Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မျိုးစေ့မှန်မှ အပင်သန်မည်

$
0
0

                      တစ်နေ့က online သစ်ထူးလွင်ဆိုဒ်လေးထဲမှာ ဆောင်းပါးလေးတစ်ပုဒ် တွေ့လိုက်

ရပါသည်။ ခေါင်းစဉ်ကဟိရိသြတ္တပ္ပ လက်ဦးဆရာမိနဲ့ဖတဲ့ ဆရာမျိုးကြီး(HGU) The Hot Nwes ရေးတာပါ။

ဆရာရေးသားချက်များသည် မှန်လွန်နေ၍ ယနေ့လူငယ်နောင် ဝယ်မိဘဖြစ်မည့် ကျွန်မတို့စဉ်းစားရမည့်

အတွေးများပါလာပါသည်။ ထိုအတွေးများနှင့် အတူကျွန်မ၏ လက်ဦးဆရာအမေအကြောင်းပါလာပါသည်။

အမေကပြောသည် မိဘ လက်ပေါ်သုံးလေးနှစ်နေပြီးမှ ပတ်ဝန်းကျင်မူကြိုစတတ်ရတာတဲ့ ဒါကြောင့် လက်ဦး

ဆရာမိနဲ့ဘလို့ပြောတာတဲ့။ အမေတွေအဖေတွေရဲ့ အပြုအမူကို သူတို့စတင်အတုခိုး ရတာလို့ပြောခဲ့တယ်။

မိန်းခလေးတစ်ဦးဟာ အတိတ်ကံကြောင့် ကောင်းတဲ့နေရာ ဆိုးတဲ့နေရာရောက်ပေမဲ့ ပစ္စုပ္ပန်ကံမှာမိမိ၏

ကြိုးစားမှုကံကြောင့် အနာဂတ်မှာကံ ကောင်းတဲ့သူတွေ အများကြီးပါတဲ့။ မိမိကံကောင်းအောင် မိမိရဲ့အကျင့်စရိုက်

ဗီဇ ပေါ်သာမူတည်ရွေ့လျားပါတယ်တဲ့။ မိန်းခလေးတစ်ယောက် နံနက်ခင်း ဘုရားမျက်နှာ တော်သစ်ရေကပ် ၊

အာရုံဆွမ်းကပ် ၊ နေ့ဆွမ်းကပ် ၊ ညချမ်းရေတော်ကပ် ၊ ဘုရားရှိခိုး ဆိုတာအမေအပေါ် အများကြီးမူတည်ပါတယ်တဲ့။

ဒါဆိုရင်အမေရယ် အိမ်မှာမဟုတ်ဘူး ဆိုရင်ရောလို့ ကျွန်မကမေးတော့ ကိုယ်စားမဲ့ထမင်းဟင်းကို စိတ်ထဲကအသိနဲ့

စတိကပ်လိုက်ပါတဲ့ စိတ်သည်သာအဓိကပါတဲ့ ၊ အမေ့ကိုသိတတ်တဲ့ အရွယ်ထဲက အတုခိုးနေတာ ကျွန်မပါ။

အမေရေ…အဖေက ဘဏ္ဍာရေးရာထူး တစ်ခုတည်းရှိပေမဲ့ အမေကတော့ ဘာသာရေး ၊ ပညာရေး ၊ ကျမ္မားရေး ၊

ရာထူးသုံးခုတောင် ရှိတယ်နော် လို့စလိုက်ရင် မပြောကောင်းဘူးသမီး ၊ “ သားကိုသခင် လင်ကိုဘုရားတဲ့ ” ၊

ကိုယ်အဖေကို ပေါက်ကရပြောရင် ကိုယ်အဖေဘုန်းနိမ့်တတ်တယ်တဲ့ အဖေဘုန်းနိမ့်ရင် အမေ့တို့မိသားစု

