Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

အခက်ခဲဆိုတာ ဘ၀တိုးတက်ခြင်း အတွက် ကုန်ကြမ်းပါဘဲ

$
0
0
အခက်ခဲဆိုတာ ဘ၀တိုးတက်ခြင်း အတွက် ကုန်ကြမ်းပါဘဲ

XXXXXXXXXXX

ခိုင်လေး စာဖတ်ပရိတ်သတ်အားလုံး ကောင်းမြတ်သော နှစ်သစ်မင်္ဂလာမှာ စိတ်ဆင်းရဲခြင်းကင်းကြပါစေ။

ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ။ ဘေးရန်ကင်းကြပါစေ ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိတို့ ခန္ဓာဝန်

ကို ရွက်နိုင်ကြပါစေလို့ မေတ္တာပို့သအပ်ပါတယ်ရှင်။

********************

ခိုင်လေး စာရေးခြင်းကို အလွန်တစ်ရာ မြတ်နိုးတန်ဖိုး

ထားပါသည်။ စာတစ်ပုဒ်ကို ဖန်တီးလိုက်တိုင်းမှာလဲ အကောင်းဆုံးဖြစ်အောင်တော့ အမြဲ ကြိုးစားရေးသား

ခဲ့တာချည်းပါဘဲ။တချို့သော ဆောင်းပါး ၀ထ္ထုတိုတွေမှာ လိုအပ်ချက်တွေ အများအပြားရှိနေပါတယ်။ ခိုင်လေး

ပေးချင်တဲ့ massage က တစ်ခု ။ စာဖတ်သူက ယူဆတာက တစ်မျိုးတွေ ဖြစ်သွားခဲ့တဲ့ အကြိမ်တွေလဲ များစွာ ကြုံဘူး

ပါတယ်။ ဒီလိုကြုံတိုင်း ကော်မန့်မှာ အငြင်းပွားမှုတွေ နဲ့ ခဏခဏ ရင်ဆိုင်ခဲ့ရပါတယ် ။ အရင်ကဆို စိတ်ဆက်တတ်တဲ့

ခိုင်လေးက အခြေတင်လေးတွေ ပြန်ပြောတတ်တယ်။ မတ်လ နဲ့ ဧပြီလတွေမှာ ခိုင်လေး ကြုံခဲ့၊ ဆုံခဲ့ရတာ

တွေ တော်တော်များများ အထူးဆန်းတွေ နဲ့ အတော်လေးဆိုးတဲ့ အတိုက်ခိုက်တွေကို အများကြီးရင်ဆိုင်ခဲ့ရပါတယ်။

ဒီနေ့မှာ ခိုင်လေး ဆုံးဖြတ်လိုက်တယ်။ ခိုင်လေးချစ်တဲ့ မန်ဘာမိသားစုဝင်တွေနဲ့ ခိုင်လေးစာဖတ်ပရိတ်ကို ရိုးသားစွာဘဲ ဆက်ဆံခဲ့တယ်။လိမ်တာ ၊ ညာတာမာယာတွေ မပါဘဲ အွန်လိုင်းပေါ်မှာ လူတိုင်းကို ဆက်ဆံခဲ့ပါတယ်။တချို့သောသူတွေ ခိုင်လေးကို အထင်လွဲမှားပူလောင်နေကြသူတွေအတွက် ဒီနေ့ ပြောချင်တာပါ။

ခိုင်လေး စာတွေရေးတယ်။

ခိုင်လေးရေးတဲ့ စာတိုင်းကိုယ်ပိုင်စာမူတွေကိုဘဲ ဘလော့တင်ဖြစ်တာ များပါတယ်။

ခိုင်လေးရေး တဲ့စာတိုင်းဟာ ခိုင်လေးရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့

အတွေ့ကြုံတွေကို အခြေခံပြီး ရေးသားတာတွေဘဲ များခဲ့ပါတယ်။ ရေးတဲ့စာတိုင်း ကောင်းနေတယ်လို့တော့

မရှိနိုင်ဘူးပေါ့နော်။ ဘယ်စာကိုဘဲ ရေးရေး အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးသားခဲ့ပေမယ့် လိုအပ်ချက်

တွေဆိုတာ ရှိနေမှာပါ ။နာမည်ကြီး နိုင်ငံကျော် စာရေးဆရာတွေတောင် သူတို့ရေးတဲ့ စာအုပ်

တိုင်း အောင်မြင်တတ်တာမျိုးမှ မဟုတ်တာဘဲနော်။ ခိုင်လေးတို့လို ၀ါသနာရှင် ဘလော့ကာတွေ အနေနဲ့

လိုအပ်ချက်ဆိုတာတွေ ရှိနေမှာပါ ။ ခိုင်လေးက ဝေဖန်ရေးကို ခံနိုင်ရည်အားနည်းပါတယ်။ အကောင်းတွေ

ချည်းလိုချင်နေတာ တော့ မဟုတ်ရပါဘူး ။ ဆိုးရွားလွန်းတဲ့ ဝေဖန်ချက်တွေ ၊ စာရေးချင်တဲ့ စိတ်တွေ

ပျောက်တဲ့အထိ ဆိုးလွန်းတဲ့ ဝေဖန်မှုမျိုးတွေကြတော့ ခံစားရလွန်းပါတယ်။ ခုချိန်မှာတော့ ခိုင်လေး ခံနိုင်

ရည်ရှိလာပါပြီ။ ကော်မန့်မှာ ဘယ်လိုတွေဘဲ ရေးရေး လိုတာကိုယူပြီး မလိုတာကို ပယ်တတ်တဲ့ အလေ့ကျင့်

လေးကို လေ့ကျင့်နေပါတယ်။ ကော်မန့်ဆိုတာ အကြံပြုချက်တွေ ရေးတဲ့နေရာလေးပါ။ ရန်ဖြစ်ဖို့အတွက် ရေးဖို့နေရာမျိုးမှ မဟုတ်တာလေ။ လူတိုင်းမှာ သူအမြင် ၊ ကိုယ်အမြင်ဆိုတာရှိတတ်ကြပါတယ်။

လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိကြပါတယ်။

မေတ္တာရှေ့သွားတရား ၁၆ ပါး မှာ နံပတ် (၁) မှာပြဌာန်းထားပါတယ်။

ကိစ္စအမှုတစ်ခုခုကို၊ ပြုလိုသောအခါ ၊ ၀ါမှု ၊ ကြွားမှု ၊မာန့်မှု ၊ ဂုဏ်တုဂုဏ်ပြိုင် ၊အနိုင်ရမှု၊နှိမ်နင်းမှုမျိုး ၊

ကိုယ်ကျိုးအတွက်၊ ငဲ့ကွက်မှုကို ၊ မပြုရှောင်ခွာ ၊ နန်းခေမာသို့ ရောက်ဖို့အမှန် စိတ်ရည်သန်ခါ ပြုလုပ်ပါမှ

ကြီးပွားရ မုချအမှန်သာတဲ့ ။

အကြောင်းအရာ ကိစ္စတစ်ခုကို ပြုလုပ်သော သူသည် မိမိအတွက် မိမိအနိုင်ရလို

မှုအတွက် ပြုလုပ်နေခြင်းလား ၊ အမှန်တစ်ကယ်စေတနာအရင်းခံနဲ့လားဆိုတာကို သေသေချာချာ ဝေဖန်ပိုင်း

ခြားသိမြင်ဖို့ လိုအပ်ပါတယ်။ ခိုင်လေး ရေးခဲ့တဲ့ ဆယ်ကျော်သက်နဲ့ ဖောက်ပြန်ခြင်းဆိုလဲ ခိုင်လေး သူငယ်

ချင်းရဲ့ အမှန်တစ်ကယ် ခံစားရခြင်းကို ရေးသားထားခြင်းပါ။ ဆောင်းပါး တစ်ခုကိုရေးတိုင်း စိတ်ကူးဆိုတာထက်

ဖြစ်ရပ်မှန်တစ်ခုအပေါ်မှာ ပညာပေးဆန်ဆန်လေးဘဲ ရေးခဲ့သာများပါတယ်။ စိတ်ဓာတ်အကျဉ်းထောင်သား

ဆိုတဲ့ ဆောင်းပါလေး ဆိုရင်လဲ ခိုင်လေး ရင်နှစ်သည်းချာ သားလေးနဲ့ သမီးလေးကို အမှန်တစ်ကယ်ရေးသား

ထားခြင်းပါ ။ လူတစ်ဦးဆီမှာ ကိုယ်ပိုင်အတွေးခေါ်တွေနဲ့ လွတ်လပ်စွာ ကွဲပြားခွင့်ရှိပါတယ်။ နမူနာလေးတစ်ခု

ပြောရမယ်ဆိုရင် မနက်က ဆုတွေ ရွေးဖို့ အတွက် စာတွေဖတ်ရင်း ညီမငယ်လေး အေးအေးရေးတဲ့ စာလေးမှာ

ရေးထားတယ်။ သူအယူဆက ချစ်သူနဲ့ ရည်းစားမခွဲခြားဘူးလို့ သူအယူဆလေးကို ရေးသားထားတယ်။

အောက်က ကော်မန့်မှာ ညီမငယ်လေး မနော်ဟရီက ချစ်သူနဲ့ရည်းစားမတူဘူးလို့ ပြောထားတယ်။ ဘယ်သူ

မှန်တယ်လို့ ဆုံးဖြတ်မလဲ။ ဆုံးဖြတ်လို့ မရနိုင်ပါဘူး ။ သူအယူဆနဲ့ သူပါဘဲ။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။

သချာင်္ပုံသေနည်းတွေလို သတ်မှတ်လို့ရတဲ့ အကြောင်းအရာတွေမှာ မဟုတ်တာဘဲရှင်။ ခိုင်လေး နောက်ဆုံး

တင်လိုက်တဲ့ ပွဲတက်မယားတော့ မဖြစ်ချင်ဘူး အကြင်နာဇနီးမယားဘဲ ဖြစ်ချင်တယ်ဆိုတဲ့ ဘလော့လေး

ဆိုလဲ ဒီလိုပါဘဲ။ ခိုင်လေး အိမ်ထောင်သက် ၁၀နှစ်တိတိ ကြာခဲ့ပါတယ်။ ခိုင်လေး အသက် ၁၈နှစ်မှာ

အိမ်ထောင်ကျခဲ့ပါတယ်။ ၂၀၀၈မှာ တရားဝင်ကွာရှင်းခဲ့ပါတယ်။အိမ်ထောင်သက် ၁၀နှစ်အတွင်း ရင်ဆိုင်

ခဲ့ရတဲ့ အတွေ့ကြုံ ၊ ခါးသီးခြင်းတွေက ထုတ်နုတ်ပြီး တင်ပြရေးသားခဲ့တာပါ။ ခိုင်လေး ကကောင်းပြီး

အမျိုးသားကချည်းဆိုးခဲ့တာမျိုး တော့ မဟုတ်ပါဘူး။ အဓိက နားလည်မှု မရှိခဲ့ကြတာပါ။ တစ်ယောက်နဲ့

တစ်ယောက် အပေးယူမမျှတာဆို ပိုမှန်ပါလိမ့်မည်။ ခိုင်လေးဆောင်းပါးလေးထဲမှာ ရေးခဲ့တယ်နော်။ ယောကျာင်္း

အလုပ်ကိစ္စပြောနေချိန် ဘေးကနေ အတင်းဝင်ပြောတာတွေ ကို ရှောင်စေချင်တယ်လို့ ။ဒါတွေက ခိုင်လေး

ကိုယ်တိုင် မရှောင်မိလို့ ပြသနာတွေ များစွာတက်ခဲ့ရတယ်။ မိမိခင်ပွန်း ဂုဏ်သိက္ခာကျဆင်းစေခဲ့တဲ့ ကိုယ်တွေ့

တွေမို့ ရေးသားဖော်ပြခဲ့တာပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ က ပျော်လို့နေနေကြတာ မဟုတ်ဘူးဆို

တာကို ခိုင်လေးသိပါတယ်။ ဆိုလိုချင်တာ အလုပ်လုပ်တာကို သေချာဆုစေချင်တာပါ။ လုံလောက်တဲ့ အရင်းနှီး

တစ်ခုရရင် မိသားစုနဲ့ မရှိတူရှိအတူလေး နေစေချင်တာမျိုးပါ။ တချို့တချို့သော ဇနီးမယားတွေက ဇွတ်အတင်း

ဆက်နှစ်တိုးခိုင်းတာတွေ နေခိုင်းနေတာတွေကို ကြားနေမြင်နေရတာမို့ သတိပေးသဘောရေးခဲ့ခြင်းပါ။

ခိုင်လေးက အင်တာနက်ဆိုင် ကို တစ်နေ့လုံး ထိုင်ပေးနေရသူမို့ ဒါတွေကို မကြားချင်အဆုံး မမြင်ချင်အဆုံး

ကြားနေ ၊ မြင်နေရတာမို့ ရေးသားလိုက်ရခြင်းပါ။ ခိုင်လေး အမြင်နဲ့ ထင်ရာတွေ ရေးသားခဲ့ခြင်း မဟုတ်ပါဘူး။

သေချာတွေးကြည့်ကြပါ။ မိသားစု အတွက် အလုပ်လုပ်နေတာ ဟုတ်ပါပြီ။ တစ်သက်လုံး တကွဲတပြားဆီနဲ့

ငွေဆိုတာအတွက် မိသားစု ဘ၀တွေကို ဥပက္ခာပြုထားတော့မှာလား။ ခိုင်လေးကတော့ မိသားစုဆိုတာကို

အရမ်းတန်ဖိုးထားတယ်။ ခုလို ကွဲပြားနေတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်နေရလို့ မိသားစုဆိုတာလေးကို ပိုလို့

တန်ဖိုးထားမိပါတယ်။ ဖောက်ပြန်တဲ့ စကားတွေ ၊ သတင်းတွေ ကြားရင် မုန်းတယ်။မိသားစု တစ်စု ပြိုကွဲစေ

မယ့် နက်လက်တွေလို့ မြင်မိတယ်။ အဲဒီစိတ်ကြောင့်ဘဲ အမုန်းခံရတာတွေ တော်တော်များခဲ့ပါပြီ။ အကောင့်

ထဲမှာဆိုလဲ ဒါမျိုးတွေ ကြားပြီဆိုတာနဲ့ တားတယ်။ တားမရရင် အမုန်းခံပြီး ဆောင်းပါးလေးတွေ ရေးတင်တယ်။

ရည်ရွယ်ချက်က တစ်ခုတည်းပါဘဲ မိသားစုဘ၀လေးတွေကို တန်ဖိုးထားတတ်စေချင်တာပါ။ ဆရာမကြီးလဲ

မဟုတ်ပါဘူး။ ခိုင်လေး ရရှိခဲ့တဲ့ ဘ၀အတွေ့ကြုံလေးတွေကို သိသလောက် ပြန်လည်ဝေမျှ ပေးခြင်းမျိုးပါဘဲ။

ခိုင်လေး အကျင့်တစ်ခုရှိပါသေးတယ်။ တစ်စုံတစ်ခုကို အရမ်းခံစားရပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့် ပြောပြ

လေ့ရှိပါတယ်။ ဒီအကျင့်လေးကိုလဲ ဒီနေ့ကစ ဖျောက်ပါတော့မည်။ ဒီနေ့ ဒေါက်တာမတင်ဝင်း ရေးသားတဲ့

ဆောင်းပါးလေး တစ်ပုဒ်မှာ ဒီလိုလေးရေးထားတယ်။

ချောက်ထဲက လွတ်မြောက်အောင် ဘာလုပ်ရ

မလဲဆိုတာကို မစဉ်းစားဘဲ ကိုယ့်ကိုမှ ကံကြမ္မာက ရွေးပြီးချောက်ကျအောင် လုပ်လေခြင်းလို့ ငိုညဉ်းနေမလား။ အဲဒီလိုနေသူများဟာ ထွက်ပေါက်က အနားကပ်နေတာတောင် မျက်ရည်ဖုံးနေတဲ့ သူတို့

မျက်လုံးက မြင်မှာ မဟုတ်ဘူးတဲ့။အမှန်တစ်ကယ် စိတ်ဓာတ်ရင့်ကျက်သူတွေက မိမိစိတ်ဆင်းရဲစရာကို မိမိ

ချစ်ခင်ရသူတွေကို ပေးမသိကြဘူး။ မိမိကို မုန်းနေသူတွေ အားရ၀မ်းသာခြင်း မဖြစ်စေချင်တဲ့ အတွက် ၀မ်းနည်း

အားငယ်မှုနဲ့လဲ မနေပြကြဘူးတဲ့။

ဒီစာသားလေးကို အရမ်းသဘောကျမိလို့ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခိုင်လေးတွေးတယ်လေ။ နေရာလေးတစ်ခုကို ရောက်ဖို့ ကြိုးစားလာခဲ့တယ်။ အဓိက အရေးကြီးတာက ကိုယ်

ရောက်နေတဲ့ နေရာလေးကို သေချာသိဖို့ပါဘဲ။ ရှေ့ဆက်ရမယ့် လမ်းမှာ ချောက်တွေလဲ ရှိနေနိုင်သလို

အန္တာရယ် အခက်ခဲမျိုးစုံလဲရှိနေနိုင်ပါတယ်။ အရေးကြီးတာ အဲဒီအတားဆီးတွေကို ခိုင်လေးတို့ အသိပညာရယ်

တွေးခေါ်ဆင်ခြင်မှုတွေ ပူးပေါင်းပြီး ဘယ်လိုကျော်မလဲ ကွေ့ပတ်သွားမှ ရောက်မှာလား ကျော်ဖြတ်သွားမှ

ရောက်မှာလားဆိုတာကို ဆုံးဖြတ်ချက်မှန်မှန်နဲ့ တွေးနိုင်ဖို့က အဓိကပါဘဲ။ ဒီနေရာတစ်ခုကို ရောက်လာခဲ့ပြီးမှ

လှည့်ပြန်မယ့်အလုပ်ကို ခိုင်လေးကတော့ ဘယ်တော့မှ လုပ်မိမှာ မဟုတ်ပါဘူး။ ခိုင်လေးလိုဘဲ ကြောက်လို့

လှည့်ပြန်ခြင်းလမ်းကို ဘယ်တော့ မရွေးချယ်ကြပါနဲ့ရှင်။ ရည်မှန်းချက် ပန်းတိုင်ဆိုတာကို မရောက်ရောက်

