Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

အမူးသမား၄၃ပါး

$
0
0

အမူးသမား….. ၄၃ ပါး …... အများသိစေအပ်

၁) ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ



၂) ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံ အားပေးသူ



၃) ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ



၎) မျောက်မူး....ခုန်ချင်ပေါက်ချင် ကချင်လာသူ



၅) ၀က်မူး....တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ



၆) ဆက်ရက်မူး..... အဆက်မပြတ် တော်ကီလွှတ်သောသူ



၇) တောက်တဲ့မူး.....ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ



၈) နွားမူး....မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ



၉) ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ်
လုပ်သည်များကိုဘာမျှမမှတ်မိဟု ပြောတတ်သူ



၁၀) မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ
(လုပ်စရာရှိသည်များကို မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်)



၁၁) သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ



၁၂) ခိုမူး ....မူးလာရင် မပြေလည်တဲ့အကြောင်းတွေပြောပြီး

ညည်းတတ်သူ



၁၃) ငုံးမူး ......ကြက်မူးလောက်မဆိုးပေမ ယ့် မူးလာရင် အနှိပ်ခန်းလေး
၊ကေတီဗီလေး သွားဖို. စည်းရုံးတတ်သူ.....



၁၄) ကြွက်မူး.....မူးလာရင် သူများပစ္စည်းတွေကားသော့၊ ဟန်းဖုန်း၊
ဖိနပ်စသည်တို.ကိုလိုက်ဖွက်ထားတတ်သူ....



၁၅) ဥသြမူး...မူးလာလျှင်နာမည်တခုကိုထပ်ခါထပ်ခါခေါ်ကာငိုချင်းချတတ်သူ...



၁၆ ) မျောက်မူး - မူးလာရင် ဟိုဆိုင် ဒီဆိုင် ၊ ဟိုဟာ မှ ဒီဟာ သို့ ကူးချင်သူ



၁၇ ) ကြွက်မူး -  မူးလာရင် အိမ်က မိန်းမမသိအောင် ၊ ဟိုစပ် စပ် ဒီစပ်စပ်
အကုန်လုပ်ချင်သူ ( ခိုးစားချင်သူ )



၁၈) ခြင်္သေ့မူး - မူးလာပါက လူတကာကို ဟိန်းလားဟောက်လား နှင့် သတ္တိကောင်းလာသူ



၁၉) ခွေးအမူး - မူးလာပါက ကေတီဗွီ ဆိုင်ကို သွားပြီး အူချင်သူ
(အိမ်မပြန်ချင်ဘူး ၀ူး  ၀ူးးးးး )



 ၂၀) ကြောင်မူး - မူးလာပါက မိန်းကလေးများနှင့် ပွတ်သီးပွတ်သပ် နေချင်သူ



၂၁) လဒမူး - မူးလာလေလေ မှိုင်လာလေလေ ဖြစ်လာသူ



၂၂) တောခွေးမူး - မူးလာပြီး ဘော်ဒါစုံပါက အဖွဲ့အားကို နဲ့ မိုက်ချင်သူ



၂၃) ဖားကပ်မူး - မူးသာမူးပြီး  အိပ်ထဲက ပိုက်ဆံကို မထုတ်သူ



 ၂၄ ) အိမ်မြှောင်မူး - မူးလာပါက ဆုံးရှုံးခဲ့သမျှကို စုတ်သတ်ပြီး ညည်းညူတတ်သူ



၂၅) တောဝက်မူး - မူးလာပါက မြင်မြင်သမျှ အစွယ်နှင့် လိုက်ပက်သကဲ့သို့ရန်ရှာတတ်သူ



၂၆)ပုတ်သင်မူး...မူးလာလျှင်ဘယ်သူပြောပြောမပြောပြောခေါင်းတညိမ့်ညိမ့် လုပ်နေတတ်သူ...



၂၇) ဖားပြုတ်မူး...မူးလာလျှင် မျက်ခွံတ၀က်စင်းထားကာ
ပါးစပ်ကိုပြုံးဖြီးဖြီးကြီးလုပ်-  ဆရာလိုလို သဘာလိုလို

မိန့်မိန့်ကြီးထိုင်နားထောင်နေတတ်သူ။



၂၈) ခွေးမူးနောက်တမျိုး - မူးလာလျှင် မြင်မြင်ရာကားဘီး လမ်းဘေးသစ်ပင်၊
ဓါတ်တိုင်၊ အခန်းထောင့်တို့ကို ရှူရှူးပေါက်တတ်သူ။



၂၉)  မြင်းမူး - မူးလာလျှင် တဟီးဟီး တဟားဟား ရယ်တတ်သူ



၃၀)  ငှက်မူး - မူးလာရင် ငှက်ကဲ့သို ပျံတော့မတတ် တက်ကြွသူ



၃၁) ပုရွက်ဆိတ်မူး - မူးလာလျှင် အလုပ်ကို မရပ်မနားတန်း လုပ်တတ်သူ



၃၂) ဆင်မူး - မူးလာလျှင် လမ်းမှန်းမသိ ခြုံမှန်းမသိ တိုးချင်းရာ တိုးသူ



၃၃) ကျွဲမူး - မူးလာရင် မကြာခဏဂုတ်ပိုးရေဆွတ် မျက်နှာသစ် လုပ်တတ်သူ



၃၄) သမင်မူး - မူးလာပါက သမင်ချိုခက် တ၀င့်ဝင့် လုပ်သကဲ့သို့
ပိုင်ဆိုင်သမျှကြွားတတ်သူ



၃၅) လိပ်မူး - မူးလာပါက လိပ်ကဲ့သို့ လုပ်သမျှ ပြောသမျှ နှေးကွေးသွားသူ



၃၆) ပက်ကျိမူး - မူးလာရင် ဂျီကျ ချွဲနွဲ့တတ်သူ



၃၇) ပိုးဖလံမူး - မူးသွားပါက ကိလေသာမီး တိုးချင်သောသူ



၃၈) စပါးကြီးမြွေမူး - သောက်ဖော်သောက်ဖက်များကို ရစ်ပတ်ပြီး ပြသနာရှာသောသူ



၃၉) သာလိကာမူး - မူးလာလေ စကားပြောလာလေလေ ဖြစ်သောသူ



၄၀) ဆော်လမွန်ငါးမူး - ဘယ်လောက်မူးမူး အိမ်ပြန်ချိန်တွင် အိမ်ကိုအရောက်ပြန်သူ



၄၁) ချေမူး - မူးလာပါက ချေ ( ဂျီ ) တစ်ကောင်ကဲ့သို့ အရာရာကို ကြောက်လာတတ်သူ



၄၂) ဇီးကွက်မူး - မူးလာလျှင် မျက်လုံးပြူးပြူး နှင့်ကြောင်တောင်တောင်
လိုက်ကြည့်နေတတ်သောသူ



၄၃) လင်းဆွဲမူး - မူးလာပါက ထိုင်နေလျှက် ကြမ်းပြင်ပေါ် ခေါင်းစိုက် သွားတတ်သူ

ခွေးသားရေ တောင် မလောက်ဝူး..

$
0
0

နှစ်သစ်ကူးပြီ ပေါ့နော်..ပြောရမယ် ဆိုရင်တော့ သင်္ကြန် ရောက်တာပေါ့။။။။။

လူတွေ ပျော်ကြတယ်လေ။။။

အဲလို လူတွေ ပျော်နေတာကို သိကြားမင်း ဦးမာလ ပေါ့နော်..

ခွေးသားရေကို ယူပြီး..အရက်သောက်တဲ့ သူတွေကို မှတ်ဖို့တဲ့..

လူ့ပြည့်ကို ဆင်းလာတယ်လေ။။။။။။။။။။။။။

ဒါပေမယ့်လေ။။။။ဒါပေမယ့်ပေါ့။။။။

လူ့ပြည်နဲ့ နတ်ပြည့် တက်လိုက်ဆင်းလိုက်နဲံ့ပေါ့။။။

ဒါကို နတ်သားတွေက တွေ့တော့ မေးတာပေါ့။။။။။။(မတိရင်မေး...မစင်ရင်ဆေးတဲံ့လေ)

နတ်သား။။။။။။။။အို အလို ဖသိကြားမင်းဦးမာလ အဘယ်ကြောင့် လူ့ပြည့်နဲံ့ နတ်ပြည် တက်လိုက် ဆင်းလိုက် လုပ်နေသနည်း...

ဦးမာလ။။။။။။။။။အို ချစ်သား..ဒီလိုကွယ့်။။။လူပြည့်ကို ဒီလို အခါကြီး ရက်ကြီးတွေမှာ အရက်သောက်တဲ့သူတွေကို ခွေးသားရေနဲ့  မှတ်ဖို့...

                     ဆင်းရတယ်ကွဲ့။။။တက်လိုက်ဆင်းလိုက် လုပ်နေတယ် ဆိုတာကသင်္ကြန်မှာ အရင်သောက်တဲ့သူတွေကို မှတ်ရတာ

                    ခွေးသားရေသာ ကုန်သွားတယ် အရက်သောက်တဲ့ သူတွေက မကုန်သေးလို့ ခွေးသားရေကို လာလာယူနေရလို့ 

                   အခေါက်ရေ များသွားတာပါ။။။။။။။။။

မှတ်ချက်။။။။။။။...အခုဆို သိကြားမင်းရဲံ့ သတင်းကို ကြားလို့.

               SKYNET့ က အင်တာနက် အလုံး ငါးဆယ်လှူသွားတယ်တဲ့....ကြားမိကြလား..။။အခုကြားပြီနော်...

                  အနော်ရေးသားထားသော  အကြောင်းအရာများ မှန်ကန်ပါသလား။။။။

သတိ။။။။နာ့စာကို ဖတ်ပီး..မှတ်ချက်မပေးတဲံ့သူ အရူး။။။။။

                          စာရေးဆရာ။။။။ပြည့်စုံ(နတ်ဆိုးလေး)

၉ နှစ်အရွယ်ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

$
0
0

၉ နှစ်အရွယ်ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ကျွန်တော်ဟာ ပုံမှန်အားဖြင့်တော့ အပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလားနဲ့ ပျော်ပါးရတာထက် တစ်ယောက်တည်းနေပြီး စာအုပ်တစ်အုပ်နဲ့ ငြိမ့်နေရတာကို အာသာတွေ့နေတတ်တဲ့သူပါ ။ ဒါပေမယ့် FaceBook ဆိုတဲ့ လူမှု့ကွန်ယက်ကြီး စတင်ထိတွေ့လိုက်ကတည်းက အလုပ်အားတာနဲ့ FaceBook ကနေမခွာနိုင်အောင်  ဖြစ်နေရတာနဲ့  စာအုပ်ကို အရင်ကလို စွဲစွဲလန်းလန်း မဖတ်ဖြစ်တော့တာကြာပါပြီ ။ ဒါပေမယ့် ကျွန်တော်ဟာ Tablet တို့ Smart phone တို့သုံးတာမဟုတ်တဲ့အတွက် ခရီးသွားတဲ့အခါမတော့ FaceBook  ကနေ ခွာခွင့်ရပါတယ် ။ အဲလိုခွာခွင့်ရတဲ့ အခါလောက်မှသာ စာအုပ်ဖတ်ဖြစ်ပါတော့တယ် ။ ဒါနဲ့မနေ့က ဘုန်းကြီးကျောင်းကိုသွားရင်းနဲ့ လမ်းမှာဖတ်ရအောင် “ သူရဇ္ဇ ” မဂ္ဂဇင်း ဝယ်ဖြစ်ခဲ့ပါတယ် ။ အဲဒီထဲက စာရေးဆရာစုံ ရေးတဲ့ဆောင်းပါးလေးတွေဖတ်ရင်းနဲ့ “ ဆရာ ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) ရဲ့ ( ၉ နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ ) ” ဆိုတဲ့ဆောင်းပါးလေးကို ဖတ်ပြီး အတုယူစရာ တွေးစရာလေးတွေ တော်တော်ရလိုက်တဲ့အတွက် Face Book မှသိကျွမ်းတဲ့ စာဖတ်ဝါသနာပါသူ သူငယ်ချင်းတွေကိုလည်း မျှဝေခံစားချင်တာနဲ့ လက်ညောင်းခံပြီး ရေးတင်လိုက်ပါတယ် ။ ကျုပ် အဘဆရာ အတ္တကျော် ပြောသလို စာဖတ်သူ ကျွန်တော်ရေးတဲ့စာကိုဖတ်ရင်း အတွေးပွားဖြစ်ရင်ဖြင့် ရေးရသူ ကျွန်တော်ပျော်ပြီ ဆိုသလို စာဖတ်သူ သူငယ်ချင်းတွေလည်း ဒီစာကိုဖတ်ပြီး အတွေးလေးရရင်ဖြင့် ကျွန်တော် လက်ညောင်းခံရကျိုးနပ်ပါပြီဗျာ …. ။

 

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမား မြို့မှာ ရဲအဖြစ် ဝင်ရောက်လုပ်ကိုနေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုး က ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ….ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤ သည် မရွေး ရေးလိုက်ပါ့မယ် ။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်မား ကြံ့ခိုင်မှု့ ပြယုဂ် သာဓဂ တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အားပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ်ပြကွတ်တစ်ခုလည်းဖြစ်သည် ။ ၄င်းကို နယူးအမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစားတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -

                 အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ် ။ ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ်

ဖွင့်လိုက်ရင်လည်း လူသေတွေပဲမြင်နေရတယ် ။ ကျွန်တော်တို့အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ်ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာဆက်လုပ်နိုင်မယ် ။ ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ပါဘူး စားနပ်ရိက္ခာခွဲတမ်းလည်း ကုန်သလောက်ဖြစ်နေပါပြီ ။ ကျွန်တော်တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင်ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်းကြီးရေးနိုင်လောက်ပါတယ် ။ ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူအပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ်ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။

 

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။

 

ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပါတစ်ခုရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ်ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူသင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်းတစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီပေးဖို့ပါ ။ စားစရာဝေတာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။

 

ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့်ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။ ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတဲ့ အခါမှာ  မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး  မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထားတဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်ကထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကိုပေးရင်း  ညီလေးအလှည့်ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေပေးတယ် ။ သူချက်ချင်း စားလိမ့်မယ်ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာထုပ်ကိုယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်းထိယူသွားပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကိုထည့်လိုက်တယ် ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့မစားပဲနဲ့ စားစရပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့တဲ့

 

ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည်ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ်တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည်သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။

 

အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ

ဟာမင်းသန်း ( Ha Minh Thanh )

စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်

 

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

 

၁ တည်ငြိမ်မှု့

 ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။

 

၂ ဂုဏ်သိက္ခာ

ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။

 

၃ စွမ်းရည်

သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည် အဆောက် အအုံများသည် ယိုင်းရိုင်သွားသော်လည်း ပြိုမကျ ။

 

၎ ထောက်ထားညှာတာမှု့

လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

 

၅စည်းကမ်းသေဝပ်မှု့

ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။

 

၆ အနာခံမှု့

နူကလီးယားဓါတ်ပေါင်းဖိုများတွင်  ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည်နောက်ချန်နေခဲ့သည် . ( ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း ။

 

၇ ကြင်နာယုယမှု့

စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်သည်။

 

၈ လေ့ကျင့်ထားမှု့

သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံးကြသည် ။

 

၉ မီဒီယာ

သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်းသိမ်းသိမ်းရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။

 

၁၀ အသိစိတ်

စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည် ။

 

ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁

 

ရွာမှာဆိုရင် တစ်အိမ်က ဟင်းကောင်းချက်ရင် ကျန်တဲ့အိမ်နီးချင်းတွေကို မျှပေးတတ်တဲ့ ဓလေ့ထုံးစံ အရ FaceBook မှာ သူတို့ရေးတဲ့စာလည်း ကိုယ်ဖတ် သူ့ကိုမတဂ်ဖြစ်ရင်လည်း လာဖတ်ဖြစ်တဲ့ သူငယ်ချင်းတွေ တဂ်ပေးလိုက်ပါတယ် တဂ်ရမှာ ကျန်သွားသူများရှိလျှင်လည်း စိတ်မရှိပါနဲ့ဗျာ …

 

