Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

ကောင်မလေး ? ကောင်လေး ?

$
0
0

ငါတို့ လမ်းခွဲကြရအောင်´ ကောင်မလေး က ပြောလိုက်တယ်။
`ကောင်းပြီလေ...နောက်ဆုံးအနေနဲ့ ငါတို့တွေ လက်ဆွဲနှုတ်ဆက်ကြရအောင်´

သူမ လက်ကမ်းပေးတယ်။
သူ က သူမ လက်ကို တင်းတင်းဆုတ်လိုက်တယ်။
သူ ရယ်ပြီး..
`နင့် လက်ကို ငါ့ လက်ထဲက ရုန်းထွက်နိုင်ရင် ငါတို့ လမ်းခွဲကြတာပေါ့´

သူမရုန်းတယ်။ အားနဲ့ ရုန်းတယ်။ နောက်ဆုံး သူမ ဒေါသထွက်လာပြီး
`ငါ့လက်တွေအရမ်းနာတယ် ဆိုတာ နင်မသိဘူးလား´

သူ က သူမ လက်ကို ချက်ခြင်း လွတ်ပေးလိုက်တယ်။ ကောင်မလေး ရဲ့ မျက်လုံးတွေ
ကိုစိုက်ကြည့်ပြီး..

`နင့်ကို ငါ...ချစ်တယ်... နင်နာကျင်အောင် ငါဘယ်လုပ်ရက်ပါ့မလဲ´

ပြောပြီးတာနဲ့ကောင်လေး က ကောင်မလေး ကို ကျောခိုင်းထွက်သွားတယ်။
ကောင်မလေး နားလည်လိုက်ပါပြီ။ ကောင်မလေး အသံကျယ်ကျယ်နဲ့အော်မိတယ်။

`ငါ..မှားတယ်... ငါတို့ လမ်းမခွဲတော့ဘူး...´

သူ...နောက်လှည့်ပြီး သူမ ကိုပြောလိုက်တယ်။
`ငါ...နင့်လက်တွေကို ခုလေးတင် လွတ်ပေးလိုက်ပြီလေ၊ ငါကတိတည်တဲ့ သူဆိုတာ
နင် မေ့နေပြီလား´

သူမ မျက်လုံးထဲမှာ...သူ တဖြည်းဖြည်း...၀ိုးတ၀ါး..ပျောက်ဆုံး။ ။


☺☻♣♣♣♣ကြက်ဆူပင်ကြီးတပင်♣♣♣♣☻☺

$
0
0

            မေမေကျွန်တော်မန္တလေးမြို.ကြီးကိုမနေချင်ဘူးဗျာမေမေဟာသားကိုကောင်းစေချင်လို.မြို.မှာပိုခဲပေမဲ.သားအတွက်တော.ဘာမှ

မကောင်းဘူးဗျ မြို.မှာကတောမှာလိုဖြူစင်တဲ.မေတ္တာမရှိဘူးဗျ ဟန်ဆောင်မေတ္တာတွေနဲ. အရာရာကိုဟန်ဆောင်နေကြတယ်ဗျစားစင်

ကျန်တာမပြောပါနဲ.သားတို.ရွာမှာဆိုရင်ပင်မှည်.သစ်သီးဝလံဆိုတာရှိတယ်မြို.မှာကစေးဆိုးပဲရှိတယ်ပင်မှည်.အစစ်မရှိဘူးပြီးတော.ဝက်

ရင်မှု.မှာကြည်.ရင်လဲ.ဈာန်ရပုဂ္ဂိုယ်တောင်ဈာန်ရှောနိုင်တယ်ဗျယင်ကျေးမှု.ဆိုတာမြို.မှာတော.ဓာက်ပုံထဲမှာပဲရှိတယ်အပြင်မှာမရှိတော.

ဘူးဗျ  မေမေရေဒီတခါတော.သားပြန်လာခွင်.ပြု.ပါတော.ဗျာမာယာတွေနဲ.ဟန်ဆောင်မှု.တွေနဲ.ပြည်.နက်နေတဲ.မြို.မှာသားမနေချင်ဘူး

သားဟာရွာမှာဆိုလူလိမ္မာလေးအခုတော.လူဆီုးတပိုင်းဖြစ်နေပြီဗျဒါတောင်သားကိုသားထိန်းနိုင်လို.ပေါ.ဗျာမေမေသားကိုပြန်လာခွင်.

ပြု.ပါတော.နော် မြို.မှာမေမေမသိတဲ.မကောင်းမှု.တွေအများကြီးရှိတယ်ဗျသားကိုမပြက်ဆီးစေချင်ရင်သားကိုလူလိမ္မာလေးဖြစ်စေချင်ရင်

သားပြန်လာမယ်လို.ပြောရင်မတားပါနဲ.တော.နော်မေမေသာခွင်.ပြုရင်အခုပြန်ခဲ.ဆိုလဲသားချက်ချင်းပြန်လာမှာပါမြို.နဲ.ရွာဟာ

အပေါ်ရံကြည်.ရင်ရွာဆိုတဲ.အရာဟာအရမ်းနိမ်.ပေမဲ.သားတွက်တော.ရွာဟာအမြင်.ကြီးပါဗျာရွာမှာကသဘာဝရှူ.ခင်းတွေလဲရှိတယ်

လေကောင်းလေသန်.လဲရတယ်ဟန်ဆောင်မှု.လဲကင်းတယ်မြန်မာ.ယဉ်ကျေးမှု.ဆိုတာလဲအပြည်.ရှိတယ်ကျွန်တော်တွက်တော.ရွာဟာ

မနိမ်.ပါဘူး။

မြို.ဆိုတဲ.အရာဟာလူတိုင်းရဲ.အမြင်မှာအထင်ကြီးစရာကောင်းပေမဲ.သားအတွက်တော.မကောင်းဘူဗျ

မင်္ဂလာပါလို.ယဉ်ယဉ်ကျေးကျေးနှုက်ဆက်တာတောင်မှာမဖြစ်မနေမှို.နှုက်ဆက်ကြတယ်စိက်ရင်ထဲကမပါဘူး

ပြီးတော.ချစ်သူရီးစားထားကြတာတောင်တထိုင်ထဲနဲ.အရောက်တရာလောက်ကိုချစ်ရေးဆိုနေကြတယ်ဗျ

လိမ်ညာတဲ.သူတွေကလဲပေါမှပေါရေတွင်းထဲကရေထွက်သလို.မိုးရေပေါက်တွေရေတွက်တာမှရေတွက်လို.

ရအုန်းမယ်လိမ်တဲ.ညာတဲ.သူတွေကိုတောရေလိုမရလောက်ဘူး ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မြို.ကမကောင်းတဲ.အကြောင်းတွေရေးရမယ်ဆိုရင်တော.ရေတွပ်တဲ.သားသာမောသွားမယ်စာစီပြီးပြော

ရင်တော.သားလက်တွေပြုက်သွားတာတောင်ကုန်မယ်မထင်ဘူးဒါတွေကိုတော.မေမေကဘယ်သိပါ.မလဲ

မေမေသိတာကမြို.မှာထားရင်ပညာဆုံမယ်ဗဟုသုတရှိမယ်သားအနာဂက်တိုးတက်မယ်ပေါ.ဒါဟာမေမေ

သိတဲ.အပေါ်ရံကအကာတွေပါသားအတွက်တော.မြို.ဟာဘာအနှစ်မှမပါတဲ.ကြက်ဆူပင်ကြီးတပင်ပေါ.ဗျာ----

မလွမ်းချင်​​တော့ဘူး

$
0
0
ဓာတု​ဗေဒမှာဒြပ်​စင်​​တွေဟာဖန်​တီးမရ၊​ဖျောက်​ဖျက်​မရတဲ့၊
မေတ္တာစစ်​​မေတ္တာမှန်​နဲ့တည်​​ဆောက်​တဲ့အချစ်​ဟာဖန်​တီးယူလို့ရလာခဲ့တာမဟုတ်​သလိုလွယ်​လွယ်​နဲ့ဖျက်​ဆီးနိုင်​တဲ့အရာမျိုးမဟုတ်​ပါဘူး၊

ချစ်​သူ​ရေကိုတို့ဆုံဆည်းခဲ့ကြတာတမင်​ဖန်​တီးယူခဲ့ကြတာမဟုတ်​ဘူး​နော်​၊
စိတ်​ကူးထဲမှာလည်းမထားခဲ့ဘူး၊အ​တွေးထဲမှာလည်းမရှိခဲ့ဘူးတဲ့အမှတ်​တမဲ့ဖြစ်​ရပ်​​လေးပါ၊

အမှန်​ကိုဝင်​ခံရယင်​ကိုဟာ​ဈေးဝယ်​သူတစ်​​ယောက်​သူလိုအပ်​တဲ့အသုံးအ​ဆောင်​ပစ္စည်းတစ်​ခုကို​ဈေးထဲမှာလိုက်​ရှာ​နေသလို၊ကိုဟာချစ်​သူတစ်​​ယောက်​ရရှိနိုင်​​ရေးအတွက်​ကြိုးစား​နေနခဲ့သူမဟုတ်​ခဲ့ပါဘူး

ဒီလိုဆုံဆည်းမှုမျိုး​နောက်​မှာမင်းကိုသံ​ယောဇဉ်​ဖြစ်​လာမယ်​လို့ကိုဘယ်​​တွေးမိမှာလည်း၊သံ​ယောဇဉ်​ဟာလူတစ်​​ယောက်​အတွက်​ဘယ်​​လောက်​ထိပင်​ပမ်း​စေတယ်​ဆိုတာကိုမသိဘဲ​နေပါ့မလား၊

ကြုံခဲ့ဘူးတဲ့ခါးသည်းမှု​တွေကကို့ရင်​ကိုဆို့နင်​​စေတာ၊နာကျင်​​စေတာ၊မတည်​မငြိမ်​ဖြစ်​​စေတာ၊ပူ​ဆွေး​သောကဖြစ်​​စေခဲ့လို့သတိထား​နေထိုင်​ခဲ့တဲ့အချိန်​​တွေနည်းမှမနည်း​တော့ဘဲ၊

ယောင်္ကျားတန်​မယ့်​စိုးရိမ်​တတ်​ရန်​​ကောလို့ရှုတ်​ချစကားဆိုခဲ့ယင်​လည်းကိုခံရမှာပါ၊
သံ​ယောဇဉ်​ဖြစ်​မိမှာကိုကိုအရမ်း​ကြောက်​ခဲ့တယ်​ချစ်​သူ၊​ရှောင်​နိုင်​တဲ့နည်းနဲ့​ရှောင်​ခဲ့တယ်​၊မိတ်​​ဆွေတစ်​​ယောက်​​ပြောဘူးသလိုမနွယ်​ချင်​ဘူး၊တစ်​ရက်​ဘဲရင်းနှီးသင့်​သူကိုတစ်​ပါတ်​မဆက်​ဆံချင်​ဘူးဆိုပါ​တော့၊

ဒါ​ပေမယ့်​လည်းအချစ်​ရယ်​၊မင်း​ရောကိုပါဒီလမ်းထဲကိုနှစ်​ဦးသ​ဘောတူဝင်​မိ​အောင်​၀င်​ခဲ့ကြတယ်​၊ရည်​ရွယ်​ချက်​ရှိရှိနဲ့ဝင်​ခဲ့ကြတာမျိုးလည်းမဟုတ်​၊တစ်​​ယောက်​​ယောက်​ကမသမာတဲ့အကြံနဲ့လက်​ဆွဲ​ခေါ်ခဲ့တာလည်းမဟုတ်​၊​သွေး​ဆောင်​ဖျား​ယောင်းခဲ့တာလည်းမဟုတ်​ခဲ့ပါဘဲ၊ကိုတို့​ခြေလှမ်းအစုံဟာလမ်းသွယ်​တစ်​ခုထဲမှာအတူ​ရောက်​​နေကြတယ်​၊

ကဗျာဆန်​ဆန်​​ပြောရယင်​"ချစ်​လမ်းသွယ်​"ထဲမှာကိုတို့​ရောက်​​နေကြပြီ၊တစ်​​နေ့မ​တွေ့ရယင်​မ​နေတတ်​​အောင်​လွမ်းတတ်​​နေကြပြီ၊သီးခြားသင်​တန်းတတ်​စရာမလိုဘဲတစ်​​ယောက်​ကိုတစ်​​ယောက်​​ဖေးမတတ်​ကြင်​နာတတ်​​နေကြပြီ၊ကိုကဘာစကား​ပြောယင်​ချစ်​သူကဘယ်​လိုပြန်​​ပြောရမယ်​၊ကိုစိတ်​ဆိုးယင်​ချစ်​သူကဘယ်​လို​ချော့ရမယ်​၊ချစ်​သူစိတ်​​ကောက်​ယင်​ကိုဘယ်​လို​ပျော်​​အောင်​ကြိုးစားရမယ်​သိ​နေကြတယ်​​နော်​၊
ခ​လေးဆန်​တဲ့ချစ်​သူကိုရင့်​ကျက်​တည်​ငြိမ်​လာ​အောင်​ကိုကကြိုးစားတယ်​၊အလုပ်​တစ်​ဘက်​နဲ့မအားလပ်​တဲ့ကို့ကိုလူငယ်​သဘာဝ​ပြော​စေချင်​အချိန်​​ပေး​စေချင်​တဲ့ချစ်​သူ၊

