နင့်ကို ချစ်လာတာ တော်တော်လေး ကြာခဲ့ပြီပေါ့...
နင့်ကို တွေ့လိုက်တိုင်း ငါ့ရင်ခုန်သံတွေက စတွေ့တုန်းက အတိုင်းပဲ...
အနည်မထိုင်သေးပါဘူး ...ချစ်သူ
ရေးဖြစ်ပြီး မပို့ဖြစ်တဲ့ စာနှစ်စောင်ကို ကြည့်တိုင်း
ငါငိုချင်တယ်...ပျော်ရွင်ဖူးတဲ့အချိန်တွေကို တမ်းတနေရုံကလွဲလို့...
ငါဘာများတတ်နိုင်မှာလဲ ချစ်သူ...
နင်ငါ့ကို မေ့ပစ်လိုက်ပြီလား...နင်ငါ့ကို စိတ်ပျက်သွားပြီလား...????????????
နားလည်ပေးပါလို့မပြောဝံ့ပေမယ့် ငါ့ကိုမေ့မသွားဖို့တော့ ပြောချင်တယ်ဟာ...
ကံကြမ္မာအလိုကျ လုပ်ဆောင်ပေးတာကို
ပြောင်းလဲတယ်လို့မထင်လိုက်ပါနဲ့ချစ်သူ
မပြောင်းလဲတဲ့ ခံစားမှုတွေ ငါ့ဆီမှာ အများကြီး ရှိနေပါသေးတယ်
နင့်ရယ်သံတွေဟာ ငါ့ ပျော်ရွင်ခြင်းပါလို့ ခံယူချက်တွေ ကြီးမားခဲ့တဲ့ ငါ...
ခုတော့ မှားယွင်းကုန်ပြီပေါ့...ခုလို ဝေးနေတဲ့အချိန်တွေမှာ နင့်ရယ်သံတွေ
ငါ့မျက်ရည်တွေအဖြစ် ပြောင်းလဲကုန်ပြီ ချစ်သူသိနေရဲ့လား???????????
တိုက်စားခံခဲ့ရတဲ့ ဆန္ဒတွေကဘ၀ဆိုတဲ့ ဖြစ်တည်မှု တစ်ခုကို တစ်ခါတစ်ခါ
ပြက်ရယ်ပြုနေသလိုပါပဲ...
မျှော်လင့်ချက် ဗလာနတ္ထိ ခံစားချက်မဲ့တဲ့ ဘ၀တစ်ခုအတွက်
အနာဂတ်တစ်ခုကို စတေးပစ်ဖို့လည်း သတ္တိက မရှိပြန်ဘူးလေ...
ရွေးချယ်ခွင့် မရှိတဲ့ ဘ၀အတွက် ခရီးဆုံးထိ လျှောက်ဖို့ကျတော့လည်း
ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူး...လွတ်မြောက်ခွင့်သာ ရမယ်ဆိုရင်လေ
ဌက်တစ်ကောင်ဖြစ်သွားပါစေ လွတ်လပ်စွာ ပျံသန်းမှုမျိုးနဲ့
.............ဟိုးအဝေး.................
နင့်ရင်ခွင်ရဲ့အဝေး...................တစ်နေရာဆီကို ပျံထွက်သွားမှာ အမှန်ပဲ...
ခုတော့................ခုတော့လေ.............ပြောင်းလဲမှုနိယာမထဲ ပါသွားတဲ့ နင်
....ခုချိန်တွေမှာ.................................
နင်နဲ့ တွေ့ဆုံတိုင်း နင်ချစ်တဲ့ ကောင်မလေးအကြောင်း ခဏခဏ ပြောတတ်လွန်းလို့
ကြာလာတော့လည်း နင့်ကို မြင်ရမှာ
နင်နဲ့စကားပြောရမှာ
နင့်အသံကြားရမှာ ငါအရမ်း ကြောက်လာမိတယ်ဟာ...
တွေ့ချင်ပေမယ့်လည်း မမြင်ချင်တော့ဘူး...
နင်ပေးထားတဲ့ဖုန်းနံပါတ်ကို ဆက်ဖို့လည်း...ငါ့မှာ အားအင်တွေ မရှိတော့ဘူး ချစ်သူ
ဒါပေမယ့် .............ငါနင့်ကို ချစ်တယ်
ငါနင့်ကို အရမ်းချစ်တယ်ဟာ.................။
နင့်ကို မချစ်တော့ဘူး...
နင့်ကို သတိမရတော့ဘူး...
