Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမေ့ရင်ထဲက....

$
0
0

မိဘတို့၏ရင်တွင်းစကား

              သားတို့သမီးတို့ရေ…..

  1. ငါအိုသွားတဲ့အခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး ငါကိုနားလည်ပေးပါ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
  2. ခန္ဓာကိုယ်ကလည်း တုံလှုပ်လို့လာပြီ ချိနဲ့နဲ့လက်တွေနဲ့ ထမင်းစားသောအခါ ဟင်းတွေခပ်သောအခါ အင်္ကျီပုဆိုးအပေါ် ဖိတ်ကျတဲ့အခါ ကိုယ့်ကိုယ်ကို ထိမ်းမနိုင်တော့လို့ အညှစ်ကြေးတွေ မနိုင်တော့တဲ့အခါ  ငါ့ကိုမရွံပါနဲ့ ငယ်ငယ်တုန်းကငါ သန့်စင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။
  3. အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ထပ်တလဲလဲ ငါပြန်ပြောမိတဲ့အခါ မသိကျိုးကျွန်မပြုလိုက်ပါနဲ့ စကားမဖြတ်ပဲ ကျေးဇူးပြူပြီးနားထောင်ပေးပါ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်းပုံပြင်ပေါင်းများစွာ မရိုးအောင်ပြောရင်း တေးလေးတွေသံသာသာနဲ့ ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
  4. မလှုတ်ရှားနိုင်လို့ ရေချိုဖို့ အကူအညီလိုတဲ့အခါ ငါကိုမငြိုငြင်ပါနဲ့ ငယ်ငယ်တုန်းကချော့တလည့် ငေါက်တခါ အော်ရင်း ဆူရင်း ချော့မော့ရင်း နဲ့ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ရောင်ပေးပါ။
  5. ခောတ်သစ် နည်းပညာသစ် အကြောင်းအရာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါကိုမလှောင်ပါနဲ့ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ပြောခဲ့တာကို သတိရပေးပါ။
  6. ဇရာက၀ါးမြိုသွားတဲ့အခါ စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျှပြီးလမ်းမလျှောက် လျှောက်နိုင်တဲအခါခွန်းအားပါတဲ့ လက်တစုံနဲ့ငါကိုယ် ကူတွဲပေးပါ လမ်းလျှောက် တတ်စအရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို     ကျေးဇူးပြုပြီး သတိရပေးပါ။
  7. အသက်ကြီးလာလိုစကားပြောရာမှာရှေ့နောက်မညီဘဲ အကြောင်းအရာတွေကိုငါမေ့ သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ စကားအကြောင်းအရာတွေက ငါ့အတွက်အရေးမကြီးပါဘူး ဘေးကနေငါပြောသမျှတွေကို နားထောင်းပေးရင်ကျေနပ်ပါပြီး….ကျေနပ်ပါပြီး…..။
  8. တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့အခါ ငါကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ နားလည်ပေးပါ အားပေးပါ အရင်တုန်းက လူ့ဘ၀တတ်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ…မေတ္တာနဲ့အေးမြမှု့တွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။သားတို့သမီးတို့ရေ အဲ့ဒိ အပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ အမေရဲ့မေတ္တာ ငါ့မေတ္တာတွေ တွေ့ရမှာပါ………။

                                                                    ရေးစပ်သူ…အမည်မသ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...