ချစ်​ယင်​အလိုလိုက်​ရမယ်​ချစ်​ယင်​စိတ်​မဆိုးရဘူးချစ်​ယင်​........​ပေါင်းများစွာ​နောက်​မှာ
ကိုဟာချစ်​လို့လိုက်​​လျောခဲ့ရတာအကြိမ်​​ပေါင်းမနည်း​နော်​၊နွဲ့ချင်​တာ၊ကို့အချစ်​ကိုစူးစမ်းလို​တော​တွေ​ကြောင့်​ဒီချစ်​ယင်​......​တွေကိုဖန်​တီး​နေမှန်းသိ​နေ​တော့လည်း
ကိုအပြစ်​မမြင်​ရက်​ခဲ့မိဘူး၊

ဒါ​ပေမယ့်​ချစ်​သူရယ်​၊အိပ်​ယာကနိုးလို့မျက်​နှာသစ်​စင်​ကိုသွားတဲ့​ခြေလှမ်းတိုင်းကအစပြုပြီး၊ဒီအချိန်​ဆိုသူနိုးပြီလား၊မနက်​စာ​ကောစားပြီးပြီလား၊မိခင်​နဲ့​ဈေးတန်းဘက်​သွား​နေပြီလားနဲ့​တွေးမိတာ၊
နေ့ခင်းအလုပ်​နားချိန်​လည်းခုဆိုမနက်​ပိုင်းအတန်းပြီးလို့ကန်​တင်းထိုင်​​နေ​လောက်​ပြီမတည့်​တာ​တွေစား​နေလား၊​ယောင်္ကျား​လေးမိတ်​​ဆွေ​တွေနဲ့အတူရှိ​နေမလား၊ည​နေပိုင်းအတန်းမရှိတာကိုအိမ်​မပြန်​​သေးဘဲ​ကျောင်းထဲမြို့ထဲမှာအချိန်​ဖြုန်း​နေမလား၊
တွေးပူရတာမျိုး၊ည​နေပိုင်းကိုအလုပ်​ကအပြန်​ခရီးမှာလည်း​ရှေ့ကလာ​နေတဲ့ကားထက်​ချစ်​သူတစ်​​ယောက်​သနပ်​ခါးအ​ဖွေးသားနဲ့အိမ်​​ရှေ့ခုံတန်းလျား​လေးမှာအိမ်​​ဘေးကခ​လေး​တွေ​ဆော့​နေတာကိုထိန်း​ကျောင်း​ပေးယင်းလမ်း​ပေါ်ကလမ်းသွားလမ်းလာ​တွေကို​ငေးကြည့်​​နေမလား၊ကိုနဲ့ဖုန်း​ပြောယင်​ဘာဂျီကျယင်​​ကောင်းမလည်း​တွေး​နေမလား​ပေါ့၊
ညစာစား​နေချိန်​လည်းချစ်​သူ​ကောထမင်းစားဖြစ်​လားသွား​ရေစာမုန့်​​တွေစားပြီးည​နေစာလွတ်​​လေ့ရှိပြီးညပိုင်းonlineမှာဆုံချီန်​ကျမှဗိုက်​ဆာတယ်​​ပြောမလား၊

ပင်​ပန်းလိုက်​တာချစ်​သူရယ်​၊ချစ်​ရတာလွယ်​သ​လောက်​လွမ်းရတာ​တော်​​တော်​အ​နေရခက်​ပါ့လား၊အ​တွေးထဲဝင်​လာ​အောင်​တမင်​စဉ်းစားယူတာမျိုးမဟုတ်​​တော့လည်းအခက်​သားလား၊
ချစ်​​လေလွမ်း​လေ၊လွမ်း​လေချစ်​​လေ၊လွမ်းတဲ့အရာ​လေးဟာအထုပ်​​လေးတစ်​ထုပ်​ဆို၊
တောင်​​ပေါ်သူခ​လေးမိခင်​​တွေသွား​လေရာခ​လေးငယ်​ကိုအ၀တ်​က​လေးနဲ့လွယ်​သွားသလိုကို့ခါးမှာအထုပ်​​လေးတစ်​ခုအမြဲတမ်းလွယ်​သိုင်းထားရမယ်​ထင်​ပါရဲ့၊

ဒီအထုပ်​က​လေးကိုချပြီးလွမ်းစရာမလို့တဲ့​နေ့​လေး​တွေဘယ်​​တော့များမှပိုင်​ဆိုင်​ရပါ့မလည်း၊ချစ်​သူအနားမှာ​နေပြီးချစ်​သူစကားသံ​လေး​တွေအနီးဆုံးကြား​နေခွင့်​ရချင်​​နေမိတာကိုလွန်​တယ်​​ပြောမလား၊
စားစား၊သွားသွား၊နားနား၊​နေ​နေချစ်​သူနဲ့အတူယှဉ်​တွဲ​နေရမယ့်​ဘ၀တစ်​ခုအမြန်​ဆုံး
ပိုင်​ဆိုင်​​နေချင်​ပါပြီကွယ်​၊

ချစ်​သူ​ရေစာ​တွေကဗျာ​တွေလိုဖွဲ့နွဲ့​ပြော​နေယင်​နားရှုတ်​သွားမှာစိုးလို့၊အရှင်းဆုံးနဲ့အထိ​ရောက်​ဆုံးဖြစ်​မယ့်​အရပ်​စကားဘဲသုံးပြီး​ပြောချင်​မိပါတယ်​"မလွမ်းချင်​​တော့ဘူး"လို့...........
အားလုံးကို​လေးစားစွာဖြင့်​......................စုဗူး

သဘောကျလွန်းလို.ပါ။

$
0
0

ရီ၇အောင်လို.မျှဝေလိုက်ပါတယ်။သူတို.မှာလဲဒီလိုရှိတယ်လား။

အဖိုးတန်တဲ့ "လူ"

$
0
0

ဟိုးရှေးရှေးတုန်းက ကမာကောင်မွေးသူ တစ်ယောက်ဟာ အလှဆုံး အကြီးဆုံး ပုလဲ တစ်လုံးပျိုးဖို့ စိတ်ကူး လိုက်တယ်။ ဒါကြောင့် သူဟာ ပင်လယ်ကမ်းစပ် သွားပြီး သဲရွေးခဲ့တယ်။ သဲတစ်ပွင့်ရွေးတိုင်း သဲတွေကို ပုလဲဖြစ်ချင်၊ မဖြစ်ချင် သူမေး ခဲ့တယ်။ အမေးခံရတဲ့ သဲတိုင်းက ပုလဲမဖြစ် ချင်ကြောင်း ခေါင်းခါငြင်းဆန်ကြတယ်။ ကမာကောင် မွေးသူဟာ မနက်ကနေ ညနေအထိရွေးခဲ့ပေမယ့် ပုလဲဖြစ်ချင်တဲ့ သဲတစ်ပွင့်တောင် မတွေ့ခဲ့ဘူး။

သူ မျှော်လင့်ချက်မဲ့ နေချိန်မှာ သဲတစ်ပွင့်က ပုလဲဖြစ်ချင်တယ်လို့ ဆိုလာတယ်။ ပုလဲဖြစ်ချင်တဲ့ သဲပွင့်ကို ဘေးက ကျန်တဲ့သဲတွေက လှောင်ရယ်ကြတယ်။ သဲပွင့်ကို တုံး,အတယ်၊ ဆွေမျိုးအပေါင်း အသင်းကို ခွဲပြီး ကမာကောင်ဝမ်းထဲ ဝင်တယ်၊ နေမမြင် လမမြင်၊ စိုထိုင်းထိုင်းနဲ့ လေဝဝ မရှုရသလို မှောင်မည်းမည်း၊ အေးစက်စက်၊ တစ်ယောက်တည်း အထီးကျန်ရတယ်၊ သွားနေဖို့မထိုက်ဘူးလို့ ဝိုင်းရယ်ကြတယ်။ အပေါင်းအသင်းတွေ ဘယ်လိုပဲ လှောင်ရယ် လှောင်ရယ် သဲပွင့်ဟာ နောင်တမရစတမ်း ကမာကောင်မွေးသူနောက် လိုက်သွား ခဲ့တယ်။

ဒီလိုနဲ့ ရက်မှ လ၊ လမှ နှစ် အလီလီပြောင်း ခဲ့တယ်။ သဲပွင့်လေးဟာ အခက်အခဲ၊ ဆင်းရဲဒုက္ခတွေ ကိုခံပြီး လှပလင်းလက်တဲ့ အဖိုးတန်ပုလဲ တစ်လုံး ဖြစ်လာ ခဲ့တယ်။ သူ့ကို လှောင်ရယ်ခဲ့တဲ့ သဲပွင့်တွေကတော့ ပင်လယ်ကမ်းစပ်မှာ သဲမှုန်တွေ အဖြစ်နဲ့ တည်ရှိနေတုန်း ပါပဲ။

တကယ်တော့ လူတိုင်း အဖိုးတန်တဲ့"ပုလဲ"တစ်လုံးဖြစ်နိုင် ပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်း ကိုယ်စီ ရှိကြတယ်။ လှပတဲ့အဖိုးတန်ပုလဲ တစ်လုံး ဖြစ်ချင်ရင် ပြဿနာ အခက်အခဲ တွေ့တိုင်း မတွန့်ဆုတ်ရဘူး၊ တခြားလူနဲ့မတူလို့ ဆိုပြီး ကိုယ့်ကိုယ်ကို မသိမ်ငယ် ရဘူး။ ဘဝဆိုတဲ့ ကမာကောင် ထဲနေပြီး ဖြစ်လာသမျှ ဆင်းရဲဒုက္ခ အခက်အခဲတွေကို ကြံ့ကြံ့ ခံရင် ဆိုင်ဖြေရှင်းနိုင်ခဲ့ မယ်ဆိုရင် လူတိုင်း အဖိုးတန်လှပတဲ့ ပုလဲ တစ်လုံးဖြစ်နိုင် ပါတယ်။

ပုံပျက်သွားတဲ့ ရိုးသားမှု

$
0
0

တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင် ရှိသည်။ ထိုမြင်းသည် တစ်နေ့ အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ သူ့မြင်းကို အလွန်မြတ်နိုးသည်။ ကုလား အုတ်တစ်ကောင် ပိုင်ဆိုင် ထားသော ဒုတိယ ကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျ ခဲ့သည်။ တစ်နေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လဲလှယ်ရန် စကား ကမ်းလှမ်း ခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန် ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘ၀ အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေ သရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိ သဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံ ထုတ်လေတော့သည်။ တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာ လမ်းတစ်နေရာတွင် ဖျားနာချင်ဟန်ဆောင်ပြီး လဲနေခဲ့သည်။ မြင်းပိုင်ရှင်ကတွေ့သော အခါ မြင်းပေါ်မှ အလျင်အမြန်ဆင်းပြီး ဖျားနေသောသူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်း ပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား “ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်ရောက်နေပြီ... ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ” ဟု ပြောလေသည်။ မြင်းပိုင်ရှင်က “ ကောင်းပြီလေ... မြင်းကို ခင်ဗျားပိုင်သွားပါပြီ... ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ” “ မြင်းကို ကျွန်တော်ပိုင်ပြီပဲ... တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သလောက် ပြောလို့ရတယ်” “ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ” “ဘာလို့လဲ...” “ဒီမြင်းကို ဘယ်လိုရခဲ့တယ်ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူကကယ်ရဲတော့မလဲဗျာ” မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။ “ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင်လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ... ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ”

***ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ကြပါစေ..***

$
0
0

  ဘာလိုလိုနဲ့ Valentine's Day  တောင် နီးလာပြီနော်...... အရင်ကဆို
Valentine's Day ဆိုတာ
ကြားသာကြားဖူးခဲ့တာ ..ဘာမှန်းတောင် မသိခဲ့ပါဘူးးး...  အခုလို အင်တာနက်လေး
စသုံးတတ်လာမှ Valentine's Day ဆိုတာ ချစ်သူရှိသူတွေ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် လက်ဆောင်လေးတွေ ပေးကြမှန်း သိလာရတာ..
အဲ့ဒိလို လက်ဆောင်လေးတွေ ပေးကြတာလည်း ချစ်စရာအလေ့အထလေး တစ်ခုပါပဲနော်....

