အနိုင်ယူခြင်းထက် တဖက်လူအရှုံးပေးလို့ အနိုင်ရလိုက်ခြင်းက ပိုအရသာရှိပါတယ်။
ဟန်ဆောင်နေရခြင်းထက် ပွင့်လင်းရိုးသားစွာနေလိုက်ရခြင်းကပိုလွတ်လပ်အရသာရှိပါတယ်။
ရယူလိုခြင်းထက် ပေးကမ်းခြင်းမှာပျော်နိုင်ဖို့ ကြိုးစားလေ့ကျင့်နေမိပါသည် —
ကြီးပွားချမ်းသာလိုစိတ်ကိုမွေးမြူလို့ ရပါတယ်.....
မိမိရင်တွင်းတွင်ကြီးမွားချမ်းသာလိုစိတ်ကိန်းအောင်းလာရန်နေ့ စဉ်
၁၀မိနစ်ခန့် ရည်မှန်းချက်စိတ်မြေပုံကိုဆွဲပါ။
...စိတ်မျက်စိဖြင့်သင်သွားလိုသည့်ပန်းတိုင်ကိုမြင်အောင်ကြည့်ပါ.....
...ပန်းတိုင်ရှိအကျိုးအမြတ်များကိုရယူလိုစိတ်ကိုလှုံ့ ဆော်ပေးပါ....
သင့်ရင်တွင်းတွင်ကြီးပွားချမ်းသာလိုစိတ်သည်တစ်နေ့ တစ်ခြားရှင်သန်လာပါမည်။
တစ်ချိန်တည်းမှာပင်သင်မုချကြီးပွားချမ်းသာပေလိမ့် မည်။
ဖေမြင့်(ကြီးပွားချမ်းသာလိုသောစိတ်)စာအုပ်မှထုတ်ဖော်တင်ပြထားပါသည်..
ကျွန်မအတွေးယူဆချက်ပါ.....
ဆရာပြောထားတဲ စိတ်ကိုကျွန်မအခုအချိန်ထိနေ့ စဉ် ပြုလုပ်ပါတယ်...
ကျွန်မဆရာစကားကိုယုံကြည်တယ်...
လူတိုင်းမှာအောင်မြင်မှု နဲ့ အ ဝေးကြီးမှာရှိနေတာမဟုတ်ပါဘူး....
ကြိုးစားလိုသောလူတိုင်းအောင်မြင်မှု့ နဲ့ အနီးဆုံးမှာရှိနေတာပါ.....
လူငယ်တိုင်းရရှိထားတဲ့ လူဘ၀မှာသတ်တ၀ါတိုင်းအတွက်အကျိုးရှိသောအလုပ်
ကိုသင်စာကိုဖတ်ပြီးသည့်အချိန်မှစပြီးပြင်ဆင်ပါ....
ကြိုးစားပါ...
အောင်မြင်မှု့ များရရှိနိုင်ာကပါစေ.....
ချစ်တတ်တဲ.နှလုံးသား ခံစားတတ်တဲ.အသိ လွမ်းမောတတ်တဲ.အသည်းနှလုံး အဲဒါတွေကိုအပြည်.ပိုင်ဆိုင်
ထားပါတယ်။ကျွန်တော်ရဲ.အချစ်ဦး ဆောင်းသခင် ပျောက်ကွယ်သွားပြီးနောက် ကျွန်တော် အတော်လေး
အသည်းကွဲခဲ.ရပါတယ်။ဒါပေမဲ.ကျွန်တော် အရက်သောက်တာ ပျက်စီးအောင်နေတာတွေမရှိခဲ.ပါ။
အစားထိးအချစ်တွေလဲမထားခဲ.ပါ။
မကြာခင်ကကျွန်တော.်အဘိုးနှလုံးရောဂါနဲ. ဆေးရုံတင်လိုက်ရပါတယ်။သူကကျွန်တော်.
ဘ၀မှာအထီးကျန်ဖြစ်မှုာစိုးရိမ်ပါသတဲ.။မြေးလေး မောင်ကောင်းကျော်။ခင်ဗျာ......။အဘိုးတခုပြောချင်တယ်။
အဘိုးကတော်ရူံတန်ရုံ စကားပြောခဲပါသည်။ဖြေးဖြေးပြောပါခင်ဗျာ.....မောနေပါဥိးမယ်။ဟင်း.........သူကသက်
ပြင်းရှည်ကြီးကိုချပါသည်။မြေးလေး.......။ထပ်ခေါ်ပြန်ပါသည်။အသက်၈၀ အရွယ်အဘိုး။ငယ်ငယ်ကအတော်စွံ
ခဲ.သည်။ငယ်လင်ငယ်မယား အိုမင်းသည်အထိအတူရှိသည်။ မြေးလေးမှာချစ်သူရှိလား။ကြံကြံဖန်ဖန် အဘိုး
ရယ်။ဝါသနာမပါ အလုပ်ရှုတ်မခံချင်ပါဘူး။ဘုန်းကြီးလုပ်မှာပါဆိုဗျာ။အဘိုးတောင်ကုသိုလ်ရသေးတာ။
အဘိုးရှိတုံးကျွန်တော်သင်္ကန်းဆီးလိုက်မယ်နော်။ဒီစကားလဲကြားရောအဘိုးသတိမေ.သွားပါတယ်။
အဖေတို.အမေတို.အဖွားတို.ပြာယာခတ်သွားကြတယ်။ကျွန်တော်လဲအဘိုးသတိရလာတော.
၂ရက်၃ရက်ရှောင်နေလိုက်ပါတယ်။ဒီလိုနဲ.အဘိုးဆေးရုံကဆင်းလာပါတယ်။တအိမ်ထဲဆိုတော.နေ.စဉ်
တွေ.နေရတာပေါ.။ဟေ. ကောင်းကျော်ရော။ကျွန်တော် ဖွင်.ထားတဲ.အင်တာနက်ဆိုင်ထဲက အတိုင်းသား
အကျယ်ကြီးကြားရတယ်။ခင်ဗျာ..........ဘိုးဘိုး။မြေးကိုမိတ်ဆက်ပေးချင်လို.။အော် ဟုတ် ဟုတ်ကဲ.။
ဒါကမြသူဇာ တဲ.။စိတ်အထူးကုဆရာဝန်မ လေးပေါ.။ဟုတ်ကဲ. သိရတာဝမ်းသာပါတယ်။ကျွန်တော်က
ကောင်းကျော်ပါ။အိမ်မှာပဲမကွဲမကွာအင်တာနက်ဆိုင်လေး ဦးစီးနေပါတယ်။ အင်း အဘိုးအထွေအထူးမပြောချင်ဘူး။မင်း သူနဲ.ခင်ခင်မင်မင်နေ။
ဒီလိုနဲ.နောက်ဆုံးကျွန်တော်နဲ.မြသီတာကိုအဘိုးတို.လက်ဆက်ပေးခဲ.ကြရော။ကဲငါ.မြေး.........မင်.မလဲတနေ.
တနေ.ငုတ်တုတ်ထိုင်ပြီး ကွန်ပြူတာဘဲကြည်.နေရတာ အပန်းဖြေဟန်းနီးမွန်း ပျားရည်ဆမ်းခရီး ထွက်ဖို.ပြင်။
မိဘဘိုးဘွားစကားနားထောင်ရင်းကျွန်တော်တို. ချောင်းသာကို သွားခဲ.ကြပါတယ်။မိဘပေးစားတာဆိုတော.
ပေါ.ရွှတ်ရျွှ်ပေါ.နဂိုထဲက ဘုန်းကြီးဝတ်ချင်ပါတယ်ဆို။ခုတော.ကိုယ်.စိတ် သူ.စိတ်နှစ်ခုပေါင်းရတာ စိတ်ပျက်
စရာ။အလိုက်သိ အလျားသိ ခတ်ကြောက်ကြောက်ပါဘဲ။ခရုတွေကောက်ရတာလဲ ပျော်စရာလိုလို။လန်.စရာ
လိုလို။ကောင်မလေးကထစ်ဆိုစိတ်ကောက်ချင်တာ။သူ.ဟာသူစိတ်အထူးကုဆရာဝန်မကြီးဖြစ်ဖြစ်
ကလေးစိတ်လိုဘဲ။ကျွန်တော်.ကိုနိုင်ချင်တယ်။တခါပင်လယ်မှာ လှိုင်းစီးရင်းသူလှိုင်းခေါင်းချိုးနဲ.မိပြိးမြုတ်သွား
တယ်။ကျွန်တော်ငုတ်ပြီးမနည်းရှာရတယ်။တခါ လှိုပ်းကကမ်းစပ်ကိုရိုက်တင်လိုက်တာ သူအတော်အထိ နာသွားတယ်။ကျွန်တော်ရီချင်လိုက်တာ။ရေထဲခေါင်းကိုအသာနှစ်ပြီးခိုးရီလိုက်တယ်။
အဘိုးတို.ဘယ်လိုကောင်မလေးနဲ.ပေးစားတာပါလိမ်.။စဉ်းစားမိတယ်။အမှတ်တရကတော.ဗျာ။
တနေ.မတော်တဆအုန်းသီးတလုံးကျွ့န်တော်.ခေါင်းပေါ်ကိုပြုတ်ကျပါလေရော။ချက်ကောင်းကိုထိလို.
သတိမေ.သွားတယ်။နောက်ပိုင်းကျွန်တော်အိပ်ရာပေါ်ပြန်ရောက်ပြီးအတော်ကြာမှသတိရလာတယ်တဲ.။
ကောင်မလေးဘယ်လိုပျာယာခတ်မလဲသိချင်လိုက်တာ။
ကျွန်တော်.ခေါင်းမှာပတ်တီးနဲ.။honey moon လာတာဒဏ်ရာ ရရသလား။သူရှက်တယ်။
ဟဲ.နင်.အုန်းသီးကအမြင်.ကြီးကပြုတ်ကျတာဘယ်တတ်နိုင်မလဲ။မြသူဇာနှုတ်ခမ်းစူတယ်။စူစူမတတ်နိုင်
ဘူး။ငါ.ခေါင်းကအတိတ်တောင်မေ.သွားနိုင်တယ်။ငါနင်.ကိုဘယ်သူလဲမသိဘူး။ငါ.ကိုယ်ငါလဲဘယ်သူလဲ
မသိဘူး။ဒီhoney moonမှစိတ်ဆရာမကြီးအတော်ဦးဏှောက်စားသွားတယ်။ပျော်ရွှင်စရာဟန်းနီးမွန်းပါ
ခင်ဗျာ။
သင့်ရင်သွေးအား သူ့ ဘ၀တွင်လူတစ်လုံးသူတစ်လုံး
အဖြစ်နေနိုင်ရန်သူ့ အတွက်အကောင်းဆုံးပေးသင့်သောအမွေသည်
ငွေကြေး၊ပစ်စည်း၊ဥစ်စာ၊ခြံ၊မြေ၊ဓနစည်းစိမ်တို့ မဟုတ်....
