Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရွက်သစ်ဝေ နွေဦး( အပိုင်း-၂ )

$
0
0

by ကိုကြည်နိုင် for everyone

 


                        ဆယ်တန်းမှာ မိမိတို့၏ သားသမီးအတွက်သာ  ဘာသာစုံဂုဏ်ထူးရဖို့ မျှော်လင့်ရည်မှန်း၊ ရူးသွပ်နေကြသူတွေကို သူ ရယ်မောပစ်ချင်ခဲ့သည်။ စာမေးပွဲခန်းသို့ ကိုယ်တိုင်ဝင်ရမည့် ကာယကံရှင်တွေကို  လူသားအဖြစ် နည်းနည်းလေးလောက်တောင် ထည့်တွေးမိကြရဲ့လား မသိ။  ပြီးတော့ အဲဒါ ဘာအတွက်လဲ။ ဘယ်သူ့အတွက်လဲ။ မေမေကတော့…
“သားရဲ့ အနာဂါတ်ဘ၀ လှဖို့ပေါ့။ ဖေဖေ၊ မေမေတို့က သက်တမ်းအရဆို သားအရင် သေကြရမှာ။ လူ့လောက အလယ်မှာ သားကျန်ရစ်တဲ့အခါ ကိုယ့်ပညာ၊ ကိုယ့် အလုပ်အကိုင်နဲ့  တင့်တောင့်တင့်တယ် ဖြစ်စေချင်တာ”
                        ဒါဆို စာမေးပွဲမှာ ကဉ္စနာ့ထက် ဂုဏ်ထူးရဘာသာ နည်းနေမှာကို မေမေ မပူပန်ခဲ့ဘူးဟု ဆိုလိုပါသလား။ အိမ်ကမေမေနဲ့ ကဉ္စနာ့မေမေတို့ဟာ ဟိုးရှေးရှေး၊ သူတို့ ငယ်ဘ၀ကတည်းက အစစ၊ အရာရာမှာ ယှဉ်ပြိုင်ခဲ့ဖူးကြတာ ကြားဖူးခဲ့သည်။ ကျောင်းနေစဉ်က ကျောင်းစာမှာ ပြိုင်ခဲ့ကြသည်။ တက္ကသိုလ်ရောက်တော့ ချစ်သူချင်း ပြိုင်ခဲ့ကြသည်။ အိမ်ထောင် ကိုယ်စီကျပြီးနောက် ဂုဏ်ဓနခြင်းပြိုင်ကြသည်။ သားသမီးရလာတော့လည်း သားသမီးချင်း ပြိုင်နေကြပြန်ပြီ။
‘သားကတော့ ဂုဏ်ထူး မများလည်း နေပါစေ။ အမှတ်ကလေး ကောင်းရင် တော်ပြီ”
“ဟဲ့.. ဂုဏ်ထူးရဘာသာများမှ အမှတ်ကောင်းမှာပေါ့”
“အင်းပါ။ ဂုဏ်ထူးရအောင်လည်း ဖြေမှာပါ။ တစ်ချို့ ဂုဏ်ထူးမှတ်နဲ့ ပွတ်ကာသီကာလွဲသွားပေမယ့် အမှတ်ပေါင်းတော့ ဂုဏ်ထူးရတဲ့သူထက် ပိုများနေတတ်တာမျိုးလည်း ရှိသေးတယ်လေ မေမေရဲ့။ ကိုယ်အားသန်တဲ့ ဘာသာမှာ အမှတ်ပြည့်ရပေမယ့် တချို့ဘာသာတွေမှာကျတော့ ဂုဏ်ထူးမှတ် မီချင်မှ မီတတ်တာမျိုးလေ”
“မရပါဘူး။ မေမေကတော့ မေမေ့သားလေး အောလ်ဒီထွက်မှ ကျေနပ်မှာ…”
                        ဒါပေမယ့် မေမေ မသိသေးတာက မေမေလောဘကြီးနှင့် ဖိအားပေးလေလေ… သူ၏ ကြိုးစားအားထုတ်မှုက လျော့နည်းလာလေလေ ဆိုတာပဲ ဖြစ်သည်။ ဖေဖေ၊ မေမေတို့၏ အလိုလေဘကို အခွင့်အရေးရတတ်သမျှ ဆန့်ကျင်လိုသော စိတ်ကလေးတွေက မကြာခဏ သူ့ကိုယ်ထဲမှာ ပူးဝင်နှောင့်ယှက်နေတတ်ခဲ့ပြီ။
