Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

သေခြင်းတရားနဲ.ဘဝ

$
0
0

မှတ်သားစရာလေးမို.တင်ပြတာဖြစ်ပါတယ်။


ဆောင်းတွင်းသတိထားစရာ..

$
0
0

 

 

ဆောင်းတွင်းမှာ နှုတ်ခမ်းတွေကွဲနေလို့ စိတ်ညစ်နေကြတဲ့ သူတွေအတွက် ဆောင်ရန်ရှောင်ရန် နည်းလမ်း ကောင်းလေးတွေပါနော်.....
နှုတ်ခမ်းကို လျှာနဲ့လျက်တာ သက်သာသလို ဖြစ်ပေမယ့်နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွား လာစေပါတယ်။
ဆောင်းရာသီမှာ ခြောက်သွေ့မှုကင်းပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေဖို့ နှုတ်ခမ်းက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေထက် အစိုဓာတ်ကို ထိန်းသိမ်းမှုအားနည်းတာကြောင့်ခြောက်သွေ့လွယ်ပါတယ်။
ဆောင်းရာသီမှာတော့ နှုတ်ခမ်းကွဲတာ ခြောက်သွေ့ပြီး နှုတ်ခမ်းဖတ်တွေ လန်တာတွေ ပိုဖြစ်တတ်ပါတယ်။ နှုတ်ခမ်းနဲ့ပတ်သက်ပြီး ရှောင်ကြဉ်ရမဲ့ အချက်လေးတွေနဲ့ သဘာဝကုထုံးလေးတွေကို ဖော်ပြပေးလိုက်ပါ တယ်နော်။
ရှောင်ကြဉ်ရမည့် အပြုအမူများ
- နှုတ်ခမ်းကို လျှာနဲ့လျက်တာ မလုပ်ပါနဲ့။ နှုတ်ခမ်းကို လျှာနဲ့လျက်တာ သက်သာသလို ဖြစ်ပေမယ့် နှုတ်ခမ်း ကွဲတာကို ပိုပြီး ဆိုးရွား လာစေပါတယ်။
- နှုတ်ခမ်းကို သွားတိုက်တံနဲ့ မပွတ်ပါနဲ့။ ပိုပြီး ဆိုးရွား လာတတ်ပါတယ်။
- နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင်နေပါ။
- နေပူ သိပ်မခံပါနဲ့။
- နှုတ်ခမ်းနီကို အလွန်အမင်း သုံးစွဲခြင်းဟာလည်း နှုတ်ခမ်းကို ခြောက်သွေ့ပြီး မည်းစေပါတယ်။
- နှုတ်ခမ်းကွဲတဲ့အခါ အရေပြားကွာနေတာကို မနေတတ်လို့ဆိုပြီး ခွာတာတွေ မလုပ်ပါနဲ့။
- နှုတ်ခမ်းကိုလျှာနဲ့လျက်တာ အပြင်နှုတ်ခမ်းကိုလည်း မကိုက်ပါနဲ့။ တံတွေးကနေ ခြောက်သွေ့မှုဖြစ်လွယ်လို့ပါ။
သဘာဝနည်းများဖြင့် ကုသခြင်း
- သခွားသီးစိတ်နဲ့ နှုတ်ခမ်းကို ပွတ်ပေးပါ။
- နှင်းဆီနီပွင့်ချပ် အနည်းငယ်ကို နို့အစိမ်းထဲ နာရီအနည်းငယ် ကြာအောင်စိမ်ပြီး အရည်ပျစ်ပျစ် ဖြစ်လာအောင် မွှေပါ။ ပြီးမှ နှုတ်ခမ်းကို လိမ်းပေးပါ။
- သံလွင်ဆီ အနည်းငယ်ကို လက်မှာ ဆွတ်ပြီး နှုတ်ခမ်းကို ပွတ်သပ်ပေးပါ။
- ပျားရည်နဲ့ နှုတ်ခမ်းကို ပွတ်လိမ်းပေးပါ။
- အုန်းဆီနဲ့လည်း လိမ်းပြီး ကုသနိုင်ပါတယ်။
- ရေဓာတ်ခြောက်ခမ်းမှု မဖြစ်ရလေအောင် ရေလုံလောက်အောင် သောက်သုံးပေးပါ။ တစ်နေ့ကို ခြောက်ခွက် ကနေ ၁၀ ခွက်အတွင်း သောက်သုံး ပေးသင့်ပါတယ်။
ရှောင်ကြဉ်ရမည့် အစားအသောက်များ
အစပ်၊ အပူတွေကို ရှောင်ပါ။ ကော်ဖီသောက်တာ လျှော့ပေးပါ။ ကော်ဖီဟာ ရေဓာတ် ခြောက်ခမ်းစေပါတယ်။ အအေးနဲ့ အချိုရည်တွေကိုလည်း တတ်နိုင်သမျှ လျှော့သောက်ပေးပါ။

 

ကျေးဇူးပါရွှေမြို့တော်

$
0
0

ကျေးဇူးပါရွှေမြို့တော်

ရွှေမြို့တော်မှာ မန်ဘာဖြစ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ့ စည်းကမ်းချက်များကိုလိုက်နာပါ့မယ် face book မရှိသူများအတွက်

မြန်မာဆိုရှယ်ဆိုက်လေးတွေက တော်တော့်ကိုအသုံးဝင်ပါတယ်နောက်ပြီးအဝေးရောက် မောင်နှများနဲ့လည်းခင်မင်ရင်းနှီးခွင့်ရသလို

ဆိုက်အတွင်းကဏ္ဍမျိုးစုံကိုလည်းလေ့လာနိုင်ပြီး စာပေ ၊ ရသ ၊ ကဗျာမျိုးစုံကို ရေးသားခွင့်ရသလို သီချင်းများစွာကိုလည်းနာထောင်နိုင်လို့

တော်တော်လေးကိုအသုံးဝင်တဲ့ဆိုက်လေးတစ်ခုပါ နောက်နောင်လည်း ဆိုက်လေးအပေါ် တက်အားသမျှ ကူညီစောင့်ရှောက်သွားပါမယ်လို့

သစ္စာပြုရင်း ခုလို မန်ဘာသစ်ဖြစ်ခွင့်ရတဲ့အတွက် ၀မ်းသာပါကြောင်းနှင့် ရွှေမြို့တော်အတွက် ကဗျာ ၊ ဆောင်းပါး ၊ ရသ ၊ နည်းပညာ

စသော စာပေမျိုးစုံကိုလည်း ရေးသားပြုစုပါဦးမယ် ရွှေမြို့တော်ဝင် မြို့သူ ၊ မြို့သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြည့်စုံပြီးလျှင် ကောင်းသောလိုအင်ဆန္ဒများကိုရရှိပိုင်ဆိုင်ပါစေရည်ရွယ်ရင်း

heatbeat အိမ်သစ်လေးမှကြိုဆိုပါကြောင်း http://www.shwemyotaw.com/profile/heatbeat?xg_source=activity

လာရောက်လည်ပတ်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် ။ကျေးဇူးကမ္ဘာရွှေမြို့တော်ရေ . . . . . .

ခေါ်င်းဆောင်ကောင်းကိုကြိုဆိုပါ၏

$
0
0

             ခေါ်င်းဆောင်ကောင်းကို ကျွန်တော်တို့ကြိုဆိုပါ၏   23-Jan-14

မင်္ဂလာပါခင်ဗျား။ယနေ့ခေတ်ရေစီးကြောင်းနဲ့ညီအောင်ပြောရရင် နိုင်ငံရေးလို့ခေါ်မလား

ပဲ။သို့သော်လည်း ကျွန်တော်တို့ပြောနေကြတဲ့နိုင်ငံရေးဆိုတာ ကျွန်တော်တို့လို့နိုင်ငံ

သားတွေနဲ့ဆိုင်တဲ့ အရေးပဲမဟုတ်လားခင်ဗျား။ကျွန်တော်က စာရေးဆရာလည်းမဟုတ်

ပါ။စာပေးကို ကောင်းမွန်စွာနားလည်သူတစ်ယောက်လည်းမဟုတ်ပါဘူး။ဒါပေမယ့်ကျွန်

တော်စာအုပ်လေးတွေဖတ်ထာပြီးရင် ကျွန်တော်လို့မသိရသေး၊မဖတ်ရသေးတဲ့ သူငယ်

ချင်းများကို share လုပ်နေမိတာက၀ါသနာလိုဖြစ်နေတော့ ဒီနေ့လည်းပဲ သီးခံပြီးဖတ်ရူ

ပေးပါခင်ဗျား။ကျွန်တော်ပေးထားတဲ့ခေါ်င်းစီးလေးက "ခေါ်င်းဆောင်ကောင်းကို ကျွန်တော်တို့ကြိုဆိုပါ၏"။ဆိုတော့ ကျွန်တော်ရည်ညွန်းချင်တာက၂၀၁၅ခုနှစ်မဲပေးရွှေး

ချယ်ရမဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့

ကျွန်တော်တို့ ပြည်သူသန်းခြောက်ဆယ်လုံးမှာတာဝန်ရှိပါတယ်။ယနေ့ ငြင်းခုံ

နေရတဲ ဥပဒေတို့ရဲ့မိခင်ကြီး ၂၀၀၈ အခြေခံဥပဒေ ပြင်ဖြစ်၊မပြင်ဖြစ်ပေါ်မှာတော့

သက်ရောက်မှုတော့ရှိနိုင်ပါတယ်။ကျွန်တော်အခြေခံဥပဒေအကြောင်းကိုတော့ မဆွေး

နွေးတော့ပါ မှန်တာပြောရရင် သိမ့်မသိလိုပါ။

           ဦးစွာခေါင်းဆောင်မှုဆိုတာကို ကျွနုပ်မှတ်သားသလောက်ရှင်းပြချင်ပါတယ်။

ခေါ်င်းဆောင်မှုဆိုသည်မှာ သြဇာသက်ရောက်စေခြင်းပင်ဖြစ်ပါသည်။ထိုထက်လည်းမပို၊

ထိုထက်လည်းမလျှော့။တစ်နည်းဆိုရသော် အဖွဲ့သားများအကျိုးအတွက် မိမိ၏ရည်ရွှယ်

ချက်၊လိုလာချက်ပန်းတိုင်ကို အဖွဲ့သားများ လိုက်နာပါဝင်လုပ်ဆောင်နိုင်အောင်(ဝါ)အဖွဲ့

သားများအပေါ် လွှမ်းမိုးနိုင်ခြင်းလို့ဆိုပါတယ်။မည်သည့်အဖွဲ့စည်းတွင်မဆို ခေါ်င်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် ပင်ပန်းကြီးစွာ ကြိုးစားယူရပါ

သည်။ဖြတ်လမ်းနည်းမရှိ ထိုက်တန်စွာပေးဆပ်ခဲ့ရပါသည်။လက်အောက်ငယ်သား

ကောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပါ၏။သတိချပ်အနေနဲ့ သြဇာသက်ရောက်မှုဆိုတာကို

အာဏာဆိုတာနဲ့အရောထွေးမသွားစေချင်ပါ။ကျွန်တော်တို့လိုအာဏာရှင်လက်အောက်

မှာ နှစ်ပေါင်းမျာစွာကြီးပြင်းခဲ့သူတွေအဖို့အာဏာဆိုတာကိုရှင်းပြစရာလိုမယ်မထင်ပါဘူး

မဟုတ်လားခင်ဗျား။ခေါ်င်းဆောင်ကောင်းနဲ့ ပတ်သတ်တဲ့ အရည်ချင်းတွေကို ပြောမယ်

ဆို အများကြီးပါ။ခေါ်င်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်ချင်းအနည်းငယ်ကိုကျွန်

တော် ခေတ်ဆန်ဆန်လေးပြောပြချင်ပါတယ်။

ခေါ်င်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ S.M.A.R.T ဖြစ်ရပါမယ်တဲ့။

၁.S..သင်အလိုရှိရာအပေါ် တစ်သီးတစ်သပ် specific ဖြစ်ရပါမယ်။

၂.M..အဖွဲ့စည်းအတွက် ဖြစ်ထွန်းလာမဲ့ရလဒ်ကို measure တိုင်းတာနိုင်မှုရှိရမယ်။

၃.A..သင်အဖွဲ့စည်း၏ပန်းတိုင်ကို ရနိုင်၊ရောက်နိုင်၊ achieveable ဆွတ်ခူးနိုင်ရမယ်လို့မှတ်ယူရပါမည်။

၎.R..သင်အဖွဲ့စည်း၏ပန်းတိုင်သည် အဖွဲ့စည်း၏အနေထား၊ပေးလာတဲ့အခြေအနေနဲ့

Relevant ဆီလျှော် ဆက်စပ်မှုရှိရပါမည်။

၅.T..အချိန်ကိုက်Time ဆုံးဖြတ်လုပ်ဆောင်နိုင်ရပါမည်၊ဘယ်ချိန်ဘယ်ခါမှာပန်းတိုင်ကို

ဆွတ်ခူးပြီးဖြစ်ရမည်။

ကျွန်တော်တို့ ၂၀၁၅ မှာဘယ်လိုခေါ်င်းဆောင်းမျိုးကိုကြိုဆိုသင့်လည်းဆိုတာကို

ကျွန်တော်သဘောကျတဲ့ အမေရိကန်နိုင်ငံရဲ့ ၁၆ ဆက်မြောက်သမ္မတကြီး အေဗရာ

ဟင်လင်ကွန်းကို share လုပ်ချင်ပါတယ်။ဗိုလ်ချူပ်အောင်ဆန်းလိုမျိုး မြင့်မြတ်တဲ့

ခေါ်င်းဆောင်ကောင်းကို ကြိုဆိုခွင့်ရရင်တော့ တိုင်းထက်အလွန်ပေါ့ဗျာ။

သမ္မတကြီးလင်ကွန်းသည် ၉ နှစ်သားအရွှယ်တွင် မိခင်ဆုံး၍ ဖခင်နောက်အိမ်ထောင်ပြု

သွားသည်။မိထွေးနဲ့နေရတယ်ဆိုပေမဲ့လည်း သားရင်းတစ်ဦးပမာချစ်ခံရသူပါ။သမ္မတ

ကြီးလင်ကွန်းကိုလေ့လာကြည်ရင်သူသည်ခေါ်င်းဆောင်ကောင်း(ဝါ)သမ္မတအရည်ချင်းနှင့်ပြည်စုံသူတစ်ယောက်လို့ဆိုတယ်ခင်ဗျား။သူ့ရဲ့တစ်ချိုသောအရည်ချင်းတွေက

မွှေးရာပါ အရည်ချင်းတွေဖြစ်ပြီး၊တစ်ချိုကတော့ ဘဝပေးအတွေ့ကြုံရအရည်ချင်းပြည်ဝ

လာသူတစ်ယောက်ပါ။ရိုသားခြင်း၊တည်ငြိမ်ဖြောက်မတ်ခြင်း၊ဆင်းရဲသားများအား ကြင်နာသနားတတ်ခြင်း၊လူတစ်ဦးချင်းစီရဲ့အခွင့်ရေးကိုလေးစားတတ်ခြင်းတို့သည် သူ့

