Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
လူသားမုန့်ဟင်းခါးစားမိပြီးဒုက္ခရောက်ခဲ့ရတဲ့မိသားစု(ဖြစ်ရပ်မှန်)
$
0
0
ယခုဖော်ပြပေးမယ့် ဇာတ်လမ်းလေးဟာ တစ်ချိန်တစ်ခါတုန်းက မြောင်းမြမြို့အနားက ရွာကလေးတစ်ရွာ မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကလေးပဲဖြစ်ပါတယ်.. လူတစ်ယောက်ရဲ့ အသားဟာ ဘယ်လိုပဲ ဘယ်လောက်ပဲ အရသာရှိရှိ ဇာတ်တူသားစားရင် ပျက်စီးတတ်တဲ့ ဟင်္သာကိုးသောင်းရဲ့ ဥပမာလို ဒီဇာတ်လမ်းလေးကိုလည်း သာဓကထား သံဝေဂယူနိုင်စေဖို့ ရှေးလူကြီး အဆင့်ဆင့်က လက်ဆင့်ကမ်းပြောပြခဲ့ကြပါတယ်.. စာဖတ်ပရိသတ် မန်ဘာများအနေနဲ့လည်း ဒီဇာတ်လမ်းလေးကိုဖတ်ပြီး ဗဟုသုတရစေရန်ရည်ရွယ်ပြီး ရေးသားလိုက်ရ ပါတယ် ရှင်… စာဖတ်ပရိသတ် မန်ဘာများ စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာနဲ့ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ … မြောင်းမြမြို့.. ဂျပန်ခေတ်ကာလ… တနိုင်ငံလုံး ကျီးလန့်စာစားပြီး တထိတ်ထိတ် တလန့်လန့်ဖြစ်နေရချိန်တွင် မြောင်းမြမြို့ကလေးလည်း အစစ အရာရာရှားပါးလျက် ပိန်ခြောက်နေသော လူမမာလေးသဖွယ်ဖြစ်နေလေသည်။ ထိုအချိန်က သာမာန် လက်လုပ်လက်စားပေါများသော ဒီမြို့လေးတွင် ဦးထွန်းတို့ မိသားစုလည်း ပါဝင်လေသည်။ ဦးထွန်းတို့မိသားစုလေးဟာ သာမန် လူတန်းစား ရပ်ကွက်ကလေးမှာ မုန့်ဟင်းခါးရောင်းပြီး အသက်မွေးတဲ့ မိသားစုလေးဖြစ်ပါတယ်.. ဒါပေမယ့် ဒီမြို့ပေါ်ဇာတိတော့မဟုတ်ပါဘူး… မြို့နဲ့ မလှမ်းမကမ်းရွာကလေးကဖြစ်ပါတယ်.. စီးပွားရေး အဆင်မပြေလို့ မြို့ပေါ်တက် မုန့်ဟင်းခါးရောင်းပြီး စီးပွားရှာကြတာပါ… သူတို့မိသားစုရဲ့ ရိုးသားမှု၊ ဆက်ဆံရေးပျူငှာမှု၊ လက်ရာကောင်းမွန်မှု နဲ့ ဆိုင်အခင်းအကျင်း သပ်ရပ်မှုတွေကြောင့် နှစ်အနည်းငယ်အတွင်းမှာ ငွေကြေးအတော်အတန် စုဆောင်းမိလာပါတော့တယ်… အဲဒီအချိန်မှာ ပြည်တွင်းက စစ်ရေးအခြေအနေကလည်း တစတစ ဆိုးဝါးလာတာကြောင့် မြို့ပေါ်မှာ မနေရဲကြတော့ဘဲ သူတို့ရဲ့ဇာတိရပ်ရွာလေးကို ပြည်လည်ပြောင်းရွှေ့လာပါတော့တယ်.. ဇာတိရွာလေးကိုရောက်တော့လည်းအရင်တုန်းကလုပ်ခဲ့တဲ့မုန့်ဟင်းခါးရောင်းတဲ့လုပ်ငန်းကိုပဲ ပြန်လုပ်ဖြစ်ပါတော့တယ်… ဒါပေမယ့် ကျေးရွာဆိုတော့လည်း ရောင်းရတဲ့ ရက်ရှိသလို မရောင်းရတဲ့ရက်လည်း ရှိပါတယ်… ဦးထွန်းတို့ မိသားစုအကြောင်း ပြောမယ်ဆိုရင်တော့ မိသားစုဝင်များအကြောင်း အရင်ပြောပြမှဖြစ်ပါလိမ့်မယ်.. ဦးထွန်းတို့မိသားစုမှာ ဦးထွန်း၊ ဇနီးဖြစ်သူ ဒေါ်မြ၊ သားအကြီးကောင် ၀င်းထွန်းနဲ့ သားအငယ်ကောင် အောင်မြဆိုတာရှိပါတယ်.. နောက်တစ်ယောက်ကတော့ အိမ်မှာ ကူညီဖော် ကူညီဖက်ရအောင် ဆွေမျိုးနီးစပ်တော်တဲ့ ဒေါ်ဘုမဆိုတဲ့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ်.. သူ့ကလည်း မြောင်းမြမှာကတည်းက ကူညီလုပ်ကိုင်ပေးခဲ့တဲ့အတွက် ဒီအိမ်အတွက် အိမ်သူအိမ်သားတစ်ယောက်လို ဖြစ်နေပါပြီ… အိမ်သူအိမ်သားတွေဟာ တစ်ဦးနဲ့တစ်ဦးချစ်ချစ်ခင်ခင် နေကြပေမယ့် မုန့်ဟင်းခါးရောင်းတဲ့ အလုပ်က မိသားစုအလုပ်ဖြစ်နေတာကြောင့် ကိုယ်စီကိုယ်စီ အလုပ်တာဝန်တွေကို ခွဲဝေယူထားပါတယ်.. ဒေါ်ဘုမက မုန့်ဟင်းခါးအတွက် ဈေးမှာ ၀ယ်ခြမ်းပြီး မုန့်ဟင်းခါးပြုလုပ်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းအမယ်တွေကို စုံလင်ပြည့်စုံအောင် ပြုလုပ်ပေးရပါတယ်.. မုန့်ဟင်းခါးကို တကယ်ချက်တဲ့လူကတော့ ဦးထွန်းနဲ့ဒေါ်မြပဲဖြစ်ပါတယ်…၀င်းထွန်းနဲ့အောင်မြကတော့ ဘေးက ကူညီလုပ်ကိုင်ပေးပြီး ဆိုင်ဖွင့်တဲ့အခါ ဆိုင်အခင်းအကျင်းနဲ့ စားပွဲထိုးအဖြစ် တာဝန်ယူပါတယ်.. သူတို့မိသားစုလေးဟာ တက်ညီလက်ညီနဲ့ မုန့်ဟင်းခါးရောင်းရင်း တစ်နေ့တော့ ထူးဆန်းတဲ့အဖြစ်မျိုးတွေနဲ့ ဖြစ်ပေါ်တွေ့ကြုံရပါတော့တယ်… တစ်နေ့.. မုန့်ဟင်းခါး စချက်ပြီဆိုကတည်းက မွှေးလိုက်တဲ့အမွှေးနံ့ဟာ မုန့်ဟင်းခါးချက်တဲ့ သက်တမ်းတလျှောက် ဒီလောက် မွှေးတာတစ်ခါမှ မတွေ့မမြင်ခဲ့ဘူးပါဘူးလို့ ဦးထွန်းက ဆိုရတဲ့အထိကို မွှေးပျံနေပါတယ်.. ဒါနဲ့ အိမ်ကလူတွေလည်း မုန့်ဟင်းခါးရည်ကို မြည်းရင်း မြည်းရင်း အတောမသတ်နိုင်အောင် ဖြစ်နေကြတဲ့အထိ မုန့်ဟင်းခါးရည်က အရမ်းကို ကောင်းလွန်းနေပါတယ်.. မနက်ကျတော့လည်း ဦးထွန်းတို့လုပ်တဲ့မုန့်ဟင်းခါးကို လာဝယ်စားလိုက်ကြတာများ လူတွေကို တန်းစီနေပါတော့တယ်.. ပိုက်ဆံပါသလောက်အကုန် စားပြီး ပိုက်ဆံကုန်တော့ ဟင်းရည်လေး နဲနဲဖြစ်ဖြစ် အဆစ်တောင်းတဲ့လူတွေတောင် အများကြီးပါပဲ… ဦးထွန်းတို့လည်း ရောင်းရတာ လက်ကို မလည်နိုင်တော့ဘူးပေါ့.. မိသားစုဝင်အားလုံးလည်း တစ်သက်နဲ့ တစ်ကိုယ် ဒီလိုတစ်ခါမှ ရောင်းမကောင်းဖူးတဲ့အတွက် ပျော်ရွှင်နေကြတာပေါ့.. နောက်နေ့ မုန့်ဟင်းခါးချက်တဲ့အခါမှာလည်း ဒီလိုပါပဲ.. အိမ်ကလူတွေ မြည်းတာနဲ့တင် တော်တော်ကုန်သွားပါတယ်.. ဒါအပြင် မုန့်ဟင်းခါး ဟင်းရည် မွှေးလွန်းတဲ့အတွက် အိမ်အနားက အိမ်နီးချင်းတွေကလည်း မုန့်ဟင်းရည်ကျက်တာနဲ့ လာဝယ်စားကြတဲ့အတွက် မုန့်ဖတ်ကို အရင်နေ့တွေက ရောင်းရတာထက် ပိုပိုသာသာလေး ၀ယ်ယူထားရပါတယ်.. အစစအရာရာရှားပါးနေတဲ့ ဒီလိုခေတ်ဆိုးကြီးထဲမှာ မုန့်ဟင်းခါးချက်ရတာ ပါဝင်တဲ့အမယ်ပစ္စည်းတွေကိုတောင် စုံလင်အောင်မထည့်နိုင်ပါဘူး.. ဒါပေမယ့် မုန့်ဟင်းရည်လေးကတော့ တစ်ဇွန်းသောက်ပြီးရင် နောက်ထပ်တစ်ဇွန်း သောက်ချင်လာနိုင်အောင် စွဲဆောင်မှုရှိတယ်လို့ ပြောစမှတ်ဖြစ်ခဲ့ရပါတယ်… မနက်ဆိုင်ဖွင့်တော့လည်း လာစားလိုက်ကြတဲ့လူတွေက မနေ့က လူဟောင်းတွေအပြင် ဒီနေ့မှ အသစ်လာစားကြတဲ့ ရွာနီးခြောက်စပ်က လူတွေလည်း ပါပါတယ်.. တောရွာလေးဖြစ်တဲ့အတွက် မနက်ငါးနာရီလောက်ကဆိုင်ခင်းပြီး ကိုးနာရီဆယ်နာရီတောင် မကုန်လို့ အိမ်သူအိမ်သားတွေ ဗိုက်ရိုက်စားရတဲ့ မုန့်ဟင်းခါးတွေက အခုတော့ မနက် ၇ နာရီတောင် မပြည့်သေးဘူး ကုန်တော့မယ်ဆိုတော့ အိမ်သူအိမ်သားတွေလည်း ပျော်ရွှင်နေကြတာပေါ့.. ဒါပေမယ့် ဒေါ်မြရဲ့မျက်နှာမှာတော့ မနေ့ကလောက် ပျော်ရွှင်မှုမရှိဘူးဆိုတာ ဘယ်သူမှ သတိမထားမိနိုင်ပါဘူး..်ဘာဖြစ်လို့လဲဆိုတော့ မနေ့ညကတည်းက ဒေါ်မြရဲ့ အိမ်မက်ဆိုးကြီးတစ်ခုကြောင့်ပါပဲ.. အိမ်မက်ထဲမှာ သွေးသဲတရွှဲရွှဲနဲ့ လက်တစ်ဖက်ပြတ်နေတဲ့ ကုလား၀၀ကြီးတစ်ယောက်က ဒေါ်မြကို ကြိတ်မနိုင် ခဲမရဖြစ်နေတဲ့မျက်လုံးတွေနဲ့ ကြည့်ပြီး တောက်ခ်တစ်ခေါက်ခေါက်ဖြစ်နေလို့ပါပဲ.. စိတ်စွဲပြီးမက်ရအောင်လည်း အဲဒီကုလား၀၀ကြီးကို ဒေါ်မြအနေနဲ့ တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး… ဒီလိုနဲ့ မုန့်ဟင်းခါးလုပ်ငန်းကလည်း တစတစ အောင်မြင်လာတာနဲ့ ဒေါ်မြလည်း ညစဉ်ရက်ဆက် အိမ်မက်ဆိုးတွေ မက်ပြီး တပိန်ပိန် တလိန်လိန် ဖြစ်လာတော့တာပါပဲ.. ဦးထွန်းကတော့ တတ်စွမ်းတဲ့ သမားတော်တွေနဲ့ ပြသပေမယ့် ဒေါ်မြရဲ့အဖြစ်က ခုတ်ရာတခြား ရှရာတခြားဖြစ်နေသလို ဆေးမတိုးခဲ့ပါဘူး.. ဒီလိုနဲ့ တစ်ရက်မှာတော့ တစ်အိမ်သားလုံး ထိတ်လန့်ခြောက်ခြားစရာ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်… ညမိုးချုပ်ပြီး လူခြေတိတ်တာနဲ့ တစ်အိမ်လုံးတောက်ခ်ခေါက်သံများ ကြားလာရတော့တာပါပဲ… ဘယ်သူတွေလဲဆိုပြီး ၀င်းထွန်းနဲ့အောင်မြက ခြံထဲပတ်ရှာပေမယ့် ဘယ်သူ့ကိုမှမတွေ့ရဘဲ တောက်ခ်ခေါက်သံများ ဆက်တိုက်ကြားလာရတာကြောင့် တအိမ်လုံး မအိပ်ရဲကြတော့ဘဲ ဧည့်ခန်းလေးမှာ စုထိုင်နေလိုက်မိကြပါတယ်.. အဲဒီအချိန်မှာ အပေါ်ထပ် ခေါင်မိုးထုတ်တန်းဆီက တောက်ခ်ခေါက်သံအကျယ်ကြီး ကြားလိုက်မိပါတော့တယ်… ဘယ်သူမှ အပေါ်ကို မော့မကြည့်ရဲကြတော့ပေမယ့် နောက်ဆုံး ဦးထွန်းက ကြောက်စိတ်ကို အသာဖယ်ပြီး ဖြေးဖြေးချင်း မော့ကြည့်လိုက်မိတဲ့အခါမှာတော့ ထုတ်တန်းမှာ လက်တစ်ဖက်ပြတ်နေတဲ့ ကုလား၀၀ကြီးတစ်ယောက် ဇောက်ထိုးကြီးရပ်နေပြီး နီရဲနေတဲ့ မျက်လုံးများနဲ့ ပြူးကြည့်နေတာကို တွေ့လိုက်ရပါတော့တယ်… ဦးထွန်းနဲ့ ထပ်တူ ဒေါ်မြလည်း