Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

************** ကြယ်သုံးပွင့်ရဲ့ ဒိုင်ယာရီ ******** (အပိုင်း8)*******

$
0
0

**************    စတ္ထုထပြိုင်ပွဲသို့ ရောက်ရှိလာသောအခါ စူးရှက မိမိငယ်ငယ်ကစီးခဲ့သော ပြိုင်ဘီးနီနီရဲရဲကလေးဖြင့် စက်ဘီးစီးပြိုင်ရန်ဆုံးဖြတ်ခဲ့လေသည်။ ။

နောက်တစ်နေ့အရောက်တွင် ပြိုင်ဘီးကိုယ်စီဖြင့် အ. ထ. က(၃) ကျောင်းပေါက်မ
ှ ကန်သာယာသို့အရင်ရောက်သော သူက အနိုင်ရရှိမည်ဖြစ်သည်။ ။
အ. ထ. က(၃)ကျောင်းပေါက်မှဝီရသူငယ်ချင်းဖြစ်သူ စည်သူကစောင့်နေပြီး ကန်သာယာတွင်စူးရှသူငယ်ချင်း ဖြစ်သူ ရဲရင့်မှစောင့်နေခဲ့သည်။ ။
ထို့နောက်ပြိုင်ပွဲစသော အခါ
စူးရှနှင့်ဝီရတို့ ပြိုင်ဘီးလေးကိုကိုယ်စီ နင်းကာပြိုင်ပွဲဝင်ခဲ့ကြလေသည်။ ။
     နှစ်ယောက်သားမမောတန်းဒုန်းစိုင်းနင်းခဲ့ကျရာ တမာတမ်းမီးပြိုင့်လမ်းဆုံတွင်
ဝီရကမီးပြိုင့်ကိုဖြတ်ကျော်ခဲ့နိုင်သော်လည်း စူးရှကမူ မီးပြိုင့်
မီးနီမိသွားနေသည်ကို မသိဘဲ ဆက်၍နင်းခဲ့ရာတစ်ဖက်မှလာသော
ကားနှင့်ချိတ်မိသွားကာ စူးရှဆေးရုံသို့ရောက်သွားလေတော့သည်။ ။

            ×××××××××××××××× ခေါင်းကွဲသွားသောဒဏ်ရာကြောင့် စူးရှ မုံရွာမြို့ ပြည့်သူဆေးရုံတွင် 3ချက်ချုပ်လိုက်ရကာ 1ရက်တိတိသတိလစ်မေ့မျောနေခဲ့သည်။ ။
စူးရှသတိပြန်ရလာသော အခါ မျက်ရည်စများဖြင့် သူ့အား စိုးရိမ်နေသောမျက်ဝန်းများဖြင့်ငုံကြည့်နေသေီာ နှင်းပွင့်ဖြူကိုတွေ့လိုက်ရသည်။ ။
 
""" စူးရယ် ... နင်ဘယ်လိုဖြစ်တာလဲ
ဘာလို့စက်ဘီးကို ဒရကြမ်းစီးရတာလဲ""
" နင်ကလေးလား စူးရဲ့ ""
""ငယ်ငယ်က အကျင့်ကိုမပြောက်ကျဘူး
ဘာလဲ နင်တို့ပြိုင်ကျတာမဟုတ်လား ဘာလိုချင်လို့ပြိုင်ကျပြန်တာလဲ""
 မျက်ရည်စများဝေ့၀ဲနေသော မျက်ဝန်းအစုံဖြင့်နှင်းပွင့်ဖြူကမေးသည်။ ။
စူးရှ ခပ်ဖျော့ဖျော့ အပြုံးလေးသာ ပြုံးနိုင်ပြီး
"" ငါကောင်းနေပါပြီ နှင်းကလေးရဲ့ သက်သာပါတယ်''' 
ထိုအချိန်တွင် ၀ီရရောက်ရှိလာပြီး
""" သက်သာရဲ့လားသူငယ်ချင်း
ဆောရီးကွာ ငါမင်းမီးပွိုင့်မိသွားတာ မသိလိုက်ဘူး""
""ရပါတယ် ""
""' နင်တို့ကလေးမဟုတ်ကျတော့ဘူးနော်
ပြိုင်တာတွေရပ်လိုက်တော့ နောက် အဲလိုအသံတွေမကြားချင်ဘူး"""
နှုတ်ခမ်းလှလှလေးကို စုထော်ကာရန်တွေ့နေသော နှင်းပွင့်ဖြူ ကို
စူးရှ ချစ်မြတ်နိုးစွာ ကြည့်နေမိသည်။ ။