ရဲ့မွှေးရာပါ အရည်ချင်းများပါပဲ။သူဟာဒုတိယတန်းစားအရှေနေတစ်ယောက်ဖြစ်ခဲ့ပြီး

အနာဂတ်ခေါ်င်းဆောင်ကောင်းတစ်ယောက်ဖြစ်လာရန် ပြင်ဆင်သောကလာတွေကို

ဖြတ်သန်းလာရပါတယ်။သူ့ရဲ့ယုံကြည်ချက်၊သူ့ရဲ့အတွေးခေါ်တွေကို တစ်ခြားသူများ

လက်ခံယုံကြည်လာအောင် ရိုသားစွာအမြဲကြိုးစားခဲ့ပါတယ်။တစ်ခြားသူများကိုသူ့

ဖက်ပါလာအောင် ဖြောင်းဖြစည်းရုံးခြင်း၊ညွှန်ကြားတိုက်တွန်းခြင်းအတက်ပညာကိုလည်း

တက်မြောက်သူပါ။သို့အတွက် လင်ကွန်းသည် နိုင်ငံရေးလောကထဲရောက်လာချိန်တွင်

အလွန်စကားအပြောကောင်းသူ၊မိန့်ခွန်းရေးအလွန်တော်သူဖြစ် ထင်ရှာလာပါသည်။

သူသည်တင်္ခနုပ္ပတ္တိညဏ်နှင့်ပြည်စုံသူ၊ပုံပြောကောင်းသူ၊အရာရာအလွန်စူးစမ်းလေ့လာ

တတ်သူ၊သိလွယ်တတ်လွယ်သူတစ်ယောက်ပါပဲ။သူသည်အရပ် ခြောက်ပေကျော်ရှိရုံ

မကအသံသြဇာရှိသူလဲဖြစ်ပါသည်။ဥပမာအနေနဲ့ ဂက်တီစဘက်တွင် သမိုင်းဝင်မိန့်ခွန်း

ပြောစဉ်က ပရိတ်သတ် ၁၅,၀၀၀ လုံးကြည်လင်ပြတ်သားစွာကြားနိုင်အောင်ပြောနိုင်ခဲ့

သူပါ။

သမ္မတကြီးလင်ကွန်း ၁၈၆၁ မတ်လ ၄ ရက်နေ့တွင် သမ္မတဖြစ် ကျမ်းသစ္စာမဆိုမှီ

၁၀ ရက်တိတိအလိုတွင် တောင်ပိုင်းပြည်နယ်ခုနှစ်ခုတို့သည် အချင်းချင်းမဟာမိတ်

ဖွဲ့၍ ပြည်မကြီးမှာခွဲထွက်သွားခဲသည်။အချိန်တိုတိုအတွင်းမှာ တိုင်ပြည်ရဲ့ပြည်တွင်း

စစ်မီးကို ငြိမ်းစေနိုင်ခဲပြီး တိုင်ပြည်ကိုဥမကွဲသိုက်မပျက်ပြန်လည်တည်ထောင်ပေးနိုင်ခဲ့သည်။

လင်ကွန်းဟာ သမ္မတဖြစ်ပြီး ပထမဆုံးမိန့်ခွန်းတွင် တောင်ပိုင်းပြည်နယ်များကို

ခွဲထွက်ခွင့်မပြုနိုင်ကြောင်း ပြတ်ပြတ်သားသားပြောကြားခဲ့သည်။ပြောသည့်အတိုင်း

လည်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲပါတယ်။ဆန့်ကျင်ဖက် ပြည်နယ်တွေအကြာ ပိတ်

မိနေတဲ့ ငွေဝယ်ကျွန်များကိုလည်းလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

သူသည်ပြည်တွင်းစစ်အတွင်းကာလ ရှေ့တန်းတပ်ဖွဲ့တွေစီကိုလည်း ကိုယ်တိုင်သွား

ရောက်အားပေးတတ်သူပါ။ပြီးတော့သူသက်တမ်းတစ်လျှောက်မှာ အရည်ချင်းမပြည့်

မှီသော ဝန်ကြီးများ၊အထူးသဖြင့်ကာကွယ်ရေးဝန်ကြီး၊စစ်ဗိုလ်ချူပ်ကြီးများကို ပြတ်သား

စွာ ပြောင်းလဲခန့်အပ်နိုင်သူပါ။သမ္မတလင်ကွန်းက အခြေခံဥပဒေနဲ့ပတ်သတ်၍ အယူဆ

လေးကိုသဘောကျမိတယ်။သူက ဘာပြောလဲဆိုတော့ "ပြည်သူတွေဆိုတာ တိုင်း

ပြည်တစ်ခုရဲ့ အသက်ဝိညာဉ်ပဲ၊အခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ခြေတွေလက်တွေ

ခန္ဒာကိုယ်အစိတ်ပိုင်းတွေပဲတဲ့။အရေးပေါ်အခြေအနေတစ်ခုကြောင့် ပြည်သူနှင့်

အခြေခံဥပဒေကို ရွှေးချယ်ရမည်ဆို ပိုအရေးကြီးတဲ့ တိုင်းပြည်ရဲ့အသက်ဖြစ်တဲ့

ပြည်သူတွေကိုပဲသူရွှေးချယ်မယ်"လို့ဆိုပါတယ်။ယနေ့ကျွန်တော်တို့စီမှာတော့လင်

ကွန်းလို့မျိုးမှန်ကန်တဲ့ရွှေးချယ်မှုမျိုးဖြစ်လာဖို့ မျော်လင့်မိပါတယ်။

 ကျွန်တော် သမ္မတကြီးလင်ကွန်းအကြောင်းကိုရေးရင်အများကြီးပါပဲ။သို့သော်ပေးချင်

တဲ့မက်ဆေ့က သမ္မတကြီးလိုမျိုးအရည်ချင်းပြည့်မှီတဲ့ ခေါ်င်းဆောင်ကောင်းကို

ကျွန်တော်တို့ အနာဂတ်အတွက် ကြိုဆိုလိုခြင်းကိုပြချင်တာပါ။ကျွန်တော်သိကလောက်

တော့ လူတစ်ယောက်(အထူးသဖြင့် နိုင်ငံရေးသမားတစ်ယောက်)

ရဲ့လုပ်ရပ်ဟာ အဲဒီလူရဲ့ပြုမှုနေထိုင်မှုအပေါ်မှာ ၇၀ % မှီတည်နေပါတယ်တဲ့ခင်ဗျား။အားလုံးသောသူငယ်ချင်းများနိုင်ငံရေးစိတ်ဝင်စားသည်ဖြစ်စေ၊မဝင်စားသည်ဖြစ်စေ ကျွန်တော်တို့ရဲ့အနာဂတ်အတွက် စစ်မှန်တဲ့စေတနာရှိတဲ့၊

(ခေါ်င်းဆောင်ကောင်းဆိုတာ စစ်မှန်တဲ့စေတနာရှိရုံနဲ့မပြီးသေးပါ)စစ်မှန်တဲ့

ခေါ်င်းဆောင်ကောင်းအရည်ချင်ပြည့်မှီတဲ့ ခေါ်င်းဆောင်ကောင်းကို၂၀၁၅ မှာရွှေးချယ်

ကြပါစို့လို့ပြောကြားရင်နိဂုံးချူပ်သည်ခင်ဗျား။ကျေးဇူးတင်ရှိပါတယ်။

             ရဲကိုဆွေ။။။

 

 

စာဖက်ခြင်းရဲ့ကောင်းကျိုးများ

$
0
0

စကားလုံး ဆိုတာ လှပတဲ့ နေရာကို သွားတဲ့ လျှို့ဝှက် လမ်းသွယ်လေး တစ်ခုဖြစ်တယ် အမြင် တွေးတောခြင်းက စိတ်ကူး နိုင်စွမ်းကို ချဲ့ထွင်ပေးတယ် စာဖတ်ခြင်းက ပိုကျယ်ပြန့်တဲ့ စိတ်ကူး ဥာဏ်အမြော်အမြင်ကို ရစေတယ် စာဖတ်ခြင်းရဲ့အကျိုးက စိတ်ဓာတ်ကို လှုံ့ဆော်ပေးတယ်၊ ဘဝကို ပြောင်းလဲစေတယ်၊ အသိပညာ ဗဟုသုတ တိုးပွားစေတယ် ရုံမက ကိုယ်ရရှိထားတဲ့ အသိပညာ ဗဟုသုတတွေ တခြားသူကို ဖြန့်ဝေပေးတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ် စာဖတ်ခြင်းကို ဘယ်သူမဆို သက်ဆုံးထိတိုင်လုပ်လို့ရတယ် ကလေး သူငယ်တွေကို ပေးဖို့ အကောင်းဆုံးနဲ့ အဖိုးတန်ဆုံး အမွေလည်း ဖြစ်တယ်။

@@ မိဘအပေါ်ခံစားနားလည်နိုင်ကြပါစေ @@

$
0
0

ကျွန်တော် အမေ့ကိုမုန်းတယ်…
အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး….
မျက်လုံးတစ်ဘက်ပဲရှိတယ်….
ရုပ်ဆိုးလိုက်တာ…
အရမ်းကို ရှက်ဖို့ ကောင်းတာပဲ…
ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော် ရှက်တယ်…. အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေးကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို ကျွန်တော် မချစ်ဘူး.. မုန်းတယ်…

ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေလုပ်တယ်…. ကျောင်းသား မိဘတွေကို ဖိတ်တယ်… ကျွန်တော် အမေ့ကို မလာစေချင်ဘူး… ဒါပေမယ့် အမေက ကျောင်းကို ရောက်လာတယ်… အမေ ဘယ်လိုများ လုပ်လိုက်တာလဲ.. လူတွေကြားမှာ ကျွန်တော့်ကို အရှက် လာခွဲတယ်…. ရှက်စရာ ကောင်းလိုက်တာ.. အခုတော့ ကျွန်တော့် အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းကသူငယ်ချင်းတွေ အကုန် သိကုန်ပြီ ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်မိတယ်… ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတယ်…
နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး
“မင်းအမေက မျက်လုံး တစ်ဘက်တည်း ရှိတယ်နော်” လို့ စကြတယ်.. အော်ဟစ် နောက်ပြောင်ကြတယ်…
ကျွန်တော် ဒေါသလဲထွက် ရှက်လဲ ရှက်မိတယ်…. အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားပါစေလို့ကို ဆုတောင်းမိတယ်… သူများ အမေတွေလို ကြည့်ကောင်းတဲ့ ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ မချမ်းသာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာပဲ..

အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်..
“အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက်သွားတာလဲ.. အမေက သူများအမေတွေလိုလဲ မလှဘူး…. ရုပ်ကဆိုး၊ ဆင်းကလဲ ဆင်းရဲသေးတယ်….. အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့ သက်သက်များ အသက်ရှင်နေတာလား… အမေဘာကြောင့် မြန်မြန်မသေတာလဲ” လို့ ရက်ရက် စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်။

အမေက ဘာမှကို ပြန်မပြောဘူး…. ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ပဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့.. ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ်သွားမိတယ်… ကျွန်တော် တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…

အဲဒီည…. ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစားခန်းထဲကိုအသွား တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး ငိုနေတဲ့ အမေ…..။ အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်…
တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ… ဒါပေမယ့် အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့ အမေ့ကို ကျွန်တော် မုန်းတယ်…
ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိတယ်…. ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်အောင် ကြိုးစားတော့မယ်… ငါ့ဘ၀ကို အောင်မြင်အောင် လုပ်မယ်.. ငါအမေ့ကို မုန်းတယ်.. ပြီးတော့ ဒီ စုတ်ပြတ် ဆိုးဝါးလှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်.. ဒီကနေငါလွတ်အောင် ရုန်းမယ်.. အမေ့ဆီကနေ….. ပြီးတော့ ဆင်းရဲခြင်း ဆီကနေ…..
အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုးလ်မြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်……. ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက် အပြည့်နဲ့ပေါ့ အထက်တန်း အောင်တော့ ဆိုးလ်တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရတယ်… ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန်လာတယ်၊ ခိုင်မာလာတယ်..
ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင်အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်.. သားသမီးတွေရလာတယ်.. ခုတော့ ကျွန်တော့် ဘ၀မှာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေပြီ… ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်.. ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့်ငယ်ဘ၀ အဲဒါတွေကို သတိရစရာ ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ…. ကျေနပ်နေပြီ…
ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…..

“ဘုရားရေ…..အမေပါလား”
“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ ရှိနေတုန်း… ဆိုးလိုက်တာဗျာ..”
ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ…. ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကိုမြင်တော့ လန့်အော်ပြီးအိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…
“ခင်ဗျားဘယ်သူလဲ.. ခင်ဗျားကို ကျုပ်မသိပါလား .. ခင်ဗျားက ကျုပ် အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ.. ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ…. သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..

“အို…. ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာ မှားပြီး ၀င်လာမိတာပါ…”
အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေတစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်.. တော်ပါသေးရဲ့.. ဘုရား မ လို့.. အမေ ကျွန်တော့်ကို မမှတ်မိဘူး.. ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. ကိုယ့်ကိုယ်ကို ပြောမိတယ်..
“ငါနောက်ကို သတိထားစရာ မလိုတော့ဘူး… ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”
တစ်နေ့….. ကျွန်တော့်ဇာတိဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းကနေ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မယ့် ဖိတ်စာလေး ရောက်လာတယ်။ မသွားချင်ပေမယ့် ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေးကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်… ကျွန်တော့ရဲ့ ဆင်းရဲတဲ့ ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…
တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်။ အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး။ အမိုးအကာမလုံတဲ့ တဲကုတ်လေးပါ။ ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့ စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီး ကြည့်ချင်တာနဲ့ ထွက်လာတာ….

ဒီမှာဘဲ.. ကျွန်တော့်အမေကို အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်… ဒါပေမယ့် ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ၀မ်းနည်းတဲ့ စိတ်နည်းနည်းလေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်… ကျွန်တော်ယူကြည့်လိုက်တော့ အမေရဲ့ မပီမသ မလှမပ လက်ရေးလေးတွေနဲ့ ကျွန်တော့်အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်…

သားလေးရေ…
အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့ ဆိုးလ်ကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင်တော့မှာ မဟုတ်ပါဘူး…. သားလေးကို အမေ့ဆီတစ်ခေါက်လောက် လာလည်စေချင်လိုက်တာကွယ်…. အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ.. တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ၀မ်းသာလိုက်တာ.. ဒါပေမယ့် ကျောင်းကို အမေမလာဖို့ ဆုံးဖြတ်ထားပါတယ် အဲဒါက သားလေးအတွက်ပါကွယ်… အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့ သားကို အရှက်ရစေတာ အမေ ၀မ်းနည်းပါတယ် သားရယ်… အမေ ပြောပြပါ့မယ် သားရယ်… အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆဖြစ်ပြီး သားမျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်… အမေတစ်ယောက်အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့သားကို ဘယ်လိုလုပ် ကြည့်ရက် နိုင်ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်…. ကြီးလာရင် ငါ့သားလေး ရှက်မယ်ဆိုတာ အမေသိတယ်…. အမေက အသက်ကြီးပြီ.. သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ… ဒါကြောင့် အမေ့ရဲ့ မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ… အမေ့ရဲ့ မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့အတွက် သားကိုကြည့်ပြီး အမေ၀မ်းသာမိတယ်.. ဂုဏ်ယူမိတယ်…. ဒီအတွက် အမေဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါဘူး.. ၀မ်းလဲမနည်းခဲ့ပါဘူး.. ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်.. စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး ငါ့သားလေး ငါ့ကို ချစ်လို့ ပြောတာဘဲလို့ အမေတွေးခဲ့ပါတယ်.. အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘ၀၊ အမေရဲ့ ကမ္ဘာပါကွယ်……..