ရောက်အောင် သွားကြပါ။ မောပမ်းမှုတွေ ၊ စိတ်ဖိစီးမှုတွေ ရှိလာတိုင်း ငါသွားနေတဲ့ ပန်းတိုင်နဲ့ နီးနေပြီ

ဒီနေရာကို ရောက်နေမှ ဘယ်တော့မှ ပြန်မလှည့်ဘူးဆိုတဲ့ ခိုင်မာတဲ့ စိတ်ရည်မှန်းချက်တွေ ထားကြပါ။

စိတ်ဓာတ်အင်အားတွေ ကျဆင်းလာချိန်မှာ မိမိလို ပန်းတိုင်ရောက်အောင် လှမ်းနေသူတွေနဲ့ ပူပေါင်းပါ။

ခိုင်လေး ပြောခဲ့သလို စိတ်ညစ်စရာတွေကို ချစ်ခင်သူတွေကို အပူပေးတာမျိုးမဟုတ်ဘူးနော်။ သူတို့ရှေ့

ဆက်နေတဲ့ အားမာန်တွေကို အတုယူဖို့ ပူပေါင်းပါ။ ဒေါက်တာ မတင်ဝင်းက ပြောထားပါသေးတယ်။

တကယ်တော့ အခက်ခဲဆိုတာ ဘ၀ခရီးလမ်းတိုးတက်ခြင်းအတွက် ကုန်ကြမ်းဖြစ်ပါတယ်။

ခိုင်လေး စိတ်ထဲ စာရေးဖို့ ဘောပင်ကို ကိုင်လိုက်တာနဲ့ နာကျင်ခံစားခဲ့ရတာတွေ ၊ အတိုက်ခိုက်တွေ

အားလုံး ခိုင်လေးစိတ်ထဲမှာ ဘာတစ်ခုမှ မရှိတော့ပါ။ ခိုင်လေးသိစိတ်အလျဉ်ကို ခိုင်လေးစာရေးချင်တဲ့ ဆန္ဒတွေက

သိမ်းပိုက်စီးနင်းသွားခဲ့ပါတော့သည်။

ရင်ဆိုင်ရတဲ့အခက်ခဲ ၊ အတိုက်ခိုက်တွေ အားလုံးကို ခိုင်လေး ဘ၀တိုးတက်ခြင်းအတွက် ကုန်ကြမ်းတွေ အဖြစ်အသုံးချရင်း

ရည်မှန်းချက် ပန်းတိုင်သို့ ရောက်အောင် ဆက်လက်ချီတက်ပါအုံးမည်ရှင်။ ခိုင်လေး သူငယ်ချင်းတွေလည်း

စစ်မှန်သော ကိုယ်ပိုင်အရည်းအချင်းတွေနဲ့ အောင်မြင်တင့်တယ်တဲ့ ဘ၀လေးတွေကို လက်ဝယ်ပိုင်ပိုင်

ရရှိကြပါစေ။


အချစ်ကို ကိုးကွယ်သူလေး

ခိုင်လေး (ရွှေတောင်)

၃.၄၈ မိနစ်

၁၈.၄.၂၀၁၂

အမုန်းပျိုးပင်လေးတွေ၏နိဒါန်း (သူရိန်bgo)

$
0
0

အချစ်စစ်ရဲ့အစမှာ ...

ရင်ခုန်ခြင်း(၁၆)နာရီ..........

ချစ်သူကိုအိမ်မက်မက်ခြင်း(၄)နာရီ .............

ချစ်သူကိုတမ်းတ၍အိပ်မောကျခြင်း(၄)နာရီ .......................

အချိန်တိုင်းမှာချစ်သူချစ်သူနဲ့ပဲအချိန်တွေကုန်ဆုံးခဲ့ဖူးပြီ...............

ချစ်သူပိုင်ဆိုင်ခြင်းဆိုတာကိုအစကတည်းကမမျှော်လင့်ခဲ့သူတစ်ယောက်ပါ...............

ချစ်သူကိုမြင်နေရတွေ့နေရရင်ပဲကြေနပ်ခဲ့တဲ့ကောင်လေ.................

ဒီလိုလူတစ်ယောက်ရဲ့ဘ၀မှာ မင်းကပဲစပြီးမျှော်လင့်ချက်တွေပေးခဲ့တာလေ........

အရှိကိုအရှိအတိုင်းပဲပြောတတ်တာငါ့အမှားလား ................

ချစ်လားတဲ့ ...............ချစ်တယ်လေ..................ဟင်ဘယ်လိုကြီးပါလိပ့်.......

မင်းကိုဘယ်လိုကြီးချစ်တာပါ ..........ဘယ်လောက်ကြီးချစ်တာပါ ............ဆိုပြီးလိမ်မပြောတတ်ဘူး.........

မင်းကလည်းပြောခဲ့ဖူးတယ်လေ အရမ်းချစ်တယ်တဲ့ ........ဖြည်းဖြည်းလေးပဲချစ်ပါလို့ငါပြောတုန်းကမင်းကရယ်ခဲ့သေးတယ်..........

အခုတော့မမုန်းချင်ပဲ ငါမင်းကိုအရမ်းမုန်းနေရပြီ ..........

တရွေ့ရွေ့ထွက်ခွာတမြေ့မြေ့ခံစား ........အားလုံးကိုငါအမှားလို့ပဲထားလိုက်ပါ ..........

အခုတော့ ...............

ရင်တုန်ခြင်းက.........နာရီ .....

ဂယောင်ကတန်းနဲ့အိမ်မက်မက်ခြင်း ........နာရီ........

အရက်မှုး၍အိပ်ပျော်ခြင်း ...............နာရီ .............................

သြော်အိပ်တော့မယ်ချစ်သူ ........(၁၂)နာရီတောင်ထိုးပါပေါ့လား ..........(ခေါင်းရင်းတွင်ထောင်ထားသောအရက်ပုလင်းအားပြောနေခြင်းပင်ဖြစ်တော့သည်..)

သြော်တစ်နေ့ပျော်ချင်အရက်သောက်

တစ်လပျော်ချင်မိန်းမယူ

တစ်သက်ပျော်ချင်သစ်ပင်စိုက်တဲ့ ...........

ငါအခုစိုက်နေပြီလေ........

အမုန်းပျိုးပင်လေးတွေတောင်မင်းရဲ့သစ္စာမဲ့မြေသြဇာတွေကြောင့်အတော်သန်လှပါ့ ..........။

                                                                           သူရိန်(bgo)

ဖြောင့်ချက်

$
0
0

                   

♥အတ္တတွေ လွန်ဆွဲနေခဲ့တဲ့
ငါတို့နှစ်ယောက်ရဲ့ ချစ်ဇတ်လမ်းမှာ
နှလုံးသားတွေ မြေဇာပင်ဖြစ်ခဲ့ရတယ်.....။

♥လှည့်မကြည့်ကြေးဆိုတဲ့
ငါတို့နှစ်ယောက်ရဲ့ လမ်းခွဲခြင်းမှာ
မျက်ရည်စတို့ ကြင်သူမဲ့ရတယ်.....။

♥တိုက်ဆိုင်မှု့ဆိုတဲ့
ငါတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့တွေမှာ
တမ်းတခြင်းတွေ အဖော်မဲ့ရတယ်.....။

♥မဖြစ်နိုင်ဖူးဆိုတဲ့
ငါတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေကြားမှာ
စိတ်ကူးယဉ်ကမ္ဘာလေး ပျက်စီးခဲ့ရတယ်.....။
.......
.......
♥♥ဖြစ်နိုင်ဦးမယ် ဆိုရင်ပေါ့.....
အဲဒီအရာတွေ အားလုံးအတွက် ဖြောင့်ချက်တခုတော့ လိုချင်ပါသေးတယ်.....။

                                                                                                   ငဖြိုး

ပြည်သူ့ ချစ်တဲ့ အလင်းရောင်ပိုင်ရှင်

$
0
0

4/18/2012/ 4:58.Am



(၀န်ခံချက်) ကျွန်မသည်

စာရေးဆရာလဲမဟုတ်ဘါ အမြဲတမ်းရေးနေကျသူလဲမဟုတ်ပါ အမေကို ချစ်လို

( the lady movie ) ကိုကြည့်မိပြီ အမေကို အရမ်ကိုယ်ချင်စာ နာမိသောကြောင်း ရင်တွင် ၍ ဖြစ်ပေဓခဲသော ခံစာချက်ကလေးကို စာရေးချင်စိတ်ပေါက်လာ၍သာ ရေးခြင်ဖြစ်ပါတယ်..

အမှား တွေအများကြီပါလိုက်မယ်လို လဲ ကျွန်မ ထင်ပါတယ်စာဖတ်သူအနေ နဲ ကျွန်မ အမေအပေါ်ထားရှိတယ်မေတ္တာ ကို ထောက်ထားစာနာသော် အာဖြစ်နားလည် ခွင့်လွပ် ဖြည့်စွပ် ဖတ်ပေးကြပါလိုမေတ္တာရပ်ခံရင်  အလုံး စာဖတ်သူများ ကို ကျေးဇူးတင်နေမှာဘါလေ..စာပေးလောက နဲဘါလိုမှာ မအပ်စပ်တဲ အရိုင်းသက်သက် အညံစာစာရေခဲတာဘါ အမေအပေါ်ထားတယ်မေတ္တာ ကတော့အမှန်ဘဲမိုး အလုံးနာလည်းပေးပါရင် တောင်းပန်အပ်ပါသည်..

မေနှင်း..ခေတ္တ( U.S.A.)


: လူ တစ်ယောက် ရယ် ဘ၀ ဆိုတာ လူလောကက ရပ်တိ နေတယ်အချိန်တိုင် သူ ဘ၀မှာ အဓိပွပါယ် တွေအများကြီး ရှိကြပါတယ်..
 လူတိုင် လူတိုင် ဟ ကိုယ် အတွက် ဘဲ ကိုယ်ကြည့်တတ်ကြတာ လဲ လူလောက မှာ လူ တွေရယ် နိယာမ သဘာဝ တရာ တစ်ခု ဘါဘဲ...
 လူ ရယ် လိုဖြစ်လာရင် ကိုယ်ဘ၀ ကို ကိုယ်တိုင်စိတ်တိုင်ကျတည်ဆောက် ချင်ကြတာ အတ္တ မကင်တဲ့ ပုတုဇဉ် လူတွေရဲ ရင်တွင် ဆန္ဒ တစ်ခု ဆိုရင်မှားမယ် လိုမထင်ပါဘူး...
 သို့ သော ထူချာ ဖြစ်စဉ် လေးတစ်ခုကတော့ လူတိုင် ဟ သူတို့ ယုံကြည့်ရ အရာဝတ္တု လုပုပ် ကို ရဟန်သံယာ သို့ သည်မဟုတ်..စွဲလန်းရ အရာကို မက်မော ခုန်မင် တတ်တာ လဲ လူဆိုတဲ့ လူတွေဘါဘဲလေ..
ဒါမေမဲ့ စွဲလန်ခင်မြင်တတ်တယ် လူတွေဟ တစ်ဦးခြင် သောငှင် အများနံတော့ ငှင် ဒီလောက် ဘဲရှိကြပါတယ် သူ ဆိုတယ် လူသာထဲက လူ တစ်ယောက် ပြီတော့ မျိုးဆက်ကောင်းတစ်ဦးနောက် အဖေခြေရာကို အမီနင်းတယ် အားဇာနည် ရယ် သမီး ပျို့
2:09 AM တစ်တိုင်ပြည် လုံးသာမကာ တစ် ကမ္ဘာ လုံး က ဘါ အသိအမှတ်ပြု စံထားလောက် တဲ့သူ...
အော်...
မချီု ကြူး မလေစာဘဲ မနေနိုင်လောက် အောင်သိပ်ကို တော်လွန်တဲ့သူ့  ပြီတော့ မိသားစု ကိုတောင်စတေး ရဲတဲ့ ပြည်သူဘက်ကရပ်တည် ခဲ့တဲ့ မျိုးချစ်သူရဲကောင်း ရဲ သမီး..
ဖခင် ကျေးဇူး အထူချာဆုံးဆပ်နိုင်တယ် အံမခန့်  ပြည်သူ တို့ရဲ ဘ၀ အိမ်မက် ကို စွန်လွတ် အနစ်နာခံက ပေးဆက်ခဲတယ် တို့  ရယ် အမေ.
 အခုဆိုရင်အမေ ရည် မျက်ရေ နဲတောင်ဆို့ ခံတဲ့ လွတ်လပ်မှု
 အမေ ဘ၀ နရင်ခဲတယ် ပြည်သူအတွက်မျော့်လင့်ချက်
 တွေ ပြည်သူ လိုလာ ချက်တွေ ကို ရအောင် လုပ်ပေခဲတဲ့ ဖန်ဆင်ရှင်...
 ပြည်သူမျက်ရည် ကို မကြည့်ရက် လို သူရဲမိသားစု ရဲ ဘ၀ တစ်ခုလုံး ကိုအပျက်အစီခံပြီ..ရအောင် သူကျိုးပန်ပေးခဲတယ် ပြည်သူရယ် ဘ၀ ရောင်ချည် အလင့်တန် ကို ပြည်သူတွေ ရယ် အတွက် ကိုသာကြည့်ခဲတယ် တို့ များရယ် မိခင်..
အော်..
ဘယ်မှာလဲသူအတွက်
ဘယ် မှာ လဲ သူ မိသားစု အတွက်..
 ကိုယ်ကျိုးမဖက် ပြည်သူအတွက် အသက်ပေးစွန် ဖို့ လဲဝန်မလေး အဖေသွေးပိသပါပေးတဲ့အမေ..
 အော်.....အမေအမေ...ကိုယ် မဖက် တိုင်ပြည်အတွက် အနစ်နာခံရှာပေးတယ်
အမေကို သမီးဂုဏ် ပြု လေးစားစွာဖြစ် ဒီဆောင်းပါနဲ ကန်တော့ပါတယ်..
www.youtube.com/watch?v=EfQZ_reK86I&feature=shar

ဆ လုံးပြီးတော့ စ လိမ်......

$
0
0

---ကိုယ်တွေ့ဖြစ်ရပ်    သတိချပ်ဘို့

   သိမှတ်စရာတွေပြောချင်တယ်........

---ဟော့ရှော့မြို့ထဲ    ဇွဲနဘဲနဲ့

   ကဲရအောင်လို့ ထွက်ခဲ့တယ်.......

---ဖြူဖြူညိုညို    ဟိုအပျိုဖြန်း

    လန်းသွားအောင်လို့ညုကြတယ်.....

---ဒီကငနဲ   ခပ်ရဲရဲမို့

   တဟဲဟဲနဲ့ပူးလိုက်တယ်........

---"ဆ''တွက်ချင့်မှန်း   ကိုယ့်ပုံပန်းက

   လျှမ်းတဲ့သူလို့ထင်ကြမယ်......

---ဟန်ဆောင်သလိုငြင်း  ကိုယ်ခေါ်သွင်းတော့

   Inn ထဲခနရောက်သွားတယ်

---နေညိုချိန်ရောက်  လူကမှောက်

   သူလေးကတော့ပျောက်သွားတယ်......

---အိတ်ကပ်ကိုစမ်း  ကမန်းကတန်း

   ဖြန်းခနဲကြက်သီးထမိတယ်......

---အိမ်ကခလေး  သင်တန်းကြေး

   ပြေးမြင်ပြီးတော့သတိရတယ်.....

---နက်ဖြန်မနက်  မိန်းမအတွက်

   ဗိုက်အပ်ဖို့လဲကျန်သေးတယ်.....

---ရပ်ရေးရွာရေး  ဘာညာအရေး

   ကောက်ခံကြေးလဲရှိသေးတယ်.....

---ခေါင်းငိုက်စိုက်ချ  မတ်တတ်ထ

  ''စ''လိမ်သွားမှန်းသိပေါ့ကွယ်.......

*ဦးနှောက်ကိုထိခိုက်ပျက်စီးစေသောအမူအကျင့်(၉)ချက်*

$
0
0





*နံနက်စာ မစားသုံးခြင်း။*
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။သကြားဓာတ်
ပမာဏ နည်း လို့ ဦးနှောကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့
ဦးနှောက်ကို ယိုယွင်းစေပါတယ်။
*
**အစားအလွန်အကျွံစားသုံးခြင်း။*
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး
စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။
*
**ဆေးလိပ်သောက်ခြင်း။*
ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။

*သကြားအများအပြားစားသုံးခြင်း။*
သကြားစားသုံးမှုများလွန်တာဟာ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေလို့ အာဟာရ ဓာတ် ချို့ တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို
အနှောင့် အယှက်ဖြစ်စေပါတယ်။

*လေထုညစ်ညမ်းခြင်း။*
ခန္ဒာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။
ညစ်ညမ်းတဲ့ လေထုကို ရှူလိုက် တဲ့ အခါ ဦးနှောက်ကို
အော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားလို့ ဦးနှောက်စွမ်းရည် လျော့ကျမှုဖြစ်ပွားတတ်
ပါ တယ်။

*အိပ်ရေးပျက်ခြင်း။*
အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ
ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို တိုးပွားစေပါတယ်။

*ခေါင်းစွပ်နှင့်အိပ်ခြင်း။*
ခေါင်းစွပ်နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး
အောက်စီဂျက်စုစည်းမှုကို လျော့ကျစေတဲ့အတွက် ဦးနှောက်ပျက်စီးမှုကို
ဖြစ်စေနိုင်ပါတယ်။

*နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။*
နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင်
ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။
*
**နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။*
ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

ဖတ်ဖူးတာလေးတွေကိုဝေမျှတာပါ

မကျေနပ်ဘူး....

$
0
0

အရူးတစ်ယောက်  ဒူးထောက်ပြီးတော့ဟစ်ကြွေးတယ်

         ဟယ်......လောက 

        သင်သည်ရမ်းကား  သူမိုက်အလားသို့

       ငါမှတပါး  ကျန်သူအများကို

       သောကတွေနဲ့ထား ထားတယ်....

အရူးတစ်ယောက်  သစ်ပင်ပေါ်ရောက် ရယ်မောတယ်

         ဟယ်....လောက

        သင်သည်ရမ်းကား  သူမိုက်အလားသို့

        ငါမှတပါး  ကျန်သူအများကို

       လောဘတွေနဲ  နေစေ့တယ်....

