Myanamar News မြန်မာသတင်း
မြန်မာစာတန်းထိုးဇာတ်ကားမျာ
myanmardailynews.org
အများပြောတဲ့ချစ်ခြင်းမေတ္တာ ( ၅ )
မေတ္တာစိတ်တွေနဲ့ချစ်တဲ့ အကြောင်းပေါ့ ဒီနေ့တော့ အကြောင်းရာတခုထပ်တိုးလာပြန်တယ်ဘာလဲဆိုတော့"သစ္စာ "မိတ်ဆွေတယောက်ကပြောတယ်ချစ်ယုံနဲ့မပြီးဘူးတဲ့ သစ္စာ ရှိအုံးမှတဲ့ သစ္စာမရှိရင်လှေကွဲကိုစီးမိသလိုမျိုးဖြစ်နိုင်တယ်ပေါ့ အစမှာတယောက်နဲ့တယောက်ရူးမလောက်အောင်ချစ်ပင်ချစ်ကြသော်လည်း ဒီသစ္စာ မဏ္ဌိုင်မှမရှိရင် တိုတောင်းတဲ့အချိန်တွေမှာပဲ ဇာတ်လမ်းတွေသိမ်းနိုင်တယ်ပေါ့
အမျိုးသားမှာသော်လည်းကောင်း အမျိုးသမီးမှာသော်လည်းကောင်း မရှိမဖြစ်
ထားရှိရမယ့် အရာဖြစ်တယ်ပေါ့
ရာဇဝင်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ အမျိုးသမီးတွေထက် အမျိုးသားတွေကပိုပြီးချစ် ပိုပြီးသစ္စာကြီးမားနေတာတွေ့နေရပြန်တယ် ပုံမှန်အားဖြင့် ယောင်္ကျားတွေဟာ မိန်းမတွေထက် ကြမ်းတမ်းခက်ထန်ကြတယ် မိန်းမတွေက ယောင်္ကျားတွေထက် နူးညံ့သိမ်မွေ့ကြတယ် ယောင်္ကျားတွေက မာမာတင်းတင်းခပ်ပြတ်ပြတ်ပြောတတ်ကြပေမယ့် မိန်းမတွေကတော့ ပျော့ပြောင်းညင်သာစွာနဲ့ ပြောဆိုတတ်တယ် ဒါသည်ပင် အားသာချက် အင်အားတခုပဲတဲ့ သူတိုတွေဟာ လေပြေလေညှင်းရဲ့သံစဉ်တခုလို မာကြောခက်ထန်လွန်းတဲ့ ယောင်္ကျားတွေရဲ့နှလုံးသားကို အရည်ပျော်စေလောက်တယ်ပေါ့ ဒါကိုရောမစစ်ဘုရင်ကြီးဖြစ်တဲ့ ဂျူလိယက်ဆီဆာ ရဲ့အကြောင်းမှာတွေ့ရတယ် စစ်သေနာပတိတယောက်ဖြစ်သည့်နည်းတူ ဆီဆာဟာသိပ်ကြမ်းတမ်းခက်ထန်တဲ့လူတယောက်ပါ တော်တန်ယုံကိစ္စတွေမှာသူ့အတွက်မပြောပလောက်ဘူးပေါ့ နိုင်ငံတွေနယ်ချဲ့တယ် တနေ့တနေ့စစ်ထဲမှာပဲနေ နေရတယ် ဒီလိုနဲ့ တနေ့မှာ အီဂျစ်ပြည်ဘက် ရောက်သွားခဲ့တယ် အဲမှာပဲ သူကြုံနေကြ မုန်တိုင်းနဲ့တူတဲ့ စစ်မဟုတ်ပဲ လေပြေလေညှင်းနဲ့တူတဲ့ အချစ်ကို သူစတွေ့ ခဲ့တယ် "ကလီယိုပါထွာ"သူမကိုမြင်မြင်ချင်းမှာပဲ ချစ်စိတ်သဒ္ဒါတွေ သူမအအပ်ါယိုစီးလို့ ရူးမလောက်အောင် သူချစ်ခဲ့ပုံပေါ့ သူကတော့မချစ်ဖူးသလားချစ်ဖူးသလားဆိုတာတော့ ဆီဆာကိုယ်တိုင်မှသိမယ်ပေါ့လေ ဒါပေမယ့် ကလီယိုပတ်ထွာစေသမျှ ညွှန်သမျှ ပြုသမျှကို ကမ္ဘာကျော်တဲ့ စစ်ဗိုလ်ချုပ်ကြီးဟာ စစ်သုံ့ပန်းပမာ စစ်မှာရှုံးနိမ့်ပြီးလက်ရောက်ကျတဲ့ ရန်သူပမာ ခိုင်းသမျှကိုမညည်းမတွားဆောင်နှင်းလုပ်ဆောင်ပေးခဲ့ရတယ်တဲ့ ဒါဟာအချစ်ရဲ့ မည်သည့်အရာနဲ့မှမတူတဲ့ တန်ခိုး ပါဝါ ပေါ့ ဒါကိုပဲ ကလီယို ဟာအခွင့်သင့်ကိုယူပြီး ဆီဆာကို ရောမက လှိုင်ဂူတွေထဲကိုပြန်ထည့်ခဲ့တာ
တဖက်ကဆီဆာက သူ့အချစ်ကိုတန်ဖိုးထားတယ် မြတ်နိုးမယ် သိမ်းဆည်းမယ် မေတ္တာတွေထားမယ် သစ္စာတွေထားပင်ထားခဲ့သော်လည်း ကလီယို လို မိန်းမနဲ့တွေရင်တော့ ဇာတ်လမ်းသိမ်းမကောင်းနိုင်ဘူးပေါ့ ဘယ်လိုပုံပပဲ ဖြစ်နေနေ နှစ်ဦးစလုံး တယောက်ပေါ်တယောက် နှစ်နှစ်ခါခါချစ်ကြပြီဆိုရင်တော့ ဇာတ်လမ်းသိမ်း လေးတွေလှအောင် သစ္စာတရားတွေတော့ ကိုယ်စီရှိသင့်ကြတယ်ပေါ့ လို့ ပြောကြရင်း
ဇနီးကိုသိပ်ချစ်တဲ့ ဗန္ဓုလစစ်သူကြီးအကြောင်း သိဝီမင်းကြီးအကြောင်းနဲ့ ဒဿမင်းဘာ့ကြောင့်သူအချစ်ကို လက်လွတ်ခဲ့ရတယ် ဆိုတဲ့အကြောင်းတွေ
ဆက်ပြောနေမိတယ်……
ကျေးဇူးတင်ပါသည်
ဂျလေဘီ
မနက်ခင်းက ငါ့ကို
လှောင်ပြောင် ဖို့  ကြိုးစားနေကြဆဲ
ဖြစ်နိုင် ပါတယ့်
ငါကလည်း လမ်းတွေအထပ်ထပ်မှာ
ခြေရာထင် ကျန်အောင်
လျှောက်နေတဲ့ တေ လေ'တံဆိပ်'
ရပြီးသား ဂျလေဘီ လေလွင့်ကောင် သပ်သပ်ပါဟာ့
နတ်ဆိုး
မှတ်သားစရာလေးပါ
၄၅ ဝါ ဝါဆိုရာ ဋ္ဌာန
၁။ ဗာရာဏသီ မိဂဒါဝုန်တော
၂။ ရာဇဂြိုလ် ဝေဠုဝန်ကျောင်း
၃။ ရာဇဂြိုလ် ဝေဠုဝန်ကျောင်း
၎။ ရာဇဂြိုလ် ဝေဠုဝန်ကျောင်း
၅။ ဝေသာလီ
၆။ မကုဋတောင်
၇။ တာဝတိ°သာ
