သူရဦးရွှေမန်းသည် တစ်ချိန်က တပ်မတော်အစိုးရလက်ထပ်တွင် အဆင့်(၃)ရှိသောပုဂ္ဂိုလ်ဖြစ်သည်။သူ့  ကိုအများစုက ဦးသန်းရွှေနှင့် ဦးမောင်အေးတို့ အနားယူသွားသောအခါ နိုင်ငံတော်သမ္မတဖြစ်လာလိမ့် မည်ဟုထင်မှတ်ခဲ့ ကြ
သည်။သို့ သော်သူသည် ပြည့်သူ့ လွှတ်တော်ဥက္ကဌသာဖြစ်လာခဲ့ ပြီး အာဏရပါတီနှင့် အတိုက်အခံပါတီတို့ အကြား အဆင်ပြေစေရန် ညှီနှိုင်းပေးရသောသူဖြစ်လာသည်။ထိုအပြင်သူသည် လိုအပ်သောဥပဒေများကို ပြဌာန်းခြင်း၊ပြင်ဆင်ခြင်း၊
ဖြည့်စွတ်ခြင်းတို့ ကို အောင်မြင်အောင်လုပ်ဆောင်ပေးနေသောသူလည်းဖြစ်ပေသည်။သူသည် ငြိမ်းချမ်းရေးလုပ်ငန်းများတွင်
ပါဝင်ရန်စိတ်အားထက်သန်သောသူလည်းဖြစ်သည်။ဇန်န၀ါရီ31၊2013တွင်ကျင်းပခဲ့ သောလွှတ်တော်သက်တမ်းနှစ်နှစ်ပြည့်
အခမ်းအနားတွင် သူသည် တပ်မတော်နှင့် kIOတို့ အကြားဖြစ်ဟွးနေသော ပြသ-နာများကိုဖြေရှင်းပေးချင်ကြောင်း ပြောခဲ့ 
သည်။တစ်ဖန်ဒီမိုကရေစီအခင်းအကျင်းကို သူမကျွမ်းကျင်ပါဟုမှန်ရာကိုဝန်ခံခဲ့ သည်။သို့ သော်သူသည် နိုင်ငံရေးသဘော
တရားနှင့် စိမ်းမနေသည်မှာလည်းအမှန်ပင်ဖြစ်သည်။သူသည် လါန်ခဲ့ သော(၁၅)နှစ်ကတည်းက ဗိုလ်ချုပ်ကြီးသန်းရွှေ၏ ၀ှတ်
ဖဲတစ်ချပ်အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ၏ နိုင်ငံရေးတလင်းတွင်ပါဝင်ခဲ့ ရသူပင်ဖြစ်သည်။ သူသည် ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှုးကြီးဦးမောင်အေးနှင့်ဝန်ကြီးချုပ်ဦးခင်ညွှန့် တို့ ၏ အားပြိုင်ပွဲတွင် အချက်
အချာကျခဲ့ ရသူလည်းဖြစ်သည်။
သူရဦးရွှေမန်းသည် 2011ခုနှစ်၊နိုဝင်ဘာလတွင် ကြည်း၊ရေ၊လေတပ်ပေါ်င်းစု၏ ပူးတွဲဦးစီးချုပ်အဖြစ်
ခန့် အပ်ခံခဲ့ ရသည်။ ထိုကြောင့်စစ်အစိုးရတွင် အခရာကျသောပုဂ္ဂိုလ်ဖြစ်ခဲ့ သည်။ နောက်နှစ်နှစ်အကြာတွင် တပ်မတော်ညှိ
နိုင်းကွပ်ကဲရေး ရာထူးကိုရယူခဲ့ ပြီး စစ်အစိုးရတွင် တတိယအရေးပါဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ ခြင်းဖြစ်သည်။သူသည်ပြန်လည်ပြု
ပြင်ရေးသမားတစ်ဥိးဖြစ်ကာ မြန်မာနိုင်ငံကို နိုင်ငံတကာဆက်ဆံရေးလမ်းကြောင်းပေါ် မြှင့်တင်ပေးရန်ကြိုးစားနေသောသူပင်
ဖြစ်သည်။ျသူသည် 2004ခုနှစ်အောက်တိုဘာလတွင် ၀န်ကြီးချုပ်ဗိုလ်မှုးကြီးခင်ညွှန့် နှင့် တပ်မတော်ထောက်လှမ်းရေးအုပ်စု
အား အဂတိလိုက်စားမူဖြင့် ဖမ်းဆီးအရေးယူရာတွင် အဓိကနေရာမှပါဝင်ခဲ့ သည်။ 2007ခုနှစ်တွင်မူနိုင်ငံရေးအခင်းအ
ကျင်းပြောင်းလဲသွားသောအခါ စစ်တပ်နှင့်ပြည်သူအကြား သြဇာညောင်းသူတစ်ယောက်ဖြစ်လာခဲ့ သည်။ သူသည် က
ချင်ပြည်နယ်အတွင်းရှိ ပူတာအို၊ မြစ်ကြီးနား၊ မိုးညှင်းမြို့ များသို့ လည်း ငြိမ်းချမ်းရေးခရီးထွက်ခဲ့ ချေသည်။ ထိုခရီးတွင်သူ
သည် မြန်မာနိုင်ငံအတွင်းရျိ ဆင်းရဲသောနေရာများကိုလေ့လာခဲ့သည်။ လက်ရှိတွင်လည်း ပြည်ထောင်စုလွှတ်တော်
နာယက တာဝန်ကိုလွှဲပြောင်းရယူနိုင်ခဲ့ ပြန်သည်။ထိုသို့ လွှဲပြောင်းရယူခဲ့ ပြီးနောက် ပထမဆုံးမိန့် ခွန်းပြောကြားရာ
တွင် သူသည် နိုင်ငံတော်သမ္မတအား ဝေဖန်ထောက်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့ သည် အပြောထက် လက်
တွေ့ ထိရောက်စွာ လုပ်ရန်အချိန်တန်ပြီဟု ပြောကြားခဲ့ ပေသည်။
ကိုးကား=ကိုလတ်၏၀ှတ်ဖဲတစ်ချပ်
မင်းဆက်ဝေ-သူတို့ \ သူရဦးရွှေမန်း(လွှတ်တော်ဥက္ကဌ)8
Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ
ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။
အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲနဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။
Facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ.........
===========================
- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။
- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။
- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။
- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။
- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။
- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။
- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။
ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။
- Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။
- Poke လုပ်လွန်းခြင်း
-----------------------
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။
- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။
- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။
- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။
- အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
လူတော်ကဲ့သို့ နေထိုင်ပါ……98%
]အမြဲတမ်းလည်း မှားနေကြတယ်
¢¢ နောက်ထပ်လည်း မှားကြမှာပဲ…
အမှားနဲ့ မကင်းတဲ့လူဆိုတာမရှိ
လူဆိုတာ…
ထာဝစဉ်
အမှားကျူးလွန်သူ
အမှားမှန်းသိရက်နဲ့
ပြု ပြင်ဖို့ ခက်ခဲတယ်…
အဲ့ဒါကိုလူကောင်း လို့ ခေါ်သတဲ့…
မှားမှန်းသိသိကြီးနဲ့
ဆက်မှားနေရင်
လူညံ့လို့  ခေါ်သတဲ့…
အမှားကိုသိ အမှန်ကိုကြည့် သတိနဲ့ပြင်
ဆိုရင်တော့ လူတော်ပေါ့ကွယ်…
(အားလုံး လူတော်လေးတွေ ဖြစ်နိုင် ကြပါစေကွယ်)
အက်မင်ဖြစ်ဖို့ဆိုရင်..
ကျွန်တော်ရဲ့အင်တာနက် ခရီးစဉ်ကိုပြန်တွေးတော့
လက်ဦးဆရာဆိုက်က..MMflash songs, နောက်တော့ For Ever Friends
နောက်တော့ ချစ်သူမြို့တော်(ယခု ရွှေမြို့တော်)၊ နောက်တော့ ဖူးစာရှင်လေးပါ..
ဒီရွှေမြို့တော်မှာ..မင်ဘာဝင်စဉ်က..မင်ဘာ..တစ်ထောင်မရှိသေး
ဖူးစာရှင်မှာမင်ဘာဖြစ်တော့ မင်ဘာရာဂဏန်းပဲရှိပါသေးတယ်..
ယခုအခါမတော့..ရွှေမှာပဲ အက်မင်ဘ၀နဲ့ကျောက်ချနေဖြစ်ပါတော့တယ်..။
ဒီပို့စ်လေးကိုရေးရခြင်းအကြောင်းကတော့ မင်ဘာသစ်လေးဘ၀ကိုလွမ်းလို့ပါ
အပေါ်မှာ ပြောခဲ့တဲ့ဆိုက်လေးဆိုက်မှာ..မင်ဘာသစ်ဘ၀နဲ့နေခဲ့စဉ်က
နေ့စဉ်..ကဗျာကောင်းလေးတွေ..သုတရသလေးတွေ..သမိုင်းဖြစ်စဉ်တွေ
ဟာသအတိုအစလေးတွေ..တင်ဖြစ်ခဲ့ပါတယ်..။ကိုယ့်ကိုကိုယ်လည်း အရမ်းပဲ
အားရမိတယ်..။ ရေးစရာတွေကလည်း မကုန်နိုင်မခန်းနိုင်..။
မနက်ပိုင်းစာသင်ပြီးတာနဲ့ စိတ်ထဲရှိသမျှ စတစ်ထဲမှာ..ချရေး..စုဆောင်းထား..
အလျင်းသင့်သလို..ဆိုက်တွေလိုက်တင်..ခဲ့မိတယ်..။
ကျွန်တော်ဘယ်လောက် အ လည်းဆိုရင်..ဆိုက်တွေမှာ..အက်မင်ဆိုတာရှိမှန်း
တော်တော်နဲ့မသိတာပါ..။နောက်အများပြောချက်ခန်းကိုလဲ..
ကိုယ့်စက်မှာဘယ်လိုဘယ်လို..မှာယွင်းပိတ်မိနေသည်မသိ..အက်မင်ဖြစ်မှ
ရှင်းသန့်မေက..အများပြောချက်ကို..၀င်ပြောပါဆိုမှ..ချက်ခန်းရှိမှန်းသိခဲ့ပါတယ်..
ယုံကြမလားတော့မသိ..မင်ဘာဘ၀ နှစ်နှစ်ကျော်ကျော်..အများပြောချက်မှာ
တစ်ခွန်းတလေမှ..မပြောဖူးခဲ့ပါ..။
ဆိုက်တိုင်းကို အက်မင်များက ထိမ်းသိမ်းနေတယ်ဆိုတာသိလာတော့..
အက်မင်ရောဂါထပြန်ပါလေရော..။ ကျွန်တော်မင်ဘာဘ၀မှာ ခင်မင်ခဲ့တာက
အက်မင် ခရမ်းပြာတစ်ယောက်ထဲပါ..။သူကတော့ပြောလေရဲ့..
ဘယ်တော့မှအက်မင်မလုပ်ချင်လေနဲ့တဲ့..လွတ်လပ်မှုတွေဆုံးမယ်တဲ့လေ
ခရမ်းပြာ..ဘာပြောပြော..အက်မင်ဖြစ်ချင်တဲ့ရောဂါက ပိုပိုဆိုးလာပါတယ်..။
ဘယ်လိုလူတွေ အက်မင်ဖြစ်တာလဲ..
အက်မင်ဖြစ်ဖို့ဘာအရည်အချင်း ရှိရလဲ..နည်းပညာတစ်ဖက်ကမ်းခပ်တတ်ရမှာလား
စာတွေအပုဒ်ရေ ဘယ်လောက်ရေးထားပီးရမှာလဲ..
ကျွန်တော်..ခရမ်းပြာ ကိုမေးတိုင်း..
“ အောင်ထက်ရယ်..နင်ကစာရေးကောင်းပါတယ်..ရေးလည်းရေးအားရှိတယ်
အက်မင် မလုပ်ချင်ပါနဲ့..” သူကဒီလိုပဲဖြေခဲ့ပါတယ်..
နောက်တော့ သူလဲ ဆိုက်ကနေပါပျောက်သွားပါတော့တယ်..
ခရမ်းပြာမရှိတဲ့နောက်ပိုင်း..ကျွန်တော်လည်း..စကားပြောဖေါ်မရှိတော့
အက်မင်ရောဂါလည်း..တစ်ဖြေးဖြေးကျလာပါလေရော..
