(၁) ထွက်သွားသူနဲ့ ကျန်၇စ်ခဲ့သူမှာ ဘယ်သူကပိုခံစားရမယ်ထင်သလဲဟင်....။တကယ်တော့... ********************************************************************** (၂) ကျွန်တော်မယုံနိုင်ပါဘူး...။ဒါပေမယ့်...ဒါဟာလက်ခံရမယ်လေ..။ကျွန်တော်ကိုယ်တိုင်မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပဲ..။မြင်မြင်ခြင်း ခြေထောက်တွေတောင်ရပ်တန့်သွားခဲ့တာပဲ မဟုတ်လား....။ဟင့်အင်း...ဒါတင်မဟုတ်သေးပါဘူး..ကျွန်တော်ဒီလိုဖြစ်မယ်ဆိုတာအစ ကတည်းက ကြိုသိခဲ့တာ...။အသိစိတ်ထဲမှာတော့ လက်ခံနေတယ်..။ဒါပေမယ့် မသိစိတ်ထဲမှာတော့ လက်မခံနိုင်ဘူးလေ...။ ကျွှန်တော် အခုထိ..သူကိုမသိစိတ်ထဲကနေပြန်လာမယ်လို့ ထင်နေမိတုန်းပါပဲဗျာ..။မျှော်နေမိတုန်းပါပဲ..။သတိရနေဆဲပါပဲ..လွမ်းနေဆဲပါပဲ...။ ************************************************************************ (၃) “သား...ကန်တော့လိုက်လေ...သားအဖေကို ကန်တော့လိုက်....” အဖိုးကကျွန်တော်ကို မျက်နှာလွဲလွဲနဲ့ပြောတယ်..။ကျွန်တော် ဘုမသိဘမသိနဲ့ထိုင်ပြီးအဖေ့ကို ကန်တော့်လိုက်တယ်..။အဲ့ဒီ အချိန်မှာအဖေက အသက်ကိုပြင်ြးပင်းထန်ထန်ရူထုတ်နေတယ်...။ကျွန်တော် နေ၇ခက်လိုက်တာ..။ကျွန်တော်ချစ်သော အဖေ.. ဟာ စကားလည်းမပြောနိုင်တော့သလို မျက်စိလည်းမဖွင့်နိုင်တော့ဘူး..။ကျွန်တော့်ကို အဖေ စနေနောက်နေတာလား..။ ကျွန်တော် မပြောတတ်ပါ..။ဒါပေမယ့် ကျွန်တော့်ကလေးစိတ်ထဲကနေတင်..အဖေတစ်ခုခုဖြစ်တော့မယ်လို့ထင်နေတယ်..။ အဲ့ဒီနောက်မှာတော့ ..ကျွန်တော်မျက်ရည်တွေဝိုင်းလာတယ်...။မျက်ရည်တော့မကျဖြစ်ပါဘူး...။အဖေကပြောထားတယ်လေ ယောက်ျားတစ်ယောက်ရဲ့မျက်ရည်ဟာ လက်နက်မဟုတ်ဘူးတဲ့..။ *************************************************************************** (၄) ၂၀၀၅ တင်္နဂနွေနေ့...။ အဲ့ဒီနေ့မှာကျွန်တော်ဟာ ကှူရှင်ကနေအိမ်ကို စာအုပ်သွားပြန်လာယူတယ်..။ကျွန်တော်တို့အိမ်နဲ့ ကျူရှင်နဲ့ကအလှမ်းဝေးတယ် ခင်ဗျ..။ဒါကြောင့်ပြေးလာရတယ်..။အဲ့ဒီအချိန်တုန်းက ကျွန်တော်က ခုနှစ်တန်းပေါ့...။ ကျွန်တော်လမ်းမှာဘထွေးလေးနဲ့တွေ့တယ်..။ဘထွေးရဲ့ လက်ထဲမှာလဲမုန်ညှင်းရွက်တွေနဲ့ပေါ့...။ကျွန်တော်ကလှမ်းပြောလိုက် တယ်..။ “ ဘထွေး..ဘယ်ကိုလဲ..” ကျွန်တော်ကို ပြန်မဖြေဘူးလေ...။မဖြေလည်းနေပေါ့နော်..။အိမ်မှာပထ၀ီစာအုပ်ကျန်ထားတာကအဓိကအချက်ပဲလေ...။ကျွန် တော်အိမ်ကိုရောက်တော့ အိမ်မှာလည်းတစ်ခုခုပြောင်းလဲနေတယ်..