သူ့ အတွက်အကောင်းဆုံးအမွေသည်
...အသိပညာ knowledge
...ကျွမ်းကျင်မှု စွမ်းရည် skillနှင့် 
...အောင်မြင်လိုစိတ် desire to succeed တို့ ဖြစ်ပါသည်...
သင့်သားသမီးအားအသိပညာ၊ကျွမ်းကျင်မှု စွမ်းရည်နှင့်အောင်မြင်လိုစေသာစိတ်တို့ မပါဘဲ
ငွေကြေး၊ပစ်စည်းဥစ်စာ၊ခြံ၊မြေတို့ ကိုအမွေထားခဲ့ ခြင်းနှင့် အတူတူပင်ဖြစ်ပါသည်...
ဖေမြင့် စာအုပ်မှကောက်နုတ်တင်ပြထားသည်...
နောက်တစ်ခုအကြံပြုချင်တာကတော့ 
မိဘတိုင်းရှေးရိုးအစဉ်လာတွေအတိုင်း
သားသမီးကိုစိုး၇ိမ်ပူပန်မှု့ တွေကိုဖယ်ရှားပြီး
သားသမီးတွေရဲ့ ဖြစ်ချင်မှု့ လေးတွေကို
လိုက်လျောပေးကြည့်ပါ.....
ချုပ်နှောင်ထားမည့်အစားကိုယ်ကိုတိုင်သားသမီးနှင့် 
ထပ်တူခံစားပေးကြပါ..........
သားသမီးတွေကိုစိုးရိမ်စိတ်ကြောင့် တိုးတက်မှု လမ်းတွေ
မနှောင့်နှေးစေချင်ဘူး....
လူငယ်တိုင်းမိဘကိုပြန်လည်နားလည်ပြုစုလုပ်ကျွေးနိုင်တဲ့ 
သားသမီးကောင်းများဖြစ်ကြပါစေ......
..
ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ်စကားများ
၂၀-၈၀ နိယာမ
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။
၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။
၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။
၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။
၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။
၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။
မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။
တတိယ ၈ နာရီ
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ
၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနား
ချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။
လမ်းနှစ်လမ်း
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်
တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။
တခါသုံးယုံကြည်မှု
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။
နောင်တ
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။
နေရာ
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊
ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။
လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။
သမာဓိ
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊
ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။
ရွေးချယ်မှု
နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။
ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။
မနာလိုခြင်းနှင့် အားကျခြင်း
သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။
နောက်ဆုံးအပြုံး
ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ
မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊
တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။
အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော်
ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊
အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။
ပူပင်သောက
လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။
တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။
အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။
အောင်မြင်မှုနှင့် တိုးတက်မှု
မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။
မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊
ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။
ဖိအားနှင့် တွန်းအား
အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်
သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥ
ကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊
အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့
အားတွေက ကြီးပြင်းရှင်သန်မှုပါ။
ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ
ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။
ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့
ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန်
ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
စာဖတ်သူများကိုအစဉ်လေးစားလျှက်
^ကျော်စွာလင်း^
မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေ ကောင်မလေး
သတိရတယ်ကောင်မလေးရယ်......လွမ်းဆွတ်တမ်းတခြင်းမျိုးဆိုတာ ဘယ်တော့မှမပျောက်ကွယ်နိုင်တဲ့အစိုင်အခဲတစ်ခုဆိုတာ ကြာလေပိုသိလေပါပဲကွာ......
မျှော်လင့်စောင့်စားမိနေတယ်......ဘယ်အချိန်များ ကောင်မလေးကိုယ့်အပေါ်သနား ကြင်နာခြင်းတွေစွန့်ကြဲလေမလဲလို့အချိန်တိုင်း စောင့်စားမိနေတယ်
သိပါ့မလားကောင်မလေးရယ်......ကိုယ့်ရဲ့အချစ်တွေက မင်းအတွက်ဆိုအရာရာ ပြီးပြည့်စုံစွာနဲ့ မင်းဘ၀လေးသာယာချမ်းမြေ့စေချင်ယုံပါ
မင်းရဲ့အနားမှာကိုယ်ဟာပါရမီဖြည့်ဖက်အဖြစ်နဲ့ အသက်တွေကြီးလို့ အဖိုးကြီးအဖွားကြီးဖြစ်ပြီးဆံဖြူသွားကျိုးတဲ့အထိ မင်းနံဘေးမှာ မင်းရဲ့လက်ကိုခိုင်ခိုင်တွဲလို့ ကြုံလာမယ့်ဘယ်လိုအနှောက်အယှက်မျိုးဖြစ်ဖြစ် မင်းကိုကိုယ်ကာကွယ်ပေးပြီး သက်ဆုံးတိုင် ကြင်နာခြင်းတွေနဲ့ မင်းကိုပျော်ရွှင်စေချင်တယ်
မင်းနှုတ်ခမ်းမှာအမြဲတမ်းအပြုံးပွင့်လေးတွေတွဲခိုနေတာလေးပဲကိုယ်မြင်တွေ့ချင်တယ်.....
မင်းမျက်ဝန်းတွေထဲမှာ အမြဲတမ်းကြည်စင်ဝင်းလဲ့နေတာကိုပဲကိုယ်မြင်တွေ့ချင်တယ်.....
မင်းရဲ့ပါးပြင်လေးဟာဘယ်တော့မှ မျက်ရည်တွေကျော်ဖြတ်လို့မရတဲ့နေရာတစ်ခုအဖြစ်ပဲကိုယ်မြင်တွေ့ချင်မိတာပါ ကောင်မလေးရယ်........
ကိုယ့်ရင်ထဲမှာရှိသမျှကိုပဲကိုယ်ဖွင့်ပြောတတ်တယ်ကောင်မလေး မုသားစကားဆိုတာ မင်းနဲ့ပတ်သက်ရင် ကိုယ့်နှလုံးသားထဲမှာကော ကိုယ့်နှုတ်ခမ်းမှာပါ ဘယ်တော့မှမရှိတတ်တဲ့သူစိမ်းဧည့်သည်ပါ....
တကယ်ချစ်မိပြီဆိုရင် အလိုလိုနေရင်းရိုးသားချင်လာတယ်.......
လိမ်ညာဟန်ဆောင်တာမျိုးတွေကွယ်ပျောက်သွားတတ်တယ်ကောင်မလေး
ကိုယ်ဟာတကယ်တမ်းယှဉ်ပြိုင်သင့်တာမင်းရဲ့အပြုံးလက်နက်နဲ့ပါ
မင်းကိုတသက်လုံးမပြုံးစေနိုင်ဘူး မင်းကိုတသက်လုံးမျက်ရည်ကျစေရမယ်ဆိုရင် ကိုယ်ဟာအရှုံးသမားပါ
မင်းကိုတသက်လုံးအပူအပင်ကင်းမဲ့တဲ့ဘ၀ကလေးမှာပဲ ကိုယ်ထားချင်တယ်
ကိုယ့်ရဲ့အရိပ်သြ၀ါသအောက်မှာ မင်းဟာအမြဲတမ်းလန်းဆန်းနေမယ့်ပန်းလေးတစ်ပွင့်ပဲဖြစ်စေချင်တယ်
ဒါဟာကိုယ့်ရဲ့ချစ်ခြင်းတွေပါ......
ဒီချစ်ခြင်းတွေကိုသက်သေပြုလို့ကောင်မလေးရင်ထဲကစာနမူသနားဆုလေးများစွန့်ကြဲလေမလားလို့မျှော်လင့်ခဲ့တဲ့နေ့ရက်ပေါင်းလည်းမနည်းတော့ဘူး နှစ်လတာရှည်ပါစေလေ...... ကိုယ်မျှော်လင့်နေပါ့မယ်
ကောင်မလေးပြန်ချစ်လာနိုင်မယ့်တစ်နေ့ဆိုတာ ဘယ်နေ့ပဲဖြစ်ဖြစ် ကိုယ်စောင့်နိုင်ပါတယ်
လူတိုင်းဟာရှင်သန်ရာကနေသေဆုံးရတယ် ကိုယ်လည်းလူသားတစ်ဦးပါ
ဘယ်အချိန်သေဆုံးရမယ်ဆိုတာမသိပေမယ့် ကိုယ့်ရင်ထဲမှာကောင်မလေးကိုဘယ်တော့မှမေ့မှာမဟုတ်သလို ဘယ်တော့အခါမှလည်းအချစ်လျှော့မှမဟုတ်ဘူးကောင်မလေး....
သေပြီးနောက်ဘ၀ဆိုတာ တကယ်တော့ဒဏ္ဍာရီသက်သက်ပါ
လူတိုင်းသေပြီးသွားရင် မေ့ပင်အောက်မှာဆုတောင်းရတယ် မေ့ပင်အောက်မှာဆုတောင်းပြီးမှသာ လူ့ဘ၀ထဲဝင်စားခွင့်ရတာတဲ့ကောင်မလေး....
အကယ်လို့များကိုယ်သာမေ့ပင်အောက်မှာဆုတောင်းခွင့်ရမယ်ဆိုရင်တောင်
ကိုယ်ဆုတောင်းမှာမဟုတ်ဘူး ကောင်မလေးကိုချစ်တဲ့ဒီနှလုံးသားကိုဘယ်လိုမှမမေ့လျှော့ချင်ဘူးကောင်မလေးရယ်
သိပ်ချစ်တယ်ကောင်မလေးရယ်........
မင်းရဲ့အနီးမှာထာဝရနေနိုင်ခွင့်မရပေမယ့်
မင်းရဲ့နှလုံးသားရဲ့အနီးမှာသာနေထိုင်ခွင့်ရမယ်ဆိုရင်............