အိုး.. ကျွန်တော့်အသည်းတွေ ကွဲကုန်ပါပြီ။ အမေရယ်…. သားကိုခွင့်မလွှတ်ပါနဲ့… ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့…..
ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့ မျက်လုံး တစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော် သိလိုက်ရပါပြီ….
ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော်…
ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်… လူမိုက်ကြီး၊
ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ…
ပြန်လည်မျှဝေထားခြင်းပါ...(ပျော်ရွင်နိုင်ကြပါစေ)

FEB 14 ချစ်သူများနေ့မှာ အပျိုစင်(ဂုဏ်) နဲ့မလဲစေချင် **********************************

$
0
0

ချစ်သူများနေ့ဆိုတာလူငယ်တွေကြားမှာတော်တော်ကို ခေတ်စားလာပါတယ်။ချစ်သူများနေ့မှာတော့ ပန်းစည်း

တွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာ

တွေ့ရပါတယ်။အနောက်တိုင်းယဉ်ကျေးမူကစတင်ခဲ့တဲ့ချစ်သူများနေ့ကခုဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်း လူကြီး၊

လူငယ်တွေကြားထဲတော်တော်ကိုလွမ်းမိုးလျှက်ရှိပါတယ်။


ချောကလက်ပေးတာ၊ ပန်းစည်းပေးတာ၊ ကတ်ပေးတာထူးဆန်းစရာ မဟုတ်ပေမယ့်

အဲဒီနောက်ကွယ်ကလက်ဆောင်တွေရဲ့နောက်မှာ......

မြန်မာမိန်းကလေးတွေရဲ့ အပျိုစင်ဂုဏ်တွေ ပျောက်ကွယ်သွားကြတာတော့ ရင်လေးစရာပါပဲ။

Living together ဆိုတာ နိုင်ငံခြားမှာသာကြားဖူးတာ အခုတော့ မြန်မာနိုင်ငံမှာပါကူးစက်လာတာမြန်မာအပျိုစင်

မိန်းကလေးတွေအတွက်ရင်လေးစရာ၊မိဘများအတွက်ရင်နာစရာတစ်ခုပါပဲ။

***************************



ချစ်သူများနေ့မှာကိုယ်ရဲ့ အပျိုစင်ဂုဏ်၊ လူပျို ဘ၀ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ မရင်းနှီးသင့်တဲ့

ဘ၀တစ်ခုကို စတင်ကြမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာရှိနေပြီ ဆိုတာပါပဲ။

လူငယ်တွေတော်တော်များများက ချစ်သူများနေ့မှာ.....


သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေအတူအိပ်ကြတာ အဓိပ္ပာယ်ပိုရှိတယ်၊

ပိုပြီးလေးနက်မှုကို ပြတယ်လို့ ဆိုကြတယ်။အခုခေတ်မှာ လူငယ်တွေတော်တော်များများက အတူတူနေတဲ့ကိစ္စ

ကို ပွင့်လင်းတယ်လို့ မြင်လာလက်ခံလာပြီး ဆယ်ကျော်သက်တွေ အ လယ် ချစ်သူတွေသဘာဝ တခုလို့

လက်ခံထားကြတယ်။

****************************




ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့ယဉ်ကျေးမူပါ၊

မြန်မာ့ယဉ်ကျေးမှု မဟုတ်ပါဘူး။

ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေပေးတာ၊ ချောကလက်တွေပေးတာ

အရုပ်တွေပေးတာက ကြည်နူးစရာကောင့်ပေမယ့်မြန်မာယဉ်ကျေးမှုနဲ့မအပ်ဆက်တဲ့ Living together ဆိုတာ

လုံးဝမဖြစ်သင့်ပါဘူး။စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိန်းကလေးတယောက် သိက္ခာ၊အရှက်တရား တန်ဖိုး၊ ယောကျာ်း

တယောက်စောင့်ထိန်းသင့်တဲ့ကျင့်ဝတ်၊မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်တန်ဖိုးတွေ နဲ့ ပြည့်စုံနေတဲ့ အပျိုစင် လူပျို

ဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးတွေကစောင့်ရှောက်သင့်သလို ယောကျာ်းလေးများကလည်း မြန်မာ

ယဉ်ကျေးမူကိုဂုဏ်ယူစွာနဲ့စောင့်ရှောက်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

*******************************



ကိုယ့် ယဉ်ကျေးမှုဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်လည်း မင်္ဂလာတစ်ပါးပါပဲ။

ကိုယ်ချစ်သူကိုချစ်တယ်ဆိုတာ အပျိုဂုဏ်၊လူပျိုဂုဏ်ကို ပေးဆပ်မှချစ်တာမဟုတ်ပါဘူး...

နိုင်ငံ တ၀န်းလုံး ကျင်းပနေတဲ့ ချစ်သူများနေ့ဆိုတာ အနောက် နိုင်ငံတွေမှာ ဓလေ့တခုလို ဖြစ်နေပေမယ့်

ကူးစက်ခံမြန်မာနိုင်ငံမှာလည်း ချစ်သူများနေ့ကို ပိုပြီး အမှတ်တရ ဖြစ်အောင်ဖန်တီး ကြတာတွေ့လာရပါတယ်။


ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီး

St. Valentine ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။



အနောက်တိုင်း ယဉ်ကျေးမှုက မြန်မာ လူငယ်တွေရဲ့ ယဉ်ကျေးမှု၊အကျင့်စရိုက်ကိုပါ စတင်ဖျက်ဆီးနေတာ

တွေ့ရတာ ရင်လေးစရာပါပဲ။

ချစ်သူများနေ့ဆိုတဲ့ နေ့ရက်တစ်ရက်အောက်မှာ အပျိုစင်ဂုဏ်လေး၊ လူပျိုဂုဏ်တွေ မပျက်စေချင်။

နှစ်တိုင်းရောက်လာမယ့်ချစ်သူများနေ့ကိုရှားပါးတဲ့ဘ၀လေးနဲ့မလဲစေချင်။


အားလုံးအသိတခု ရသွားရင် ကျေနပ်ပါတယ်

ဝေဖန်မူများကိုလက်ခံပါသည်။

ကြိုးစားနေဆဲ

မြန်မာတွေ နေတဲ့ မြန်မာပြည်

$
0
0

လူတိုင်းလူတိုင်းမှာ ကိုယ်လူမျိုးကိုယ့်ဘာသာ-ဆိုတာရှိပါတယ်။ တကယ်လို့ကိုယ့်လူမျိုးကိုယ့်ဘာသာမရှိဘူးဆိုရင် အလေ့ကျပေါက်တဲ့ သစ်ပင်လိုတန်းဖိုးမဲ့ပြီး လောကလူ့ရွာအလယ်မှာသိမ်ငယ်စွာနဲ့နေထိုင်ရမှာအမှန်ပါပဲ။ ဒါကြောင့်အမိမြန်မာပြည်မှာနေတဲ့ မြန်မာပြည်သား တွေအနေနဲ့မိဘဘိုးဘွားတွေအမွေပေးခဲ့တဲံ့ ကိုယ့်လူမျိုးကိုယ့်ဘာသာကိုယ့်သာသနာတော်ကြီးပျက်စီးမသွားအောင်ထိန်းသိမ်းစောင့်ရှောက် ကြဖို့ တာဝန်ရှိပါတယ်။ ယခု မြန်မာပြည်ရဲ့အမျိုးကိုဖျောက်ဘာသာကွယ်ပျောက်စေဖို့ ဘာသာခြားမိစ္ဆာများတို့၏ ယုတ်မာပက်စက်တဲ့အကြံအစည်အမျိုးမျိုးနဲ့ ကြိုးစား နေကြပါတယ်။ ဒီလိုအချိန်မှာ ကိုယ်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ မကွယ်ပျောက်စေဖို့အတွက် အမိမြန်မာပြည်သား တွေအနေနဲ့ အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်ထက်ထက်မြက်မြက်နဲ့ အမျိုးကပေးတဲံ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင် ဖို့လိုအပ်ပါသည်။ အဲ့ဒီလိုမှမဟုတ်ရင် အမျိုးပျောက် ဘာသာပျောက်အနေဆင်းရဲ အသေဆင်းရဲနဲ့မိစ္ဆာလက်တွင်း သက်ဆင်းရပါလိမ့်မည်။
အမိမြန်မာပြည်သားတွေအနေနဲ့ ရခဲလှတဲ့ လူ့ဘ၀မှာ မစင်ပမာရွံရှာဖွယ်ကောင်းတဲ့ အမျိုးဖျက် ဘာသာဖျက်ဘ၀ကို မရောက်ရလေ အောင်ဘာသာခြား မိစ္ဆာများကို လင်လုပ်ခြင်း၊မယားလုပ်ခြင်းမှ ရှောင်ကြဉ်ရပါလိမ့်မည်။ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့် ရှောက်ဖို့အတွက်အမျိုးကိုချစ်တဲ့စိတ်၊ ဘာသာကို လေးစားတန်ဖိုးထားတဲ့စိတ်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိတဲ့စိတ်တွေထားရပါမယ်။ 

ဒါမှသာလျင် ကမ္ဘာတည်သရွေ့မြန်မာတည်မည်၊မြန်မာတည်သရွေ့ဗုဒ္ဓဘာသာ သာသနာတော်ကြီးလည်း နေလိုလလို ထွန်းလင်းတောက်ပ နေမည်သာဖြစ်သည်။


facebook မသုံးလည်း ခေတ်နောက်ကျတယ် မထင်ဘူး

$
0
0

ကျွန်တော်က facebook မသုံးဘူး။ facebook မသုံးပေမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို  သိသ လောက်ပြောပြရရင် facebook ကို လူငယ်တော်တော် များများက အပျော်သဘော အပျင်းပြေ သဘော အနေနဲ့ သုံးကြတယ်။ facebook ထဲမှာပဲ ရည်းစားတွေ ရှာကြ၊ ဇာတ် လမ်းတွေ ရှုပ်ကြပြီး အချိန်တွေကုန် နေတယ်လို့ ထင်တယ်။ facebook ကိုသုံးပြီး ရည်းစားထားဖို့ Online ရောက်နေတဲ့ သူတွေ အများကြီး။ အဲဒါမှ မဟုတ်ရင်လည်း သူများအတင်း တွေပြောကြတယ်။

အဲဒါတွေအ တွက် facebook ကိုအသုံးချကြ တယ်။ facebook ကနေ ပညာရစေမယ့် အရာတွေကို တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ပြီးပြောကြ ရင်တော့ အကောင်း ဆုံးပေါ့။ facebook ပေါ်လာတာ မကောင်းဘူး မဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံရဲ့ရာခိုင်နှုန်း တစ်ဝက်တော့ မကောင်းဘူး။ မကောင်းတဲ့ ဘက် မှာ facebook ကို အသုံးချပြီး အသုံး ပြုနေကြတယ် ကိုယ့်ကောင်း ကျိုးအ တွက်သုံးတာ နည်းကြတယ်။

ကျွန်တော်တို့ လူငယ်တွေ အနေ နဲ့တော့ facebook ကိုသုံးသင့်ပါ တယ်။ ကျွန်တော်က facebook ကို စိတ်မဝင် စားဘူး။ ကျွန်တော့်ကိုယ် စားသုံးနေတဲ့ သူတွေအများကြီးပဲ။ တစ်ခါတလေ ဝင်ကြည့်မိတဲ့ အခါ တော်တော်များများက အားပေးပြီး ကောင်းတယ်ပြောကြပေမယ့် တချို့ မနာလိုတဲ့ ယောကျာ်းလေးတွေက မကောင်းတာတွေရေး ထားကြတယ်။

အဲဒါတွေကို ဂရုမစိုက် သလို ခေါင်း ထဲမထည့်ဘူး။ ဒါပေမဲ့ ကိုယ့်အလုပ် ကိုယ်လုပ်တာ အကောင်းဆုံးပဲ။ သူ များ အတင်းပြောစရာ မလိုဘူး။ ကိုယ် ကိုယ်တိုင် မှန်အောင်နေပါ။ စိတ် ထားကောင်းအောင် နေပါ။ တချို့ ယောကျာ်လေးတွေက ကိုယ့်ဘာ သာကိုယ်နေပြီး ဘာကိုဂျေဝင်နေကြ လဲမသိဘူး။ ယောကျာ်းပီသတဲ့ ယောကျာ်းတွေဖြစ်ကြရင် ပိုကောင်း တယ်။ facebook မသုံးလည်း ခေတ်နောက်ကျတယ် မထင်ဘူး။ ဒါက ကိုယ့်ရဲ့ဆုံးဖြတ် ချက်ပဲလေ။