        သူ့ရဲ့စူးရှတဲ့ အကြည့်ဒဏ်ကို မခံနိုင်သောနှင်းကလေးဧ။်
နှုတ်ခမ်းလှလှကလေးမှာ တဆက်ဆက်တုန်ရီနေပြီးသူမဧ။် မျက်ဝန်းများကိုတစ်ဖတ်သို့ လှည့်ကာမျက်နှာလွဲလိုက်လေသည်။ ။
ထိုအဖြစ်အပျက်ကို ကြည့်ကာ ဒေါသအလိုလိုထွက်နေသော ၀ီရမှာ နှင်းပွင့်ဖြူ
ကိုလိုက်ပို့မည်ဟုခေါ်ကာအိမ်သို့ ပြန်ရန်အတင်းခေါ်ခဲ့လေသည်။ ။
စူးရှ သူဧ။် လေးကိုင်းသဏ္ဍန်နှုတ်ခမ်းလေးကို ပါးချိုင့်ကလေးနှစ်ဖတ်ပေါ်အောင်ပြုံးလိုက်မိတော့သည်။ ။သူ နှင်းကလေးဧ။.် နှလုံးသားကိုရှာဖွေတွေ့ရှိသွားသောကြောင့်ပင်ဖြစ်သည်။ ။
လူကိုအတင်းဆွဲခေါ်လာသော ၀ီရအား ကားပါကင်အနားအရောက်တွင်သူမမေးလိုက်မိသည်။ ။

"" နင်ဘယ်လိုဖြစ်နေတာလဲ ၀ီရရယ် ဟိုမှာ
စူးတစ်ယောက်တည်းရယ် နင်မသိဘူးလား"
"" သိသားပဲ အမြင်ကပ်လို့ဆွဲခေါ်လာတာ"
"""" ဘာဖြစ်လဲ """
""" အနှင်းငါနင့်ကို ချစ်နေတာနင်သိပါတယ်နော် """
"" ငါ့ကိုအဖြေပေးပါတော့ဟာ ""
""  အခုပေး .....ပေး""""
ကလေးလေးတစ်ယောက်လိုဇွတ်အတင်း အဖြေတောင်းနေသော ၀ီရကို နှင်းပွင့်ဖြူ မော့ကြည့်လိုက်မိသည်။ ။
"" နောက်မှပေးမယ် ၀ီရရယ်"""
""" ငါစဉ်းစားအုံးမယ် ဟာာ""
နှင်းပွင့်ဖြူ အပြောကို ၀ီရမကျေနပ်သော်လည်း ဘာမှမတတ်နိုင်သောကြောင့်
 ကားလေးကို ဆေးရုံ အတွင်းမှမောင်းထွက်ခဲ့လေသည်။ ။

       ×××××× အိမ်သို့ရောက်သောအခါ   ညတွင်  နှင်းပွင့်ဖြူ စူးရှထံသို့စိတ်ပူကာ
ဖုန်းဆက်ကာ အခြေအနေမေးလိုက်လေသည်။ ။
သူ့ထံမှ သက်သာသည် ဟူသော အသံကိုကြားလိုက်ရမှ သူမ အိမ်ရာ ၀င်ခဲ့လေသည်။ ။
အိမ်ရာထွက်တွင် မျက်လုံးများ ကိုသူမမှိတ်ထားပါသော်လည်း အိပ်၍မပျော်ပါချေ။ ။
သူမဧ။် စိတ်အစဉ်က ဟိုး...... ငယ်စဉ် 10တန်းကျောင်းသူ
ဘ၀ဆီက သူမအား လူကြီ3းယောက် နှောင့်ယှက်နေသောကြောင့် ၀င်ကူပေးသော 
ကြောင့် ဒဏ်ရာရသွားသောစူးရှကိုပြန်မြင်ယောင်လာခဲ့သည်။

            အကျီနီနီရဲရဲ့ကလေး နှင့်ရွှေအိုရောင်ဆံပင်ကလေးများကို အီမိုပုံစံလေးညှက်ထားပြီး သရီးကွာတားဘောင်းဘီကလေး ။
ကျောပိုးလွယ်အိမ်နီနီရဲရဲကလေးကိုလွယ်ကာ ပြိုင်ဘီးနီနီကလေးကို စီးလေ့ရှိသော
အနီရောင်ကြိုက်လွန်းသော ထိုကောင်လေးဧ။်
မျက်ဝန်းများသည် အခြားကောင်လေးများနှင့်မတူဘဲ  သူဧ။်မျက်ဝန်းများ မှာနာမည်လိုက်ဖတ်စွာပင် စူးရှတောက်ပလွန်းလှသည်။ ။
သူ လှစ်ကနဲပြုံးပြလိုက်လျှင် သွားတတ်ကလေးများနှင့် ဗန်ဒါစေ့ ပုံပါးချိုင့်ကလေးနှစ်ဖက်ထင်းခန
ဲ ပေါ်သွားတတ်သော ထိုကောင်လေးသည်ကောင်မလေးများရဲ့အသဲစွဲ အချစ်တော်လေးလဲဖြစ်သည်။ ။