ကြည့်မိတဲ့အခိုက်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါ်မြ တက်ပြီး သတိလစ်သွားပါတော့တယ်.. ဦးထွန်းတို့ကျန်တဲ့မိသားစုကလည်း စုပြီး ပဌာန်းတော်ကြီးကို သံနေ သံထားနဲ့ ရွတ်ဖတ်ကြပါတော့တယ်.. ခေတ်ကာလ မကောင်းတဲ့အချိန်ဖြစ်တာကြောင့် တစ်မိသားစုလုံး စုပြီး ပဌာန်းရွတ်နေကြဖြစ်ပါတယ်.. ပဌာန်းဒေသနာတော်ဟာ မကောင်းဆိုးဝါးများကို နှိမ်နင်းစည်းချနိုင်ပြီး မကောင်းတဲ့ ကံ မကောင်းတဲ့ဘေးတွေကို ဖယ်ရှားနိုင်တာကြောင့် တစ်အိမ်သားလုံးကို ရွတ်ဆိုတတ်အောင် ဦးထွန်းကိုယ်တိုင် သင်ကြားပေးထားတာဖြစ်ပါတယ်… ဒီလို ပဌာန်းရွတ်ပြီး သိပ်မကြာခင်.. ဒုန်း ဆိုတဲ့ အသံကြီးကြားရပြီး တစ်အိမ်လုံး သိမ့်ကနဲဖြစ်သွားကာ စောစောက ထုတ်တန်းမှ မည်းမည်း၀၀ ကုလားကြီး ဆင်းလာပါတော့တယ်.. လက်တစ်ဖက်ပြတ်ပြီး သွေးသံရဲရဲဖြစ်နေပေမယ့် ကျန်တဲ့လက်တစ်ဖက်ရဲ့လက်သည်းတွေကတော့ ရှည်လျားကော့ပျံနေပြီး ကြောက်မက်ဖွယ်ရာ မျက်လုံးများနဲ့ လဲကျသတိလစ်နေတဲ့ ဒေါ်မြဆီကို လှမ်းလာပါတော့တယ်… ဦးထွန်းလည်း ဒေါ်မြကို ပွေ့ဖက်ပြီး မျက်စိကို မှိတ်ကာ ပဌာန်းကိုပဲ အာရုံစိုက်ပြီး ရွတ်ဖတ်နေပါတော့တယ်… မကောင်းဆိုးဝါးကြီးက ဒေါ်မြကို ဒုက္ခပေးရန် လာရောက်ပေမယ့် အနားကပ်တိုင်း တစ်ခုခုက တွန်းထုတ်လိုက်သလို ပြန်ပြန်လန်သွားပြီး နောက်ဆုံး ဒေါသထွက်ပြီး အိမ်ပေါ်ကနေ တဒုန်းဒုန်း ခြေသံကြီးကိုပေးပြီး ဆင်းပြေးသွားပါတော့တယ်.. အဲဒီတော့မှ ဦးထွန်းတို့လည်း စိတ်သက်သာရာရကြပြီး ဒေါ်မြ သတိပြန်လည်လာအောင် ပြုစုကြပါတော့တယ်… ဒေါ်မြ သတိပြန်ရလာတဲ့အခါမှာလည်း ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များကြောင့် ခင်ပွန်းဖြစ်သူ ဦးထွန်းကို ဖက်ပြီး အားရပါးရငိုကြွေးပါတော့တယ်… ဒီ မကောင်းဆိုးရွားကြီးကို ခုရက်ပိုင်း သူ့အိမ်မက်ထဲမှာ မကြာခဏမြင်တွေ့နေရတဲ့ မကောင်းဆိုးရွားကြီးဖြစ်ကြောင်း၊ အခုမှ မျက်မြင်ကိုယ်တွေ့ကြုံ့ရသောကြောင့် အကြောက်လွန်ပြီး သတိလစ်သွားရတဲ့အကြောင်း ပြောပြပါတယ်.. နောက်ရက်များတွင်လည်း မကောင်းဆိုးရွားကောင်ကြီးက အိမ်ပေါ်သို့မတက်တော့ဘဲ အိမ်ဘေးပတ်ဝန်းကျင်များမှ တောက်ခ်ခေါက်သံများပေး၍လည်းကောင်း အိမ်တံခါးပေါက် ပြတင်းပေါက်များကို ခပ်ကြမ်းကြမ်းပုတ်၍ လည်းကောင်း ခြောက်လှန့်နေသဖြ**့ မုန့်ဟင်းခါးတောင် မချက်နိုင်တော့ဘဲ ကြောက်လန့်နေကြရရှာလေတော့သည်။ တတ်သိနားလည်သော ဆရာတော်များ ဆရာသမားများဖြ**့ ပြသ အလှူအတန်းလုပ်သော်လည်း လုပ်သောခဏသာငြိမ်သွားပြီး နောက်ရက်များတွင် ခြောက်လှန့်မြဲ ခြောက်လှန့်နေသဖြ**့ တစ်အိမ်သားလုံး အကြံအိုက်ပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေလေသည်။ အိမ်ကို စွန့်ခွာပြေးရန် ကြံမိကြသော်လည်း မိဘ၏ အမွေအိမ်လေးဖြစ်သဖြ**့ မစွန့်ခွာရက်ကြချေ။ တစ်နေ့တော့ ဦးထွန်း၏ အိမ်ရှေ့တွင် အာဂန္တုဘုန်းကြီးတစ်ပါး လာရောက် ရပ်တော်မူနေတာကို တွေ့သဖြ**့ ဘာသာတရား ကိုင်းရှိုင်းသော ဦးထွန်းက အိမ်ပေါ်ကို ပင့်ဆောင်ပြီး လှူဖွယ်ပစ္စည်းများကပ်လှူလေသည်။ ထိုအခါ ထိုဘုန်းတော်ကြီးမှ ဒီအိမ်တွင် မကောင်းသော အငွေ့အသက်များစွာ ခံစားမိကြောင်း၊ လူတွေမှာလည်း မကောင်းဆိုးရွား အနံ့များ ကပ်ငြိနေကြောင်း ပြောကြားသဖြ**့ အားလုံးထိတ်လန့်တုန်လှုတ်သွားပြီး အဖြစ်အပျက် အလုံးစုံကို လျှောက်ထားရာ ထိုဘုန်းတော်ကြီးမှ အာရုံခံပြီး ဤအိမ်သည် ဘာလုပ်ငန်းဖြ**့ အသက်မွေးဝမ်းကျောင်းပြုပါသလဲဟုမေးရာ ဦးထွန်းမှ မုန့်ဟင်းခါး ချက်လုပ်သောလုပ်ငန်းဖြ**့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည် ဟု ပြန်လည်ဖြေကြားခဲ့လေသည်။ မုန့်ဟင်းခါးချက်ရာတွင် အဘယ်သို့သော ပစ္စည်းများကို အသုံးပြုသနည်းဟုမေးရာ ဦးထွန်းကလည်း ပစ္စည်းအမယ်များကို ဖော်ပြလျှောက်ထားရာတွင် ဆရာတော်မှ ကိုယ်တိုင်ချက်လုပ်ပြုလုပ်သုံးစွဲသော ပစ္စည်းအမယ်များ ရှိပါသလား ဟုထပ်ဆင့်မေးမြန်းပြန်သည်။ ထိုအခါ ဦးထွန်းက ငါးပေါများသော အရပ်ဒေသဖြစ်သဖြ**့ ငါးများပုဇွန်များကို ရာဝင်အိုးကြီးတစ်လုံးကို ငါးများ ပုဇွန်များထည့်ပြီး အပေါ်မှာ သစ်သားပြားဖြ**့ ဖိသိပ်ထားပြီး ငံပြာရည်ချက်လုပ်သော အလုပ်သာ ကိုယ်တိုင်ပြုလုပ်ပါသည်ဟု လျှောက်ထားလေသည်။ ထိုအခါ ဆရာတော်က ထို ငံပြာရည်ပြုလုပ်သော ရာဝင်အိုးကို ပြန်ပြီး သေချာစစ်ဆေးခိုင်းလေသည်။ ဦးထွန်းကလည်း ထိုငံပြာရည်အိုးကို သားများဖြစ်သော ၀င်းထွန်းနှင့် အောင်မြတို့ကို စစ်ဆေးခိုင်းလိုက်သည်။ ခဏအကြာတွင် ၀င်းထွန်းနှင့် အောင်မြထံမှ ထိတ်လန့်တကြား အော်ဟစ် အော့အန်သံများပေါ်လာသဖြ**့ ဦးထွန်းကိုယ်တိုင် သွားရောက်ကြည့်ရှုရာ သစ်သားပြားအောက်မှ ငါးပိ ပုဇွန်များကြားတွင် ပုတ်သိုးနေပြီဖြစ်သော လူ့လက်ကြီးတစ်ဖက်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရလေသည်။ ထိုအချိန် ထိုကာလကား စစ်ဘေးစစ်ဒဏ်သင့်သော အချိန်ဖြစ်နေသောကြောင့် မြစ်ကြောင်းတလျှောက်တွင် လူသေအလောင်းများ မြင်မကောင်းအောင်ဖြစ်နေကြပြီး ဂျပန်များကလည်း လူသတ်ပြီး မြစ်ထဲမျှောတတ်သည့် အလေ့အထများ ဖြစ်ပေါ်နေကြသည်။ တံငါသည်တစ်ယောက်က ဖမ်းမိသော ငါးပုဇွန်များကြားထဲတွင် လူ့လက်တစ်ဖက် ပါနေသည်ကို မသိဘဲ ဒေါ်မြထံသို့ရောင်းချလိုက်ရာမှ ဒေါ်မြကလည်း မစစ်ဆေးတော့ဘဲ ငံပြာရည်ပြုလုပ်သော အိုးထဲသို့ထည့်ခိုင်းလိုက်ရာမှ အထက်ဖော်ပြပါ ဇာတ်လမ်းဖြစ်ပေါ်ရလာခြင်း ဖြစ်ပေသည်။ ဆရာတော်ကလည်း ထို လူလက်ပါဝင်သော အိုးကို မြစ်အတွင်း ပြန်လည်မျှောစေပြီး အိမ်တွင်လည်း ဆရာတော်များနှင့်တိုင်ပင်ပြီး ကမ္မ၀ါဇာရွတ်ဖတ်ခြင်း၊ အလှူအတန်းပြုလုပ်ပြီး မကျွတ်မလွတ်သေးသူအတွက် ရည်စူးပြီး ရေစက်ချ အမျှဝေစေခဲ့သည်။ ဆရာတော်ကိုယ်တိုင်လည်း အိမ်တွင် မေတ္တာကမ္မဌာန်း စီးဖြန်းပြီး အိမ်ပတ်လည်နှင့်ခြံပတ်လည်တ၀ိုက်တွင် ပက်ဖြန်းနိုင်ရန် ပရိတ်ရေများ ပရိတ်ကြိုးများ ချီးမြင့်ခဲ့လေသည်။ ဦးထွန်းတို့မိသားစုကိုလည်း ဘေးဒုက္ခဆိုသည်မှာ ရှောင်လွဲ၍မရနိုင်ကြောင်း နွားလှည်းတစ်ခုတွင် ရှေ့မှနွားသွားရာနောက်သို့ နောက်ကလှည်းဘီးက ထပ်ချပ်မခွာလိုက်ခြင်း ခံရသကဲ့သို့ အကုသိုလ်ကံဆိုသည်မှာ အကျိုးပေးမကောင်းတတ်ကြောင်း ထို့ကြောင့် အသက်ရှင်နေထိုင်စဉ်တွင် ကုသိုလ်တရားများများလုပ်ဆောင်သင့်ကြောင်း ပြောကြားပြီး ထွက်ခွာသွားလေသည်။ ဦးထွန်းတို့မိသားစုကလည်း ဆရာတော် ပြောကြားခဲ့သည့်အတိုင်း ပြုလုပ်ဆောင်ရွက်ကြလေသည်။ ထိုအချိန်မှစ၍ ထိုမကောင်းဆိုးရွားခြောက်လှန့်နေသောအန္တရယ် မတွေ့ကြုံရတော့ချေ။ သို့သော် လူသားဖြ**့ချက်လုပ်ထားသော မုန့်ဟင်းခါးဟင်းရည်ကို သောက်မိကြသော ဦးထွန်းတို့မိသားစုအားလုံးနှင့် ရွာသူရွာသားများသည် မကြာမှီမှာပင် ကာလ၀မ်းရောဂါဖြ**့ တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားခဲ့ရပြီး ရွာမှာလည်း ရွာပျက်ကြီးသဖွယ်ဖြစ်သွားခဲ့ရလေသည်။ သို့သော် ထူးခြားသည်ကား ဟင်းရည်မသောက်မိလိုက်သော ရွာသူရွာသားတချို့နှင့် သက်ကြီးရွယ်အို၊ ကလေးတချို့မှာ ကာလသားရောဂါအဖြစ်ဆိုးမှ ကင်းဝေးပြီး တခြားရွာများသို့ပြောင်းရွေ့သွားနိုင်ကြသောကြောင့် ဒီဖြစ်ရပ်များသည် ဆက်နွယ်မှုရှိသည်ဟု ယုံကြည်လက်ခံကြပြီး အချင်းချင်းလက်ဆင့်ကမ်းပြောကြားခဲ့ကြခြင်းပင် ဖြစ်လေသည်။ မည်သို့ပင် ဆိုစေကာမူ ဇာတ်တူသားဆိုသည့် လူသားအချင်းချင်း လူတစ်ယောက်ရဲ့ အသားကို မစားသင့် မစားထိုက်ချေ။ တလောက ဖေ့ဘုတ်သတင်းတချို့တွင် တရုတ်ပြည်တွင် မွေးကင်းစကလေးများ၏အသားကို စားသည်ဟု သိရသဖြ**့ အလွန်စိတ်မကောင်းဖြစ်မိခဲ့ရသည်။ သေပြီးသားဖြစ်စေ မသေသေးသူများ၏ အသားဖြစ်စေ မစားသင့်ချေ။ မေတ္တာဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး မကောင်းမှုပြုလုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်းဟူသော တရားများကိုလက်ကိုင်ထားလျက် လူသားအချင်းချင်းစာနာစိတ်ထားနိုင်ကြပါစေလို့ ဆုတောင်းရည်ရွယ်လျက်…..
