေပါ ။ အသစ်ချဲ့ ထွင်ခြင်း  ။ စပ်တူလုပ်ကိုင်ရန်မသင့်သေးပါ ။ငွေဝင်သလောက်

                    ပြန်ထွက်နေပါမည် ။ခရီးသွားလျှင် ရေလမ်းခရီးသတိထားသွားပါ ။ အမျိုးသမီးတစ်ဦးကြောင့်  စိတ်ညစ်စရာ

                   ကြုံရမည် ။ ဂုဏ်သိက္ခာ ထိခိုက်တတ်သည် ။ ၀န်ထမ်းများ  အထက်လူကြီး၏  ဆူပူ မှုကိုခံရလိမ့်မည် ။ အလုပ်

                  ပြောင်းရွှေ့ ရခြင်း  ။ ရာထူးချထားခြင်းမျိုး  ခံရတတ်သည် ။ ငယ်ရွယ်သူများအချစ်ရေးကံမကောင်းသောလဖြစ်

                  သည် ။ ချစ်သူရှိခဲ့လျှင်အဆက်အသွယ်ဖြတ်ခံရလိမ့်မည် ။

ယတြာ ။။    ။  အိမ်ကဘုရားတွင်  မွေးနေ့ တိုင်း  (၃) ပတ်ဆက်တိုက် နွားနို့   လှုဒါန်းပူဇော်ပေးပါ ။။

    

ပြည်တော်ဝေး

$
0
0

                                 ပြည်တော်ဝေး          31-Dec-13

"မွေးဖွားရာအရပ်စီ မိုင်ထောင်ချီ ပျံနေရင်း ကြိုးကြာငှက်တစ်ချိုလေ ပျံလာစဉ် ကျန်ခဲ့ပြီ"

ကွယ်လွန်သူ ဦးခင်မောင်တိုးရဲ့သီချင်းလေးတစ်ပိုဒ်ပါ။

ကြိုးကြာငှက်(common crane)တွေဟာ မွေးရပ်မြေ တရုတ်ပြည် မြောက်ပိုင်းဒေသ

တွေမှာအခုချိန်ဆို ရေတွေခဲနေပြီး စားစရာရှားပါးနေပြီမို့ ရာသီဥတုကောင်းမွန်ပြီး စာရေ

စာပေါများတဲ့  မြန်မာပြည်(တံတားဦးဒေသ)ကို မိုင်ထောင်ချီခရီးကို ပျံသန်းလာတဲ့ကြတဲ့ ဧသည်ငှက်ကလေးတွေပါ။သူတို့လေးတွေဟာ တံတားဦးဒေသရဲ့ ဂျုံစိုက်ခင်း၊တခြားသီး

နှံစိုက်ခင်းတွေထဲက အရွှက်နှလေးတွေ၊မြေစာခဲလေးတွေကြားက ပိုးကောင်းလေးတွေ

ကိုစားသုံးရင် မိုင်ထောင်ချီဝေးတဲ့ မွေးရပ်မြေစီသို့ ပျံသန်းနိုင်ဖို့ အားမွေးခဲရပြန်ပါတယ်။

သူတို့လေးတွေရဲ့စားသုံးမှုကြောင့်စိုက်ခင်းတွေကြီးကြီးမားမားပျက်စီးခြင်းလဲမရှိခဲ့ဘူးလို့

သိရပါတယ်။တချိုဆို ငှက်မုတ်ဆိုးတွေရဲ့ ပစ်ခတ်မှုကြောင့် မွေးဖွားရာ အရပ်စီပျံသန်း

လာစဉ် သေဆုံးကျန်ခဲလေရဲ့။ဒီဒေသကိုပြန်မလာရင်လဲ မွေးဖွားအရပ်စီမှာ စာငတ်လို့

သေကြရပါမည်။(ကိုးကားချက် )

ဒီစာပိုဒ်လေးကို အရမ်းသဘောကြမိပါတယ်။သဘောကြတယ်ဆိုပေမယ့် ဧသည်ငှက်

ကလေးများရဲ့ ဘဝကိုစာနာမိပါတယ်။တကယ်တော် ကျွန်တော်တို့လို့ ပြည်တော်ဝေး

လေးများ၏ဘဝနှင့် ဆင်တူနေပြန်တော့။ကျွန်တော်တို့ကရော ကြိုးကြာလေးများအ

တွက် ရာသီကောင်း၊စာရေစာပေါများတယ်ဆိုတဲ့ မြန်ပြည်ကနေ မိုင်ထောင်ချီဝေးတဲ့

အဝေးရပ်မြေမှာ ဘာကြောင့်အစာလာရှာနေကြတာလဲ စဉ်းစားကြည့်မိပါတယ်။သိမ့်

အကြာကြီးမစဉ်းစားလိုက်ပါ။အဖြေကရှင်းပါတယ်လေ။ကျွန်တော်တို့ပြောပြောနေတဲ့

စကားပုံလေးရှိတယ်မဟုတ်လား"ရေကြည်ရာ မျက်နုရာ"ဆိုတာ။ကျွန်တော်တို့ ရေကြည်

ရာ မျက်နုရာနေရာကိုပဲလိုက်ပြီး 3D အလုပ်တွေပဲလိုက်လုပ်နေကြရပါတယ်။(3D အလုပ်ဆိုတာက 1D က dirty ၊2D ကdifficult၊ 3D က danger )တဲ့ဗျ။ကျွန်တော်တို့

နေရာရော ရေမကြည်လိုလား၊ မကြည်ရင် ကြည်အောင်လုပ်ရမှာ ကျွန်တော်တို့ တာဝန်

ပဲလေ။မြက်မနုဘူးလား၊မနုသေးရင် နုအောင်လုပ်ရမှာပဲလေ။(ပြောရင်းနဲ့ နွားတွေဖြစ်နေ

ပြီ၊ဥပမာပေးတာနော်)။ကြိုးကြာငှက်လေးတွေလဲ မွေးရပ်ကိုစွတ်ခွာပြီး ဘယ်စာရှာချင်မ

လဲနော်။ပြောရင်းနဲတောင် အိမ်ပြန်ချင်လာပြီဗျ။ဟဲဟဲ

                                                              ရဲကိုဆွေ

 

 

 

 

စိတ်ပျက်နေတဲ့အခါ

$
0
0

သူငယ်ချင်းတို့ အားလုံးကြုံတွေ့ဖူးကြမှာပါ တစ်ခါတစ်ခါ အကြောင်းအမျိုးကြောင့်

အတော်ကိုစိတ်ပျက်ဖူးကြမှာပါ  မပျက်ဖူးသူတွေလဲ နောင်မကြုံရဘူးလို့ပြောလို့မဘူး

လေ ဒါကြောင့် ငါ့သူငယ်ချင်းတို့ အဲ့ဒီလို့စိတ်ပျက်လာတဲံ့အခါ အခက်ခဲတွေကြုံတွေ့ လာတဲ့အခါ

ငါ့ကိုလုပ်ကြည့်လိုက်စမ်းပါ စမ်းကြည့်လိုက်စမ်းပါ ဟု မိမိကိုယ်ကို ပြောတတ်တဲံ့အလေ့အကျင့်ကိုလုပ်ပါ

တဖြည်းဖြည်းနဲ့ စိတ်ဓါတ်တွေ့တက်ကြွရွှင်လန်းလာပြီး အခက်ခဲ့အားလုံးကိုကျော်လွှားနိုင်ပြီး

အောင်မြင်မှု တွေပါတစ်ပါတည်းပါလာပါလိမ့်မည် သူငယ်ချင်တို့အားလုံးကျင့်သုံးနိုင်ပါစေ

Requesting for......

$
0
0

Hello,All my friends! Now I have a problem to discuss with many great gentle men (Example Shwemyotaw Website's Admins) .
I am Zay Maung Maung,a computer university student. I want to improve my English Skill more and more.This letter may have much mistakes as I have not the good skill.Please read until the end. Now, I am trying to get the best skill.Please Help me my bro,sis and skillful admins.My Gmail is trollwarlord85@gmail.com and Phone Number 09422503898. Thank for reading my letter a lot.Waiting For your Reply.

