ဒေါသစိတ်တွေ ပေါက်ထွက်မတက် အခန်းအတွင်းသို့ လျှောက်လှမ်း၍ဝင်လာသည်။ သင်ကြားပြသပေးရန်အတွက် ယူဆောင်လာသော စာအုပ်(စာရွက်စာတမ်းအစရှိသဖြင့်) အား စာပွဲ ခုန်ပေါ်သို့ ပြစ်တင်လိုက်လေသည်။ ပေါက်ထွက်မတက် ဖြစ်ပေါ်နေသော ဒေါသစိတ်တွေအား ထိန်းချုပ်မရ.....လက်ဖြင့်စားပွဲခုန် အား ထုလိုက်လေသည်.....
'' ဒုန်း ''
အတန်းထဲ ဝင်လာသော ဆရာ၏ ဒေါသစိတ်ဖြင့် ထုရိုက်လိုက်သော စာပွဲခုန်ပေါ်မှ ထွက်ပေါ်လာသည့် အသံကြောင့် အတန်းသူ အတန်းသားများအားလုံး ငြိမ်သတ်သွားလေသည်..........သူတို့အားလုံး၏ မျက်လုံးတွေကတော့ ..............ဆရာ၏ မျက်နှာ အား ငြိမ်သတ်စွာ ကြည့်ရှူလျှက်......
'' အိပ်သာထဲမှာ ဘယ်သူတွေ ဆေးလိပ်သွားခိုးသောက်ကျတာလဲ ဟေ...... သောက်တဲ့ သူတွေ အခုချက်ချင်းထွက်ခဲ့ အပြင်ကို '' ဟု ဒေါသစိတ်နဲ့အတူ လေသံအား ခတ်မာမာလေးပြောလိုက်လေသည်......ဆရာပြောလိုက်သော စကားကြောင့် အတန်းသူ အတန်းသားများ မည်သူမည်ဝါ ဖြစ်နေမည်ဆိုသော မေးခွန်းတွေ ..........တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း အဖြေရှာ အဖြေထုတ်နေကျသည်.......မေးတငေါ့ငေါ့ဖြင့်..........
'' ပြောနေတာ မကြားဘူးလား မိမိအပြစ်ကို မိမိသိပါ မည်သူမည်ဝါဆိုတာ အမည်အဖော်ထုတ်ချင်ဘူး မိမိသည် အိပ်သာထဲတွင် ဆေးလိပ်သွားခိုးသောက်သည်ဟု.........မိမိကိုယ်ကို မိမိသိရင် ငါ့အရှေ့ကို ထွက်ခဲ့ကျ '' ဟု ထက်မံပြောဆိုလိုက်လေသည်။ ဆရာ ဒေါသ ထွက်နေမည် ဆိုတာ သိသည်.......သို့သော အပြစ်အား ဝန်ခံရန် အတွက် ဆေးလိပ်ခိုးသောက်ကျသော ကျောင်းသား များ ဆရာအရှေ့ သို့ လျှောက်လှမ်းသွားကျသည်.....ဆရာအနား ..... အရောက်တွင်တော့ ရိုသေစွာ လက်ပိုက်လျှက်...........ဆရာအား ဦးမမော်ကြည့်ရဲပါ ခေါင်းကိုသာ အောက်သို့ ငုတ်ထားလျှက်...
'' ဒါပဲလား အိပ်သာထဲ ဆေးလိပ် သွားခိုးသောက်တဲ့ လူတွေက ဒါပဲလား နောက်ထက် မကျန်တော့ဘူးလား '' ဟု ထပ်မံမေးမြန်းလိုက်သည်။ ကျောင်းသားများ ဆရာအား ကြောက်ရွံ့နေမိသည်
'' ဇင်ကို ... မင်းလဲ အိပ်သာထဲ ဆေးလိပ် သွားသောက်တဲ့ လူတွေ အထဲမှာ ပါတယ် မဟုတ်လား မင်းဘာလို့ အပြင် မထွက်တာလဲ '' ဟုပြောလိုက်သည်။ ဆရာမေးနေသောလည်း ထိုကျောင်းသားမှာ မသိချင်ယောင် မထီမဲ့မြင် လုပ်ရပ်တစ်ခု နဲ့အတူ ...........ဂျစ်ကန်ကန်ဖြင့် ဦးခေါင်းအား အောက့်ကိုသာ ကြည့်နေသည်.......ထိုကျောင်းသားမျက်လုံး....အကြည့်တွေကတော့ ဆရာအား မကြည့်..........လေ လေးကို ချွန်လိုက်သေးသည်.........သူသည် အတန်းထဲတွင်တော့ ဂျစ်ကန်ကန်နေ၍ ဆရာဆရာမများ၏ စကားအား နားမထောင်ဟန် မလိုက်နာဟန်နေတက်သော ကလေးမျိုးပင်ဖြစ်သည်.....သူ၏လုပ်ရပ်သည် သင်ကြားပြသနေသော ဆရာ ဆရာမများအတွက် မည့်သို့ ဖြစ်မည်နည်း ဆိုတာကိုတော့ သူ သိမည် မထင်ချေ။
ထို ကောင်လေး ထိုင်နေသော ခုန်တန်းအနားသို့ ဆရာ လျှောက်လှမ်းသွားခဲ့သည်.............ဒေါသစိတ် တစ်ခုကြောင့် ဆရာ ထိုကောင်လေး၏ ဂုတ်တွင်ရှိနေသော င်္အကျီစများအား ဆုပ်ကိုင်လိုက်လေသည်............ဆရာစကားအား မထီမဲ့မြင် ပြုလုပ်သော ထိုကလေးအား ဆရာ လက်ဖြင့် ရိုက်နှက်ရန် ချိန်ရွယ် လိုက်လေသည်............အတန်းသူ အတန်းသားများကတော့ မျက်စိမျက်စံပြူးပြီးကြည့်လျှက်...
ထိုကလေး ဆရာအား ဘာမှပြန်၍မပြောပေ..............ရိုက်နှပ်ရန် ပြင်ဆင်လိုက်သော ဆရာသည်....သူ့၏လက်အား ပြန်လည်ရုတ်သိမ်းလိုက်လေသည်...........အဘယ်ကြောင့်ဆိုသော ထိုကလေးသည် သူရဲ့ တပည့် ဖြစ်နေသောကြောင့်ပင်............ဆုပ်ကိုင်ထားသော ဆရာလက်ထဲမှ င်္အကျီစများအား ဆရာ ဖယ်ရှားပေးလိုက်လေသည်........
'' တောက် ! '' ဒေါသစိတ်ဖြင့် ဆရာ တောက်တစ်ချက် ခတ်လိုက်လေသည်..........စာပွဲခုန်လေး အနားသို့ ပြန်၍ လျှောက်လှမ်းသွားခဲ့သည်...........သင်ကြားပြသရန်အတွက် ယူဆောင်လာသောစာအုပ်(စာရွက်စာတမ်းအစရှိသဖြင့်)အား ပြန်လည်ကောက်ယူပြီး..........အခန်းအပြင်ဘက်သို့ ထွက်ခွာသွားသည်။ အတန်းသူ အတန်းသားများကတော့ တိတ်ဆိတ်ညိမ်သတ်စွာပင် ..............
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စာသင်ကျောင်းကြီးကတော့ တောင်ခြေ အရင်းတွင် တည်ဆောက်ထားသောကြောင့် တော၏အလှ တော၏ သဘာဝ နှင့်အတူ လှပတင့်တယ် ကျက်သရေ ရှိလှပါသည်.............အပြစ်ပြူလုပ်ခဲ့သော တပည့်တို့အား........ သူ ..တော်တော် ပေါက်ကွဲနေသည်...........ပေါက်ကွဲ မတက်ဖြစ်ပေါ်နေသော သူ၏စိတ်တွေသည်လည်း တပည့်အပေါ် ထားရှိသော မေတ္တာကြောင့်ပင် ဖြစ်မည်ဟု သူ ယုံကြည်မိသည်.............စာကိုဆက်မသင်တော့ပဲ ........သူ၏ နာနေခန်း(ရုံခန်း) သို့ ............ပေါက်ကွဲမတက် ဖြစ်ပေါ်နေသော ................ဒေါသတွေအား ထိန်းချုပ်ရန် ခဏတာ နားနေလိုက်လေသည်
အခန်းအတွင်း မှန်ဖြင့်ကာရံထားသော တကားပေါက်ကလေးအား အသာအယာ ဖွင့်လိုက်လေသည်.............တိုးဝင်လာသည့် လေးထုလေးတွေကတော့ အေးမျှလျှက်.............သန့်ရှင်းလတ်ဆက်သော လေထုလေးအား ရှူရှိုက်ရင်း လေပူလေးများအား အပြင်လောကသို့ မှုတ်ထုတ်လိုက်လေသည်
'' ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးး''
လေတိုက်ခတ်၍ ယိမ်းယိုင် လှုတ်ရှားနေသော သစ်ပင်ကြီးများအား ခဏတာ ငေးမေားကြည့်လိုက်သည်။ သူ၏ အမြင်အာရုံအား ထိုးဖောက်၍ အတွေးစလေးများ ဝင်ရောက်လာခဲ့သည်.............သူ......................(.........(((...............(((...............
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူမ အထက်ကညွန်ကြားချက်အဖြစ် မြို့မကျတောမကျ တိုက်နယ်လေး တစ်နယ် ဘက်သို့ အထက်တန်းပြဆရာမ တစ်ဦးအဖြစ် ရာထူးကျလာလေသည်..............ထိုအချိန်တွင် သူမ၏ အသက်သည်(၄၀) နှစ်ရှိပါပြီ..........မင်းကတော် ကဲ့သို့ ပုံစံရှိပြီး မိန်မတို့အိနြေ္ဒ နဲ့လဲ ပြည့်ဝလှပါသည်။ သူမသည် အသင်အပြကောင်းသော ဆရာမ တစ်ဦးပင်...............သို့သော ..............သူမထိုကျောင်းလေးသို့ အရောက်တွင်တော့ ထူးခြားမှူ ရှိသော ကျောင်းသားတစ်ယောက် နှင့် သူမ ရင်းနှီး သိကျွမ်း ခဲ့သည် ..........ထိုကျောင်းသား နာမည်ကတော့...............ဖိုးဇော် ပင်ဖြစ်သည်။
'' ဆရာမ ဆရာမ '' ဟု ဆိုကာ သူမ တခြားဆရာမတစ်ဦးအား ခေါ်လိုက်လေသည်။ သူမသည် သူမထက် အသက်ငယ်သည်ဖြစ်စေ အသက်ကြီးသည် ဖြစ်စေ ဆရာမ လို့သာ ခေါ်တက်သော အကျင့် ရှိသောကြောင့် ဆရာမလို့သာ ခေါ်လိုက်လေသည်။ သူမ ခေါ်လိုက်သော အသံကြောင့် တခြားသော ဆရာမ အသံလာရာဘက်သို့ လှည့်ကြည့်မိလိုက်လေသည်။
'' အော် ဟုတ်ကဲ့ ဆရာမ ပြောပါ ဘာကိစ္စများရှိလို့ပါသလဲရှင် ''
'' ဟို.........ဟိုလေ ဟိုကလေးကိုကြည့်ရတာ တစ်မျိုးလေးဖြစ်နေသလားလို့....သူ့ကြည့်ရတာ ဂျစ်ကန်ကန်ပုံစံမျိုးလေးပဲ ..........ဒါနဲ့ အခန်းခွဲကျတာ ..........ဒီကလေးကို ဆရာတွေ အားလုံးတိုင်က အတန်းပိုင်အဖြစ် လက်ခံပေးဖို့ ညင်းဆန်ကျတယ် အဲ့တာဘာဖြစ်လို့လဲဟင်..........သိခွင့်ရမယ် ဆိုလျှင် ပြောပြပါလား ''ဟု သူမမေးလိုက်လေသည်။
'' အော် အဲ့ကလေးလား အဲ့ကလေးက အရမ်းဆိုတာလေ ဆရာဆရာမတွေကိုလဲ ဆရာဆရာတွေလို မထင်ဘူး ပြောဆိုဆုံးမလဲ လက်မခံဘူးလေ သူ့ဘာသာသူ နေချင်တိုင်းနေတာ ''
'' အော် အော် ''
'' ပြောရမယ် ဆိုရင်တော့ မထီမဲ့မြင် လုပ်တဲ့ပုံစံမျိုးပေါ့ .........စောနက ဆရာမပြောခဲ့သလို ဂျစ်ကန်ကန် ပုံစံမျိုးလေးလေ အဲ့လို ကလေးမျိုးဆိုတော့ ဘယ်လိုပြောမလဲ....''