စာတွေပဲ..နင်းကန်ရေးမိပါတယ်..။ ရွှေမှာ..အပုဒ်ရေ..၂၅၀ကျော်ကျော်လောက်ရေးမိ
ပါပြီ..။ဆိုက်ပိုင်နဲ့လည်းမသိ..အက်မင်ထဲကတော့..မေသဇင်..ရှင်းသန့်မေတို့နှစ်ယောက်နဲ့
သိနေပါပြီ..။ကိုယ်ကမင်ဘာဆိုပေမဲ့..သူတို့က..မကြာခဏလာလာတိုင်ပင်တာလေးတွေ
အကြံပေးမိနေပါတယ်..
ကိုယ်လည်း..အက်မင်ဖြစ်လာရော..ကိုယ့်လိုပဲအက်မင်ဖြစ်ချင်သူတွေက..
မေးလာကြပြန်ပါလေရော..
“ အက်မင်ဖြစ်ဖို့ဘာတွေလိုအပ်ပါသလဲ..” တဲ့လေ ။
တစ်ချို့ကတော့ အက်မင်ခန့်ပေးပါတဲ့လေ..ပေါ်တင်ပဲတောင်းဆိုလာပါတယ်..။
ကျွန်တော်တွေးမိတယ်..ကိုယ်အက်မင်ဖြစ်ဖို့ရင်းနှီးပေးခဲ့တာက..
ပို့စ်အပုဒ်ရေ..၂၅၀လောက်..ရေးခဲ့တယ်..။ကိုယ်ပိုင်စက်..ကိုယ်ပိုင်အင်တာနက်ရှိတယ် ဒါပဲ..။
မင်ဘာဘ၀မှာ ဆိုက်အကျိုး..ဘာမှမဆောင်ရွက်ခဲ့မိပါ..။ဖျက်ဆီးရာပျကိဆီးကြောင်းလည်း
စိတ်မကူးခဲ့..။နည်းပညာကတော့ဝေလာဝေးပါ..။ဆိုက်ကိုတော့ချစ်တယ်။
တွေးမိသလောက်ပြောရရင် အက်မင်နဲ့မင်ဘာ..ဆိုတာလုပ်ပိုင်ခွင့်စည်းလေးတော့ခြားပါတယ်
မင်ဘာဘ၀က..လွတ်လပ်တယ်..။အက်မင်ဘ၀က မလွတ်လပ်..။
မင်ဘာက..ဆိုက်ထဲမ၀င်လည်းရတယ်..။အက်မင်ကမ၀င်လို့မရ။
ဆိုက်တိုင်းမှာတွေ့နေရတာပါပဲ..အက်မင်တွေအများကြီးခန့်ထားပေမဲ့
ဒိုင်ခံလှုပ်ရှားနိုင်တာကခပ်နည်းနည်းပါ..။
စီးပွားရေး..ပညာရေး..အထွေထွေ အကြောင်းများနဲ့..တာဝန်မကျေနိုင်ကြသူတွေ..။
အဟောင်းတွေနေရာမှာ..အသစ်ကတော့အစားထိုးရမှာ..ဓမ္မတာပါ
အက်မင်ဟောင်းတွေနေရာမှာ..အသစ်တွေနေရာယူရမှာပါ..
စိတ်ဝင်စားခဲ့ရင်..စာရေးတတ်အောင်လေ့ကျင့်ပါ..နည်းပညာတတ်ရင်အကောင်းဆုံးပါ
ကိုယ်ပိုင်ကွန်ပျူတာ..ကိုယ်ပိုင် အင်တာနက်..ရှိမှလည်း..အဆင်ပြေပါတယ်..
စိတ်ရှည်သီးခံမှုကအရေးကြီးဆုံးပါ..(အက်မင်တိုင်းကို..အလိုလိုမုန်းနေသူရှိတတ်လို့ပါ)
အတွေးအခေါ်ပိုင်းရင့်ကျက်ဖို့လိုပါတယ်..ဆိုက်အတွက်အနစ်နာခံနိုင်ရပါမယ်..
ဆန်းသစ်တဲ့အတွေးခေါ်ရှိရပါ့မယ်..။
အရေးအကြီးဆုံးက..စိတ်ရှည်သီးခံ..အချိန်ပေးနိုင်ရင်..သင်အက်မင်လက်သင်တစ်ယောက်
ဖြစ်လာနိုင်ကြောင်းပါ ။
မကိုလွမ်းချင်း (ဒုတိယပိုင်း)
- ငါဟာ သူငယ်ချင်းအားလုံးကိုကာကွယ်ဖို့(ဖလတ်ဆောင်း ဟီးရိုး) သူရဲကောင်း ဖြစ်ချင်ခဲ့တာပါ အားလုံးအတွတ်ပေါ့
- ဒါပေမယ့် အဖြူ၊ အမဲ မခွဲတက်သူတွေရယ်ကြောင့်
- ငါဟာ လိုင်းမပေါက်တဲ့ ကလေးငပေါလေးဖြစ်ခဲ့ ရပါတယ်
- အရာအားလုံး ပြီးသွားချိန်မှာတော့ ငါဆိုတဲ့ ဂီတ(Question Family ခေါင်းဆောင်) ရေးတဲ့
ဒီပို(စ်)့ဟာ သူငယ်ချင်းမင်းတိုရဲ့ ( ရွှေမြို့တော်ရဲ့) ရာဇ၀င်မဟုတ်တဲ့ သမိုင်းလို့လည်း
မခေါ်ဆိုထိုက်တဲ့ ဘာမှမဟုတ်တဲ့ အညတရ ပါးစပ်ပြောပုံပြင်လေးအဖြစ် အလှောင်ခံ
ထင်ကျန်နေခဲ့မှာပါ နော်....မ ချစ်တယ်......ရိုးသားစွာပါ နောက်ဆုံးနှုတ်ဆက်စာ........
သူသည် သိုင်းသင်သောသူ ။ သုံးသိန်းသုံးသောင်းသော သိုင်း သူ သိသည် ။ သို့သော် သူ သုံးသော သိုင်းသည် သွေးသောက်သိုင်းသာ သီးသန့် သူ သုံးသည် ။ သွေးသောက်သိုင်း သုံးသော် သုသာန်သို့ သွေး သွားသွား သွန်သည် ။ သူသည်…
သူသည် သိုင်းသင်သောသူ ။
သုံးသိန်းသုံးသောင်းသော သိုင်း သူ သိသည် ။
သို့သော် သူ သုံးသော သိုင်းသည်
သွေးသောက်သိုင်းသာ သီးသန့် သူ သုံးသည် ။
သွေးသောက်သိုင်း သုံးသော်
သုသာန်သို့ သွေး သွားသွား သွန်သည် ။
သူသည် သန်သည် , သွက်သည်
သူ့ သားသည် သန့်သည် ... သို့သော် သေးသေးသွယ်သွယ်
သူသည် သူ့သား သူ သွန်သင်သည်
“ သွေးသောက်သိုင်းသင် ... သား ... ”
သို့သော် သူ့သားသည် သေးသောက်သိုင်း သာသင်သည် ။
သေးသောက်သိုင်း သင်သော် သေးသွန်သည်
သူ့သားသည် သဲသောင်သို့ သေး သွားသွား သွန်သည်
သဲ သယ်သောသူ သတ်သော် သူ့သား သေသည်
သူ သိသော် သဲသောင်သို့သူသွားသည် ။
သဲ သယ်သောသူ သုံးသောသိုင်းသည် သွေးသိုးသွေးသောက် သိုင်း...
သို့သော် သွေးသောက်သိုင်း သာ သည် ။
သူ သွေးသောက်သိုင်း သုံး သုတ်သင်သည် ။
သဲ သယ်သောသူသေသည် ။
သူ့သားသေသွားသော် သုသာန်သို့ သူသယ်သွားသည် ...
- သူ သုံးသပ်သည် ... သူ သိသွားသည်
“သေသောသူသည်သုသာန်သို့ သက်သက်သာသာ သွားသေသည်သာ”။ ။
ကျောင်းတော်ဆီမှ့ ခေါင်းလောင်းသံ
"ဟေ့ ကောင် ဒါငါဦးထားတဲ့နေရာကွ။မင်းလစ်လိုက်တော့ ။"
"ဘာကွ။ဒီမှာ ငါရောက်တဲ့အချိန်မင်းမရှိဘူးကွ။"
"မင်းကွာ။ငါထိုးမိတော့မယ်။"
"မင်းပြောတိုင်းကြောက်မယ့် ကောင်စားမျိုးမဟုတ်ဘူးကွ။နွယ်လေးဖြူအတွက်ဆို မင်းမကဘူး စစ်တပ်က အမြောက်နဲ့ပစ်တောင် ကြောက်မယ့်ကောင်စားမျိုးမဟုတ်ဘူးကွ။"
"ဟေ့ကောင်။နွယ်လေးဖြူဟာ ငါဘဲပိုင်ဆိုင်ရမှာကွ။နွယ်လေးဖြူအမေနဲ့ ငါ့အမေနဲ့က ညီအမ 6၀မ်းကွဲတော်တာကွ။ဟားဟား နွယ်လေးဖြူကို ငါနဲ့ဘဲပေးစားမှာ။နောက်ဆုတ်လိုက်တော့ ချာတိတ်။"
"ဟားဟားဟား။ပုံပြင်တွေလာပြောနေတယ်။နွယ်လေးကြားရင်ရီလိမ့်မယ်။ဟိတ်ကောင် မင်းယောကျာ်းဆိုရင် ငါနဲ့ယှဉ်ထိုးမလား။"
"စိန်လိုက်လေ။တစ်ပွဲတစ်လမ်း အကဲစမ်းရသေးတာပေါ့ကွာ။"
"လာထားကွ။"
ဟာ ချကုန်ကြပြီ။သူမ ကြောင့် ရန်တွေဖြစ်ကုန်ကျပြီ။ဒါပေမယ့် သူမမှာ တားခွင့်မရှိဘူးလေ။သူမကြောင့်ဖြစ်ရတာစိတ်မကောင်းပေမယ့် တော်တော်တော့ စိတ်ညစ်ရတယ် နေ့တိုင်းဒီလိုဘဲဖြစ်နေတာလေ။ဒါကို သူမအပြစ်လို့မဆိုသာပေ။ဒီတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ဟူးးးးးးးးးးး ဒီလိုသာ ဆက်ဖြစ်နေရင် သူမတော့ရူးတော့မှာဘဲ။
"Queen နွယ်လေးဖြူလာပြီဟေ့။"
ဘယ်ကျောင်းသားကမြင်ကာ အော်လိုက်သည်မသိ။သေချာတာကတော့ ကျောင်းသားများ တစ်အုံလုံးပြေးလာက သူမ သွားသည့်လမ်းတစ်လျှောက် လုံး စာတွေလိုက်ပေး။ပန်းတွေပေး။စကားလိုက်ပြောနဲ့ တစ်အုံလိုက်ကြီး သူမနားကြည့်၊ တ၀ဲလည်လည်နှင့် သူမ ကျောင်းခန်းထဲသို့ရောက်မှ့သာလျှင် ဆုတ်ခွာသွားကြသည်။ထိုသို့ ကျောင်းသားများ သူမနား ၀ိုင်းအုံနေခြင်းကိုမြင်သောအခါ သူမသူငယ်ချင်း ပန်းလွှာထက်က
"နွယ်လေး နင်ကတော့ စံဘဲနော်။ငါတောင်အားကျလာပြီ။နင်နဲ့ပတ်သတ်ပြီးတော့ ငါကို ပုရိသများက လက်ဆောင်တွေ မုန့်တွေနဲ့ ရှင့်ရဲ့လိပ်စာကို စုံစမ်းလေရဲ့။"
"ဒီတော့ ရှင်က ပေးလိုက်တယ်ပေါ့။ဟုတ်လား ဒေါ်ပန်းလွှာထက်။"
"ဟိ ဟုတ်တယ်။ကျွန်မ စားစရိတ် ငြိမ်းတာကို။"
"ထင်သား။ရှင်ဟာလေ ကိုယ့်သူငယ်ချင်းကို ကာကွယ်ပေးမယ်မရှိဘူး။တကယ် ဟိုတစ်နေ့ကတောင် ရှင်ပေးလိုက်တဲ့လိပ်စာနဲ့ ကျွန်မအိမ်ရှေ့မှာ လက်ဝှေ့ပွဲတောင် ကြည့်လိုက်ရသေးရှင်။""
"ဟယ် ဟုတ်လား ဘယ်သူတွေလည်းဟင်။နင်ကိုတော်တော်ကြွေနေတာဘဲ။အင်း ငါ့ချစ်သူငယ်ချင်းလေးတော့ ဘယ်သူနဲ့ ငြိမှာလဲမသိဘူး။ရင်ခုန်စရာကြီး။"
"အစုတ်ပလုတ်မ။အတန်းထဲမှာလည်း ရောက်သမျှ အရုပ်တွေ ရှင်ဘဲယူတော့ ကျွန်မတော့ မယူတော့ဘူး။နှမြောလို့ယူထားတာတွေကလလည်း အိမ်မှာ အရုပ်ဆိုင် ဖွင့်လိုရလိုက်တယ်။"
"အေးပါဟ။ကဲ သွားရအောင်။"
"ok let's go "
ကျွန်မ၏ နာမည်က နွယ်လေးဖြူပါ။ကျွန်မက ပိုက်ဆံရှိ အဆင့်အတန်းရှိ အလွှာထဲက သူဌေးသမီးတစ်ယောက်ပေါ့။အိမ်ကလည်း လိုလေးသေးမရှိအောင်ထားတယ်။နောက်ပြီ ကျွန်မက အရမ်းကို လှနေတာလေ။ကိုယ့်ကိုကိုယ့် ပြောတာလဲမဟုတ်။တကယ်ပါ။ကျွန်မက ဘယ်ဘ၀ကကံကြောင့်လိုချင်တောင်းတသမျှရနေပြီး ရုပ်ရည်ကလည်း သူမတူအောင် ချောမောလှုပနေသလဲ။
အင်း ဒီရုပ်ရည်ကြောင့်ဘဲ ကြိုက်တဲ့သူတွေ။ပိုင်းလုံးတွေ။တကယ်ကို ချစ်မြတ်နိုးတဲ့သူတွေ ကျွန်မနားမှာ ၀ိုင်း-၀ိုင်းလည်နေတာပေါ့။ဒါပေမယ့်လည်း ကျွန်မက ပညာသင်နေတဲ့အရွယ်လေ။ပညာကိုဘဲကြိုးစားရမှာပေါ့နော်။
ဒီလိုနဲ့ဘဲ နေလာလိုက်တာ ကျွန်မ 10တန်းတောင် ဖြေပြီးပြီပေါ့။ကျွန်မ ကိုယ့်ကိုယ်ကို ဂုဏ်ထူးတော့မမှန်းပါဘူး။
ဒါပေမယ့် ကိုယ့် ကံကြမ္မာကိုက မမျှော်လင့်ရင် ပိုကောင်းတတ်တယ်လေ။ဒီတော့ သိပ်တော့လည်း ထင်မထားဘူးပေါ့။အောင်စာရင်းထွက်တော့ကျတော့ ကျွန်မသွားကြည့်တယ်လေ။အိမ်ကနေ ထွက်လာတဲ့လမ်းတစ်လျှောက် ကျွန်မကိုဝိုင်းကြည့်နေလိုက်ကြတာ။ဒါပေမယ့် ရိုးနေုပါပြီလေ။ဒါဖြစ်နေကြဘဲ ဟုတ်ဘူးလား။စကားလိုက်ပြော စာလိုက်ပေးတာတွေလည်း ကျွန်မ ခံနိုင်ရည်ရှိသွားပါပြီ။12၊13 အရွယ်လိုက်တုန်းကတော့ ရှက်တာပေါ့နော်။အခုတော့ပုံမှန်ပါဘဲ။အဲ အောင်စာရင်းကြည့်တဲ့နားရောက်တော့ တော်တော်တော့ ကောင်းတယ်။
ကျွန်မလာတာနဲ့ အကုန်လုံးက နေရာဖယ်ပေးကြတယ်လေ။သိက္ခာရှိရှိကြည့်ရတာပေါ့။
ကျွန်မနာမည်ကိုလိုက်ရှာတယ်။တော်တော်နဲ့မတွေ့ဘူး။အဲတွေ့မဲ့တွေ့တော့လည်း
ဒ--------------------- နွယ်လေးဖြူ ၆ ဘာသာဂုဏ်ထူး
ဟာ တော်တော်တော့ ၀မ်းသာသွားတယ်။မထင်ထားဘူးလေ။
ဆက်ရန်.................................