 ဒါပေမဲ့ ဆိုးတာက..။ မိန်းကလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်နဲ့
ကိုယ့်အပျိုဂုဏ်ရည်ကို ပေးအပ်ကြတာပါပဲ..ဒါကိုပဲ မိန်းကလေးတွေက 'ငါ
မင်းကို သိပ်ချစ်လို့ ငါ့ဘ၀တစ်ခုလုံး ပုံအပ်လိုက်တာနော်..'  ဆိုပြီး
ကိုယ့်ကိုယ်ကို ပဲ ဂုဏ်ယူနေကြလား မသိပါဘူးး



  တစ်ကယ်တမ်းတော့ ကိုယ့်ရဲ့ အရှက် ။ ဂုဏ်သိက္ခာ ။ မာန တွေ ကိုယ့်ရဲ့
ဖြူစင်မှုတွေကို ကိုယ့်ချစ်သူလက်ထဲ ထိုးကျွေးလိုက်ရတာ.. နောက်ဆက်တွဲ
ကြုံလာမဲ့ ပြဿနာတွေကို မတွေးမိကြပါဘူးးး

 ယောက်ျားလေးတွေကရော...ကိုယ့်ချစ်သူကိုမထိရက် မကိုင်ရက်
သိပ်ချစ်လှပါတယ်.... သိပ်မြတ်နိုးလှပါတယ်..သိပ်တန်ဖိုးထားလှပါတယ် ဆိုပြီး
Valentine's Day ကို အကြောင်းပြ ကိုယ့်ချစ်သူရဲ့ အပျိုဂုဏ်ရည်ကို
ရယူသွားကြပါပဲ  ( ယောက်ျားလေးတိုင်းကို မဆိုလိုပါ ရှင်)



 တစ်ကယ်တမ်း အပြစ်ရှိတာက ကျွန်မတို့ မြန်မာမိန်းကလေးတွေပါပဲ..
၂၁ ရာစုထဲမှာ ယောက်ျားလေးဦးရေ နည်းခဲ့တယ် ဆိုရင်တောင် များပြားလှတဲ့
မိန်းကလေးတွေက ပိုချစ်တတ်ကြပါတယ်... ဒါပေမဲ့ သိပ်ချစ်တယ်ဆိုပြီးတော့
သေချာမရေရာတဲ့ အနာဂတ်အတွက် ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ချစ်ချစ်...
ကိုယ့်ဘ၀တစ်ခုလုံးကိုတော့ ပုံမအပ်သင့်ဘူးလို့ ထင်ပါတယ်...

   ဒီလိုချစ်သူမျိုး ထပ်မရနိုင်တော့ဘူးဆိုရင်တောင် ဒိထက်သာတဲ့
ချစ်သူတော့ ထပ်တွေ့နိုင်သေးတာပဲရှင်..... ဟိုးးးးးရှေးခေတ်တွေကလို
ရာဇ၀င်ထဲကလို 'သူမှသူ' ပဲ ဆိုတဲ့ အသုံးအနှုန်းတွေ အတွေးတွေက
ကျန်ခဲ့ပါပြီ..
 အချစ်မရှိလို့ သေဆုံးသွားတဲ့ လူဆိုတာ တော်တော်ရှားပါးနေပါပြီနော်...



 ဒီလိုခေတ်ကြီးထဲမှာ ဆေးဝါးတွေအများကြီး
ပေါ်ထွန်းနေပေမဲ့....ကိုယ့်ဘ၀ပျက်တာ ကိုယ်ပဲသိတာပါ
ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပဲ လိုပါတယ်နော်...... ကိုယ့်ဂုဏ်သိက္ခာ ကိုယ်ပဲ
ထိန်းရမှာပါ..

ကျွန်မပြောချင်တာတော့ Valentine's Day ဆိုတာ ချစ်စရာအလေ့အထလေးတစ်ခုလို
လက်ဆောင်လေးတွေ ပေး၇င်းနဲ့... ကြည်နူးစ၇ာ နေ့၇က်လေးကို
ကုန်ဆုံးနိုင်ကြပါစေ.. ပျော်စ၇ာနေ့၇က်လေး ဖြစ်ပါစေ......
 'သိပ်ချစ်လွန်းလို့ ဘ၀ ပုံအပ်တယ် ဆိုတာ သိပ်ကို မိုက်မဲလွန်းရာ ကျတယ်'
လို့ ကျွန်မထင်ပါတယ်ရှင်...



 ကျွန်မရေးတာ ဘယ်သူ့ကိုမှ ထိခိုက်ဖို့မရည်ရွယ်ပါ မိန်းကလေးချင်း
ကိုယ်ချင်းစာစိတ်လေးနဲ့ ရေးလိုက်တာပါ....မှားတာရှိရင်
တောင်းပန်ပါတယ်.....ရှင်....

  Valentine's Day မှာ ချစ်သူရှိသူတိုင်း ပျော်ရွှင်ကြပါစေ...
အပျိုကြီး(ကျွန်မအပါအ၀င်)  လူပျိုကြီး  များလည်း သူများအတွဲလေးတွေ
ပျော်ရွှင်နေတာ မြင်ပြီး ကြည်နူးနိုင်ကြပါစေရှင်...

အမှားရှိက တောင်းပန်အပ်ပါ၏။

(နှင်းဆီသခင်မလေး)

...............မေတ္တာ …..................

$
0
0
..........မေတ္တာ...........
ဒီကနေ့ဟာ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်ပါတယ်။ မေတ္တာအခါတော်နေ့ကို ရည်ရွယ်ပြီး မေတ္တာနဲ့ ပတ်သက်တဲ့ ပို့စ်လေးတွေ ရှေ့ရှေ့နှစ်တွေတုန်းက တင်ခဲ့ဖူးပါတယ်၊ ဒီတခါတော့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာထဲမှာပါတဲ့ မေတ္တာအကြောင်းလေးကို ကောက်နုတ်ပြီး မေတ္တာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ဘလော့မှာ ဖော်ပြလိုက်ပါတယ်။
***
မေတ္တာအကြောင်း

မေတ္တာဟူသော အမည်နာမဖြင့် စေတသိက် သီးခြား မရှိချေ။ အဒေါသ စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွါးချမ်းသာ လိုလားချစ်ခင်ရာ၌ မေတ္တာဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား - မေတ္တာပွါး၍” ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ တယောက်ယောက်အပေါ်ဝယ် သူ၏ အကျိုးစီးပွါးကို လိုလားသော (ကြီးပွါးအောင် စောင့်ရှောက် ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟု မှတ်ပါ။

မေတ္တာအတု
ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ် စသော အချစ်များလည်း တယောက်အကျိုး တယောက်လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်” ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသော အချစ်” တည်း။

နွားမကြီး၏ မေတ္တာ
ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့်အခါမျှ မေတ္တာအစစ် ကုသိုလ်စိတ် မဖြစ်နိုင်” ဟု မဆိုထိုက်ပါ။ မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သောအခါလည်း ရှိနိုင်ပါသည်။ ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ် နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာတန်ခိုးကြောင့် လှံမစူးဘဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့လျှင် ဆွေမျိုးဉာတိ သားအမိ ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။

သာမာဝတီ၏ မေတ္တာ
ကောသမ္ဗီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရား ၃ ယောက်ရှိသည်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညို၏။ မာဂဏ္ဍီကား မိဖုရားမဖြစ်ခင် အပျိုစင်ဘ၀ကပင် ဘုရားရှင်အပေါ်မှာ ရန်ငြိုးထားခဲ့သော ပုဏ္ဏေးမကလေးတည်း။ ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲအပြစ်ရှာ၏။ သာမာဝတီကား မေတ္တာတရား အထူးပွါးများနေသူ ဖြစ်သည်။ ဥတေနမင်းသည် မိဖုရား သုံးယောက်တို့၏ အဆောင်ဝယ် တလှည့်စီ စံစားကာ စောင်းတီးဝါသနာပါသော ဘုရင်တဦးတည်း။

အခါတပါး၌ သာမာဝတီအထံ အဆောင်တော်ကူးရန်နီးလေသော် မဂဏ္ဍီသည် သူ၏ ဘထွေးထံ အဆိပ်ပြင်းသော မြွေကိုမှာ၍ အဆိပ်ကိုဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေသည်။ ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ ဘုရင့်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင် မကူးဖို့ရန် မိန်းမတို့ ပင်ကိုယ်ဉာဏ်ဖြင့် သံတော်ဦးတင်လေသော် ဘုရင်က ဂရုမစိုက်ဘဲ သာမာဝတီ၏ အဆောင်သို့ ကူးသွားလေရာ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။

အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်ကို တည်ပြီးနောက် သလွန်ပေါ်၍ လျောင်းသည့်အခါ မယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။ ထိုအခါ ထည့်ထားသော မြွေသည် အလွန်စိတ်ဆိုးနေရကား ရှူးခနဲ ထွက်ခါ ဘုရင့်ဦးခေါင်း အနီးသို့ ရောက်လာလေသော် အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစုကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်ကိုလည်း သူ့စကားကို နားမထောင်သဖြင့် ယခုလိုဖြစ်ရသည်ဟု အပြစ်တင်လေသည်။

ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို လုံးဝနားမလည်ခြင်းကြောင့် လွန်စွာထိတ်လန့်၍ ရာဇမာန်ရှလေရကား “မင်းတို့ မျက်စောင်း အကြောင်းမရွေး” တော့ဘဲ ကိုင်နေကျ လေးကိုတင်ကာ သာမာဝတီတို့ အစုကို စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင် ထိပ်ထားလေးက သူ၏ မောင်းမမိဿံများကို သြ၀ါဒပေးသည်မှာ
“အမိတို့ … မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်၊ ယခုလို အခါမျိုးမှာ မေတ္တာမှတပါး အားကိုးစရာ မရှိပေဘူး၊ အမိတို့ ပွါးများနေကျဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစား၍ ပွါးများကြပါ”

ဤသို့ တိုက်တွန်းလေလျှင် ပင်ကို ယဉ်ကျေးပြီးသော မောင်းမများဖြစ်သည့်အတွက် နီးကပ်သော အသက်ဘေးကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွါးကြလေသည်။ ဥတေနမင်းကား အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တအားကုန် လွှတ်လိုက်လေရာ မေတ္တာတန်ခိုးကြောင့် မြားအရှိန်ရှေ့မတိုးဘဲ ပစ်သူ့အထံ မြားပြန်၍ ခ,လေသော် ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။

ဝတ္ထုမှတ်ချက်
မာဂဏ္ဍီမှာ သာမာဝတီ၏အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယ်ဉာဏ်ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်သည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသောအခါကျမှ လွန်စွာကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်သည်။ မောင်းမအများနှင့်တကွ သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ် ထားနိုင်ပေသည်။

နည်းယူဖွယ်
ယခုကာလ သူတော်ကောင်းအမြင့်တန်းကို မှန်းထားရင်း ရှိသူများမှာလည်း သာမာဝတီထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရား ဣဿာ မစ္ဆရိယ များသူများကိုပင် အတုံ့ပြန်၍ ရန်မမူမိစေဘဲ မိမိစိတ်ကိုသာ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ကြပါ။ အကျိုးဆောင်ခွင့်ကြုံလာလျှင် မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။ ထိုသို့ သုံးစွဲနိုင်မှသာလျှင် ပါရမီရှင်ဟု ထင်မြင်နိုင်ပါသည်။

မေတ္တာသည် ရေနှင့်တူ၏၊ ဒေါသသည် မီးနှင့်တူ၏၊ ရေများလေ မီးငြိမ်းလေ။ ထို့ကြောင့် ဒေါသနည်းအောင် မေတ္တာတိုးပွါးဖို့ ကြိုးစားသင့်ကြပါသည်။
(အရှင်ဇနကာဘိဝံသ - ကိုယ်ကျင့်အဘိဓမ္မာ)
***
ငယ်ငယ်က ဆရာဦးမြသောင်းရဲ့ မေတ္တာဗြူဟာ အသင်းမှာ ရာသက်ပန် အသင်းဝင်ထားပြီး တနင်္ဂနွေနေ့တိုင်း စုပေါင်းမေတ္တာပွါးပွဲကို သွားလိုက် မေတ္တာအခါတော်နေ့ ကျင်းပတဲ့အခါ အသံမစဲ မေတ္တာပွါးလိုက်နဲ့ မေတ္တာတွေ များစွာ ပွါးခဲ့ပေမဲ့ ခုထိလည်း ဒေါသက ကြီးနေမိတုန်းပါပဲ။ ကြုံရင် ကြုံသလို ဥပုသ်သီတင်း စောင့်တဲ့အခါတိုင်း မေတ္တာသဟဂတေန ဆိုပြီး မေတ္တာခြံရံတဲ့ ကိုးပါးသီလ ဥပုသ် စောင့်ခဲ့ပေမဲ့လည်း ဒေါသကို မပယ်သတ်နိုင်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် ရေများရေနိုင် မီးများမီးနိုင် ဆိုတာကြောင့် မီးအပူ နည်းလိုနည်းငြား ဒီနှစ် မေတ္တာအခါတော်နေ့မှာလည်း ကိုးပါးသီလ ဥပုသ်စောင့်ဖို့ ဆုံးဖြတ်ပြီး ဒေါသတွေ တဖြည်းဖြည်း လျော့နည်းစေဖို့ သတ္တ၀ါအားလုံးအပေါ် တပြေးညီ မေတ္တာထားနိုင်ဖို့ ကြိုးစားနေပါကြောင်း … ။

မေတ္တာဖြင့် ...