ဘာလုပ်လုပ်အဆင်ပြေမှာ မဟုတ်ဘူးတဲ့ ၊ အမေဟာအဖေ့ကိုလည်း “ ဘုရားတစ်ဆူ ဂူတစ်လုံး ”

လိုရိုသေတန်ဖိုးထားတာ တွေ့ရတယ်။

                  ကျွန်မအမေဟာ ကျွန်မတို့အရွယ်ရောက်လာတဲ့ အချိန်မှာလုံချည် ဝတ်ရတော့မန်မာပြည်ရိုးရာ

ဆင်လေး တွေဆင်တယ်။ အမေရယ်ဘူးပါတိတ် ဒါးနှစ်လက် ၊ကီမိုနို ၊ နိုင်ငံခြားအဆင်တွေ ဝတ်ပါလားပြောတော့ ၊

သမီးရယ်မြန်မာပြည်မှာလေ ဝတ်စရာအဆင်တွေ အများကြီးပါ။ အမေပြောပြမယ်။ မန္တလေး ၊ အမရပူရကထွက်တဲ့

ရိုးရာဆင်မိတ္ထီလာဝမ်းတွင်က ထွက်တဲ့ရိုးရာဆင် ၊ ပုခ္ခက္ကူယောနယ်က ထွက်တဲ့ယောဆင် ၊ ပြည်မြို့ရွှေတောင်က

ထွက်တဲ့ရိုးရာဆင် ၊ အင်းလေးရှမ်းပြည်ကထွက်တဲ့ အင်းလေးဆင် ၊ မော်လမြိုင်မုဒုံက ထွက်တဲ့ရိုးရာမွန်ဆင် ၊

ဖားအံ့ကော့ကရိတ်က ထွက်တဲ့ကရင်ရိုးရာဆင် ၊ မြစ်ကြီးနားက ထွက်တဲ့ကချင်ရိုးရာဆင် ၊ ဖလမ်းကထွက်တဲ့

ချင်းရိုးရာဆင် ၊ လွိုင်ကော်ကထွက်တဲ့ ကယားရိုးရာဆင် ၊ ရခိုင်ကထွက်တဲ့ ရခိုင်ဆင် ဝတ်စမ်းပါသမီးရယ်။

အမေတို့ပြည်သူ တွေဦးနှောက်နဲ့တွေးပြီး ယက်လုပ်ထားတဲ့ အဆင်တွေ့ဟာ မနည်းပါဘူး ဒါပြင်နိုင်ငံ တော်စက်ရုံ

ပုလိပ်မြို့ကထွက်တဲ့ လုံချည်တွေ ရွှေတောင်စက်ရုံကထွက်တဲ့ လုံချည်တွေ ရန်ကုန်မှာရွှေဥဒေါင်းစက်ရုံကထွက်တဲ့

လုံချည်တွေ မနည်းပါဘူး ပြည်တွင်းဖြစ်လေး တွေကလှလည်းလှတယ် ၊ အေးလည်းအေးပါတယ်တဲ့ ၊

အဲ့ဒီအချိန်ကကျွန်မ ခုနှစ်တန်း သာရှိသေးသည်။ အမေတွင်နိုင်ငံခြားဖြစ် လုံချည်မရှိပါ။ အိမ်နေရင်းရော

အပြင်သွား ရော ၊ ပွဲတတ်ရော မြန်မာဖြစ်အဝတ်များ၏ ထိုအချိန်ထဲက အမေသည် မြန်မာရိုးရာဆင်

ကိုနှစ်သက်ခဲ့သည်ကို ကျွန်မဂရုပြုမိပါသည်။ ဟိုအရင်သာမည ဆရာတော်ဘုရားကြီး ရှိစဉ်ကကရင်ပြည်နယ်

သွားလျှင်တံတားမရှိပါ။ ဇက်နှင့်ကူးရပါသည်။ ကျွန်မတို့က တော့ကလေးဖြစ်လို့ ဇက်စောင့်ရတာပျင်းနေပေမဲ့