နင့်အကြောင်း မတွေးတော့ဘူးလို့...ဆုံးဖြတ်ချက် ချထားပေမယ့်လည်း
တကယ်တော့ မခိုင်မာပါဘူး ချစ်သူ
(5)ခါ တွေ့ရင်(5)ကြိမ် လိုက်ကြည့် လိုက်ရှာတတ်တဲ့
ငါ...ခုဆိုအရမ်းကို ထိန်းချုပ်နေရတယ်
သံယောဇဉ်တစ်ခုကို အရင်းတည်လို့ နင့်ကိုငါ့ရင်ထဲက ချစ်နေတော့မယ်...
တစ်ချိန်က ...နင်ပေးခဲ့ဖူးတဲ့
နင့်ရဲ့ချစ်ခြင်းတွေ...
ပျော်ရွင်ကြည်နူးခြင်းတွေ...အတိတ်တွေကို ငါ့ရင်မှာထွေးပိုက်လို့
နင့်ကိုတိတ်တိတ်လေးပဲ ချစ်နေတော့မယ် ချစ်သူ
နင့်ကိုတွေ့ချင်လွန်းလို့ နင့်အိမ်လေးရဲ့တစ်နေရာမှာ ငါစောင့်နေခဲ့မိတာ
နင်လာတော့လာခဲ့ပါရဲ့...ဒါပေမယ့် ပြောင်းလဲမှုတွေနဲ့အတူ
နင့်နာမည်နဲ့တူယှဉ်တွဲစွာ တွေ့ဖန်များနေပြီး ...
မြင်ဖန်များလာတဲ့ မဒီလေးကိုကြည့်ပြီး ...
အံ့သြခြင်းတွေ ၀မ်းနည်းခြင်းတွေဟာ ငါ့ရင်ထဲမှာ ဆူနာမီလိုပဲ ထန်လာခဲ့တယ်...။
သြော်.............ချစ်သူရယ်
မေးခွင့်ရရင် မေးလိုက်ချင်တယ်....
ငါ့ကို တကယ်ချစ်ခဲ့ဖူးတာလားလို့...
နင့်နာမည်တွေ့ရင် ယှဉ်ပြီးပါလာတဲ့မဒီလေးက ဘယ်သူလဲလို့ ငါမမေးတော့ပါဘူး
နင့်အိမ်မှာ ငါမြင်ခဲ့တဲ့ အရာအားလုံးတွေဟာ ငါ့စကားအားလုံးကို ဆွံ့အသွားစေခဲ့လို့ပါပဲ
အမြဲတည်ကြည်တတ်တဲ့ နင် ခုတော့လည်း မျက်နှာလေး ပြုံးလို့ရွင်လို့ပါလား...
အရမ်းပျော်နေလား ချစ်သူ...
လောကကြီးရဲ့ပြောင်းလဲမှုတွေဟာ ဒီလောက်ထိမြန်ဆန်လွယ်ရလားဆိုတဲ့ မေးခွန်း
ငါ့ကိုယ်ငါ အကြိမ်ကြိမ်မေးရင်း ခေါင်းခါနေခဲ့မိတယ်...
နင်ချစ်တဲ့သူနဲ့ အဆင်ပြေပါစေ
ပျော်ရွင်ပါစေလို့ နင့်အိမ်ရဲ့တစ်နေရာကနေ ငါဆုတောင်းနေပါ့မယ်
နင့်ဆီက စာမလာတာလည်း ကြာလှပြီပေါ့ ...
ဘာပဲဖြစ်ဖြစ် နင် အဆင်ပြေဖို့တစ်ခုပဲ လိုတာပါ...
နင်တို့ အဆင်ပြေပါစေလို့ ...
ငါ့ရင်ဘတ်ကြီးထဲကနေ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးပါတယ်...
ငါချစ်တဲ့ နင့်ကို ...
နင်ချစ်တဲ့ သူနဲ့...
အဆင်ပြေနေတာကိုပဲ ငါမြင်ချင်နေခဲ့တာပါ...
ငါကျိန်ရဲပါတယ်...အဲဒါ ငါ့စေတနာ အမှန်ပါ...ငါ့ရင်ဘတ်တော့ နည်းနည်းနာတာပေါ့...။
နင့်ကို လွမ်းရင်လည်း လွမ်းတယ်...
နင့်ကို ချစ်ရင်လည်း ချစ်တယ်...လို့
တရားဝင် ပြောခွင့်မရှိတော့တဲ့ ငါ့ဘ၀လေးအတွက်...
နင် ချစ်တဲ့သူကို...ငါ ချစ်နိုင်အောင် ကြိုးစားနေရုံကလွဲလို့.....
ရင်နဲ့ရင်းပြီး ချစ်ခဲ့ရတဲ့ အချစ်တစ်ခုက ...
နောက်ဆုံးတော့လည်း............................
........................................................။
လေးစားလျှက်
ဖြူဖြူ(ကိုယ်ပိုင်အိမ်)........19.11.2012(8း00pm)