ဘာပုဒ်မနဲ့ တရားစွဲချင်လဲ
စိတ်ကူးယဉ်တယ်ဆိုတာ ပိုက်ဆံ မပေးရဘူး
အကုန်အကျလည်း သက်သာတယ်..
ကျွန်မ မီလျှံနာ သူဌေးမကြီးလည်း လုပ်ကြည့်ဖူးတယ်...
မဖြစ်နိုင်ဘူးလို့  ဘယ်သူက ပြောမလဲ...
ချစ်သူလက်ကိုတွဲ ပန်းခင်းလမ်းထဲလည်း လျှောက်ဖူးတယ်
ချစ်သူနဲ့မျက်နှာချင်းဆိုင်ထိုင် ထမင်းလက်ဆုံလည်း စားဖူးတယ်
ချစ်သူ့နှာခေါင်းလေးကိုလည်း အနမ်းလက်ဆောင်လေး ပေးဖူးတယ်
မီးပုံနဘေးထိုင် ဂစ်တာသံလေးနဲ့တေးဆိုပြတဲ့ချစ်သူအသံလည်း နားထောင်ဖူးတယ်
လေပေါ်မှာလည်း ဆယ့်ငါးထပ်တိုက်ဆောက်ပြီး နေကြည့်ဖူးတယ်
ခိခိ စိတ်ကူးယဉ်ကြည့်တာ ပြောတာပါ
တစ်ခါတစ်လေ လိုင်းမကောင်းလို့ ဆိုဒ်ထဲဝင်မရရင်လည်း
လိပ်ကအဖေခေါ်လောက်တဲ့နှေးနေလည်း မြန်အောင်မလုပ်ပေးတဲ့
MPT ကတာဝန်ရှိ ပုဂ္ဂိုလ် ခေါင်းကို ဒေါက်ခနဲ
ဆိုက်ထဲဝင်လို့ရပြန်တော့ လိုင်းကောင်းလို့ကဗျာတင်လည်းပြီးရော
ပိုစ့်လေးကျလာဖို့ တစ်မျှော်မျှော်နဲ့...လည်ပင်းကကုလားအုတ်တွေလိုတောင်လား မသိ
ပိုစ့်ချပေးမယ့်သူမရှိရင် စောင့်ရတာကို လုံးဝမနှစ်ခြိုက်တဲ့
ကျွန်မကစိတ်တိုလာပြန်ရော
ဆိုဒ်ထဲက မျက်မှန်းတန်းရင်းနှီးနေတဲ့
အက်မင်တွေ ပိုစ့်ချပေးပါ ပြောဖို့ ချက်ခန်းဖွင့်......လိုက်ရှာ
ကျူရှင်ဆရာဆိုလား ကျူဆရာဆိုလား ဂိုက်ပေးကြမ်းကြမ်းနဲ့
(စာသင်နေတာလား...D မင်းရေးတဲ့ တော်ကီပစ်နည်းစာတွေဖတ်ပြီး
နှစ်ဆယ်လောက်အသက်သာသာ ပြန်ငယ်ချင် ပြန်ရချင်ပြီး
G talk မှာ တော်ကီအလန်းတွေနဲ့ အပီကျူခွင့်ရလိုက်ချင်ပါဘိလို့
အားကျစကားဆိုနေတဲ့) ဦးအောင်ထက် လိုက်ရှာတယ် မတွေ့
တစ်ဦးတည်းကိုယ်စားလှယ် အချစ်ကိုလား အမုန်းကိုလား မသိပါဘူး
မူပိုင်ယူထားပါတယ်လို့ ကြေငြာထားတဲ့ ပန်းတစ်ကိုင်ကိုင်နဲ့
အားပေးသွားပါတယ် ( အကျင့်ပါနေလို့ပါ ) ခိခိ မူပိုင်ပြောတဲ့
အမုန်းမူပိုင် ဆိုတဲ့ လူလည်း မရှိ
မင်းသားလိုလို မြင်းသားလိုလို ပုံတွေခဏခဏပြောင်းတင်ပြီး
တော်ကီအလန်းပစ်တော် ဘွဲ့ကို
ဆိုက်မှာရယူထားတဲ့ အဟမ်း အဟမ်း စိုင်း ခေတ် ရှာတယ် မမ်မီး
( ခိခိနာမည်မှာ စိုင်းပါထည့်လို့
