********* မာယာတောမှာ ပျော်တဲ့ ချစ်မေတ္တာတရား *********
( ၁ )
ဘာရောဂါ တဲ့လည်း သူငယ်ချင်း ။
heart - disease တဲ့ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ရှစ်တန်းမှာတစ်ကြိမ် ဟတ်အတတ် ရပြီး သတိလစ်မေ့မျောသွားခဲ့တာ ၃ ရက်ကြာမှ သတိလယ်လာခဲ့တယ် နောက်တစ်နှစ် ကိုးတန်းကျောင်းသူတုံးက တစ်ကြိမ်
ဒီရောဂါကြောင့် တစ်ကြိမ် သတိလစ်မေ့မျောသွားခဲ့တာ ၅ ရက်ကြာမှ ပြန်လည်သတိလယ်လာခဲ့တယ် ။
ခုအကြိမ်က သူရဲ့ နောက်ဆုံး အကြိမ်လို့ ဆရာဝန်တွေက ပြောတယ် သူ့အသက်ကို ကယ်ခွင့် ရပါ့မလား
မသိနိုင်သေးဘူးကွာ ။
ဒီမိန်းကလေးက သိပ်ကို သနားစရာ ကောင်းခဲ့တယ် ။ ဟင် ဘာဖြစ်လို့လည်း ကွ သူရောဂါက မွေးရာပါ
လားဟင် ။ သူအသက်ရော ရှင်နိုင်ပါ့မလား ။
သူမှာ ဒီလောက် ဝေဒနာကို ပြင်းပြစွာ ခံစားနေခဲ့ရတာတောင် သူ့ကြောင့် ဘယ်သူကိုမှ အလုပ်မပို
စေချင်လို့ သူ့ရဲ့ နောက်ဆုံးနေ့တွေ အတွက် သူ အမြဲတမ်း ပြင်ဆင်နေခဲ့တာ သူ့ နဲ့ အရင်းနှင်္ီး အကျွမ်းဝင်ဆုံး မိဘ ဆွေ
မျိုး နဲ့ သူ့ ခင်ပွန်းတောင် သိခွင့် မရခဲ့ဘူးကွာ ။
ဟင် ဒါဆို သူ့မှာ ခင်ပွန်းရှိတယ်ပေါ့ ။
သိပ်ရှိတာပေါ့ ။ သူ့ခင်ပွန်းကြောင့်လည်း ဒီရောဂါက ပိုဆိုးလာခဲ့တယ် ။ လောက ကြီးကို သူအကောင်းဆုံးနေပြသွားခဲ့နိုင်
တယ် ။ ကံကြမ္မာကို သူက သိပ်အလေးထားတယ် ။ သူဘ၀တွေက မကောင်းခဲ့လို့ပဲ အပြစ်တင်ခဲ့တယ် သူတစ်ပါးကို သူ့
ကြောင့် ဘယ်တုံးကမှ စိတ်ညစ်အောင် ပူအောင် သူမလုပ်တတ်ဘူးကွာ ။ သူက သူ့အသက်ကို အမြဲသေဖို့ ပြင်ဆင်ထားခဲ့
တယ် သူရဲ့ ချစ်ခြင်းတရားတွေက လူတွေကို နွေးထွေးစေခဲ့တယ် ။ လူတွေကတော့ သူ့စိတ်ကို နားမလည်ခဲ့ဘူး ။ သူများ
တွေ အတွက် သူဘယ်လောက်ပဲ ခံစားရခံစားရ သူမညီးတွားခဲ့ဘူး ။အပြုံးမပျက်ခဲ့ဘူးကွာ ။
ဒါဆို မင်းက ဘာကြောင့် သူအကြောင်း တွေ အဲလောက် သိနေတာလည်း ။
ဘ၀မှာ သူအယုံကြည်ဆုံး သူငယ်ချင်း က ငါဖြစ်နေလို့ပဲ ။ သူ့ဘ၀မှာ ဘယ်သူကိုမှ သူငယ်ချင်း မထားခဲ့ဘူး ငါ့နဲ့တော့
ဘ၀ကံ အကျိုးပေးတစ်ခုနေမယ်ပေါ့ ။ သူက ငါ့အပေါ်ကို ယုံကြည်မူ့ လွန်ကဲစွာ တွယ်တာချစ်ခင်ခဲ့တယ် ။ သူဘာဖြစ်ဖြစ်
ငါကလွဲရင် ဘယ်သူကိုမှ ရင်မဖွင့်ခဲ့ ဘူးဘူး ။ ငါကလည်း သူ့ပြောသမျှကို ဘယ်သူ့ကိုမှ ဖွင့်ဟမပြောတတ်ခဲ့ဘူး ။
အခုတော့ ငါ ဖွင့်မပြောဘဲ မနေနိုင်တော့ဘူးကွာ ။ ငါ့သူငယ်ချင်းကို ငါသိပ်သနားတာပဲ ။ သူ့အသက်ဆိုတာလေးအတွက်
ဘယ်သူကိုမှ မပူပန်စေပါနဲ့ တဲ့ ။ ဒါကြောင့် တို့များဟာ မွေးဖွားလာပြီဆိုထဲက သေဆုံးခြင်းနေ့တွေကို တနေ့ပြီး