'' ဟုတ်ကဲ့ ဆရာမ ပြောတက်သလိုပြောပါ ရပါတယ် '' ဟု သူမပြောလိုက်လေသည်
'' အဲ့လိုပေါ့ သင်လို့လဲမရ ဆုံးမလို့လဲ မရဆိုတော့ ဆရာဆရာမတိုင်းက လျှစ်လျူရှူထားတဲ့ပုံစံမျိုးပေါ့နော် ''
'' အော် ......အော် '' ဟု သူမပြောမိလိုက်သည် ။ခေါင်းလေး တညိမ့်ညိမ့်ဖြင့်
'' ဒါနဲ့ ဆရာမက သူအကြောင်းဘာလို့မေးရတာလဲ ''
'' အဲ့ကလေးကို ကျွန်မအခန်းမှာ အတန်းပိုင် အဖြစ် ခေါ်ထားချင်လို့ပါ အဲ့တာကြောင့် မေးကြည့်လိုက်တာပါ ''
'' ရှင် ဖြစ်ပါ့မလား ဆရာမရဲ့ ............. ဆရာမက မြို့ကနေ ဒီတိုက်နယ်ဘက်ကို ပြောင်းလာတာလေ ............သူ့အကြေင်းမသိသေးပဲနဲ့ အဲ့ကလေးက အရမ်းဆိုတာ ''
'' ရပါတယ် ဆရာမရယ် ဆိုးသွမ်းတဲ့ ကျောင်းသားတွေကို လိမ္မာရေးခြားရှိအောင် ဆုံးမ ရမှာက ဆရာဆရာမတွေရဲ့ တာဝန်ပဲလေ ဒီတော့ သိမ့်ပြီးဆန်းကျယ်မယ် မထင်တော့ပါဘူး ကဲကဲကဲ ဆရာမရေ အခုလိုဖြေကြားပေးလို့ ကျေးဇူးပါနော် ''
'' ဟုတ်ကဲ့ ဆရာမ ''
'' ခွင့်ပြုပါအုံးနော် '' ဟု သူမပြောကာ ဖြေကြားပေးသော ဆရာမအား အရိုအသေပေး ခေါင်းလေးညိမ့်ပြလိုက်သည်။ ကိစ္စလေးတစ်ခုရှိသောကြောင့် သူမ ကျောင်းအုပ်ဆရာမကြီး ရှိရာ ရုံးခန်းဘက်သို့ ခြေဦးတည်လိုက်လေသည်...........
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆရာဆရာမများ၏ စွန့်ပြစ်ခြင်းကို ခံထားရသော ဖိုးဇော်အား သူမ ...........သူမ အခန်းတွင် အတန်းပိုင် ကျောင်းသားအဖြစ် လက်ခံထားလိုက်လေသည်။ ထိုကလေးသည်...........သူမ ခန့်မှန်းထားခဲ့သော ဂျစ်ကန်ကန် ကောင်လေးမျိုးပင်ဖြစ်သည်။ တစ်နေ့...............
'' ဖိုးဇော် အခန်းထဲမှာ လိုအပ်ချက်များ(ရေအိုး တံမြတ်စည်း စသည့်) ဝယ်ယူရန်အတွက် ကောက်ခံထားတဲ့ ပိုက်ဆံ သားမထည့်ရသေးဘူးနော် '' ဟု သူမ ဖိုးဇော်အား ပြောလိုက်လေသည်။ သူမပြောသောလည်း ဖိုးဇော်မှာ တုန့်တုန့်ပင် မလှုပ....် သူမှင်နဲ့သူ သူ့စတိုင်နဲ့သူ နေမြဲပါ။ထိုသို့ လုပ်ရပ်ကြောင့် သူမ ဖိုးဇော်အား အမြတ်ထွက်စေခဲ့သည်။ သူမ ထက်မံပြောဆိုခဲ့သည်...
'' ဟဲ့ ဖိုးဇော် ငါပြောနေတာကြားလား ........အခန်းထဲမှာ လိုအပ်ချက်တွေ ဝယ်ယူရန်အတွက် ကောက်ခံထားတဲ့ ပိုက်ဆံ မင်းမထည့်ရသေးဘူးမလား '' ဟု သူမ ပြောလိုက်လေသည်။ လေသံကတော့ အနည်းငယ် မာကျော လာသည်။ သူမပြောလိုက်သော စကားကြောင့် ဖိုးဇော်သူမအား ပြန်၍ပြောဆိုခဲ့သည်...
'' မထည့်ရသေးဘူးဆိုတာ သိသိကြီးနဲ့ ဘာလို့ လေကုန်ခံပြီး လာမေးနေတာလဲဗျာ '' ဟု ဖိုးဇော် သူမအားပြောလိုက်လေသည်။ ဖိုးဇော်ပြောလိုက်သော စကားအဆုံးတွင်တော့ သူရဲ့ အမြင်အာရုံအား အခန်အပြင်ဘက်သို့ ဝှေ့ကြည့်လိုက်လေသည်။
'' မထည့်ရသေးဘူးဆိုတာ သိလို့ မင်းကိုမေးနေတာ ဆရာကို ဆရာမှန်းမသိ တစ်ခွန်းမကျန် ပြန်ပြောနေတာ အဲ့တာ ဘယ်တော့ ထည့်မှာလဲ မင်းတစ်ယောက်ပဲ ကျန်တော့တာ '' ဟု သူမပြောလိုက်လေသည်
'' ဆရာမ မှာ ဝင်ငွေတွေ များနေတာပဲ အပိုငွေတွေလဲ ဝင်နေတာပဲ ဆရာမ စိုက်ထည့်လိုက် ကျွန်တော် မထည့်ပေးနိုင်ဘူး ဗျာ '' ဟုဖိုးဇော် သူမအားပြန်၍ ပြောဆိုလိုက်လေသည်။ သူမ မထင်ထားတာအမှန်ပါ ဖိုးဇော် ယခုကဲ့သို့ ဆိုးသွမ်းနေမည် ဆိုတာကိုပင် .............သို့သော သူမ ဖိုးဇော်အား အပြစ်မတင်ပါ......အဘယ်ကြောင့်ဆိုသော ဆရာ၏ ဆုံးမသင်ပြမှူဟာ ညံဖျင်းနေလို့ပဲဟု သူမ ခံယူထားခြင်းကြောင့်ဖြစ်သည်။
အတန်းထဲတွင် လူမှူရေး ကိစ္စအတွက် ကောက်ခံသောငွေများ.....ကျောင်းဝေယာဝိတ်စ အတွက် ကောက်ခံသော ငွေများအား ဖိုးဇော် ထည့်ပေးခြင်းပိုက်ဆံပေးခြင်း မရှိပါ။ အမြဲလိုလို သူမ ဖိုးဇော် အတွက် ပိုက်ဆံ စိုက်၍ ထည့်ပေးတက်သည်။ ဖိုးဇော် ပြုမှူသော အကျင့်စရိုက်အတွက် ဖိုးဇော်အပေါ် သူမ တခြားသော ဆရာဆရာတွေကဲ့သို့ ရွံ့ရှာ မမုန်းတီးခဲ့ပါ။အဘယ်ကြောင့်ဆိုသော ဖိုးဇော်သည် ပြုပြင်ပြောင်းလည်းရင် လမ်းမှန်ကို ရောက်သွားမည့် ကလေးတစ်ဦး........ကျောင်းသားတစ်ဦးဟု သူမယုံကြည်ထားခဲ့လို့ပင်..............ဖိုးဇော်ပြောလိုက်သော စကားသည် တဖတ်ဆရာမအပေါ် ဘယ်လို သက်ရောက်မှူ ရှိမည်နည်း............ဆရာဂုဏ် မည်ကဲ့သို့ ထိခိုက်မည်နည်း ညိုးနွမ်းသွားမည်နည်းကို ဖိုဇော် သိနိုင်မည် မဟုတ်ချေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
်
လအနည်းငယ်ခန့်ကြာပြီးသောအခါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒသမတန်းတွင် ပညာသင်ကြားနေပြီ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားတစ်ဦးပင်ဖြစ်သည်။ တခြားသော ကျောင်းသားတွေကတော့ ဖြေဆိုရန် အတွက် အသင့်ဖြစ်နေ..........ပြင်ဆင်ထားပြီးဖြစ်သောလည်း........ဖိုဇော်မှာတော့ နေမြဲ ...........အရင်လို တေမြဲပါပဲ.......သူမဖိုးဇော်အား ..............စိတ်တိုဒေါသထွက်နေလေသည်။
'' ဖိုးဇော် '' ဟု သူမ နာမည်အားခေါ်လိုက်လေသည်။ ဆရာမခေါ်လိုက်သော နာမည် ကြောင့် ဖိုးဇော် ဆရာမအား တစ်ချက်ပြန်ကြည့်သည်။ မှုန်ကုတ်ကုတ်ဖြင့်................
'' မင်းမှာ အသိတရားတွေ မရှိတော့ဘူးလား ...မင်းပညာတက် တစ်ယောက် မဖြစ်ချင်ဘူးလား...........လမ်းပေါ်မှာ လေလွင့်နေတဲ့ အညာတရ တစ်ယောက်လို့ နေသွားတော့မှာလား....စာမေးပွဲကြီးဖြေဆိုဖို့အချိန်ဟာ ဘယ်လောက်မှ မလိုတော့ဘူး............အဲ့တာတွေကိုကော မင်းသိလား.အချိန်ဆိုတာကော မင်းနားလည်လား..........မင်းကို စာသင်ကြားပေးလိုက်တယ် .............ဖတ်မှတ် ကျက်မှတ်လာဖို့ အိမ်စာအဖြစ် ပေးလိုက်တယ်........တခြားသောသူတွေ ရလာပြီး...မင်းက ဘာအတွက် မရလာရတာလဲ မင်းငါ့ကို မထီမဲ့မြင် ပြုလုပ်တာလား ဟင် '' သူမ ဒေါသစိတ်တွေဖြင့် ပြောဆိုလိုက်လေသည်......