အမေကတော့ ဖားအံ့ဇက်ဆိပ်မှာ ဇက်စောင့်ရင်း ကရင်ရိုးရာ ထမီများဝယ်နေသည်မှာ အများအပြားပင်

အဖေကတော့ ဒါရိုက်ဘာနှင့် ကားအဆင်ချောဖို့ ၊ လမ်းခရီးအန္တရယ်ကင်းဖို့သာ တွက်ချက်နေသည်။ အမေကတော့

ထမီတွေဝယ်လာသည်မှာ ယခုကျွန်မတို့ ဆယ့်ငါးနှစ်ကြာသည်ထိ ဝတ်ရတုန်းပါ။

                      မော်လမြိုင်ဘက်သွားရင်လည်း မုဒုံဈေးထဲမှာ မုဒုံရိုးရာဆင်တွေ ဝယ်ပါသည်။ မြန်မာဖြစ်ကို

တ်ာတော်ချစ်ပါသည်။ ရှမ်းပြည်တောင်ပိုင်း အင်းလေး ရောက်ရင်လည်း

ယက်ကန်းစင်တွေမှာ သေချာရွေး၍ ဈေးသက်သာတာရော ၊ ဈေးကြီး တာရော စိမ်ပြေနပြေရွေးနေပါသည်။

ကျွန်မတို့ကတော့ အမေရေ ဘုရားဖူးမှာလား ထမီဝယ်မှာလား မေးရင်ဘုရားလည်းဖူး လိပ်ဥလည်းတူးတာပေါ့

သမီးရယ်တဲ့။ မြန်မာ စကားပုံများကိုလည်း အလျင်းသင့်ရင် ထည့်ပြောတတ်တဲ့ ဝါသနာပါတာ

ကျွန်မချစ် သောမေမေပါဘည်း။ ခရီးထွက်တာ ဝါသနာသိပ်ပါ၍ ကျွန်မတို့မြန်မာပြည် ပြန်လာ လျှင်ကျမ္မာရေး

စစ်ပြီးလိုအပ်တာသွားဖာ ၊ မျက်စိပြ ၊ ဟိုစစ်ဒီစစ်နဲ့ အားလုံးပြီးပြီ ဆိုရင်

ခရီးထွက်ဖို့ ပြင်ဆင်ပါတော့သည်။ မြစ်ကြီးနား သွားတုန်းက

အမေဟာမြစ်ကြီးနား ဈေးထဲမှာကချင်ရိုးရာ ရောင်းတဲ့မခင်စိန်တံဆိပ် ၊ ဂျင်းဖောမယ်တံဆိပ် ၊ ကျွန်မမမှတ်မိတဲ့

တံဆိပ်ပေါင်းစုံနဲ့ ကချင်ရိုးရာလေးတွေ ဝယ်ပြန်တယ်။ အမေကလည်း ရန်ကုန်မှာရှိတာဘည်း ရန်ကုန်

ကျဝယ်ပေါ့ပြောရင် သူ့ရိုးရာသူ့မြေမှာ ဝယ်ရတာကောင်းတယ်။ အရသာရှိတယ်တဲ့ ၊ အရေးကြီးတဲ့ပွဲတွေရှိရင်တော့

မန္တလေးကိုယ်တိုင်သွားပြီး အမရပူရမြို့က ရက်ကန်းစင် တွေမှာကိုယ်တိုင်သွားဝယ်တယ်။ အမေပြောတာလည်း

ဟုတ်ပါတယ်။ ကိုယ့်ရိုးရာကိုယ် ဝတ်တော့ တရုတ် ၊ ယိုးဒယား ၊ မလေးရှား ၊ အင်ဒိုနီးရှား ဝတ်စရာမလိုဘူးပေါ့ အစိုးရ

