တကယ်တော့အချစ်ဆိုတာ သူရှုးတယောက်လိုတွေးခေါ်ပြီ ပညာရှိတယောက်လိုမိုက်မဲသွားတတ်သတဲ့ ။ ဟုတ်
တယ် ကျွန်တော်လဲအချစ်နဲ့ပတ်သက်လို့ပညာရှိဆန်ဆန်မိုက်မဲသွားတယ်လို့ ညွှန်ဆိုခွင့်မရခဲ့ရင်တောင်မှ တကယ့်ကို
အရှုးတယောက်လိုတွေးခေါ်ခဲ့မိ့တာက “ ၀ိုင်းမော်ဖူး ” ဆိုတဲ့ကျွန်တော့်ချစ်သူ ကောင်မလေးတယောက်ကြောင့်ပဲဆို
ပါတော့ ။ ရေးဖွဲ့လို့မကုန်နိင်တဲ့သူ့အလှတရားရဲ့ထုဆစ်မှု့အောင်မှာ နယ်လွန်အသိ့တွေစွဲကပ်နေစေတဲ့အထိ့ သူ
ကိုအချိန်နဲ့အမျှတန်ဖိုးထားခဲ့တယ် ။ ဒါပေမဲ့ပေါ့ . . . .
ကျွန်တော့်အတွက်တော့ သူမရဲ့အလှတရားက ရေးဖွဲ့လို့မကုန်နိင်တဲ့ကဗျာတပုဒ်လို့ပဲပြောရမလား ။ ဒါမှမဟုတ်
ကာရံညီတဲ့မှော်ဝတ်ရုံကဗျာအောက်က ပန်းပိတောက်ထက်ညက်ညောတဲ့နုညံမှု့တွေလား ။ အသေးစိတ်တခုထိ့
တွက်ချက်ကြည့်ပြီရေးဖွဲ့မကုန်နိင်တဲ့သူမရဲ့ ညှို့ငင်မှု့ကြောင့် ( ကျွန်တော့်အတွက်တော့ ) ရှင်သန်နေထိုင်ရတဲ့ဒီ
လူ့ဘ၀ကြီးက ပိုပီသာယာနေခဲ့သလိုပါပဲ ။ အခုပဲထပြီပွင့်တော့မဲ့ သူမရဲ့နှင်းဆီရောင်နှုတ်ခမ်းလေးက နုနုအိ့အိ့
လေးနဲ့ နွေးနွေးထွေးထွေးနေတတ်အောင်သင်ပေးခဲ့တယ် ။ ဒီအတွက်လဲ သူမရဲ့လည်တိုင်တကြော့မှာ ကျွန်
တော့်ရဲ့နှုတ်ခမ်းပါးကလေးတွေ ခလုပ်တိုက်လဲခဲ့ရတဲ့အထိ့ တန်ပြန်နုညံမှု့တွေလဲပေးခဲ့တာပေါ့ ။ ပြီတော့ အရေ
ပြားကမွှေးညင်းနုနုလေးတွေ တရင်တနှီးအကျွမ်းဝင်စေဖို့ ကျွန်တော်တို့တွေသွင်သင်ဆုံးမခဲ့ကြဘူးတာလဲပါပါတယ် ။
ဒါပေမဲ့ သူမရဲ့အလှတရားက ဘယ်လောက်ပဲထုံမွမ်းရစ်ဖွဲ့ထားပါစေ အတတ်ပညာတခုထက်လွန်ကဲသွားရင်မှော်
ဆန်သွားသလိုမျိုး သူမရဲ့အလှတရားကလဲကျွန်တော့်အတွက် တဖြေးဖြေးနဲ့မှော်ဆန်လာခဲ့ပါတယ် ။ ခုလဲကြည့်
အုံးလေ ဘာမှမပြုပြင်ပဲမျက်နှာပြောင်လေးနဲ့ရိုးရိုးလေးလှနေခဲ့တာတောင် ဘယ်လိုစိတ်ကူးမျိုးနဲ့မသိ့ ဆံပင်တွေကို
အရောင်ဆိုးလာတယ် ။ ပါးလျတဲ့သူမရဲ့တန်ဆာဆင်မှု့တွေက ကျွန်တော့်ရဲ့ကိလေသာကို လက်ရက်ခေါ်နေ
သလိုပဲ ။ ဒီလိုရဲတင်းတဲ့ရင်ခုန်မှု့မျိုးကို သူမကဘာကြောင့်များအစပျိုးခဲ့ရသလဲဆိုတာကျွန်တော်မသိ့ခဲ့ဘူး ။
