Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ချစ်သူတွေထက်ပိုချစ်ကြတဲ့... သူငယ်ချင်းတွေ”

$
0
0

“အောင်မလေး ...ဆောင်းလင်း မင်းတို့  ကျောင်းဆင်းဖို့ အရေး ကိုကို့ မှာ စောင့်လိုက်ရတာ ဆောင်းလင်းတို့  ကျောင်းရှေ့  က

ကျောက်ရုပ်ဖြစ်တော့မယ်”

“အဟက်!တောင်းပန်ပါတယ် ကိုကိုရယ်”

“ဆောင်းလင်း ဒီနေ့  မင်းကိုကို့  ကို နေ့ လည်စာ ၀ယ်ကျွေးရမှာ မို့ လို့  တမင် နောက်ကျတာ မဟုတ်လား”

အင်း...ကိုကိုပြောမှပဲ ဟုတ်တယ် ဒီနေ့ ကိုကို့ ကို ဆောင်းလင်း  နေ့ လည်စာ ၀ယ်ကျွေးမယ်လို့  ပြောထားပြီးမှ ပိုက်ဆံအိတ်ကဘယ်


ကျပျောက်သွားလည်းမသိ၊ဘာပဲဖြစ်ဖြစ် ကိုကို့ ကို နေ့ လည်စာ ၀ယ်ကျွေးဖို့  အခမဲ့ နည်းလမ်းတစ်ခုတော့ ရှိပြီးသားပါ။

“ဆောင်းလင်း.....ဆောင်းလင်း....ဟာ ဟေ့ ပြောနေတာ ပြန်လည်း မဖြေဘူး ဘာလဲ မကျွေးတော့ဘူးလား”

“အဟက်!ဟုတ်ပါဝူး....ဒီနေ့  ကိုကို့ ကို မုန့် ဝယ်ကျွေးမှာပါ ဒါပေမဲ့ “လားရှိုးမိုတယ်”မှာ ဆောင်းလင်း ကိုကြီး ရဲ့ သူငယ်ချင်း

မင်္ဂလာပွဲကိုလည်း သွားရမှာ ခုက 12 နာ၇ီနော် ဆောင်းလင်းက 1 နာရီ အတန်းမှာ Tuto ရှိတယ်”

“အမ်....ဒါဆို ဒီနေ့  ဆောင်းလင်းက ကိုကို့ ကို မင်္ဂလာပွဲခေါ်သွား မလို့ လား...ဘာလဲပိုက်ဆံမ၇ှိလို့ များလား”

“အာ...ဟုတ်ပါဝူး တကယ်ပါ ကိုကိုရယ် သာရေးနာရေး ဆိုတာသွားသင့်တယ်လေ ကိုကို့ ကိုမုန့် ဝယ်ကျွေးမဲ့ နေကျမှပဲ တိုက်ဆိုင်

နေတာ ကိုကိုမလိုက်ချင်လည်း  ဆိုင်မှာစောင့်နေလေ ဆောင်းလင်း ပြီးရင် လာခဲ့မယ်လေနော် ကိုကို”

“အား.....တော်တော် မစောင့်ပါရစေနဲ့  ဆောင်းလင်းသွားရာကို သာလိုက်ပါတော့မယ် ဗျာ”

ဟူးးးးးးးးးးးးးးတော်ပါသေး၇ဲ့ ကိုကိုမရိပ်မိလို့ သိများသိသွားလို့ ကတော့ ဘယ်လောက်များ ဒေါသထွက်လိုက်မလဲမသိ ဆောင်းလင်းတွေး

နေဆဲမင်္ဂလာ ခန်းမနားတောင်ရောက်နေပြီပဲ

“ဟာ ဆောင်းလင်း မင်္ဂလာလက်ဆောင် ကော”

အဲ့ဟုတ်ပါ့ ကိုကို ပြောမှပဲ .....စဉ်းစားဖို့  အချိန်မ၇ှိ ကိုကို မရိပ်မိအောင်

“မလိုဘူးကိုကိုရဲ့ ဆောင်းလင်း ကိုကြီးက ညကျမှပေးမှာ ည ပါတီကျန်သေးတယ်လေ ခုဆောင်းလင်းတို့ က ၀င်ပြီးမျက်နှာပြရုံပဲ”