၈။ ဘဂ္ဂတိုင်း
၉။ ကောသမ္ဘီပြည်
၁၀။ ပါလိလေယျကတော
၁၁။ နာဠပုဏ္ဏားရွာ
၁၂။ ဝေရဉ္စာပြည်
၁၃။ ဘလိယတောင်
၁၄။ သာဝတ္ထိဇေတဝန်ကျောင်း
၁၅။ ကပိလဝတ်
၁၆။ အာဠဝီပြည်
၁၇။ ရာဇဂြိုလ်ပြည်
၁၈။ စာလိယတောင်
၁၉။ စာလိယတောင်
၂၀။ ရာဇဂြိုလ်
၂၁-၄၄ ထိက ဇေတဝန်ကျောင်း
၄၅။ ဝေဠုဝရွာ
အောင်မြင့်မြတ်
09970401876
မောင့်ဘ၀ညအလားကွယ်
တိတ်ဆိတ်သောည
လကွေးယဲ့ယဲ့၊ တိမ်ကျဲ့ကျဲနှင့်
လဲ့လဲ့မိုးပြာ၊ ပြန့်ပြောစွာလျှင်
ဗလာလောက၊ ဟင်းလင်းလင်းတည့်။ ။
လရောင်စင်ပက်၊
ရွက်ဝန်းရိပ်ပျောက်၊ သစ်ပင်အောက်ဝယ်၊
တစ်ယောက်လျှင်ငါ၊ ပျံ့ဆွတ်စွာဖြင့်၊
သမာဓိလွတ်၊ ငိုက်ညွတ်မှေးယောင်၊
လန့်သယောင်ပင်။
တောင်ချော် မြောက်ဆီဝေ့အတွေး။ ။
တက္ကသိုလ် ဘုန်းနိုင်
မလေးရှားပါမစ် မှန် မမှန်စစ်လိုလျှင်
ကာရာအိုကေ ဆိုဒ်သို့ သွားလိုလျှင်
ဘောလုံးပွဲကြည့်ရန်
ဓာတ်ပုံများကို အလှပြင်
နိုင်ငံခြား ရုပ်ရှင်များကြည့်လိုလျှင်
.ဂီတ ၀ါသနာပါသူများအတွက်
.မြန်မာနိုင်တော် သမ္မတရုံး ၀က်ဆိုဒ်
လွမ်းစေသောနှင်း
"နှင်း "လို့ကျွန်တော့်ရင်ထဲမှာ မှတ်ခဲ့ပါတယ် တချိန်က တက္ကသိလာတခုမှာ သူမနဲ့ကျွန်တော်ဆုံ့ဖြစ်ခဲ့ကြတယ် ကျွန်တော်ကတောသား ငွေကြေးဥစ္စာနဲ့ သူ့မိဘဆွေမျိုးတွေမကြိုက်တဲ့ ဂုဏ်မဲ့သူ လူသိနဲသူပေါ့ သူတို့ကတော့ကျွန်တော်နဲ့ယှဉ်ရင် မိုးနဲ့မြေလွှာကွာဝေးသလိုပါပဲ ခြားနားမှူုများလွန်းတယ်ပေါ့ ဒီ မျဉ်းပြိုင်နှစ်ကြောင်းလိုမတူညီနိုင်လွန်းတဲ့ အခြေနေတွေကြားမှာပဲ သူနဲ့ကျွန်တော်တယောက်နဲ့တယောက်မေတ္တာတွေဖလှယ်ခဲ့တယ် တဦးနဲ့တဦးသိပ်နားလည်ခဲ့တယ် ကျွန်တော့်ရဲ့ ချို့တဲ့လွန်းတဲ့ဘဝကိုသူစာနာတယ် သနားတယ်တဲ့ ကျွန်တော်အစမှာသူ့ကိုလုံးဝမချစ်သင့်ဘူးလို့ဦးနှောက်ကနေဆုံးဖြတ်မိတယ် ဒါပေမယ့် ချစ်စိတ်ကတားမရ မျက်စေ့မရှိတဲ့အချစ်တွေနဲ့သိပ်ချစ်ခဲ့ကြတယ်ပေါ့ ဒီလိုနဲ့ ဒုတိယနှစ် တတိယနှစ် နောက်ကျောင်းတွေပိတ်တော့လည်း အချစ်ကပိတ်မရနိုင်တော့ ခက်တယ်ပေါ့ ဒါနဲ့ ကျွန်တော်တို့သူငယ်ချင်းတွေ တခုသောကျောင်းပိတ်ရက်မှာ ကျိုက်ထီးရိုးကို ဆုံမှတ်အဖြစ်ချိန်းပြီး တွေ့ကြတယ် ဘုရားဖူးချင်လို့ရယ်တမင်မဟုတ်ဘူး
ကျွန်တော်တို့အကြောင်းကိုသိနေတဲ့ သူငယ်ချင်းတွေက အလိုက်တသိနဲ့ မဖြစ်ဖြစ်အောင် အကွက်တွေရွေ့ပေးခဲ့တာ ညဆိုရင် ဘုရားရင်ပြင်ပေါ်မှာ နှစ်ဦးသားလမ်းတူတူလျှောက် ဘုရားအမွေးတိုင်ဖယောင်းတိုင်ဆီမီးပန်းရေချမ်းတွေတူတူပူဇော် ဆုတွေလည်းထပ်ခါတလဲလဲတောင်းကြတာပေါ့ တယောက်မျက်နှာတယောက်ကြည့်လို့ ကြည်နူးမှုအပြုံးတွေအပြိုင်ပေါ့ အေးမြလှတဲ့ ကျိုက်ထီးရိုးရင်ပြင်ရယ် ခပ်သာသာတိုက်ခပ်တဲ့လေညှင်းရယ် သာနိုင်လွန်းတဲ့လမင်းရယ် ပြန့်ပြောလှတဲ့ ရှုခင်းတွေရယ် ချစ်သူရယ် အစရှိတဲ့အရာတွေဟာ ဘဝတကွေ့မှာ မမေ့ရက်နိုင်စရာတွေပါပဲ…… ရက်အတန်ကြာ နေကြတယ် ကျွန်တော်တို့အတွက်ကျိုက်ထီးရိုးဟာ အမှတ်တရ နေရာတခုပါ
အဲဒီအမှတ်တရတွေဟာ ဘဝအတွက်တကယ်ပဲ အမှတ်တရဖြစ်စေခဲ့ ပြီ
နောက်ဆုံးနှစ်ကျောင်းတွေ ပြန်ဖွင့်တော့နယ်ကကျွန်တော်တို့တွေအပြေးအလွှားလာကြပေါ့ တနွေလုံးရသမျှငွေလေးတွေစုဆောင်းပြီး
မျှော်လင့်ချက်တွေနဲ့ ချစ်သူနဲ့တွေ့ခွင့်ရင်ပြောချင်လွန်းနေတဲ့ ရင်ဘတ်ပွင့်ထွက်မတတ်စကားလုံးတွေနဲ့
တွေးမိတဲ့ပီတိအပြုံးတွေနဲ့ ဒီမြို့ကိုတခေါက်ပြန်ရောက်ခဲ့တယ် ဒီမှာမမျှော်လင့်တဲ့ ဖြစ်ခြင်းတခုဖြစ်ခဲ့ရတယ် ရောက်ရောက်ချင်းကြားရတဲ့အဖြစ်က ကျွန်တော့်ချစ်သူ ကျွန်တော့်ရဲ့ နှင်း ဆိုသောမိန်းကလေးတယောက် ကွယ်လွန်ခဲ့တာ ဒီနေ့ သူမကို သုဿန်ကိုပို့မယ့်နေ့တဲ့ ကျွန်တော်တယောက် ဘာမှမကြားတော့ပါ ကျွန်တော့်ရှေ့ကမြင်ကွင်းအားလုံးပျောက်ကွယ်သွားပြီ နုတ်မှလည်းဘယ်စကားမျိုးမှပြောမထွက်တော့ပြီ ကျွန်တော့်ဇာတ်လမ်းပြတ်သွားပါပြီ
