Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

စဉ်းစားကြည့်ပါ

$
0
0

မသိတက်သောပန်းတစ်ပွင့်က အရာရာကိုမျက်နှာမရွေး ရနံ့ပေးတက်ခြင်းသည် မေတ္တာထားတယ်ဟုဆိုသောအတွေးထင်တစ်ခုက အရာရာကို ဝေဘန်ဆုံးဖြတ်ရာတွင် အကျိုးမထင်သော လမ်းတစ်ခု သဘာဝပေးထားသော တောတောင်မှပေါက်ဖွားသော ပန်းပေါင်းစုံများကို ရနံ့ဘယ်သွားထည့်ခဲ့သလဲ ချွန်မြသော ဆူးပေါင်းတို့ကိုဘယ်သူသွား၍ ချွန်ထားခဲ့သလဲ အရာပေါင်းများတို့ကို သဘာဝအလျှောက်ဖြစ်ကြလေ၏ မတွေးပါနံ့ ယခုသဘာဝကိုဖြတ်ဆီး သဘာဝမဟုတ်တာကို သဘာဝသယောင် ဘာသာရေး နိုင်ငံရေးအစွန်းရောက်သူတွေအတွက် သက်ကြ ဖြတ်ကြ မုန်းကြ ဖြစ်နေကြတော့ သဘာဝဟုဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တင်ပျက် အနေသာကြီးနေနေကြတာ အလိုအလျောက်ရနံ့ပေးတက်သော သဘာဝတောင် အနံ့တောင် ရိုင်းတက်ပါတယ် သဘာဝကိုလည်းပြုပြင်ကြပါ မွှေးသထက်မွှေးအောင် ဘာသာရေး နိုင်ငံရေးတွေကိုလည်းပြုပြင်ကြပါ ထိမ်းသိမ်းကြပါ ကောင်းသထက်ကောင်းအောင် သဘာဝကို သဘာဝလို့ပဲ ကြည့်နေသူအတွက် မိမိသဘာဝတောင် မိမိမပိုင်တော့ဘူးဖြစ်နိုင်ပါတယ် ပြုပြင်ကြပါ ပျက်စဉ်ပြင်ခဏဆိုတာ လောကဆိုရိုးက သက်မဲ့ဝတ္ထုတွေအတွက်ရည်ညွန်းထားတာဟုတ်မဟုတ်ဆိုတာကို လေ့လာကြည့်ပါ အချို့သောအရာတွေမှာ ပျက်သွားလို့ပြန်ပြီးပြုပြင်ဖို့ ခက်ခဲပါလိမ့်မယ် အဲဒီလိုအရာမျိုးမျိုးတွေကို ထိမ်းသိမ်းကြပါ တုနိုင်းမရှိလမင်းတောင်ညအခါမှာတင့်တယ်တယ် တုနိုင်းမရ နေမင်းတောင် နေ့အခါမှာတင့်တယ်ပါတယ် တို့ဝါဒ တို့အယူတွေဟာ ဘယ်လိုပြုပြင်ထိမ်းသိမ်းမှ တင့်တယ်မလဲဆိုတာ စာချစ်သူတွေကပိုပြီးသိမှာပါ ပေးဆက်တက်သော မင်းတို့ရဲ့နှလုံးတစ်စုံမှပေါက်ဖွားလာတဲ့ ချစ်ခြင်း တရားတွေ လူသားတိုင်းမဟုတ်ရင်တောင် အနွယ်တူ မျိုးတူထံသို့ပေးလိုက်ပါ ပညာပေးတက်တဲ့ မင်းတို့အသိ မင်းတို့လက်ဆယ်ချောင်းမှရိုက်ချက်တိုင်း ချစ်ခြင်း ပညာ ဗဟုသုတတွေဟာ မင်းအတွက်မဟုတ်ခဲ့ဘူးဆိုရင် နားလည်နိုင်သောသူထံသို့သာ ပို့ပေးလိုက်ပါ တန်ဖိုးရှိပါလိမ့်မယ် တခါတလေမင်းတွေးတက်သလိုကောင်းမကောင်းအကြောင်းတရားက တခါတလေမင်းအတွက် အင်အားဖြစ်ခဲ့သလို ဆင်းရဲခြင်းဖြစ်စေတက်တယ်ဆိုတာ သိပါလိမ့်မယ် မင်းတစ်ယောက်တည်းနံ့ သဘာဝအရိုင်းကို မတွန်းနိုင်ရင် ၀ိုင်းဝန်းလိုက်ပါ မင်းတစ်ယောက်တည်းမချစ်တက်ရင် အများချစ်တက်အောင်သင်ပေးလိုက်ပါ မင်းတစ်ယောက်တည်းအချစ်တွေများနေရင် သူတပါးလည်းမျှဝေလိုက်ပါ ချစ်တက်အောင်သင်ပေးလိုက်ပါ အထီးကျန်ငြီမ်းချမ်းမှု ချစ်သူနှစ်ယောက်တို့ပုံပြင်မဟုတ်တော့ ခက်ခဲပါလိမ့်မယ် ပြိုင်ကြည့်ပါ ကြီးစားကြည့် အောင်မြင်သောတစ်နေ့မှာ အထီးကျန်ငြီမ်းချမ်းသော ချစ်သူနှစ်ယောက်အထက် ပိုပြီးပျော်ရွှင်ပါလိမ့်မယ်။ ထုံထိုင်းသောအသိနောက်ကျမှုကြောင့် သဘာဝပျက်ပြီးသောတစ်နေ့မှာ သင်တို့ ငါတို့ငိုရပါလိမ့်မယ် ကြေကွဲရပါလိမ့်မယ် ငါတစ်ယောက်တည်းနံ့ကာကွယ်လို့ရတယ်ဆိုရင် ငါရဲ့လက်ဆယ်ချောင်းကိုအသုံးချမှာမဟုတ်ဘူး မင်းတို့လက်ဆယ်ချောင်းနံ့ပေါင်းမှစွမ်းအားပိုရမှာမို့ပါ အသိနောက်ကြသူအတွက် ဘ၀မှာနောက်သူတွေမဖြစ်ရအောင် ကြိုးစားလိုက်ပါ ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>