ကျွန်တော်တို့ ဘ၀ထဲက မသိသာသော နေ့ စဉ်ဆုတ်ယုတ်လာသောဖြစ်စဉ်များ
$
0
0
ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။အဆင်မပြေမှုတွေ ပိုများလာတယ်၊
တယောက်နဲ့ တယောက်တွေ့ ဖို့အချိန်တွေလဲနဲလာတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။
ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿသနာတွေ ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။ရောဂါတွေထူပြောလာတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။တကယ်အကျိုးရှိတဲနေရာမှာ သုံးတဲ့သူတွေနဲ လာတယ်။
ပျော်စရာတွေတော့များလာတယ်။သို့ သော်ပြုံးရယ်တာတော့ အတော်နည်းသွားပြီ။
ကားမောင်းတာ အတော်မြန်လာကြတယ်။ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။စာဖတ်တာ အတော်လေးနည်းလာတယ်။
ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။
ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။လတ်တလောပြသနာတွေဖြေရှင်းဖို့ ပဲလုံးပန်းနေရတယ်။
ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။
ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။
ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။
ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။
ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ နဲ့  သည်းခံဖို့ ဆန္ဒတွေနည်းသထက်နဲ လာပြီ။
ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။
ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့ အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
အားလပ်ချိန် နဲ့ လာပေမယ့် ပျော်ရွင်မှုတွေပါ နည်းလာတယ်။
အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့ အိမ်ယာတွေများလာသလို ကျိုးပျက်နေတဲ့ အိမ်ထောင်တွေလဲများလာတယ်။
ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။
အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။
သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။
သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။
ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။
နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင် တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့
ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ
ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။
သရဲခြောက်တဲ့ လယ်စောင့်တဲကြီး(ကြောက်တတ်သူများမဖတ်ရ)
$
0
0
`ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ´ မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျှက် လေများကလည်း အဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင်မိုးသံ တို့မှာရောနှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်းမိုးချုပ်လုစ အချိန် ဖြစ်သည်။ ပတ်ဝန်းကျင်းကလည်းမှောင်မည်းစပြု နေပြီမိုးကလည်း တိတ်မည့်ပုံမပေါ်ပေ။ သည့်အတွက်ကျွန်တော်ဘယ်မှာ နားခိုရမည်နည်း။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကအကျီင်္ရှည်ကြီးတစ်ထည်မှလွဲ၍ ဘာမှမပါပေ။ လမ်းမှာလည်း တောလမ်းလေးဖြစ်သည့် အလျှောက် ရွှံ့ဗွက်များမှာထူထပ်နေပေသည်။ ဒီ့အပြင် မိုးချုပ်နေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရမည်နည်း.. မိုးအတွက် အကာအကွယ်ယူရပေဦးမယ်။
တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ ပါသည်.။ မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ၀ိုးတိုးဝါးတား အရာဝတ္ထု တစ်ခုကိုကျွန်တော်တွေ့လိုက် ရတယ်။ ထိုအရာသည်သက်မဲ့ ဖြစ်ဟန်တူသည်။ ကျွန်တော်၏ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာဖြစ်ကောင်း ဖြစ်နိုင်တယ် ´ ဟုစိတ်ကရေ၇ွှတ်ရင်း မထင်မရှားမြင်နေရသော အရာဝတ္ထုဆီကို ဦးတည်ခဲ့ ပါသည်။ အနားရောက်မှ တဲလေးတစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။
ကျွန်တော် အတိုင်းမသိ ၀မ်းသာသွားခဲ့တယ်။ အဆိုပါတဲလေး၏ အမိုးမှာကောင်းမွန်၍ တဲအတွင်း၌ ခြောက်သွေ့နေမည်ဟု တဲ လေး၏အသွင်အပြင်ကိုကြည့် ၍ကျွန်တော်ယူဆ မိ လိုက်ခြင်းဖြစ်သည်။ တဲမှာလူနေဟန်ရှိမည်မတူ ။တံခါးမှာ သော့မရှိပေမယ့်ဂျလက် ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်းလာသည်ဟုထင်ရပေသည်။ ထိုတဲအတွင်းမှာတစ်ညတာ တည်းခိုရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်တွေဝေမနေတော့ပဲ တံခါးဂျလက်ကို ဖွင့်ကာတဲ ထဲသို့ဝင်ခဲတယ်။
တဲအတွင်းမှာ မှောင်ပြီးထိုင်းမှိုင်းနေသည်ကိုတွေ့ရပေသည်။ အသင့်ပါလာသောမီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ တဲအတွင်းသို့ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့်မြင်တွေ့လိုက်ရပေသည်။ ခုလိုစိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည့်လမ်းကလေးမှ တစ်ဦးတစ်ယောက်ဖြတ်သွားမည်ကို အနည်းငယ်သာစိုးရိမ်ဖွယ်ရှိသော်လည်း တဲတံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက်ပိတ်လိုက်လေ၏။ ကျွန်တော်မီးခြစ်တစ်ချက်ထပ်ခြစ်ပြီး အတွင်းလမ်းလေးအတိုင်းဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကိုတွေ့ရလေသည်။ ထိုအခန်းငယ်တွင်လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာရှိသွားခဲ့ တယ်။ ထို့ပြင်သံချေးတက်နေသော မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။
ကျွန်တော်၏အတွင်းတွင်ခံ ၀တ်ထားသော အကျီင်္မှ အပိုင်း တစ်ချို့ကို ပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။ မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန် ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်.။ ကျွန်တော့်၏ ဘွတ်ဖိနပ်ကု ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင်ထောင်ထား လိုက်တယ်။ အားလုံးအဆင်ပြေသွားပြီဖြစ်သောကြောင့် ကျွန်တော့် ၏ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲချလိုက်ပါသည်။ ခဏတာမှေးခနဲ အိပ်ပျော်သွားပေမယ်.. နိုးလာတဲ့ အခါ မီးဖိုမှမီးများက ၀င်းလက်စွာတောက်လောင်နေသောကြောင့် ကျွန်တော်ကြာရှည်စွာ အိပ်မရပေ။ ထိုအပြင် ကျွန်တော်၏ ခန္ဒာကိုယ်ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏သွား လာလှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်းဖြစ်သည်။
တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့လာသည့် ခြေသံကိုကြားနေရသောကြောင့် ကျွန်တော်ထိတ်လန့် သွားခဲ့ တယ်။ ပြတင်းပေါက်များက်ုပျဉ်ပြားနှင့် အသေပိတ်ထားသည့်အပြင် အ၀င်တံခါးကိုလည်းကျွန်တော် သေချာပိတ်ခဲ့ ခြင်းဖြစ်၍ တဲအတွင်းသို့ ၀င်ရန်အပေါက်မရှိပေ။ ထို့ကြောင့် ကျွန်တော်အတော်အတန်ကြောက်လန့် သွားသော်လည်း ထ၍ရင်ဆိုင်ရသည်မှ တစ်ပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသောလူစိမ်းသည် သွက်လက်ခြင်းမရှိ ၊မီးတောက်နေသောမီးဖို ဆီသို့တဖြေးဖြေး လျှောက်၍သွားလေသည်။
သူသည်အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာမီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွားရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။ ထိုလူကိုကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာခုလိုညမျိုးတွင် လူသားတစ်ယောက်ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ် လျှက်ရှိသည်ကို တွေရပေသည်။ အ၀တ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျလျှက်ရှိပေသည်။
ဦးထုပ်လည်းဆောင်းထားခြင်းမရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တိုက မီးကျီခဲ များ အပေါ်သို့စီးကျနေသောကြောင့် တစ် ရှဲ..ရှဲ မြည်နေပေသည်။ ထိုလူကိုကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်း မှလူမဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန်တွေးယူမိလိုက်ပြန်သည်။
ထို့ကြောင့်ကျွန်တော်ကပဲ သူ့ကို စတင်နူတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။ `ကျွန်တော်တို့ လူသားတွေအတွက် တော့ သာယာတဲ့ မိုးလေ၀သ ဆိုတာ ဘယ်မှာရှိနိုင်မှာလဲ မိတ်ဆွေရာ ။ ဒါပေမယ့် ဒီတဲကလေးက ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ဆိုရမှာပေါ့ဗျာ´ တဲအပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့် အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည် မိုးရေကြောင့် ယိမ်းထိုးနေကြလေသည်။ ထိုလူစိမ်းက `တစ်ချိန်က ဒီတဲလေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။ ဒါပေမယ့် သာမာန် ဧည့်ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့နေတဲ့ အမြဲနေတဲ့သူ မရှိတော့ဘူး´ သို့သော် သ**********များနေထိုင်သည့် နေရာတို့တွင် တွေ့ရတတ်သော ဘူးခွံ၊ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။ `ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´ သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူး ဆိုရင် အခု ဘာကြောင့် အဲ့ အရာများ မတွေ့ရသနည်း။ ကျွန်တော်မေးခွန်း ထုတ်နေမိသည်။ ထိုလူက အဖြေစကားမဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင် ချကာ `ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´ ကျွန်တော်မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။
`အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှ ရှိတဲ့ ရေတွင်း ပျက်ထဲကို ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´ ကျွန်တော်စိတ်ဝင်စား သွားပြီးသူ့အနားကို တိုးသွားမိတယ်။ ဒီ့နောက်သူက ဆက်ပြီးပြောတယ် `တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံး ရွှံ့တွေပေပြီးသေနေတယ်။ အဲ့ဒီ့သရဲက ဒီတဲပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတယ် ။ တစ်ခါ တခါ ဒီတဲထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´ ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။ ကျွန်တော်က- `ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲကခြောက်မှာ တော့ မဟုတ်ပါဘူး ´ `ဟုတ်ကဲ့ ….ကျွန်တော်တို့ကိုသူက ခြောက်မယ်မထင်ပါဘူး´ သူ့စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး ….`ဟား..ဟား..ဟားး… ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှမမြင်ဖူးပါဘူး´ ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။
ပြီးတော့.သူက…… ` ဟုတ်ကဲ့ ခင်ဗျားဘယ်တော့မှမြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့် …ဒီတဲမှာ ၀င်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာမရှိဘူး ။ အကုန်လုံးခြောက်ခံ ရတာကြီး ပဲ´ ထိုသူမည်သို့ပင်ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။ `ကျွန်တော့်ကို အိပ်ရေးပျက်အောင်လုပ်နေတာ သရဲမဟုတ်ဘူး..။ မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော်နိုးသွားတာ.. ´ ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေသည်။
`ဟား…ဟာ.း…ဟား…ဟား…ဟား´ သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျ နေပေသည်။ သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။ `ဘု ရားရေ….မိတ်ဆွေ ….အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´ ဟု ကျွန်တော် ပြောလိုက်မိသည် ။ ထိုလူက အနည်းငယ်ရယ်လိုက်ပြီး ……… `မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ ကျွန်တော်က ဘယ်တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေ၀သ ကောင်းကောင်း ၊ ဆိုးဆိုး နွေဖြစ်ဖြစ်၊ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´ ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီးကျွန်တော့်ကို စူးစိုက်ကြညိ့နေလေသည်။ ကျွန်တော် အခုမှ သူပြောသမျှတွေသတိရ သွားပြီး ကျွန်တော့် ဘွတ်ဖိနပ်ကိုကောက်ယူကာ ကြောက်လန့်တကြားအော် ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။