။ကျွန်တော် အိမ်ပေါ်ကိုပြေးတက်လိုက်တယ်..။အဲ့ဒီမှာ.. ကျွန်တော်တွေ့လိုက်ရတာက အဖေပေါ့ဗျာ..။အဖေက စောင်အဖြူရောင်လေးခြုံထားတယ်..။ခေါင်းလည်းမပေါ်ပါဘူး...။အဖေခြုံထား တာစောင်မဟုတ်ပါဘူး...။နောက်ပြီး..အိမ်ကိုပြန်ရောက်ရင် ဆယ်ရက်နီးပါးလောက်ကြားနေရတဲ့ အသက်ရူသံပြင်းပြင်းကိုလည်း မကြာင်းရတော့ပါဘူး..။ ကျွန်တော်သိလိုက်ပါတယ်..။အဖေကို ကျွန်တော်ထာဝရလက်လွတ်ဆုံး၇ှုံးလိုက်ရပြီလို့လေ......။ ******************************************************************************** (၅) အဖေ့ အသုဘချတော့ ကျွန်တော်မငိုပါဘူး....။ဆို့နင့်နေတယ်.....။ကျွန်တော့် ညီမလေးနဲ့ မမ ကတော့ ရင်ထဲကလာတဲ့ အသံနဲ့ ငိုကြတယ်..။အဖေဆုံးတော့ ကျွန်တော်တို့မှာ အမေလည်းမရှိပါဘူး..။အဖေနဲ့မေ ကွဲနေတာ နှစ်နှစ်ရှိနေပြီပဲ..။အမေဆိုတာကိုလည်း တမ်းတမိပြန်ပါရောကွယ်...။ ကျွန်တော့်ဘ၀မှာ အဖေသေတဲ့အခါမျက်ရည်မကျခဲ့တာ မငိုခဲ့တာဟာ ကျွန်တော်ကိုကျွန်တော်အရှက်ဆုံးပါပဲ...။အဖေ့ကိုဘာမှ မလုပ်ပေးလိုက်ရတာကိုတောင် ငယ်ရွယ်နုနယ်တဲ့သားတစ်ယောက်အနေနဲ့ ဖြေသာပါတယ်..။ဒါပေမယ့် လောကကြီးက ကျွန်တော့် ကိုအဲ့ဒီကတည်းကဒါဏ်ခတ်ခဲ့တယ်...။မင်းဘယ်တော့မှမငိုနဲ့တဲ့...။ ဟုတ်တယ်..အဲ့ဒီကတည်းနဲ့ အခုထိကျွန်တော်မငိုရတော့ဘူးလေ....။ ရင်ထဲမှာ ဆိုဆို့နင့်နင့်ဝေဒနာကိုပဲခံစားရတော့တယ်....။ ************************************************************************************ (၆) ရင်ထဲမှာ ဒီလိုနှင်းတွေဝေနေတဲ့ အချိန်ဆို ပိုပြီးတော့ ကျွန်တော်အဖေ့ကိုမျှော်နေတတ်တယ်။ အဝေးတစ်နေရာမှာကျောင်းတက် နေတဲ့ကျွန်တော့်ဆီကိုပြေးလာမလားလို့လေ....။ လမ်းမှာ ကိုယ့်အဖေအရွယ်တွေကိုမြင်ရင်..အဖေများလားလို့ ..ကျွန်တော်လှည့်ကြည့်မိတုန်း...။ အဖေက ကျွန်တော့၇ဲ့ အိပ်မက်ထဲကိုတော့ခဏခဏလာတယ်လေ...။ ဒီနေ့တော့ ကျွန်တော်အဖေ့ကိုပိုလွမ်းလို့ ကျွန်တော်နဲ့တွေ့ရအောင် အိပ်မက်ထဲကိုလာခဲ့ပါ....နော် အဖေ..။ အဖေရေ..။ အဖေနဲ့ အိပ်မက်ထဲမှာ အချိန်ကြာကြာတွေ့ရအောင် ဒီညတော့စာမကျက်ဘဲ...သား စောစောအိပ်ပါ့မယ်..အဖေ..။ ****************************************************************************** အဖေချစ်သူများကိုချစ်တဲ့..... myoemyintaung@gamil.com (အဖေတွေကို တန်ဖိုးထားမြတ်နိုးကြပါ..အဖေဟာ သားတစ်ယောက်အတွက်တော့ ဒုတိယ ဘုရားသခင်ပါပဲ.......)
↧