အောင်မြင့်မြတ်
09970401876
ခင်ချင်သူမှန်သမျှဆက်သွယ်နိုင်ပါတယ်
မိတ်ကပ်ဖျက်ခြင်းက ဘာကြောင့်မရှိမဖြစ်အရေးပါသလဲ။
make up remover ကို ကျား/မ မရွေးသုံးစွဲသင့်ပါတယ်။ လေထဲက ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို သာမာန် မျက်နှာသစ်ဆပ်ပြာနဲ့ ဆေးကြောရုံနဲ့ ချွေးပေါက်ထဲကအညစ်အကြေးတွေကို ဖယ်ရှားမပေးနိုင်ပါဘူး။ ဒါကြောင့်လဲ ၀က်ခြံ၊ ဆားဝက်ခြံ၊ တင်းတိပ်နဲ့ အမည်းစက်တွေ ဖြစ်လာတာပေါ့။
-ချွေးပေါက်များကြာရှည်စွာ ပိတ်ဆို့နေပါက ၀က်ခြံထွက်ခြင်း၊ မှဲ့ခြောက်ထွက်ခြင်းနဲ့ အရွယ်မတိုင်ခင် အရေးအကြောင်းပေါ်လွယ်ကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။
- AquaSense Makeup Remover တွင် အပင်မှရသော အဆီကိုအခြေခံထား၍ မိတ်ကပ်နှင့် အညစ်အကြေးများကို ကင်းစင်သွားအောင် နူးညံ့သိမ်မွေ့စွာဖယ်ရှားပေးပါတယ်။
- ရေဖြင့် အလွယ်တကူသန့်စင်နိုင်ပြီး စေးကပ်မှုမရှိဘဲ အသားအရည် ဖြူစင်တောက်ပသွားပြီး လန်းဆန်းမှုကို ခံစားရမည်။
- သံလွင်ဆီထည့်သွင်းထားသောကြောင့် အသားအရေကို သန့်စင်စေတဲ့အပြင် အစိုဓာတ်ကိုပါ ထိန်းသိမ်းပေးသည်။
- ဓာတ်မတည့်မှုကို တားဆီးပေးသော Canadian Willowherb ကို ထည့်သွင်းထားသည်။
ကိုကို
အရင်ကလေ ကိုကိုနဲ့မစုံခင်ကပေါ့
အွန်လိုင်းဆိုတဲ့နေမြေက
ချယ်အတွက်ဘာမှမဟုတ်ခဲ့ပါဘူး
ဒါပေမဲ့လေ
ကိုကိုနဲ့ စုံမိကတည်းက
အွန်လိုင်းဟာ ချယ်အတွက်
နှလုံးသားရင်းနှီးမြုပ် နှံရာ နေရာလေးတစ်ခုဖစ်နေရပါပီ
ချယ်လေ
ကိုကိုမလာတဲ့နေဆိုမျှော်နေမိတယ်
စကားတွေဖောင်ဖွဲ့ပီး ပြောနေချင်ခဲ့တယ်
ကိုကို ကိုအရူးမူးချစ်မိပီဆိုတာ သိလိုက်ပါတယ်
ချယ်ကိုလူတွေကတော့ပြောကြတယ်
တစ်ဖက်သတ်ချစ်မျိုးနဲ့ အွန်လိုင်းမှာ တွယ်တာနေတဲ့ အရူးဆိုပီးတော့လေ
ပြောကြပါစေ ကိုကိုအတွက်အချစ်ရူး ဖစ်လဲ ဖစ်ပါစေတော့
ချယ်ကျေနပ်ပါတယ်
ကိုကို ဘယ်ချိန်လာမလဲဆိုပီ ချယ်မျှော်လင့်ရင်း
ခံစားချက်လေးရေးလိုက်ပီ ကို
ပေးဆပ်အချစ်နဲ့သာ ကျေနပ်နေအုန်းမှာမို့
ကိုကို ကို အဝေးကချစ်နေတဲ့ အလွမ်းသမလေးပန်း
ကိုကို ကိုအမြဲသတိရနေတဲ့ အလွမ်းသမလေးချယ်
ကိုကို ကိုလွမ်းမြဲလွမ်းနေအုန်းမယ့် အလွမ်းသမလေးရီ
အွန်လိုင်းပေါ်မှာရှိနေဆဲဆိုတာ
ကိုကို သိပါစေလို့ အလွမ်းသမလေး ပန်းချယ်ရီက ဆုတောင်းမိပါတယ်လေ-----
ကိုကိုပျော်ရွှင်ပါစေ------------
Greenzhi Toothgel
- တမာအနှစ်ပါဝင်တာကြောင့် သွားများကို ဖြူဖွေးတောက်ပစေပြီး သွားဖုံးသွေးယိုမှုနှင့် သွားကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။
- သွားကြားများရှိ စားကြွင်းစားကျန်းများကို ချေဖျက်ပေးတာကြောင့် ခံတွင်းအနံ့ဆိုးများကို သိသိသာသာ ဖယ်ရှားပေးပါတယ်။