မေဓာဝီ
၂၅၊ သြဂုတ်၊ ၂၀၁၀
ဝါခေါင်လပြည့်
မေတ္တာအခါတော်နေ့
နံနက် ၅ နာရီ ၁၀ မိနစ်

မေ

suboo နဲ့ MRTV-4

$
0
0

suboo  နဲ့ MRTV-4

MRTV-4 မှာ အလုပ်ဝင်တာ ဖေဖော်ဝါရီလ 1 ရက်နေ့ဆိုရင် 6 နှစ်တင်းတင်းပြည့်ပြီ

လူအများမြင်သာအောင်သာ MRTV-4 မှာလုပ်တာလို့ရေးလိုက်တာ

တကယ်တော့ Forever Group Co. မှာ လုပ်ထာလို့ရေးရမှာပါ

MRTV-4 နဲ့ Channel 7 တွေက

Forever Group Co. ရဲ့လက်အောက်က free to air(အခမဲ့လိုင်း)တွေပေါ့

suboo တို့ဌာနက အဲ့ဒီ လိုင်းတွေအတွက် အလုပ်လုပ်တာမဟုတ်ပါဘူး

receiver ၀ယ်ပြီး လိုင်းကြေးပေးကြည့်ရတဲ့ International Channels တွေအတွက်

အလုပ်လုပ်ရတာပါ

(ကြုံတုန်းလေး ကြော်ငြာဝင်လိုက်ဦးမယ်နော်)

suboo  က NGC Channel ကပါ

ဒီ channel က တကယ့်ကို ဗဟုသုတနဲ့ အသိပညာတွေပေးတဲ့ channel တစ်ခုပါ

တကယ်လို့ receiver စက်ကလေးများဝယ်ပြီး အားပေးကြည့်ရှုမယ်ဆိုရင်

NGC Channel(စာတန်းထိုး) လိုင်းကလေးကိုလည်း ၀ယ်ယူအားပေးပါ

အကြံဥာဏ်တွေလည်း ပေးနိုင်ပါတယ်လို့ . .

MRTV-4  မှာဆိုရင် World of Knowledge ဆိုတဲ့အစီအစဉ်ကနေ

suboo တို့ရဲ့ program လေးတွေ တင်ဆက်ပေးလျက်ရှိပါတယ်

suboo ကိုခင်ရင် အားပေးကြပါဦး

အခုဆိုရင်

MRTV-4  နဲ့အပြိုင်ပေါ်လာတဲ့ MWD Settop Box တွေ 

Sky Net တွေကို တော်တော်အားပေးလာကြတယ်

MWD Settop Box ကိုတော့ suboo လည်း သဘောကျမိတယ်

သူ့ရဲ့အားသာချက်က လိုင်းကြေးပေးစရာမလိုဘူး စက်ဖိုးပဲ ကုန်တယ်

အားလုံးပဲ ကိုယ်ကြိုက်ရာ အားပေးတာ ဘာမှမပြောလိုပါဘူး

ဒါပေမယ့် လူတွေက ခက်တယ်ကွာ

uniform ၀တ်ထားတာ မြင်လိုက်တာနဲ့

နင်တို့ MRTV-4 က ဘာမှ သုံးစားလို့မရဘူး လိုင်းကလည်း မကြည်ဘူး

အစီအစဉ်တွေကလည်း ဘာတွေမှန်းမသိဘူး အလကားပေါ်လစီလိုင်း ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ . . .

ဟောာ . . နောက်ဆက်တွဲက sky net က ဘယ်လိုကောင်းတာဆိုပြီး လုပ်လာပါရော . . .

ခုတော့ သူတို့ခမျာ လိုင်းကြေးတွေ တိုးကောက်ခံလိုက်ရလို့မျက်ဖြူတွေလန်ကုန်ပြီလေ

ဝမ်းသာလို့ပြောတာ မဟုတ်ပါဘူး

sky net ပဲဝယ်ဝယ် MRTV-4 ပဲကြည့်ကြည့် ကိုယ့်အချိန်နဲ့

ကိုယ့်ပိုက်ဆံ ကိုယ်အကုန်ခံပြီး ကြည့်တာပဲ ကြည့်ပေါ့

ဘာလို့ သူများအလုပ်ကို ပုတ်ခတ်ချင်ကြတာလဲ

ပြီးတော့ MRTV-4 မကောင်းဘူးပြောတဲ့လူတွေကို မေးကြည့်ချင်တယ်

MRTV-4 ဆိုတာက free to air လိုင်းပါ ပိုက်ဆံမပေးရပါဘူး

မကြည့်ချင်ဘူးဆိုရင် တီဗွီပိတ်ထားလိုက်ပေါ့ မဟုတ်ဘူးလား

ပိုက်ဆံပေးပြီးကြည့်ရတဲ့ လိုင်းတွေရော သူတို့တွေ ကြည့်ဖူးရဲ့လားမသိ

suboo တို့ MRTV-4 မှာ လူကြီးတွေ ချမှတ်ထားတဲ့ ဆောင်ပုဒ်လေးတစ်ခုရှိတယ်

1. စိတ်ကောင်းရှိဖို့

2. စည်းကမ်းရှိဖို့

3. စာဖတ်ဖို့

သီတင်းကျွတ်ကာလရောက်လို့ လူကြီးတွေကို ကန်တော့တိုင်း

ပါတီပွဲတွေကျင်းပပေးတိုင်း လူကြီးတွေအမြဲဆုံးမလေ့ရှိတဲ့ ဆောင်ပုဒ်လေးပါ

အဲ့ဒီအတိုင်းလည်း ကျင့်သုံးပေးတယ်

ဟိုးတစ်နှစ်ကပေါ့ .... suboo တို့ MRTV-4 ကပဲ

အစ်ကိုကြီးတစ်ယောက် နိုင်ငံခြားမှာကျောင်းသွားတက်ရတယ်

အဲ့ဒီအချိန်က ဆရာကန်တော့ပွဲနဲ့တိုက်တယ်လေ

ပွဲမှာ suboo တို့ရဲ့ BOD အဖွဲ့ဝင် ဆရာ ဦးဝင်းမော်က ဆုံးမစကားပြောတယ်

သားတို့ သမီးတို့တွေ အခုလိုမျိုး နိုင်ငံခြားမှာ ကျောင်းသွားတက်ရမယ်ဆိုရင်

လိုအပ်တာမှန်သမျှ ဆရာတို့ဘက်က ကူညီမယ်

ဟိုမှာ ကျောင်းပြီးလို့ ဆရာတို့ဆီမှာ အလုပ်ပြန်မလုပ်ချင်လည်း ရတယ်

ဆရာတို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ကုသိုလ်ယူတာလို့ပဲ သဘောထားတယ် တဲ့ . .

စိတ်ဓါတ်ကို အရမ်းပဲလေးစားမိခဲ့တယ်

အကြောင်းအမျိုးမျိုးကြောင့် ဦးချိုးပြီးကျိုးနွံစွာ ပြောဆိုဆက်ဆံရတာကို

ကပ်ဖားလုပ်တဲ့ ခရိုနီတွေလို့ အမြင်မစောင်းစေချင်ပါဘူး

သေချာတာတစ်ခုကတော့ Forever Group ဟာ 

ပြည်သူတွေအတွက် စေတနာမေတ္တာတွေနဲ့ ပေးဆပ်နေတဲ့ media လေးတစ်ခုပါ . . . . .

 

အရှက်တရားကို အလွဲသုံးစားလုပ်သူများ

$
0
0

အရှက်တရားကို အလွဲသုံးစားလုပ်သူများ

ကျွန်မနဲ့သိတဲ့ လုပ်ငန်းရှင် လေးလေး တစ်ယောက် ယမန်နေ့က စိတ်ဆိုးမာန်ဆိုးနဲ့ သူ့လက်အောက်က တပည့်တစ်ယောက်ကို တရားစွဲပါတယ်။

အမှုကတော့ အလွဲသုံးစားမှုတဲ့

"ဘယ့်နှယ့်ကွာ၊ ယုံကြည်လို့ ခိုင်းပါတယ်။ သူက အလွဲသုံးစားလုပ်တယ်။ ငွေကုန်တာကို ငါဒီလောက် မဟုတ်ဘူး။ ယုံကြည်မှုကို ရိုက်ချိုးသွားတာ တရားစွဲမယ်"

အရင်းအမြစ်ကို မေးကြည့်တော့

အဆိုပါ လေးလေးရဲ့ အလုပ်သမားက အလုပ်ရှင် ခိုင်းထားတဲ့ ပိုက်ဆံကို သူ့ကိုယ်ရေးကိုယ်တာမှာ သုံးစွဲလိုက်ပါသတဲ့။ ပြီးတော့ လိမ်ညာ လှည့်ပတ်ပြီး ငွေတွေကို တစ်ပတ်ရိုက်လိုက်ပါသတဲ့ရှင်။

ဒါကို ငွေအလွဲသုံးစား လုပ်မှုနဲ့ အချုပ်ထဲ ပို့လိုက်ပါလေရော။

ဒီမှာတင် သူတို့ ဇာတ်လမ်းတစ်ခန်းရပ်ပါတယ်။

မရပ်နိုင်တာက ကျွန်မ မမမေရဲ့ အတွေးတွေပါ။

=====================================

ငွေကို သုံးရမယ့်နေရာမှာမသုံးဘဲ သုံးချင်တဲ့နေရာမှာသုံးမိတော့ ငွေအလွဲသုံးစားမှုတဲ့

ကျွန်မစဉ်းစားမိတယ်

ရှက်သင့်တဲ့နေရာမှာ မရှက်ဘဲ မရှက်သင့်တဲ့နေရာမှာ ရှက်ရင်တော့

"အရှက်တရားကို အလွဲသုံးစွဲလုပ်မှု" ပဲဖြစ်တော့မှာပေါ့

ကျွန်မ တရားတော်တစ်ပုဒ်မှာ နာယူမှတ်သားဖူးပါတယ်။

"အရှက်တရားဆိုတာ လူနဲ့ တိရိစ္ဆာန်ကြားမှာ တားထားတဲ့စည်းရိုးတစ်ခုပါတဲ့ရှင်။"

လူမှန်ရင် ဟိရိသြတ္တပတရား -- မဟုတ်တာလုပ်ရမှာကို ကြောက်ရမယ်ဆိုတဲ့ လူ့စည်းလေး ရှိပါတယ်။

အဟိတ်တိရိစ္ဆာန်များမှာတော့ လူမြင်ကွင်းလည်း ရှက်ဖွယ်လိလိတွေ(လူတွေအတွက်ရှက်စရာ ပင်မယ့် သူတို့အတွက် မရှက်စကောင်း)ကိုလည်း ပြုမူချင်ပြုမူမယ်။

လူများမှာတော့ အဆိုပါတရားနဲ့ ထိန်းချုပ်နေကြရသည်မဟုတ်ပါလားရှင်။

တွေးဖြစ်ပုံလေးက ဒီလို…………….

 

=====================================

ခေတ်ကာလရယ် ထူးဆန်းပုံများပေါ့

ကျွန်မ မမမေတို့အိမ်ကို ရန်ကုန်က ညီမငယ်တစ်ယောက် အလည်ရောက်လာပါတယ်။

ညနေပိုင်း ထမင်းစားသောက်၊ ဘုရားတွေလိုက်ပို့၊ အိမ်ပြန်ရောက်တော့ စကားတွေပြောပေါ့….

ညီမငယ်လေးက ကျွန်မဆီလည်း အလည်လာရင်း သူ့ချစ်သူကောင်လေးကိုလည်း လာတွေ့ရင်းနဲ့ပါ။

ကျွန်မက ည ၉ နာရီလောက် စကားလည်းပြောပြီး၊ ညီမငယ်ကိုလည်း ဧည့်ခံပြီး ဘုရားဝတ်ပြုခဲ့ပါတယ်။

ထုံးစံအတိုင်း ဘုရားဝတ်ပြုပြီး ဖေဖေနဲ့ မေမေကို ရှိခိုးကန်တော့ နေတော့

အဆိုပါ ညီမလေးက ကြည့်နေရှာတယ်။ နောက်တော့

"မမမေ အဲ့လို အန်ကယ်လ်နဲ့ အန်တီ့ကို နေ့တိုင်းကန်တော့လားဟင်"

"အင်းပေါ့ ညီမလေးရဲ့။ ညီမလေးရော မကန်တော့ဘူးလား၊ ကျေးဇူးရှင်မိဘနှစ်ပါးဆိုတာ နေ့စဉ် ကန်တော့ပြီးလည်း ကျေးဇူးဆပ်ရတယ်"

"ဟင့်အင်း မမမေ ညီမကတော့ မကန်တော့ဘူးရယ်။ အလေ့အထမရှိတော့ ရှက်သလိုလိုကြီး"

အလိုလေးလေး ဖြစ်မှဖြစ်ရလေခြင်း။ ကျွန်မလည်း ဒီခေတ် ဒီခါကြီးမှာပဲ မွေးဖွားလာတာပါ။ ဒီခေတ်မှာပဲ သူတို့သောက်သလို သောက်ရေသန့်တစ်ဗူးကို ငွေ ၃၀၀ လောက်ပေးပြီး သောက်နေတဲ့ ခေတ်လူငယ်ပါပဲ။ သို့သော် အနို့သော်လည်းပေါ့လေ

"မိဘကို ကန်တော့တာ ရှက်သလိုလိုကြီး" တော့ တစ်ခါမှ မဖြစ်ဘူးပေါင်။

ကျွန်မလည်း တရားတော့ ဆက်ဟောတယ်။ သို့ပေမင့် သူများနားထဲ ၀င်မ၀င်က မသေချာ။

သေချာသည်ကတော့ နောက်တစ်နေ့

ထိုသူငယ်မလေး သူ့ချစ်သူနှင့် ဆိုင်တစ်ဆိုင်မှာ သွားချိန်းတွေ့ကြပါတယ်။

ကျွန်မလည်း ကိုယ့်ဆီလာသော ထိုသူငယ်မလေးအား စိတ်မချသည်နှင့် ဆိုင်သို့လိုက်ပါ သွားခဲ့ပါသည်။