သင့် လုပ်ရပ်ဟာ သင့်ဆီမှာ

$
0
0

အဖေနှင့် သားဟာ တောင်ပေါ်သို့ လမ်းလျှောက်ထွက်ခဲ့ ကြတယ်။ ရုတ်တရက် သားဖြစ်သူမှာ လိမ့်ကျသွားခဲ့ပြီး အနာတရဖြစ်သွား ပါတယ်။ ဒါ့ကြောင့် ကောင်လေးဟာ အားးးးးးးးးးးးးးးးး လို့ အကျယ်ကြီး အော်လိုက်ပါတယ်။
ထိုအချိန်မှာပဲ တောင်၏ တစ်နေရာမှ သူရဲ့ အသံမျိုး အားးးးးးးးးး လို့ ပြန်ကြားရပါတယ်။
ကောင်လေးဟာ စူစမ်းချင်တာနဲ့ " မင်းဘယ်သူလဲ " လို့ အကျယ်ကြီး အော်လိုက်ပါတယ်။
ထို့နောက် တောင်ရဲ့ တစ်နေရာမှာ " မင်းဘယ်သူလဲ " ဆိုပြီး ပြန်လည် ပြောဆိုသံကို ကြားရပါတယ်။
ထပ်မံ၍ ကောင်လေးဟာ အာကောင်ခြစ်ပြီး အော်လိုက်တယ် " ငါ စိတ်တိုလာပြီနော် " ထိုအသံနည်းတး အာခေါင်ခြစ်ပြီး အော်ပြောတဲ့အသံ " ငါစိတ်တိုလာပြီနော် " လို့ ကောင်လေး ပြန်လည် ကြားရပါတယ်။
ကောင်လေးဟာ အလွန်ဒေါသ ဖြစ်သွားပြီး " မင်းသရဲဘော ကြောင်မနေနဲ့ သတ္တိရှိရင် ထွက်လာခဲ့ "
ထိုကဲ့သို့ပင် အလွန်ဒေါသ ထွက်သော အသံပြန်ကို ကောင်လေးဟာ လည်ကြားရပြန်ပါတယ်။
အဖေဖြစ်သူဟာ ပြုံးလိုက်ပြီး " ငါ့သား စိတ်ကိုလျော့ "
အဖေဖြစ်သူ အာခေါင်ခြစ်ပြီး အော်လိုက်တယ် " မင်းက ဘယ်သူလဲ ကွ "
အသံ ပြန်ပြီး ကြားရပြန်တယ် " မင်းက ဘယ်သူလဲ ကွ "
သားဖြစ်သူဟာ အံ့သြသွားပါတယ်။ ဒါ့ပေမယ့် ကောင်လေးဟာ နားမည်ဘူး။ ထို့နောက် အဖေဖြစ်သူက ရှင်းပြတယ် " လူတွေက အဲဒီအသံကို ပဲ့တင်သံလို့ ခေါ်တယ်။ အမှန်တကယ်တော့ အဲဒါဟာ ဘဝဖြစ်တယ် " အဲဒါဟာ ငါတို့လုပ်သမျှ အရာအားလုံးကို တန့်ပြန်သက်ရောက်တယ်။ ငါတို့ပြုံးမယ်ဆိုရင် ငါ့တို့ထံကို အပြုံးတွေသာ ပြန်လာလိမ့်မယ်။ ဒါ့ကြောင့် ငါ့သားဟာ လူတွေကို ချစ်မယ်ဆိုရင် ငါ့သားကိုလည်း လူတွေက ပြန်ပြီး ချစ်လိမ့်မယ်။
ဘယ်အရာမဆို မိမိလုပ်သမျှဟာ မိမိထံကိုပဲ ပြန်လည်ရောက် ရှိလာလမ့်မယ် ငါ့သား။

ဂဂါင်္ ရဲ့ ချစ်သူ ပြည့်တန်ဆာနွံနစ် သက်ကွင်းထဲက ကောင်မလေး မိဧရာဝတီ

$
0
0

နင်တည်ရှိနေပုံကိုက စိတ္တဇတွေ့အပြည့် 
နင့်ရဲ့နှောင်ဖွဲ့မှုမှာ မမြဲချင်းတရားတွေက စိမ်းဖြာလို့ 

နေရပ်တွေ ဘယ်လိုဝေးဝေး အကိုင်းအခက်ချင်းဆက်ထားတဲ့
ငါ့နှလုံးသားရဲ့ စိတ်ကြိုးတွေမှာ နင့်သတင်းတွေက မြေနှိမ့်ရာလှံစိုက်
မြူခိုးတွေလဲဝေ စံပယ်တွေလည်း ကြွေပီပေါ့ မိဧရာဝတီ ရယ်

အဲဒီမြန်မာပြည် တနံတလျားရဲ့ စပါးကျီတစ်ခုလုံးကို
ခတ်အဆက်ဆက်နင့်ရယ်သံ ခိုးခိုးခစ်ခစ်ခေးတွေက ဖန်တီးပေးခဲ့တာ
ခုတော့အဲ့ဒီမြန်မာပြည်ကြီးကောင်းစားဖို့ နင့်ကို ဆင်သတ် အရပ်ဝေတော့မတဲ့လေ

မိဧရာဝတီ

နင်ဟာ ဘုရင့်နှောင်ရဲ့ ဖောင်ဖျက်တိုက်ပွဲကြားမှာ လှပကျော့ရှင်းခဲ့တယ်
နယ်ချဲ့ တေါရဲ့ မီးသဘောင်္လှလှကြီးတွေမှာ ပွဲလယ်တင့်ဂုဏ်ဝင့်ခဲ့တယ်
ရှည်လျားတဲ့ခေတ်ရိုင်းအစဉ်အဆက်တွေကြားမှာ သမိုင်းကိုလှပစွာရေးခဲ့တယ်

ဒါပင်မဲ့ အခုတော့ နူကလီးယားဓါတ်ပေါင်းဖို တစ်လုံးစာတန်တဲ့
နင့်သိက္ခာတွေ နင့်ကိုယါကျင့်တရားတေါကို နိုင်ငံကျော်ဈေးကွက်ကြီးထဲ ပို့လိုက်ကြပေါ့
ငွေသံကြေသံတချွင်ချွင်နဲ့ ၀ိမလကောင်တွေရဲ့ နမ်းရှံ့ မှုမှာ နင်ဟာ လူလွန့် ငိုချင်းချ
နင့်ရဲ့ရင်သားတွေကလည်း ရှံ့ မွတွန့်ကြေကုန်ပီပေါ့ မငိုနဲ့ မိဧရာဝတီ မငိုနဲ့
နင်ငိုရင် သူတို့ကပိုတောင်ပျော်ကြအုံးမှာ ပို တောင် ပျော် ကြ အုံး မှာ

နင့်ကိုကာကွယ်ပေးမဲ့လူတွေ ရှိနေကြပေမယ့် နင်ကအရင်လို မရှင်သန်သန်နိုင်တော့ဘူး
ဟော မိဧရာဝတီ နင်ဆီလာတဲ့ လမ်းတစ်လျှောက်က ကျဉ်းသထက် ကျဉ်းလာနေပြီ
နောင်ဆို ငါလာလို့ရတော့မယ် မထင်ဘူး ငါသွားတော့မယ် ငါသွားရတော့မယ်
ကျန်းမာရေးဂရုစိုက်ပါ အချိန်မှန်မှန် ခရီးနှင်ပါ နှုတ်ဆက်ခဲ့ပါတယ် မိဧရာဝတီရယ်
နင်ကိုချစ်တဲ့သူတွေအားလုံး နင့်အသက်နဲ့အရှက်ကို ကာကွယ်ပေးနိုင်ကြပါစေ.....။ ။  
                                                                                          * * * လုလင်ပျို * * *

ကျွန်တော့်အရိပ်လေး

$
0
0

သူက ကျွန်တော့်အရိပ်ဖြစ်တယ်။ ကျွန်တော်ဘယ်သွားခဲ့တယ်၊

ဘယ်ရောက်ခဲ့တယ်ဆိုတာကို သူအမြဲ သိချင်နေတယ်။ သူ့အမေးအမြန်းတွေနဲ့

ပတ်သက်ပြီး ကျွန်တော် မကြာခဏ စိတ်ညစ်ရပေမယ့် သူက ပျော်နေပုံရတယ်။

ဒါပေမယ့် အဲဒီအရိပ်က မိုးသည်းည တစ်ညမှာ လုံးဝပျောက်ကွယ်သွားခဲ့ရတယ်....

.

 

မင်္ဂလာဆောင်တဲ့နေ့က လက်စွပ်ဝယ်မယ့် ပိုက်ဆံနဲ့ ကျွန်တော့်ကို

ဟမ်းဖုန်းတစ်လုံး သူဝယ်ပေးခဲ့တယ်။ အဲဒီညမှာ နှစ်ယောက်သား စောင်ထဲကွေးရင်း

ဖုန်းသံစဉ်မျိုးစုံကို ကျွန်တော်တို့ စမ်းခဲ့ကြတယ်။ ဘဝဟာလည်း

ဖုန်းသံတွေလိုပဲ မြူးကြွပြီး နားဝင်ချိုမယ်၊ ပျော်စရာတွေနဲ့

ပြည့်နေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတယ်။

 

အဲဒီနေ့ကစပြီး သူ့ဖုန်းကို ကျွန်တော် မကြာခဏ လက်ခံရရှိခဲ့တယ်။

“မောင်... ရုံးဆင်းရင် ဈေးဝယ်ခဲ့နော်”

“မောင်... မောင့်ကို သတိရနေတယ်”

“မောင်... အမေတို့အိမ်မှာ ညနေစာ အတူသွားစားကြမယ်နော်”

 

သူ့အသံ၊ သူ့ရဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်တော့်ရင်တွေ နွေးထွေးခဲ့ရတယ်။

 

တစ်ခါက ဖုံးကို ဓာတ်အားသွင်းဖို့ ကျွန်တော်မေ့သွားခဲ့တယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကခါတိုင်း ပြန်နေကျအချိန်ထက် နောက်ကျပြီးမှ

ကျွန်တော်အိမ်ပြန်ရောက်ခဲ့တယ်။ အိမ်တံခါးဖွင့်လိုက်တာနဲ့ ဖုယောင်ပြီး

မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတစ်စုံကို ကျွန်တော်တွေ့လိုက်တယ်။

 

နောက်မှ ရုံးဆင်းချိန်ကတည်းက ကျွန်တော့်ဆီ သူ ဖုန်းမပြတ်ဆက်ခဲ့တယ်လို့

သိရတယ်။ ဖုန်းကလည်း ဆက်လို့မရ ကျွန်တော်များ မတော်တဆတစ်ခုခု

ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျွန်တော့်ဆီ ၁ဝမိနစ်တစ်ခါ

သူကြိုးစားပြီး ဖုန်းတွေဆက်ခဲ့တာ ကျွန်တော် အိမ်တံခါးတွန်းဖွင့်

ဝင်သွားချိန်ထိပါပဲ။

 

ကိစ္စအသေးအမွှားကို ရေးကြီးခွင်ကျယ်လုပ်တဲ့ သူ့အပြုအမှုကို ကျွန်တော်ဂရုမစိုက်ခဲ့ဘူး။

 

“မောင်က ကလေးမှ မဟုတ်တာ ဘာများ ဖြစ်နိုင်မှာမို့လဲ?”

 

“မောင် ဖုန်းမကိုင်ရင် မောင်မပြန်လာတော့ဘူးလို့ပဲ ထင်နေခဲ့တယ်”

 

“ဟား... ဟား... ငတုံးလေး” သူ့ခေါင်းကို ခပ်ဖွဖွပုတ်ရင်း

ကျွန်တော်ရီလိုက်မိတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း ဖုန်းကို

ဓာတ်အားသွင်းဖို့ ကျွန်တော် ဘယ်တော့မှ မမေ့ခဲ့ဘူး။

 

အဲဒီနောက် အလုပ်က ကျွန်တော် ရာထူးတိုးခဲ့တယ်။ ငွေပိုငွေလျံတွေ ရှိခဲ့တယ်။

ဖုန်းအသစ်တွေ တစ်လုံးပြီးတစ်လုံး ကျွန်တော်ပြောင်းသုံးနိုင်ခဲ့

တယ်။

တစ်နေ့မှာ သူ့ကိုပေးဖို့ လက်စွပ်တစ်ကွင်း လိုသေးကြောင်း ကျွန်တော်

သတိရလိုက်မိတယ်။ သူ့ကိုခေါ်ပြီး လက်စွပ်ဝယ်ဖို့ သွားတော့ “စိန်လက်စွပ်ကို

လက်မှာ စွပ်ထားတော့ ဘာအသုံးဝင်မှာမို့လဲ.. မောင်နဲ့အမြဲ အဆက်အသွယ်

ရနေအောင် ဖုန်းတစ်လုံးဝယ်ပေးရင် ရပြီ မောင်” လို့ သူက တောင်းဆိုတယ်။

အဲဒီညနေက တစ်ယောက်က ဧည့်ခန်း ကျန်တစ်ယောက်က အိပ်ခန်းထဲနေပြီး အပြန်အလှန်

မက်ဆေ့တွေ ပို့ပြီး ကျွန်တော်တို့ ပျော်နေခဲ့ကြတယ်။

 

အပျော်တွေရဲ့ နောက်မှာ အဆိုးတွေ ကပ်လိုက်လာတတ်မှန်း ကျွန်တော်မသိခဲ့ဘူး။

တစ်ညနေက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ မတွေ့တာကြာပြီးဖြစ်တဲ့

သူငယ်ချင်းတွေနဲ့ ကျွန်တော်တို့ ဖဲအတူ ရိုက်ခဲ့ကြတယ်။

အရှိန်ကောင်းနေတုန်းမှာ ရုတ်တရက် ကျွန်တော်ဖုန်းက ထမြည်တယ်။

 

“ မောင် အခုဘယ်မှာလဲ? မပြန်ခဲ့သေးဘူးလား?”

 

“သူငယ်ချင်းအိမ်မှာ ဖဲရိုက်နေကြတယ်”

 

“ဘယ်တော့ ပြန်လာမလဲ?”

 

“ခဏလောက်ဆို ပြန်ခဲ့မယ်”

 

ဖဲက နိုင်လိုက် ရှုံးလိုက်၊ ရှုံးလိုက် နိုင်လိုက် .... သူ့ရဲ့ဖုန်းလည်း

ဆက်လိုက် ချလိုက်၊ ချလိုက် ဆက်လိုက်.... အပြင်မှာ မိုးတွေရွာစပြုလာပြီ။

ဖုန်းက ထပ်မြည်လာပြန်တယ်။

 

“မောင်... ဘာလုပ်နေတာလဲ? ပြန်ခဲ့တော့လေ မိုးတွေရွာနေပြီ.. မြန်မြန်ပြန်ခဲ့တော့”

 

“သူငယ်ချင်း အိမ်မှာ ဖဲရိုက်နေပါတယ်လို့ဆို.. မိုးတွေ ဒီလောက်ရွာနေတာ

ဘယ်လိုပြန်ခဲ့ရမလဲ?”

 

“ဒါဆို မောင် ဘယ်မှာလဲ? ခုလာကြိုမယ်”

 

“မလာခဲ့နဲ့.. ရတယ်”

 

အတူဖဲရိုက်တဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို မယားကြောက်လို့

နောက်ပြောင်ကြတယ်။ စိတ်တိုတိုနဲ့ ဖုန်းကို ကျွန်တော် ပိတ်ပစ်လိုက်တယ်။

အဲဒီညက ဖဲရိုက်ရင်း ကျွန်တော်တို့ မိုးလင်းသွားခဲ့တယ်။

သူငယ်ချင်းတစ်ယောက် ကျွန်တော်ကို ကားနဲ့လိုက်ပို့ခဲ့တယ်။ အိမ်ရောက်တော့

သော့တန်းလန်းက ဆီးကြိုနေတယ်။ သော့ဖွင့်ပြီး အိမ်ထဲမှာ သူ့ကို

ကျွန်တော်လိုက်ရှာကြည့်တယ်။ သူ .. ဘယ်သွားပါလိမ့်?