*မိဘဂုဏ်ကျေးဇူး အထူးသိစရာ သံဝေဂလင်္ကာ*

$
0
0

*မိဘဂုဏ်ကျေးဇူး အထူးသိစရာ သံဝေဂလင်္ကာ*

• ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း စာအုပ်ထဲတွင် ကျွန်တော်ဖတ်လိုက်ရသည့် မိဘများ ဂုဏ်ကျေးဇူးကို မသိဘဲ တာဝန်ပျက်ကွက်သူများကို သတိသံဝေဂ ရစေရန် မြတ်စွာဘုရားကိုင်တော်တိုင် စီမံပေးတော်မူ ခဲ့သော ကဗျာလေးတစ်ပုဒ် ဖြစ်ပါသည်။ ထိုသံဝေ ကဗျာလေးမှာ- • သူတို့လေးယောက် ဖွားမြောက်လာကတည်းက ငါ ၀မ်းမြောက်၏။ သူတို့ တစ်စတစ်စ လူလားမြောက်လာသည်ကို ငါ နှစ်လို၏။ သို့ပါလျက် သူတို့က မယားနှင့် အလိုတူ အလိုပါပြုကာ ငါ့ကို အိမ်မှ နှင်ထုတ်ကြ၏။ ၀က်ကို ခွေးတွေ ဟောင်သကဲ့သို့ပင် ဖြစ်၏။ • မိုက်ရိုင်းယုတ်မာလှသော မြေဖုတ်ဘီလူးတို့သည် သားယောင်ဆောင်၍ ငါ့နား ကပ်လာကြ၏။ ဖေဖေ ဖေဖေဟု ပလီပလာ ဆိုလာကြ၏။ ထိုသို့ ပလီခဲ့သူတို့ကပင် သေခါနီးသော ဖခင်ကြီးကို ရက်ရက်စက်စက် စွန့်ပစ်ကြကုန်၏။ • ခိုင်းစေ၍ မရနိုင်တော့သော မြင်းအိုကြီးကို စားခွက်မှ ဆွဲထုတ်ကြသကဲ့သို့ သားဆိုးသားမိုက်တို့ ဖခင်အိုကြီးမှာလည်း အိမ်မှ နှင်ထုတ်ခံထားရသဖြင့် အိမ်တကာလည်၍ တောင်းစားနေရ၏။ • ငါလက်ထဲက တောင်ဝှေးသည် အဘစကား နားမထောင်သော သားလေးယောက်ထက် မြတ်ပါသေး၏။ ဤတောင်ဝှေးသည် နွားဆိုးတို့ကိုလည်း ကာကွယ်ပေး၏။ ခွေးဆိုးတို့ကိုလည်း တာဆီးပေး၏။ ညအခါ မှောင်မိုက်ထဲဝယ် သူ့ကို ရှေ့ကထား၍ သွားရ၏။ ကျင်းတွေ ချိုင့်တွေ ရှိသောအခါ ထောက်ရာတည်ရာ ရ၏။ မတော်တဆ လဲကျသွားရာမှာလည်း သည်တောင်ဝှေးကိုပင် ထောက်၍ ပြန်ထခဲ့ရပေသည်။ ဤသို့ အနက်အဓိပ္ပာယ်ရှိသော ကဗျာလေးပုဒ်ကို ဘုရားရှင်ကိုယ်တော်တိုင် စီကုံးတော်မူကာ ပုဏ္ဏားအိုကြီးတစ်ယောက်အား နှုတ်တိုက်ချ၍ သင်ပေးတော်မူရ၏။ အသက်အရွယ် အိုရသည့်အထဲတွင် စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသဖြင့် ပုဏ္ဏားကြီးမှာ အသိဥာဏ် ထိုင်းမှိုင်းနေရှာ၏။ သည်ကဗျာလေးပုဒ်ကိုပင် ရက်ပေါင်းများစွာ သင်ယူရ၏။ ပုဏ္ဏားအိုကြီး နှုတ်တိုက်ရသည်အထိ ဘုရားရှင်ကလည်း အခေါက်ခေါက် အခါခါ ချပေးတော်မူရပေသည်။ အမှန်တော့ ပုဏ္ဏားကြီးသည် သူဌေးကြီးတစ်ဦး ဖြစ်ခဲ့၏။ ရှိရှိသမျှ ငွေနှင့်ပစ္စည်းများကို သားလေးယောက်ကို မသေခင် အမွေပေးမိသဖြင့် အတိဒုက္ခ ရောက်ခဲ့ရ၏။ မယားစကား နားထောင်၍ သားလေးယောက်လုံးက သူ့ကို တစ်ယောက်ပြီး တစ်ယောက် နှင်ထုတ်လိုက်၍ အိမ်တကာလည်၍ တောင်းစားနေရ၏။ ဤတွင် ကြံရာမရရှာသော ပုဏ္ဏားကြီးသည် ဘုရားရှင်ထံ ရောက်လာ၍ ကံကောင်းသွားပေသည်။ ဘုရားရှင် သင်ပေးလိုက်သော ကဗျာလင်္ကာများကို နှုတ်တိုက်ရအောင် သင်ယူကာ ပုဏ္ဏားအိုကြီးသည် ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့၏။ သားလေးယောက်လုံး စုံညီသောအခါ ဤကဗျာ လင်္ကာလေးများကို ရွက်ဆို ပြလိုက်ခြင်းဖြင့် သားလေးယောက်လုံး အထိတ်တလန့်ဖြစ်ကာ ဖခင်ကြီးကို ပြုစုလုပ်ကျွေး ကြရပေတော့သည်။ (ဓမ္မပဒ အဌကထာ၊ နာဂ၀ဂ်၊ ပုဏ္ဏားအိုကြီးနှင့် သားများဝတ္တု)

အနိစ္စလောကမှာနိစ္စတရားကိုရှေ့တန်းတင်ပါ

$
0
0
လူအများစုကသေရေးထက်နေရေးအဖို့ကြိုတွေးပြီးပြင်ဆင်ကြတယ်မဟုပ်ပါလား။တကယ်တော့လူတိုင်းရဲ့သွားရာလမ်းဆုံးကသင်းချိုင်းကုန်းပါပဲမဟုပ်ပါလား။လောကကြီးကိုတာ့တာလုပ်ပြီးသွားကြသူတိုင်းကသူတို့ရှာဖွေခဲ့သည်များမှဘာတွေကိုယူဆောင်သွားကြပါသလဲ၊မမြင်ရသောကုသိုလ်နှင့်အသိုလ်ပင်ဖြစ်သည်။အနိစ္စလောကမှာနိစ္စတရားကိုသာရှေ့တန်းတင်သူကားအမြော်အမြင်ကြီးသူပင်ဖြစ်သည်မဟုပ်ပါလား။မြေပြင်မှာနေတာတောင်ရေစိုပါလျှက်ရေပေါ်မှာလှမ်းမလျှောက်ချင်ကြပါနဲ့။အချိန်ဆိုတာစက္ကန့်နှင့်အမျှတန်ဖိုးရှိပါတယ်၊

♥ ထာဝရ ....လက်တွဲဖော် ♥

$
0
0


မှုံ ပြပြ …အလင်းရောင်လေး ..မစို့ တပို့ နဲ့ ….သာယာနဲ့ ….နံနက်ခင်းလေးပါ ။ ရောင်နီ ပျို့ ချိန် လို့ …ခေါ် လို့ ရမဲ့ …. နေမင်းကြီး ..အိပ်ရာ နိုးချိန်မှာ ပဲ …. မှုံ လဲ ..အိပ်ရာက နိုးခဲ့ပါတယ် ။
နိုးနိုး ချင်း …အကျင့်တခု အဖြစ် …ဘုရား၊ တရား၊ သံဃာ ကို စိတ်ထဲက ..ဦး ခိုက်လိုက်ပါတယ် ။။
နောက်တခုက တော့ ….စိတ် ကူးထဲ အလို လို ..ရောက် လာတတ်တာ ..ချစ်သူ ပဲ ပေါ့ ။
မောင် လဲ …နိုးရော ပေါ့ နော် ။ မှုံ . ချစ်သူ က ..စောစော နိုးတတ်တယ်လေ ။

“ မောင်”….တိုးတိုးလေး ..ခေါ် ကြည့်မိရင်း ….ရှက်စနိုး ပြုံး မိပါသည် …။ ခုလို နံနက် ခင်းတွေ မှာ …မောင်နဲ့ သာ ..အတူရှိခွင့် ရ မယ်ဆိုရင် ….နံနက်ခင်းတိုင်းဟာ …..အဓိပါယ် ပြည.်ဝ နေတော့မှာပါ ။ ချစ်သူ နဲ့ အတူ စခွင့်ရ မဲ့ ….နေ့သစ်တွေကို …..မျှော်လင့် လျက် ….ပေါ့ …မောင်ရယ် ။
“ သမီးရေ ….နိုးနေရင် ဆင်းလာခဲ့ တော့နော် ….”
“ ဟုတ်… မေမေ ...”
အောက် ကို ..သွက်သွက်လေး …ဆင်းလာ မိတော့ …အစော ကြီး ဧည့်သည် ပါလား ။

မေမေ့ ဘေးကို ..အသာ လေး ..၀င်ထိုင်မိတော့ ….
“ ဒါ …အန်တီ သမီး လေး လေ ….မှုံနံ.သာဖြူတဲ့ ….စာရေးဆရာ ရူးရူးနေတာလေ ”
ဧည့်သည်က ..ပြုံးသွားပြီ ….
“ တွေ့ရတာ ..၀မ်းသာပါတယ် ဗျာ ။…ကျနော်က ..မျိုးဝေပါ ။ စာရေး ဆရာ ..ရုပ်တော့ ..မပေါက်ဘူး နော် ..”
ဧည့်သည်က …မှုံ စိတ်ဝင်စား တဲ့ စကားကို ရွေး ပြောတတ်ပါသည် ။ စိတ်မပါသလို နေရာ မှ ….စိတ်ဝင်စားသွားပြီး ..
“ စာရေး ဆရာက ..ဘယ်လို ပုံ မို့လို့ လဲ ”
“ စာရေး ဆရာက …တည်တည် ..ခန့်ခန့် နဲ့ .. လူကြီး ဆန်တဲ့ ပုံစံ မျိုး ပေါ့ …. ခု …မှုံ ..ပုံက …အမေ့ကလေး ..ပုံစံ နဲ့ …မလိုက်ဘူး …သိလား ”
မှုံ တို့ ..စကားအပေး အယူ တည့် သွားတော့ …မေမေက သဘောကျ ပုံ နဲ့ … နံနက်စာ ..ပြင်အုံးမယ်ဆို ပြီး ..ထွက်သွားပါတယ် ။ စကားပြော ကောင်းသူ မို့ ..မှုံ နဲ့ ..အချိန် တို အတွင်းမှာ ..ခင်မင်သွား ခဲ့ပါတယ် ။
မှုံ နဲ့ ကို မျိုးဝေ တို့ …ရင်းနှီး ခဲ့ကြပါတယ် ။ လူ ကြီး ဆန်တဲ့ ..ကို မျိုး ဝေ ကို ….အကို တယောက်လို ခင်တွယ်မိ တယ် ဆိုရင်လဲ မမှားပါဘူး ။



ဒီနေ့ ….မောင်နဲ့ ..ချိန်းထားတာ မို့ …ရင်တွေ ..ခုန်လိုက်တာ နော် ။ မှုံတို ….ချစ်သူ နှစ်ယောက် က …၀ါသနာ တူ သူမို့ …. တွေ.မိရင် ..ပြောစရာ ….ကုန်တယ် မရှိပါဘူး ။ ချစ်သူ လို ထက် …သူငယ်ချင်းတွေလို …ငြင်းလိုက် ..စ လိုက် နဲ့ ….အလွန်ပဲ ပျော်မိပါတယ် ။ ရန် ဖြစ်ပြီး ရင် …သူစ ခေါ် မှာကို ..စောင့်စားရ တာ ..တကယ်ပဲ …ရန်ခုန်စရာ အတိပါ …။ ဒီလို နဲ့ ..နားလည် မူ တွေ ….ပိုလိုသာ …တိုးလာ သလို ….သံယောဇဉ် တွေပါ ပို လာ ခဲ့ပါတယ် ။

“ မှုံ ဖို့ ….မောင်ရဲ့..ခံစား ချက်လေး … နားထောင်ကြည့်နော် …”
မောင်က ..နားမှာ ..mp3 လေးကို ..လာတယ်ပေးပါတယ် …။
“ နံနက် ခင်းလေး ..အိပ်ရာ နိုး ရင် ….နင့် အပြုံးလေး နဲ့ ..အတူ ..နိုး ချင် ….”
“ ဘန်နီဖြီုးရဲ့ ..ချစ်သူ့ အနား …ဟုတ်တယ်နော် …”
“ အင်း ….အဲ့ဒီ စာ သားတွေက ..မောင့်ရင်ထဲက ..အတိုင်းပဲ …အမြဲတမ်း ..မပြောင်းလဲဘူး ..ချစ်လေးရယ် ..”
သီချင်းလေး ..ဆုံး သွားတော့ ….မောင့်ကို ..မော့ ကြည့်မိရင်း ….၀မ်းနည်း ..၀မ်းသာ ဖြစ်မိပါတယ် …
“ မှုံ လဲ …မောင့်လိုပါပဲ … တို့ နှစ်ယောက် က ….ထာဝရ လက်တွဲဖော် ပါ မောင်ရယ် …”
မောင့်ပခုံး ပေါ် ကို မှီ ချရင်း …..လက်တွေ့ ဘ၀ က ..သီချင်းလေး လို တော့ ….ချော မွေ့ နေမှာ မဟုတ်ဘူး ထင်ပါတယ် ။



“ သမီး …မေမေ ပြော စရာ ရှိလို့ ….၀ရန်တာ ကို ….လာ ခဲ့ပါ …မေမေ စောင့်နေမယ်နော် …”
“ ဟုတ် ..မေမေ ”
“ သမီး …အသက်လဲ ..မငယ်တော့ဘူး ။ မောင်မျိုးဝေက သမီး ကို ….စကားကမ်းလှမ်း ထားတယ် …”
“ မေမေ ”
“ မေမေ စကား ..မဆုံးသေးဘူး ..သမီး … ။ မေမေက လဲ …သဘောတူ တယ် ။လူဆိုတာ …ကိုယ်လမ်းကိုယ် လျှောက် ရ မှာ မှန်ပေမဲ့ … မိဘ ဆိုတာ ..သားသမီး အတွက် ….လမ်းပြသူပါ ။ ကိုယ့်သား၊ သမီး ပန်းခင်းလမ်း လျှောက် နိုင်အောင် တော့ညွှန်ပြရ မှာပဲ ။ ”
စကားပြော တတ်တဲ့ မေမေ ….မှုံ ..စောတက ..တက်စရာ ..မ၇ှိတော့ပါ ။
“ ဟုတ်ကဲ့ …..မေမေ …မှုံ …မေမေ မေတ္တာ ကို နားလည်ပါတယ် ။ ဒါပေမဲ့ …ကို မျိုး ဝေ ကို …မချစ်ဘူး.. မေမေ ”

“ သမီးက …အချစ်ကို ကိုးကွယ်တာ လား ။ အချစ်ဆိုတာ ..သွေးပူတုန်း ခဏပါ ။ ဘ၀ အရေး နဲ့ယှဉ်ရင် ...တချိန်ကြ …ရယ်စရာ အဖြစ် သာသာပါ သမီးရယ် ”
“ အချစ်ကို ..ကိုးကွယ်တာ တော့ မဟုတ်ပါဘူး မေမေ ။ ဒါ ပေမဲ့ ..သမီး လဲ ပုထု ဇဉ်ပဲမို့ …အချစ်နဲ့ မကင်းနိုင်ပါဘူး ။ သမီး မှာ ရည်ရွယ်ထားသူ ရှိပါတယ် ။ ခု လောလော ဆယ် အခြေအနေက …မေမေ လက် ခံ နိုင် မှာ မဟုတ်သေးတာ ကြောင့် ဖွင့်မပြော သေးတာပါ ။ သမီး ကို လဲ ယုံကြည် ပေးပါလို့ ..တောင်းဆို ချင်ပါတယ် ။ ဘ၀ ကို လက်တွေ့ ကြ ဖို့ …သမီး စဉ်းစားပါအုံးမယ် ။”
“ ငါ့ ..သမီးလေး လိမ္မာ တာ ..မေမေ သိပါတယ် ။ စဉ်းစားပေါ့ ။ မေမေ နားလည်ပေးပါတယ် ”
မေမေ စကားက ….ဆုံးဖြတ်ရ ကြပ်စေ ပါတယ် ။ မှုံ ..ဘာ ဆက် လုပ်ရ မလဲ မောင်ရယ် ။
အချစ်နဲ့ ဘ၀ ….လက်တွေ့ကျကျ …တထပ်ထဲ ကျ ဖို့တဲ့ လေ ။