- ရှားစောင်းလက်ပတ်ပါဝင်တာကြောင့် သွားကျောက်တည်ခြင်းကိုလဲ ကာကွယ်ပြီးသားဖြစ်စေပါတယ်။
- သွားကျဉ်၊ သွားကိုက်၊ သွားဖုံးသွေးထွက်လွယ်ခြင်းများကို သက်သာစေပြီး ခံတွင်းရှင်းကာ အနံ့အသက်ကောင်းမွန်စေသည်။
Vcare Shower gel
ဆေးဖက်ဝင်အပင်များ၏ အဆီအနှစ်များဖြင့် ထုတ်လုပ်ထားတာကြောင့် allergy အရေပြားဓာတ်မတည့်ခြင်း၊ Dry skin အသားအရည်ခြောက်သွေ့ခြင်းတို့ကို သက်သာစေပါတယ်။ Chamomile နှင့် Licorice အနှစ်များပါဝင်တာကြောင့် အသားရည်ကို အစိုဓာတ်ထိန်းပေးကာ ပြန်လည်အားဖြည့်ပေးပါတယ်။
ရေချိုးပြီးတိုင်း သင်းပျံ့တဲ့ရနံ့ကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။
အထူးဖော်မြူလာကြောင့် စေးကပ်ကပ်မကျန်ခဲ့ပဲ ရေနဲ့ အလွယ်တကူဆေးကြောနိုင်ပါတယ်။
Vcare Shower gel ထူးခြားချက်မှာ ချွေးပေါက်များထဲရှိ အညစ်အကြေးများကိုပါ သန့်စင်ပေးတာကြောင့်
ညောင်းညာတောင့်တင်းနေသော ကြွက်သားများကိုလဲ လျင်မြန်စွာပြေလျော့သွားစေပါတယ်။
Vcare Body Lotion
Vcare body lotion တွင်အဖိုးတန် သဘာဝအပင်မှ အဆီများဖြစ်သော သံလွင်ဆီ ထောပတ်သီးအဆီအနှစ် စပျစ်စိအစီ နေကြာဆီ၊ သြစတေးလျမုတ်သုံတောရှိ အပင်တစ်မျိုး၏ အဆီများပါဝင်ပါသည်။
Vcare lotion ဟာအသားအရည်ကိုနူးညံ့စေပြီး စေးကပ်ကပ်ဖြစ်စေတာမျိုးမရှိပါဘူး ခန္ဓာကိုယ်အရေပြားက လွယ်ကူစွာစုပ်ယူနိုင်ပြီးချွေးပေါက်လေးတွေကိုပိတ်စေတတ်တဲ့အဆီတွေလုံးဝမပါဝင်ပါဘူး။ *** နေလောင်ဒဏ်ကြောင့် အသားအရည် အရောင်မညီခြင်း၊ ရေနွေးပူလောင်ရာမှ ကျန်ခဲ့တဲ့ အမာရွတ်အညိုကွက်များကိုလည်း ရက်သတ္တပတ် အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်စေပါသည်။
<<<အကျိုးအာနိသင်>>>
*အသားအရည်မှ ရေဓါတ်ဆုံးရှုံးခြင်းကို ကာကွယ်ပေးသည်။
*အင်းဆက်ရန်မှ ကာကွယ်ပေးသည်။
*allergic ဖြစ်ခြင်းကိုလည်း ဟန့်တားပေးသည်။
*ခရမ်းလွန်ရောင်ခြည်ကိုလဲကာကွယ်ပေးသည်။
*လေထဲရှိအညစ်အကြေးများမှ ကာကွယ်ပေးသည်။
*အသားအရည် အစိုဓါတ်ကိုထိန်းသိမ်းပေးသည်။
*နူးညံစိုပြောချောမွေ့သည့်အသားရည်ကိုပေးစွမ်းသည်။
*အရေးပြားအတွင်းသို့စိမ့်ဝင်နိုင်ပြီး အားဖြည့်ညိုနိုင်းပေးသည့် ဓါတ်များပါဝင်ပါသည်။
လူကုံတန်သားဖြစ်သော မောင်နှင့်ပန်းချီနှင့် လက်ထပ်သောအခါတွင် မောင့်မိဘများက မောင့်ကို စွန့်ပယ်ခဲ့ကြသည်။ ချစ်၍ယူထားသောဇနီးသည်မို့ မောင်က အမြဲ ကို အလိုလိုက်ခဲ့သည်။ တစ်နေ့တာလုံး အလုပ်သွား ညနေမှ ဟင်းချက်စရာဈေးကို ကိုယ်တိုင်ဝင်ကာ ပြန်လာတက်သော မောင်သည် အိမ်ပေါက်ဝရောက်၍ ဇနီးသည်မျက်နှာကို မြင်ရလျှင်အမောပြေနေပြီတဲ့(ပန်းချီကိုယ့်ဘာသာထင်တာကိုပြောတာပါ. . .). .
