ငယ်၇ွယ်တဲ့ အချိန်ကာလတစ်ခု အမေနဲ့ အဖေကျွေးတာကိုစားတယ်။အပြောအဆိုယဉ်ကျေးတဲ့ သားတစ်ယောက် သမီးတစ်ယောက်အနေနဲ့ နေလာခဲ့ တယ်။မိဘကဘာပြောပြောဟုတ်ကဲ့ ဆိုတဲ့ စကားတစ်လုံးနဲ့ တင်ဘ၀ကိုကျေနပ်ခဲ့ တယ်။တကယ်တော့ အဲဒီအဖြစ်အပျက်မိဘရဲ့ သွန်သင်ဆုံးမမူတွေကသားသမီးတွေအားလုံးအတွေလမ်းမှန်ပြောညွှန်ပြပေးတာဆိုတာကိုမသိသေးပါဘူး။အရွယ်လေးလဲေ၇ာက်မြီးကောက်ပေါက်စအရွယ်လဲေ၇ာက်ေ၇ာအမေကလဲဗျာ။အဖေကလဲဗျာနဲ့ ပတ်ဝန်းကျင်မိသားစုအသိုင်းအ၀ိုင်းမှာလူဆိုးတစ်ယောက်ဖြစ်လာခဲ့ တယ်။ဒါပေမယ့် လဲသူငယ်ချင်းတွေကြားထဲမှာတော့ အိမ်ပိုင်လို့ ဂေါ်လီလုပ်တာဆိုပြီးဂုဏ်ယူနေတတ်တယ်။သူငယ်ချင်းတွေကလဲမင်းကိုအားကျတယ်ကွာဆိုတဲ့ စကားတစ်ခွန်းနဲ့ ဘ၀င်လေဟက်နေတဲ့ ကျွန်တော်ပေါ့ ။မိဘရဲ့ သွန်သင်ဆံးမမူကိုနားထောင်လာခဲ့ တဲ့ အချိန်တွေတုန်းကတော့ အမြဲတမ်းအဆင်ပြေချောမွတ်တယ်။မိဘရဲ့ သွန်သင်မူတွေလဲနားမထောင်တော့ ရော ပိုက်ဆံခိုးတတ်လာတယ်။ဆေးလိပ်သောက်တတ်လာတယ်။တစ်ခါတစ်လေအရက်တောင်ပါလိုက်သေးတယ်။မှတ်မှတ်ရရအဖြစ်ဆုံးကတော့ လွန်ခဲ့ တဲ့ ၉နှစ်လောက်က၁၀တန်းကျောင်းသားဘ၀ပေါ့ ။ပိုက်ဆ့မ၇ှိတော့ ရင်တောင်းတယ်တောင်းလို့ မရရင်အမေဆီကခိုးတယ်။ကျူ၇ှင်လခတွေဘုန်းတယ်။ပိုက်ဆံကိုရေလိုသုံးရင်ဘ၀ကိုပျော်နေခဲ့ တယ်။မကောင်းတာတွေအကုန်လဲတတ်ခဲ့ ပါပြီ။ပညာတွေလဲစုံခဲ့ ပါပြီးပေါ့ ။စာကျက်ရမှန်းမသိဘူးအမေကပြောတယ်၁၀တန်းမအောင်ရင်သားတစ်သက်လုံးသူနောက်လိုက်ဘ၀နဲ့ နေရင်းနဲ့ ဘ၀ကိုခွန်းအားနဲ့ ပင်ပင်ပန်းပန်း၇ုန်းကန်ရမယ်။၁၀တန်းအောင်ရင်သားဘောပင်လေးကိုင်ပြီးသက်သက်သာသာနဲ့ သားဘ၀ကိုဖြတ်သန်းရမယ်။နားမ၀င်ခဲ့ ပါဘူးအမေစကားတွေအဖေစကားတွေကဒီဖက်က၀င်ပြီးဒီဖက်ကထွက်သွားတာပါပဲ။နောက်ဆုံးတော့ ကျောင်းကဆရာတွေလဲဆုံးမပါတယ်။ဆရာတစ်ယောက်ပြောတာဆိုရင်နားထဲကမထွက်ခဲ့ ဘူး။ငါ့ တပည့် မင်း၁၀တန်းလေးတောင်မအောင်ရင်ရန်ကုန်ဆိပ်ကမ်းကူလီထမ်းရမယ်တဲ့ အခုတော့ ကျွန်တော်ကူလီဘ၀တော့ မေ၇ာက်ခဲ့ ပါဘူး။ဒါပေမယ့် သူများတွေလိုမဟုတ်ပဲဘ၀ကိုပင်ပန်းကြီးစွာရုန်းကန်ရတယ်။၁၀တန်းကတော့ မလေး၇ှားသွားတယ်။သူများတွေလိုပညာတွေတတ်လို့ သွားတာမှမဟုတ်တာဘာမှမတတ်တဲ့ ကောင်ပန်းကန်ဆေးကြမ်းတိုက်ပေါ့ ။အိပ်ပြန်တော့ လဲဖြစ်သလိုအိပ်ရတယ်အိမ်သာေ၇ှ့လဲဖြစ်ချင်ဖြစ်မယ်။မင်းမအိပ်ရင်မင်းနောက်နေ့ အလုပ်မဆင်းနိုင်းဘူးလေ။ဘ၀ကိုပင်ပန်းကြီးစွာရုန်းကန်၇တယ်။နောက်ဆုံးရန်ကုန်ပြန်ေ၇ာက်တယ်အဲအချိန်မှသိလိုက်တာကတစ်ချိန်ကမင်းကတော့ အိမ်ပိုင်တယ်ကွာငါတို့ ကအိမ်မပိုင်ဘူးလို့ ပြောတဲ့ သူငယ်ချင်းတွေကအရာ၇ှိတို့ စစ်ဗိုလ်တို့  မန်နေဂျာတို့ အဖြစ်နဲ့ သူတို့ ရဲ့ ဘ၀အာမခံချက်ကိုစီ၇ှိနေကြပြီလေ။အဲချိန်မှာသိလိုက်တဲ့ ကျွန်တော်အတွေးကငါကရောဘာလဲဟင်ဆိုတာပေါ့ ဗျာ။တစ်နေ့ လုပ်မှတစ်စားရတယ်ဘ၀ ဘ၀ကိုရုန်းကန်နေရတယ်လူတကာအပြောကိုခံ၇တယ်။ကိုကအောက်ခြေ၀န်းထမ်းဖြစ်နေတာကို နောက်ဆုံးဗျာပိုက်ဆံတွေဘာတွေဘဏ်မှာထုတ်မယ်ဆိုရင်တောင်မှဒီကောင်သိမှမြဟုတ်ပါဘူးကွာဆိုတာမျိုးအပြောခံရပြီးသူများနောက်ကပိုက်ဆံထုတ်လိုက်ထမ်းရတဲ့ ဘ၀ပေါ့ ။ငါညီလေးတို့ ညီမလေးတို့ ရောအကိုလိုအဖြစ်မျိုးနဲ့ နေချင်ကြလားသူများကိုပြောတာလို့ ချင်လားသူများပြောတာခံချင်ကြလားကြိုးစားကြပါ။၁၀တန်းအောင်တာနဲ့ တင်မင်းတို့ ဘ၀မှာမှတ်တိုင်တစ်ခုအဖြစ်နဲ့ ၇ှိနေပြီး။မိဘတွေပြောသလိုမျိုးမင်းတို့ တစ်နှစ်ပဲကြီုးစားယုံနဲ့ တင်မင်းတို့ ဘ၀လေးတင်လှပသွားမှာပါငယ်၇ွယ်တဲ့ အချိန်မှာအကိုလိုအမှားလို့ မျိုးတွေကျူးလွန်တတ်ကြလို့ သတိပေးရင်အဆုံးသတ်လိုက်ပါတယ်။
အမှားများပါသွားခဲ့ ရင်တောင်းပန်ပါတယ်။
ရွှေမြို့ တော်မှသူငယ်ချင်းများကိုခင်မင်လျှက်
ဘ၀ထဲကလူ
မိုးတိမ်
ခုတော့ ကျွန်တော်လဲဘ၀ကပေးတဲ့ နောင်တတွေကိုထွေးပိုက်ရင်ဘ၀ရဲ့ အာမခံချက်တစ်ခု၇ဖိုးကြီုးစားနေရအုန်းမှာပေါ့ ဗျာ။
နောင်တစ်ခေတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ ညီလေးညီမလေးတွေအောင်လုံးကျန်းမာပြီးဘ၀ပန်းတိုင်းကိုအေ၇ာက်လှမ်းနိုင်ပါစေ