လေးစားစွာဖြင့်
မြူနှင်းစက်
ကိုကိုရေ ဒီနေ့ သဲလေးမွေးနေ့ နော်။ အရင်နှစ်က တော့ တစ် ရက်လုံး အချိန်ပေးခဲ့ တဲ့ ကိုကို က ဒီနှစ်တော့ သဲလေးနဲ့ တူတူမရှိဘူးနော်။ အရမ်းလွမ်းတယ်။ မိသားစုတွေက လိုလေ သေးမရှိ ပြည့်စုံအောင် စီစဉ်ပေးထားပေမယ့် ကု…
ဒီလိုနေ့ဆို ပိုဆိုးတာပေါ့။ ကိုကို လုပ်နေတာတွေက သဲလေးတို့ နှစ်ယောက် ရဲ့ ရှေ့ရေးအတွက်ပါ ဆိုတဲ့ ကိုကို့စကား ကို နားလည်ပေမယ့် သဲလေးအတွက် ငွေကြေးတွေ ပစ္စည်းဥစ္စာ တွေ က အ ရေးမကြီးပါဘူး။ ကိုကိုရှိရင် ကိုကို့အနားမှာနေခွင့် ရရင် ကျေနပ်ပါတယ် ကိုကိုရယ်။သဲလေးနဲ့ပက်သက် ရင် အစစအရာရာ အ သေးစိတ် ဂရုစိုက်တဲ့ကိုကို့ကို အရမ်းချစ်တယ်။ ဘယ်တော့မှမခွဲဘူးနော်။
“ အောင်မြင်မူဆိုတာ သင့်လက်တကမ်းမှာပါ...သူငယ်ချင်း ”
မင်္ဂလာပါသူငယ်ချင်း........
မတွေ့တာကြာပြီနော်သူငယ်ချင်း.....မင်းသတင်းတွေကိုတော့ငါအမြဲနားစွင့်နေပါတယ်....
နင်နေကောင်းရဲ့လား....နင်ပျော်ရွှင်နေရဲ့လားဆိုပြီးတော့ပေါ့။ ငါလေသူငယ်ချင်းတွေကနေတဆင့်မင်းသတင်းကြားလိုက်ရတယ်.....မင်းမှာအခက်အခဲတွေပူပင်သောကတွေသိပ်များနေတယ်တဲ့
စိတ်ဓာတ်လည်းကျနေတယ်တဲ့လေ.....။
ဘယ်လိုများဖြစ်ရတာလဲသူငယ်ချင်းရယ်........ကျန်းမာရေးတော့ဂရုစိုက်ပါကွယ်နော်....လောကစည်းစိမ် ဆိုတာရှာဖွေလို့ရပါတယ် ကျန်းမာရေးမကောင်းဘူးဆိုရင် ဘာအလုပ်လုပ်မှလုပ်ဖြစ်မှာမဟုတ်ဘူးလေ.... ကိုယ်ကြိုတင်မမြင်မတွေ့နိုင်တဲ့အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာမရေရာတဲ့လောကကြီးမှာ ဘယ်အရာမှတသမတ်တည်းဖြစ်မနေဘူးဆိုတာ မင်းယုံကြည်ထားလိုက်ပါကွယ်...
မျက်စိတမှိတ်အတွင်းမှာအရာအားလုံးကပြောင်းလဲသွားနိုင်တယ်လေ။ ဒီနေ့ဆင်းရဲတယ် မနက်ဖြန်ချမ်းသာမလာဘူးလို့ဘယ်သူကပြောနိုင်မှာလဲ...။ အဲ့ဒါပေမယ့် အလုပ်မလုပ်ပဲစိတ်ကူးချည်းသာယဉ်နေရင်တော့မဖြစ်ဘူးလေနော်။ ကံ၊ဥာဏ်၊လုံ့လ၀ီရီယ ၃ခုစလုံးနဲ့အတူကြိုးစားမှသာဖြစ်နိုင်မှာပါ။ ဘယ်အရာလုပ်တိုင်း “ ကံမကောင်းပါဘူးကွာ”။ “ငါကိုက သူများတွေနဲ့မတူပဲ ကုသိုလိ အကျိုးပေးနည်းပါတယ်ကွာ ” “ငါ့အဖြစ်က ကံဆိုးမသွားရာမိုးလိုက်လို့ရွာနေတယ်” ဆိုပြီး မြည်တွန်တောက်တီးညည်းတွားနေမယ့်အစား ကိုယ့်အရည်အချင်းနဲ့ကိုယ်တတ်နိုင်မယ့်အလုပ်မျိုးကို ဇွဲမလျှော့ပဲ၊စိတ်မပျက်ပဲကြိုးစားကြည့်စမ်းပါနော် သူငယ်ချင်း။ ဘုရားသခင်ကမျှတပါတယ်။ အဆိုးကြီးပဲမပေးသလို အကောင်းကြီးပဲလည်းမလာပါဘူး။ ညီတူညီမျှပေးထားပါတယ်။
ဒီတော့သူငယ်ချင်းရယ်...“လဲရင်ပြန်ထ ဒါလူ့ဘ၀” ပဲလေ။စိတ်ပျက်အားငယ်နေတဲ့စိတ်ကလေးဖျောက်ပြီး အားကြိုးမာန်တက်နဲ့လောကကြီးကိုရဲရဲဝံ၀ံရင်ဆိုင်ကြည့်ပါဦးနော်.....သူငယ်ချင်းဘေးနားမှာအမြဲတမ်းအားပေးနေမယ့်သူရှိတယ်ဆိုတာ
မမေ့ပါနဲ့နော်......။
သူငယ်ချင်း...........
ခဏတာရှင်သန်ခဲ့ရတဲ့ လောကကြီးထဲမှာ
ကြိုးစားရုန်းကန်ခြင်းဆိုတာ
ဘ၀ကပေးတဲ့လက်ဆောင်တစ်ခုပါပဲ
ကံ၊ဥာဏ်၊လုံ့လ၀ီရိယဆိုတဲ့
ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်နဲ့
မတွေးတောမစဉ်းစားပဲနဲ့
တဇွတ်ထိုးမှားမိတဲ့ အမှားတစ်ခုဟာ
ဘ၀မှာကျရှုံးသွားခဲ့ရင်တောင်
ဘယ်တော့မှဇွဲမလျှော့ပါနဲ့
ဘ၀ဆိုတာတိုက်ပွဲပဲ
အနိုင်ရှိသလိုအရှုံးဆိုတာလည်းရှိတယ်
အကောင်းဆိုတာရှိသလို အဆိုးဆိုတာလည်းရှိတယ်
လဲကျဆုံးရှုံးသွားတဲ့အချိန်အတွင်းမှာစိတ်ပျက်အားငယ်
ဝမ်းနည်းခြင်းတွေနဲ့ပဲ အချိန်ကုန်ဆုံးမသွားပါနဲ့
“လဲရင်ပြန်ထ၊ဒါလူ့ဘ၀”ပဲ
ကြိုးစားရုန်းကန်မူမရှိပဲ “ဒါငါ့ကံတ၇ားပဲ ”ဆိုပြီး
စိတ်ဖြေဖျောက်မနေပါနဲ့နော်
“ကံဆိုတာအလုပ်ပဲ” မကြိုးစားမရုန်းကန်ပဲနဲ့တော့
ဘယ်အရာမှအဆင်သင့်ဖြစ်မလာဘူးနော်
ဘ၀လှေကားထစ်ပေါ်တက်ပြီဆိုတာနဲ့
နောက်ပြန်လှည့်ဆင်းဖို့ဘယ်တော့မှမကြိုးစားပါနဲ့
လူတစ်ယောက်အတွက်
အမြဲတမ်းကံဆိုးခြင်းပဲမရရှိနိုင်သလို
အမြဲတမ်းပဲ ကံကောင်းခြင်းတွေရရှိဖို့မလွယ်ပါဘူး
မုန်တိုင်းပြီးရင်လေပြည်လာသလို
ခက်ထန်တဲ့ခရီးလမ်းကိုကျော်ဖြတ်ပြီးရင်
ပန်းခင်းတဲ့လမ်းဆိုတာကြုံတွေရမှာပါ
ဒါကြောင့်သူငယ်ချင်းရေ.....
ဘယ်တော့မှဇွဲမလျှော့ပါနဲ့နော်.....
“ အောင်မြင်မူဆိုတာ သင့်လက်တကမ်းမှာဆိုတာကို မမေ့ပါနဲ့နော်”
အက်စတာနူးနူး(EstherNuNu Layang)
ချစ်ကြသူတိုင်း တစ်ချိန်မှာနီးကြပါစေ
ဟိတ်” ကောင်မလေး အသံပေးပြီး ကောင်လေးဘေးနား ၀င်ထိုင်လိုက်တယ်..
လွယ်အိတ်ထဲက လက်ဆောင်ကိုထုတ်ပြီး ကောင်လေးကို လှန်းပေးလိုက်တယ်…ပြီးတော့
မွေးနေ့ဆုတောင်းပေးလိုက်တယ်။ ကောင်လေးကဖွင့်ကြည့်ပြီး ပြုံးလိုက်တယ်။
ကျေနပ်တဲ့ အပြုံးနဲ့ပေါ့… ဆွဲကြိုးလေးပါ..သိပ်လှတဲ့ ဆွဲကြိုးလေးပါ….