.မောင်နှင့် ပန်းချီနေခဲ့သည့်အိမ်လေးက ခဲပြာရောင်နုနုသုတ်ထားသည့် သစ်သားအိမ်လေး အရှေ့တွင် သံဇကာကြဲကြဲများကို တပ်ဆင်ထားသည်. . .မောင်က ပန်းချီကို မေးဖူးသည် ချမ်းသာသည့်မောင်ကို ယူခဲ့ပြီး ယခုလို ချို့ချို့တဲ့တဲ့နေရတာ မောင့်ကိုစိတ်မနာဖူးလားတဲ့. . .ကျွန်မဘ၀ဟာ မောင်ရှိနေရင် ပြည့်စုံပါတယ်မောင်. . .ပန်းချီတို့က အိမ်၏တစ်ဖက်ခြမ်း မောင်နှင့်ဆွေမျိုးမကင်းသော အပျိုကြီးက အိမ်၏တစ်ဖက်ခြမ်းတွင် (၂)ခန့်ကန့်ကာနေခြင်းဖြစ်သည်။
မောင်သည် ပန်းချီကိုအပြင်မထွက်ခိုင်း၊ အလုပ်မလုပ်ခိုင်းခဲ့သောကြောင့် မောင့်မိဘဆွေမျိုးများက ပန်းချီကို ကြည့်မရပါ. . .အတူနေ အပျိုကြီးကတော့ မောင်မရှိလျှင် ပန်းချီကို နည်းမျိုးစုံနှင့် ပြသနာရှာတက်သော်လည်း မောင့်ကို ချစ်သည့်အတွက် ပန်ချီသည်းခံနိုင်ခဲ့ပါသည်. . .မောင့်မျက်နှာ တစ်ရွာထင်ကာ နေခဲ့ရသူမို့ ပန်းချီကို မွေးစဉ်တည်းက ယောင်္ကျားတစ်မျက်နှာသာ ကြည့်မည့် သမီးဆိုသည့် နိမိတ်စကားကြောင့် ပန်းချီဆွေမျိုးများကလည်း မောင်နှင့်ညားစဉ်တည်းက ပန်းချီကို အသက်ရှိသည်ဟု သဘောမထားကြပါ. . .ဒါပေမယ့် မောင်ရှိလျှင်ပင် ပန်းချီဘ၀ပြည့်စုံခဲ့ပါသည်. . .ဘုရားဆုပန်ယောင်္ကျားဟု တင်စားရလောက်အောင် မောင်သည် ရိုးသားအေးချမ်းလွန်းသည်. . .မောင်ကတော့ ပန်းချီကို အရာရာကို မပွင့်မလင်း မြိုသိပ်တက်သော မိန်းကလေးဟု အပြစ်တင်လေ့ရှိသည်. . .ဘာပဲလိုချင်လိုချင် မောင့်ကိုပွင့်ပွင့်လင်းလင်းပြောလေ ဇနီးလေးရယ် မင်းမှမပြောတာ မောင်က ဘယ်လိုသိမှာလည်းဟု မောင်ဆူသော အခါတွင် မျက်ရည်ကျရုံမှလွဲ၍ ဘာပြန်ပြောရမယ်မှန်းမသိသော ဇနီးသည်ဖြစ်ခဲ့သည်. . .ပန်းချီမောင့်ကို တစ်ခါမှ မပူဆာတက်ခဲ့. . .မလိုချင်လို့ မပူစာသည်ဆိုသည်ထက် မောင့်အပေါ်အပူမပေးချင်၍ မြိုသိပ်မိသည်ကများသည်. . .မယားကို အိမ်ထဲအလှကြည့်နေသည့် ယောက်ျားဟု မောင့်ကို ကွယ်ရာတွင် ပါတ်ဝန်းကျင်မှကဲ့ရဲ့ကြသည်လား. . .မောင့်ကိုအပူမပေးချင်သောကြောင့် တစ်ခါတစ်ရံကိုယ့်အားကိုယ်ကိုးသော ပန်းချီသည်မောင်မရှိချိန်ဆိုလျှင် အလွန်ပြဿသနာတက်လေ့ရှိသည် . . .မောင် မရှိရင် ရေခပ်တောင်မထွက်နဲ့ ဟု မောင် မှာလေ့ရှိသည်. . .
မောင်သာ လူ့ဘ၀မှာမင်းနဲ့အတူရှိမနေဖူးဆိုရင် မင်းဘယ်လိုနေမလည်းလို့ မောင်သိပ်သိချင်တာပဲဟု ပန်းချီကို မောင်က မကြာခဏပြောလေ့ရှိသည်. . .ကျွန်မမောင့်ကိုလွမ်းရင်းနဲ့ တစ်သက်လုံး ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ယသော်ဓရာရဲ့ ကိကိမင်းသမီးတော်လို ဗြဟ္မာစရိယအကျင့်ကို ကျင့်နေမှာပေါ့မောင်ရယ်. . .မောင့်ကို လွမ်းနေရင်းနဲ့ပေါ့နော် . . .
ပန်းချီထင်ပါတယ် တကယ်လို့များ မောင်မရှိတဲ့ဘ၀မှာသာဆိုရင် မောင့်ကိုလွမ်းလွန်းလို့ ပန်းချီရင်ဘတ်ထဲ နေလိုမီးလို ပူနေမယ်ထင်တယ်ဟု ကျွန်မပြောတော့ မောင်က မယုံသလိုပြုံးတက်သည်. . .
စီးတဲ့ရေ ဆယ်တဲ့ကန်သင်းမို့ အပြင်ထွက်ကာ အလုပ်မလုပ်သော်လည်း မောင့်ကို စိတ်ချမ်းသာအောင်တော့ နေလေ့ရှိသည်။
မှတ်မှတ်ရရ. . .
ရက်တစ်ရက်၏ ညနေတွင် မောင်သည် သူကြားခဲ့သော သတင်းတစ်ခုကို အတည်ပြုရန်အလောတကြီးပြန်လာခဲ့သည်။ အိမ်ပေါက်ဝတွင် အပေါ်သို့မတက်နိုင်သော မောင့်ပုံစံသည် ရေးကြီးသုတ်ပြာဖြစ်နေခဲ့သည်. . .မောင့်ကိုမှန်မှန်ပြောစမ်း ဇနီးလေး. . .ဒီအိမ်က ငှားနေတာမဟုတ်ပဲ မောင်တို့ပိုက်ဆံနဲ့ ၀ယ်ထားတာဆိုဟုတ်လားဟု မောင်အလောတကြီးမေးသည်. . .ကျွန်မက ဟုတ်တယ်ဟု ပြောမှ မောင်သည်အမောပြေသွားသည့်ပုံဖြင့် သူဝယ်လာသည့် ဟင်းစားထုတ်ကိုယူကာမီးဖိုချောင်ထဲသို့ဝင်သွားလေသည်။ ပန်းချီမသိလိုက်မိသည်က မောင်စိတ်ကိုဖြစ်ပါသည်. . .အပူမကပ်တက်သော ပန်းချီကို မောင်က သူ့ကိုအားမကိုးသူဟု မြင်တက်သည်. . .မောင့်ကို ၀န်လျှော့စေချင်၍ မောင်မရှိတုန်း စီးပွားရေးလုပ်မိသော ပန်းချီကို မောင်က ဖောက်ပြန်နေမလားဟု တွေးတက်သည်. . .မောင့်ကိုမြင်သည်နှင့် အချိန်ပြည့် အနားကပ်နေသော ပန်းချီကို မောင်မရှိလျှင် မည်သူနှင့် အဲလိုနေမလည်းဟု မောင်တွေးနေတက်သည်ကို ပန်းချီမသိနိုင်ခဲ့ခြင်းဖြစ်သည်. . .နှစ်ပေါင်းများစွာကြာသောအခါ၏ တစ်ခုသောညတွင် မောင်သည် "ထိုစဉ်တုန်းက မောင်နဲ့ပန်းချီနေထိုင်ရာအိမ်လေးကို ပန်းချီက ငှားနေသည်ဟု ညာခဲ့မိသည့်အတွက် မောင့်ရင်ထဲမှာ အလွန်ဝမ်းနည်းခဲ့ရဖူးသည်"ဟုဝန်ခံခဲ့လေသည်. . .ပြီးတော့ ပန်းချီတို့ပိုင်တာဟု သိသည့်နေ့က မောင် အရမ်းကို အားငယ်မိသည်တဲ့လေ. . .