'' ဒါက ကျွန်တော် လျှောက်ရမဲ့ ဘဝလမ်းခရီးပါ ...... ကျွန်တော် ကျောင်းက ပြန်ရင်လဲ မအားဘူး အချိန်မပေးနိုင်တာလဲပါလို့ပါ '' ဟု ဖိုးဇော်သူမအား ပြန်၍ပြောဆိုလိုက်လေသည်
'' အချိန်တွေ မရှိရအောင် မင်းက ဘာတွေလုပ်နေလို့လဲ .............ကျောင်းကသင်လိုက်တဲ့စာလေးတောင်မှ ....ကျက်မှတ်ဖို့...........မင်းမှာအချိန်မရှိဘူးလား ''
'' မအားဘူးဗျ ပြန်ရင် ဘောလုံးကန်ရတယ် '' ဟု ဖိုးဇော် ဂျစ်ကန်ကန်ဖြင့် ဘုနဲ့ဘောက် ဖြေလိုက်လေသည်
'' တောက် ! '' သူမဒေါသစိတ်ဖြင့် တောက် တစ်ချက် ခေါက်လိုက်လေသည်။ သူမ တွင် ဆရာတို့ ထားရှိရမည့် မာန အားပိုင်ဆိုင်ထားသည်။ သူမ ထားရှိတဲ့ ဆရာ တို့၏ မာနက ဖိုးဇော်ကဲ့သို့ ဆိုးသွမ်းသည် ကလေးအတွက်နဲ့ သူမ မာနအား ခဝါမချချင်ပါ ။သူမဖိုးဇော်အား ပြောဆိုလိုက်လေသည်...
'' သွား ...........ထွက် ...တစ်ခွန်းမကျန် ပြန်ပြန်ပြောတဲ့ ကောင်.............ဆရာကိုဆရာမှန်းမသိ........ နားမလည် မိုက်ရိုင်းတဲ့အကောင် ..............ထွက်အခုချက်ချင်း.............အလံတိုင်အရှေ့ကို သွားပြီး နားရွက်ဆွဲထိုင်ထ အခါ(၅၀) သွားလုပ် '' ဟု သူမ ပြောဆိုလိုက်လေသည်။ ကျက်မှတ်ရန်အတွက် ပေးလိုက်သော စာတစ်ပုဒ်အား ဖိုးဇော် မရလာခြင်းကြောင့် အပြစ်ပေးခြင်းပင်ဖြစ်သည်။ ဒသမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ယောက် ဖြစ်သောကြောင် သူမ ရိုက်၍ပင် မဆုံးမခဲ့............ရိုက်၍ ဆုံးမခဲ့လျှင် ထိုကလေး စာတွေရသွားမည် ........စာတွေတက်သွားမည်........ဘွဲ့ရပညာတက်တစ်ယောက် ဖြစ်သွားမည်ဆိုလျှင်...........ထိုကလေးအား စာမသင်ပဲ ရိုက်နေမိမည်ဖြစ်သည်။ သို့သော.....ရိုက်၍ ဆုံးမ ခဲ့လျှင် ...ထိုကလေး အသားနာရုံကလွဲ၍ ........သူ့အတွက်စွဲမြဲစရာ မရှိမှာသေချာသည်..ထိုကြောင့် ဖိုးဇော်အား သူမ အလံတိုင်အရှေ့သို့ နားရွက်ဆွဲ ထိုင်ထလုပ်ရန် ပြစ်ဒဏ်ပေးလိုက်လေသည်............ထိုကဲ့သို့ပေးရခြင်းသည်လည်း သူ့မှာ ရှက်တက်မည့်မာန ကြောက်တက်မည့် မာန ထားရှိပိုင်ဆိုင် ထားရအောင် စာကိုကျက်မှတ်လာရအောင်ပင်ဖြစ်သည်
'' ဟဲ့ ငါပြောနေတာ မကြားဘူးလား အလံတိုင်အရှေ့ နားရွက်ဆွဲထိုင်ထ သွားလုပ်လို့ ငါပြောနေတယ်လေ မင်းဘာလုပ်နေတာလဲ သွား အခုချက်ချင်း '' ဟုသူမပြောလိုက်လေသည်
မှုန်ကုတ်ကုတ်ဂျစ်ကန်ကန် ရှိသော ဖိုးဇော်ကတော့ အတန်းဘေးတွင်ထိုင်နေသော သူငယ်ချင်းများအား မထိ တထိပင်ပြောဆို၍ ထွက်ခွာသွားလေသည်......
'' ဘောလုံးကန်ရတာ ခြေထောက်တွေ ညောင်းလို့ အလံတိုင်အရှေ့ သွေးပူလေးကျင့်ခန်း သွားလုပ်လိုက်အုံးမယ် သူငယ်ချင်းတို့ရေ '' ဟုပြောဆိုပြီး အခန်းအပြင်ဘက်သို့ ထွက်ခွာသွားလေသည်
ဒေါသစိတ်ဖြင့် အခန်း ထဲတွင် ကျန်ရှိခဲ့သော သူကတော့ ဖိုးဇော်၏ ဆရာမ ပင်ဖြစ်သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျောင်း မှန်မှန်မတက် လျှင်လည်းဖိုးဇော် ......အတန်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပေါ်ခဲ့လျှင်လည်း ဖိုးဇော်......ဆရာ ဆရာမများအား ရိုက်ပြစွာပြောဆိုလိုက်လျှင်လည်း ဖိုးဇော်.........စာသင်ချိန် အခန်းထဲတွင် မရှိ အခန်းအပြင်မှာ နေထိုင်နေတာလဲဖိုးဇော်.......ဖိုးဇော်...ဖိုးဇော်ဖြင့် ................လူမိုက်စာရင်း နဲ့ နာမည် ကျော်နေလေသည်။ဖိုးဇော်အား အတန်းသားအဖြင့် လက်ခံလိုက်ရခြင်းကြောင့် သူမ နောင်တမရချင်ပါ။
'' ဟဲ့ရောင် ဖိုးဇော် မင်းကို ကျောင်းအုပ်ဆရာမကြီး သူ့ရုံခန်းကို ခဏလာခဲ့ပါတဲ့ အဲ့တာ ငါနဲ့ ခေါ်ခိုင်းလိုက်လို့ '' ဟု အတန်းဖော် သူငယ်ချင်းတစ်ယောက်မှ ဖိုးဇော်အားပြောသည်
အတန်းဖော် သူငယ်ချင်း ပြောလာသောစကားကြောင့် သူ့ကိုယ်သူ မေးခွန်းတွေ ထုတ်နေမိသည်.......အဘယ်ကြောင့် ခေါ်ရသနည်း..............ဆရာမကြီး ရုံးခန်းကတော့ သူ့အတွက် ခဏခဏ ခေါ်တွေ့ ခေါ်ဆုံးမ ဆူငေါက်နေသော အခန်းဖြစ်နေသောကြောင့် ကျောင်းအုပ်ဆရာမကြီးရုံးခန်းနှင့် ဖိုးဇော်က ရင်းနှီးမှူ ရှိနေသည်
'' အော်အေး ဘာလို့ခေါ်တာလဲဆိုတာ မင်းကိုပြောလိုက်သေးလား '' ဟုဖိုးဇော် မေးလိုက်လေသည်
'' အဲ့တာတော့မပြောဘူးကွ မင်းသွားလိုက်နော် တော်ကြာ မင်းကို သူခေါ်တာမလာရမလားဆိုပြီး ကျောင်းအုပ်ဆရာမကြီးက မင်းကို စိတ်တိုနေအုံးမယ် ''
'' အေးပါကွာ မင်းကလဲ ငါသွားလိုက်ပါ့မယ် ............မင်းအိပ်ကပ်ထဲမှာ ချိတ်ထားတဲ့ ဘော့ပင်လေး ငါ့ခဏဌားလိုက်ကွာ '' ဟု ပြောဆိုပြီး အိပ်ကပ်တွင် ချိတ်ဆွဲထားသော ဘောပင်လေးအား ဖိုးဇော် လှမ်းယူသွားလေသည်။ ဖိုးဇော်အား ဆရာမကြီး ရုံးခန်းတွင် ခေါ်ယူတွေ့ဆုံလျှင် အမြဲတမ်းလိုလို ဝန်ခံလက်မှတ် ရေးထိုးရသောကြောင့်ပင်..............
ကျောင်းအုပ်ဆရာမကြီး ခေါ်လိုက်ခြင်းကြောင့် သူ့သည် ဆရာမကြီး၏ ပြစ်တင် ဆူငေါက့်မိခြင်းခံရမည် ဆိုတာသိနေသည်............ဘော့ပင်လေးအား လက်မ လက်ကလည်ဖြင့် ဖိနှိပ်စေပြီး လည်ညိုးလေးဖြင့် ဘော့ပင်လေးအား လှည့်ပတ် ရမ်းခါ၍ ဆရာမကြီး ရုံခန်းရှိရာဘက်သို့ ဦးတည် ၍ ထွက်ခွာသွားလေသည်..........ကြောက်ရွံ့ခြင်းမရှိ............အပြုံးမပျက် အရင်ထက်ပင် မျက်နှာက စက်ဖြဲစက်ဖြဲ နိုင်နေသေးသည်.......