သမီး အလိမ္မာလေး လဲ ဖြစ် ချင်ပါတယ် ။ ချစ်သူ နဲ့ လဲ …လက်တွဲ ချင်ပါတယ် ။
တသက်လုံး ….ပေါင်းဖက်ရ မဲ့ ..ထာဝရ …လက်တွဲ ဖော်ကို …မိန်းခလေး တယောက်အနေနဲ့ ..လွယ်လွယ် မဆုံးဖြတ် သင့်ပါ ။ စဉ်းစား ရင်း …စိတ်တွေ ရှုပ်လာပါတယ် ။ မောင့် ..အကြောင်း တွေး မိတော့ …လွမ်း ဆွတ် မူက ..အတိုင်း မသိ ။ အချစ်ဆိုတာ ..သွေး ပူ တုန်း ခဏ ပဲ တဲ့ မောင်ရဲ့ ….မှုံ ..ဘာဆက် လုပ်ရ မလဲ …။



လွမ်း ဆွတ် မူ ..ဒဏ် ကို မခံ နိုင် တော့ ..မောင့် ရှိကို ဖုန်း ခေါ် မိပါသည် ။ အကြောင်းစုံ ..မောင့် ကို ၇င် ဖွင့်မိတော့ …မောင်က …ရယ်ပါသည် ။ စိတ် ညစ်ရ မှာ ကို ..ရယ် နေသူ ကြောင့် ..မှုံ စိတ်တို မိပါသည် ။
“ မှုံ ကို ..လှောင်တာလား ..မောင် ”
“ မဟုတ်ရ ပါဘူး …ကွာ ။ သမီး အလိမ္မာ လေးမို့ ..သဘောကျမိလို့ပါ ။ ဒါက သဘာဝ ပဲ မှုံ ရယ် ….
လက်တွဲဖော် ဆိုတဲ့ ..အဓိပါယ်ကို ….မှုံ ..ဘယ်လို နားလည် လဲ …မောင် ရဲ့ ခံယူချက်ကတော့ …လောကသဘာဝ ဆိုတာ ..အမြဲတမ်း ကောင်းနေရိုး ထုံးစံ မရှိပါဘူး ။ ဒုက္ခနဲ့ ..သုခ ဆိုတာ ဒွန်တွဲ လျှက်ပါ။
ဘာတွေ ပဲ လာလာ …ရင်ဆိုင်နိုင်ဖို့က အဓိက ပဲ။ အဲ့လို ရင်ဆိုင်နိုင်ဖို့ အတွက် …အဖော်မွန်ကောင်းဆိုတာ လိုအပ်တယ် ။ အဲ့ဒီ အဖော်မွန်ကောင်းကို ..ကိုယ် ကို တိုင်ပဲ ရွေးရ မှာလေ ။ အချစ် ကြီး ပဲ နဲ့ မရ သလို ၊ အချစ်မပါပဲ လဲ မရဘူး ။ အဲ့ဒီ အချစ်ထဲမှာ ..နားလည်မူ ၊ သံယောဇဉ် တွေ ရောပြွန်းပါနေရမယ် ။ ဒါ မှ ခိုင်မြဲမယ် ။
တသက်လုံးစာ အတွက် ..ရည်ရွယ် ပြီး ထာဝရ …တွဲထားရ မဲ့ ..လက်တစုံ ပေါ့ ။ အခက် အခဲတွေကို ..အတူတူ ဖြေရှင်းကြမယ် ။ ဆူးခင်းလမ်းတွေ ရှိလာရင် … လက်တွဲ ဖြေရှင်းရမယ် ။ ခွဲခွာ ဖို့ ….အကြောင်းတွေ ဖြစ်လာခဲ့ရင် …ခိုင်ခိုင် မြဲနေစေရမယ် ။ တယောက်နဲ့ တယောက်လဲ ..ယုံ ကြည်မူ တွေ ရှိနေရမယ် ….”
မောင်က ပြော ပြီး ..မော သွားပြီ ထင်တယ် ။ အဝေးကို ငေးမော လျှက် … ငြိမ်သက်သွားပါသည် ။
“ မှုံ …နာလည်သွားပြီ မောင် ။ မှုံ တွေဝေ သွားမိတာပါ ။ ”
“ မောင်နားလည်ပါတယ် ….ခု …စိတ်၇ှင်းသွားပြီလား …။ မောင့်ကို ..ထာဝရ လက်တွဲ ဖော် အဖြစ်သတ်မှတ်မှာ လား …”
“ သတ်မှတ် လိုက်ပါပြီ ရှင့် …။ အဓိပါယ် ပြည့်ဝ တဲ့ နေ့သစ်တွေကို ..အတူတူ စတင်လိုက်ကြ ပါစို့ နော် ..”
သေချာပါတယ် ….ဒီ တွဲ လက်လေး အစုံက ….ထာဝရ ခိုင်မြဲ မယ်ဆို တာ ကိုလေ ။

မှုံ ..ဖတ်မိတဲ့ ..စာသားလေး တပိုဒ်ကို ..သတိရ မိပါသည် ။
“ အချစ်ကြောင့်သာလျှင် သောကဖြစ်ရသည် ။
အချစ်ကြောင့်သာလျှင် ဘေးဖြစ်ရသည် ။
အချစ်မှ လွတ်ကင်းသူသည် သောကဖြစ်စရာ မရှိ။
သောက ဖြစ်စရာ မရှိလျှင် ဘေး ..အဘယ်မှာ ရှိတော့မည်နည်း ”
(ဓမ္မပဒ)
အချစ်နဲ့ မကင်းလွတ်နိုင်သေးတော့ ….သောက ဆိုတာ ၇ှိနေအုံးမှာပါပဲ ။ အဲ့ဒီ သောက တွေကို …လက်တွဲ ဖြေရှင်းဖို့ …. ထာဝရ လက်တွဲဖော် လို အပ်ပါတယ် ။ ထို .ထာဝရ .လက်တွဲဖော်ကို ..မှန်မှန် ကန်ကန် ရွေး ချယ်နိုင်ပါစေ လို့ …ဆုတောင်းပေးပါတယ် ။


ချစ်ခင်လေးစား လျှက် ….
ဆန္ဒမွန် ဖြင့် ….
မှုံနံ.သာဖြူ ….

***သ၀န်တိုခွင့်***

$
0
0

"မင်းမိသန်.  နဲ့  စကား များပြန်ပြီဆို  မင်းမောင်."

.....ကျနော်ဖြေဖို.ခက်နေပြီ

"အဲဒါထက်ဆိုးနေတယ်   နောင်  ဟေ....ဘယ်လိုဖြစ်ပြန်ပြီလဲ  သေးသေးကို ချဲ.နေတာလေ... 

တနေ.ကသူနဲ့ဖုန်းဆက်နေတုံးဧည်.သည်လာလို့ငါကခဏနော်လို.ပြောတာ...သူကမိန်းမလားယောက်ကျားလားမေးတယ်

ငါလည်းအမှန်တိုင်းမိန်းမပါလို.ပြောတယ်သူကသူ.ထက်အရေးကြီးရင်သူတို.နဲ့ဘဲပြောဆိုပြီးဖုန်းချသွားတယ်.."

"...မင်းကပြန်မချော.ဘူးလား........"

"ချော့.ပါတယ်ကွာနေ.တိုင်း....ငါဖုန်းပြောရင်နားထောင်တယ်....ပြန်မပြောဘူးကြာတော.ငါလည်းငါ.ကိုယ်ငါရှက်လာတယ်..

..သူကငါ့ရဲ.တောင်းပန်သံ ကိုအရသာခံနေသလိုဘဲ......မင်းစဉ်းစားကြည်.လေငါက  ၂၀ ကျော်လူငယ်လေး

မဟုတ်ဘူးလေ   လုပ်ငန်းတခုကိုဦးဆောင်နေတဲ့လူတယောက်..."

                  " အေး ...မင်းကပြောတာတမျိုး ...ငါ့ညီမ သူသူပြောတာက...

မင်းကမျက်နှာများတယ်တဲ့  ကောင်မလေးတွေနဲ့တွဲတာသူ ခဏခဏတွေ့တယ်တဲ့"

                "  ဒါကလည်း   နောင်  ငါကအလုပ်ကိစ္စနဲ့ပါတ်သက်နေရတာလေ.....ခဏခဏရှင်းပြနေရတယ် 

မမခင်နဲ့တုန်းကလည်းဘယ်လောက်အားနာစရာကောင်းလည်း  ငါတို.ကိုငယ်ငယ်ထဲက  မင်းကိုနောင် လို.ခေါ်တယ်

ငါ.ကို  မောင်  လို.ခေါ်တယ်  တနေ.ကငါနဲ့မမခင်စကားပြောနေတုန်းသူကမမခင်ကို  ဘာလို.  မောင် 

လို.ခေါ်တာလဲလို.မေးထဲ့လိုက်တာလေ   မင်းအမကိုငါတော်တော်အားနာတယ်  သူ.ကိုပြောတော.စိတ်ဆိုးလည်းမတတ်နှိုင်ဘူးတဲ့

ငါ.ကို  မောင်  လို. သူ.တစ်ယောက်ထဲခေါ်ခွင်.ရှိတယ်တဲ့...ငါဘာလုပ်ရမလဲမသိတော.ဘူး.....

ချစ်သူဘ၀က လုံးဝပျော်စရာမကောင်းဘူး...ကြည်နူးဖွယ်ရာမကောင်းဘူး....အရှုံးသမားတယောက်လိုအညံ့ခံနေရတယ်.."

"ဒါကတော.သူက  မင်းကို  သိပ်ချစ်တာကိုး....."

"သူကချစ်တာနဲ့မတူဘူး  ..ချုပ်ချယ်တာ  ငါ.ကိုနားလည်မပေးတာ..."

"ဒါနဲ့မင်းက  သူကို   ဖုန်းမဆက်တော.တာလား...."

".အေး မဆက်ဘူး..."

"သူကလည်းဆက်မှာမဟုတ်ဘူးတဲ့   သူသူ    ပြောတာ.....မင်းဘာလုပ်မလည်း

မင်းတို.ကဒီလောက်ချစ်နေရက်နဲ. ပြတ်ကြတော.မလား"

"မတတ်နိုင်ဘူး  နောင်...ငါသူ.ဆီကတောင်းဆိုခဲ့တာ..ချစ်ခွင်. တစ်ခုထဲ

ငါပေးလိုက်ရတာယောကျာ်းတယောက်သိက္ခာ  ယောကျာ်းတယောက်မာန ငါ့ရဲ့လူမှုဆက်ဆံရေး

သူလည်းငါ.ကိုမယုံကြည် တော့ဘူးဒီတော.  ငါကဆက်ပြီးဒူးမထောက်တော.ဘူး

တော်လောက်ပြီ နောင်.....ငါတို.ရှေ.ဆက်ရင်ပိုပိုဆိုးလာမယ်...."

"အေးပါကွာမင်းကပြတ်နေမှတော.ငါမပြောတော.ဘူး...ပြန်မယ်.."

"အော်..မင်းနဲ့တွေ.ချင်လို.တဲ့...အပြင်မှာလူတယောက်စောင့်.နေတယ်...."

"ဘယ်သူလည်း...."

"မိတ်ဆွေဟောင်းထဲကဖြစ်မှာပေါ့......ငါလွှတ်ပေးလိုက်မယ်နော်."

နာင်ပြောတာကိုကျန်ာစဉ်းစားနေတုန်း ..........

"မောင်......"

"မောင်ပြောတာတွေမိသန်.အကုန်ကြားတယ်...မောင်.ကိုလည်းနားလည်တယ်

နားလည်လွန်းလို.လည်းစိတ်မချတာပါ  မောင် ၊ မောင်.ရဲ့ရိုးသားတည်ကြည်မှုတွေကြောင်. မောင်.ကို  မောင်ဖွင်.မပြောခင်ကထဲက

  မိသန်.ကချစ်ခဲ့ရတာပါမောင် ရယ်  ခုမောင်ရိုးရိုးသားသားခင်နေတဲ့...

မိန်းခလေးတွေရင်ထဲမှာ ဘာဖြစ်နေမယ်ဆိုတာ  မိသန့်ကပိုသိပါတယ်မောင်

မိသန်.က မောင်.ချစ်သူလေ   ချစ်သူတယောက်မှာသ၀န်တိုခွင်.တော.ရှိရမှာပေါ့

မောင်...ကျမကို သ၀န်တိုခွင်.တော.ပေးပါနော်......"

"မိသန်. ....ချစ်  ...တကယ်ပြောတာနော်..တို ..တို..ချစ်လို.တိုတာကြိုက်သလောက်တို  .

..မိသန်.ကချစ်တယ်ဆိုရင်ရပြီ   ..ပေးတယ် ဗျာ  သ၀န်တိုခွင်.ယူစေဗျား..........."

".ဟေ.  ကောင်မလေးကိုလွှတ်လိုက်....":

ဟားဟားဟား..တော်ပြီ ဆို   ပြတ်ပြီ ဆို....ခုတော.မလွှတ်တော.ဘူး.....။"

ချစ်သူတိုင်း  သ၀န်တိုခွင်.ရှိပါသည်။   ။

                                          တတိုင်းမွှေး။ ။

               မေးပါရစေနော်..........

                   

ပိတောက်ရယ်...ငုရယ်... ညီမလေးက လှပါတယ်

$
0
0

 

                          သင်္ကြန်ရက်ထဲမှာ... သင်္ကြန်ရဲ့ ပျော်ရွှင်တက်ကြွမှုတွေကို မျှဝေခံစားရင်း... တစ်ယောက်ထဲ သင်္ကြန်  လည်နေမိသည်။

သင်္ကြန်မဏ္ဍာပ်များ၊ အလှပြယာဉ်များ၊ စတိတ်ရှိုးများ. ဒီဇိုင်းဖက်ရှင်အမျိုးမျိုးနဲ့ ခေတ်လူငယ်များ၊ ရှေ့မီနောက်မီ လူလတ်ပိုင်းများ၊ ရေပက်

နေသူများ၊ ရေပက်ခံထွက်နေသူများကို တွေ့မြင်နေရသည်.... အပျော်များလဲ ကူးစက်သွားပါသည်၊ နောက်   နေပူပူမှာ အင်္ကျီချွတ်၍ ပျော်

နေကြသူများကိုမြင်တော့ သူတို့အစားကျောမှာ စပ်ဖျင်းဖျင်း ဖြစ်မိသေးသည်။

                           သင်္ကြန်မဏ္ဍာပ်တွေမှာတော့ ကြာကြာလေးနေဖြစ်သည်.... ယိမ်း အကမယ်လေးများကိုကြည့်ရင်း.သင်္ကြန်သီချင်းလေး

များလိုက်ပါ ဆိုညီးရင်း.... နောက်မျှော်လင့်ချက်တစ်ခုကလဲ..... သင်္ကြန်ကိုချစ်တဲ့ ကောင်မလေးကို တွေ့ရလိမ့်နိုးပေါ့......    ဟိုး...အရင်က

သင်္ကြန်ယိမ်းလေးတွေ  ကတတ်တဲ့ ကောင်မလေးကို ပြန်မြင်ရလိမ့်နိုးနဲ့ပေါ့........

                            တကယ်တမ်း ပြန်တွေ့ခွင့်ရရင်လဲ ကိုယ်နှုတ်မဆက်ရဲပါဘူး ကောင်မလေးရယ်.... ကောင်မလေး ကြေကွဲဝမ်းနည်းခဲ့ရ

တာတွေ အားလုံးက ကိုယ့်ကြောင့်လေ.... ကိုယ် မပြတ်သားခဲ့တာပါ...... ဘယ်တော့မှလဲ ခွင့်မလွှတ်နဲ့နော်........ နောက်ပြီး ပိတောက်ပန်း

တွေနဲ့အတူ.... ဘယ်တော့မှ လဲမေ့မသွားပါနဲ့ ကောင်မလေးရယ်............

                            `` နွဲ့ နွဲ့ နှောင်းကာ... ပျော့ပျောင်းတယ်....... ခေါင်း ခါး လက်ခြေ..... ကိုယ့်အပါးမှာ......xxxxxxxxxx သင်္ကြန်တွင်း

မှာ တို့တစ်တွေ ပျော်ကြမယ်.....xxxxxxx´´ သီချင်းဆိုရင်း က နေတဲ့ ကောင်မလေးကို ကြည့်နေမိသည်... အသက်ကရှိလှမှ (၁၆-၁၇)ပေါ့

မြင်ဖူးသမျှထဲမှာတော့ တော်တော်လှအောင် ကတတ်သည်လို့တွေးမိနေသည်။ ကနေရင်းလဲ ပြုံးနေခဲ့သည်၊   ခါးလေးများကော့ညွတ်သည်

လက်အချိုးလေးများ ပျော့ပြောင်း သေသပ်သည်... တကယ်ပင် နွဲ့နှောင်းလှပါသည်.... အစမ်းလေ့ကျင့်နေခြင်းဖြစ်ပြီး ယခုနှစ်မှ ရန်ကုန်က

ပြောင်းရွှေ့ရောက်ရှိလာသော ကောင်မလေးဖြစ်သည်တဲ့..... ရန်ကုန်သင်္ကြန်များတွင် အမြဲ ကခဲ့သည်တဲ့..... ကျွန်တော်တို့ကတော့ဖိုင်နယ်

တက်နေတဲ့ ကျောင်းသားကြီးတွေ ဖြစ်နေပြီလေ.......