ကောင်မလေးက ဆွဲကြိုးလေးကို ယူပြီးကောင်လေးကိုဆွဲပေးလိုက်
တယ်.. နောက်ပြီး
ဒီနေ့ ဘာနေ့လဲလို့မေးလိုက်တယ်… ကောင်လေးက ဒီနေ့သူ့မွေးနေ့လေလို့
ပြန်ဖြေတယ်…. ကောင်မလေး အရမ်းဝမ်းနည်းသွားတယ်… ဒါပေမယ့် ကောင်မလေး
ဖော်မပြခဲ့ပါဘူး။ သူ့ရဲ့ဝမ်းနည်းမှုတွေကို ပျော်ရွင်နေတဲ့
ကောင်လေးဆီကူးဆက်သွားမှာ ကောင်းမလေး မလိုလားခဲ့ဘူး…
ဒီလိုနဲ့ ကောင်လေးမွေးနေ့ပွဲလေးပြီးတော့ ကောင်မလေး အိမ်ပြန်သွားတယ်။
အိမ်ပြန်လမ်းမှာ ကောင်မလေး ငိုခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့က
ကောင်လေးနဲ့ ကောင်မလေး ချစ်သူဖြစ်တာ ၂နှစ်ပြည့်တဲ့နေ့ပါ။
အဲဒါကိုကောင်လေးမေ့နေခဲ့တယ်။ အလိုက်သိတဲ့ မိုးက အိမ်ပြန်လမ်းမှာ
ကောင်မလေးရဲ့ မျက်ရည်တွေကို ဖုံးပေးလျက်….
နောက်နေ့မနက် ကောင်မလေးဆီကို ကောင်လေးရာက်လာတယ်။ ကောင်မလေးကို သူ့ဘ၀အတွက်
အရေးကြီးတဲ့နေ့ကို မေ့နေခဲ့တဲ့အတွက် တောင်းပန်စကားပြောတယ်…. နောက်ပြီး
ကောင်လေးက ဘယ်တော့မှ မခွဲပါဘူးဆိုတဲ့ ကတိကို ကောင်မလေးကို ပေးခဲ့တယ်။
ကောင်မလေး အရမ်းဝမ်းသာသွားပြီး ကောင်လေးကို ပြုံးပြတယ်… အဲဒီနေ့က
ကောင်လေးနဲ့ ကောင်မလေး နေ၀င်ချိန်အထိ အတူရှိနေခဲ့တယ်။
ကောင်လေး စာတွေရနေပြီလား… ကောင်မလေးက လှန်းမေးလိုက်တယ်။ ဒီနေ့စာမေးပွဲ
စဖြေရတော့မယ်။ ကောင်လေးက ဘာမှမပြောဘဲ ခေါင်းငုံနေတယ်။ ကောင်လေး
စာမရဘူးဆိုတာ ကောင်မလေး သဘောပေါက်သွားတယ်။ ကောင်လေးကို
နှစ်သိမ့်စကားပြောပြီး ကောင်မလေး စာမေးပွဲအခန်းထဲ ၀င်သွားတယ်။ အဲဒီနေ့က
ကောင်လေးရော ကောင်မလေးပါ ဖြေနိုင်ခဲ့တယ်….ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့
ရောက်တော့ စာဖြေပြီး ကောင်လေးနဲ့ ကောင်မလေး လျှောက်သွားခဲ့တယ်..
အဲဒီနေ့က သူတို့ရဲ့ နှလုံးသားတွေ နီးစပ်နေခဲ့တယ်…..
စာမေးပွဲပြီးသွားတော့ ခါတိုင်းလို ကောင်လေးနဲ့ ကောင်မလေး
အမြဲတမ်းတွေ့လို့ မရတော့ဘူး။ ကောင်လေးက ကောင်မလေးရဲ့ အိမ်ကို
တစ်ခါတစ်လေ သွားတယ်။ ကောင်မလေး ကလည်း ကောင်လေးဆီကို
အမြဲဖုန်းဆက်ခဲ့တယ်။ ဒီလိုနဲ့ ကောင်လေးနဲ့ ကောင်မလေး အနေဝေးခဲ့တယ်။
အနေဝေးပေမယ့် ကောင်မလေးက ကောင်လေးကို အရင်လိုချစ်ဆဲ သတိရဆဲပါ..
ကောင်လေးလည်း ကောင်မလေးလိုပါပဲ… ခါတိုင်းလို အမြဲမတွေ့ရပေမယ့်
တစ်ခါတစ်လေ ချိန်းတွေ့ကြမြဲပါ… ချိန်းတွေ့တိုင်းလည်း ကောင်လေးက
ကောင်မလေးကို ဘယ်လောက်လွမ်းကြောင်းပြောတယ်။ အဲဒီလို အချိန်တွေတိုင်း
ကောင်မလေးရဲ့ နှလုံးသားတွေ နွေးထွေးနေမြဲပါ…..
ဒီလိုနဲ့ အောင်စရင်းထွက်လာတယ်။ ကောင်လေးရော ကောင်မလေးပါအောင်တယ်။
ကောင်မလေးလည်း အောင်စရင်းလာကြည့်တယ်။ ကောင်မလေးရဲ့ မျက်နှာသိပ်ပြီးတော့
ကြည်ကြည်လင်လင် မရှိတာကို ကောင်လေး သတိထားမိတယ်။ အဲဒီနေ့က ကောင်လေးနဲ့
ကောင်မလေး အပျော်တွေ ပေါင်စည်းရင်း နှလုံးသားချင်း ခံစားချက်တွေကို
ရင်ဖွင့်ခဲ့တယ်…. နောက်နေ့ကျတော့ ကောင်လေးက ကောင်မလေးကို ဖုန်းဆက်ပြီး
ချိန်းတယ်။ တွေချင်လို့လာခဲ့ပါဆိုပြီး ပြောတယ်။ ကောင်မလေး လာခဲ့မယ်လို့
ပြောလိုက်တယ်။ ချိန်းထားတဲ့နေ့ ရောက်တော့ ကောင်မလေးရောက်မလာခဲ့ပါဘူး…
ကောင်လေးက ကောင်မလေးကို နေ၀င်ချိန်ထိစောင့်ခဲ့တယ်။ ကောင်မလေးကတော့
ရောက်မလာခဲ့ပါဘူး။ ကောင်မလေး ရောက်မလာတော့ ကောင်လေးက ကောင်မလေးရဲ့
အိမ်ကို လိုက်သွားခဲ့တယ်။ ကောင်မလေးအိမ်ရောက်တော့ အိမ်တံခါးပိတ်ထားတယ်။
ကောင်လေးလည်း လက်လျှော့ပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်လမ်းမှာ
မိုးရာသီမို့လို့ ပတ်ဝန်းကျင်က အေးစိမ့်နေပေမယ့် ကောင်လေးရင်ထဲမှာတော့
မီးတောက်နေဆဲပါ….
နောက်ရက်မှာ ကောင်မလေးဆီက ဖုန်းရလို့ ကောင်လေး ပျော်သွားတယ်။
ကောင်မလေးကို တွေ့ဖို့ချိန်းလိုက်တယ်။အဲဒီနေ့
က မိုးအုံနေသလို
ကောင်မလေးရဲ့ ရင်ထဲမှာလည်း ဆို့နစ်နေတယ်။ ဒါပေမယ့် ကောင်မလေးရဲ့
မျက်နှာပေါ်မှာ အပြုံးပန်းကို ပန်ဆင်လျှက်…..
ကောင်လေးက ကောင်မလေးကို အရင်လိုပဲ သူဘယ်လောက်လွမ်းကြောင်း၊
ချစ်ကြောင်းတွေ ပြောတယ်။ နောက်ပြီး သူတို့ငယ်ငယ်တုန်းက အကြောင်းတွေကို
ပြန်ပြောတယ်……. နားထောင်နေတဲ့ ကောင်မလေးကတော့ သူ့ချစ်သူကောင်လေးကို
နှုတ်ဆက်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်… ကောင်မလေးရဲ့ မျက်ဝန်းထဲမှာ
မျက်ရည်တွေ တောက်ပလျှက်ပေါ့……….
ကောင်လေး “ကောင်မလေး” ငါနင့်ကို အရမ်းလွမ်းတယ်။
ကောင်မလေး ငါလည်းနင့်လိုပါပဲ ကောင်လေးရယ်……..
ငါနင့်ကို အရမ်းချစ်တယ်…..
ကောင်လေး ငါလည်းနင့်ကို ချစ်ပါတယ်….ကောင်မလေးရယ်…..
………………………………………………………………….
ကောင်မလေး မိုးအုံနေတယ်နော်…ကောင်လေး…… ဒီနေ့ မိုးရွာရင် ကောင်းမယ်။
ငါတို့ မိုးရေထဲမှာ လမ်းမလျှောက်ရတာ ကြာပြီနော်…..
ကောင်လေး အင်း…ဟုတ်တယ်နော်….. ဒါပေမယ့် မရွာလောက်ဘူး ထင်တယ်။
ဒီလိုနဲ့ သူတို့ပြန်ခါနီးမှာ ကောင်လေးက ကောင်မလေးကို
သူနိုင်ငံခြားသွားတော့မယ်လို့ ပြောတယ်။ နောက်ပြီး ကောင်လေးက သူပြန်လာရင်
ကောင်မလေးနဲ့ အတူနေမယ်လို့ ကတိပေးပြီး ကောင်မလေးကို
လက်ထက်ခွင့်တောင်းတယ်။ ကောင်မလေးရဲ့ ရင်ထဲမှာ တော်တော်ဆို့နစ်သွားတယ်။
ဒါပေမယ့် ကောင်မလေးက မျက်နှာမပျက်ပဲ ကောင်လေးရဲ့ တောင်းဆိုမှုကို
ခေါင်းငြိမ့်လိုက်တယ်။ ဒါဟာ ကောင်လေးနဲ့ ကောင်မလေးရဲ့
နောက်ဆုံးတွေ့ဆုံခြင်း ဆိုတာ ကောင်လေးရော ကောင်မလေးပါ
မျှော်လင့်မထားခဲ့ပါဘူး…..
ကောင်မလေးရဲ့ ရင်ထဲက တောက်လောင်နေတဲ့ မီးကို ဘယ်သူက စာနာပြီး ဘယ်အရာက
သက်သာစေမှာလဲ။ ကောင်မလေး တောင်းတနေတဲ့ မိုးရေ….. နင်ဘယ်ရောက်နေလဲ…..
ကောင်မလေး ငိုနေပေမယ့် အလိုက်မသိတော့တဲ့ မိုးက ကောင်မလေးရဲ့ အနားမှာ
မရှိတော့………
ကောင်လေးလည်း ရက်အတော်ကြာ နိုင်ငံခြားသွားဖို့ အလုပ်ရှုပ်နေတာကြောင့်
ကောင်မလေးနဲ့ အဆက်အသွယ်ပျက်နေတယ်။ သွားဖို့ရက်က နီးလာတာကြောင့် ကောင်လေးက
ကောင်မလေးအိမ်ကို နှုတ်ဆက်ဖို့ သွားခဲ့တယ်။ လမ်းမှာ ကောင်မလေး ကြိုက်တဲ့
မုန့်နဲ့ပန်းတွေ ၀ယ်သွားခဲ့တယ်။ ကောင်လေး ကောင်မလေးရဲ့
အိမ်ရှေ့ကိုရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းကို ကောင်လေး မြင်လိုက်ရတယ်။
အရင်က လူဝင်လူထွက်နည်းတဲ့ ကောင်မလေးရဲ့ အိမ်မှာ လူတွေ စည်ကားနေပါတယ်….