အရူးတစ်ယောက်  ဟိုဒီငေးလျှောက်  အံ့သြတယ်

         ဟယ်....လောက

         သင်သည်ရမ်းကား  သူမိုက်အလားသို့

        ငါမှတပါး  ကျန်သူအများကို

        ဒုက္ခဆင်းရဲကြုံစေ့တယ်......

အရူးတယောက်  နေရောင်အောက်မှာ  သူဝင့်ထည်

         ဟယ်.....လောက

         သင်သည်ရမ်းကား  သူမိုက်အလားသို့

         ငါမှတပါး  ကျန်သူအများကို

         အေးချမ်းခြင်းမှကင်းစေတယ်....

အရူးတယောက်  ဒူးထောက်ပြီးတော့ဟစ်ကြွေးတယ်

          ဟယ်....လောက

         သင်သည်ရမ်းကား  သူမိုက်အလားသို့

         ငါမှတပါး  ကျန်သူအများကို

         ရူးသွပ်အောင်လို့လှည့်စားတယ်.....

      ဝန်ခံချက်.......တေးရေးကိုဂျေမောင်မောင်

                         တေးဆိုကိုခိုင်ထူး တို့၏ (မကျေနပ်ဘူး) သီချင်းခေါင်းစဉ်ကိုအကြောင်းအမျိုးမျိုးကြောင့်

                        ကာယကံရှင်များ၏ခွင့်ပြုချက်မရယူသေးးဘဲသုံးစွဲမိပါသည်(ခွင့်လွှတ်ပေးပါရန်)

                        လေးစားစွာဖြင့် (နီကလောင်)

ူး

ညီမလေးရေ

$
0
0

၇င်ကိုထိရှစေသောကဗျာတစ်ပုဒ်.......... " မြန်မာလူမျိုးမှန်လျှင် မြန်မာအမျိုးသမီးများကို တန်ဖိုးထားကြပါ။ မြန်မာအမျိုးသမီများသည်လည်း မိမိတန်ဖိုးကို ထိန်းသိမ်းကြပါ။ " " ညီမလေးရေ ' ----------------- Sorry ပဲ ညီမလေး ... ကိုယ် ဘာမှမတတ်နိုင်ဘူး။ မင်းအမေ နေမကောင်းတာ မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့ ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး ကိုယ်မတတ်နိုင်ဘူးကွဲ့ မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။ Sorry ပဲ ညီမလေးရေ ... မင်းရဲ့ ဘုရားပေး လယ်တပွဲ နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ် မပြတ်တမ်းစိုက်လည်း ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း အကြည့်တွေ ရှိချင်ရှိလိမ့်မယ် ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။ Sorry ပဲ ညီမလေးရေ ... မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့ ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့ မင်းအတွက် မီးဖိုနေကြပြီ အားပျော့ပျော့ မင်းလက်ကလေးတွေ နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့ မင်းရဲ့ ပါးကွက်ပါးလေး အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့ မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက် မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို ဈေးကွက်တင်ချေဦး ညီမလေး။ မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ် တစ်ခဏတာအတွက် အသပြာရှိပေမယ့် အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့ ဝါးကူထိုးလိမ့်မယ် စိတ်ချ။ ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ် တရားတော့ ရှိမှာမဟုတ်ဖူး ၊ ဒီကောင်တွေမှာ ကားရှိရင်ရှိမယ် မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊ ဒီကောင်တွေဟာ နွားတွေ။ ဟုတ်တယ် နွားတွေကွဲ့ မင်းသိချင်မှ သိမယ်။ ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ (ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...) အဲဒီလို မစားရ ဝခမန်း ကြွေးကြော် လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။ Sorry ပဲ ညီမလေး ... ကိုယ်လည်း ရင်နာရပါတယ် မင်းတို့ဘဝလေးတွေအတွက်ရော သူများဆီမှာ ကျွန်ခံ ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။ အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့) ( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။ ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ... မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့ အပိုမပြောဘူး ညီမလေးတို့ ကိုယ် မျက်ရည်ဝဲတယ်။ ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင် မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ... အင်း ... ... ... ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ ကိုယ့်ကို ဝိုင်းပြောကြ အချင်းချင်း လက်တို့ကြ ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။ တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊ ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။ (ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ် လူသတ်ချင်လာတယ်။ မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း ဗမာကားဟေ့ ... ဆိုတာနဲ့ လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင် သွားရည် ငေါက်တောက်ကျ ဘာကိုမှ မလုပ်ချင် မကိုင်ချင် ဖန်သားပြင်ရှေ့ အခန့်သားထိုင် ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။ မင်းတို့လေးတွေကို နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး အပြစ်ပြောတဲ့ မောင်မောင်တွေ သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ သူတို့တွေ တောင်းဆိုနေတာ သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ် သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ) သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ ခပ်ကြွားကြွား ပြောကြလိမ့်မယ်။ Sorry ပဲ ညီမလေးရေ ... မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင် မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး သတိတော့ထားကွဲ့ ဒီခေတ်က နည်းပညာခေတ်ကြီး ကင်မရာတွေ အနီးအဝေး ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။ Sorry ပဲ ညီမလေးရေ ... ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့ မင်းကြောက်တဲ့ မနက်ဖြန်အတွက် ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည် တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။ အထည်ချုပ်တွေ ပိတ်တာ ... ကုန်ဈေးနှုန်းကြီးတာ ... ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ... အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ ... အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ် မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။ မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။ မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ် မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ် မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ် မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ် နောက်ပြီးတော့ မင်းတို့ဟာ ... မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။ Sorry ပါ ညီမလေးရယ် ... ကိုယ်ဘာမှ မတတ်နိုင်ဘူး မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး ကိုယ်တတ်နိုင်တာ တခုပဲ တခုထဲပါပဲ ညီမလေးတို့ရယ် ...။ မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခို က် ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့ ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက် ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။ Sorry ပါ ညီမလေးတို့ရေ .............................................................

facebook မှကိုဖြိုးဝေအောင်ထံမှကူးယူသည်။


ဘ၀တွင် အကောင်းဆုံးအခါသမယအချို့

$
0
0

အင်္ဂလိပ်စာတိုးတက်ချင်လို့ ဘာသာပြန်ဆိုထားတာပါ။ လိုအပ်တာလေးတွေကို ၀ိုင်းဝန်း ဝေဖန် ထောက်ပြပေးစေလိုပါတယ်။ ဝေဖန်မှုကို လှိုက်လှဲစွာကြိုဆိုပါတယ်။


Some of the Best Moments in Life:
ဘ၀တွင် အကောင်းဆုံးအခါသမယအချို့(ဘ၀ရဲ့ဇိမ်အရှိဆုံး- အချိန်အခိုက်အတန့်ကလေးများ- တဒင်္ဂအချိန်လေးများ)

* To fall in love.

ချစ်သူရည်းစားရတဲ့အခါ။

* To laugh until it hurts your stomach.

အူတက်အောင်ရယ်လိုက်ရတဲ့အခါ။
* To find mails by the thousands when you return from a vacation.

ခွင့်ကအပြန်မှာ စာတွေ (အီးမေးလ်တွေ) အများကြီးကိုတွေ့လိုက်ရတဲ့အခါ။
* To go for a vacation to some pretty place.

လှပသော နေရာအချို့ကို အားလပ်ရက်သွားလိုက်ရတဲ့အခါ။
* To listen to your favorite song in the radio.

ရေဒီယိုအစီအစဉ်မှ သင်နှစ်သက်သော တေးသီချင်းကိုနားထောင်လိုက်ရတဲ့အခါ။
* To go to bed and to listen while it rains outside.

အပြင်မှာမိုးရွာနေတာကို အိပ်ယာထဲကနေ နားထောင်ရတဲ့အခါ။
* To leave the! Shower and find that the towel is warm.

ရေချိုးအပြီး တဘက်ကလေးနွေးနေတာကိုထိတွေ့ခံစားလိုက်ရတဲ့အခါ။
* To clear your last exam.
နောက်ဆုံးစာမေးပွဲကိုဖြေပြီးတဲ့အခါ။
* To receive a call from someone, you don't see a lot, but you want to.
တွေ့ချင်နေပေမယ့် သိပ်တွေ့ဖို့မလွယ်တဲ့သူ ဆီကဖုန်းခေါ်တာကိုလက်ခံရရှိတဲ့အခါ။
* To find money in a pant that you haven't used since last year.

မနှစ်လောက်ကတည်းကမသုံးရသေးတဲ့ ပိုက်ဆံတွေကို ဘောင်းဘီအိပ်ထဲကတွေ့လိုက်ရတဲ့အခါ။
* To laugh at yourself looking at mirror, making faces. :)))
ကိုယ့်မျက်နှာပေနေတာကို မှန်သားပြင်ထဲမှာပြန်မြင်လိုက်မိတဲ့အခါ။
* Calls at midnight that last for hours. :))
ညဥ့်နက်သန်းခေါင်လောက်မှာဖုန်းအကြာကြီးပြောလိုက်ရတဲ့အခါ။
* To laugh without a reason.

အဓိပ္ပါယ်မဲ့စွာရယ်မောမိလိုက်တဲ့အခါ။

* To accidentally hear somebody say something good about you.

တစ်စုံတစ်ယောက်ကသင့်ကိုချီးမွန်းခန်းဖွင့်တာကို(ကောင်းကြောင်းပြောတာကို)အမှတ်တစ်မဲ့ပြန်ကြားသိလိုက်ရတဲ့အခါ။

* To wake up and realize it is still possible to sleep for a couple of hours.

အိပ်ယာကနိုးလာတဲ့အခိုက်မှာ နောက် နှစ်နာရီလောက်ပြန်ဆက်အိပ်လို့ရနိုင်သေးတယ်ဆိုတာကိုသိလိုက်ရတဲ့အခါ။

* To hear a song that makes you remember a special person.

သင့်တန်ဖိုးထားရတဲ့တစ်ယောက်ကိုသတိရစေတဲ့သီချင်းသံလေးကိုကြားရတဲ့အခါ။

* To be part of a team.
အသင်းအဖွဲ့တစ်ခုခုထဲကိုဝင်ရောက်ရတဲ့အခါ။

သင်အနည်းငယ်ထိတ်လန့်နေတတ်တဲ့သူကိုတွေ့လိုက်ရတဲ့အခါတိုင်းမှာ။

* To pass time with your best friends.
သင့်ရဲ့အကောင်းဆုံးမိတ်ဆွေနဲ့အချိန်ဖြုန်းရတဲ့အခါ။


* To see people that you like, feeling happy.
သင်သဘောကျတဲ့သူ၊သူ့ကိုမြင်ရင်သင်ပျော်တဲ့သူနဲ့ တွေ့ရတဲ့အခါမျိုးမှာ။

* To use a sweater of the person that you like and find that it still smells of their perfume.

သင်သဘောကျခင်မင်တဲ့သူရဲ့ ရေမွှေးနံ့လေးသင်းနေသေးတဲ့ ဆွယ်တာလေးကိုအသုံးပြုရတဲ့အခါ(၀တ်ဆင်လိုက်ရတဲ့အခါ)။

* See an old friend again and to feel that the things have not changed.

မိတ်ဆွေဟောင်းတစ်ယောက်ကိုထပ်တွေ့ဆုံရခိုက် ဘာမှသိပ်မပြောင်းလဲသေးဘူးလို့မြင်မိတဲ့အခါ။

* To take an evening walk along the beach.
ပင်လယ်ကမ်းခြေတစ်လျှောက် ညနေခင်းမှာလမ်းလျှောက်ရတဲ့အခါ။

* To have somebody tell you that he/she loves you.
သင့်ကိုသူ(မ)ကချစ်နေပြီဆိုတာကို တစ်ယောက်ယောက်ကလာပြောတဲ့အခါ။


* To laugh .......laugh........and laugh ...... remembering stupid things done with stupid friends.
ဘရုတ်ကျတဲ့သူငယ်ချင်းတွေနဲ့အတူ ဘရုတ်ကျခဲ့တာတွေ(ပေါက်ကရလုပ်ခဲ့တာတွေ) ကိုသတိရပြီးအားရပါးရ ရယ်နေမိတဲ့အချိန်မျိုးမှာ။


These are the best moments of life....
အဲဒါလေးတွေဟာ ဘ၀ရဲ့ဇိမ်အရှိဆုံးတဒင်္ဂအချိန်အခိုက်အတန့်လေးတွေပါပဲ။


Let us learn to cherish them.

ကျွန်တော်တို့ အဲဒီတဒင်္ဂလေးတွေကို မြတ်နိုးတတ်အောင်လေ့လာသင်ယူကြပါစို့လားဗျာ။

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၈-၄-၂၀၁၂) (၁၆း၂၇)နာရီ

လွမ်းရင်ခွင်မှ ပန်းသဇင်သို့

$
0
0
ပန်းရယ် ကိုပိုင်ဆိုင်ခွင့်ရထားတဲ့စက္ကန့်လေးတွေမှာစကားလေးတွေရေးလို့ရမည်ဆိုပါကပန်းအတွက်စကားနှစ်ခွန်းလောက်ရေးထားချင်ပါတယ်၊တခွန်းကပန်းကိုအရမ်းချစ်တယ်၊တခွန်းကားပန်းကိုအရမ်းသံယောဇဉ်ရှိတယ်၊၊ပန်းနှင့်ကိုရဲ့ကြားမှာညီမျှခြင်းချဖို့ကိုကံကျမ္မာကပေးထားတဲ့ကို့ရဲ့အားနည်းချက်တို့ကအဟန့်အတားပြုခေါင်းခါနေပါတယ်ပန်းရယ်။ပန်းနှင့်ကိုလမ်းခွဲလိုက်တာဟာပန်းအတွက်အဆိုးကြီးတခုဖြစ်သလိုကို့အတွက်လည်းအဆိုးကြီးတခုပါပဲ၊ဒါပေမယ့်အဲဒီအဆိုးတွေကြားအကောင်းတွေအများကြီးရှိပါတယ်ပန်းအတွက်ပေါ့၊ကို့အတွက်တော့အဆိုးတွေခြည်းပါပဲ၊ဒီလိုလမ်းခွဲလိုက်တော့ပန်းအရမ်းခံစားရမယ်မှန်းသိပါတယ်၊အတိုင်းအတာတခုကိုရောက်ရင်အခမယူပဲပန်းရဲ့ဝေဒနာတွေကိုပြေအောင်ဖြေပေးမှာကအချိန်ပါပဲပန်းရယ်။ဘာမျှခံစားရမည်မဟုပ်ဟုပန်းထင်နေတဲ့ကို့ရင်ဘဝင်တခုလုံးကသောကဝေဒနာတွေရဲ့လောင်စာဖြစ်နေသည်ကိုပန်းလေးဘယ်သိပခုလုံးကသောကဝေဒနာတွေရဲ့လောင်စာဖြစ်နေသည်ကိုပန်းလေးဘယ်သိပါ့မလဲ။တခုကိုလိုချင်ရင်တခုခုကိုစွန့်ရစမြဲပဲမဟုပ်ပါလားမမပန်းသဇင်လေးရယ်။ပန်းလေးရဲ့ပျော်ရွှင်မူကိုလိုချင်လို့ကို့ရဲ့ပျော်ရွှင်မူကိုစွန့်ခဲ့တာပန်းကိုမချစ်ရာရောက်ပါသလား။ကို့ရဲ့အချစ်ကစွန့်လွတ်အနစ်နာခံခြင်းပါပန်းရယ်။

သ၀န်တိုခွင်.

$
0
0

မင်းမိသန်.  နဲ့  စကား များပြန်ပြီဆို  မင်းမောင်......ကျနော်ဖြေဖို.ခက်နေပြီ

အဲဒါထက်ဆိုးနေတယ်   နောင်  ဟေ....ဘယ်လိုဖြစ်ပြန်ပြီလဲ  

သေးသေးကို ချဲ.နေတာလေ...      တနေ.ကသူနဲ့ဖုန်းဆက်နေတုံးဧည်.သည်လါလို့

ငါကခဏနော်လို.ပြောတာ...သူကမိန်းမလားယောက်ကျားလားမေးတယ်

ငါလည်းအမှန်တိုင်းမိန်းမပါလို.ပြောတယ်သူကသူ.ထက်အရေးကြီးရင်

သူတို.နဲ့ဘဲပြောဆိုပြီးဖုန်းချသွားတယ်.....မင်းကပြန်မချော.ဘူးလား........

ချော.ပါတယ်ကွာနေ.တိုင်း....ငါဖုန်းပြောရင်နားထောင်တယ်....ပြန်မပြောဘူး

ကြာတော.ငါလည်းငါ.ကိုယ်ငါရှက်လာတယ်....သူကငါ့ရဲ.တောင်းပန်သံ ကို

အရသာခံနေသလိုဘဲ......မင်းစဉ်းစားကြည်.လေငါက  ၂၀ ကျော်လူငယ်လေး

မဟုတ်ဘူးလေ   လုပ်ငန်းတခုကိုဦးဆောင်နေတဲ့လူတယောက်....

                   အေး ...မင်းကပြောတာတမျိုး ...ငါ့ညီမ သူသူပြောတာက...

မင်းကမျက်နှာများတယ်တဲ့  ကောင်မလေးတွေနဲ့တွဲတါသူ ခဏခဏတွေ့တယ်တဲ့

                  ဒါကလည်း   နောင်  ငါကအလုပ်ကိစ္စနဲ့ပါတ်သက်နေရတါလေ.....

ခဏခဏရှင်းပြနေရတယ်  မမခင်နဲ့တုန်းကလည်းဘယ်လောက်

အားနာစရာကောင်းလည်း  ငါတို.ကိုငယ်ငယ်ထဲက  မင်းကိုနောင် လို.ခေါ်တယ်

ငါ.ကို  မောင်  လို.ခေါ်တယ်  တနေ.ကငါနဲ့မမခင်စကားပြောနေတုန်းသူက

မမခင်ကို  ဘာလို.  မောင်  လို.ခေါ်တာလဲလို.မေးထဲ့လိုက်တာလေ   မင်းအမကိုငါ

တော်တော်အားနာတယ်  သူ.ကိုပြောတော.စိတ်ဆိုးလည်းမတတ်နှိုင်ဘူးတဲ့

ငါ.ကို  မောင်  လို. သူ.တစ်ယောက်ထဲခေါ်ခွင်.ရှိတယ်တဲ့..

.ငါဘာလုပ်ရမလဲမသိတော.ဘူး....

.ချစ်သူဘ၀က လုံးဝပျော်စရာမကောင်းဘူး........