“အားကွာ လက်ဆောင် မပါပဲရှက်စရာကြီး”

“လာပါ ကိုကိုရယ် ဒါက ဆောင်းလင်း ကိုကြီး ဘော်ဒါတွေပါ”လို့ ပြောပြီ စည်ကား နေတဲ့ မင်္ဂလာပွဲက လူတွေကြားထဲရောဝင်ပြီး

လွတ်နေတဲ့ ခုံမှာ ၀င်ထိုင်လိုက်ကြတယ်။စားစရာတွေ လာချတော့ ကိုကိုက ဗိုက်ဆာဆာ နဲ့ အပီအပြင်ဆွဲတော့တာပဲ ဆောင်းလင်း

မှာသာ ဘယ်သူမှမသိတဲ့ မင်္ဂလာပွဲကိုလာပြီး ဘယ်သူတွေများ ရိပ်မိမလဲလို့  တောင်ကြည့်မြောက်ကြည့် နဲ့  ဟူးးးးးးးးးးးးလိမ်ရတာ

မလွယ်ပါလား ကိုကိုများ သိသွားလို့ ကတော့ မလွယ်။ဧည့်ခံသူကလည်း ဧည့်သည်အမှတ်နဲ့  ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံနေတယ်.

“ဟေ့ ဆောင်းလင်း 1 နာရီထိုးတော့မယ် မြန်မြန်စားလေ ဆောင်းလင်း အတန်းသွားရမှာ မဟုတ်လား”

“အော် ဟုတ်ကိုကို ဆောင်းလင်း ၀ပြီ  သွားကြစို့ ကိုကို”


ဘယ်သူကိုမှမသိတဲ့ မင်္ဂလာပွဲမှာ  ယောင်လည်လည်နဲ့  သတို့  သား သတို့ သမီး ကို နှုတ်ဆက်ပြီး ကျောင်းကို ပြန်လာခဲ့တယ်။

တကယ် မလွယ်ပါလား ဟူးးးးးးးးးးးးးးးး ဘာပဲဖြစ်ဖြစ် ဒီနေ့ ကိုကို ကို နေ့ လည်စာ ကျွေးနိုင်ခဲ့ပါတယ်။

************************************************************************

“ဆောင်းလင်း ရာ နောက်ကျတာကို ကိုကို ခွင့်လွှတ်နိုင်ပါတယ် ကိုကို့ မွေးနေ့ ကို နောက်ဆုံးမှ လာတာကိုတော့ ခွင့်မလွှတ်ဘူး”

“ဆေားတီး!ကိုကို ဆောင်းလင်း ကိုကို့  အတွက် ဧဒင်ဥယျာဉ်မှာ ပန်းသီး သွားခူးနေ့  လို့  ရော့ ကိုကို့  အတွက် ပန်းသီး”

“ဟမ် ဧဒင်ဥယျာဉ်က တကယ်သီးတာလား ဘယ်နားမှာလဲ အဲ့ ဥယျာဉ်က ဟုတ်ကော ဟုတ်ရဲ့ လား သာမာန် ပန်းသီးကြီးကို”

“ဟုတ်တယ်လေ သာမာန်ပဲလေ ဒါပေမဲ့ ဆောင်းလင်းက ဧဒင်ဥယျာဉ်က ဆို ဥယျာဉ်က ပေါ့ ဟုတ်ဘူးလား”

“ဟုတ်ပါပြီ ဆောင်းလင်း လုပ်လိုက်ရင်....”