တနေ့ ဖြတ်ကျော်နေကြရတာပါ တဲ့လေ ။ သူ့အကြောင်းကို ငါကလွဲရင်နောက်ထပ် ဘယ်သူမှ မသိပါစေနဲ့တော့တဲ့ ။
သူ့ ရဲ့ နာကျင်ဝမ်းနည်းမူ့တွေ ကြောင့်မို့ ဘယ်သူဆီကမှ သနားလို့ ညှာတာလက်ခံပေးခြင်းဆိုင်ရာ
အချစ်မေတ္တာတွေကို သူမလိုချင်ဘူးတဲ့ကွာ ။ ခုတော့ သူငယ်ချင်းရယ် နင့်ကို ငါကယ်နိုင်ပါ့မလား ။ ငါလေ နင့်ကို ကယ်
ခွင့်ရချင်တယ် သူငယ်ချင်းရယ် ။ ငါတတ်စွမ်းတဲ့ ပညာရပ်တွေ နဲ့ ငါကယ်ခွင့်ရချင်တယ် ။
( ၂ )
သဉ္စာ ရယ် နင့်အပေါ် သစ္စာ မရှိတဲ့ နင့်ခင်ပွန်းအတွက် ဘာလို့ အဲလောက် ပေးဆပ်နေရတာလည်း။
နင်တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်သင့်ပြီလို့ ငါထင်တယ်ဟာ ။ နင့်အကြောင်းကို ငါက အသိဆုံးလူပါ သဉ္စာ ရယ် ဒါကြောင့်
ငါ ဒီစကားကို ပြောရတာပါ ။ နောက် နင့်ကျန်းမာရေးလည်း သိပ်ကောင်းတာမဟုတ်ဘူး ။ ဘာလို့ အချိန်တွေကို အလကား
ကုန်ဆုံးနေချင်တာလည်း ကွာ ။
ငနေရယ် သစ္စာ မရှိတဲ့ ယောကျာ်းအတွက် အချိန်ကုန်နေတယ်တဲ့လား ။ ဒါဆို ငနေရယ် ငါက သူနဲ့
ကွာလိုက်တော့ကော ငါ့ဝေဒနာတွေ သက်သာသွားမယ်လို့ နင်ထင်ထားသလား ငနေ ။ ငါ နဲ့ နင်က မောင်နှမတော့မဟုတ်
ဘူး ဒါပေမဲ့ နင်ဟာ င့ါအကိုတစ်ယောက်လိုပဲ ငါခံစားရတယ် ။ ငါ့အကိုရှိရင်တောင် နင့်လောက် ကောင်းချင်မှကောင်းမယ် ။
နင်ဟာ ကမ္ဘာပေါ်မှာ ငါ့အတွက် အကောင်းဆုံး သူငယ်ချင်းလည်းဟုတ်တယ် ငါ့အကိုလည်း ဟုတ်တယ် ငနေရယ် ။ ဒါတောင်
နင် ငါ့စိတ်ကို ဘာလို့ အကုန်မသိတော့တာလည်း ဟယ် ။
ဘ၀ဆိုတာ တိုတိုလေးပါ ငနေ သူကြောင့် ငါခံစားချင်ခံစားရမယ် ဒါပေမဲ့ ငါခံစားလို့ဖြစ်နေတာလေ
သူက ငါ့ကို ခံစားပါလို့ သူမပြောခဲ့ဘူး ငနေရ ၊။ အကျိုးအကြောင်းတရားများစွာကို ငါရှင်းပြလို့ ၀မ်းနည်းတိုင်းငါမျက်ရည်
ကျတယ် နာကျင်တယ် ။ တခါတခါ ဆိုလေ ငါ့နှလုံးတွေ ပေါက်ကွဲကြေမွကုန်မတတ် ရင်ကိုသီးနင့်စွာ ခံစားရဘူးတဲ့ အကြိမ်တွေ အများကြီးပဲ ငနေ ။ နင်အဲလို တစ်ကြိမ်တခါ ခံစားဘူးလား ဟင် ။
အဲလို အချိန်တွေဆို ငါလေ အားလျော့ပြစ်လိုက်လို့ သေလို့ ရရင် ငါအားလျော့ပြစ်လိုက်ချင်တယ် ငနေ ။
ဒါပေမဲ့ ငနေရယ် ငါ့ရဲ့ အကုသိုလ် ကံကြွေးက မကုန်သေးတော့ ငါ့နှလုံးသားတွေ ပွင့်ကြေမတတ် ငါခံစားနေရတာတောင်
ငါဒီနေ့ထိ မသေသေးဘူးလေ ငနေ ရယ် ။ ငါလေ သူများကို အပြစ်မမြင်တော့ပါဘူး ငနေ ။ သူပြောတာက မှန်နေတာ
ပဲလေဟာ ။ သူက ငါ့ကို ငိုပါလို့မခိုင်းစေခဲ့ ဘူးငနေ ။ သူက ငါ့ကို ခံစားပါလို့ မတိုက်တွန်းခဲ့ ဘူးငနေ ရ ။ ငါ့ဘာသာငါ
ခံစားနေရတာလေ ။ ဟား ဟား ..... ဟား ဟ ။
နင်သူ့ကို အပြစ်မတင်ပါ နဲ့ ငနေရယ် နော် ။