ကြည်နူးဖွယ်ရာမကောင်းဘူး....အရှုံးသမားတယောက်လိုအညံ့ခံနေရတယ်..

ဒါကတော.သူက  မင်းကို  သိပ်ချစ်တာကိုး.....

သူကချစ်တာနဲ့မတူဘူး  ..ချုပ်ချယ်တာ  ငါ.ကိုနားလည်မပေးတာ...

ဒါနဲ့မင်းက  တိုပြီး   ဖုန်းမဆက်တော.တာလါး......အေး မဆက်ဘူး...

သူကလည်းဆက်မှာမဟုတ်ဘူးတဲ့   သူသူ    ပြောတာ.....မင်းဘာလုပ်မလည်း

မင်းတို.ကဒီလောက်ချစ်နေရက်နဲ. ပြတ်ကြတော.မလား

မတတ်နိုင်ဘူး  နောင်...ငါသူ.ဆီကတောင်းဆိုခဲ့တာ..ချစ်ခွင်. တစ်ခုထဲ

ငါပေးလိုက်ရတာယောက်ကျားသိက္ခာ  ယောက်ကျားမာန ငါ့ရဲ့လူမှုဆက်ဆံရေး

သူလည်းငါ.ကိုမယုံကြည် မသဒီတော.မှ  ငါကဆက်ပြီးဒူးမထောက်တော.ဘူး

တော်လောက်ပြီ နောင်.....ငါတို.ရှေ.ဆက်ရင်ပိုပိုဆိုးလာမယ်....

အေးပါကွာမင်းကပြတ်နေမှတော.ငါမပြောတော.ဘူး...ပြန်မယ်..

အော်..မင်းနဲ့တွေ.ချင်လို.တဲ့...အပြင်မှာလူတယောက်စောင်.နေတယ်....

ဘယ်သူလည်း....မိတ်ဆွေဟောင်းထဲကဖြစ်မှာပေါ့......ငါလွှတ်ပေးလိုက်မယ်နော်.

နောင်ပြောသည်.သူကိုကျနော်စဉ်းစားနေတုန်း ..........

မောင်......

မောင်ပြောတာတွေမိသန်.အကုန်ကြားတယ်...မောင်.ကိုလည်းနားလည်တယ်

နားလည်လွန်းလို.လည်းစိတ်မချတာပါ  မောင် ၊ မောင်.ရဲ့ရိုးသားတည်ကြည်မှု

တွေကြောင်. မောင်.ကို  မောင်ဖွင်.မပြောခင်ကထဲက

  မိသန်.ကချစ်ခဲ့ရတာပါမောင် ရယ်  ခုမောင်ရိုးရိုးသားသားခင်နေတဲ့...

မိန်းခလေးတွေရင်ထဲမှာ ဘာဖြစ်နေမယ်ဆိုတာ  မိသန့်ကပိုသိပါတယ်မောင်

မိသန်.က မောင်.ချစ်သူလေ   ချစ်သူတယောက်မှာသ၀န်တိုခွင်.တော.ရှိရမှာပေါ့

မောင်...ကျမကို သ၀န်တိုခွင်.တော.ပေးပါနော်......

မိသန်. ....ချစ်  ...တကယ်ပြောတာနော်..

တို ..တို..ချစ်လို.တိုတာကြိုက်သလောက်တို  .

..မိသန်.ကချစ်တယ်ဆိုရင်ရပြီ   ..ပေးတယ် ဗျာ  သ၀န်တိုခွင်.

ယူစေဗျား............ဟေ.  ကောင်မလေးကိုလွှတ်လိုက်....

ဟါးဟါးဟါး..တော်ပြီ ဆို   ပြတ်ပြီ ဆို....ခုတော.မလွှတ်တော.ဘူး.....။

ချစ်သူတိုင်း  သ၀န်တိုခွင်.ရှိပါသည်။   ။

                                          တတိုင်းမွှေး။ ။

               မေးပါရစေနော်..........

                   

သခ်ျိုင်းကုန်းမှာအပန်းဖြေသူ

$
0
0

ကိုအောင်ခိုင်နှင့် ပက်သက်သော ထူဖြားအံ့ဖွယ်များကို ကြားသိနေရသည်မှာ ကာလအတန်ကြာပြီ။ သို့သော် အကြောင်းကြောင်းကြောင့် ကိုအောင်ခိုင်နှင့် မဆုံဖြစ်။ ဆုံတော့လည်း ထူးခြားမှူ ဖြစ်စေခဲ့သည်။အဲဒီနေ့က မိုးတွေ သဲကြီးမဲကြီးရွာနေသည်။ပိတ်ထားသော ရုံးခန်းတံခါး ပွင့်သွားသည်။ ကျွန်တော်ကိုတိုင် မိုးစရွာကတည်းက တံခါးမင်းတုပ်ကိုထိုးပြီးသေချာစွာ ပိတ်ခဲ့သည်။ ဘယ်လိုကြောင့် တံခါးပွင့်သွားရသည်ကို သိချင်လို ထအကြည့် တံခါးအပေါက်မှ လူတစ်ယောက်ဝင်လာသည်။ ရုတ်တရပ်မို့ ကျွန်တော် လန့်သွားသည် ။ မိုးကာအက်ျီဝတ်ထားသော ပုပျပ်ပျပ်လူတစ်ယောက်။ မိုးကာအက်ျီခေါင်းဆောင်းကို သူလှန်ချသည်။ ကျွန်တော် လူမှတ်မိသွားသည်။ နှုတ်ဆက်စကားဆိုသည်။

သြော် ကိုအောင်ခိုင် မိုးဝင်ခိုတာလား ကျွန်တော်အမေးကို သူက မိုးကာ အက်ျီချွတ်ရင်းဖြေသည်။ အား..ဟုတ်တယ် ကိုမှိုင်းဝေရေ အဆင်သင့်လိုက်တာဗျာ။ ကျွန်တော် လည်းခင်ဗျားနဲ့ တွေ့ချင်နေတာ ကြာပြီဗျ။ ခုလို မိုးကြီးတဲ့နေ့မှာတွေ့တော့ ပိုကောင်းတာပေါ့။ လူပုသလောက်ခြေ

ရှည်တဲ့ ကျွန်တော် မိုးကြီးတော့ ဟိုသွား ဒီသွား မလုပ်ချင်တော့ဘူး ဒီနေ့ ခင်ဗျားနဲ့ စကားပြောမယ်ဗျာ။ အဆင်ပြေမလား စကားပြောချင်တာကတော့ဟုတ်ပါပြီဗျာ။ ကျွန်တော် တစ်ခုအရင်မေးဦးမယ်ဗျာ။ မေးဗျာ ကျွန်တော်ကိုတိုင် တံခါးမင်းတုပ် ကိုသေသေချာချာထိုးပြီး ပိတ်ထားတာ ခင်ဗျား ဘယ်လိုလုပ်ပြီဝင်လာတာလည်း ကိုအောင်ခိုင်ကပြုံးသည်။အ

စီခံအနက်ရောင် စီးကရက်တစ်လိပ်ကို မီးညှိသောက်ရင်းပြောသည်။သော့ပါရဂူ အောင်ခိုင် ဆိုတာမကြားဖူးဘူးလား ကိုမှိုင်းဝေ ကြားဖူးဒတာပေါ့ဗျာ ခုဟာကသော့မဟုတ်တာ ကိုအောင်ခိုင် ခင်ဗျားတော်တော်ညံ့သေးတယ် ။ သော့ပါရဂူဆိုမှတော့ မင်းတုပ်လောက်ကို စကားထဲထည့်မပြောဘူး ။ ကိုအောင်ခိုင်၏ စကားကြောင့် ကျွန်တော် တော်တော်ဖြုံသွားသည်။ ကိုအောင်ခိုင်သည် ခတ်ထားသည့် မည်သည့် သော့ခလောက်ကိုမဆို သော့တံ

မပါဘဲ ကြာဆံချောင်း မြတ်တစ်ပင် စသည်တို့ကိုသာ အသုံးပြုပြီး ဖွင့်နှိုင်ကြောင်း သတင်းကြားဖူးနေသည်မှာ နှစ်အတော်ကြာပြီ။ ခုတော့ ပိတ်ထားသည် တံခါးမင်းတုပ်ကိုမှူ မည်သည့် အကူအညီမှမပါဘဲ

ဖွင့်လိုက်သည်မှာ လက်တွေ့။ကျွန်တော် ကမေးသည်။သော့တွေကို ဘယ်လို အတတ် ပညာနဲ့ဖွင့်တယ်ဆိုတာ ပြောပြနိုင်မလား ကိုအောင်ခိုင် ပြုံးဖြီးမေးသည်။ ကုန်ကြမ်းရှာတာလား ကိုမှိုင်းဝေ ဆိုပါတော့ကိုအောင်ခိုင် ကိုအောင်ခိုင်က စီးကရက် တစ်လိပ်ကို မီးထပ်ညှိသည်။ စီးကရက်  သောက်ပါကိုမှိုင်းဝေ။ စီး ကရက်ကို ဘာပညာနဲ့မှလုပ် မထားပါဘူး။ စိတ်သန့်သန့်နဲ့ သောက်လို့ရပါတယ်

ကျွန်တော်ဆေးလိပ် မသောက်တတ်ပါဘူး ကိုအောင်ခိုင်။ ခင်ဗျား စကားလိုပဲ ကုန်ကြမ်းရရင် ကျေနပ်ပါပြီ ကိုအောင်ခိုင်က စီးကရက်ကို အားပါး

တရဖွာသည်။ မီးခိုးမှူတ်ထုတ်သည်။ ပြီးတော့ ပြောသည်။ ကျွန်တော် နဲ့ပတ်သက်ပြီး ထူးဆန်းထွေလာတွေပြောရရင် တော်တော်များမယ်။ ဆိုကြပါတော့ဗျာ ပိတ်ထားတဲ့ သော့ခလောက်တွေကို သော့တံမပါဘဲဖွင့်နိုင်တယ်။ တစ်ခုတော့ရှိတယ်ပေါ့ဗျာ။ အဲဒီသော့ခလောက်ဟာ သူ့သော့တံနဲ့သူ ဖွင့်လို့ရတဲ့သော့ခလောက်တော့ဖြစ်ရမှာပေါ့။ သံချေးတတ်ပျက်စီးနေတဲ့သော့ခလောက်ကိုတော့ ဖွင့်လို့မရဘူးပေါ့ ။သော့တံနဲ့ဖွင့်လို့ရတဲ့ ဘယ်သော့ခလောက်ကိုမဆို သော့

တံမပါဘဲ ကျွန်တော် ဖွင့်ပြမယ်။ အဲ..နောက်ပြီးရှိသေးတယ်။သော့တံမလိုတဲ့ နံပါတ်သော့ ခလောက် ဆိုရင်လည်း ဖွင့်နိုင်တယ်။ ဘယ်လိုနည်းနဲ့ဖွင့်တာလဲ ကိုအောင်ခိုင်း ဂါထာရွတ်ပြီး ဖွင့်တာလား....ဆက်ရန်ရှိ

သယ်ရင်တို့အတွက် ဇက်လမ်းကောင်း လေတွေကိုရှာပြီး တော့တင်ပေးမယ်လို့ စိတ်ကူးထားတယ်...

ဒီမိုကရေစီ ခရီးစဉ်..အပိုင်း(၁)

$
0
0

 “ ဒီမိုကရေစီ ခရီးစဉ်ဖြတ်သန်းမှု..”.အခန်းဆက်ဆောင်းပါးများကို

ညီ..ညီမအရွယ်များ အတွက်သာ ရည်ရွယ်ပါတယ်..

နိုင်ငံတကာဖြတ်သန်းရတဲ့ဒီမိုကရေစီခရီးလမ်းကို ယေဘူယျ..တင်ပြခြင်းသာဖြစ်ပါတယ် ။

အခန်းဆက် (၇) ပုဒ်ရေးသားတင်ပြပေးပါမယ်..

(၁) မြန်မာ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ

(၂)မြန်မာနိုင်ငံ ဒီမိုကရေစီခရီးအစ(၁၉၄၈-၁၉၆၂)

(၃)မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး (၁၉၆၂-၂၀၁၀)

(၄)ဒီမိုကရေစီ အသွင်ကူးပြောင်မှုစတင်ခြင်း (transition )

(၅) ပိုမိုလွတ်လပ်လာခြင်း (Liberalization )

(၆) ဒီမိုကရေစီစနစ်ဆီသို့ (Democratization )

(၇) ဒီမိုကရေစီစနစ်ခိုင်မြဲအောင်တည်ဆောက်ခြင်း..(Democratic Consolidation )

……………………………………………………………………………………………………….

 

“ ဒီမိုကရေစီ ခရီးစဉ်ဖြတ်သန်းမှု..”. အပိုင်း(၁)

မြန်မာ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ

ဒီနှစ်ဧပြီတစ်ရက်နေ့မှာ..လွှတ်တော် လစ်လပ်နေရာ၄၈နေရာအနက်

၄၅နေရာအတွက် ကြားဖြတ်ရွေးကေါက်ပွဲလုပ်ပေးခဲ့ပါတယ်…

မဲထည့်ပြန်လာတဲ့ လူငယ်လေးတစ်ယောက်က ကျွန်တော့်ကို

ကြားဖြတ်ရွေးကောက်ပွဲဆိုတာဘာလဲလို့မေးခဲ့ဘူးပါတယ်..

ဟုတ်တော့ဟုတ်သားပါဗျာ..ကြားဖြတ်ဆိုတာ..ဘာမှန်းမသိပေမဲ့..

ကိုယ်အားသန်ရာကိုတော့..ကိုယ်ပေးခဲ့ကြတာပါ..။

ဒါကြောင့်နှစ်ဆယ်ဝန်းကျင်လူငယ်များတွက် ဒီပို့စ်လေးကိုရေးမိပါတယ်..။

 

 

ကျွန်တော်လည်း တက္ကသိုလ်ကျောင်းသားဘ၀ရောက်မှ..နိုင်ငံတစ်ခုကိုအုပ်ချုပ်တယ်ဆိုတာ

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အုပ်ချုပ်ရတယ်ဆိုတာ သိခဲ့သူပါ..

အဲဒီတော့မှ..၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၊

အနှစ်နှစ်ရာကျော်နေပြီဖြစ်တဲ့အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ

တို့ကိုပြန်ရှာဖတ်ဖြစ်ပါတယ်..။

ခုတစ်ခါ..လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုလည်းဖတ်ဖြစ်ပါတယ်..။

 

 

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရကျင်းပခဲ့တဲ့..၂၀၁၀ ရွေးကေါက်ပွဲမှာ..

ကြံ့ခိုင်ရေးတစ်ပါတီထဲကသာအနိုင်ရပြီး လွှတ်တော်နေရာ အများစုရခဲ့ပြန်ပါတယ်..။

ထူးခြားတာက..လွှတ်တော်ထဲလည်းရောက်ရော..အာဏာသုံးရပ် အလိုလိုကွဲသွားပါတော့တယ်..

အုပ်ချုပ်ရေးအာဏာ  ၊ ဥပဒေပြုအာဏာ နဲ့ လွှတ်တော်ကိုလွမ်းမိုးထားတဲ့ ပါတီကြီးပေါ့..။

တစ်ပါတီထဲက လာခဲ့ကြပေမဲ့ အစုသုံးစုကွဲသွားတာမြင်စေချင်ပါတယ်..။

 

 

နောက်ထူးခြားတာက..သမ္မတကြီးဦးဆောင်တဲ့အစိုးရ ပြည်ထောင်စုဝန်ကြီးများဟာ

ဝန်ကြီးဖြစ်တာနဲ့..လွှတ်တော်ကိုယ်စားလှယ်ဘ၀ကနေနုတ်ထွက်ပေးရပါတယ်..

(အခြေခံဥပဒေပုဒ်မ..၂၃၂(ဈ)..အရပါ။

ဒါကြောင့် ပြည်ထောင်စုဝန်ကြီးနေရာတွေ (၄၀)ကျော်လစ်လပ်သွားကြတာပါ..

ပုံမှန်လွှတ်တော်ကျင်းပရင်လည်း မတက်ရတော့ပါဘူး..မဲခွဲဆုံးဖြတ်ရာမှာလည်းမပါရပါဘူး..။

ဒါကြောင့် အဲဒီနေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လုပ်ရတာပါ ။

 

 

သိသင့်သေးတဲ့အချက်တစ်ခုက..

ပြည်ထောင်စုဝန်ကြီးဖြစ်တာနဲ့တစ်ပြိုင်နက်..မိမိပါတီလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခြင်း

မပြုရတော့ပါဘူးဗျာ.. (အခြေခံဥပဒေပုဒ်မ..၂၃၂(ဋ)..အရပါ။

 

 

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ အနေထားကိုလေ့လာရင်..

၁။ အစိုးရအဖွဲ့

၂။ ဥပဒေပြုလွှတ်တော်

၃။ လွှတ်တော်ကိုလွမ်းမိုးထားသော ကြံ့ခိုင်ရေးပါတီ..

၎။ အတိုက်ခံဖြစ်လာမဲ့ NLD ပါတီ ရယ်လို့..လူလေးစုကိုတွေ့နိုင်ပါတယ်..။

 

 

ဒီလူလေးစုဟာ..မိမိတာဝန်ကို မိမိလုပ်ကိုင်ဆောင်ရွက်ရတဲ့အခါ..

ကိုယ့် (Institutions)ကို ကိုယ်ကိုင်စွဲရင်းနဲ့..(Check and Balance)အပြန်အလှန်

ထိမ်းကြောင်းသလိုဖြစ်လာပါတယ်..။

(၀န်ထမ်းများလစာတိုးဖို့ကိစ္စ..သမ္မတကြီးနဲ့ပြည်သူ့လွှတ်တော်ဥက္ကဌကြီး..)။

 

 

အဲလိုမှ (Check and Balance) မရှိရင်.

တစ်ပါတီ အာဏာရှင်စနစ်ကို ပြန်ဦးတည်နိုင်ကြောင်းပါဗျာ..။

(နိုင်ငံရေးနိုးကြားလာသော လူငယ်များတွက်သာရည်ရွယ် ရေးသားပါတယ်..)။

နေနိုင်ပါစေ.......