“ဘာလဲ ကိုကို မကျေနပ်ရင် လွင့်ပစ်လိုက်ကွာ စိတ်ရှည်တာ မဟုတ်ဘူး တော်ပြီ ဆောင်းလင်း ပြန်တော့မယ်”

“အဲ့ ပြန်သေးနဲ့ လေ ဆောင်းလင်း တို့ က တော့ ခုရောက် ခုပြန်မလုပ်၇ဘူးလေ”လို့  သူငယ်ချင်းတွေက ၀ိုင်းတာမှ ဆောင်းလင်း ပြန်

ထိုင်နေလိုက်တယ် ။စားပွဲ အ၇ှည်သုံးလုံးလောက်ကိုဆက်ထားတဲ့ ညပါတီလေး ကိုကို့ မွေးနေ့ လေးက ကြီးကြီးမားမားမဟုတ်ပေမဲ့

စည်ကားတာတော့အမှန်ပါ။အဲ့အချိန် သီဟ က

“ဆောင်းလင်း နဲ့  ကိုကိုကောင်းကင် က ချစ်သူတွေလား ဆောင်းလင်း”

“အဟက်!ဟုတ်ပါဝူး ဆောင်းလင်းနဲ့ ကိုကို က ချစ်သူတွေထက်ပိုချစ်ကြတဲ့သူငယ်ချင်းတွေပါ”

“ဘယ်လို ဘယ်လို နားမလည်ဘူး ၊လိုက်လို့ မီဘူး ရှင်းပြ”လို့  အားလုံးကမေးတော့ ဆောင်းလင်း က

“ရှင်းရှင်းလေးပါ ဆောင်းလင်းနဲ့ ကိုကို ကချစ်သူတွေမဟုတ်ပါဘူး တစ်ချိန်မှာ နှစ်ယောက်စလုံးမှာ ချစ်သူတွေရှိလာရင် အဲ့ချစ်သူ

တွေဟာ ဆောင်းလင်းနဲ့ ကိုကို လောက်အရေးမပါဘူး နှစ်ယောက်စလုံး အတွက်ပေါ့ ...အနာဂါတ်မှာ ရှိလာမဲ့ ချစ်သူတွေထက်ပိုချစ်

ကြမဲ့  အကောင်းဆုံးသူငယ်ချင်းတွေပါ”

“အားပါးပါး....ဆောင်းလင်း စကားလုံးတွေက မိုက်တယ်ကွာ”လို့  သူငယ်ချင်းတွေက တစ်ယောက်တစ်မျိုးပြောကြနေချိန်မှာ ကိုကိုက

“အားလုံး နားထောင်မယ်”

“ဟာ ကိုကို မထောင်တဲ့နား၇ှိလို့ လားဟင်”

“မနောက်နဲ့  ဆောင်းလင်း ကိုကို ပြောစရာရှိတယ်”

“ပြော ၊ပြော ”

“ ဆောင်းလင်း ကို ကျွန်တော် ချစ်သူ တစ်ယောက်လို ချစ်တယ်”

“၀ိုး....ဆောင်းလင်းရေ မင်း ခုနပြောတဲ့ စကားတော့ သွားပြီ ထင်တယ် ဒီကောင်က မင်းကိုချစ်လို့ တဲ့ ”လို့  မိုးထက် က၀င်ပြောတယ်။

“ဒါဆို ...ဆောင်းလင်းက အဖြေ ပေးရမှာပေါ့နော်”

“ဒါပေါ့.ဒါပေါ့ ” အားလုံး ထောက်ခံစွာနဲ့  ပြောတယ်။

“အိုကေ!ခုပဲ ပေးမယ်”

“အလိုတော်......မြန်လိုက်တဲ့ ခေတ်ကာလ အဖြေပေးနည်းကြီးပါလား” လို့  ထပ်ပြောကြပြန်ရော။

“အင်း ဟုတ်တယ်”လို့ ကိုကို့  မျက်နှာကို ကြည့်ပြီး

“ကိုကို ........မိန်းကလေး တစ်ယောက်က ယောကျာ်းလေးတစ်ယောက်ကို ချစ်မိသွားရင်“အ”သွားတတ်တယ်”

“ဒါဆို ယောကျာ်းလေးတစ်ယောက်ချစ်မိ၇င် ကော ဆောင်းလင်း” လို့  ကိုကိုက ပြန်မေးတယ်။

“ယောကျာ်းလေးတစ်ယောက် ချစ်မိသွားရင် တော်သွားတာများတယ်။သေချာတာကတော့ မိန်းကလေးတွေ အသွားတတ်တယ် ချစ်မိ