        *******   ယခုတော့ ထိုအနီရောင် အရူးအမူးကြိုက်သော ထိုကောင်လေးမှာ အရပ်မြင့်မြင့်  ၊ ရင်အုပ်ကျယ်ကျယ်ဖြင့် ၊ မျက်ဝန်းများကငယ်စဉ်ကထက်ပင် ပို၍စူးရှလာပြီး၊ မျက်ခုံးထူထူစိမ်းစိမ်းလေးများအောက်က ၊ မျက်တောင်မွှေးလေးများက ပို၍ပင်ရှည်လာသရောင်ထင်ရသည်။ ။
မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး စိမ်းစိမ်းဖန့်ဖန့်ကလေးများကလည်း  ထူထဲစွာပေါက်မနေဘဲ
ရေးရေးသာပေါက်နေပုံက တမင်ပုံဖော်ထားသည့်အလား
ထင်ရပြီး သူဧ။်အသွင်ကို ပို၍ယောကျာင်္းပီသစေသည်။ ။
ကျောင်းမှာဆိုလျှင် သူ့ကို ကောင်မလေးများက Every Smile Or Smile King ဟုလည်း
ခေါ်တွင်ကျသေးသည်။ ။သူဧ။်အြ့ပုံးကို မြင်ရသောကောင်မလေးတိုင်းဧ။် ရင်ထဲတွင် လမင်းဧ။်အေးမြခြင်းကိုခံစားရသည်နှင့် တူသည်ဟုပြောစမှတ်ပြုကြသည်။ ။

                     ဒီနေ့သူမကို စိုက်ကြည့်နေသော သူ့ဧ။်မျက်ဝန်းများမှာ ချစ်ခြင်းများပြည့်နှက်နေပြီး မျက်ဝန်းများကစူးရှတောက်ပလွန်းလှသဖြင့်
သူမ မနေတတ်စွာ ရင်များခုန်လာပြီး မိမိရင်ခုန်သံကိုပင် သူမပြန်လည်ကြားရောင်လာကာ နှုတ်ခမ်းလေးများတဆတ်ဆတ်တုန်ရီလာပြီး
တဖတ်သို့ မျက်နှာ လွဲခဲ့မိလေသည်။ ။ ဒီအတိုင်းဆိုပါလျှင်
သူမ သူ့ကိုချစ်နေမိပြီဟုထင်ပါသည်။ ။

         XDXDXDXDXDXDXDXDXDXD  ဆေးရုံမှဆင်းလာသော စူးရှသည် ၀ီရထံသို့
ဖုန်းဆက်ခေါ်လိုက်သောကြောင့် မကြာခင်တွင်စူးရှအိမ်သို့ ၀ီရ ရောက်ရှိလာခဲ့လေသည်။  ။ ။
""""""""" ပြော စူးရှ မင်းနေကောင်းသွားပြီလား ""
"" အင်း"""
"" ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ ငါနိုင်ခဲ့တယ်နော် စူးရှ"""
"" အေးပေါ့ကွာ ငါမှမပြိုင်နိုင်တော့ မင်းနိုင်သွားတာပေါ့ ""
""" အခုကစားပွဲ4ပွဲအပြီးမှာ တစ်ယောက်2ပွဲစီနိုင်နေတယ်
သားရေဖြစ်နေတယ်"""
""""""" အခုနောက်ဆုံပြိုင်ပွဲ ပြီးရင်တော့ ရှုံးတဲ့သူက
နှင်းပွင့်ဖြူအနားကနေ ထွက်သွားပေးရမှာနော်""""""
ဧည့်ခန်းထဲတွင် ထိုင်နေသောစူးရှအား ၀ီရကပြောလိုက်သည်။ ။
"""""" မင်းသဘောတူလား စူးရှ"""
"""" အင်း """"""""""
"""" ဒါဆို ငါနောက်ဆုံးပြိုင်ပွဲကို  ရွှေးချယ်ခွင့်ရှိသွားပြီနော်""
"  ဒီတစ်ခါတော့ မင်းနဲ့ငါ ရဲ့ကံကို စမ်းမယ်ကွာ""""""
""""""""" ခေါင်းပန်းလှန်ကျမယ်""
"" ငါကခေါင်းပဲယူမယ် စူးရှ """"
"""ဘယ်လိုလဲ ""
'"""" ရပါတယ် စိန်လိုက်လေ"""""