$
0
0

အချစ်ဇာတ်လမ်းလေးတစ်ပုဒ် . . ကောင်လေးက သူ့ကောင်မလေးကို စိန်ခေါ်တယ်...သူ့ကို တစ်ရက်လုံး မဆက်သွယ်ပဲနေနိုင်ရင် တသက်လုံးချစ်ပြမယ် ~ သူ့ကိုဖုန်းမခေါ် Message လဲမပို့ရဘူးဆိုပြီး ပြောတယ်... ကောင်မလေးကလည်း စိန်လိုက်.. ပေါ့. . ဆိုပြီးတစ်နေကုန် မဆက်သွယ်...ပဲနေတယ်. . ဒါပေမဲ့ သူမ မသိလိုက်တာက ... သူ့ကောင်လေးဟာ ၂၄နာရီပဲ အသက်ရှင်ရတော့မယ့် သူဆိုတာကိုပဲ ~~~ နောက်တစ်ရက် သူ့ကောင်လေးက မဆက်သွယ် မဆက...်သွယ် နဲ့ . .စိတ်ပူဒေါသထွက်စွာနဲ့ပဲ ညနေပိုင်းမှာ ကောင်လေးအိမ်ကို ရောက်သွားတော့ . .သူ့အလောင်းဘေးနားမှာ စာလေးတစ်စောင် ရှိနေလေရဲ့ ... "သဲ .. ကိုယ့်ကိုမဆက်သွယ်ပဲ သဲ နေနိုင်တယ်ဟုတ်? တော်လိုက်တဲ့ ငါ့ချစ်သဲ. . အဲ့လိုပဲ နေ့တိုင်းနေနိုင်ပါစေကွာ ".. တဲ့

ခွဲခွာခဲ့ရပြီချစ်သူ

$
0
0

        ဖြူရယ် အခုချိန်မှာမင်းပျော်ရျွှင်နေမယ်လို့ငါထင်ပါတယ်....ငါ့ရဲ့ဘယ်ဘက်ပါးပြင်ပေါ်မှ မင်း၇ဲ့လက်ဝါးရာလေးကို လက်ဆောင်မွန်လေး

အဖြစ်သိမ်းထားလိုက်တော့မယ်နော်...ငါမင်းကိုမမုန်းခဲ့ပါဘူး...အမြတ်တနိုးချစ်ခဲ့တာပါ...အခုဆိုရင်ငါအလွန်မုန်းတဲ့ ဆေးနံတွေနဲ့အဖြူရောင်

အခန်းလေးထဲက သံခုတင်လေးပေါ်မှာ ငါဟာငြိမ်သက်စွာ လဲလျှောင်းနေပါပြီ...မင်းကိုမုန်းတယ်လို့ပြောရတာ ငါ့အတွက်နဲ့မင်းပူဆွေးသော

ကမရောက်စေချင်လို့ပါ..ကိုယ်အရမ်းချစ်ရတဲ့ချစ်သူကိုဘယ်သူက မုန်းတယ်လို့ပြောချင်မှာလဲကွာ...အခုဆို၇င် ကိုယ့်ခန္ဓာကိုယ်ကြီးကမလှုပ်

နိုင်မရှားနိုင်ဖြစ်နေတဲ့အတွက်မင်းမသိတဲ့အဝေးတစ်နေရာကနေလွမ်းဆွတ်နေရတာပါ....အရေးပေါ်ခန်းမှာလည်းလူနာတွေကများလွန်းတယ်

ဆရာဝန်ကြီးပြောတာတွေကိုလည်းမကြားတစ်ချက်ကြားတစ်ချက်ပါပဲ....မင်းရှိကိုစိတ်ရောက်နေလို့ထင်ပါရဲ့....အရင်တုန်းကမင်းအဆင်မ

ပြေဖြစ်ရင် စိတ်ညစ်နေလို့ငိုနေတဲ့အခါကျရင် ငါဖေးမလို့မရတော့ဘူး....ငါအားပေးချင်ပါတယ်...ဒါပေမဲ့ငါ့အဖြစ်က လူရင်းတွေကိုတောင်

ခွဲခွာရမဲ့အခြေနေကိုရောက်နေခဲ့ပြိလေ...အရင်တုန်းက ငါနှလုံးရောဂါဖြစ်နေတယ်ဆိုတာကိုသိလျုက်ရတော့ မင်းကိုဘာမှမပြောနိုင်ဘဲ ငါ

တစ်ယောက်တည်းငေါင်စင်စင်းဖြစ်နေတဲ့အချိန်မှာ မင်းဖေးမကူညီခဲ့တာကို ငါကြည်နူးမိပါတယ်...ငါရောဂါအခြေနေကိုမင်းကို မတတ်သာ

လို့ မပြောပြခဲ့တာပါ...ငါချစ်တဲ့လူတွေအားလုံးနဲ့ခွဲခွာရမှာ ငါသိပါတယ်...ဒါပေမဲ့ ဘယ်နှရက်တာရှည်ခံအုံးမလဲမသိသေးဘူးနော်..အခုမင်း

သူငယ်ချင်းမလေး သဇင်တစ်ယောက် ငါ့ဘေးနားမှာ ငိုနေတယ်...ငါ့ကိုလည်းစကားတွေပြောနေတယ်...မကြားတစ်ချက်ကြားတစ်ချက်ပဲ

ငါ့ကိုမသေသင့်ဘူးတဲ့...ဟုတ်လို့လားငါ့မှမသေသေးတာ..ငါဘယ်လိုဖြေရမလဲ...တကယ်တော့ အချိန်မတိုင်မီသေဆုံးသွားသူတွေအတွက်

ကျန်ခဲ့သူတို့က နှမြောတွန့်တိုတဲ့စိတ်နဲ့ပြောလိုက်တဲ့စကားပါ...အမှန်တော့သတ္တ၀ါမျန်သမျှ ကံစီမံရာကို လိုက်ကြရတာပါပဲ..လောကမှာမ

သေသင့်ပဲ့နဲ့မသေပါဘူး..သေသင့်လို့သေတာပါပဲ...ဆီမီးတိုင်လေးတစ်ခုဟာ မီးစကုန်ပြီဆိုရင် ဆီတွေကျန်နေသေးသည်ဖြစ်စေ မကျန်

တော့သည်ဖြစ်စေ လေငြိမ်နေသည်ဖြစ်စေ ငြိမ်းသွားရမှာဘဲ  မင်းကိုငါမမုန်းဘူးဆိုတာ ငါပြောချင်သေးတယ်ဖြူရယ် ဒီတစ်သက်ငါပြော

ခွင့်မရှိတော့ဘူးထင်တယ်...ငါဟာ ငါပြောလိုက်တဲ့စကားကြောင့် မင်းငါ့ကိုမုန်းသွားမှာကို သေရမှာထက်တောင်ကြောက်နေတာပါ.......

ငါ့လိုအင်ဆန္ဒတွေပြည့်ဝလာတယ်ထင်တယ်...ဗုဒ္ဓမြတ်စွာဘုရားက ငါ့ကိုချစ်တယ်ထင်တယ်....မင်းငါ့ရှိကိုရောက်လာခဲ့ပါတယ်.....နားထဲ

မှာမင်းအသံလေးကြားလို့ ငါမျက်လုံးဖွင့်ကြည့်လိုက်တယ်....ဒါပေမဲ့သိပ်တောပမမြင်၇တော့ဘူး နည်းနည်းဝါးနေတယ်...မျက်ရည်တွေ

ပြည့်လျှံနေတဲ့မျက်လုံးတွေနဲ့ ငါ့ကိုဝိုင်းကြည့်နေတာ ငါမြင်နေရတယ်...ပူနွေးတဲ့လက်ကလေးနှစ်ဘက်က ငါ့လက်ကိုလာဆုတ်ကိုင်လိုက်

တယ်..သေချာတယ်..မင်းလက်ကလေးပါပဲ....မင်းမငိုပါနဲ့နော်..ငါ့အတွက်နဲ့ကျတဲ့မျက်ရည်တွေကိုငါမခံနိုင်လို့ပါ...မင်းရဲ့မျက်လုံးလေးတွေက

ငါ့ကိုနားလည်နေသလိုပဲနော်...ငါဝမ်းသာသွားပါပြီ..ငါမျက်လုံးလေးတွေမှိတ်လိုက်တော့မယ်နော်...သြော် သူငယ်ချင်းတို့ ငါမင်းတို့ကိုနှုတ်

ဆက်ခဲ့ပါတယ်...အခုမင်းငါ့ကိုဖက်ပြီးငိုနေတာငါသိတယ်..ငါသတိမလွှတ်သေးဘူး....ဆ၇ာဝန်ကြီးပြောတာတွေကိုလည်းကြားနေရတယ်

"အသံတွေမထွက်ကြပါနဲ့.လူနာအနီးမှာဘာမှမပြောကြပါနဲ့" မင်းငါ့နားကပ်ပြီး မောင့်ကိုထာဝရချစ်မေယ်လို့ပြောတဲ့စကားဟာ ငါ့အတွက်

တကယ့်ကိုသေပျော်ပါပြီ...ဆရာဝန်တစ်ယောက်က ငါ့မျက်ခွံလေးကိုလာလှန်ကြည့်တယ်...သူငယ်အိမ်လေးရှင်နေသေးတယ်တဲ့...မဆုံး

သေးဘူးတဲ့....နှလုံးနှိုးစက်တွေနဲ့နိုးတယ်...အောက်စီဂျင်ဘူးကိုညစ်ထုတ်နေတယ်...E C G  ဂရမ်ပြစက်လေးက လျှပ်စစ်လှိုင်းပြဂရမ်

စာတန်းလေးကတဖြည်းဖြည်းတန်းတော့မယ်လို့ငါထင်တယ်....ဖြူ ငါ့ရဲ့ခန္ဓာကိုယ်ဟာ ရေဝေးမီးသဂြိုလ်စက်မှာ ပြာဖြစ်တော့မှာပါ........

သချိုင်းသင်္ဂြုလ်စက်ရဲ့ခေါင်းတိုင်ဝကနေ ငါ့ခန္ဓာကိုယ်ကနေကြွင်းတဲ့ မီးခိုးတန်းလေးတွေထွက်လာမှာပါ...ငါ့ရဲ့အခမ်းနားကလည်းစည်ကား

မယ်လို့ငါထင်ပါတယ်...ငါ့ရဲ့ခြေရင်းဘက်မှာရှိတဲ့ မင်းရဲ့လွမ်းသူပန်ူခြင်းလှလှလေးကို ငါမြင်နိုင်မှာမဟုတ်တော့ဘူး...ဘာဖြစ်လို့လဲဆိုတော့

ငါတစ်ယောက်ငြိမ်းအေးချမ်းသာတဲ့ဆီကိုရောက်သွားပြီထင်တယ်...ငါယုံကြည်နေမယ်နော်...ဒါကြောင့် မင်းငါ့အတွက်နဲ့ ငိုမနေပါနဲ့နော်...

ငါ့ကိုကောင်းရာသုဂတိရောက်ပါစေလို့ပဲဆုတောင်းပေးပါ...မျက်ရည်တွေလည်းကျမနေပါနဲ့..ငါသေဆုံးချိန်မှာ မင်းရဲ့အခက်ခဲပြသာနာတွေ

ကို မင်းစိတ်လေးကိုတည်တည်ငြိမ်ငြိမ်လေးထားပြိးဖြေရှင်းပါနော်...ငါမကူညီနိုင်တော့လို့ပါ...မင်းကျန်းကျန်းမာမာနဲ့ပျော်ရွှင်အောင်နေပါ

နော်...အမြဲတ်းငိုမနေပါနဲ့...ငိုတာက ကြာရင် မျက်လုံးတွေအားနည်းပြီး မှုန်သွားလိမ့်မယ်...ကျွန်တော်ခေါင်းလေးစောင်းငဲ့ကျသွားပါပြီ...

E C G  ဂ၇မ်ပြစက်လေးက လှိုင်းလေးတွေတဖြည်းဖြည်းနိမ့်စင်းသွားတယ်...နောက်ဆုံးတစ်ခုတည်းသော လှိုင်းနိမ့်လေးအတန်းလိုက်

ပေါ်လာပါတော့တည်...နှုတ်ဆက်ခဲ့ပါတယ်လောကကြီးဝယ်......

                                       လူဆိုသည်မှာ အိုရနာရ

                                       သေရအုံးမည် မှန်ပေသည်တည့်

                                                                                                               မင်းသူရမောင်(၁၉.၄.၂၀၁၂)


သင်္ကြန်ပြီးတစ်ရက်လမ်းလျှောက်အထွက် (သင်္ကြန်မှာရောင်းအားကောင်းဆုံးပစ္စည်းလေးများ)

$
0
0

လေပြေအေးတွေကနှစ်သစ်ကိုကြိုဆိုနေကြတယ်....

နွေဆိုပေမယ့် အအေးဓါတ်လေးတော့ရှိနေသေးလို့တော်သေးတယ် ။ ဒီနေ့က၁၃၇၄ ခုနှစ်ရဲ့ဦးဦးဖျားဖျားရက်လေးနှစ်ဆန်းတစ်ရက်ပါ

နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ပြည့်စေကြောင်းဘုရားသွားဆုတောင်းခဲ့တယ် ။ ကျက်သရေရှိလိုက်တာမင်္ဂလာတွေနဲ့ကြိုဆိုနေကြတယ်..

ရပ်ကွက်တွေမှာအချို့သီလတွေယူနေကြတာကြည်နူးစရာပဲ...။အင်းဘာသာရေးကိုလိုက်စားကြသားပဲကို ..ဒီနေ့နှစ်ဆန်းတစ်ရက်မှာ

ဆိုင်တွေတော့သိပ်မဖွင့်ကြသေးဘူး နှစ်ဆန်းတစ်ရက်မို့တဲ့လေ...မနက်ဖြန်မှစဖွင့်ကြမယ်တဲ့..။အင်းသင်္ကြန်အပြီးဘာတွေထူးမလဲမသိဘူး

မြို့ထဲကိုလေ့လာကြည့်လိုက်ဦးမှ ၊ မန္တလာကလူတွေ ရဲ့ဗီဇဆိုးတော့မဆိုးလှဘူး ဒီနေ့မြင်ကွင်းတွေက ကုသိုလ်ဘက်မှာအားသာနေတာတွေ့ရ

တယ်..။ဒါပေမယ့်ခက်တာ ကလူငယ်တွေလူငယ်တွေဘယ်ပျောက်နေကြလဲ ...။နှစ်သစ်ချိန်ခါမင်္ဂလာမှာလူငယ်တွေဘာလုပ်နေကြလဲ...

အဖြေကပေါ်နေပြီကိုသင်္ကြန်ကိုက်နေကြတယ်လေ...။

အပျော်လွန်ခဲ့သမျှအိပ်နေကြတယ် မင်္ဂလာရက်မြတ်ကိုအိပ်စက်ခြင်းဖြင့်ကြိုဆိုနေကြတယ် အော်ဒါကြောင့် ဆင်းရဲနေကြတာကိုမြန်မာတွေ

အချို့ကခေါင်းကိုက်လို့တဲ့ အသောက်လွန်တာလေ မိန်းကလေးတွေလဲ သိသိသာသာကဲပြီးသောက်ထားကြတယ် အော်နှစ်သစ်ချိန်ခါ

ကိုယ့်ကျင့်တရားတွေလူတွေပျက်ရှာပြီ..။

လမ်းလျှောက်ရင်းဗိုက်ဆာဆာရှိတာနဲ့35လမ်း မင်းသီဟကဖေးမှာ လက္ဘရည်ဝင်သောက်ဖြစ်တယ်...လူအတော်စည်တဲ့ဆိုင်ပါလား...`

ဆိုင်ထဲထိုင်တုန်းသင်္ကြန်အကြောင်းဘာတွေကောက်ချက်ချမလဲနားထောင်နေမိတယ်..

ဘယ်လိုလဲ ကိုဟိန်းရ သင်္ကြန်မှာခင်ဗျားဆိုင်ရောင်းအားကောင်းတယ်ဆို ...

ကျနော့်ဆိုင်မှမဟုတ်ပါဘူးဗျာဆိုင်အားလုံးရောင်းကောင်းကြတယ်လေ ။အ၇ည်ထဲမှာဆို ရောင်းအားကောင်းဆုံး ပစ္စည်းပဲဟာ...

အော်သူတို့ဘာကိုဆိုလိုတယ်ဆိုတာသိလိုက်ပါပြီ ဒီသင်္ကြန်မှာဘီယာဆိုင်ရှင်တွေထောသွားပြီကို အရည်မှာရောင်းအားအကောင်းဆုံးတဲ့

ကိုကိုဘီယာတို့နေရာရသွားတာသိပ်တော့မထူးဆန်းလှဘူးမမတို့တောင်ဖောဖောသီသီသောက်လာကြတဲ့ဟာ ယနေ့မေပျိုတို့သင်္ကြန်မှာ

မူးရူးကနေကြတာကောင်လေးတွေထက်ဆိုးတယ်မြင်မူးတော့ဘာမှမမြင်တော့ဘူးလေ အချို့ဆို ကောင်လေးတွေရဲ့အပျော်ကြံမှုမှာအ

ဖော်ဖြစ်စံပေးခဲ့ရတယ်။အော်သင်္ကြန်သင်္ကြန်ကိုယ်ကျင့်သီလပျက်ခဲ့ကြပါလား..၊



ရောင်းရင်းလဲပွခဲ့တယ်လေ မေ့နေပြီလား သင်္ကြန်မတိုင်ခင်ထဲကရောင်းခဲ့ရတာ

အင်းဟုတ်တယ်ဗျကျနော့်အထည်ဆိုမှာရောင်းအားကောင်းခဲ့တာ မိန်းကလေးဝတ် ထမီစကတ်တို။ဘောင်းဘီကျပ်တွေပဲ အတိုဆုံးတွေပဲရောင်းခဲ့ရတာ

ပစ္စည်းတောင်ပြတ်တယ်လေ....

အော် ဒါကြောင့် အင်တာနက်မှာမိန်းကလေးတွေရဲ့ဟိုဟာပေါ်ဒါပေါ်နဲ့ပုံတွေတက်လာခဲ့တာကို အောက်ခံထိပေါ်အောင်

မူးကနေတာမြင်ခဲ့ရတယ်..မိန်းကလေး၉၀%ရာခိုင်နှုန်းဒီပုံတွေကြီးဝတ်ခဲ့ကြတာ မြန်မာ့ယဉ်ကျေးမှုအရအရှက်ကွဲခဲ့ရတဲ့ဥင်္ကြန်ပါလား..