 

အဲဒီအချိန်မှာ ရုတ်တရက် အိမ်ဖုန်းမြည်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ

ငိုသံတွေရောနေတဲ့ ယောက္ခမအသံကို ကျွန်တော်ကြားလိုက်ရတယ်။

 

“မိုးသည်းထဲမှာ သားကို သွားကြိုမယ်ဆိုပြီး ဆိုင်ကယ်စီးထွက်သွားခဲ့တယ်။

သားသူငယ်ချင်းအိမ်တွေ တစ်အိမ်တက်ဆင်း လိုက်ရှာရင်း မတော်တဆ

ယာဉ်တိုက်မှုဖြစ်ခဲ့တာ ခုထိ နိုးမလာသေးဘူး”

 

ပိတ်ထားမိတဲ့ ကျွန်တော်ဖုန်းကို ဖွင့်လိုက်တော့ မက်ဆေ့တစ်စောင် တွေ့လိုက်တယ်။

 

“မောင်... မေ့နေတာလား? ဒီနေ့ ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေ။ မောင့်ကို

ခင်လာကြိုပြီနော်။ စောင့်နေပါ”

 

ကျွန်တော့်ကို လိုက်ရှာတဲ့ လမ်းမပေါ်မှာ သူထာဝရ ပျောက်သွားခဲ့ရတယ်။

မျက်ရည်တွေ ရွှဲနင့်နေတဲ့ မျက်လုံးနဲ့ အဲဒီမက်ဆေ့တိုလေးကို ကျွန်တော်

အထပ်ထပ်ဖတ်နေမိတယ်။ အဲဒီညက ကမ္ဘာကြီး တစ်ခုလုံးကို

ကျွန်တော်ဆုံးရှုံးလိုက်မှန်း နောက်ကျမှ ကျွန်တော် သိခဲ့ရတယ်။

 

သူဆုံးတာ ၃ လရှိပြီ။ ဒါပေမယ့် ခုချိန်ထိ မစားနိုင်၊ မသောက်နိုင်နဲ့

အိပ်မက်ဆိုးကနေ ကျွန်တော် မနိုးထနိုင်ခဲ့သေးဘူး။

 

ကိုယ့်ကိုချစ်တဲ့လူကို ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့။

ဆုံးရှုံးသွားမှ တမ်းတမနေပါနဲ့။ နာကျင် ခံစားမနေပါနဲ့။

ဘဝတစ်ခုက အကန့်အသတ်ရှိပါတယ်။

ကိုယ်နဲ့အတူ ရှိနေတဲ့ လက်ရှိအချိန်ကို တန်ဖိုးထား မြတ်နိုးလိုက်ပါ။

မွေးနေ့ ရှင် ထို သူအား လင်းအာရုံ ဟုခေါ်သည်........

$
0
0

                         မွေးနေ့ ဆို......... တခြားနေ့ ထက်ပိုပြီး     စိတ်ကြည်ကြည်လင်လင်လေးဖြစ်တက်တယ်ဆိုတဲ့....   မွေးနေ့ ရှင်က         "ဇာန်နဝါရီလ"  ရောက်ရင်   ပျော်တယ်တဲ့..။  (ကိုယ့်မွေးနေ့ ရှိတဲ့  လ   ကို  ရောက်လာလို့ တဲ့လေ........)      ။       ။

                     မွေးနေ့ ရောက်တဲ့အခါတိုင်း      စိတ်ချမ်းသာမှု့ ကို      ခံစားရတယ်...........     မိဘနှစ်ပါးကို    ကန်တော့တယ်.........      ဘုရားသွားတယ်..........      ။      မွေးနေ့ ရောက်တိုင်း  (သူ့ )ရဲ့ စိတ်က    လူအများနဲ့ မတူ      ဘုဂလန့် ဖြစ်တယ်....။     တစ်ယောက်ယောက်က   မွေးနေ့ မှာ  ဘာလုပ်မှာလဲလို့ မေးရင်      ကိုယ့်ကိုယ်ကို  ဘာလုပ်ရမှန်းမသိတာများတဲ့   မွေးနေ့ ရှင်က......        မွေးနေ့ မှာ  မဖြစ်မနေလုပ်တက်တာကတော့     ဘုရားသွားပါ.    ...။      တခြားနေ့ တွေလည်း  ဘုရားသွားတာပဲ.....    ဒါပေမယ့်  ဘ ကိုယ့်ရဲ့   မွေးနေ့ မှာ  နံနတ်အစောကြီးဘုရားသွားရတဲ့     ခံစားချက်ကို    အကြိုက်ဆုံးပါပဲတဲ့.....။    ။

                     ကိုယ်မှန်တယ်ထင်ရင်    ဘေးလူတွေပြောတာ       နားမထောင်တက်ပေမယ့်   စိတ်ရှည်တယ်...။  တခြားသူအပေါ်ကိုယ်ချင်းစာပေးတက်တယ်.....။      နားလည်ပေးတယ်...။   စိတ်ခံစားမှု့ အစွဲအလမ်းကြီးတက်တဲ့     ထိုမွေးနေ့ ရှင်မှာ       မွေးနေ့ နဲ့ ပတ်သက်တဲ့ခံယူချက်     တစ်ခုတော့  ရှိနေပြန်တယ်......။

                  မွေးနေ့ ဆိုတာ   ကိုယ်ကမ္ဘာမြေကြီးပေါ်ကို   လူသားတစ်ယောက်အဖြစ်နဲ့      ရောက်လာတဲ့နေ့ လေးတနေ့ ပေါ့.......။      ကိုယ့်ရဲ့ မေမေက    ကိုးလတောင်   လွယ်ထားပြီးတော့မှ   ဝမ်းကြာတိုက်ထဲက   ထွက်လာရတဲ့နေ့ လေးပါ...။   ကိုယ့်စိတ်ထဲမှာ  အခု     အသက်နည်းနည်းကြီးလာတော့    အသိတရားလေးတွေ    .........    အတွေးလေးတွေ  ရလာတယ်...။   ကမ္ဘာမြေကြီးပေါ်   ကို  ရောက်လာပြီးပြီ..။    ကမ္ဘာမြေကြီးအတွက်       ဘာလုပ်ပေးနိုင်မလဲ.....?    အဓိပ္ပါယ်ဘယ်လိုရှိနေနိုင်မလဲ....?   ကိုယ်ဒီလောကကြီးကနေ     ပြန်မထွက်သွားခင်   ဘာတွေလုပ်ပေးနိုင်မလဲ   .......?   ဆိုတာတွေ အပေါ်မှာမူတည်ပြီးတော့ပဲ     ဘဝရဲ့ အဓပ္ပါယ်တွေ     ကွဲပြားသွားမှာပါဆိုတဲ့       အတွေးလေးကို     အခုအရွယ်မှာ    ရမိတယ်    ဆိုတဲ့.......  

             မွေးနေ့ ရှင်       ထိုသူ့ အား...........    "လင်းအာရုံ "     ဟု    ခေါ်ပါသည်..........။           ။

              တည်ငြိမ်သော.......   အေးချမ်းသော.....   အတ္တလောဘနည်းနိုင်သမျှနည်းသော.........     လောကကြီးကို  အကောင်းမြင်တက်သော.........   သူတပါးကို   အကျိုးပြုတက်သော.........     မိဘကို     လိုတာထက်ပိုပြီးသိတက်သော  ....             အဲဒါလေးတွေကို           သူငယ်ချင်း  သေတဲ့အထိ    တစ်နေ့ ထက်တစ်နေ့    ပို......ပိုပြီး    လုပ်နိုင်သွားပါစေလို့     တောင်းဆုပြုရင်း

                     

                       Happy ..........

                                BirthDay........

                                                lin.ryone.........

“လူအမျိုးမျိုး စိတ်အထွေထွေ”

$
0
0

မြို့ တော်သူမြို့ တော်သားညီအစ်ကိုမောင်နှမအားလုံပဲမင်္ဂလာပါ......


ကိုထက်ရေးတဲ့ပိုစ့်ဖက်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်မပြောပဲ ထားခဲ့ တဲ့ (မတင်ဖြစ်ခဲ့တဲ့) ပိုစ့်ကိုပြန်တင်လိုက်ရတာပါ...

ကျွန်တော်တို့ ရွှေမြို့ တော်ဆိုဒ် ဟာ တခြားနိုင်းဆိုဒ်တွေလို အက်မင်တွေတာဝန်ခံတွေ အုပ်ချုပ်သူတွေရှိပါတယ် ....ဒီဆိုဒ်လေးက လူအများ

စိတ်အပန်းဖြေဖို့ နဲ့ ဗဟုသုတရဖို့  လူမှု့ ဆက်ဆံရေး(အပေါင်းအသင်း)နယ်ပယ်ကျယ်ပြန့် ဖို့  မြို့ တော်ထဲမှာရှိတဲ့

မန်ဘာတိုင်းကို အထောက်အပံ့ဖြစ်စေပါတယ်.......များသောအားဖြင့် ကဗျာတွေစာတွေရေးမယ်...ဖက်မယ်...ပြန်လည်မျှဝေမယ်ဗျာ...

ချက်ခန်းထဲဝင်ပြီးအပေါင်းသင်းရှာမယ်မိတ်ဆွေဖွဲ့မယ်ဗျာ... ဘော်ဒါတွေရင်းနှီးလာရင် တကယ့်သူငယ်ချင်း

အရင်းကြီးတွေလို တိုင်ပင်ဆွေးနွေး ရင်ဖွင့်ကြမယ်ဗျာ..... လူငယ်ဘာာဘာဝ ချစ်သူရည်းစားရှာကြမယ်ဗျာ.......

ရင်ထဲမှာရှိတာတွေကို အွန်လိုင်းသူငယ်ချင်းတွေ ဆီမှာချက်ခန်းကနေတဆင့် ရင်ဖွင့်မယ်ဗျာ....ကိုယ်မသိတာတွေမေးမယ်..

သိတာတွေပြောပြမယ်ဗျာ.....ကဲ ဘယ်လောက်ပျော်စရာကောင်းလည်း....လူတိုင်းမှာ စိတ်အမျိုးမျိုးရှိကြတယ်ဗျာ..
.
လူတစ်ယောက်မှာတောင် စိတ်ဓါတ်က အမျိုးမျိုရှိနေတာ လူအယာက်ပေါင်းများစွာဆိုရင်

စိတ်ဓါတ်ပေါင်းမြောက်များစွာဖြစ်မနေဘူးလား.... ချက်ခန်းထဲမှာဆိုရင် လူတစ်ယောက်မှာစိတ်ဓါတ်၃မျိုးပဲထား

...လူအယောက်၁၀ ဆိုရင်စိတ်ဓါတ်အမျိုးပေါင်း၃၀ဖြစ်မနေဘူးလား.....အဲ့ လိုစိတ်ဓါတ်တွေမှာကောင်းတာတွေပါမယ်

..မကောင်းတာတွေပါမယ်.....လူတွေကိုကူညီချင်မယ်၊ အားလုံးနဲ့ အဆင်ပြေအောင် နေထိုင်မယ်၊ လူတွေကိုနှောက်ယှက်မယ်၊

ချက်ခန်းကိုရှုပ်ရှက်ခတ်အောင်လုပ်မယ၊် မြို့ တော်ချက်ကိုနံမည်ပျက်အောင်လုပ်မယ် ၊ မြို့ တော်ချက်ကိုနာမည်တက်အောင်လုပ်မယ် စသည် စသည်ပေါ့ဗျာ...

..အဲ့ လိုစိတ်မျိုးတွေနဲ့ မန်ဘာတွေချက်ခန်းထဲမှာ စာတွေရိုတ်မယ် ကောင်းတာရှိသလိုမကောင်းတာရှိမယ်... အပြုသဘောဆောင်တဲ့ စာတွေရေးသလို

အပျက်သဘောဆောင်တဲ့စာတွေလည်းရေးကြမယ်....အဲ့ ဒီလိုဆိုရင် ၁၀ယောက်မှာ ၂ယောက်လောက်က အပျက်သဘောဆောင်နေရင် ထိန်းချုပ်ဖို့ ချက်အက်မင်ဆိုတာ

ထားရှိရပါတယ်...ချက်ခန်းမှာစာတွေများပြီးချက်ဘောက်လေးနေရင် စာဖျက်ပေးမယ် မြို့ တော်အတွင်းမသိသောအကြောင်းအရာများမေးရင် ကိုယ်သိတာတွေကိုကူညီပြောပြမယ်၊

် အပျက်သဘောဆောင်တဲ့သူတွေကိုဖယ်ရှားရမယ် .....စကားပြောဝိုင်းရဲ့ အရှိန်ကိုတက်လာအောင် ထောက်ပံ့ပေးရမယ်မြို့ သူမြို့ သားအချင်းချင်း မသင့်မြက်ရင် ဖြေရှင်းပေးရမယ်....

ဒါဟာချက်အက်မင်တစ်ယောက် လုပ်ဆောင်ရမဲ့ ကျွန်တော်သိသလောက်အကြောင်းအရာတွေပေါ့...........ရာထူးယူထားပြီး အာဏာပြတဲ့သဘောဆောင်တဲ့ မင်းတို့ ဘာမလုပ်နဲ့

ညာမလုပ်နဲ့ ဆိုပြီးအမိန့် ပေးလေသံနဲ့ ပြောခွင့်မရှိဘူး၊ ငါဘာကောင်လည်း မင်းဘာကောင်လည်းတိုင်းထွာခွင့်မရှိဘူး၊ ငါ့မှာလုပ်ပိုင်ခွင့်ရှိတယ် မင်းတို့ ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်ဆိုပြီးခြိမ်းခြောက်

ပိုင်ခွင့်မရှိဘူး၊ချက်ခန်းဆိုတာလူအများကြီးနဲ့ ဆက်ဆံရတဲ့ နေရာတစ်ခုပါ တင်းသင့် ရင်တင်းရမယ် လျှော့သင့်ရင်လျှော့ရမယ် ငါးတစ်ကောင်မျှားသလိုပဲပေါ့ ....ကိုယ့်ဖက်ကအမြဲလျှော့နေရင် လည်းမရသလို

ကိုယ့်ဖက်ကအမြဲတင်းနေရင်လည်းမရပါဘူး...စိတ်အမျိုးမျိုးရှိတဲ့လူအများနဲ့ လိုက်လျှောညီထွေအောင် လုပ်ဆောင်နိုင်မှ ကိုယ့်တာဝန်ကျေနိုင်ပါမယ်.....ကိုယ်ရေးကိုယ်တာနဲ့ ပက်သက်ပြီး ရောနှောပိုင်ခွင့်လည်းမရှိပါဘူး....

.ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် အဲ့ပြဿနာကို အတိအကျဖြေရှင်းပေးရပါမယ် ပြီးရင် ကိုယ်လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်အပေါ် တာဝန်ယူနိုင်ရပါမယ်....ဆဲနေလို့ ဘမ်းရင် ဒီလူဘာကြောင့်ဆဲတာလည်းဆိုတာသိရပါမယ်..

.ကော်ပီတွေလုပ်နေတာတို့ ကီးဘုတ်ကိုပေါက်ကရရိုတ်နေတာတို့ ဆိုရင် အဲ့ လူကိုဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သိနေရပါ့မယ်.... ငါမကျေနပ်လို့ ၂၄နာရီဘမ်းတယ်ဆိုတဲ့ လုပ်ဆောင်ခွင့်လုံးဝအသုံးမပြုရပါဘူး အများနဲ့ 

ဆက်ဆံတဲ့နေရာမှာငါ ဆိုတာမရှိရပါဘူး I ဆိုတာမရှိပါဘူးWEပဲဖြစ်နေရပါမယ်...ချက်ခန်းဝင်မန်ဘာတွေအနေနဲ့ ကလည်း ငါဆိုတဲ့ တစ်ဦးတစ်ယောက်စိတ်ဓါတ်ထက် ငါတို့ ဆိုတဲ့ အစုအဖွဲ့ စိတ်ဓါတ်မျိုးနဲ့ 

သူငယ်ချင်းတွေအားလုံးကိုဆက်ဆံရပါမယ်.......မြန်မာနိုင်ငံရဲ့ ကော်နက်ရှင်အရ ချက်ခန်းမှာ စာတွေများလာရင် လိုင်းအရမ်းလေးလာပါတယ် စကားကောင်းကောင်းပြောလို့ မရတော့ပါဘူး အဲ့ ဒါကို

အားလုံးကနားလည်ပေးရပါမယ် ဒါကြောင့်မို့ လို့ ကော်ပီတွေ အဓိပ္ပါယ်မရှိစာလုံးတွေ ရေးခြင်းကို မလုပ်ကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်လို့ ပြောကြားရင်း.....အဆုံးသက်လိုက်ပါတယ်.......