ဒါပေမယ့်လုံးဝမယုံပါဘုး မဖြစ်နိုင်ဘူး သူမနဲ့ကျွန်တော် ကျွန်တော်နဲ့သူမ မနေ့တနေ့ကတောင်တွေ့နေရသ လိုပဲ
ဘယ်သူ့ကိုမှဘာမပြောတော့ပဲ သူမတို့နေတဲ့ခြံဝန်းတွေဘက်ထွက်ခဲ့တယ်ဘာသတင်းရမလဲလို့ နောက်သုဿန်ဘက်ကိုရောက်သွားတယ်
ဘယ်လိုပဲဆုံးဆုံး သူမကိုကျွန်တော့်ရင်ခွင်ထဲမှာဆုံးစေချင်တယ် သူမရဲ့မျက်နှာလေးကိုနောက်ဆုံးမြင်တွေ့ချင်တယ် သုဿန်ဘက်ရောက်တော့လူအုပ်စုတခုတွင်းမှာသူမခန္ဓာကိုယ်ထည့်ထားတဲ့ သေတ္တာလှလှလေးတလုံးကိုလူတွေဝိုင်းမပြီး သဂြိင်္ုလ်စက်ထဲကိုဝိုင်းထည့်ကြတယ်
ဒီအချိန်ထိသူမကိုကျွန်တော်တပ်အပ်မြင်ခွင့်မရပေ ချမ်းသာလွန်းတဲ့ လူဂုဏ်တန်တွေဟာ သူတို့သမီးကို သုဿန်မှာတောင်မြင်ခွင့်လုံးဝမပေးခဲ့ဘူး
ကျွန်တော့်တကိုယ်လုံးနတ်ပူးနေသလိုဖြစ်နေပါတယ် ပူဆွေးမှု ဝမ်းနဲမှုတွေနဲ့ ကျွန်တော့်ခြေတွေနောက်ပြန်ဆုတ်ပြီးလှဲ့ခဲ့တယ် အခြေနေတွေအားလုံးပြောင်းလဲသွားခဲ့ပြီ
အရာရာတိုင်းမှာဆွေးစရာဖြစ်နေပြီ
မြင်ကွင်းတိုင်းလွမ်းစရာ
စိတ်အစဉ်မှာ လွမ်းဆွတ်ခြင်း တမ်းတခြင်း ပူလောင်ခြင်းတွေနဲ့တဆက်ထဲမှာနာကြီးမှုတွေ မခံရပ်နိုင်မှုတွေနဲ့ ခံစားနေခြင်းများသည်ပင် ဘဝတခုရဲ့နွေရက်တွေလိုပဲ……
ဒါပေမယ့် ကျွန်တော် သံသယတခုဖြစ်ခဲ့တယ် သူတကယ်သေဆုံးခဲ့တာမဟုတ်နိုင်ဘူးဆိုတဲ့သံသယပဲ ဒီလူချမ်းသာအသိုင်းအဝိုင်းကိုမယုံကြည်နိုင်ခဲ့ဘူး ဒါ့ကြောင့်နောက်ပိုင်းနှစ်တွေမှာ
ကျွန်တော့်ဘဝရင့်ကျက်ခြင်းတွေနဲ့အတူ သူမကိုပြန်တွေ့နိုင်ဖို့ အသက်တကယ်မသေဘူးဆိုရင် ကျွန်တော့်ဘဝချစ်သစ်ပင်လေးပြန်လည်လန်းဆန်းစေဖို့ စတင်စုံစမ်းမှုတွေပြုခဲ့ပါတယ် ဒါပေမယ့်ဒီနေ့ထိအကြောင်းမထူးခဲ့ပါဘူး
ဒီစကားတွေ ချစ်သောနှင်းတကယ်လို့ ကြားသိခဲ့ရင် ကိုဟာအရင်တိုင်းဘာမှမပြောင်းလဲသေးပါဘူးလို့ ကိုတို့လျှို့ဝှက်နာမ်ပါတ်အတိုင်းပဲ