ကောင်းကင်ရဲ့ အသည်းအပိုင်းအစ (၁)
$
0
0
ကောင်းကင်ရဲ့ အသည်းအပိုင်းအစ (၁)
.
.
နေမပူပေမယ့် မိုးရွာနေခြင်းလဲ မဟုတ်ပါ….. မေလရဲ့လလယ်ဆိုတော့ မိုးကတော့ ခပ်အုံ့အုံ့ကလေးရယ်..
ရန်ကုန်မြို့ရဲ့နာမည်ကြီး ကန်တစ်ခုရဲ့ဘေးမှာပါ….
လူနှစ်ယောက် အတွေးကိုယ်စီနဲ့ ထိုင်နေလေရဲ့ ….
ခဏကြာတော့ “ ကောင်းကင် … မင်းဟိုသတင်းကြားပြီးပြီလား” ဟု တစ်ယောက်ဆီက အသံထွက်လာသည်။
သူ့ စကားကအဆက်အစပ် မရှိပေမယ့် သူဘာကိုဆိုလိုတယ် ဆိုတာ ကျွန်တော် အပြည့်အဝ သိပါသည်။
“ဟူး……” သက်ပြင်းရှည်တစ်ခုကို လေးတွဲ့ စွာချ လိုက်ရင်း “အင်း….”
ဟု တစ်လုံးသာထွက်သွားလေသည်။
“မင်းဘယ်လိုမှ မခံစားရဘူးလား” သူမေးတော့မည် ဆိုတာ ကျွန်တော်ကြိုသိနေတာပဲလေ . ရှောင်လို့ မှ မရတာ
ကျွန်တော် အသာအယာပဲ ခေါင်းခါ ပြလိုက်သည်။ ထိုအခါ ဇော်ဂျီက ဆက်ပြီး “ မင်းကိုငါလုံးဝ နားမလည်တော့ဘူးသူငယ်ချင်း ”
သူငယ်ချင်းတွေ ကျွန်တော့်ရဲ့ စိတ်ကို နားမလည်ဘူးဆိုသော စကားကို ထပ်ခါထပ်ခါ ပြောဖူးသည်။ ဒီစကားပြောတိုင်းလည်း
ကျွန်တော့်ဘက်က တစ်ခွန်းတည်းသော စကားကိုသာ ပြန်ပြောလေသည်
“ မင်းတို့ ငါ့ကိုနားမလည်တာ မဆန်းပါဘူး ငါက ငါ့ကိုငါတောင် ဘာတွေလုပ်မိမှန်း မသိတာ”
“ငါ့ကိုနားလည်ဖို့ မကြိုးစားချင်ပါနဲ့ ကွာ”
ဒါပေမယ့် ဇော်ဂျီကတော့ ကျွန်တော့်ကို နားလည်ဖို့ ကြိုးစားလေသည်။
ကြိုးစားမှာပေါ့ သူက ကျွန်တော်နှင့် တစ်ရက်တည်း အတူတူမွေးဖွားခဲ့သော အူဝဲဆိုကတည်းက အတူတူ ကြီးပြင်းခဲ့သော အခင်ဆုံး သူငယ်ချင်းလေ
ဒါပေမယ့် သူက ဘာလုပ်လုပ် လက်တွေ့ ဆန်သည်။ ကျွန်တော်ကတော့ စိတ်ကူးယဉ်သမား သူကပွင့်လင်းပေမယ့် ကျွန်တော်က ခံစားချက်ကို အပြင်ကို ထုတ်မပြောတက်
ဒါလေးပဲကွာတာ .. ကျန်တာတွေက အတူတူ ….
အခုပဲကြည့်လေ ကျွန်တော့်ချစ်သူ က သူ့မိဘ သဘောတူတဲ့သူနဲ့ လက်ထပ်တော့မှာ .. ကျွန်တော်က အေးစက်စက် ဖြစ်နေပေမယ့် သူက မနေနိုင်
“ မင်းတစ်ခုခု စီစဉ်လေ …. မင်းသူ့ ကိုတကယ်ချစ်တာပဲ … ဘာလဲ မင်းသူ့ ကိုတကယ်မချစ်ဘူးလား ”
“ ငါသူ့ ကိုချစ်တာပေါ့ကွာ ငါ့အသက်ထက်တောင် သူ့ ကိုပိုချစ်သေးတယ် ”
“ ချစ်တာပဲကွာ သူ့ ကိုရအောင်ယူပေါ့ ” ဟု အားမလိုအားမရ အသံဖြင့် ပြောသည်။
“ ဇော်ဂျီ မင်းကို ငါတစ်ခု မေးမယ် ”
“ အေး..”
“ မင်းထီထိုးဖူးလား ”
“ မင်းဘာကိုဆိုလိုချင်တာလဲ ကောင်းကင် ”
“ ငါမေးတာကိုပဲ ဖြေပါကွာ ”
“ အေးထိုးဖူးတယ် ”
“ မင်းထီထိုးတဲ့ အခါ ဘယ်လိုစိတ်မျိုးနဲ့ ထိုးတာလဲ ”
“ ဟ ထီထိုးပါတယ် ဆိုမှ ပေါက်ချင်လို့ ပေါ့ ”
“ အေး ကိုယ်ထိုးတဲ့ထီ မပေါက်ခဲ့ရင်ကော မင်းဘယ်လိုခံစားရလဲ ”
“ ဘယ်လိုမှတော့ မခံစားရပါဘူး ကိုယ်မပေါက်ပေမယ့်လဲ တစ်ခြားသူ ပေါက်သွားတော့လဲ မုဒိတာ ပွားရတာပေါ့ ”
“ အေး ထီထိုးတယ်ဆိုတာ ပေါက်ချင်လို့  ထီမပေါက်ခဲ့ပေမယ့်လည်း ထီထိုးတဲ့ တစ်ခြားတစ်ယောက် ပေါက်သွားတာ ငါလဲ ပျော်မိပါတယ် ”
“ မင်းဘာကို ဆိုလိုချင်တာလဲ ကောင်းကင် ငါအခုထိ မင်း ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားမလည်သေးဘူး ငါ့ကိုရှင်းရှင်းပြော ”
“ ငါပြောမယ် သေသေချာချာ နားထောင် ဇော်ဂျီ … ငါ သူ့ ကိုအရမ်းချစ်တယ် ငါချစ်ခဲ့တာလဲ လက်ထပ် ဖို့ အတွက်ပဲ …
ဒါပေမယ့်ကွာ လက်ထပ်ဖို့ ကလဲ ထီထိုးသလိုပဲပေါ့ ပေါက်မဲက ငါမဟုတ်ပဲ တစ်ခြား တစ်ယောက် ဖြစ်နေတယ်လေ …
ငါဘာလုပ်ရမှာလဲ သွားလု လို့ မှမရတာ ငါ ထိုင်ကြည့်ပြီး တော့ပဲ မုဒိတာ ပွားရတော့မှာပေါ့ ”
“မဟုတ်သေးဘူး ကောင်းကင် …. အခု သူတို့ က မိဘချင်းသဘောတူ ထားယုံပဲ ရှိသေးတာလေ မင်းဘက် ကြိုးစားခွင့်အများကြီး ရှိသေးတယ်လေ”
“ ငါမကြိုးစားချင်တာ မဟုတ်ဘူး ဇော်ဂျီ … ဇာတ်သိမ်း ခန်းကို ကြိုသိနေလို့  ငါနောက်ဆုတ် ပေးလိုက်တာ ”
“ ဘာ …. မင်းက ကြိုသိနေတယ် .. ဘာကို ကြိုသိနေတာလဲ ”
“ ဟုတ်တယ် ဇော်ဂျီ ငါအားလုံးကို ကြိုသိနေတယ် ဟိုး …… လွန်ခဲ့တဲ့ လေးနှစ်ကျော် ငါးနှစ်လောက် ကတည်းက ကြိုသိခဲ့တာ အခုမှ မဟုတ်ဘူး ”
“ ဟင် .. ဒါဆို မင်းနဲ့ သူနဲ့ မကြိုက်ခင် ကတည်းကပေါ့ ” “ အမှန်ပဲ ဇော်ဂျီ ”
“ မင်းအဲ့ဒီ မင်္ဂလာပွဲ ကိုသွားမှာလား ”
“ ဟ သွားမှာပေါ့ သူက ငါ့ကိုဖိတ်မယ်တဲ့ ငါကလဲ သွားမယ် ”
“ မင်း ဘယ်လို မျက်နှာနဲ့ သွားမှာလဲ သူငယ်ချင်းတွေ အများကြီး လာမှာနော် မင်းတို့ နှစ်ယောက် အကြောင်းသိနေတဲ့ သူတွေ အများကြီးပဲ လာကြမှာ ”
“ ငါ က ပြုံးပြုံးလေး နဲ့ သွားမှာပါ သူ့ ကိုကတိပေးပြီး သွားပြီ ”
“ မင်းမသွားသင့်ဘူး ကောင်းကင် .. ဒီကိစ္စကို ငါလုံးဝ တားမြစ်တယ် ”
“ ဟ ငါပြောပြီးပြီလေ ကိုယ်က ထီမပေါက်ပေမယ့် တစ်ခြားတစ်ယောက် ပေါက်တာကို ငါ ဂုဏ်ပြုရမှာပေါ့ ငါ့မှာ ဂုဏ်ပြုခွင့် ရှိတယ် ဇော်ဂျီ …
ငါ့ကိုနားလည်ပေးပါကွာ … ” သူက ကျွန်တော့်ကို တွေဝေစွာကြည့်ရင်း နားမလည်ခြင်းလား စာနာခြင်းလား သနားခြင်းလား အဓိပ္ပါယ် မဖော်နိုင်သော မျက်ဝန်း နှင့် ကြည့်ပြီး
မျက်နှာလွှဲသွားသည်။
ဟိုးအဝေးဆီမှ ငှက်ကလေးနှစ်ကောင် အိပ်တန်း တက်ရန် ဆိုင်ရာ အသိုက်ဆီသို့ အလုအယက် ပျံသန်းနေသည်။
ကျွန်တော့် မျက်ဝန်းကတော့ အမြင်တွေဝေဝါး ကာ ကောင်းကင် ပေါ်သို့ မော့လိုက်ကာ နှုတ်ခမ်းဖျားမှ စကားလုံး တစ်ချို့ တိုးညင်းစွာ ထွက်သွားလေသည်။
“ ငါ
ငို
ဘူး
ဒါ
ပေ
မယ့်
နှ
လုံး
သား
မှာ
တော့
ဘီ
လူး
ဝင်
ပူး
နေ
တယ်”
မှတ်ချက် ။ ။ ဆရာ တာရာမင်းဝေ ရဲ့ စကားလုံးလေး ကိုကြိုက်လို့ ထည့်သွင်းရေးထားပါတယ်။ ဆရာ့ ကို ဆရာ့စကားလုံးလေးနဲ့  ဂါဝရ ပြုလိုက်ပါတယ် ဆရာ။ အမှားပါသွားရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။
လာပါသူငယ်ချင်း
$
0
0
လာပါသူငယ်ချင်း  ဓမ္မစကူးကျောင်းကိုသွားကြမယ်
ဟိုရောက်ရင်      ဘုန်းဘုန်းကိုတွေ့မယ်
ဘုန်းဘုန်းက     ပြောဆိုဆုံးမလိမ့်မယ်
ဒါကကုသိုလ်   အကုသိုလ်ကွယ့်
အကုသိုလ်ရှောင်   ကုသိုလ်ဆောင်လို့
ကောင်းမှုကုသိုလ်များများလုပ်ပါကွယ်
ဒါကြောင့် လာပါသူငယ်ချင်းတို့
ဓမ္မစကူးကျောင်းကိုသွားကြမယ်
  • သွားမယ်သွားမယ်
အချစ်နှင့်နှောင်ကြိုး (ထိုင်းနိုင်ငံမှ လက်တွေ့ကျကျ အချစ်ဇတ်လမ်း)
$
0
0
ဟိတ်ကောင် ငြိမ်းချမ်း မင်းထိုင်းကိုခနခနသွားသွားနေတာ ငါသိတယ် နော်။ နေခြည်သိရင်တော့ကွာ ကွိုင်ဘဲ”
            “မင်းဘိုးအေမှ ငါပိုက်ပိုက်နဲ့ငါသွားတာ မင့်ပူပါတာမှတ်လို့။”
“အေးငါ့ပူတော့မပါဘူးပေါ့။ မင်းဘိုးတော်ကြီးကို အကြောင်း အမျိုးမျိုး ပြပြီး သွားသွားနေတာ ဘာလည်း မင်းသူ့ကို တော်တော်စွဲ လမ်းနေ ပြီလား။”
“ဟေ့ရောင်မင်းဒိုးတော့ကွာ ငါအတွေးပျက်တယ်။”
“ပြန်ဆိုလည်း ပြန်မှာပါကွာ နှင်နေစရာ မလိုပါဘူး”
“ပြန်မယ်ဆိုလည်း မင်းကိစ္စမင်းရှင်းခဲ့ဦး စိုးအောင်”
“ဟားဟား သွားပြီဟေ့ရောင် ငါဖွထားတာတွေ မင်းဘဲရှင်းလိုက်တော့”
အခန်းတခုလုံး စာအုပ်ဘောပင် ရောင်စုံခဲတံများဖြင့် ပွလန်နေသော ငြိမ်းချမ်းဦး၏အခန်းလေးထဲမှ စိုးအောင် ထွက်လာခဲ့သည်။ အခန်းထဲမှ အိပ်ယာ ပေါ်တွင်လဲလှောင်းနေရင်း အတွန့်တတ်လျှက် အငြင်းလာလာ ပွားတတ်သော စိုးအောင်ကို မောင်းထုတ်ရင်းစိုးအောင်ပြောခဲ့သော စကားများကို ပြန်လည်ကြား ရောင်နေမိသည်။ မင်းသူ့ကိုတော်တော် စွဲလမ်းနေလား၊ မင်းသူ့ကို တော်တော် စွဲလမ်းနေလား။ ငြိမ်းချမ်းမသိပါ တချိန်တုန်းက တနယ်တကျေးကို ဖေဖေလွတ်လျှင် လေယဉ်လက်မှတ်ဖြတ်ရမည့်အရေး Visa စောင့်ရမည့် အရေး ကိုတွေးရင်း သူတော်တော်စိတ်ပျက်မိသည်မှာ အမှန်ပင်။ သို့သော်ယခု ဆိုလျှင် အကြောင်းမရှိ အကြောင်းရှာပြီးထိုင်းကိုသူ ခနခန ရောက်ဖြစ်နေမိ သည်။
            “ဟေ့ရောင် ငြိမ်းချမ်း ဆိုစမ်းပါဦးမင်းရဲ့ထိုင်းမလေးအကြောင်း”
            “ဟုတ်တယ် သန္တာတို့လည်း သိချင်နေတာ ပြောပြစမ်းပါငြိမ်းချမ်းရာ။”
            “ဟုတ်တယ် စုမွန်လည်းထောက်ခံတယ်။”
“ဟာမင်းတို့ကလည်း သူကထိုင်းမလေးမဟုတ်ပါဘူးကွာ။ မြန်မာ မလေးပါ။”
“ဟေ------ ဟုတ်ရဲ့လားကွာ မင့်ဟာက။ တို့ယုံအောင်လည်း ပြောစမ်း ပါဦး။”
            အင်းလျှားကန်ဘောင်ဘေးရှိ အအေးဆိုင်လေးတွင်ထိုင်နေရင်း အိစုမွန်၊ သန္တာနှင့်စိုးအောင်တို့မှ ဆူညံဆူညံ ပွတ်လောပွတ်သံတွေကြားမှ--
အေးမင်းတို့သိချင်ရင် ငါပြောပြမယ် ဒါပေမဲ့နေခြည့်ကို တော့ပြန် မပြောပါနဲ့ကွာ။ အဖြစ်ကဒီလိုကွ။”
                        X – X – X – X – X – X – X – X – X – X
 အတိတ်(၁)
          မယ်ဘန့်ခါး-
တံခါးခေါက်သံနှင့်အတူ တပြိုင်တည်းထွက်ပေါ်လာသော တည်းခိုခန်း သန့်ရှင်းရေးသမများ၏ အသံဇာဇာလေးကို ရုတ်တရက်ကြားလိုက်ချိန်တွင် အခန်းထဲတွင်ရှိ နေသောငြိမ်းချမ်းမှ တံခါးလာရောက်ဖွင့်ပေးသည်။ ငြိမ်းချမ်း နောက်တွင် ငဦးလည်းလိုက်ပါလာခဲ့သည်။ အထက်တီရှပ်အပြာနုရောင်နှင့် အောက်ခံဘောင်းဘီ အနက်ရောင်အရှည် ဆင်တူဝတ်ဆင် ထားသော အမျိုးသမီးသုံးဦးထဲမှ အသက်အကြီးဆုံးဖြစ်သူတဦးသည် ငြိမ်းချမ်းတို့၏ မျက်နှာကို ဖော်ရွေသော အပြုံးဖြင့်  နှုတ်ဆက်လိုက်သည်။
စသပ်တီခါး---ထမ်းဟောင့်က်(တ်)စအပ်မိုင်းခ
အလုပ်တွေအောင်မြင်ရန်
$
0
0
လူငယ်တွေအတွက်အလုပ်လုပ်တဲ့အခါဂရုစိုက်သင့်တယ်ထင်တဲ့အချက်လေးချက်ကိုပြောပြမယ်။
၁။ကတော့အဒီအလုပ်ကိုလုပ်ဖို့ဆန္ဒရှိရမယ်
၂။ကတော့အဒီအလုပ်လုပ်တဲ့အခါအားနဲ့အင်နဲ့လုပ်ဖို့လိုတယ်
၃။ကအဒီအလုပ်ကိုစူးစမ်းနေဖို့လိုတယ်
၎။နောက်ဆုံးတချက်ကတော့ စိတ်ပါဝင်စားရှိဖို့ပါဘဲ
အသေးစိပ်ပြန်ရှင်းမယ်။
၁။ဆန္ဒရှိတာနဲ့စိတ်ပါဝင်စားတာမတူဘူးဆိုတာပထမသိထားရမယ်။
ဆန္ဒဆိုတာကြံရွယ်ထားတာကြံစိထားတာ,စိတ်ဝင်စားမှုကတော့လက်တွေ့လုပ်နေတဲ့အခါမှသာလြဖစ်ပေါ်တာ။ဒါလောက်ဆိုတွေးဆလို့ရလောက်ပြီမဟုတ်လား
၂။လေးတိလေးကံနွားပျင်းကြီးချောင်းဖြတ်သလိုမလုပ်ရဘူး။လျင်မြန်သင့်သလောက်လျင်မြန်ရမယ်။
ဒါကတော့ ၁ ကအားကြီးနေမှ,ဆန္ဒရှိနေမှကိုး
၃။အလုပ်သဘောကိုဆန္ဒရှိဆိုကတည်းကစဉ်းစားထား,စူးစမ်းထား,စဉ်ကြင်ထားရမယ်။သဘောတရား,ထပ်ဆင့်သဘောတရား
ထပ်ဆင့်ပြောင်းလွဲမှုသဘောတရား,ရလာဒ်,စသည်စသည်အထိကိုစူးစူးစိုက်စိုက်စုံစမ်းထားရမယ်။
၎။အဒီအလုပ်ကိုစိတ်ပါဝင်စားမရှိဘဲလုံးဝလုံးဝအဆုံးမသတ်လေနဲ့,အဆုံးသတ်မကောင်းတဲ့တိုက်စစ်မှုးလိုပေါ့။မောရုံမှာပေါ့။
ခွန်းအားတွေဆုံးရုံပေါ့။သဘောပေါက်လောက်ပြီပေါ့။
အဆုံးသတ်ကောင်းဖို့အရေးကြီးတဲ့အကြောင်းပရီမီယားလိဂ်ကသတ်သေဘဲ။
စိန်ပါဝင်းစားမှုရှိရှိနဲ့အဆုံးသတ်လိုက်,ဒါဆို okမှ ဆိုပြေ။
ဒါကိုယ့်စိတ်ကူးမဟုတ်ဘူး။ဂေါဓမဗုဒ္ဓကဟောတာ
သူကအဓိပတိလေးပါးကိုဟောခဲ့တာ
ဘုရားဆိုဖီတွေကတန်းဖိုးရှိတယ်။ဘေးဖယ်မထားနဲ့သိလား?
phyowe
Please , Don't Abuse The Innocent Child!
$
0
0
Please , Don't Abuse The Innocent Child!
"The first image refers to pedophilia in the Vatican. Second child sexual abuse in tourism in Thailand, and the third refers to the war in Syria. The fourth image refers to the trafficking of organs on the black market, where most of the victims are children from poor countries; fifth refers to weapons free in the U.S.. And finally, the sixth image refers to obesity, blaming the big fast food companies."
- ပထမပုံက ဗာတီကန်မြို့မှာ ကလေးသူငယ်တွေ မဖွယ်မရာပြုကျင့်ခံရတာကို ရည်ညွှန်းထားတဲ့ပုံပါ ။
- ဒုတိယပုံကတော့ ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းတွေမှာ ကလေးသူငယ်တွေ လိင်အကြမ်းဖက်ခံရတာကို ရည်ညွှန်းထားတာပါ ။