မမ်မီးလို့ ရှမ်းလိုပြောကြည့်တာ မမ်မီး က ဗမာလို မရှိ ပါ )
လက်နှစ်ချောင်းထောင်တာလား
ဘူမှသူ့နားမလာစေဖို့ လက်ဝါးကာထားတာလား မသိပါဘူး
ပင်လယ်မှာ ဓါတ်ပုံရိုက် ဆိုဒ်ထဲ ပုံတွေကြွားထားပြီး
ဗမာလိုလို တိုးရစ်လိုလို အမြဲအတဲကွဲနေတဲ့ ဒီမွန်မ
( ချစ်တူများနေ့ ချောကလက်ပေးဖို့ လိုက်ကျူ..အဲ....ခိခိ
လိုက်ရှာနေလို့လား မသိ) ပိုဆိုး အရိပ်အယောင်တောင် မတွေ့
တစ်ခမ်းမွေးလား နှုတ်ခမ်းမွေးလား မေးမွေးလားဖြေမွေးလား မခေါ်တတ်
မိန့်မိန့်ကြီးရပ်တရားခံကိုစောင့်ကြည့်သလို
ချက်ထဲမှာလက်ပိုက်ပြီး အမြဲ ကြည့်နေတတ်တဲ့ ဦးတုတ် မတွေ့
သူပုန်လိုလို သောင်းကျန်းသူလိုလို လောင်ချာနဲ့ထုဖို့ ချောင်းနေတဲ့
တဲနုနု ဘိလပ်မြေနုနု နဲ့ တံခါးစောင့် တပ်မှုးလေး
(နမူး နာမည်နဲ့ လိုက်အောင် ဘယ်ချောင်မှာမူးပြီး ခွေနေမှန်း မသိ) နိုး (no)
ဟန်ပိုပို အပြုံးချိုချိုနဲ့ မိန်းခလေးလားယောင်္ကျားလေးလား
ထင်ယောင်ထင်မှားအောင်နေတတ်သူလေး
(ကစားရတာ မောသွားလို့လား အလုပ်ပဲ မအားလို့လား
ဘယ်နားသွားအိပ်ပျော်နေမှန်း မသိပါဘူးလေ)
ခလေးလိုလို လူကြီးလိုလို စာရေးအင်မတန်တော်တဲ့ ခလေးလေး လည်း မမ်ဟန်
( မမ်ဟန် က ဗမာလို မတွေ့ နော် မှတ်ထားဦး )
ရှောင်လင်ခေါ်မလား ၀န်ဇန်း ခေါ်မလား
(ရှောင်လင်က တရုတ်လိုလား မသိဘူးနော် ခိခိ ပြောကြည့်တာ
ဝန်ဇန်း ကတော့ ရှမ်းလိုပါ )
အရင်က မမောတမ်းကော်မင့် လိုက်ပေးတတ်ပြီး
ခုတလောပျောက်ချက်သားကောင်းနေတဲ့ဆိုဒ်ကိုအမှန်တကယ် မေ့များမေ့ပြီး
တရားတွေချည်း မတရားကျင့်နေလားမသိရတဲ့ uzooin လည်း မရှိပါဘူး
ဟူးးးးးးးးးးးးးးး
ဆိုဒ်ထဲက အက်မင် မမလေးများနဲ့ ညလေးတွေက
( shopping ထွက် နေလို့ မဟုတ်ရသလို
လက်ဖက်သုပ်နဲ့ငွေပင်လယ်ငါးမုန့်ကြော်စားပြီး
အာလူးထိုင်ဖုတ်....လေထိုင်ပစ်နေကြတာလည်း မဟုတ်ပါဘူး
ချစ်သူနဲ့ချိန်းတွေ့နေတာလည်း မဟုတ်ရပါဘူးနော် )
ရုံးအလုပ်..အိမ်အလုပ်တွေနဲ့ မအားပါဘူးတရားဝင်ပြောထားတဲ့အတွက်
ချစ်မမလေးနဲ့ ချစ်ညလေးတို့
နာမည်တွေကိုတော့ ထည့်မပြောတော့ပါဘူးလေ....
