Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်

$
0
0

မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) က သူမကြုံတွေ့ခဲ့ရသည်များကို မီဒီယာများအား ရှင်းပြနေစဉ်

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမ ကြုံတွေ့ခဲ့ရသည်များကို ပြောပြခဲ့သည်များအား ဖော်ပြအပ်ပါသည်။

''ဟဲဟိုးလေဆိပ်ကို ဆင်းသက်ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ လူရှိ၊ မရှိစတဲ့ စစ်ဆေးရမယ့်အရာတွေကို သေချာစစ်ပြီးမှ အားလုံး Clear ဖြစ်တယ်ဆိုမှ Captain ကို အင်တာကွန်ကနေတစ်ဆင့် သတင်းပေးပို့ခဲ့တယ်။

လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင် အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်။

နောက်တော့ ကျွန်မဘက်ကတံခါးက ဖွင့်လို့ရသွားပြီး ခရီးသည်တွေကို လေယာဉ်ရဲ့ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထွက်လို့ရအောင် စီစဉ်ပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ လေးဖက်ထောက်ပြီး ထွက်လာတဲ့ ခရီးသည်တွေကို တွေ့လာရတယ်။ လေယာဉ်မောင်လည်း အတူပါလာတယ်။ လေယာဉ်မောင်ထွက်လာပြီး နောက်လေယာဉ်မယ်တစ်ဦးက လေးဖက်ထောက်ပြီး ထွက်လာတာကို တွေ့ရတယ်။

သူက လေယာဉ်ရဲ့ နောက်ဆုံးခုံမှာ ထိုင်တာဖြစ်တဲ့အတွက် သူ့ကိုမြင်လိုက်ရတာနဲ့ ခရီးသည်ကုန်ပြီလို့ ကိုယ်တိုင်လည်း သတ်မှတ်လိုက်တယ်။ သင်ကြားခဲ့တဲ့ သင်ကြားမှုတွေမှာလည်း ဒီလိုပဲ သတ်မှတ်တယ်။ အဲဒီအချိန်မှာ လေယာဉ်ထဲမှာ မီးခိုးလုံးတွေက အရမ်းဝေ့နေပြီ။ တစ်ပေအကွာကိုတောင် မမြင်ရတော့ဘူး။ ဒါကြောင့်မို့ အားလုံးအပြင်ကို ထွက်ကြပါလို့ ထပ်အော်ပြောခဲ့ပြီး အောက်ကို ဆင်းချလာခဲ့ပါတယ်။ နောက်ဆုံးဆင်းလာတဲ့ လေယာဉ်မယ်ကလည်း သူ့ရဲ့ခေါင်းကို မီးဟပ်ခံခဲ့ရပါတယ်။

လေယာဉ်အပြင်ဘက်ကို ရောက်တာနဲ့ ကျွန်မတို့ လေယာဉ်မောင်မယ်တွေက ဒဏ်ရာရတဲ့ခရီးသည်တွေကို ဟဲဟိုးဆေးရုံပို့နိုင်ဖို့ စုစည်းထားပြီး ကျွန်မတို့ Air Bagan လေကြောင်းလိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေ လာတာကို စောင့်ခဲ့တယ်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>