သို့
သူငယ်ချင်းများအားလုံး မီးမီးကတော့ မီးသခင်ပါ .
သူငယ်ချင်းမသိနဲ့ အက်မင်ဂျာအေး ခုလိုဖြစ်တဲ့ကိစ္စကတော့ ဘာမှကြီးကြိးကျယ်ကျယ်တော့မဟုတ်ပါဘူး ။ တယောက်နဲ့တယောက် စကားအပြောအဆိုလေးကနေ နားလယ်မှု့လွဲသွားတာပါ။ ဆိုဒ်ထဲမှာကျတော့တဦးနဲ့ တဦး မြင်တွေ့ရတာမဟုတ်တော့ အခေါ်အဝေါ်လေးတွေက အကို ။ ညီလေး။ အမ ။ ညီမ။ ဆိုတာက မှန်းပြီးခေါ်ရတာပါ ။တကယ်လို့သာ သူငယ်ချင်းမသိက လူငယ်တယောက်ဆိုရင်တော့ညီ၊ီလေးလို့ခေါ်လိုက်တာကိုလက်ခံနိုင်သလို . သူငယ်ချင်းမသိက အသက် ကြီးတဲ့ လူ ကြီးတယောက်ဆိုရင်တော့ ညီလေးလို့ အခေါ်ခံရတာကိုလက်မခံနီုင်ဘူးဆိုတာနားလည်ပါတယ် ။ဒါပေမဲ့ ဒီလိုလူကိုမြင်တွေ့ရတာမဟုတ်တဲ့နေရာမှာခုလိုအခေါ်အဝေါ်လေးကြောင့် သီးမခံနိုင်ဘဲ . သားလေးလို့ပြန်ခေါ်လိုက် တော့ . အဓိပ္ပါယ်ကောက်လွဲချော်မှု့လေးတွေဖြစ်ပြီးပြသနာတက်ရတာပါ ။ တကယ်လို့သာ သူငယ်ချင်းမသိ က အဲလိုညီလေးလို့အခေါ်ခံရတဲ့အချိန်မှာ . အက်မင်ဂျာအေးကို . သားလေးလို့ ပြန်မခေါ်ဘဲ ။ မိန်းချက်မှာဘဲဖြစ်ဖြစ် . pv မှာဘဲဖြစ်ဖြစ် ငါ့ အသက်ကဘယ် လောက်ရှိပြီးညီလေးလို့မခေါ်ပါနဲ့လို့ ပြောပြလိုက်မယ်ဆိုရင် ။ သူငယ်ချင်းမသိနဲ့ အက်မင်ဂျာအေးတို့ ခုလို အငြင်းပွားစရာမရှိပါဘူး ။ ခုတော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေ ကြောင့် ခုလို တယောက်နဲ့တယောက် အဆင်မပြေ ဖြစ်ရသလို ။ ဒီဆိုဒ် မှာရှိတဲ့ ဒီအဖြစ်အပျက်ကို ဖတ်မိတဲ့ သူတိုင်းမှာ စိတ် အနှောက်အယှက်လေးတွေဖြစ်သွားရကုန်ပြီ. . နောက်ပြီး အက်မင်တွေနဲ့မန်ဘာတွေရဲ့ ဆက်ဆံမှု မှာ လဲ သွားပြီးထိခိုက်စေပါတယ် ။
အက်မင်ဆိုတဲ့လူတွေက တကယ်တော့ . ကိုယ့်ထမင်းကိုယ် စားပြီး . ၀ါသနာ . စေတနာနဲ့. အရင်းခံပြီး ဒီလို အက်မင် အလုပ်ကိုလုပ်နေတာပါ . မန်ဘာတွေရဲ့ ရိုင်းစိုင်းစော်ကားမှု့ကိုလဲခံရပါတယ် .... မန်ဘာတွေက အက်မင်ထဲကတယောက်ကိုမကျေနပ်လို့ ဆဲရင်လဲ အက်မင်အားလုံး အဆဲခံရတာပါ . မန်ဘာတွေလို အေးအေးဆေးဆေး အခြေအနေနဲ့ ဆိုဒ်ထဲကို ၀င် ချက် ရတာမဟုတ်ပါဘူး ဆိုဒ်ထဲဝင်လိုက်တာနဲ့အက်မင် ဆိုတဲ့တာဝန် နဲ့ အတူ ၀င်ရောက် ခဲ့တာပါ ။ ဒီကြားထဲ ကိုယ် မှာ က အလုပ်ကတဖက် နဲ့ဆို . ပိုဆိုးပါတယ် ...........
နောက်ဆုံးပြောပြချင်တာကတော့ .. ခုလိုအဖြစ်အပျက် ဖြစ်ရချင်းကတော့ လူကြီးလားလူငယ်လားမသိဘဲ အက်မင် ဂျာအေး က ညီလေးလို့ခေါ်မိပြီး အခေါ်ခံရတဲ့ သူငယ်ချင်းမသိ ကလဲ လူကြီးတယောက်အမှန် ဆိုရင် သီးခံစိတ်လေးနဲ့ ယဉ်ကျေးမှု အရခေါ်ပါလားဆိုတဲ့ အတွေး မတွေး မိဘဲ ။ ငါ့လိုလူကြီးတယောက်ကို ညီလေးလို့ခေါ်ရလားဆိုပြီး သားလေးလို့ ပြန်ခေါ်လိုက်ပါတယ် . ဒီလို နားလည်မှု့ လွဲချော်မှု့လေးတွေကိုနာမူနာယူပြီး ခုချိန်ကစပြီ . မြို့တော် မှာ ရှိတဲ့ မန်ဘာတွေရော + အက်မင် တွေရော အားလုံး စကားအပြောအဆို ကို တတ်နိုင်သလောက် ထိမ်းသိမ်းပြီး တယောက်နဲ့တယောက် လည်းဘဲ နားလည်မှုလေးတွေ . ထားပေးကြပါလို့ အထူးတောင်းဆိုပါတယ် . အဲလို နားလည်မှု့လေးတွေ ထားပေးမယ် ဆိုရင် ခုလိုပြသနာလေးတွေ မရှိနိုင်တော့ ဘူးလို့ ထင်မိပါတယ် ....... ဒါဆို ရင်တော့ ဒီချစ်သူမြို့တော်ကြီးဟာ ပျော်ရွှင် ကြည်နူးစရာ အပြည့်နဲ့ ရေရျည် တည်တံ့ နေမှာ အမှန် ဖြစ် မှာပါ ............
ခုလို မီးသခင် ပြောဆိုမှု့များမှာ အမှားအယွင်း နဲ့ တယောက်ယောက်ကိုထိခိုက်စေမဲ့ စကားလုံးများပါ သွာပါ က နားလည် ခွင့်လွှတ်ပေးပါလို့ တောင်ပန်ပါတယ် ...............
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်
အားလုံးကိုလည်း မီးသခင်မှ အထူးကျေးဇူးတင်ရှိပါတယ် နော်
☆ ☆ ☆ မီးသခင် ☆ ☆ ☆