အွန်လိုင်း... အင်တာနက်...
လူတိုင်း..သုံးနေ တာပါ... အခုဆို ..လူငယ်..လူလတ်..လူကြီး.. လူတိုင်းနီးပါလိုလို အသက်အရွယ်..ပိုင်းခြား အကုန်နီးပါး သုံးနေကျပါတယ်...
ကျွန်တော် လည်း သုံးနေတာပါပဲ.. ဒါပေမယ့် သုံးတယ် ဆိုတာ..အမျိုးအစား အများကြီး ရှိပါတယ်...
(ဥပမာ).. ကျွန်တော်က ရွေမြို့တော် တို့ နောက်တခြားး ဆိုဒ်တွေ မှာပေါ့ စာရေး လို့ အွန်လိုင်း အင်တာနက်..ကို လာသုံးတယ်...
ကျွန်တော် တွေ့တယ်... ကျောင်းနေအရွယ်လေးတွေ.. ငါးတန်း ..အရွယ်က အစပေါ့.. ဆယ်တန်း အရွယ်လေးတွေပါ .. လာသုံးတာတွေ့တယ်...
သူတို့တွေ..ဘာလို့လာသုံးတာလည်း..?
သူတို့ တွေ ဒါကိုမသုံးရဘူးလို့တော့ အမိန့်မထုတ် ထားပါဘူး..သုံးလို့ ရပါတယ်...သုံးပါ ကျွန်တော်ကလည်း မသုံးရဘူးဒီအရွယ်လေးတွေ...
မသုံးရဘူးလို့ ကျွန်တော်ကလည်း မဆိုလိုပါဘူး..ဒါပေမယ့်..အတိုင်းတာ တစ်ခုတော့ ထားသုံးစေချင်ပါတယ်...
သူတို့တွေ အသုံးများတာကလည်း ..gtalk..ဆိုတဲ့ တဖတ်ကလူနဲ့စကားပြောတာတွေ အသုံးများပါတယ်... ဒါမျိုးတွေ ကျရင် ဒီအထဲစိတ်ပါ..
မူများသွားရင်..စာပေတွေ ဘက်မှာ လွတ်ထွပ် သွားနိုင်ပါတယ်... ။
နောက်ပြီး ငယ်ရွယ်တဲ့အရွယ်တွေမှာ...အတွေးအခေါ်တွေ မမှားစေချင်ပါဘူး... အင်တာနက် မှာ လူတွေပြောနေသလိုပေါ့..အကုန်ရှိတယ်....
လိုချင်တာ ရှာလို့ရတယ်.... ဟုတ်ပါတယ်... သူတို့တွေပြောသလို အင်တာနက်မှာ လိုချင်တာ..ရှာလို့ရပါတယ်... ရှာပါ...
ဘာရှာမှာလည်း..????
ငယ်ရွယ်သူတွေ စိတ်ထဲမှာ.. ကိုယ်နဲ့ပေါင်းသင်းတဲ့အပေါင်း အသင်းတွေက..ဟိုဟာ မိုက်တယ်..ဒီဟာမိုက်တယ် ဆိုတာတွေ..ကြားယောင်ကာ...
မှားတဲ့ဆိုဒ်တွေမရှာမိစေချင်ပါဘူး... လေ့လာပါ..နည်းပညာ ပိုင်းတွေကိုပေါ့... ဗဟု သုတတွေ လေ့လာပါ... စာပေတွေ ဖတ်ပါ ... သီချင်းတွေ
ကြိုက်လား...
သီချင်း တွေ တင်ထားတဲ့ ဆိုဒ်တွေ ရှိတယ် လေ့လာပါ...နားထောင်ပါ...
ကိုယ်က အွန်လိုင်းမှာ.. နည်းပညာလေးတွေ မသိသေးဘူးလား... နည်းပညာ ရေးပေးထားတဲ့ ဆိုဒ်တွေရှိတယ် ..