တစ်​ကယ်​​ပြောတာပါ

$
0
0
လူမှု​ရေးမှာ တစ်​ဦးနဲ့တစ်​ဦး စကား​ပြောဆိုကြယင်​ မသုံးမဖြစ်​ (တစ်​ကယ်​​ပြောတာ) ကိုထည့်​ထည့်​​ပြောရသလို နား​ထောင်​သူဘက်​ကလည်း (တစ်​ကယ်​လား) ကိုပြန်​ပြန်​​မေး​နေရတာ အပြင်​မှာလူချင်း​တွေ့ယင်း ​ပြောကြရယင်​အ​ကြောင်းမဟုတ်​ဘူး ဖုန်းထဲ online ထဲမှာဆို ဆက်​သွယ်​​ရေးကိုလုပ်​​ကြွေး​နေရသလိုဘဲ ​မေးတာ​ဖြေတာစဉ်းစားတာအတည်​ပြုတာ​တွေရဲ့ကြာချိန်​ဟာ မရှိဘူးဆို တစ်​မိနစ်​။ဖုန်းအလုံး၅သန်းဘဲတစ်​​နေ့တစ်​မိနစ်​နဲ့တွက်​ ကျပ်​နှစ်​သန်းခွဲက ပလုံစွပ်​ဘဲ။
တစ်​ကယ်​​ပြောတာလား ​မေးသူအတွက်​ တစ်​ကယ်​ပါ ကြားရယုံနဲ့ ယုံ​ရောလား၊စုဗူးက​တော့​မေးမ​နေဘူး ​မေးလည်းတစ်​ကယ်​ပါကြားရမှာဘဲ ကျပ်​ငါးဆယ်​ နှ​မျောတယ်​။
တစ်​ကယ်​ပါ​ပြောပြီးမဟုတ်​ယင်​ အညာလည်းခံရ​သေးတယ်​ ပိုက်​ဆံလည်းကုန်​​သေးတယ်​ မိ​အေးနှစ်​ခါနာ၊
စုဗူးနင်​က​တော့​လေ ​ပေါက်​​ပေါက်​ရှာရှာ​တွေးတယ်​ ကလန့်​တိုက်​တယ်​ ​ပြောချင်​​ပြော နှလုံးသားနဲ့နာ​ထောင်​ပြီး ဦး​နှောက်​နဲ့ချင့်​ယုံမယ်​၊ဒီလိုအ​လေ့ကျင့်​​ကောင်း​လေးရလို့လည်း ​လေဒီ၃၂​ယောက်​ရဲ့ ဘတ်​ကီးအရိုက်​ခံရတာကို ပြုံးပြုံးကြီးနဲ့ကျန်​​နေခဲ့တာ၊
လိမ်​ချင်​​နေတဲ့သူ စိတ်​ချမ်းသာ​အောင်​ အလိမ်​​မြောက်​​အောင်​ မသိချင်​​ယောင်​​ဆောင်​​ပေးလိုက်​တယ်​၊တစ်​ကယ်​​ပြောတာ။
အမှန်​​တော့ အရမ်းဝမ်းနည်းဘို့​ကောင်းတယ်​ လူ​တွေအချင်းချင်းမလှည့်​ပါတ်​တတ်​ မလိမ်​ညာတတ်​ခင်​က သတ္တ၀ါ​တွေစကားကို လူ​တွေသိတယ်​ ​မြေကြီးကပ​ဒေသာပင်​​ပေါက်​တယ်​၊ဘယ်​​လောက်​လန်းလိုက်​တဲ့အဖြစ်​လည်းလို့ ဘဲကင်​စားမလား ကြက်​​ပေါင်းရည်​​သောက်​မလား အငြိမ်​ဘဲ၊
မင်းကွန်းဆရာ​တော်​ကြီးရဲ့ ​မေတ္တာသုတ်​မြန်​မာပြန်​မှာပါတယ်​ လူအချင်းချင်းလှည့်​ပါတ်​ခြင်းကင်းရှင်းကြပါ​စေတဲ့၊လိမ်​ကြညာကြဖြတ်​ကြခုတ်​ကြ ​မောင်​နှမ ​ဆွေမျိုးသားချင်း​တောင်​မညှာ​တော့ဘူး ကြား​နေမြင်​​နေရတာ စိတ်​ပျက်​ဘို့​ကောင်းတယ်​၊
လူတစ်​​ယောက်​ဟာ subject တစ်​ခုမှာ အလိမ်​ခံထိထားယင်​ ​နောင်​လာတဲ့အလားတူကိစ္စ​တွေမှာ သံသယနဲ့ မယုံမရဲနဲ့ဖြစ်​​နေ​တော့တယ်​၊သူ့အမှား​တော့မဟုတ်​ပါဘူး တစ်​ဘက်​ကရိုးသားစွာ​ပြောသူအတွက်​ feel ငုတ်​တယ်​။
ငါကိုဒီလိုလူနဲ့မနှိုင်းနဲ့ ငါဒါမျိုးအစားမဟုတ်​ဘူး အခုငါ​ပြော​နေတာတစ်​ကယ်​၊သွားပြီတစ်​မိနစ်​၊
လူတစ်​​ယောက်​ဟာ တစ်​ကြိမ်​ညာတိုင်း ဦး​ခေါင်းမှာမဆိုစ​လောက်​​လေးဖုလာယင်​​ကောင်းမယ်​ များများလိမ်​​လေ ဘု​လေးကစူထွက်​လာပြီး ကြာယင်​ဂြိုလ်​​လေးလိုဖြစ်​ပြီး ဖုံးမရဖိမရ ဖြစ်​လာမှာ​ပေါ့။
လူမှုဆက်​ဆံ​ရေးမှာလူလိမ်​လား လူမှန်​လားဆိုတာ ဦး​ခေါင်းကိုကြည့်​လိုက်​ယုံ​ပေါ့။
ပုံပြင်​ထဲမှာ​တော့ နတ်​သမီး​လေးက ပန်းပုဆရာအဖိုးအိုအတွက်​ သစ်​သားရုပ်​​လေးကိုအသက်​သွင်း​ပေးတယ်​ သစ်​သားရုပ်​က​လေးရဲ့နှာ​ခေါင်း ရှည်​ထွက်​လာတယ်​​လေ၊
ပြောမယ့်​သာ​ပြော​နေရတာပါ တစ်​ကယ်​ဂြိုလ်​ထွက်​ဦး​တော့ သိပ္ပံ​ခေတ်​ကြီးမှာ ပလပ်​စတစ်​ဆာဂျယ်​ရီလုပ်ုပြီး ​ဖျေက်​ယင်​​ဖျောက်​ပြစ်​ကြမှာ။
နောက်​ဆုံစုဗူးဆိုက်​မယ့်​ဘူတာက​တော့ ချစ်​ရသူရယ်​ ကို့ရင်​ထဲကသူ့အလိုလို ထွက်​ကျလာတဲ့စကား​တွေအတွက်​ ယုံကြည်​မှုထား​ပေး​စေချင်​တယ်​ ဂြိုလ်​ကြီးဘဲ​ပေါက်​​ပေါက်​ နှာ​မောင်းကြီးဘဲထွက်​ထွက်​ တစ်​ခြားသူ​တွေကိုညာချင်​ညာခဲ့မိပါလိမ့်​မယ်​ မင်းကို​တော့ ကိုတစ်​ကယ်​​ပြောတာပါလို့။
အားလုံးကို​လေးစားစွာဖြင့်​............စုဗူး

မြန်မာဆိုက်ကို ရဲ့ နှစ်သစ်လက်ဆောင်...

$
0
0

 

ဒီနှစ်တော့ ခရစ်နှစ်ကို

လုပ်ဖောက်ကိုင်ဖက်တွေနဲ့ ဖြတ်သန်းခဲ့တယ်…

ယောက်ျားလေးတွေက သောက်တတ်စားတတ်တယ်..

ဒါ့ကြောင့် ပုလင်းတွေပါလာတယ်…

အဲဒါကို မိန်းခလေးတချို့ မနှစ်သက်ဘူး…

ဒါ့ကြောင့် ဒီကိစ္စကို မြန်မာဆိုက်ကို ဖြန်ဖြေခဲ့ရတယ်…

 

အရက်ဆိုတာ ယစ်မူးစေတတ်သောအရည်ဖြစ်တယ်…

အရက်သောက်တယ်ဆိုတာ ယစ်မူးချင်လို့ဖြစ်တယ်…

တကယ်တော့...

အရက်ရဲ့အရသာက ခါးတယ် သက်တယ်…

နှစ်သက်စရာ မကောင်းဘူး…

ကောင်းတာက ရီရီဝေေ၀ ယစ်မူးတဲ့အရသာဖြစ်တယ်…

ဒီလိုပြောလို့ မြန်မာဆိုက်ကို အရက်သမားလို့ မထင်နဲ့…

မြန်မာဆိုက်ကို အရက်မသောက်ဘူး…

အရက်တင်မကဘူး…ဆေးလိပ်လည်းမသောက်ဘူး…

ကွမ်းလည်းမစားဘူး...

 

လုပ်ဖောက်ကိုင်ဖက် ယောက်ျားလေးတွေ

အရက်တွေ ဘီယာတွေ သောက်တယ်ဆိုပေမယ့်

အလွန်အကျွံကြီးမဟုတ်ပါဘူး…

သတိလက်လွတ်တွေလည်းမဟုတ်ကြပါဘူး…

ဒါ့ကြောင့်

ကျနော်လည်း သောက်ခွင့်ပြုထားလိုက်တယ်…

 

တန်ဆေးလွန်ဘေးဆိုတဲ့ စကားရှိတယ်…

အလွန်အကျွံဆိုရင်တော့ ဘယ်အရာမှမကောင်းဘူး…

အရက်အလွန်အကျွံသောက်တာ မကောင်းသလို…

အချိုရည်အလွန်အကျွံသောက်လည်း မကောင်းဘူးပဲဗျနော်…

လွန်တယ်ဆိုရင် ဘာမှမကောင်းဘူးနော်...

ကုန်ကုန်ပြောရရင်

တရားတောင် လွန်သွားရင်မကောင်းဘူးဗျ…

တရားလွန်ဆိုတဲ့ စကားကိုပဲကြည့်ပေါ့...

 

စားချိန်တန်စား ကစားချိန်တန်ကစား ဆိုတဲ့စကားရှိတယ်…

သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားရှိတယ်…

ဒီစကားတွေဟာ

သင့်တော်တဲ့ အချိန်မှာ သင့်တော်တဲ့ အမှုကိုပြုပါလို့ ဆိုလိုခြင်းဖြစ်တယ်…

အဲဒီတော့

တစ်နှစ်မှတစ်ခါ new year ရောက်မှ

အလွန်အကျွံမဟုတ်ပဲ

ပျော်ပျော်ပါးပါးသောက်ကြ စားကြ…

စကားတွေပြောကြ ရယ်ကြ မောကြတာကို

မသင့်တင့်တဲ့အမှုလို့ ဆိုဖို့ရာဘယ်သင့်မလဲ...

 

အရက်ပုလင်းမြင်တာနဲ့

စိတ်ကမောက်ကမ ဖြစ်သွားတဲ့ မိန်းခလေးတချို့ကသာ…

သင့်တင့်သော အချိန်မှာ

မသင့်တင့်တဲ့ အမှုကို ပြုတာဖြစ်တယ်လို့…မှတ်ရမယ်…

အကြောင်းကတော့

တစ်ယောက် နှစ်ယောက်က

အရက်ဘီယာမကြိုက်ဘူးဆိုတာနဲ့…

၎ ၅ ၁၀ ယောက် ၁၅ ယောက်က ကြိုက်တာကို ကန့်ကွက်တယ်…

ဝယ်လာတဲ့ ပုလင်းတွေကို မသောက်ပဲထားရမယ်ဆိုရင်…

ဒါကို သင့်တင့်သောအမှုဖြစ်တယ်လို့ ဘယ်လိုဆိုအပ်မလဲ…

 

နှစ်သစ်တစ်ခုကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုတဲ့ အချိန်အခါမှာ

ကိုယ်က အရက်မကြိုက်လို့ သူများသောက်တာလည်းမကြိုက်တဲ့…

မနောကံဆိုတဲ့ ဟန်တစ်ခုကို ပြခဲ့မယ်ဆိုရင်…

ရွှင်လန်းနေတဲ့ သူတွေအားလုံးပါ မရွှင်မလန်းဖြစ်ကြရလိမ့်မယ်…

ဒီလိုကိစ္စမျိုးမှာ မသောက်တတ်တဲ့သူတွေဟာ လိမ္မာပါးနပ်ဖို့လိုတယ်…

ကိုယ့်ကြောင့် သူတစ်ပါးရဲ့ ပျော်ရွှင်မှု မပျက်သုဉ်းစေရဘူး…

 

ဖြစ်သင့်တာက…

အရက်မသောက်တတ်ရင် အချိုရည်သောက်…

စေတနာရှိလို့

အများကြီးသောက်တာမြင်ရင်လျော့သောက်ခိုင်း…

လူမှန်းသူမှန်းမသိအောင်

ခွေးလိုဝက်လိုသောက်တတ်တဲ့သူလည်း

တစ်ယောက်မှမပါဘူးဆိုတာလည်း…

သူတို့တွေသိပါတယ်…

 

ဒီလိုပြောလို့ အရက်ကို အားပေးတယ်လို့ မမှတ်ကြနဲ့…

အားမပေးပါဘူး…

လက်ရှိအခြေအနေမှာ

အဖြစ်သင့်ဆုံးသဘောထားကို

ရွေးခြယ်ထားရမှာဖြစ်တယ်...

