Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အနိုင်အထက် ပြုကျင့်ခြင်း၊ မောက်မာစော်ကားခြင်းပြုလုပ်သည့် ကြံ့ ဖွံ့ များအား ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်တော့မည်

$
0
0

ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ အနေဖြင့် ပြည်သူများအား အနိုင်အထက်ပြုကျင့်ခြင်း၊ မောက်မာစော်ကားခြင်း၊ စည်းကမ်းပျက်ခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုကို အနှောင့်အယှက် ပြုသူများအား ပါတီတွင် နေရာရှိမှာ မဟုတ်သကဲ့သို့ ဒဏ်ခတ်အရေးယူမှုများ ရှိလာနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူးအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
''ပါတီဝင်များအနေနဲ့ ပြည်သူသာအမိ၊ ပြည်သူသာအဖလို့ ခံယူပြီး ပြည်သူကို ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့ ကူညီဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေမှုများကိုလည်း ပြောင်းလဲလို့ ကောင်းတာပဲဖြစ်ရမယ်၊ကောင်းတာဖြစ်ဖို့ပြောင်းလဲတာပဲ ဖြစ်ရမယ်'' ဟုလည်း ၎င်းက ပြောကြားခဲ့သည်။


ပါတီဝင်များအနေနဲ့ ပြည်သူသာအမိ၊ ပြည်သူသာအဖလို့ ခံယူပြီး ပြည်သူကိုဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့ ကူညီဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေမှုများကိုလည်း ပြောင်းလဲလို့ ကောင်းတာပဲဖြစ်ရမယ်၊ ကောင်းတာဖြစ်ဖို့ ပြောင်းလဲတာ ပဲဖြစ်ရမယ် . . .

ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များ အပေါ်တွင်လည်း ''ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သီးခြားသုံးစရာမလိုပါဘူး။ ပြည်သူတွေကို ကူညီနေတာမှာလည်း ဖွံ့ဖြိုးရေးအတွက်ပဲ ရန်ပုံငွေတွေကို အသုံးပြုပါတယ်။ ပြည်သူအတွက် ကောင်းအောင်လုပ်ပေးရင် ပြည်သူတွေဆီက မဲရမှာပဲ။ ကိုယ်စားလှယ်တွေရဲ့ ပြည်သူ့အတွက် စွမ်းဆောင်နိုင်မှုပေါ် မူတည်ပါတယ်။ ကိုယ်စားလှယ်တွေကို ရွေးချယ်ရာမှာလည်း ပြည်သူ့ အကျိုးဆောင်ရွက်မယ့်သူတွေကိုပဲ ရွေးချယ်သွားမှာပါ။ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် တရားသောနည်းများဖြင့် အနိုင်ရရေးအတွက် ကြိုးစားသွားမှာပါ။ လက်ရှိမှာတော့ ပါတီ အင်အားတောင့်တင်းဖို့၊ လွှတ်တော်အင်အား တောင့်တင်းဖို့၊အစိုးရ တောင့်တင်းဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။ လွှတ်တော်အင်အားတောင့်တင်းဖို့ ကိုယ့်ပါတီက ကိုယ်စားလှယ်တွေ များဖို့လိုပါတယ်။ အစည်းအဝေးမှာတော့ ရှေ့လုပ်ငန်းစဉ် တွေချမှတ်မယ်၊ အားနည်းချက်တွေ ပြုပြင်မယ်၊ ရှေ့ကိုဆောင်ရွက် မယ့်ကိစ္စတွေကိုလည်း ဆွေးနွေးမယ်။ နောက်ပြီးတော့ စည်းကမ်းပျက်တဲ့ သူတွေရှိခဲ့ရင် ထုတ်ပယ်အရေးယူသွားမယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ပြုလုပ်မည်ဖြစ်သော လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာအားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>