ms - ` မင်းနှုတ်ခမ်းပေါ်က ငါ့အနမ်းရဲ့အဓိပ္ပာယ် ´
*******************************************
ငါမင်းကိုနမ်းခဲ့တယ်ဆိုတာ နုထွေးအိ့စက်တဲ့အာယုံခံစားမှု့တခုထဲနဲ့ ငါ့ရဲ့လိုအင်တွေအတွက်အသုံး
တော်ခံခဲ့တာမဟုတ်ပါဘူး ။ မင်းမျက်နှာရဲ့တပေအကွာလောက်မှာ ငါ့မျက်လွာတချက်လှန်ကြည့်မိ့တိုင်း
` ငါအတိအကျမသိ့တဲ့အဓိပ္ပာယ်တွေရှိလိမ့်မယ် ´ ဆိုတဲ့အတွေးလေးနဲ့ မင်းနှုတ်ခမ်းလေးကိုကြည့်ပြီရင်ခုန်ခဲ့
တာအကြိမ်ကြိမ်ပေါ့ ။ တဖြည်းဖြည်းချင်တိုးကပ်လာချင်နေတဲ့ငါ့နှုတ်ခမ်းနဲ့ ငုံငုံလေးဖူးနေတဲ့မင်းနှုတ်ခမ်း
တွေ နွေးထွေးစွာ ` အိ့ ´ ခနဲ့ထိ့ကပ်လိုက်ဖို့ ဘာတွေနဲ့များတားဆီးထားလို့ရမှလဲဟင် ။
အနမ်းဆိုတာအချစ်ရဲ့သင်င်္ကေတ ၊ အချစ်ရဲ့ပုံတူမျိုးပွား ပြီးတော့
အချစ်ရဲ့အခြားတပါးသောအမည်နာမတော်လို့ခေါ်ဝေါ်သုံးနှုန်း
လိုက်ပေမဲ့ သွေးမတော်သားမစပ်ပဲထိ့တွေ့ခွင့်ရလိုက်တဲ့အခိုက်
အတန့်လေးမှာပဲ ရသ ၊ အက္ခရာနဲ့စကားလုံးတွေထက်ပိုမိုသာ
လွန်တဲ့ ခံစားမှု့တွေကိုလဲပေးစွမ်းနိင်ပါသေးတယ် ။
ထိုက်တန်တဲ့တန်ဖိုးတခု လေးနက်ပီပြင်တဲ့ခံစားမှု့တွေနဲ့ တစိမ့်စိမ့်စီးဆင်းနေတဲ့ ဒီနှုတ်ခမ်းလွာရဲ့
သွေးကြောမျှင်လေးတွေထဲမှာလဲ မလောက်မငစားသုံးမိ့လိုက်တဲ့နတ်သုဒ္ဒါကို ထပ်ခါတလဲလဲစားသုံးချင်တဲ့
ဆန္ဒမျိုးနဲ့ ကိုယ်မရောက်ဖူးသေးတဲ့နေရာဒေသတခုခုကို အရောက်သွားလိုက်ချင်တဲ့ဆန္ဒမျိုးတွေဖြစ်ပေါ်လာ
အောင် သွေးဆောင်ထားသေးတယ်လေ ။ ပြီးတော့ ငါမြတ်နိုးတဲ့မင်းအလှရဲ့ဒေသတော်တော်များများမှာ
နုညံ့မှု့တွေကိုမကုန်တမ်းဝတ်ဆင်ပေးနေချင်တဲ့ငါ့ဆန္ဒတွေကလဲ မင်းနှုတ်ခမ်းနဲ့ထိ့တွေ့မိ့လိုက်တိုင်း ပိုပြီနက်
ရှိုင်းလာတယ်ဆိုတာမင်းမေ့မထားပါနဲ့ ။
အချစ်တခုကိုအခြေခံလို့ သဘာဝအလိုကျရုန်းကြွလာ