အရက်ဆိုတာ ယစ်မူးစေတတ်တဲ့အရာဖြစ်တဲ့အတွက်

ကောင်ကျိုးထက်ဆိုးကျိုးများစေတယ်…

 

နောက်တစ်ချက်မှတ်ရမှာက…

အရက်ဘီယာတွေသာယစ်မူးစေတာမဟုတ်ဘူး…

တချို့ကလည်း ကွမ်းယာနဲ့ ယစ်မူးကြတယ်…

တချို့ကလည်း ဆေးလိပ်နဲ့ ယစ်မူးကြတယ်…

တချို့ကလည်း ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ ယစ်မူးကြတယ်…

တချို့ကလည်း Facebook မှာယစ်မူးကြတယ်…

တချို့ကလည်း သမထ မှာယစ်မူးကြတယ်…

သုရာမေဓရ ဆိုတာကိ

အရက်တစ်မျိုးတည်းမဟုတ်ပဲ

ယစ်မူးစေတဲ့အရာတွေဖြစ်တယ်လို့

နားလည်လိုက်ရင်ပိုကောင်မယ်…

 

အကြောင်းကတော့…

ယစ်မူးခြင်းဆိုတာ

အဆင်အခြင်မဲ့ တပ်မက်မှုတွေဖြစ်တဲ့အတွက်ဖြစ်တယ်…

တပ်မက်မှုဆိုတာ စာလိုပြောရရင် ရာဂဖြစ်တယ်…

အဆင်း အသံ အနံ အရသာ တွေ့အထိ ဆိုတဲ့

ကာမ အာရုံတွေကို တပ်မက်ရင်…

ကာမရာဂလို့မှတ်ရမယ်…

တချို့ကလည်း

အယူအမြင်တွေကို တပ်မက်ကြတယ်…

အဲဒါကျတော့ ဒိဋ္ဌိရာဂလို့ ပြောရမယ်…

ပြောရရင် ဘာသာရေးအစွဲနဲ့ တပ်မက်မှုတွေဟာလည်း

ဒိဋ္ဌိရာဂ တွေဖြစ်တယ်…

ငါ့ဘာသာမှ ငါ့ဘာသာ

ငါ့ဘာသာထိ ဓါးကြည့်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ…

ရန်ကိုရန်ချင်းတုန့်နှင်းမယ့် ဒိဋ္ဌိဝိရာဂ ဆိုတဲ့

အယူအမြင်မှာ အလွန်အကျူးတပ်မက်ကြသူတွေဖြစ်တယ်…

တနည်းအားဖြင့် ၀ါဒရာဂတွေဖြစ်တယ်…

 

New year အကြောင်းကနေ အရက်အကြောင်း…

အရက်အကြောင်းကနေ ၀ါဒတွေ ရာဂတွေဆီရောက်သွားလို့…

လွဲသွားပြီလို့မထင်နဲ့ဗျ…

အလျင်းသင့်လိုထည့်ပြောလိုက်တာပါ…

(အဲဒီလို ထည့်လိုက်တာကို စာဖတ်သူ နှစ်သက်ခြင်းရှိမရှိ ကျနော်သိချင်တယ်…

တကယ်လို့ မနှစ်သက်ဘူးဆိုရင်တော့

နောက်ရေးမယ့်ပို့စ်တွေမှာ အဲလိုထည့်မရေးတော့ဘူးပေါ့ဗျာနော့်…)

 

အရက်အကြောင်းဆက်မယ်ဗျာ…

မြန်မာပြည်မှာလည်း

အရက်ဆိုင်ဘီယာဆိုင်တွေမှိုလိုပေါက်နေတယ်…

အဲဒါ မကောင်းတဲ့လက္ခဏာပဲ…

အဲဒီလုပ်ငန်းက ၀င်ငွေကောင်းတယ်…

ရှာရဖွေရခက်တဲ့ခေတ်မှာ…

ငွေရလွယ်တဲ့ အလုပ်ကိုရွေးလာကြတာသဘာဝဖြစ်တယ်…

ဒါ့ကြောင့်လည်း အရက်ဆိုင်တွေ မှိုလိုပေါက်လာတာဖြစ်တယ်…

 

အရက်ရောင်းသူတွေဟာ ငွေတစ်ခုတည်းမြင်ပြီး…

အရက်ရောင်းခြင်းကြောင့်ဖြစ်လာမယ့်

နောက်ဆက်တွဲအနာဂါတ်ရဲ့ အမျိုးသားရေးကို မငဲ့ဘူးဆိုရင်…

ဒါဟာ ၀ိသမလောဘဖြစ်တယ်…

 

ဆက်ပြောရင် အရက်ဆိုင်ဖွင့်ထားတဲ့သူတွေ

မြန်မာဆိုက်ကိုကို ဆွဲစိကြလိမ့်မယ်…

အမျိုးဘာသာ သာသနာကို ညစ်နွမ်းစေတဲ့

အရက်ဆိုင်တွေလျော့နည်းစေဖို့ဆိုတာ

ဆရာတော်ဦးသုမင်္ဂလလို

အရှိန်အ၀ါရှိတဲ့ ပုဂ္ဂိုလ်တွေအများကြီးလိုအပ်တယ်…

နောက်ဆုံးအနေနဲ့

မြန်မာဆိုက်ကို နှစ်သစ်မှာလုပ်လေ့လုပ်ထရှိတဲ့

အလေ့အကျင့်လေးတစ်ခုကို

ရွှေသူငယ်ချင်းတွေအတွက်

နှစ်သစ်လက်ဆောင်အဖြစ်မျှဝေပြီး

ဒီပို့စ်လေးကို အဆုံးသတ်မယ်ဗျာ…

 

ခရစ်နှစ်ကူးပဲဖြစ်ဖြစ်

မြန်မာနှစ်ကူးပဲဖြစ်ဖြစ်

မွေးနေ့ပဲဖြစ်ဖြစ်…

အဲလို အပြောင်းအလဲနေ့လေးတွေမရောက်ခင်မှာ…

မြန်မာဆိုက်ကိုဟာ

မိမိကိုယ်ကိုယ်ဆုံးမတဲ့စာတစ်စောင်ရေးဖြစ်တယ်…

 

အကြင်တို့… သူတို့ကိုဆုံးမ…

ထိုသို့လျှင်… ကိုယ်ပင်ကိုယ်ဆုံးမ…

ဆုံးမဖွယ်… ကိုယ်ဝယ်အလိုဆုံးပ…

ကိုယ်ယှဉ်ထက်… ခက်သူမရှိကြ…

 

အဓိပ္ပာယ်ကတော့ သူများကိုလည်း ဆုံးမပါ…

အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်လည်း ဆုံးမပါ…

မိမိကိုယ်ကို ဆုံးမဖို့ဆိုတာကတော့ အလိုအပ်ဆုံး နဲ့ အခက်ခဲဆုံးဖြစ်တယ်…

 

သူများဆုံးမတာကို မခံချင်တဲ့သူဟာ

မိမိကိုယ်ကို ဆုံးမသင့်တယ်…

 

အဆုံးအမနဲ့ တစ်ရက်နေခြင်းက

အဆုံးအမမဲ့ တစ်သက်နေခြင်းထက်မြင့်မြတ်တယ်…

 

အဆုံးအမ ဆိုတာ

မြင့်မြတ်လိုတွေသူတွေသာ တောင့်တအပ်သောအရာဖြစ်တယ်…

 

ဒါ့ကြောင့်လည်း

နှစ်စဉ်နှစ်တိုင်း မိမိကိုယ်ကို ဆုံးမစာတွေ ရေးဖြစ်နေတာဖြစ်တယ်…

 

ကိုင်း စာလည်းရှည်သွားပြီ

နှစ်သစ်လက်ဆောင်လည်း ပေးပြီးပြီဆိုတော့…

ကျနော့်ရဲ့ ပြောကြားချက် ဒီနေရာမှာ အဆုံးသတ်မယ်ဗျာ…

 

အားလုံး ယနေ့ မှစလို့ အသက်ရှင်သမျှသက္ကရာဇ်တိုင်

အဆုံးအမတွေနဲ့ ကျက်သရေရှိစွာနေထိုင်နိုင်ကြပါစေလို့…

ဆန္ဒပြုပါတယ်…

ကျနော့်ရဲ့ အပြာအဆိုအပြုအမူအမှားတွေရှိရင်လည်း

အချိန်မရွေး ဆုံးမပါလို့...

 

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်မာချမ်းသာကြပါစေ…

ကိုင်းပင်ဘာကြောင့်ကိုင်းရသည်

$
0
0

နင့်ကိုမွေးရတာ ငါဝမ်းရေစပ်တယ်တဲ့. . .ကြားဖူးတယ် မိခင်နဲ့သားသမီးတွေကြား ၀မ်းရေစပ်တယ်ဆိုတာရှိတယ်တဲ့. . .တစ်ခါမှမခံစားဖူးတော့ အမေဘာပြောတယ်မှန်းတောင်မသိခဲ့ဖူး. . .ကိုယ့်မွေးနေ့ဘယ်နေ့မှန်းမသိတဲ့သူ ငါတစ်ခါမှမမြင်ဖူးပါဘူးဟယ်. . .တစ်ခါတစ်လေ ဘေးလူတွေငြီးငြူသံကြား. . .မီးမှာမွေးစာရင်းမရှိလို့ပါဆရာမ. . .တကယ်တော့ မေ့ကို (၈၃)ခုနှစ်မှာမွေးခဲ့သည်။ သို့သော်ကျောင်းစာရင်းထဲ(၈၂)ဖြစ်နေခဲ့ခြင်းသည် လူကြီးတွေအတွက်ပြဿနာမဟုတ်ပေမယ့် ရွယ်တူခြင်းကြတော့ အထင်သေးမခံချင်. . .မြခွာညိုမှာ စားဝါးသွားပြီး မွေးနေ့အတုလုပ်ထားသော အဘိုးကြီးတွေကိုလည်း ကြည့်မရတဲ့အရှိန်လေးကလည်းရှိနေသေးသည်လေ။

တကယ်တော့ ငယ့်ကို ဦးစိုးလွင်(စိုးထိုက်) ရန်ကုန်ကလေးဆေးရုံကြီးကနေခေါ်လာခဲ့ခြင်းဖြစ်သည်။ အိမ်ကပြောတာတော့ နှလုံးအားနည်းလို့ဆေးရုံတင်ခဲ့ရသည်ဟုပြောသည်။အဲဒီနေ့ကိုတော့ ကောင်းကောင်းမှတ်မိသည် ဆေးရုံကဆင်းမယ့်ကုတင်အောက်ခြေတွင်ထိုင်ကာ ဦးစိုးလွင်က ကတ္တီပါဖိနပ်အနီရဲရဲလေးကို ငယ့်ကိုစီးပေးခဲ့ခြင်းဖြစ်သည်။ ဆေးရုံကုတင်ပေါ်က မတ်တပ်ရပ်ကြည့်လိုက်ချိန်တွင် ရွှေတိဂုံစေတီတော်ကို စပြီးဖူးမြင်ခဲ့ရသည်။ ဆေးရုံစားသောက်တန်းတွင်တော့ လူကြီးတွေဘာလုပ်သည်လဲမသိပဲ ကျီးကန်းမဲမဲအသေတွေကို တွေ့ခဲ့သေးသည်။ အိမ်ကတော့ အဲဒါကြက်ကင်တွေတဲ့. . .ကြက်ကိုအဲဒီလောက်မဲတူးနေအောင်မကင်မှန်းတော့ ငယ်သိသည်။ပြီးတော့ ကျီးကန်းတွေဆိုတာလည်း ငယ်သေသေချာချာသိနေခဲ့သည်။ ထားပါတော့ ခက်တာက ဦးစိုးလွင်အကို ဥိးစိုးမြင့်(စာအုပ်ကြီး)သားအကြီး သန်းကျော် သူ့ကိုလည်းပုပ္ပါးရွာနားကမွေးစားထားသည်တဲ့. . .ဟုတ်မဟုတ်တော့မသိပေမယ့် သူ့ညီဇော်လှိုင်ကတော့ ကိုယ့်လို အင်္ဂျနီယာတစ်ယောက်မို့ သိထားခဲ့သည်ပေါ့။

 