                              နံမယ်လဲ မသိသေး..... လူချင်းလဲ အခုမှ စမြင်ဖူးခဲ့သည်..... သတိထားမိတာတော့ သူရဲ့ အရပ်အမောင်း၊ ကိုယ်လုံး

ကိုယ်ထည်လေးနှင့် ပြုံးနေတတ်သော.. မျက်နှာနှင့် ကြည်လင်တောက်ပသော မျက်ဝန်းလေးများ.... ချစ်စရာကောင်းသည်ဟု..တစ်ကိုယ်

တည်း မှတ်ချက်ထားမိသည်။

                              `` ကိုကြီးရေ....... ညီမလေး ကတာ အဆင်ပြေလားဟင်.... ကိုကြီး သဘောကျရဲ့လား......´´ ရုတ်တရက်နောက်မှ

မေးလိုက်သံကြောင့် လှမ်းနေသော ခြေလှမ်း ရပ်တန့်၍ လှည့်ကြည့်မိသည်..... ခုဏက ညီမလေး...

                             `` အော်..... ပြေပါတယ်.. ညီမလေးရဲ့ အမှန်အတိုင်းပြောရရင် တော်တော် ကောင်းပါတယ်..... ညီမလေးကကောင်း

ကောင်း ကတတ်တာပဲ..... အကိုတို့ အဖွဲ့တော့ နံမယ်ကြီးတော့မှာပဲ...... ဟဲဟဲ´´ တကယ်လဲ ကောင်းသဖြင့် စိတ်ကျေနပ်စေရန် ပြန်ပြော

လိုက်မိသည်။

                            `` ဟုတ်........ ကျေးဇူးတင်ပါတယ် ကိုကြီးရယ်...... ညီမလေး အားငယ်နေတာ.... မန္တလေးဆိုတာက သင်္ကြန်မြို့တော်

ကြီးလေ.... နောက်ပြီး ဒီမှာက ယဉ်ကျေးမှုတွေကို ထိန်းသိမ်းထားတဲ့ နေရာဆိုတော့.. ညီမလေး စိုးရိမ်နေတာ ၀င်တိုးလို့ရပါ့မလားလို့..´´

                           `` အင်း ........ ညီမလေးပြောတာလဲ ဟုတ်ပါတယ်.... တကယ်ကောင်းတဲ့ သူတွေ၊ နံမယ်ရှိပြီးသားသူတွေ ကတော့....

မြို့မတို့၊ ငွေငန်းမောင်တို့.... မန္တလာချစ်သူတို့မှာ ၀င်ပါကုန်ပါပြီ..... ဒါပေမဲ့လဲ မြို့အလိုက် မဏ္ဍာပ်အလိုက်မှာလဲ အစွမ်းအစရှိတဲ့ ကလေး

တွေအများကြီးပါ..... အားမငယ်နဲ့နော်.....  ညီမလေး ကတာကို အကိုတော့ တော်တော် သဘောကျတယ်....အားလုံးလဲ ကြိုက်ကြပါတယ်

အဆင်ပြေသွားမှာပါ..... နော်´´

                            `` ဟုတ်ကဲ့...... ဒါနဲ့ ကိုကြီးက ပြန်တော့မှာလားဟင်..... ပြန်ရင် ညီမလေးလဲ လိုက်ချင်တယ်.....´´

                            `` အင်...... ညီမလေးက ဘယ်မှာ နေတာလဲ......´´

                            `` ပိတောက်ဝါလမ်းမှာပဲလေ..... ကိုကြီးတို့ အိမ်မရောက်ခင် နှစ်အိမ်ကျော်မှာ.......´´

                            `` ဟုတ်လား....... အဲဒါ ကြီးကြီး ဒေါ်မြနှစ်တို့ အိမ်မဟုတ်ဘူးလား.....´´

                           `` ဟုတ်တယ်လေ  ကြီးကြီး ဒေါ်မြနှစ်က ညီမလေးတို့ ကြီးကြီးပါ.... အခုကြီးကြီး တစ်ယောက်ထဲ သိပ်နေမကောင်းလို့

မန္တလေးကို ပြောင်းလာလိုက်ကြတာ ကိုကြီးရဲ့... ဆယ်တန်းဖြေထားတယ်..... အောင်ရင်လဲ ဒီမှာပဲ ကျောင်းတက်တော့မှာလေ....´´

                            `` အော်..... ´´  ညီမလေး တစ်နည်းအားဖြင့် ကောင်မလေးနဲ့ ကျွန်တော် အဲဒီက စရင်းနှီးခဲ့ကြသည်....... အပြန်လမ်း

တစ်လျှောက်လုံးမှာလဲ.... ဟိုအကြောင်း သည်အကြောင်းလေးများ ပြောဖြစ်ခဲ့သည်.... ကောင်မလေးနံမယ်က ငုဝါ၀ါတဲ့...... တကယ်တမ်း

မှာလဲ ပိတောက်နဲ့ မတူတဲ့ ငုဝါပန်းလေးတွေလို တောက်ပတဲ့ ကောင်မလေးပါပဲလို့... စဉ်းစားဖြစ်ခဲ့သေးတယ်.. ဒီကောင်မလေးမှာ အဆင့်

မြင့်တဲ့ လူမှုဆက်ဆံရေး အသိ ရှိတယ်လို့လဲ... တွေးဖြစ်ခဲ့သေးတယ်လေ......။

                              အဲဒီနှစ် သင်္ကြန်မှာတော့ ကျွန်တော်ဆိုတဲ့သီချင်းနဲ့ ညီမလေးရဲ့အကတွေက အကြိမ်ပေါင်းစွာ ဖျော်ဖြေဖို့ နဲ့ပရိသတ်ရဲ့

လက်ခုပ်သံတွေကို ဆူညံသွားအောင်ရခဲ့တာပါပဲ...... အစိမ်းနုနု ၀တ်စုံလေးပေါ်မှာ..... အစိမ်းတောက်တောက် ပိတောက်ရွက်ကလေးတွေ

ရွှေဝါရောင် ပိတောက်ပန်းလေးတွေကို ဇာတတ်ထားတဲ့ ၀တ်စုံလေးနဲ့.....   နောက်ပြီး ခေါင်းမှာလဲ ပိတောက်ခက် လှလှလေးပန်ဆင်ထား

သေးတယ်လေ....... ဘေးတိုက်တစ်မျိုး.... အနောက်ကတစ်မျိုး..... ညီမလေးရဲ့ အလှကို ထိတွေ့ခွင့်ရခဲ့တယ်.... အလှပဆုံးကတော့ ပြုံးနေ

ခဲ့တဲ့ ညီမလေး မျက်ဝန်းလေးတွေပါ....... အဲဒီတုန်းက ကျွန်တော် ထင်ပါတယ်...... သူတကယ်ကျေနပ်ခဲ့တယ်လို့လေ......။

                              သင်္ကြန်ပြီးတော့...... ညီမလေး ကျောင်းတက်ဖြစ်ခဲ့တယ်....  နောက်ပိုင်းမှာ  ကျွန်တော်တို့ချင်းကတော့  မဆုံဖြစ်ကြ

တော့ဘူး၊ ကျွန်တော်က ကျောင်းပြီးသွားလို့ အလုပ်ဝင် ဖြစ်ခဲ့တယ်.... ကျောင်းမှာလဲ ညီမလေးက မျက်နှာပွင့်မှာပါ.......လို့ တစ်ခါတစ်လေ

သတိရရင် စဉ်းစားဖြစ်ခဲ့တယ်...။

                             သင်တန်းပြီးလို့  တာဝန်ကျ နေရာကို မသွားခင်.... ခွင့်တစ်လရတော့ အိမ်ကိုပြန်လာမိတယ်.... ဒီမှာ ညီမလေးနဲ့ ပြန်

ဆုံခွင့်ရခဲ့တယ်..... နောက် ဘုရားတွေလဲ ဖူးဖြစ်ကြတယ်... မြွေကြီးနှစ်ကောင်အကြောင်း.. ကျန်စစ်မင်းရဲ့  အရိန္ဒမာလှံသွားကြီးထောက်ပြီး

စစ်ကိုင်းကို ခုန်ကူးသွားတဲ့ အကြောင်းတွေက စလို့.... ကျန်စစ်မင်းနဲ့ ခင်ဦးရဲ့ အချစ်ဇာတ်လမ်းများ..၊ မဏိစန္ဒာရဲ့ အချစ်ဇာတ်လမ်းများ....

ဦးဆောက်ပန်းဘွဲ့ ပေးအပ်ခဲ့ခြင်း အကြောင်းများကို ပြောပြတော့ ကလေးက သေချာနားထောင်ပြီး ကျန်စစ်သားမင်းကြီးကလဲ အချစ်တွေ

များလိုက်တာတဲ့......။

                             အလုပ်မ၀င်ခင်  တစ်လဆိုတဲ့ ကာလမှာ...... သံယောဇဉ်ကြိုးတွေကို တင်းတင်းလေး ချည်နှောင်မိခဲ့တယ်...   ဒါပေမဲ့

သိပ်ငယ်နေတဲ့ ကောင်မလေးကို သံယောဇဉ်ဆန်တဲ့ စကားတွေ တစ်ခွန်းမှ မပြောဖြစ်ခဲ့ဘူးလေ...... ငယ်နေသေးတယ်လို့ ထင်လို့လေ...

ပြောရမှာ အားနာလို့....... သူ့မျက်ဝန်းကို မခွဲခြားတတ်တာလဲ ပါလို့....... နောက်ပြီး ဘယ်လို စပြောရမှန်းလဲ မသိခဲ့လို့ပါ......။

                            `` ကိုကြီးရေ..... ဘာလိုလိုနဲ့  ညီမလေးနဲ့  ကိုကြီးက တကယ်ကို ရင်းနှီးသွားကြပြီနော်..... အခုကိုကြီး သွားတော့မယ်

ဆိုတော့ ညီမလေး ၀မ်းနည်းနေတယ်သိလား.......´´

                            ``ကိုကြီးလဲ စိတ်မကောင်းပါဘူး..... ဒါပေမဲ့ ညီမလေးရာ..... သင်္ကြန်ရောက်တိုင်း ညီမလေး သတိရပေါ့... ကိုကြီးလဲ

လာဖြစ်ရင် လာခဲ့မှာပါ.... သီချင်းတွေ ဆိုချင်သေးတယ်...... နောက်ပြီး ညီမလေး  က နေတာကိုလဲ အကြာကြီး ကြည့်ချင်သေးတယ်...´´

                            `` ဟုတ်...... ကိုကြီးလာဖြစ်ရင် ညီမလေး ကမှာပါ....... ကိုကြီးကသီချင်းဆိုပေါ့........ နော်၊ မလာဖြစ်ရင်တော့.....´´

စကားကို တစ်ဝက်နဲ့ ရပ်ထားခဲ့ပေမဲ့ ကျွန်တော် မလာဖြစ်ရင် သူသင်္ကြန်မှာ မကတော့ဘူးလို့ ဆိုလိုတာကို နားလည်လိုက်မိတယ်.....။ ဒီ

စကားလေးကြားမိတော့လဲ စိတ်မကောင်းဖြစ်မိတယ်.... နုနုနယ်နယ် စိတ်ကူးယဉ်တတ်စအရွယ်လေးရဲ့ စိတ်ခံစားချက်တွေကိုများ ကျွန်

တော် ဆုပ်ကိုင်ထားခဲ့မိပြီလားလို့.... ၀မ်းသာသလိုလိုနဲ့လဲ စိတ်မကောင်းဖြစ်မိပါသေးတယ်......။ သူ့ကို အားနာလို့လေ..။

                              နောက်နှစ် ပိတောက်တွေ တစ်ကြိမ်ပွင့်တော့ ကျွန်တော် မရောက်ဖြစ်တော့ဘူး...... ဒီကြားထဲမှာ ဖုန်းလေးတွေလဲ

ညတိုင်းနီးပါး ပြောဖြစ်ခဲ့တယ်..... သူကျွန်တော့်ကို မျှော်နေတယ်တဲ့........ ဘ၀မှာ အပျော်ရွှင်ရဆုံး အချိန်လေးတွေကိုလဲ ကျွန်တော်က..

ပေးစွမ်းခဲ့တယ်တဲ့........... ကျွန်တော်ကတော့  သတိရကြောင်းနဲ့  ညီမလေး ကနေပုံကို   အခုထိ  မျက်စိထဲမှာ  မြင်ယောင်နေဆဲပဲ ဆိုတဲ့

အကြောင်းတွေကို......ပြောပြဖြစ်ခဲ့တယ်.....

                            သူ  မျှော်နေမှာပါ.. အဲဒီနှစ်ကလေ........ နောက်နှစ်မှာလဲ ဒီအတိုင်းပဲ...... ဒီကြားထဲမှာ..... အလုပ်ထဲက ဆရာသမား

တစ်ယောက်ရဲ့ သမီးနဲ့ အိမ်ထောင်ပြုဖို့ ကမ်းလှမ်းတဲ့ အခြေအနေအထိ ဖြစ်ခဲ့သေးတယ်.. အဲဒီတုန်းက သတင်းကြားပြီး သူငိုနေခဲ့တယ်တဲ့

ကျွန်တော်သဘောမတူပေမဲ့........ အကြောင်းကြောင်းကြောင့် ခေါင်းလဲ မခါဖြစ်ခဲ့ပါဘူး..... ညီမလေးကို သတိရတော့ ကြေကွဲမိခဲ့တယ်..

ဒါပေမဲ့ ကံကောင်းထောက်မစွာ.... သတို့သမီးလောင်းက  စေ့စပ်ပွဲမတိုင်ခင်  သူ့ ချစ်သူနောက်ကို လိုက်ပြေးသွားတယ်၊ အဲဒီတုန်းကတော့

ယောက်ျားတစ်ယောက်ရဲ့  မာနတရားကို ထိခိုက်စော်ကားတယ်ဆိုပြီးတော့..... မိန်းမတွေကိုပဲ အထင်သေးသွားသလိုလိုဖြစ်ခဲ့သေးတယ်...

ကောင်မလေးကလွဲရင်ပေါ့.......

                              သတိတရနဲ့.... ဖုန်းဆက်ကြည့်တော့ သူတို့ ရန်ကုန်ကို ပြန်ပြောင်းသွားခဲ့ကြပြီတဲ့.... ဒါလေးပဲ သိခဲ့ရတယ်.... ဒါလေး

ကလဲ ဘယ်လောက်အထိ ခရီးရောက်ခဲ့တယ်ဆိုတာကို..... ရင်ထဲမှာ နားလည်ခဲ့ပါတယ်..... ကောင်မလေးရဲ့ တိတ်တထိုး အချစ်ဦး  ဖြစ်ခဲ့

တာကိုလဲ သိသိကြီးနဲ့ ဘာကြောင့် မသိသလို နေနိုင်ရက်တာလဲ....လို့လဲ စဉ်းစားမရခဲ့ဘူး.... တကယ်တော့ အချစ်ကို ကျွန်တော် သေသေ

ချာချာ နားမလည်ခဲ့လို့ ထင်ပါတယ်......။

                              ကောင်မလေး ရန်ကုန်မှာ ရှိနေတော့........ သူ တက်နေတဲ့ ကျောင်းနားကိုလဲ ကျွန်တော် သတိတရ ရောက်ဖြစ်ခဲ့ပါ

တယ်... တွေ့ရလိမ့်နိုးနိုးနဲ့ပေါ့...... နောက်တစ်ခါ တွေ့ရမှာကိုလဲ ကြောက်နေခဲ့တယ်......  ဘာကြောင့် လက်ထပ်ဖို့  သဘောတူခဲ့သလဲ လို့

မေးလာရင် ဖြေစရာ စကား မရှိလို့ပါ......