- တတိယပုံကတော့ ဆီးရီးယားစစ်ပွဲကာလတွေအတွင်း ကလေးသူငယ်တွေ လိင်အကြမ်းဖက်ခံရတာကို ရည်ညွှန်းထားတာဖြစ်ပြီး
- စတုတ္ထပုံကတော့ မှောင်ခိုဈေးကွက်တွေမှာ ကလေးသူငယ်ကိုယ်အင်္ဂါတွေ မှောင်ခိုကူးခံရတာကို ရည်ညွှန်းထားတာပါ ။- ဒီဖြစ်ရပ်မှာတာ့ သားကောင်ဖြစ်သွားရသူအများစုက ဆင်းရဲတဲ့နိုင်ငံတွေက ကလေးသူငယ်တွေ ဖြစ်ပါတယ် ။
- ပဉ္စမပုံကတော့ အမေရိကန်ပြည်ထောင်စုမှာ လက်နက်တွေ လွတ်လပ်စွာ ၀ယ်ယူနိုင်မှုကြောင့် ကလေးသူငယ်တွေ သားကောင်ဖြစ်သွားရတာကို ရည်ညွှန်းထားတာပါ။
- ဆဌမမြောက်ပုံကတော့ အ၀လွန်စေတဲ့ အစားအသောက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကြောင့် ကလေးသူငယ်တွေ အ၀လွန်လာကြတာကို ရည်ညွှန်းထားတာပါ ။
                                                          (translated by - subootalk)
ဒီဆောင်းပါးလေးက ကျူးဘားလူမျိုး စာရေးဆရာတစ်ဦးဖြစ်တဲ့ Erik Ravelo ရဲ့ "The Untouchables"ဆိုတဲ့ အခန်းဆက်ဆောင်းပါးတစ်ခုက ပုံလေးပါ။ လက်ရှိကမ္ဘာပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် သားကောင်ဖြစ်သွားရသူတွေဟာ အပြစ်မဲ့တဲ့ ကလေးသူငယ်တွေပါ။
suboo တို့ရဲ့ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာလည်း ကိုယ်ကျိုးရှာသူတွေကြောင့် ကလေးသူငယ်တွေ အပြစ်မဲ့စွာ သားကောင်ဖြစ်နေကြရပါတယ် ။
ဒီလိုအပြစ်မဲ့စွာ သားကောင်ဖြစ်သွားကြရတဲ့ ကလေးသူငယ်တွေအတွက် ပြင်းထန်တဲ့ ဥပဒေတစ်ရပ်ထုတ်ပေးဖို့ လွှတ်တော်မှာ တောင်းဆိုခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါ့ကြောင့် suboo တို့တွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အပြစ်မဲ့ကလေးသူငယ်တွေကို သားကောင်ဘ၀မကျရောက်ရလေအောင် တတ်နိုင်သလောက် ကြိုးစားကြဖို့ ဒီပိုစ့်လေးနဲ့ တိုက်တွန်းလိုက်ပါရစေ။
တာဝန်သိတဲ့သူ
$
0
0
    ။။ ခင်ခင်  အပြင်သွားရအောင်ဟာ ။။
။။ ငါမလိုက်ချင်ဘူး  စာတွေလုပ်ရဦးမယ် ။။
။။ နင်ကလည်း အားရင်စာပဲလုပ်နေတယ် ။ အချိန်တန်အောင်မှာပေါ့ဟာ ။
   မအောင်ရင်လည်း  နောက်တစ်နှစ်ပေါ့ ။။
။။ ငါ့ဘ၀မှာ  တစ်နှစ်အောက်တယ်ဆိုတာမရှိခဲ့ဖူး ဘူး ။။
။။ ဒါဆိုရင်လည်း  ငါ့လိုကျူ ရှင်တက်ပေါ့ဟာ ။။
။။ ငါက ကျူ ရှုင်တက်နိုင်တဲ့သူမဟုတ်ဘူး ။ ဒါပေမဲ့ ဒီနှစ်အောင် မှဖြစ်မယ် ။။
။။ ဘာလို့ အောင်မှဖြ စ်မှာလဲ  ။။
။။ ငါမအောင်ရင်  ငါ့ကို ကျောင်းထားပေးတဲ့သူတွေကို ကျေးဇူးကန်းရာရောက်လို့ ။။
။။ ဘယ်လို  ဘယ်လို  နင့်ကိုကျောင်းထားပေးတာ  နင့်အဖေနဲ့ အမေ မဟုတ်ဘူးလား။။
။။ မဟုတ်ဘူး ။။
။။ ဒါဆိုရင်  ဘယ်သူထားပေးတာလဲ ။။
။။ ငါတို့  ပရဟိတကျောင်းကို လှုနေတဲ့အလှုရှင်တွေ ။။
။။ ဘာ  နင်က  ဒါဆိုရင် ။။
။။ ဟုတ်တယ် သီရိ  ငါက မိဘမဲ့ကျောင်းကနေ  ဒီကျောင်းကိုလာတက်တာ ။ ငါ့မှာ အဖေနဲ့ 
   အမေဆိုတာမရှိ ဘူး ။ ငါလူမှန်းသိတတ်စကတည်းက  မိဘမဲ့ပရဟိတကျောင်းကိုရောက်ခဲ့တာ
   ကျောင်းကိုအုပ်ချုပ်တဲ့  ဆရာတော်ရဲ့ လက်အောက်မှာ ငါကြီးပြင်လာခဲ့ရတာ ။။
။။ အဲ့ဒီကျောင်းမှာ  တစ်ခြားသူတွေ ရှိ မှာပေါ့ ။။
။။ အင်းငါ့အောက်မှာ  ၈တန်း ၉တန်းတက်နေတဲ့ကျောင်းသား၎ယောက်ရှိတယ် ။
   မူလတန်း ကစပြီးတွက်ရင်ကျောင်းမနေသေးတဲ့ကလေးတွေအပါအ၀င်  အားလုံး  ၂၀၀ လောက်
   ရှိတယ် ။
။။ ဒါဆို  နင်တို့ ဘယ်လိုစားကြသလဲ ။။
   အဲ့ဒီဝင်ငွေတွေနဲ့  ငါတို့ ကိုကျောင်းထားပေးတယ် ။ ပြုစုစောင့်ရှောက်ပေးထား တယ် ။
   ငါက (၁၀)တန်းဆိုတော့  ငါ့မှာတာဝန်အကြီးဆုံး ငယ်ငယ်ကတည်းကတစ်နှစ်မှ ငါစာ
   မေးပွဲမကျခဲ့ဖူးဘူး ။။
။။ ဒါကြောင့်မို့   နင်စာကိုကျိုးစားနေရတယ်ဆိုပါတော့ ။။
။။ ငါ့မှာရည်မှန်းချက်ရှိတယ် ။။
။။ ဘာတွေလည်းဟ  ငါ့ကိုလည်းပြောပြပါဦး ။။
။။ ငါ့အောက်က  ငါ့ညီလေးမောင်လေးတွေက  ငါ့ကိုကြည့်ပြီးစာကျိုးစားချင်စိတ်ရှိလာစေရမယ် ။
    ငါနေခဲ့တဲ့  ပရဟိတကျောင်းကိုပြန်ပြီး လုပ်ကြွေးရမယ် ။ ငါစားခဲ့တဲ့ထမင်းတွေအတွက် ငါ့ကို
    ပညာသင်ပေးတဲ့  ကျေးဇူးရှင်တွေအတွက်  ငါအမြဲကျိုးစားနေမှဖြစ်မယ် ။။
။။ အင်း  နင့်ဘ၀ကဒီလိုလား ။။
။။ ငါ့မှာ စိတ်ဓါတ်ကျတယ်ဆိုတာမရှိဘူး ။ ဆရာတော်က ငါတို့ ကိုငယ်ငယ်ကတည်းကဆုံးမခဲ့
   တယ် ။
  ။။ စားဖို့   နေဖို့  ၀တ်ဖို့  ရှိ နေ ပြီ ဆိုရင်  လုပ်စရာတစ်ခုပဲရှိတယ် ။။ ရည်မှန်းချက်ထားပြီး
   အဲ့ဒီ ရ ည်မှန်းချက်အောင်မြင်အောင် မဖြစ်မနေကျိုးစားဖို့ ပဲ ။ ဒါမှလူ ပီသမယ် ။
။။ အဲ့ဒါကြောင့်  နင်က တစ်အားကျိုးစားနေတယ်ဆိုပါတော့ ။။
   အောင်မြင်ရမည်ဟူသော သင်၏ဆုံးဖြတ်ချက်သည် အခြားမည်သည့်အရာထက်မဆိုပိုပြီး
   အရေးကြီးကြောင်း  ဘယ်တော့မှမမေ့ပါနဲ့ ။။။။။။။  အဲ့လိုမဟုတ်လား ။။
။။ ဟုတ်တယ် သီရိ  ငါတို့ ဘ၀တွေက  နင်တို့ လို လှဖို့ ပဖို့ မလိုဘူး ။ ပြီးတော့ တစ်ခြား အပျော်
   အပါးတွေကိုလည်း  အချိန်ကုန်ခံပြီး  မခံစားနိုင်ဘူး ။ ငါ့အောက်က မိဘမဲ့ ငါ့မောင်လေးညီမ
   လေးတွေကို  သူတို့ ရည်မှန်းချက်တွေ  ပြည့်လာအောင် ငါကူညီပေးရဦးမယ် ။ ဒါမှ ငါဟာတာဝန်
   ကျေ တဲ့ လူသားတစ်ယောက် ဖြစ်မယ် ။။ အခုလိုနုနယ်နေတဲ့ အချိန်ကစပြီး  ကိုယ့်ကိုယ်ကိုအား
   ကိုးတတ်တဲ့စိတ်  စာကျိုးစားချင်တဲ့စိတ်  အချိန်ကိုတန်ဖိုးထားတတ်တဲ့စိတ်  ချစ်ချစ်ခင်ခင်ကြင်
   ကြင်နာနာနဲ့   နေတတ်တဲ့စိတ်ကောင်းလေးတွေကအစ  သင်ပေးရမယ် ။ ဒါမှနောင်တစ်ချိန်မှာ
   သူတို့ လေးတွေဟာ အောင်မြင်တဲ့  ထူးချွန်တဲ့ သူတွေ  အများအကျိုးထမ်းဆောင်ပြီး
   ပရဟိတစိတ်ဓါတ်ရှိတဲ့  လူတော်လူကောင်း လေးတွေဖြစ်လာမယ်လေ ။။။
တစ်သက်လုံးဝတ်ရင်တောင် မကုန်နိုင်တဲ့အ၀တ်အစားတွေ  ပြီးတော့ အိမ်မှာ အချိန်ကုန်ခံပြီး
ဂိမ်းကစားနေတတ်တဲ့ကျွန်မ  ရှက်စိတ်ဝင်သွားပါတယ် ။ အများအကျိုးထမ်းဆောင်တဲ့ပရဟိတ
စိတ်ဓါတ် ဆိုပါလား   ကျွန်မဘာမှမသိ  တစ်ခါမှလည်း မစဉ်းစားမိခဲ့ ။ မိဘကကျောင်းသွားခိုင်း
ရင်   မုန့် ဖိုးတောင်း  စာမလိုက်နိုင်ရင်ကျူ ရှင်တွေတက် အားရင်သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်။
တကယ်ပဲတည်ကြည်လေးနက်နေတဲ့ခင်ခင် မျက်နှာလေးကိုငေးကြည့်ရင်း  ခင်ခင်ရဲ 
လက်ကလေးနှစ်ဖက်ကိုလှမ်းဆုပ်ကာ  ။။
။။ ခင်ခင်ရယ်  မင်းလိုကိုယ့်ဘ၀ကိုယ်သိပြီး  တန်ဖိုးရှိရှိဘ၀ကိုရည်မှန်ချက်ထား  ကျိုးစားနေတဲ့
မင်းကိုငါဂုဏ်ယူပါတယ်ဟာ။ငါ့ကိုလည်းအသိဥာဏ်တံခါးဖွင့်ပေးတဲ့မင်းကိုကျေဇူးအထူးတင်ပါ
တယ်သူငယ်ချင်းရယ် ။ မင်းလိုသူငယ်ချင်းမျိုးရတဲ့အတွက် ငါ့ကျေနပ်တယ် ၀မ်းသာတယ်ဟာ။။
        ခင်ခင်ကတော့ ကျွန်မစကားကို  နှစ်လိုဖွယ်ကောင်းသော အပြုံးလေးနှင့်နားထောင်
နေပါတော့သတည်း  ။။။။။။။။။။။။။။။။။။။
                                                             သူငယ်ချင်းအားလုံးကို
                                                      ချစ်ခင်လေးစားလျှက်
                                             ကိုမောင်မောင်
ပိုက်ဆံ ( သို့  ) ငွေ
$
0
0
ပိုက်ဆံ ( သို့  ) ငွေ
_______________
အဲဒီ ခေါင်းစဉ်ကြီးနဲ့  လိုက်ဖက်အောင် တွဲဖက်ညီတဲ့  နာမည်လေးက အရာရာကိုပြောင်းလဲစေခဲ့ တယ်နော်....
မရှိတော့တစ်မျိုး ၊ ရှိတော့တစ်မျိုးအမျိုးမျိုး နဲ့  လူသားတွေကို နှိပ်စက်ခဲ့ တယ်...ပိုက်ဆံကြောင့် အရာရာကိုဆုံးရှုံးကြရတယ် ၊ ပိုက်ဆံကြောင့် အရမ်းချစ်တဲ့  မိသားစုတွေနဲ့  တကွဲတပြားဖြစ်ရတယ်...
ခေတ်နဲ့ လိုက်ပြီးပြောရရင်တော့ ပိုက်ဆံရှိရင် ဘယ်အရာမဆို ရတဲ့ သဘောပေါ့ ...ပိုက်ဆံက အဲလောက်တောင် ဖန်းဆင်းပေးနိုင်တယ်နော်... ဟုတ်တော့ဟုတ်ပါတယ်...
ပိုက်ဆံမရှိတော့  သူများလက်အောက်မှာ မျက်နှာငယ်ရတယ်...ပိုက်ဆံမရှိတော့ အရာရာလုပ်ပိုင်ခွင့်တွေ ဆုံးရှုံးရတယ်...
အထူးသဖြင့် ပြည်ပကလူတွေ ပိုဆိုးပါတယ် ပိုက်ဆံမရှိလို့  နိုင်ငံခြားထွက်လာရတယ် ဟိုရောက်တော့ ကိုယ်လုပ်ချင်တာတွေနဲ့  သူပေးလုပ်တဲ့ အလုပ်တွေက တစ်ထပ်တည်းမကျဖူး....အဲလိုနဲ့  ဒုက္ခတွေ ရောက်ကြရတယ်...
ကျနောပြောပြတာ ဥပမာပဲရှိပါသေးတယ်... ဒီထက်ဆိုးသွန်းတဲ့ ဟာတွေ အများကြီးပါပဲ...ပြန်မယ်စဉ်းစားတော့လည်း ဘယ်ကနေ ဘယ်ကိုဦးတည်ပြီး သွားရမယ်မှန်းမသိ သူများနိုင်ငံကြီးမှာလေ...
မိဘတွေနဲ့  ဝေးနေတော့လည်း အားကိုးရာမရှိ ၊ သူငယ်ချင်းအပေါင်းအသင်းဆိုလို့ လည်း ဘေးနားခေါ်စရာမရှိ တကယ်ကို ဒုက္ခရောက်ကျရတာပါ...ဒီလိုနဲ့  နှစ်တွေ ၊ လတွေ ကြာခဲ့ တာပေါ့ ...
ပိုက်ဆံနော် တကယ် လူတွေကို ဒုက္ခအမျိုးမျိုးပေးတယ်...။
ဒေါသမထွက်မိပါစေနဲ့ကွယ်
$
0
0
ဒေါသမထွက်မိအောင်သတိလေးနဲ့ထိန်းပေါ့
ဒေါသသည်မိမိကိုပူလောင်စေတယ်
ကိုယ့်မုန်းတဲ့သူကို   ရန်ငြိုးဖွဲ့ရတာလည်း
ပူလောင်စေတာပါပဲ။
အပြိုင်ဆိုင်ေ်တွကြား မနိုင်လို့  ရှုံးနှိမ့်သွားရင်လည်း
မိမိကိုပူလောင်စေတာပါပဲ။
ဒါကြောင့်အရာအားလုံး ဘာကြောင့်ပဲဖြစ်ဖြစ်
မိမိဒေါသမထွက်မိပါစေနဲ့  သတိလေးကပ်ပြီး
ပညာဥာဏ်လေးနဲ့ဆင်ခြင် နိုင်ပါစေ။
gtalk သူ သူငယ်ချင်း
$
0
0
သူငယ်ချင်းတို့
ငါ့အဖြစ်က ရင်နာစရာကောင်းလှပါတယ်
online ပေါ်က ကောင်မလေးကို မှအချစ်ကြီး
ချစ်ခဲ့မိတယ်
မဖြစ်နိင်မှန်းလဲသိပါတယ်
ဒါပေမယ့် အစကတော့
သူငယ်ချင်းပေါ့ နောက်တော့ မှအချစ်စိတ်
ပေါက်ဖွားလာတယ် အချိန်နဲ့အမျှ online ပေါ်မှာ
သူနဲ့ စကားပြောချင်တယ်
ဖုန်းဆက်တိုင်းလဲ ချို သာလှတဲ့ စကားသံတွေဟာ
နားထဲကို ပဲ့တင်ထပ်ပြီး အခါတစ်ရာမက သူ့အသံလေးကို
ထပ်ကြားချင်မိတယ်
အခုတော့ကွာ
သူနဲ့အဝေးဆုံးကို ဝေးကွာသွားပြီ
ဖုန်းတောင်မဆက်နိင်တော့ဘူး
ငါကထိုင်းကိုရောက်
သူလဲ ချက်တင်မထိုင်ါတော့ဘူး
ဖုန်းနဲ့လဲခေါ်မရတော့ ဒီကောင်ရင်မှာ အဆွေးကြီးဆွေးပြီပေါ့
သူငယ်ချင်းတို့လဲ
ငါ့အဖြစ်မျိုး ဝေးပါစေ
လို့ပဲ ရင်နညနာနဲ့
အသဲကွဲသမားလေး ဆုတောင်းပေးပါတယ်
soethuuk@gmail.com
http://soethuonlinemusic.blogspot.com
၈thu,bangkok
အသဲကွဲအွန်လိုင်း(၂)
$
0
0
Face Book ပေါ်မှာလူနှစ်ယောက်စကားပြောနေ(စာရေးနေကြ)သည် အရှင်းဆုံးပြောပြရလျှင် ယောကျာင်္းတစ်ယောက်မိန်းမတစ်ယောက် ပိုရှင်းပြ
ရလျှင်
နေလင်း နှင့် သူဇာ,..
''ငါသွားရတော့မယ် နေလင်း''
''နင်ကဘယ်ကိုသွားမှာလည်း?''
မဖြေနိုင်မှန်းသိရက်နဲ့လည်း ရိုက်လိုက်မိသည့်စာသား
''ငါ မဖြေတော့ဘူးဟာ နင်နဲ့ ငါဆက်သွယ်တာ ဒီနေ့နောက်ဆုံးဖြစ်လိမ့်မယ် နင်ဘာပြောဦးမလဲ?''
ဖန်သားပြင်ပေါ်တတ်လာသောစာသားတွေကိုကြည့်ရင်း မျက်ရည်တွေပါဝဲမိလာသည်။
''နင်နောက်နေတာမဟုတ်လား? သူဇာ''
အတည်ပြောနေမှန်းသိပါရက်နဲ့ မဟုတ်ပါစေနဲ့လိုဆုတောင်းပြီးပြောခဲ့တဲ့စကား ဘယ်အထိတာသွားနိုင်မှာလည်း?
''မနောက်ပါဘူး အတည်ပြောနေတာ နင်ဘာပြောဦးမလဲ?လို့''
'' ငါ ဘာမှမပြောတော့ပါဘူး''
'' နင် အဆင်ပြေပါစေနော်''
တကယ်ဆိုရင် အပြင်မှာမတွေ့ဘူးပါလျှက်နဲ့ တဘဝလုံးစာအတွက်ချစ်ခဲ့တာပါလို့ များပြောမိခဲ့ရင် ရူးနေတယ်လို့ပဲထင်ကြလောက်ပါရဲ့.....
''နေလင်း နင်ငါ့ကိုမဆက်သွယ်တော့နဲ့နော် နောက်နေ့တွေဆိုရင် ငါလည်းဒီအကောင့် ကိုမသုံးတော့ဘူး''
သရဲကြောက်ပါတယ်ဆိုနေမှ ညစောင့်အလုပ်ကိုခိုင်းနေတာလား? ငါကြောက်လှပါပြီဟာ...
''အေးပါ နင်ပြောခဲ့တဲ့စကားတွေဆိုရင် ငါဘယ်တုန်းကများတွန်းလှန်ခဲ့ဘူးလို့လဲ?''
''အော် နင်ပျင်းနေရင်တော့ငါ့ဆီဆက်သွယ်နော် နင်သိနေတဲ့ဒီအကောင့်ကို ငါဘဟ်တော့မှမဖျက်ဘူး''
''အေးပါ အရာအားလုံးအတွက်ကျေးဇူးပါ နေလင်း''
အလွမ်းဆိုတဲ့စာလုံးနှစ်လုံးဟာ ရေးတော့သာလွယ်တာ တကယ်တမ်းခံစားရရင် ဘယ်လောက်ထိနာကျဉ်တယ်ဆိုတာ
နင်များသိခဲ့ရင် ဒီစကားတွေပြောခဲ့ပါ့မလား?
'' ငါ နင့် ကိုမုန်းတယ်လို့တော့မပြောတော့ဘူးနော် နေလင်း''
အော် သူဇာရယ်
ပြန်မဆုံနိုင်မယ့်လမ်းကိုသွားမယ်ဆိုနေမှတော့ မုန်းတယ်ဆိုတဲ့စကားပြောဖို့လိုသေးရဲ့လား? မမွေးခင်ကတည်းက သေဆုံးသွားတဲ့ ငါ့နှလုံးသားက
အခုအချိန်ထိ နောင်တမရခဲ့ဘူး ဒါပေမယ့် တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီးချစ်ခဲ့တာပါ......