တယ်ဆိုပေမဲ့ တို့အနမ်းတွေရဲ့မြင့်မြတ်တဲ့ဂုဏ်သိက္ခာတွေလဲရှိ
သင့်တယ်လို့လဲငါထင်သေးတယ်လေ ။ အဲဒါတွေက နှစ်ဦးသ
ဘောတူကြင်နာမှု့နယ်ပယ်ကိုလုယူနေတဲ့အချိန်မှာ ကိုနေထိုင်နေတဲ့ပတ်ဝန်းကျင်ကိုသတိ့ပြုရင်း ထိန်းသိမ်း
ထားနိင်ဖို့လဲလိုမယ်လို့ငါထင်တယ် ။ မင်းသိ့ရဲ့လား သာတူညီမျှလိုက်ရောမှု့တွေနဲ့ဖူးပွင့်ပေးထားတဲ့မင်းနှုတ်
ခမ်းလွာကို အခွင့်ရတိုင်းငါမနမ်းရှိုက်ခဲ့တာ ငါတို့ရဲ့ချစ်ခြင်းတရားနဲ့ငါတို့အနမ်းတွေရဲ့ဂုဏ်သိက္ခာအတွက်ပါပဲ
ပြီးတော့ မင်းနှုတ်ခမ်းကငါ့အချစ်ရဲ့အောင်မြေနင်းရာလို့သက်မှတ်ထားရင် မင်းလက်ခံပေးမလား ။ ဟုတ်
တယ် မင်းပဲစဉ်းစားကြည့်လေ မင်းအချစ်ကိုငါမရခဲ့ရင်ငါမင်းကိုဘယ်လိုနမ်းမလဲ ။ ` ချစ်ပါတယ် ´ လို့
ဝန်ခံလိုက်ယုံနဲ့ ပြီးပြည့်စုံဖို့ဆိုတာ ဒီအနမ်းတွေမပါရင်ဖြစ်ပါ့မလား ။
မင်းရဲ့ပါးပြင် ၊ မင်းရဲ့လည်တိုင်နဲ့မင်းရဲ့နဖူးပြင်တွေမှာ ( ပိုးကောင်
ငယ်လေးတရွရွပြေးနေသလို ) ခတ်ဖွဖွလေးနမ်းလိုက်မဲ့အချိန်တိုင်းက မင်း
စဉ်းစားထားတာထက်ပိုများနေသလို မင်းစဉ်းစားထားတာထက်ပိုပြီးနည်း
ရင်နည်းနေပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ အနမ်းဆိုတာ တို့နှလုံးသားတွေရဲ့တိုက်ပွဲခေါ်သံတွေဖြစ်
နေလို့ပါပဲ ။ တကယ်တော့ အချစ်စိတ်နဲ့ဖြစ်ပေါ်လာတဲ့အနမ်းဆိုတာ လက်ခံသူတို့နှစ်ဦးနှစ်ယောက်ကလွဲ
လို့ ကြည့်မြင်မိ့လိုက်သူရဲ့အတွေးတွေထဲကို ငါတို့ရဲ့ဂုဏ်သိက္ခာဘယ်လိုပဲဖြစ်နေပါစေဆိုပြီ ရိုင်းစိုင်းစွာ
ပြုမှု့ကျင့်ကြံနေထိုင်ခဲ့တာမဟုတ်ပါဘူး ။ မင်းနှုတ်ခမ်းကိုထိ့ကပ်လိုက်တဲ့ငါ့အနမ်းရဲ့အဓိပ္ပာယ်ကတော့
အလွယ်ကူဆုံး ၊ အရိုးရှင်းဆုံးနဲ့အနက်ရှိုင်းဆုံးဖြစ်အောင် ငါ့အချစ်ကိုပုံဖော်ပြလိုက်တာပါပဲ . . . ။
= နှလုံးသားဖြင့်ရင်း၍ - မင်းဆက်ဆက်ခ