သဉ္စာ ရယ် နင် ဟာလေ ရယ်နိုင်သေးတယ်နော် နင့်ကိုလေ ငါ စိတ်လက်ကြည်သာစွာ နင့်သွားလေးတွေပေါ်အောင်ပြုံးနေ
တာလေးကို အမြဲမြင်ချင်တယ် ဟာ နော် သဉ္စာ ။ နင်ဘာဖြစ်ဖြစ် အားမငယ်ရဘူးနော် နင့်နားမှာ ငါ သူငယ်ချင်း အကိုတစ်
ယောက်အဖြစ် ထာဝရတည်နေပေးမှာပါ သဉ္စာ ရယ် နင် ပျော်အောင်နေပါနော် ။
( ၃ )
ငနေရယ် နင်လည်း ငါ့ရင်ထဲက တကယ့်အမှန်တရား တစ်ခုကို နင်မမြင်နိုင်ခဲ့ပါဘူး ဟာ ။
ငါက ငါရဲ့ ခင်ပွန်းဘေးမှာ ပြုံးရယ်ပြီး ဘာမှ မဖြစ်သလိုနေပြနေတာက မာယာတွေ ကင်းမယ်လို့ နင်ထင်ထားသလား
ငနေ ရယ် ။ တကယ်တော့`ဟာ ငါတို့ ချစ်ခြင်းတရားတွေကိုက မာယာတောမှာ ပဲ ပျော်မွှေ့ကြတာပါ ။
ငါကကော ငါ့ခင်ပွန်းကို တကယ် စိတ်လိုလက်ရ ကြည်ဖြူပေါင်းသင်းနေမယ်လို့ နင်ထင်ထားသလားငနေ ။
လောကမှာ နင်မသိနိုင်သေးတဲ့ အရာများစွာ ကျန်နေပါသေးတယ် ငနေ ။
မေတ္တာစစ်တွေကို ပေးပေမဲ့ လူတွေက မေတ္တာတုတွေကိုပဲ တမ်းတပြီး အဟုတ်ထင်နေကြတာလေ ငနေ ။
ဒီလိုပါပဲ ဟာ လင်မယားဆိုတဲ့ ကဏ္ဍတွေမလည်း ငါလေ သဉ္စာဆိုတဲ့ နင့်သူငယ်ချင်းငါက မာယာတွေ နှောခဲ့ရတယ် ။
ငါ့ရဲ့ မာယာတွေက ငါ့ကို နာကျင်သက်ဖြတ်နိုင်ပေမဲ့ သူ့ကိုတော့ သာယာနှစ်သက်စေခဲ့တယ် ငနေ ။
ကို့ အပေါ် ငါချစ်တဲ့ ချစ်ခြင်းတွေက ငါ့ကို သာယာနှစ်သက်စေဖို့ အတွက် ငါ့ဆန္ဒ တစ်စုံတရာမပါတဲ့
မာယာပြစ်ချက်တွေ နဲ့ ရစ်ပတ်တွယ်နှောင် ရတယ် ။ အညုအတာတွေ နဲ့ တန်ဆာဆင်ယင်ခဲ့ရတယ် ။ ငါ မနှစ်သက် တဲ့
ထောင်ချောက်များစွာကို ငါဖန်ဆင်း ခဲ့ရတယ် ။ ငါအမုန်းဆုံး စိတ်တွေကို သာယာချင်ယောင်ဆောင်ခဲ့ရတယ် ။ ငါ ငရဲကျ
နေချိန်မှာတော့ ကိုက အပျော်တွေ လွန်ပြီး ညများစွာကို သာသာယာယာ ဖြတ်သန်းသွားနေရတယ် ။
ငါ အဲဒီဘ၀ကိုလည်း မုန်းတယ် ငနေ ။
ကိုယ့်အပေါ် သစ္စာမဲ့ခြင်းများစွာကို ဖန်တီးထားတဲ့ ယောကျာ်းတစ်ယောက် နှစ်သက်သာယာဖို့ အတွက် ငါ့ရဲ့ ငရဲခန်းကို
နေ့စဉ် အပြုံးပန်းတွေ ပွင့်ဝေပေးနေရတာ ဟာ ငါ့ရဲ့ ၀ဋ်ဖြေရာပါ ငနေရယ် ။
နေ့တွေကုန်လွန်လို့ ညတစ္ဆေ တွေကို ငါကြောက်လှန့်နေခဲ့ရတာ ဒီနေ့ထိပါ ငနေရယ် ။ နင်ငါ့ကို
အသက်ရှင်ခွင့် မပေးပါနဲ့တော့ငနေ ငါကို ဒီကမ္ဘာမြေကထွက်ခွာ ခွင့် ပြုပါ ငနေရယ် ။ ငါ့တွက် ၀မ်းနည်းခြင်းတွေကို နင့်
မျက်နှာပေါ် ငါကို မြင်ခွင့်မပေးပါ နဲ့ ငနေ ငါ မမြင်ပါရစေနဲ့တော့ဟာ ။
တို့ သူငယ်ချင်းနှစ်ယောက် ဘ၀လေးခြားသွားလို့ ဝေးသွားရင်လေ ဘ၀တိုင်းဘ၀တိုင်း တို့ နှစ်ယောက်က
မခွဲမခွါ ချစ်ခြင်း တရားအစစ်အမှန်တွေ နဲ့ တို့ မောင်နှမ ပြန်ဆုံကြမယ်လေ ငနေ ငါ နင့်ကို ရောက်တဲ့ ဘ၀ကနေ အမြဲ
မှတ်မိနေမှာပါ ဟာ ။
( ၄ )