ဖွင့်တဲ့ဝင်းသူဇာအထည် ဆိုင်ဟာအမေ့ရဲ့အကြိုက်ဘည်း ဝင်းသူဇာမှာ လုံချည်လေး တွေထသွားထလာဝတ်ဖို့

သွားကြည့်သွားဝယ်တယ်။

                    ဒါကြောင့်မြန်မာအမျိုးသမီးများ ပြည်တွင်းဖြစ်ရိုးရာဆင်လေးတွေကို များများဝတ်စေချင်ပါတယ်။

အများဝတ်လာရင် အနည်းသမားကလည်း လိုက်ဝတ်လာမှာပါ။ နောက်ပြီးအမေပြောတာရှိသေးတယ် ဒီဇိုင်းပါ။

မိန်မတစ်ဦးနဲ့တစ်ဦး ဝတ်စားပုံမတူဘူးတဲ့။ လည်ပင်းအဟိုက်နဲ့လိုက်တဲ့သူ ရှိသလို လည်ပင်းအထောင်နဲ့

လိုက်တဲ့သူရှိသည်။ ကော်လံနဲ့လိုက်တဲ့ သူရှိသလို ကုတ်ကော်လံ ၊ ကိုရီးယားကော်လံနဲ့ လိုက်တဲ့သူရှိတယ်တဲ့။

သူများဝတ်တိုင်း ကိုယ်မဝတ်ရဘူးတဲ့ ကိုယ်နဲ့မလိုက်တာ ဝတ်ရင်“ အမြင်မတော် ဆင်တော်နဲ့ခလောက်” ဖြစ်နေပြီး

အရုပ်ဆိုးတယ်တဲ့။ အမေကသူများဝတ်တိုင်း ဝတ်တာထက် ကိုယ်နဲ့လိုက်ဖက်တာဝယ်တာ ကြိုက်တယ်။

အခုရင်လျားအင်္ဂျာီဆိုရင် အမေကပဋာစာရီ အင်္ဂျာီတဲ့ ရင်လျားပုံစံမို့ မကြိုက်ဘူး။

တစ်ခြမ်းစောင်းကျပြန်တော့ ကျောက်ခေတ်အင်္ဂျာီတဲ့ ၊ ဝတ်စားဆင်ယင်မှုဟာ မိမိဘုန်းကံကိုတိုးစေ လျော့စေတယ်

ဆိုတာမြန်မာအမျိုးသမီးများ သတိထားသင့်တယ်တဲ့။ ကျွန်မကတော့ အမေ့ရဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေ

အတွေးတွေကို အမြဲနားထောင်မှတ်သား ထားရပါတယ်။ ဗဟုသုတလည်း ရတာကိုး။ နောက်ပြီးဆံပင်ရှိသေးတယ်။

ဆံပင်ကို ဆံပင်ရှည် ၊ ဆံပင် ဖြောင့် ၊ ဆံပင်ကောက် ကိုယ်နဲ့လိုက်တဲ့ ဆံပင်ထားပါတဲ့။ သူများကောက်တိုင်း

မကောက်နဲ့ ၊ သူများဖြောင့်တိုင်း မဖြောင့်နဲ့ ၊ ကိုယ်နဲ့မလိုက်ရင် ဟားစရာဖြစ်မယ်တဲ့။ မျက်နှာရှေ့မှာလည်း

အလယ်ခွဲ ၊ ဘေးခွဲ ၊ နဖူးပေါ်ချ အမျိုးမျိုးရှိတယ်။ ဒါလည်းမိမိဘာနဲ့ လိက်သလဲမှန်ရှေ့မှာ လုပ်ကြည့်ပါတဲ့။

မလိုက်ဖက်ရင်ဘယ်တော့မှ မလုပ်ပါနဲ့တဲ့ မလုပ်ရလို့ ဘာမှမဖြစ်ပါဘူးတဲ့။ ဒါဟာအမှန်ပါဘည်း လူတိုင်းဟာ