ပန်းချီမမအပျိုကြီးသည် မေမေ့ကို သူမ၏ကိုယ်ပိုင်ပိုက်ဆံအား တခြားသူထံမှ ရသည်ဟုဆိုကာ အတိုးညာယူပြီး ပိုက်ဆံချေးထားသည်. . .တစ်လတစ်လ ကိုယ့်သမီးကိုယ်အတိုးပေးရန် အပူကြီးနေသော မေမေ့ကို မြင်သောအခါတွင်မှ မောင့်ခံစားချက်ကို ပန်းချီ နားလည်နိုင်သွားသည်. . .ပန်းချီလုပ်ရပ်က ခင်ပွန်းသည်ဖြစ်သော မောင့်ကို မည်မျှ သောကရောက်ကာ ၀မ်းနည်းနာကျင်ခဲ့ရမလည်းနော်. . .ပန်းချီအမှားကြီးမှားခဲ့ဖူးသည်ပဲ. . .တကယ်တော့ ဇနီးသည်မို့ အိမ်တွင် ပိုက်ဆံစုပြီးသား နှင့် ၀င်ငွေပိုရအောင် ကြံမိသော ပန်းချီအကြံကို မောင့်အမျိုးတွေသိသောအခါ မောင်ဘယ်လိုနေမလည်း. . .
မောင်တစ်ခါက ပန်းချီကို (၂)လနီးပါးခန့်ကြာအောင် သူ့မိခင်အိမ်သွားမည်ဟုဆိုကာ ပြန်မလာပဲ ပစ်ထားခဲ့ဖူးသည်. . .ထိုနေ့က ပန်းချီရင်ဘတ်တွင် ဒဏ်ရာရခဲ့သည်. . .ထိုစဉ်က မောင့်ကို စိတ်နာနာနှင့် ကျိန်ခဲ့မိဖူးသည်. . .ဇနီးထက် မိခင်ကို ပိုချစ်တဲ့မောင့်ကို ဘ၀အဆက်ဆက်မောင့်နဲ့မောင့်မေမေရဲ့ရင်ကို ခွဲနိုင်တဲ့သူဖြစ်ရပါစေလို့ပေါ့. . .မောင်ပြန်သိတော့ မောင်ကအတောမသတ်အောင်ရယ်တော့သည်. . .မင်းလေးကိုယ့်ကို ရင်ခွဲမယ်ဆိုရင် ဘယ်လိုပုံစံမျိုးလေးလည်းလို့ စောင့်ကြည့်ချင်တယ် ပန်းချီရယ်တဲ့. . .
ပန်းချီမှာတော့ ထိုကိစ္စကိုသတိရတိုင်း သမီးစိတ်ဆိုးတုန်းပြောတာမို့ ဗွေမယူပါနဲ့ မြတ်စွာဘုရားဟု ဘုရားအဆူဆူရှေ့အခါခါဆုတောင်းရသော အလုပ်ကြီးတစ်ခု တိုးလာခဲ့သည်. . .
ထို့ကြောင့် ပန်းချီ မိုးတွေရွာတိုင်း မျက်ရည်စို့အောင် မောင့်ကိုလွမ်းတက်ပါသည်. . .
မောင့်ကို ပန်းချီ က ခင်ပွန်းသည်လေးဟုခေါ်လေ့ရှိသည်. . .အချွဲလွန်သွားသောအခါ ခင်ပွန်းသည်လေးက "ထင်ပွန်းတယ်လေး"ဖြစ်ဖြစ်သွားတက်သည်. . . "ထင်ပွန်းတယ်=လင်"ဟု ပန်းချီကို နောက်တက်သေးသည်. . .ထို့ကြောင့် ကျွန်မခေါ်တိုင်းမောင်က ပြုံးလေ့ရှိသည်. . .ချွဲတာနည်းနည်းလွန်နေတယ်ဟုလည်း စတက်ပါသည်. . .