“ နေရာတိုင်းမှာလူအမျိုးမျိုးစိတ် အထွေထွေပါ လူတိုင်း လူတိုင်းဂတုံးတစ်ကောင်မကောင်းတာနဲ့ဂတုံးအားလုံးမကောင်းဘူးကွာလို့ ပြောခွင့်မရှိပါဘူးဗျာ...”

အားလုံးသောဘဝတွေပျော်ရွှင်ချမ်းမြေ့ ကြပါစေ.........

မှော်ဆရာ.....

အချစ်သင်ခန်းစာ(၇) ကျွန်မမှာရည်းစားရှိတယ်… (ယောက်ျားလေးများအတွက်သာ…)

$
0
0


အားလုံးပဲ မင်္ဂလာပါလို့

မြန်မာဆိုက်ကို နှုတ်ခွန်းဆက်ပါတယ်…


ဒီနေ့ အချစ်သင်ခန်းစာ (၇)

ကျွန်မမှာရည်းစားရှိတယ်ဆိုတဲ့

သင်ခန်းစာကို ပို့ချပါမယ်…

အချစ်သင်ခန်းစာ (၁) ကနေ (၆) အထိ

ဆက်တိုက်ပို့ချခဲ့ပြီးဖြစ်တယ်…

စိတ်ထဲမှာတော့

အချစ်သင်ခန်းစာတွေကို

ဆက်မရေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့်…

အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ဆက်ရေးလိုက်ပါတယ်ဗျာ…

 

ယောက်ျားလေးတွေ မကြာခဏ ကျူးလွန်တတ်တဲ့ အမှားတစ်ခုရှိတယ်…

အဲဒါကတော့…

ကိုယ်ကြိုက်နေတဲ့ မိန်းခလေးကို

ရည်းစားရှိလားလို့

မေးမိတတ်တဲ့အချက်ပဲ…

 

ကိုယ်က မေးလိုက်လို့ 

ရှိတယ်ဆိုရင်…

မင်းကို auto ငြင်းပြီးသားဖြစ်သွားလိမ့်မယ်…

အဲဒီ့အဓိပ္ပာယ်ကတော့

မင်းဟာ သူ့အတွက် စွဲဆောင်မှုမရှိဘူးလို့ ပြောလိုက်တာပဲ…

 

မိန်းခလေးတွေက

သူတို့ မကြိုက်တဲ့ကောင်လေးတွေကို

သူတို့အနားက ခွာထွက်သွားစေဖို့အတွက်

ဒီစကားကို လက်နက်တစ်ခုအနေနဲ့ အသုံးချတတ်ကြတယ်…

 

တကယ်လို့

ကျွန်မမှာ ရည်းစားရှိတယ်ဆိုပြီး

ဒုတ်ထိုးအိုးပေါက် အပြောခံရပြီဆိုရင်

ဘာဆက်လုပ်မလဲ…???

 

(၁) မကြားသလိုနေပါ…

(၂) စကားလမ်းကြောင်လွှဲပါ…

(၃) နဂိုဟန်မပျက် ရှေ့ဆက်ပါ…

အဲဒီစကားကို အလေးအနက်ထားတဲ့ပုံ၊ တုန်လှုပ်တဲ့ ပုံ မပြမိပါစေနဲ့…

 

တကယ်လို့ သူ့စကားကို တိုက်ရိုက်တုန့်ပြန်ချင်တယ်ဆိုရင်တော့…

ကိုယ်က မင်းရည်းစားဖြစ်ချင်တာမဟုတ်ဘူး။

ချစ်သူဖြစ်ချင်တာလို့ ပြောလိုက်ပါ…

(Heart ထိသွားလိမ့်မယ်…)

 

နောက်တစ်ချက်မှတ်ရမှာက

သူ့ရည်းစားအကြောင်း လေသံတောင် မဟလိုက်ပါနဲ့…

အကြောင်းကတော့…

(၁)

သူ့ရည်းစားဆိုတာ

တကယ်ရှိချင်မှရှိမှာဖြစ်တယ်…

(၂)

သူ့မှာ အမှန်တကယ် ရည်းစားရှိနေရင်

မင်းပြောလိုက်မှ သတိတွေရသွားလိမ့်မယ်…

 

 ဘယ်မိန်းခလေးမှ

သူတို့ မျက်စေ့ကျနေတဲ့ကောင်လေးကို

ကျွန်မမှာရည်းစားရှိပါတယ်လို့ မပြောဘူး…

သိသွားမှာတောင် စိုးပါသေးတယ်…

 

သူသာမင်းကို တကယ်ခိုက်နေပြီဆိုရင်…

သူ့ရည်းစားကိုခေါက်ထားပြီး

ရည်းစားမရှိသလို ဟန်ဆောင်နေလိမ့်မယ်…

အဲဒီအခါ သူ့ရည်းစားဆိုတာ

နေလာနှင်းပျောက်ပဲဆိုတာ

သဘောပေါက်လိုက်ပါ…

 ...........................

သင်ခန်းစာလေးကတော့ ဒီလောက်ပါပဲ…

နားလည်သဘောပေါက်လိမ့်မယ်လို့လည်း မျှော်လင့်တယ်…

 .......................

ဒီပို့စ်လေးမှာ သဘောထားကွဲလွဲစရာတစ်ခုရှိတယ်…

အဲဒါကတော့

ရည်းစားရှိတဲ့ မိန်းခလေးရဲ့ အချစ်ကိုရဖို့

ကြိုးစားသင့် မကြိုးစားသင့်…

စာဖတ်သူ ဘယ်လိုမြင်လဲ…

debate လေးပေါ့ဗျာ…

 

ကဲ… အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေဗျာ…


နှလုံးသားလှသူတို.၏ ရနံ.များ

$
0
0

အဲဒါ အရှင်ဘုရားနဲ.ဘာတော်တာလည်း ဦးလေးများတော်တာလား

ကိုရင်ငယ်တပါးသည်ကျောင်းတွင်လာရောက်အနားယူနေသောအသက်ကြီးကြီးဒကာတစ်ယောက်အား

မိမိမှကျွေးမွေးပြုစုစောင်.ရှောက်နေသည်ကိုမြင်၍မေးခြင်းဖြစ်သည်

မဟုတ်ပါဘူး ဘာမှမတော်ဘူး လောလောဆယ်ဒုက္ခရောက်နေလို.ကူညီတာ ဟုပြန်ဖြေဖြစ်သည်

ထိုအခါကိုရင်ငယ်က အာ ဦးဇင်းကလည်းဘယ်ကမှန်းလည်းမသိဘာသူလည်းမသိပဲနဲ.ခြေ၂ချောင်းမကယ်ကောင်း

ဘူးတဲ.ကြားဖူးတယ် ဟု ထိုဒကာကြီး၏ခပ်နွမ်းနွမ်းဝတ်စားဆင်ယင်ထားမူကိုအကြောင်းပြု၍သတိပေးလေ၏

လွန်ခဲ.သော၅ရက်လောက်ကမှကျောင်းသို.ရောက်လာသောဒကာကြီးမှာခန္ဒာကိုယ်ကလည်းမသန်စွမ်းတော.

သလို

စားစရာဝတ်စရာပါအခက်ခဲဖြစ်နေသဖြင်.မိမိကပင်ကျောင်းသို.ခေါ်ယူထားကာလောလောဆယ်စောင်.ရှောက်

ထားခြင်းဖြစ်သည် အင်းပါကိုရင်ရယ် ဘာပဲဖြစ်ဖြစ်လူလူခြင်းကူညီသင်.ပါတယ်လူတစ်ယောက်ဒုက္ခရောက်

နေတာကိုလက်ပိုက်ကြည်.နေနိုင်လောက်အောင်တပည်.တော်အသည်းမမာနိုင်ဘူးဘုရား

ထိုအခါကိုရင်က အရှင်ဘုရားကတော်တော်သဘောကောင်းပုံရယ်ထင်တယ်ဟုပြောလေ၏

သည်မှာကိုရင်တပည်.တော်ပြောပြမယ်တပည်.တော်လုပ်လိုက်တဲ.အမှု.ကိစ္စကဘာမှမပြောပလောက်ပေဘူး

တခါတုန်းကဂီတပေါမောက္ခတစ်ဦးဟာ နံနက်စာစားရင်းကသတင်းစာကောက်ဖတ်တယ်

သတင်းစာထဲမှာကအာဖရိကတောဘက်ထဲမှာနူနာရောဂါဝေဒနာခံစားပြီးဒုက္ခရောက်နေကြသူတွေကို

အကြောင်းဖတ်ရတော.ဆေးပညာကိုအလျင်အမြန်သင်ယူတယ်ဆေးပညာတက်တာနဲ.ပဲသူအလျင်ကတက်ခဲ.ဖူး

တဲ.ဂီတပညာနဲ.ရုံသွင်းပြီးဖျော်ဖြေခဲ.တယ်ရလာတဲ.ငွေကြေးကိုယူပြီး မိသားစုဆွေမျိုးမိတ်ဆွေနဲ.တကွ

အရာအားလုံးကိုစွန်.လွှတ်ပြီးအာဖရိကတောဘက်ထဲကနူနာရောဂါသည်တွေကိုကုသစောက်ရှောက်ကယ်တင်ခဲ.

တယ် သူ.နာမည်ကအဲဘက်ရိုက်ဇာတဲ. သူ.ရဲ.ကုသစောက်ရှောက်မှု.ကြောင်.လူများစွာချမ်းသာရခဲ.ဖူးတယ်

သူကိုယ်တိုင်ကတော.ရောဂါကူစက်ခြင်းခံခဲ.ရတာပေါ. ဒါပေမဲ.ရိုက်ဇာဟာသူ.ဘ၀တစ်ခုလုံးကိုမြူပ်နှံပြီးတော.

အဲဒီရောဂါသည်တွေကိုကူညီစောင်.ရှောက်ခဲ.ဖူးတယ်..

တင်ပါ.ဘုရား ဒါဆိုသူကတကယ်ကိုနှလုံးသားလှသူပဲနော်

အင်းပေါ.ကိုရင်ရဲ.

နောက်ထပ်လည်းရှိသေးတယ်

ပြောပြပါဦး ဦးဇင်းရ

အန္ဒိယနိုင်ငံကိုလွပ်လပ်ရေးယူပေးခဲ.တဲ.ဂန္ဒီကြီးကိုသိလား

အင်း ကြားဖူးတယ်ဘုရား

အေး သူကတစ်နေ.ရထားတဆင်းပေါ်မှာရထားစီးနေရင်းနဲ.ဖိနပ်တစ်ဖက်ပြုတ်ကြသွားတယ်

ဒါနဲ.ပဲသူကနောက်ထပ်ကျန်ရှိနေသေးတဲ.ဖိနပ်တစ်ဖက်ပါချွတ်ချလိုက်တာပေါ.

ဘေးလူကမြင်တော.မေးတယ် ဘာလို.ချွတ်ချတာလည်းပေါ.

သူကပြန်ဖြေလိုက်တာက နောက်လူ၂ဖက်လုံးရမှစီးလို.ရမှာပေါ.   တဲ.

အော်ဒါဆိုဂန္ဒီကြီးကလည်းမဆိုဘူးနော်

အင်း

နောက်ထပ်ပြောပါဦးဟုကိုရင်ကလောဆော်ပြန်လေ၏

တခါတုန်းကလူကလေးတစ်ယောက်ဟာဖယောင်းတိုင်မီးဖိုးမတက်နိုင်လို.သူ.အဖေရဲ.မီးသွေးဖိုလေးကမီးရောင်

ကိုအမှီပြုပြီးစာကျတ်ခဲ.ရတယ်ကွ သူဟာဆင်းရဲနွမ်းပါးလွန်းလို. ကျောင်းတောင်ကောင်းကောင်းမနေခဲ.ရဘူး

မှတ်မှတ်ရရ၉လပဲကျောင်းတက်ခဲ.ရတယ်ဆိုပဲ နောက်တော.သူဟာစာပေတွေလေ.လာလိုက်စားရင်းကနေ

နိုင်ငံရေးနဲ.ဥပဒေကိုအလေးထားလိုက်စားခဲ.တယ်

သူတို.နိုင်ငံ(အမေရိက)မှာသူဟာရွေးကောက်ပွဲဝင်ပြိုင်တော.သမတ္တအဖြစ်အနိုင်ရခဲ.တယ်ဆိုပါတော.

အဲဒီတုန်းကသူ.ခေတ်သူ.ကာလအလျောက်လူဖြူလူမဲခွဲခြားပြီးလူမဲတွေပညာမသင်ရလူဖြူတွေရဲ.ကျေးကျွန်ဘ၀နဲ.

ပဲနေရမယ်လို.အစဉ်အလာရှိခဲ.ပြီးလူအခြင်းခြင်းနှိပ်ကွပ်ခဲ.တယ်ဆိုပါတော.

အဲခုနကပြောတဲ.လူ (လင်ကွန်း)က သမတ္တလည်းဖြစ်လာရောအဲဒီဥပဒေကိုပြင်မယ်လုပ်ရောပေါ.

(ကိုရင်က)ဘာလို.ပြင်တာလည်းဦးဇင်း

လူသားခြင်းစာနာထောက်ထားလို.ပေါ.ကွာ

ဒါဆိုအဲဒီသမတ္တကလူမဲလား

ဘယ်ကလာ သူကလူဖြူပါ လူလူခြင်းကျွန်ခံခိုင်းတဲ.လူသားခြင်းမညှာတဲ.စနစ်ကိုသူကမကြိုက်လို.ပေါ.

အင်း ဆက်ပါဦး

သူကလည်းအဲဒီဥပဒေကိုပြင်မယ်လုပ်ရော ၀န်ကြီးတွေကတားကြတယ် အန္တရယ်ကိုမြင်တာကိုး

လူဖြူလူကုံထံတွေကလည်းငွေထိုးတယ် မရတော.ခြိမ်းချောက်တယ် သတ်မယ်ဘာညာပေါ.ကွာ

သူကလုံးဝနောက်မဆုတ်ခဲ.ဘူး အဲဒီဥပဒေကိုမရရအောင်ထုတ်ပြန်ကြေငြာခဲ.တယ်

သူအသတ်ခံရမှာသိရက်နဲ.ငွေဝယ်ကျွန်စနစ်ကိုတိုက်ဖျက်ခဲ.တာပေါ.ကွာ

ဒါဆိုသူကလူဖြူတွေမကျေနပ်လို.လုပ်ကြံခံခဲ.ရတာပေါ. ဟုတ်လား

အင်း

အော် တော်တော်ကြည်ညိုစရာကောင်းတဲ.လူပဲ နော်

ပြောရမယ်ဆိုရင်တော.အများကြီးပဲကွ

ဆက်ပြောပါဦး ဦးဇင်းရ

ဒါကတပည်.တော်ကိုယ်တွေ.လေးပါကိုရင်

အင်းပြောပါဘုရား

တပည်.တော်သူငယ်ချင်းဦးထေရိန္ဒ ဆိုတာရှိတယ် ကိုရင်မသိပေဘူး သူကတည်.ဆည်ဘက်က

တင်ပါ.