တွဲလက်ကလေးတွေခိုင်မြဲကြစေ
“လက်ထပ်မင်္ဂလာ”တဲ့ ကျက်သရေရှိလွန်းပြီး ဘ၀နှစ်ခုပေါင်းစည်းဖို့အတွက်
ပေါင်းကူးတံတားလေးဆိုလည်းမမှားပါဘူး
လူတိုင်းက ကိုယ့်ရဲ့ဖူးစာရှင်ကို ငယ်ငယ်လေးကတည်းကစိတ်ဝင်စားကြတယ်
ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်လိုရုပ်ရည်ရှိမလဲ၊ချောသလားလှသလား
ဒါမှမဟုတ် ချမ်းသာလား ဆင်းရဲလား
ပညာတတ်မလား ပညာမတတ်ဘူးလား
ဒါဟာ ငယ်ငယ်လေးကတည်းက ဆယ်ကျော်သက်အရွယ်မှာ စိတ်ကူးယဉ်ခဲ့ရတဲ့
အိပ်မက်လေးတစ်ခုပေါ့
ကိုယ့်ရဲ့ဖူးစာရှင်ကိုသိချင်ကြတဲ့သူတွေကတော့ ဗေဒင်၊တားရောဒ့်၊ အကြားအမြင်
အမျိုးမျိုးပေါ့ အဲ့ဒီလိုပညာရှင်တွေဆီမှာမေးမြန်းကြတဲ့သူတွေရှိသလို
ဘယ်လိုပုံစံနဲ့တွေ့ဆုံရမလဲဆိုပြီး ရင်ခုန်စွာမျှော်လင့်နေတဲ့သူတွေလည်း အများကြီးပါ..
ဖူးစာရှင်ကိုရှာဖွေတယ်ဆိုတာ တကယ်တော့ ပျောက်ဆုံးနေတဲ့ကိုယ့်ရဲ့တခြားအခြမ်းကို
ရှာဖွေတာနဲ့အတူတူပါပဲ
ဟိုးအရင်တုန်းကဆိုလူတွေဟာ မျက်နှာနှစ်ခု၊ကိုယ်ခနွ့ာနှစ်ခု၊ခြေတွေလက်တွေက အပိုနှစ်ခုဆီပါရှိကြသတဲ့
အဲ့တော့ နတ်မင်းကြီးတွေက လူသားတွေဟာ ခွန်အားကြီးမားလာပြီး
သူတို့ကို တိုက်ခိုက်လာမှာကိုကြောက်တဲ့အတွက် ကိုယ်ခနွ့ာနှစ်ခုကိုနှစ်ခြမ်းခွဲလိုက်သတဲ့
အဲ့ဒီအခြမ်းတွေက ကွဲထွက်ပြီး လူတစ်ယောက်အဖြစ်ရှင်သန်နေထိုင်ကြတယ်တဲ့လေ
ဒီလိုအဖြစ်အပျက်ဖြစ်ပြီးတဲ့နေကစလို့ လူတွေက ကိုယ့်ရဲ့ခနွ့ာကိုယ်အခြားအခြမ်းကို
ရှာဖွေတော့တာပဲတဲ့.......
ဥပမာ
သူ+ကျွန်မ=ဘ၀တစ်ခု
ဒီလိုပါပဲ ကျွန်မရဲ့ဖူးစာရှင်ဟာကျွန်မရဲ့ပျောက်ဆုံးနေတဲ့အခြားအခြမ်းတစ်ခုပဲဖြစ်မှာပါ
ကိုယ့်နဲ့ဆုံဆည်းမယ့် နံရိုးရဲ့ပိုင်ရှင်ပဲပေါ့။
တစ်ခုတော့ပြောချင်တာပေါ့....ဘ၀တစ်ခုကိုထူထောင်လိုက်ပြီဆိုကတည်းက ဘယ်လိုပဲ
အခက်အခဲကြုံကြုံပေါ့ ကိုယ့်ရဲ့လက်တွဲဖော် ပါရီမီဖြည့်ဖက်နဲ့သာ
ဘ၀ခရီးလမ်းကိုဆုံးထိတိုင် ဖြတ်သန်းသွားလာစေချင်တယ်..
ကျွန်မတို့ခရစ်ယာန်ဘာသာမှာဆိုရင်လည်း လက်ထပ်ထိမ်းမြားပြီဆိုတာနဲ့
လက်ထပ်ထိမ်းမြားပေးမယ့် သင်းအုပ်ဆရာက
ဘ၀ခရီးလမ်းတလျှောက်ပေါင်းဖက်မယ့်ချစ်သူနှစ်ဦးဟာ
ချမ်းသာသည်ဖြစ်စေ...ဆင်းရဲသည်ဖြစ်စေ
ဝမ်းသာသည်ဖြစ်စေ......၀မ်းနည်းသည်ဖြစ်စေ
ပျော်ရွှင်သည်ဖြစ်စေ...စိတ်ဆင်းရဲသည်ဖြစ်စေ
သေတပန်သက်တဆုံးသားမှတ်မှတ်မယားမှတ်မှတ်ဖြင့်
အခက်အခဲကြုံသည်ဖြစ်စေ ပျော်ရွှင်ရသည်ဖြစ်ပါစေ
သေမကွာရှင်အတူရာသက်ပန်ပေါင်းဖက်ကြရစေဖို့အတွက်
မင်္ဂလာသတို့သား၊သတို့သမီးတွေကိုဂတိပြုဝန်ခံထွက်ဆိုခိုင်းကြတယ်
လူရှေ့ဘုရားရှေ့မှာတိုင်တည်ဂတိပြုထားတဲ့အတွက် ကောင်းချီးမင်္ဂလာဟာ
ဒီအိမ်ထောင်ပေါ်မှာဆထက်တိုးပွားနေမှာပါပဲ.......။
ဒီတော့ ပေါင်းဖက်ကြမယ့်ချစ်သူများကိုမှာချင်ပါတယ်.....ကိုယ်နဲ့လက်ထပ်မယ့်သတို့သမီးဟာ
ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့အခြားအခြမ်းပါပဲ
ကိုယ့်ကိုယ်ကိုယ်မြတ်နိုးတန်ဖိုးထားသလို ကိုယ့်ရဲ့အခြားအခြမ်းဖြစ်တဲ့
ကိုယ့်ရဲ့သတို့သမီးလေးကိုလည်း ကိုယ်နှင့်အမျှထပ်တူ တန်ဖိုးထားစေချင်ပါတယ်
သူဘက်ကအားနည်းချက်ကိုပဲသိပြီးအရေးကြုံတိုင်းမနှိပ်ကွပ်ပဲ
သူ့အားနည်းချက်တွေကိုသိနားလည်ပြီး စာနာဖေးမမူတွေနဲ့
အိမ်ထောင်တစ်ခုကိုတည်မြဲစေအောင်ကြိုးစားသင့်ပါတယ်
ဒါမှသာ ပြီးပြည့်စုံပြီးလူတကာလေးစာအတုယူထိုက်တဲ့မိသားစုအိမ်ထောင်လေးဖြစ်တည်နိုင်မှာပါ
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်
အက်စတာနူးနူး
ကျွန်တော် အမေ့ကိုမုန်းတယ်… အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး….
မျက်လုံးတစ်ဘက်ပဲရှိတယ်…. ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့
ကောင်းတာပဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး
ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့
အမေ့ကိုကြည့်ပြီး ကျွန်တော် ရှက်တယ်…. အမေ့ကြောင့် လူတွေက
ကျွန်တော်တို့ကို အထင်သေးကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေတွေလို
ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြ**့ နားကို
မလည်နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို ကျွန်တော် မချစ်ဘူး.. မုန်းတယ်…
ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေလုပ်တယ်….
ကျောင်းသား မိဘတွေကို ဖိတ်တယ်… ကျွန်တော် အမေ့ကို မလာစေချင်ဘူး… ဒါပေမယ့်
အမေက ကျောင်းကို ရောက်လာတယ်… အမေ ဘယ်လိုများ လုပ်လိုက်တာလဲ..
လူတွေကြားမှာ ကျွန်တော့်ကို အရှက် လာခွဲတယ်…. ရှက်စရာ ကောင်းလိုက်တာ..
အခုတော့ ကျွန်တော့် အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ
ရှိတဲ့သူဆိုတာ ကျောင်းကသူငယ်ချင်းတွေ အကုန် သိကုန်ပြီ ကျွန်တော် အမေ့ကို
ခါးခါးသီးသီး ကြည့်မိတယ်… ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတယ်…
နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး
“မင်းအမေက မျက်လုံး တစ်ဘက်တည်း ရှိတယ်နော်” လို့ စကြတယ်.. အော်ဟစ်
နောက်ပြောင်ကြတယ်…
ကျွန်တော် ဒေါသလဲထွက် ရှက်လဲ ရှက်မိတယ်…. အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ
ပျောက်ကွယ်သွားပါစေလို့ကို ဆုတောင်းမိတယ်… သူများ အမေတွေလို
ကြည့်ကောင်းတဲ့ ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ
မချမ်းသာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာပဲ..
အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်..
“အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက်သွားတာလဲ.. အမေက သူများအမေတွေလိုလဲ
မလှဘူး…. ရုပ်ကဆိုး၊ ဆင်းကလဲ ဆင်းရဲသေးတယ်….. အမေဟာ ကျွန်တော့ကို
အရှက်ခွဲဖို့ သက်သက်များ အသက်ရှင်နေတာလား… အမေဘာကြောင့် မြန်မြန်မသေတာလဲ”
လို့ ရက်ရက် စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်။
အမေက ဘာမှကို ပြန်မပြောဘူး…. ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ်
ဆိတ်ဆိတ်ပဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့
စိတ်မကောင်း ဖြစ်သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့.. ဒါပေမယ့်
တစ်ချိန်တည်းမှာပဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ်သွားမိတယ်… ကျွန်တော်
တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…
အဲဒီည…. ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့
ထမင်းစားခန်းထဲကိုအသွား တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော်
တွေ့လိုက်တယ်.. ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး
ငိုနေတဲ့ အမေ…..။ အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး
ပြန်ထွက်လာခဲ့တယ်…
တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော်
ကိုယ်တိုင်လည်း အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ
နေသလိုပါဘဲ… ဒါပေမယ့် အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့
အမေ့ကို ကျွန်တော် မုန်းတယ်…
ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိတယ်…. ခုချိန်ကစပြီး
ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်အောင် ကြိုးစားတော့မယ်… ငါ့ဘ၀ကို
အောင်မြင်အောင် လုပ်မယ်.. ငါအမေ့ကို မုန်းတယ်.. ပြီးတော့ ဒီ စုတ်ပြတ်
ဆိုးဝါးလှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်.. ဒီကနေငါလွတ်အောင် ရုန်းမယ်..
အမေ့ဆီကနေ….. ပြီးတော့ ဆင်းရဲခြင်း ဆီကနေ…..
အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုးလ်မြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန်
ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်……. ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက်
အပြည့်နဲ့ပေါ့ အထက်တန်း အောင်တော့ ဆိုးလ်တက္ကသိုလ်ကြီးမှာ
ပညာသင်ခွင့်ရတယ်… ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး
ပြင်းထန်လာတယ်၊ ခိုင်မာလာတယ်..
ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့
ကိုယ်ပိုင်အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်.. သားသမီးတွေရလာတယ်.. ခုတော့
ကျွန်တော့် ဘ၀မှာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့
လူတစ်ယောက်အဖြစ် ရပ်တည်နေပြီ… ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်..
ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့
ကျွန်တော့်ငယ်ဘ၀ အဲဒါတွေကို သတိရစရာ ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး…
ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော်
ပျော်နေပြီ…. ကျေနပ်နေပြီ…
ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ
ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို
ရောက်လာတယ်…..
“ဘုရားရေ…..အမေပါလား”
“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ ရှိနေတုန်း… ဆိုးလိုက်တာဗျာ..”
ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ….
ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကိုမြင်တော့
လန့်အော်ပြီးအိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို
တက်လာတယ်…
“ခင်ဗျားဘယ်သူလဲ.. ခင်ဗျားကို ကျုပ်မသိပါလား .. ခင်ဗျားက ကျုပ် အိမ်ကို
ဘာကိစ္စနဲ့ လာရတာလဲ.. ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး
လန့်သွားပြီ…. သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..
“အို…. ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာ မှားပြီး ၀င်လာမိတာပါ…”
အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး
ကျွန်တော့်မျက်စိရှေ့ကနေတစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်..
တော်ပါသေးရဲ့.. ဘုရား မ လို့.. အမေ ကျွန်တော့်ကို မမှတ်မိဘူး..
ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. ကိုယ့်ကိုယ်ကို ပြောမိတယ်..
“ငါနောက်ကို သတိထားစရာ မလိုတော့ဘူး… ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ
ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”
တစ်နေ့….. ကျွန်တော့်ဇာတိဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းကနေ
ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မယ့် ဖိတ်စာလေး ရောက်လာတယ်။
မသွားချင်ပေမယ့် ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို
အမှန်အတိုင်းမပြောဘဲ စီးပွားရေးကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော်
လိမ်လိုက်တယ်… ကျွန်တော့ရဲ့ ဆင်းရဲတဲ့ ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို
ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…
တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့
ထွက်လာခဲ့တယ်။ အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး။
အမိုးအကာမလုံတဲ့ တဲကုတ်လေးပါ။ ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့
စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီး
ကြည့်ချင်တာနဲ့ ထွက်လာတာ….
ဒီမှာဘဲ.. ကျွန်တော့်အမေကို အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ
တွေ့လိုက်ရတယ်… ဒါပေမယ့် ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ၀မ်းနည်းတဲ့
စိတ်နည်းနည်းလေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို
တွေ့ရတယ်… ကျွန်တော်ယူကြည့်လိုက်တော့ အမေရဲ့ မပီမသ မလှမပ လက်ရေးလေးတွေနဲ့
ကျွန်တော့်အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်…
သားလေးရေ…
အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး
ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့
ဆိုးလ်ကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင်တော့မှာ မဟုတ်ပါဘူး….
သားလေးကို အမေ့ဆီတစ်ခေါက်လောက် လာလည်စေချင်လိုက်တာကွယ်…. အမေလေ သားလေးကို
အရမ်းလွမ်းလို့ပါ.. တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ
ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ၀မ်းသာလိုက်တာ..
ဒါပေမယ့် ကျောင်းကို အမေမလာဖို့ ဆုံးဖြတ်ထားပါတယ် အဲဒါက
သားလေးအတွက်ပါကွယ်… အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့
သားကို အရှက်ရစေတာ အမေ ၀မ်းနည်းပါတယ် သားရယ်… အမေ ပြောပြပါ့မယ် သားရယ်…
အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆဖြစ်ပြီး သားမျက်စိတစ်ဖက်
ပျက်စီး သွားခဲ့တယ်… အမေတစ်ယောက်အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့သားကို
ဘယ်လိုလုပ် ကြည့်ရက် နိုင်ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့
လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်…
ယူကျုံးမရ ဖြစ်ရတယ်…. ကြီးလာရင် ငါ့သားလေး ရှက်မယ်ဆိုတာ အမေသိတယ်…. အမေက
အသက်ကြီးပြီ.. သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ… ဒါကြောင့်
အမေ့ရဲ့ မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ… အမေ့ရဲ့ မျက်လုံးနဲ့
လောကကြီးကို ငါ့သားလေး ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့အတွက်
သားကိုကြည့်ပြီး အမေ၀မ်းသာမိတယ်.. ဂုဏ်ယူမိတယ်…. ဒီအတွက် အမေဘယ်တော့မှ
စိတ်မကောင်း မဖြစ်ပါဘူး.. ၀မ်းလဲမနည်းခဲ့ပါဘူး.. ငယ်ငယ်က အမေ့ကို သားလေး
စိတ်ဆိုးခဲ့ဖူးတယ်.. စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ အမေ
သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး ငါ့သားလေး ငါ့ကို ချစ်လို့ ပြောတာဘဲလို့
အမေတွေးခဲ့ပါတယ်.. အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘ၀၊ အမေရဲ့
ကမ္ဘာပါကွယ်……..
အိုး.. ကျွန်တော့်အသည်းတွေ ကွဲကုန်ပါပြီ။ အမေရယ်….
သားကိုခွင့်မလွှတ်ပါနဲ့… ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့…..
ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့
မျက်လုံး တစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့အတွက် သူ့မျက်လုံးကို
စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော် သိလိုက်ရပါပြီ…. ကျွန်တော့်အတွက်
ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ်
နားမလည် တတ်ခဲ့တဲ့ ကျွန်တော်… ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်…
လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက်
ငိုကြွေးနေမိပါပြီ…
ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား.. မိဘစေတနာကို နားမလည်တဲ့
သားမျိုး၊ မိဘသေမှ နောင်တရတဲ့ သားမျိုး ဘယ်တော့မှ မဖြစ်ကြပါစေနဲ့ဗျာ….
မြို့သူမြို့ သားညီအစ်ကိုမောင်နှမအားလုံးပဲမင်္ဂလာပါခင်ဗျာ....
ဒီနေ့ တော့ software မပါ WIFI hack နည်းလေးကို ဗဟုသုတဖြစ်အောင် တင်ပြလိုက်ပါတယ်
ဒီနည်းလေးကလူတော်တော်အသုံးလည်းများပါတယ် အခုချိန်လောက်ဆိုရင် ဖွတ်ဖွတ်ညက်ညက်ကျေအောင် လူတိုင်းသိနေလောက်ပါပီ
ကျွန်တော်တို့ မြို့ တော်မှာတင်တာမတွေ့ သေးတဲ့အတွက် နည်းပညာပြန်လည်မျှဝေလိုက်ရတာပါ......
အင်တာနက်security type WEP မှာ 0နဲ့ စပြီး နံပတ်တွေချဉ်းပဲရှိတဲ့ WIFIတစ်ခုကို passwordမှာထိပ်အစက 0ကိုဖြုတ်၍ နောက်ကနံပတ်တွေပြန်ရေး ပြီး 1FFB0ဆိုတာလေးကိုပေါင်းထည့်လိုက်ရင် ကွန်ပြူတာပဲဖြစ်ဖြစ် ဖုံးပဲဖြစ်ဖြစ် ဝိုင်ဖိုင်မိပါတယ်
သတ်မှတ်ဧရိယာအတွင်း အသုံးပြုလို့ ရပါတယ်။ ဧရိယာပြင်ပဆိုရင်တော့မရဘူးပေါ့ ကျွန်တော့်စက်မှာမိတဲ့ ဝိုင်ဖိုင်နာမည်က 094604
security type က WEP အဲ့ဒါကိုကျွန်တော်က passwordမှာ946041FFB0လို့ ရိုတ်ထည့်လိုက်တယ် ခဏနေတော့ WIFIအသုံးပြုလို့ ရတော့တာပဲ တခြားWEPတွေလည်း လိုင်းချိတ်ပါတယ် ဧရိယာပြင်ပဖက်ရောက်နေတော့ internet access မဖြစ်ပါဘူး
နောက်ကျွန်တော်ချိတ်လို့ ရတာတွေက 0E7708 ပါ 0ရှေ့ကစထားတဲ့WEPတွေကို ထိုနည်း၎င်း အသုံးပြုနိုင်ပါတယ်...နောက်တစ်နည်းကတော့ ကျွန်တော်ကလိနေတုံးပါအောင်မြင်ရင်လက်တို့ ပါ့မယ်
အားလုံးသောဘဝတွေပျော်ရွှင်နိုင်ကြပါစေ....
မှော်ဆရာ
ဝုန်း...
ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။
အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။
အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။
ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို့ ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန့် အားနဲ့ အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်။
ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။ အိမ်သို့ ပြန်ရောက်သည်နှင့် အဖေက ဒီမှာထိုင် ဒါလားကွ ယောင်္ကျား ။။
မင်းကို ငါတို့ က တစ်ယောက်ထဲ မွေးထားတာ မင်းမှာ ညီမ မရှိဘူးဆိုပြီး နှမချင်း မစာနာပဲ ဒီလို လုပ်တာလား။
မဟုတ်ပါဘူး အဖေရာ သားတို့ ခုလဲ ဘာမှ မဖြစ်ကြပါဘူး။ သူလဲ ပြောသွားတယ်လေ။ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အခွင့်အရေး ယူဖို့ ကျိုးစားတယ် မဟုတ်လား မလိမ်နဲ့ ငါ့ကို မှန်မှန်ပြော။
ဟုတ်ပါတယ် အဖေ သား ၀န်ခံပါတယ်။ သား ကျိုးစားမိပါတယ် သား မှားပါတယ်။ငါအိမ်ပြန်ရောက်တာ မြန်ပေလို့ ပေါ့ကွာ။ ဒီမှာ မောင်မောင် မင်းကို အဖေ ငယ်ငယ်လေးကတည်းက ဘုရား ရှစ်ခိုးတိုင်း ငါးပါးသီလ ခံပြီး ရှစ်ခိုးခိုင်းတာ မင်းစိတ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလိုမျိုး သဘောထားခဲ့တာလား။
မထားပါဘူးအဖေရာ ကံငါးပါးကို မကျူးလွန်အောင် အဓိပ်ပါယ်ပါ အဖေရှင်းပြပြီးမှ ရှစ်ခိုးခိုင်းခဲ့တာပါ။ဒါဆို ဘာကြောင့် ခုလို လုပ်ရသလဲ ကဲပြော။ ဒါ ကာမေသု မိစ္ဆာစာရကံလေ။
ဟုတ်ပါတယ်အဖေ သားကလဲ လူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလို ဖြစ်ခဲ့ရတာပါ။ သားတောင်းပန်ပါတယ်အဖေ။ တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဂတိပေးပါတယ်။ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ။အေးမှတ်ထား ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး။ စိတ်ဓါတ်ကအစ တကယ်ယောင်္ကျား ပီသတဲ့စိတ်မျိုး ထားနိုင်မှ ယောင်္ကျားကွ။ ကိုယ်လက်ထပ် မယူနိုင်သေးတဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဒီလို မလုပ်နဲ့ ။ သူက ကိုယ့်ကို ချစ်လို့  အလို လိုက်မယ် ဆိုရင်တောင်မှ ကိုယ်က အခွင့်အရေး မယူသင့်ဘူး။ မှတ်ထား ကိုယ်ကလဲ ချစ်သူဘ၀မှာ ဒီလိုမျိုး အခွင့်အရေး မတောင်း အပ်ဘူး။
ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ့ ရင် တောင်းပန်လိုက်ပါ့မယ် အဖေ။အေး ဒါက လုပ်သင့်တဲ့ အလုပ်ပဲ။ ယောင်္ကျားကောင်းမှန်ရင် မှားတာကိုလဲ ရဲရဲ ရင့်ရင့် ၀န်ခံရဲတဲ့ သတ္တိ ရှိရမယ်။ အေး နောက်ထပ် ဒါမျိုး အဖေ မတွေ့ ချင်ဘူး။ မင်းဂတိကိုလဲ မင်းမှတ်ထား။ သွားတော့။
ဒီလိုနဲ့  ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ့ ညီ ဦးချစ်ခင်ရဲ့ အိမ်ကို ကျွန်တော် ရောက်သွားပါတယ်။
ဟာ လာဟေ့ ငါ့တူ မောင်မောင် ဘယ်လိုလဲ ပျောက်ချက်သား ကောင်းနေပါလား။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။
ဟုတ်တယ် လေးလေးချစ်ရေ အိမ်မှာ ဟိုနေ့ က ပြဿနာ အကြီးကြီး တက်လို့ ။
ကျွန်တော်က အဖေ့ညီ ဦးချစ်ခင်ကို ဦးလေးချစ်ဟု မခေါ်ပဲ လေးလေးချစ်ဟုခေါ်ပါသည် ။ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ့ လား။
ဟုတ်တယ်လေးလေးချစ် အဖေနဲ့ ကျွန်တော်နဲ့ ။ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး။
ကျွန်တော်က ဟိုတနေ့ က အကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။အင်းမင်းကလဲ မင်းပဲ အေးလေ မင်းက လူငယ်ပဲ။ ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကို ငါသိတယ်။ သူက ဒါမျိုး မရဘူးကွ။ သူနဲ့ ငါနဲ့ က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ့ ကိုကြောက်ခဲ့ရတာကွ။ ဘုရားရှစ်ခိုးတိုင်းလဲ ငါးပါးသီလ ခံပြီး ရှစ်ခိုးရတာ အင်း ခုထိပါပဲကွာ။ အဲဒီ အကျင့်ကောင်းလေးကတော့ ခုထိကို စွဲနေတော့တာပါပဲ။ မင်းအန်တီလေးနဲ့ လေးလေးနဲ့ အိမ်ထောင် မကျခင် ချစ်သူဘ၀မှာလဲ မင်းအဖေ က လေးလေးကို မင်းကို အခုပြောသလိုပဲ ဆုံးမခဲ့တာကွ။ ငါနဲ့ မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး ပေးစားခဲ့တာကွ။
ဟုတ်လား အန်တီလေး။
ကျွန်တော်က လေးလေးချစ် ဘေးနားတွင် ထိုင်နေသော လေးလေးချစ် မိန်းမ အန်တီ မိုးမိုး ကိုလှမ်းမေးလိုက်ပါတယ်။
အမလေး မင်းအဖေကတော့ မပြောပါနဲ့ တော့ မောင်မောင် ရေ့ ။
မင်းလေးလေးနဲ့ ချစ်သူဖြစ်တာ မင်းအဖေ သိသွားတော့ အန်တီလေးကို တွေ့ ချင်တယ် ခေါ်ခဲ့လို့ ပြောတယ်။ အန်တီလေးလဲ ကြောက်ကြောက်နဲ့ လိုက်ပြီး တွေ့ ခဲ့ရတယ်။
ပြောတာများ စုံနေတာပဲ။ လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ ။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့ စိတ်အလို မလိုက်ကြဖို့  ၂ ယောက်စလုံးကို ပြောဆို ဆုံးမပြီး ဂတိတောင်းတယ်လေ။ နောက်တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ လက်ထပ်ပေးခဲ့တယ်။ မင်းအဖေက ကိုယ်ကျင့်သီလကို အရမ်း တန်ဖိုးထားတဲ့လူ။ မင်းလဲ မင်းအဖေ စကားကို နားထောင်ပါ ငါ့တူရယ်။ဟုတ်ကဲ့ပါ အန်တီလေးရယ် ကျွန်တော်လဲ နောက်မဖြစ်အောင် သတိထားပါတော့မယ် ဂတိပေးပါတယ်။
မင်းကိုတော့ လေးလေးချစ် အပြစ် မတင်ချင်ပါဘူးကွာ ဒါပေမဲ့ နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ့ ကွာ။ ဒီခောတ်မှာ မင်းတို့ အရွယ် လူငယ်လေးတွေ အတွေးအခေါ် မှားနေတာလေးတွေတော့ လေးလေးချစ် ပြောပြချင်တယ် ။ ဒါပေမဲ့ ခောတ်ရေစီးကြောင်းကို အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ။
ဟိုတစ်နေ့ က မနက်ပိုင်းလေးလေး ထိုင်နေကြ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး လေးနားဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက် စကားပြော နေတာများကွာ လေးလေး ကြားရတာနဲ့ တင် ဒေါသဖြစ်မိတယ်။ မိန်းကလေးတွေကို ဟင်းရွက်ကစွန်းများ အောက်မေ့နေသလား မသိပါဘူးကွာ။ ဘယ်မိန်းကလေးနဲ့ ဘယ်လို စွံနေတာ သူ့ ကိုဘယ်လို အခွင့်အရေးပေးတာ သူပြောသမျှ အားလုံး လိုက်လျောတာ သူ့ ကို ဘယ်လောက်ချစ်တာ စုံနေတာပါပဲကွာ။ တစ်ယောက်နဲ့ တစ်ယောက် ကောင်မလေးတွေနဲ့ ပတ်သက်လို့  ဂုဏ်ဖေါ်ပြောနေကြတာ။ လေးလေးက သူတို့ စကားတွေကြားရတော့ သူတို့ အကြောင်း မသိပဲ ချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို ကိုယ်ကျငိ့တရား ကောင်းအောင် မဆုံးမခဲ့ကြတဲ့ သူတို့ မိ ဘတွေကိုပဲ အပြစ်တင်ချင်နေမိတော့တယ်။ ဒီလိုသာဆိုရင် ငါတို့ တိုင်းပြည်မှာ ကိုယ်ကျင့် သီလကို တန်ဖိုးထားတဲ့ ယောင်္ကျားကောင်းတွေ တဖြည်းဖြည်း ရှားပါးလာပြီး နောက်ဆုံး ယောင်္ကျား ခန္မာကိုယ် ရှိတဲ့ ယောင်္ကျားယုတ်တွေပဲ များလာတော့မယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယောင်္ကျားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် ။ ပတ်ဝန်းကျင်မှာလဲ မြင်နေရတာပဲ။ စိတ်ကို မနိုင်ကြလို့ ငယ်ငယ် ရွယ်ရွယ်နဲ့  မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ မကြာပါဘူး ပြန်ကွဲသွားကြ နဲ့  မင်းလဲ မြင်နေရတာပဲ။ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကွဲလေးတွေဖြစ် သွားကြတော့ မပျက်စီးသင့်တဲ့ မိန်းကလေးတွေ အများကြီး ပျက်စီးသွားရတာပေါ့ကွာ ။
ဒီလို ကိစ္စတွေဟာ ဘယ်သူ့ ကိုမှလဲ အပြစ်ပြောလို့ မရပြန်ဘူးကွ။ ခုခောတ် သူတို့ လေးတွေ ပတ်ဝန်းကျင် မှာလဲ နိုင်ငံခြား ရုပ်ရှင်တွေ ဗွီဒီယိုတွေ သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်းတဖုံအားဖြင့် ဆွဲဆောင် သလို ဖြစ်နေကြတာလဲ ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကအနေနဲ့  မိန်းကလေးတွေ ကလည်း စိတ်အလို မလိုက်ပဲ စည်းတဲ့ ကမ်းနဲ့ နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကို အလို မလိုက်ရဘူး။ ယောင်္ကျားလေးတွေကလည်း ငါဟာ ယောင်္ကျားဆိုတဲ့စိတ်ကို မွေးပြီး သူ့ နှမ ကိုယ့်နှမ စာနာတဲ့စိတ်နဲ့  ကိုယ့်ချစ်သူကို မြင့်မြတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် အချောင်ရတာပဲ ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ယောင်္ကျားယုတ်တွေရဲ့ စိတ်မျိုး မထားအပ်ဘူး။ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုရင် နောက်ဆုံး ဖြစ်ချင်တာ ဖြစ်လိုက်လို့ တကယ် နစ်နာသွားတာက မိန်းကလေးတွေ ဖြစ်နေလို့ ပဲ။ ဒါကြောင့် မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကပိုပြီး အရေးကြီးတယ်လို့ ပြောချင်တာ။ နောက်ဆုံး ပြောချင်တာကတော့ မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမ ပေးခဲ့ကြရမယ်။ ဒါမှ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ သားသမီးလေးတွေ ဖြစ်လာကြမှာ။ အခုလို ဖြစ်ချင်တာ ဖြစ်ကုန်ကြတာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုး မရှိကြလို့ ပဲ။ အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း သွန်သင် ဆုံးမမခံခဲ့ကြရလို့ ပဲ။
ဒါကြာင့် ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို အနာဂတ် တို့ တိုင်းပြည်ကို လွှဲပြောင်းယူမဲ့ ယနေ့ လူငယ်လေးတွေဟာ ကိုယ်ကျင့်သီလကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူငယ်လူရွယ်လေးတွေ များများ ပေါ်ပေါက်လာပါစေလို့ ပဲ လေးလေး ဆုတောင်းနေမိပါတော့တယ်ငါ့တူရယ် ။။။။။။။။။
ကျွန်မလေ သိတတ်စအရွယ်တုန်းကစပြီး ချစ်မှန်းမသိ ချစ်ခဲ့တဲ့
အရာလေးတွေ ရှိခဲ့တယ်..။
ကျွန်မနေတဲ့ဇာတိမြို့လေးရဲ့ တောင်ထိပ်ပေါ်ကနေကြည့်ရင်
မြို့ပတ်လည်ဝိုင်းရံခစားနေတဲ့ တောင်တန်းပြာပြာကြီးနဲ့
ပန်းချီဆရာတောင်ရေးလို့မမှီနိုင်တဲ့စိမ်းလန်းစိုပြေနေပြီး
သဘာဝကျကျရှုခင်းအလှ သစ်တောကြီးတွေကို ကျွန်မ ချစ်တယ်..။
ညနေဆည်းဆာချိန် အိပ်တန်းပြန်တဲ့ ဌက်ကလေးတွေနဲ့
တစ်နေ့တာကို နှုတ်ဆက်နေတဲ့ နေလုံးနီနီကြီးကိုလည်း ကျွန်မ ချစ်တယ်..။
မှောင်လွန်းတဲ့ညဉ့်နက်ထဲ လူသားအားလုံးကို ရက်ခွဲခြားပြီး
တတ်စွမ်းသမျှအလင်းရောင်ပေးတဲ့ ဖိုးလမင်းကြီးနဲ့
မှိတ်တုတ်မှိတ်တုတ်အားလေးကိုအဖော်ပြု ကိုယ်စီပြုံးပြတတ်တဲ့
ကြယ်ကလေးတွေကိုလည်း ကျွန်မ ချစ်တယ်..။
ဒါတွေကိုချစ်လို့ ကျွန်မကို အရူးတစ်ယောက်လို့ ဆိုမှာလား....?