မလုံအင်္ဂါတွေကြောင့်ကောင်လေးတွေအခွင့်သာခဲ့ဆိုပဲ...ရင်လေးလိုက်ပါဘိ အော်ဒါထက်ဒီသင်္ကြန်မှာနိုင်ငံခြားတိုးတစ်မလေးတွေ မြန်မာ

ပင်နီအိကျီင်္ ချိတ်ထမီတွေနဲ့ရေကစားထွက်လာတာတွေ့လိုက်ရတယ် ပန်းကုံးလေးတွေလည်ပင်းမှာချိတ်ထားကြတယ်ကျက်ရေရှိလိုက်

ပါဘိ ။ပြောင်းပြန်ဖြစ်နေပြီမြန်မာရေ ..အံ့ရော။

ကဲဆိုစမ်းပါဦးခင်ဗျားဆေးဆိုင်ရောဘာဆေးရောင်းအားကောင်းခဲ့လဲ..

အင်းပြောရမှာတော့ခပ်ရှက်ရှက်ဗျာ ကို့စီးပွားရေးဆိုတော့လဲရောင်းပေးခဲ့ရတယ် ..

ဘာဆေးမို့လဲဗျ ကိုဗညားရ...

သင်္ကြန်မှာရောင်းအားကောင်းဆုံးဆေးက မလာစတာမဟုတ်ဘူးဗျ ... အေ၇းပေါ်ကိုယ်ဝန်တားဆေးခေါ်တဲ့ .........ဆေးတမျိုးပဲ

သူနဲ့တန်းတူလိုက်တာက စပ်ဆေးတွေလေ ..ယောက်ကျားမိန်းကလေးများ ကာမစိတ်ကိုထစေနိုင်တဲ့ဆေးတွေ ပဲ...ဒီသင်္ကြန်ကတော့

ကို့သမီးကိုတောင်မယုံဘူးဗျာ..

အမလေးရင်လေးလိုက်ပါဘိ သူတို့စကားနားထောင်ရတာ ...ယနေ့ခေတ်ကအပျော်ကြံအခွင့်ရေးသမားတွေများလာတဲ့

ခေတ်ဖြစ်နေပြီ..လွတ်လပ်လာကြတော့လုပ်ချင်ရာလုပ်လာကြတယ်အိပ်ထောင်မကျခင်အတူနေကြတဲ့ဝါဒကြီးလွှမ်းမိုးလာတာ ဗုဒ်ဓဘာ

သာနိုင်ငံကြီးဘာသာရေးမလိုက်စားမှန်းသိသာလာခဲ့တယ်...ယနေ့နည်းပညာတွေထွန်းကားလာတဲ့ဆိုးကျိုးလို့ပြောရမလားဘဲ ဒီလိုတား

ဆေးမျိုးတွေပေါ်လာတော့ ဖုံးကွယ်ရတာလွယ်မှန်းသိလာတဲ့အခါမိန်းကလေးတွေေ၇ာကောင်လေးတွေပါစိတ်အလိုကိုလိုက်ကုန်ကြတယ်

ဒါဟာ ကိုယ့်ကျင့်တ၇ားအတွက်ပေါ်လာတဲ့ဆိုးကျိုးတစ်ရပ်ပါလား ...။အချို့ဆိုကောင်မလေးတွေက အရင်စပြောကြတယ်ဆိုပဲ..

အင်းခင်ဗျားတို့ကဆိုင်တွေဖွင့်ထားတော့ဘာရောင်းကောင်းလဲသိကြတာပေါ့..ကျနော်ကတော့ဆ၇ာဝန်ဆိုတော့ဆေးခန်း

အကြောင်းပြောရမှာပဲ ...

ဆိုပါဦးဒေါက်တာကြီးရဲ့ဆေးခန်းနဲ့သင်္ကြန်ဘယ်လိုပတ်သက်နေလဲ..

ပတ်သက်တာတော့ပြောမနေနဲ့ကျနော့်မျက်တွင်းတွေခွက်နေတာကိုပဲကြည့်ပေတော့နေ့မအားညမနားရပါပဲ

အပျော်လွန်တဲ့လူငယ်တွေပေါတော့ရန်ဖြစ်ပွဲကြောင့်ဓါးနဲ့ထိုးလက်သီးနဲ့ထိုးတုတ်နဲ့ရိုက်နဲ့အမှုပေါင်းများစွာပါပဲကျနော့်လိုပဲရဲစခန်းတွေ

လဲအလုပ်ရှုပ်ခဲ့တဲ့သင်္ကြန်လေ..ကားအက်စီးဒင့် ဆိုင်ကယ်အက်စီးဒင့်တွေကလဲမနဲပဲကို ...အော်ဒါထက်အစောကခင်ဗျားတို့စကားတွေ

ကိုထောက်ခံရဦးမယ်မိန်းကလေးအမှုတွေသိပ်များတယ်ဗျ ဆေးရုံမှာရောက်လာတဲ့အထဲမလုံမလဲဝတ်တဲ့ကာင်မလေးကိုအဓမ္မကျင့်လို့

အမှုဖွင့်ဆေးစာစစ်တာတို့ ...ကောင်မလေးကိုနှိုက်လို့ကောင်မလေးချစ်သူနဲ့ရိုက်ပွဲဖြစ်ဆေးရုံတာတို့အလွန်များတယ်..ခုခေတ်လူငယ်တွေသိပ်မလွယ်တော့ဘူး

အောလမ်းလျှောက်ရင်းလက္ဘရည်ဆိုင်ထိုင်ရတာအကျိုး၇ှိလိုက်ပါဘိကိုယ်မသိတာတွေသိရတယ်..

အင်းသင်္ကြန်မှာဆိုးကျိုးတွေသိပ်များပါလားငွေတွေလဲသုံးလိုက်ကြတာရေသွန်သလိုပါပဲလားသားသမီးတွေအတွက်မိဘတွေဘယ်လောက်

ရင်ပူလိုက်ရမလဲကြည့်စမ်း ...

ကဲတော်ပြီ အစောကတော့ဈေးချိုဘက်ထိလမ်းလျှောက်ဦးလို့ပဲ ခုတော့ဒီအကြောင်းတွေဘလော့စ်မှာတင်ဖို့အချိန်မှီ

အိမ်ပြန်လိုက်ဦးမယ်...

အင်းဒီသင်္ကြန်ကိုကောက်ချက်ချကြည့်တော့

နှစ်ဟောင်းကအညစ်ကြေးပြောင်အောင်မလုပ်ပဲ နှစ်သစ်အတွက်မကောင်းတဲ့အညစ်ေ၇တွေပက်ဖျန်းနေတာပါလား

သင်္ကြန်မှာရောင်းအားကောင်းခဲ့ဆုံးက ဘီယာအတိုဆုံးထဘီစကတ် ဘောင်းဘီကျပ်။ တားဆေး အားတိုးဆေး။ တဲ့...

သင်္ကြန်မှာလူစည်ကားခဲ့တဲ့အခြားနေ၇ာက ရဲစခန်း ဆေးရုံ တဲ့...

သင်္ကြန်မှာ စိတ်အပျက်စရာကောင်းဆုံးက ကိုယ်ကျင့်သီလပျက်စီးသွားကြခြင်းပါပဲ....

အိုကြည့်စမ်း ဘာကောင်းကျိုးရှိသေးလဲ ဒီနေ့နှစ်ဆန်းတစ်ရက်နေ့များကုသိုလ်လုပ်မလားမှတ် ကိုကိုမမတို့က သင်္ကြန်ကိုစမြုပ်ပြန်

လို့ကောင်းကောင်းကြီးနပ်နေကြတယ်လေ ....။

စာဖတ်သူအားလေးစားလျှက် ဖတ်ပျင်းမည်ဆိုးသောကြောင့်အခြားအကြောင်းရာများကိုဖော်

မပြတော့ပါ။ ဒီသင်္ကြန်အတွက်မှတ်ချက်လေးများကိုဖိတ်ခေါ်ပါတယ်...

                              အားလုံးကို ရိုသေလေးစားစွာဖြင့်။။။။
                                                                        +!!!★★ပြည့်စုံ(နတ်ဆိုးလေး)★★+

အမေနဲ့သမီးရေကူးကန်တွင်

$
0
0

 *"အမေနဲ့သမီး ရေကူးကန်မှာ"*

**

*အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ
ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ"
ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ *

**

*ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ
ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။*

**

* ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး"
ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ *

**

*နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ
မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊
အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။
*

**

* လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို
ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ
ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ
ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း
ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။*

Wireless သုံးတာပါကွ.........

$
0
0
တစ်ခါက....
ယနေ့ ကမ္ဘာမှာအောင်မြင်နေတဲ့အမေရိကန်နိုင်ငံက
မြေကြီးတွေတူးနေရင်းနဲ့ .....ပေ၁၅၀၀လောက်မှာ.လွန်ခဲ့တဲ့နှစ်ပေါင်း၁၅၀၀လောက်က.ကျောက်တုံးတစ်တုံးသွားတွေ့ တယ်...
အဲ့ဒီမှာသူတို့ ကသိတဲ့အတိုင်းစူးစမ်းတယ်လေ....
ကျောက်တုံးကိုခွဲကြည့်လိုက်တယ်...အထဲကနေ Cable ကြိုးတွေထွက်လာတယ်...
အဲ့ဒီမှာအမေရိကန်ကကြေငြာလိုက်တယ်...
"ငါတို့ က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်တည်းက Internet သုံးကြတာကွ" တဲ့ 

တရုတ်နိုင်ငံကလည်း
မြေကြီးတွေကိုတူးနေရင်းနဲ့ .....ပေ၁၆၀၀လောက်မှာ...လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က.ကျောက်တုံးတစ်တုံးကိုသွားတွေ့ တယ်
သူတို့ ကလည်းကျောက်တုံးကိုခွဲကြည့်တယ်.......
အထဲမှာ Optic Cable တွေတွေ့ တယ်...
အဲ့ဒီမှာတရုတ်တွေကကြောငြာလိုက်တယ်........
"ငါတို့ ကလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀လောက်ကတည်းက Internet သုံးတာကွ" တဲ့

အဲ့ဒီမှာတင်ပဲ......ကျန်တော့်တို့ မြန်မာတွေကလည်းအားကျမခံ
မြေကြီးကိုတူးကြည့်တယ်.....ပေ၁၂၀လောက်မှာကျောက်တုံးတစ်တုံးတွေ့ တယ်........
ခွဲကြည့်လိုက်ကြတယ်.......ဘာမှတော့မတွေ့ ဘူး....
ဒါပေမယ့်......မြန်မာတွေကလည်းကြေငြာလိုက်ကြတယ်
"ငါတို့ ကလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀လောက်ကတည်းက Wireless နဲ့  Internet သုံးတာကွ" တဲ့

ချစ်သူမြိုတော်ပရဟိတအသင်းlogo အတွက်logo ဒီဇိုင်းပြိုင်ပွဲဖိတ်ခေါ်ခြင်း(19-04-2012)မှ(01-05-2012)ထိ

$
0
0

ချစ်သူမြိုတော်များမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ပါတယ်ရှင့်

နှစ်သစ်ခါသမယမှာစိတ်ချမ်းသာကိုယ်ကျန်းမာပီးလိုအင်ဆန္ဒပြည့်ဝပါစေလိုဆုတောင်းပေးလိုက်ပါတယ်ရှင်။

ကျွန်မတို့မြိုတော်မိသားစုလေးကအခု ဆိုရင်မန်ဘာစည်းလုံးမူကြောင့်ပျော်ရွှင်စရာမိသားကမ္ဘာလေးတခုဖြစ်နေပါပြီရှင်။

အားလုံးရဲ့ပံ့ပိုးမူကြောင့်လည်း စာပေကဏ္ဍ၊နည်းပညာကဏ္ဍ၊ကဗျာကဏ္ဍ၊ပရဟိတကဏ္ဍ၊စုံလင်လျှက်ရှိပါတယ်။

အက်မင်များအနေနဲလည်းဘက်စုံစွာကြိုးပမ်းလျှက်ရှိပါတယ်။

မန်ဘာများကလည်းစည်းစည်းလုံးလုံးနဲ

အက်မင်နဲ့မန်ဘာများမိသားစုတစုလိုပါပဲ၊

ချစ်စရာသင်္ကြန်ဆိုလည်းစည်းစည်းလုံးလုံးရေးဖွဲ့ပေးကျတာအရမ်းဝမ်းသာကျေနပ်မိပါတယ်၊

ကဗျာပြိုင်ပွဲ

ဝတ္ထုတိုပြိုင်ပွဲ

စသည်ဖြင့်ကျင်းပတာကိုပါဝင်ဆောင်ရွတ်ပေးတဲမန်ဘာများအားလုံးကိုကျေးဇူးတင်ရှိပါတယ်လို့

အက်မင်များကိုယ်စားကျေးဇူးအထူးတင်ရှိပါတယ်။

အခုလည်း

ရှင်းတို့ရဲ့

လဲနေသူ၊ထူပေး

အားငယ်သူဖေးမ

ရွှေမြိုတော်မိသားစုကနေ

နေလောင်းပန်းလေးများကိုတဘက်တလမ်းကနေတတ်နိုင်သလောက်ကူညီပေးလျှက်ရှိပါတယ်။

ချစ်သူမြိုတော်ပရဟိတအသင်းlogo အတွက်logo ဒီဇိုင်းပြိုင်ပွဲဖိတ်ခေါ်လိုက်ပါတယ်။

shwemyotaw donation group logo ဒီဇိုင်းလေးအတွက်ကိုယ်စိတ်ကူးနဲ့ပုံဖေါ်ပြီး

ဒီဇိုင်းဝါသနာပါသူများပါဝင်ပုံဖေါ်ပေးကြလို့တောင်းဆိုချင်ပါတယ်။

logo ဒီဇိုင်းများကို ဘလော့နေရာ၊ကဗျာနေရာတွေမှာ ရှုပ်ထွေးနေမှာဖြစ်တာမို့နေစဉ်နဲအမျှ