ကောင်မလေးရဲ့ အမေက အဲဒီလူတွေကို မျက်ရည်တွေနှဲ့ဧည့်ခံနေတယ်။
ဧည့်ခန်းထဲရောက်တော့ ကောင်မလေးရဲ့ ဓါတ်ပုံရှေ့မှာ ထိုင်ပြီး
ဓါတ်ပုံလေးကို ကြည့်ပြီး ငိုင်နေတဲ့ ကောင်မလေးရဲ့ အဖေကို တွေ့လိုက်ရတယ်။
အဲဒီမြင်ကွင်းတွေဟာ ကောင်လေးရဲ့ ရင်ထဲမှာ ဆို့နစ်သွားတယ်။ နောက်တော့
ကောင်မလေးရဲ့ အမေရောက်လာပြီး ကောင်လေးကို ဧည့်ခံတယ်။ ကောင်မလေး
နှလုံးရောဂါနဲ့ ဆုံးသွားပြီ ဆိုတဲ့ အကြောင်းပြောပြတယ်။
ကောင်လေးမျက်လုံးတွေ ပြာသွားပြီး နားတွေထုံထိုင်းသွားတယ်….. ဧည့်ခန်းထဲက
ကောင်မလေးရဲ့ ဓါတ်ပုံကိုပဲ စိုက်ကြည့်နေမိတယ်…… ကောင်မလေးက ဓါတ်ပုံထဲကနေ
ကောင်လေးကို ပြုံးပြီးကြည့်နေလေရဲ့……
“အကို” ရုတ်တရက် ခေါ်သံကြားလို့ ကြည့်လိုက်တော့ ကောင်မလေးရဲ့ ညီမက
ကောင်လေးကို စာလေးတစ်စောင် လှန်းပေးလိုက်တယ်…. ကောင်လေး စာကို
ဖွင့်ကြည့်လိုက်တော့ ကောင်မလေးရဲ့ လက်ရေးနဲ့ ရေးထားတဲ့စာ….
ကောင်မလေးရဲ့ညီမက ကောင်လေးကို ကောင်မလေး ဘယ်လောက်ချစ်တဲ့ အကြောင်း
ဆေးရုံရောက်နေတာတောင် ကောင်လေးဆီကို လာခဲ့တဲ့အကြောင်းကို ပြောပြတယ်…..
ကောင်လေး ရင်ထဲမှာ မချိ့အောင်ခံစားရတယ်….. နောက်တော့
စာကိုဖွင့်ဖတ်လိုက်တော့ ကောင်မလေးရဲ့ လက်ရေးမညီမညာနဲ့ ရေးထားတာ
ကောင်မလေးဘယ်လောက်တောင် ခံစားခဲ့ရလည်း ကောင်လေးသိလိုက်ရတယ်….
လှပညီညာတဲ့လက်ရေးတွေဟာ အခုတော့ မလှပမညီညာတော့ပါဘူး…
ကောင်လေးရေ…..
ငါနင့်ကို မပြောပြနိုင်ခဲ့တာ ခွင့်လွှတ်ပါ…ငါနင့်ကို ဖွင့်ပြောဖို့
ကြိုးစားတိုင်း ငါ့ရင်တွေ အရမ်းကို နာကျင်ရတယ်။ င့ါပါးစပ်ကနေ
ဖွင့်ပြောဖို့ ကြိုးစားတိုင်း ပျော်ရွှင်နေတဲ့ နင့်မျက်နှာ
ကိုမြင်လိုက်ရတော့ ငါပါးစပ်တွေ ဆွံ့အသွားတယ်… ငါတောင်းပန်ပါတယ်….
နင့်ကိုချိန်းပြီး မလာမိတဲ့အတွက်ပါ…. တကယ်တော့ အဲဒီနေ့က ငါဆေးရုံကနေ
ဘယ်လိုမှ ထွက်လို့မရလို့ပါ…. နောက်ပြီး အဲဒီနေ့က ငါသိခဲ့ရတာက
ငါကြာကြာမနေရတော့ဘူး ဆိုတာပဲ ။နောက်နင်နဲ့တွေ့တဲ့နေ့က ငါနင့်ကို
ဖွင့်ပြောဖို့ကြိုးစားပေမယ့် အိမ်မက်တွေစိတ်ကူးတွေနဲ့ ပြည့်နှက်နေတဲ့
နင့်ကို င့ါဘယ်လိုပြောထွက်မှာလဲ ကောင်လေးရယ်…………
ကောင်လေးရဲ့ အိမ်ပြန်လမ်းမှာ ကောင်မလေး မျှော်နေတဲ့ မိုးက ကောင်လေးရဲ့
အလွမ်းတွေနဲ့ အတူ အဖော်ပြုရင်း ငိုနေလေရဲ့…….. မိုးသံတွေကြားထဲမှာ
ကောင်လေးတစ်ယောက် စာရွက်လေးတစ်ရွက်ကို ကိုင်ကာ အော်ဟစ်ငိုကြွေးလျှက်
ပျောက်ဆုံးသွားတဲ့ ကောင်မလေးကို ရှာနေဆဲ………..
ကောင်မလေးရေ……… နင်ဘယ်ရောက်နေလဲ….. နင်ငါ့ကိုပြောခဲ့တာ နင်ငါနဲ့
မိုးရေထဲမှာ လျှောက်သွားချင်တယ်ဆို….
နင်မျှော်နေတဲ့မိုးလေ…အခုရွာနေပြီ……နင်ဘယ်မှာလဲ…..ထွက်ခဲ့ပါတော့…..
ကောင်မလေးရယ်…………..
ကြိုးစားပါဦးမည်
ဒါကဘာကြောင့်လဲ
သူငယ်ချင်းတို့ ကျွန်တော်ရင့်ဖွင့်စရာဆိုလို့ ဒီမြိုတော်ထဲကလူတွေပဲဆိုတော့ဒီမှာပဲရင့်ဖွင့်လိုက်ရတာပါ...သူငယ်ချင်းတို့ စိတ်ထဲမှာရှိတဲ့အတိုင်း
ပြောပြပေးပါနော်..
ခုဒီစားကိုရေးနေတဲ့အချိန် ကျွန်တော်တကယ်အသဲကွဲနေတာပါ ပြောပြမယ်နော်....
ခုကျွန်တော်ကောင်မလေးနဲ့ ရည်းစာဖြစ်ခဲ့တာ1နှစ်ရှိသွားပါပြီး ကျွန်တော်သူအပေါ်ကိုမျှော်လင့်ချက်အရမ်းထားခဲ့တာပါ..
ကျွန်တော်ဘ၀ရဲ့ လက်တွဲဖော်အဖြစ်လည်း...သူကိုရွေးချယ်ထားပါတယ်...သူကိုကျွန်တော်ဘယ်လောက်ချစ်တယ်ဆိုတာ..
ဆေးလိပ်ကိုကျွန်တော်အရမ်းသောက်တယ်..ဒါကိုအိမ်ကအမေတားလည်း ဂရုမစိုက်ပါဘူး ဘယ်သူပဲပြောပြောပေါ့ဗျာ.သူနဲ့ ကျတော့
တခွန်းပဲကျွန်တော်ကိုပြောတယ် အဲဒီပြောလိုက်တဲ့ အချိန်ကတည်းကကျွန်တောမသောက်တော့တာခုချိန်ထိပေါ့..နောက်ဆုံ့းကုန်ကုန်ပြောရရင် အင်တာနက်သုံးတာလည်းသူမကြိုက်ဘူးလို့ပြောတယ် ကျွန်တော်နေပေးခဲ့ပါတယ် အရင်ကလိုနေ့ တိုင်းမသုံးဘဲနဲ့ တခါတလေပဲသုံးခဲ့တာပါ
အားနည်းချက်ဆိုလို့ ဒီတခုထဲပဲရှိခဲ့တာပါ...နောက်ပြောရင်တော့အများကြီးပဲ..ခုသူကျွန်တော်ကို ဘာအကြောင်းပြချက်မရှိဘဲနဲ့ ခုသူဖြတ်လိုက်ပြီး...ကျန်တောကြားခဲ့တဲ့သတင်းက သူမှာတဖက်သက်ချစ်ရတဲ့ သူတယောက်ရှိနေတယ်တဲ့ 
ဟုတ်တယ်ဗျ...လွတ်လပ်ရေးနေ့ တုန်းကအဲဒီကောင်လေးနဲ့ ကျွန်တော်ကတဖက်တသင်းဆီကျတယ်..သူက အဲဒီအသင်းကိုပဲအားပေးနေတယ်ကျွန်တော်စိတ်အထင်ကတော့ သူလမ်းထဲကမို့ လို့ ပေါ့..နောက်တော့သူကောင်လေးကခြေထောက်ထိသွားတယ် သူအနားမှာသွားပြီးတော့မေးနေတယ်..တော်တော်နားသွားလားဆိုပြီးတော့ ဒါကိုသတိမထားမိခဲ့ပါဘူး..
နောက်တော့သူကျွန်တော်ကိုဒါမျိုးလုပ်သွားတာပဲဗျာ...ဒါကိုသူငယ်ချင်းအမြင်တွေရှိရင် ကျွန်တော်ကိုပြောပြပေးကြပါဗျာ..
ခုချိန်မှာကျွန်တော်လည်းဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေလို့ ပါ..ကျေးဇူပြုပြီးတော့ ဒါကဘာကြောင့်လဲဆိုတာပြောပြပေးပါနော်...
အမှန်တိုင်ပြောပြရရင် ကျွန်တော်သူကိုဘယ်လိုမှမေ့လို့ မရနှိင်ပါဘူး....ဒါကိုကျွန်တော်တမင်ဖန်တီပြီးပြောတာမဟုတ်ပါဘူးနော်..
ယုံးပေးကြပါ
**ကျေးစုးပါရွှေမြို့တော်**
နှစ်လတောင်ကျော်ခဲ့ပီလေ ခက်ခဲမှု ကြပ်တည်းမှု
တွေကြားကပဲ ကိုယ့်ရင်ထည်းက ဖြစ်တည်မှုတွေ
ကို ဖွင့်ဟနှိုင်သလို ခံစားမူတွေကိုလည်း သက်သာ
ရာရစေခဲ့တယ် မြို့တော်သူ မြို့တော်သားတို့ရဲ့
ဘဝ ရသ ပရဟိတ စသော လုပ်ဆောင်မှုတွေကို
သိခွင့် ခံစားခွင့် မြင်တွေ့ခွင့် ရခဲ့တယ် သက်တန်း
နှုနယ်သေးတော့ ဖြတ်သန်းရတာတော့မလွယ်
လက်လှမ်းမှီသလောက် အနီးရောက်အောင်တော့
ကျိုးစားလျှက် တစ်ချိန်ကဆိုကြားဘူးတယ် နားမလည်
ဘူး အွန်လိုင်း ဆိုတာလေ ကိုယ်ရပ်တည်နေရတဲ့
ဘဝက ဘောင်တွေ စည်းမျဉ်း တွေရဲ့အောက်
လမ်းလျှောက်ရင်တောင် ခြေသံပြင်းလို့မရ
စက်ပစ္စည်းဆိုတာ မြင်တောင်မမြင်ရတဲ့ ဘဝပါ
ကိုယ့်ဘဝ ကိုယ့်အချိန် လွတ်လပ်စွာ အသုံးပြုခွင့်
ရရှိတော့မှ ခေတ်ရဲ့နောက်ကို မမှိတမှိ မရဲတရဲ
လိုက်ခဲ့ရတယ် သူများတွေရဲ့ အွန်လိုင်းလိုမည်တွန်
သံက လေထည်းမှာ ကမ္ဘာပတ်နေချိန် ကိုယ့်က
နေရာကနေ တိုးတိုးလေးအော်ဖို့ အားယူတုန်းပါ
သူငယ်ချင်းတစ်ယောက်ရဲ့ လမ်းပြမှုနဲ့ မြို့တော်ရဲ့
မန်ဘာ ဖြစ်ခွင့်ရတော့ မိခင်ကိုမြင်ရတဲ့ ကလေးငယ်
တစ်ယောက်လို ပျော်လိုက်တာ ဘဝရဲ့စာမျက်နှာ
အသစ်ထိတွေ့ခွင့်ရတော့မှာလေ ကျေးစူးတွေအထပ်
ထပ်တင်မှိ မြို့တော်လေးထည်းကို ဝင်ကြည့်မှိတော့
ပီတိဖြစ်ခဲ့ရ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေမပါသေးပေ
မယ် သူများတွေရဲ့ လုပ်ဆောင်မှုတွေက လွမ်းမော
စရာ သွားထားတဲ့ခြေရာတွေကိုကြည့်လိုက်တော့
လည်း အားမာန်အပြည့်နဲ့ ဘဝပထမဆုံး အွန်လိုင်း
သူငယ်ချင်း မိတ်ဆွေ ဆရာဆိုလည်း မှားမည်မထင်
အသိအမြင်တွေ ကျယ်ပြန့် အတွေးအကြံတွေ
နက်ရှိုင်းလာအောင် ငါဘဝရဲ့ ဘောင်ကိုခိုငါမာအောင်
ပြုလုပ်ပေးတဲ့ ရွှေမြို့တော်ဆိုတဲ့ဆိုဒ်လေးကို အစဉ်
အမြဲကျေးစူးတင်လျှက်...........