“ ၀ိုင်းမော် မောင့်ကိုချစ်ရင် အနက်ရောင်လေးပြန်ဆိုးလိုက်ပါကွာနော် ”
ကျွန်တော်ဒီလိုပြောလိုက်တော့လဲ -
“ မောင်နော် ၀ိုင်းမော်ကိုမချုပ်ချယ်ပါနဲ့ ကဲပြော မောင်ဝိုင်မော်ကိုချစ်ခဲ့တာက အနက်ရောင်ဆံပင်ကြောင့်လား ”
တမင်သက်သက်ပြင်ဆင်မှု့လေးနဲ့ မုန်တိုင်ထန်တော့မဲ့သူ့နှုတ်ခမ်းလွာလေးကိုငေးကြည့်ရင်း -
“ မောင်ဝိုင်မော်ကိုချစ်တာ ဒီဆံပင်အရောင်တွေမပါဘူးကောင်မအစုတ်ပလုပ်လေးရဲ့ ”
ကျွန်တော်ကိုယ်တိုင်သူ့ရဲ့ဆံနွယ်ကလေးတွေကိုကိုင်ပြီ တယုတယနဲ့ပြန်ဆိုးပေးမယ်ဆိုတော့လဲမဟုတ်ရပြန်ဘူး ။
ဒီဘာမဟုတ်တဲ့ဟာလေးကိုမပြီနိင်မစီးနိင်ပုံကြီးချဲ့နေတယ်ဆိုပြီ ခြေကလေးစောင့်လို့စိတ်ဆိုးတတ်ပြန်သေးတယ် ။
ဟုတ်တယ်လေချဲ့ရမှာပဲ ဒီလိုသေးသေးလေးဆိုတာကိုတောင် ကျွန်တော်ကိုလိုက်ရောတဲ့စိတ်ကလေးနဲ့မလုပ်ပေး
နိင်ခဲ့ရင် နှစ်ယောက်တဘ၀ကိုသူဘယ်လိုပုံဖော်ထုဆစ်မှာလဲ ။ မလုပ်နဲ့ဆိုသူလုပ်တယ် ။ မသွားနဲ့ဆိုသူလျှောက်
တယ် ။ မစားနဲ့ဆိုသူပါးစပ်ထဲကိုအကုန်ထည့်တယ် ။ တခါတခါကိုယ်က စိတ်ပျက်ပြီဘာမှမပြောပဲနေပြန်တော့
လဲ ဘာလဲစိတ်ကုန်သွားပြီလားဆိုတဲ့စကားတခွန်နဲ့ ရင်ဘတ်ထဲတိုးဝင်ပြီပြောပြန်သေးတယ် ။ ကျွန်တော့်ရဲ့ဘယ်
ဘတ်နားသီးလေးကို သှူုနှုတ်ခမ်းလေးနဲ့ဖိ့ကိုက်ပြီ သူမဟုတ်သလိုဆော့ကစားနေတတ်တယ် ။ သံယောဇဉ်အညွန့်
တခတ်နဲ့ အသဲအသန်တပ်မက်နေတဲ့ကျွန်တော့်ရဲ့ကြိုဆိုမှု့ကို သူဘယ်ကြောင့်မမြင်နိင်ရတာလဲ ။ လစ်ဟာမှု့မရှိ
အောင် အရေးပေးပြုပြင်ချင်နေမိ့တဲ့ကျွန်တော့်ရဲ့စေသနာတွေက သူ့အတွက်တကယ့်ကိုပဲ ချုပ်ချယ်မှု့တွေဖြစ်နေခဲ့
လား ကျွန်တော်မသိ့နိင်တော့ပါဘူး ။ အချစ်နှစ်ခုကို တခုထဲသောအချစ်လို့စူးစူးနင့်နင့်ခေါ်တွင်ချင်းတဲ့ကျွန်တော်
က ( ဒီထက် ) သူ့ရဲ့တုန့်ပြန်မှု့တိုင်းဟာ မြင့်မြတ်တဲ့ဘုံတခုအဖြစ်နဲ့သက်မှတ်ပြီ ပျော်မွေ့နေချင်တဲ့ကျွန်တော်က
သူကိုဘယ်လောက်ထိ့များဖြူစင်မွန်မြတ်ခြင်းတွေနဲ့ အတိ့ပြီစေချင်ခဲ့သလဲဆိုရင် . . . .