သွားရင်ပေါ့ ဒါကြောင့် ဆောင်းလင်း ဘယ်တော့ မှ မအ နိုင်ဘူးကိုကို  အထူးသဖြင့် ကိုကို အတွက် ဘယ်တော့မှ အ နိုင်မှာ မဟုတ်ဘူး

ဆောင်းလင်း ခုန ကပြောသလို ကိုကို နဲ့ ဆောင်းလင်းက ချစ်သူတွေထက် ပိုချစ်ကြတဲ့ သူငယ်ချင်းလိုပဲနေကြရအာင် သူငယ်ချင်းဆို

တာ အကောင်းဆုံးပါ ကိုကို”

ခဏတာ မွေးနေ့ ပွဲလေး တိတ်ဆိတ်သွားပြီး ။ပြီးတော့ ပြန်လည် စကြနောက်ကြသံတွေညံလာတယ် .မွေးနေ့ ပွဲလေး ပြီးတော့

ဆောင်းလင်းတစ်ယောက်ထဲ အိမ်ပြန်လာခဲ့တယ်။ခါတိုင်း ကိုကိုလိုက်ပို့ ပေမဲ့  ဒီနေ့ တစ်ယောက်ထဲပြန်ချင်တယ် လို့ ပြောတော့

ကိုကို ဘာမှမပြောတော့ဘဲ အိမ်ထဲပြန်ဝင်သွားတယ်။အိမ်ရောက်တော့ ဆောင်းလင်းအခန်းထဲမှာ ထိုင်ရင် မိုးကောင်းကင်ကို ကြည့်ပြီး

မျက်ရည်တွေကျမိတယ်  “ကိုကိုရယ် အရမ်းချစ်တယ် ၊ကိုကိုကောင်းကင် ဆိုတဲ့ ကိုကို့  နာမည် ဟာ ကောင်းကင်ကြီးကို ကိုယ်စားပြု

တာပေါ့ ကိုကို ကို ချစ်တယ်လို့  ပြောခွင့်မ၇ှိတဲ့ ဆောင်းလင်း မိုးကောင်းကင်ကြီးကို ပဲပြောလိုက်ပါရစေ ကိုကို ကို့ အရမ်းချစ်တယ်

ကောင်းကင် ကြီးကိုချစ်တယ် ၊မိုးကောင်းကင်ကြီးသာ သက်၇ှိဖြစ်ရင် ဒီစကားတွေကို ကိုကို ပြန်ကြားနေမလား?ကိုကို ချစ်တယ်လို့ 

ဝန်ခံခွင့် မရှိတဲ့ ဆောင်းလင်း လို မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို ကိုကိုနားလည်ပါ့မလား၊ ကိုကိုချစ်တာကိုဆောင်းသိတယ်

ဒါပေမဲ့ ကိုကိုက ဆောင်း အ(ချစ်နေတာကို) နေတာကိုကို မသိဘူး။ဟုတ်ပါတယ် ကိုကို ဆောင်းလင်းမှာ ကိုကို့ ကို ပြန်ချစ်ပိုင်ခွင့်မ

ရှိဘူး ဆောင်းလင်းနဲ့ ကိုကို ဘယ်လိုမှမဖြစ်နိုင်ဘူး ဘာလို့ လဲ.?........ဘာလို့ လဲ?........ဘာလို့ လဲဆိုတော့ ......မနက်က ကိုကိုမွေးနေ့

မနက်တုန်းက......

“ဟဲလို ဆောင်းလင်း နဲ့ ပြောချင် လို့ ပါ ”

“ဟုတ်ကဲ့ ဆောင်းလင်းပြောနေပါတယ် ဘယ်သူပါလဲ၇ှင်”

“မမ က ကိုကိုကောင်းကင် ရဲ့ သူငယ်ချင်း ဆောင်းနှင်းခပါ”

“ဟုတ်မမ ကို ဆောင်းလင်းသိပါတယ်”

“ခု မမ ဆောင်းလင်း တို့  အိမ်ရှေ့ရောက်နေတယ် ပြောစရာရှိလို့  ထွက်လာလို့ ရမလား”

ဆောင်းလင်း အိမ်ရှေ့ ကိုရောက်တော့

“မမ အိမ်ထဲဝင်ပါလားရှင်”