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖိုးဇော် ကျောင်းအုပ်ဆရာမကြီး ရုံးခန်း အတွင်းသို့ ဝင်ရောက်သွားလေသည်။ ရုတ်တရက်လို့ မြင်တွေ့လိုက်ရတာကတော့....ကျောင်းအုပ်ဆရာမကြီးနဲ့အတူ..........သူ၏အတန်းပိုင် ဆရာမ ဒေါ်မြင်မြင့်ကြည် တို့ ထိုင်ခုန်လေးတွင် ထိုင်နေခြင်းပင်ဖြစ်သည်။ဖိုးဇော် ကျောင်းအုပ် ဆရာမကြီး မျက်နှာအား ကြည့်လိုက်သည် ..............မာကျောခတ်ထန်လျှက် ............ပြစ်ဒဏ် တစ်ခုခုအား ပေးတော့မည်ဆိုတာ သူသိနေမိသည် ။ ကျောင်းအုပ်ဆရာမကြီး အနားသို့ ဦးညွတ်၍ လျှောက် လှမ်းသွားလေသည်။ သူ၏ခြေလှမ်းတွေပင် ကျောင်းအုပ်ဆရာမကြီး အနီးသို့မရောက်သေးပေ
'' ဖိုးဇော် '' ဟု ကျောင်းအုပ်ဆရာမကြီး သူ့၏နာမည်အားအော်ခေါ်လိုက်လေသည်။ ဒေါသစိတ်ဖြင့်ထွက်ပေါ်လာသော ကျောင်းအုပ်ဆရာမကြီး ၏အသံကြောင့် ရုံးခန်း တစ်ခန်းလုံးပဲ့တင်ထက်ကဲ့သို့ ပျံနှံသွားလေသည်
'' ဗျာ ဆရာမကြီး '' ဟု ဖိုးဇော် ထူးရင်း ခြေလှမ်းတွေပင် တွန့်ဆုတ်သွားလေသည်
'' မင်း မင်းအတန်းပိုင် ဆရာမ ကို ဘာပြောလိုက်သလဲ '' ဟုဆိုကာ ကျောင်းအုပ်ဆရာမကြီး မေးခွန်းထုတ်လိုက်လေသည်
'' ဟို..............ဟို.......ဟိုလေ '' သူ၏ စကားတွေ ထစ်ငေါ့၍နေလေသည်
'' ဟိုလေ...ဒီလေ.....တွေ လုပ်မနေနဲ့ ..............မင်းမှာ ဆရာကို ရိုသေရကောင်းမှန်း စိတ်ကလေး အများကြီးမဟုတ်ရင်တောင် နည်းနည်းလေး မရှိဘူးလား ဖိုးဇော်.............အခုမင်းအတန်းပိုင် ဆရာမကလဲ ...............ငါတို့ နယ်ကမဟုတ်ဘူး..........မြို့ကနေ လာရောက်သင်ကြားပေးနေတဲ့ ဆရာမ တစ်ဦး ... မင်းကအခုလို ရိုင်းစိုင်းစွာပြုမှူနေတော့ ဘယ်ကောင်းမလဲ နောက် သူမကလဲ မင်းကိုသင်ကြားပြသပေးနေတဲ့ ဆရာမ တစ်ဦးပဲလေ...........မင်းက အတန်းငယ်လေးတွေလဲမဟုတ်တော့ဘူး.............ဒီကျောင်းမှာ အတန်းအကြီးဆုံး ဒသမတန်းမှာ ပညာသင်နေတာ ................မင်းမှာ အသိတရားလေးတွေတော့ ရှိသင့်ပါတယ် '' ဟု ကျောင်းအုပ်ဆရာမကြီး ဖိုးဇော်အား ဆူငေါက်နေသည်
'' ဟုတ် ဟုတ်ကဲ့ပါ ဆရာမကြီး '' ဟု ဖိုးဇော် လေသံ ငယ်လေးဖြင့် ပြောဆိုလိုက်လေသည်
'' မင်းကိုပြောလိုက်ရင် ဟုတ်ကဲ့ဆိုတာကြီးပဲ ပြီးရင် အချိုးကပြုပြင်ပြောင်းလဲမှူမရှိဘူး ............မင်းလဲငယ်တော့တာမဟုတ်ဘူး ဖိုးဇော် ........ဆရာမကြီးတို့လဲ မင်းကို ...ကိုယ့်တပည့်သားတစ်ယောက် အနေနဲ့ မဆူမငေါက်ခြင်ပါဘူး............အခုစာမေးပွဲကြီးတွေ နီးကပ်နေပြီ.မင်းမှာ ဘာပြင်ဆင် ထားတာတွေရှိလဲ ''
'' ဘာ..........ဘာမှမရှိသေးပါဘူးဆရာမကြီး ''
'' အေး ................ဘာမှမရှိပဲ မင်းဘယ်လို စာမေးပွဲသွားဖြေမလဲ..............ဆရာဆရာမတွေသင်ပြတာတွေ နည်းနည်းပါးပါးလေ့လာမှတ်သားမှပေါ့.................အခုဆိုရင် ကျောင်းတစ်ကျောင်းလုံးမှာ မင်းကအဆိုးဆုံး ................အဲ့လို ဆိုးတဲ့ဂုဏ်ကို မင်းက ဂုဏ်ယူနေတာလား ဖိုးဇော် .............မင်းမိဘတွေကိုလဲ ကျောင်းမှာ ခေါ်တွေ့ရတာ အခါပေါင်းလဲ မရေတွက်နိုင်တော့ဘူး ''
'' ဟုတ် ဟုတ်ကဲ့ ''
'' အခု မင်းရဲ့ ကျောင်းခေါ်ချိန်က မပြည့်ဘူး မင်းဘယ်လို စာမေးပွဲဖြေမလဲ '' ဟု ဆရာမကြီး ပြောလိုက်လေသည်။ ဖိုးဇော် မျက်စိမျက်စံပြူးသွားလေသည်
'' ဗျာ '' ဟုပြောဆိုကာ ဖိုးဇော် အံအားသင့်မိနေသည်
'' အေးအခု မင်းအတန်းပိုင် ဆရာမ က ငါ့ကိုပြောနေပြီ မင်းဘယ်လိုလုပ်မလဲ ''
ဆရာမကြီးမေးလိုက်သော မေးခွန်းအား ဖိုးဇော် ပြန်၍မဖြေဆိုနိုင်ပေ။ သို့သော သူ၏အတန်းပိုင် ဆရာမက ဖိုးဇော် ဘက်က ဝင်၍ပြောဆိုလိုက်လေသည်....
'' ဘာမှစိတ်မပူပါနဲ့ ဒီကလေးကို အောင်မြင်အောင် ကျွန်မ အိမ်မှာခေါ်သင်ကြားပေးပါ့မယ် ဒီကလေး အောင်မြင် မယ်ဆိုတာ ကျွန်မယုံကြည်ပါတယ် ............စာမေးပွဲဖြေဆိုလို့ ရဖို့အတွက်သာ ကျောင်းအုပ်ဆရာမကြီး အနေနဲ့ ကူညီပေးပါနော် '' ဟု သူမ ဖိုးဇော် ဘက်မှ မေတ္တာရပ်ခံလိုက်လေသည်။ သူမပြောလိုက်သော စကားကြောင့် ကျောင်းအုပ်ဆရာမကြီးပင် အံသြနေမိသည် ဖိုးဇော် အောင်မြင်မည် ဆိုသောကြောင့်ပင်............ဖိုးဇော်သည်လည်း သူ၏ အတန်းပိုင် ဆရာမ ပြောလိုက်သော စကားကြောင့် သူမမျက်နှာအား ခဏတာ မေ့ကြည့်လိုက်သည်
'' ကဲ ဖိုးဇော် ဘယ်လိုလဲ မင်းရဲ့အတန်းပိုင် ဆရာမကတော့ပြောနေပြီ မင်းဘက်ကကော ဘာတွေ လုပ်ပေးနိုင်မလဲ '' ဟု ကျောင်းအုပ် ဆရာမကြီး ကဖိုးဇော်အားမေးလိုက်လေသည်
'' ဟုတ်...ဟုတ်...ကျွန်တော် ကြိုးစားပါ့မယ် ဆရာမကြီး ''
'' အေးအဲ့တာဆို မင်းအခုချိန်ကစပြီး ကျောင်းကို မပျက်ရတော့ဘူးကျောင်းခေါ်ချိန် ပြည့်အောင် အတန်းတက်ရမည် ဘယ်လိုလဲ မင်းဘက်ကကတိပေးနိုင်မလား ''
'' ပေးနိုင်ပါတယ် ဆရာမကြီး....ပေးနိုင်ပါတယ် ဆရာမကြီး ''
'' အေးအဲ့တာဆို ဝန်ခံကတိ လက်မှတ် ရေးထိုးသွား မင်းဘက်ကပြုပြင်ပြောင်းလဲမှူ မရှိပဲ အခုလို အတိုင်းပဲနေသွားမယ် ဆိုရင်ငါလဲမကယ်နိုင်းဘူး ဖိုးဇော် ''
'' ဟုတ် .....ဟုတ်ကဲ့ ''
'' အေး...အဲ့တာဆို ထိုးလက်မှတ် '' ဟု ပြောကာ ဖိုးဇော် ဆီသို့ ဖိုင်းတွင်္ဲလေး ကမ်းပေးလိုက်လေသည် ။ ပေးလာသော ဖိုင်တွဲလေးအား ဖိုးဇော် လှမ်းယူ၍ ဝန်ခံကတိ လက်မှတ် ရေးထိုးပေးလိုက်လေသည်
'' လိမ်လိမ် မာမာ နေစမ်းပါ ဖိုးဇော် ကဲသွားသွား အခန်းထဲမှာလဲ နေအုံးနော် စာသင်ချိန် အခန်းထဲမှာပဲ မြင်ချင်တယ် '' ဟု ပြောလိုက်လေသည်
'' ဟု တ် '' ဟုပြောဆိုလိုက်ရင်း ကျောင်းအုပ် ဆရာမကြီး ရုံးခန်ထဲမှ ထွက်ခွာသွားလေသည်..............သက်ပျင်းလေးများ ချမိရင်း ကျန်ရှိခဲ့တဲ့သူတွေကတော့ ...............ကျောင်းအုပ်ဆရာမကြီးနဲ့အတူ.........သူ၏ အတန်းပိုင် ဆရာမ ပင်......
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အတန်းပိုင် ဆရာမ ပြောလိုက်သော စကားကြောင့် ဖိုးဇော် ငြိမ်သက်မိနေသည်။ မခံချင်သော စိတ်ဓာတ်တွေ မာနတရားတွေက ရင်ထဲမှာ အလိုလိုပေါက်ပွားလျှက်.........................