သန်းကျော်နဲ့ဇော်မိုးက အကျင့်မကောင်း. . .ဒီတော့ ကိုယ့်မှာ ပါးစပ်ထဲတွေ့ရာ သူငယ်ချင်းကို ရည်းစားအတုလုပ်ပြောထားရသည်။ ရှာမရအောင်ဂျပန်နိုင်ငံသားဟုပြောမိသည်။ အဲဒါကို မဆလာသည်ကယုံသည်ဆိုတာကိုတော့ ငယ်တော်တော်အံ့သြသည်။ ဘာကြောင့်လည်းဆိုတော့ သူ့တူမ ဝေမာနဲ့ ငယ်က တစ်ခန်းတည်း အော်ဇော်ဆိုတာ ငယ်တို့အခန်းထဲက ဆေးသမားမှန်း (၇)တန်းတစ်ခန်းလုံးသိသည်။ ငယ့်ခေါင်းထဲမှာရှိသည်က ဇော်မိုးနဲ့ သန်းကျော်ကို ကြည့်မရခြင်းသာ။သူတို့က ပုလင်းတူ ဘူးဆို့. . .ဒီတော့ငယ်က မထင်လျှင် ဓါးနှင့်ကောက်ပေါက်သည်။ ငှက်ကြီးတောင်ဓါးနှင့် လူခုတ်သတ်၍ ငယ့်ကို ရွာထဲမှာတော်တော်ဆွဲခဲ့ကြရသည်။ ဒါကြောင့် သူတို့ ငယ်ဆိုလျှင် အသေကြောက်ကြခြင်းဖြစ်မည်။ ဘုရားပေးတဲ့ဘ၀ပေး ကုသိုလ်ကိုက အဲဒီအတိုင်း။ သဲနှင့် ငယ်က ဘ၀တူ ကံတူဆိုတော့ အချစ်ဆုံးဖြစ်ကြတာဖြစ်သည်။ ငယ်က ရွာတွင် ငှက်ကြီးတောင်နှင့်ခုတ်ချိန်တွင် သဲကလည်း ဂစ်တာနှင့် ဗိုက်ကြီးသည်ကို ရိုက်၍ ရ၀တ ရုံးရောက်ချိန်ဖြစ်သည်။ အရိုက်ခံရသူက သူ့သူငယ်ချင်းအရင်း၏ အဒေါ်အရင်း. . .သဲပြောတုန်းက ငယ်ရယ်ရသေးသည်။ ငယ်ဘာလို့ဒီလောက်ဆိုးသလဲ. . .

ငယ်ဟိုးတစ်လောက SMART မှအလုပ်ထွက်ခဲ့သည်။ အဲဒီထဲက ငယ်ပန်းသီးမစား. . .ငယ့်အနေက အိမ်ကိုငဲ့ကြည့်စရာကိုမရှိသူ. . .ကိုယ့်ဘ၀ကိုယ်ကျောင်း ကိုယ့်ကိုကိုယ်ထိန်းကာနေလာခဲ့ရသူ. . .ဒီတော့ သံယောဇဉ်ရယ်လို့ခံလည်းမခံစားဖူးသလို ထားလည်းမထားတက်သူ။ ကိုနေ၀န်းတွေကြား ငယ်ဘာတွေမွှေမိခဲ့သလဲ ငယ့်ကိုငယ်တောင်မသိ. . .သဲ တိုက်ကြီးဘော်ဒါက ကော်ပါတ်ရုပ်ကိစ္စကတော့ ငယ်က အဲဒီတည်းကသိသည်။ ဒါကြောင့် မိမိဦးက ငယ့်ကို (၄၀၀၀၀၀) တန် စိန်အကြောင်းပြောတော့ ရယ်ချင်ပက်ကျိဖြစ်ခဲ့ရသည်။ တကယ်တော့ ဒါတွေကိုငယ်သိခဲ့သည်က လွန်ခဲ့သော(၁၃)နှစ်လောက်တည်းက။ဒီကြားထဲ သဲက ပလာဇာတွင်ဆိုင်သွားဖွင့်ခဲ့သေးသည်။ ငယ်က စာသင်နေတာမို့မအား။ သဲကတော့ပြောသည် နင်ကတစ်သက်လုံးကျောင်းတက်ပြီးနေမယ့်သူတဲ့. . .သူပြောတာလည်းဟုတ်တော့ဟုတ်သည်။ဒါကြောင့် ငယ်ကခေါင်းထဲမှာ ဘယ်သူ့အကြောင်းမှသိပ်မထား. . .သူများတွေလို ငါ့အမမထိနဲ့အမေမထိနဲ့ နင့်လုပ်ချင် ငါ့လုပ်လို့ခေါင်းထိုးခံပေးရလောက်အောင်လည်း ငယ့်ဘ၀မှာ အဲဒီလောက် စာတင်လောက်အောင် သံယောဇဉ်ရှိတဲ့သူတစ်ယောက်မှမရှိ။ သူတို့သိသည်က ငယ်အိမ်က ထါက်သွားလျှင် သူတို့အသတ်ခံရမည်ဖြစ်၍ သထာသည်ဖြစ်စေ မသထာသည်ဖြစ်စေ ကျွေးထားလျှင် တာဝန်ကျေပြီဆိုသည့်အတွေး. . .အဲဒီတော့ ငယ်ကအရာရာကို တာဝန်ကျေပြီဆိုသည်နှင့်သာတွေးတက်သူဖြစ်သည်။ စက်ရုပ်ဆန်တယ်ပဲပြောပြော. . .လူသားမဆန်ဘူးပဲဆိုဆို. . .ဒါကြောင့် ဒီနားပြော ဟိုနားရောက်ရင်မေ့သွားသူသာဖြစ်လာခဲ့သည်။ ငယ့်လည်း ကိုဝင်းအောင်တို့ရေးထားသောစာကိုဖတ်ပြီး အင်တာနက်ထဲကနေပဲ ဘုဂလန့်ပြန်ကြလိုက်သည်။ သေချာသည် ငယ်က မည်သူ့ကိုမှ ကိုယ့်ကိုကိုယ်ထက်ပိုမချစ်တက်သူ. . .သူတို့တွေ၏ မဟာယောင်္ကျားကြီးဝါဒနှင့်ဆိုငယ်နှင့်တစ်မနက်တောင်မခံ . . .အိမ်ကပြောသလိုဆို လင်များသည်သာ အဖတ်တင်မည်တဲ့. . . အထက်ပေါင်းလောင်းကို လိုက်လာသောတပ်တွေက ငယ့်ကိုပွင့်ဖြူကိုသွားရန်ပြောသေးသည်။ အောက်ကျခံပြီးရိုကျိုးပေးလျှင် ငယ့်ဘ၀ကောင်းစားမည်ဆိုပဲ. . .ငယ်ရယ်လိုက်ရတာ ဖတ်ဖတ်မောပင်. . .ငယ်စိတ်နှင့်ဆို အဆိပ်ခတ်သတ်ခံရမည်ဆိုသည်ကို ကိုဟယ်ကတော့ကောင်းကောင်သိသည်။ ငယ့်ဘ၀တွင် ငယ်ဒုက္ခရောက်၍ မျက်ရည်ပေါက်ပေါက်ကျနေပါစေ လက်စွပ်တစ်ကွင်းချွတ်ပေးမည့်သူမရှိခဲ့ဖူး။သူကလိုချင်ပါတယ်လို့ ဒူးဖတ်တောင်းပန်တောင် ငယ်က စိတ်ကူးထဲတောင်မထည့်. . .ငယ်က မြွေဆိပ်မိထားသည့်သူဖြစ်သည့်အတွက် အိမ်ထောင်ပြု၍ကိုမရသည့်သူ. . .သူ့ဘာသာစစ်ဖြစ်ရုံမကလို့ မြေပဲပြိုပြို. . .ကိုယ့်ကိစ္စမဟုတ်(ဒါကငယ့်ခံယူချက်နှင့် ငယ့်ဆင်ခြေ) ဒီတော့ ငယ့်က မိသားစုအတွက်တို့ မောင်နှမအတွက်တို့ဆိုတာကို ခေါင်းထဲတောင်မထည့်ဖူးသူ. . . မရှိတောင်းစားကြလိမ့်မယ်ဟုပဲ ခပ်ရိုင်းရိုင်းပြောမိသည်။ ငယ်ပြောတာမလွန်ဘူးဆိုတာ ငယ့်တီချယ်နှင့် အန်တီစိန်စိန်တို့အသိဆုံး. . .ဒါကြောင့် နဂိုတည်းက လေးရဲ့ခံယူချက်က ရှေ့ကြည့်လည်းကျော နောက်ကြည့်လည်းရင်ဘတ်ပဲ. . .အတွယ်အတာလည်းမလိုသလို. . .သံယောဇဉ်လည်းမထားတက်. . .အိမ်ကလူတွေနှင့် မစိုး. . .ကိုဂျူးတူ. . .ဒေါ်မြလေးတို့ဘာတွေရှုပ်ထားကြသည်ကိုတော့ငယ်မသိ. . .ဂျူးတူကတော့ ငယ့်ကိုအသွေးရောအသားရောပေးမည်လားလို့လာလုပ်သွားသေးသည်. . .အပြင်မှာပဲ ငယ်သတ်ပစ်မိမည်အမှန်. . .ဒီတော့ ကိုသန်းကျော်ကိစ္စက ငယ့်ကို နည်းနည်းထူးဆန်းသွားစေခဲ့သည်အမှန်။ ထူးဆန်းတာဟာ ခူးဆန်းတာမဟုတ်တဲ့အတွက် (ဂျပန်စတိုင် လေယာဉ်ပျံ(၂)စင်းလဲမလိုပါဘူး) ) ငယ်က တမင်ညာထားခဲ့တာ. . .ဒီတော့ ငယ်မေးမိသည် သူမဘယ်သူလည်း. . .(အဲဒါလည်းငယ်မသိပါ). . .ငယ်နဲ့ဘာတော်လည်း. . .(အဲဒါလည်းငယ်မသိပါ). . .ဒါပေမယ့် ဘိတ်သားလေးကို ကိုအေးတို့ကြပ်တဲ့နည်းလမ်းကိုတော့ ငယ်ကောင်းကောင်းသိသည်။ ပြီးတော့ ငယ့်အဖွားသည် စိတ်မထင်လျှင် သားအရင်းကို စစ်တပ်လက်အပ်ပြီး သေနတ်နှင့်ပစ်သတ်ခိုင်းသူဖြစ်သည်။ ငယ်သည်သူမအချစ်ဆုံးမြေးမလေးဖြစ်သည့်အတွက် ဘကြီး၊ဦးလေး၊မောင်နှမ၀မ်းကွဲအားလုံး ဖွားအေရှိစဉ် ငယ်ပြီးမှပြီးသဖြင့် အကုန်လုံးငယ့်ကိုလန့်ခဲ့ရသည်(အိမ်ကအမေပါအပါ). . .အခုတော့အဖွားလည်းဆုံးငယ်လည်းသူတို့နဲ့ သိပ်အခေါ်အပြောမလုပ်တော့ ကိုယ့်ဘာသာပဲနေခဲ့သည်။ သတိရလျှင် ရွာက အဒေါ့်သမီးလေးများကို ဖုန်းဆက်သည်။ အခုတော့ ကိုသန်းကျော်ကိစ္စ(ဒီကိစ္စမလုပ်ခင် ငယ့်ကို မစိုးနာမည်နဲ့ သတိပေးစကားတွေ ခဏခဏလာခဲ့သည် ငယ်ကတော့ထုံးစံအတိုင်း ငယ့်အပူမှမပါတာဟူ၍သာ. . .) ဒီလောက်ထိဆိုတော့ (ပြန်လာတာ၂ နှစ်တောင်မပြည့်လောက်သေးသူက အကြပ်ကိုင်ခဲ့တာလား) ငယ့်နဲ့ဆိုင်ကိုဆိုင်ရမည်ဆိုသည့်အသိအတွက် ဘယ်သူကဘာကိုလိုချင်သလည်း???? သူမဘာကြောင့် ဒီလိုလုပ်ခဲ့တာလည်း???? ထို့မေးခွန်းတွေနှင့် မေရီ(ခေါ်)ငယ်သည် ရွှေတြိဂံမှ ပျောက်ခြင်းမလှပျောက်သွားခဲ့သည်။ငယ်သည် ထိုသို့ဆိုးသွမ်းသော ကောင်မလေးဖြစ်သည်။