ကိုယ့်စတိုင် ၊ ကိုယ့်ဒီဇိုင်းလေးနဲ့ လှတာကိုး။

               အမေဟာမိန်းကလေးတွေကို အထူးချစ် သလိုမိန်းကလေးတိုင်း ဒုက္ခရောက်မှာ ကြောက်ရှာတယ်။

ပရဟိတတောင်မှ သီလရှင် ဆရာကြီးများဦးစီးတဲ့ မိန်းကလေး ပရဟိတကျောင်းတွေမှာ သွားလက်တွဲလှူတယ်။

ခလေးတွေကို လည်းအမြဲအမှာစကား ပြောခဲ့တယ်။ အမေလာရင် သူတို့ပျော်ကြတယ်။ ကျွန်မတို့ကိုလည်း

သူ့ကဲ့သို့မြန်မာမိန်းကလေးတွေကို ချစ်စေချင်တယ်။ စည်းရုံးစေချင်တယ်။ လူမျိုးဘာသာသာနာ မြတ်နိုးစေချင်တဲ့

မိခင်စိတ်အပြည့် ရှိပါတယ်။ ကျွန်မတို့သာအမေခြေရာ မှီပါ့မလား

မသိပါဘူး။ နိုင်ငံခြားရောက်ရင် ဒေါ်လာတွေရပြီး ဒေါ်လာမယ်တွေ ဖြစ်ကုန်ပြီး မြန်မာပြည်မေ့ကုန်တဲ့သူတွေ မြင်ရင်

အမေကသမီးရေ သမုဒ္ဒရာရေကိုယ်တစ်ယောက်ထဲ သောက်လို့ရတယ် ထင်သလား

အူထဲမှာအငန်ပိတ်ပြီး သေသွားမှာပေါ့တဲ့။ နိုင်ငံခြားကျောင်းတတ်ချင်လို့ ကူညီပါဆိုရင် ပိုက်ဆံမကုန်တဲ့ Online

ကနေလျှောက်ပေါ့။ ကိုယ်လျှောက်မဲ့ကျောင်း ကိုယ်ဘာ အချက်အလက်လိုသလဲ မေးလေ။ အချက်အလက်ပြည့်စုံရင်

ကိုယ်သာသာကိုယ် လျှောက်ပွဲစားမခိုင်းနဲ့ ပွဲခမပေးနဲ့နိုင်ငံခြားသွားချင်ရင် သွားရမဲ့နည်းကို

Onlineထဲမှာ လေ့လာရှာလေ။ ရှာဖွေလေ တွေ့ရှိလေဘည်း။ အန်တီလည်း ဒီလိုဘည်း သူတို့လိုတဲ့

အချက်တွေစုဆောင်းပြီး သမီးတွေလွတ်ရတာ မကြောက်နဲ့။ ပညာတတ်ဖြစ်မဲ့သူ ဟာသတ္တိရှိရတယ်။

အသိသတိရှိရတယ်။ မကြောက်နဲ့ ၊ အဲ့ဒီကျောင်းကို ဖုန်းဆက်မေး Emailနဲ့မေး ဒါဆိုရင်

အဆင်ပြေတာပေါ့။ ထောက်ပံ့ကြေးလည်း ညှိုကြည့်ရင်ရတယ်။ ကျွန်မသူငယ်ချင်းတွေ အမေအားပေးလို့

အများကြီးနိုင်ငံခြား ရောက်ကြတယ်။

                      အမေ့ရဲ့ အခမဲ့နိုင်ငံခြားကျောင်း လျှောက်နည်းက ငွေမကုန်တဲ့ online ကမ္ဘာပေါ့။ လက်ဦးဆရာ