                        တကယ့်တကယ်တမ်း အောင်စာရင်းထွက်လာသောအခါ သူ ဂုဏ်ထူး သုံးဘာသာပဲ ရပါသည်။ မေမေကတော့ ချုံးပွဲချကာ ကျူကျူပါအောင် ငိုရှာသည်။ ဖေဖေကတော့ ယူကျုံးမရ၊ တက်တစ်ခတ်ခတ်…။
“ဟေ့ကောင်နန္ဒ။ မင်းေ-ာက်သုံးမကျဘူး”
                        …ဆိုသည့် စကားလုံးကို အကြိမ်များစွာ ရေရွတ်လို့ အားမရနိုင်။ ဂုဏ်ထူးနည်းပေမယ့် အမှတ်တော့ များမှာပါဟု သူနှစ်သိမ့်ကြည့်သော်လည်း လက်မခံနိုင်ကြပါ။ ဖေဖေနှင့် မေမေတို့က သူတို့၏သားသည် ဘာသာစုံ ဂုဏ်ထူးနှင့် အောင်မြင်သည်ဟူသော ဟိုးဟိုးကျော် ဂုဏ်သတင်းကို အရူးအမူး မက်မောလွန်းနေခဲ့တာဖြစ်ကြောင်း ပိုမိုသေချာလို့လာသည်။ ဒီလောက်ရှိလှတာ စာမေးပွဲခန်းထဲမှာပင် မှန်မှန်ကန်ကန် ဖြေဆိုပြီးသား ပုစ္ဆာတွေကို ခြစ်ချပစ်ခဲ့ရ အကောင်းသားဟု အရွဲ့တိုက် တွေးချင်မိတော့သည်။
                        ဒါတောင် ကဉ္စနာတစ်ယောက် ဂုဏ်ထူးတစ်လုံးထဲ ပွတ်ကာသီကာပါခဲ့လို့ တော်တော့သည်။ သူမသာ ဂုဏ်ထူးတွေ တစ်သီကြီးနှင့် အောင်ခဲ့လျှင် နန္ဒဆိုသည့်ကောင် ဖေဖေနှင့် မေမေတို့၏ ပါးစပ်ဖျားမှာ မြောင်းထဲက တက်ရတော့မည် မထင်။
                        ကဉ္စနာ၏ ဒုက္ခမှာလည်း မသေးလှကြောင်း သူမ၏ စကားများအရ သိနေခဲ့ရပြန်ပါသည်။ သူမ၏ ဖေဖေနှင့် မေမေက အဆိုတော်ရူးတွေ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်စလုံး ရည်မှန်းရာ ပန်းတိုင်မရောက်မီ အိမ်ထောင်ကျကာ လမ်းပျောက်ခဲ့ကြရသူတွေ ဖြစ်သည်။ ကဉ္စနာ့လက်ထက်မှာတော့ ပျောက်ဆုံးသွားသော သူတို့၏ အိပ်မက်အိုကလေးကို ပြန်လည်သက်သွင်းကာ ငယ်ရုပ်ဆင်ချင်ကြသလားမသိ။ ကံကောင်းတာက (ကံဆိုးတာလည်း ဖြစ်နိုင်ပါသည်။) ကဉ္စနာ့ အသံကလေးက ရှတတ၊ ချိုသြသြကလေးမို့ တမျိုးဆန်းသစ်ထူးခြားနေတာပဲ ဖြစ်သည်။ ကျောင်းပွဲတိုင်းမှာ ကဉ္စနာသည် ပွဲတိုင်းကျော်ကလေး ဖြစ်သည်။ ရုပ်ကလေးကလည်း ချစ်နိုးဖွယ်ရာကလေးနှင့် သီချင်းဆိုကောင်းသော ထိုကောင်မလေးသည် ရှစ်တန်းနှစ်လောက်ကတည်းက ကျောင်းစာမှာ တစစ အာရုံနည်းလာခဲ့သည် ထင်ပါသည်။
“နင် ဘယ်လို ဖြစ်နေလည်း”
“ဘယ်လိုမှ မဖြစ်ဘူး။ အဲလိုပဲ…”
“နင် ကျောင်းပျက်တာ အရမ်းများနေပြီနော်။ စာဘက်လှည့်ဦးဟ။ သီချင်းက ဘယ်အချိန်ဆိုဆို ရပါတယ်။ ဆယ်တန်းက ပိုအရေးကြီးတယ် မဟုတ်ဘူးလား”
                        ကဉ္စနာတစ်ယောက် မျက်နှာညှိုးရှာသည်။
