အားလုံးသောသူငယ်ချင်းများ မင်္ဂလာပါ..
ကိုငြိမ်း နဲ့ တစ်ခြား ဆိုဒ်တာဝန်ခံများ ကို ကြိုပြီးတောင်းပန်ချင်ပါတယ်..
ကျွန်တော်စကားမှာ အမှားပါသွားရင် တောင်းပန်ချင်ပါတယ်..
ဆိုဒ်အတွင်းက ချက်တာဝန်ခံတွေကို သေချာ စီစစ်စေချင်ပါတယ်..
အခုဆိုရင် ကြုံရတာ နှစ်ခါရှိပါပြီ...
ဒီတစ်ခါတော့ ဘယ်လိုမှ သည်းမခံနိုင်လို့ ဒီဘလော့နဲ့ ကိုငြိမ်းကို အသိပေးရတာပါ..
ကျွန်တော် ကိုယ်တိုင် ချက်ရွမ်းထဲမှာ ချက်ပါတယ်..
သူငယ်ချင်းတွေနဲ့ စနောက်ပါတယ်..
ကော်ပီလုပ်ဖူးခြင်းမရှိပါ
ဆဲဆိုခြင်းမရှိပါ..
တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ခြင်းပဲရှိပါတယ်..
ပထမ တစ်ရက် အက်ဒမင်ဂျာအေး ဆိုတဲ့သူက..ကျွန်တော်ကို အထက်ကစီးက ရင့်ရင့်သည်းသည်း အမိန့်ပေးသလိုပြောခဲ့ပါတယ်..
ဒုတိယ တစ်ရက် ကျွန်တော်ကို အငြိုးထားပြီး ကျွန်တော်ချက်တဲ့စာကြောင်းတိုင်းကိုဖျက်ခဲ့ပါတယ်..
ပြီးတော့ အပြစ်မရှိပဲ 24 နာရီ ဘမ်းခဲ့ပါတယ်..
ကိုငြိမ်း သေချာစုံးစမ်းပြီး မျှတအောင် ဆောင်ရွက်ပေးပါ..အခုစကားတွေထဲမှာ အမှားပါသွားရင် တောင်းပန်ပါတယ်..
ဘလော့ချပေးတဲ့ ဆိုဒ်တာဝန်ခံများ ခင်ဗျာ..ကျွန်တော် ဒီဘလော့ကို မပယ်ချစေချင်ပါဘူး..ရွှေမြို့တော်က တာဝန်ခံတွေက တရားမျှတတာကို သိပါတယ်..
အခု မန်ဘာတစ်ယောက်အနေနဲ့ မတရားခံရတာကို ..ဒီဘလော့ကို ပယ်ချပစ်မယ်ဆိုရင် ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်..
အားလုံးကို ကျေးဇူးတင်ပါတယ်..