ဘလော့ပိုစ်တွေကဗျာတွေတတ်နေတာကြောင့်

ပါဝင်ယဉ်ပြိုင်သူများ ဒီဇိုင်းပုံများကို

shinthantmay@shwemyotaw.com

အက်မင်ကောမန်ဘာများအားလုံးပါဝင်ယဉ်ပြိုင်နိုင်ပါတယ်။

နောက် ဆုံးပေးပို့ရမယ့်ရက်(01-05-2012)ထိလက်ခံပါမည်။


သို့ပေးပိုစေချင်ပါတယ်။

အားလုံးကိုလေးစားချစ်ခင်လျှက်

admin group ကိုယ်စား

ရှင်းသန်မေ

ဟာသလေးတွေပါ

$
0
0

မိန်းမတွေ ရဲ့ ရောဂါ

“ဘယ်မိန်းမ ကိုမှ ကိုယ် တခါ မှ..... အခုလောက်.....” ဆိုပြီးတော့
ယောက်ျားတွေ က သူတို့ နဲ့ လက်ရှိ ပတ်သက်နေတဲ့ မိန်းမတွေ ကို
ပြောကြလေ့ရှိတာ ကိုယ်တို့ ကြားဖူးကြပါတယ်။ ဒီလို စကားမျိုး ကို
မောင်တို့ ပုရိသတွေ ပြောတာ အကြိမ် အထောင် အသောင်းကြားနေပါစေအုံးတော့၊
တခါ တခေါက် အသစ်ပြန်ကြားရတိုင်း လဲ ဦးနှောက်မပါရင် “ x ” စားမယ်ဆိုတဲ့
ကိုယ်တို့ မိန်းမတွေက ဦးနှောက်တွေဘာတွေ မေ့ထား ခေါက်ထား ပြီး
နားနဲ့နားထောင်ပြီး နှလုံးသားနဲ့ ယုံတာပါပဲ။
ကဲ ဘာလို့ ယုံကြတာတဲ့လဲ?
ကိုယ်တို့တွေတကယ်ပဲ သူတို့ ယောက်ျားတွေဟာ ကိုယ့်အရင် မှာ ဘယ်မိန်းမ
ကိုမှ အခုလောက် မချစ်ဘူးဖူး။ ဘယ်မိန်းမ ကိုမှ အခုလောက် မစွဲလမ်း
ဘူးဖူး၊ ဘယ်မိန်းမ အပေါ်မှာမှ သူအခု ကိုယ့်အပေါ် နူးညံ့တာလောက်
မနူးညံ့ဖူးဘူး၊ ဘယ်မိန်းမအေပ်ါမှာ မှ သူအခု ကိုယ့်အပေါ်
ပူပြင်းလောင်မြိုက် နေသလောက် မပူလောင်ဖူးဘူး၊ နောက်ဆုံး
ကုန်ကုန်ပြောရရင် ဘယ်မိန်းမ တယောက်ကို မှ သူ မနမ်းဘူးဖူး
မထိတွေကိုင်တွယ် ဘူးဖူး လို့ပြောလာရင် လဲ ယုံကြတာပါပဲ။
ကဲ တွေးကြည့်ကြပါအုံးလေ။ ဦးနှောက်လေးနဲ့ စိတ်အေးအေးထားပြီး။
ဘယ်ဖြစ်နိုင်ပါ့မလဲ။ သူက ကိုယ့်နဲ့ မတွေ့ခင် အထိ ဘုန်းကြီး
ဝတ်နေတာလဲမဟုတ်၊ တောထဲကနေ ခုမှ လူ့လောကထဲ ကို ပြန်ရောက်လာတာ လဲမဟုတ်။
နောက်တခု က ကိုယ်တွေက ကော အဲ့လောက်တောင်ပဲ စွဲဆောင်မှု
ပြင်းထန်နေပြီလား? တကယ်ပဲ “လိုရှင်း မင်းသမီး” လောက်နီးနီးလှနေပြီလား။
စိတ်အေးအေးထားတွေးပါလေ။
ကဲ နောက်တခု ထပ်ပြောရရင် သူ့အရင် ကောင်မလေးတွေ အမျိုးသမီးကြီးတွေကို
သူက ယောက်ျား ဘာသာဘာဝ ချိုပျားသကာစကားတွေ မပြောခဲ့ရင်၊ မပီမပလာ ခဲ့ရင်၊
လျာရိုးမရှိတိုင်း ညာပြီး အာမရွှီးခဲ့ရင် အရင် သူ့ကောင်မလေးတွေ
အကုန်လုံးက သူဘာမှ မလုပ်ဘဲနဲ့ သူ့နောက် ကို “နောက်ကနေ
တကောက်ကောက်လိုက်၊ အကြောင်းမရှိ အကြောင်းရှာပြီး အိမ်ကို ဖုန်းတွေဆက်၊
လူတွေပြောပြောမကောင်းလဲ ချစ်မှာပဲ” လို့ ဆိုပြီး ဖြစ်နေကြလို့လား။
အဲ့လိုကောင်မလေးမျိုးတွေ မရှိဘူး မပြောပါဘူး ကိုယ့် အမျိုးသား “ကျား”
စကားတွေ ကို ချင့်ချိန်ယုံဖို့ ပြောနေတာပါ။ တီချမ်း ပေါက်ကရတွေ
လျောက်ရေးနေတိုင်း ခေါင်းစဉ် မလွဲသွားနဲ့လေ။
မောင် ချစ်တာ ကမ္ဘာမှာ ကိုယ်တယောက်ထဲပါ။ တလောကလုံးမှာ မောင့်အတွက်တော့
ကိုယ်သာ အလှဆုံးပါ။ မောင် ချစ်တာ ကိုယ်တယောက်ထဲပါ ဆိုပြီး ဗဒင်
သီချင်းဆိုပြလဲ ကိုယ်ဘယ်လို ယုံရမလဲမောင်။ ကိုယ်က တခြား မိန်းမတွေ
လို လှယုံ လှပြီး ဦးနှောက်မရှိတာ မှမဟုတ်တာ။ ကျန်တာတွေအကုန်ဖွဲတွေပါ
ဆိုပြီးတော့ အဲ့ဒီ ဖွဲတွေ ကိုပဲ လက်တဆုပ်မက ၇ အိတ်လောက်
(ဖြစ်နိုင်ရင်) ထမ်းချင်နေ ကြတာ မောင်တို့ ယောက်ျားတွေပဲ ဆိုတာ
ကိုယ်တို့ မေ့လို့ မဖြစ်ပါဘူး။
လျှို့ ဝှက်ချက်တခု ကိုပြောပြရမယ်ဆိုရင်တော့ မောင့်တို့ကို
ကိုယ်မယုံတာ ရှင်းပါတယ်။ အဖြေက မောင်တို့က ယောက်ျား ဖြစ်နေလို့ပဲ။
ဒါပေမယ့် ခက်တာ က မောင်တို့ ယောက်ျားတွေက “မင်းဟာ အားလုံးထဲမှာ
အထူးခြားဆုံး၊ ဘယ်သူတယောက်နဲ့ မှမတူတဲ့ ခံစားချက်တွေကိုယ့်ကို
အပေးနိုင်ဆုံး.....” လို့ ပြောလာတဲ့ အခါတိုင်း
ကိုယ်တို့တွေစိတ်ထဲမှာ သံသယ တဝက်နဲ့ ယုံစားမှု တဝက် အမြဲ ဒွိဟ
ဖြစ်ရပါတယ်။
ဒီတခါ ပြောတာကများ တကယ်ဖြစ်နေမလား။ မောင့် ရင်ထဲက စကား အစစ်အမှန်များလား။
ကိုယ်ဟာ တကယ်ပဲ မောင့် ဘဝ ရဲ့အလင်းရောင်လား၊ မောင့် ဘဝ အဖြေတွေကို
သယ်ဆောင်လာပေးခဲ့တဲ့ နတ်သမီးလေးလား လို့ မောင်တို့ ရဲ့ အပြောတွေ
ကြားမှာ မိန်းမောမူးရီ ယုံမှတ်ထင်ယောင်မှား ရပါတယ်။
မောင့် အရင် ရည်းစားတွေအကုန်က မောင့်ကို အတင်းလိုက်ကြိုက်ခဲ့လို့
သာမောင် က အားနာနာ နဲ့ ပြန်လိုက်လျောရရှာတာနေမှာ။ မောင်က မိန်းမတွေ ကို
ငဲ့ညှာတတ်တဲ့ အခွင့်အရေးမယူ တတ်တဲ့ ရှာမှရှားတဲ့
ယောက်ျား“ကောင်း”မျိုးလေ။
ဒီကမ္ဘာလောကကြီးတခုလုံးမှာ မောင်ချစ်တာ ကိုယ်တယောက်တည်း။ မောင်
အခွင့်အရေး စိတ်လိုလက်ရ ယူချင်တာလဲ ကိုယ်တယောက်တည်း။
အဲ့လိုမျိုးတွေ တွေးပြီးတော့ အဲ့လိုမျိုးတွေ အကြောင်းပြချက်တွေ
ရှာပြီးတော့ ကြံကြံဖန်ဖန် ယုံပေးတတ်တာ ကြည့်ရတာ ကိုယ်တို့ မိန်းမတွေ
ရဲ့ “ရောဂါ” နဲ့ပဲတူပါတယ်လေ။
နောက်ပြီး မိန်းမတွေ အများစုမှာ မသိစိတ်က ဘယ်လောက်ဆိုးတဲ့ ယောက်ျားပဲ
ဖြစ်ဖြစ် ငါ့လက်ထဲရောက်လာရင်တော့ ငါပြင်ရင်ရမှာပါလေ။ ငါ့ကိုတော့
တကယ်ချစ်ရှာတော့ ငါ့စကားနားထောင်မှာပါ ဆိုတဲ့ ကယ်တင်ရှင် သူရဲကောင်း
ဖြစ်ချင်စိတ် ဟာ အနည်းနဲ့ အများတော့ ရှိကို ရှိတယ်။ အဲ့တာ
ကိုယ့်ကိုကိုယ် အထင်ကြီးတာမဟုတ်ဘူး မိခင် စိတ် ကိုအခြေခံတာပါ လို့
ကိုယ်ပြောရင် မောင်တို့ ယုံလိုက်ပါ။
ဒါပေမယ့် တကယ့်တကယ်တော့ အဲ့တာ ရောဂါလက္ခဏာစု ရဲ့ လက္ခဏာ တခုပါပဲ။

မှတ်ချက်။
မနေ့ညက အာကလီး ဘက်တီ ကြည့်နေရင်ဒ စီစင်တူးမှာ သူ စာရေးဆရာတယောက်ကို
အင်တာဗျူးတဲ့ အခန်းပါတယ်။ အဲ့ဒီ စာရေးဆရာက မိန်းမတွေ ကို “လိုက်နည်း”
“အောင်နိုင်နည်း” စတဲ့ ပုရိသ အသားပေ စာအုပ်တွေ ရေးတဲ့ စာရေးဆရာပါ။
ကိုယ်လဲ တွေးမိတယ် ကိုယ်ကကော ဒီလို ဆောင်းပါးလို့ ကိုယ့်ဘာသာ
နာမည်တပ်ထားတဲ့ ဝတ္ထုမကျ အက်ဆေးမကျ စာတွေ လျောက်ရေးနေတာ မိန်းမတွေ ဘက်က
ရေးနေတာလား၊ ယောက်ျားတွေ ဘက်ကရေးနေတာလား။ ယောက်ျားတွေ
ကိုယ့်စာတွေကိုဘတ်ပြီး မိန်းမတွေ အပေါ် ပိုကောင်းစေချင်တာလား။
မိန်းမတွေ ကိုယ့်စာတွေဘတ်ပြီး ယောက်ျားတွေ ကို သတိထား တတ်စေချင်တာလား
မသိတော့ပါဘူး။ အကုန်တော့ နည်းနည်းစီ ရောနေတယ် ထင်ပါတယ်။

ကဲ ဓါတ်လုံးတော့ ပေးလိုက်ပြီနော် လာလေ့ရော့ ကိုယ့်ဘာသာ ဥာဏ်ရှိသလိုသာ
သုံးကြပေတော့။ အားနဲ့ ပစ်ရင် အဝေးရောက်တယ် ရေစိမ်သောက်ရင် သေးပေါက်တယ်။

…………………………………..

ကျားစကား = ပျားစကား

မနေ့က New York i love u....ဆိုတဲ့ ရုပ်ရှင် ကို ပြန်ကြည့်ဖြစ်ပါတယ်။
အဲ့မှာ အီသန်ဟော့ခ် က မက်ဂီ ခရူး ကို ဆေးလိပ်သောက်နေတုံး ပြောတဲ့ အခန်း
ကို ကြည့်ပြီး ယောက်ျားတွေအကြောင်း တွေးမိတာပါ။ သူပြောတဲ့ စကားတွေကတော့
စာဘတ်သူတွေအတွက် ဆင်ဆာပါတဲ့ အတွက် တီချမ်း အတွေး တွေပဲ အသားပေးရေးပါမယ်။
လောကမှာ ပျားသကာလိုချိုတဲ့ စကားမပြောတတ်တဲ့ ယောက်ျား ရယ်လို့ရှိပါသလား?
တချို့ယောက်ျားတွေဆို အချစ်ဇာတ်လမ်းတွေကို ခဏခဏ
လုပ်တတ်လွန်လို့စကားချိုချိုပြောတယ်ဆိုတာ သူတို့အတွက် ထမင်းစား
ရေသောက်။ တခါတခါများ အတန်းထဲမှာ သူငယ်ချင်းတွေ ကြားမှာ ရည်းစားစာရေးနည်း
သင်ပေးတာ၊ စကားလိုက်ပြောနည်း သင်ပေးတာ စသဖြင့်
ဂုရုကြီးတွေကိုဖြစ်နေတဲ့ ယောက်ျားတွေ ရှိတတ်ပါတယ်။
အဲ့တော့ တီချမ်းကလဲ သမီးတွေအတွက် self defense mechanism လို့ခေါ်တဲ့
မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် နားမယောင်မိအောင် နည်းလမ်းလေးတွေ
ပြောပြချင်ပါတယ်။

ယောက်ျားတွေ တော်တော်များများဟာ အရွယ်ကလေး စရောက်တာနဲ့ မိန်းကလေးတွေကို
စာလိုက်ပေး စကားလိုက်ပြော မဟုတ်ရင်လဲ
ကိုယ်တိုင်အတွေ့အကြုံမရှိတဲ့သူတွေကတောင်မှ သူငယ်ချင်းတွေ နဲ့
လက်ဘက်ရည်ဆိုင်ထိုင်ရင် ပြန်ပြောတဲ့ စကားတွေကြား စတာတွေကြောင့် နားရည်ဝ
ပြီး မတတ်ဘူးဆိုတဲ့ ယောက်ျားလေးတောင် အနည်းဆုံးတော့ ကြမ်းပိုး ကို
လိပ်ဖြစ်အောင် ပြောနိုင်ပါတယ်။
သူတို့ တွေက တွေ့ခါစ မိန်းကလေးတွေ ခင်ခါစ မိန်းကလေးတွေကို စကားစပြောတဲ့
အခါ ဒီလိုပြောလေ့ရှိပါတယ်။
“ကိုယ့်ဘဝမှာ မိန်းမတွေအများကြီး ကြုံတွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့်....တခါမှ
တယောက်ကို မှကိုယ်ဒီလောက် အထိ မချစ်ခဲ့ဘူးဘူး”
အပြောခံရတဲ့ မိန်းကလေးမှာတော့ အတွေ့အကြုံသာ မရှိရင် ဆွတ်ပျံ့ ကြည်နူးပြီး
မျက်ရည်တွေတောင် ဝိုင်းလောက်တယ်။ (အကြည်တော်သာဆိုရင်တော့
မျက်ရည်တွေဘူးသီးလုံးလောက်လို့ ရေးပါလိမ့်မယ်)

ထားတော့ ဒါက တကဒ်ပေါ့။

နောက် တနှစ်လောက် ကြာတဲ့ အခါကျတော့ အဲ့ဒီ ယောက်ျားကပဲ အဲ့ဒီ
မိန်းမယောက်ထဲကိုပဲ ဘယ်လို ထပ်ပြောနိုင်သေးလဲ ဆိုတော့.....
“မင်းဟာ ငါတွေ့ ဘူးသမျှ မိန်းမတွေထဲမှာ ပစိပစပ် အများဆုံး မိန်းမပဲ”
ဒါမှမဟုတ်....
“မင်းဟာ ငါတွေ့ဘူးသမျှ မိန်းမတွေထဲမှာ စိတ်ပျက်စရာ အကောင်းဆုံး
မိန်းမပဲ” လို့ ဖြစ်နိုင်ပါတယ်။ မယုံမရှိပါနဲ့။ တကယ်ပါ။
ထားတော့ ဒါကတော့ နောက်တကဒ်ပေါ့နော်။

အဲ့တော့ အဲ့လို မာယာများတတ်တဲ့ မောင်တို့ ယောက်ျားတွေကို
ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ်တို့မိန်းမတွေ ဘာတွေသိထားဖို့ လိုလဲ
ဆိုတာ ကိုယ်တို့ မိန်းမထု အတွက် ပါရာဒိုင်းအပြောင်းအလဲလောက်ကို
အရေးကြီးတဲ့ မေးခွန်း တခု ဖြစ်လာပါတယ်။
(မှတ်ထားကွ ကိုယ်လဲ ပါရာဒိုင်းတွေဘာတွေရေးတတ်ပါတယ်) တကဒ်....

တကယ်လို့ ယောက်ျားတယောက်ကများ ကိုယ့်ကို ......
“တကယ်ပါ ကိုယ်နောက်ထပ် ဘယ်မိန်းမတယောက်ကိုမှ ထပ်ချစ်မိမှာ မဟုတ်ဘူး”
လို့ပြောလာရင် ကိုယ်တို့ မိန်းမတွေ နားလည်ရမှာက ......
သူပြောချင်တာက “လတ်တလော” ”လောလောဆယ်” “ခုချက်ချင်း” စတဲ့စကားစပ်တွေနဲ့
နောက် မိန်းမတယောက်ကို ချစ်မှာ မဟုတ်သေးဘူးလို့ ပြောနေတာပါလား လို့
သဘောပေါက်ရပါမယ်။
တကယ်လို့ယောက်ျားတယောက်က “ကိုယ့်တဘဝလုံး မိန်းမ တယောက်ထဲ ကိုပဲ
ချစ်ဘူးတယ်” လို့ပြောရင် အော်.....သူက အမေ ကို တော်တော်ချစ်တဲ့
သားပါလား လို့ သဘောပေါက်ရမယ်။

ယောက်ျား တယောက်ယောက်ကများ ကိုယ့်ကို “ကိုယ် မင်းကို တသက်လုံး
စောင့်ရှောက်ပါရစေ” လို့ ပြောလာရင်တော့ “သတိ”ဆွဲပါ။

ဘာလို့လဲဆိုတော့ သူတို့ ရဲ့စောင့်ရှောက်မှုတွေ က များသောအားဖြင့်
ကိုယ်တွေက .....

သူတို့ အတွက် အိမ်ထောင်မှု ထိန်းသိမ်းပေးတာ၊
ထမင်းဟင်းချက်ပြုတ်ကျွေးမွေတာ၊ စီးတဲ့ရေတွေဆည်ပေးတာ၊ သူ့ အိမ်သားတွေနဲ့
သူနဲ့ ရတဲ့ ကလေးတွေကို ပြုစုပျိုးထောင်စောင့်ရှောက်ပေးတာတွေ နဲ့
အဆုံးသတ် တတ်လို့ပါ။ သိပ်အရေးကြီးတယ် ဒီအချက်။

ယောက်ျားတွေ ရဲ့ ချိုသကာ ပျားစကားတွေ က သိပ်ပလီပလာ အတည်အတာ ပျစ်ချွဲ
ချိုခဲ နေတတ်ပါတယ်။ ဒါပေမယ့် တချိန်ထဲမှာလဲ ယောက်ျားတွေ ရဲ့ ကတိတွေဟာ
များသော အားဖြင့် လေထုထဲမှာ မှေးမှိန်ပျောက်ကွယ် သွားလွယ်လောက်အအောင်
ပေါ့သွမ်း တယ် ဆိုတာလဲ သတိမူမိဖို့ လိုပါတယ်။ သူတို့ စကားတွေကတိတွေဟာ
အကုန်လုံး လိုလို ပြောလွယ်တယ် မေ့လွယ်တယ်။
ဒီလိုစကားတွေကို အချစ်မှာ ဝေမူးမှိုင်းမှုန်နေတဲ့ ဦးနှောက်မဲ့
မိန်းမတွေသာ ယုံတတ်တာကလား။

ဒါပေမယ့်လဲ အွန်ကွန်ထရာရီ.....အချစ်နဲ့ တွေ့ရင် မမူးတဲ့ မှိုင်းမမိတဲ့
မိန်းမရယ်လို့ ကော လောကကြီးမှာ ကြားဖူးပါသလား.....မိန်းမတွေဟာ
ဦးနှောက်မပါရင် ဟိုဟာပါ စားမယ် ဆိုတာ ရှေးလူကြီးတွေပြောခဲ့တဲ့ စကား
အလကားမဟုတ်ဘူးနော်။ တကယ်လဲ မိန်းမ အများစု တခါတခါ ကိုယ်တွေ ကို ငါဟဲ့
မိန်းမထက် လို့ ထင်တလုံးနဲ့နေနေတဲ့ မိန်းမတွေတောင် အချစ်နဲ့ တွေ့ရင်
တခါတည်း မူးပြီး လည်ထွက်သွားရင် ပိုခက်တတ်တာ အများကြီးကြားဖူး ကြုံဖူး
တွေ့ဖူးတယ်လေနော်။

အဲ့တော့ ကါန်ကလူးရှင်း ရရင် ယောက်ျားတွေ ရဲ့ ချိုသကာ ပျားစကား တွေ က
အခါချိန်ထိ အလုပ်ဖြစ်နေတာ ကိုယ်တို့ မိန်းမတွေ ညံ့နေသေးလို့ ပဲပေါ့။
ကဲ နန်းမတော် မိမိချမ်းတယောက်ကတော့ ငါဟဲ့ အဆိုးမြင် မကြီးဆိုပြီးသကာလ
ရုံးမှာ အားနေတော့ မနေ့ညက တခါပြန် ကြည့်တဲ့ ရုပ်ရှင် ကို
ပြန်မြင်ယောင်ပြီး ဦးခေါင်း ကို အလုပ်ပေး လက်ကလိုက်ရေးနဲ့ ရေးတော့
ရေးလိုက်ပြန်ပြီ မစဉ်းစား မဆင်ခြင်ဘဲ ကောင်းတာ ယူတတ်ရင်တော့
အကျိုးရှိမှာပေါ့။

…………………………………..

