ကြီးကျယ်လိုက်တာနော်
အညာဒေသရဲ့ ဓလေ့ ထုံးစံ တစ်ခုဖြစ်သည်။
အညာဒေသမှ ဘုန်းတော်ကြီး ကျောင်းများသည် ည ဘုရားဝတ်တက်သည့်အခါ၊ နံက်ဆွမ်းခံ ထွက်သည့်အခါ နေ့လည်ဆွမ်းစားသည့် အခါများတွင်
ကျောင်းမှာ နေ့စဉ် အချက်ပေးနေကျ ခေါင်းလောင်း (သို့မဟုတ်) ထိုးစည် (သို့မဟုတ်) အုံးမောင်း(တုံး) များကို ထိုးလေ့ ရှိပါသည်။
ဆွမ်းခံချိန် ခေါင်းလောင်းထိုးသည့် ရည်ရွယ်ချက်ကတော့ ရွာထဲမ တကာမများ ဆွမ်းလောင်းရန် အဆင်သင့် ဖြစ်ဖို့ ပါ။
ညနေ ဘုရားဝတ်တက်ချိန် ထိုးသော ခေါင်းလောင်းသံသည် ရွာထဲက တကာ /မများ သာဓုခေါ်ရန် ဖြစ်သည်။
နေ့လည် ဆွမ်းစားချိန်မှာ ထိုးသော ခေါင်းလောင်းသံသည် သံဃာတော်များ ဆွမ်းစားတော့မည်။ တို့ လှူဒါန်းသော ဆွမ်းများကို သံဃာတော်များ ဘုဉ်းပေးသုံးဆောင်တော့မည် ဟု စေတနာ သဒ္ဓါတရားများ ပွားများဖို့ရန် အတွက် အချက်ပေးခေါင်းလောင်းများ ထိုးလေ့ ရှိပါသည်။
ထိုအလေ့အထ အညာဒေသတို့၏ ဓလေ့ ထုံးစံ ယဉ်ကျေးမှုကို မသိရှိ နားမလည်သော အောက်ပြည်အောက်ရွာက ဒကာတစ်ယောက် အညာမြေဒေသသို့ အလည်တစ်ခေါက် ရောက်ရှိလာပါသည်၊၊
အောက်ပြေက ထိုဒကာသည် ဘုန်းတော်ကြီးကျောင်းမှ ခေါင်းလောင်းသံကို
နေ့တိုင်း နံနက် (၁၁)နာရီ အချိန်တိုင်း ကြားရသော် တအံ့တသြဖြစ်ပြီး ဒေသခံ အညာသားများကို ဒီခေါင်းလောင်းသံ က ဘယ်ကလဲ ဘာအတွက် ထိုးရတာလည်းလို့ မေးလေလျှင် ဒေသခံ အညာသားများကလည်း ဘုဉ်းကြီးတွေ ဆွမ်းဘုဉ်းပေးတော့မှာမို့ ခေါင်းလောင်းတီး ကြောင်း ပြောပြလျှင် ထိုအောက်သားပြောလိုက်သော စကားများကို ကြားလိုက်သော အညာသားများအဖို့ မှာ ရယ်ရွှင်ဖွယ်ရာ ဟာသတစ်ခု ဖြစ်သွားရသည်။
ထိုအောက်ပြည်သား ပြောလိုက်သော စကားမှာ…
အော်……..မင်းတို့ အညာကဘုန်းကြီးတွေများ ကြီးကြီးကျယ်ကျယ်လုပ်လို့….. သူများ လှူထားတဲ့ ထမင်းအေးအေး ဟင်းအေးအေးတွေစားပြီး ကြေးစည်တီး ခေါင်းလောင်းတီးနဲ့ တို့လို မိန်းမက ပူပူနွေးနွေး ချက် ကျွေးတဲ့ ထမင်းဟင်းကို စားရရင် ဂျက်စတင်းတို့ ကိုကိုနိုင်တို့ကိုများ ငှားပြီး စားကြမလား မသိဘူးနော်…………
ဟူသတည်း
ကြိုးစားပါဦးမည်
ဧပရယ်စံ