Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချစ်သူမြို့တော်မှာ ကျွန်တော် အကြိုက်ဆုံးသောကဏ္ဍ

$
0
0


 သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို ချစ်သူမြို့တော်မှာ မန်ဘာ ၀င်ထားဘို့ အကြံပေးပါတယ်။ ဒါပေမဲ့ ကျွန်တော် မ၀င်ဖြစ်ပါဘူး။ ဘယ်ဆိုက်ကိုမှ အဖွဲ့ဝင် လုပ်မထားပါဘူး။ ကျွန်တော်နဲ့ခင်တဲ့ ဘလော့ဂ်တစ်ခုမှာတော့ စာတွေ ရေးပို့လေ့ရှိပါတယ်။ ကျွန်တော့်နာမည်နဲ့ တင်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်က နာမည် မရချင်ဘူးလေ။ ဟဲဟဲ။ ရမှာလည်း မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို သိနေတယ်။ ကျွန်တော်လိုချင်တာက ကျွန်တော် ပြောပြချင်တာလေးတွေ သိသွားတယ် ဆိုတဲ့ အချက်တစ်ခုတည်းပါ။

 

နောက်တစ်ကြိမ် သူငယ်ချင်းနဲ့ ဆုံပြန်တယ်။ သူက မန်ဘာဝင်ခိုင်း နေပြနတယ်လေ။ ဒါနဲ့ သူ့ကို ချစ်သူမြို့တော်ဆိုက် ဖွင့်ခိုင်းပြီး register - ဖြည့်ပါတယ်။ ခဏကြာတော့ ရလာပါပြီ။ မြန်လိုက်တာနော်။ ကျွန်တော့်အတွက် အိမ်လေးတစ်လုံးလည်း ဆောက်ပေးတယ်လေ။ တော်တော်အဆင်ပြေတဲ့ ဆိုက်လေးပါပဲ။ တစ်ခြား ဆိုက်တွေမှာ မန်ဘာ မ၀င်ဖူးလို့လားတော့ မပြောတတ်ဘူးနော့်။ ချစ်သူမြို့တော်မှာ အိမ်တစ်လုံးပိုင်ဆိုင်ထားတဲ့ ကျွန်တော်ကတော့ ကျွန်သူမြို့တော်မှာပဲ အမြဲပျော်သွားတော့မှာပါ။

 

ကဗျာရေးနည်း ကာရံအကြောင်း နဘေအကြောင်းများကို တစေ့တစောင်းမဟုတ်ပေမဲ့ တီးမိ ခေါက်မိလောက်တော့ လေ့လာဘူးပါတယ်။ ရေးချင်တဲ့ ပြောပြချင်တဲ့ သိစေချင်တဲ့ ခံစားချက်ကို ကဗျာလေးတွေ အဖြစ် ရေးချက်မိခဲ့တယ်။ ကျွန်တော့်ထက်သာတဲ့ သူငယ်ချင်းတွေ များစွာရှိတာကို သူတို့ကဗျာများ ဆောင်းပါးများ ဖတ်ရင်းနဲ့ သိလာပါတယ်။ ခေါင်းဆောင် သူငယ်ချင်းများ အဖွဲ့ဝင်သူငယ်ချင်းများရဲ့ ရင်နှီးခင်မင်မှု့များက ကျွန်တော့်ကို ချစ်သူမြို့တော်မှာ ပျော်သွားအောင် ဖန်းတီး ပေးနိုင်ခဲ့ပါတယ်။ ကိုယ်တိုင် ကဗျာမရေးတတ်ပေမဲ့ ရေးတတ်တဲ့ သူငယ်ချင်းများရဲ့ ကဗျာကိုဖတ်ရတာ ပြီးတော့ သူတို့တွေကို ချီးကျူးအားပေးစရာပြောဆိုရတာ များလာတော့ ကျွန်တော့်နှုတ်ဖျားမှာ ချိုမြလို့တောင် နေပြီ ထင်မိတယ်။

 

