များများနားထောင်ပြီးတော့ နည်းနည်းပြောပါတဲ့ ။ ဒီစကားဟာ ကျနော်တို့ခေတ်နဲ့ အင်မတန်မှ လိုက်လျောညီထွေ အသုံးဝင်တဲ့ အဖိုးတန် လမ်းညွှန်မြေပုံ တစ်ခုလို့ ဆိုလိုက်ချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ ခေတ်ဟာ ပါးစပ်ပေါက်ကျယ်တဲ့သူဟာ အစာကို ၀အောင် မစားနိုင်တဲ့သူပဲလို ကျနော်ဆိုချင်ပါတယ်။
အပြောဟာ လက်တွေ့ရဲ့ အိမ်မက်တစ်ခုပါ။ ကိုယ်မက်ချင်တဲ့ အိမ်မက်ကို အိမ်မက်ထဲ မှာပဲ ထားရင် အိပ်ယာထဲမှာ ကျန်ခဲ့မှာပဲ မဟုတ်လား အိမ်မက်ကိုတည်ဆောက်ဖို့ အိပ်ယာပေါ်က ထမှဖြစ်လိမ့်မယ်။
ဒါဆို ကျနော်တို့ အိမ်မက်တွေပဲ မက်နေကြမလား။ စကားတွေပဲပြောနေကြမလား။
ဆုံးဖြတ်ချက်က တစ်ခုတည်း ဆုံးဖြတ်တယ်ဆိုတာက ကိုယ်လုပ်ချင်တာတွေရဲ့ စိတ်ကူးတွေရဲ့ အဆုံးကို တိတိကျကျ ဖြတ်ချလိုက်တာပါပဲ။
စကားလုံးတွေက အိမ်တွေကိုဆောက်တယ်။ စကားလုံးတွေက အင်ဂျင်နီယာတွေဖြစ်တယ် ။ စကားလုံးတွေက ဆရာဝန်တွေဖြစ်တယ်။ စကားလုံးတွေက ပါ၇ဂူတွေဖြစ်တယ် ။ကမ္ဘာကျော်တွေဖြစ်တယ်။ အဆိုတော်တွေဖြစ်တယ်။ ရုပ်ရှင်မင်းသားတွေဖြစ်တယ်။ မင်းသမီးတွေဖြစ်တယ်။ ပြီးတော့ဘု၇င်တစ်ပါးလည်းဖြစ်တယ်။
ဒါပေမယ့် စကားလုံးတွေကို စကားအဖြစ်ယူဆနေသူတွေအတွက်တော့ စကားဟာ စကားပဲဖြစ်တယ်။
ကျနော်တို့ဟာ ပန်းပုဆရာတစ်ယောက်ရဲ့ လက်ထဲက ဆောက်တစ်လက်လို စကားလုံးတွေကို ထုဆစ်ရမယ်။ ပန်းပုဆရာတစ်ယောက်ရဲ့ လက်ထဲကဆောက်ဟာ ဒီအတိုင်းထားရင် ဆောက်ဟာ ဆောက်ပဲဖြစ်မယ် ဘယ်တော့မှ ပန်းပုရုပ်ဆိုတာပေါ်လာမှာမဟုတ်ဘူး။
ဒါဆို ကျနော်တို့ရဲ့ စိတ်ကူးယဉ် အိမ်မက် စကားတွေကော ဒီအတိုင်းထားရင် စကားတွေပဲ ဖြစ်မှာပေါ့။
စကားတွေပြော ကြိုးစားမှု ၀ီရိယ နှင့် ဘ၀ကိုထုဆစ်မှ စကားတွေဟာ ကျနော်တို့လိုချင်တဲ့ ဘ၀တွေဖြစ်မှာပေါ့ဗျာ
စကားလုံးတွေကို ထုဆစ်နိုင်ကြပါစေဗျာ။ ။