“သူငယ်ချင်း”
မိန်းခလေးတွေကပြောကြတယ်...
“ယောကျာ်းတွေဟာ အချစ်နဲ့ပတ်သက်ရင် အရှုံးမရှိကြဘူး” တဲ့...
တစ်ကယ်တမ်းတော့ ဒါဟာ မှားယွင်းတဲ့ အယူအဆတွေပါပဲ...ခန္ဓာကိုယ်ဖွဲစည်းတည်ဆောက်ပုံအရ မိန်းမနဲ့ ယောက်ျားကွားခြားတာ မှန်ပါတယ်....ယောက်ျားတွေက အသာကြီးဆိုပေမဲ့ အချစ်နဲ့ပတ်သက်လာရင်တော့ ယောက်ျားတွေက မိန်းမတွေထက် ပိုခံစားကြရပါတယ်....
ဥပမာ...
မိန်းမတွေဟာ သူတို့အပေါ်တစ်ကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ကို ရွေးချယ်ပိုင်ခွင့် ရရှိကြတယ်...ယောက်ျားတွေမှာရော ဒီလိုအခွင့်အရေးရှိကြလို့လား ?ကိုယ့်အပေါ် တစ်ကယ်ချစ်ချစ် မချစ်ချစ် ကိုယ်က ချစ်ရတဲ့သူကိုပဲ ရွေးရတယ်လေ....
ဒါဟာ ရှုံးနိမ့်မှုရဲ့ အစပဲပေါ့....
ချစ်သူကို တစ်ကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ဟာ အချစ်ဆိုတာကို ဘယ်တော့မှ ဦးနှောက်နဲ့ မခံစားတတ်ကြဘူး..ရင်ထဲကလာတဲ့ခံစားချက်အစစ်နဲ့ပဲ ခံစားတတ်ကြတယ်...
မိန်းခလေးတွေကတော့ မတူဘူး...ရင်ထဲကလာတဲ့ ခံစားချက်ကိုမှ ဦးနှောက်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ကြတာ...အဲဒီလိုခွဲခြမ်းစိတ်ဖြာမှတော့ အချစ်စစ်ဆိုတာ အပြည့်အစုံပါနိုင်ပါတော့ပါ့မလား သူငယ်ချင်းတို့?
လူသားတိုင်းကတော့ ကိုယ်ဆုံးဖြတ်တာကို ကိုယ်မှန်တယ်လို့ ထင်ကြမှာပဲ...သင်ကော ဘယ်လိုထင်လဲ?သင့်ဆုံးဖြတ်ချက်က တစ်ခြားတစ်ယောက်အတွက် နစ်နာသွားခဲ့ရင်တော့ မကောင်းဘူးပေါ့...
“ယောက်ျားတစ်ယောက်ရဲ့ အချစ်”
ယောက်ျားတစ်ယောက်ဟာ တစ်ကယ်ချစ်ပြီဆိုရင် သူ့ရဲ့စိတ်ဟာ နူးညံ့တယ် ထိခိုက်လွယ်တယ်...ဒါ့ကြောင့် ယောက်ျားတစ်ယောက်ရဲ့အချစ်ကို “ရင်မောခြင်း”လို့ ခေါ်ကြမယ်...ဘာလို့လည်း ဆိုတော့ သူဟာ ချစ်သူကိုချစ်မိပြီဆိုတာနဲ့ ပထမဦးဆုံး ရင်မောစရာတွေ ၀င်လာပါရော...
*ချစ်သူက သူ့အပြင်နောက်တစ်ယောက်ထားမှာ
*ချစ်သူက သူ့ကို လမ်းခွဲသွားမှာ
*သူနဲ့ တွေတဲ့ အချိန်မှာချစ်သူကို ပျော်ရွှင်ကြည်နူးမှု မပေးနိုင်မှာ
*တစ်စုံတရာကြောင့် ချစ်သူစိတ်ခုသွားမှာ
*သူနဲ့ မတွေ့ရတဲ့ အချိန်တွေမှာ ချစ်သူက သတိရနေပါ့မလား
ဒါတွေကိုတွေးတောပူပန်နေရတာ ယောက်ျားတိုင်းပါပဲ... သူငယ်ချင်းတို့ရယ်...တွေးလိုက်တိုင်း ရင်မောပြီး သက်ပြင်းမချတဲ့သူမရှိကြပါဘူး...