Gunner
ရေသောက်ခြင်းကုထုံး
ရေသောက်ခြင်း ကုထုံး
ယနေ့ဂျပန်နိုင်ငံမှာ တွင်ကျယ်နေသော နည်းတခုဖြစ်ပါ သည်။ဘေးထွက်ဆိုးကျိုး တစုံတရာမရှိဘဲ
အောက်ပါဖေါ်ပြထားသောရောဂါများ သက်သာပျောက်ကင်းစေပါသည်။
ခေါင်းကိုက်ခြင်း၊ခန္ခာကိုယ်ကိုက်ခဲခြင်း၊နှလုံးသွေးကြောစံနစ်၊အဆစ်အမြစ်ရောင်ခြင်း၊နှလုံးခုန်နှုန်းမြန်ခြင်း၊၀က်
ရူးပြန်ခြင်း၊အ၀လွန်ခြင်း၊လေပြွန်ပွ၍ပန်းနာရင်ကြပ်ခြင်း၊အဆုတ်၊ဦးဏှောက်အမြှေပါးရောင်ရမ်းခြင်း၊ကျောက်
ကပ်နှင့်ဆီးရောဂါများ၊ပျို့အန်ခြင်း၊အစာအိမ်နာခြင်း၊၀မ်းပျက်ခြင်း၊လိပ်ခေါင်းရောဂါ၊ဆီးချိုရောဂါ၊၀မ်းချုပ်ခြင်း၊
မျက်စီရောဂါ၊သားအိမ်ရောဂါ၊ကင်ဆာရောဂါနှင့်ဓမ္မာတာသွေးဆိုင်ရာဝေဒနာများ၊နား၊နှာခေါင်းနှင့် လည်ချောင်း
ဆိုင်ရာ ရောဂါများပျောက်ကင်းသက်သာနိုင်သည်။
ကုထုံးဆိုင်ရာနည်စံနစ်
(၁) နံနက်အိပ်ရာမှ နိုးနိုးခြင်း သွားမတိုက်မီ ၁လီတာရေသန့်ဘူး၏၁၁ပုံပုံ၆ပုံခန့်ကိုတခါတည်းသောက်
ရပါမည်။
(၂)သောက်ပြီးသွားတိုက် မျက်နှာသစ်ပြီး(၄၅)မီနစ်အတွင်းမည့်သည့်အစာ၊အရည်မှမစားမသောက်ရ။
(၃)(၄၅)မိနစ်ကျော်မှ စားသောက်နေကြ စားသောက်ရမည်။နံနက်၊နေလယ်နဲ့ ညစာ စားပြီး(၁၅)မိနစ်မှ
(၂)နာရီအတွင်း ဘာယမှ ထပ်မစားဖို့ မသောက်ဖို့လည်း လိုပါသည်။
ထိုကုထုံးစံနစ်အတိုင်း ဆောင်ရွက်သွားမည်ဆိုလျှင် အောက်ဖေါ်ပြထားတဲ့ရောဂါများဖေါ်ပြထားသည့်
ရက်များအတွင်း သက်သာပျောက်ကင်းသွားမည်(သို့)ထိန်းချုပ်၍ ရသွားမည်။
သွေးတိုး(၃၀)ရက်၊အစာအိမ်(၁၀)ရက်၊ဆီးချို(၃၀)ရက်၊၀မ်းချုပ်(၁၀)ရက၊်ကင်ဆာ (၁၈၀)ရက်၊အဆုတ်
(၉၀)ရက်
ရောဂါခပ်သိမ်းကင်းငြိမ်းကြပါစေ။
ဆရာ့ဝေဒနာ. . .
''ဆရာ့ဝေဒနာ. . .''
အလုပ်ကနေ အိမ်အပြန် ကားကို 2 နာရီလောက်ကြာအောင် စီးရတယ်။ ကံကောင်းတာက ဂိတ်ဆုံးအထိစီးရတာဆိုတော့ နေရာရရင် ဇိမ်နဲ့အိပ်ပြီးလိုက်သွားရုံပဲ။ မနေ့ကလည်း ဇိမ်နဲ့အိပ်ပြီးလိုက်သွားလိုက်မယ်လို့ပဲကြံရသေးတယ်။ ဘေးနားမှာ ဆရာတစ်ယောက် လာထိုင်တယ်။ GTC(မှော်ဘီ)တက်တုန်းက ကျောင်းကဆရာတစ်ဦးပါ။ ဒါပေမယ့် တခြားမေဂျာကဆိုတော့ မသိလို့ နှုတ်မဆက်ဖြစ်တော့ဘူး။ လမ်းတစ်ဝက်လောက်ရောက်တော့ နောက်ထပ်ဆရာတစ်ယောက်ထပ်တက်လာပြန်တယ်။ သူလည်း GTC ကပဲ။ GTC က ဆရာတွေဆိုတဲ့ အသိနဲ့ သူတို့ပြောနေတာတွေကို စိတ်ဝင်တစားနားထောင်နေမိလိုက်တယ်။
ဆရာ 1 : transfer တွေကျတယ်နော် ဆရာ ၊ ပို့ပစ်လိုက်ကြတာ ဟိုးနယ်ဘက်တွေအထိပဲ
ဆရာ 2 : ဟုတ်တယ် ကျွန်တော်တောင် ကံကောင်းလို့
ဆရာ 1 : ကျွန်တော်လည်း ကျောင်းပြောင်းရတာ 6 ကျောင်းလောက်ရှိနေပြီ ဆရာရယ် ၊ သူတို့တွေက လင်ရယ် မယားရယ်ဆိုရင် တကွဲတပြားစီ ပို့ပစ်တတ်ကြတယ် ၊ ဘာလုပ်မှန်းကို မသိပါဘူးဗျာ။ ကျူရှင်သင်တဲ့ ဆရာတွေ ဆရာမတွေဆိုရင်လည်း နယ်တွေကို အကုန်ပို့ပစ်ကြတယ်။
ဆရာ 2 : ကျောင်းပြောင်းရတာထက် ဆရာရေ့ . . ကျောင်းသားတွေက တစ်နေ့တခြား ပိုပိုဆိုးလာကြတယ်ဗျာ
ဆရာ 1 : ဟုတ်တယ် ဆရာ . .
ဆရာ 2 : အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ ကျောင်းတွေကို မြို့အစွန်တွေပို့ပစ်လိုက်တော့ ဖြစ်ချင်တိုင်းတွေကို ဖြစ်ကုန်တာ။ သူတို့တွေက Report Card တွေဆိုရင်လည်း ကိုယ့်ဟာကိုယ် လက်မှတ်တွေ ထိုးပစ်ကြတယ် ၊ မိဘခေါ်ခဲ့ဆိုရင်လည်း တွေ့ကရာ လူတွေကို အဖေ အမေ ဆွဲလုပ်ပစ်ရော ၊ ဖဲရိုက် ထန်းရည်သောက်နဲ့။ စာလည်း မလုပ်ကြဘူး။ သူတို့လုပ်နေတာတွေကို ဒီအတိုင်း ကြည့်ရင်ကြည့်နေ ၊ မကြည့်ရင် မသိချင်ယောင်သာ ဆောင်နေရတယ်။ ဆရာလည်း ဆရာမှန်းမသိကြတော့ဘူးဗျာ။ ကျွန်တော်လည်းလေ ''ဆရာ''ဆိုတဲ့ ဂုဏ်ပုဒ်လေးနဲ့ ဂုဏ်ရှိရှိလေးနေချင်တာပေါ့ဗျာ ။ ခုတော့ . . .
ဆရာ့ရဲ့အသံက သိပ်ကိုဝမ်းပမ်းတနည်းနဲ့ ပြောပြနေရှာတာပါ။ အိပ်ချင်စိတ်တွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ GTC ကျောင်းရှေ့ရောက်တော့ ဆရာနှစ်ဦးလုံး မရှိတော့ပါဘူး။ ဒါပေမယ့် အတွေးတွေက ဆက်ပြီးတော့ ပါလာတယ်။ ငါတို့ကျောင်းတက်တုန်းက ဆရာနဲ့ ကျောင်းသားတွေဆိုတာ သိပ်ကို စည်းလုံးမှုရှိခဲ့ကြတာပါ။ အခု ဘယ်လိုတွေ ဖြစ်ကုန်တာလဲ?? ကျောင်းပြီးသွားတဲ့ ခြောက်နှစ်အတွင်းမှာ အခြေအနေတွေက ဒီလောက်တောင် ဆိုးသွားပြီလား?? ဖဲရိုက် ထန်းရည်သောက်တာကတော့ ဟိုးတုန်းကတည်းက ရှိခဲ့ပါတယ်။ ဒါပေမယ့် အရေးအကြောင်းတစ်ခုခုရှိပြီဆိုရင် ဆရာတွေက တပည့်တွေ ရှေ့ကရှိခဲ့သလို ၊ တပည့်တွေကလည်း ဆရာတွေအပေါ် အခုလို ညည်းညူရလောက်အောင်အထိတော့ မရိုင်းခဲ့ကြဘူးဆိုတာ ယုံတယ်။ ခု ဘယ်လိုတွေဖြစ်ကုန်ပြီလဲ ?? ရှေ့ဆက်ပြီးတော့ရော ဘယ်လိုတွေ ဖြစ်လာဦးမလဲ ??
စိတ်ကူးယဉ်
ဆိတ်ဖလူးပန်းလေးတွေ......တခါတလေ ဆိတ်ဖလူးပန်းလေးတွေနဲ.ခပ်ဆင်ဆင်
ရိုးတံလေးဘဲကွာခြားတဲ. စပယ်ပန်းလေးတွေကို ဆိတ်ဖလူးပန်းလေးတွေ အဖြစ်
ကျွန်တော်လေ မှန်းဆကြည်.ခဲ့ဘူးတယ်။မဖြစ်နိုင်မှန်း မဟုတ်မှန်းသိသိကြီးနဲ့။
အတွေးတွေကအမျိုးမျိုးဘဲ။စိတ်က ဂယောက်ဂယက်နဲ.။မှော်ရုံတောမှာ မယ်သီ
တာ ဒသဂီရိရဲ.ကြော.ကွင်းထဲကျသွားတယ်လို. ရှေးလူကြီးတွေ ပြောတာ ကြား
ဘူးပါတယ်။ကိုယ်.ကိုယ်ကို ရာမ မင်းသားမဖြစ်နိုင်ပေမဲ. သူ.နေရာကလဲ နေဘူး
တယ်။ဒသဂီရိအဖြစ်လဲ တွေးခဲ.မိသေးတယ်။တွေးကြည်.ရင်တော. ရယ်ချင်စရာ။
ညှိုးညှိုးမှိုင်မှိုင်နဲ. အလွမ်းသယ်နေတဲ. မင်းသမီးလေး အနေနဲ.ရော ဟာသ
လူရွှင်တော်အနေနဲ.ရော ကျွန်တော်လေ စိတ်ကူးယဉ်ခဲ.ဘူးသေးတယ်။
ကျွန်တော်.ကိုယ်ကျွန်တော်လူတတ်ကြီးမလုပ်မဟုတ်ပါဘူး။
တကယ်တော.ကျွန်တော်ဟာသိပ်ပြီးမီဒီယာသမား စာရေးဆရာ တဦး
ဖြစ်ချင်ခဲ.သူပါဘဲ။စိတ်ကူးယဉ်ကိုအကောင်အထည်ဖေါ်နီုင်သူရှိသလိုကျွန်တော်
ကတော. သူတပါးကိုသာလိုရာပုံသွင်းပေးနိုင်တဲ.ကျောင်းဆရာတယောက်သာ
ဖြစ်ခဲ.ပါတယ်။ဒါကိုတော.လုံးဝမစဉ်းစားစိတ်ကူးမယဉ်ခဲ.ဘူးပါခင်ဗျာ။
“FB “ ဒိုင်ယာရီ
FB ပေါ်မှာ ကလေးလေးရေ လို့
အမြဲတမ်းခေါ်ခေါ်တတ်တဲ့ မ.. ရယ် ...
ရေမြေခြားတာနဲ့အမျှ အနေဝေးလို့သွေးအေးသွားပြီး
ကလေးလေးဒို့ကို မေ့သွားတယ်ဆိုရအောင်လည်း
မ..နဲ့ ကလေးလေးတို့က
အရင်ကတည်းက နီးစပ်ရသူတွေမှ မဟုတ်တာ
အမှတ်တမဲ့ဖြစ်တဲ့ရက်ကလေးမှာ
ကလေးလေးပဲ message ပို့လို့ မ ဘက်က reply ပြန်လုပ်မှ
အမှတ်တရစကားလုံးလေးတွေ ခြွေခဲ့ကြတာလေ
ကလေးလေး FB ပေါ် မရောက်တဲ့ရက်တွေမှာတောင်
ကလေးလေး ကိုရှာရတာ မမောနိုင်ပါဘူး လို့ မ.. ကပြောခဲ့ဖူးတယ်
ကလေးလေးရဲ့ ပညာရေး၊ ကျန်းမာရေးကအစ
အားလုံးကို ဂရုစိုက်ပေးခဲ့တာ
ကလေးလေးရဲ့ဘ၀ ကောင်းစားချင်လို့တဲ့
မ..ရေ ကလေးလေး မခံစားနိုင်တော့ဘူးလို့ ပြောတဲ့အချိန်မှာတောင်
ကလေးလေး အနားမှာ မ.. ရှိနေတယ်တဲ့..