မောင့်အမျိုးအပျိုကြီးကတော့ ပန်းချီကို မျက်စောင်းခဲကာကြည့်ပါတော့သည်။ သူရောပန်းချီရော အိမ်ငှားဆိုပြီး သူ့ဆီက အိမ်လခကို တစ်ဖက်တစ်လမ်းက ညာညာယူခဲ့မိသည့်အတွက် ပန်းချီကို စိတ်ခုသွားပုံရကာ သူမဖက်အခြမ်းတွင် ရှိသော အခန်းထဲသို့ စောင့်ကြီးအောင့်ကြီးဝင်သွားလေသည်။
ကျွန်မမီးဖိုချောင်ထဲသို့ ၀င်ကာကြည့်လိုက်တော့ မောင်ဝယ်လာသည်က ငါးကြင်းအသားတုံးတွေ အသားချည်းသက်သက်ဝယ်လာသည့် ငါးကြင်းအလယ်သား(၃)ပိုင်းသည် (၃၀)သား(၂၅)ကျပ်သားလောက်ရှိမည်ထင်သည်။ ကျွန်မမောင့်ကို ငါးကြင်းချက်ပေးဖို့တွေးရင်း မောင်က ငါးကြင်းကို အဖြူထည်အကြော်ကို ကြိုက်တာလား. . .ပဲငါးပြာရည်နဲ့ကြက်သွန်နီနှိုင်းချင်းလေးနဲ့ ပြန်နှပ်တာကို ကြိုက်တာလား. . .
ဒါမှမဟုတ် အချဉ်ဆီပြန်ကြိုက်တာလားမောင်. . .
တကယ်တော့
ဒသက like scoore ကြည့် game ဆော့တာလောက်ပဲ စွဲမက်သူတစ်ယောက်ပေါ့။ တစ်နေ့တော့ ရောင်လယ်လယ်နဲ့ facebook အပေါ်ရောက် မယ်သီလာလေးရဲက profile ပုံကိုတွေ့မိပါလေရော။ ဒသရင်တွေခုန်မိတာပေါ့။
အဲလိုနဲ့ တစ်နေ့မှာ မယ်သီလာလေးရဲ့ ဖခမည်းတော်က profile report တင်ပွဲကျင်းပပါလေရော။ ဒသလဲလက်ဆွဲတော်ဖစ်တဲ့ Samsung galaxy ဆွဲ report ပြိုင်ပွဲဆင်းနွှဲပါလေရော။ ပြိုင်ဘက်တော် ရာမကတော့ လက်ဆွဲတော် notebook တလုံးနဲ့ truemove wifi သုံး report ပြိုင်ပွဲကို လုံးလုံး အနိုင်ရသွားပါလေရော။
ဒသခများ တော့ dtac facebook free လေးသုံး report တင်ပွဲမှာ ကျရှုံးရပီပေါ့။ ဘယ်ရမလဲ ဒသလဲ Haker နည်းပညာသုံးပီး မယ်သီတာအကောက်ခိုးပါလေရော။ ဒါပေမဲ့ မယ်သီတာက စည်းသုံးတန်းခြားထားလေရဲ့။ သူprofile ကိုလုံးဝမထိဖို့ အဲလိုနဲ့ ရှေ့ဆက်ဘာရေးရမလဲ မသိတော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဘာလို့အဆုံးထိဖက်နေတာလဲဟင်$p
အွန်လိုင်းက
လိမ်ညာခံရမှု တစ်ခုဆိုတာ
ဘယ်သူကိုမှ ငါမပြောပါဘူး
သတိရလို့မက်စေ့တွေ ပြန်ဖတ်မိလိုက်တဲ့အချိန်တိုင်း
ငါတို့တကယ်ချစ်ခဲ့ကြတာကို
ဘာလို့ဒီလိုလုပ်ခဲ့တာလဲလို့
မေးခွန်းအကြိမ်ကြိမ် ထုတ်ခဲ့မိတာလဲ
ဘယ်သူကိုမှ ငါမပြောပါဘူး
အ၀ိုင်းလေးတစ်ပတ်လည်ဖို့
လေးကျပ်ပေးကြည့်ရတာကိုတောင်
စိတ်မပျက်ပဲ နေ့တိုင်းညတိုင်း
အွန်လိုင်းတက်ခဲ့ပီးမှ
လိမ်ညာခံရခြင်းတစ်ခုကြောင့်
အွန်လိုင်းတက်ဖို့ စိတ်အကြီးအကျယ်ပျက်မိတာ
ဘယ်သူမှ ငါပြန်မပြောပါဘူး
ဖြေရှင်းချက်တစ်ခုခုတွေ့မလားလို့
စောင့်ကြည့်မိတာလဲ
ဘယ်သူမှငါမပြောပါဘူး
လိမ်ညာလှည့်စားခံခဲ့ရပေမဲ့
ကိုယ့်အကောက်မှာ unfriend မလုပ်ဘဲ
ခုထိထားရှိနေတာလဲ
ဘယ်သူမှငါမပြောပါဘူး
ကိုယ်Friend list စာရင်းမှာ စဦးဆုံးခင်ခဲကတဲ့
T0p Ten နေရာထဲ ခုထိရှိနေခြင်းကိုလဲ
ဘယ်သူမှငါမပြောပါဘူးးးးးးးးးးးးးးးးးးးးးးးးးးး
မျက်နှာထား တည်ငြိမ် အိနြေ ကြွယ်ဝ မိန်းမလှလေးရေ မင်းလေးကိုချစ်တယ် သိပ်ချစ်တယ်လို့ ပြောမယ့်စကား အားတင်းထားလဲ တည်ငြိမ်လှပ မင်းလေးအလှကို မြင်ရသည်နှင့် ပြောမယ့်စကား ပျောက်ပျက်သွားသဖြင့် နှုတ်ဖြင့်မပြော ကဗျာသဘောဖြင့် မင်းကိုပြောမယ် သိပ်........ ချစ်............... တယ်.......................။ The heart can feel only love