နှစ်ဦးသား စကားများ ပြောရင်း။ ချစ်ခွန်းတွေ ဖွဲ့ရင်း အိမ်ပြန်ချိန်ရောက်လာပါလေရော

ကျွန်မလည်း ပြန်ဖို့ ဆော်သြလိုက်ရင်ပဲ နှစ်ဦးသား ကျွန်မရှေ့က ထထွက်သွားရင်း

ဆိုင်ရှေ့လည်းရောက်ရော ဆိုင်ကယ်ပေါ်မတက်မီ

အဆိုပါ သူငယ်မနှင့် သူချစ်သူတို့ ဆိုင်ရှေ့မှာ နှုတ်ဆက်အနမ်းချွေပါလေရောရှင်။

မှတ်ကရော ။ အပျိုကြီး ကျွန်မ မမမေ ဘယ်နေရာသွားနေရမှန်းမသိတော့

အော် မိမိအိမ်မှာ မိမိရဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကို ကန်တော့ရာမှာ ရှက်သလိုလိုကြီးဖြစ်နေတဲ့ အမိငယ် လူလယ်ခေါင် စားသောက်ဆိုင်ရှေ့မှာ Kissing ပေးနေတာတော့ မရှက်ဘူးတဲ့။

သူမသည်လည်း အရှက်တရားကို အလွဲသုံးစားလုပ်သူပင်မဟုတ်ပါလားရှင်။

========================================

တစ်နေ့သော ညနေမှာတော့ ကျွန်မတို့ထံ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်လာပါသော အမတစ်ယောက် အလည်လာပါတော့တယ်။ (အတော်ဧည့်သည်စည်ကားတဲ့အိမ်ပါရှင်)

ကျွန်မမှာ အကျင့်တစ်ခုရှိပါသည်။ ယင်းကား ဘုရားရှိခိုးသည့်အခါတိုင်း အသံထွက်ရွတ်ဆို ရှိခိုး တတ်သောအကျင့်ပါပင်။

ထိုသို့အသံထွက်ရှိခိုးလျှင် မိမိ၏ မေတ္တာသံ၊ မြတ်စွာဘုရားအား ကြည်ညိုစွာပူဇော်သံကို မိမိနား၊ သို့တည်းမဟုတ် မိမိအိမ်တွင်းရှိ လူများကြားနာရပြီး ကြည်နူးစိတ်ဖြစ်ပေါ်လာနိုင်သည် ဟု ယုံကြည် သောကြောင့်ပင်။

ထိုသို့ ကျွန်မ ဘုရားရှိခိုးချိန်တိုင်းလည်း ကျွန်မ ချစ်သော ဖေဖေ နှင့် မေမေတို့နှစ်ဦးစလုံး ဘုရားခန်း နားတွင် ထိုင်ခုံလေးများကိုယ်စီယူကာ သြကာသ ဘုရားကန်တော့ခန်းမှသည် ဓမ္မစင်္ကြာ၊ ပရိတ်ကြီးများ၊ အမျှဝေသံထိ ကျွန်မ၏ တရားသံကို နားထောင်ရင်း ကုသိုလ်ဘာဝနာ ပွားများလေ့ရှိသော ကျွန်မတို့ မိသားစုပါ။

ကျွန်မတို့ မိသားစုရဲ့ အကျ့င့်လေးကတော့ မည်သူပင် ကဲ့ရဲ့ပါစေ ပြောင်းလဲခြင်းရှိမည်မဟုတ်ပါ။

ဧည့်သည်မမလည်း ကျွန်မရဲ့ အသံထွက်ဘုရားရှိခိုးမှုကို ဘုရားရှိခိုးခြင်း အဆုံးမှာ ဝေဖန်ပါတော့ တယ်။

"ယူကတော့ ရေလည် မမိုက်ဘူးနော်။ မေ။ ဘာလို့ အသံထွက်ပြီး ရွတ်ရတာလဲ"

"မေတို့ တစ်အိမ်လုံးဘုရားရှိခိုးရင် အသံထွက်ရှိခိုးကြတယ် အမရဲ့"

"ယူကလည်း လူကြားလို့၊ ကိုယ့်အိမ်ဧည့်သည်ရောက်နေတာပဲ၊ အသံထွက်ရှိခိုးတော့ ရှက်စရာ။ အိုင်ကတော့ အိပ်ရာထဲမှာပဲ ခပ်တိုးတိုးရှိခိုးတယ်။ သူများကြားမှာလည်း ရှက်လို့။ ကိုယ့်ဘုရားကိုယ် ရှိခိုးတာ အသံမထွက်လည်း ဖြစ်ပါတယ်"

ကျွန်မလည်း ဧည့်သည်နှင့် ဆက်လက်ငြင်းမနေတော့။ မှန်ပါသည်။ မိမိဘာသာရေးလုပ်တာ။ မြတ်ဘုရားကို ကိုင်းရှိုင်းတာ ဘယ်သူမှ သိစရာမလိုပါဘူး။ သို့သော်လည်း ကျွန်မ အသံထွက် ဘုရားရှိခိုးခြင်းကြောင့် မည်သည့် ပတ်ဝန်းကျင်ကိုမှလည်း ထိခိုက်တာမဟုတ်။ ခြံအပြင်ကို ကျော်ထွက် ဆူညံနေတာမျိုးလည်း မဖြစ်။ ကိုယ့်အသံနှင့် မြတ်စွာဘုရားကို ပူဇော်ခြင်းမို့ ကျွန်မ ရှက်စရာလို့ မြူတစ်မှုန်မျှပင် မထင်။

သိပ်မကြာလိုက်ပါ။ ဧည့်သည်မမထံသို့ ဖုန်းကောတစ်ခု ၀င်လာခဲ့ပါတယ်။

ဖုန်းနံပါတ်ကိုကြည့်ပြီးသကာလ ဧည့်သည်မမ နောက်ဘက်ဆီသို့ ထွက်ခွာသွားပါတော့တယ်။

ကျွန်မလည်း မဆိုင်သည်များကို မစပ်စုတတ်လေရာ စာအုပ်ဖတ်ရင်း မေ့လျော့သွားခဲ့ပါတော့တယ်။

အိမ်တံခါးများ ပိတ်မပိတ်၊ ပြတင်းပေါက်များစစ်ဖို့ နောက်ဖက်ကို သွားတော့မှ ဧည့်သည်မမ တစ်ယောက်တည်း ညည့်မကြောက်၊ အမှောင်မကြောက်နှင့် တစ်ယောက်တည်း ဖုန်းပြောနေသံကို ကျွန်မ ကြားလိုက်ရလျှင်ဖြင့်

မြတ်စွာဘုရား။

မြန်မာမိန်းကလေးတဲ့။ ယဉ်ကျေးမှုထွန်းကားပါတယ်ဆိုတဲ့ ကျွန်မတို့ မြန်မာပြည်မှ မြန်မာမလေးပါတဲ့ ရှင်။ ဘုရားစူးရဲ့ ကျိန်ဆိုပြောရင်တောင် ယုံနိုင်စရာပင်မရှိ။ နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင်းနဲ့ပဲ အရှက်ကင်းမဲ့တဲ့ အတတ်ကို ကူးစက်လာခဲ့လေသလား။ ပင်ကိုယ်ပဲ အရှက်ကင်းမဲ့တာလား ခွဲခြားမတတ်တော့။

ဖုန်းထဲမှ အမျိုးသားတစ်ယောက်နှင့် ပြောနေသည့်စကားများကို အမှတ်မထင်ကြားလိုက်ရသည်က Sex နှင့်လွတ်ကင်းသည်များ တစ်ခုမှ မပါ။ အပြင်မှာများဆိုလျှင် အဆိုပါ မမ ဘ၀ပျက်နေလောက်ပြီ။

ကျွန်မလည်း မကြားချင်ယောင်ဆောင်၊ မသိချင်ယောင်သာ အသာဆောင်ပြီး လောကနီတိစာအုပ် လေးဆီ ပြန်လာခဲ့ပါတော့တယ်။

အော် အသံထွက်ဘုရားရှိခိုးရမှာတော့ ရှက်သတဲ့။ ယောင်္ကျားတစ်ယောက်နှင့် ဖုန်းထဲ Sex ကိစ္စ ပြောနေတာတော့ မရှက်။

ယင်း မမသည် လည်း အရှက်တရားကို အလွဲသုံးစားလုပ်လေပြီ။

=========================================

ကျွန်မ ရန်ကုန်ရွှေမြို့တော်ကြီးမှာ ကျောင်းသွားတက်စဉ်ကပေါ့

တစ်နေ့ ကျွန်မ လှည်းတန်းဘက် လူစည်ကားရာ၊ မုန့်ဆိုင်များ စုစည်းရာ တစ်နေရာအရောက်

"ဟယ် သွားပြီ သွားပြီ။ အရှက်တော့ လုံးလုံးကွဲပါပြီ။ ဒုက္ခပဲ င့ါမျက်နှာဘယ်သွားထားရပါတော့မလဲ"

ကျွန်မလည်း တစ်ဖက်သား အရှက်ကွဲသည့်အဖြစ်ဆိုတော့ ဘာကူညီရမလဲပေါ့လေ။

မျက်စိလေးကစားလိုက်လျှင်ဖြင့် အရှက်ကြီးသူ မိန်းမငယ်လေး တွေ့ပါပြီ။

ရှက်လွန်းလို့ ဖျတ်ဖျတ်လူးနေပုံလေးက သနားစဖွယ်။

အတော်လည်း စိတ်ညစ်၊ သောကရောက်နေတဲ့မျက်နှာလေးပါ။ ကျွန်မဖြင့် မျက်နှာလေးကြည့်ပြီး သနားလိုက်သည်။ (ပုရိသများဆိုလျှင်ဖြင့် ဖျတ်ဖျတ်လူးအောင် ကူညီပေးချင်သွားမှာပါ).

"ဒုက္ခပဲ ရှက်လိုက်တာ ရှက်လိုက်တာ။ ဒီလိုအရှက်ကွဲတာမျိုးကြီးတော့"

အော် ထမီစများ တက်နင်းမိပြီး ကျွတ်လေသလား၊ စကတ်များ ပြဲလေသလား။ ဒါမှမဟုတ်…. ?????

အတွေးပေါင်းများစွာတို့ဖြင့် ကလေးနှမနားသို့ ကျွန်မ ကပ်ပြီး ဘာကူညီပေးရမလဲ ညီမလေး

"ဖိနပ် ဖိနပ် ဖိနပ်ပြတ်သွားလို့၊ ရှက်လိုက်တာ။ ဒါမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ တစ်သက်လုံး ထိန်းလာတဲ့ အရှက်တွေ ဗြန်းဗြန်းကွဲပါပြီ"

ကျွန်မလည်း ကူညီချင်စိတ်လေးနဲ့  မိန်းမငယ်လေးရဲ့ ခြေထောက်ကို ငုံကြည့်လိုက်ရင်ပဲ

မြတ်စွာဘုရား။

ဖိနပ်ပြတ်လို့ ရှက်သွားတဲ့ ခလေးနှမက ဇီးရိုးကွာတားလေးနဲ့ရှင့်

ပေါင်လေးကို ဖွေးလို့။ အကျီ င်္ ကိုကြည့်လိုက်တော့လည်း အတော်ပေါ့ပေါ့ပါးပါးလေးပါ။

ပေါ့ပါးတာမှ ကြည့်ချင်တာကြည့် ပေါ့ပေါ့ပါးပါး ကြည့်စေသတည်းလို့ စာတမ်းမထိုးထားရုံတစ်မယ်ပင်။

ကျွန်မလည်း ဒီလောက် ဖော်ချွတ်ထားတဲ့ ကလေးနှမ အတွင်းထဲက လူမြင်ရင် ရှက်စရာကျတော့ မရှက်ဘဲနဲ့ ဖိနပ်ပြတ်တာတော့ ရှက်သတဲ့။ ကုသိုလ်စိတ်လေး ပျောက်လုလုပင်ဖြစ်သွားခဲ့ပါတယ်။ (ထိုနေ့က ကူလည်း မကူညီဖြစ်ခဲ့ပါဘူး။ ထိုထိုအချိန်ကို ပြန်တွေးတိုင်း နောင်တလည်း ခုထိရမိနေဆဲပါ)

ဒါလည်း မရင့်ကျက်သေးတဲ့ ကျွန်မ စိတ်ဖြစ်မှာပါ။

ကျွန်မသူငယ်ချင်းကို ပြောပြတော့ ရန်ကုန်မှာ ဒါမျိုးရိုးနေပြီ။ မမြင်ချင် မကြည့်နဲ့တဲ့။

ဟုတ်ပါတယ်။ မြန်မာဆိုတာ မှတ်ပုံတင်ထဲမှာပဲ ရှိနေသယောင်ပေါ့ရှင်။

ကျွန်မလည်း ကဲ့ရဲ့မနေတော့ဘဲ အတွေးထဲမတော့ မှတ်ချက်တစ်ခုပေးလိုက်မိပါတော့မယ်

သူလေးလည်း အရှက်တရားကို အလွဲသုံးစွဲလုပ်သူလေးပဲပေါ့ရှင်။၏

ထိုထိုသော အရှက်တရားကို အလွဲသုံးစားလုပ်သူများ များစွာ ရှိပါသည်။

လူတိုင်း မှားနိုင်ပါသည်။ မသိသည့် အမှားတစ်ခုအတွက်တော့ အပြစ်လို့ မဆိုသာပါ။

အမှားကို မပြင်နိုင်မှသာ ရှက်စရာဖြစ်ပါသည်။

တစ်ခါမှားဖူးသည်ကိုလည်း ဘ၀အတွက် တစ်သက်လုံးရှက်နေစရာမလိုပါ။

နောက်ထပ်မမှားအောင် နေဖို့သာ တာဝန်ရှိပါသည်။

ထို့ပြင် ထို့အပြင် အရှက်တရားကို အလွဲသုံးစားလုပ်သူများသာ ပိုလို့ ပိုလို့ ရှက်စရာဖြစ်ပါတော့ကြောင်း စဉ်းစားရင်း ကျွန်မ၏ အတွေးများကို ခဏရပ်ပါတော့မည်။

အရှက်တရားကို အလွဲသုံးစားလုပ်ခြင်းမှ ကင်းဝေးကြပါစေ။

ဘာကိုမှပိုင်ဆိုင်မထားသူ မမမေ

တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။

 

မတတ်သည်မှာ ရှက်စရာမဟုတ်။ တတ်ဟန်ဆောင်ခြင်းသာ ရှက်စရာဖြစ်သည်။

မသိသည်မှာ ရှက်စရာမဟုတ်။ သိဟန်ဆောင်ခြင်းသာ ရှက်စရာဖြစ်သည်။

 

 

 

 

လိုအပ်ချက်များ တင်ပြပါသည်(မန်ဘာများအတွက်သာ အက်မင်းများသိစေရန်)

$
0
0

 နေ့ တစ်နေ့ ပေါ့ဗျာ ဘယ်နေ့ လဲတော့မပြောတော့ဘူး ဘယ်သူတွေလဲ မပြောတော့ဘူး..........