ချစ်သူဘယ်လိုပုံ ဘယ်သောင်ကမ်းပဲဆိုက်ဆိုက် ချစ်နေဆဲမျှော်လင့်တမ်းတနေဆဲ
လွမ်းနေဆဲပါပဲ နှင်း……
ရင်တွင်းခံစားတင်ပြသည်
ညိုမင်းနန္ဒာ
အမှား
အမှန်ကတော့ အားလုံး
ကျွန်မအမှားသာ ဖြစ်၏။
မောင်မရှိတော့မှန်း သိလျက်နဲ့
တာဝန်တွေ အမှုကိစ္စတွေကို
ပစ်ပယ်လျက်
မန္တလေးသို့လာခဲ့ခြင်းသည်လည်း
ကျွန်မအမှား။
မောင်နှင့်အတူ စားနေကျ
ခေါက်ဆွဲဆိုင်သို့
တစ်ယောက်တည်း
သွားစားမိသည်ကလည်း
ကျွန်မ၏အမှား။
အမှားဆုံးကတော့
မောင့်ကို ဘယ်လိုမှ
မေ့မရ မုန်းမရခြင်းပင်တည်း။
ဂျူး(အမှတ်တရ)
ချစ်သူ
မှောင်ချင်ရင် မှောင်နေပါစေ
နင် နေထိုင်တဲ့ကမ္ဘာတစ်ခြမ်းက
လင်းနေတာမြင်ရရင် ငါကျေနပ်ပါပြီ
ဘာဖြစ်လို့လဲဆိုတော့
နင်ပျော်နေတာကို ငါမြင်ရပြီး
ငါ ငိုနေတာ နင်မတွေ့စေချင်လို့ပါ ............။
K S H
မင်းသိကြား
09256480246
( ရည်းစားဟောင်းအတွက် နောက်ဆုံးရင်ဖွင့်စကား )
အိမ်မက်ဆိုတာ ၂ ကြိမ် ၂ ခါ ထပ်မမက်တတ်သလို အချစ်ဆိုတာလည်း ၂ ကြိမ်
၂ ခါ ပြန်ပြီး ပတ်သက်ဖို့  ငါ့မှာလုံးဝဆန္ဒမရှိဘူး နင်ကြိုက်လို့  နင်ရွေးချယ်တဲ့လမ်း
နင်ဆက်လျှောက်နေတာပဲ လမ်းလျှောက်ပြီးမောမှ နင်ငါ့ကို ရေတစ်ခွက်လေး
တိုက်ပါဦးလို့ တောင် လာမတောင်းပါနဲ့  ငါလုံးဝမတိုက်ဘူး
ဘာလို့ လည်းဆိုတော့ နင်ဟာ ငါ့ရဲအချစ်ကို ဝေဖာလို တကျွတ် ကျွတ်ဝါးပြီးမှ
သပျစ်သီးလို ဝါးဝါးပြီး ထွေးထုတ်တယ် ငါနဲ့ နောက်ထပ်ပြန်ပတ်သက်ဖို့ 
မကြိုးစားပါနဲ့ တော့ ငါအချစ်က ဆီမပါပဲ သုတ်စားလို့ ရတဲ့  နှစ်ပျံကြော်မဟုတ်ဘူး
ငါ့ကိုထပ်ပြီး မနှောက်ယှက်ပါနဲ့ တော့ သဘောထားခြင်းမတိုက်ဆိုင်တော့လို့ 
လမ်းခွဲကြတဲ့  ကမ္ဘာဦးစ ချစ်သူနှစ်ဦးဟာ နင်နဲ့ ငါမှမဟုတ်ခဲ့တာ
နင်နေနိုင်အောင်ကြိုးစားလိုက်ပါ ဒါနင့်အတွက် နောက်ဆုံး (ရင်ဖွင့်စကား )
အားလုံးကို ကျေးဇူးတင်ပါတယ်