အတိတ်
$
0
0
အတိတ်ဆိုတဲ့ စကားလုံးရဲ့ လူ့ဘ၀တွေအပေါ် လွှမ်းမိုးမှုက တော်တော်ကို ကြီးမားပါတယ်။ အတိတ်ဆိုတာတွေဟာ ကျွန်တော်တို့ဘ၀တွေမှာ လွမ်းဆွတ်တမ်းတစရာတွေ၊
ပြန်လည်သတိရ အောက်မေ့စရာတွေ၊ သင်ခန်းစာတွေ၊ အားရကျေနပ်စရာတွေ၊ ပျော်ရွှင်မှုတွေ စသည်စသည် ခံစားချက်တွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က အတိတ်မှာ သူ ရုန်းကန်ခဲ့ရတာတွေကို ပြန်လှန်ပြောရင် ပြောမယ်။ ဘ၀နေ၀င်ချိန်ကို ရောက်နေတဲ့ ရုပ်ရှင်မင်းသမီးကြီးက အတိတ်ဆိုတဲ့ စကားလုံးကို သူ့ရဲ့ တစ်ချိန်က ရွှေထီးဆောင်းခဲ့မှုတွေကို ပြန်ပြောင်းသတိရတဲ့အခါ သုံးရင် သုံးမယ်။ အတိတ်မှာ လုပ်ခဲ့တဲ့ အကောင်းအဆိုးတွေဟာ ကျွန်တော်တို့ရဲ့ ဘ၀တစ်လျှောက်လုံးတွဲလျက် လိုက်ပါနေမှာပါပဲ။ အတိတ်က ဘ၀အပေါ် ပေးနိုင်တဲ့ ကောင်းကျိုးတွေ ရှိသလို၊ အတိတ်က ရုန်းမထွက်နိုင်ရင်လည်း ဘ၀မှာ အခက်အခဲတွေ ဖြစ်စေပါတယ်။
          လူဆိုတာ အတိတ်ကို မေ့မပစ်သင့်ပေမယ့် လက်ရှိ ကိုယ့်လက်ထဲမှာ ထိန်းချုပ်နိုင်ခြေ အပြည့်အ၀ ရှိနေတဲ့ ပစ္စုပ္ပန်ကို ပိုပြီး စိတ်ဝင်စားသင့်ပါတယ်။ အတိတ်က အောင်မြင်မှုတွေကို ခုအခက်အခဲတွေကြားက ကြိတ်မနိုင် ခဲမရ နောင်တတွေနဲ့ စွဲလမ်းသူတွေ ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အတိတ်ဆိုတဲ့ စကားလုံးဟာ လက်ရှိ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေ၊ ရလာခဲ့တဲ့ ရလဒ်တွေ အားလုံးရဲ့ အကောင်းဆုံး ပြချက်ပါပဲ။ ကျွန်တော့်အတွက်တော့ အတိတ်ဆိုတဲ့ စကားလုံးဟာ ပြီးခဲ့တဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ လှတဲ့နေရာတွေကို ကြည့်ပြီး ခံစားမယ်။ စုတ်ချက်အမှားတွေကို ကြည့်ပြီး သင်ခန်းစာတွေ ယူပါမယ်။ ဒါပေမယ့် အတိတ်ဆိုတဲ့ စကားလုံးကို ကျွန်တော်က လက်ရှိအကျိုးရလဒ်တွေရဲ့ အကြောင်းပြချက်အဖြစ်ပဲ ချိတ်ဆက်နားလည်ချင်တာမို့ အနာဂတ်အတွက် ကျွန်တော် ဆွဲရဦးမယ့် ကျွန်တော့်လက်ထဲရှိတဲ့၊ မတို့ မထိရသေးတဲ့ အဖြူထည်ကင်းဗတ်စ အပေါ်ကိုတော့ အရိပ်ပါးပါးလေးတစ်ခုအဖြစ်ကလွဲပြီး နေရာပေးဖို့ စိတ်ကူးမရှိပါဘူး။
အိမ့်(သိုးမဲလေး)
အချစ်နှင့်နှောင်ကြိုး ၂ (ထိုင်းနိုင်ငံမှ လက်တွေ့ကျကျ အချစ်ဇတ်လမ်း)
$
0
0
အတိတ်(၁)
          မယ်ဘန့်ခါး-
တံခါးခေါက်သံနှင့်အတူ တပြိုင်တည်းထွက်ပေါ်လာသော တည်းခိုခန်း သန့်ရှင်းရေးသမများ၏ အသံဇာဇာလေးကို ရုတ်တရက်ကြားလိုက်ချိန်တွင် အခန်းထဲတွင်ရှိ နေသောငြိမ်းချမ်းမှ တံခါးလာရောက်ဖွင့်ပေးသည်။ ငြိမ်းချမ်း နောက်တွင် ငဦးလည်းလိုက်ပါလာခဲ့သည်။ အထက်တီရှပ်အပြာနုရောင်နှင့် အောက်ခံဘောင်းဘီ အနက်ရောင်အရှည် ဆင်တူဝတ်ဆင် ထားသော အမျိုးသမီးသုံးဦးထဲမှ အသက်အကြီးဆုံးဖြစ်သူတဦးသည် ငြိမ်းချမ်းတို့၏ မျက်နှာကို ဖော်ရွေသော အပြုံးဖြင့်  နှုတ်ဆက်လိုက်သည်။
“စ၀ပ်တီးခ-ထမ်းဟောင့်က်(တ်)စအပ်မိုင်းခ……….. (မင်္ဂလာပါ အခန်း သန့်ရှင်းရေး လုပ်ကြဦးမ လား)”  ဟုမေးလိုက်လေသည်။
စကားသံလေးအဆုံးတွင် နားမလည်သောအကြည့်ဖြင့် ငြိမ်းချမ်းတစ် ယောက် နောက်မှလိုက်ပါလာသော ငဦးကို လှမ်းကြည့်လိုက်လေသည်။  
သူတို့ပုံကြည့်ရတာသန့်ရှင်းရေး လုပ်မယ်နဲ့တူတယ် ငြိမ်းချမ်းရ။” ဟု ငဦးမှကောက်ချက်ချလိုက်လေသည်။
“အေးဘာဘဲဖြစ်ဖြစ်ပေးဝင်လိုက်ကွာ။ ထိုင်းမလေးတွေရဲ့ ဘသာဝ အလှကို ခံစားကြည့်တာပေါ့။”
ငြိမ်းချမ်းဦးတို့ပြောသောမြန်မာစကားများကို နားလည်သည့် အလား ငြိမ်းချမ်းတို့ကို မျက်စောင်းလှမ်းထိုးလိုက် သည့်၂၀ကျော် ခန့်ရှိမည်ထင်သည့် သန့်ရှင်းရေးအလုပ်သမားတဦးကို ငဦးသတိထားလိုက်မိသည်။
            “ဟေ့ကောင်-ငြိမ်းချမ်း မင်းကိုအထာပေးနေတယ်ကွ။”
            “ငါလခွီးမှ-မင်းကတော့”
တုန့်ပြန်ပြောဆိုပြီး ငြိမ်းချမ်းတစ်ယောက် အခန်းလေးထဲသို့ လှည့်ဝင် လိုက်သည်။သူ့နောက်တွင် သန့်ရှင်းရေးလုပ်သော အမျိုးသမီးသုံးဦး ထို့နောက် ငဦးပါလိုက်ပါလာသည်။ သန့်ရှင်းရေးလုပ်နေသော သူမကိုငြိမ်းချမ်း မသိမသာ အကဲခက် ကြည့်သည်။ သေးသွယ်သောလက်ချောင်းလေးများနှင့် အ၀တ်ဝ ကိုသေသပ်စွာ ကိုင်သွယ်ပြီး မှန်ဗွီဒို အစရှိသော ပရိဘောကများကို လိုက်လံ တိုက်ချွတ်နေသည်။ ထို့နောက်တံမြတ်စီးယူကာ အမိုက်များကို လှည်းကျင်း နေရာမှ ငြိမ်းချမ်းတို့ ထိုင်နေသည့် ထိုင်ခုံနားလေးသို့ ရောက်လာသောအခါ “ခေါက်ထွဠ်တ်နခါး” (တောင်းပန်ပါတယ်နော်) ဟုပြောဆိုပြီးခုံ ခြေရင်းတွင် ကျနေသော အမိုက်များကိုသေသပ်စွာ လှဲကျင်းပြီး ထွက်သွားသော သူမကို
ငြိမ်ချမ်းမျက်တောင် မခက်လိုက် ကြည့်နေမိသည်။  မည်မျှလောက်ပင်ကြာကြာ မှင်သေစွာကြည့်နေမိမှန်းမသိ။  ငဦးမှ သူ၏ခြေထောက်ကို လှမ်းနှင်းလိုက် မှပင် ငြိမ်းချမ်းတစ်ယောက် ရှက်စိတ်များနှင့်အတူ အကြည့်များလွဲလိုက်လေသည်။ တံကားကိုညင်သာစွာ ပြန်ပိတ်ပြီး အသက်ခပ်ကြီးကြီးအမျိုးသမီးမှ “စှေလျှောက် ခါး:” (ပြီးပါပြီ) ဟုပြောဆိုပြီး ပြန်လည်ထွက်ခွာသွားချိန်တွင် ငြိမ်းချမ်းဦး စိတ်ထဲတွင် တခုခုကိုအလိုမကျဖြစ်နေမိသည်။ နောက်တနေ့ သန့်ရှင်းရေး လုပ်သောအဖွဲ့တွင် သူမ ပါမလာသည့်အတွက် ငြိမ်းချမ်းမျက်နှာတွင် အလိုမကျ ဖြစ်ရပြန်ပါသည်။
ဟေ့ကောင်-မင့်ကြည်ရတာ လဒ ၀မ်းလျောနေသလိုဘဲ ရုပ်ဆိုးလိုက် တာကွာ”
            “အေးကွာ ငါသူ့ကိုအရမ်းတွေ့ခြင်တယ်ငဦးရာ”
“မင့်မှာလည်းရောဂါ- တခါထဲတွေ့ဘူးတဲ့ မိန်းကလေးကို စွဲလမ်းနေတာ အံ့ရော”
“ဟုတ်တယ်ငဦး ငါသူ့ကိုတွေ့ခြင်တယ် တွေ့ခြင်တာကိုစွဲလမ်းတယ်လို့ မင်းပြောခြင်တာလား”
            “မင်းသူ့ကိုရင်ခုန်နေတာလားငြိမ်းချမ်း”
“မပြောတတ်ဘူး ငါသူ့ကိုတွေ့ခြင်တာကို ရင်ခုန်တယ်လို့ပြောရင် ဟုတ်တယ်ငါရင်တွေခုန်နေသလိုဘဲ”
            “ငါတော့ မင်းကိုမဖြစ်သင့်တာမဖြစ်စေခြင်ဘူးငြိမ်းချမ်း”
            “ငါကဘာဖြစ်နေလို့လဲ”
“မင်းကိုကြည့်ရတာ ငါစိတ်ထဲမှာ တခုခုဖြစ်လာတော့မယ်လို့ ငါတပ် အပ်ပြောနိုင်တယ်”
            “မင်းကဘာကိုဆိုလိုခြင်တာလည်း”
“အဲ့ဒါတော့ငါမပြောတတ်ဘူး ပြီးတော့ငါတို့က ဘာသာစကားခြင်း ဘယ်လိုမှဆက်သွယ်လို့ရမှာမှမဟုတ်တာ”
            “တခုခုတော့ရရမှာပေါ့ဟာ အထူးသဖြင့် International သုံးပေါ့”
“ခြေဟန်လက်ဟန်နဲ့ပြောရလောက်အောင်လည်း မဖြစ်နိုင်ပါဘူးငြိမ်းချမ်းရာ လက်လျော့လိုက်တော့”
            “ငါတို့မပြန်ခင် သူနဲ့ရင်းနှီးအောင်လုပ်မယ်ကွာ”
“မင်းကလည်း မသေခြာ မရေရာတာတွေ တွေးပြီးစမ်း မနေစမ်း ပါနဲ့ကွာ”
“ဘာလို့ မဖြစ်နိုင်ရမှာလည်း ငဦး ဖြစ်ကိုဖြစ်ရမယ် အနည်းဆုံးသူနဲ့ ရင်းနီးအောင်ကြိုးစားမယ်ကွာ”
            “ဒီလိုလေးဘဲ ပြန်ကြရအောင်ကွာ ငြိမ်းချမ်း အရှုပ်တွေ မလုပ်ပါနဲ့ကွာ”
“မင်းကလည်း ငါဘာရှုပ်လို့လည်း သူနဲ့ရိုးရိုးသားသား ရင်းနီးခွင့်ရခြင် တာကို အရှုပ်ထုပ်လို့ မင်းပြောခြင်တာလား ငဦး”
“မင်းအကြောင်းကို ငါသိတယ်လေငြိမ်းချမ်း ငါကမဖြစ်သင့်တာ မဖြစ်ရလေအောင် ပြောတာပါ တားမရလည်းပြီး ရောကွာ”
ငြိမ်းချမ်းတစ်ယောက် သူမကိုအရမ်းတွေ့ချင်နေမိပါသည်။ နောက်သုံး လေးရက်နေလျင် ရန်ကုန်ပြန်ရတော့မှာမို့ မပြန်ခင်လေးအတွင်း သူမနှင့် ရင်းနှီးခွင့်လေးရခြင်နေမိသည်။ သူမကိုကြည့်ပြီး မှန်းဆ ကြည့်ရသလောက် သူမသည် ရိုးရိုးလေးနှင့်လှသည်။ ဘာမှချယ်သမထားသော သူမ၏မျက်နှာ လေးသည် အလွန်တရာမှ အပြစ်ကင်းစင်ပြီး အေးမျသည်။ တည်တည်ငြိမ်ငြိမ် လေးနှင့်သူမသည် မာနမကြီးဘဲ အေးအေးဆေးဆေးနေတတ်သော မိန်းမလေး ဟု ငြိမ်းချမ်း ကောက် ချက်ချနိုင်ပါသည်။
ညနေခင်းအချိန်တွင် ငြိမ်းချမ်းဦးသည် ဧည့်ကြိုကောင်တာနားသို့ မရောင်မလည် ရောက်သွားမိပါသည်။ ကောင်တာထိုင် စာရေးမလေး
မှငြိမ်းချမ်းကို တခုခုအကူအညီလိုအပ်သည့်အထင်ဖြင့် စကားလှမ်းကြောင်း စလိုက်မိသည်။
 “May I Help You Something? (မင်းကိုတခုခုကူညီရမလား)”
“Do every one can speak English hear? (ဒီကလူတွေအားလုံးလိုလို အင်္ဂလိပ်စကား ပြောတတ်ကြ ပါသလား)”
“Of course yes (ဟုတ်တာပေါ့ အားလုံး ပြောတတ်ကြပါတယ်)”
“Every one? Inculding clearners? (အားလုံးဘဲလား သန့်ရှင်းရေး လုပ်တဲ့သူတွေကော)”
ကောင်တာ ထိုင်သည့်  စာရေးမလေးသည် သူ့ကိုသေချာကြည့်ပြီး ပြုံးလိုက်သည်။ သူ့အပြုံးကြောင့် ငြိမ်းချမ်းဦး ရှက်ကိုးရှက်ကန်း ဖြစ်သွားမိ ပါသည်။
“Yes (ဟုတ်ပါတယ်)”
“Thank You (ကျေးဇူးတင်ပါတယ်)”
 ကောင်တာစာရေးမလေးကို နှုတ်ဆက်ပြီးငြိမ်းချမ်းဦး ထိုနေရာလေမှ ထွက်ခွာ လာလေသည်။
ဆက်ရန်
ပေါင်မုန်တစ်လုံး …
$
0
0
လွန်ခဲ့တဲ့ နှစ်နှစ် ဆယ် ကျော် ကာလတုန်း က အိမ်ရှင်မ တစ်ယောက် ဟာ သူ့မိသားစု စားဖို့အတွက် ပေါင်မုန့် ဖုတ်နေ ပါတယ်။
အဲဒီလို ပေါင်မုန့် ဖုတ်နေရင်း မှာ စိတ်ကူး တစ်ခု ရပြီး ပေါင်မုန့် အပို တစ်လုံး ကိုပါ ဖုတ်လိုက် ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့် ကိုဗိုက်ဆာ နေတဲ့ တစ်ယောက်ယောက် များ ရှိခဲ့ရင် ယူသွား နိုင်ဖို့ အတွက် သူတို့ အိမ်ရှေ့ ပြူတင်း ပေါက် မှာ ထားထား လိုက်ပါတယ်။
အဲဒီ ပေါင်မုန့်ကို ပြူတင်းပေါက် မှာ ထားထား ရင်း အိမ် ကနေ အဝေး တစ်နေရာ ကို ထွက်သွား တဲ့ သူမ ရဲ့သားလေး အန္တရာယ်ကင်းရှင်း ပါစေ ကြောင်း ဆုတောင်း တတ် ပါတယ်။ သူမ ရဲ့ သားလေး ဟာ တိုးတက်ရာ တိုးတက်ကြောင်း ရှာ ဖို့ဆိုပြီး မြို့ကို ထွက်သွားခဲ့တာ ကြာ ပါပြီ။ သို့သော် လည်း ခုချိန် မှာ စစ်ဖြစ် လာတဲ့ အတွက် သတင်း မကြားရ တာ ကြာပြီ ဖြစ်တဲ့ သူမ သား အတွက် ရတက်မအေးနိုင် အောင် ရှိနေ ခဲ့ရ ပါတယ်။ ဒါကြောင့် လည်း သူမ သားလေး အန္တရာယ် ကင်းရှင်း အောင် ဆုတောင်း နေရတာ ဖြစ်ပါ တယ်။