                             အခုတော့   နှစ်တွေလဲ တော်တော် ကြာခဲ့ပြီ....... ပိတောက်တွေလဲ အကြိမ်ကြိမ် ပွင့်ခဲ့ပြီလေ..... ကောင်မလေး မရှိ

တော့တဲ့ မန္တလာမြေကို ကျွန်တော် တစ်ခေါက်ပြန်ရောက်ခဲ့တယ်..... စောစော စီးစီး  ပိတောက်တွေမပွင့်သေးပေမဲ့လဲ...... ပိတောက်ပန်း

လေးတွေလို  တော်ယုံနဲ့ ကြွေမသွားတတ်တဲ့ ငုဝါပန်း လှလှလေးတွေ အခိုင်လိုက် ပွင့်နေကြတာကို တွေ့ရတယ်... ပြာလွင်တဲ့ ကောင်းကင်

ကြီးရဲ့ အရှေ့မှာ ၀ါထိန်နေတဲ့ ငုဝ့ပန်းလေးတွေ ရာသီနဲ့ လိုက်ဖက်လွန်းလှတယ်...လို့ တွေးနေမိတယ်....

                            ငုဝါတွေ မြင်တော့  ကောင်မလေးကိုလဲ သတိရမိတယ်... သတိရတယ်ဆိုတာထက် လွမ်းတာပါ..... ရင်ထဲမှာ သိနေ

ပါတယ်...... ပိတောက်ပွင့်ရင်တော့ နေတတ်အောင်ကြိုးစားရမှာပေါ့.......ကောင်မလေးရယ်။

                            ဒီလိုနဲ့ မပြောင်းလဲတဲ့ မန္တလေးသင်္ကြန်ကတော့ သူရဲ့ မရိုးနိုင်တဲ့ ထုံးစံတွေကို ပွေ့ဖက်ရင်း ရောက်ရှိလာပြန်တယ်လေ။

ပြောင်းလဲသွားတာဆိုလို့လဲ...... သက္ကရာဇ်တွေနဲ့..... ကျွန်တော်ပဲ ရှိခဲ့တာပေါ့.....

                           သင်္ကြန်ရက်ထဲမှာ... သင်္ကြန်ရဲ့ ပျော်ရွှင်တက်ကြွမှုတွေကို မျှဝေခံစားရင်း... တစ်ယောက်ထဲ သင်္ကြန်  လည်နေမိသည်။

ကောင်မလေးကိုလွမ်းရင်း မဏ္ဍာပ်တွေမှာတော့ ကြာကြာလေးနေဖြစ်သည်.... ယိမ်း အကမယ်လေးများကိုကြည့်ရင်း..သင်္ကြန်သီချင်းလေး

များလိုက်ပါ ဆိုညီးရင်း.... နောက်မျှော်လင့်ချက်တစ်ခုကလဲ..... သင်္ကြန်ကိုချစ်တဲ့ ကောင်မလေးကို တွေ့ရလိမ့်နိုးပေါ့......    ဟိုး...အရင်က

သင်္ကြန်ယိမ်းလေးတွေ  ကတတ်တဲ့ ကောင်မလေးကို ပြန်မြင်ရလိမ့်နိုးနဲ့ပေါ့........

                              `` နွဲ့ နွဲ့ နှောင်းကာ xxxx  ပျော့ပျောင်းတယ် xxx ခေါင်း ခါး လက်ခြေ xxx ကိုယ့်အပါးမှာ.....´´ ကျွန်တော်က ဆို..

ညီမလေးက ကခဲ့တဲ့  သီချင်းလေးကို  လူငယ်လေးတစ်ယောက်က သီဆိုနေလေရဲ့.... အင်း.......  ကျွန်တော့်တုန်းကလိုပဲ..... မြန်မာဝတ်စုံ

တိုက်ပုံ အဖြူလေးနဲ့လေ.... သူနဲ့အတူ  သင်္ကြန်မယ်လေးတစ်ယောက် ကနေတယ်...... ကျွန်တော်က ခပ်လှမ်းလှမ်းကဆိုတော့.... မျက်နှာ

ကို သေချာ မမြင်ရပေမဲ့...... သူကနေတာကြည့်ရင်း ကောင်မလေးကို တော်တော် လွမ်းမိသွားတယ်.... နည်းနည်းလေး ရင့်ကျက်တာနဲ့..

ဝတ်စုံလေးက လွဲရင် ကျွန်တော့် ညီမလေးနဲ့ တော်တော်တူတာပဲလို့......

                             နောက်တစ်ကြိမ် ဒီသီချင်းနဲ့ ဒီအကလေးကို တောင်းဆိုကြတော့ ကျွန်တော် မနေနိုင်တော့ဘူး.... စတိတ်စင်နားအထိ

တိုးသွားမိတယ်... အဖြစ်အပျက်တွေက တော်တော် တူနေလို့လေ.....

                              သေသေချာချာ ကြည့်မိတော့ ကနေတာ ကျွန်တော့် ညီမလေးပါပဲ... ရင်ထဲမှာ အမြဲတမ်းပွင့်နေခဲ့တဲ့. ငုဝါပန်းလေးပါ

တည်ငြိမ်ရင့်ကျက်ပြီး ကျက်သရေ ရှိလှတဲ့ ကောင်မလေးကို ပိုပြီး သေချာအောင်လို့.... အနားကတစ်ယောက်ကို မေးမိတယ်....

                              ``သူက  ရတနာပုံတက္ကသိုလ်က ဆရာမ ဒေါ်ငုဝါ၀ါလေ ပြောင်းလာတာ မကြာသေးဘူး သိလို့လား အကိုက....´´

                              `` ဟာ မဟုတ်ပါဘူး..... မေးကြည့်တာပါ ကတာလှလို့......´´

                              `` ဟုတ်တယ်ဗျ.... ဟိုးအရင်ကလဲ သူဒီမှာ ကျောင်းတက်တုန်းက ကဖူးတယ်..   အဲဒီတုန်းက သူ့ရည်းစားက သီချင်း

ဆိုတာလေ..... ဒီသီချင်းလေးပဲ.... နောက်တော့ သူ့ရည်းစားက အိမ်ထောင်ပြုသွားတယ် ပြောတယ်..... အခုလဲ သူက စီစဉ်တာ...ဒီပွဲလေး

ကိုပေါ့....... ဟိုမှာ ကြည့်ပါလား ရတနာပုံတက္ကသိုလ်..... အင်္ဂလိပ်စာဌာန မိသားစု ရေကစားမဏ္ဍာပ်တဲ့........´´

                              `` အော်..... ဟုတ်....... ဟုတ်..... ကျေးဇူးပါပဲဗျာ.......´´

                                ညီမလေးနဲ့ ကျွန်တော့် အကြောင်းကို ကျွန်တော့် သူငယ်ချင်းတွေလဲ မသိခဲ့ကြဘူး...... ကျွန်တော် အိမ်ထောင်မပြု

ဖြစ်တာကိုပဲ သိခဲ့ကြတယ်..... ညီမလေး ၀မ်းနည်းကြေကွဲပြီး ထွက်သွားခဲ့တုန်းကတော့ ကျွန်တော် ညီမလေးကိုထားပြီး အိမ်ထောင်ပြုသွါး

တယ်လို့ သူ့ သူငယ်ချင်းတွေက သိကြမှာပါ..... ညီမလေး ဘယ်လောက်တောင်..... ကြေကွဲခဲ့ရပါ့မလဲ......လို့။

                                ကျွန်တော် အသာလေး နောက်ဆုတ်ထွက်လာခဲ့မိတယ်. ထူပူနေတဲ့ စိတ်တွေကို အတင်း ထိန်းချုပ်ရင်း.. ညီမလေး

ကနေတုန်း ဒီသီချင်းလေးကို ........ဆိုချင်လိုက်တာ......... ကျွန်တော်ရောက်နေတာကို သိရင် ညီမလေး ဘယ်လို တုန့်ပြန်မလဲ.... နောက်

ကျွန်တော် ကြောက်နေတဲ့ မေးခွန်းကို မေးလာရင် ဘယ်လိုများ ဖြေရမလဲ...... လို့၊  ခပ်ဝေးဝေးကို ကြည့်လိုက်မိတော့လဲ... ငုတွေရော.....

ပိတောက်တွေရော..... အားလုံး ၀ါထိန်နေအောင် ပွင့်နေကြတယ်..... ကောင်းကင်ကြီးကလဲ ပြာလွင်နေတာပဲ.....ဒီ ကောင်းကင်ကြီးရဲ့ ရင်

ခွင်ထဲမှာတော့ ရေမှုန်ရေမွှားတွေ ပန်းထွက်နေကြတယ်.... လူတွေလဲ သင်္ကြန်ပွဲ ဆင်နွှဲနေကြတယ်လေ.......

                                 ညီမလေးကနေတဲ့ သင်္ကြန်မဏ္ဍာပ် စတိတ်ခုံကြီးကိုကြည့်လိုက်မိတော့လဲ..... ညီမလေးက ဆက်ကနေဆဲပဲ.. ဘာမှ

မပြောင်းလဲခဲ့ဘူးလေ..... ကျွန်တော်ကသာ.......

                                  မထင်မှတ်ပဲ နားထဲမှာ... စကားသံတသစ်ချို့ ကြားလိုက်ရတယ်..... `` ကိုကြီးလာဖြစ်ရင် ညီမလေး ကမှာပါ.......

ကိုကြီးကသီချင်းဆိုပေါ့.. နော်၊ မလာဖြစ်ရင်တော့..... မကတော့ပါဘူး...... နောက်ပြီး ကိုကြီး ညီမလေးဆီ လုံးဝမလာနိုင်တော့ရင် ဥပမာ

အိမ်ထောင်တွေ ဘာတွေ ကျသွားရင်တော့ ညီမလေးပြန်ကမယ်လေ..... ညီမလေးကို ကစေချင်ရင် ကိုကြီးက အနားကိုလာ... ဒါမှမဟုတ်

ရင်လဲ အပြီး ထားသွားခဲ့ပေါ့......´´ တဲ့။

                                  အခု.... ကျွန်တော် ညီမလေးအနားကို ရောက်နေပေမဲ့.....  ညီမလေးရဲ့  ရင်ထဲမှာတော့ အပြီး ထားသွားခဲ့တဲ့  သူ

ဖြစ်နေပြီနဲ့ တူပါရဲ့ဗျာ.... ညီမလေးက ငုဝါ၀ါဆိုတဲ့ အမည်ကို ပိုင်ဆိုင်ပေမဲ့ ပိတောက်ပန်းလေးတွေလို သစ္စာ ရှိတဲ့သူတစ်ယောက်ပဲလေ.....

ကျွန်တော် ရင်မဆိုင်ရဲပါဘူး.......။ ညီမလေးရေ..... ညီမလေးအနားမှာ သီချင်းဆိုခွင့်လေးလဲ မရှိတော့ဘူးနဲ့ တူပါတယ်......။ 

                                 ဒါပေမဲ့  ညီမလေးရေ..... ဘယ်အချိန်ပဲ ကက ညီမလေးက လှနေပါတယ်....   ပိတောက်ပန်းတွေနဲ့အတူ......အမြဲ

ပျော်ရွှင်နေပါစေ....နော်။

                                

                            

                          

                              

                             

          


ကျွန်တော်ကတော့အကုန်လုပ်ဖူးတယ်ခုလဲပဲနံပတ်တစ်ကိုလုပ်မိပြန်ပြီ  ........တံခါးမပိတ်ရသေးဘူးဟိဟိ......။။။

$
0
0

ကျွန်တော်ကတော့အကုန်လုပ်ဖူးတယ်ခုလဲပဲနံပတ်တစ်ကိုလုပ်မိပြန်ပြီ  ........တံခါးမပိတ်ရသေးဘူးဟိဟိ......။။။

ဘဝင်ရွှင်ဆေးအစဉ်ကျွေးမယ့်သူသို့

$
0
0
မျက်လုံးတစ်စုံပိတ်လိုက်တာနဲ့မြင်ယောင်နေတာမင်းလေးရဲ့မျက်နာပါ။မျက်လုံးတစုံကိုဖွင့်လိုက်တာနဲ့တွေ့ချင်နေတာမင်းရဲ့မျက်နာပါပဲ။ငါ့ရဲ့ခြေလှမ်းတွေရဲ့ဉီးတည်ရာကမင်းရှိရာနေရာပါပဲ။မင်းကိုမြင်နေတွေ့နေမင်းနှင့်ပြောနေဆိုနေရင်ငါစိတ်တွေပျော်နေတယ်ကွာ။အချစ်ရောဂါရှင်လေးငါ့ကိုဘဝင်ရွှင်ဆေးအစဉ်ကျွေးလှည့်ပါတော့ကွာအချစ်သမားတော်မလေးရေ။

ဂဏန်းဗေဒင်မှလာသော သင်၏ချစ်သူအကြောင်း

$
0
0

ဂဏန်းဗေဒင်မှလာသော သင်၏ချစ်သူအကြောင်း Share34 တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==သင်၏ချစ်သူဟာ.. နံပါတ် (၁) သမား... တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၂) သမား... တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၃) သမား... တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား... တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၅) သမား... တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၆) သမား... တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား... တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၈ သမား... တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၉) သမား... ဒီနေရာမှာ သင်၏ချစ်သူကို မင်းလို့ နာမ်စားသုံးကြပါစို့....... နံပါတ် (၁) မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်း ပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်.. ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်. . ကြင်နာတက်တယ်..ဒေါသလွယ်တယ်.. ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်း ကျော်ကြားသူ တယောက်ဖြစ်ချင်တယ်.. လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး. မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်.. ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်.. အမြင်မတူတဲ့ သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်.. အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူ တယောက်ဖြစ်ပေမယ့်.. မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်.. မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ.. ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကမ်း ခတ်အောင် သိနေတက်တယ်လေ.. ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်... ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှု့ ကြောင့်ပါပဲ.. မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ.. ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ.. မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 သင့်တင်တဲ့သူတွေကတော့.. 3, 5, 7... နံပါတ်(၂) မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်.. ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့.. ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်... မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ... မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်.. တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို ညက်ညောပြေပြစ်တယ်. မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆိုရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်.. မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ် (ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ). တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ... အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..! တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ. မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ... မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ.. မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်.. မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက. မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ... မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်.. လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ... မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!` နံပါတ် (၃) နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ.. တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့်.. ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်.. မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ.. ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့.. မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်.. မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်.... အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်.. ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး.. မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ... ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း.. မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်... မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ.. မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး.. ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်.. မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှု အောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့.. မင်းဟာ နပန်းလုံးနေရတက်တယ်... မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်.. သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်.. တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ.. မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ... မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!! နံပါတ် (၄) မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ.. အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး.. အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့.. စကားပြောတာက ပွင့်လင်းလွန်းပါတယ်.. အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ အဝေးကို ပြေးသွားတက်ကြပါတယ်.. မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့..... အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ.. အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ.. မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတက်ကြပါတယ်.. အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်.. လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ.. မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်.. မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ.. မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့.. ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်.. အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ.. ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ.. အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ ထွန်းပေါက်နိုင်ပါတယ်.. မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ.. အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်... မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7! နံပါတ် (၅) မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ.. မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်.. ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ. တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ.. ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့.. မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ.. တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်.. ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ်တက်သူပါ... မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့ မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်... မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ.. ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့... အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ.. မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့... မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!! နံပါတ် (၆) အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား.. မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ.. မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ.. မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ)..... ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်.. ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်.. မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်.. တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်.. မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို နှစ်သက်တဲ့သူတဦးပါ.. အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်.. ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်.. ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ.. အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ... မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!! နံပါတ် (၇) မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ.. မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ.. ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ.. မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ.. အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်.. မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ) အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ.. အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်.. နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်.. အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်.. အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်.. ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်.. မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ.. မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!! နံပါတ် (၈) မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး.. သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်.. အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ.. ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်. မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့. ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ.. မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်) မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်.. မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်) သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ.. ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ.. အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ.. မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ.. အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့... မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5!!! နံပါတ် (၉) မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့.. မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့.. မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ.. သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း. ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်.. စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့.. မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့.. မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့.. ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ.. မင့်ရဲ့ မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်.. မင်းဟာလူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ... မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ... မင်းဟာ အံ့ဖွယ်စိတ်ကူး စိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ.. မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့အဖော်မွန်ကတော့ 2!!! မေးလ်ထဲကိုရောက်လာတာလေးကို ဂဏန်းဗေဒင်ပညာနဲ့ အပ်စပ်လို့ ပြန်လည် ဖော်ပြပေးလိုက်တာပါ။

နောင်တကင်းသူ ဖြစ်စေချင်

$
0
0

နောင်တကင်းစင်စေချင်သည်

---------------------------------------------------------------------------------------------------------------------------------------