ယောက်ျားတွေ အလိုအပ်ဆုံးအရာက ချစ်သူပေးတဲ့ ကြင်နာမှုတွေပါပဲ
*စိတ်ဓာတ်ကျစရာတွေရှိနေရင် ချစ်သူက ဖေးကူအားပေးစေချင်တယ်
*ချစ်သူရဲ့ စိတ်က သူ့ဘက်မှာရှိစေချင်တယ်...
*ပတ်ဝန်းကျင်က လေးစားရလောက်အောင် တည်ငြိမ်မှုရှိနေစေချင်တယ်
*သူ့တစ်ယောက်တည်းကိုပဲ ချစ်စေချင်တယ်
တစ်ကယ်တမ်းတော့ ယောက်ျားတွေဟာ အတ္တကြီးတဲ့သူမဟုတ်ကြပါဘူး....ချစ်သူကို ချစ်တဲ့စိတ်ကြောင့်သာ ပတ်ဝန်းကျင်က မကဲ့ရဲ့အောင် လိုက်ချုပ်ချယ်ကြရင်းနဲ့သာ အတ္တကြီးသူအဖြစ် အလိုအလျောက်ရောက်သွားကြတာပါ...ဒါကလည်း ချစ်သူကိုတန်ဖိုးရှိစေချင်လို့်ပါ....
ယောက်ျားတွေရဲ့စိတ်က...
*သူ့ချစ်သူကို သူကလွဲပြီး ဘယ်ယောက်ျားလေးမှ ခင်စေချင်တာမဟုတ်ဘူး
*သူနဲ့တွေ့ရတဲ့ အချိန်လေးမှာ သူတို့နှစ်ယောက်ရဲ့ ချစ်တဲ့ အကြောင်းတွေနဲ့ပဲ ပြည့်နှက်နေရမယ်
*သူ့ကိုတွေ့ချင်နေတဲ့စိတ် ချစ်သူဆီမှာ အမြဲရှိနေရမယ်...
*ဘယ်လိုအကြောင်းမျိုးမဆို သူ့ကိုတိုင်ပင်စေချင်တယ်
*သူနဲ့တွေ့ရင် တစ်ခြားသူတွေကို ဂရုစိုက်နေတာမျိုး မကြိုက်ပြန်ဘူး.
မိန်းမတစ်ယောက်ရဲ့စိတ်ကိုတော့ ဘယ်ယောက်ျားလေးမှ မခန့်မှန်းနိုင်ကြဘူး...ဒါ့ကြောင့်ချစ်သူတွေဖြစ်ကြရင် တစ်ယောက်နဲ့ တစ်ယောက် လိုချင်တဲ့ပုံစံကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ....နောက်မှကြေကွဲစရာတွေဖြစ်လာရင် နောင်တကလွဲပြီး တစ်ခြား ဘာမှမရနိုင်ကြတော့ဘူး သူငယ်ချင်း....
တစ်ကယ်တော့ အချစ်ဆိုတာ ဖြူစင်သန့်ရှင်းပါတယ်...
အဲဒီဖြူစင်သန့်ရှင်းတဲ့ အချစ်ဆိုတာကို မဆုံးရှုံးစေဖို့အတွက်
ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် နားလည်ခွင့်လွှတ်ကြရင်းနဲ့ အနာဂတ်ကို ပုံဖော်နိုင်ပါစေလို ဆန္ဒပြုပါတယ် ....
ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
...ယောက်ျားလေးတွေရဲ့ အချစ်ကိုသာ သီးသန့်ဖော်ပြတာပါ...မိန်းခလေးတွေရဲ့ အချစ်ကို သိခဲ့ရင် ဖော်ပြချင်တဲ့ သူငယ်ချင်းမိန်းခလေးများ ဖော်ပြနိုင်ပါတယ်..
သူငယ်ချင်းများအတွက်
ညီသက်နိုင် (သန်လျင်)
↧
ယောက်ျားတစ်ယောက်ရဲ့ အချစ်
↧