အိမ်ရှင်မ ရဲ့ ပေါင်မုန့် ကို ပြူတင်းပေါက် မှာ စထားတဲ့နေ့ ကစပြီး လာလာ ယူတဲ့သူ က ခါးကုန်းကုန်း ရုပ်ဆိုးဆိုး အဖိုးကြီးတစ်ယောက် ဖြစ်ပါ တယ် တဲ့။ အဲဒီ အဖိုးကြီး ဟာ ပေါင်မုန့် ကို ယူပြီးတိုင်း အိမ်ရှင် တွေကို ကျေးဇူးတင် ဝမ်းမြောက် တဲ့ အပြုအမူပြရမဲ့ အစား စကား တစ်ခွန်း ကိုသာ ထပ် တလဲထဲ ရွတ်ဆို ပြီး အဝေး ကို ထွက်ခွာ သွားတတ် ပါတယ်။ သူဆို သွားတဲ့ စကား က
"မကောင်းတာ လုပ်ရင် မကောင်း သလို ခံစားရမယ်။ ကောင်းတာ လုပ်ရင် လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့ စကားဘဲ ဖြစ်ပါတယ်။
အိမ်ရှင်မ ဟာ နေ့တိုင်း နေ့တိုင်း ပေါင်မုန့် တစ်လုံး တစ်လုံး ပိုဖုတ်ပြီး ပြူတင်းပေါက် မှာ တင်ထား မြဲ တင်ထားပြီး သူမသားလေး ဘေးရန် ကင်းရှင်း ပြီး ပြန်ရောက် လာစေ ကြောင်း ဆုတောင်း လေး ရှိသလို ခါးကုန်ကြီး ဟာ လည်း နေ့စဉ် နေ့တိုင်းအဲဒီ ပေါင်မုန့်ကို လာလာ ယူမြဲ ဖြစ်ပါတယ်။ လာယူ တိုင်း လည်း သူ့ ပါးစပ် ကနေ "မကောင်းတာ လုပ်ရင် မကောင်း သလို ခံစားရမယ်။ ကောင်းတာ လုပ်ရင် လည်း ကောင်းတာ ပြန်လာ မယ်" ဆိုတဲ့စကား ကို တဖွဖွ ရေရွတ်ပြီး ထွက်ခွာ သွားလေ့ ရှိပါတယ်။
အဲဒီ အဖြစ်အပျက် ဟာ ကြာလာ တဲ့ အခါကျ တော့ အိမ်ရှင် မ ရဲ့စိတ် ထဲမှာ ခံရ ခက်လာ ပါတယ်။ ပေါင်မုန့် ကို နေ့တိုင်းလာယူ ပေမဲ့ ကျေးဇူးတင် စကား၊ ကျေးဇူးတင် တဲ့ အမူအရာ တစ်ခွန်း မှ ပြောဖော် မရဘဲ သူ ပြောနေကျ စကား ကိုသာ သူ့ ဖာသူတီးတိုး ရေရွတ် ပြောဆို သွားခဲ့ပါ တယ်။
 "မကောင်း တာ လုပ်ရင် မကောင်းသလို ခံစား ရမယ်။ ကောင်းတာ လုပ်ရင် လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့စကား ကိုသာကြားနေ ရတော့ အိမ်ရှင်မ ဟာ ဒေါသ ထွက် သလို ဖြစ်လာ ပါတော့ တယ်။ "ဒီ ခါးကုန်းကြီး ဟာ နေ့တိုင်း နေ့တိုင်း ငါထားထားတဲ့ ပေါင်မုန့် လာလာ ယူပြီး ကျေးဇူးတင် စကား တစ်ခွန်း တောင် ပြောဖို့ မသိတတ် ဘူး ။ ဘာ မဟုတ်တဲ့ စကားတွေ ဘဲ ပြောပြောသွားတယ်။ ဘယ်လို လူစားမျိုး လဲ မသိဘူး" လို့ တွေးမိ ပြီး "ဒီလောက် တောင် ကျေးဇူး မသိတတ်၊ ကျေးဇူးတင် စကား ပြောဖို့ ဝန်လေးတတ်တဲ့ ဒီ ခါးကုန်းကြီး နောက် ကို ငါထား တဲ့ ပေါင်မုန့် တွေ လာမယူ တော့ အောင် တစ်ခုခု လုပ်မှ ဖြစ်တော့ မယ်" လို့ စိတ်ကူးရေရွတ် မိပါတယ်။
 အဲ ဒီလိုနဲ့ မိုး ခပ်ဖွဲဖွဲ ရွာနေ တဲ့ တစ်ရက် မှာ အိမ်ရှင်မဟာ ပေါင်မုန့် အပို တစ်လုံး ဖုတ်မဲ့ အထဲ ကို အဆိပ် တစ်မျိုး ကို ထည့်လိုက်ပါတယ်။ အဲဒီလို အဆိပ် ကို ထည့်ပြီး ဖုတ် မယ် ပြင် နေတုန်းမှာ အိမ်ရှင်မ ရဲ့လက်တွေဟာ တဆတ်ဆတ် တုန်ယင် လာပြီး 
"ငါ ဘာတွေ လုပ်ဖို့ စိတ်ကူး နေတာလဲ။ ပေါင်မုန့်ကို မရှိ နွမ်းပါးသူ ဘယ်သူဘဲ ယူယူ ဆိုတဲ့ စိတ်ကူး နဲ့ ပြူတင်းပေါက် နားမှာ ထားဖို့ငါ နေ့စဉ် ဖုတ်နေ တာဘဲ။ ဒီ ခါးကုန်းကြီး ကျေးဇူး တင်တင် မတင်တင်၊ ငါ စေတနာ ပျက်စရာ လိုလို့လား "
 လို့ အသိ တရား ပြန်ဝင်လာပြီး အဆိပ် ထည့်ထား တဲ့ ပေါင်မုန့် ကို မီးဖို ထဲ ပစ်ချ လိုက်ပြီး နောက်ထပ် အသစ် တစ်လုံး ကို ထပ်မံ ပြုလုပ်ပြီး ပြူတင်းပေါက် ပေါ်တင်ထား လိုက်ပါ တော့တယ်။
 လာနေကျ အတိုင်း ခါးကုန်းကြီး ပေါ်လာပြီး အိမ်ရှင်မ ထားထား တဲ့ ပေါင်မုန့် ကို ယူပြီး ခါတိုင်း လို "မကောင်းတာ လုပ်ရင် မကောင်း
 သလို ခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့စကားကို ရေရွတ်ပြီး ထွက်သွား ပြန်ပါ တယ်။အဲဒီနေ့ညနေ မှာတော့ သူမ တို့ အိမ်တံခါး ကို တစ်စုံ တစ်ယောက် က လာခေါက် ပါတယ်။ တံခါး လည်း ဖွင့်လိုက် ရော အံ့သြ စရာ ကိုသူမ တွေ့လိုက် ရပါတယ်။ အဲဒါက စာမလာ သတင်း မကြား အတန် ကြာ ပျောက် နေတဲ့ သူမရဲ့ သား ဟာ တံခါးရှေ့ ကို ရောက်နေခဲ့ပါပြီ။ သူမရဲ့ သား ဟာ ကျုံလှီ ပိန်ခြုံး နေပြီး အဝတ်အစား တွေ ဟာ လည်း စုတ်ပြဲ ညစ်နွမ်း လို့ နေပါတယ်။ ပြီးတော့ လည်း အင်အားချည့်နဲ့ မောပန်း ပြီး အလွန် တရာ မှ ဆာလောင် ငတ်မွတ် နေတဲ့ ပုံ ပေါ် ပါတယ်။
 သူမ သားလေး ဟာ မိခင် ဖြစ်သူ ကိုလည်း မြင်ရော အားရ ဝမ်းသာ ပြေးဖက် လိုက်ပြီး " မေမေရယ် ကျွန်တော် ဖြင့် အိမ်ကို တောင် ပြန်မှရောက်ပါ တော့မလား လို့ ။ ခုမှဘဲ စိတ်အေး ရတော့ တယ်" လို့ ပြော လိုက်တော့ မိခင် ဖြစ်သူ က 
"ဘာတွေများ ဖြစ်ခဲ့လဲ သားရယ်.. မေမေ့ ကို ပြောပြ ပါဦး" လို့ ပြန်မေး ပါတယ်။ သား ဖြစ်သူ က " ကျွန်တော် မြို့ကနေ ပြန်လာ တဲ့ လမ်း တစ်လျှောက်လုံး တိုက်ပွဲ တွေကို ရှောင်ကွင်းပြီး လာခဲ့ ရတယ်။ တောထဲ တောင်ထဲ ကိုလည်း ဖြတ် ခဲ့ ရတယ်။ အိမ် နဲ့ သိပ်မဝေး တော့ တဲ့ နေရာ ရောက်တော့
ကျွန်တော့် မှာ ဘာမှ စားစရာ မရှိတော့ဘူး ဝယ်စား ဖို့ ငွေလည်း မရှိ တော့ဘူး။ အစာ မစားရတာ ကြာတော့ အားပြတ် ပြီးလဲကျ တော့မလို ဖြစ်နေ ခဲ့တယ်။ ကျွန်တော် တော့ သေတော့  မယ် လို့ကို အောက်မေ့ တော့တာဘဲ။ အဲဒါ ဒီ မနက်မှာ ခါးကုန်းအဖိုးကြီး တစ်ယောက်က ကျွန်တော့် ဘေး ကနေ ဖြတ်သွား တော့ သူ့ လက် ထဲမှာ ကိုင် လာတဲ့ ပေါင်မုန့် တ စ်လုံး ကို တွေ့လိုက် ရလို့
ကျွန်တော် လည်း ပေါင်မုန့် တစ်ဖဲ့လောက် ကျွေး ပါလို့ တောင်းပန် ပါတယ်" လို့ ပြောပြ ပါတယ်။
 အဲဒီ တော့ ခါးကုန်းကြီး က ပေါင်မုန့် ကို သားကို ကျွေး ရဲ့လား လို့ မိခင် က မေးတော့ "ဟုတ်တယ် မေမေ။ ခါးကုန်းကြီး ဟာ ကျွန်တော့်ကို သူ့လက် ထဲ က ပေါင်မုန့်တစ် လုံးလုံး ကို ပေးခဲ့ ပြီး
" ဒီ ပေါင်မုန့်ဟာ ငါနေ့တိုင်း စားနေကျ ရိက္ခာဘဲ။ ဒါပေမဲ့ ဒီ ပေါင်မုန့်တစ်လုံးလုံး မင်း ကို ပေးခဲ့ ပါမယ် .... ဘာဖြစ် လို့လဲ ဆိုတော့ ခု ချိန်မှာ ငါ့ထက် မင်း က ဒီ ပေါင်မုန့်တစ်လုံး ကို ပို လိုအပ် နေတဲ့
 သူ ဖြစ်နေလို့ ပါဘဲလို့ ပြောသွား ခဲ့တာပါ။ တကယ် ကို ကျွန်တော့်  ရဲ့ အသက် သခင် လို့ ပြောရမယ် မေမေ ရေ .... အဲဒီ ပေါင်မုန့်သာ ကျွန်တော် မစား ရရင် ဒီကို တောင် ရောက်အောင် လာနိုင် ဖို့ မမြင်တော့ ပါဘူး။ ကျွန်တော် ဟာ အစာ ငတ်ပြီး သေရုံ သာ ရှိပါတော့တယ် "
လို့ ပြောပြ လိုက် ပါတယ်။
သားရဲ့ စကား ကို ကြား ရတော့ မိခင် ဖြစ်သူ က အံ့သြ ထိတ်လန့်ပြီး မျက်နှာ တစ်ခုလုံး ဖြူဖျော့ ပြီး မူးမေ့ လဲကျ မတတ် ခံစားလိုက်ရတဲ့ အတွက် တံခါးဘောင် ကို လှမ်းထိန်း လိုက်ရ ပါတယ်။ သူမ ဟာ ဒီမနက် မှာ ပေါင်မုန့်ထဲ ကို အဆိပ် ထည့်ပြီး ဖုတ်ဖို့ လုပ်ခဲ့မိပါသေး တယ်။ ဒီ မနက်မှာ အဲဒီ ပေါင်မုန့်ကို ခါးကုန်းကြီး ကသာ ယူသွား မိခဲ့ရင် အဆိပ်ထည့် ထားတဲ့ ပေါင်မုန့် ကို စားမိ သူက သူမရဲ့
 အချစ်ဆုံး သားလေး ဖြစ်မှာ အသေအချာ ပါ။ အဲဒီလို သာ ဆိုရင် သူမ သားလေး ကို လည်း ဆုံးရှုံး ရဖို့ သေချာ သလောက် ရှိပါ တယ်။
 အဲဒီ တော့မှ ခါးကုန်းကြီး ပြောပြော သွားတဲ့ "မကောင်းတာ လုပ်ရင် မကောင်း သလို ခံစားရမယ်။ ကောင်းတာ လုပ်ရင်လည်းကောင်းတာပြန်လာမယ်" ဆိုတဲ့စကား ရဲ့ အဓိပ္ပါယ် ကို သဘောပေါက် နားလည် မိရ ပါတော့ တယ်။
 ခါးကုန်းကြီး ကို အဆိပ်မိ စေချင် စိတ်နဲ့ သာ ပေါင်မုန့် ထဲ အဆိပ် ထည့်ပြီး သာ ဖုတ်ခဲ့ မိရင် အဲဒီ မကောင်း တဲ့ စိတ်ထား ရဲ့ အကျိုးဆက်ဟာ သူမ သာ ပြန် ခံစား ရမှာ ဖြစ်ပါတယ်။ ခုတော့ မကောင်း တဲ့ စိတ်ရိုင်း ကို ဖယ် ပြီး စိတ်ကောင်းကောင်း ဖြင့် ပေါင်မုန့်အကောင်းကိုသာ ဖုတ်ဖြစ် ခဲ့တဲ့ အတွက် သူမ သားလေး ပြန်ရောက် လာ နိုင်ခဲ့ တာ ဖြစ်ပါတယ်။ သူမ ပြူတင်းပေါက် မှာ နေ့စဉ်ထား ဖြစ်ခဲ့တဲ့
ပေါင်မုန့်ကလေး က သူမသား အသက် ကို ကယ်လိုက် တာသာ ဖြစ်ပါ တော့ တယ်။ မိခင် ဖြစ်သူ ဟာ သူမရဲ့ တစ်သက်တာ မှာမကောင်းမှု ကို လုပ်ဖို့ ဘယ်တော့ မှ ကြံစည် ဖြစ်တော့မှာ မဟုတ်တာ သေချာ ပါတယ်။
 ကောင်းမှု တစ်ခုခု ( သို့မဟုတ် ) ကောင်းသည်၊ မှန်သည် ဟု မိမိ လေးနက်စွာ ယုံကြည် ထား သည့် အရာ တစ်ခုခု ကို ပြုလုပ် သည့်အခါမည်သူ တစ်ဦး တစ်ယောက် ကမျှ အသိပြု သည် ဖြစ်စေ၊ မပြု သည် ဖြစ်စေ၊ ချီးကျူး ခြင်း၊ ထုတ်ဖော် ပြောဆို ခြင်း ပြု သည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ မိမိ လုပ်လက်စ ကောင်းမှုဟု မိမိ ယုံကြည် သော အလုပ် ကို ပြုလုပ် မြဲ ဆက် ပြုလုပ်ပါ။ ထို ကောင်းမှု နှင့် ထိုက်တန်သော
ကောင်းကျိုး ကို တစ်နေ့နေ့ တစ်ချိန်ချိန် တွင် သင် ကိုယ်တိုင် သေချာ ပေါက် ပြန်လည် ခံစား ရမည် ဖြစ်သည်။
The Good You Do, Comes Back To You ( Author Unknown) ကို ဘာသာပြန်ပါသည်
အချိန် နဲ့ အရိပ်
$
0
0
ကျွန်တော့် ကိုမွေးကတည်းက ဘ၀တစ်ခုကိုပိုင်ဆိုင်ခွင့်ရခဲ့ပါပြီ...... ဘ၀ ဆိုတာ အချိန်တွေနဲ့ တည်ဆောက်ထားတာလို့  ရှေး ပညာရှိ တစ်ယောက်ပြောတာကြားဖူးတယ် ကျွန်တော်တွေးမိတယ် ဒီနေ့ ပြီးသွားခဲ့ရင် နောက်တစ်နေ့  ကူးသွားတာနဲ့ ဒီနေ့ ဟာ ကျန်ခဲ့ပြီ ဒါဆို ဒီနေ့ ဟာ မနက်ဖြန်အတွက် သမိုင်းဖြစ်သွားမယ် ဒါဆိုသမိုင်းဆိုတာကနေ့ တွေနဲ့ဖွဲ့ စည်းထားတာပေါ့ အားလုံးကိုခြုံပြီးကြည့် ရင် သမိုင်းတစ်ခုဆိုတာက အချိန်တွေနဲ့ ဖွဲ့ စည်းထားတာလို့ ပြောရတာပေါ့ ဒီနေ့ ကျွန်တော်ဘာတွေလုပ်ခဲ့ လဲ အဲဒါတွေအားလုံးက နောက်တစ်နေ့ မှာ သမိုင်းဖြစ်သွားမယ် ကျွန်တော်သေသွားရင်လဲ ပြောစရာ တစ်ခု အဖြစ် ကျန်နေဦးမယ် အကောင်းလားအဆိုးလားဆိုတာတော့ ကျွန်တော်လုပ်ရပ်အပေါ်မူတည်မှာပေါ့ မသေခင်မှာလဲ အကြောင်းရဲ့ အကျိုးကို ကိုယ်တိုင်ခံစား စံစားရဦးမယ်လို့ ထင်တယ် ဒီတော့ ဘာပဲလုပ်လုပ် ကိုယ်လုပ်သမျှ ကိုယ့်နောက်မှာ အရိပ်တစ်ခု အဖြစ်ရှိနေမှာအသေအချာပါ ........