ဆိုချင်လည်း ဆိုပေါ့နော်..ဒါတွေဟာ
တစ်ချိန်တုန်းက ကျွန်မရဲ့ စိတ္တဆန်တဲ့အချစ်တွေပါ..။
ခုကျတော့ ချစ်ရတဲ့ ချစ်သူက ကျွန်မကို
“ အရမ်းချစ်တယ်နော် ” ဆိုတဲ့.. ရိုးရိုးသားသားစကားလုံးနဲ့
ကျွန်မနှလုံးသားကိုချည်နှောင် ဦးနှောက်နဲ့
ငြင်းဆန်ချိန်မရနိုင်အောင် ပြောတတ်ဆိုတတ်ပြီး
ကျွန်မအချစ်ကိုသိမ်းပိုက် သံယောဇဉ်ခိုင်မြဲအောင်
ပြုနိုင်စွမ်းတဲ့ချစ်သူလေးမို့ ကျွန်မ ချစ်တယ်..။
သစ်ရွက်လေးတွေ လှုပ်ခတ်တဲ့ အရွယ်ကိုကျော်လွန်ပြီး
အသက်အရွယ်ဆိုပေမယ့်ကျွန်မနှလုံးသားဟာ ချစ်သူဆီက
“ ချစ်တယ်ဆိုတဲ့ ..”ဝေါဟာရစကားလုံးအောက်မှာ
ပျော်ဝင်စီးမျောလို့ရူးသွပ်
ချစ်သူနဲ့တစ်စက္ကန့်လေးတောင် မခွဲချင်လောက်အောင် ချစ်သူကို ကျွန်မ ချစ်တယ်..။
ကျွန်မရင်ခုန်သံဟာ ချစ်သူကိုမြင်တာနဲ့ ရေလှိုင်းကြီးတွေလိုတစ်ဝုန်းဝုန်း ခုန်လာတာ
ကျွန်မကိုကျွန်မတောင် အံ့သြမိတယ်..။
ဒါဟာ ချစ်သူကို ကျွန်မ ချစ်တဲ့ အချစ်စိတ်တွေလားနော်
တစ်ခါက..ကျွန်မချစ်သူက..ပြောဘူးတာမှတ်မိနေပါရဲ့..
“ အချစ်ဆိုတာ..နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက ပေါက်ဖွားလာတဲ့အရာ..” တဲ့
ဒါဆိုရင်..ကျွန်မထင်ပါတယ်..
အချစ်ဆိုတာ..ချစ်ရသူအတွက်..ကျွန်မရင်ထဲက.. နူးညံ့သိမ်မွေ့ကဗျာဆန်တဲ့
အရာတစ်ခုဆိုရင်..
ဒီစာစုလေးဖတ်နေရတဲ့..သူငယ်ချင်းတို့ရော..ဘယ်လိုထင်မလဲ..နော်…။
ဖြူဖြူ(ကိုယ်ပိုင်အိမ်)....28.1.2014(103း0pm)
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ…
ထမင်းဟင်းရဲ့ အရသာကို ပေါ်ပေါ်လွင်လွင်လေး ခံစားချင်ရင်…
ထမင်းမစားခင် သွားနဲ့ ခံတွင်းကို သန့်ရှင်းထားရမယ်…
အချစ်ရဲ့ အရသာကို ပေါ်ပေါ်လွင်လွင်လေး ခံစားချင်ရင်…
အချစ်နဲ့မတွေ့ခင် မိမိကိုယ်ကို သန့်ရှင်ထားဖို့လိုအပ်တယ်…
ဒီလိုပါပဲ…
သဘောတရားတွေရဲ့အရသာကို ပေါ်ပေါ်လွင်လွင်လေး ခံစားချင်ရင်တော့…
နှလုံးသားနဲ့ ဦးနှောက်ကို သန့်ရှင်းထားဖို့လိုအပ်တယ်…
ကဲ…အခု တန်းတူအမြင်ဆိုတဲ့ သင်ခန်းစာလေးတွေ သွားကြမယ်…
အချစ်ရေး နဲ့ အိမ်ထောင်ရေးမှာ
ယောက်ျား မိန်းမ တန်းတူအမြင်ရှိဖို့လိုအပ်တယ်…
လူတွေဟာ များသောအားဖြင့် တန်းတူအမြင်မရှိကြဘူး…
တိရစ္ဆာန်တွေလို ကြီးနိုင်ငယ်ညှင်းစိတ်တွေ ရှိနေတတ်ကြတယ်…
တချို့ ယောက်ျားတွေက မိန်းမကို တအားနိုင်တယ်…
တချို့ မိန်မတွေ ယောက်ျားကို တအားနိုင်တယ်…
မိန်မကို အနိုင်မရတဲ့အခါ…
မိန်းမ မုန်းတဲ့ ယောက်ျားဝါဒီတွေ ဖြစ်သွားကြတယ်…
ယောက်ျားကို အနိုင်မရတဲ့အခါ…
ယောက်ျားမုန်းတဲ့ မိန်းမ၀ါဒီတွေ ဖြစ်သွားကြတာ ထင်ရှားတယ်…
သူတို့ရေးတဲ့ ကဗျာတွေစာတွေကို ကြည့်လိုက်ရင် …
မသိမသာသော်လည်းကောင်း…
သိသိသာသာသော်လည်းကောင်း…
alignment out နေတာတွေ့ရလိမ့်မယ်…
သူတို့ဟာ
အချစ်ဆိုတဲ့ ခရီးလမ်းက ချိုင့်ခွက်တွေကို
မြေဖို့ပေးရမယ့်အစား…
အဲဒီချိုင့်ခွက်တွေကို ဘယ်လိုရှောင်တိမ်းသွားရမယ်လို့
ညွှန်ကြားရမယ့်အစား…
သူတို့ ကြုံတွေ့ခဲ့ရတဲ့
အချစ်မဟုတ်တဲ့ ဆိုးရွားတဲ့ အရာတွေကို အကြောင်းပြုပြီး…
အချစ်ဆိုတာ ဒီလိုချိုင့်ခွက်ကြီးတွေဟေ့…လို့
မှားယွင်းစွာ ဖော်ပြနေကြတယ်…
ဒါဟာ အချစ်နဲ့မတွေ့ဆုံ မကြုံကြိုက်ဖူးသူတွေအတွက်
အချစ်ဆိုတဲ့ သိမ်မွေ့တဲ့ သဘောတရားအပေါ်
အကြီးစား အထင်အမြင်တွေလွဲမှားမှုတွေအထိ ဖြစ်ပေါ်စေနိုင်တယ်…
အယူအမြင်လွဲမှားမှုဟာ တစ်ဘ၀လုံးနဲ့ဆိုင်တယ်…
တကယ်လို့
ယောက်ျားမကောင်းကြောင်းပြောတတ်တဲ့
ဆရာမကြီးတွေနဲ့တွေ့ရင်…
pressure ၀င်ပြီး
အချစ်ကို ဂဃနဏ နားမလည်တဲ့
အပျိုကြီးတွေဖြစ်သွားကြလိမ့်မယ်…
(အပျိုကြီးအားလုံးကိုတော့ မဆိုလိုပါဘူး)
လောကလူသားတွေမှာ
နပုန်းတွေ shemale တွေ ဖယ်ထားလိုက်ရင်
ပြေးကြည့်မှ ယောက်ျား မိန်းမ နှစ်မျိုးပဲရှိတယ်…
ယောက်ျားက မိန်းမကို မုန်းနေရင်…
ဒါမှမဟုတ် မိန်းမက ယောက်ျားကို မုန်းနေရင်…
မကောင်းမြင်နေရင်…
ဘယ်မှာသွားပြီး သာယာလှပပါတော့မလဲ…
ယောက်ျားက မိန်းမကို အနိုင်ယူနေတဲ့
အချစ်ရေး အိမ်ထောင်ရေး…
မိန်းမက ယောက်ျားကို အနိုင်ယူနေတဲ့
အချစ်ရေး အိမ်ထောင်ရေး…
သူတို့ရဲ့ဘ၀တွေ သာယာလှပမှု ရှိမရှိ
မျက်လုံးထဲသာ ပြေးမြင်ကြည့်လိုက်ပါ…
အဲဒါတွေအားလုံးရဲ့ အကြောင်းအရင်းကတော့
တန်းတူအမြင်မရှိလို့ပဲဖြစ်တယ်…
ဒီအထိ အားလုံး လက်ခံကြလိမ့်မယ်လို့ ယုံကြည်တယ်…
ကဲ…နောက်တဆင့်တက်မယ်…
ယောက်ျား မိန်းမ တန်းတူအမြင်ရှိမယ်ဆိုရင်…
ယောက်ျားဖြစ်လို့ သာတယ်ဆိုတာတွေ
မိန်းမဖြစ်လို့ နာတယ်ဆိုတာတွေ မရှိရဘူး…
တန်းတူအမြင်မရှိသူတွေ အတွက်တော့
သာတယ် နာတယ်ဆိုတာ ရှိနေဦးမှာပဲဖြစ်တယ်…
တချို့ကျမ်းတွေမှာ အမျိုးသမီးတွေကိုတော်တော်လေး
နှိမ်ချပြောဆိုထားတာတွေတွေ့ရတယ်…
- ဥပမာ -
မိန်းမဟူသည်
တိုရှည်မသိ
အလိုရှိတိုင်း
ထင်မိထင်ရာ
ပြုတတ်စွာ၏
ဆိုတာမျိုးတွေပေါ့....