(ကိုင်းပင်ဘာကြောင့်ကိုင်းရသည် ငယ်လေးဒါကြောင့် ရိုင်းရသည်)

                                                                                                                  တိမ်တိုက်(TU)


အသက်ကြီးလျှင်ပေါ်လာတတ်သောအညိုရောင်အစက်အပြောက်များ(AgeSpots)

$
0
0

Age Spots ဆိုတာဟာ လက်အနောက် ဘက်၊ လည်ပင်း၊ မျက်နှာနဲ့ ပခုံးပေါ်မှာ တွေ့ရတတ်တဲ့ အညိုရောင် ဝိုင်းစက်စက် အစက်အပြောက်တွေ ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုအချိန် များလာတာကြောင့် Age Spots တွေ ပေါ်လာရတာပါ။ ဒါကြောင့် လူအများစုမှာ အသက်ငယ်နေသေးရင် Age Spots တွေ ထွက်လာတာ မတွေ့ရတတ်သေးပါဘူး။ ဒါပေမယ့်လည်း နေရောင်ခြည်နဲ့ သိသိသာသာ ထိတွေ့မှုရှိသူတွေအနေနဲ့ အသက် ၂၀ ဒါမှ မဟုတ် ၃၀ နောက်ပိုင်းမှာ Age Spots တွေ စတင်ထွက်လာ တတ်ပါတယ်။ နေရောင်ခြည်မှာ UV rays တွေ ပါဝင်တဲ့အတွက် အသားအရေ ပျက်စီးမှုတွေ ရရှိလို့ပါ။ နေရောင်ခြည်ကြောင့် ရောင်ခြည်ပစ္စည်းတွေ အရေပြားမှာ ပိုမိုစုဆောင်းလာပြီး အညိုရောင် အစက်အပြောက်တွေ ဖြစ်ပေါ်လာကာ Age Spots တွေ ဖြစ်လာတာပါ။ အကယ်၍ Age Spots တွေရဲ့ အရွယ်ပမာဏ ဒါမှ မဟုတ် ပုံသဏ္ဌာန်ပြောင်းလဲလာရင် အရေပြား ကင်ဆာဖြစ်နိုင်တဲ့ အတွက် အရေပြားဆရာဝန်နဲ့ သင့်အရေပြားကို တစ်နှစ် တစ်ကြိမ် လောက် စစ်ဆေးသင့်ပါတယ်။ Age Spots တွေ မှေးမှိန်သွားအောင်နဲ့ မဖြစ်အောင် ကာကွယ်နိုင်ဖို့ လုပ်ဆောင်နည်းတွေဖော်ပြပေးလိုက်ပါတယ်။
၁။       အရောင်ဖျော့ပါ
သင့်ရဲ့ Age Spots ဟာအကြီးကြီး ဒါမှမဟုတ်ခဲ့ရင် ဆိုင်ပေါ်မှာတင်ရောင်းတဲ့ ချေး(ဂျီး)ချွတ်ပစ္စည်းတွေနဲ့ အရောင်ဖျော့ သွားအောင် လုပ်နိုင်ပါတယ်။ hydroquinone နှစ်ရာခိုင်နှုန်း ပါဝင်တဲ့ ခရင်မ်တွေ လိမ်းပေးရင် Age Spots ရဲ့ အရောင်ဟာ သိသိသာသာ လျော့သွားတာ ဒါမှ မဟုတ်ပျောက်တောင် ပျောက်ကင်းနိုင်ပါတယ်။ GlyColic acid moisturizer နဲ့ အသုံးပြုရင် ပိုကောင်းပါတယ်။ ချေး(ဂျီး) ချွတ်ပစ္စည်းကို cotton swab နဲ့ တို့ပြီး Age Spots အပေါ်တိုက်ရိုက် တစ်နေ့ နှစ်ကြိမ် တို့ပေးပါ။ ထိရောက်မှုရှိဖို့ ၆ လမှ ၁၂ လ လောက် အသုံးပြုရပါတယ်။ Age Spots ပျောက်ကွယ်သွားရင် အသုံးပြုတာကိုရပ်လိုက်ပါ။
၂။       နေရောင်ခြည်ရဲ့ထိတွေ့မှုကိုကာကွယ်ပါ
Age Spots တွေဟာ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဖြစ်တဲ့အတွက် နေရောင်ခြည် ဒဏ်ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အိမ်အပြင်ထွက်တိုင်း Sunscreen လိမ်းသွားဖို့ မမေ့ပါနဲ့။ UVA နဲ့ UVB နှစ်မျိုးစလုံးကို ကာကွယ်နိုင်ပြီး Sun Protection factor SPF အနည်းဆုံး ၁၅ ရှိတဲ့ Sunscreen ကို အပြင်မထွက်မီ ၁၀ မိနစ်မှ ၁၅ မိနစ် အလိုမှာ လိမ်းပေးပါ။ စမ်းသပ်မှုတွေ အရ SPF 15 ဟာ နေရောင်ခြည်မှ UV rays ဒဏ်ကို ၉၃ ရာခိုင်နှုန်းအထိ ကာကွယ် နိုင်တယ်လို့ သိရပါတယ်။ အကယ်၍ သင်ဟာ ဂေါက်သီး ကစားရမှာ ဖြစ်ရင်၊ ဒါမှမဟုတ် တင်းနစ်ရိုက်ရမှာ ဖြစ်ရင် ဒါမှ မဟုတ် နေရောင်နဲ့ ကြာကြာ ထိတွေ့ရမယ့်သူဖြစ်ရင် SPF 30 ပါဝင်တဲ့ sunscreen ကို လိမ်းပါ။ ပင်လယ်ကမ်းခြေမှာ ရေစိုနေသူဖြစ်ရင်     sunscreenကို          မကြာခဏလိမ်းပေးပါ။
၃။       ဦးထုပ်ဆောင်းပါ
အကယ်၍ သင်ဟာ ပင်လယ်ကမ်းစပ်မှာလမ်းလျှောက်မယ်ဆိုရင်၊ ဒါမှမဟုတ် နေ့လယ်နေ့ခင်းမှာ အပြင်ဘက်ထွက်မယ် ဆိုရင် မျက်နှာနဲ့ လည်ပင်းအပေါ် နေရောင်မှ ကာကွယ်ဖို့ ဘေးအနားလေးလက်မ အကျယ်အဝန်းရှိတဲ့ ဦးထုပ်ဆောင်းထား ပါ။အင်္ကျီလက်ရှည်၊ဘောင်းဘီအရှည်ဒါမှမဟုတ်ထဘီ၊ပုဆိုးဝတ်ထားပါ။
၎။       နှုတ်ခမ်းကိုလည်းကာကွယ်ပါ
နှုတ်ခမ်းဟာလည်း နေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ နေရာမှာ ဖြစ်တဲ့အတွက် Age Spots တွေ ရနိုင်ပါတယ်။ နှုတ်ခမ်းနီ ဆိုးထားတာနဲ့ ကာကွယ်နိုင်တယ်လို့ထင်ရပေမယ့် နေရောင်ဟာ အရောင်ဖျော့တွေကို ထိုးဖောက်နိုင်တဲ့အပြင် နှုတ်ခမ်းနီ ဟာလည်း တစ်နေ့လုံးမခံဘဲ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် SPF ၁၅ ဒါမှ မဟုတ် ၃၀ ပါဝင်တဲ့ နှုတ်ခမ်းနီကို ဆိုးပြီးမှအပြင်ထွက်ပါ။                                                                                                                                               ၅။       အပြင်ထွက်ချိန်ကန့်သတ်ပါ
မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပါ။ UV rays တွေအား အပြင်းဆုံး အချိန်ဖြစ်လို့ပါ။ ခြံတွင်း အပင်စိုက်ရမယ့် အလုပ်လို အိမ်ပြင်ထွက်လုပ်ရမယ်ဆိုရင် မနက်ပိုင်းနဲ့ ညနေပိုင်းမှာသာ လုပ်ပါ။ တိမ်ထူထပ်တဲ့နေ့တွေနဲ့ ဆောင်းရာသီတွေမှာလည်း Sunblockသုံးဖို့လိုအပ်တယ်     ဆိုတာသတိရပါ။
၆။       အရိပ်အောက်မှာနေပါ
သင်ဟာ ပင်လယ်ကမ်းခြေ ဒါမှမဟုတ် သင့်နေအိမ်ခြံဝင်းအတွင်းမှာ Baebecue ပါတီကျင်းပမယ်ဆိုရင် ထီးအကြီးကြီး အောက်မှာသာလုပ်ပါ။သင်ဟာ နေရောင်ခြည် အောက်မှာ ရှိနေတိုင်းချည်သားပိတ် အရောင်ဖျော့ဖျော့ကိုသာ ဝတ်ဆင်ပါ။
၇။       ရှောက်သီးလိမ်းပါ
ရှောက်သီးကို လှီးဖြတ်ပြီး Age Spots အပေါ် ၁၀ မိနစ်ခန့်ကပ်ထားပါ။ ရှောက်သီးမှ အက်စစ်အရည်တွေက Age Spots ကို အရောင်ဖျော့စေလို့ပါ။ ခြောက်ပတ်မှ ၁၂ ပတ်အတွင်း သိသိသာသာ ပျောက်ကင်းတာကို တွေ့မြင်နိုင်ပါတယ်။ တစ်နေ့ တစ်ကြိမ်သာအသုံးပြုပေးပါ။ အသုံးပြုတာများသွားရင် အရေပြားအပေါ်ဆုံး  အလွှာကွာကျသွားနိုင်လို့ပါ။
၈။       ကြွက်နို့ကပ်ပစ္စည်း(waststick)ကိုအသုံးပြုပါ
Wast Stick မှာ Salicylic acid 90% ပါဝင်ပြီး stick ကို ညအိပ်ရာဝင်ခါ နီးတွင် Age Spots မှာ ကပ်ထားနိုင်ပါတယ်။ ရှစ်လမှ၁၂လအတွင်း  AgeSpots         အရောင်ဖျော့သွားနိုင်ပါတယ်။
၉။       Concealerသုံးပါ
သင့်အသားအရေ အရောင်ထက် အရောင်ဖျော့တဲ့ cream-based ဒါမှ မဟုတ် water based concealer ကို Age Spots ပေါ်မှာလိမ်းပေးပါ။
၁၀။     ဆရာဝန်နဲ့ဘယ်အချိန်ပြမလဲ
သင့်ရဲ့ Age Spots တွေဟာ အိမ်တွင်းကုသမှုနည်းလမ်းတွေနဲ့ မသက်သာရင် ဒါမှမဟုတ် Age Spots မှ သွေးတွေ ထွက်ပြီး ယားယံတာ ဒါမှ မဟုတ် အရောင်ပြောင်း သွားတာတွေဖြစ်ခဲ့ရင် ဆရာဝန်နဲ့ ပြပါ။ အချို့အရေပြားကင်ဆာတွေဟာ Age Spots နဲ့ခပ်ဆင်ဆင်တူလို့ပါ။ ဆရာဝန်တွေ အနေနဲ့ Age Spots အတွက် 4% Hydroquinone လိမ်းဆေး ညွှန်ပြနိုင်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်လိမ်းပေးရင် ၂၁ ရက်မှ ၂၈ ရက်အတွင်း သက်သာသွားနိုင်ပါတယ်။ Hydroquinone နဲ့အတူ ဗီတာမင် A Cream (Retin-A) ကိုပါ ပေါင်းစပ်ပြီးပေးနိုင်ပါတယ်။ ပိုပြီး မြန်မြန်သက်သာအောင် နိုက်ထရိုဂျင် အရည်နဲ့ အေးခဲနည်းကို အသုံးပြု နိုင်ပါတယ်။ ၄ ရက်မှ ၆ ရက်အတွင်း Age Spots ကွာကျသွားနိုင်ပါတယ်။ ဒုတိယ နည်းလမ်းအနေနဲ့chemical       peelလုပ်ပေးနိုင်ပါတယ်။ မျက်နှာမှာagespotsအတွက်     နှစ်ရက်မှသုံးရက်အတွင်း သက်သာ စေနိုင်သလို လက်မောင်းနဲ့ ရင်ဘတ်မှ Age Spots တွေကို ငါးရက်မှ ခုနှစ်ရက်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။ တတိယ နည်းလမ်းဟာ Laser နဲ့ ပြုပြင်နည်းပါ။ နာရီဝက်မှတစ်နာရီခန့်သာ ကြာတတ်ပြီး အနာကျက်ဖို့ နှစ်ပတ်မှ ခြောက်ပတ်အချိန်ယူရပါတယ်။