“ငါလည်း ဟိုဘက်က အားလုံးကို ဖြတ်ထားပြီး စာမေးပွဲအတွက်ပဲ ဇောက်ချလုပ်တော့ဖို့ စိတ်ကူးထားပါတယ်ဟာ။ ဖေဖေနဲ့ မေမေကလည်း အဲလိုပဲ ပြောကြပါတယ်။ ဒါပေမယ့် ခက်တာက ပွဲရှိပြီလားဆို ငါ့ပဲ လာခေါ်ကြပြန်တာပဲ။ ဇွတ်ငြင်းဖို့ ဆိုတော့လည်း ဖေဖေတို့က သူတို့ ၀ါသနာတူ၊ ပေါင်းဟောင်းသင်းဟောင်းတွေဆိုတော့ အားနာပါးနာ ထည့်လွှတ်လိုက်ကြပြန်ရောလေ..။ သူတို့က အားနာလိုက်ရုံပဲ။ ငါက ကျောင်းတက်ပျက်ရ၊ စာကျက်ပျက်ရပြန်ရောလေ…။ ပြောသာပြောရတယ်။ ငါကလည်း ဂီတသံကြားရင် အူက ကြွနေပြီ။ ဆိုချင်လှပြီ…ဟီး”
                        ခုတော့ ကဉ္စနာတစ်ယောက် နောင်တတွေနှင့် မျက်ရည်တွေ သွန်ချလို့ ကောင်းနေပြီ ထင်ပါသည်။ သူ့ ဖေဖေနှင့် မေမေကရော.. ဘယ်လို စကားမျိုးတွေဆိုကာ ဆူပူကြမှာလည်း မသိ။
ကိုယ့်ဒုက္ခ ကိုယ်မေ့ကာ သူငယ်ချင်းမလေးအပေါ် သနားစိတ်ဝင်ခဲ့မိလေသည်။
***********
“’ဒီနေ့ ကဉ္စနာတို့ သားအမိကိုတွေ့ခဲ့တယ်”
                        ကဉ္စနာ့ အမည်ကိုကြားရုံနှင့် သူ ရင်ခုန် တုန်လှုပ်တတ်ဆဲဆိုတာ ဖေဖေရော မေမေပါ သိပါသည်။ သိလျှက်နှင့် ပြောလာသော မေမေ့ထံ တအံ့တသြ၊ အလန့်တကြား သူ လည်ပြန်ငဲ့ကြည့်ဖြစ်သည်။
“သူ့ကလေးတောင် အတော်ကြီးလှပြီပဲ”
                        သူ့ ဘယ်ဘက်ရင်အုံတစ်ဘက် အောင့်ခနဲ ခံစားရသည်။ သူ့ကလေး..တဲ့။ မေမေက မြေးကို သူ့ကလေးဟု သူစိမ်းဆန်စွာ သုံးနှုန်းနေပြန်သည်တဲ့။ ခါးလိုက်တာ။ အဲဒါ  သူ့သားလေးပေါ့။ သားတောင် ကျောင်းနေရမည့် အရွယ်ရောက်ပြီထင်ရဲ့။ သူ.. သားတို့ထံမှ ဝေးလွင့်ခဲ့ရတာ နှစ်တွေပင် မနည်းတော့ပြီ။ သား၏ အသက်တမျှပဲပေါ့။ သားကို ဖြူသလား၊ မဲသလား၊ သားလား၊ သမီးလား ခွဲခြားမသိတတ်ခင်ကတည်းက ဖြစ်သည်။ သူ အတွေးမှာပင် ဖြန်းခနဲ အရှက်အိုးကွဲသွားပါတော့သည်။ သားအတွက် ဖခင်ကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့တာ သား ခွင့်မလွှတ်ပါနဲ့။
                        **********