တို.၂ပါးကမုံရွာကိုစာမေးပွဲသွားဖြေရာကရထားစီးပြီးပြန်လာခဲ.ကြတယ်

ရထားပေါ်မှာဒကာတစ်ယောက်မူးလဲနေတာတွေ.ရတယ် အိမ်သာနားမှာခေါင်းကိုမထူနိုင်ရှာဘူး

အနံ.တွေကလည်းနံစော်နေတာပဲ သူ.နားလည်းဘယ်သူမှမကပ်နိုင်ဘူး

သူကအသံယဲ.ယဲ.လေးနဲ.ပြောနေတာက ရေ ရေပေးကြပါ ရေ ဆိုပြီးတောင်းနေတာပဲ

ဒါပေမဲ.ဘယ်သူကမှအရေးမလုပ်ကြဘူးကွ အဲဒီအထဲငါလည်းပါတာပေါ.ကွာ

(ကိုရင်) တင်ပါ.

ငါ.ဘေးကရှိနေတဲ.ထေရိန္ဒကတော.သွားပြီးထူတယ်ပြီးတော.သူဝယ်ထားတဲ.ရေသန်.ဘူး

ထဲကရေထုတ်တိုက်တယ် သူ.ပခုံးပေါ်ကနေကထိုင်ကိုခေါင်းခုပေးတယ် ပြီးတော.ဘေးနားကမုန်.၀ယ်ပြီးတော.

မုန်.လေးတွေဖြေးဖြေးခြင်းဖဲ.ကျွေးနေတာကွ ငါကအြံသြတာပေါ.ကွ သူကတယ်အသန်.ကြိုက်သကိုးကွ

ဒီလောက်ညစ်ပတ်နံစော်နေတဲ.သူကို သူကလူကြားသူကြားမှာပြုစုနေလိုက်တာကွာ ပြီးတော.ငါနားလာပြောတယ် မင်းရေဦးမှာဆင်းနေခဲ.တဲ.

သူကရွှေဘိုထိလိုက်ပြီးအဲဒီဒကားကိုအိမ်အရောက်ပို.ပေးမယ်ဆိုပြီးပါသွားခဲ.တာပ

ဒီလိုနဲ.နောက်၇ရက်လောက်ကြာတော.ရွှေဘိုကအဲဒီဒကာကြီးမိသားစုလိုက်လာပြီးထေရိန္ဒကိုေ

လျာက်နေတာကြားရတာက အရှင်ဘုရားလိုက်ပို.လို.သာပဘုရားတဲ.နို.မို.ဆိုမလွယ်ဘူးဘုရားတဲ.

အရှင်ဘုရားဟောတဲ.နေ.ကစပြီးသလည်းအရက်ဖြတ်လိုက်ပြီဘုရားအရှင်ဘုရားက

အသက်ပါမဟုတ်ဘူးဘ၀ပါကယ်တင်ပေးတာပါဘုရားတဲ.သူရထားပေါ်မှာတုန်းကတည်းကဖျားနေတာပြုစုသူမရှိ

ခဲ.ရင်ရထားပေါ်တင်ပဲသေမှာတဲ.ဘုရားဟု ဒကာမကြီးတစ်ဦးကလျောက်တင်နေတာကြားရတယ်ကွ

(ကိုရင်) အော် သာဓုခေါ်ပါတယ်ဘုရား တပည်.တော်အနေနဲ.ဆိုအဲလောက်ထိမကူညီနိုင်လောက်ဘူးဦးဇင်း

အင်း ငါလည်းထို.အတူပါပဲကိုရင်ရယ်ဟုပြန်လည်ပြောဆိုမိ၏

ထို.နောက်ကိုရင်ကသူဆွမ်းခံရာမှရရှိလာခဲ.သောမုန်.လေးတစ်ချပ်အားကျောင်းတွင်ရောက်ရှိနေသောဒုက္ခိ

တဒကားကြီးတစ်ဦးအားကျွေးမွေးနေသည်ကိုမြင်တွေ.ရလေတော.သတည်းး

သုခီအတ္တာနံပရိဟရန္တု  ဘိက္ခူခရီးသည်(ရေဦး)

.

ချစ်သော ဖေဖေအတွက် ရည်ရွယ်ပါသည်

$
0
0

ဖေဖေသည် ကျွန်မတို့ မိသားစုကနေ ထွက်ခွာသွားတာ ဒီနေ့ဆို 8 လ တိုင်ခဲ့ပါပြီ.. ဖေဖေမွေးနေ့က သမီး မဟာမြတ်မုနိ

ဘုရားမှာ ရွှေသင်္ကန်းဆက်ကပ်ခဲ့ပါတယ်.. ဖေဖေ ကြားရာ အရပ်ကနေ သာဓု ခေါ်ပါနော် .. အေoးကဖေဖေ ကောင်းရာမွန်ရာ ဘုံဘo

ကိုရောက်ပါစေ..အရှင်အာစာရာလင်္ကာရ ရဲ့ ဒသနစကားစုလေးကိုတွေ့တော့ ..မှတ်မိပါသေးတယ် ဖေဖေအကြိုက်ဆုံးဆိုတာ သမီး

သိတာပေါ့.  7..5.2014 တစ်နှစ်ပြည့်တော့မယ်နော် .. တမိသားစုလုံး မေ့မရခဲ့ပါ ဖေဖေ.. ဒီလ ရွာမှာ အလှူအတန်းပေါတော့

ရပ်ရေးရွာရေးကို  ဦးဆောင်ပြီး အလှူတွေမှာ ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေတဲ့ ဖေဖေ့ကို ဒီလိုအချိန်ဆို ပိုသတိရတယ် ဖေဖေ .. ဖေဖေ

ကျန်းမာရေးကြောင့် မေမေက တားတာကို ဖေဖေ ပြောတယ်လေ ကုသိုလ်ရအောင်လုပ်နေတာ ကျန်းမာရေးက ဘာအရေးလဲတဲ့လေ.... 

ဖေဖေ့ ပြုခဲ့တဲ့ ကုသိုလ်တွေကို ဖေဖေ စံစားနေရပြီလို့ သမီး ယုံကြည်ပါတယ်.. သမီးလေ ဖေဖေ့အတွက်

စိတ်မကောင်းဖြစ်မိတာက ဖေဖေ အားခဲထားသော ညီမလေး ကျောင်းပြီးချိန်အထိ ဖေဖေ နေမသွားရတာကို oမ်းနည်း ရပါတယ်..

February 2014 မှာ ကျင်းပမည့် ညီမလေး၏  ဘွဲ့နှင်းသဘင်ကို  မေမေက သမီးကြီးဖြစ်သော ကျွန်မကို မေမေနဲ့အတူရောက်ရန်

 ပြောထားသော်လည်း  ဖေဖေ တက်ရောက်ခွင့် မရသွားသော ညီမလေး၏ ဘွဲ့နှင်းသဘင်သည် ခြောက်ကပ်နေမှာ အမှန်ပါ ဖေဖေ .

.ဖေဖေ့ကို သတိရခြင်းနှင့်အတူ ဆရာတော်၏ ဒသနစကားစုလေးကိုပါ ရွှေမြို့တော်မှ မောင်နှမတွေကို ပူးတွဲတင်ပြလိုက်ပါတယ်

အများကို ကိုယ်စားပြုသောဥယျာဉ်မှူး

$
0
0

          သတ္တဝါတစ်ဦးသည် လူမိဘကမွေးလျှက် လူ့လောကသို့ ပီပီပြင်ပြင်ရောက်ရှိလာပြီ

ဆိုကတည်းက လူ့အဖွဲ့အစည်းဝင်တစ်ယောက် အလိုလိုဖြစ်သွားပြီဟု ဆိုနိုင်သည်၊

လူတစ်ဦးနှင့်တစ်ဦးတွင် ဘဝပေးအခြေအနေအရ ခြေလက်အင်္ဂါပြည့်စုံခြင်း မပြည့်စုံခြင်း

ရုပ်လှခြင်း ရုပ်ဆိုးခြင်း၊ အသားဖြူခြင်း မဲခြင်းစသောအသွင်သဏ္ဍာန်များ ကွဲပြားမည်ဖြစ်

သော်လည်း ထိုကွဲပြားမှုတို့သည် လူ့အဖွဲ့အစည်းကို ကိုယ်စားမပြု၊ ကိုယ်စီကိုယ်စီ ပြောဆို

လုပ်ကိုင်ကြံစည်ကြသော အပြုအမူတို့သည်သာ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသည်၊

          လူတစ်ယောက်သည် ကောင်းသောအမှုကိစ္စတို့ကို နည်းနည်းပြုလျှင် လူ့အဖွဲ့အစည်း

နည်းနည်းဂုဏ်သိက္ခာတက်သည်၊ များများပြုလျှင် များများဂုဏ်သိက္ခာတက်သည်၊ ထို့အတူ

မကောင်းသောအမှုကိစ္စတို့ကို နည်းနည်းပြုလျှင် လူ့အဖွဲ့အစည်း နည်းနည်းဂုဏ်သိက္ခာကျဆင်း

သည်၊ များများပြုလျှင် များများဂုဏ်သိက္ခာကျဆင်းသည်၊ လူ့အဖွဲ့အစည်း တိုးတက်ခြင်း

ဆုတ်ယုတ်ခြင်းတို့သည် အဖွဲ့အစည်းဝင်များဖြစ်ကြသော လူတစ်ဦးချင်း တစ်ယောက်ချင်း၏

အပြုအမူများအပေါ်တွင် လုံးလုံးမှီတည်သည်၊ ထို့ကြောင့် ထိုလူတစ်ဦးချင်း တစ်ယောက်ချင်း

သည်ပင် လူ့အဖွဲ့အစည်း၏ ဥယျာဉ်မှူးများဟု ယျေဘုယျဆိုနိုင်ပါသည်၊

          ဂုဏ်နှင့်အဆင့်အတန်း ၊ တာဝန်နှင့်ဝတ္တရားပိုင်းဆိုင်ရာကိုကြည့်၍ ပြောရလျှင်တော့

မိဘသည် သားသမီးတို့၏ ဥယျာဉ်မှူးဖြစ်သည်၊ ဆရာသည် ကျောင်းသူကျောင်းသားတို့၏

ဥယျာဉ်မှူးဖြစ်သည်၊ ပရဟိတစသော လူမှုအဖွဲ့အစည်းတို့၏ အတွင်းရေးမှူး ဥက္ကဋ္ဌ နာယက

စသူတို့သည် ၎င်းတို့ဆိုင်ရာအဖွဲ့အစည်း၏ ဥယျာဉ်မှူးဖြစ်သည်၊ နိုင်ငံ့ခေါင်းဆောင် နိုင်ငံတော်

ဝန်ကြီးချုပ် နိုင်ငံတော်သမ္မတတို့သည် နိုင်ငံတော်၏ဥယျာဉ်မှူးများဖြစ်သည်၊

နေရာနှင့် အဆင့်အတန်းသို့လိုက်၍ အများအပေါ်စီမံခွင့် အုပ်ချုပ်ခွင့်စသော အခွင့်အာဏာ

များကို ရယူသုံးစွဲကြရသူများဖြစ်သောကြောင့် ဆိုင်ရာအဖွဲ့အစည်း၏ တိုးတက်မှု ဆုတ်ယုတ်မှု

မှန်သမျှသည် ထိုဥယျာဉ်မှူးများအပေါ်တွင် အဓိကတာဝန်ရှိသည်၊

          နေရာကိုတော့ လိုချင်သည်၊ နေရာရအောင်လည်း လုပ်ကြသည်၊ နေရာနှင့် တန်အောင်

တော့ အလုပ်မလုပ်၊ ဂုဏ်နှင့်ကျော်ဇောထင်ရှားမှုများကို မျှော်ကိုး၍ ဆိုင်ရာအဖွဲ့အစည်း၏

ထိပ်တန်းရာထူး ထိပ်တန်းတံဆိပ် ထိပ်တန်းလုပ်ပိုင်ခွင့်အာဏာများကိုတော့ ရယူသည်၊

ရယူမှုနှင့် လျော်ညီသော တာဝန်ကိုတော့ ကျေအောင်မထမ်း၊ အများ၏ထိပ်သို့တက်၍ မင်းသား

ကြီးတော့ လုပ်ချင်သည်၊ အများ၏ အကျိုးစီးပွားကိုတော့ မထမ်းရွက်၊ ထိုလုပ်ရပ်မျိုးတို့သည်

ရှက်တတ်မည်ဆိုပါက အလွန်ရှက်ဖွယ်ကောင်းကြောင်း စာဖတ်သူများအသိဖြစ်ပါသည်၊

          ပန်းဥယျာဉ်မှူးသည် ကိုယ်လှပဖို့ထက် ပန်းဥယျာဉ်တွင်းရှိပန်းကလေးများ လှပဖို့ ပိုဂရု

စိုက်ရသည်၊ ကိုယ့်အရေးထက် ပန်းကလေးများအရေးကို ပိုဦးစားပေးရသည်၊ ကျွန်တော်တို့

လူ့အဖွဲ့အစည်းများမှာတော့ ဤကဲ့သို့မဟုတ်တတ်ပဲ ကွဲပြားခြားနားနေသည့်အဖြစ်များကို မကြာ

တွေ့ရလေ့ရှိသည်၊ ဥယျာဉ်မှူးနှင့်တူသော တာဝန်ရှိခေါင်းဆောင်အချို့သည် ကိုယ့်အကျိုးစီးပွား

အတွက် အဖွဲ့အစည်းကို ခုတုံးလုပ်သည်၊ ကိုယ်နာမည်ရဖို့အတွက် အများကို အသုံးချသည်၊

တာဝန်နှင့် အခွင့်အာဏာကို အလွဲသုံးစားလုပ်သည်၊ ဤအခြေအနေတို့မှာ ဂုဏ်နှင့် မိမိအကျိုး

စီးပွားကိုသာမျှော်ကိုး၍ တာဝန်၏အမှတ်အသားဖြစ်သော ရာထူးတံဆိပ်များ လုပ်ပိုင်ခွင့် စီမံပိုင်