ဝီရ စူးရှ ဧ။် သဘောတူညီမှုကို ရပြီးနောက် ကျပ်ပြားစေ့ ကလေးအား 
ဝီရလေထဲသို့မြောက်ကာ ပစ်လိုက်ပြီး ပြန်၍ကျလာသောအခါ
ဘယ်ဘက်လက်ဝါးကလေးဖြင့် လှမ်းယူလိုက်ပြီး ကြည့်ရန် ဖွင့်လိုက်သောအခါ
နှစ်ယောက်သား မျက်နှာတွင် ဇောချွေးများပင်ပြန်လျှက်ရှိသည်။ ။
"""""" ခေါင်းကွ ခေါင်း "''
""""" ဟား  ဟား  ငါနိုင်ပြီကွ"""""
ဝီရ၀မ်းသာအားရ ထ၍အော်သည် ။ ။ ။"
"""""" စိတ်တော့မကောင်းဘူးစူးရှရေ .........မင်းအနှင်းကို
စွန့်လွှတ်လိုက်ပေတော့  ကဲငါပြန်မယ်""
မိမိအားနှုတ်ဆက်ကာ ပြန်သွားသောဝီရကျောပြင်ကိုကြည့်ကာ ဆိုဖာပေါ်တွင် စူးရှ
ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။ ။
သူ နှင်းကလေးဧ။် နှလုံးသားကို တွေ့မြင်နေပါရက်နဲ့ ဆုံးရှုံးရပေတော့မည်။ ။

                        x×××××××××××××××××××××   ၀ီရ စူးရှတို့တိုက်ထဲမှ
အောင်နိုင်သူတစ်ယောက်လို ပျော်ရွှင်ကြည်နူးစွာပြန်လာခဲ့လေသည်။ ။

"""" အလိုက် ၊ တုံးလိုက်၊ ပိန်းလိုက်တဲ့ကောင်ကွာ 
မင်းငါ့ကို ဘယ်ပြိုင်ပွဲမဆို နိုင်ချင်နိုင်ပေမယ့် """
""""" ဒီပြိုင်ပွဲတော့ မင်းဘယ်လောက်တော်တော်။
နိုင်မှာမဟုတ်ဘူးလေ"""
"" ဟား ဟား ဟား""""
ဝီရ၀မ်းသားအားရရီမောကာ
သူဧ။.် လက်ထဲတွင် ရှိနေသာ  ဘယ်ဘက်ကိုပဲကြည့်ကြည့် ခေါင်းကျစေရန်
နှစ်ဖက်စလုံးခေါင်းအဖြစ်ပြုလုပ်ထားသောကျပ်ပြားစေ့ကလေးကို နမ်းရှိုက်မိလေသည်။ ။
 
""" ခေါင်း ဟားဟာားဟား"""
သူကျပ်ပြားစေ့ကလေး ကိုအိပ်ကပ်ကလေးထဲအတွင်းသို့
ပြန်၍ထည့်လိုက်ကာမိမိအိမ်သို့ပြန်လာခဲ့တော့သည်။

 

2 attachments — Download all attachments   View all images   Share all images  
258.jpg 258.jpg
5K   View   Share   Download  
1500.jpg

1500.jpg
6K   View   Share   Download  


*** သူငယ်ချင်းလေးတို့ရေ............ အခုဆိုရင်

""" ကြယ်သုံးပွင့်ရဲ့ ဒိုင်ယာရီ "" ၀တ္ထုကလေးဟာဆိုရင်အပိုင်း8ကိုရောက်ရှိလို့နေပါပြီ ။ ။

ဒီဝတ္ထုလေးဟာအပြင်မှာဂျစ်ရဲ့ ပထမဦးဆုံး ထုတ်ဝေလုံးချင်းဝတ္ထုလေးပဲဖြစ်ပါတယ်။ ။

2013 နှစ်ကုန်ပိုင်းလောက်မှာပေါ့နော်

ဂျစ်ကန်2ကောင်မလေး(မုံရွာတက္ကသိုလ်)ကလောင်နာမည်နဲ့

လုံးချင်းဝတ္ထု ထုတ်ဝေမှာဖြစ်ပါတယ် အားပေးကျပါအုံးနော်

ဘာဖြစ်လို့ရပ်တန့်ထားလိုက်ရတာလဲဆိုရင်

အပြင်စာအုပ်ထွက်လာတဲ့အခါ စာဖတ်ရတာပေါ့နေမှာစိုးလို့

ဇာတ်လမ်းအစလေးပဲ အမြည်းသဘောအနေနဲ့တင်ဆက်ပေးလိုက်တာပါ

                                                                             (ဂျစ်ကန်2ကောင်မလေး)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>