“ရပြီ ဒီကျောက်ခုံလေးမှာ ထိုင်ပြီး စကားနည်းနည်းပြောချင်လို့  ”

“ ဟုတ်ကဲ့ မမ ပြောပါ မမ သဘောပါ”

“မမ ဆောင်းလင်း ကို ရှင်းရှင်းပဲ မေးမယ် ဆောင်းလင်း နဲ့ ကိုကိုကောင်းကင်ကို ချစ်နေကြတာလား”

“ရှင်!.............မဟုတ်ပါဘူး ဆောင်းလင်းတို့  က သူငယ်ချင်းတွေပါ”

“ဆောင်လင်း ကို သူ ကချစ်နေတာ မမ ကိုရင်ဖွင့်တယ် ၊ဆောင်းလင်းလည်း သူ့ ကို ချစ်ရင် ချစ်မှာပေါ့ ဒါပေမဲ့ ဆောင်းလင်း ထက်မမ

က ကိုကိုကောင်းကင် ကိုပိုချစ်တယ် ဆိုတာ သိစေချင်တယ်”

“၇ှင် မမ အချစ်ကို ဘာပေတံ နဲ့ များတိုင်းလိုက်လို့  မမ က ပိုချစ်ရတာလည်း ဆိုတာ ဆောင်းလင်း နားမလည်ဘူး”

“မဟုတ်ဘူး ဆောင်းလင်း မမ က ကိုကိုကောင်းကင်နဲ့ ငယ်ငယ်ကတည်းက ငယ်သူငယ်ချင်း ငယ်ငယ်လေးကတည်း မမ ကသူ့ 

အတွက်ပေးဆပ်ပြီးချစ်ခဲ့တာ ဥပမာ သူ့ ကျောင်းအိမ်စာ တော်တော်များများကို မမ က ပဲကူလုပ်ပေးခဲ့တာ ”

“အဟက်! ....အဲ့လို အိမ်စာတွေ ကူးပေး လို့  ကိုကို စာမရတဲ့ အကျိုးရခဲ့တာ မျိုးလား မမ”

“မမ အဲလိုဆိုလိုတာ မဟုတ်ဘူး ဆောင်းလင်း ကို တစ်ဖက်ကနေ သေချာစဉ်းစားစေချင်တာ မမကငယ်ငယ်ကတည်းက ပေးဆပ်ပြီ

ချစ်ခဲ့တာပါ မမ သူ့ ကို ငယ်ငယ်ကတည်းက စွဲလမ်း ရူးသွပ်ခဲ့တာပါ ”

“နေပါဦး မမ သူက ဆောင်းလင်း ကိုချစ်တယ်လို့  တစ်ခါမှမပြောသေးဘူးနော်”

“ဆောင်းလင်းကို မပြောပေမဲ့ မမ ကိုရင်ဖွင့်တယ်လေ”

“အဟက် ....မယုံပါဘူး မမ စိုးရိမ်လွန်နေတာပါ”

“မဟုတ်ဘူး ဆောင်းလင်း တကယ်ပြောတာပါ၊ ဆောင်းလင်း မမ မှာ Depression ရောဂါ၇ှိတာ ဆောင်းလင်းသိပါတယ်နော်”

“ဟုတ် မမ က ဆောင်းလင်း ဖေဖေ ရဲ့ လူနာပဲ ဆောင်းလင်း ကောင်းကောင်း သိတာပေါ့”

“မမ ငယ်ငယ်က မမ ဖေဖေကြောင့် မမ စိတ်ကျရောဂါ ဖြစ်ခဲ့တာ အဲ အချိန်မမ ဘေးမှာ အမြဲဖေးမခဲ့တာ ကိုကိုကောင်းကင် ပါ၊

ခုတကယ်လို့  ဆောင်းလင်းတို့ နှစ်ယောက်ချစ်သူတွေ ဖြစ်သွားကြရင်......”ပြီးတော့ မမ ကငိုနေတယ်။

“မပြောပါနဲ့ တော့ မမ ဆောင်းလင်း နားလည်ပါတယ်။ဆောင်းလင်း ကိုကို့ ချစ်သူ ဘယ်တော့မှ မလုပ်ပါဘူး ဆောင်းလင်း အမြဲနောက်