(ကျမချစ်သောမြန်မာပြည်)

$
0
0



ကမ္ဘာကြီးသည် နေ့နဲ့ညကြားပုံမှန်လည်ပတ်လျက်ရှိသလို ကမ္ဘာကြီးထဲကကျမတို့မြန်မာလူမျိုးများသည်လည်းမွေးဖွားလိုက်သေဆုံးလိုက်
ကမ္ဘာကြီးထဲမှာလည်ပတ်လျက်ရှိသည်။

ဒီလိုနဲကျမချစ်သောမြန်မာပြည်ကြီးသည်သံသရာဝဲကယက်ထဲကမ္ဘာကြီးနဲ့ အပြိုင်လည်နေပါတော့သည်။ ဆောင်းသည် ဆောင်းပီသစွာအေးချမ်းနေသည်။ ဆီးနှင်းမြူခိုးတို့ဖြင့်မှုန်ရှီင်းစက်တွေရွှဲရွှဲစိုအေးမြနေသည်။
ဆောင်းရာသီလေးကအေးမြသည်၊သာယာသည်၊လန်းဆန်းသည်။

ကျမတို့နေထိုင်ရာမြန်မာပြည်ကြီးမှာမှာတိုက်ပွဲခေါ်သံတွေမရှိ၊အနိုင်ကျင့်မှုတွေမရှိ၊ဂုတ်သွေးစုတ် အမြတ်ကြီးစားခြင်းတွေမရှိဘူးဆိုလျှင် ကျမတိုမြန်မာပြည်သည် အလွန်သာယာဖွယ်ရာနေရာ
တခုပင်ဖြစ်သည်။ (၃၈)ပါးသော မင်္ဂလာတရားတွေကို ရင်ထဲနှလုံးသားထဲစောင့်ထိန်းကြတဲ့ကျမတိုလူမျိုးပင်ဖြစ်သည်။

မြန်မာလူမျိုးများသည်ယဉ်ကျေးမှု၊၊သီလ ၊ကိုယ်ချင်းစာခြင်း၊ရိုးသားခြင်း၊ဇွဲရှိခြင်း၊ သနားကြင်နာခြင်း၊မေတ္တာတရားလူတိုင်းစိတ်ထဲကိန်းအောင်းနေမယ်ဆို ကျမတိုမြန်မာပြည်ကြီးပိုလှပေလိမ်မည်။

ကျမတို့မြန်မာပြည်ကြီးသည်ဘုရားရှင်ရဲ့ အဆုံးအမအောက်မှာ မေတ္တာတရားတို့ဖြင့် ငြိမ်းချမ်းနေလေ၏။ မနက်ခင်းဆိုဆွမ်းထချက်ကြဖို့ နေ့စဉ်လှုပ်နိုးတတ်တဲ့ အာရုံဦး အုန်းမောင်းခေါက်သံကညိမ့်ညောင်းသာယာလွန်းလှသလိုအာရုံဦး ဘုရားဝတ်ပြုသံတွေနဲ့ နေ့စဉ်နေ့တိုင်း မင်္ဂလာရှိရှိနိုးထတတ်တဲ့ ကျမတို့မြန်မာလူမျိုးများရဲ့အလေ့အထလေးကချစ်စဖွယ်တခုပင်ဖြစ်သည်။

နံနက်ခင်းရဲ့ နေရောင်ခြည်အောက်ရွှေရောင်တွေတောက်ပနေတဲ့စေတီအဆူဆူတွေရဟန်းသံဃာများ၏သင်္ကန်းရွှေဝါရောင်တို
့သည်တင့်တယ်လွန်းလှသည်။

တချို့နေရာမှာအးအေးလူလူ ကျောင်းသွားနေကြတဲ့ ကလေးငယ်လေးတွေရှိသလို တချို့နေ၇ာမှာ ဟိုနေ၇ာပြေး ဒီနေရာပြေး လောင်းရိပ်မဲ့နေတဲ့ကလေးတွေလည်းရှိသည်။မောဟတရား အတ္တတရားလွှမ်းဖုံးနေတဲ့လူတွေသာမရှိခဲ့ဘူးဆိုရင်လှပတဲ့အနာဂတ်ဟာ သူတို့အပြုံးတွေပေါ်မှာ နုဖတ်သန့်စင်တဲ့မျက်နှာလေးတွေက အေးမြလန်းဆန်းနေမှာပင်ဖြစ်သည်။ ယခုလူငယ်ဆိုတာနောက်အနာဂါတ်လောင်းများပင်ဖြစ်သည်။

ထို့အတူအသက်ရှင်နေကြတဲ့လူတွေအားလုံးကိုယ်စီကိုယ်စီတရားမျှတစွာ လောဘအရိပ်တွေမရှိ၊ဒေါသာအရိပ်တွေမရှိ၊မာနအရိပ်တွေ မရှိ ကြည်လင်အေးချမ်းနေမယ်ဆို ကျမတိုင်းပြည်လေးအေးချမ်းနေမှာပင်ဖြစ်သည်။ လူတိုင်းမှာ တူညီတဲ့တန်းတူအခွင့်အရေး တူညီတဲ့လွတ်လပ်ခွင့်သာရှီနေမယ်ဆိုသူတို့ရဲ့မျက်နှာပေါ်မှာ ယုံကြည်ချက်တွေအပြည့်၊ရဲရင့်မှုတွေ အပြည့်၊ပျော်ရွှင်မှုတွေ အပြည့်၊တာဝန်ယူတတ်တဲ့စိတ်တွေ အပြည့်နဲ့ ဒုက္ခဆိုတာ မကြားဖူးသည့်အလား၊ငရဲဆိုတာ မကြုံဖူးသည့်အလား အားမာန်တို့ပြည့်နေမှာပဲဖြစ်သည်။

ခုတော့လူတွေရဲ့ မညီမျှတဲ့ လွတ်လပ်ခွင့် မညီမျှတဲ့အခွင့်အရေးကြောင့်လူတွေရဲ့ ဦးနှောက်တွေ ညစ်နွမ်းလာသည်။တက်မက်တဲ့စိတ်တွေ၊သိမ်ငယ်မူတွေ၊မာနတရားအနိုင်ကျင့်သိမ်းပိုက် ချင်တဲ့စိတ်တွေတိုးပွားလာသည်။ ရိုးသားမှုအပေါ် ဂုတ်သွေးစုတ်အမြတ်ထုတ်ချင်တဲ့စိတ်တွေ အေးချမ်းမှုကို မနာလိုတဲ့စိတ်တွေ၊တည်ငြိမ်မှုကို ဖျက်ဆီးလိုတဲ့ စိတ်တွေ.တချို့လူတွေရဲ့ခန္ဓာကိုယ်တစ်ခုလုံးရင်ဘတ်တစ်ခုလုံး ပြည့်လျှံနေသည်။ သူတို့တွေရဲ့ နူးညံ့တဲ့အပြုံးတွေထဲကဟန်ဆောင်မျက်ဝန်းထဲမှာ ကောက်ကျစ်မှုတွေ၊ တုံ့ပြန်ချင်တဲ့စိတ်တွေဖုံးလွှမ်းလျက်ရှိသည်။

ထိုကြောင့်မြန်မာပြည်ကြီးသည်တဖြည်းဖြည်းဆုတ်ယုတ်လာသည်။ကပ်တွေလည်းဆိုက်ရောက်လာသည်။လေတွေကလည်း ပိုပြီးအေးစိမ့်လာသလိုလို ကောင်းကင်သည်လည်း တဖြည်းဖြည်း ညိုမှောင်လာခဲ့သည်။ ရိုသားမူသည်လည်းပျက်သုန်းလာသည်။ ဖြူစင်သန့်ရှင်းလွန်းတဲ့ စိတ်တွေသည်လည်း အမည်းစက်ကြီးတစ်ခုလို ထင်းထင်းကြီး ဖြစ်နေလေသည်။

ချိုမြိန်လတ်ဆတ်တဲ့ သစ်သီးတွေကြားမှာ ကျီးအာသီးတွေပါဝင်နေမူကြောင့်ကျမတို့မြန်မာပြည်ကြီးသည်လှပခြင်းမဲ့နေသည်။

ဘယ်အချိန်ထိ ပုတ်သိုးနေမည်မသိ..။ဇောချွေးတွေပြန်လာသလို နားတွေလည်း အူလာသည်။သေချာကြည့်နေပါလျှက် မြင်ကွင်းက မှုံဝါးလာသည်။ တဖြည်းဖြည်းမေတ္တာတရားဝေးကွာလာသလို မောဟတရားဖုံးလွှမ်းလာသည်။

နောက်တော့ ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ်၊စစ်ပွဲတွေတစ်ပွဲပြီးတစ်ပွဲ တစ်ဦးကိုတစ်ဦး သွေးရဲရဲသံရဲရဲနဲ့ သတ်ဖြတ်နေကြတော့သည်။ ကိုယ်သွေးကိုယ်စုပ်နေကြတော့သည်။.၊မျက်နှာအဆီတ၀င်းဝင်းနဲ့ လူကုန်ထိုင်းအ၀ိုင်းကအစေခံလေး တွေကိုညှင်းပန်းနှိပ်စက်နေကြသည်။ ထမင်းနပ်မှန်အောင်မစားရလို့ ငတ်ပြတ်နေတဲ့ဘ၀တွေ၊ကယ်ပါယူပါတစာစာနဲ့ မိဘမဲ့ကလေးတွေရဲ့ ညီးညူအသံတွေ၊ဆေးဖိုးဝါးခမရှိလို့ အာခေါင်ခြစ်အော်နေကြတဲ့ ရောဂါသည်တွေရဲ့အသံတွေပဲ့တင်ထပ်နေရဲ့..။