နောင်တရတယ် ဆိုတဲ့စကားကို ကျွန်တော်တို့တတွေ လွယ်လွယ်ကူကူ နှုတ်ကထုတ်ပြောတတ်ကြပါတယ်။ နောင်တ ဆိုတဲစကားလုံးလေးကို တစ်ပုဒ်ချင်းခွဲပြီး ကြည့်ရင် နောင်=အခွင့်အရေးအချိန်အခါ ကျော်လွန်သွားပြီးတဲ့ နောင်အခါကျမှ၊ တ=ဆုံးရှုံးသွားပြီးတဲ့ အခွင့်အရေးအချိန်အခါတွေကို ပြန်လည်ပြီး တမ်းတရခြင်း လို့ အဓိပ္ပါယ်ရပါတယ်။

နောင်တရပြီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ အခွင့်အရေးတစ်ခုခု အကျိုးတရား တစ်ခုခုကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်နေပါပြီ။ ဆုံးရှုံးသွားပြီးတဲ့ အခွင့်အရေး အကျိုးတရားတွေကို ပြန်လည်ရယူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ နောင်တအတွက် ပြင်ဆင်ခွင့်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။

တစ်ချို့ကတော့ ပြောကြပါတယ် နောင်တရတယ်ဆိုတဲ့ အချိန်မှာ အချိန်မှီပါသေးတယ် ပြန်လည်ပြင်ဆင်နိုင်ပါသေးတယ် ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ သေသေချာချာ စဉ်းစားကြည့်ရင် လက်လွှတ်သွားခဲ့ရပြီးတဲ့ အခွင့်အရေးနဲ့ အကျိုးတရားတွေဆိုတာ နောက်တစ်ခါ ကျွန်တော်တို့ဆီကို ပြန်မရောက်နိုင်တော့ပါဘူး။ နောက်တစ်ခါ တွေ့ရတဲ့ အခွင့်အရေး အကျိုးတရားဆိုတာက နောက်ထပ်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ လက်လွှတ်ဆုံးရှုံးပြီးတဲ့ အခွင့်အရေးအကျိုးတရားတော့ မဟုတ်တော့ပါဘူး။

ဒါကြောင့် ရှေးပညာရှိတွေကတော့ နောင်တတရားဟာ ဘယ်တော့မှ မကောင်းဘူး၊ နောင်တတရားနဲ့ ပြန်လည်ပြင်ဆင်ခွင့်ဆိုတာ ဘယ်တော့မှ မရှိဘူးလို့ မိန့်ဆိုခဲ့ကြပါတယ်။ မိမိကိုယ်ကိုချစ်ရင် စောစောကတည်းက နောင်တမဖြစ်ရအောင် နေထိုင်ကျင့်သုံး တတ်ဖို့ လမ်းညွှန်တော်မူခဲ့ကြပါတယ်။ နောင်တဖြစ်စေတတ်တဲ့ အကြောင်းတရားတွေကိုလည်း ထုတ်ဖော်ပြောပြတော်မူခဲ့ကြပါတယ်။

ခုကျွန်တော်မှတ်သားမိတဲ့ နောင်တဖြစ်စရာအကြောင်း ဆယ်ပါးကို ဒီမှာတင်ပြပေးချင်ပါတယ်။ ဘုရားဟောတဲ့ (ဇနသန္ဓဇာတ်တော်)ထဲက အကြောင်းတရားတွေပါ။

၁။ ငယ်စဉ်က ပညာမရှာခဲ့ခြင်း

ပညာရှာဖွေသင်ယူရမယ့်အချိန်မှာ ပညာမရှာမိခဲ့ရင် နောင်အသက်အရွယ်ကြီးလို့ အသက်မွေးမှု ပင်ပန်းတဲ့အခါ ဆင်းရဲတဲ့အခါ ''ငါငယ်ငယ်က အသက်မွေးမှုပညာ တစ်ခုခုမှ မသင်ယူမိခဲ့လေခြင်း'' ဆိုပြီး နောင်တဖြစ်ရတတ်ပါတယ်။

၂။ ဥစ္စာပစ္စည်းရှာဖွေနိုင်တဲ့အချိန်မှာ မရှာဖွေ, ရှာဖွေသော်လည်း မစုဆောင်းခဲ့မိခြင်း

ဥစ္စာပစ္စည်းဆိုတာ အရွယ်ကောင်းစဉ်မှာပဲ ရှာဖွေစုဆောင်းလို့အဆင်ပြေပါတယ်။ အသက်အရွယ်ကြီးရင် အဆင်မပြေတော့ပါဘူး။ ရှာဖွေနိုင်တဲ့အရွယ်မှာ ရှာတော့ရှာပြီး မစုမဆောင်းတတ်ခဲ့ရင် အသက်ကြီးတော့ ဆင်းရဲဒုက္ခရောက်တတ်ပါတယ်။ ဒီအခါ ''ရှာနိုင်ဖွေနိုင်တုန်းမှာ မစုဆောင်းမိခဲ့လေခြင်း'' ဆိုပြီး နောင်တပူပန်ရတတ်ပါတယ်။

၃။ ချစ်သူခင်သူတို့ကြား အချစ်ပျက်အောင် ဂုံးတိုက်စကားပြောဆိုခဲ့မိခြင်း (ပိသုဏဝါစာ)

၎။ သူ့အသက်သတ်ခြင်း(ပါဏာတိပါတ)

၅။ သူတပါးသားမယားပြစ်မှားလွန်ကျူးခြင်း (ကာမေသုမိစ္ဆာစာရ)

အမှတ် (၃-၄-၅) ဒီသုံးပါးကတော့ အကုသိုလ်ဒုစရိုက်ခေါ်တဲ့ တရားတွေပါပဲ။ အထူးရှောင်ကြဉ်ထိုက်တဲ့ တရားတွေဖြစ်ပါတယ်။ မိမိရဲ့ ဂုဏ်သိက္ခာကို ကျဆင်းဆုတ်ယုတ်စေတတ်တဲ့ တရားများဖြစ်တဲ့အတွက် နောင်အခါ ဒီအပြုအမူတွေကို ပြန်တွေးမိတဲ့အခါ နောင်တပူပန်ဖြစ်စေတတ်ပါတယ်။

၆။ လှူဒါန်းပေးကမ်းနိုင်သော အင်အားရှိလျက် မလှူဒါန်းမပေးကမ်းခဲ့ခြင်း

ဘဝသံသရာအရေးအတွက် အာရုံပြုမိတဲ့အချိန်မှာ(သို့မဟုတ်)ဘဝသံသရာခရီးလမ်းကို လျှောက်လှမ်းဖို့ရာ နောက်ဆုံးသေရာညောင်စောင်းလဲလျောင်းရတဲ့အခါ ‘ငါလှူနိုင်တဲ့အင်အား ရှိပါလျက်နဲ့ မလှူမိခဲ့လေခြင်း၊ သံသရာမှာ အားကိုးထောက်တည်ရာတရားကို မပြုမိခဲ့လေခြင်း’လို့  နောင်တပူပန်ဖြစ်ရတတ်ပါတယ်။

၇။ ပြုစုလုပ်ကျွေးနိုင်ပါလျက် မိဘများကို မပြုစုမလုပ်ကျွေးခဲ့ခြင်း

မိဘနှစ်ပါးဟာ အကြီးမားဆုံးကျေးဇူးရှင်တွေပါ။ ထိုကျေးဇူးရှင်တို့ရဲ့ ကျေးဇူးကြွေးကို ပြန်လည်မပေးမဆပ် မိဘများကို မေ့လျော့ထားခဲ့ရင် နောင်မိဘများမရှိတော့တဲ့အချိန် (သို့) မိမိကိုယ်တိုင် သားသမီးများရဲ့ပစ်ပယ်ခြင်းကို ခံရတဲ့အချိန်မှာ နောင်တပူပန်ရတတ်ပါတယ်။

၈။ မိဘဆရာစသည်တို့၏ ဆုံးမစကားများကို မနာယူ/မနာခံခဲ့ခြင်း

၉။ ပညာရှိသူတော်ကောင်း (မိတ်ဆွေကောင်း)တို့ထံ နည်းခံမှတ်သားမပြုခဲ့ခြင်း

ဒီနှစ်ပါးကတော့ အကြောင်းတစ်ခုခုကြောင့် ဒုက္ခတွေ့ရတဲ့အခါ ‘ခလုတ်ထိမှ အမိတ’ဆိုသလို မိမိကို သွန်သင်ဆုံးမပြောပြခဲ့ကြတဲ့ မိဘ ဆရာ ပညာရှိသူတော်ကောင်းတို့ရဲ့ဂုဏ်ကို သတိရပြီး ‘ငါ မနာခံ မိခဲ့လေခြင်း’ဆိုပြီး နောင်တပူပန်ဖြစ်ရတတ်ပါတယ်။

၁၀။ ကျင့်ထိုက်သော သီလစသည့် အကျင့်မြတ်များကို မကျင့်ခဲ့ခြင်း

ဒီတရားကလဲ သံသရာခရီးအတွက် နောက်ဆုံးအချိန်ရောက်တဲ့အခါ ‘ကိုယ်နှုတ်စိတ်တွေကို ထိမ်းသိမ်းစောင့်ရှောက်ပြီး နေထိုင်ကျင့်သုံးသင့်ပါရက်နဲ့ မကျင့်ခဲ့မိလေခြင်း’လို့ နောင်သံသရာအရေးကို တွေးမိပြီး နောင်တရတတ်ပါတယ်။

ဒီတရားဆယ်ပါးကြောင့် နောင်တရပြီဆိုတဲ့အချိန်ဟာ တော်တော်ကလေးအချိန်နှောင်းနေတတ်ပါပြီ။ ပြန်လည်ပြင်ဆင်နိုင်ဖို့ဆိုတာလဲ မလွယ်ကူတော့ပါဘူး။ ယခုဘဝ နောက်ဘဝနှစ်ခုလုံးမှာလဲ နောင်တရှင်တွေရဲ့ ချမ်းသာဖို့အရေးဟာ တွေးဝံ့စရာမရှိပါဘူး။

ဒါကြောင့် ကျွန်တော့ရဲ့တွေ့မြင်ခွင့်ရတဲ့ (ဒိဋ္ဌသဟာယ)မြင်တွေ့မရတဲ့ (အဒိဋ္ဌသဟာယ)သူငယ်ချင်း အပေါင်းတို့ကို နောင်တကင်းစင်ပြီး ဖြောင့်ဖြူးတဲ့ ဘဝလမ်းခရီးကို လျှောက်လှမ်းနိုင်စေချင်တဲ့ စေတနာဆန္ဒအရင်းခံပြီး နောင်တဖြစ်စေကြောင်း တရားဆယ်ပါးကို ထုတ်ဖော်တင်ပြပေးရခြင်းပါတယ်။

 

သူငယ်ချင်းအားလုံး နောင်တကင်းစင် ပြုံးပျော်ရွှင်လို့

ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း

(မွန်လေး)

 

နေ့စဉ် မင်္ဂလာဆောင်မယ်

$
0
0

နေ့စဉ်မင်္ဂလာဆောင်မယ်

------------------------------------------------------------------

‘ဟေ့ကောင် မွန်လေး’

‘ဗျာ’

‘ဘယ်တော့စားရမလဲကွ’

‘ဟမ် ဘာကိုပြောတာလဲ နေ့တိုင်းစားနေရတာပဲကို’

‘ငါဆိုလိုတာက အဲဒါမဟုတ်ဘူး မင်းဘယ်တော့လက်ထပ်မလဲ ဘယ်တော့မင်္ဂလာဆောင်မလဲလို့ မေးတာကွ’

‘ဟာဗျာ တစ်ခါလာလဲ ဒါပဲ၊ ကျွန်တော်က နေ့တိုင်းမင်္ဂလာဆောင်နေတာပဲလေ’

‘ဟင် ဘယ်လို … ဘယ်လို’

‘ကျွန်တော် နေ့တိုင်း မင်္ဂလာဆောင်ပါတယ်ဆို နားမလည်ဘူးလား မြန်မာလိုပြောနေတာကို’

‘မင်းဟာက ဘယ်လိုလဲကွ တို့ကြားဖူးတာက တစ်သက်မှာ တစ်မင်္ဂလာပဲရှိတယ်လို့ပဲ ကြားဖူးပါတယ်၊ မင်းကျမှ ဘယ်လိုလုပ်ပြီး နေ့တိုင်းမင်္ဂလာဆောင်တာလဲ နည်းနည်းပါးပါးလေး လင်းစမ်းပါဦးကွ’

‘ဟုတ်ကဲ့ ကျွန်တော်လင်းပါမယ့် သေသေချာချာ ထောင်နားစိုက်တော်မူ’

‘ကဲ လုပ်စမ်းပါဦးကွ’

မင်္ဂလာဆောင်တယ်ဆိုတဲ့ စကားကို ကျွန်တော်တို့ မြန်မာလူမျိုးတွေက ချစ်သူနှစ်ဦး သို့မဟုတ် မိန်းမယောက်ျားနှစ်ဦး အတူတကွ ဘဝကြင်ဖော်အဖြစ်လက်တွဲတော့မယ်လို့ အတိအလင်းကြေငြာတဲ့ အနေနဲ့ ပြုလုပ်တဲ့ ပွဲတွေမှာ အသုံးပြုကြပါတယ်။ လောကီမင်္ဂလာပေါ့ဗျာ။ အာဝါဟဝိဝါဟ မင်္ဂလာလို့လဲ ခေါ်ကြတယ်လေ။ ဒါ့အပြင် မင်္ဂလာဆိုပြီး သုံးနှုန်းတဲ့ အရာတွေလဲ အများကြီးရှိပါတယ်။  ဒါကတော့ ခင်ဗျားတို့ သိပြီးသားဖြစ်မှာပါပဲ မွေးနေ့လဲ မင်္ဂလာ၊ နားထွင်းလဲ မင်္ဂလာ၊ အိမ်သစ်တက်လဲ မင်္ဂလာ၊ ခုခင်ဗျားပြောသလို အိမ်ထောင်ပြုလဲ မင်္ဂလာ အများကြီးပါပဲ။ ဒါက ကိုယ်လိုချင်တဲ့ အကျိုးကောင်းတွေ ကိုယ့်ဆီရောက်ရှိလာတာကို မင်္ဂလာလို့ သတ်မှတ်ကြတဲ့ လူတွေရဲ့ မင်္ဂလာတွေပေါ့ဗျာ။ အကျိုးမင်္ဂလာလို့ ခေါ်လို့ရမယ်ထင်ပါတယ်။ လောကီလူတွေက ကောင်းမြတ်တဲ့ အကျိုးတရားတွေ ကိုယ့်ဆီရောက်လာတာကို မင်္ဂလာလို့ ယူဆကြလို့ လောကီ့မင်္ဂလာလို့လဲ ဆိုနိုင်ပါတယ်။

ကျွန်တော်ပြောချင်တဲ့ မင်္ဂလာက ဒီလိုလောကီ့မင်္ဂလာ၊ အကျိုးမင်္ဂလာတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ဘုရားစတဲ့ သူတော်ကောင်းတွေ ဟောပြတော်မူကြတဲ့ အကြောင်းကောင်းခြင်း မင်္ဂလာကို ပြောတာပါ။ ဘုရားစတဲ့ အရိယာသူတော်ကောင်းတွေက အကျိုးကောင်းနဲ့ပြည့်စုံခြင်းကို မင်္ဂလာလို့ မဟောပါဘူး။ အကြောင်းကောင်းနဲ့ ပြည့်စုံခြင်းကိုသာ မင်္ဂလာလို့ ဟောတော်မူကြပါတယ်။

မင်္ဂလာဆိုတဲ့ စကားလုံးလေးကို ပါဠိတော်တွေမှာ ခုလိုဖွင့်ပြထားတယ်။ (ဟဲဟဲ မတောက်တခေါက် ပါဠိလေး ဘာလေး ရွတ်လိုက်ဦးမယ်၊ လူရှိန်တာပေါ့နော်) ‘မင်္ဂံ ပါပံ လုနာ ဆိန္ဒတီတိ မင်္ဂလံ’တဲ့။ အဓိပ္ပါယ်က မကောင်းမှုအကုသိုလ်တရားတွေကို ပယ်ရှားဖြတ်တောက်တတ်တဲ့အတွက်ကြောင့် မင်္ဂလာလို့ ခေါ်တယ်တဲ့။ မကောင်းမှုအကုသိုလ်ဆိုတာ ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖြစ်တတ်တဲ့ လောဘ ဒေါသ မောဟ တရားတွေနဲ့ အဲဒီတရားတွေကို အရင်းခံပြီးဖြစ်တဲ့ သူတပါးအသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းစတဲ့ အလုပ်တွေ၊ လိမ်လည်ခြင်း၊ ဂုံးတိုက်ခြင်း စတဲ့ အပြောတွေ ဒီတရားအားလုံးကို ခေါ်တာပေါ့ဗျာ။ ဒီတရားတွေ ကျွန်တော်တို့ ဆီမှာ ဖြစ်ခဲ့ရင် ကျွန်တော်တို့ဆီကို ရောက်လာမယ့် အကျိုးတွေက မကောင်းကျိုးဆင်းရဲကျိုးတွေပဲ။