'' ကဲ ဘယ်လိုလဲ မင်းအောင်မြင် မယ် ဆိုတာ အတက်ပြောရဲလား ဖိုးဇော် ''ဟု သူမမေးလိုက်လေသည် ။သူမစကားကြောင့် ဖိုးဇော် ဖြေကြားရန် တွန့်ဆုတ်နေမိသည်။
'' မင်း အောင်မြင်သွားမယ် ဆိုရင် မင်းဟာ လူတော်လူကောင်းတစ်ယောက် အဖြစ် ငါ့သတ်မှတ်လိုက်မယ် မင်းရှုံးသွားရင် မင်းဟာညံဖျင်းသော လူတစ်ယောက်လို့ ငါသတ်မှတ်လိုက်မယ် ငါသတ်မှတ်မှူတွေအားလုံးက မင်းအပေါ်မှာ ရှိတယ် ''
'' ဆရာမ ကျွန်တော်ကို အဲ့လို အထင်သေးတဲ့ စကားတွေ လာမပြောနဲ့ '' ဟု ဖိုးဇော် သူမအားပြန်လည်ပြောဆိုလိုက်လေသည်။ ဖိုးဇော် စကားကြောင့် အတန်းသူအတန်းသားများ အားလုံး ဖိုးဇော်အား ငေးမောကြည့်နေကျသည်
'' မင်းကို ငါ အထင်သေးတယ်လို့ မပြောလိုက်ဘူးဖိုးဇော် လူတစ်ယောက်က အထင်ကြီးခံရတာ အထင်သေးခံရတာက မိမိကိုယ်တိုင် ပြုလုပ်ခဲ့တာပဲလေ မိမိက လူထင်ကြီး ခံချင်ရင် လူထင်ကြီးအောင် နေရတယ် အေးထိုနည်းလည်းကောင်းပဲ လူထင်သေးမခံချင်ရင် လူအထင်သေး မခံရအောင်နေရတယ် ''
'' ဆရာမ ကျွန်တော်ကို ပြောလာတဲ့ စကားတွေက ကျွန်တော်ကို အထင်သေးတဲ့ပုံစံမျိုးတွေနဲ့ပြောတာ ဗျ ''
'' အေး...အဲ့တာဆို မင်းဘက်ကပြုပြင်လေ............ကျောင်းအုပ်ဆရာမကြီး ရုံခန်းမှာ မင်းပြောခဲ့တယ်မဟုတ်လား ကျောင်းမပျက်တော့ပါဘူး တဲ့...........ကျွန်တော်ကတိပေးပါတယ် ဝန်ခံကတိလက်မှတ်တွေလဲ မင်းရေးထိုးထားခဲ့တယ်မဟုတ်လား မင်းယောက်ျား မဟုတ်လား..မင်းကတိတည်ရမှာပေါ့ ..................မင်းအခုလို အပြောမခံချင်ရင် ဆင်ကျင်လေ ကျောင်းမပျက်အောင်နေလေ ကျောင်းကိုမှန်မှန်တက်လေ............ပေးထားတဲ့ကတိကို မတည်တဲ့ယောကျာ်းက ဘာလဲဆိုတာ မင်းကိုမင်းသိ '' ဟုသူမပြောလိုက်လေသည်
'' မိန်းကလေးတွေ '' ဟု သူမ အတန်းသူများအား ခေါ်ဆိုလိုက်လေသည်
'' ရှင် '' ဟု အတန်းသူများ ပြိုင်တူညီညာစွာ ထူးလိုက်လေသည်
'' ဒီနေ့ ညနေကျောင်းဆင်းရင် ဖိုးဇော် အိမ်ကိုသွားလိုက်ကျ အဲ့မှာ ကျောက်ပြင်တွေ သနပ်ခါးတွေ သွားပေးလိုက် ကျ '' ဟုဆရာမဖြစ်သူက ဖိုးဇော် အား မခံချင် စိတ်ထားရှိရန် ပြောဆိုလိုက်လေသည်။သူမပြောလိုက်သော စကားကြောင့် ဖိုးဇော် သူမအား စိတ်တိုဒေါသထွင်၍ အညိုးတရားထားရှိလာမည် ဆိုတာ သူမယုံကြည်သည်
'' တောက် ! '' ဟု ဖိုးဇော် ဒေါသစိတ်ဖြင့် တောက် တစ်ချက် ခေါက်လိုက်မိသည်။ ထိန်းချုပ်မရနိုင်သော သူ၏စိတ်တွေကြောင့် ထိုင်နေသော ထိုင်ခုန်းလေးအား ခြေထောက်ဖြင့် ပိတ်ကန်၍ အခန်းအပြင်ဘက်သို့ ဖိုးဇော် ထွက်ခွာသွားလေသည်။ ဖိုးဇော် အနောက်သို့ အတန်းသူအတန်းသားများ၏ မျက်လုံးများလိုက်ပါသွားလျှက်.................
သူမ ဖိုးဇော် အား အဘယ်မှ ပြန်၍ မပြောလိုက်ပါ။ တပည့်သားတစ်ယောက် ကောင်းစားဖို့အတွက် သူမမှာ နာကျင်ရမည့် စကားလုံးတွေအား ထုတ်ဖော် သုံးစွဲရမည် ဖြစ်သည်။ ဖိုးဇော် သူမ အားနာကျင် အညိုးတရားထား မုန်းတီးသွားမည် ဆိုလျှင်လည်း ဖိုးဇော် ကောင်းစားသွားတာကိုကြည့်ပြီး သူမ ဖြေသိမ့်နိုင်မည်ဖြစ်သည်။
'' အော် ဒီကလေး ဆရာ တစ်ယောက်ရဲ့ မေတ္တာ ဂရုဏာတွေကို မသိနားမလည်ပါလား ခြေထောက်အနာခံပြီး ခုန်ကိုကန်သွားရတယ်လို့ ''ဟု သူမကိုယ်သူမတိုးတိတ်စွာပြောနေမိလေသည်.....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆရာမပြောလိုက်သော စကားကြောင့် ဖိုးဇော် ဆရာမ အပေါ် နာကြည်းချက်တွေ ထားမိခဲ့လေသည် ။ မခံချင်စိတ်တွေ ရှင်သန်ပေါက်ပွားလာပြီး မာနတရားတွေလဲ ထွက်ပေါ်လာခဲ့သည် ။ မခံချင်စိတ်ဖြင့် ပြောဆိုခဲ့သော ဆရာမအား ဖိုးဇော် ပြန်လည်ချေပရန်အတွက် အပတ်တကုတ် ကြိုးစားခဲ့လေသည်
သူမဝမ်းသာ ပီတိဖြစ်မိခဲ့သည်။ သူမ ခံယူချက်သည် ထိုကလေးပြုပြင်ပြောင်းလဲ ရင် လမ်းကောင်းပေါ်ရောက်ရှိမည်ဆိုတာကိုပင်.............ဖိုးဇော် ကြိုးစားမှူအားမြင်တွေ လိုက်ရသောကြောင့် သူမ ကျေနပ်မိလေသည်။ စိတ်ထဲတွင်လဲ ဂုဏ်ယူနေမိလေသည်။ တပည့်ဖြစ်သူ ဖိုးဇော် ၏ မာနတရားတွေကတော့ သူမ အတွက် ရန်သူလိုပင်..................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖိုးဇော် တို့ နေထိုင်တဲ့ နေရာလေးက တော်မကျမြို့မကျ တိုက်နယ်လေးဖြစ်သောကြောင့် စာမေးပွဲဖြေဆိုသည့်အခါ တွင် မြို့တက်၍သာဖြေဆိုရသည်။ ဖိုးဇော် တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုခဲ့လေပြီ။ ဖိုးဇော် အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည် ...............သူမ ဖိုးဇော်အား ဖြေဆိုနိုင်လော မဖြေဆိုနိုင်လော့...သိချင်နေသော စိတ်ဆန္ဒ တစ်ခုကြောင့် သူမ ကျောင်းသားတွေအများအပြားထဲမှ ဖိုးဇော်အား လိုက်လံရှာဖွေခဲ့လေသည်
သူမတွေ့ခဲ့လေပြီ...........သူမ၏တပည့်မျက်နှာ ရွှန်းဝေဖြာလျှက်..................
'' ဖိုးဇော် ဖြေနိုင်တယ်ပဲလားကွဲ့ '' ဟုသူမမေးလိုက်လေသည်။ သူမမေးလိုက်သော မေးခွန်းအား ဖိုးဇော် အသိပင်မပြု မကြားသော ဟန်ပန်ဖြင့် ................သူမသိသည် သူမတပည့်ဖိုးဇော် သူမအား အခဲမကျေဖြစ်နေမည်......သို့သော တပည့်တစ်ယောက်က ဆရာအပေါ် နာကြည်းမုန်းတီးမှူ ရှိနေခဲ့လျှင် .......ဆရာအဖို့တော့ ဘာမှ မဖြစ်သွားပဲ .............တပည့်ဖြစ်သူ အတွက် အပြစ်ဖြစ်မည်ကို သူမစိုးရိမ် မိသည်။ မသိခဲ့သော အမှားတစ်ခု ....နားမလည်ခဲ့သော ပြုမှူမျိုးဖြင့် တုန့်ပြန်ခဲ့သော သူမ တပည့်ဖြစ်သည့် ဖိုးဇော် အားသူမ အမြဲတမ်း ခွင့်လွတ်ထားပေးလျှက်ပေ.............
'' ဖိုးဇော် မင်းဖြေဆိုနိုင်လားလို့မေးနေတယ် လေ ''သူမ ထက်မံမေးမြန်းလိုက်သည်။ ဖိုဇော် သူမအား ပြန်လည်ပြောဆိုသည်.......
'' ဖြေနိုင်မဖြေနိုင်တာကိုတော့ အခုပြောလို့ မှမရတာ အောင်စာရင်းတွေ ထွက်တဲ့နေ့ကျ သိရမှာပေါ့ဗျ အတိအကျသိရအောင် ကျွန်တော်က အကြားအမြင် မရထားဘူး အောင်ချင်အောင်မယ် ရှုံးချင်ရှုံးမယ် အခုဖြေနိုင်တယ်ပြောပြီး အောင်စရင်းထွက်လာလို့ ကျခဲ့လျှင် ကတိမတည်တဲ့ သူတစ်ယောက်ဆိုပြီး ကျောက်ပြင်တွေ ဝယ်ပြီး သနပ်ခါးတွေ မလူးနိုင်ဘူး '' ဟု ဖိုးဇော် သူမအား ဘုနဲ့ဘောက် ပြောလိုက်ပြီး နေရာလေးမှပင် ထွက်ခွာသွားလေသည်
သူမထင်လိုက်သည် ဖိုးဇော် ထိုစကားတစ်ခုကြောင့် ပြောင်းလည်းသွားသည်ကိုပင်............ဖိုးဇော် ကျောင်းရှေ့တွင် ရပ်နားထားသော ဆိုင်ကယ် လေးရှိရာသို့ ခြေဦးတည်လိုက်လေသည်။ ဆိုင်ကယ်အား စက်နှိုးပြီး အသာကုန်ပင် မောင်းထွက်လာခဲ့သည်..
'' ဘွန်းးးးးးးးးးးးးဘွန်းးးးးးးးးးးး''
သူမအနားသို့ ဦးတည်၍မောင်းလာသည်။ သူမ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုပ်လိုက်လေသည်...............ဖိုးဇော် သူမအနားမှ ပွတ်ကပ်၍ မောင်းထွက်သွားလေသည်....................
'' အော် ......ဒီကလေး ဆရာဆရာမတွေကို အခုချိန်ထိ ရိုသေရကောင်းမှန်း နားလည်ရမှန်း မသိသေးပါလား '' ဟု သူမ ကိုယ်သူမ တိုးတိတ်စွာပြောဆိုမိနေလေသည်......သူမ ဖိုးဇော်အား အမျက် ဒေါသမထွက်ခဲ့ပါ...............သူမတပည့် ဆိုင်ကယ်အား ဝုန်းဒိုင်းကျဲ မောင်းထွက် သွားသည်ကိုပင် စိုးရိမ် နေမိသေးသည်.........................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရင်ခုန်စရာကောင်းတဲ့ နေ့တစ်နေ့....................တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသော သူများအတွက်............ရင်လှိုင်သဲဖို ဖြစ်သော နေ့လေးတစ်နေ့ပါ။ အောင်စာရင်းတွေ ထွက်ပြီဖြစ်သောကြောင့် ကျောင်းသားများ အောင်စာရင်းကြည့်ရှူရန် ရောက်ရက်ခတ်နေကျသည်.........
