မင်္ဂလာပါ ရှင့် ..
သာယာသော နေ့သစ်လေးများစွာ ပိုင်ဆိုင်ရရှိနိုင်ပါစေ ရှင် ...
နှစ်သစ်ကူးတော့ မည့် အခါ သာမယ အချိန်ကာလ လေးမှာ ပျော်ရွှင်မူတွေနဲ ရွှင်လန်း တက်ကြွနေစေဖို့ ခုတခါ မေးခွန်းလေးကို ပေါ့ပေါ့ပါးပါးလေးပဲ စဉ်းစား ထားပါတယ် ။
ရှေး ရှေ့က ဖြေ ပေးသွားကြသော အဖြေ များကလဲ အလွန်ကောင်းလှပါသည် ။ အသိ ၊ ဥာဏ်ပညာ တို့တက် စေတာမို့ ဖြေပေးကြသော သူငယ်ချင်း အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ။
လေးနက်စေသော အတွးတလှည့် ၊ ပေါ့ပါးစေသော ခံစားချက် တလှည့် ပေးချင်တာမို့ ...
ဒီတခါမေးခွန်းလေးကို ဖြေ ပေးတာ ထက် ၊ ရင်ဖွင့်တာ ဆို ပို၍ မှန်ကန်ပါလိမ့်မယ် ။
ခံစားချက်တွေကို တစ်ယောက်ထဲ ကြိတ်မှိတ်ခံစားတာ အရမ်းကို လေးလံဝမ်းနည်းစေပါတယ် ။ သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်၇ရင် တစ်မျိုးတော့ သက်သာသွားစေတာ မို့ ရင်ဖွင့်လိုက် ကြရအောင်ပါ ။
သူငယ်ချင်းတို့ အချစ်ဆိုတာကို ယုံကြည့်ပါသလား ..
မေးခွန်းလေးကတော့ ..
အချစ်ဆိုတာ ဘာလဲ ?
ကဲ ... ဘယ်လို ဖြေကြမလဲ ...
မှုံ ကတော့ သီလရှင် ၀တ်မလားလို့ ... အချစ်ဆိုတာ သိဘူး .... :P
သက်သက် ပျော်စေချင်လို့ နောက်တာပါ ။ အချစ်နဲ ကင်းတဲ့ လူရယ်လို့ မရှိဘူးထင်ပါတယ် ။ နည်းနည်း လေးတော့ဖြင့် ချစ်ဖူးကြမှာပါ ။
မှုံ ကတော့ အချစ်ဆိုတာ ပူလောင်မူတွေ နဲ ရောပွမ်းနေတဲ့ အိုအေစစ်လို ဖွင့်ဆို ချင်ပါတယ် ။
အချစ်ဆိုတာကို စတင်ခံစားရထဲက ပူပန်နေရတယ် ၊ စိုးရိမ်နေရတယ် ။ နောက် ကိုယ့် ချစ်တဲ့ လူရှိက ဂရုစိုက်မူ ၊ အကြင်နာ ရပြန်တော့ ဘာနဲ မှ မလဲနိုင်အောင် ကြည်နူးရပြန်ပါတယ် ။
တခါတလေတော့လဲ ပူပန်ရလွန်းလို့ မချစ်တော့ဘူးလို ဆုံးဖြစ်မိတယ် ။ ဒီလိုနဲ ချစ်တဲ့သူ ရှော့ေ၇ာက်တော့လဲ
ခေါင်းငြိမ့် တတ်တဲ့ အရုပ်ကလေး သာသာ ပါပဲ ။ အော် အချစ်ဆိုတာ .. ရှောင်လွဲလို့ မရတဲ့ နိယာမ ကြီး တစ်ခု ဖြစ်သွားပြန်ပါရော ။
ပြီးတော့ အချစ်က မှော်ဆရာကြီးလိုလဲ စွမ်းဆောင်နိုင်ပါသေးတယ် ။ မာနကြီးတတ်တဲ့ မှုံ့ ကို ...မာန မဲ့သွားအောင် စွမ်းဆောင်နိုင်ခဲ့တယ်လေ ။ အချစ်ရဲ့ ထူးဆန်းတဲ့ မှော် အတတ်တွေပါပဲ ။ ဘာပဲ ပြောပြော မှုံ လဲ အချစ်ရဲ့ လက်အောက် ငယ်သားလေး တစ်ယောက်ပါပဲ ။
အားလုံး ဖြေ တတ်သော မေးခွန်းလေးပါ ။
ပျော်ပျော်ပါးပါး ဖြေကြရအောင်ပါနော် ။
သာယာအေးမြတဲ့ ချစ်ခြင်း နဲ ဆုံ တွေ့ နိုင်ပါစေ လို ဆုတောင်းပေးလိုက်ပါတယ် ရှင် ...
ခင်မင်လေးစား လျှက် ..
ဆန္ဒမွန်ဖြင့် ..
မှုံနံ.သာဖြူ