Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နားလည်တတ်ခဲ့ပြီပေါ့ ချစ်ခြင်းဆိုတဲ့ ဒီအရာ.............................

$
0
0

နင်လေ ငါ့ဘေးနားရှိနေတုန်းက နင့်တန်ဖိုးပေါ့ ငါ မသိခဲ့။ မဖတ်တတ်ခဲ့ဘူး နင့်မျက်ဝန်းတွေကို နင်ကတော့ တစ်ချက်ငဲ့ရုံနဲ့ ငါ ဘာတွေတွေးလို့ ဘာဖြစ်ချင်တယ်၊ နင် အတတ်သိနေခဲ့တယ်။ ငါပဲညံ့တာလား နင်ကပဲ သိပ်တော်နေတာလား။ နင်ကတော့ ပြောတယ် ညာတယ်၊ လျို့ဝှက်တယ်၊ လိမ်တယ်တဲ့။ သေချာတာက မညာခဲ့ မလိမ်ခဲ့တာတော့ အမှန်ပါ။ ငါမပြောခဲ့ရသေးတာပဲ ၇ှိခဲ့တာပါဟာ။

ဘာလို့ ဒီလိုလုပ်တယ် နင်မှမသိတာ ငါ လူတွေကို မယုံရဲတော့ဘူးဟာ။ ခဏခဏ အညာတွေ မိနေတော့ ဘယ်မှာလေ စိတ်ရင်း အတိုင်း ဆက်ဆံရဲတော့မှာလဲ။ ကြောက်တတ်တာလဲ မဆန်းတော့ပါဘူး။ တစ်ခုတော့ ယုံပေးဟာ များများစားစား မဟုတ်ပါဘူး။ တစ်ခုထဲပါ နင်မထင်မှတ်အောင် ငါနင့်ကို ခင်တယ် နောက် ဘယ်သူတွေဘာပဲပြောပြော ငါနင့်ကိုယုံတယ် ဆိုတာလေးပါ။

တစ်ခါမှ မရောက်ဖူးတဲ့ မြို့မှာ နင့်နောက်ကို ငါလိုက်လို့နေတာ လူတွေများ သိရင်လေ အထင်တွေသေးကြမှာပေါ့နော်။ ဘာပဲပြောပြော နွေနေပူပူမှာ နေပူပေမယ့် ငါပျော်နေတာ နင်သိခဲ့လို့လား။ ရူးတယ်ပဲဆိုဆို တစ်ကယ်တော့ ရယ်စရာကြီး နင်သာ တစ်နေရာမှာ ထားခဲ့ရင်တော့လား သေချာတာက ငါ မပြန်တတ်တော့တာလေ။ စိတ်ချ ရောင်းစားပေးမယ်ဆိုတဲ့ စကားနဲ့ငါကြောက်နေတာ နင်မြင်တော့ ရယ်နေလိုက်တာ ငါကတော့ တကယ်မှတ်လို့။

ဘာပဲပြောပြော ငါပျော်ပါတယ်  ဒီမြို့ရဲ့ အထင်ကရနေရာတွေမှာ ငါတို့ ပုံရိပ်တွေ ရှိနေတာတော့ အမှန်ပဲနော။ အမှတ်တရတွေပေါ့နော။ တစ်ကယ်လို့များ တစ်ချိန်မှာ ပြန်ဆုံတွေ့ခွင့်ရရင် ဒီလိုမဟုတ်လို့ မတွေ့ဖြစ်ကြလို့ ဒီဒေသလေးကို တစ်ခါတစ်ခေါက် အလည်ရောက်ခဲ့ရင်လေ ငါနင့်ကို တိတ်တိတ်လေးပေါ့ လွမ်းနေတော့မှာ နင်ကတော့ သိပါ့မလား။ သိမှာပါနော သေချာပါတယ် ငါ့ကို မြင်လိုက်ရုံနဲ့  နင်အရာရာ သိနေတာကိုတော့ ငါမေ့ထားလို့မှ မရတာ။

ငါပြန်ရတော့မယ် နင်တော့ မသိဘူး ငါမူ မပျက်အောင် ထိန်းရင်း နေရပေမယ့် မပျော်နိုင်တော့ဘူး ဆိုတာ ငါ အသိဆုံးပါဟာ။ နင်ကကော ဟန်ဆောင်ကောင်းတဲ့ နင့်ကိုငါနှုတ်ဆက်နေရပေမယ့် ရင်ကတော့ ဘယ်တော့မှ နှုတ်မဆက်ဘူးဆိုတာ နင်သိပါနော်။ နင်က လူကြီးဆန်ပြီး အရာရာမှာ ဦးဆောင်နိုင်တော့ တစ်နေ့မှာ နင်ဖြစ်ချင်တာတွေ ဖြစ်လာမှာက သေချာပါတယ်။ လူချစ်လူခင်ပေါတဲ့ နင့်ကို မနာလိုပါဘူး။ ပြီးတော့ ကောင်မလေးတွေကြားမှာ စန်းပွင့်လေသူမို့ တစ်ဖက်က စိတ်မချနိုင်တာ နင်ရိပ်မိမှာ သိပ်စိုးပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့နော် တစ်နေ့ကိုတော့ မျှော်ပါရစေ မျှော်လင့်ခွင့်လေးတော့ ရှိတယ်ဟုတ်။ အဲဒီနေ့လေးကတော့ သိပ်မဝေးအောင် ဆုတောင်းရမှာပေါ့နော်...............................

မှတ်ချက်။                               ။ မန်းလေးရောက်တုန်း စိတ်ကူးယဉ်ထားတာပါနော်။ စာလဲ မရေးတာ ကြာပြီမို့ စိတ်ကူးယဉ် လွန်သွားရင်တော့ ခွင့်လွှတ်ပေးပါနော်။

                                                                                                                                                     မိုးးသင်ဇာ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>