အကျိုးအမြတ်လေး မလောက်မငနဲ့ဝမ်းစာအတွက် လယ်ကွင်းတွေထဲ နေပုမိုးရွာမရှောင် ပင်ပန်းကြီးစွာလုပ်ကိုင်နေကြရတဲ့တောင်သူလယ်သမားတွေ၊ အဖိုးအခမဖြစ်စလောက်လေးနဲ့ မသေချာတဲ့ မျှော်လင့်ချက်တွေအတွက် ရုန်းကန်နေကြသူတွေ ၊စက်ရုံကြီးတွေမှာ လခအနည်းငယ်အတွက် အလုပ်ချိန်အများကြီးပေးဆပ်နေကြရတဲ့ အလုပ်သမားတွေ အဲဒီလို ဆင်းရဲသားတွေ သွေးချွေးနဲ့ရင်းခဲ့ရတဲ့ အောင်မြင် မှုတွေနဲ့ စည်းစိမ်းရစ်နေတဲ့ရယ်သံကြီးတွေ ကကြောက်မက်ဖွယ်ရာပင်။ ကြီးနိုင်ငယ်ညှင်းဝါဒနဲ့ အားလုံးရဲ့ မျက်ရည်တွေကိုသောက်သုံးပြုံးးပျော်နေကြတဲ့ စုန်းပြူးတွေ မျက်နှာကြီးတွေက အော်ဂလီဆန်စရာကောင်းလှ သည်။

ဗုဒ္ဒဘာသာဆုံးမမူအတိုင်းဝဋ်ဆိုတာ ရဟတ်လိုလည်နေမြဲပင် ကံကြမ္မာရဟတ်ကိုတနေကြုံတွေ့နေရမှာပင်။

ထိဲုကြောင့်ကျမကမ္ဘာကြီးတုန်ဟီးအောင်ဆုတောင်းလိုက်ချင်ရဲ့ မတရားသောစစ်အစားတရားသောစစ်ဖြင့်ကျမချစ်သောမြန်မာပြည်ကြီးစစ်မှန်သောငြိမ်းချမ်းရေး
အေးချမ်းသောငြိမ်းချမ်းရေး ရလိုပါ၏ဟုဆုတောင်းမိလိုက်ပါတော့သည်။

ကျမချစ်သောမြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။


လေးစားလျ က်
ရှင်းသန့်မေ

ရွှေမြို့တော်ထဲက လူမနေတော့တဲ့ အိမ်ကလေးတစ်လုံးရဲ့ကောက်ကြောင်း

$
0
0

(က)

“ ဒီက အကိုက ခလေးလေးဆိုတာလားမသိဘူး “

          နားထဲ ညင်သာစွာဝင်လာသော အသံတိုးတိုးညှင်းညှင်းလေးကြောင့် အတွေးလွန်နေရာမှာ

ဖြတ်ကနဲ ကျွန်တော်မော့ကြည့်လိုက်မိသည်၊ တွေ့ရသည်က ရင်ဖုံးအင်္ကျီအဖြူ၊ အစိမ်းရောင်

ဖျော့ဖျော့ချိတ်ထဘီဖြင့် ကျောင်းသူတစ်ဦးပမာဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက်၊

လက်ထဲမှာတော့ အရွက်စိမ်းစိမ်း အပွင့်ဖြူဖြူပန်းတစ်စည်းကို ပွေ့ပိုက်လျှက်၊ သူမက ကျွန်တော့်ကို

ဇဝေဇဝါမျက်လုံးလေးများဖြင့် ကြည့်နေသည်၊ ကျွန်တော်က မတ်တပ်ထရပ်လျှက် ခေါင်းအသာ

အယာ ညိတ်ပြလိုက်ရင်း-

“ ညီမလေးက ခတ္တာထင်တယ် “

“ ဟုတ် အကို ၊ ခတ္တာပါ “

“ ကိုယ်က ခတ္တာမလာတော့ဘူးလို့တောင် ထင်နေတာ၊ ထိုင်ဦးလေ ခတ္တာ၊ တစ်ခုခုသောက်ပြီးမှ

သွားကြတာပေါ့ “

ကျွန်တော်နှင့်သူမ တစ်ယောက်နှင့်တစ်ယောက်မိတ်ဆက်ပြီး မျက်နှာချင်းဆိုင် ထိုင်ဖြစ်ကြသည်၊

သူမက လက်ထဲ ပွေ့ထားသော ပန်းစည်းလေးကို ငုံ့ကြည့်လျှက် “ မမပုန်းညက်ဖြူက ဒီပုန်းညက်

ပန်းကလေးတွေကို အရမ်းချစ်တာအကို၊ အဲဒါလေးသတိရမိလို့ ပန်းခူးနေတာနဲ့ ခတ္တာနည်းနည်း

နောက်ကျသွားတာ၊ မမဆီရောက်ရင် အကိုပေးချင်ရအောင်လို့လေ” ဟု ခပ်တိုးတိုးဆိုသည်၊

သူမမျက်နှာကလည်း ခပ်နွမ်းနွမ်း ၊

          ကျွန်တော်က သူ့မဆီ အယာအသာလက်ကမ်းပေးလိုက်သည်၊ သူမက သူမလက်ထဲ

ပွေ့ထားသော ပန်းစည်းလေးကို ကျွန်တော့်လက်ထဲ ယုယုယယထည့်သည်၊ လက်ထဲ ရောက်

လာသော ပန်းစည်းလေးကို ကျွန်တော်အသေအချာ ပြန်ငုံ့ကြည့်လိုက်မိသည်၊

အရွက်က စိမ်းစိမ်း၊ ပွင့်ချပ်က ဖြူဖြူ၊ ဝတ်ဆံက ဝါဝါ၊ မမပုန်းညက်ဖြူချစ်ပါသည်ဆိုသော

ပုန်းညက်ပန်း၊ ဒီပန်းသည် ကျွန်တော်နမ်းရန်မဟုတ်ဟု စိတ်က အလိုလိုနားလည်နေသည်၊

          ကျွန်တော်နှင့်သူမ ၁၅-မိနစ်ခန့်ထိုင်ပြီးနောက် သူမဆိုင်ကယ်ကို ဆိုင်မှာအပ်ထားခဲ့လျှက်

ကျွန်တော့်ဆိုင်ကယ်နှင့်ပင် မမပုန်းညက်ဖြူရှိရာသို့ နှစ်ယောက်အတူ ထွက်လာခဲ့သည်၊ သူမ

ပြောသည့်လမ်းအတိုင်း တဖြည်းဖြည်းမောင်းလာခဲ့ရာ နေ့လည်(၁)နာရီခန့်တွင် မမပုန်းညက်ဖြူ

နေထိုင်ရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်၊ မမပုန်းညက်ဖြူက ကျွန်တော်တို့

နှစ်ယောက်ကို နေပူကျဲကျဲထဲမှ ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုနေရှာပါသည်၊

မပုန်းညက်ဖြူ အသက် (၂၅)နှစ်

၁၃၇၅-ခုနှစ်၊ နယုန်လဆန်း(၁၃)ရက်

(၂၁-၆-၂၀၁၃)သောကြာနေ့ ကွယ်လွန်သည်

          မမပုန်းညက်ဖြူ ကြိုဆိုနေပုံကိုကြည့်၍ ကျွန်တော့်ရင်ထဲ မိုးတိမ်မဲမဲများ ချက်ချင်းအုံ့မှိုင်း

သွားရသည်၊ ကျွန်တော့်စိတ်များသည်လည်း ပုံရိပ်မဲ့အတိတ်ဆီသို့ လွမ်းမောတမ်းတစွာဖြင့်

ပျံသန်းရောက်ရှိသွားသည်။

 

(ခ)

          ကျွန်တော် ရွှေမြို့တော်သို့ (၅-၃-၂၀၁၃)နေ့တွင် ရောက်ရှိသည်၊ ရောက်ရောက်ချင်း

ပထမဆုံးတွေ့ရသူက ကဗျာကို ဘလော့နေရာမှာ တင်ခွင့်မပြုပါဘူးဟုဆို၍ ကျွန်တော်

ပထမဆုံး တင်မိသောကဗျာလေးတစ်ပုဒ်ကို ကျွန်တော့်စာမျက်နှာဆီ ပြန်ပို့ပေးလာသည့်uoozin.

ဒုတိယတွေ့ရသူက ရွှေမြို့တော်စည်းကမ်းများနှင့် အိမ်အလှဆင်ရန်ကုတ်များကို ပို့၍

လာရောက်ကြိုဆိုပေးသော ရွှေမြို့သူ၊ တတိယတွေ့ရသူက ရွှေမြို့တော်သို့ ယောင်လည်လည်

ရောက်လာသော ကျွန်တော့်ကို ကရင်ဟင်းလျာများဖြင့် ဧည့်ခံပေးသော မမေသဇင် ၊

ပြီးတော့ မော်လမြိုင်သူ(ယမင်းဖြူ)၊ နောက် လေးငါးရက်အကြာမှာတော့ ကျွန်တော့်ကဗျာများ

ကို အကြောင်းပြု၍ မမပုန်းညက်ဖြူတစ်ယောက် ကျွန်တော့်စာမျက်နှာသို့ ရောက်လာသည်၊

ရောက်ရောက်ချင်း သူမက ပြောသည်၊

“ ခလေးကဗျာလေးတွေကလေ အရမ်းနူးညံ့တာပဲ သိလား၊ ကဗျာမှာထည့်ပေးထားတဲ့

အသံကာရန်လေးတွေကလဲ အရမ်းချိုတာပဲ၊ မမ အမြဲအားပေးနေမယ်၊ အမြဲရေးတင်ပေးနော်

ခလေး “

“ ဟုတ် မ ၊ ကျေးဇူးပါ၊ ဒါပေမယ့် မရေ….ခလေးကဗျာလေးတွေက ရှေးနည်းနည်းဆန်တော့

ကြိုက်သူ သိပ်ရှိမှာ မဟုတ်ပါဘူး “

ကျွန်တော်က ခပ်ညည်းညည်းဆိုမိရာ သူမက ချက်ချင်းပင်-

“အို ဘာဖြစ်လဲ၊ ကိုယ့်ရေးဟန်နဲ့ ကိုယ်ပေါ့၊ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် မမကြိုက်တယ်၊

ဘယ်သူအားပေးပေး မပေးပေး မမအားပေးမယ်၊ သူများကြိုက်တာတွေ မကြိုက်တာတွေ

အားပေးတာတွေ အားမပေးတာတွေ ခေါင်းထဲထည့်မနေနဲ့၊ ခလေးဘာသာ ရေးစရာရှိတာကိုသာ

ပုံမှန်လေး ရေး ၊ ဟုတ်ပြီလား“

“ ဟုတ် မ၊ ခလေးတတ်နိုင်မျှတော့ ကြိုးစားရေးကြည့်ပါ့မယ် “

          ထိုအချိန်မှ စ၍ ကျွန်တော်နှင့်သူမ ခင်မင်ရင်းနှီးသွားမိကြသည်၊ ရွှေမြို့တော်ထဲသို့

ဝင်မိတိုင်း သူ့အိမ်မှ ကိုယ့်အိမ်၊ ကိုယ့်အိမ်မှ သူ့အိမ်သို့ အပြန်အလှန် လည်ပတ်မိကြသည်၊