ယောက်ျားတို့ရဲ့ သဘောထားများ

နန်းညီ ရဲ့ အတွေးချာလည် ကိုဘတ်ပြီး ကိုယ်လဲ အတွေးတွေ ထပ်ချာလည် သွားပြန်ပါတယ်။

ကိုယ်ရေးတဲ့ စာတွေအများစုမှာ ဆိုရင် အမှန်တရားတွေ (ယောက်ျား
မကောင်းကြောင်း) များပါတယ် လို့ ကိုယ့်ကိုကိုယ်ထင်နေတတ်ပါတယ်။
အဆိုးမြင်နေသလိုတောင် ဖြစ်နေတာလားလို့ ဒါပေမယ့်လဲ ယောက်ျား
ကောင်းဆိုတာ က မတွေ့မိသလောက်ရှားနေပြန်တယ်။ တော်ရင် မောက်မာ ဂုဏ်
မာန်တက် မတော်ရင် ညံ့ မညံ့ရင် ဖျင်း မဖျင်းရင် ပျင်းဆိုသလိုတွေချည်းပဲ။
အခု မိညီမ ရဲ့ အတွေးတွေကို ဘတ်မိတော့ ထပ်ဆင့်တွေးမိတာတွေ
ရှိလာပြန်ပါတယ်။
ယောက်ျားတွေ ရဲ့သဘောထားတွေပေါ့။ ကောင်းတယ်ဆိုးတယ် သတ်မှတ်တဲ့ သဘောထား။
သင့်တော်တယ် တည့်မှန်တယ် ဝေခွဲပိုင်းခြားတတ်တဲ့ သဘောထား၊ မြင့်မြတ်တဲ့
နိမ့်ကျတဲ့ သေးသိမ်တဲ့ သဘောထား စတာတွေကို မီးခိုးကြွက်လျောက် လျောက်
စဉ်းစားဖြစ်ပါတယ်။
ဥပမာ တခု ပြောရရင် ယေဘုယျ အားဖြင့် တပြိုင်တည်းမှာ ကောင်မလေး အများကြီး
ထားတဲ့ ယောက်ျားက တပြိုင်တည်း ကောင်လေး အများကြီး ထားတဲ့ မိန်းကလေးတွေ
ထက်များတာ အမှန်ပဲ။
ကိုယ် လူကြီးတယောက်ကို သိတယ်။ မိန်းမရှိတယ်။ မယားငယ်လဲရှိတယ်၊
ကြားထဲမှာ “ကောင်မလေး” ဆိုတာတွေလဲရှိတယ် ပြီးတော့
ကြေးစားကောင်မလေးတွေဆီလဲ ခဏခဏ သွားတယ်။ သူနဲ့ သူ့ပတ်ဝန်းကျင်က
လူတွေအတွက်၊ သူ့ သူငယ်ချင်းပေါင်းအသင်းတွေအတွက် ဒီကိစ္စတွေဟာ
ထမင်းစားရေသောက်ဘာမှ မထူးခြားသလိုပဲ။
ကြည့်ရတာ ယောက်ျားတွေ ရဲ့သဘောထားက ကြေးစားသွားရှာတာ သေးသိမ်တဲ့
အလုပ်လို့ မခံယူဘဲနဲ့ ကြေးစားကို စားပြီး ပို်က်ဆံမပေးတာက မှ
သေးသိမ်တယ် လို့သတ်မှတ်သလား မသိ။ ကိုယ်တောင် တကယ်တာဝန်မယူနိုင်ဘဲ
ရည်းစားနဲ့ နေတာ ထက်စာရင် ကြေးစားရှာတာ ကို အားပေးပါတယ်။ ဒါပေမယ့်
မိညီရေးသလိုကြေးစား ရှာပြီး ပိုက်ဆံတောင် မပေးဘဲ ကားပေါ်က
ကန်ချတယ်ဆိုတော့ တော်တော် ကို သေးသိမ်ညံ့ဖျင်းတဲ့ ထဲရောက်သွားပြီ။
တကယ်ပါ ကိုယ် အရင် က တိုးဂိုက်လုပ်ဖူးတော့ ကြေးစားကောင်မလေးတွေနဲ့
ဒွေးရောယှက်တင် မောင်နှမတွေ လိုကို နေဖူးပါတယ်။ ကိုယ်က သမီးလေးတွေလို
သဘောထားတာပါပဲ။ တခါတခါ မြန်မာပြည်မှာ အဲ့ အလုပ်လုပ်ရတာ တော်တော်
ကိုခက်တယ် ခဏခဏ ကြားရတယ် တယောက်ထဲပါလို့ပြောပြီး ခေါ်ကြ ပြီးတော့
အုပ်စုလိုက်လုပ်ကြတာ။ သူများတွေလဲ ပိုက်ဆံရှာနေတာပဲ
ကို်ယ်ချင်းစာသင့်တယ်။ အဲ့တာ လုပ်အား အမြတ်ထုတ်တာထက်ပိုဆိုးတာပဲ။
နောက်ပြီး ကိုယ်တွေ့ဖူးသလောက် အဲ့တာမျိုးက မြန်မာပြည်မှာဘဲ ရှိတယ်။
တွေးကြည့်ရင် ပြောစရာတွေအများကြီး ထွက်လာအုံးမှာ။
တချို့ ယောက်ျားတွေ သူများ မယားကို ကြာခိုတော့ ပြုံးပြုံး နဲ့
ပြောလိုက်သေးတယ် ဒုသနသော ကို ဘာတဲ့ ဒုတိယ ယောက်ျားက သေတော့
သောတပန်တည်တယ်ဆိုပဲ အဲ့လို ယောက်ျားမျိုးပဲ ကိုယ့်မယား ပါသွားတော့မှ
တုတ်တပြက်ဓါးတပြက်တွေဖြစ်တာ။
ယောက်ျား ကောင်းတော့ မောင်းမ တထောင်တဲ့ မိန်းမတယောက်များ
ရည်းစားများမိရင် မိန်းမပျက် လောက်ကို အပြောခံရတာ။ ရှိသေးတယ်
ယောက်ျားတွေ နှာဘူးထတာ အဲ့တာ ယောက်ျား စစ်လို့တဲ့။ ယောက်ျားတွေ
ရည်းစာများရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တဲ့ မိန်းမတွေ
ရည်းစားများတော့ မျက်နှာများတာတဲ့ အရပ်ပျက်တဲ့။

ဒါပေမယ့် သေချာတာ တခုတော့ ရှိတယ် အဲ့လို သဘောထားတွေ ရှိတတ်တဲ့
မဟာယောက်ျားတွေပဲ သဘောထားပြောင်းသွားတဲ့ အချိန်လေ။ အဲ့တာကတော့
သူတို့အိမ်ထောင်တွေဘာတွေကျလို့ သမီး မိန်းကလေး မွေးလာတဲ့ အချိန်ပေါ့။
အဲ့အခါကျတော့ သူတို့လူပျို လူလွတ်ဘဝ က ထားခဲ့တဲ့ သဘောထားတွေ သူတို့
သမီး ကို လာပတ်မယ့် ကောင်လေးတွေကျရင် ဘယ်လို သဘောထားနိုင်မလဲ
ကြည့်ချင်ပါသေးတယ်။ အော် နောက်ဆုံးတော့လဲ ကာလဝိပတ် နောက်ပိုးတက်ပဲလေ။
...............................

(http://nangnyi.blogspot.com)

အတွေးချာလည်

ခုတလော ဟိုတွေးဒီတွေး တွေးနေမိတာ.. မိန်းမတွေရော ယောက်ျားတွေရောကို
စိတ်ဓာတ်ပြည့်ဝစေချင်တဲ့အကြောင်းပါ.. ယောက်ျားမို့ စိတ်ဓာတ်ပြည့်ဝရမယ်
သဘောထားကြီးရမယ်.. မိန်းမဆိုတာ စိတ်ဓာတ်သေးသိမ်တယ်လို့
သတ်မှတ်ခံရတာကိုလည်း မနှစ်သက်နိုင်ပါဘူး.. စိတ်ထားပြည့်ဝတဲ့ မိန်းမတွေ
များသလို မိုက်ရိုင်းယုတ်ညံ့တဲ့ ယောက်ျားတွေလည်းရှိတာပါပဲလေ.. ကိုယ်ကတော့
မိန်းမ ယောက်ျားရယ် မခွဲခြားတတ်.. လူလို့ပဲ တွေးပါတယ်.. တကယ်ပါ.. ဒီလို
ရောက်တတ်ရာရာတွေ တွေးဖြစ်တာက ညတစ်ည ကြုံရတဲ့အကြောင်းတစ်ခုကနေ စပါတယ်..
ဟိုနေ့က အိဖူးနဲ့ နန်းညီ နှစ်ယောက်သား ရွှေဂုံတိုင် လင့်လမ်း မှတ်တိုင်ကနေ
coffee circle ကို လမ်းလျှောက်သွားကြတယ်.. ရန်ကုန်က လူတွေကတော့
သိကြမှာပေါ့.. coffee circle ဆိုတဲ့ ဆိုင်က မှတ်တိုင် တဝေးတလံကြီး
နှစ်ခုကြားထဲမှာဆိုတော့ တက္ကသီလာမှ ငှားမစီးရင် ရှေ့တည့်တည့်ရောက်ဖို့က
ခဲယဉ်းတယ်လေ.. အဲ့ဒိနေ့ညကတော့ ည ၇ နာရီခွဲလောက်.. နေလည်းမပူ မိုးလည်းမရွာ
အေးအေးလူလူဆိုပြီး နှစ်ယောက်သား လျှောက်ကြတာ..
မှတ်တိုင်ဘက်ခြမ်း ကားလမ်းကနေ ဟိုဘက်ကားလမ်းကို ကူးလိုက်တဲ့အခါ အဲဒိဘက်
ပလက်ဖောင်း ခပ်မှောင်မှောင်အရိပ်ထဲမှာ လူ ၃ ယောက် ၄ ယောက်လောက် ရှိနေတာ
အနားကပ်မှ သတိထားမိတယ်.. အော် - ဘာဖြစ်လဲပေါ့.. သူတို့ရှိလည်း
ကိုယ်လျှောက်စရာ ရှိတဲ့လမ်း လျှောက်မယ်ဆိုပြီး..
ဒါပေမယ့် အဲ့လူတွေက ကိုယ်တို့ ဖြတ်လည်းသွားရော ပါးစပ်တွေက အငြိမ်မနေ
ပေါက်ကရတွေ ပြောပါတော့တယ်.. ပြီးတော့ နောက်နား ခပ်လှမ်းလှမ်းကနေ
လိုက်လျှောက်လာကြတယ်.. ရိုးအီနေပြီပဲ ပြောရမလား.. ဒီအနေအထားမျိုး
ဖြေရှင်းတတ်တယ်ပဲ ပြောရမလား.. မိန်းကလေးတွေကို ပေါက်ကရ စ နောက်တတ်သော
ယောက်ျားအများအပြားကို ခဏခဏကြုံနေရတော့ နှစ်ယောက်သား အထူးအထွေတော့
မတုန်လှုပ်မိ.. ဒါပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်တာပေါ့လေ.. အဲလိုနဲ့
ဆက်လျှောက်လာရင်း သူတို့နဲ့ သိပ်တောင် မဝေးသေးခင် မျက်နှာချင်းဆိုင်ကနေ
ကောင်လေး ၄ ယောက် ပလက်ဖောင်းပြည့် စီတန်းပြီး လျှောက်လာနေပြန်ရော..
နှစ်ယောက်သားက ခုနကတည်းက စိတ်နည်းနည်း ခု လာတော့ ရှောင်ဖို့ထက်..
မရှောင်ဘူးဟာ နင်တို့ဖယ် ဆိုတဲ့ မျက်နှာပေး မျက်နှာတင်းတင်းကြီးတွေနဲ့
သူတို့ ကြားကပဲ ဖြတ်ဖို့ ကြံရွယ်ပြီး ဆက်လျှောက်လာခဲ့တယ်.. ဒါပေမယ့်
အနားကပ်မှ မမျှော်လင့်ပဲ.. "အမ တို့ ပါလား.. ဘယ်သွားမလို့လဲ"လို့
တရင်းတနှီးကြီး နှုတ်ဆက်သံကြားလို့ မော့ကြည့်တော့မှ .. ကိုယ်တို့ တိုက်
အပေါ်ထပ်မှာနေတဲ့ ကောင်လေးဖြစ်နေတယ်.. အသက် ၂၀ လောက်ကောင်လေး.. သူငယ်ချင်း
၃ ယောက်နဲ့.. ကိုယ်တို့ကို မြင်ရင် အရင်က နှုတ်ဆက်လေ့ မရှိပေမယ့် ခုတော့
ညဘက်လည်းဖြစ်နေ.. သူ့ သူငယ်ချင်း ကောင်လေးတွေနဲ့လည်းဖြစ်နေ..
နောက်ဘက်နားက ကပ်ပါလာတဲ့ ယောက်ျားတွေလည်းမြင်တော့ ကူညီတဲ့အနေနဲ့လို့ပဲ
ပြောရမလား.. တရင်းတနှီး လှမ်းနှုတ်ဆက်လိုက်တဲ့ စိတ်ဓာတ်ကလေးက
ချစ်စရာကောင်းလိုက်တာ..
ကိုယ်တို့လည်း ပြန်ပြုံးပြလိုက်ပြီး တမင်ပဲ ခဏရပ်လိုက်..
"ကော်ဖီဆိုင်သွားမလို့.. အောင်ကိုလွင် ဘယ်က ပြန်လာတာလဲ"လို့ မေး.. သူ့
ဘေးက သူငယ်ချင်းကောင်လေးတွေကပါ ရည်ရည်မွန်မွန်လေးတွေ ပြုံးလို့..
ကိုယ်တို့နဲ့ ခပ်လှမ်းလှမ်းက ပါလာတဲ့ယောက်ျားတွေ ကြားမှာ သူတို့ ၄ ယောက်က
ကာပြီး ရပ်လိုက်ကြသေးတယ်.. ဟိုလူတွေ နဂိုထိုင်နေတဲ့ နေရာမှာပဲ
ပြန်ထိုင်နေတာတွေ့တော့မှ သူတို့လည်း နှုတ်ဆက်ပြီး ဆက်လျှောက်သွားလေရဲ့..
အိဖူးနဲ့ ကိုယ် .. စိတ်လက်ကြည်သာစွာ ဆက်ပြီး လမ်းလျှောက်လာနိုင်တာ..
ကျေးဇူးတင်စရာ.. သူ့အတွက်လည်း အပန်းမကြီးပေမယ့် အားလုံးစိတ်ကျေနပ်စရာ
ဖြစ်သွားရတာ.. တခါတလေ ကိုယ့်ဘက်က အမှတ်မထင် ကူညီလိုက်တာဟာ သူတဖက်သားအပေါ်
အများကြီး အထောက်အကူဖြစ်ပါတယ်.. ကူညီဖို့ ဝန်မလေးပါနဲ့..
လမ်းဆက်လျှောက်ရင်း တွေးမိလာပြန်တာက.. တစ်ရက် ကိုယ်ရယ် မထိုက်ရယ် မဖြူရယ်
မိန်းကလေး ၃ ယောက်ထဲ ထိုင်နေရာကို အမူးသမားတစ်ယောက် လာပြီး
ရစ်နေတဲ့အကြောင်း.. ခပ်လှမ်းလှမ်းက ယောက်ျားလေးတစ်အုပ်ဟာ သူတို့နဲ့
မဆိုင်သလို မျက်စိကြောင်တောင်နဲ့ ကြည့်နေနိုင်တာ အံ့သြခဲ့ရတဲ့အကြောင်း..
ကူညီဖို့ ရှက်တာလား .. ကူညီဖို့ စိတ်ကူးကိုမရှိတာလား..
ကြောင်တယ်ထင်တာလား.. ဘာလဲမသိလို့.. အဲ့ဒါတွေ တွေးနေခဲ့တယ်..
ပြီးတော့ ကိုယ်တိုင် ကြားရတဲ့ အဖြစ်အပျက်တစ်ခု.. ယောက်ျားကြီး ၆ ယောက်က
.. ကိုယ်ခန္ဓာကို ရင်းပြီး အလုပ်လုပ်စားတဲ့ ကောင်မလေးတစ်ယောက်ကို
အခကြေးငွေ ၈ ထောင် မပေးဘဲ ကားပေါ်က တွန်းချတဲ့ အဖြစ်အပျက်တစ်ခု..
ကောင်မလေးက သက်ဆိုင်ရာကို တိုင်တဲ့အခါ.. (ကျမ ဒါနဲ့ လုပ်စားတယ်..
မှန်ပါတယ်.. ကျမ မရှက်ပါဘူး.. ဒါနဲ့ မိဘကို ရှာကျွေးနေတာပါ.. ခုက ငွေလေး
၈ ထောင်ကို မပေးဘဲ ကားပေါ်ကပါ တွန်းချလို့ တိုင်တာပါ) လို့ ပြောတဲ့
အဖြစ်အပျက်ပေါ့..
ပညာနိမ့်တာ.. ငွေကြေးနိမ့်ပါးတာ.. လူနေမှု နိမ့်တာတွေထက် ..
စိတ်ဓာတ်နိမ့်တာက ပိုဆိုးပါတယ်..
စိတ်ဓာတ်နိမ့်တာဟာ ပညာနိမ့်တာနဲ့လည်း သက်ဆိုင်တယ်ယူဆပါတယ်..
ခုခေတ်ကျတော့.. ပညာနိမ့်တာဟာ ငွေကြေးနိမ့်တာနဲ့လည်း
သက်ဆိုင်လာပြီထင်ပါရဲ့..
ဟိုတွေးဒီတွေးနဲ့ လုံးလည်ချာလည်လိုက်လာ.. တွေးမဆုံးအောင် တွေးရတာ
အတော်တော့ ပျော်စရာကောင်းပါရဲ့.. တွေးမိသမျှလေးတွေ
လျှောက်ဖမ်းရေးလိုက်တာ.. မဟုတ်ရင် ကိုယ့်ဘာကိုယ် ဘယ်နေ့က ဘာတွေးတယ်တောင်
သိတော့မယ်မဟုတ်.. တစ်ယောက်နှစ်ယောက်လောက် ဆက်တွေးပြီး
လုံးချာလိုက်နေမယ်ဆိုလည်း ဝမ်းသာစရာပေါ့..

………………………………….

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>