ဆောင်းပါးတွေ သတင်းတွေ ကဗျာတွေဖတ်ရင်း  အားပေးစကားတွေ ချီးကျူးစကားတွေ ပြောရင်းနဲ့ ကျွန်တော့် ရင်ထဲမှာ အမှတ်တရလေးဖြစ်လို့နေတဲ့ အရာတစ်ခုကို တွေ့လိုက်ရပါတယ်။အဲဒီ အရာလေးကို ကြည့်ကြည့်ပြီး ပြုံးလိုက် ရယ်လိုက် မဲ့လိုက် စိတ်တိုလိုက် ချီးကျူးလိုက်နဲ့ ပုံစံအမျိုးမျိုးနဲ့ ခံစားနေမိတဲ့ ကျွန်တော်။ ကြာလာလေလေ ပိုပြီး နှစ်သက်စွဲလန်းလေလေ မရိုးပဲ တစ်မျိုးပြီး တစ်မျိုး ဆန်းသစ်လာ လေလေပါပဲ။ အဲဒါဟာ ဘာလို့ ထင်ပါသလဲ?။ သယ်ချင်းများ ဖြေကြည့်ပေးပါနော်။ ပြီးမှ ကျွန်တော့်အဖြေနဲ့ တိုက်ကြည့်ပေးပါ။ အဖြေချင်းတူတယ်ဆိုရင် ကျွန်တော်နဲ့ ခံစားချက်ချင်း အမြင်ချင်း ၇၀% တူနေမယ်လို့ ယုံကြည်မိပါတယ်။ ချစ်သူမြို့တော်က သူငယ်ချင်းများထဲမှာ ကျွန်တော်နဲ့ စိတ်တူ ခံစားချက်တူတာ ဘယ်နှစ်ယောက်ရှိလဲလို့ သိချင်လို့ပါ။ ဟဲဟဲ။ ချစ်သူမြို့တော်မှာ ကျွန်တော်အကြိုက်ဆုံးအရာက “ ကိုယ်စီ ကိုယ်စီ ရေးရေးသွားကြတဲ့ comment - တွေပဲ ဖြစ်ပါတယ်” ။

 

ကောမန့်တွေမှာ ဘယ်သူ့ကြောင့် ဘာကြောင့် ဘယ်သူမို့ ဘာမို့ဆိုတဲ့ ထိန်းချုပ်ထားမှု့ ကန့်သန့်ထားမှု့ မရှိပါဘူး။ အယောက် (၂၀) ရေးသွားတဲ့ ကောမန့်တွေထဲမှာ အတွေး (၂၀), အမြင်(၂၀), ရှူထောင့်(၂၀), အသိ(၂၀)လောက်ပါနေပါတယ်။ ကိုယ်စီ ကိုယ်စီရဲ့ ခံစားချက် နှုတ်ထွက် စကားလုံးလေးများ (comments) ကို ကျွန်တော်အကြိုက်ဆုံးပါ။ သူငယ်ချင်းများရော ကျွန်တော်နဲ့ တူနေပါသလား? ။ တူနေရင် လက်မထောင်ထားမယ်နော်။ ၂၉ -၁-၂၀၁၂ မလေးတွေ့ဆုံပွဲမှာ ခံစားချက်တူသူတွေနဲ့ ကျွန်တော်နဲ့ အတူတူ တစ်ဝိုင်းထည်း ထိုင်ကြမယ်။ ကျွန်တော်က ထိုင်ချင်လို့ တောင်းဆိုတာပါနော်။ OK - လား။ OK- ပါတယ်နော်။ ကဲ ကျွန်တော့်ကိုလည်း တစ်ခုလောက်တော့ မေးခွင့်ပြုပါနော်။ “သယ်ချင်းတို့ အနေနဲ့ ချစ်သူမြို့တော်မှာ ဘာကို အကြိုက်ဆုံးလဲ အနှစ်သက်ဆုံးလဲ” ? လို့။ ကျွန်တော်တို့နေတဲ့ ရွှေမြို့တော်လေးမှာ ကျွန်တော့်အကြိုက်ဆုံး တစ်ခုတော့ ရှိထားသင့် သိထားသင့်တယ်လို့မြင်မိလို့ပါ သူငယ်ချင်းတို့ရေ။

 

အားလုံးကို

ခင်မင်စွာဖြင့်

စံလင်း


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>