ဘာသာရေးကိစ္စတွေမှာတောင်
အမျိုးသား အမျိုးသမီး ခွဲခြားမှုတွေရှိနေတာကို
စိတ်မကောင်းစရာတွေ့ရတယ်…
များသောအားဖြင့် အမျိုးသမီးတွေဟာ
တန်းတူအခွင့်အရေး မရကြသူတွေဖြစ်တယ်…
ဒါဟာယဉ်ကျေးမှုနဲ့လည်းဆိုင်တယ်…
တချို့ကိစ္စတွေမှာ ယဉ်ကျေးမှုဆိုတာ
နာမည်နဲ့မလိုက်အောင် အကျည်းတန်တယ်…
တချို့သော အမျိုး ဘာသာ သာသနာတွေမှာလည်း
မိန်းမတွေကို နှိမ်ချဆက်ဆံထားတာ တွေ့ရလိမ့်မယ်…
တကယ်တော့ ယောက်ျားနဲ့ မိန်းမဟာ
သဘာဝအနည်းငယ်ကွာခြားပေမယ့်
အခွင့်အရေးတွေအားလုံး တန်းတူဖြစ်တယ်…
- ဥပမာ -
အချစ်စိတ်ဖြစ်ပေါ်တဲ့ ယောက်ျားလေးတစ်ယောက်က
မိန်းခလေးတစ်ယောက်ကို ချစ်ခွင့်ပန်ခွင့်ရှိသလို…
အချစ်စိတ်ဖြစ်ပေါ်တဲ့ မိန်းခလေးတစ်ယောက်ကလည်း
ယောက်ျားလေးတစ်ယောက်ကို ချစ်ခွင့်ပန်ခွင့်ရှိတယ်…
ရှိလည်းရှိရမယ်…
ဒါမှသာ တန်းတူညီခြင်းဖြစ်တယ်…
ဒါဟာ ရိုးသားမှုရဲ့ပြယုဂ် တစ်ခုလည်းဖြစ်တယ်…
တိရစ္ဆာန်တွေမှာတောင် ရိုးသားမှု ပြယုဂ်တွေရှိတယ်…
သူတို့ဟာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဖို့အတွက်…
အမ ကနေစပြီး အထီးကို ချစ်ခွင့်ပန်ကြတာတွရှိတယ်…
သူ့သဘာဝအတိုင်း ဇီဝဖြစ်စဉ်အတိုင်းရိုးရိုးလေးပါပဲ…
လူတွေကျမှ သီးချိန်တန်မသီးရ…
ပွင့်ချိန်တန် မပွင့်ရပဲ…ဖြစ်နေကြရတယ်…
(ဘာ့ကြောင့်လဲ… ကိုယ့်ဘာသာကိုယ် စဉ်းစားပါ...)
တခါတလေမှာ ကျနော်တို့လူတွေဟာ
တိရစ္ဆာန်တွေဆီကတောင် ပြန်လည်သင်ယူရမယ့်
သဘောတရားတွေရှိနေတယ်…
မိန်းခလေးက စပြီးချစ်ခွင့်ပန်တဲ့နေရာမှာတော့
လိမ္မာပါးနပ်ဖို့တွေ ယဉ်ကျေးမှုနဲ့ ကိုက်ညီဖို့ တွေလိုအပ်တယ်…
တစ်ဖက်သား ကိုယ့်ကို အထင်မသေးစေဖို့
ဆောင်ရန် ရှောင်ရန်လေးတွေလည်း လိုအပ်တယ်…
အခုခေတ်မိန်းခလေးတွေက
တော်ပြီးသားတတ်ပြီးသားတွေဖြစ်တဲ့အတွက်
မိန်းခလေးက စပြီး ချစ်ခွင့်ပန်နည်းကိုတော့
ဒီနေရာမှာ သင်မပေးတော့ဘူး…
မိန်းခလေးက စပြီး ချစ်ခွင့်ပန်တာကို
နှာခေါင်းရှုံ့တဲ့ သူတွေ
သဘောမကျတဲ့သူတွေ ရှိကြမှာဖြစ်ပေမယ့်
မြန်မာဆိုက်ကိုကတော့
အဲဒီမိန်းခလေးအတွက် ရိုးသားစွာ ဂုဏ်ယူတယ်...
ချစ်ခွင့်ပန်ခြင်းရဲ့နောက်ဆက်တွဲရလဒ်တွေကို
လက်ခံနိုင်တဲ့ မိန်းခလေးဆိုရင်တော့...
ပိုပြီး လေးစားစွာနဲ့ ဂုဏ်ယူတယ်...
အကြောင်းကတော့ သဘောထားမှန်ကန်လို့ပဲဖြစ်တယ်...
ကိုယ်က ချစ်နေကြောင်း ရိုးသားစွာဖွင့်ဟတယ်...
လက်ခံခြင်း လက်မခံခြင်းဟာ သူ့အပိုင်းဖြစ်တယ်...
ဒါတွေပြောလို့ မိန်းခေလေးတွေကို
မြှောက်ပေးနေတယ်လို့ မမှတ်ပါနဲ့...
ချစ်တဲ့ စိတ်ကို မျိုသိပ်ကာထားပါများရင်
စိတ်အားကငယ်တတ်ပါတယ်...
မိန်းခလေးတွေရဲ့ ရင်မှာခံစားရတဲ့အဖြစ်ကို
ကျနော်တို့တတွေ နားလည်ပေးဖို့လိုအပ်ပါတယ်...
ကိုင်း... သင်ခန်းစာလေး နည်းနည်းဆက်ပြီး နိဂုံးချုပ်မယ်...
ဒါကတော့ ချစ်သူရှိပြီးသူတွေအတွက်ပါ...
Love mean balance…
အချစ် ဆိုတာ မျှတမှု ဖြစ်တယ်…
တနည်းအားဖြင့် တန်းတူညီမျှမှုဖြစ်တယ်…
တကယ်လို့ ကိုယ့်ချစ်သူအပေါ်
ကိုယ်ကအနိုင်ရထားတယ်
အနိုင်ယူထားမိတယ် ဆိုရင်...
ချစ်တဲ့စိတ်နဲ့ ကိုယ်ချင်းစာပြီး
အခုချက်ချင်း
တန်းတူအခွင့်အရေးပေးလိုက်ပါလို့ပြောချင်တယ်…
တကယ်လို့ ကိုယ့်ချစ်သူက ကိုယ့်ကို
အနိုင်ယူဗိုလ်ကျနေတယ်ဆိုရင်…
ဒီပို့စ်လေးကို ပေးဖတ်လိုက်ပါ…
သူနားလည်ရင် ပြောင်းလဲသွားပါလိမ့်မယ်…
နားမလည်ရင်တော့ သင်ပြောင်းလဲရပါလိမ့်မယ်…
လက်ရှိအချစ်က မညီမျှဘူးဆိုရင်
ညီမျှအောင် ကြိုးစားပါ…
အချိန်မဆွဲပါနဲ့…
တစ်နေ့တော့ ငါ့ရင်ထဲမှာရှိတာမင်းမြင်လာမှာပါ ဆိုပြီး…
တနေ့တနေ့နဲ့ ပတ်သက်လာလိုက်တာ…
တော်တော်ကြာကြာ သည်းမခံနိုင်တဲ့နေ့ရောက်မှ
နောက်ဆုတ်ဖို့ ကြိုးစားမယ်ဆိုရင်တော့…
အချိန်တွေ အရွယ်တွေနှောင်း ကြရလိမ့်မယ်…
နောက်ဆုတ်ဖို့ကြိုးစားရင်းလည်း ရှေ့တိုးမိနေတတ်ပါတယ်...
အပြစ်မမြင်ပါဘူး…ချစ်ချင်တာပဲ သိတယ်ဆိုရင်တော့လည်း…
မင်းသဘောအတိုင်းသာ…မင်းမနက်ဖြန်တွေဆက်သွားရမှာပါ…
ချစ်သူဘ၀ စ ချစ်ကတည်းက
မမျှမတ ဆက်ဆံလာရင် ချက်ချင်းပြောပါ…
နားဝင်အောင်ပြောပါ…
နားလည်အောင်ပြောပါ…
ချစ်ခင်အောင်လည်း ပြောပါ…
ချစ်ချင်အောင်လည်း ပြောပါ…
စိတ်တိုချင်ရင် ခဏတဖြုတ်စိတ်တိုပါ…
စိတ်ဆိုးတာတွေ စိတ်ကောက်တာတွေ မလုပ်ပါနဲ့…
ရန်ဖြစ်မဖြစ်ပါနဲ့…
အချစ်ရဲ့ဒဏ်ရာတွေဆိုတာ
တစ်ဘ၀လုံးစာ အနာတရတွေဖြစ်တယ်...