၁၁ နှစ်အရွယ် ဥရုဂွေး မိန်းကလေးတစ်ယောက်ဟာ မုဒိမ်းကျင့်ခံရတာကနေ ကိုယ်ဝန် ၁၆ ပတ်ရှိနေပြီဖြစ်ပြီး ကလေးကို ဖျက်မချပဲ ကိုယ်ဝန်ဆောင်သွားချင်နေတဲ့အကြောင်း News Litino သတင်းက ဆိုပါတယ်။
Montevideo ရှိ အဲဒီ့ မိန်းကလေးအိမ်ကို အသက် ၄၁နှစ်အရွယ် အစ်မဖြစ်သူရဲ့ ယောင်္ကျားက အလည်လာစဉ် မိန်းကလေးကို မုဒိမ်းကျင့်ခံခဲ့တာဖြစ်ပါတယ်။ ခုချိန်မှာ အဲဒီ အမျိုးသားကို ဖမ်းဆီးထားပြီး မုဒိမ်းမှုနဲ့ တရားစွဲဆိုထားလိုက်ပါပြီ။
ဥရုဂွေးနိုင်ငံမှာ ၁၂ ပတ်နဲ့ အထက်ဆို ကိုယ်ဝန်ဖျက်ချတာ အများအားဖြင့် တရားဝင် ဖြစ်ပါတယ်။ မုဒိမ်းမှုနဲ့ဆို ၁၄ ပတ်အထိ တရားဝင် ဖြစ်ပါတယ်။ ဦးနှောက် ဥာဏ်ရည်ချို့ယွင်းနေသူလို့ ဆိုတဲ့ အဲဒီအမျိုးသမီးဟာ သူမအား လာရောက်စော်ကားသူကိုရော၊ ကလေးကိုပါ လိုချင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူမ ဘာတွေဖြစ်လဲဆိုတာကိုတော့ အပြည့်အဝနားလည်ပုံ မရပါဘူး။ ဆရာဝန်တွေ စိုးရိမ်နေတာကလည်း ဒီအချက်ကိုပါပဲ။
Uruguay’s Child and Adolescent Institute (INAU) ရဲ့ ဒါရိုက်တာ Marisa Lindner က ကိုယ်ဝန်ဖျက်ချမယ့် နောက်ဆုံးသတ်မှတ်ချိန်ကျော်သွားရင်တောင် ဒီကလေးမအတွက် ကိုယ်ဝန်ဖျက်ချဖို့ တရားရေးဆိုင်ရာ အာဏာပေးဖို့ နည်းလမ်း တစ်ခုခုတော့ ရှိနိုင်တယ်လို့ ပြောဆိုခဲ့တယ်။
ဒါပေမယ့် အဲဒီ ကောင်မလေး ရောက်နေတဲ့ Pereira Rossell ဆေးရုံ ကိုယ်စားလှယ်တွေက ကောင်မလေး ကျန်းမာနေပြီး သူမနဲ့ ရင်သွေးနှစ်ယောက်လုံးမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း ပြောဆိုခဲ့တာကြောင့် သူတို့ အနေနဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ အတင်း တိုက်တွန်းလို့ မရပါဘူးလို့ La Diaria ကို ပြောပြခဲ့တယ်။
( ဖိုးသူတော် ၀က်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။)
မေ စဉ်းစားမိတာပါ. . .အသက်အရွယ်မပြည့်ပဲ မွေးလာမယ့် ပုံမှန်မဟုတ်တဲ့ မွေးမြူ ခြင်းရဲ့ နောက်ဆက်တွဲ ပြသနာတွေကိုလေ. . .
ပဋိသန္ဒေ(၄)မျိုး မှာ တစ်မျိုးဖြစ်တဲ့ အပင်ကမွေးတဲ့ . . .မွေးခြင်းတစ်မျိုး. . .ဘုရားလက်ထပ်က အမ္မပါလီကတော့ ထင်ရှားတရ်ပေါ့နော်. . .မန်ကျည်းပင်ကမွေးတဲ့ စိဉ္စမါနလည်း ရှိသေးတရ်. . .နောက်တော့ မယ်လမုတို့လည်းရှိတရ်. . .ဒါပေမယ့် ယောင်္ကျားလေးတို့ သဘာဝဆိုရင် အပင်ကမွေးတာဆိုရင် အမ္မပါလီကိုပဲ ပြေးပြေးမြင်ကြသလားလို့ပါ. . .အမ္မပါလီတို့ ဘုန်းက ရဟန်းတွေတောင် တုန်လှုပ်တရ်ဆိုလားပဲ. . .ကြားဖူးတာပါ. . .အပင်ကမွေးတဲ့ အမ္မပါလီကိုပဲ သတိရနေမိတာနဲ့. . .ကိလေသာ ကုန်ခမ်းရပါလို၏ဆိုတဲ့ ဆုတောင်းနဲ့ ကမ္မဋာန်းယူတဲ့ မိန်းကလေးကို အမ္မပါလီလိုဖြစ်ပါစေလို့ ဆုတောင်းပေးမိလို့ ခြေထောက်ကျိုးရတဲ့ ရဟန်းတွေ ရှိခဲ့ဖူးတယ်တဲ့. . .ခက်တာက ကမ္မဋာန်းပေးတဲ့ ဆရာတော်က ကိလေသာကို မပယ်နိုင်သေးပဲ အပင်ကမွေးတဲ့ မိန်းကလေးက တဏှာကိလေသာကို ပယ်ထားပြီးသား( အိမ်ထောင်သားမွေးမှုကို အပြီးတိုင် စွန့်ပါ၏လို့ လှူ ထားတဲ့သူကိုမှ အမ္မပါလီလိုဖြစ်ပါစေလို့ ဆုပေးမှားသွားလို့ ခြေထောက်ကျိုးသွားတာတွေ ထေရီပဋာန်မှာရှိဖူးတရ်. . .)