'' ဟဲ့ ရောင် ဖိုးဇော် ဟဲ့ရောင်ဖိုးဇော် '' ဟု အတန်းဖော် သူငယ်ချင်းတစ်ယောက်မှ ဖိုးဇော် အိမ်သို့ ရောက်လာခဲ့သည်။ တခြားသောသူတွေ အောင်စရင်းကြည့်ရှူရန် စိတ်လှုပ်ရှားမှူဖြစ်ပြီး ရောက်ရက်ခတ်နေသောလည်းဖိုဇော် မှာဖြင့် အိပ်၍သာကောင်းနေသည်...........
'' ဟဲ့ ရောင် ဟဲ့ရောင် '' ဟု သူ၏ သူငယ်ချင်း လှုတ်၍ နှိုးထစေလိုက်လေသည်
'' ဘာလဲကွာ မိုးမလင်းသေးဘူးမင်းတို့ကောင်တွေကလဲ '' ဟု ဖိုးဇော် စိတ်ဆိုးဒေါသထွက်သည် ဟန်ပန်ဖြင့်သူ၏ သူငယ်ချင်းဖြစ်သူအားပြောဆိုလိုက်လေသည်
'' မိုးမလင်းသေးဘူးမလုပ်နဲ့ သူများတကာတွေ အောင်စာရင်းကြည့်ပြီးတော့ပြန်လာပြီ မင်း အောင်တယ်ကွ '' ဟု သူငယ်ချင်းဖြစ်သူမှ ဝမ်းသာအားရ ပြောဆိုလိုက်လေသည်။ သူငယ်ချင်းပြောလိုက်သော စကားကြောင့် အိပ်ရာထဲတွင် အိပ်ရပ်ဖြင့် နေနေသော ဖိုးဇော် ရုတ်တရတ် ထထိုင်၍ အံ့အားသင့်မိနေသည်.....
'' ဟုတ်......ဟုတ် လို့ လားကွ ဘာလဲ စာရွက်ဖြူဖြူ ပေါ်မှာ မှင်ဖြူဖြူ ရေးထားတာကို တွေ့ခဲ့တာလား မင်းကလဲ လာနောက်နေပြန်ပြီ '' ဟု ဖိုးဇော် အံ့အားသင့်မှူနဲ့အတူ စကားလုံးများအား ထစ်ငေါ့စွာပြောဆိုလိုက်လေသည်
'' နောက်စရာလားကွ မင်းကလဲ ငါကိုယ်တိုင် သွားကြည့်ပြီး ပြီမလို့ မင်းကိုလာပြောတာကွ ငါတို့တွေလဲ အောင်တယ် မင်းလဲအောင်တော့ ငါတို့ သူငယ်ချင်းတွေ ပိုပြီးတော့ဝမ်းသာရတာပေါ့ကွ '' ဟု သူငယ်ချင်းဖြစ်သူမှ ဝမ်းသာအားရပြောဆိုလိုက်လေသည်........သို့သော ဖိုးဇော် ယုံကြည်မှူ မရှိ.......တိကျခိုင်လုံမှု ရှိရန်အတွက်........ပီတွေဖြစ်ပေါ်နေသော သူငယ်ချင်းဖြစ်သူအား နေရာလေးမှာပင် ထားရှိ၍ အိမ်ရှေ့တွင် ရပ်နားထားသော ဆိုက်ကယ်လေးဖြင့် မြို့နယ် (...........)သို့သွားရန် ပြင်ဆင်လိုက်လေသည်
'' ဟဲ့ဟဲ့ နင့်သူငယ်ချင်း ဘာဖြစ်သွားတာလဲဟဲ့ '' ဟု ဖိုးဇော် အမေမှ မေးသည်
'' ဒေါ်လေး သား (၁၀)တန်းအောင်တယ်လေ အဲ့တာ ကျွန်တော်က သူဝမ်းသာအောင် လာပြောတာ အဲ့တာ မယုံလို့ သူသွားကြည့်တယ် နေမယ် ''
'' အော် .....ဟုတ် .....ဟုတ်လား ဝမ်းသာစရာပဲပေါ့ကွယ် '' ဟု အမေဖြစ်သူမှ ပီတိစကားတွေဖြစ် သူငယ်ချင်းဖြစ်သူအား ပြောဆိုလိုက်လေသည်
'' ဟုတ် ကျွန်တော်ပြန်လိုက်အုံးမယ် ဒေါ်လေး အိမ်က အမေတွေကိုလဲ သွားပြောလိုက်အုံးမယ် ''
'' အေး......အေး....ဒါနဲ့ ငါ့တူကော အောင်တယ်ပဲလားကွဲ့ ''
'' အောင်တယ် ဒေါ်လေးရေ အောင်တယ် သွားပြီဗျို့ '' ဟု ပြောဆိုကာ အိမ်ထဲမှပင် လျှင်မြန်စွာ ထွက်ခွာသွားလေတော့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖိုးဇော် မယုံကြည်နိုင်...............မျက်လုံးများပင် ဇဝေ ဇဝါး ဖြစ်၍နေလေသည်
'' ဟို........ဟိုလေ..............အမှတ်စဉ်(..) က ကျွန်တော် နာမည်ပဲလားဟင် '' ဟု ဖိုးဇော် အံအားသင့်မှူတွေနဲ့အတူ ဘေးတွင် ရှိနေသော သူများအား မေးခွန်းထုတ်လိုက်လေသည်
'' အင်းလေ နင့်နာမည်ပဲလေ ............သူများနာမည် မပါလာလို့ စိတ်ညစ်ရတည့်အထဲ ကြောင်တောင်တောင်နဲ့ လာမေးနေတယ် ဖယ် '' ဟု ဒေါသစိတ်တွေနဲ့အတူ အောင်မြင်မှူ မရရှိခဲ့သော သူတစ်ယောက် က အော်ငေါက် ၍ထွက်သွားလေသည်။ ဖိုးဇော် မျက်လုံးများအား လက်ကလေးဖြင့် ပြန်၍ ပွတ်သပ်ရင်း ပြန်လည်ကြည့်လိုက်ပြန်သည်
ဖိုးဇော် ဝမ်းသာ ပီတိဖြစ်မိနေသည် ..............ဖိုးဇော် ၏ ဆရာမဖြစ်သူသည်လည်း ဖိုးဇော် ကဲ့သို့ပင် ဝမ်းသာပီတိဖြစ်မိမည် ဆိုတာ အမှန်ပင်...........။ဖိုးဇော် ဆိုင်ကယ်လေးအား မောင်းနှင့်လာပြီး လာရာလမ်းအတိုင်းပင် လှည့်ပြန်ခဲ့လေသည်
သူမသည် လည်း ဖိုးဇော် ကဲ့သို့ပင် ဝမ်းသာပီတိဖြစ်မိလေသည်။ သူမ သိနေသည် ဖိုးဇော် သူမ ဆီ ရောက်ရှိလာမည်ကိုပင်............ဖိုးဇော် အလာအား သူမ စောင့်မျှော် နေမိသည်..........တပည့်ဖြစ်သူ ၏ ပျော်ရွှင်မှူ........ပီတိတွေကို မြင်ရောင်ချင်မိလေသည်။ ဖိုးဇော် သူ၏ အတန်းပိုင် ဆရာမ ဖြစ်ခဲ့သော သူမ ဆီသို့ ဦးတည် ခဲ့လေသည်။ သူမမြင်တွေလိုက်ရသည် သူမတပည့်ဖြစ်သော ဖိုးဇော် မျက်နှာပေါ်တွင် အပြုံးတွေဖြင့် ဝေဖြာလျှက်............
'' ဆရာမ '' ဟု ဖိုးဇော် ခေါ်ဆိုလိုက်လေသည်။ သူမ ဖိုးဇော် မျက်နှာလေးအား ကြည့်မိလိုက်သည်....ဖိုးဇော် သူမအနားသို့ တိုးကပ်လာသည်............သူမအရှေ့ အရောက်တွင်တော့ ဖိုးဇော် ဒူးထောက်လိုက်လေသည်..................
'' ဆရာမ ကျွန်တော်ကို ခွင့်လွတ်ပေးပါ ဆရာမအပေါ် ကျွန်တော် ကာယကံ ဝစီကံ မနောကံ နဲ့ ပြစ်မှား မိခဲ့ပါတယ် ကျွန်တော်အား ခွင့်လွတ်ပေးပါနော် '' ဟု ဖိုးဇော် သူမအားပြောဆိုလိုက်လေသည်။ သူမလက်ကလေးအား ဆုပ်ကိုင်ရင်း သူမအရှေ့တွင် ဒူးထောက် ၍တောင်းပန်နေသည်။ မျက်ရည်များလဲ ဝဲလျှက်...............သူမပီတီဖြစ်မိခဲ့သည်......
'' ဆရာမ က မင်းကို ဟိုးးးးးအရင်ကတည်းက ခွင့်လွတ်ပေးထားတာပါ....မင်းက မသိနားမလည်သေးလို့ ရိုင်းပြပြုမှူခဲ့တာပဲလေ...အခု မင်းက မင်းအပြစ် မင်းသိတယ် မင်းအမှားကို မင်းသိတယ် ဆိုတော့ မင်းက လူလိမ္မာ လူကောင်းတစ်ယောက် ဖြစ်ပြီပေါ့ ဆရာ တို့မည်သည် ဘယ်တော့မှ တပည့်သားတစ်ယောက် အပေါ် မှာ အညိုးတရားလဲ မထားဘူး အမုန်းတရားတွေလဲ မထားဘူး စိတ်တိုဒေါသလဲ မထွက်ဘူး ...တကယ်လို့ စိတ်တို ဒေါသ ထွက်ခဲ့မိရင်လဲ အဲ့တိ ဒေါသက တပည့်အပေါ်မှာ ထားရှိတဲ့ ဂရုဏာ ဒေါသပဲ ဖြစ်မှာပါ ဖိုးဇော် ရယ် ''
'' ကျွန်တော် နားလည်သွားပါပြီ ..............ကျွန်တော်ကို ခွင့်လွတ်ပေးလို့လဲ ဆရာမကို ကျွန်တော် ဝမ်းသာပီတိဖြစ်မိပါတယ် ''
'' ဆရာမ နားလည်ပါတယ် ကွယ် မင်းက ဆရာမပြောတဲ့စကားတွေကို မခံချင်စိတ်နဲ့ မာန တရားတွေ ထားခဲ့တယ် အဲ့တိမာနတရားတွေနဲ့ ကြိုးစားခဲ့တယ် တပည့်သားကောင်းတစ်ယောက် တိုးတက်အောင်မြင်ဖို့အတွက် ဆရာဆရာမတွေကို တပည့်က မုန်းမယ် ဆိုရင်လဲ ဆရာ ဆရာမတိုင်းက ခံယူဝံ့ကျပါတယ် ......မင်းကမခံချင်စိတ်နဲ့ ကြိုးစားခဲ့တာ မင်းအခု တက္ကသိုလ် ဝင်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တယ် ......ဆရာမဂုဏ်ယူပါတယ် မင်းလိုပဲ ဆရာမလည်း ဝမ်းသာ ပီတိဖြစ်မိပါတယ် ငါ့တပည့်ရယ် '' ဟု သူမပြောလိုက်သည် ။ သူမ ဝမ်းသာမှူတွေနဲ့အတူ မျက်ရည်လေးများပင် ကျဆင်းလာခဲ့သည်
'' ကျွန်တော် ဆရာမကို ကန်တော့ပါရစေ '' ဟု ဖိုးဇော်ပြော၍ သူမအား လက်ဆယ်ဖြာထိပ်မှာ မိုး၍ရှစ်ခိုးကန်တော့လိုက်လေသည်
'' ငါ့တပည့် အောင်မြင်မှူ တွေရရှိနိုင်ပါစေကွယ် '' ဟုသူမပြောဆိုလိုက်လေသည်။ သူမမျက်နှာပေါ်တွင် အပြုံးတွေ ဝေဖြာလျှက်။ ဖိုးဇော် ဦးခေါင်းလေးအား လက်ကလေးဖြင့် ပွတ်သပ်ပေးလိုက်လေသည်
'' ဆရာမ ကျွန်တော် အိမ်က ထွက်လာတာ အမေ မသိသေးဘူး ကျွန်တော် ပြန်လိုက်အုံးမယ်နော် နောက်မှ ဆရာမဆီ လာခဲ့မယ် ''
'' အေးအေး...အေးကွယ်....မင်းအမေ စိတ်ပူနေအုံးမယ် မင်းအမေလဲ ၁၀တန်းအောင်တာ သိချင်နေမှာပေါ့ အမေကိုသွားပြေးပြောလိုက် ဟုတ်ပြီလား ဆိုင်ကယ်ကိုလဲ သေချာကြည့်မောင်းနော် ''
'' ဟုတ်....ဆရာမ '' ဟု ပြောဆိုရင်း ဖိုးဇော် သူမအရှေ့မှ ထွက်ခွာသွားလေသည်။ ဆိုးသွမ်းသည့် တပည့်တစ်ယောက် လိမ်မာရေးခြားရှိသွားတာပင် သူမအတွက် ဝမ်းသာပီတိဖြစ်မိနေလေပြီ...ဦးခေါင်းလေး တငြိမ့်ငြိမ့်ဖြင့်....................)).......))..............))...........