 ပထမတော့ စကားပြောနေကြတာဗျာ အကောင်း  ..... တကယ်ပျော်စရာကောင်းအောင်ပြောနေတာပါ ကျွန်တော်တောင်ဘေးကထိုင်ကြည့် နေတာ  ပျော်စရာကောင်းလိုက်တာဗျာ  ဘယ်သူက ဘယ်နားမှာဖောက်လိုက်တယ်မသိပါဘူးဗျာ ထဆဲတော့တာပဲ ကျွန်တော်ဝင်တားကြည့်သေးတယ်မရဘူး......  ဆဲတယ်  မိုးမွှန်နေအောင်ဆဲတာ ဘယ်လိုမှ တား လို့ မရတော့ အဆုံး ချက်ဘောက်မှ အက်မင်းကို လိုက်ရှာတော့မတွေ့ ဘူး  ချက်ဘောက်ကနေအော်ခေါ်တယ်   မရဘူး တော်တော်လေးကြာ အောင် လွှတ်ပေးထားရတယ် ဘယ်သူမှဝင်မပြောရဲဘူး တွေ့ တဲ့သူ တန်းဆဲတာ  နာရီ ၀က်လောက်ကြာတော့ ကို ကွိကွ တက်လာတယ် တားတယ်......မရဘူး  ..... သူ့ လဲဆဲလွှတ်တယ်  .......   အလွမ်းမယ်တက်လာတယ် ..... တားတယ်........မရဘူး  ဆဲနေမြဲပဲ....... ခေတ်ကိုခေါ်တယ် ........ ခေတ်တက်လာတယ်....... မင်္ဂလာပါတဲ့ ....... ဟိုကကောင်က မင်္ဂလာပါလဲ မရဘူး မပါလဲ မရဘူး ဆဲတာပဲ နောက်ဆုံးမရတဲ့အဆုံး ဘမ်းလိုက်တယ် ထင်ပါတယ်  ခက်တာက  တော်တော်နဲ့ခေါ်မရတဲ့ပြသာနာပါ  ဘယ်လိုခေါ်မလဲ  ဒီလိုဆဲနေရင်ပေါ့..... အဲ့ဒီတော့တွေးမိတာလေးရှိတယ်  ဗျ   .... ချက်ဘောက်မှာ ဖုန်းတပ်ပေးထားပါ ဖုန်းတောင်မှ သေးသေးလေးနဲ့မရပါဘူး    ဒီလို ပုံမျိုးကြီးကြီးလေး ထားပေးပါ ဒါမှအော်ခေါ်လို့ ကောင်းမှာ   .....

   နောက်တစ်ခုက အဲ့ပြသာနာပြီးတော့ ......  လူက ချိန်မထားရပဲနဲ့စုံလာရောဗျ  လွှတ်တာလွှတ်တာ ဗျာ တရစပ် လွှတ်  နားတောင်မနားရဘူး  ဘာတွေဖြစ်လာလဲဆိုတော့ ချက်ခန်းမှာ အပူချိန်က အမြင့်ဆုံးကိုရောက်လာတယ်  မီးဘေးကြောက်ရတယ် အထူးသဖြင့်ပေါ့ ကျားတွေပေါ့ဗျာ .........   နှာခေါင်းတွေမီးတောက်နေတယ် တစ်ယောက်နှစ်ယောက်ကပြသာနာမဟုတ်ဘူး  လေးငါးယောက်ဆို ဟီရိုရှီးမားလို  ဖြစ်သွားနိုင်တယ်  ချက်ဘောက်ကသေးသေး  ....... ဖျက်အားပြင်း နူးကလီးယားလောက်  တောက်လောင်အားနဲ့ဆို    အင်းးးးးးးးးးး   ချက်ခန်း ပြာကျဖို့ ပဲရှိမယ်  အဲ့ဒီတော့  ချက်ဘောက်မှာ  ဂိုဒေါင် ဆောက်ပြီး  မီသတ်ကား လောလောဆယ် နှစ်စီးလောက်ထားပေးပါ

   ဒီအနေလောက်တွေပေါ့ဗျာ  ဒါမှနိုင်မယ်လို့  ထင်ပါတယ်  ......  ဒီပရောဂျက်နဲ့ပတ်သတ်ပြီးတော့ ကျွန်တော် မေသူ(အဖြူရောင်ဘာညာ)  နဲ့ပြောပြီးပါပြီ   ၀ယ်ပေးမဲ့သူတွေလဲရှိပါတယ်  ဒီဆိုဒ်မှာအပျိုကြီးနှစ်ယောက်ဖြစ်တဲ့ မေသူရယ် အလွမ်းမယ်ရယ် က ယတြာချေတဲ့အနေနဲ့ ၀ယ်ပေးပါ့မယ်တဲ့ (ဒီဘ၀ကောနောက်ဘ၀ပါအပျိုကြီးများမဖြစ်ရေးအတွက်ပေါ့)......... ဒါလေးတွေလိုပါတယ်ဗျ  မန်ဘာတွေအတွက်ပေါ့ဗျာ  မီးသတ်ကားကတော့ ပြောပြီးသားပါ ကြီးနိုင်သမျှကြီးပါလို့    ဒီလောက်လေးနဲ့တော့ အလုပ်ဖြစ်မယ်မထင်ဘူး  ဘာကြောင့်လဲဆိုတော့ အားလုံးကတက်လာရင် ဗို့  အားတွေကကြောက်ခမန်းလိလိတွေပါ ဒီကားလေးနဲ့ဆို  မေ၀ယ်သာကို  ဗေလုဝနဲ့ ယှဉ်ထိုးဖို့  တွဲဆိုင်းပေးသလိုဖြစ်နေမယ်  ကျွန်တော်ပြောတာလေး လုပ်ပေးမယ်ထင်ပါတယ်ဗျ......တလေးတစားနဲ့ တောင်းဆိုပါတယ်ဗျ.... 

လမ်းတကွေ့ ----

$
0
0
ပြောလိုက်စမ်းပါ
ငါ တို့လိုတောသားတွေက ဘာသိမှာလဲ
နိုင်ငံ့ခေါင်းဆောင်တွေလုပ်တဲ့ အရာတွေက ငါတို့လို ဦးနှောက်သေးသေးနဲ့ ဝင်မပြောနဲ့လို ပြောလိုက်စမ်းပါ
ငါ ခေါင်းငုံ့ပေးလိုက်မယ် အမှန်တရားတွေဖြစ်ဖို့အတွက် ----

ဒါပေမဲ့ ---- ဒါပေမဲ့

မင်း ပါးစပ်တွေ လွယ်လွယ်လေးနဲ့ ထွက်လာတဲ့ သူများနိုင်ငံမှာ ကျွန်ခံချင်တဲ့ ဟာ တွေ ဖြစ်သမျှခံလို့ လွယ်လွယ်လေးမပြောပါနဲ့ကွာ
ငါတို့ အသဲထဲ ရေပူလောင်းနေသလို ပါပဲ အဲ့စကားတစ်ခွန်းက
ပျော်လို့သူများနိုင်ငံ လာခဲ့တာလည်းမဟုတ်သလို လူတွေအထင်ကြီးချင်လို့ ထွက်လာတာမဟုတ်ပါဘူး ကွာ
ငါတို့ မိဘ မျက်ရည်တွေကြာက ငါ တို့ညီငယ်ညီမတွေရဲ့ ငိုသံတွေကြာက
ခါးသီးနေတဲ့ ဘဝတွေကနေ သူများနိုင်ငံ ခိုင်းသမျှလုပ် လုံလောက်ပါတယ်တန်ရာတန်ကြေးပေးတဲ့ငွေ့တချို့ကြားမှာ ငါတို့မျက်ရည် ငါတို့အမေ့မျက်နှာ အဖေ့မျက်နှာ ညီလေးညီမလေးလွမ်းတဲ့အချိန်မှာ မင်းတို့ ပြောတဲ့ သူများနိုင်ငံသွားချင်ပါဦးလား စကားတစ်ခွန်း မျက်ရည်ကျအောင် ခံစားစေရတယ် ငါ နားလည်ပေးလိုက်ပါတယ် အော် ငါတို့လို ဘဝ ကြမ်းတွေကြာမှာ ငါတို့လို ဘဝရဲ့ သင်ခန်းစာတွေ သူတို့မကြုံရပါစေနဲ့ လို့ ငါ ဆုတောင်းပေးပါတယ် ကွာ -------

တော်ကီစလန်း

$
0
0
ကောင်မလေးတွေ ကြွေလောက်တဲ့ တော်ကီ ၆ မျိုး





၁)ကောင်လေး။ ။ ကျွန်တော် လမ်း မေးလို့ရမလား?
ကောင်မလေး။ ။ ဘယ်သွားမလို့လဲ...။
ကောင်လေး။ ။ မင်းရဲ့ ရင်ထဲ ကို...။ ...

(၂) ကောင်လေး။ ။ နင် ဒီနေ့ ခြေထောက်တွေ အရမ်းညောင်းနေမှာပဲနော်။
ကောင်မလေး။ ။ ဘာဖြစ်လို့ညောင်းရမှာလဲ...။
ကောင်လေး။ ။ နင် ငါ့ရဲ့ အတွေးထဲမှာ တချိန်လုံး ပတ်ပြေးနေလို့ပေါ့။

(၃) ကောင်လေး က ကောင်မလေးရဲ့ အင်္ကျီ အနောက်က တံဆိပ်ကို လှန်ကြည့်တော့
ကောင်မလေး။ ။ နင် ဘာလုပ်တာလဲ။
ကောင်လေး။ ။ နင် က Made in Heaven များဖြစ်မလားလို့ ...။

(၄) ကောင်လေး။ ။ နင် ငါ့ကို ပိုက်ဆံ ၅၀ လောက်ချေးပါလား။
ကောင်မလေး။ ။ ဘာလုပ်မလို့တုန်း..။
ကောင်လေး။ ။ ငါ ဒီနေ့ ကမ္ဘာမှာအလှဆုံး ကောင်မလေးကို တွေ့ပြီလို့ အမေ့ကို ဖုန်းဆက်ပြောမလို့။

(၅) ကောင်လေး။ ။ ဒီနေ့ မိုးက သည်းလိုက်တာ...။
ကောင်မလေး။ ။ ဟုတ်တယ်နော်...။
ကောင်လေး။ ။ မိုးနတ်မင်းကြီး နင့်ကိုမြင်ပြီး သွားရည်ကျတာပဲဖြစ်လိမ့်မယ်။

(၆) ကောင်လေး။ ။ ငါ့ကို ယုံကြည်ပေးပါ။နင့်ကို ကမ္ဘာပေါ်မှာ ဒုတိယ ကံအကောင်းဆုံးလူဖြစ်အောင် ငါထားပါ့မယ်။
ကောင်မလေး။ ။ ဘာလို့ ပထမ ကံအကောင်းဆုံး လူမဖြစ်ရတာလဲ။
ကောင်လေး။ ။ ငါ့နားမှာ နင်ရှိမှတော့...ငါဟာ ကမ္ဘာ့ပထမ ကံအကောင်းဆုံးလူဖြစ်နေလို့ပေါ့။

နောက်ဆုံးထွက်G-TALKတော်ကီ

$
0
0

အဟဲ..ခု g talk တော်ကီ တွေကို နှစ်သက် တဲ့ သူငယ်ချင်းတွေအတွက်

အလန်းဆုံး gtalk တော်ကီ အသစ်စက်စက် လေးတွေပါ။

(မှတ်ချက်..ကောင်မလေးများ ကျွန်တော့် တော်ကီများအားဖတ်ပြီး

ကျွန်တော့်အားကြွေခြင်းသီးခံပါ :P ..) အလကားနောက်တာနော်..ဟီး


1.online မှာလေ စော်တိုင်းကိုလည်း
Q တိုင်းမရလို.
ဖွန်လိုင်းကို လည်းစိတ်ကုန်နေပါပြီ။

2.ဆုတ်လည်းစူး..စားလည်းရူး ..နမ်းလည်းမူးမို. မထူးတော့ဘူး။
အရူးကွက်ပဲနင်းလိုက်တော့မယ်။

3.G talk ဆိုသောအရာသည် အသဲကွဲတတ်ပါသောကြောင့်
နောင်ဘ၀ဆက်တိုင်း အင်တာနက်  မသုံးတတ်သောသူ
ဖြစ်ရပါလို.ဧ။် အရှင်ဘုရား…

4.အွန်လိုင်းမှာ
လူတိုင်းကို
ဖွန်လိုင်း လို.တော့ မထင်လိုက်ပါနဲ.
ငါကတော့ အူရိုင်း လေးပါ ..ချစ်သူ….