အဲ့ဒီ ဆိုဒ်တွေမှာ ..နည်းပညာ လေ့လာပါ...ဖတ်သားမှတ်သားပါ... ။
နောက် ညီလေးတို့ညီမလေးတို့က စာတွေ ...ကဗျာတွေ ရေးချင်တာလား..????
အခုလို ဆိုဒ်တွေရှိတယ်..ချစ်သူ့မြို့တော်... foreverfriend ဖူးစာရှင်လေး..ဧဒင်ဥယာဉ် အိုင်တီနန်းတော်.. မြန်မာ သူငယ်ချင်းများ.. မီးအိမ်ရှင်..
နှလုံးသားမြို့တော်.. ဆုံဆည်းရာ... အများကြီးပါ..ဒီဆိုဒ်တွေမှာ...ညီလေးတို့ ညီမလေးတို့..ရေးချင်တဲ့ ခံစားချက်ကဗျာ... ၀တ္ထု... ရသ..
ရေးလို့ရပါတယ်.. စိတ်ကြိုက်ရေး...အကိုတို့ အားပေးတယ်.. ။
ညီလေးတို့ ညီမလေးတို့ ကျောင်းနေရွယ်လေးတွေ အင်တာနက် အွန်လိုင်း သုံးတာ ဟိုဆိုဒ် ဒီဆိုဒ်တွေ ကို မှားမသုံးစေချင်ဘူး...
လမ်းမှားကိုလည်း မရောက်စေချင်ဘူး....။
ကျောင်းနေရွယ်အနေ လေးတွေမှာ အွန်လိုင်း အင်တာနက်ကို အမြဲတမ်းမသုံးစေချင်ဘူး... စိတ်အပျင်းပြေ .. လေးသုံးတယ် ဆိုတာ သုံးပါ..
စိတ်ကိုပဲ အပျင်းဖြေပါ.... စိတ်ကို မနှစ်ပါ နဲ့ ... တချို့ ညီမလေးတွေ အင်တာနက်မှာ အလှအပ တွေရှာတယ် ..ရှာပါ ကြည့်ပါ...
သူတို့တွေလိုတော့... လိုက်မတုပါနဲ့... ညီလေးတွေ ဆိုဒ်တွေ သုံးတာ လည်းအသုံး မမှားစေချင်ဘူး...
ကျွန်တော် ကိုယ်တိုင်လည်း အဲ့လိုဆိုဒ်တွေ မသုံးပါဘူးမ၀င်ပါဘူး... ကိုယ့်လို အွန်လိုင်းသုံးတဲ့ ညီတွေ ညီမတွေ... လမ်းမှားမရောက်စေချင်..ဘူး
အဲ့လို ဆိုဒ်တွေကနေ အတုခိုး..အတုယူတာတွေလည်း မလိုလားဘူး...အဲ့လိုတွေလည်း မဖြစ်စေချင်ဘူး..
အဲ့တော့ ကျွန်တော်က အွန်လိုင်း သုံးတဲ သူတွေ အကုန်လုံး ... ကျွန်တော့် ထက်အသက်ကြီးရင် ..ကျွန်တော့် အကိုလိုပါပဲ..
အမတွေ ဆိုလည်း အမပေါ့..
ကျွန်တော့် ထက်ငယ်ရင်တော့ ညီမလေးပေါ့... ညီလေးပေါ့... တကယ်စိတ်ရင်း နဲ့ပါ...
အဲ့လို ညီလေး.. ညီမလေးတွေကို ပြောချင်တာက..
အင်တာနက် အွန်လိုင်းမှာ...မှားတာမသုံးမိစေနဲ့ ..သုံးတာလည်း မမှားစေနဲ့လို့ ..ကျွန်တော်က စေတနာ အရင်းခံလို့ပြောပါရစေ..။
(ချစ်ဦးမောင်)**## ရေးသားဖော်ပြသည်..။