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လေတိုက်ခတ်၍ ယိမ်းယိုင်လာသော သစ်ပင်လေးတွေအား သူ ငေးမော ကြည့်ရှူရင်း အတွေး စလေးတွေအား ပြန်လည်တွေတောမိနေသည်။ ကောင်းကင် ပေါ်သို့ မော့ကြည့်လိုက်သည် တိမ်တိုက်များကင်းစဉ် လျှက်.........
အချိန်တွေက ကြာညောင်း ပြောင်းလည်းသွားပေမဲ့လည်း ငယ်ဘဝအကြောင်းကို ပြန်လည် တွေးတော မိလိုက်ရင် ..........သူ....သူ၏ဆရာမအား သတိရစမြဲပါ...........သူ၏ အတွေး တွေအား ထိုးဖောက် နားအတွင်းသို့ အသံတစ်သံ ဝင်ရောက်သွားခဲ့သည်
'' ဆရာ '' ဟု ခေါ်ဆိုလိုက်သော အသံပင်ဖြစ်သည်။ သူ အသံလာရာ အနောက်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။မြင်တွေ့လိုက်ရသည်...................ဒေါသစိတ်ဖြင့် ရိုက်ပုတ်ရန် ချိန်ရွယ်လိုက်သော ကလေးပင်ဖြစ်သည်။ ထိုကလေး သူ့အနားသို့ တိုးကပ်လာသည်
'' ဆရာ......ဆရာ ကျွန်တော် တို့ကို စိတ်ဆိုးသွားတာလားဟင် '' ဟု ထိုကလေး သူ့အားပြောဆိုလိုက်သည်။ထိုကလေး၏ အသံထဲတွင်တော့ ဝမ်းနည်မှူနဲ့အတူ ထွက်ပေါ်လာသည့် အသံတွေ ပါဝင်လျှက်
'' ဆရာ ငါ့တပည့်တွေကို စိတ်မဆိုးဘူးကွယ် ဘယ်တော့မှလဲ စိတ်မဆိုးပါဘူး ''
'' ကျွန်တော် ဆရာကို လာတောင်းပန်တာပါ ဆရာ အပြစ်ပေးမယ် ဆိုရင်လဲ ကျွန်တော် ခံယူဝင့်ပါတယ် ဆရာ စိတ်မဆိုးပါနဲ့ အတန်းထဲကို စာပြန်ဝင်သင်ပေးပါနော် ''ဟု ထိုကလေး သူ့အား ပြောလိုက်လေသည် ။ ထိုကဲ့သို့ပြောလာသော ကလေးအား သူ့ လက်ကလေးဖြင့် ဦးခေါင်းလေးအား ဖွဖွယွယွ လေး ရိုက်ပုတ်လိုက်သည်။ သူ ......ထိုကလေးအား ပြုံးပြလိုက်သည်.............
'' ဆရာ နားလည်ပါတယ် ......ဆရာ ငယ်ငယ်တုန်းကလဲ မင်းတို့လိုပဲ ဆိုးသွမ်းခဲ့ဘူးတယ် .............ဆရာရဲ့ ဆရာဆရာမတွေက ဆရာ ကို စိတ်မဆိုးခဲ့ဘူး .............ဘာလို့လဲ ဆိုတော့ တပည့်ဆိုတာ ဆရာတွေရဲ့ စိတ်ဆိုးသင့်တဲ့ လူတစ်ယောက် မဟုတ်လို့ပဲတဲ့ .........အခု ဆရာလဲ ထိုနည်းလည်းကောင်းပါပဲ ....................မင်းတို့တွေက ဆရာတပည့်တွေဆိုတော့ ဆရာ ဘယ်လိုလုပ် စိတ်ဆိုးပါ့မလဲ စိတ်ဆိုးအမျက်ဒေါသထွက်ရင်လည်း တပည့်တွေအပေါ်မှာ ထားတဲ့ ဆရာတွေရဲ့ ချစ်ခြင်း မေတ္တာ တွေကြောင်းပါပဲ ''
'' ဟုတ် နောက် ကျွန်တော် ဆရာ ဆရာမတွေ မကြိုက်တဲ့ အလုပ်တွေကို မလုပ်တော့ပါဘူး ဆေးလိပ်လည်း မခိုးသောက်တော့ပါဘူး ဆရာ ဆရာမတွေ စကားကို မြေဝယ်မကျ နားထောင်ပါ့မယ် ဆရာ ကျွန်တော် ကတိပေးပါတယ် ''
'' အေး .........အေးကွယ် ငါ့တပည့်က ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဒီလိုစကားမျိုးတွေ ပြောလိုက်လို့ ကြားရတာနဲ့ပဲ ဆရာ ဝမ်းသာလှပါပြီ ကဲကဲကဲ.................ဆရာ မင်းတို့လေးတွေကို စိတ် မဆိုးဘူး ဟုတ်ပြီလား....... ဒီတော့ အတန်းထဲကိုပြန် ညိမ်ညိမ် ထိုင်နေကျ အပြင်တွေဘာတွေ မထွက်နဲ့ .................ဆရာ ခဏနေ ကျရင် ပြန်ဝင်လာမယ် ဟုတ်ပြီလား ''
'' ဟုတ်.................ဟုတ်ကဲ့ ဆရာ '' ဟု ထိုကလေး သူ့အားပြောဆို၍ အခန်းလေးအတွင်းမှ ထွက်ခွာသွားခဲ့လေသည်။ တချိန်က သူသည်လည်း ထိုကလေး အရွယ်လောက်ပင် ရှိသေးသည်။
သူ သူ၏ဆရာမကိုပင် ပြန်လည် သတိရတမ်းတနေမိလေသည်။ နွေရာသီ သီတင်းကျွတ် ကျောင်းပိတ်ရက် သူ ...... သူ၏ဆရာမဆီ တစ်ခေါက်လောက်တော့ သွားအုံးမည်ဟု သူ့ကိုယ်သူ တိုးတိတ်စွာပြောဆိုနေမိလေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူ ကျောင်းဆရာ အဖြစ် တာဝန်ကျခဲ့သည့် နေရာလေးကတော့ အထက်မြန်မာပြည်ဘက်တွင်ဖြစ်သည်။ နွေရာသီ ကျောင်းပိတ်ရက် သူ ............သူ၏ အောင်မြန်မာပြည်ဖြစ်သည့် သူ၏ ဇာတိလေးသို့ အလည်ပြန်ရောက်လာခဲ့သည်။ ပြန်ရောက်လာသည် နှင့်ပင် သူ သူ၏ ဆရာမ အား သွားရောက် တွေ့ရှိခဲ့သည် သူ၏ ဆရာမ နေထိုင်သည့် မြို့လေးကတော့ သူ၏ တိုက်နယ်ဖြင့် မနီးမဝေး မြို့လေးမှာပင်........................
'' ဆရာမ ရေ '' ဟု သူ သူ၏ဆရာမ အား ခေါ်ဆိုလိုက်လေသည် ။ သူမကတော့ ကြားမည့်ဟန်မထင် ..............အသံ ပြန်လည်မပြုခဲ့သောကြောင့် သူ သူ၏ ဆရာမ အိမ်ပေါ်သို့ လှေကားမှ တစ်ဆင့် လှမ်းတက်သွားလေသည်။ ကုလားထိုင်တွင် ထိုင်နေသော သူ၏ ဆရာမအား သူ..မြင်တွေလိုက်ရလေသည်။ သူ ................သူ၏ ဆရာမအနားသို့ လျှောက်လှမ်းသွားခဲ့လေသည် အနားအရောက်တွင်တော့................