5.အသစ် မြင်တိုင်း ချစ်ချင်ပေမဲ့
အဟောင်းကလည်း ..ချောင်းရိုက် မှာစိုးလို.
နဂို အတိုင်းပဲ ခင်အောင်ပေါင်းလိုက် ပါစို.နော် ….

6.ဦးနှောက် စားခြင်း သီးခံပါ …
အချစ်တော့ကျွေးရန် ရှိသည် …
အ၀စား =1500

7.ငါ့အချစ် မျိုးကိုလေ
တရုပ်လိုရှာပြီး
ကူလားလိုစုကြည်.စမ်းပါ …
ဗမာလိုဖြုန်း ချင်မှာတောင် မဟုတ်ဘူး…

8.စော်မြင်တိုင်း ငမ်းချင်ပေမဲ့
စောက်ခွက်က မလန်းလေတော့
ရုပ်ဆိုးလေးနဲ.ပဲ …
တိတ် တခိုးချစ် ပါရစေ…နော် ..

9.G talk မှာစော်တွေက ဘောက်သောက်ဆိုပေမဲ့
မင်းက လွဲရင် မက်လောက် စရာ စောက်ဆင့်တော့ မရှိကြပါဘူး….

10.ငါ့ အချစ်က မင်းအတွက်သာ ..Promotion ရှိတာပါ …
တခြားလူအတွက် တော့ .Discout မရှိ တဲ့ Show Room ထဲက
ပစ္စည်းအဟောင်းကြီး ပါကွာ …..

11.online မှာ Q စရာ လူတွေက  များပေမဲ့
လူတကာငေး အောင်
ရူပါလေးတောင်မလန်းတဲ့
ငါ့ရဲ.ဘ၀ကို …
မင်းရင်ထဲမှာ …
နေစရာလေးတော့ပေးပါ ကွာ…

12.မင်းက
မဟုတ်တရုပ်နဲ.
ကလေးကုလားတွေလုပ်နေတာကို
ငါက ကပ္ပလီလို
ဟတ် ဟတ်ဆိုပြီး ..ရီချင်သေးတယ် …

13.အသစ်မြင်တိုင်း မခင်ချင်တတ်တဲ့ ..
ငါ့နှလုံးသားကို …နင်မြင်အောင်မဖတ်တတ်တာကို က
ငါ့စိတ်ထဲမှာ ..အတော်အမြင်ကတ်စရာဖြစ်နေပြီနော် ….

14.ဤအကောက်ပိုင်ရှင် သည် စော်မြင်တိုင်း အသေငမ်းတတ်ပါသဖြင့်
ရေရေလည်လည် လန်းသူများ…မယုံလျှင် သေသေချာချာ စမ်းသပ်နိုင်ပါသည်။

15.နေပါ စေဆိုတော့ ဆိုလည်းနေလိုက်ပါ့မယ်။
ဒါပေမဲ့ သေချာဖြေရှာကြည်.တော့
ငါနေချင်တာ က မင်းရင်ခွင်လေးထဲမှာ။

16.ခင်သီတာထွန်းအေးကျော် ရေ…
ငါ ခင်မောင်သိန်းထွန်းဝင်းပါ ဟ
နေကောင်းလား …ဒါနဲ.
နင့်သူငယ်ချင်း ..ခင်ရတနာသုနြေ္ဒဦး ကော….

17. စောက်ရှက် မရှိတဲ့ ငါ့လို ကောင်မျိုးကို စောက်ဖတ်လုပ်နေတာကိုက
မင်းကိုယ်တိုင် စောက်မှတ်မရှိသေးလို.ပဲ ….

18.မင်းက အသားတွေ ဖွေးဖွေးဆွတ်ပြီး ခင်မင်စရာကောင်းလို.
နာမည်တစ်ခုပေးမယ်နော် ခင်ဖွေး (ခွေးဖင်)…..

19.ကံတရား Conection မကောင်းလို. တခြားကောင်တွေလို မHi နိုင်တဲ့
ငါ့နှလုံးသားAccount လေးကို အယောင်ဆောင် invisible ထင်ပြီး…
Block List ထဲမထည်.ပစ်လိုက်ပါနဲ.ချစ်သူ…..

20.မင်းစိတ်ကြိုက် ငါ့ဘ၀ကို
သွန်လိုသွန် …မှောက်လိုမှောက်
ရှုချင်ရှု …စားချင်စားပါ …
ငါ့ဘ၀က မင်းလက်ထဲက အီးပါကွာ…..

21.အချစ်ကို မှ ငတ်တတ်တဲ့ ငါ့ ကို
မင်းက အိနြေ္ဒ ကြီးနဲ. ဈေးတတ်နေတော့
သူတောင်းစားလို တောင်းမစားတော့ဘူး ..
ကလေးတစ်ယောက်လိုပဲ …အော်ငိုပစ်လိုက်မယ် …၀ါးဝါးလို.  …

22.အချစ်ဆိုတိုင်း တငမ်းငမ်း ဖြစ်တတ်တဲ့ ငါ့နှလုံးသား
မျက်မမြင်လို တစမ်းစမ်းနဲ.  မင်းနဲ.တွေ.တော့
ဖလန်းဖလန်းထနေပါလား …..

23.ကြေကွဲ ခြင်းသာ သီချင်းတစ်ပုဒ်ဆိုရင် အဲ့ဒိ သီချင်းကို ကလေးတစ်ယောက်ကို မုန်.ဖိုး ပေးပြီး အော်ဆိုခိုင်းပစ်လိုက် ချင်တယ် …

24.မင်းအချစ်သာ ဂျင်းဘောင်းဘီ တစ်ထည်ဆိုရင်…အဲ့ဒိဘောင်းဘီကို
မချွတ်ပဲနဲ. အမြဲဝတ်ထားလိုက်ချင်တယ် …(လျှော်ရသက်သာတာပေါ့)

 

ကဲ..ပြုံးပျော်နိုင်ပြီး ဘ၀အမောတွေပြေနိုင်ကြပါစေခင်ဗျာ….။

ရီလဲရီ Comment လေးတွေလဲပေးခဲ့ ကြပါဦးနော် :D 

အသည်းနှလုံးကိုခွဲတယ်ဆိုတာဘာလဲ ?

$
0
0
တစ်နေ့ ကျွန်တော် ပန်းခြံထဲသွားတော့ အရိပ်ကောင်းတဲ့ အပင်တစ်ပင်အောက်က အပင်ကိုပတ်ပြီးရိုက်ထားတဲ့ ထိုင်ခုံလေးမှာ အေးအေးထိုင်နေမိတယ်။
ခဏကြာတော့ ကျွန်တော့် အနောက်ဖက်က ခုံမှာ အတွဲတစ်တွဲလာထိုင်တယ်ဗျ။ သူတို့ကတော့ သိတဲ့အတိုင်းပဲ ကုကျိကုကျိ နဲ့ ပြောနေကြတာပေါ့ဗျာ . . . ။
ကျွန်တော်လဲ အားအားယားယား ထိုင်နားထောင်နေတာပေါ့။ ကောင်မလေးကပြောတာက

"ကို . . . မေ့ အသည်းနှလုံးကို ခွဲမသွားရဘူးနော်"
"ကိုယ်လေ မေ့အသည်းနှလုံးကို ခွဲသွားဖို့ကို လုံးဝမတွေးမိခဲ့ပါဘူးကွာ . . . ။ ဖြစ်နိုင်မယ်ဆိုရင်လေ ကိုယ်ရဲ့ အသည်းနှလုံကို မေ့ရဲ့ရင်မှာ မြုပ်နှံထားဖို့အသင့်ပါ အချစ်ရာ " တဲ့။
ကဲ ကြည့်ဦး ပေါက်ပေါက်ရှာရှာ တော်တော်ပြောတဲ့ကောင် သူ့အသည်းနှလုံးကို ကောင်မလေးရဲ့ ရင်မှာ မြုပ်နှံရအောင် ကောင်မလေးရဲ့ ရင်ဘတ်ကသချိုင်းကုန်းလားလို့။ ပြီးတော့ နောက်တစ်ခုရှိသေးတယ်

 ကောင်မလေး ပြောတာက အသည်းနှလုံကိုခွဲတယ်တဲ့။ တွေးကြည့်ပါဦး လူခန္တာကိုယ်ထဲမှာက အသည်းက
သတ်သတ်၊ နှလုံးကသတ်သတ် သူ့ဘာသာသူ သီးခြားတည်ရှိနေတာကိုခွဲမယ်ဆိုတော့ နည်းနည်းပဲ ဘုကျတယ်ပြောပြောဗျာ မေးကြည့်ပါဦးမယ် အသည်းနှလုံးကို ခွဲတယ်ဆိုတာက ဘာလဲလို့ . . . . ။

တော်ကီတွေကလန်ထွက်နေတယ်

$
0
0
ကောင်မလေး တွေသဘောကျမယ့် တော်ကီ (၁၀)ခွန်း ကို ကောင်လေး ပြောပြမယ်နော်။
….တခု သိထားဖို့ က ဒီလို ပြောတိုင်းသာ ကောင်မလေး တွေ ကြိုက်မယ်ဆိုရင်…
သူ့ ကို ပြောခဲ့တာ ကြာပါပီ….။……..
                             
ဆွဲဆောင်မှုရှိပြီး ချောမောလှပသော မိန်းကလေးတစ်ဦးနှင့် စတင်တွေ.ဆုံ စကားဖောင်ဖွဲ.ပါက မနောခွေ.သွားစေမည့် အကောင်းဆုံး စကားကြီး (၁၀)ခွန်းကို ကမ္ဘာတစ်ဝန်းရှိ လူပေါင်း (၄၀၀) ကျော်အား မေးမြန်းထားပြီး ဗြိတိန်နိုင်ငံက စစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့သည် ။
တစ်စုံတစ်ယောက်နှင့် အထူးသဖြင့် မိန်းကလေးတစ်ယောက်နှင့် စကားပြောဆိုပါက ဟာသဥာဏ်ရှိခြင်းသည်သာ အကောင်းဆုံး စွဲဆောင်နိုင်သော နည်းလမ်းဖြစ်ကြောင်း စစ်တမ်းတွင် ဖြေဆိုသူ ၅၀% ကျော်က ဖြေဆိုကြသည် ။
(၁)  မင်းအဖေက စောရတစ်ယောက်ဖြစ်နိုင်တယ် ။       
      ဘာလို.လဲဆိုတော့ သူက ကြယ်တွေကို ခိုးပြီး မင်းမျက်ဝန်းတွေထဲ ထည့်ထားလို.လေ။
                                    ကာလမ်ဘတ်စ် ( ဗြိတိန် နှင့် အမေရိကန် မော်ဒယ်လ်ဟောင်း )

(၂)  တကယ်လို.သာ အက္ခရာတွေကို ပြန်စီလို.ရမယ်ဆိုရင်  …..

     U နဲ. I ( မင်းနဲ့ ငါ ) အတူကပ်ပြီး ထားလိုက်ချင်တယ်
                                                  
                                   ကာရိုး ဗွန်ဒါမန် ( ကစားပွဲ အစီအစဉ် Countdown ကိုတင်ဆက်သူ)
 
 
(၃)  ကိုယ် နတ်ပြည်ရောက်နေတာဖြစ်ရမယ် ။
      နတ်သမီးလေးတစ်ပါးကို တွေ.နေရလို.လေ…။

 
                                  မာရီယို မာကိုနီ (ဗြိတိန် နာမည်ကြီး ရုပ်သံ ဇါတ်လမ်းတွဲများတွင်ပါဝင်ခဲ့သူ )

(၄)  မင်း မိုးပေါ်ကကျလာတုန်း ခိုက်မိသွားသေးလား ။
                                  

                                 ခရစ်တီယာနို ရော်နယ်လ်ဒို ( မန်ယူ နှင့် ရီယဲလ် ကစားသမားဟောင်း )
(၅)  ရော့ ..ဒီမှာ  ဆယ်ပြား..။ မင်းအမေကို ဖုန်းဆက်လိုက် ။ ဒီည ပြန်မလာတော့ဘူးလို. ..။
 
                                 ဂျိုဒီးမားရှ် ( ဗြိတိန် မော်ဒယ်လ်နဲ. သရုပ်ဆောင် )

(၆)  မင်းကို ဖမ်းလိုက်ပြီ..။ ငါ့ အိပ်မက်ထဲ အခွင့်မရှိဘဲ ၀င်လာလို. ။

                                ရိုင်းစ်အိုင်ဖန်း ( ဝေလနယ်သား သရုပ်ဆောင် )

(၇)  နဲနဲ ကြမ်းလို. ဆင်ဆာဖြတ်ပါတယ် ခင်ဗျာ ။
                                              
(၈)  မင်းမောနေပြီ မဟုတ်လား။ တနေကုန် ငါ့စိတ်ထဲမှာ ပြေးလွားနေရလို.လေ..။
                                                

                               လီရှပ် ( မန်ယူ ကစားသမားဟောင်း နှင့် ရုပ်သံတင်ဆက်သူ )
 
(၉)  နဲနဲ ဗြောင်ကျလို. ဆင်ဆာဖြတ်ပါတယ်ခင်ဗျာ ။
                                                                                             
(၁၀) မင်းမှာ မြေပုံ ရှိလား..။ ငါ မင်းမျက်ဝန်းတွေထဲမှာ လမ်းပျောက်နေလို.  ။
                                    

                              ဒါးရီးယပ် ဒန်နက်ရှ် ( စကော့တလန် အဆိုတော် ၊ သီချင်းရေးဆရာ )

မောင်...