ရွှေမြို့တော်ချက်ဘောက်နှင့် ဂျီတော့(ပ်)တွင်လည်း မကြာခဏဆုံတွေ့ပြောဆိုဖြစ်ကြသည်၊

သာမန်အားဖြင့်တော့ ချက်ဘောက်သို့ ကျွန်တော်ဝင်လေ့မရှိ၊ ရွှေမြို့တော်သို့ ကျွန်တော်

လာသည်၊ ဖတ်စရာရှိတာဖတ်သည်၊ တင်စရာရှိတာ တင်သည်၊ ကိုယ့်အာရုံနှင့်ကိုယ် နစ်မျှော

နေသောကြောင့် “ဟိုင်း“ဟုလည်းကောင်း “ မင်္ဂလာပါ”ဟုလည်းကောင်း ဆို၍ လာရောက်မိတ်

ဆက်သူများကို ပြန်မပြောမိသည့်အဖြစ်ကသာ များနေသည်၊ ကြာလာတော့ ဆိုဒ်ထဲတွင်

ကျွန်တော်နှင့် ခင်မင်ရင်းနှီးသူဟူ၍ ဖြစ်ဖြစ်မြောက်မြောက်မရှိတော့၊ တစ်ခါတစ်ခါ အပျင်းပြေ

ပြောချင်ဆိုချင်၍မှ ပြောစရာဆိုစရာသူငယ်ချင်းမရှိသောအခါ ဆိုဒ်ထဲလာရတာ အထီးကျန်

သလို ခံစားရမိတတ်သည်၊ ပြီးမှ  “ သြော် ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲလေ”ဟုတွေးလျှက် ကိုယ့်

 စိတ်ကိုယ် ဖြေယူရသည်၊ သူမနှင့်ကျတော့ ရေစက်တစ်ခုခုကြောင့်ဟု ထင်သည်၊ ကျွန်တော်

လိုင်းပေါ်တက်လာ၍မှ သူမနှင့်မတွေ့ဖြစ်လျှင်တောင် မက်ဆေ့တစ်စောင်တစ်လေတော့ ပို့ထား

မိတတ်သည်၊ ထိုစဉ်က သူမက ရွှေမြို့တော်၏ အထူးမန်ဘာတစ်ယောက်ဖြစ်ရာ သူမဓာတ်ပုံ

ပေါ်တွင် ကြယ်ပွင့်လေးတစ်ခု ငွါးငွါးစွင့်စွင့်ရောက်နေသည်၊ ကျွန်တော်က မြန်မာဆိုရှယ်ဆိုဒ်

များနှင့် ကောင်းစွာအကျွမ်းမဝင်သေးချိန်ဖြစ်သောကြောင့် အထူးမန်ဘာဆိုတာ ဘာမှန်းမသိ၊

အက်ဒမင်ဆိုတာလည်း ဘာမှန်းနားမလည်၊ ထို့ကြောင့် စိတ်ဝင်တစားနှင့် သူမကို စူးစမ်းကြည့်

လိုက်မိသည်၊

“ မ ပုံပေါ်က ကြယ်ပွင့်လေးက ဘာလေးလဲဟင် မ၊ မ ဘာသာ တပ်ထားတာလား “

“ အယ် ခလေးကလဲ ပေါက်ပေါက်ရှာရှာ၊ အဲဒါ ကိုယ့်ဘာသာတပ်ခွင့်မရှိဘူးခလေးရဲ့

အဲဒါ အထူးမန်ဘာအမှတ်အသားလေ၊ ဆိုဒ်တာဝန်ရှိသူတွေက တပ်ပေးထားတာ “

ကျွန်တော် “ သြော် “ ဟု သံယောင်လိုက်မိလိုက်သည်၊ စိတ်ထဲမှာတော့ တစ်စုံတစ်ခုကို

တွေးလိုက်မိသည်ထင်သည်၊ ထိုအတွေးကို ကျွန်တော်မမှတ်မိတော့၊ သူမက “ ခလေးက

စာရေးကောင်းတာပဲ ခလေးရဲ့၊ မကြာခင် ခလေးလဲ ဆိုဒ်ရဲ့ အထူးမန်ဘာဖြစ်လာမှာပါ “ဟု

ဆက်ဆိုသည်၊ ဒီစကားလုံးလေးက နောက်ပိုင်းတွင် သူမကို လွမ်းလွမ်းဆွတ်ဆွတ်ဖြစ်စေဖို့

အကြောင်းဖန်လာခဲ့သည်၊ ယခုတော့ သူမဓာတ်ပုံပေါ်တွင် အထူးမန်ဘာတံဆိပ်လေး မရှိတော့၊

ရွှေမြို့တော်ထဲက သူမအိမ်,သူမစာမျက်နှာကလေးသည်လည်း ခြောက်ကပ်တိတ်ဆိတ်ငြိမ်သက်

နေသည်၊  သူမစာမျက်နှာလေးသို့ ဝင်ကြည့်မိတိုင်း အမျိုးအမည်ဖော်ပြရန်ခက်ခဲသော ဝေဒနာ

များ ကျွန်တော့်ရင်မှာ အမြဲပေါက်ဖွားသည်၊ ပြီးတော့ ဝမ်းနည်းသည်…..။

(ဝတ္ထု မပြီးသေးပါ၊ နောက်အားလျှင် ရေးဖို့ ခွန်အားလည်းရှိသေးလျှင် ဆက်ရေးပါဦးမည်)

 

သူငယ်ချင်းတို့အတွက်proxy ကျော်တဲ့softwareလေးပါ

ငှက်ကလေး ရဲ့ ခေါ်သံ..............

$
0
0

နံနက်တုန်းကအမေလာတော့ ငါသစ်ကိုင်းလေးပေါ်က...ကျွီ...ကျွီ...ကျွာ...ကျွာ... အသံပြုရင်းကြိုနေနိုင်ခဲ့တယ်။ အမေခွံကျွေးတဲ့စပါးခွံလေးကိုတောင်ပါးစပ်အကျယ်ကြီးဟ လို့စားခဲ့သေးတာပဲလေ။                                                                                                  အမေကတောင်ငါ့သားလေးခမျှာ ဥတလုံးတစ်ကောင်ငှက်မို့ သူ့ခမျာ အားငယ်နေရှာရောမယ်....တဲ့လေ နောက်အမေအမြဲပြောနေတတ်တာကတော့ ငါ့သားအမေတို့ဘဝကညောင်သီးစားရင်းလေးသံကိုနားထောင်နေတတ်ရမယ်...တေးသီဖို့ထက် ဘေးဘီတဖက်က အန္တာရာယ်ကိုကြိုမြင် နိုင်ရမယ်...နော်။အမေဆုံးမနေကျအသံလေးကသားရဲ့နားထဲမှာစွဲထင်နေဆဲပါ အမေရယ်။  နောက်တနေ့ကျ ရင်အပျံသင်ပေးမယ်လို့အမေပြောထားသေးတာအမေ မေ့နေပြီလား အမေရယ်အမြန် ပြန်လာပါတော့နော်။                                                                                                            အိုနေမင်းကြီးတောင်မှ ငါ့ခေါင်းပေါ်ကကျော်သွားပါပြီးလား။ အမေဘာလို့များ နောက်တခေါက်ပြန်မလာသေး   ပါလိမ့်။ ငါ့အတွက်ပိုးကောင်ကလေးတွေ အများကြီးဖမ်းနေလို့ဖြစ်မှာပါလေ။ဆာလောင်မွတ်သိပ်မှုနှိပ်စက်နေတာထက် သားအမေအတောင်နှစ်ဖက်ကြား ခေါင်းဝှက်လို့အိပ်စက်နေချင်လိုက်တာ။    ဒီတခါ အမေကျွေးမယ်...ပိုးကောင်ကလေးတွေကို သားတစ်ကောင်ထဲ အကုန်စားမပစ်တော့ဘူးလေ အမေကိုတပိုင်းပြန် ခွံကျွေးမယ်နော်...အမေရယ်အမြန်ပြန်လာခဲ့ပါတော့နော်...သားမျှော်နေပါတယ် အမေ မရှိပဲ သားအသက်ရှင်မှာမဟုတ်ဘူးအမေရယ်................................။                                                                               အတောင်အလက်မစုံသေးတဲ့သားကိုအမေ့ရင်ငွေ့နွေးနွေးထဲမှာပုံပြင်ကလေးတွေပြောရင်းချော့သိပ်ခဲ့တဲ့   ဆောင်းညတွေအမေ မေ့နေပြီလားဟင်...အမေပြောတဲ့ပုံပြင်ထဲကကြောင်ကြီးကိုသားအရမ်းကြောက်နေတယ် အမေရယ်...ပြန်လာပါတော့နော်။                                                                                                                       အမေသားကို ထားခဲ့ပြီးအဝေးကြီးကိုထွက်မပြေးသွားပါဘူးနော်။     သားကအရမ်းဆိုးလို့လား...အမေရယ်။အိုအမေက...ငါ့ကိုဘာကြောင့်ထား      ခဲ့ရမှာလဲ။မဖြစ်နိုင်ပါဘူးလေ။အေမျပန္လာမွာပါ....................................    အေမမ်ားေ............ြား...........ာ.............ား....။                                                   နေလုံးကြီးကအမေပြောထားသလိုပဲအောက်ကိုနိမ့်ဆင်းနေတယ် အရောင်တွေလည်းမလင်းတော့ဘူးအမေ...ရယ်။အမေပြောတဲ့ကြောင်ကြီးကအပြင်မှာတကယ်ရှိတယ်ဆိုသားအရမ်းကြောက်   နေပါတယ်အမေရယ်။ အမေရယ်ပြန်လာခဲ့ပါနော်။သားအရမ်းချမ်းပြီး ဗိုက်တွေလည်းတအားဆာနေပါတယ်။အမေ သားကို အပျံမသင်ပေးရသေးဘူးလေ။နောက်ပြီးတော့ပိုးကောင်ကလေး တွေဖမ်းနည်းလည်း မပြောရသေးဘူး နော်။                    အမေရေ.....အမေရယ်...အမေပြန်လာပါတော့နော်။                                                                                    အမေ ညဆိုတာကြီးရောက်နေလို့ လမင်းကြီးတောင်ထွက်လာနေပါပြီအမေ ဘာလို့များပြန်မလာသေးတာလဲ  အမေရယ်...အမေ  ပြန်မလာတော့ရင်သားကို ဘယ်သူကအစာခွံကျွေးမှာလဲ။ အတောင်အလက်မစုံသေးတဲ့သားကိုဘယ်သူကနှုတ်သီးနဲ့သပ်ပေးတော့မှာလဲအမေရယ်...သားအရမ်း ကြောက်နေပါတယ်..  အမေ...ရေ အမေ... အသံတွေကြားနေရတယ် အမေရယ်...ဟော...အမေပြောတဲ့ကြောင်ကြီးလာနေပြီလား...မသိပါ      ဘူး...အသံတွေနီးလာနေပြီ အမေ.. အမေရေ...အမေ...မေ...မေ..........အ.......မေ.................                                                                                                                                       ရင်ကွဲငှက်..............

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>