သဉ္စာ ရေ သဉ္စာ ။ ဟယ် ငနေ နင်ဘယ်ကလှည့်လာတာလည်း ဟင် ။ လာလေ အိမ်ပေါ်တတ် ။
ကို ရေ ငနေလာလယ်တယ် ။ အမလေး သဉ္စာ ရယ် နင့်မလည်း ငါလာတာလေးတောင် နင့် ကြင်ယာတော်ကို ရွှေနား
တော် သွင်းရသေးသလား ။ မဟုတ်ပါဘူး ငနေရ နင့်ကို ငါက ကို နဲ့လည်း တွေ့စေချင်တာကိုးလေ ။
သဉ္စာ မတို့တော့ မျက်နှာလေးကို ရွှင်ပြလန်းဆန်း တတ်ကြွနေတာပဲ နင့်ချစ်ချစ် အနားမှာ ရှိလို့မို့လား ။
ကိုထိုက် ခင်ဗျားကလည်း ကျုပ်သူငယ်ချင်းအနား အချိန်လေး ဘာလေးပေးနေပါအုံးဗျာ ။ သဉ္စာက ခင်ဗျား အနားမှာ ရှိ
နေရင် ပြုံးပျော်နေတာ ဘဲ ။
မဟုတ်ပါဘူး ငနေ ရယ် ကိုက အိမ်အတွက် စီးပွား ရှာရသေးတာလေ ဟယ် ။ငါက ဘာမှ မလုပ်မကိုင် ထိုင်
စားနေရတာ ။ သူ ငါ့အတွက် ဘယ် အမြဲကြီးတော့ အချိန်ပေး နိုင်မလည်း ငနေရယ် ။ နင် ကို့ ကိုလျောက်ပြောနေတယ် ။
နေ့ကလွဲရင် ကို ငါ့အနားမှာ အမြဲ ရှိပါတယ် ငနေရ နော် ကို ကို အမြဲ အနားမှာ ရှိတယ်လို့ ပြောလိုက်လေ ကိုရ ။
မိသဉ္စာ နင်ဟာလေ နင့်ယောက်ျားဘက်က ကြီးပဲ ။ ငါလည်း နေပေးပါတယ် ကိုနေရာ ။ နေ့ခင်းက
တော့ ငါ့မှာက အချိန်နည်းတယ်လေ ကွာ အလုပ်ပဲ ပတ်ပြေးနေရတာကိုး ကွ ။ မင်းသူငယ်ချင်းနား အမြဲကပ်နေရင်တော့
ထမင်း မစားရုံ ရှိတော့မပေါ့လေ ကွာ ။ ကဲ ကဲ မင်းတို့ သူငယ်ချင်းတွေ စကားပြောကြအုံး ခနနေရင်ငါလည်း အပြင်ပြန်ထွက်
ရတော့မယ်လေ ။ မင်းကော ဂျူတီ မရှိဘူးလား ကွ ဒီနေ့ ။ ရှိပါတယ် ကိုထိုက်ရယ် လမ်းကြုံလို့ အချိန်လေးလည်း ရလို့
ဝင်လာတာပါ သဉ္စာလည်း မတွေ့တာ ကြာလို့လေ ကိုထိုက်ရ ။ ဘယ်လိုလည်း သဉ္စာ ကျန်းမာရေးကော ကောင်းရဲ့လား ဟ။
ဟ မင်းသူငယ်ချင်း ကဖြင့်မာမာချာချာကြီးကို ။ အယ် ဟုတ်သား ငနေရယ် ငါကျန်းမာပါတယ်နော် ။ အလ
ကား ကိုထိုက်စိတ်ပူအောင် နင်ဟာလေ အပြောကို မတတ်ဘူး ။ ဘာမှ မဟုတ်ပါဘူး ကို ရယ် ငနေက မတွေ့တာ ကြာလို့
သဉ္စာ ကျန်းမာရေးကို မေးတာပါ ။ ကို အလုပ်သွားမယ်ဆိုသွားတော့လေ ။ နောက်ကျနေမယ် ။
ကဲ ကိုနေ ရေ ငါ တစ်ကျော့အလုပ်ပြေးလိုက်အုံးမယ် စားသောက်ပြီးမှ ပြန်ပေါ့ အချိန်ရမလား ။ ဟာနေပါ
စေ ကိုထိုက်ရယ် ကျုပ်လည်း ခနဆို ပြန်တော့မယ်လေ ။ ဂျူတီပြန်ဝင်ရအုံးမယ်လေ ။ ကိုထိုက် သွားစရာရှိတာသွားပါ ။
အေး ဒါဆိုလည်း သွားပြီ ကိုနေ ရေ နောက်မှ ထပ်ဆုံတာပေါ့ ကွာ ။ သဉ္စာ ရေ ကိုယ် သွားပြီနော် ။
( ၅ )
ငနေရယ် နင်လေ ငါပြောထားသား နဲ့ ငါ နဲ့ ပတ်သပ်သမျှကို ငါ့ပတ်ဝန်းကျင်က လူတွေ ရှေ့မှာ မမေးမိ
ပါစေ နဲ့ ဆို ။ နင့်စေတနာကို ငါတန်ဘိုးထားတယ် ။ ငါကြောင့် သူများ စိတ်မညစ်စေချင်ဘူး ဟာ နော် ။ အေးပါ သဉ္စာ ရယ်