အဲဒီ အကုသိုလ်ဆိုတဲ့တရားတွေ၊ အကုသိုလ်ကြောင့် ရလာတဲ့ ဆိုးကျိုးတွေကို ပယ်ရှားဖြတ်တောက်ပေး နိုင်တာက အကုသိုလ်တရားရဲ့ ဆန့်ကျင်ဘက် ကုသိုလ်တရားတွေပဲ။ ကုသိုလ် ဆိုတာကလဲ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာဖြစ်တဲ လိုချင်မှုကင်းတဲ့ အလောဘ၊ စိတ်ဆိုးမှုကင်းတဲ့ အဒေါသ၊ မှန်မှန်ကန်ကန် သိမြင်တတ်တဲ့ အမောဟ ဒီလိုတရားတွေနဲ့ ဒီတရားတွေကို အရင်းခံပြီးဖြစ်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေ၊ ပြီးတော့ ဒါန၊ သီလ၊ ဘာဝနာကောင်းမှုတွေပေါ့ဗျာ။ ဒီကုသိုလ်တရားတွေက စောစောက ပြောခဲ့တဲ့ အကုသိုလ်တရားတွေနဲ့ အကုသိုလ်တရားတွေကြောင့် ရရှိလာတတ်တဲ့ ဆိုးကျိုးတွေကို ဖျက်ဆီးတတ်တယ်လေ။ ဒါကြောင့် ဒီကုသိုလ်တရားတွေကို မင်္ဂလာလို့ ဘုရားစတဲ့သူတော်ကောင်းတွေက ဟောတော်မူကြတယ်။

ဘယ်လိုလဲ ဒီလောက်ဆိုရင် ကျွန်တော်ပြောတာ သဘောပေါက်လောက်ရောပေါ့။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေမှာ နေ့စဉ်နေ့တိုင်း ကုသိုလ်ကောင်းမှုအလုပ် တစ်ခုမဟုတ် တစ်ခုတော့လုပ်ဖြစ်ကြတယ်လေ။ အနည်းဆုံး အလှူဒါန အနေနဲ့ အိမ်မှာ ဘုရားဆွမ်းကပ်တာ၊ ပန်းလှူတာ ရေလှူတာကစပြီး တစ်ခုမဟုတ် တစ်ခု လုပ်ဖြစ်တယ်လေ။ ဒါမှမဟုတ်ရင်လဲ ဆွမ်းချက်တာ ဆွမ်းလောင်းတာ၊ ဒါတွေအပြင် မရှိဆင်းရဲ ဒုက္ခရောက်နေတဲ့သူတွေ တွေ့တဲ့အခါ တတ်နိုင်သလောက် ကူညီပေးကမ်းတာ ဒီလို ကုသိုလ်မင်္ဂလာတွေ တစ်ခုမဟုတ် တစ်ခု လုပ်ဖြစ်ကြတယ်လေ။

ဒါထက်တတ်နိုင်ရင် သီလတို့ ဘာဝနာတို့ပါ အားထုတ်ကြတယ်။ ဒါတွေဟာ မင်္ဂလာတွေပဲလေ။ အဲဒီလို အကြောင်းရဲ့ ကောင်းခြင်းလို့ ခေါ်တဲ့ မင်္ဂလာတွေကို ကျွန်တော်တို့ ကိုယ်နှုတ်စိတ်သုံးပါးမှာ ရောက်နေ ဖြစ်နေအောင် နေ့တိုင်းဆောင်နေကြတာလေ။ ဒါကြောင့် ကျွန်တော်က နေ့တိုင်းမင်္ဂလာဆောင်နေတယ်လို့ ပြောတာပေါ့။ ကျွန်တော်ဆောင်တဲ့ မင်္ဂလာက အကျိုးမင်္ဂလာမဟုတ်ပါဘူး။ အကြောင်းမင်္ဂလာကို နေ့တိုင်းဆောင်ပါတယ်ဗျာ။

‘အင်း ဒီလိုဆိုတော့လဲ ဟုတ်သားပဲ မွန်လေးရေ။ ကဲ ငါလဲ ခုကစပြီး နေ့တိုင်းမင်္ဂလာဆောင်တော့မယ်ဗျာ’

‘ဟုတ်ကဲ့ မင်္ဂလာအပေါင်း အကြောင်းကောင်းတွေနဲ့ နေ့တိုင်းပြည့်စုံပါစေခင်ဗျာ’

 

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား

နေ့တိုင်းနေ့စဉ် ထိုသူတွင် ဖြူစင်မင်္ဂလာပွား

မင်္ဂလာတရား ကုသိုလ်များ ပွားများဆောင်၍ထား

 

သူငယ်ချင်းအားလုံး နေ့စဉ် မင်္ဂလာဆောင်နိုင်ကြပါစေဗျာ

မွန်လေး

colorologyသင်၏ ချစ်သူကို ဘာအရောင်ကို အကြိုက်ဆုံးလဲလို့ မေးကြည့်လိုက်ပါ

$
0
0
colorology


အရောင်များမှတဆင့် သင့်ချစ်သူ၏ နှလုံးသားအတွင်းသို့ ၀င်ကြည့်ကြ ရအောင်နော်။ အရင်ဆုံး သင်၏ ချစ်သူကို ဘာအရောင်ကို အကြိုက်ဆုံးလဲလို့ မေးကြည့်လိုက်ပါ။ အဲဒီမှာ သင်၏ ချစ်သူပြောတဲ့ အရောင်ကို ကြည့်ပြီး သင်၏ ချစ်သူရဲ့ စိတ်သဘာဝကို ခန့်မှန်းကြည့်လို့ ရတာပေါ့။ အိုကေနော်။ အောက်မှာ အရောင်တွေက ပြောတဲ့ လူသား တွေရဲ့ စိတ်သဘာဝတွေ။

သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပု တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။

သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။

သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။

လောလောဆယ်တော့ ဒီလောက်နဲ့ပဲ နားလိုက်ပါဦးမယ်။ နောက်ကျမှ ကာလာလော်ဂျီနဲ့ ပါတ်သက်လို့ ဒုတိယပိုင်း ဆက်တင်ပေးပါ့မယ်ဗျာ။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

ညီမျှခြင်းချရန်ညီမျှဖို့လိုသည်

$
0
0
အရာရာမှာကိုသဘောခြည်းပဲလည်းဖြစ်လို့မရ၊သူ့သဘောခြည်းပဲလည်းကိုကလက်မခံနိုင်ပါ၊ဘယ်လက်ခံနိုင်မလဲငါ့နှလုံးသားကဖယောင်းတုံးမှမဟုပ်တာ၊ပုံစံခွက်ထဲထည့်ပြီးမင်းလိုချင်တဲ့ပုံသွင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးနော်။မင်းစိတ်၊မင်းသဘောနှင့်မတိုက်ဆိုင်လို့မှားတယ်လို့မင်းပြောရင်တကယ်တမ်းမှားတာကမင်းပဲ၊လူအမျိုးမျိုးစိတ်အထွေထွေရှိတယ်ဆိုတာမင်းနားလည်ရမယ်၊လူစိတ်တလုံးအခက်ဆုံးဆိုတာကိုမင်းသဘောပေါက်ရန်အရေးကြီးသည်။အချစ်ကိုကိုးကွယ်တတ်ကြတဲ့အရွယ်မှာတော့ဒါတွေဟာအရေးကြီးမှန်းသိကြမည်မထင်ပါ၊အချစ်ထက်အရေးပေးရမယ့်အချိန်၊အချစ်ထက်အရေးကြီးတာတွေနဲ့ကြုံဆုံရသည့်အချိန်ဒါတွေဟာအရေးကြီးမှန်းမင်းနားလည်လာလိမ့်မယ်ပန်းကလေးရယ်။ဒို့နှစ်ယောက်ကြားမှာခိုင်မြဲသောအချစ်တွေရှိနေဖို့အပြန်အလှန်နားလည်မူရှိကြဖို့ကအရမ်းကိုအရေးကြီးသည်မဟုပ်ပါလားမမပန်းလေးရယ်။ဇ

အနားမှာနေချင်ပြီ

$
0
0

မောင့်အချစ်လေး…လှလွန်းဆွေရေ…

မောင့်ရဲ့အချစ်ကလေးက   ချောမောလှပလွန်းလို့ မောင်ခေါ်မိတဲ့အမည်လေးပေါ့။

မောင့်ရဲ့ဘ၀   အိမ်ထောင်ဆိုတဲ့ ရစ်ပတ်မှုဟာ ခင့်မျက်နှာလေးကို ထာဝစဉ်မြင်နေချင်တဲ့ အိပ်မက် ကလေးပါပဲ။   မောင်လေ အဲဒီလိုတွေးခဲ့ပြီး အိပ်မက်ကလေးက နိုးမထချင်ပါဘူးကွယ်။
 ကြင်နာတာ၊ ညှာတာတာ၊ ချစ်ခင်တာတွေ နဲ့အတူ ခင့်အတွက် စိုးရိမ်ပူပန်မှုတွေ   ရှိနေခဲ့တာ အမှန်ပါ။ ဒီဖော်ပြချက်တွေဟာ ခင့်အတွက် မောင့်ရဲ့ခံစားချက်   အစစ်အမှန်တွေပါကွယ်။ ဒီအတွေးတွေကို စိုးမိုးစေခဲ့တဲ့ ခင့်ကို မောင်   ချစ်လို့မ၀ခဲ့ပါဘူး။

အနီရောင်နှင်းဆီပန်းလေးတွေ၊   အပြာရောင် နီလာပန်းလေးတွေ၊ ချိုမြိန်တဲ့သကြား အဲဒါတွေများ ခင်လေးပိုင်ဆိုင် ထားသလားနော်။   နှင်းဆီပန်းတွေဟာ တစ်ချိန်ချိန်တော့ ညှိုးနွမ်းသွားမှာပါ။ နီလာပန်းလေးတွေလဲ   မကြာခင် ကြွေကျသွားမှာပါ။ သကြားတွေဟာလဲ တစ်ချိန်ချိန်မှာ ကုန်ဆုံးသွားမှာပါ။ ညှိုးနွမ်းနေတဲ့   နှင်းဆီပန်း၊ ကြွေကျသွားတဲ့ နီလာပန်း၊ ကုန်ဆုံးသွားတဲ့ သကြားလို မောင်က ခင့်ကို   ပစ်ပယ်သွားမှာ မဟုတ်ပါဘူး။ မောင်က ခင့်ကို ချိုမြိန်တဲ့ အချစ်နဲ့   ပွေ့ဖက်လို့ထားမှာပါခင်ရယ်။ မောင်ကခင့်ကို တစ်ရှူးစက္ကူလို မျက်နှာက   ချွေးတွေသုတ်ပြီး စွန့်ပစ်မယ့်လူစားတော့ မဟုတ်ပါဘူး ခင်ရယ်။

ခင်ရယ်…မောင် မလိမ်ဘဲ   ပြောချင်ပါတယ်။ မောင်ချစ်တာက ခင့်ရဲ့အပြုံးပါ။ ခင့်ရဲ့မျက်နှာပါ။   ခင့်ရဲ့မျက်လုံးပါ။
အချစ်ရယ်…မောင် အသက်ရှင်နေတာ ခင့်အတွက်ပါ။ ခင့်ဆီက အငွေ့အသက်တွေနဲ့ မောင့်ကို   အားတက်စေခဲ့တာပါကွယ်။

မောင်က ခင့်ကို   ဘယ်လောက်ချစ်တယ်ဆိုတာ ပြောရမယ့်စကားလုံးတောင် ရှာမတွေ့ပါဘူး။ ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းလဲ့တစ်စုံက   မောင့်နှလုံးသားကို အမှန်တကယ်လှုပ်ရှားစေခဲ့ပါတယ်။ ချစ်တဲ့ခင်ရယ်…ခင့်အနားမှာ   မောင်အမြဲထာဝရ နေပါရစေနော်။

♥♥♥♥♥

ခင်ရယ်…

ခင်နဲ့မောင်နဲ့က   အလှမ်းကွာဝေးပေမယ့် တစ်ဦးရဲ့ရင်ခုန်သံတစ်ဦးက အစဉ်ထာဝရကြားနေရတယ်လို့ ထင်မိတဲ့သူတွေပါကွယ်။   မောင်…နံနက် ၅ နာရီဆို အိပ်ယာက နိုးထတဲ့အခါမှာ ကြားချင်တဲ့ ဖုန်းသံလေးကို   အမြဲစောင့်နေမိပါတယ်။ မောင်တို့နှစ်ယောက်ဟာ ဖုန်းမဆက်ခင်ကလေးမှာ message   လေးတွေကို အရင်နိုးတဲ့သူက ကြိုပို့ထားကြတာလေ။

မောင်တို့နှစ်ယောက်   နံနက်စောစော ဖုန်းပြောဖြစ်ကြတာများပါတယ်။ ဖုန်းပြောတဲကအခါတိုင်းမှာ မောင်တို့ရဲ့   ရှေ့ခရီးတွေကို ဆွေးနွေးတိုင်ပင်ကြတာပေါ့။ မောင်တို့ဆွေးနွေးကြတဲ့ ပြီးတဲ့နောက်မှာ   တော့ ခင်ကမောင့်ကို-

“မောင်”

“ခင်…ပြောလေ”

“မောင်…ဒီနေ့   ဘာစားချင်လဲ”

“ဒီနေ့   … ရှမ်းခေါက်ဆွဲ နဲ့ တိုဖူးပျော့ စားချင်တယ် ခင်”

“မောင်…စားချင်တာစားနော်…ငရုပ်သီးတွေ   အများကြီးမစားရဘူးနော်”

“အင်းပါ…ခင်ကကော…ဘာစားမှာလဲ”

“မောင်ကလည်း   မေးနေပြန်ပြီ…မောင်စားတဲ့ အစားအစာကို ခင်စားနေတာပဲဟာ”

“မဟုတ်ဘူးလေခင်ရဲ့…ခင်စားချင်တာလေးလဲ   စားဦးလေ”

“မောင်ရယ်…ခင်က   မောင့်အလိုကျ ထာဝရလိုက်မှာပါနော်”

“ယုံပါတယ်ခင်ရယ်”

တကယ်တော့   မောင်နဲ့ခင်ဟာ တစ်နယ်ရပ်ကျေး အနေဝေးနေပေမယ့် နှလုံးသားချင်းနီးသလို တစ်ဦးကိုတစ်ဦး   နားလည်နေကြတာပါ။ တစ်နေ့တာလေးကို ခင်ကျွေးတဲ့ မနက်စာလေးနဲ့ အစပြုချင်နေတာ   မောင်ပါ….ခင်ရယ်။

♥♥♥♥♥

တစ်ခါတစ်ရံ ခင်က ခရီးထွက်တဲ့အခါမှာ   မောင်တို့ ဖုန်းမဆက်ဖြစ်သလို၊ မောင်ခရီးထွက်တဲ့အခါမှာလဲ မောင်တို့ဖုန်းမဆက်ဖြစ်ကြဘူး။   အဲဒီလိုနေ့များမှာ မောင်က ဟေမာနေ၀င်းရဲ့ မောင်သီချင်းလေးကို ဖွင့်ပြီးနားထောင်ရင်း   ခင့်ကို အလွမ်းဖြေရတာပေါ့။

ခင်ရယ်…မောင်လေ ဘယ်နေရာ ဘယ်ဒေသရောက်ရောက်   မောင့်အနားမှာ ခင့်ကို အမြဲရှိနေစေချင် တယ်။ ခင်နဲ့အတူ ရှေ့ဆက်ကြမယ့်အရေးဟာ အရမ်းကိုလှပမယ်လို့   မောင် မျှော်လင့်မိခဲ့ပါတယ်။

ဒါပေမယ့်…

မောင်တို့ နံနက် အချိန်လေး ဖုန်းဆက်ကြတဲ့အခါမှာတော့

“ခင်”

“ဘာလဲ”

“ခင်”

“ဘာပြောစရာရှိလို့လဲ”

မောင့်နားကို မောင်မယုံနိုင်အောင်ဖြစ်သွားတယ်။

“ခင်ရယ်…ဘယ်လိုဖြစ်တာလဲ”

“ရှင်နဲ့စကားပြောစရာ အကြောင်းမရှိတော့ဘူး”

“ခင်ရယ်…မောင့်ကို အကျိုးအကြောင်းလေးရှင်းပြပါဦး”

“ခင်တွေ…မောင်တွေလုပ်မနေနဲ့တော့…ရှင်နဲ့ကျွန်မ   ဇာတ်လမ်းဆုံးပြီ။ နောက်ကို ကျွန်မကို အဆက်အသွယ် မလုပ်ပါနဲ့”

ပြောပြောဆိုဆိုနဲ့ဖုန်းချသွားတဲ့ခင့်ကို   မောင် ဘာမှ နားမလည်နိုင်အောင်ဖြစ်ခဲ့မိပါတယ်။ မောင်က ဖုန်းကို အကြိမ်ကြိမ်ပြန်ခေါ်ပေမယ့်   ခင်က ဖုန်းကို လုံးဝမကိုင်တော့ပါဘူး။ နောက်ဆုံး ဖုန်းပိတ်ထား တယ်ဆိုတဲ့ အဖြေရတော့မှ   မောင်လက်လျော့လိုက်ပါတယ်။

♥♥♥♥♥

ခင်ရယ်….