ဒါတွေကို လေဆာပစ်ပြီးကုလို့မရဘူးဆိုတာ နားလည်ပါ…
ဒီနေ့သင်ခန်းစာမှာ စကားတွေအများကြီးပြောလိုက်ရပေမယ့်…
လူသားတွေ ချစ်သူတွေ
ယောက်ျားတွေ မိန်းမတွေ
တစ်ယောက်နဲ့ တစ်ယောက်
တန်းတူအမြင်ရှိသွားကြဖို့ပဲ ရည်ရွယ်တယ်…
ဒီပို့ချချက်လေးကြောင့်
လူသားအချင်းချင်း
တစ်ယောက်နဲ့တစ်ယောက်
ယောက်ျား မိန်းမ တန်းတူအမြင် ရှိသွားကြမယ်ဆိုရင်ဖြင့်
ဒီဃနေ့ ပို့ချချက်အတွက်
မောရကျိုးနပ်ပါပြီလို့ ပြောကြားရင်း…
သင်ခန်းစာကို အဆုံးသတ်ပါတယ်…
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေဗျာ…
ချစ်သူထားသွားတဲ့နှလုံးသားလေး
အလွမ်းရဲ့နာကျင်ခြင်းဒဏ်ရာတွေနဲ့ ကြေမွနေလေရဲ့
ဒါကို ချစ်သူတစ်ယောက် သိမှာမဟုတ်ပါဘူး။
ချစ်သူချန်ရစ်ခဲ့တဲ့ အမှတ်တရလေးများ
ဘယ်တော့မှ မပျောက်ပျက်ဘဲ ကိုယ့်ရင်မှာ
ထာဝရကိန်းအောင်းနေမယ်ဆိုတာ
ချစ်သူတစ်ယောက် နားလည်မယ်မထင်ပါဘူး။
ချစ်သူအတွက်ကတော့ ကိုယ်တို့ရဲ့အမှတ်တရတွေက
အမှတ်တမဲ့ဖြစ်နေမှာပေါ့။
ချစ်သူပြောခဲ့ဖူးတဲ့ ချစ်စကားလေးများ
ကိုယ့်နှလုံးသားမှာ ကျောက်ထက်အက္ခရာတင်သလို
စွဲထင်ကျန်ရစ်နေပေမယ့်
ချစ်သူအတွက်ကတော့ ရေမှာအရုပ်ရေးသလို
ပျောက်ပျက်နေရောပေါ့။
ချစ်သူပျော်နေမှာပေါ့နော် ချစ်သူရဲ့ကမ္ဘာသစ်မှာလေ
ကိုယ်လဲပျော်နေပါတယ်ချစ်သူ
ပျော်နေမယ့် ချစ်သူမျက်နှာလေးကိုမှန်းမျှော်ကြည့်ရင်းပေါ့။။။။
ချစ်သူတိုင်းပေါင်းဖက်နိုင်ကျပါစေလို့ဆန္ဒပြုလျက်
pst
28-01-2014 ( Tue 3:45pm )
ပုဂံရာဇ၀င်မှာ အနော်ရထာလွန်တော့ သားတော်စောလူးမင်းနန်းတက်ပါတယ်
အဲဒီချိန်မှာ ကျန်စစ်သားက ရာဇ၀တ်သင့်လို့ပုန်းရှောင်နေရချိန်ဖြစ်ပါတယ်
မှူးမတ်တို့ရဲ့ အကြံပေးလျှောက်တင်ချက်ကြောင့်..စောလူးမင်းက
စစ်ရေးစစ်ရာကျွမ်းကျင်တဲ့ ကျန်စစ်သားကိုထီးနန်းကို ပြန်လည်ခေါ်ယူလိုက်ပါတယ်..။
အခါတစ်ပါး..စောလူးမင်းနဲ့ နို့စို့ဖက် ပဲခူးစား ငရမန်ကန်းတို့ ကြွေအံကစားကြပါတယ်
ငရမန်ကန်းက ကြွေအံကစားပွဲအနိုင်ရတော့ လက်ပန်းပေါက် ထခပ်ပါတယ်
“ နင်က ကြွေအံလေးတစ်ပွဲနိုင်ယုံမျှနဲ့ လက်ပန်းပေါက်ခပ်ရကောင်းလား
ယောက်ျားကောင်းမှန်လျှင် ငါကိုခြားနားဝန့်ကခြားနားလော့..” ရယ်လို့
ကြိမ်းမောင်းလိုက်တဲ့အခါ..
ငရမန်ကန်းက..“ အကယ်လော..” ဟုဆိုပြီး..ပဲခူးကိုပြန်သွားပါတယ်
ပဲခူးကိုရောက်တဲ့အခါ..လူသူလက်နက်စုဆောင်းလို့..
ကြည်းကြောင်း..ရေကြောင်းနဲ့..ပုဂံကိုတိုက်ခိုက်ဖို့ချီိတက်လာပါတော့တယ်..။
အဲဒီတိုက်ပွဲမှာ..စစ်ရေးစစ်ရာကျွမ်းကျင်တဲ့ ကျန်စစ်သားစကားကိုနားမထောင်လို့
စောလူးမင်းကို ငရမန်ကန်းက လက်ရဖမ်းဆီးရမိပါတယ်..
မှူးမတ်များက ကျန်စစ်သားကို ထီးနန်းအပ်ပေမဲ့..
“ ငါ့အရှင် အသက်ရှင်လျက် ရှိမရှိငါမသိ..ဖြစ်နိုင်လျှင် ငါ့အရှင်ကို ငါကယ်မည်..”
ဆိုပြီး..မွန်တို့တပ်အတွင်း ညအခါ အသက်စွန့်ဝင်ရောက်ရှာဖွေလို့
ကျန်စစ်သားက စောလူးမင်းကိုကြောပိုး ခိုးထုတ်ပါတယ်..။
စောလူးမင်းက..ကျေးဇူးရှင်ကိုအထင်မှားမိပါတယ်..
“ ငရမန်ကန်းသည် ငါနဲ့နို့စို့ဖက်..ငါ့ကိုသတ်မည်မဟုတ်
ကျန်စစ်သားကို ငါ့ခမြည်းတော် မြက်ဘူးသည်၊ ငါ့ကိုသတ်လိုပေလိမ့်မည်..” ဟု
တွေးမိလေသည်..ထို့ကြောင့်..
“ ကျန်စစ်သား ငါ့ကိုခိုးထုတ်နေပြီ..ကယ်ကြပါ..” ဟုအော်ဟစ်လေသည်။
ကျန်စစ်သားလည်း..
“ ဟယ် မင်းဆိုးမင်းညစ် တလိုင်းတို့လက်၌ ခွေးသေ၀က်သေ သေရစ်လော့..”
ဟူ၍..ကြောထက်မှပစ်ချခဲ့လေသည် ။
ငရမန်ကန်းလည်း..စောလူးမင်းအသက်ရှင်နေလျှင်..ရန်များလှသည်ဟူ၍
စောလူးမင်းကို ကွပ်လေတော့သည်။
ဒီသမိုင်းအဖြစ်လေးကို..ငယ်ငယ်လေးကတည်းက ကျွန်တော်စွဲလန်းခဲ့မိပါတယ်
ဒါကြောင့်လည်း..သူတစ်ပါးက မိမိအပေါ်တင်ရှိထားဘူးတဲ့ကျေးဇူးရှိလျှင်
အမြဲပဲ..သတိတရရှိနေတတ်သလို..
မင်းဆိုးမင်းညစ် စောလူးမင်လို ကျေးဇူးမသိတတ်သူ လူမျိုးအပေါ်
စေတနာထားခဲ့မိလို့လည်း..ကျေးစွပ်ခံခဲ့ရဘူးကြောင်းပါဗျာ..။
မမြင်နိုင်တဲ့ငါ့ရဲ့စိတ်တွေက အမြဲနင့်အနားကိုရောက်နေခဲ့တာ နင်မှမသိခဲ့တာ
မဆုံနိုင်အောင် ခြားနေတဲ့စည်းလေးကိုဖြတ်ကျော်ဖို့ ငါ့မှာခွန်အားမဲ့နေခဲ့တယ်
နင့်ရဲ့မျက်ဝန်းစိမ်းကြောင့်ပေါ့
နင်ပြောခဲ့တဲ့ချစ်သစ္စာစကားတွေက ခုတော့ ဟိုးရှေးရှေးတုန်းကဆိုတဲ့
ပုံပြင်ဟောင်းတစ်ပုဒ်ဖြစ်သွားခဲ့ပြီဘဲလေ
ကံကြမ္မာကိုလဲအပြစ်မဖို့တော့ပါဘူး
မှန်ရာကိုဘဲသစ္စာဆိုပါ့မယ်
ငါလေ နင့်ကိုချစ်နေတုန်းပါဘဲ
နင်ထားသွားတဲ့နောက် ကျန်နေခဲ့တဲ့ငါ့နှလုံးသား
နေရာလွတ်မရှိအောင် ပြည့်သိပ်နေတဲ့အလွမ်းတွေနဲ့
ရင်ခုန်သံစည်းချက်တိုင်းမှာ နင့်နာမည်တွေဘဲပဲ့တင်ထပ်နေတာ
နင်ကြားရင် ဟားတိုက်ရီနေမလားတစ်ချိန်ကချစ်သူရေ.......။။။
ချစ်သောသူနှင့်ကွေကွင်းရသောဆင်းရဲခြင်းမှကင်းဝေးပါစေသာ
pst
28-01-2104(Tue, 9:25pm)
ကျွန်တော်ဇွဲသူရသည်
အများစကားပြောခန်မှာစကားပြောရာတွင်ရိုင်းပြသည်ဟုယူဆလို့ရနိုင်သော
စကားလုံးများသုံးစွဲမိခဲ့ပါသည်
အဖွဲ့ရဲ့ပစ်ပယ်ခြင်ကိုခံခဲ့ရပါသည်
နောက်နောင်ဒီလိုစကားမျိုးကိုမပြောမ်လေအောင်
သတိချပ်ပါမည်ဖြစ်သည့်အတွက်ပြန်လည်လက်ခံပေးပါရန်တောင်းပန်လိုက်ရပါသည်
နေထွက်သည်ဟု မည်သူ ပြောပါသနည်း၊ နေ၀င်သည်ဟု မည်သူ ပြောပါသနည်း။
နေဆိုသည်မှာ ၀င်လည်း မ၀င်၊ ထွက်လည်း မထွက်ဘဲ သူ့ဘာသာသူ တည်ငြိမ်နေသည့်
အရာတစ်ခုသာဖြစ်သည်။ တကယ်တမ်း ရွေ့လျား ပြောင်းလဲသွားသည်မှာ
ကမ္ဘာမြေကြီးနှင့် လူသားတို့သာ ဖြစ်၏။
သို့သော် မည်သူကမှ ကမ္ဘာမြေကြီး ရှေ့သို့ လည်သွားသည်ဟုလည်းကောင်း၊ ကမ္ဘ္ဘာမြေကြီး
အနောက်သို့ လည်သွားသည်ဟု လည်းကောင်း မပြောဆိုကြပါ။
လူတိုင်း နားလည်စေချင်လျှင် နေ၀င်ပြီ၊ နေထွက်ပြီ ဟူသော ဝေါဟာရ အမှားအယွင်းကိုပင်
သုံးနှုန်းပြောဆိုရမည်ဖြစ်၏။
မှားနေလျှင် ပြင်လိုက်ပေါ့ဟု
ခပ်လွယ်လွယ် အကြံမပေးစေလိုပါ။
တကယ်တမ်း မှားပြီဆိုလျှင် ပြင်ဖို့ ခက်ပါသည်။
အထူးသဖြ**့ လူတွေအများကြီး တစ်ညီတစ်ညွတ်တည်း မှားကြသော
အမှားများသည် ပြင်ဖို့ရန် အခက်ဆုံးဖြစ်၏။ -
-------------------------------------------------------------------------------------------------