ခွင့်များကို ရယူထားသော်လည်း အများအကျိုးစီးပွားကိုဖြစ်ထွန်းစေချင်သော ပရဟိတစိတ်

ခေါင်းပါးမှု၏လက္ခဏာများပင် ဖြစ်သည်၊ အမှန်က အများ၏တာဝန်ကို ယူမည့်သူ/ယူထားရသူများ

သည် ပရဟိတစိတ်ကိုလည်း မဖြစ်မနေ မွေးမြူထားရှိဖို့ လိုအပ်ပါသည်၊

          ပရဟိတဆိုသည်မှာ အများအကျိုးစီးပွားဖြစ်ထွန်းစေရေး အများအဆင်ပြေချောမွေ့

စေရေးအတွက် မိမိအကျိုးစီးပွားကို စွန့်လွတ်အနစ်နာခံခြင်းပင်ဖြစ်သည်၊ အများအတွက်

မိမိအကျိုးစီးပွားကို စွန့်လွတ်အနစ်နာခံခြင်းသည် မြင့်မြတ်သူတို့၏အလုပ်ဖြစ်သည်၊ ၎င်းကို

ပါရမီဟုလည်း ခေါ်ရသည်၊ ပရဟိတ-မြင့်မြတ်သူတို့၏အလုပ်-ပါရမီဟူသောစကားသုံးရပ်သည်

ဝေါဟာရကွဲပြားသော်လည်း သဘောအဓိပ္ပါယ်မှာ အတူတူဖြစ်သည်၊ ပရဟိတလုပ်သူတို့သည်

အများအကျိုးစီးပွားဖြစ်ထွန်းမည်ဆိုပါက မိမိအကျိုးစီးပွားကို မငဲ့ကွက်ပဲ စွန့်တန် စွန့်ရသည်၊

အများအဆင်တပြေဖြစ်မည်ဆိုပါက မိမိနာမည်ရမည့်အရေးနှင့် ကိုယ်ပိုင်အခွင့်အရေးများကို

ဖက်တွယ်မနေပဲ အနစ်နာခံသင့် ခံရသည်၊ သို့မှသာ ကိုယ်လှပဖို့ထက် ပန်းကလေးများလှပဖို့

ဂရုစိုက်သောပန်းဥယျာဉ်မှူးပမာ အများကိုကိုယ်စားပြုသော၊ အများအကျိုးစီးပွားကို ဖြစ်ထွန်း

စေသော အများ၏ဥယျာဉ်မှူး(ကောင်း)စစ်စစ် ဖြစ်ပေလိမ့်မည်၊ ဤစကားရပ်များကို တာဝန်နှင့်

ယှဉ်သောပရဟိတလုပ်ငန်းလုပ်နေသူများ အကျိုးခံစားခွင့် တစ်စုံတစ်ရာမမြင်ရပဲ အများအဆင်

ပြေရေးအတွက်သာ ရှေ့ရှုလုပ်နေကြရသူများအားလုံး ခေါင်းထဲထည့်သင့်သည်၊ ဤစကားရပ်

များတွင်“ ဒီအလုပ်တွေက ဘာရတာမှတ်လို့ကွာ၊ အလကား အပင်ပန်းမခံနိုင်ပါဘူး” ဟူသော

သဘောထားရှိသူများ အကျုံးမဝင်ပေ၊ ထိုသို့သဘောထားရှိသူများကို အပြစ်လည်း ဆိုမည်မဟုတ်

ပေ၊ လူတိုင်းသည် အများကို ထိခိုက်မှုမရှိသော ကိုယ့်သဘောထား ကိုယ့်ဆန္ဒများဖြင့် လွတ်လွတ်

လပ်လပ် ရပ်တည်နေထိုင်ခွင့်ရှိသည်ဟု ကျွန်တော်ယုံကြည်သည်၊ သို့ရာတွင် ကျွန်တော်တို့

လူ့အဖွဲ့အစည်း၏ နယ်ပယ်ဒေသအသီးသီးတွင် ဂုဏ်ကို မမျှော်ကိုး၊ မိမိအကျိုးစီးပွားကို မတွက်၊

အများအကျိုးစီးပွားကိုကြည့်၍ မိမိနာမည်၊ မိမိကိုယ်ပိုင်အခွင့်အရေး၊ မိမိအကျိုးစီးပွားတို့ကို

စွန့်လွတ်အနစ်နာခံနိုင်စွမ်းရှိသော၊ အများကို အမှန်အကန် ကိုယ်စားပြုဝံ့သော သူရဲကောင်း

ဥယျာဉ်မှူးများကိုတော့ ကျွန်တော်မြင်တွေ့လိုသေးပါသည်……….။

 

          ဝန်ခံချက်။     ။ကျွန်တော်၏ ဤဘလော့ပို့စ်လေးကို ဤရွှေမြို့တော်ဆိုဒ်တွင် ၂၀၁၄-

ခုနှစ်အတွက် အက်မင်အသစ်များဖွဲ့စည်းရန် ကမ်းလှမ်းထားသော ဘလော့ပို့စ်များကိုဖတ်၍

ရေးမိခြင်းဖြစ်သည်၊ ဆိုဒ်မိသားစုတွင် ထင်ထင်ရှားရှားအားဖြင့် အက်မင်နှင့်မန်ဘာဟူ၍ရှိရာ

မန်ဘာတို့သည်လည်း ဆိုဒ်စည်ပင်လှပရေးအတွက် ကိုယ်စွမ်းနိုင်ရာက ကိုယ်စီကိုယ်စီ ဝင်

ရောက် ခြယ်သ,ကြသူများဖြစ်သောကြောင့် ဆိုဒ်၏ဥယျာဉ်မှူးများဟု ယျေဘုယျဆိုနိုင်သည်၊

သို့ရာတွင် တာဝန်နှင့်ဝတ္တရားပိုင်းမှာတော့ အက်မင်တို့သည် ဆိုဒ်၏ အကောင်းအဆိုးမှန်သမျှကို

အဓိကခေါင်းခံရသောကြောင့် ဆိုဒ်တွင် အဓိကတာဝန်ရှိသောဥယျာဉ်မှူးများဟု ဆိုသင့်သည်၊

ယခု ကျွန်တော်သည် ဤရွှေမြို့တော်ဆိုဒ်တွင် အက်မင်အကြီးများ၏ တာဝန်ပေးချက်အရ

အက်မင်ပေါက်စ လုပ်နေရသည်၊ ဆိုဒ်အကြောင်း ထူးထူးထွေထွေတော့ နားမလည်၊ နားလည်

အောင်လည်း မလုပ်တတ်၊ ကျွန်တော်လုပ်တတ်သည်မှာ” စာရေး စာဖတ်” ၊ ဒါပဲဖြစ်သည်၊

အူလည်လည် အက်မင်ဟု ဆိုရမည်ထင်သည်၊

          အက်မင်လုပ်မိခါမှ ကျွန်တော့်တွင် မသိမသာထူးခြားမှုလေးတွေတော့ ရှိလာသည်၊

ယင်းမှာ အက်မင်လုပ်မိချိန်မှစ၍ သိသိသာသာ စာရေးအားကျဆင်းလာခြင်းပင်ဖြစ်သည်၊

စာလေးတွေ ကဗျာလေးတွေရေးပြီးတင်လိုက်ဦးမှဟု ကြံစည်စိတ်ကူးပြီး ဆိုဒ်ထဲဝင်လာမိတိုင်း

မိသားစုဝင်များ တင်ထားသောပို့စ်များကို စစ်လိုက် ချပေးလိုက် ကွန်မန့်ရေးလိုက်ဖြင့် အချိန်

ကုန်ကုန်သွားရသည်၊ ကိုယ်ကြံစည်စိတ်ကူးလာသော စာ ကဗျာလေးများကိုတော့ မရေးလိုက်ရ

မတင်လိုက်ရ၊ အင်း ဒီအတိုင်းဆို ကြာရင် ခက်ရချည်ရဲ့ဟု ကျွန်တော်တစ်ခါတစ်ခါ တွေး

မိသည်၊ ထိုပြင် ဆိုဒ်ထဲကိုလည်း မဖြစ်မနေဝင်နိုင်အောင် ကြိုးစားရသည်၊ ထိုအတွက်လည်း

ကျွန်တော် ခေါင်းအတော်လေးရသည်၊

          နောက်တစ်ချက် ဝန်ခံချင်သည်မှာ ဤမြန်မာဆိုရှယ်ဆိုက်တို့သည် ကျွန်တော်ပျော်သော

နေရာမဟုတ်၊ ကျွန်တော်ပျော်သောနေရာက facebook. ကျွန်တော့်ပျော်ရလောက်အောင်လည်း

Facebookက အခွင့်အရေးပေးသည်၊ ကြည့်လေ၊ နိုင်ငံရေး ဘာသာရေး ပုဂ္ဂိုလ်ရေး ရေးချင်ရာရေး၊

ထို့ပြင် တိုတိုထွာထွာလေးတွေ တင်ချင်ရာတင်၊ အစစအရာရာ လွတ်လွတ်လပ်လပ်ပေါ့ပါးပါး၊

Facebookသုံးစွဲသူများက ကမ္ဘာပေါ်တွင် သန်းတစ်ထောင်ကျော်ရှိသောကြောင့် ကျွန်တော့်

အတွက် ဖွလို့လည်း အလွန်ကောင်းသည်၊ ကိုယ်လိုတာ ရချင်တာလေးများကို ဟိုဝင်ဒီဝင်ဖြင့်

ရှာရဖွေရတာများကလည်း မကုန်နိုင်မခမ်းနိုင်၊ မမောနိုင် မပမ်းနိုင်၊ လိုချင်တာလေးများကိုလည်း

အကုန်ရသလောက် ရှိသည်၊ နည်းနည်းလောက်ကြွားရလျှင် ယခုကျွန်တော်သုံးစွဲနေသော

Facebookအကောင့် ရှစ်ခုရှိသည်၊ အကြောင်းအရာများသို့ လိုက်၍ သတင်းပေ့ခ်ျ ကဗျာပေ့ခ်ျ

ဖိုတိုပေ့ခ်ျလေးများကိုလည်း ကျွန်တော်သုံးလေးခု ထောင်ထားသည်၊

          ယခုကျွန်တော် အက်မင်လုပ်မိခါမှ ထိုfacebookများကို သိပ်မသုံးနိုင်တော့၊ လိုင်းပေါ်တက်

မိတိုင်း ဤရွှေမြို့တော်ဆိုဒ်ထဲမှာသာ ဝဲချာဝဲချာဖြစ်နေရတော့သည်၊ ဒါသည် အက်မင်တစ်ယောက်

စွန့်လွတ်အနစ်နာခံရသော ပရဟိတဖြစ်မည်ထင်ပါသည်၊ ဒီအတိုင်းတော့ ကျွန်တော် ရေရှည်

စွန့်လွတ်အနစ်နာခံနိုင်လိမ့်မည် မထင်၊ ကျွန်တော့်စာပေရည်မှန်းချက်ကလေးတွေ ရှိနေသေး

သည်၊ ထို့ကြောင့် အများအကျိုးစီးပွားကိုကြည့်၍ မိမိကိုယ်ပိုင်အခွင့်အရေးနှင့် မိမိအကျိုးစီးပွား

တို့ကို စွန့်လွတ်အနစ်နာခံနိုင်စွမ်းရှိသော၊ အများကို အမှန်အကန် ကိုယ်စားပြုဝံ့သော အက်မင်

ကောင်းများ မြန်မြန်ပေါ်ထွက်လာပါစေဟုသာ ကျွန်တော် ဆုတောင်းဆန္ဒပြုနေမိပါသည်။

 

Facebook ကြောင့် အိမ်ထောင်ကွဲမှု များလာ

$
0
0

အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့  စစ်တမ်းအရ အိမ်ထောင်ကွဲ ရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော  အကြောင်း အရင်းဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။

အဲဒါ ၂၀၁၁ ခုနှစ် တုန်းကပါ။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ပိုလို့တောင် တိုးပွားလာ ကြောင်း သိရပါတယ်။ ပတ်ဝန်းကျင် မှာလည်း ကိုယ်တွေ့ တွေ့မြင် ရပါတယ်။ မြန်မာပြည်မှာလည်း Facebook ကြောင့် ကွဲသွားတဲ့ အိမ်ထောင် ရှင်တွေကို တပ်အပ်မြင်ခဲ့ ရပါတယ်။ အမျိုးသမီး ဖြစ် သူဟာ နိုင်ငံခြားမှာ ရှိနေတဲ့ ငယ်ချစ်ဦးကို Facebook မှာ ပြန်တွေ့ရင်း အလွမ်းသည် ပြောဆိုနေမှုကို အမျိုးသားဖြစ်သူက တွေ့ ရှိခဲ့ပြီး ပြဿ နာ ရှာရာမှ တကယ်ကွဲ သွားတဲ့ အတွဲ ရှိပါတယ်။ အိမ်ထောင်ကွဲသူ အမျိုးသားက တက္ကဆီဒရိုင်ဘာဖြစ်ပြီး သားသမီး ၂ ဦးနဲ့ ကျန်ခဲ့ပါတယ်။ ယင်းကဲ့သို့ အလားတူပဲ အခြားဖြစ်ရပ် တစ်ခုမှာ အမျိုးသားရဲ့  Facebook မှ တစ်ဆင့် အခြားအမျိုးသမီး တစ်ဦးနဲ့ ချစ်ခင်စုံမက်မှုကြောင့် အိမ်ထောင်ကွဲ တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။

ယင်းဖြစ်ရပ်မှာတော့ အမျိုးသမီးက နစ်နာပြီး သားသမီးနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုပါပဲ Facebook, G Talk တို့ကြောင့် ကွဲ သွားရတဲ့ အိမ်ထောင်တွေ အများကြီးပါတယ်။ ဒါဟာ မြန်မာပြည် မှာ ဖြစ်နေ တာတင် မဟုတ်ပဲ ကမ္ဘာမှာပါ အရေအတွက် အလုံးလိုက် အရင်းလိုက်ကို ဖြစ်နေခြင်း ဖြစ်ပါတယ်။ အချို့ ကျတော့လည်း အပြောင်းပြန် ပါ။

Facebook ကနေပဲ ဖူးစာရှာတွေ့ပြီး ချစ်ကြီုက် ထိမ်းမြားလက်ထက် သွားသူများလည်း ရှိပါသေးတယ်။ ဒါကြောင့် ၂၁ ရာစုမှာ Facebook , Twitter အသုံးပြုမှုဟာ အိမ်ထောင်ရှင်အကြားမှာ အိမ်ထောင်ကွဲ စေရန် အကြောင်းပြချက် တစ်ခုပါ ဖြစ်လာကြောင်း သိရပါတယ်။ 

အလုပ်မှာ ပျော်စေရန် နည်းလမ်း

$
0
0

အလုပ်မှာ ပျော်စေရန် နည်းလမ်း

ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံးနေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။

 1. Surround yourself with people who love their work

တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။

2. Work to improve your strengths and talents

Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။

3. Identify the impact you want to have on the world

အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူးအနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့လိုပါမယ်။ ဒါမှ မိမိကိုယ့်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။

4. Learn as much as you can about the life you want

ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝ အကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ် ပါတယ်။ ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။

5. Try, and try again

ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခု ခံနေရင်တော့ Career ကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ အခြေအနေ အားလုံးကို လက်ခံသိရှိထားရပါမယ်။ အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက်အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။ .

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>