Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မေမေ့ သို့ တမ်းချင်း....

$
0
0

မေမေရေ...........

အတောင်စုံပီလို့ ကိုယ့်ကိုယ်ကိုယ်

အထင်ရောက်ခဲ့တဲ့ သားလေ.....

မေမေ့ရင်ခွင်ကို ခြေစုံကန်ပီးတော့....

ရောင်စုံတွေများလွန်းလှတဲ့

လူ့လောကကြီးထဲကို

ခြေစုံပစ်ဝင်ခဲ့ မိတယ်မေမေရယ်.....

လူ့လောကကြီးထဲမှာဆိုတော့....

နေရာမျိုးစုံမှာ...

လူအမျိုးမျိုး ကို စရိုက်အမျိုးမျိုးနဲ့

တွေ့ဆုံရင်ဆိုင်ခဲ့ရတယ်မေမေ.....

လူတွေရဲ့...

လောဘတွေ၊ ဒေါသတွေ၊မောဟတွေ၊ မာန်မာနတရားတွေနဲ့အတူ

ခါးသီးလှတဲ့ လောကဓံတွေကို

အတူယှဉ်တွဲ  ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်မေမေ....

(ရိုးသားဖြူစင်ပီး စိတ်ရင်စေတနာကောင်းလှတဲ့

ရိုင်းပင်းကူညီတတ်တဲ့သူတွေနဲ့လည်း

ကြုံတွေ့ခဲံ့ရဖူးပါတယ်)

ငွေမျက်နှာတစ်ခုတည်းကိုကြည့်ပီးတော့

အရာရာကို တစ်နှပ်စားဥာဏ်နဲ့

ဂတိ၊သစ္စာတရားတွေကို မီးသဂြိုဟ်ပီး...

တက်၊ကျော်...ခွ၊ နင်း၊  ကြသူတွေကပိုများတယ်မေမေ...

လောကကြီးက(လူတွေ) မာယာတွေ များလွန်းလှတယ်ဆိုတာရယ်...

ကောက်ကျစ်စဉ်းလဲတတ်တယ်ဆိုတာတွေရယ်...

သားခုတော့ ပိုသိလာရပီမေမေရယ်။   ။

မေမေရဲ့ အိမ်အရိပ်(မေတ္တာရိပ်)မှာ နေထိုင်ခဲ့စဉ်တုန်းကလို

အပူပင်ကင်းမဲ့တဲ့ ဘ၀မျိုးကို ဆုံးရှုံးသွားခဲ့ပီဆိုတာ.....

သား...ခုမှတစ်စတစ်စ နဲ့ ပိုသိလာခဲ့ရပီမေမေ.....။

မေမေရေ...

လူတွေကလေ....လူတွေကို မေ့နေကြတဲ့ချိန်မှာ..

မြစ်ထဲက ငါးတွေလိုတော့....

အိုင်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲလေနော်...

တစ်ခါတစ်ခါမှာလေ....

မြစ်ထဲကငါးတစ်ကောင်းမဖြစ်ရင်နေပါစေ

မေမေရင်ခွင်မှာ ထာဝစဉ် ခိုလှုံ ရှင်သန်ကြီးပြင်းချင်မိတဲ့

အလှမွေးငါးတစ်ကောင် ပြန်ဖြစ်ချင်မိတယ်မေမေ.....

တမ်းတမိတာပါမေမေ...။    ။

ဒါပေမယ်မေမေရယ်...

လောကဓမ္မတာ အရ....ပညတ်ချက်တွေအောက်မှာ

သားက လူလားမြောက်တဲ့ လူသားတစ်ယောက်ဖြစ်နေပီလေ

(မေ့မေ့ ရဲ့ မျက်လုံးထဲမှာတော့ သားက ကလေးတစ်ယောက်အဖြစ်နဲ့ပဲ ရှိနေမှာပါ)

ဒီတော့လည်း...

လူပီသဖို့အတွက်၇ယ်.....

လူတစ်ယောက်အဖြစ် ရပ်တည်နို်င်ဖို့ရယ်....

လူသားတစ်ယောက်ရဲ့ တာဝန်နဲ့ဝတ္တရားတွေကို

သယ်ပိုးဖို့ရယ်......

လူသားမျိုးနွယ်တွက်

သမိုင်းပေးတာဝန်တွေကို

လက်ဆင့်ကမ်း ၊တစ်ပိုင်တစ်နိုင်

ထမ်းဆောင်ဖို့အတွက်ရယ်....

လောကဓံတရားတွေ ကိုအံတုပီး

အခက်ခဲတားဆီးတွေကို

ရင်ဆိုင်ကာကျော်ဖြတ်သွားတော့မယ်လို့...

သားမောင်တစ်ယောက်.....

ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူ ၊အားမာန်တွေတင်းပီးတော့

ရှေ့ဆက်ရမယ့်နေရက်တွေအတွက်...

 အသင့်ပြင်ထားလိုက်ပီမေမေ။    ။

သားရဲ့အတွေးတွေထဲမှာတော့....

တစ်ချိန်က...

မေမေ့ရဲ့ ခွန်းအားဖြည့်အပြုံးတွေကို...

ထာဝစဉ်မြင်ယောင်ရင်းပေါ့။       ။

...မင်းပိုင်စိုး...

(ခေတ္တလူ့ပြည်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>