မုန့်ဝယ်ကျွေးရမယ်နော်..တာပဲ ခိခိ)
တင်ထားတဲ့ ကဗျာလေး ဖတ်ချင်လှပါပြီဆိုမှ သိတဲ့အက်မင်တစ်ယောက်မှမရှိ
လိုင်းကချူချာနုံချာနေလို့ စိတ်တိုနေတာကတစ်မျိုး
လိုင်းကကောင်းတော့ ပိုစ့်ချပေးမယ့် အက်မင်တွေလိုက်ရှာတော့ တစ်ယောက်မှ မရှိ
စိတ်တိုတိုနဲ့ ပိုစ့်ချပေးဖို့ မရှိတဲ့ အက်မင်တွေကို
ကျွန်မ လက်သည်းရှည်ကြီးတွေနဲ့ ဗိုက်ကြောကိုနာနာဆွဲဆိတ်ပစ်လိုက်ရုံမက
ကျောကုန်းကိုပါ တစ်တောင်နဲ့ ငါးပိထောင်းသလို ထုထောင်းပလိုက်တယ်
ပြီးတော့ ဆိုဒ်ထဲမစောင့် ပျက်ကွက်မှုပုဒ်မနဲ့ ဒဏ်ကြေးတစ်ယောက် တစ်သောင်း
တာပဲ...........ဟွန်း..... မှတ်ကရော....ခိခိ
(ပြီးရင်ရတဲ့ဒဏ်ကြေးတွေနဲ့ ဆိုဒ်ထဲက
အက်မင် ချစ်မမနဲ့ချစ်ညလေးတွေစုပြီး ကြေးအိုးဆိုင်လစ် ခိခိ)
ကျွန်မ စိတ်ကူးယဉ်ကြည့် တာလေ..
ဘယ်သူက ဘာပုဒ်မနဲ့ တရားစွဲနိုင်လဲနော်
စိတ်ကူးယဉ်တယ်ဆိုတာ စိတ်ထဲရှိတာ ဖြစ်ချင်တာတွေ
လွတ်လွတ် လပ်လပ် လျှောက်တွေးနေ ရုံပဲ....
ဘယ်သူ့ကိုမှလည်း အမှန်တကယ် မထိခိုက်စေဘူးလေ
ဘယ်လောက်ကောင်း လဲ....
လိုအပ်နေတာတွေကို တစ်ခါတစ်လေတော့လည်း
လက်တွေ့အကောင် အထည်မဖော်နိုင်ခင်မှာ
စိတ်ကူးယဉ်တာလေးတွေနဲ့ အစားထိုးကြည့်ကြတာပေါ့
စိတ်ကူးယဉ်ကြည့်ပါ..... သို့ သော်.... ယဉ်ယဉ်လေးတော့ မရူးလိုက်ပါနဲ့.....
စိတ်ကူးယဉ်တယ်ဆိုတာ မိမိလိုအပ်သမျှ ရနိုင် တာမို့ 
ဒီစာစုလေး ဖတ်နေတဲ့သူငယ်ချင်းလည်း စိတ်ကူးယဉ်ကြည့်ပါ..
အာမခံတယ်.....လုံးဝ အကုန်အကျ သက် သာတယ်....တကယ်ပါ
မယုံရင် လက်တွေ့စမ်းကြည့်နော်...ခိခိ
ဖြူ့ပိုစ့်လေးထဲ နာမည်ပါတဲ့အက်မင်များ သဘောထားကြီးကြီးနဲ့
စိတ်ထားကောင်းသူတွေချည်းမို့ စိတ်မဆိုးကြဘူး မဟုတ်လားဟင်...ခိခိ
စိတ်ကူးယဉ်ကြည့်မိတာလေးပါရှဉ့်
ဆိုဒ်ထဲမှာ ရှမ်းစကားလည်း ပါးပါးလေးသင်ပေးတဲ့မျက်နှာထောက်ပြီး
နားလည်သီးခံပေးကြပါလို့ စိတ်ကူးယဉ် အစီရင်ခံစာလေးနဲ့
တောင်းပန်အပ်ပါတယ်နော် ......။
တစ်စုံတစ်ရာ အငြိုးအတေး ရှိလို့ ပြောခြင်း ရေးခြင်းမျိုး မဟုတ်ဘဲ
စာဖတ်ဝါသနာပါသူလေးတွေ ဘ၀အမောလေးတွေပြေပြီး
တဒင်္ဂပြုံးပျော်ကြည်နူးကြပါစေလို့...စိတ်ကူးရည်ရွယ်ချက်လေးနဲ့
တင်လိုက်တဲ့ ပိုစ့်လေးမို့....
တကယ်လို့ နာမည်ပါအက်မင်များကို တစ်စုံတစ်ရာထိခိုက်မှုများရှိစေမယ်ဆိုရင်
ဖြူ့ပိုစ့်လေးကို ပြန်ဖျက်ပေးပါ့မယ်နော်....။
ဖြူဖြူ(ကိုယ်ပိုင်အိမ်).....30.1.2014(12း10pm)