အပင်ကမွေးတဲ့ ကလေးတွေဟာ ပါတ်ဝန်းကျင်က ဘယ်လောက်ပဲ လိမ်ထားလိမ်ထား တစ်နေ့နေ့မှာ ဇာတိပုညပေါ်တာပဲ. . .ဥပမာ။ ။အထင်ရှားဆုံးကတော့ ကျန်စစ်သားမင်းရဲ့မယ်တော်ပေါ့. . .မိဖုရားဟာ ဖရုံသီးက မွေးတာပါလို့ ဘရ်သူမှမသိပဲ ရှင်ဘုရင်က သမီးအဖြစ်မွေးစားခဲ့တဲ့ မင်းသမီးပေမယ့် အနော်ရထာမင်းနဲ့ လက်ဆက်ပြီး မကြာခင်မှာ ဖရုံစင်ကို မမျှော်လင့်ပဲ မြင်သွားခဲ့တရ်. . .မိဖုရားဟာ စိတ်စေရာကို မထိန်းနိုင်တာကြောင့် ဖရုံစင်အောက်မှာ သွား. . .သွားပြီး အိပ်ခဲ့တာမို့ ဘုရင်ကြားတဲ့အခါ ပညာရှိအမတ်တွေကို မေးတော့မှ မိဖုရားဟာ ဖရုံသီးက မွေးခဲ့တာလို့ အနော်ရထာမင်းကြီး သိသွားခဲ့ရခြင်းဖြစ်သည်။ အပင်ကမွေးတဲ့ သူတွေကို နတ်မြွေမျိုးတွေဟာ အစဉ်အမြဲ လိုက်ပါစောင့်ရှောက်ကြတရ်. . .အထိန်းသဘောမျိုးမို့ နိုင်လည်း နိုင်စားတရ်လို့ ဆိုရမရ်. . .ဒါကြောင့် နတ်တို့သနင်း သိကြားမင်းဟာ မယ်လမုကို စောင့်တဲ့ နတ်မြွေကို နိုင်ဖို့ ဖားအယောင်ဆောင်ပြီး မြွေကို မြိုခဲ့ပြီးမှ မယ်လမုကို မိဖုရားကောက်ခဲ့တာကြောင့် မယ်လမုဖုရားအောင်မြေမှာ ဖားကမြွေကို မြိုတဲ့အောင်မြေရှိနေတာပါ. . .ထားပါတော့ ကျန်စစ်သားအကြောင်းဆက်ပြောပြမယ်. . .ကျန်စစ်သားကို မွေးလာပေမယ့် မယ်တော်နဲ့ မြွေနတ်နဂါးမင်းတွေက ဖွတ်ထားတာကြောင့် တိုင်းပြည်က အနော်ရထာမင်း ဘယ်လိုပဲ ဖော်ဖော်ရှာမတွေ့ဖူး . . .နောက်ဆုံး နိုင်ငံတော် ပလ္လင်ပေါ်မှာ အထင်အရှားပေါ်နေတာက သူရဲကောင်းမြတ်များရဲ့ ကံကြမ္မာရှိတရ်ဆိုတာကြောင့် နောက်ဆုံးတော့ အနော်ရထာဟာ သိကြားမင်းဆက်သတဲ့ ကြိမ်စကြာနဲ့ သူရဲကောင်းပြိုင်ပွဲကို စီရင်ပြီး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်နေထိုင်သူ. . .ဘုန်းကြီးကျောင်းရှိကပ္ပိယပင်ဖြစ်စေကာမူ သူရဲကောင်းမှန်ရင် ၀င်ပြိုင်ရမယ်လို့ အမိန့်မှတ်ပြီး သူရဲကောင်းရှာပွဲကျင်းပတော့မှ ကျန်စစ်သား၊ငထွေရူးနဲ့ ငလုံးလက်ဖယ်တို့ဟာ နေပြည်တော်ကို ၀င်ရောက်ခဲ့ကြတာဖြစ်တရ်. . .ဒီအကြောင်းတွေ သမိုင်းထဲ ပြည့်ပြည့်စုံစုံပါမပါတော့ မသိပါဘူး. . .ဒီအထဲက ကျန်စစ်သားဟာ အဖေအရင်းဖြစ်တာမို့ သူတကာထက် မင်းရဲ့အကျိုးကို ဆောင်ကျည်းခဲ့တရ်. . .အထူးသဖြင့် လိမ်မာရေးခြားရှိတရ်. . .လို့ သိခဲ့ရဖူးတရ်. . .နတ်မြွေနဂါးမင်းက ငယ်စဉ်တည်းက ထိန်းခဲ့တာမို့ ကျန်စစ်သားဟာ ငယ်စဉ်တည်းက နတ်တို့ရဲ့ချစ်ခင်ခြင်းကို ခံခဲ့ရတာ. . .ထို့ကြောင့် (၃၇)မင်းနတ်အများစုဟာ ကျန်စစ်သားမင်းနဲ့ အလောင်းစည်သူမင်းလက်ထပ်တော်မှာ ပေါ်ပေါက်ခဲ့ကြတာဖြစ်တရ်. . .။
ရှင်စောပုအောင်မြေက အင်ကြင်းပင်ကို တော်တော်များများသိကြမှာပါ. . .