မောင့်အနားမှာ အမြဲတမ်းရှိနေရင် ခင့် ဘ၀   အရာရာအားလုံးပြည့်စုံနေပါတယ်။ ဘာမှ မျှော်လင့် တောင့်တ   မနေချင်တော့ပါဘူးပြောခဲ့တာ မေ့များနေပြီလားခင်ရယ်။

မောင်နဲ့အတူ လက်တွဲပြီး ဘာမဆိုရင်ဆိုင်ရဲတဲ့ သတ္တိတွေရှိနေပါတယ်။   မောင်နဲ့အတူ လျှောက်ရတဲ့ လမ်း ကြမ်းတမ်းပါစေ။ ဆူးခင်းသောလမ်း လှမ်းရဲပါတယ်။   ကြမ်းတမ်းတဲ့ ဘ၀လမ်းမှာ မောင့်အလိုကျ ခင်က ဖြည့်ဆည်းပေးချင်တယ်ဆိုတာတွေဟာ   မောင်တကယ်ကြားခဲ့ရတာမှ ဟုတ်ပါရဲ့လား။

မောင်သာလျှင် ခင်ရဲ့ကမ္ဘာ၊ ခင့်ရဲ့ဘ၀ တူညီတဲ့ဆန္ဒတွေနဲ့   တစ်သက်မခွဲရွှေလက်တွဲ့ရမယ့်သူဟာ မောင်ပါလို့ ပြောခဲ့တာခင်ပါကွယ်။

ခုများတော့ခင်ရယ်…။မောင့်ကို ဘယ်အတွက် စိမ်းရက်လေသလဲကွယ်။ မောင်က   ခင့်အပေါ် ဖောက်ပြားခဲ့လို့လား။ ရက်ဆက်နေ့များ ရှည်ကြာသွားပေမယ့်   တစ်ဖက်သတ်အမုန်းနဲ့ အဆုံးသတ် ကြရတော့မှာလား ခင်ရယ်။ သိပ်ချစ်တယ်…ခင်ရယ်။   သိပ်လွမ်းတယ်ခင်ရယ်။ ခင့်ကို မောင်ပျော်ရွှင်စေချင်တယ်ကွယ်။

♥♥♥♥♥

“တီ…တီ…တီ”

နံနက်စောစော ခါတိုင်းလိုပဲ ၅ နာရီမှာ   အိပ်ယာကနိုးနေခိုက်…GSM ဖုန်းက မက်ဆေ့ဝင်တဲ့အသံကြား လိုက်ရတယ်။ အိပ်ယာဘေးက စားပွဲပေါ်မှာ   တင်ထားတဲ့ ဖုန်းကို ကောက်ကိုင်ပြီးကြည့်လိုက်တယ်။

မက်ဆေ့တစ်စောင်ဝင်နေပါလား။ လုံးဝမျှော်လင့်မထားတဲ့   ခင့်ဆီကပါလား။ ကမန်းကတန်းဖွင့် ဖတ်လိုက်တယ်။

“မောင်…ဖုန်းဆက်နော်”

ခင့်ဆီကို မောင်ဖုန်းခေါ်လိုက်တယ်။

“ခင်”

“မောင်”

“မောင်…အိပ်မက်မက်နေတာတော့ မဟုတ်ဘူးနော်ခင်”

“မဟုတ်ပါဘူးမောင်ရယ်”

“ခင်ရယ်…မောင့်ကို စိမ်းကားရက်တယ်”

“မောင်ပေးတဲ့အပြစ်ကို ခင်…ခံယူ့ပါမယ်။   ခင်…မောင့်ကို အရင်ရှင်းပြမယ်နော်”

“မောင်နားထောင်နေပါတယ်”

“လွန်ခဲ့တဲ့ တစ်လကျော်ကျော်လောက်က   မောင့်အလုပ်ဆိုင်ကို ခင်ဖုန်းဆက်တယ်…မောင်။ အဲဒီမှာ အမျိုးသမီးတစ်ယောက်က ဖုန်းလာကိုင်တယ်။   မောင့်ကို မေးတော့ မောင်မရှိဘူးတဲ့။ ပြောစရာရှိရင် သူ့ကိုပြောရင်ရပါတယ်တဲ့။ သူက မောင့်ရဲ့မယားပါလို့ပြောတယ်”

“ဘယ်သူများပါလိမ့်”

“ရှင်က ဘယ်သူလဲ…ငါ့ယောက်ျားဆီကို   ဘာကိစ္စနဲ့ ဖုန်းဆက်ရတာလဲလို့ဆက်ပြောတယ်။ ခင်က ဘာမှ ဆက်မပြောနိုင်တော့ဘူး။ ဖုန်းချလိုက်တယ်။   အဲဒီနေ့ တစ်နေ့လုံး ခင်…အရမ်းခံစားနေရတာ ပါမောင်ရယ်”

“ဘာလို့ မောင့်ကို သေသေချာချာ မမေးဘဲ   အဆက်အသွယ်ဖြတ်တာလဲခင်ရယ်”

“ခင့်စိတ်ထဲမှာ နေမထိထိုင်မသာဖြစ်သွားတယ်။   ခင်မျှော်လင့်ထားတွေ၊ မောင့်အနားမှာ နေချင်တာတွေ သဲထဲရေသွန်သလိုဖြစ်သွားပြီဆိုပြီး   မောင့်ကို စိတ်နာမိတယ်မောင်”

“အခု…ဘယ်လိုလုပ် ခင်က ပြန်ဆက်သွယ်တာလဲ”

“ခင်က အကြောင်းစုံကို သိရလို့ပေါ့မောင်ရယ်”

“ဘယ်လိုလဲ…မောင်နားမလည်ဘူး…ခင်”

“မနေ့က ခင့်ဆီကို မောင့်အလုပ်ဆိုင်က   ဖုန်းလာတယ်”

“အင်း”

“ခင့်ကို တောင်းပန်ပါတယ်တဲ့”

“မောင့်ရဲ့အဖြစ်ကို မြင်ရတော့ ခင့်ကို   စမိတာ အနူးအညွတ်တောင်းပန်ပါတယ်လို့ပြောတယ်။ မောင်နဲ့အရမ်းကိုခင်တဲ့ မိန်းကလေးက မောင့်   မယားလို့ ခင့်ကို ပြောလိုက်တာ ခင်က တကယ်ထင်သွားပြီး မောင့်ကို အဆက်အသွယ်မလုပ်တာ သူရိပ်မိတယ်တဲ့”

“ခင်ရယ်”

“ခင့်အမှားပါမောင်ရယ်…ခင်က မောင့်ကို   သေသေချာချာ မမေးဘဲ အထင်လွဲမိတာ”

“တစ်လလောက် မောင်အရမ်းခံစားနေရတာနော်”

“မောင်”

“ခင်…ပြောလေ”

“မောင့်အနားမှာ အမြဲနေချင်ပြီ”

“မောင်ကလည်း ခင်နဲ့ထပ်တူပါကွယ်”

 

(ကိုယ်တိုင်ခံစားနှလုံးသားဖြင့်   ရေးဖွဲ့သည်။)

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၉-၄-၂၀၁၂)(၂၃း၃၀)နာရီ

ဒီအချက် ငါး ခုထဲက တစ်ခု(ဒါမှမဟုတ်) တစ်ခုထက်ပိုပြီးဖြစ်ခဲ့ဖူးပါသလားးး?

$
0
0

တစ်ခုထက်ပိုပြီးဖြစ်ခဲ့ ဖူးရင် LIKE ကိုနှိပ်ပါ ။

ကျွန်တော်ကတော့ အားလုံဖြစ်ခဲ့ဖူးပါတယ်.....နံပါတ်(၁) ကတော့ အခုထိ ဖြစ်နေတုန်းပါဗျာ.......

၁ ။ တစ်စုံတစ်ခုကိုယူဖို့ အခန်းထဲကိုဝင်လာတယ်...။ အဲဒီအချိန်မှာ ငါဘာလုပ်ဖို့ ဝင်လာတာပါလိမ့်ဆိုပြီး မေ့သွားတယ် ..။ ပြီးတော့အပြင်ပြန်ထွက်လိုက်တဲ့  အခါမှာ ပြန်သတိရလာတယ် ..။

၂ ။ သင် ငယ်စဉ်အခါက စာရွက်ထောင့်တစ်နေရာမှာ "နေလုံး" ပုံကြီးဆွဲခဲ့ဖူးတယ် ။

၃ ။ သင်ငယ်ငယ်တုန်းက လူတွေပြောပြောနေကြတဲ့  အသည်းနှလုံး ဆိုတာအပြင်မှာလည်း ဒီလို ပုံလေးပဲ လို့  တွေးခဲ့ ဖူးတယ်..။

၎ ။ ရေခဲသေတ္တာ ထဲကမီးဝါ၀ါလေး ဘယ်အချိန်မှာ ပိတ်သွားလဲဆိုတာသိဖို့ တံခါးကိုဖြည်းဖြည်းလေးပိတ်ပြီး စောင့်ကြည့်ခဲ့ ဖူးတယ် ။

၅ ။ မီး ခလုတ်ကို ပိတ်လိုက် ဖွင့်လိုက်လုပ်ရင်း အဖွင့် အပိတ်ခလုတ်ကို ညီအောင်ထိန်းညှိဖို့  ကြိုးစားခဲ့ ဖူးတယ် ။

မိန်းကလေးများ သိထားသင့်သော အချက် (၁၀) ချက်

$
0
0



♥ရုပ်လှနေဖို့ မလိုပါဘူး
နှလုံးသားလှနေဖို့ပဲ လိုပါတယ်...။

♥ငွေကြေးချမ်းသာဖို့ မလိုပါဘူး
အကျင့်သိက္ခာ  မဆင်းရဲဖို့ပဲလိုပါတယ်...။

♥ပညာတတ်ကြီး ဖြစ်ဖို့ မလိုပါဘူး
ပညာ မမဲ့ဖို့ပဲလိုပါတယ်...။

♥ချွေတာတတ်ဖို့ မလိုပါဘူး
သုံးစွဲတတ်ဖို့ပဲ လိုပါတယ်...။

♥လူတိုင်းကို ချစ်တတ်ဖို့မလိုပါဘူး
လူတိုင်းကို ကြင်နာတတ်ဖို့ပဲလိုပါတယ်...။

♥စကားပြော ကောင်းဖို့မလိုပါဘူး
စကားပြော တတ်ဖို့ပဲလိုပါတယ်...။

♥ခေတ်ဆန်လွန်း စရာမလိုပါဘူး..
ခေတ်နဲ့လိုက်လျော ညီထွေတတ်ဖို့ပဲ လိုပါတယ်...။

♥အိမ်ရှင်မကောင်းတစ်ယောက်  ဖြစ်ဖို့မလိုပါဘူး
ဘ၀ဖော်ကောင်း တစ်ယောက် ဖြစ်ဖို့လိုပါတယ်...။

♥အချစ်ကြီး ချစ်ဖို့မလိုပါဘူး
သဘောထားကြီးပြီး နားလည်မှု့ရှိဖို့ပဲလိုပါတယ်...။

♥နေရာတကာ အလျော့ပေးဖို့ မလိုပါဘူး
ကြည်ဖြူစွာ ခွင့်လွှတ်တတ်တဲ့ စိတ်ထားလေး ရှိဖို့ပဲ လိုပါတယ်.....။

 

                                                                                         ငဖြိုး

 

ငါ..နဲ့ ..မင်း

$
0
0

အရောင်တွေ တောက်ပနေတဲ့   မင်းကိုကြည့်တဲ့ ကိုရဲ့ မျက်လုံးတွေဟာ   ဘာဆေးရာင်ကာလာတွေမှ မချယ်ထားဘူးဆိုတာ...                        မင်းသိရင် ဒို့ ကိုပြုံးပြမှာလား .......                                                                                                                                ငါမင်းကိုချစ်တယ်လို့  ပြောတဲ့စကားလေးတစ်ခွန်းဟာ   ငါရင်ထဲဟိုးအဝေးဆုံးတနေရာကနေလာတယ်ဆိုတာ....                                                                              မင်းသိရင်......မမုန်းပဲချစ်မှာလား                                                                                          ..     ငါရင်ထဲမှာ     မင်းနဲ့ နှစ်ယောက်အတူနေဖို့    ချစ်အိမ်လေး ဆောက်ပြီးရင်                                                                                                                                               .....  မင်းလာနေမှာလား........                                                                                ဘဝဆိုတဲ့စာနှစ်လုံးရဲ့   အဓိပ္ပာယ်ကိုသိချင်ရင်     မင်းဘဝနဲ့ ငါ့ဘဝပေါင်းမှသိရမယ်ဆိုတာ                                                                မင်းလက်ခံတယ်မှို့ လား...                                                                                                                                                 သံသရာဆိုတဲ့ဟိုးခရီးဝေးရှည်ကြီးကို     မင်းနဲ့ လက်တွဲပြီး   ..                                                                                                 .... ရှောက်ကြည့်ချင်တယ်     လိုက်မယ်မှို့ လား                                                                                                                                လိုအပ်ချက်တွေအများကြီးထဲမှာမှ      မင်းကိုပထမတုံးရွးချယ်တာ           ငါရဲ့ပါးလျှတဲ့                                                                                နှစ်လုံးသားခံစားချက်တစ်     ခုထဲကလာတဲ့                                                                                                                                                   အချစ်ကြောင့်ပါ ..... .....း                                                                                                                        

ရေမချိုး တဲ့ ခင်ပွန်းနဲ့ ကွာရှင်း လိုက်တဲ့ ဇနီး

$
0
0

ရေမချိုး တဲ့ ခင်ပွန်းနဲ့ ကွာရှင်း လိုက်တဲ့ ဇနီး

အီဂျစ် နိုင်ငံကအင်ဂျင်နီယာအမျိုးသမီးတစ်ဦးဟာတရားရုံးမှာလင်မယားကွာရှင်းဖို့အတွက်ဦးတိုက် လျှောက်ထား လိုက်တယ်လို့သိရပါတယ်။အမည်မဖော်လိုတဲ့အဲဒီအမျိုးသမီးရဲ့ကွာရှင်းလိုတဲ့အကြောင်းကလက်ထပ်ပြီးတစ်လအတွင်း ရေတစ်ခါမှ မချိုးတဲ့သူ့ခင်ပွန်းနဲ့ဆက်လက်မပေါင်းသင်းလိုတဲ့အတွက်ကွာရှင်းခွင့် တောင်းခံထားတယ်လို့ သိရပါတယ်။ခင်ပွန်း ဖြစ်သူရဲ့အကြောင်း ပြချက်ကတော့ ရေနဲ့ဓာတ်မတည့်လို့ ရေမချိုးတာပါလို့ဆိုပါတယ်။ ဇနီးကဆရာဝန်ထံ ပြသအကြံဉာဏ်ယူပေမယ့်တစ်ကိုယ်ရေမသန့်ရှင်းမှုနဲ့လင်မယားအချေအတင်အငြင်းပွား ကြပါတယ်။အကျင့်မဖျောက်နိုင်တဲ့ခင်ပွန်းကကွာရှင်းမပေးနိုင်ဆိုတဲ့အတွက်တရားရုံးရဲ့အမိန့်ချမှတ်တာကို စောင့်စားနေရတယ်လို့ ဆိုပါတယ်။

မှတ်ချက် ။  ForwardMail
မှတစ်ဆင့်ကူးယူတင်ပြပေးခြင်းဖြစ်ပါသည်

 

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>