ငါက နင့်ကို စိတ်ပူသွားမိတာကိုး နောက် နင်လေ သိပ်ပျော်နေသလိုပဲနော် နင့်မျက်နှာလေးတွေ ပြုံးပျော်နေတယ် ။ ငါအရင်
တွေ့ဘူးတဲ့ မျက်နှာမျိုး မဟုတ်ဘူး အသားတွေလည်း ကြည်တောက်နေသလိုပဲ ဟ ။
ငါ နေကောင်းပါတယ် ငနေရ ။
ငါလေ ဘာမှမဖြစ်ဘူး နင်ပူမနေ နဲ့ နော် သိလား ။ ငါနေမကောင်း ရင် နင့်ဆီကို ပြေးလာမှာပေါ့ ။ နင် ထမင်းစားပြီးမှပြန်ပါ
လား ငနေ နင် ရမလား ။ ဟာ နေပစေ ငါ အချိန်မရ ဘူး ။ နောက်မှ တမင်သက်သက် အချိန်ယူလာစားမယ်လေ ။
နေအုံး ငါမေးရအုံးမယ် နင်တို့ အိုကေနေတယ်ပေါ့ မိသဉ္စာ ။ နင်ပျော်နေပုံထောက်ရင် ။ ဟုတ်
တယ် ဟုတ် ။ ငနေရယ် ပျော်တယ်ဆိုတာ ငါ့ဘ၀မှာ မရှိသလို ပျင်းတယ်ဆိုတာလည်း ငါ မရှိဘူး ငနေ ။ ငါ ဘ၀ကိုနေတတ်
သလို နေတယ် ။ လူဆိုတာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ လုပ်ချင်တာနဲ့ လုပ်သင့်တာ ပိုင်းခြားနေတတ်ရင် နေပျော်ပါတယ်
ငနေ ရယ် ။
အော် ငါမေးမိတာတောင် မှားပေါ့ အေးပါ ဒဿန ဆရာမရယ် နောက်ဆို နင့်မျက်နှာပေါ်က ဘာ
ကြောင့် ပြုံးနေသလည်းဆိုတဲ့ အဖြေကိုလည်း ငါမဖတ်ဘူး ။ နင် ပျော်နေလားဆိုတာလည်း ငါမမေးမိအောင်နေပါ့မယ် နော် ။
နင် လေ တခါခါ သိပ်နားလည်ရ ခတ်တယ် သဉ္စာ ရယ် ။ ကဲ ကဲ ငါပြန်အုံးမယ်လေ အလုပ်ပြန်ဝင်ရအုံးမယ် ။ နောက်မှ
တို့တွေ နင့် ချစ်ချစ်ရော အတူပြန်ဆုံ ကြတာပေါ့ ငါက အလုပ်က ခပ်များများ ဆိုတော့ နင့်ကို တခါ တွေ့ဖို့ အချိန်အတော်
ယူရတယ် သဉ္စာ ရဲ့ ။ ရပါတယ် ငနေရယ် နင့်ငါ့ကို မမေ့တာကို ပဲ ငါ အမြဲကျေးဇူးတင်နေမှာပါ သူငယ်ချင်းရယ် ။
အချိန်လည်း မရဘူး ဒါဆိုလည်း သွားတော့နော် ငနေ ။ နောက်တစ်ကြိမ် နင့်ကို ငါတွေ့ချင်ပါသေးတယ်
ဟာ ။ တွေ့ခွင့် ရနိုင်ပါစေလို့လည်း ငါဆုတောင်းတယ် ငနေ ။
ဟဲ့ မိသဉ္စာ နင့်စကားကလည်း ဘာစကားကြီးလည်းဟ ။ ဟယ် ငနေရယ် ငါပြောတာ အရှင်းလေးကို
နင့်ကို ငါနောက်တစ်ခါ တွေ့ခွင့်ရချင်သေးတယ် တွေ့ချင်တယ်ပြောတာလေ ။ လူဆိုတာ သေခြင်းတရားကို အနီးဆုံးမှာထား
ပြီး အဖော်လုပ်နေရတာ နင့်မေ့သွားပလား ငနေရ ။
နင်ဟာလေ ပြောလိုက်ရင် ဒီတိုင်းကြီးပဲ မနက်ဖြန်သဘက်ခါ ပဲ သေမှာကျနေတာကိုး ။ ငါ့သူငယ်ချင်း နင်က
အကောင်းကြီး ရှိသေးတယ် သဉ္စာ နင်မသေသေးဘူး ။ ငါ နဲ့ နှစ်ပေါင်းများစွာ ထိ အတူတွေ့ရအုံးမယ် ။ ပြန်ဆုံမယ် သူငယ်
ချင်းရေ ခုတော့ ငါပြေးပြီ ဟ ။ အေးပါ ငနေ ရေ နင်ပြောသလို အချိန်တွေ များစွာ တွေ့ခွင့် ရပါစေသူငယ်ချင်းရေ ။
( ၆ )
အတွေးများစွာ ထဲ စီးဆင်းနေတုံး ။
လူနာ ခန်းရဲ့ အရေးပေါ် အချက်ပေးခေါင်းလောင်းသံ ကြောင့် အပြေးအလွှား နဲ့ ................................