“ ၀ိုင်းမော် မနက်ဖြန်မောင့်ရဲ့မွေးနေ့ပွဲလေးကိုလာမှာမို့လား ”
“ အင်းလေမောင်ရဲ့ ၀ိုင်းရဲ့အချစ်ဆုံးမောင့်မွေးနေ့ပဲဟာ ”
“ လာတာတော့ဟုတ်ပါပြီ ဟိုလေ ၀ိုင်းရဲ့ဆံပင်လေးကိုအနက်ရောင်လေးပြန်ဆိုးခဲ့ပါလားဟင် ”
ကျွန်တော်စကားကြောင့် သူ့မျက်နာလေးတင်းသွားပြီ နှုတ်ခမ်းလေးစေ့၊ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ စိုက်
ကြည့်တယ် ။ ပြီတော့ -
“ ဘာလဲမောင်က ၀ိုင်းကိုမောင့်သူငယ်ချင်းတွေရှေ့မှာ ငါလိုသလိုပြုပြင်လို့ရတယ်ဆိုတာပြချင်တာလား ”
ဒီစကားကြောင့်ကျွန်တော်နည်းနည်းတော့ဒေါသထွက်မိ့သွားတယ် ။
“ မဟုတ်ဘူးဝိုင်းမော် ၀ိုင်းမော်ထင်သလိုမဟုတ်ဘူး ကိုဖြစ်စေချင်တာထက်ဝိုင်းမော်ရဲ့ဂုဏ် ၊ ၀ိုင်းမော်ရဲ့သိက္ခာ
အဲဒါတွေကိုငဲ့ပြီကောင်းစေချင်တဲ့ဆန္တတခုထဲပဲ ကျန်တာဘာမှမပါဘူး ပြီတော့ဝိုင်းမော်ပဲစဉ်းစားကြည့် အဲဒီနေ့မှာ
ကိုယ်ရဲ့မိ့သားစုတွေ ကိုယ့်ဆွေမျိုးတွေကြားမှာ ၀ိုင်းမော်ကိုအပြစ်အနာပြောစရာမဖြစ်အောင်ရှိနေစေချင်ခဲ့တာ ဒီ
တခုထဲပဲ ”
ကျွန်တော်စကားကြောင့် သူစားနေတဲ့နေကြာစေ့ထုပ်ကိုပစ်ချ ၊ ခြေစောင့်ပြီ -
“ အိုကွာ မသိ့ဘူး ၀ိုင်းမော်ကိုချုပ်ချယ်တာမကြိုက်ဘူး ပြီတော့ ဒီခေတ်ကြီးထဲမှာဒီဆံပင်ဆေးဆိုးလိုက်မိ့တာတခု
ထဲနဲ့ အတန်းမ၀င်အရာမရောက်နိင်ဘူးဆိုတာ ဖြစ်နိင်ပါ့မလားမောင် ၀ိုင်းမော်ကိုမရစ်နဲ့ကွာ မနက်ဖြန်မောင့်မွေး
နေ့ကိုဝိုင်းမော်လာရင်ပြီတာပဲမို့လား ၀ိုင်းမော်လာဖြစ်အောင်ကိုလာမယ်မောင့်စောင့်ကြည့် ”
ကဲ မိတ်ဆွေ အချစ်တခုရဲ့အနှစ်သာရဆိုတာ ဘာများလဲဟင် ။ တကယ်တော့ အချစ်ဆိုတာ ဘုရားဟောတဲ့ကံ
တရားနဲ့သာဆတူညီမျှမယ်ဆိုရင် ကျွန်တော်နှလုံးသားရဲ့အကောင်းဆုံးသောလုပ်ဆောင်မှု့တွေကြောင့် ကျွန်တော်
လဲအချစ်ကံကောင်းရမှာပေါ့ ။ ဒါပေမဲ့လေ . . .
***********************************************
ကျွန်တော့်ကျောခိုင်းထားတဲ့လမ်းမဘက်ကိုကြည့်ပြီ လူတချို့ကအချင်းချင်းလက်တို့လို့တစုံတရာကို ဝေဖန်ပြော
ဆိုနေကြတယ် ။ ကျွန်တော်လှည့်ပြီကြည့်လိုက်တော့မြင်လိုက်ရတာက ကျွန်တော်မြတ်နိးတန်ဖိုးထားခဲ့ကျွန်တော့်
ချစ်သူပေါ့ ။ ကျွန်တော့်ရဲ့ရင်တအုံလုံး တခဏအတွင်းမှာလှိုက်မောသွားစေတဲ့သူမရဲ့အလှက သူမရဲ့တခေါင်း
လုံးကို မီးတွေဖျာကျနေသလိုမျိုးဆေးတွေဆိုးထားလို့ပါပဲ ။ ကဲ မိတ်ဆွေ အချစ်တခုရဲ့အနှစ်သာရဆိုတာဘာ
များလဲဟင် ။ တကယ်တော့အချစ်ဆိုတာ ဘုရားဟောတဲ့ကံတရားနဲ့သာ ဆတူညီမျှမယ်ဆိုရင် ကျွန်တော်နှလုံး
သားရဲ့အကောင်းဆုံးလုပ်ဆောင်မှု့တွေကြောင့် ကျွန်တော်လဲအချစ်ကံကောင်းလာရမှာပေါ့ ။ ဒါပေမဲ့
ကျွန်တော်ကသူ့အတွက်တော့ ခေတ်ဟောင်းလူဆိုးတယောက်ပဲဖြစ်နေခဲ့မှာပါပဲ . . . ။
= နှလုံးသားဖြင့်ရင်း၍ - မင်းဆက်ဆက်ခ
( ၂၄.၁.၁၂ )