အပင်ကမွေးတဲ့သူတွေဟာ အပင်ရဲ့ခံစားချက်ကို သိနိုင်ကြတရ်. . .နည်းနည်းထူးဆန်းမယ်နဲ့တူတရ်. . .ပြီးတော့ သစ်ပင်တစ်ပင်ဟာ အသက်ရှိတရ်လို့ပဲ သိကြတာများပေမယ့် ခံစားချက်ရှိတရ်လို့တော့ သိသူနည်းပါတရ်. . .အပင်ကမွေးတဲ့ ကလေးကို မွေးစားလိုက်ပြီး ကျွုပ်ဟာ သူ့မိခင်ဖြစ်တရ်လို့ မိခင်သစ်ပင်ကို သွားပြောရင် သူ့ကလေးကို ကျွေးမွေးထားတဲ့သူဆိုရင် အဲဒီလူမဟုတ်တဲ့ သစ်ပင်တွေဟာ ချစ်ခင်ကြတာပါပဲ. . .နောက်ဆုံးသစ်ပင်တစ်ပင်ရဲ့သစ္စာဟာ ဘယ်လောက်ပြင်းထန်သလည်းဆိုရင် . . .သူမရဲ့ ရင်သွေးကိုယ်တိုင် ကျွန်ူပ် ဒီလူတွေကို သေလောက်အောင်ရွံရှာစက်စုပ်ပါတရ်လို့ ဘယ်လိုပဲပြောပြော . . . ကိုယ့်ကိုကျွေးမွေးပြီး လူဖြစ်စေခဲ့တာမို့ ကျေးဇူးရှင်ပဲလို့ ပြန်ဖြေလေ့ရှိကြတရ်. . .နောက်ဆုံး. . .ဒါဟာ မိဘအရင်းမဟုတ်ဘူး မိထွေး၊ပထွေးသာဖြစ်၏လို့ သူ့ရင်သွေးက လာပြောရင်တောင် သင့်ကို မွေးမြူ ထားသူက ဖခင်အဖြစ်ဟု ကျွန်ူပ်အား ပြောကြားသည်ဆိုသောကြောင့် ဖခင်သာဖြစ်၏လို့သာ ဆုံးဖြတ်ပေးလေ့ရှိကြတရ်. . .နောက်ဆုံး သူမရင်သွေးက နာကျည်းလို့သစ္စာဆိုတဲ့အခါ သူမအပွင့်ကွယ်မယ်ဆိုရင်တောင် သူတို့မျိုးနွယ်က မွေးလာတဲ့ ရင်သွေးကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို ကျေးဇူးတင်တက်ကြတရ်. . .လူတွေရဲ့မျက်စိနဲ့တော့ မမြင်နိုင်ပါဘူး. . .ဒါပေမယ့် သစ်ပင်တွေမှာလည်း မျိုးနွယ်နဲ့ချီပြီး သစ္စာဆိုတာ ရှိကြလေ့ရှိတရ်. . .လူတွေကတော့ ပုထုဇဉ်ဆိုရင် အတ္တတုံးတွေသာများကြတာပါ. . .ငါ့အကျိုး၊ငါ့အမျိုးအကျိုးဆိုတာတွေ သူ့ကလေးငါမွေးထားပေးခဲ့ရလို့ ငါ့သမီးအကျိုးဆိုတာတွေသာများကြတာပါ. . ။စေတနာနဲ့မွေးခဲ့တာလား တစားခံနဲ့မွေးခဲ့တာလားဆိုတာ မစဉ်းစားပဲ. . .ဒါပေမယ့် လူတွေမျက်စိထဲ အသက်မရှိတဲ့ သစ်ပင်တစ်ပင်မှာ မိခင်၊သွေးသားဆိုတဲ့ ခံစားချက်တစ်မျိုး သူတို့ကိုယ်ကမွေးလိုက်တဲ့ ရင်သွေးတွေအပေါ်မှာ အစဉ်အမြဲ အရိပ်လိုမိုးပေးထားတရ်ဆိုတာ . . .သူတို့ရင်သွေးကို သူတို့သွေးသားအဖြစ် အသိပေးတက်ခြင်းဆိုတာကို မိခင်သစ်ပင်မျိုးနွယ်တွေလည်း တက်မြောက်တရ်ဆိုတာလေး လူသားတွေကို သိစေချင်တရ်ဆိုတဲ့စိတ်ထားမျိုး...........မြန်မာနိုင်ငံရဲ့ ဘုန်းအကြီးဆုံးမင်းများထဲက တစ်ပါးဖြစ်တဲ့ အနော်ရထာမင်းရဲ့ မိဖုရားဟောင်း ကျန်စစ်သားမင်းရဲ့မယ်တော့်ရင်ထဲမှာလည်း အခိုင်အမာရှိလိမ့်မယ်လို့ သံသယမရှိယုံကြည်ရင်း။
အပင်ကမွေးတဲ့ ကလေးများရဲ့ မမွေးပေးခဲ့ရင်တောင် ကျေးဇူးတင်ဦးမရ်ဆိုတဲ့ စကားမျိုး အပြောခံရအောင် အတ္တကြီးသောသူမျိုးမဖြစ်ကြပါစေနဲ့. . .
မွေးခဲ့သော်လည်း ကျွေးခဲ့သောမိဘကျေးဇူးသည် အနန္တရှိ၏လို့ အသိပေးတက်တဲ့သစ်ပင်တစ်ပင်ရဲ့ အသိစိတ်မျိုး. . .
အဖေမဟုတ်သော်လည်း မိခင်သစ်ပင်ရှိရာရွာသို့ ကိုယ်တိုင်လာ၍ အဖေအရင်းပါဟု ၀န်ခံခဲ့သောကြောင့် ငါတို့အပွင့်တုံးလျှင်တောင် ကျေးဇူးကိုသိတက်လော့ ချစ်သမီးဟု သွန်သင်တက်သော မိခင်ဘ၀မျိုးကို ကိုယ်ချင်းစာနိုင်ပါစေလို့ ဆုတောင်းရင်းးးးးးးးးးးးးးးးးးးးးးးးး
စာဖတ်သူများကို ဗဟုသုတ တစ်စုံတစ်ရာပေးချင်သော စိတ်စေတနာဖြင့်
ကောင်မလေး