လူနာ အသက်ရူနူန်း ထိုးကျသွားပြီ လျော့ရိုက်ရမယ် ။ အမြန်လုပ်ပါ ။ သဉ္စာ သဉ္စာ ရေ နင်တကယ်ပဲ ငါ့ကို ထားသွား
တော့မလား ဟင် ။ နင် မသေရဘူး သဉ္စာ နင်ကို ငါရအောင် ကယ် မယ် ။
တစ် ............... နှစ် ............... သုံး တစ် ချက် တစ် နှစ် သုံး နောက်တစ်ချက်
တစ် နှစ် သုံး နောက်တစ်ချက် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ အို အချက်ပေါင်း များစွာ
မရတော့ဘူး ဆရာ လူနာ ရဲ့ နှလုံးက လုံးဝ နိုးထမလာတော့ဘူး ။ ၀မ်းနည်းပါတယ် ဆရာ သူ့ရောဂါကလည်း အရမ်း
ကျွမ်းနေပြီ လေ ကုသခံယူတာလည်း အရမ်းနောက်ကျခဲ့တယ် ။ ဆရာ တာဝန်ကျေပွန်ခဲ့ပါတယ် ဆရာရယ် ။
ငါတာဝန်ကျေပွန်တယ်တဲ့လား သဉ္စာ ။ သဉ္စာ ရယ် နင်နိုးထ လာပါတော့ဟာ ။ နင်အခု ဆေးရုံပေါ်
လဲလျောင်းနေတာတောင် နင် ဘယ်သူကိုမှ ဘာလို့ အဖော် မညိခဲ့တာလည်း နင်ဘာလို့ တစ်ယောက်ထဲ ရောက်လာခဲ့
တာလည်း သဉ္စာ ။ နင့် ပဟေဋိတွေကို ငါ အဖြေ မညှိနိုင်တော့ဘူး သဉ္စာ ။ နင်ငါလာတုံးကတောင် နင်ပြုံးလို့ ပျော်လို့
ကြည်မွှေ့လို့လေ ကွာ ။ သဉ္စာ ...... သဉ္စာ ရယ် ငါ နားမလယ် နိုင်တော့ဘူး ဟာ နင် တကယ်ကို အရူံးပေးလက်မြောက် သွားတာလား သဉ္စာ ရယ် ......................... ငါ နင့်ပေါ် တာဝန်ကျေတဲ့ သူငယ်ချင်း မဖြစ်ခဲ့ ဘူး
ငါ တအားညံ့ခဲ့တယ် ဆရာဝန်တစ်ယောက် လုပ်ပြီး လူနာတစ်ယောက် ရဲ့ အခြေအနေမှန်ကို ငါမသိနိုင်ခဲ့ ဘူး ဟာ ။
နင့် လက်ကလေးတွေက ဖွေးဖွေးလူပ်ပြီး ကြွေကျတော့မယောင် ဖယောင်းသားလေးလို နုအိစက်နေတယ်
နော် နင်ကို ငါ နှမျောလိုက်တာ သဉ္စာ ရယ် ဘာမဟုတ် တဲ့ လူတစ်ယောက် အတွက် နင့် ဘ၀တစ်ခုလုံးစတေးပြီး
အချိန်တွေကို အဆုံးရူံးခံပြီး နာကျင်မူ့တွေကို နင့်ရင်မှာထွေးပွေ့ ထားခဲ့တာ မို့လား ဟင် .................... နင်လေ မတရားဘူး သဉ္စာ နင် မတရာဘူး နင် မသေသင့်ပဲ နင့်ထွက်သက်တွေကို နင် တာဆီး နိုင်ပါလျက် နင် အရာအားလုံးကို
အရူံးပေးသွားခဲ့တယ် မိသဉ္စာ ။
ဆရာ ဆရာ ................ ကျွန်တော် အတွေးများ နဲ့ သူ့ဘေးမှာ မျောလွင့်နေတုံး ...................