$
0
0

  မောင် အသည်း ကျောင်းမသွားချင်ဘူး လျှောက်လည်ချင်တယ် မောင်လည်းကျောင်းမတက်နဲ.တော.နော်

  အသည်းကလဲကွာ ကျောင်းမတက်လို.ရမလား အိမ်က သိရင် ဆူမှာပေါ. လိမ်မာပါတယ် ကျောင်းသွားမယ်နော်

 အသည်းအိမ်က သိရင်လည်း မောင်တို.ကိုဆူလိမ်.မယ် အသည်းသွားချင်ရင် ကျောင်းပိတ်တဲ.နေ.လိုက်ပို.မယ်နော်

 ဟင်.အင်း ဟင်.အင်း အသည်း ဒီနေ.ကျောင်းမသွားချင်ဘူး မောင်နော် လိုက်မှာလားမလိုက်ဘူးလား

 မောင်.မျက်နှာချောချောလေး မှုန်ကုပ်လို. သွားပီ အသည်းကလည်း မရရတာကိုမှ လိုချင်သူပါ မောင်.လို စာတော်ပီးကျောင်းမှန်မှန်တက်တဲ.လူကိုမှ ချစ်သူတော်ထားတဲ. ကျွန်မအဖို. ကျောင်းဝန်းကြီးထဲမှာကောကျောင်းပြင်မှပါ ကျွန်မအဖို.အလွန်ကို မျက်နှာပန်းလှပါတယ် မောင်.ကအရပ်ရှည်ရှည် အသားဖြူဖြူ မျက်ခုံးကောင်းလွန်းပြီး
ပြုံးလိုက်ရင်လည်း သွားတက်လေးနှစ်ဖက်က လွန်စွန်မှ ချစ်ဖို.ကောင်းတဲ.မောင်ပုံစံလေးပါ ကျွန်မသိပ်ချစ်လွန်းတဲ.အချက်ကတော.
ကျွန်မဂျီကျသမျှကို မညီးမညူလိုက်လျောပေးတာလေးကိုပါ မောင်ကလည်း ရုပ်ချော ဥစွာပေါ ဖြစ်သလို ကျွန်မကလည်းမခေသူပါ
မောင်လိုရုပ်မချောကြီးမဟုတ်ပေမဲ. အဖေတူသမီးမို.လို. မျက်ခုံးမျက်လုံးကတော.သူများတွေထက် ထူးခြားလှပနေသူပါအခုခေတ်မိန်းခလေးများလို ဆံပင်ကာလာကို မဆိုးပဲ နဂိုတိုင်း အမဲရောင်လေးနဲ. သေသပ်ကျနစွာ မိတ်ကပ်မလူးပဲသနပ်ခါးရေကျဲလေးကို နှစ်ချိုက်မက်မောသူပါစာသင်ခန်းအတွင်း ကျစ်ဆံမြီးလေး နှစ်ဖက်ခွဲစီးထားသလိုတစ်ခါတစ်လေရောင်စုံကြိုးလေးတွေနဲ. စည်းတက်တဲ.ကျွန်မကို လူတိုင်းလိုလိုမသိတဲ.လူမရှိသလိုစကားပြောရင်လည်း အရမ်းစူးရှလွန်းလို.မိစွာတေးလို.လည်းမကြားတကြားခေါ်တက်ကြသေးတယ်လေကျွန်မကတော.ဂရုမစိုက်ပါဘူး တစ်နေ.တစ်နေ.မောင်.ကိုတစ်ခုမဟုတ်တစ်ခု ဂျီကျဖို.ပဲတွေးတောနေသူမို.လို.ပါ

မောင် ကျွန်မမျက်နှာကို တစ်ချက်ကြည်.လိုက်တယ် ကဲ အသည်းကျောင်းမသွားချင်ရင်လည်း ဘယ်သွားချင်လည်းဘာလုပ်ချင်လဲဘာစားချင်လဲမောင်.ကိုပြော ဟုတ်ပီလား ချစ်သည်းလေး

ဟုတ် ဒါကြောင်.မောင်.ကိုချစ်နေတာ ခိခိ

ပိုပီ ဒေါ်ချစ်သည်း မောင်.ကို

V Day နေ.မှာ

$
0
0

 

           မောင် ချစ်သူများနေ.တဲ.

         ဒီနှစ်လဲ မောင်နဲ.တွေ.ခွင်.မရနိုင်သေးဘူးနော်

        သူများတစ်ကာတွေလို ပိုစ်ကဒ်နဲ.ချောကလက်လေးပေးချင်ပေမဲ.

        အဝေးတစ်နေရာ ရောက်နေတဲ.မောင်.အတွက်

        ဘုရားမှာ ဆုတောင်းပေးပြီး အွန်းလိုင်းမှာ နှစ်ယောက်အတူစကားပြောရုံကလွဲပြီး

        မတက်နိုင်တော.ဘူးနော်

     မောင်.အတွက် ဆင်တူဝတ်စုံလေး မောင်.အတွက်ကော်ဖီခွက်လေး

    အမှတ်တရလက်ဆောင်လေးတွေ ဒီတစ်နှစ်လည်း သိမ်းထားရပြန်ပီမောင်ရယ်

      သတိရတိုင်း မောင်.ဓာတ်ပုံလေးကို စကားတွေအများကြီးပြောနေမိတယ်

    နောက်နှစ် V Day မှာ မောင်.နဲ.ပြန်ဆုံတွေ.ခွင်.ရချင်ပါတယ်လို........................ပြောရင်း .............လွမ်းတယ်မောင်

            (လမင်းလေး)

အိပ်မက်

$
0
0

ကျနော် = ငါနင့်ကိုအရမ်းလွမ်းတယ်

ကောင်မလေး = ဘာလို့လွမ်းတာလဲ?

ကျနော် = ချစ်လို့လွမ်းတာပေါ့

ကောင်မလေး = မဖြစ်နိုင်ဘူး

ကျနော် = ဘာလို့မဖြစ်နိုင်တာလဲ

ကောင်မလေး = ငါ့မှာအိမ်မက်ရှိတယ်ဟ
ငါချမ်းသာတဲ့လူကိုပဲ
ယူမှာဒါမှငါ့အိမ်မက်ထဲကလို့ တိုက်အမြင့်
ကြီးနဲ့နေနိုင်မှာ နောက်ဆုံးပေါ်ကားတွေ
တန်ဖိုးကြီး ဟန်းစက်တွေကိုင်နိုင်မှာပေါ့
နင့်ကိုယူလိုက်ရင်ဆိုင်ကယ်တောင်စီးဖူးလိုက်မှာ မဟုတ်ဘူ့း

ကျနော် = ခဏလောက်စောင့်ပေးပါ

ကောင်မလေး = ဘာကိုစောင့်ရမှာလဲ

ကျနော် = အလွမ်းတွေလိုက်ဝယ်တဲ့ လူကိုပေါ့ဟာ ငါ့အလွမ်းတွေကိုရောင်းလိုက်ရင် ငါအရမ်းချစ်သာသွားမှာနင်နေဖို့တိုက်အမြင့်ကြီးဆောက်ပေးမယ့် နင်အပေါ်ဆုံးထပ်မှာနေ နင်မပျင်းရ၀ူးနော် ဓာတ်လေကားစီးရလို့
နင်နေတဲ့အထပ်ရောက်ဖို့ ဓာတ်လေကား ၁နာရီလောက်စီးရမှာ (ကောင်မလေးပြုံးသွားတယ်)
နင်ကြိုက်တဲ့ ဘောလုံးသမားဒိုလေးကားကိုလဲ လေလံဆွဲပေးမယ် (ကောင်မလေး ခ်ခ် ရီနေတယ်) နောက်ဆုံးပေါ် အိုင်ဖုန်းတွေကိုလဲအရင်ဆုံးကိုင်ရတဲ့လူဖြစ်အောင်လုပ်ပေးပါ့မယ် ဖုန်းကာဗာတော့ ဈေးပေါတဲ့ အောင်သမာဓိ ရွှေဆိုင်ကပဲဝယ်လိုက်တော့မယ်(ကောင်းမလေးအားရပါးရရယ်နေတယ်) ဒါကြောင့်ခဏစောင့်ပါနော်

ကောင်မလေး = မစောင့်နိုင်ဘူး အကြော်တွေကျန်သေးတယ် သွားရောင်းတော့မယ် တာ့တာ (လက်လေးပြခဲ့)

ကောင်လေး = နင့်အမြဲပျော်ရွှင်ပါစေဟာ
(ကောင်မလေးမကြားပါ) ကောင်လေး
ရေခဲချောင်းပုံးလွယ်ရင်း
ကျန်နေခဲ့တယ်

မှတ်ချက် =ကျနော်ဆိုတဲ့ချာတိတ်လေးနဲ့
ကောင်မလေးဆိုတဲ့ချာတိတ်မလေးသည်
ပွဲဈေးတွေမှတွေ့ဆုံကြသည်။

Romantic ဖြစ်တဲ့အချစ်မျိုး အချိန်အတော်များများသင့်ကိုစိုးမိုးထားတဲ့အချစ်မျိုး ဆိုတာ

$
0
0

သူ့ကိုမမြင်ရပေမဲ့ သူ့ဓာတ်ပုံကို
သင်သတိတရနဲ့အမြဲထုတ်ကြည့်မိနေတတ်တယ်
သူအနားမရှိပေမဲ့ သူမကြိုက်တာတွေလုပ်ချင်လာတိုင်း
အလိုလိုထိန်းချုပ်မိပြီးသားဖြစ်သွားတတ်တယ်

သူ့စကားသံတွေအမြဲမကြားပေမဲ့
သူပြောတာတွေအမြဲဂရုတစိုက်မှတ်မိနေတတ်တယ်
ဘယ်လောက်အလုပ်ရှုပ်ရှုပ်
အချိန်ရတာနဲ့သူ့အတွက်ပဲအချိန်ပေးချင်နေတတ်တယ်

သူစိတ်မပူအောင်သဝန်မတိုရအောင်သင်နေတတ်တယ်
သင်ဈေးဝယ်ထွက်တဲ့အခါ သူနဲ့လိုက်မဲ့အသုံးအဆောင်
အဝတ်အစားတွေကို သတိထားပြီးကြည့်မိတတ်တယ်
လိုက်ဖက်မယ်ထင်တဲ့ပစ္စည်းလေးတွေသူ့အတွက် သင်ဝယ်လာတတ်တယ်

အမှတ်တရရက်စွဲတခုခုရောက်တိုင်း သူရင်ခုန်စေတဲ့လက်ဆောင်မျိုး စိတ်ဝင်စားစရာကောင်းတဲ့လက်ဆောင်မျိုးဖြစ်အောင်
ခေါင်းခြောက်ခံစဉ်းစားနေတတ်တယ်

သင့်အနားဘယ်လိုဆွဲဆောင်မှုကောင်းတဲ့လူတယောက်ရောက်လာပစေ
သင်လုံးဝစိတ်မကစားပဲနေတတ်တယ်
သင်ပျော်စရာရှိတိုင်း အပြည့်အဝဘယ်တော့မှမပျော်နိုင်ပဲ
သူသာအနားမှာရှိရင်ဆိုပြီး စဉ်းစားနေတတ်တယ်

သင်စိတ်ညစ်စရာရှိတိုင်း
တခြားလူထက်သူ့ကိုသာသင်မျှော်လင့်နေမိတတ်တယ်

တခါတလေ ဘာမှမလုပ်ပဲသူ့အကြောင်းတွေးပြီး
တယောက်တည်းပြုံးနေတတ်တယ် ဒါမှမဟုတ်တွေ့တဲ့အခါ
ဘယ်သွားမယ်ဘာလုပ်မယ်ဆိုပြီးစိတ်ကူးနဲ့ပျော်နေတတ်တယ်

သူနဲ့နီးဖို့ အတွက် သင်အစွမ်းကုန်ကြိုးစားနေတတ်တယ်
သူနဲ့ဝေးရင်တခြားတယောက်ထပ်ချစ်ဖို့မဖြစ်နိုင်တော့မှန်း
သင်သေချာနေတတ်တယ်

ပြီးတော့သင်နာကျင်ခဲ့ရသည့်တိုင်
သင့်စိတ်ထဲကသူ့ကို လိုလိုလားလားခွင့်လွှတ်နေမိတတ်တယ်လေ~~~

ကဲ အဲဒီထဲက သင်ရောဘယ်နှစ်ချက်ဖြစ်သလဲ ???

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>