ဆုတ်ပေးမှာပါ မမ စိတ်ချပါ မငိုပါနဲ့  မမကို ဆောင်းလင်း ဘယ်တော့ မှ အနိုင်ယူမှာ မဟုတ်ပါဘူး နော် မမ”

“ဆောင်းလင်း ကို မမ ကျေး...ဇူး.....တင် ...လိုက်...တာ ၊ ဆောင်းလင်း က အဖေတူ သမီးလေးပဲနော်”

“ဟုတ်ကဲ့ အဲ့လိုပြောလို့  မမကို ကျေးဇူးတင်ပါတယ်။ မမစိတ်ချပါ.။ဆောင်းလင်း ကတိပေးပါတယ် မမ ဖြစ်ချင်တဲ့ဆန္ဒ အတိုင်းဖြစ်စေရ

ပါမယ် ဆောင်းလင်း ကတိပေးပါတယ်နော် မမ”

*******************************************************************

ကိုကိုရေ..............ဒီအကြောင်းတွေကို ကိုကိုမသိပါဘူး။ မမ ဆောင်းနှင်းခ က ဖေဖေ့ လူနာ စိတ်ကျရောဂါ ရှိတဲ့ လူတစ်ယောက်ကို

နောက်တစ်ခေါက်စိတ်ဓါတ် မကျစေချင်ဘူး ။ကိုကို“ ဖြစ်ချင်တာ ထက်ဖြစ်သင့်တာကို ဦးစားပေးလုပ်ရမယ်” ဆိုတဲ့ ဖေဖေ့ ဆုံးမစကား။

လူသားတွေကို သနားကြင်နာရမဲ့ အနစ်နာခံတတ်ရမဲ့  သွေးတွေ ဖေဖေ့ သွေးတွေ ဆောင်းလင်း ဆီမှာ စီးဆင်းနေတယ် ကိုကို......

ဆောင်းလင်းကြောင့် တစ်ဖက်သား နာကျင်ရမဲ့လမ်းကို မရွှေးချယ်ပါရစေနဲ့ ကိုကိုရယ်......။“အ” မှာကြောက်လို့  ကိုကို့ ကို မချစ်

တာမဟုတ်ပါဘူး တကယ်တော့ ဆောင်းလင်း ကိုကို့  ကိုချစ်လွန်း လို့  “အ” ပြီး ချစ်ခြင်းတရားကို ဖုံးကွယ် ခဲ့သူပါ။ကိုကို ရေ......

ဆောင်းလင်း အတွက် အချစ်ဆိုတာ ကိုယ်ဖက်က ချစ်နေရင်း....ချစ်သူ ဘယ်ရင်ခွင်မှာပျော်ပျော်ကျေနပ်တယ် ကိုကို.....။အ၇မ်း အတဲ့ 

ဆောင်းလင်း ကို ကိုကိုမချစ်ချင်ပါနဲ့ ။ ကိုကိုတစ်နေ့ မမ ဆောင်းနှင်းခ  ကိုချစ်လာမှာပါ ဘာလို့လည်းဆိုတော့ ကိုကိုတို့ က ငယ်

သူငယ်ချင်းတွေလေ ....ကိုကို နဲ့  မမ ပျော်ရွှင်ပါစေလို့  ဆုတောင်းပေးပါတယ်။ခုတော့.....မနက်ခင်းနေရောင်ခြည် တမ်းတဲ့ နောက်တစ်

နေ့  ရဲ့ ဝေလီဝေလင်း နေ့ သစ်တွေမှာ ဆောင်းလင်းနဲ့ ကိုကို “ချစ်သူတွေထက်ပိုချစ်ကြတဲ့....သူငယ်ချင်းတွေ” ဆိုတဲ့ အသိ

လေး အောက်မှာ ဆောင်းလင်း  ရှိနေပါဦးမယ် ကိုကိုရယ်................။

အားပေးသွားတဲ့ သူငယ်ချင်းများ အားလုံး ကို အစဉ် ကျေးဇူးတင်နေပါတယ်နော်။

********************နန်းဆောင်းလင်းမေ********************


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>