ခေါ်သံကြားလို့ လှည့်လိုက်တော့ ...................... ဒါ လူနာ ဆေးရုံကို ရောက်ခါစ ကျွန်မကိုပေးသွားတာပါ ဆရာ ။
ဆရာကိုပေး ပေးပါတဲ့ စာလေး တစ်စောင် ပါ ။ ကျွန်မကို ခွင့်ပြုပါအုံး ဆရာ ။
နပ်စ်မလေး ရဲ့ နူတ်ဆက်သံတွေကေ၀၀ါးနေရင် ကျွန်တော် သူဆီက စာလေးကို စိတ်ဝင်စားမိနေရင်း
နူတ်ဆက်ချိန် မပေးလိုက်နိုင်တော့ ပဲ အလျင်အမြန် ဖောက်ဖတ်မိတယ် .............................။
( ၇ )
ငနေ ရယ် တကယ်လို့ ငါလူ့လောက ကြီးက ထွက်ခွါ သွားခဲ့ရင် နင် ငါ့ကို အပြစ်မတင်ပါ နဲ့ သူငယ်ချင်း
ရယ် ငါလေ နင့်ကို ပဲ ရင်ဖွင့်စရာ ရှိတယ် ။ နင်ပြောခဲ့တယ်နော် ငါ့မျက်နှာလေးက သိပ်ကို ကြည်လင်နေတာဆို ။
အဟုတ်ပါ ငနေရယ် နင်လာတော့ ငါ အရမ်းပျော်ရွှင်နေခဲ့ ပါတယ် ။ ဒါပေမဲ့ ငါနေမကောင်းဘူး ငနေ ရယ် ။ ဒါပေမဲ့
ငါလေ မနေချင်တော့ဘူး ငနေ ရယ် ။ ငါနေမကောင်းတာကို နင့်ကို ဖွင့်မပြောခဲ့မိတဲ့ ငါ့ကို နင် စိတ်ဆိုးမနေပါ နဲ့
ငနေ ရယ် ငါလေ စိတ်မဖြောင့်ပဲ နေလိမ့်မယ် ။
ငါဘာကြောင့် နေမကောင်းတာလည်း နင်သိချင်မှာပေါ့ နော် ။ ငနေရယ် သစ္စာမဲ့ ရက်လွန်းတဲ့ ယောကျာ်း တစ်ယောက် ရဲ့ ဇနီး မယား ဘ၀တွေ ဘယ်လို နေပျော်ကြလည်း ငါမသိဘူး ငနေ ရယ် ။ နင်ပြောသလို ကို့
ကြောင့် ငါပျော်နေခဲ့တယ် နင်ထင်ခဲ့တယ် တကယ်တော့ လူတွေ မရိမ်မိအောင် ငါ ကြိုးစား ပျော်ရွှင်စေခဲ့တာပါ ဟာ။
ငါ့ ရင်တွင်း နှလုံးသားတွေကတော့ သက်တမ်းကုန် ကားတစ်စီး လို ငါ့ကိုယ့်ကြီးအတွက် ကောင်းကောင်း အလုပ် မလုပ်
နိုင်တော့ဘူးဆိုတော့ ငါသိနေခဲ့တယ် ။ ငါ့ ရင်တွေ အောင့်ပြီး နာကျင်လိုက်တာ ဟာ ငါလေ နှလုံးသားကို ဆွဲထုတ်ရရင်
ငါ ရင်ကိုခွဲ ပြီး အဲဒီခံစားနေရတဲ့ နှလုံးသားတစ်စုံ ကို ငါ ဆွဲထုတ်ပြစ်လိုက်ချင်မိတယ် ။ ငါ နာကျင်မူ့တွေကို ငါ မခံစား
နိုင်တော့လို့ ပါ ဟာ ။
ဒါပေမဲ့ ငါ အပြုံးမပျက် ခဲ့ ဘူး သိလား ငနေ ငါလေ ငါ့ဝဋ်ကြွေးတွေ ကုန်ဆုံးတော့မယ်ဆိုတဲ့ အတွေး
နဲ့ ငါနေပျော် ခဲ့တယ် ငနေ ။ နေရမှာ ထက် သေရမှာကို ငါက နှစ်သက်တမ်းတသူကိုးလေ ။ ငါ နာကျင်နေတဲ့ ဝေဒနာ
ကို ပြောမပြတတ်ဘူး ဟာ ငါ့ ခံစားချက်တွေ အတွေးတွေ တန်းစီလာရင် ငါ့ရင်မြေ တစ်ခုလုံး စိစိညက်ညက်ကျေမွပြဲီး
အရမ်းနာတယ် မောကျပ်ဆို့ ပြီး ရင်တစ်ခုလုံးဖွင့်ထွက်တော့မတတ် ခံစားရတဲ့ ဝေဒနာကို ငါ သေတာထက် ကြောက်
လာတယ် ငနေ ။
နေ့စဉ်အမျှ မာယာနှော နေတဲ့ ငါ့ဘ၀ကို ငါ မသတီတော့ဘူး ။ ငါ မနေပျော်တော့ဘူး ငနေ ရယ် ။
သစ္စာမရှိတဲ့ အချစ်အတွက် သစ္စာရှိသူက မာယာတွေ နဲ့ ဖမ်းစားပြီး နှောင်တွယ် နေရတာကိုလည်း ငါမုန်းတယ် ။ နောင်
ဘ၀ဆိုတာ သာ တကယ် မရှိခဲ့ ရင် သစ္စာမဲ့သူတွေ ရဲ့ ရင်မြေတွေကို ငါလေ အတ္တတွေ နဲ့ မွမွချေမိမလားပဲ ။
ဒါပေမဲ့ ငနေရယ် ငါတို့က ကံခရီးသည် တွေပါ ဟာ ။ အတိပ်ဘ၀တစ်ခုကို ငါမမြင်နိုင်ပေမဲ့ အတိပ်တစ်ခု
ကို ငါပြန်သွားရအုံးဆိုတာ ငါလက်ခံယုံကြည်ထားတယ် လေ ။ ဒါကြောင့် ငါဟာ ပုထုဇဉ်လူသားတစ်ယောက်မို့ ငါ ရဲ့ ချစ်