တနေ့ ကျွန်တော် အိမ်ထဲရှိနေမိတဲ့အချိန်မှာ ကိုယ့်အိမ်ဖြစ်ပါလျှက် ဟိုဟိုဒီဒီ လျှောက်ကြည့် ဖြစ်တယ် တနေရာရောက်တော့ကျွန်တော့အကြည့် တို့ ရပ်တန့် သွားရတယ် အတွေးတစ်ခု ကို ခေါင်းထဲ နေရာပေးမိတယ် ကြည့် နေတာက နာရီတစ်လုံးပါ ဘာမှတော့မထူးဆန်းပါဘူး ဒါပေမဲ့သေချာကြည့် ပြီးတွေးမိတော့ လောက အကြောင်းနည်းနည်း တီးမိခေါက်မိရှိမိတယ် ဘ၀ဆိုတာအချိန်တွေနဲ့ တည်ဆောက်ထားတယ် အဲဒီအချိန်ကိုကြည့် မိတော့ တစ်နေ့ မှာ နှစ်ဆယ့်လေးနာရီဆိုပေမဲ့ နာရီ ဒိုင်ခွက်ပေါ်မှာက တစ်ကနေ ဆယ့်နှစ် အထိပဲ ပါတယ် တစ်ကနေခရီးစထွက်တယ်ဆိုပါစို့  ပထမဆုံး ခြောက် ဆိုတဲ့ ဂဏန်းရောက် အရင် ဆင်းရတယ် ပြီးရင် ဆယ့်နှစ်ဆိုတဲ့ထိပ်ဆုံး တည့်တည့် ရောက်အောင်ပြန်တက်ရတယ် သဘောက အတက်လဲရှိတယ် အဆင်းလဲရှိတယ် လောကမှာလဲ ဒီလိုပဲ အတက်အကျဆိုတာရှိတယ် နာရီက ကျော်လို့ မရဘူး တစ်နာရီကိုကျော်ပြီး နှစ်နာရီ ကိုထိုးချင်မရဘူး ဒီလိုပဲ ဘ၀ရဲ့  သမိုင်းစာမျက်နှာတွေကလဲကျော်လို့ မရဘူး ပြဌာန်းတဲ့အတိုင်း ရင်ဆိုင်ရမယ်ကျော်ဖြတ်ရမယ် ကျန်တဲ့ အခွင့်အရေးဆို မရှိဘူး လှည့်ပါတ်နေတဲ့ ဘ၀တွေထဲမှာ ကျွန်တော့် သမိုင်းကို ကိုယ်တိုင်ရေးရမယ် ရေးနေဆဲနေ့ ရက်တွေမှာလဲ ကျွန်တော့သမိုင်းက အရိပ်လိုပါနေဦးမယ် ဒီအရိပ်တွေအတွက် ကျွန်တော်အချိန်တွေ လိုနေဦးမယ်
မရောက်သရွှေ့  တော့ သွားနေရဦးမည် ... .. .
စောစောပြန်လာပါ ဖေဖေရယ်
$
0
0
တစ်နေ့ အဖေဖြစ်သူဟာ အလုပ်ကနေ နောက်ကျမှ ပြန်လာတယ်။
အိမ်တံခါးဝမှ ရပ်စောင့်နေတဲ့ သားငယ်လေးကို တွေ့လိုက်တော့
" ဖေဖေကို သား မေးစရာရှိတယ် "
" ငါ့သားက ဖေဖေ့ကို ဘာမေးမှာလဲ မေးပါ "
" ဖေဖေ တစ်နာရီကို ဝင်ငွေ ဘယ်လောက်ရလဲ "
သားဖြစ်သူရဲ့ စကားကို ကြားတော့ အဖေဖြစ်သူ အံ့သြသွားတယ်
" ငါ့သားက ဘာလုပ်ဖို့ အဲစကားကို မေးရတာလဲ "
" သား သိချင်လို့ပါ ဖေဖေ "
" ဒါဆိုလည်း ပြောပြမယ် တစ်နာရီကို ဒေါ်လာ ၅၀ ရတယ် " ကလေးက ခဏကြာကြာ စဉ်းစားနေတယ် ပြီးနောက်
" ဒါဆိုရင် ဖေဖေ သားကို တစ်နေ့ ဒေါ်လာ ၅၀ ချေးနိုင်မလား "
" ငါ့သားက ပိုက်ဆံတွေ အများရှိ ဘာလုပ်မလို့လဲ။ အရုပ်ဝယ်ချင်လို့လား မုန့်စားချင် လို့လား ပြောပါ။ ဖေဖေ အကုန်လုပ်ပေးမယ်။ ပိုက်ဆံကတော့ မပေးနိုင်ဘူး ငါ့သား
" ကလေးဟာ ငိုပြီးတော့ အခန်းထဲသို့ ဝင်သွားတယ်။ တစ်နာရီလောက် အကြာမှာ အဖေလုပ်သူအား စဉ်စားတယ်။ ငါ့သားဟာ ဘာလုပ်ဖို့ ပိုက်ဆံတွေ အများကြီး တောင်းနေတာလဲ။ အကြောင်း တစ်ခုခုတော့ ရှိမယ် ထင်လို့ စဉ်စားနေတယ်။ တစ်နာရီလောက် ကြာတော့ အဖေဖြစ်သူဟာ သူ့သား အခန်းထဲသို့ သွားပြီး
" သားလေး အိပ်နေပြီလား " " မအိပ်သေးပါဘူး ဖေဖေ သား လဲနေတာပါ "
" ရော့ မင်းလိုချင်တဲ့ ပိုက်ဆံ ဒေါ်လာ ၅၀ "
ကလေးက ပိုက်ဆံလေးတွေကို ဖြည်းဖြည်းခြင်း ရေတွက်ပြီးနောက်
" ဒီ ဒေါ်လာ ၅၀ ကို ဖေကြီး ပြန်ယူလိုက်ပါ။ မနက်ဖြန်ကျရင် သားတို့နဲ့ အတူတူ ထမင်းစားဖို့ ၊ သားတို့နဲ့ အတူတူ စကားတွေပြောဖို့ သားတို့နဲ့ အတူတူ ဆော့ကစားဖို့ တစ်နာရီလောက် စောစော ပြန်လာခဲ့ ပေးပါ ဖေဖေ " ( မျက်ရည်လေးတွေ စို့လို့ ) 
နောက်ဆုံး စကားတစ်ခွန်း
$
0
0
နောက်ဆုံး စကားတစ်ခွန်း
ရာစုနှစ် ဝက်တစ်ခုကို အတူတူဖြတ်ကျော် လာခဲ့ကြတဲ့ အဘိုးအဘွားအို လင်မယားနှစ်ယောက် ညအိပ်ရာမဝင်ခင် သူတို့အချင်းချင်း အမြဲပြောတတ်တဲ့ နောက်ဆုံး စကားတစ်ခွန်းက "နင့်ကိုငါချစ်တယ်"။
ဘာဖြစ်လို့ နှစ်နဲ့ချီပြီး ဒီလိုပြောကျင့်ရှိခဲ့ သလဲလို့ တခြားလူ ကမေးတော့ အဘိုးအိုက ပြောတယ်။ "ကျွန်တော်တို့ အသက်ကြီးပြီ။ ဒီလိုပြောရတာဟာလည်း တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က နောက်တစ် နေ့မနက်မှာ လုံးဝ နိုးမလာခဲ့တော့ ဘူးဆိုရင် ကျွန်တော်တို့ကြားမှာ အချင်းချင်း ကျန်ခဲ့မယ့် နောက်ဆုံး စကားက အဲဒီစကားဖြစ်နေမှာပဲ" တကယ်တော့ အသက်အိုမင်းမှ မဟုတ်ပါဘူး.. လူဆိုတာ အချိန်မရွေးသေဆုံးနိုင် ပါတယ်။ မသေဆုံးခင် အချင်းချင်းကြားမှာ ဘာစကားတွေ နောက်ဆုံးကျန်ခဲ့စေချင်သလဲ?
အိမ်ပြင် မထွက်ခင် ဂရုစိုက်တဲ့ စကား အိပ်ရာမဝင်ခင် ကြင်နာတဲ့စကား မခွဲခွာခင် ချစ်ခင်နှစ်လိုတဲ့စကား ဘယ်စကားတစ်ခွန်းက နောက်ဆုံးစကားဖြစ်မယ်မှန်း ဘယ်သူမှမသိခဲ့ကြသလို ဘယ်သူကမှလည်း နောက်ဆုံး စကားတစ်ခွန်းကို နားဝင်မချိုတဲ့ ဒေါသစကား ဖြစ်စေချင်ခဲ့ကြမှာ မဟုတ်ပါဘူး။
တကယ်လို့ တစ်နေ့နေ့မှာ
$
0
0
တကယ်လို့ တစ်နေ့နေ့မှာတကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့ အခါ နံပါတ်ပိတ် သွားပြီဆိုတဲ့ အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက် ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။
တကယ်လို့ တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ...
တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊ နင့်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား...
တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ၊ အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ "ဟင့်.. မောင်နော်"လို့ ချွဲချွဲနွဲ့နွဲ့ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊ အမှားလုပ်ပြီးမှ ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ် ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား.. အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင့်စိတ်လေး နည်းနည်းတော့ထိခိုက်စေချင်တယ်။
နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။ ငါနဲ့ပတ်သက်တဲ့အရာတွေ နင့်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။ တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ... တကယ်လို့ တစ်နေ့နေ့မှာ နင့်နေ့စဉ်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ်ငါကောင်းခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။ ငါ့ရဲ့ခွင့်လွှတ်ခြင်း၊ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။ ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအစကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန် ကျခဲ့တဲ့မျက်ရည်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။
ကမ္ဘာရဲ့ထောင့် တစ်နေရာစီမှာ ငါတို့တွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုထဲရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုထဲရှိတယ်၊ လေထုတစ်ခုထဲကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်။ တကယ်လို့ တစ်နေ့နေ့မှာ နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူရှိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။ ငါ ကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကို မမေ့ပါနဲ့။ ဘာအတွက် ငါပျော်တယ်၊ ဘာအတွက် ငါနာကျင်တယ်ဆိုတဲ့ ငါ့ခံစားချက်ကို မမေ့လိုက်ပါနဲ့။ နင်နဲ့ပတ်သက်သမျှ ဘယ်အရာကိုမှ ငါမေ့လိုက်မှာ မဟုတ်ပါဘူး။ နင့်ရဲ့အကျင့်၊ နင့်မကြိုက်တာတွေ၊ နင့်ရဲ့ ပျော်ရွှင်၊ နာကျင်တဲ့ခံစားချက်တွေ ငါမေ့မှာမဟုတ်ဘူး။ ခံစားချက်ကမ္ဘာထဲမှာ "မျှတ"တဲ့ စကားလုံးမရှိလို့ ဒါတွေအတွက် ငါဂရုမစိုက်ခဲ့ပါဘူး။ နင်နဲ့အတူရှိခဲ့တဲ့ နှစ်တွေ၊ လတွေက ငါ့မှတ်ဉာဏ်ထဲမှာ လှပတဲ့အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါ။
တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘဝထဲ ငါလုံးဝမရှိတော့တဲ့အခါ ငါ့ရဲ့အရိပ်၊ ငါရှင်သန်ခဲ့ဖူးတယ်ဆိုတာကို မေ့လိုက်ပါ။ နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာ၊ လွမ်းမှာကို ငါမလိုလားလို့ပါ။ ဒါတွေက ငါ့ကိုချစ်လို့၊ ကြိုက်လို့ နင်နာကျင်လွမ်းဆွတ်တာ မဟုတ်မှန်းငါသိတယ်။ ဒါတွေက နေ့တိုင်း နင်ရနေတတ်တဲ့ ငါ့ရဲ့ဖုန်း၊ ငါ့ရဲ့voice message၊ ငါ့ရဲ့နားပူနာဆာ၊ ငါ့ရဲ့မှီတွယ်ချင်စိတ်တွေမှာ နင်အကျင့်ပါနေလို့ပါ။ လူတစ်ယောက်ဟာ သူ့ဘဝထဲမှာ သူမကြိုက်၊ မချစ်တဲ့သူတစ်ယောက်ယောက် ရှင်သန်ခဲ့ဖူးပြီး အဲဒီလူမရှိတော့တဲ့အခါ သူလည်း အနည်းအကျဉ်းတော့ နာကျင်ထိခိုက်တတ်သတဲ့။ ငါဟာ မကြာခဏ သဝန်တိုတတ်၊ ဒေါသထွက်တတ်၊ အတ္တကြီးတတ်ပြီး ငါချစ်တဲ့နင့်ကို တခြားလူလာချစ်မှာ မလိုလားသူဆိုပေမယ့် ငါမရှိတော့တဲ့အခါ နင့်ဘဝပိုသာယာဖို့၊ ပိုပျော်ရွှင်ဖို့ မျှော်လင့်ခဲ့ပါတယ်။
တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့ရှေးဘဝ၊ ဒီဘဝမှာလည်း ငါမရှိတော့တဲ့အခါ၊ အစကတည်းက ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ သတ္တိမရှိတဲ့ငါ ဘာဆက်ဖြစ်မလဲမသိခဲ့ဘူး။ နင်ကတော့ နင်ပါပဲ... ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး ဝမ်းနည်းကြေကွဲနေမယ့်ငါ့ကို နင်တွေ့လေမလား၊ နင့်ဘေးမှာငါမရှိတဲ့ ခံစားချက်ကို နင်ခံစားမိလေမလား၊ နင့်စိတ်ပျက်ဝမ်းနည်းတဲ့အခါ ငါနှစ်သိမ့်နိုင်တော့မှာ မဟုတ်ဘူး။ နင်စိတ်ထိခိုက်တဲ့အခါ နင်နဲ့လိုက်ပြီး ငါစိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။ နင်အသဲကွဲတဲ့အခါ နင်နဲ့လိုက်ပြီး ငါကြေကွဲနိုင်တော့မှာ မဟုတ်ဘူး။ အရင်က နင်နဲ့အတူ ငါလိုက်လုပ်ခဲ့သမျှကို နင်လည်းသတိမထားမိခဲ့ပါဘူး။ နင့်မှတ်ဉာဏ်၊ နင့်ဘဝ၊ နင့်ကမ္ဘာထဲမှာ ငါမရှိတော့တဲ့အခါ နင်နည်းနည်းလေးမှ ထိခိုက်မှာမဟုတ်ဘူး။ နည်းနည်းလေးမှ ဝမ်းနည်းမှာမဟုတ်ဘူး။ ငါနဲ့ပတ်သက်သမျှ နည်းနည်းလေးမှ သတိရမှာမဟုတ်ပါဘူး။ ဒါတွေကို ငါကောင်းကောင်းနားလည်ခဲ့ပါတယ်။
ဒီလိုနေ့တစ်နေ့ကို ရောက်လာတဲ့အခါ ဝမ်းနည်းနာကျင်သူ၊ အသဲကြွေသူဟာ ငါပဲဖြစ်ခဲ့ပါတယ်။ ငါဟန်ဆောင်ကောင်းခဲ့တယ်၊ ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ကောင်းခဲ့ပါတယ်။ နင်ပြောခဲ့ဖူးတယ်... နင့်ဘဝမှာ ငါမရှိတော့တဲ့တစ်နေ့ နင်ဘာဖြစ်မယ်ဆိုတာကို နင်မသိဘူးတဲ့။ ငါနားလည်ခဲ့ပါတယ်.. တကယ်တော့ ငါမကောင်းတာပါ။ နင့်ဘဝထဲ ငါမဝင်ခဲ့သင့်ဘူး။ နင့်ကမ္ဘာထဲ ငါမရှင်သန်ခဲ့သင့်ဘူး။ နင့်ကို တိတ်တခိုးချစ်၊ အရာရာကို ကျိတ်မှိတ်ခံ၊ နင့်ကို တိတ်တိတ်လေးစောင့်၊ နင့်ကိုတစ်ယောက်တည်းလွမ်းတဲ့သူပဲ ဖြစ်သင့်ခဲ့တာ။ ခုတော့ ဒါတွေကို ငါထုတ်ပြလိုက်တယ်၊ ဖော်ပြလိုက်တယ်။ နင်သိသွားတယ်၊ နားလည်သွားတယ်၊ ခံစားသွားတယ်.... အဲဒီနောက်တော့ နင့်ကိုငါ ခွဲထွက်သွားတယ်။
 မနေ့ကရဲ့ရင်းနှီးမှုက ဒီကနေ့မှာတော့ သူစိမ်းဖြစ်ခဲ့ပါတယ်......
Viewing all 9878 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>