အဖေနဲ့အမေဆိုတာ အမှန်ပါဘည်း။ ကျွန်မတို့လည်း အနာဂတ်မှာ လက်ဦးဆရာဖြစ်ရမှာမို့

လူသားများအကျိုးပြုမယ့် လက်ဦးဆရာဖြစ်ချင်ပါတယ်။ လူငယ်များ မိမိ၏မိဘတစ်ချို့ကြောင့် အားမငယ်ပါနဲ့။

မိမိကသာ ကြိုးစားပါ။ အနာဂတ် ကောင်းသွားမှာပါ။ ဒါကြောင့်မြန်မာမလေးများ မြန်မာယဉ်ကျေးမှုကို

ထိန်းကြပါ။ ခေတ်မှီတာကောင်းပါတယ် ဘယ်လိုအမှီမျိုးဖြစ်နေသလဲ ဆိုတာကိုသာ မိမိဘာသာ

မိမိတွေးကြစေချင်ပါသည်။ မိန်းခလေးများ အရှက်ရလျှင် တစ်ဘဝစာပျက်သွားနိုင် ပါသည်။ မိန်းကလေးများ

မိမိရိုးရာဆင်လေးများ အားပေး၍မိမိရိုးရာဆင်လေးနဲ့ “ဆင်တိုင်းလှ ယဉ်တိုင်းချော” ကြပါစေလို့

ကျွန်မဆန္ဒပြုလိုက်ပါသည်။ အတိတ်ကံမကောင်း၍ အားမငယ်ပါနှင့် ပစ္စုပ္ပန်ကံကောင်းအောင် ကြိုးစားကျင့်ကြံပါ။

ပစ္စုပ္ပန်ကံကြိုးစားချင်၏ ရလာဒ်သည်အနာဂတ်ကံ၌ ကောင်းကောင်းခံစားရ၍

မိမိ၏ နေဝင်ချိန်အိုဇာတာ ကောင်းခြင်းကို လက်တွေ့ကျကျ ထိတွေ့သိရှိပါမည်။ ထို့ကြောင့် မိမိသည်ပစ္စုပ္ပန်ကို

အကောင်းဆုံး ဖန်တီးနေထိုင်ပါ မိဘကောင်းခြင်းမကောင်းခြင်း ထက်မိမိကိုယ်တိုင် မိဘဖြစ်သောအခါ အကောင်းဆုံး

လက်ဦးဆရာမိဘဖြစ်အောင် ကြိုးစားရပါမည်။ လက်ဦးဆရာကောင်းဖြစ်ဖို့ လူငယ်အပျိုစင်ဘဝတွင်

ဘယ်နည်းလမ်း တွေဆောင်၍ ဘယ်နည်းလမ်းတွေ ရှောင်သင့်သည်ကို မိမိကိုယ်တိုင် မိမိဆုံးမလမ်းညွှန် ပါမည်။ “

မိမိဘဝအတွက် မိမိသည်သာ အားကိုးရသခင် ” ဖြစ်၏။ မိမိကိုယ်ကိုအားကိုး ပါ။ မိမိကောင်းအောင်နေပါ။

မိမိကောင်းလျှင် မိမိ၏မျိုးဆက်များ ကောင်းပါမည်။ “မျိုးစေ့မှန်မှအပင်သန်မည်” ဖြစ်၍မိဘထက် မိမိချပြီးပျိုးမည့်

မျိုးစေ့မှန်အောင် ကြိုးစား ပါလို့ကျွန်မချစ်သော စိတ်နဲ့ဝါသနာအရင်းခံပြီး ရေးသားလိုက်ရပါသည်။

ကျွန်မ၏စာ လေးကြောင့် တစ်စုံတစ်ဦး အသိတရားရလျှင် ကျေနပ်မည့်သူသည် ကျွန်မစာရေးသူ

မိုးမခသာဖြစ်ပါတော့သည်။

(  ဒီစာလေးနဲ့ လမ်းပြကြယ်သခင် အမေကို ကျေးဇူးဆပ် လိုက်ပါသည်။  )


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>