ခြင်းတွေမှာ မာယာ မကင်းနိုင်ပေမဲ့ သံသရာဆိုတာ ရှည်လွန်းလှတာမို့ ငါလေ သစ္စာမဲ့တဲ့ ခင်ပွန်းရင်ခွင်ကနေ တစ်ဖ၀ါး
မခွါ နာကျင်မူ့တွေကို အဖော်လုပ် ဘ၀ဟောင်းက အကြွေးဆိုလည်း ကြေပါစေ ဘ၀သစ်အတွက် ပေးဆပ်ခြင်းဆိုလည်း
ငါ့မေတ္တာ တရားက စုဆောင်းခြင်း မည်သည်မို့ ငါကျေနပ်ပါတယ် ငနေရယ် ။
နောင်တ မရတဲ့ သစ္စာမဲ့သူ အတွက် ငါ နှလုံးသားကို ငါ အကျဉ်းချပြီး ငါ့ချစ်ခြင်းတွေကို မာယာတော
မှာ ပျော်စေခဲ့တယ် ငနေ ။ ကို့ ရဲ့ ခြေလှမ်းတွေက ရပ်မသွားခဲ့ ဘူးငနေရယ် ။ ပိုဆိုးလာတဲ့ အခြေအနေ တစ်ခုကို
နင့်ကို ပြသချင်ပေမဲ့ ငါ့တွက် နင် ထပ်ဆင့် ၀န်ပိုနေစေမယ်စိုးလို့ ငါ့နှလုံးသားကို ငါ လိမ်ညာဟန်ဆောင်စေခဲ့တာ
နင် ငါ့ကို ခွင့်လွတ် နာလည်ပေးပါ ငနေရယ် ။
နင် ဒီစာလေးကို ဖတ်နေချိန်မှာ ငါရှိချင်မှလည်း ရှိမယ် ။ ရှိမနေခဲ့ ဘူးဆိုရင် နင် ငါ့ကို နားလည်ခွင့်လွတ်
ပေးပါ သူငယ်ချင်းရယ် ။ ဘ၀ဆိုတာ ဖန်ဆင်းခွင့် ရမယ်ဆိုရင် ငါလေ နင့်ကို ငါရောက်လေရာ ဘ၀ကနေ တို့ မောင်နှမ
အဖြစ်ကို ရဖို့ စောင့်စားနေချင်တယ် ငနေ ဘာဖြစ်ဖြစ် နင်ဟာ ငါ့ဘ၀ကို တစိတ်တဒေသ ပျော်ရွှင်နှစ်သက်စေခဲ့သူပါ
ငါဖြတ်သန်းခဲ့ရာ ဘ၀တိုလေးတစ်လျောက် နင်က ငါရဲ့ အကောင်းဆုံး လူတစ်ယောက် ဒါမှမဟုတ် အချစ်ဆုံးသူငယ်ချင်း
ကောင်း ပီသ ခဲ့တယ် ။
နင်လေ ဘ၀တစ်ခုကို မာယာကင်း တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်အောင်နေပေးပါ သူငယ်ချင်း
ရယ် ။ ချစ်တတ်သူတွေ ရဲ့ နှလုံးသားတစ်စုံ ကို ကိုယ့်ကြောင့် မနာကျင်ပါစေနဲ့ ။ တခါတခါ အချစ်ကလေပြေလေညှင်း
လေး တစ်ခုပါ တခါတရံမတော့ အဲဒီအချစ်ကပဲ လူတစ်ယောက် ရဲ့ အသက်ကို နူတ်ချွေသွားတတ်ပြန်ပါတယ် ။
ငါတို့ ရဲ့ ချစ်ခြင်း တရားတွေကတော့ မာယာတောမှာ ပျော်နေခဲ့တယ် လေ ။ မာယာတောမှာ ပျော်နေတဲ့ အချစ်ကပဲ ငါ့ ရဲ့
အသက်ကို နူတ်ချွေသွား ခဲ့ပြီ သူငယ်ချင်းရယ် ။
အဲဒီအချစ်မှာ မာယာတွေ မရောစွက်ခဲ့ ရင်လည်း ဘ၀တွေဟာကစဉ့်ကလျား ဖြစ်ကုန်မှာသေချာတာပေါ့
သူငယ်ချင်း ရယ် ။ သူတည်းတစ်ယောက် ကောင်းဖို့ ရောက်မူ သူတစ်ယောက်မှာ ပျက်မြဲဓမ္မာတာတည်း တဲ့ ။
ငါ ရဲ့ ပတ်ဝန်းကျင်က လူတွေ မနာကျင်ဖို့ ငါတစ်ယောက် ပျောက်ဆုံးပေးလိုက်တာ တရားသော အချစ်ပါ။
မာယာတွေ အထပ်ထပ် လိမ်းကြံနေတဲ့ ချစ်မေတ္တာတောမှာ ပျော်ပါးမိခဲ့တာက ငါ့ ရဲ့ မိုက်ပြစ်ပါ သူငယ်ချင်းရယ် ။
ပြုသူ အသစ် ဖြစ်သူအဟောင်းဆိုရင် ငါ ...........................................................................??????????
.............................................................................................................................................................
သူငယ်ချင်း သဉ္စာ ရယ် မာယာတောမှာ ပျော်နေတဲ့ ချစ်မေတ္တာ တရားတွေ တဲ့လား ....................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******
( ၁၀ . ၅ . ၂၀၁၄ . )
( tawwinhninzi.blogspot.com )