                        အဲသည်စဉ်တုန်းကတော့ သူနှင့် ကဉ္စနာ ဒီတစ်သက် ဘယ်တော့မှ မခွဲဘူးဟု နှစ်ယောက်စလုံး၏ စိတ်မှာ ရှိနေခဲ့ကြဖူးတာ ဖြစ်ပါသည်။ သူ့တို့နှစ်ယောက်စလုံး၏ သူငယ်ချင်းတစ်ယောက်အိမ်မှာ သူတို့နှစ်ယောက် ပုန်းနေခဲ့ကြရတာ ဖြစ်သည်။ နှစ်ဘက်မိဘတွေ သူတို့ကို တွေ့သိသွားကြလို့ မဖြစ်ဘူး။ သူ့ဖေဖေနှင့်မေမေက ကဉ္စနာ့ကို သဘောမကျတာထက် သူမ၏ ဖေဖေ၊ မေမေတွေကို မပတ်သက်နိုင်တာက ပိုပါသည်။ ကဉ္စနာ့ ဖေဖေနှင့် မေမေတို့ကလည်း ထို့ထက်မလျှော့သော မာနတွေ၊ အမုန်းအငြိုးတွေနှင့်ပဲ ဖြစ်သည်။ သူတို့ နှစ်ယောက်ကို ဘယ်သူ့ဘက်က သတင်းရရ နှစ်ဘက်စလုံး အပြေးရောက်လာကြမှာ အသေအချာပင်။ သူတို့နှစ်ယောက်ကို မရမနေ ခွဲကြမှာလည်း ပြောစရာတောင်မလိုပါ။
                        သူတို့ လအတန်ကြာ ထိတ်ထိတ်လန့်လန့် ပုန်းရှောင်နေခဲ့ကြသည်။ နောက်တော့ နှစ်ဘက်မိဘတို့၏ အပြုအမူများကို သံသယ ရှိလာခဲ့တော့သည်။ သူတို့နှစ်ယောက်ကို ရှာမတွေ့ကြတာဖြင့် မဟုတ်ပေပဲ။ တမင် မရှာဖွေပဲ လျစ်လျှူရှုထားခဲ့တာပဲ ဖြစ်သည်။ သည်အချိန်မှာတော့ သူတို့ နှစ်ယောက်က ကိုယ်စီ ဖေဖေ၊ မေမေတို့ကို မျှော်နေတတ်ကြပြန်ပြီ။
                        သူတို့ နှစ်ယောက်စလုံးမှာ ပါလာခဲ့ကြသော လက်ဝတ်လက်စားကလေးတွေ ကုန်လုပြီ။ ငွေရရာ ရကြောင်း အလုပ်အကိုင်ဆိုတာလည်း သူက နားမလည်တတ်ပြန်။ ပိုမို ကံဆိုးစေတာက ကဉ္စနာတစ်ယောက် သား၏ ကိုယ်ဝန်ကို အမှတ်မထင် လွယ်ပိုးမိသွားတော့တာပဲ ဖြစ်လေသည်။
                        ကဉ္စနာတစ်ယောက် ကိုယ်ဝန်လရင့်လာသည်နှင့် အမျှ  မျက်နှာကလေးတွေ၊ ခြေလက်ကလေးတွေ ယောင်အမ်းလာခဲ့သည်။ ဆေးခန်းမှန်မှန်ပြရန်မလွယ်။ ဓါတ်စာဆေးဝါး ရှားပါးလွန်းလှတာ နှစ်ယောက်စလုံးက အံ့သြတုန်လှုပ်လျှက် ဆောက်တည်ရာ မဲ့ခဲ့ကြရသည်။     
“ငါတို့မွေးထားတာ မင်းတစ်ယောက်တည်းပဲ။ မင်းရဲ့ နောက်က ပါလာမှာတွေကို ငါတို့ အသိအမှတ်မပြုနိုင်ဘူး”
                        စာနာစိတ်ကင်းမဲ့သော ဖေဖေ့စကားကို မေမေကလည်း စိတ်ဝမ်းလက်ညီ ထောက်ခံနေပြန်ပြီ။ သူတုန်လှုပ်ဝမ်းနည်းနေပြန်တော့ ကဉ္စနာက မာနမီးပွင့်လျှက်  သူ့မိဘဆီ ပြေးပြန်ကာ  အားကိုးရှာပြန်သည်။
“ငါတို့ သမီးကို နွားနို့နဲ့ အထပ်ထပ် ပြုတ်ဆေးပစ်မယ်”
                        သူ့ထံသို့ နောက်ဆုံးရောက်လာသည့် ကဉ္စနာ့ကိုယ်စား စကားတစ်စပဲဖြစ်ပါသည်။ ထိုအချိန်မှစကာ သူ.. ကဉ္စနာ့ကို မတွေ့ခဲ့ရတော့တာ ခုချိန်ထိ ဖြစ်ပါသည်။
                                ************

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>