ကလေးလေးကို မ..ချစ်တယ်..ဘယ်တော့မှ ခွဲမသွားဘူးဆိုပြီး
အခုတော့ မ..ရယ်
ကလေးလေးနဲ့ ရေမြေခြားနားသလိုပဲ
ရင်ခွင်ပါတစ်ခါတည်းပျောက်ကွယ်သွားပါပြီ..
ဘယ်ဆီ ဘယ်နား ကိုများ မ..ရောက်နေပြီလဲ..
ကလေးလေး အနားက ပျောက်ချင်းမလှ ပျောက်သွားတဲ့ မ..ရယ်
ကလေးလေး လေ မဟူညရဲ့အလယ်မှာ
မ..ကိုလွမ်းတဲ့ စိတ်နဲ့ အတွေးတွေ ယောင်မှား
FB ကိုတောင်လှည့်မကြည့်ရဲ့တော့ပါဘူး မ..ရယ်
အပျို လူပျို များအားလုံးဖတ်စေချင်ပါသည်
Valentineday နေ့နီးလာပြီဆိုတော့ကြားရတဲ့သတင်းတွေကနားမခံသာချင်စရာ။တည်းခိုခန်းတွေလူပြည့်
တော့မယ်တဲ့။ မြန်မာလူငယ်တစ်ယောက်အနေနဲ့ တော့ ခေတ်မမီဘူးပဲပြောပြော ဒီလိုသတင်းကိုကြား
ရရင် တော်တော်လေးကို စိတ်ကသိကအောက်ဖြစ်မိပါတယ်။ ဒါကြောင့်ဒီပို့စ်လေးကိုတင်ပေးလိုက်တာပါ။
မသွားလာ မကျူးလွန်ထိုက်သော မိန်းမ နှစ်ဆယ် ရှိသည်။ အဲဒီထဲကမှ ရှစ်ဦးကိုဖော်ပြပါမည်။
၁။ မိခင်အုပ်ထိန်းသော မိန်းမ
၂။ ဖခင်အုပ်ထိန်းသော မိန်းမ
၃။ မိဘနှစ်ပါးလုံး အုပ်ထိန်းသော မိန်းမ
၎။ မောင်ကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ
၆။ ဆွေမျိုးသားချင်း အုပ်ထိန်းသောမိန်းမ
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ
၈။ တရားကျင့်ဖော် အုပ်ထိန်သောမိန်းမ
ဤရှစ်ယောက်သော မိန်းမတို့ကား အပျိုများသာဖြစ်သည်။
သူတို့၏ ကာမကို ပိုင်ဆိုင်သူမရှိ၊ စောင့်ရှောက်သူသာရှိသည်။ ထို့ကြောင့် ယောကျာ်းတစ်ပါးတို့နှင့် ကျူးလွန်
ပျော်ပါးလျှင် ထိုအမျိုးသမီး ရှစ်ယောက်တို့မှာ ကာမေသုမိစ္ဆာစာရမဖြစ်၊ ကျူးလွန်သော ယောကျာ်းမှာသာ ကာ
မေသုမိစ္ဆာစာရဖြစ်၏။ သို့သော် ထိုအပျိုမရှစ်ယောက်တို့သည် ငါတို့မှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဟုဆိုပြီး အ
ညှာလွယ်ကြမည်ဆိုလျှင်လောကအလယ် အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး လင်ကောင်းသားကောင်း ရတော့
မည်မဟုတ်ပေ။ အကြောင်းကားယောကျာ်းတို့၏ သဘာဝသည် အညှာလွယ်သောမိန်းမများကို တခြားယောကျာ်း
လည်း ဒီလိုပဲ လိုက်လျောနေမှာ ဟုယူဆပြီး အထင်အမြင်သေးကာ အပျော်သာကြံတတ်သောကြောင့်တည်း။
သမီးပျိုတို့အတွက်
တစ်သက်တာနီတိ လူတို့သည် သောက်ရေအိုးစင်ကရေကို သောက်ရုံသာသောက်ကြ၏။ ဘယ်တော့မှ
ခြေမဆေး။ခြေဆေးရေအိုးကရေကိုလည်း ခြေဆေးရုံသာ ဆေးကြ၏။ ဘယ်တော့မှ မသောက်ကြ။ ထို့
အတူ ယောကျာ်းအများစုတို့သည် ကိုယ်ကျင့်သီလနှင့် ပြည့်စုံ၍ဣနြေ္ဒရှိသော မိန်းကလေးကို ရာသက်
ပန် အတည်သာကြံ၏။ အပျော်မကြံ။အညာလွယ်၍ ကိုယ်ကျင့်သီ မရှိသော မိန်းမကို သာယာမှုရှာရုံ အ
ပျော်သာကြံ၍ ရာသက်ပန် အတည်မကြံကြပေ။
အထက်ပါစာတွေကို ထောက်ရှုပြီး ယနေ့ခေတ်လူငယ်တွေသတိထားစရာအချက်တွေကို ပြောပြချင်ပါ
တယ်။ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မိမိချစ်သူနဲ့ တရားဝင်လက်မထက်ခင် ကျူးလွန်
မိကြမယ်ဆိုရင်နှစ်ယောက်လုံးဒုက္ခရောက်နိုင်ပါတယ်။
မိန်းကလေးများအနေနဲ့ ကိုယ့်ချစ်သူနဲ့ မနက်ဖြန်လက်ထက်ပွဲဆိုရင် ဒီနေ့မှာတောင် အတူမနေသင့်
ပါဘူး။ဒီလိုပြောလို့ခေတ်နောက်ကျလိုက်တာ လို့တချို့ထင်ချင်ထင်မယ်။ ဒီကိစ္စဟာခေတ်မှီ တဲ့အလုပ်
မဟုတ်ပါဘူး။သေသေချာချာတွေးကြည့်ပါ။ ဘာကောင်းကျိုးမှမရှိလို့ ပြောနေရတာပါ။ ငါသူနဲ့မနက်ဖြန်
လက်ထက်မှာပဲ ဒီနေ့သူ့ဆန္ဒကို လိုက်လျောလိုက်မယ်လို့မတွေးပါနဲ့။ မနက်ဖြန်ဆိုတာ ဘာမှမသေချာ
သေးတဲ့အရာပါ။ ကိုယ့်ချစ်သူကကိုယ့်ကို သစ္စာရှိတယ် တာဝန်ယူမှာသေချာတယ်ဆိုရင်တောင် မနက်ဖြန်
လက်မထက်မီ သူသေသွားပါပြီတဲ့ဘယ်လိုလုပ်မလဲ။
ကိုယ့်ကိုလိမ်ထားတဲ့သူဆိုရင်လည်း ရုပ်ရှင်တွေထဲကလို မယားကြီးလိုက်လာပါပြီတဲ့ အလိုလိုနေရင်းမယားငယ်
လည်းဖြစ် ကာမေသုမိစ္ဆာစာရကံလည်းထိုက်ပြီး အပါယ်ဘုံပါသွားနေရပါမယ်။ ယောကျာ်းလေးတစ်ယောက်က
မိန်းကလေးတစ်ယောက်ကို လက်ထက်ခွင့်တောင်းတာဟာ အဲဒီမိန်းကလေးနဲ့တစ်ဘ၀အတူလက်တွဲသွားချင်
တာအပြင် မိန်းကလေးရဲ့ကာမကို အပိုင်ရချင်တာလည်းတ၀က်ပါ ပါတယ်။ ကဲစဉ်းစားကြည့်ရအောင်ကိုယ့်ချစ်
သူမို့လိုက်လျောထားတဲ့ မိန်းကလေးနဲ့ မိမိရဲ့ ဣနြေ္ဒကို ထိန်းသိမ်းပြီး ကာမကိုမလိုက်လျောတဲ့ မိန်းကလေး
ဘယ်မိန်းကလေးကို သူ့ချစ်သူက အမြန်လက်ထက်ချင်မလဲ…။
မင်္ဂလာဦးညဆိုတာရိုမက်တစ်ဆန်ပြီးရင်ခုန်စရာကောင်းပါတယ်။ မိမိချစ်သူရဲ့ ကာမကိုအမြန်ပိုင်ဆိုင်ချင်တာ
ယောက်ျားလေးတွေရဲ့ဆန္ဒပါ။ လက်မထက်ခင်ကတည်းက ရပြီးသားဆိုရင် မင်္ဂလာဦးညဆိုတာ ဘာမှရိုမက်
တစ်မဆန်တဲ့ ရင်ခုန်စရာမကောင်းတဲ့ညတစ်ညပဲဖြစ်သွားပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့အရာ တစ်ဝက်ရနေမှ
တော့လိုချင်တဲ့စိတ်ဟာလည်း တစ်ဝက်လျော့နေမယ်ဆိုတာ အသိသာကြီးပါ။ ကိုယ်လိုချင်တိုင်း လိုက်လျော
နေတဲ့မိန်းကလေးကို လက်ထက်တာလက်မထက်တာ သူတို့အတွက်အရေးမကြီးတော့ပါဘူး။ အညှာလွယ်
တယ်ဆိုတာတန်ဖိုးရှိတဲ့မိန်းမတွေရဲ့ အလုပ်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ သူများကလည်းကိုယ့်
ကိုယ်တန်ဖိုးထားမှာပါ။
ယောကျာ်းလေးတွေရဲ့ သဘာဝ ချစ်သူဘ၀မှာ လိုချင်တာကိုတောင်းဆိုမှာပါ လိုက်လျောလို့ရတာရှိသလို
လိုက်လျောလို့မရတာလည်းရှိပါတယ်။ ခုခေတ်မှာ အတွဲတွေ ချစ်သူများနေ့လိုနေ့မျိုးတွေမှာ တည်းခိုခန်း
တွေမှာအပြည့်ပဲတဲ့။ မြန်မာလူမျိုး ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒါဟာ အင်မတန်ရှက်စရာကောင်းတဲ့သတင်းပါ။
စကားနည်းနည်းရိုင်းသွားရင်လည်းခွင့်လွှတ်ပါ။ ချစ်သူကတောင်းဆိုတိုင်းလိုက်လျောတဲ့ မိန်းကလေးများ
ကိုယ့်တန်ဖိုးဟာ ဘယ်လောက်ထိကျသွားသလဲစဉ်းစားကြည့်ပါ။ လုပ်စားနေတဲ့ ကြေးစားတွေကမှ ပိုက်
ဆံရပါဦးမယ်။ကိုယ်က အလကားပေးလိုက်ရတာပါ။ ဒါပေးမှအချစ်ခိုင်မြဲမယ်ဆိုတဲ့ ယောကျာ်းမျိုးဟာကိုယ့်
ကိုယ်တကယ်ချစ်တယ်လို့ထင်ပါလား။ ဒါပေးမှ သူ့ကိုချစ်တာယုံမယ် ဆိုရင် ဒါမပေးရင် အချစ်တော့ဘူး
မယုံဘူးဆိုတဲ့ အချစ်ဟာအချစ်စစ်လို့ထင်ပါသလား။ ပေးလိုက်ပါပြီတဲ့ အဲဒီလူနဲ့ယူဖြစ်ရင်တော့ တော်သေး
တာပေါ့။ မယူဖြစ်ရင်ဘယ်လိုလုပ်မှာလဲ ။ ဘာမှမဖြစ်သလိုပဲ ဘယ်သူသိတာမှတ်လို့နောက်တစ်ယောက်တွဲ
လိုက်မှာပေါ့လို့ စဉ်းစားချင်စဉ်းစားပါလိမ့်မယ်။ ဘယ်သူမှမသိပေမယ့် ကိုယ်သိပါတယ်။ ငါဟာ မစင်ကြယ်
တဲ့သူ ငါအပျိုမဟုတ်တော့ဘူးလို့ကိုယ့်ကိုယ်ကိုသိနေပါတယ်။ အဲဒါဟာ ဘုရားဟောထဲက ဘေးကြီးလေးပါး
ထဲမှာ ပါနေပါတယ်။ အတ္တာနုဝါဒဘေး=မိမိကိုယ်ကိုယ်စွပ်စွဲကဲ့ရဲ့ခြင်းပါ။ အဲဒီဘေးဖြစ်ပြီဆိုရင် ဒုဂ္ဂတိဘေးလို့
ခေါ်တဲ့ အပါယ်လေးပါးသို့ကျရောက်ရပါသတဲ့။
ယောကျာ်းလေးများကိုလည်းပြောချင်ပါတယ်။မိန်းကလေးကလိုက်လျောလို့နှစ်ဦးသဘောတူကြည်ဖြူတယ်