(homalin shanlay )
သံစဉ်လှိုင်
အများပြောတဲ့ချစ်ခြင်းမေတ္တာ ( ၆ )
စိတ်ပညာဆရာကြီး ဖရွိုက်ကတော့ သတ္တဝါအုပ်စုတွေထဲမှာ လူသတ္တဝါကို ရုတ်မာကောက်ကျစ်ဆုံး လိမ်လည်လှည့်ဖျားမှုအများဆုံး မနာလိုဝန်တိုမှုအရှိဆုံး
မကောင်းမှုဒုစရိုက် နှစ်သက်ဆုံး
သတ္တဝါအဖြစ် မြင်ထားတာတွေ့ရတယ်
ချစ်နေတဲ့ကာလတလျှောက်မှာတော့တဲ့ လူဟာ ကိုယ်ရည်ကိုယ်သွေးဂုဏ်သိက္ခာအမှန်တရားဘာညာ စသည်ဖြင်း ဆန့်ကျင်ဘက်လိမ်ကမိမိအပေါ်ကျေနပ်မှုရှိလာစေဖို့ တဖက်ကကြိုးစားမှုပြုတယ်တဲ့ လက်ထပ်ကြပြီးနောက်ပိုင်းနှစ်တွေမှာတော့ တော်တော်များများဟာ လူပင်ကိုယ်ဗီဇသတ္တိတွေကိုထုတ်ပြတော့တာပဲတဲ့ အစမှာသည်းခံတယ်ပေါ့ ကြာလာတော့ "ငါ့ရဲ့သည်းခံနိုင်စွမ်းအားတွေကုန်သွားပြီ"ဘာညာနဲ့ ထပွဲကြမ်းကြတော့တာပဲတဲ့
တဖက်ကလည်းသည်းမခံနိုင်အောင်ဘာတွေလုပ်နေမှမသိတာ အစကရွှေရည်စိမ်ထားတဲ့ အရည်အချင်းတွေဟာ နောက်ပိုင်းအရောင်တွေပြယ်ပြီဆိုတော့ တယောက်အကြောင်းတယောက်ကောင်းကောင်းကြီးသိပြီး အစက သံသာလေကမ်းတိုင်သို့တူပြိုင်ကူးမယ်ဘာညာတွေ ခုတော့ လမ်းဘေးကမြောင်းတောင်မှမနဲပေါ့နှော်… လူတိုင်တော့အဲလိုမဟုတ်ဘူး တယောက်တမျိုးပေါ့ တချို့တယောက်ပေါ်တယောက်သိပ်ချစ် သိပ်သိတတ် ကြတယ် ဘယ်လောက်တောင်ချစ်ကြလဲဆိုရင်တဲ့
ရခဲရောက်ခဲ လှတဲ့ နိဗ္ဗာကိုတောင် တော်တော်နဲ့ မရောက်ချင်သေးပဲ သံသရာဝဲသြဂ ထဲမှာချစ်သူနဲ့အတူတူ အေးတူပူမျှနေချင်ကြလို့ ဦးပုညက
"သံသရာဝဋ်ထဲကမလွတ်ပဲနေနေ ဇွတ်စွဲလို့တပေပေ ရှည်ပစေခင်ရဲ့…"
"နိဗ္ဗာန်မြို့အမြိုက်ခွင် မလိုက်ချင်ရုန်းကန်ဖဲ့
နှစ်ယောက်ထဲစံပါ့မယ် ကံနှစ်ဖြာသွယ်ဖွဲ့ သံသရာအကျယ်ချဲ့ပါလို့ တလယ်လယ့်မောင်မယ်…"တဲ
ကဲဘယ်သူတွေ လယ်နေသလဲ လို့မေးရင်းနဲ့…
အေးမြတဲ့အချစ်စစ်နဲ့ဘဝသံသရာခရီးလျှောက်လှမ်းနိုင်ကြပါစေ
သန်းမင်းစိုး