'' ဆရာမ '' ဟု ခေါ်ကာ သူမ၏ လက်ကလေးအား လှုတ်ခါလိုက်လေသည်။
'' ဘယ်သူလည်း ကွဲ့ '' ဟု ပြောဆိုကာ သူမ လက်ကလေးအား နဖူးပြင်ပေါ်တင်၍ မှုံဝါးဝါးဖြင့် ကြည့်လိုက်လေသည်
'' ဟဲ့ ဖိုးဇော် မဟုတ်လား '' ဟု သူမမေးခွန်း ထုတ်လိုက်လေသည်
'' ဟဟဟ ကျွန်တော် ဆရာမက မျက်စိတာ မှုန်တာ ကျွန်တော်ကိုတော့ သိသားပဲဗျ '' ဟု တပည့်ဖြစ်သူ ဖိုးဇော် မှ သူမအား ပြန်၍ ပြောဆိုလိုက်ပြီး ကုလားထိုင် အနားတွင်........... ထိုင်လိုက်လေသည်
'' အမလေး..............မေးမှ မေးတက်လိုက်တာ ဖိုးဇော် ရယ် ကိုယ့် တပည့်တွေပဲ အမှတ်မိပဲနေပါ့မလား မင်းတို့တွေကသာ ကိုယ့်ဆရာမဖြစ်တဲ့ ငါ့ကိုသာ မေ့နေကျတာလေ '' ဟု သူမပြောလိုက်ပြီး လက်ကလေးဖြင့် ဖိုးဇော် ခေါင်းလေးအား ခေါက်လိုက်လေသည်
'' တိန် ''
'' အမှတ် ရပါတယ် ဆရာမ ရယ် ဆရာမ နေကောင်းတယ်ပဲလား ဗျ '' ဟု ဖိုးဇော် သူမအားမေးလိုက်လေသည်။
'' အခုပဲ ဘုရားဝဋ်ပြုပြီးလို့ ခဏထိုင်နေတုန်း ငါ့တပည့်ဖြစ်တဲ့ မင်းရောက်လာတာပဲလေ '' ဟု သူမ ပြောဆိုလိုက်လေသည် ။သူမ၏ အသံတွေကတော့ အရင်ကလို အသန်မာတော့ ပေ...........သူမပြောပြန်ပြောလိုက်သော စကားကြောင့် ဖိုးဇော် ပြုံးမိလိုက်သည်..........ဖိုးဇော် မေးလိုက်သည့် မေးခွန်းက တခြား သူမဖြေလိုက်သည့် အဖြေ ကတခြား လွဲမှားမှု တွေရှိ၍နေလေပြီ။ သူမ၏ ဦးခေါင်းအထက်တွင်လည်း နှင်းပွင့်လေးများကဲ့သို့ ဆံနွယ် စများမှာလဲ ဖြူးဖွေး၍ နေလေပြီ...............ခါးတွေပင်လည်း ကိုင်းကဲ့ပြီ ဖြစ်သောကြောင့် နားပင်လည်း ထိုင်းလိုက်မည်ဖြစ်သည်
'' ဆရာမ ကလည်း ဘာတွေ လာဖြေ နေတာလဲ ကျွန်တော် မေးတာက နေကောင်းလားကို မေးတာ ဗျ ဆရာမရ '' ဟု ဖိုးဇော် မှ သူမကြားမည့် လေသံလောက်ဖြင့် ပြောဆိုလိုက်လေသည်။ သူမ ရယ်မော မိလိုက်သည်..........
'' မသိဘူးလေ ကွယ် ငါ့လဲ တခြားမေးတာထင်လို့ ဖြေလိုက်တာပေါ့ ........မင်းဆရာမက အရင်သို သန်သန်မာမာ မဟုတ်တော့ဘူး ဖိုးဇော် ရဲ့ ၈၀ဆယ် နားပင် ကပ်နေပြီလေကွယ်..........နေကတော့ မကောင်းဘူး ...............အသက်အရွယ် ရလာတော့ ဒူးဆစ်တွေ နာတယ်...........ဆေးခန်းသွားရတယ် '' ဟု သူမ တုန်ခါသော အသံလေးတွေ ဖြင့် တပည့်ဖြစ်သူ ဖိုးဇော် အား ပြန်၍ပြောဆိုလိုက်လေသည်။ သူပြောသော စကားသည် လည်းမှန်ကန်ပါသည်....ဖိုးဇော် သည်လည်း အသက်ပင် ၃၅ ကျော် ခဲ့ပါပြီ.....
'' ငါ့ ဖြင့် မျှော် လိုက်ရတာ ငါ့တပည့်တွေ ဘယ်တော့ လာကျ မလဲ ဘယ်တော့လာကျမလဲနဲ့ မင်းတို့တွေက အခုမှ ပေါ်လာကျတယ် ....ငါတို့ရဲ့ ဆရာမ အသက်အရွယ် ကြီးပြီး အဖွားကြီးဖြစ်ပြီ ဆိုပြီး လူဝင် မသွင်းချင်ကျတော့ဘူး အေးတော်တော်ကောင်းတဲ့ တပည့်တွေ ''
'' အဲ့လိုလည်း မဟုတ်ရပါဘူး ဆရာမ ရယ် ဆရာမကို အမြဲတမ်း သတိရနေတာပါ ကျွန်တော် ဆရာမက ဘယ်လောက်ပဲ အသက်အရွယ် ရလာပါစေ ကျွန်တော် မျက်လုံးတည်းမှာတော့ ဟိုတုန်းက လို ငယ်ရွယ် ဆဲပါပဲ '' ဟု ဖိုးဇော် ဆရာမဖြစ်သူအား ကျေနပ်မှူရှိအောင် ပြောဆိုလိုက်လေသည်
'' အမလေး..အပိုတွေ ပြောပြန်ပြီ ဖိုးဇော်ရယ်..............မင်းကို သင်ပြလာခဲ့တဲ့ ဆရာမပါ '' ဟု ပြောဆိုကာ သူမ ဖိုးဇော် ဦးခေါင်းလေးအား လက်ကလေးဖြင့် ထပ်မံ ခေါက်လိုက်ပြန်သည်
'' တိန် ''
'' ငါက အသက်အရွယ် ရလာလို့ သာ နေနေရတာ ဟိုတုန်းကလို ပြန်ပြီ ငယ်လိုရမယ် ဆိုရင် ပြန်ငယ်လိုက်ချင်သေးတယ် ကွယ် ကိုယ့်တပည့်တွေကို ကျောင်းမှ စာပြန်သင်ပေးချင်တာဟဲ့ အခုက အသက်အရွယ်က ရလာပြီ............နည်းနည်းလေး လှုတ်ရှားလိုက်တာနဲ့တင် အလိုလိုမောလာတာ ဟူး...........အခု စကားပြောနေတာတောင် တော်တော်လေးမောတယ် ''
'' ဟုတ်ကဲ့ပါ ဆရာမရယ် ကျမ်းမာရေးလေးလည်း ဂရုစိုက်အုံး........ သီတင်းကျွတ် ကျောင်းတွေပိတ်လို့ အဲ့တာ ခဏပြန်လာရင်း ဆရာ မဆီ ဝင်လာတာ ရောက်တုန်းရောက်ခိုက် ဆရာမကို ကန်တော့သွားအုံးမယ် '' ဟု ပြောဆိုကာ ဖိုးဇော် ဆရာမဖြစ်သူအား ကန်တော့လိုက်လေသည်။ သူမအတွက် စားသုံးရန် အသုံးဆောင်ပစ္စည်းနဲ့ တကွ သုံးစွဲရန် ငွေကြေး အနည်းငယ်လည်းပါဝင်ခဲ့လေသည်
'' အေးကွယ် အေးကွယ် သာဓု သာဓု သာဓု ပါတော် ငါ့တပည့်ကြီး ဘုန်းကြီးပါစေ သက်ရှည်ပါစေ လိုအင်ဆန္ဒ တွေလဲ တစ်လုံးတဝပြည့်စုံပါစေ ကွယ် အမလေး.........အခုလို သိတက်တဲ့ ငါ့တပည့်ကို ဆရာမ က ဆုတွေ အများကြီးပေးချင်သေးတာ ဖိုးဇော် ရဲ့ '' ဟု သူမ ဝမ်းသာအားရဖြင့် ပြောဆိုလိုက်လေသည်။
'' ကဲ ဆရာမ ရေ ကျွန်တော် ပြန်လိုက်အုံးမယ် '' ဟု ဖိုးဇော် ပြောလိုက်လေသည်။ ဖိုးဇော် စကားကြောင့် သူမ ရုတ်တရတ်လို့ ပြုံးပျော်ရွှင်မှူများ ကွယ်ပျောက်သွားစေခဲ့သည်
'' အေး.....အေး......အေးကွယ် မင်းတို့ရဲ့ ဆရာမက အသက်ကြီးပြီ.............အရင်လို မသန်မာတော့ ငါ့တပည့်တွေဆီကို မလာနိုင်တော့ဘူး...............ငါ့တပည့်တွေ ဖြစ်တဲ့ မင်းတို့ကသာ ငါ့ဆီကို မကြာမကြာ လာခဲ့ကျပါကွယ် ...............ငါ့တပည့်တွေကို ဆရာမက အမြဲသတိရတယ် အေး အေး အေး ''
'' ဟုတ်ကဲ့ပါ ဆရာမ နောက်လဲ မကြာ မကြာလာခဲ့ပါ့မယ် ''
'' အေး......အေး......အေး '' ဟု သူမပြောလိုက်လေသည်။ တပည့်ဖြစ်သည့် ဖိုးဇော် ခဏတာလာရောက်ခဲ့သည် ကိုပင် သူမမှ ဝမ်းသာပီတိဖြစ်မိလေသည်........တပည့်ပြန်သွားတာအားကြည့်၍ ဦးခေါင်းလေးအား တညိမ့်ညိမ့် နဲ့ပင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆရာမ အပေါ် ထားရှိခဲ့သော မာနတရားကြောင့် ဖိုးဇော် ဘဝ တိုးတက်အောင်မြင် ခဲ့ရလေသည်။ သူကိုယ်တိုင်ပင် ကျောင်းဆရာဘဝ ရောက်ရှိသွားမှ တပည့်တစ်ယောက်အပေါ် ထားရှိသော ဆရာ့၏ မေတ္တာ ဆရာ၏ ဂရုဏာ တို့အား ဖိုးဇော် သိရှိခဲ့ရလေသည်။ သူ၏ ဆရာမ သည် အသက်ပင် အိုမင်း ခဲ့ပေမဲ့ တပည့်တွေအား မှတ်မိနေသေးသည်ကိုပင် ဖိုးဇော် ပျော်ရွှင်ကျေနပ်မိ ၍ နေလေသည်
ဦးခေါင်း အထက်မှ ဆံနွယ်လေးတွေပင် နှင်းပွင့် လေးများကဲ့သို့ ဖြူးဖွေးသွားစေခဲ့သည် ................ခါးတွေပင်လည်းကိုင်းခဲ့.နားတွေပငလည်း ထိုင်းခဲ့ပြီဖြစ်သည် သူ၏ ဆရာမ .................နောက် တစ်ချိန် သူလာရောက် ခဲ့လျှင် ယခုလိုများ မြင်တွေ ရမည် လားဆိုသည် ကိုပင် တွေးလျှက် တပည့်ဖြစ်သည့် ဖိုးဇော် တွေးရင်း ရင်မောခဲ့ရလေပြီ
ဖိုးဇော် သူ၏ ဆရာမအား ပြန်၍ လှည့်ကြည့်မိလိုက်သည်။ သူမ ပြုံးလျှက် ...........................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြီးပါပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျောင်းသူကျောင်းသားများ၏ ပထမ မိခင်သည် အမေ ဖြစ်ခဲ့မည်ဆိုလျှင် ဒုတိယ မိခင်သည် ကျောင်းတွင် ရှိသော ဆရာမ ပင်ဖြစ်မည်.........ထိုကဲ့သိုပင်.....................အဖေသည်လည်း ပထမ ဖခင်ဖြစ်ခဲ့လျှင် ဒုတိယ ဖခင်သည် ကျောင်းတွင်ရှိသော ဆရာပင် ဖြစ်သည်
မိဘ ရဲ့ အိမ်သည် နွေးထွေးမှူရှိခဲ့လျှင် စာသင်ကျောင်းသည်လည်း အေးမျှမှူရှိသည်
ဆရာ ဆရာမ တိုင်းအား ပြန်လည် တမ်းတ သတိရနိုင်ကျပါစေဟ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြိုးစားပါအုံးမည်
ရဲရင့်ရထာ