ဆိုပြီး ဘာအပြစ်မှမရှိဘူးလို့မထင်ပါနဲ့။အပေါ်မှာဖော်ပြထားတဲ့ မကျူးလွန်ထိုက်တဲ့မိန်းမရှစ်ယောက်ဟာအ
ပျိုတွေပါ။ မိမိချစ်သူလည်းအပါအ၀င်ပါ။ကာမေသုမိစ္ဆာစာရကံကိုဖောက်ပျက်နေပါတယ်။ မိန်းကလေးမှာ ဒီကံ
မထိုက်ပေမယ့်။ကိုယ့်မှာဒီကံထိုက်နေတယ်ဆိုတာသတိရပါ။ သူများမယားပြစ်မှားမှ ဒီကံထိုက်တယ်လို့အသိ
များတဲ့ ယောကျာ်းလေးများသတိထားစရာပါ။ကိုယ့်ချစ်သူကို တန်ဖိုးထားစေချင်ပါတယ်။
အနောက်နိုင်ငံတွေမှာလည်း ဒီလိုပဲ ဒါမှခေတ်မှီတာလို့ဆင်ခြေပေးကောင်းပေးပါလိမ့်မယ်။ သိထားဖို့က
အနောက်နိုင်ငံတွေဟာ ကာမေသုမိစ္ဆာစာရ ကံကို သိတဲ့သူအင်မတန်နဲပါတယ်။ ကာမေသုမိစ္ဆာစာရ ကံ
ဖောက်ပျက်ရင်ဘာဖြစ်မလဲ
၁။ လူမုန်းများမည်။
၂။ ရန်သူများမည်။
၃။ ပစ္စည်းလာဘ်လာဘ ရှားပါးမည်။
၎။ ဆင်းရဲမွဲတေမည်။
၅။ မိန်းမ မဟုတ် ယောက်ျားမဟုတ်ဖြစ်ရမည်။
၆။ လူဖြစ်လျှင် ယုတ်ညံ့သောအမျိုး၌ ဖြစ်ရသည်။
၇။ အရုပ်ဆိုး အကျည်းတန် ဖြစ်ရသည်။
၈။ အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်။
၉။ ယောကျာ်းလက္ခဏာ မိန်းမလက္ခဏာနှင့်မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော
ဣနြေ္ဒခြောက်ပါးချို့ယွင်းတတ်သည်။
၁၀။ စိုးရိမ်သောကဖြစ်နေရတတ်သည်။
၁၁။ ချစ်သောသူနှင့် ကွေကွင်းရတတ်သည်။
ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်မည်ဆိုလျှင်ကား
- ချစ်သူပေါများမည်။
- ပစ္စည်းလေးပါး လာဘ်လာဘ ပေါများမည်။
- စည်းစိမ်ဥစ္စာ ချမ်းသာမည်။
- မြင့်မြတ်သော ယောက်ျားသာဖြစ်ရမည်။
- အမျိုးမြတ်သာ ဖြစ်ရမည်။
- ရုပ်ရည်ချောမောလှပမည်။
- လက္ခဏာ ဣနြေ္ဒ ပြည့်စုံရမည်။
- စိတ်အေးချမ်းသာစွာ နေရမည်။
- ချစ်သောသူနှင့် ပေါင်းသင်းရမည် ဟူသော ဆိုးကျိုးနှင့်ဆန့်ကျင်ဘက်ကောင်းကျိုးများကို ပြန်လည်ခံစားရမည်။
ခုခေတ်လူငယ်တွေဟာ sex နဲ့ပါတ်သက်ပြီး အင်မတန် စိတ်ဝင်စားကြတယ်။ လက်တည့်စမ်းချင်ကြတယ်။
နိုင်ငံခြားကားတွေကြည့်ပြီး အတုယူချင်နေကြတယ်။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ တိုင်းပြည် ကိုယ်ကိုးကွယ်
တဲ့ဘာသာဟာ ဘာလဲဆိုတာကို လည်းမမေ့သင့်ပါဘူး။ ရိုင်းရိုင်းပြောရရင် ဒီ လိင်စိတ်တွေ ဟာ တိရိစ္ဆာန်
စိတ်တွေပါ။ခုခေတ်ကရင်လည်း sexy dance , ၀တ်ရင်လည်း sexy ကျမှ၊ sexy sexy နဲ့ အကောင်းမှတ်
နေကြတယ်။
ဒီစိတ်တွေများလာတာဟာ လူတွေ တိရိစ္ဆာန်စိတ်တွေများနေတယ်ဆိုတာ ကိုဖော်ပြနေတာပါ။ ကြာရင်တိ
ရိစ္ဆာန်ထက်တောင် ပိုဆိုးသွားနိုင်ပါတယ်။ ခွေးတွေက တော်သလင်းလမှာပဲမြူးကြတာပါ။ ခုခေတ်လူငယ်
တွေ အချိန်ပြည့် ဒါတွေပဲစိတ်ဝင်စား နေရင်တော့ ကိုယ့်ဘ၀ဟာ လူစင်စစ်က ခွေးထက်နိမ့်တဲ့ဘ၀ရောက်
ရမှာပါ။ ရိုင်းသွားရင်ခွင့်လွှတ်ပါ။မြန်မာလူမျိုးတွေဟာ တစ်ခါတစ်လေ ရိုင်းရိုင်းပြောမှနားလည်ကြလို့ပါ။
ဒါကြောင့်ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မိမိရဲ့ သန့်စင်တဲ့ အပျို လူပျိုဘ၀ကို ထိန်းသိမ်းပြီး
နေထိုင်ကြပါလို့တိုက်တွန်းချင်ပါတယ်။အရမ်းကြိုက်တဲ့စာသားလေးတစ်ခုကိုလည်းညီမငယ်တွေအတွက်မှတ်
သားဖွယ်ရေးပေးလိုက်ပါတယ်။ယောကျာ်းလေးတွေကိုအိုင်တွေ့တိုင်းခြေဆေးတယ်လို့ပြောကြတယ်။တကယ်
တော့" သောက်ရေအိုးစင်ထဲကရေကို ဘယ်သူမှခြေမဆေးရဲပါဘူး။ကိုယ်ကအိုင်ဖြစ်နေရင်သာ ခြေဆေးခံရမှာ
ပါ။" ဒါကြောင့် ကိုယ့်ဘ၀ကိုယ် သောက်ရေအိုးစင်ထဲကရေဖြစ်ဖို့ ထိန်းထိန်းသိမ်းသိမ်းနေကြပါလို့ စေတနာနဲ့
သတိပေးလိုက်ပါတယ်။
Valentine Day နေ့မှာကိုယ့်ချစ်သူနဲ့အတူ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ ပျော်ရွှင်ကြပါစေ။
စေတနာနဲ့ရေးတာမို့ ကျွန်တော်စာတွေထဲမှာ အမှားပါသွားရင်လည်း ခွင့်လွှတ်ကြပါ။
^ကျော်စွာလင်း^
ပြုံးပြုံးလေးနဲ့နေစမ်းပါသူငယ်ချင်း
သူငယ်ချင်းရေ.....
ကျောင်းသားဘဝအရွယ်တုန်းကလည်းမုန့်ဖိုးဆိုပြီးခေါင်းခဲရပြီးခဲ့ပါပြီ
တက္ကသိုလ်ကျောင်းသားဘဝရောက်ပြန်တော့လည်းသူများလိုဝတ်ချင်စားချင်လှချင်တာနဲ့ခေါင်စားခဲ့ရပြန်တယ်
ကျောင်းပြီးပြန်တော့လည်းအလုပ်ဝင်ဖို့ဆိုပြီးပြေးလွှားရင်းအလုပ်ရှာရပြန်ရောစိတ်မောကိုမောနဲ့လေ
အလုပ်တစ်ခုရဖို့ခေါင်းစားရနေရတာဘဲ....တကယ်တော့...သူငယ်ချင်းရေ...အလုပ်လုပ်ဖို့စဉ်းစားပြီဆိုရင်
(၁)စကားပြေပြေပြစ်ပြစ်ပြောတတ်အောင်လေ့ကျင့်ပါ
(၂)အနွန်နာခံတတ်အောင်စိတ်ကိုလေ့ကျင့်ပါ
(၃)စိတ်ကိုရှည်ရှည်ထားတတ်အောင်လေ့ကျင့်ပါ
(၄)သင်ယူလိုမှုပါတဲ့စိတ်ဝင်တစားနားထောင်တတ်အောင်လေ့ကျင်ပါ
(၅)ဘယ်လိုလူမျိုးနဲ့တွေ့တွေ့ပြုံးပြတတ်အောင်လေ့ကျင့်ပါ(ဒါကဈေးရောင်းတဲ့နေရာမှာသုံးရမဲ့ပညာပါ)
(၆)ပစ္စည်းအရည်အသွေးအရာတစ်ခုကိုအဲ့ဒီပစ္စည်းအကြောင်းကကဏဏသိအောင်လုပ်ပါ
(၇)ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုစကားပြောပြီးတိုင်းသုံးပါ
(၈)ကိုယ်တိုင်ရိုးရိုးသားသားခံယူချက်အမြဲတမ်းထားပါ
(၉)ပတ်ဝန်းကျင်ကိုအမြဲတမ်းသတိထားပါနားယောင်ပါ
(၁၀)ဘယ်တော့မှတစ်နှပ်စားဥာဏ်မသုံးမိအောင်သတိထားပါ
ဒီဆယ်မျိုးကိုသူငယ်ချင်းလေ့ကျင့်ပြီးရင်အလုပ်တစ်ခုအတွက်ခေါင်းမခဲတော့ဘူး
ပြုံးပြုံးလေးနဲ့သာနေပေတော့
ဒါက....ကျနော်တို့ရဲ့ဘိုးစဉ်ဘောင်ဆက်ယနေ့ထိကျင့်သုံးနေတဲ့အလုပ်စည်းကမ်းလေးပေါ့
ဒီအကြောင်းတွေကျနော်သူငယ်ချင်းများမိတ်ဆွေများအထောက်ပံ့တစ်ခုဖြစ်မယ်ယုံကြည်ပြီးရေးသားတင်ပြရခြင်းပါတယ်
သူငယ်ချင်းမိတ်ဆွေများအလုပ်အောင်မြင်ကြပါစေခဗျာ
ဆုတောင်းပေးရင်း
မှ......စိုင်းနော်ခမ်းဆိုင်။
ကိုယ့်အကြောင်း
သက်မဲ့ ဆိုပေမယ့်ခံစားချက်တော့ရှိနှိင်ပါရဲ့
ငါ နင့် အပေါ်ရပ်တယ်
ငါ နင့် ကိုဖိအားတွေပေးတယ်
ငါ နင့် ကို ခရီးကြမ်းတွေလျှောက်ခိုင်းတယ်
ငါ နင့် ကို ပူလောင်ခြင်းတွေခါးစီးခံခိုင်းတယ်
ငါ နင့် ကို ဆူးညှောင့် ခလုတ်တွေအပေါ် နင်းလျှောက်ခိုင်းတယ်
ငါ နင့် ကို ရွှံဗွတ်နွံမှာ မွန်းကြပ်စေတယ်
ငါ နင့် ကို သစ်လွင်နေရင် လူတွေကြားချပြ ဂုဏ်ယူတတ်တယ်
ငါ နင့် ကို ဟောင်းနွမ်းနေရင် လူမြင်မခံချင်တော့ဘူး
ငါ နင့် ကို လိုအပ်ရင်သုံးပြီး မလိုအပ်ရင်တော့ အထီးကျန်နေလေပေါ့
ငါ နင့် ကို သုံးလို့ ၀ သွားတော့ နင်ဟာ အမှိုက်ပုံး(သို့မဟုတ်) လမ်းဘေးတစ်နေရာမှာပိုင်ရှင်မဲ့မျက်နှာငယ်နဲ့ပေါ့
ငါ နင့် နေရာမှာ အသစ်ကို အရင်ကနင့်လိုပဲ အသုံးချရင်း.............
နင် ငါ့ ကို ရပ်တည်ခွင့်ပေးတယ်
နင် ငါ့ ကို မြင့်တင်ပေးတယ်
နင် ငါ့ ကို ပူလောင်ခြင်းတွေကို ကာကွယ်ပေးတယ်
နင် ငါ့ ကို အမြဲသန့်ရှင်းစင်ကြယ်အောင် ဆောင်မပေးတယ်
နင် ငါ့ ကို မြေပေါ်မြေအောက် အန္တရာယ်မှန်သမျှ ဖြေရှင်းပေးတယ်